မကြံကောင်းမစည်ရာ(စ/ဆုံး )
——————————-
ညတစ်ခုလုံးအမှောင်ဖုံးလျှက် လ လေးကအနည်းငယ်မျှတောင်ပြူမထွက်တဲ့လကွယ်ည
သာမာန်လူတစ်ယောက်အဖို့မသွားရဲတဲ့ ရွှေညောင်ပင်ရွာလေးရဲ့ သင်္ချိုင်းကုန်းသို့ဦးတည်လျှက်
တရွေ့ရွေ့နဲ့သွားနေသောလူ ၂ယောက် သူတို့ကဘယ်သူတွေလဲ ???
ဘာကြောင့် ညကြီးအချိန်မတော် ဘယ်သူမှမသွားရဲတဲ့ သင်္ချိုင်းကုန်းကိုသွားနေကြရတာလဲ ???
= = = = = = = = = = = = = = = = = = = = = = = = = =
ရွှေညောင်ပင်ရွာလေးရဲ့သာယာအေးချမ်းမှုနဲ့အတူ ရွာအတွင်းလမ်းပြုပြင်ရန် ရွာလူကြီး ဦးခင်နဲ့ကျေးရွာလူကြီးများ၊
ရွာကာလသားခေါင်း ကိုသာဝနဲ့ ကာလသားလူငယ်များ
အားကြိုးမာန်တက် အများကောင်းမှုနဲ့ပေါင်းစုပြုရအောင်
ညာသံပေး၍ ပေါက်တူးနဲ့မြေကြီးများကိုပေါက်သူကပေါက်
သယ်သူကသယ် ပျော်ပျော်ရွှင်ရွှင်လုပ်အားပေးနေကြသည်။
ရွာမှ မြီးကောင်ပေါက်မှစ၍ ကွမ်းတောင်ကိုင်ပန်းတောင်ကိုင်
မိန်းမပျိုလေးများကလဲ လုပ်အားပေး လူကြီးလူငယ်များ
အမောပြေစားသောက်နိူင်ရန်အတွက် ရေနွေးကြမ်းနဲ့
ကောက်ညှင်းပေါင်းများကိုတင်းတောင်းကြီးများနဲ့ထည့်၍
ကျွေးမွေးရန် အလုပ်ရှုပ်နေကြစဉ်
” ဗျို့ ကိုသာဝ ခင်ဗျား ဟာလေးကတယ်လှနေပါလားဗျ ”
ကာလသားတစ်သိုက်က လှမ်းပီးစနောက်နေကြသည်။
” ဟာ ခင်ဗျားတို့ကလဲဗျာ ”
ဆိုပီး ကိ်ုသာဝတစ်ယောက် သူကြိုက်နေတဲ့ နန်းစိန်ကို
လှမ်းကြည့်လိုက်တယ်။
နန်းစိန်က ကိုသာဝကိုရှိတယ်လို့တောင်မထင် သူကိစ္စနဲ့သူ
အလုပ်တွေရှုပ်နေတာဒီရွာကွမ်းတောင်ကိုင်တွေထဲမှာ
နန်းစိန်ကအချောဆုံး အလှဆုံးသူ့စိတ်ထင်ပါ တစ်ကယ်လဲ
နန်းစိန်ကလှတယ် နန်းစိန်ကိုကြိုက်တဲ့သူတွေက ဒုနဲ့ဒေးပဲ
ဒါပေမဲ့ဘယ်သူမှမကပ်ရဲကြ
ဒီရွာမှာ သာဝကိုဘယ်သူမှမကျော်နိူင်ဘူးလေ။
ကာလသားခေါင်းဆောင် ဇက်ရဲလက်ရဲ ထစ်ခနဲရှိ သာဝတို့က
