” မင်း…ကြောက်တတ်လား ” (စ/ဆုံး)

Posted on

” မင်း…ကြောက်တတ်လား ” (စ/ဆုံး)

==================================

“တောင်ပိုင်းက ကိုလှထွန်း 6သပြီ”

“အမ် ….ဘလိုဖြစ်တာလဲ ခုနကပဲ အကောင်းကြီး”

“အေး ထိုင်နေတုန်း ခေါင်းပေါ် အုန်းသီးကြွေကျတာတဲ့”

“ဟာ…. မကြားစဖူးဟယ် ဘယ်လိုကြီးတုန်း”

“အေးဟယ် ကျုပ်တော့ ခုမှကြားဖူးတယ်”

“အေးကြွေကြွေချင်း မ6သသေးဘူးတဲ့
သူ့အိမ်ပေါ်တောင်ပြန်တတ်သွားသေးတယ်ဆိုပဲ
ညနေ လူနာသတင်းသွားမေးကြမှ မျက်နှာတစ်ခြမ်းက ပြာနှမ်း ခေါင်းကလဲ ကြေနေသလို ဖြစ်ပြီး6​သေနေတာတဲ့”

“ဟယ်…အကုသိုလ် ကြီးလိုက်တာနော်
မချိမဆန့် 6သရတာပါလားဟယ်
ဘယ်အရာမှမမြဲ ဘူးလေ ကံပေါ့
ဘယ်တတ်နိုင်မလဲ ဒါနဲ့ အခု
ဘာတွေလုပ်နေကြလဲ မြေချဖို့ကရော”…..

လင့်စင် ရွာတောင်ပိုင်းက လှထွန်း6သတဲ့ ကိစ္စ
တောင်းပိုင်းရော မြောက်ပိုင်းပါ
ဟိုးလေးတကြော်ဖြစ်ခဲ့လေသည်။

လှထွန်း 6သပုံ သေနည်းကလည်း ထူးပေ့ ဆန်းပေ့
ထိုင်နေတဲ့ သူ့အပေါ် အုန်းသီးကြွေကျ သေရတယ်လို့
မဖြစ်နိုင်ဘူးလားဆိုတော့လဲ ဖြစ်နိုင်တာပဲလေ
ဖြစ်နေကျ လားဆိုတော့လဲ ဖြစ်လေ့ဖြစ်ထမရှိတဲ့ကိစ္စမျိုး

ထို့ကြောင့် … လှထွန်းမသာအိမ်တွင်
လူပိုစည်လေတော့သည်။

လှထွန်း6သ​သော ကိစ္စ​ကြောင့်
ရွာတောင်ပိုင်းရော မြောက်ပိုင်းပါ အုန်းပင်အောင်
ဖြတ်မလျှောက်ရဲ​လောက် အောင်ကိုပင်
လှထွန်း6သဆုံးမှု့က ဂယက်ထစေခဲ့လေသည်။

ကာလသားတစ်ချို့ လှထွန်းအိမ်တွင်
ဖဲရိုက်ရန် ပြင်ဆင်နေကြလေပြီ
ထိုလူငယ်တွေထဲတွင် တောင်ပိုင်းမှ ဘမော် နှင့်
မြောက်ပိုင်းမှ စိုးမြင့် တို့ က ခေါင်းဆောင်များပင်ဖြစ်သည်။

လာကူသည့်လူမှာ အနည်းငယ်
အဓိကမှာ ဖဲရိုက်ဖို့သာဖြစ်နေတော့သည်။

ညနေ နေရီ ရီ အချိန်မှာပင် …. လှထွန်းအိမ်တွင်
လူစု လူဝေး ဖြင့်စည်ကားနေလေ​တော့သည်။
ကူသူကူ လုပ်ငန်းဆောင်တာလုပ်စရာရှိသူတွေက လုပ်
လှထွန်းရဲ့ ခေါင်းတလားစင်ကိုလည်းအလှဆင်သူကဆင် ဖဲဝိုင်းအတွက် အရိပ်အခြေကြည့်သူတွေကလည်းကြည့်ဖြင့် လှထွန်းအသုဘအိမ် လူစည်နေလေ​တော့သည်။

၃ ရက်မြောက်နေ့ တစ်​လောကလုံးတိတ်ဆိတ်နေရာမှ ကြေးစည်သံ လှထွန်းအိမ်ရှေ့တွင်
ဆူညံစွာထွက်ပေါ်လာသည်။
လထွန်းအား မြေချရန် သုသာန်သို့ တန်းစီ ထွက်ခွာကြလေပြီ ဘမော် နှင့် စိုးမြင့်တိုသည်လည်း အပါအဝင်
ထို့​နောက် ရွာသချိုင်းသို့ တန်းစီအသုဘလိုက်ပိုရင်း
လင့်စင် ရွာမှ သုသာန်မြေတွင် လှထွန်းအ​လောင်းအား
မြေချနေရန်ပြင်ဆင်ကြ​လေ​တော့သည်။
ထိုသို့ ပြင်ဆင်​နေချိန်မှာပင်…

