ဖြတ်သန်းသွားလာခွင့်မပြု(စ/ဆုံး)
——————————
ဒီနေ့………
‘မင်းမင်း’၏ချစ်သူ ‘ဝင့်ဝါ’သေဆုံးသည်မှာ တစ်နှစ်တင်းတင်းပြည့်သည့်နေ့……..
ထို့ကြောင့် မနက်အစောထ၍
ရွှေတိဂုံဘုရား၌ သွားလေသူ
ချစ်ရသူအတွက်ကောင်းမှုကုသိုလ်သွားလုပ်ပေးရင်း ချစ်သူကိုလွမ်းဆွတ်သတိရသည့်ဒဏ်များကြောင့်လဲ စိတ်ထဲမရွှင်မပြဖြစ်နေသည်မို့ အိမ်သို့တန်းမပြန်သေးဘဲ ဘုရားမှဆင်းကာ ခြေဦးတည့်ရာလျှောက်သွားနေခဲ့တော့သည်။
လှမ်းလိုက်သောခြေလှမ်းတစ်လှမ်းစီတိုင်းသာ ချစ်သူအပေါ်လွမ်းဆွေးနေသည့်အပူမီးတို့စွဲကျန်ခဲ့မည်ဆိုပါလျှင် ‘မင်းမင်း’သွားလေရာအရပ်တိုင်း မီးလောင်ပြင်လို
ဖြစ်နိုင်သကဲ့သို့ ၄င်း၏ရင်တွင်းအပူမီးများပြင်းပြင်းထန်ထန်တောက်လောင်လျှက်ရှိသည်ကို
ကာယကံရှင်သာသိနိုင်ပေလိမ့်မည်ဖြစ်သည်။
‘သေသောသူကြာလျှင် မေ့’ဆိုသည့်စကားမှာ ‘မင်းမင်း’အတွက်တော့လုံးဝဥသုံအဓိပ္ပါယ်မဲ့နေခဲ့ပြီး
လွန်ခဲ့သောအဖြစ်အပျက်များသည်လဲ
မနေ့တစ်နေ့ကလိုပင် ‘မင်းမင်း’ ၏စိတ်အာရုံသို့ထင်ဟပ်ရိုက်ခတ်လာလေတော့သည်။
ထို့အတူ သူ၏မိုက်မဲခဲ့သောအမှားများအတွက်လဲ ယူကျုံးမရစွာဖြင့်
‘တက်’တစ်ချက် ခပ်ကျယ်ကျယ်ခေါက်
လိုက်သည့်အချိန် မျက်ဝန်းဆီမှမျက်ရည်စ တို့သည်လဲ ပါးပြင်မှတစ်ဆင့်မြေပြင်ထက်သို့ တစ်ပေါက်ပေါက်ကြွေဆင်းရင်း လက်သီးကိုခပ်တင်းတင်းဆုပ်လျှက် နေရာ၌
ထိုင်ချကာ အသိစိတ်ကင်းမဲ့သွားသူ
တစ်ယောက်ကဲ့သို့ အားရပါးရအော်ဟစ်ငိုကြွေးနေလိုက်တော့သည်။
…………….. ………………. ………………
‘ တီ…..တီ…..တီ….. ‘
ကုတင်ဘေးဘက်ဆီမှ အဆက်မပြတ်မြည်လျှက်ရှိနေသော ဖုန်းကိုစိတ်မရှည်စွာကြည့်လိုက်တော့,
‘ချစ်’ ဟူသည့်စာတန်းနဲ့ သူ့ချစ်သူ
‘ဝင့်ဝါ’ရဲ့ပုံလေးကပြုံးပြီးကြည့်နေသကဲ့သို့ပင်။
‘ ခေါ်စမ်း လုံးဝမကိုင်ဘူး စိတ်
ကြိုက်သာခေါ်, မင်းကအလိုလို
က်မှန်းသိလို့အမိုက်စော်ကား
တာ, မှတ်လောက်သားလောက်
အောင်ကိုပစ်ထားလိုက်ဦးမယ် ‘