လက်ပါပြီးသားဒီရွာတင်မဟုတ် ဒီရွာနဲ့ရွာနီးချုပ်စပ်မှန်သမျှ
သာဝဆိုရင် မီးသေပြီးသား
ကိုသာဝကအဲ့လောက်နာမည်ကြီးတာ ဒါပေမဲ့ ကိုယ့်ရွာသူ
အချောအလှလေးက ကိုယ့်အချစ်ကို လက်မခံ အရက်သမားမို့
ရွံတယ်တဲ့လေ
သာဝကလဲ ပြန်မကြိုက်ပေမဲ့ ကိုယ်ရွာသူမို့ အကြမ်းမဖက်
စိတ်ဓာတ်ကတော့ကောင်းသား
ကိုယ့်ရွာသူကို ကိုယ်ကမှဂရုမစိုက် အကြမ်းဖက်ရင်
ဘေးရွာတွေက လေးစားမှာ မဟုတ်ဘူးဆိုပဲ
အဲ့ဂလိုကိုကောင်းတာ လူမိုက်ပေမဲ့ စိတ်ဓာတ်ကမမိုက်ရိုင်းတဲ့သူ
တစ်နေ့ ရွာသို့ ခေါင်းပေါင်းပေါင်းထားပီး လွယ်အိတ်တစ်လုံးနဲ့
ဘိုးတော်လား ပယောဂ ဆရာလားမသိတဲ့ အသက် ၆၀
ဝန်းကျင် ဥပဓိရုပ်ကောင်းကောင်း လူတစ်ယောက်ရောက်လာတယ်။
အဲ့ဒီလူက ရောက်လာပီး ဘုန်းကြီးကျောင်းမှာတည်းတယ်။
ဆေးကုတယ်။
သူရောက်လာပြီးတဲ့နောက် ကိုသာဝတို့ရွာကလေးအဖို့
ကံကောင်းခြင်းလားကံဆိုးခြင်းလားဆိုတာကို ဘယ်သူမှ
တပ်အပ်မပြောနိူင်ပေ။
ဆရာကြီးနာမည်က ဦးအုံးမြ ကိုးသင်္ချိုင်းပြန် ဦးအုံးမြ ။
” ကိုသာဝ အခုရောက်လာတဲ့ဆရာကတော်တော်စွမ်းတယ်ပြောတယ်နော် ”
” ဟုတ်ရဲ့လား ချက်ဖောင်းရယ် ဘာစွမ်းတာလဲကွ ”
” ပစ္စည်းပျောက်ရင် သူ့သွားမေး နေရာအတိအကျပြောတာတဲ့ဗျ ”
” ပီးတော့ ပယောဂလဲ ကုတယ်ဆိုပဲ ”
ချက်ဖောင်းပြောအပြီး ကိုသာဝခေါင်းထဲလင်းခနဲ အကြံတစ်ခုရဘီ
မျက်နှာကပြုံယောင်သမ်းသမ်းလေးဖြစ်သွားတော့
” ကိုသာဝ ဘာပြုံးတာလဲဗျ ”
” မဟုတ်ပါဘူး ချက်ဖောင်းရယ် အဲ့ဆရာတစ်ကယ်စွမ်းမစွမ်း လက်တွေ့သိချင်လို့ပါ ”
” မသိပါဘူးဗျာ ကိုသာဝပြုံးလိုက်လို့ ဘာများလဲလို့ ”
” အခုရွာတောင်ဖက်က အမေမြသမီးလေး ရှင်နှောင်းကို
ပယောဂဝင်နေလို့ ဆရာ့ကိုသွားပင့်တယ်ဆိုပဲဗျ ”
” သွားကြည့်မယ် လိုက်မလားကိုသာဝ ”
” ရေငတ်တုန်းရေတွင်းထဲကျဆိုသလိုပေါ့ကွာ ”
” ငါက လက်တွေ့သမားအခုသွားမယ် လာထ သွားစို့ ”
ရွာတောင်ပိုင်းရောက်တော့ အမေမြတို့ ဝိုင်းထဲမယ်