“ဟေ့ကောင် ဘမော် ….မင်းကြောက်တတ်လား”

“စိုးမြင့် မင်းကလည်း
ဒီလိုအချိန်ကြီးမှာဘာတွေမေးနေတာလည်းကွ ”

“ငါမေးတာသာ ဖြေစမ်းပါ စိုးမြင့်ရာ မင်း ကြောက်တတ်လား”

“ဘမော် မင်းငါ့ကို ရန်လာစနေတာလား”

ယခုလို နာ​ရေးအချိန်မှာပင် ဘမော် နှင့် စိုးမြင့် တို့ နှစ်​ယောက် အသံဟာ အသုဘအတွင်းတစတစ ပိုကျယ်​လောင်လာ​တော့သည်။ ထိုစဥ် နဘေးမှ အသုဘလိုက်ပို့​သောလူများလဲ စကားများ​နေ​သော ဘမော်နှင့် စိုးမြင့်အား ကွက်ကြည့် ကွက်ကြည့်ဖြင့်….မကြည်ကြည့်​လေ​​သောအခါမှ ထို နှစ်ယောက်အသံ တိတ်ခဲ့ကြလေ​တော့သည်။
ထိုသို့ဖြင့် …. အသုဘပြီးနောက် ညနေ ထုံးစံ အတိုင်း
ဖဲ ရိုက်ရန်လှထွန်းအိမ်တွင် လူစုကြပြန်သည်။

တောင် ပိုင်း နှင့် မြောက်ပိုင်း…မှာ ခိုက်ရန်ဖြစ်ချင်းမရှိ
အချင်းချင်း ချစ်ချစ်ခင်ခင်ပင် ​နေထိုင်တတ်ကြသည်။
သို့​ပေမယ့် အပြိုင်အဆိုင် စိတ်လေးတော့ရှိကြသည်။

“ကဲ ဒေါင်းပြီကွာ…ဟဟဟဟ”
ဘမော်တစ်ယောက် အနိုင်ရနေသည်
စိုးမြင့်တော့ သည်ညဖဲကစားပွဲတွင် အထိနေလေပြီ….
တဝိုင်းလုံးတွင် မြောက်ပိုင်းသားများရဲ့ငွေကို
တောင်ပိုင်းသား ဘမော်မှ
အကုန်သိမ်းပိုက်နိုင်​နေလေသည်။

“စိုးမြင့် ဘလိုလဲ ကွ တော်ပြီလား”

“အေးကွာ ငါ ဒီညတော်တော်ထိနေပြီ ပြန်တော့မယ်
မင်းတို့ ဆက်ကစားတော့”

ကစားပွဲတွင် ရှုံးနိမ့်​နေ​သော စိုးမြင့်မှာ သူ့ဖဲရှုံးမှူ့အပေါ် သောက မများပေမယ့် ဘေးမှ ထိုင်ကစား​နေ​သော ဖဲရှုံး​နေသည့် မြောက်ပိုင်းသားများမှာတော့ ဘမော်အား
မကြည်ကြည့်ဖြင့် ကြည့်နေလေ​တော့သည်။

ထိုစဥ် ဖဲ နိုင်၍ ပြုံးဖြဲဖြဲဖြစ်​နေ​သော ဘ​မော်မှ…

“စိုးမြင့် မင်းနဲ့ငါ ဖဲ ထက် စိတ်ဝင်စားစရာကောင်းတဲ့အရာတစ်ခု လုပ်ကြမလား”

တစ်ဝိုင်းလုံးအပြင် နဘေးမှ ရပ်ကြည့်နေသော
တောင်ပိုင်း မြောက်ပိုင်း သားများအကုန်
ဘမော်အား တအံ့တသြ လှန်းကြည့်ကြတော့သည်။

စိုးမြင့်သည်လည်း ဖဲဝိုင်းမှ ထပြန်တော့မည်အကြံမှာတင်
ဘမော်စကားအား စိတ်ဝင်စား၍ ဖဲဝိုင်းတွင်ပြန်ထိုင်ကာ

“ဘမော် မင်းစကားက ဘာတုန်းကွ”

” ဒီလိုကွာ….”

ဘမော် စကားစချီခိုက်စဥ် ဖဲဝိုင်းအတွင်းအပြင်
လူတိုင်း ဘ​မော်စကားအား အာရုံစိုက်လာကြသည်။

“ငါပြောမယ် ဒီလောင်းကြေးက ခု ငါနိုင်ထားတဲ့ ငွေအကုန်ပဲ မင်းစိတ်ဝင်စားလား”

“ဘမော် ရ မင်း စကားပုလ္လင်ခံ နေတာနဲ့ ဘာမှန်းကို
ခုထိ သေချာမသိသေးဘူး ပြောစမ်းကွာ…စိတ်ဝင်စားတယ်”