ဖုန်းတွင်ပေါ်နေသော ချစ်သူ၏ပုံအားကြည့်ရင်း ဒေါသထွက်ထွက်ဖြင့် ပြောဆိုနေသည်မှာ တကယ့်မျက်နှာချင်းဆိုင်တွေ့နေသည့်အလားပေ။
ဖုန်းကျသွားချိန် ချက်ချင်းပေါ်လာ
သော မက်ဆေ့ခ်ျအားကြည့်ကြည့်ရာ Missed Call များမှာ ၄၀ ပင်
ကျော်နေပြီဖြစ်သည်။ထို့ကြောင့်စိတ်ဆိုးနေသည်ကိုပင်ေမ့သွားခဲ့ပြီးချက်ချင်းပြန်ခေါ်ရန် ဖုန်းကောက်ကိုင်ဖို့ဟန်ပြင်လိုက်ရာ ဖုန်းနားသို့အရောက်မှ ,
‘ မင်းမင်း, စိတ်ကိုထိန်းထားစမ်း,
မင်း ခုတစ်ခေါက်အလျှော့ပေးလို
က်ရင် နောက်ဆိုသူ့ကိုဘယ်လိုထိန်
းမလဲ, မဖြစ်ဘူး မင်း ကိုင်လို့လုံး
ဝမဖြစ်ဘူး ‘
ထိုသို့စိတ်ထဲမှရေရွတ်၍ ဖုန်းဆီသို့လှမ်းနေသော လက်အားပြန်ရုတ်သိမ်းလိုက်တော့သည်။
လူကြီးဆန်သောသူနဲ့ လူငယ်ဆန်သော သူ့ချစ်သူ’ဝင့်ဝါ’အကြား
ပြသနာများလဲမကြာခဏဆိုသလိုပင်။သို့သော် အရမ်းချစ်ရသည့်ချစ်သူဖြစ်သည်ကတစ်ကြောင်း,
သူ့ထက်လဲအသက်ငယ်သည့်အတွက် အမြဲလိုလိုသူ့ဘက်ကစ၍အလျှော့ပေးနေကျပင်။ထိုသို့ အလိုလိုက်မှုများကြောင့် ပို၍ဆိုးလာသည်ဟုထင်မိသဖြင့် နောက်နောင်
ထိန်းရသိမ်းရလွယ်ရန်ယခုကဲ့သို့
ပထမဆုံးအကြိမ်တင်းမာခဲ့ခြင်းဖြစ်သည်။
သို့သော် စိတ်ထဲတွင်တော့ယခု
ကဲ့သို့ တင်းမာနိုင်ရန်အတွက် မည်မျှခက်ခဲစွာကြိတ်မှိတ်ကြိုးစားထားရကြောင်းကို သူကိုယ်တိုင်သာအသိဆုံးပင်ဖြစ်လိမ့်မည်။
ထိုအချိန်၌ပင် အားကုန်ကာနီးဖြစ်နေ
သောဖုန်းသည်လဲ ပါဝါကျပြီးစက်ပိတ်သွားခဲ့ကြောင်းကို ‘မင်းမင်း’
တစ်ယောက်သတိမပြုမိခဲ့ပေ။
တစ်ဖက်တွင်လဲ………
‘ ကို ကို ငါ့ကိုတကယ်စိတ်ဆိုးသွားပြီ
ထင်တယ်, စိတ်ဆိုးဖို့မပြောနဲ့
တစ်ခါမှ ငါ့မျက်နှာအညှိုးမခံတဲ့
သူက ခုလောက်ထိဖြစ်သွားတယ်
ဆိုတော့……… ‘
ထိုသို့ ပြောနေရင်းနဲ့ပင် သူမ
၏အပေါင်းအသင်းမက်သောအ
မှားအတွက် နောင်တရရင်း ၇င်ထဲ၌
ဆို့တက်လာတော့ရာ မျက်ရည်များ
မှာလဲတားမရဆီးမရ။
‘ မဖြစ်ဘူး, ကို ကို့ကို ငါအရမ်းချစ်
တယ်, ကို ခုလိုမျိုးကြီးဖြစ်နေတာ
ငါမနေတတ်ဘူး, ဟုတ်တယ် ကို