လူတွေပြည့်သိပ်လို့ အထူးအဆန်းဆို စပ်စုကြတာ လူ့ဝါသနာပဲကိုးဗျ ။
သာဝရောက်လာတော့ ရွာသားတွေကလမ်းဖယ်ပေးကြတယ်။
အာ့နဲ့အိမ်ပေါ်ထိတက်လိုက်တော့ ဆရာဆိုတဲ့လူကြီးကရောက်နေပြီ။
အဆင်းအတက်နေရာမှာ သာဝတစ်ယောက်နေရာယူပြီး ဆရာ့ကိုအကဲခတ်နေတယ်။
” ဆရာကြီးရယ် ကျွန်မသမီးလေးကိုကယ်ပေးပါရှင် ”
အမေမြက ဆရာကြီးကိုပြောနေတယ်။
ဆရာကခေါင်းငြိမ့်လိုက်ပီး
” ဒါဆို ဒီိကြာသပတေး သမီးကို ခန္ဓာအပ်နိူင်မလား အဒေါ် ”
” အပ်ပါတယ်ရှင် အပ်ပါတယ် ဆရာ့စိတ်ကြိုက်ကုပါ ”
” ဒါဆို ကောင်းပြီ ”
” ဟဲ့ကလေးမ ဘုရားကိုဦးချစမ်း ”
” ဟင်း ဟင်း နင့်အဆင့်လောက်နဲ့ များငါ့ကို ဟားဟား ”
” နင်အခု အိမ်ပေါ်က ဆင်းသွားစမ်း ”
ကဲပွဲကတော့ကြမ်းလာပြီ
ဆရာဘာဆက်လုပ်မလဲဆိုတာ သာဝလဲစိတ်ဝင်တစားနဲ့ ရှေ့အတိုးးးး
” အောင်မလေးတော့ ”
ရှေ့မှာထိုင်နေတဲ့ မစပ်စုအပျိုကြီး မခင်စိန်ရဲ့ခြေထောက်ကို
နင်းမိလေတော့သည်။
” ဟာ ! ဆောတီး ဆောတီးဗျာ အစ်မက ခြေထောက်မှ မရုတ်ထားတာကိုး ”
” ဟဲ့ သေနာ နင်ကမျက်လုံးကန်းနေလို့လား ”
” အာ ခင်ဗျားကလည်း တောင်းပန်နေတဲ့ဟာကို ”
မခင်စိန်တစ်ယောက်မျက်နှာကိုစူပုတ်၍ရှေ့သို့သာ
မဲကြည့်လေတော့သည်။
” နင့် အဆင့်နဲ့ ဟားဟား ဟားးး ”
ကြောက်မက်ဖွယ်ရာစကားသံကြီးနဲ့အတူ ဆရာကြီးထံမှ
” နင်နိူင်ရင် ယှဉ်ကြည့်လိုက်လေ ”
” အထက်ဆရာများ အမိန့် ချုပ်ထားလိုက်စမ်း ”
လက် ၂ဖက်က သူ့အလိုလိုနောက်ပစ်လျက် တစ်စုံ
တစ်ယောက်က ချုပ်ထားသလိုမျိုး
” နင်ဘယ်သူ့ကိုမကျေနပ်လို့လဲ ”
” စိတ်လျှော့လိုက်ပါ ”
” ဟား ဟား ဟ ား ဟ ား ”
” နင်က ငါ့ကို ဟွန်း ဟွန်း ”
” ဟေ့ ကောင်တွေ နွားရိုက်တဲ့ ကြိမ်လုံးတစ်လုံးရှာပေးစမ်း ”
ဆရာ့ အသံနဲ့တူ ရှင်နှောင်းရဲ့မျက်နှာပျက်ယွင်းမှုကို ရွာသားအားလုံးတွေ့မြင်လိုက်ရလေသည်။
” ဆရာ ဒီမှာကြိမ်လုံး ”