ဘေးမှ တောင်မြောက် ရွာသူရွာသားများဟာလည်း
စိတ်ဝင်တစားနားစွင့်နေလေသည်။

“နေ့လည်က လှထွန်းမြေချတော့ မင်းမျက်နှာမှာကြောက်လန့်နေတဲ့ အရိပ်အယောင်တွေ ငါမြင်လိုက်တယ် စိုးမြင့်”

“ဘာကွ”

နဘေးမှ ရွာသူရွာသားတွေလည်း ဘ​မော်စကား​ကြောင့်
တကြိတ်ကြိတ်ထရယ်ကြ​တော့သည်။ အ​လှောင်ခံ လိုက်ရ​သော စိုးမြင့် မျက်နှာ ရဲသွားပေမယ့် ဟန်မပျက် ပြန်၍ပြုံးလိုက်သည်။

“ကဲပါ ဆိုစမ်းပါဦး မင်းရဲ့ စိတ်ဝင်စားစရာ
အလောင်းအစားဆိုတာ ဘာတုန်းကွ”

” ဒီလိုကွာ…. မင်း မနက်ဖျန်ည
သချိုင်း က လှထွန်း မြေချထားတဲ့ ​မြေပုံ​​​ခြေရင်း နေရာမှာ မင်းရောက်ခဲ့တဲ့ သက်သေအဖြစ် ​ဟောဒီ့ ထင်းရှူးသားငုတ်ကို စိုက်ခဲ့ရမယ် ရဲဆေးမတင်ရဘူး မူးရစ်သောက်စားတစ်နေ့လုံးမလုပ်ထားရဘူး မင်းပင်ကိုယ် စိတ်နဲ့ပဲ ညသန်းခေါင်
၁၂ အတိမှာ သွားစိုက်ခဲ့ရမယ်

ငါတို့က ရွာထဲက​ မင်းပြန်အလာကို​စောင့်​နေမယ်
၁၂ ခွဲမှာ မင်းပြန်လာရမယ်…
မနက်လင်းရောင်ရတာနဲ့ ငါတို့ ဒီဘေးက
ပရိတ်သတ်တွေနဲ့အတူ မင်းစိုက်ခဲ့တဲ့ ထင်ရှူးငုတ်ကို
ငါတို့ ကိုယ်တိုင်သွားကြည့်ကြမယ်….ကဲ …ဘလိုလဲ
လောင်းကြေးက ငါ့ရှေ့က ငွေ အပုံလိုက် အကုန်အပြင်….ငါ မင်းတပည့်အဖြစ် တသတ်လုံးနေသွားမယ် ဒါ​လောင်း​ကြေးပဲ စိုးမြင့် ကဲ ဘလိုလဲ ကွ…”

ဘေးမှ ပွဲကြည့်ပရိတ်သတ်များရဲ့ သြဘာသံ များ
တဟိန်းဟိန်းထလာ​ကြ​တော့သည်။
ရွာသားများမှ စိုးမြင့်အား ဒီ ကမ်းလှန်းမှု့ကိုလက်ခံ ရန်
ဆော်သြကြသည်။
စိုးမြင့် မှာ​တော့ သူ့အရှေ့ကအပုံလိုက်ငွေကို
ဒီလောက်စိတ်မဝင်စား ဘ​မော်က သူ့တပည့်အဖြစ်နေသွားမယ်ဆိုသောအချက်ကိုတော့ သူသဘောကျလေသည်။

“ဘမော်…မင်းဟာကကျိန်းသေရဲ့လားကွ
ဒါ​ဟောဒီ့​ဘေးက ရွာသူရွာသားတွေရှေ့မှာ မင်း ပြောတဲ့ စကားနော် စကားကို လက်လွတ်စပယ်တော့ မပြောနဲ့
မင်းသေချာစဥ်းစားပြီးပြီလား”

“ငါလဲ မင်းကို သေချာမေးမယ် စိုးမြင့်
မင်း ကြောက်တတ်လား
ဒါ အသက်ကို လောင်းကြေးထပ်ရမှာနော်”

“ဟဟဟ အသက်နဲ့ အဝေးကြီးပါ ဘမော်ရာ
မင်းသာကတိမပျက်စေနဲ့ ငါ ဒီ ပွဲကို သဘောတူတယ်”

“ဟာ….စိုးမြင့် ….
ဟယ် …သတ္တိရှိလိုက်တာ
ဟာ
ဟေး…..
ဟာ မိုက်လိုက်တာ”

စတဲ့ သြဘာသံများကြောင့် စိုးမြင့် ဒီ စိန်ခေါ်မှု့အားလက်ခံ ခဲ့မှု့အပေါ်နောင်တမရပေ….
ထိုအသံများက သူ့ကိုမြှောင့်ပင့်ပေးနေသယောင် ရှိနေတော့သည်။

တောင်ပိုင်းရော မြောက်ပိုင်းပါ ထိုကိစ္စအား စိတ်ဝင်တစားအုံးအုံးကြွက်ကြွက်ရှိနေတော့သည်။ ထိုစဥ် စိုးမြင့်မှ…

“ဟေ့ကောင်…ဘ​မော် ကြာတယ် ဒီညပဲ ခ ျကွာ”

နဘေးမှ ပရိတ်သတ် အသံ ဝါးကနဲပိုကျယ်လောင်ခဲ့လေ​တော့သည်။ ကျိန်းသေသည် စိုးမြင့် ဒီအသံ​တွေအပေါ်တွင်သာယာနေလေပြီ….