မုန်းရင် ငါ သေမှာ….. ဖုန်းထပ်ဆ
က်ရင်လဲစိတ်ဆိုးနေတော့မကိုင်
လောက်ဘူး, ဟုတ်ပြီ စာပို့မယ် ‘
‘ကို စာပြန်မပို့ရင် bae လိုက်လာမှာ
နော်, တကယ်မလာရဲဘူးမထင်နဲ့ ‘
ထိုသို့ မက်ဆေ့ခ်ျပို့ပြီးစောင့်ဆိုင်းနေရာ ၁၅မိနစ်ခန့်ကြာသည်အထိ တစ်ဖက်ချစ်သူဆီမှ စာပြန်မလာသဖြင့်,
နာရီကိုကြည့်လိုက်တော့ ည(၁၀)နာရီခွဲခန့်ရှိပြီဖြစ်ရာ
‘ဘာဖြစ်ဖြစ် သူ့အိမ်လိုက်သွားမယ်’ထိုသို့စိတ်တင်းကာတွေးရင်း
ကျဆင်းလျှက်ရှိသောမျက်ရည်စများ
အားလက်ဖမိုးဖြင့်သုတ်လျှက် အိမ်မှ
လူကြီးများအလစ်တွင် စက်ဘီးတွန်း၍အရဲစွန့်ထွက်ခဲ့လေတော့သည်။
‘ အူ…………ဝူး…………. ‘
ဆိတ်ငြိမ်ရပ်ကွက်ဖြစ်သည့်အလျောက် ရှင်းလင်းနေသောပတ်ဝန်းကျင်နှင့် လမိုက်ညအောက်ရှိ
ခွေးအူသံများက ‘ဝင့်ဝါ’အတွက်
ကြောက်စိတ်ပိုမိစေမှာဧကန်ပင်။
သို့သော် ထိုကြောက်စိတ်များ
အားချစ်စိတ်တစ်ခုတည်းဖြင့်တွန်းလှန်ရင်း စိတ်တင်း၍တရွေ့ရွေ့နင်းလာခဲ့သည်မှာ လမ်းချိုးများကျော်လွန်၍လမ်းမကြီးပေါ်သို့ပင်ရောက်ခဲ့ပြီဖြစ်သည်။
ထိုစဉ်………..
‘ ဒေါက်…..ဂလောက်……. ‘
ဖုန်းပြန်ဆက်လျှင် အဆင်သင့်ဖြစ်စေရန်လက်မှကိုင်ထားသောသူမ
၏ဖုန်းမှာ လွတ်ကျသွားသဖြင့် စက်ဘီးရပ်ရင်းငုံ့ကောက်နေရာ….
‘ ဝှီး…………. ဝေါ…………. ‘
‘ ဒုန္း………….. ‘
အနောက်ဘက်လမ်းမကြီးဆီမှ
အရှိန်ပြင်းစွာမောင်းနှင်လာသောပြိုင်ကားတစ်စီးမှာ သူမရှိရာသို့
တည့်တည့်ကြီးတိုးဝင်တိုက်ဆောင့်သွားခဲ့လေတော့သည်……………………..
တစ်ကိုယ်လုံးလေပေါ်သို့မြောက်တက်ကာပေါ့ပါးသွားသလိုခံစားလိုက်ရသော်လည်း ပြန်အကျ၌မာကျောလှသော ကတ္ကရာလမ်းမကြီး၏အထိအတွေ့နှင့်အတူပူထူသွားခဲ့ပြီး ခဏအကြာသူမအသိအာရုံတစ်ခုလုံး အမှောင်တိုက်အတွင်းသို့ထိုးဆင်းသွားခဲ့လေတော့သည်။
အသက်မြှင်းမြှင်းလေးကျန်ရှိချိန်ထိတိုင် သူမနှုတ်မှတစ်ခွန်းတည်းသာ ခပ်တိုးတိုးလျလျညည်းသွားနိုင်သည့်စကားလုံးမှာတော့,
‘ ကို…………………. ‘
—————- ———————- —————
‘ ကို, ထပါဦး ကို, ကို bae သွားရ