” အေး တွေ့ကြသေးတာပေါ့ကွာ ”
” ရွှမ်း ရွှမ်း ရွှမ်း ”
” အမလေး သေပါပြီတော့ ”
” ဟဲ့ နင့် အပင်းကို ထုတ်စမ်း ”
” မထုတ်ဘူး ”
” ဘာ ”
” ဟေ့ ရေတစ်ခွက်ယူခဲ့စမ်း ”
ရေခွက်လဲရောက်ရော ဆရာကြီးမှ ပါးစပ်နားတေ့ကာ လူအများနားမလည်နိူင်သော မန္တာန်များကိုရွတ်ဖတ်လေသည်။
” ရွှမ်း ရွှမ်း ရွှမ်း အမလေး ကြောက်ပါပီ ဆရာရဲ့”
” ရော့ ဒီရေကိုသောက်ပီး နင့်ပညာအကုန်စွန့်ပေရော့ ”
” ရော့ သောက် ”
” ဟုတ်ကဲ့ ဂလု ဂလု ”
ရေသောက်ပီးယဆရာမှ ရှင်နှောင်းကိုစိုက်ကြည့်ကာ
” ဟေ့ အန်ချ လိုက်စမ်း ”
” ဝေါ့ ဝေါ့ အေ့ ဝေါ့ ”
” ဟာ !!! ”
ရွာသားတွေရဲ့ အသံနဲ့အတူ ရှင်နှောင်းပါးစပ်မှ အန်ထွက်လာ
သော လက်မ အရွယ်အသားတုံး ၄တုံး
ကိုသာဝတစ်ယောက် ဆရာ့အစွမ်းကို မျက်ဝါးထင်ထင်
တွေ့မြင်ရလေပြီ ။
” ကဲ ကဲ သစ္စာရေသောက် ”
ရှင်နှောင်းလေ ရေကိုအငမ်းမရသောက်ပီး မေ့မြော သွားလေတော့သည်။
” လူနာ သတိရလာရင် ရေကိုနည်းနည်းပဲတိုက် ဟုတ်ပလား ”
ဆရာကြီးမှပြောပြောဆိုဆို ထပြန်လေပြီ။
ကိုသာဝတစ်ယောက် မနက်က ဆရာကြီးပယောဂထုတ်နေတာတွေ့ ကထဲက စွန်းကိုလေးစားနေမိပြီလေ။
ဒီနေ့ ကိုသာဝ အရက်မသောက် အကြောင်းကလဲရှိတယ်လေ
ညနေဆရာကြီးဆီကိုအကြံနဲ့သွားမှာကိုးးးးး
ဆရာတော်ကြီး၏ ဖိုရုံကြီးထဲ၌ ကပ္ပိယကြီးတစ်ယောက်အလုပ်ရှုပ်နေစဉ်
” ဆရာကြီး ဆရာကြီး ”
” ဟဲ့ ဘယ်သူတုန်း”
” သာဝပါ ကပ္ပီယကြီးရဲ့ ”
” အေးအေး လာလေကွာ ”
” ဒါနဲ့ ဆရာကြီးမရှိဘူးလားဗျ ”
” ရှိပါကော မောင်ရယ် ”
” ဘုရားပေါ်မှာ တရားထိုင်နေလေရဲ့ ”
ဘုရားကဘုန်းကြီးကျောင်းနဲ့ တစ်ခေါ်လောက်ဝေးတယ်လေ
ဒါနဲ့ ဘုရားပေါ်ကို ယကိုသာဝတစ်ယောက်လိုက်သွားလေတော့သည်
” ဆရာကြီး ဆရာကြီး ကျွန်တော့်နာမည် သာဝပါ ”
” အေး သိဘီ မောင်ရင် ”
” လာရတဲ့ အကြောင်းရင်းကိုပြောကွဲ့ ”
” ဒီလိုပါ ဆရာကြီး ခင်ဗျ ”