ဘမော် စိုးမြင့်အား မဲ့ ပြုံးတစ်ချက်ပြုံး၍

“ကောင်းပြီလေ မင်းဘက်မှာလဲ မင်းပရိတ်သတ်တွေရှိနေတော့ မင်းမနက်ဖြန်ညတောင် ဘယ်စောင့်နေပါတော့မလဲ…ကောင်းပြီ အားလုံးရှေ့မှာ မင်းကို ငါ စိမ်ခေါ်တယ် ဒီည သန်းခေါင်ယံ ၁၂ တိတိ လင့်စင် ရွာသချိုင်း အဝမှာ… ငါတို့ဆုံကြမယ် ငါတို့ သချိုင်းဝ က မင်း​ရောက်လာမယ့် အချိန်ကိုစောင့်နေမယ်..”

“ကောင်းပြီ ဘမော်…. ငါကြာနေရင်လဲ စိတ်ပူမနေနဲ့
ငါ အေးအေးဆေးဆေး နေပြမယ် သချိုင်းထဲမှာ
မင်းအပြင် သချိုင်းဝ က​နေထိုင်သာစောင့်နေ
အေး…
ငါပြန်ထွက်လာရင်​တော့ မင်းကတိအတိုင်း
မင်းဟာငါ့ တပည့်ဖြစ်ပြီ….ငါတို့မြောက်ပိုင်းသားတွေ
ဂုဏ်ယူရပြီပေါ့ကွာ ”

စိုးမြင့်စကား သံ နှင်အတူ မြောက်ပိုင်းသားတွေရဲ့
သြဘာပေးသံ “စိုးမြင့်ကွ” ဆို​သော အသံ တွေမှာ
သောသောညံလာခဲ့လေ​တော့သည်။

မြောက်ပိုင်းမှာလဲ …စိုးမြင့် နဲ့ ဘမော် ကိစ္စဟာ ​မြောက်ပိုင်းသား​တွေအတွက် ဂုဏ်ယူစရာကိစ္စတစ်ခုအနေနဲ့ ထိုညပိုင်းမှာ ပွက်လောရိုက်ခဲ့​လေ​​တော့သည်။

ဒီ ကိစ္စအဓိပ္ပါယ်မရှိ မိုက်ရူးရဲဆန်တယ်လို့ ထင်​ကြေး​ပေးသူတွေကလည်း ​ပေးကြသည်။ မြှောက်ပေးတဲ့ သူတွေကလည်း ဝိုင်းမြှောက်ပေးကြသည်။
သိုပေမယ့် စိုးမြင့်တစ်ယောက်တော့…. ထို အ​လောင်းအစားပွဲတွင် မြောက်ကြွမြောက်ကြွ ပင်ဖြစ်နေလေတော့သည်။

ဤသိုဖြင့် လှထွန်းမသာအိမ် ယနေ့ည လူမစည်တေ့ာပေ…
သချိုင်းမှာပင် အကြိတ်အနယ် အပေးအယူ​အ​လောင်းအစားကိစ္စကိုပင် လူတိုင်းစိတ်ဝင်စားလျှက် သချိုင်းဝတွင် ယ​နေ့ည လူစည်နေလေတော့သည်။

ချက်ခြင်းဆိုသလို…. ကိုယ်ရံ တော်များရသွားသည့်အလား…သချိုင်းဝသို့ စို့မြင့် ဘေးတွင် လူတစ်ဖက်တချပ်စီ ခြံရံကာ…. သချိုင်းဝသို့ ယုံကြည်ချက်အပြည့်ဖြင့်လာနေလေပြီ…သူ့အနောက်တွင် မြောက်ပိုင်းသားအချို့လဲ ကပ်၍ ​တတ်တတ်ကြွကြွ ပါလာကြသည်။
သချိုင်းဝတွင် ကြိုစောင့်နေသော တောင်ပိုင်း သားများနှင့်အတူ မြောက်ပိုင်းသားတစ်ချို့လည်း ကြိုတင်ရောက်ရှိနေကြလေသည်။

ထို့နောက် ဘမော်တစ်ယောက်
လက်ခုပ် ခပ်ပြတ်ပြတ် ၃ချက်တည်းပြီး
စိုးမြင့်ကိုကြိုဆိုလေ​တော့သည်….