တော့မယ်, သူတို့ သူတို့ လာခေါ်
နေကြပြီ, ကို……………….. ‘
အိပ်စက်နေရာမှ တစ်စုံတစ်ယောက်သူ့အားလာလှုပ်ကိုင်၍ပြောနေသလိုခံစားရပြီး ချစ်သူ၏အသံများ
ကိုလဲ အိပ်မောကျနေသည့်တိုင်
ပီပီသသ ကြားရလိုက်သဖြင့်
အိပ်ပျော်နေသော ‘မင်းမင်း’တ
စ်ယောက်လဲ ချွေးတရွှဲရွှဲဖြင့်
ထိတ်လန့်တကြားနိုးထလာခဲ့တော့သည်။
‘ ခုန ငါ,ငါ အိပ်မက်မက်နေတာလား
မဟုတ်ဘူး, အိပ်မက်မဟုတ်လောက်
ဘူး, bae ဘာဖြစ်နေပြီလဲမသိဘူး
ဘာမှမဖြစ်ပါစေနဲ့ ဘုရား ဘုရား
စိတ်ထင်တာတွေလျှောက်မလုပ်မိ
ပါစေနဲ့ bae ရယ် ‘
နံဘေး၌အသင့်ထားထားသောရေဘူးအား တစ်ဝက်မျှကျိုးသည်အထိမော့လိုက်ပြီးနောက် အနဲငယ်စိတ်သက်သာရာရသွားတော့မှ စိတ်သက်သာရာရလိုရငြား ဝရံတာသို့ထွက်ခဲ့လေတော့သည်။
ဝရံတာသို့အရောက် ကောင်းကင်
ရှိကြယ်များအားငေးကြည့်နေစဉ်……
‘ ကို…………… ‘
နားနားသို့ကပ်၍ လေနဲ့အသာအယာမှုတ်လိုက်သဖြင့်လန့်သွားပြီး
‘ကို’ဟု ချစ်သူ၏ခေါ်သံကိုပါထပ်ကြားလိုက်ရတော့ရာ…
‘ bae တစ်ခုခုဖြစ်နေလောက်ပြီ ‘
ရေရွတ်ရင်း အရှေ့သို့အမှတ်မထင်ကြည့်မိရာ မြင်လိုက်ရသော
မြင်ကွင်းကြောင့်’မင်းမင်း’
တစ်ယောက်အသက်ရှူဖို့ပင်မေ့သွားရတော့၏။
ခြံတံခါးအပြင်၌ရပ်၍သူ့အားစိုက်
ကြည့်နေသော ချစ်ရသူ’ဝင့်ဝါ’
မှာ တစ်ကိုယ်လုံးသွေးအလိမ်းလိမ်းဖြင့်ထိတ်လန့်ဖွယ်ပင်။
ကြောင်ကြည့်နေမိရာ ‘ဝင့်ဝါ’
မှ ဖုန်းဟူသည့်သဘောမျိုးလက်ဖြင့်အမူအယာလုပ်ပြလိုက်လျှင်ပဲ
စိတ်ညို့ခံလိုက်ရသူသဖွယ် အိပ်ခန်းတွင်းပြန်ဝင်၍သူ့ဖုန်းအားဖွင့်လိုက်မိတော့သည်။
ထူးဆန်းဖို့ကောင်းသည်မှာ ခုန
ပါဝါကျသွားသောသူ၏ဖုန်းမှာလဲ
ပါဝါအပြည့်ဖြင့်အလွယ်တကူပွင့်လာခဲ့ခြင်းပင်ဖြစ်သည်။
‘ ဒြီ…………… ‘
ဖုန်းပွင့်လာသဖြင့်တုန်ခါလာသော Vibration ကြောင့်သတိပြန်ဝင်လာခဲ့တော့ရာ,
‘ တင်း တင်း ‘
ချစ်သူ’ဝင့်ဝါ’ဆီမှပို့ထားသောမက်ဆေ့ခ်ျကိုမြင်သွားခဲ့ပြီး ခုနကြုံ
လိုက်ရသောအဖြစ်အပျက်များနှင့်ဆက်စပ်တွေးမိလိုက်ရာ…..