ကိုသာဝမှ မိမိ ဖြစ်ချင်တာများကို ဆရာကြီးအားပြောပြနေလေတော့သည်။
= = = = = = = = = = = = = = = = = = = =
” ဟဲ့ ခင်ဒေါင်းတစ်ယောက် ပိုးထိလို့တဲ ”
” ဟယ် ! မိဘကိုလုပ်ကျွေးနေတဲ့ခလေးမလေးလေးပဲ ”
“သူ့အမေကြီးတော့ သနားပါတယ် အေ ”
” ခလးမလေးက ရိုးသားပါတယ်အေ ”
” ခုချိန်ထိလဲ ရည်းစားသနာမရှိရှာဘူး ”
” သနားစရာ ဟယ် ”
ရွာသူရွာသားများ၏ စကားသံများက တစ်ယောက်တစ်ပေါက်နဲ့ဆူညံစွာရှိနေလေသည်။
ထိုအသံများအကြား ပြုံးနေတဲ့သူတစ်ယောက်ကတော့ဖြင့်ဘယ်သူမှမမြင်နိူင်ပေ။
ထိုသူက
=========================================
အူးးးးးးးဝူးးးး ဝူးးးးးးး
ခြောက်ခြားဖွယ်ရာခွေးအူ သံများက ကြောက်တတ်သူများအဖို့ လိပ်ပြာလွင့်စင်မတတ်
နှလုံးသွေးပျက်ဖွယ် အသံများအလားးးး
အမှောင်ထုကိုအားကိုး၍ သင်္ချိုင်းဆီသို့သွားနေသော
လူနှစ်ယောက်ကတော့ဖြင့် ကြောက်လန့်ခြင်းကင်းစွာ
တစ်ရွေ့ရွေ့သွားနေသည်ကို ရွာသူရွာသားများကဖြင့် မသ်ိချေ
” ဒီမယ် မောင်ရင် ကျုပ်စည်းတားထားတဲ့အဝိုင်းထဲကနေ ဘယ်လိုအကြောင်းကြောင့်ပဲဖြစ်ဖြစ် ဘာပဲတွေ့တွေ့ မထွက်နဲ့နော် ”
” ဟုတ်ကဲ့ပါ ဆရာကြီး ”
စည်းဝိုင်းဝိုင်းနေသော ဆရာကြီးက သူနဲ့အဖော်ပါလာသော
လူငယ်အား သတိပေးနေခြင်းဖြစ်ပေသည်။
ထိုသူများကတော့ ကိုးသင်္ချိုင်းပြန်ဆရာကြီးနဲ့ ရွာကာလသား
ခေါင်းဆောင် ကိုသာဝတို့ပဲဖြစ်ကြလေသည်။
ကိုသာဝတစ်ယောက် လူနဲ့လူခြင်းမကြောက်သော်လဲ
မမြင်ရသည့် နာနာဘာဝများကို အနည်းငယ်မျှ ကြောချမ်းမိ
သည့်အလျှောက် အမှောင်ထုအတွင်းမှာမျက်စိကို ဝေ့ဝဲလျှက်
ကျီးကန်းတောင်းမှောက်ကြည့်နေလေသည်။
ထိုစဉ်
” ကဲ မောင်ရင် နေ့လည်ကမြှပ်ခဲ့တဲ့နေရာကိုပြ ”
” ဟုတ်ကဲ့ ဆရာကြီး ”
“ဟိုရှေ့နားက ကုက္ကိုပင်ကြီးအောက်မှာပါ ”
” ကဲ အချိန်မလင့်စေနဲ့ မြန်မြန်သွား ”