​ဖျောင်း​ဖျောင်း​ဖျောင်း…

“စိုးမြင့် မင်း..တယ်လည်း တတ်ကြွနေပါလားကွ
အေးကွာလာ မင်းကိုစောင့်နေကြတာ..
ဒီနေ့တော့ မြောက်ပိုင်းသားရဲ့ ပွဲပဲကွ ကဲ မင်းတို့ရဲ့ သူရဲ​ကောင်း စိုးမြင့်ကို အားပေးကြပါဦးဗျာ”

ဘာမဆိုင် ညာမဆိုင် သချိုင်းဝမှ လက်ခုပ်သံများက
စိုးမြင့်ကို ပိုအားရစေခဲ့လေတော့သည်။

“ကဲ စိုးမြင့်ရေ….. မင်းသွားတော့မလား
ရော့ ..ဒီမှာ…မင်းစိုက်ခဲ့ရမယ့် ထင်းရှူးငုတ်တိုင်နဲ့
တင်းပုတ် မင်းစိုက်ရမယ့်​နေရာက…. ကိုလှထွန်းမြေမြုပ်ထားတဲ့ ​မြေပုံရဲ့ ခြေရင်းပဲ မင်းသဘောပေါက်တယ်မလား”

“အေးပါ ဘမော်ရာ …ဒီမှာကြည့် ဒီအရက်ပုလင်းမင်းယူထား…ငါပြန်လာရင် ပွဲခံမယ်.. . ငါအခုတစ်စက်တောင်မသောက်ထားဘူး..ကဲရော့…ငါ့ကို ထင်းရှူးငုတ်ပေး”

တောင်ပိုင်းမြောက်ပိုင်းသားများ တိတ်တဆိတ် နားစွင့်နေကြသည်။ စိုးမြင့် သချိုင်းထဲ ဝင်ဖို့ ရင်ခုန်နေသူများကလည်း စောင့်စားနေလေကြပြီ…

“ကဲ …မြောက်ပိုင်းသားတွေ ကျုပ်သွားပြီ
ကြာနေရင်လည်း စိတ်မပူနဲ့ အူယားဖားယားပြန်ပြေးလာတယ်ထင်မှာစိုးလို့ ကွ…ဟဟဟ
ကဲ …. ပြန်လာရင် တပည့်တစ်ယောက်တိုးမယ်
အောင်ပွဲခံမယ် ​ဟေ့”

ပြောပြောဆိုဆိုဖြင့် စိုးမြင့် တစ်ယောက်
ဘမော်အား မျက်လုံးတစ်ဖက် မှိုတ်ပြ၍ …. သချိုင်းဘက်သို့ ခြေဦးလှည့်ကာ…တ​ရွေ့​ရွေ့ဝင်သွား​လေတော့သည်။

စိုးမြင့် တစ်​ယောက် သချိုင်းထဲ ကွေ့မဝင်ခင် နောက်ခပ်လှန်းလှန်းမှာကျန်ခဲ့​သော တောင်ပိုင်း မြောက်ပိုင်း သားများအား လှည့်ကြည့်မိတော့သည်။
အားလုံးဟာ စိုးမြင့်အား ရင်တမမဖြင့် ကြည့်နေမိသည်ကို
စိုးမြင့်တွေ့လိုက်ရလေတော့သည်။ ထို့​နောက်
လှည့်ထွက်လာလာချင်းကလို စိုးမြင့် စိတ်ဟာ တတ်ကြွမနေတော့ပဲ ..စိုးမြင့် တစ်ယောက် တိတ်ဆိတ်ခြင်းကို စတင် ရင်ဆိုင်ရလေတော့သည်။

တရိပ်ရိပ် စိမ့်လာတဲ့ ခံစားချက် တစ်ယောက်ထဲ ပါလားဆိုတဲ့ အသိနဲ့ အတူ သက် လက် အရွယ်စုံ
နာမည်များရေးထိုးထား​သော အုတ်ဂူပေါင်းစုံစတင်တွေ့လာရပါ​တော့သည်။ ညအမှောင်တွင် ညလင်းမီးအိမ်တစ်ခုဖြင့် စိုးမြင့်တစ်ယောက်တည်း လှန်ထွန်း မြေမြှုပ်ရာအရပ်သို့
စူးစမ်းလာနေစဥ်….ရုတ်တရက် စိုးမြင့်ရှေ့တွင်
မြွေတစ်ကောင် စိုးမြင့်သွားမည့်လမ်းအား ပိတ်၍ ခေါင်းထောင်ကြည့်နေလေသည်။

“အမလေး….ဟာကွာ 6သတော့မလို့ နဲနဲပဲလိုတယ်
ဘာတုန်းဟ ဒီမြွေ…”

ထိုမြွေမှာ စိုးမြင့် ရှေ့က မဖယ်
ခေါင်းထောင်၍သာစိုးမြင့်အား စိုက်ကြည့်နေလေသည်။

“ဟာ ..ရှူးရှူး. ဒုက္ခပဲ….သွားကွာ သွားသွား
ဟာ ဒီလောက်ရှုပ်တဲ့အကောင် ကဲဟာ….”