‘ ဟာ…… ဒီအချိန်ကြီး, မဖြစ်ဘူး
တကယ်လိုက်လာမယ်ဆို တစ်ယော
က်တည်းဒီအချိန်ကြီး အနျာရာယ်
များတယ် ‘
တိုက်ဆိုင်စွာပင် တကယ့်အရေးကြီးသည့်အချိန်မှစက်ပိတ်သွားခဲ့သောဖုန်းကြောင့် တစ်ဖက်မှပို့ထားသောစာများမတွေ့လိုက်ရသဖြင့်ဖုန်းအားစိတ်ရှိလက်ရှိဆဲဆိုကြိမ်းမောင်းရင်းအရူးကဲ့သို့ထိတ်လန့်တကြားမျက်လုံးပြူးမျက်ဆံပြူးဖြင့်ရေရွတ်ရင်းဝရံတာသို့ပြန်လည်ပြေးထွက်သွားတော့၏။ ခြံရှေ့၌မည်သူမျှ
ရှိမနေတော့ပြန်ရာ ချစ်သူအတွက်စိတ်ပူပန်မှုတို့ကအမြင့်ဆုံးသို့ရောက်ခဲ့သည့်အခိုက် နှိပ်မိသောဖုန်းနံပါတ်က ချစ်သူ၏အိမ်ဆီသို့,
အိမ်တွင်လဲရှိမနေကြောင်း တစ်အိမ်လုံးရှာတာနှံ့နေပြီးအပြင်သို့ခိုးထွက်သွားဟန်တူကြောင်း
ပြန်ပြောသဖြင့် ညတွင်းချင်းလိုက်ရှာကြရာ လမ်းမတစ်နေရာ
သွေးအိုင်ထဲအသက်ကင်းမဲ့နေသော ချစ်သူ’ဝင့်ဝါ’၏အလောင်းကိုတွေ့လိုက်ရလေတော့သည်။
———————— —————————–
‘ ပွမ် ပွမ် ‘
‘ မင်း#$%!# သေချင်ရင်ကိုယ့်ဘာ
သာတစ်နေရာမှာ လွတ်လွတ်လပ်လ
ပ်သွားသေ, ကားသမားတွေဒုက္ခ
လိုက်မပေးနဲ့ ‘
ရင်နင့်ကြေကွဲဖွယ်သူ၏အတိတ်
ဆီသို့ မည်မျှစီးမြောမိသွားခဲ့သည်မသိ။ ဖြတ်သွားသော ကားဟွန်း
သံနှင့်ကားသမားဆဲသံကြားမှ ပစ္စုန်ပ္ပန်သို့ပြန်လည်အသိဝင်ခဲ့လေတော့သည်။
ထို့ကြောင့် ပါးပြင်ထက်ရှိမျက်ရည်များအားအသာအယာသုတ်ရင်း
လေးကန်သောခြေလှမ်းများ၏ဦးတည်ရာက ချစ်ရသူ၏နားခိုအိပ်စက်ရာအုတ်ဂူလေးဆီသို့………
အရွယ်ကောင်း၍ ဥစ္စာပေါရုပ်ချောလဲဖြစ်သောသူ့အား.မိဘများမှ သူ၏ဝမ်းနည်းကြေကွဲမှုများကိုအစားထိုးပေးရန် နီးစပ်ရာအသိုင်းအဝိုင်းရှိသင့်တော်သောမိန်းကလေးများနှင့် လက်ထပ်ပေးရန်အစွမ်းကုန်ကြိုးစားခဲ့ပါသော်လည်း ချစ်သူ’ဝင့်ဝါ’မှလွဲ၍တခြားမိန်းကလေးတစ်ယောက်အစားမထိုးနိုင်သော သူ့ရင်ခွင်နဲ့သူ့အချစ်များကြောင့်အကြိမ်ကြိမ်
အပြင်းအထန်ငြင်းဆိုခဲ့ရာ နောက်ဆုံး ‘မင်းမင်း’၏မိဘများပင်
လက်လျှော့ခဲ့ရသည့်အဆင့်ထိ ချစ်သူအပေါ်ထားရှိသောသူ့အချစ်ထုထည်အစိုင်အခဲတို့ကကြီးမားလွန်းခဲ့သည်။
ယခုလိုအချစ်မျိုးသူ့ဘဝ၌နောက်ထပ်ပေါ်ပေါက်လာနိုင်ကောင်းသော်လည်း သူ၏ရင်ခုန်သံရပ်ဝန်းတွင်တော့ သူ့ချစ်သူ’ဝင့်ဝါ’မှလွဲ၍
တခြားသူအား ‘ဖြတ်သန်းသွားလာ
ခွင့်မပြု’ဟု ဆုံးဖြတ်ထားခဲ့သည်မှာလဲ ယနေ့ဆိုတစ်နှစ်တင်းတင်းပြည့်ခဲ့ပြီဖြစ်ရာ ထိုဆုံးဖြတ်ချက်အား သူ့သေဆုံးချိန်အထိဆက်လက်စောင့်ထိန်းသွားရန်ကိုလဲ
ကြိုးစားသွားမည်မှာအသေအချာပင်ဖြစ်တော့သည်။
ပြီး
Crd ✍စာရေးသူ ✍ Harley