ကိုသာဝနဲ့ဆရာကြီးတို့နှစ်ယောက် ခပ်သုတ်သုတ်ကုက္ကိုပင်ကြီးအောက်သို့သွားနေကြလေသည်။
မြှတ်နှံထားတာမကြာသေးသော လတ်လတ်ဆတ်ဆတ်မြေပုံတစ်ခုရှေ့အရောက်တွင်
ကိုသာဝတစ်ယောက်ရသွားနေရာမှရပ်ပြီး
” ဒီမှာပါဆရာကြီး ”
” အေး ဟုတ်ပြီ ”
ခင်ဒေါင်း
အသက် ( ၁၉ ) နှစ် ဆိုတဲ့မှတ်တိုင်လေး
” ကဲ မောင်ရင် အုန်းပွဲကို ဒီမှာထား ဖယောင်းတိုင် ၁၉ တိုင်ကို မြေပုံပါတ်လည်မှာ လိုက်စိုက်လိုက် ”
” ငါက ထွန်းဆိုမှ စပီးထွန်း ဟုတ်ပလား ”
“ဟုတ်ကဲ့ ”
ပြောပြောဆိုဆို သာဝ မြေပုံပါတ်လည်တွင်ဖယောင်းတိုင်များကို လိုက်စိုက်တော့သည်။
” ကဲ မီးထွန်းတော့ ဘာတွေ့တွေ့ ဘာလာလာ ဒီဝိုင်းထဲကမထွက်နဲ့ ”
” ဘာမှကြောက်စရာမလိုဘူး ”
ဆရာကြီးမှ အစီအမံများကိုစတင်ဆောင်ရွက်ရန် သာဝနားမလည်သောမန္တာန်များကိုစတင်ရွတ်ဖတ်လေတော့သည်။
ဆရာကြီးရွတ်ဖတ်နေစဉ် သာဝတစ်ယောက်ဆရာကြီးဆီ
ရောက်သွားသောညကအကြောင်းအရာများကိုမျက်စိထဲသို့ပြန်
ဝင်လာလေတော့သည်။
ညတစ်ည ဆရာကြီးဆီသို့ ကိုသာဝရောက်ရှိသွားသောအခါ
“ဆရာကြီး ဆရာကြီးခင်ဗျ ”
” ဟေ ! ဘယ်သူတုန်းကွဲ့ ဝင်ခဲ့လေ ”
ဆရာကြီးသည် ကျောင်းဇရပ်၏ထောင့်တွင်ထိုင်ကာရေနွေကြမ်းသောက်နေသည်ကိုတွေ့မြင်ရ၏။
” ဘာအကြောင်း ရှိလို့လဲ မောင်ရင် ”
“ဟို ဟို ဆရာကြီးရယ် ကျွန်တော့ ကောင်မလေးကြည်အောင်လို့ ”
သာဝ စကားမှမဆုံးသေး ဆရာကြီးမှ
” ဘာလဲ ပီယဆေးလိုချင်တယ်လို့ ပြောမလို့လား ”
” ဟုတ် ဟုတ်ကဲ့ ဆရာကြီး ”
“ဒါမျိုးက လွယ်လွယ်နဲ့မရဘူးကွ ”
” အန္တာရယ်များတယ် လုံးဝမကြောက်တတ်မှလဲ ရမှာ ”
” ဟာ ! ကျွန်တော်မကြောက်တတ်ဘူးဆရာကြီး ”
” အေး ဒါတင်မဟုတ်ဘူး အပျိုစစ်စစ် အစိမ်းသေမိန်းကလေး အလောင်းတစ်ခုလဲလိုသေးတယ် ”
ဗျာ အလောင်း ဟုတ်လား ဆရာကြီး ”
” အေး အဲဒါကအဓိကပဲ ကျန်တာရှာလို့ရတယ်ကွ ”
သာဝ တစ်ယောက် ခေါင်းစိုက်သွားလေတော့သည် အစိမ်းသေ