စိုးမြင့် လက်ထဲ မှ တင်းပုပ်ဖြင့် မြွေခေါင်းအား ထ..ု ခြေလိုက်လေတော့သည်။
ခေါင်းပိုင်းမှာ ထ…ု ခြေခံရ၍ နောက် ခန္ဓာကိုယ်တစ်လျှောက် ထွန့်ထွန့်လူးနေ​သော​မြွေအား ခြေထောက်ဖြင့် ထက်မံ န..င်းချေပြီး…. စိုးမြင့် လှထွန်းမြေမြှုပ်ရာနေရာသို့ ခပ် သုတ်သုတ်လျှောက်လာခဲ့ပါတော့သည်။

အချိန်အတန်ကြာလျှောက်လာပေမယ့် … စိုးမြင့်
တစ်ယောက် လှထွန်းနာမည်အားရှာမတွေ့ခဲ့ပေ

“ဟာကွာ ဒီကောင်ရဲ့ မြေပုံကလည်း ဘယ်နားမှာပါလိမ့်ကွာ ”

စိုးမြင့် တော်တော် ခေါင်းရှုပ်နေပြီ
အမှောင်ထုက ကြီးမားလွန်းတာကြောင့်
မီးအိမ်နားဝန်းကျင်သာ အလင်းစက် ကျရောက်ရလေသည်။ခပ်လှန်းလှန်းဆို ဝေဝေဝါးဝါးမျှသာ…
ထိုစဥှ….

“ကယ်ပါအုမ်းရှင်… ကယ်ပါအုမ်း”

မိန်းမတစ်ယောက် အကူအညီ တောင်းနေသည့်အသံ တစ်ခုတရိပ်ရိပ် ထွက်ပေါ်လာသည်။

စိုးမြင့် မီးအိမ်ဖြင့် လှန်းကြည့်စဥ် …
မြေ အလိမ့်လိမ့်လူးနေ​သော မိန်းကလေးတစ်ယောက်မျက်ရည်စများဖြင့် ….စိုးမြင့်အား အ​မှောင်ထဲမှ ကြည့်နေသည်ကိုမြင်ရ​လေတော့သည်။

“အစ်ကို အစ်ကို ကျွန်မကို ကယ်ပါဦးရှင်
ကျွန်မကို ရွာတောင်ပိုင်းက ကောင်တွေ စော်ကားပြီး
လိုက်သ|…တ်နေလို့ ရှင် ကယ်ပါနော် ကယ်ပါအစ်ကိုရယ်…”

စိုးမြင့် ထိုမိန်းက​လေးစကား​ကြောင့် ဒေါသထောင်းကနဲ ထွက်သွားတော့သည်။

“တောင်ပိုင်းသားတွေ မိန်းက​လေးတစ်​ယောက်ကို
ဒီလို မစော်ကားသင့်ဘူး ဒါနဲ့ မင်းက ဒီကို ဘလိုရောက်လာတာလဲ မင်းနာမည်ကရော ဘယ်သူလဲ”

” ကျွန်မ ကြီးကြီးမေလှိုင်ရဲ့ မြေးမလေးပါ
ကျွန်မနာမည် ဝါဝါ ပါရှင် ကျွန်မလေ…သူတို့ထဲကလူတစ်ယောက်ကို လည်း လက်ထဲ ရှိတာနဲ့ ရိုက်လိုက်မိတယ်
အစ်ကိုရယ် သူ6သပြီလားမသိဘူး”

“ဘာ….ဟာ မင်းတို့ဟာကလဲ ဘာတွေလဲ ဟာ
ကဲပါ…ဘယ်နားမှာမင်းရို..က်လိုက်တာလဲ လိုက်ပြစမ်း”

“ဖြစ်ပါ့မလားရှင် သူတို့ က လိုက်လာရင်ကော
ခုနကပဲ ကျွန်မကို လိုက်သ…တ်နေတာရှင့်”

“ဟာကွာ မင်းရိုက်ခဲ့လို့ သူတို့လဲ ရှိမှာမဟုတ်တော့ပါဘူး မင်းနေရာသာရှေ့ကနေပြ … အဲ့လူ6သရင် မင်းထောင်ကျပြီ နားလည်လား…မ6သသေးရင်လည်း
မင်းတစ်ခုခု စီစဥ်လို့ရတာပေါ့ ကဲ လမ်းပြစမ်းပါငါ့ကို ”

“ဟုတ် ဟုတ်”

ရှေ့ကနေ ကပိုကရို ထမိန်မနိုင်ပုဝါမနိုင်ဖြင့် စွန်တောင်ဆွဲကာ ဝါဝါ တစ်​ယောက် လမ်းပြလေသည်။
စိုးမြင့်တစ်ယောက် ကပြာကယာသွား​နေ​သော ဝါဝါနောက်သို့ ခက်သွက်သွက်လိုက်ရလေသည်။

“ဟဲ့ ဖြေးဖြေးသွားဟ မှောင်မှောင်မဲမဲနဲ့လိုက်နေရတာ
ဟဲ့ ဝါဝါ…”