လတ်လတ်ဆတ်ဆတ်ဘယ်မှာရှာလို့ရပါတော့မလဲလေ
ကိုသာဝဆရာကြီးဆီမှပြန်လာပြီး အိမ်ရောက်တော့ စဉ်းစားရင်းအိပ်လို့မပျော်။
နောက်နေ့ ယာထဲမှာအလုပ်လုပ်နေစဉ်
ကိုကြီးသာဝ ကိုကြီးသာဝ ”
ချက်ဖောင်းတစ်ယောက် သူ့နာမည်ကိုအော်ဟစ်ရင်းပြေးလာ
နေသည်ကိုတွေ့ရသည်။
” ဟ ဘာလဲကွ အသဲအသန် အော်နေတာ ”
” ခင် ခင် ခင်ဒေါင်းတစ်ယောက်ပိုးထိလို့တဲ့ ”
“လာ လာ လာ ခေါ်ခိုင်းလို့ပါ ”
” ဟေ ဟုတ်လား ”
“လာ လာ သွားကြမယ် ”
သာဝတို့ရောက်တော့ ခင်ဒေါင်းအသက်မမှီတော့ပေ။
ခင်ဒေါင်းအလောင်းကိုကြည့်ပြီး သာဝခေါင်းထဲ လင်းခနဲအကြံတစ်ခု
သာဝဆရာကြီိးပြောသောစကားကိုပြန်ကြားယောင်နေစဉ်
” ကဲ မောင်ရင် အချိန်ကျပြီ တူးပေတော့ ”
ဆရာကြီးစကားကြောင့် ကိုသာဝအတိတ်မှပြန်လည်ရောက်ရှိလာပြီး
” ဗျာ ဟုတ်ဟုတ်ကဲ့ ဆရာကြီး ”
ယနေ့မှမြှပ်ထားသော မြေပုံမို့ တူးရတာ ခပ်ပွပွရယ် ခဏလေးနဲ့
” ဒုတ် ဒုတ် ”
အခေါင်းအဖုံးကို ပေါက်တူးဖြင့် ပေါက်မိလေပြီ အပေါ်မှ
ကျန်နေသေးသော မြေကြီးများကိုယက်ဖယ်လိုက်ရာ
အခေါင်းတစ်ခုလုံးပေါ်လာပြီ
” အူးးးးးးဝူးးးးဝူးးး ”
ခြောက်ခြားဖွယ်ရာ ခွေးအူသံများကြောင့် အနည်းငယ်တော့
ကြောချမ်းမိလေသည်။
ဆရာကြီးမှ သူ၏လွယ်အိတ်ထဲလက်နှိုက်လိုက်ရာ အသင့်
ယူဆောင်လာသော ကျောက်ပျဉ်နှင့်သနပ်ခါးတုံးပါလာ
လေသည်။
” ရော့ ဒါတွေကို သူ့ရှေ့မှာချထားလိုက် ”
” ပီးရင် အဲ့ဘေးနားမှာ မင်းအဆင်သင့်နေ ”
” ကဲ စမယ် ”
” ဥုံ ” ဆရာကြီးမှမန်းမှုတ်လေပြီ ဆရာကြီးအသံနဲ့အတူခွေးအူသံတွေကလဲ တစ်ပြိုင်နက်ထဲဆူညံစွာ
ဟော ကြည့်နေရင်း ခင်ဒေါင်းအလောင်းကြီး ထထိုင်လေပြီ
သေထားတာမကြာသေးတော့ သိပ်ပီးရုပ်မပျက်သေး ဒါပေမဲ့
မြင်ရတာတော့ ကြက်သီးထစရာ
” ကဲ ဟေ့ သရဲမ အဲ့ကျောက်ပျဉ်မှာ သနပ်ခါးသွေးစမ်း ”
ဆရာကြီးအမိန့်သံနဲ့အတူ ခင်ဒေါင်းအလောင်းကြီးသည်
သနပ်ခါးစသွေးလေတော့သည် ။
အတန်ကြာသွေးပီးနောက် ဆရာကြီးမှ သရဲမအားမျက်နှာ
လူးခိုင်းလိုက်သည်။
” ကဲ မောင်ရင် သူ့ဆီကသနပ်ခါးတွေကို သွားခြစ်လိုက်တော့ ”
ကိုသာဝတစ်ယောက် သနပ်ခါးတွေကို ခြစ်လိုက်ပြီး
ဟိုဖက်ပါးပေါ်မှ သနပ်ခါးကိုခြစ်ရန် လက်အလှမ်း
ခင်ဒေါင်းမျက်နှာက ဆတ်ခနဲ့ သာဝဖက်ကို လှည့်ကြည့်
လိုက်ရာရုတ်တရက် သာဝလန့်သွားပြီး နောက်ပြန်အလဲ
ပေါက်တူးအစွန်းနဲ့တိုက်မိသဖြင့် ထွန်းထားသောဖယောင်းတိုင်များ လဲကျကုန်တော့သည်။
” ဟ ာ !! စည်းပေါက်ပြီး ဟေ့ကောင် ပြေး ပြေးတော့ ”
ဆရာ့အသံတောင်မဆုံးသေး သာဝထပြေးလေပြီ
ထိုစဉ် ခင်ဒေါင်း လက်တစ်ဖက်က ဆရာကြီးရဲ့လွယ်အိပ်ကို
လှမ်းဆွဲလိုက်ပီး ထလာကာ
” နင်လားဟဲ့ ဆရာ ဟားဟားဟားဟား ”
အသည်းတုန်းစရာ ရီသံကြီးနဲ့အတူ ဆရာကြီးဆီမှ
” မလုပ်ပါနဲ့ မလုပ်ပါနဲ့ ”
” ဟားဟားဟားဟား ကဲဟာ
” ဂျွတ် ဂျွတ် ဘုန်း ဘုန်း ”
” အားးးးးးးးးးးးးးးး”
ဆိုတဲ့ ဆရာကြီိး၏ အော်သံနက်ကြီးကို သာဝတစ်ယောက်
နောက်ဆုံးကြားလိုက်ခါ ထွက်ပြေးးးးလေတော့သည် ။
ရွာထဲလဲရောက်ရော ဘုန်းကြီးကျောင်း ညောင်ပင်အောက်
ရောက်မှ နားနိူင်တော့သည် ။
ဒီညတော့ကျောင်းမှာပဲအိပ်တော့မည်။
ကိုသာဝထိုင်ရာမှအထ ထမရ အောက်မှဆွဲထားသည်။
” မလုပ်ပါနဲ့ဗျာ မလုပ်ပါနဲ့ ”
ကုိသာဝအသံကထွက်မလာ လည်ချောင်းထဲတစ်ဆို့လျှက်
= = = = = = = = = = = = = = = = = = = = = = = = =
မနက်ရောက်တော့
ရွာထဲမှာ အုတ်အော်သောင်းနင်းနဲ့ကျောင်းထဲက
ညောင်ပင်ကြီးအောက်မှာ ရွာကာလသားခေါင်း
ကိုသာဝတစ်ယောက်မျက်လုံံးကြီးပြူးပြီ သေနေလို့တဲ့။
အောက်ပိုင်းမှာလဲ လုံချည်က သစ်ငုတ်နဲ့ငြိနေပြီး လက်ကပုဆိုးကို တင်းကြပ်နေအောင်ဆွဲနေရင်းအသက်ပျောက်နေလေရဲ့။
မကြံစည်သင့် မကြံစည်ကောင်းသောရာကိုကြံစည်မိခဲ့့တဲ့ ကိုသာဝတစ်ယောက်ရဲ့ သွားရာလမ်းကတော့ မလှပခဲ့ပါချေတကားးးး
ပြီးပါပြီ ။