ဝါဝါ တစ်ယောက် မောမောပမ်းပမ်းဖြင့် သူဖြစ်ပျက်ခဲ့​သောနေရာသို့ လိုက်ပြ​လေသည်။ ရှေ့နားရောက်​လေ​သော် ဝါဝါရုတ်တရက် ပြေးနေရာမှ ရပ်သွားပြီးနောက်လှည့်၍
စိုးမြင့်အား တစ်​နေရာသို့ လက်ညှိုးညွှန်ပြလေ​တော့သည်။

စိုးမြင့် မှောင်ကုတ်ကုတ် မမြင်မစမ်းဖြစ်နေသောကြောင့် ရှေ့နားသို့ တိုးကာ မီးအိမ်ဖြင့် ဝါဝါ လက်ညိုးညွှန်ပြ​သော ​နေရာသို့ ကြည့်လေရာ….

“ဟာ…ဟာ…. ”

ဘေးနားမှ သူ့အား ရပ်ကြည့်နေ​သော ဝါဝါ့အား
စိုးမြင့်လှန်းကြည့်သည် ဝါဝါတစ်ယောက်
မျက်ရည်စများဖြင့် စိုးမြင့်အား ကြည့်နေလေ​တော့သည်။
ထို့​နောက် အသက်ရှူသံများပျင်းထန်လာပြီး
စိုးမြင့်တစ်ယောက် နောက်ကို တဖြေးဖြေးချင်းဆုပ်၍ ဝါဝါ့အား ​ကြောက်လန့်တကြား ကြည့်​ရင် တဖန် ဝါဝါလက်ညှိုးညွှန်ပြရာသို့ ပြန်ကြည့်​လေရာ
ဝါဝါ ညွှန်ပြနေ​သော နေရာမှ …မြေပုံတွင်

(အသက် ၂၃ မဝါဝါ) ဆို​သော နာမည်ဆိုက်ထားသည့်
မြေပုံအား စိုးမြင့် မြင်လိုက်ရခြင်းကြောင့် စိုးမြင့် ဝါဝါဟာ
6သပြီးသား မိန်းမတစ်ယောက်ဖြစ်မှန်းသိလိုက်ရပါ​တော့သည်။ ထိုအချိန် တွင်ဘေးပတ်ဝန်းကျင်မှ
မြေပုံတိုင်းတွင် လူတစ်ယောက်စီ ရပ်နေသည်ကို ခပ်ရေးရေးမြင်လိုက်ရတာကြောင့် စိုးမြင့်တစ်ယောက် ​ကြောက်စိတ်ဟာ ထိန်းမနိုင်​တော့ဘဲ နောက်သို့ ခပ်မြန်မြန်ပြန်၍ထွက်ပြေး​လေတော့သည်။

“ဘုရား ဘုရား…ငါ့ကို ခြောက်နေကြပီ
ဘုရား ဘုရား….နင်တို့နဲ ငါနဲ့ ဘဝ ခြား​နေပီ
ငါ့ကိုမနှောက်ယှက်ကြပါနဲ့ ..အမလေး ဘုရား ဘုရား”

စိုးမြင့် ကြောက်စိတ်ကို နိုင်အောင် စိတ်ကို လျှော့ချကာ အရင်ဆုံး သချိုင်းမြေမှ ထွက်နိုင်ရန် ဘုရားစာကပေါက်တိ ကပေါက်ချာရွတ်ဖတ်ပြီး ရင်တစ်ထိတ်ထိတ်ဖြင့် ပြေးလာစဥ် ​မြေပြင်မှ အရာတစ်ခုအား ခလုပ်တိုက်၍ မှောက်လျှက် လဲကျ တော့သည်။ လက်ထဲတွင် ကိုင်လာ​​သော မီးအိမ်မှာ ကျကွဲ၍ ရေနံဆီ များဖိတ်ကာ အနားရှိ အပင်မြက်ခြောက်များအား မီးစွဲကုန်​တော့သည်။

မီးအရှိန်ကြောင့် ထိုနေရာတွင် လင်းအားကောင်းကောင်းဖြင့် လင်းထိန်သွားသည်။ ထိုစဥ်…

“အမလေး ကံကောင်းလို့ ကွာ….
ငါဘာကို ခလုပ်တိုက်တာပါလိမ့်”

စိုးမြင့် ခုလုပ်တိုက်လဲသောအရာကို နောက်ပြန်လှည့်ကြည့်လေရာ…အုန်းသီးတစ်လုံးဖြစ်နေသည်ကိုတွေ့လိုက်ရတော့သည်။ ဖုတ်တွေ သဲတွေ ပေနေတာကြောင့် ဖုတ်ဖက်ခါထပြီး လက်ကျန် မီးစဖြင့် မီးအိမ်ကို ပြန်​ကောက်ယူလျှက် လွတ်ကျသွားသည့် ထင်းရှူးသားနှင့် တင်းပုပ်အား ကမန်းကတမ်းပြန်ကောက်ပြီး အထ..စိုးမြင့် နဘေးတွင်

(ဦးလှထွန်း အသက် ၅၂) ဆိုသောမြေပုံအား စိုးမြင့်တစ်​ယောက် အမှတ်မထင် တွေ့လိုက်​လေ​တော့သည်။ ထိုစဥ် ကြောက်နေသည့်ကြားမှ စိုးမြင့်တစ်​ယောက် ဝမ်းသာသွားလေတော့သည်။ ထို့နောက် ပါလာသည့် ထင်းရှူးသားငုတ်ကို လှထွန်း မြေပုံ ခြေရင်းတွင် တင်းပုပ်ဖြင့် မြေပြင်သို့ ထိုးစိုက်လိုက်လေတော့သည်။

“ဟားဟားက ငါကွ …အဲ့တာ ငါပဲ
ဘမော် မင်းတော့ ငါ့တပည့်ဖြစ်ပီကွ ဟဟဟ”

စိုးမြင့်တစ်ယောက် ကိုယ့်ကို ကို …စွမ်းအားရှင်တစ်ယောက်အသွင်ဖြင့် သချိုင်းအပြင်သို့ ပြန်ရန် ထွက်လာခဲ့တော့သည်။

ထိုစဥှ…

“အစ်ကိုရေ ကယ်ပါဦး ရှင်…. ကယ်ပါဦး အစ်ကိုရယ်”
စိုးမြင့် မျက်လုံးပြူးသွားတော့သည်။
သူကြားလိုက်ရသည်မှာ ခုန ဝါဝါ ရဲ့ အသံပင်ဖြစ်သည် စိုးမြင့် ထိုအသံ ကို တော်တော်ကြောက်လန့်သွားပြီး ထို​နေရာမှ ချက်ချင်းပင်ထွက်ပြေးလေတော့သည်။
ထွက်ပြေးရင်ပင် …. စိုးမြင့်လမ်းပျောက်နေလေပြီ

“ဘုရား ဘုရား…ငါဘယ်ရောက်နေပြီလဲ
ဘယ်လမ်းက ပြန်ထွက်ရမလဲ မသိဘူး​တော့ဒုက္ခပါပဲ”

ချွေးများဟာ စိုးမြင့်အပေါ်ရေလောင်းထားသလို စိုရွှဲနေတော့သည်။ထို့နောက် ခြေဦးတည့်ရာပြေးရင်း
ဝါဝါမြေပုံနေရာသို့ ပြန်ရောက်လာခဲ့လေသည်။

“ဟာ….ဟာ…ဘုရား ဘုရား”

စိုးမြင့် စိတ်က ကြောက်စိတ်ကို ကြာကြာတင်းမခံ နိုင် ယိုယွင်းစပြုနေလေပြီ…ထိုစဥ်..

“ကယ်ပါဦး..ကယ်ပါ”
ဒီ တစ်ခေါက် ကယ်ပါဦး ဆိုသောအသံမှာ
ကွဲ အက်အက် အသံကြီးကဲ့သို့ ဖြစ်လာခဲ့ပြီ

စိုးမြင့်တစ်ယောက် ကယောင်ကတမ်းဖြင့်
တုန်တုန်ယင်ယင်ဖြစ်နေလေပြီ

“မကက်တော့ဘူးလား…ရှင်မကယ်တော့ရင် ကျမ လာခဲ့မှာနော်….ကျွန်မလာပြီနော်….”

“မလာနဲ့ မလာနဲ့ နင်က ဘာကြီးလဲ မလာနဲ့ ငါ့နားမလားနဲ့”

စိုးမြင့် အကြောက်အကန်ပြောနေချိန်မှာပင်
ခမ်းလှန်းလှန်းမှ ဝရုန်းသုံးကားပြေးလာ​သော ဝါဝါ့အား
မြင်ပြီး ကြောက်အားလန့်အားဖြင့် အားကုန်ထွက်ပြေးလေတော့သည်။

မောမောပမ်းပမ်းဖြင့် အားကုန်ထွက်ပြေးနေသော စိုးမြင့်နောက်ကို ဝါဝါလည်း ဝုန်းဒိုင်းကြဲ လိုက်နေလေတော့သည်။ စိုးမြင့်တစ်​ယောက် အားကုန်ပြေးရင်း ပြေးရင်း …သစ်ပင်များအတန်းလိုက်​ပေါက်​နေ​​သော​နေရာအ​ရောက်တွင် ​နောက်သို့ပြန်ကြည့်​လေရာ ဝါဝါပါမလာ​တော့​ပေ…ထို့​နောက် ​သူရပ်​နေ​သော ​နေရာမှ အ​ရှေ့စူးစူးသို့ အာရုံစူးစိုက်ကြည့်​လေရာ…
တောင်ပိုင်းသား မြောက်ပိုင်းသား များရပ်နေတာကို စိုးမြင့် အားရဝမ်းသာ လှန်းမြင်ရလေတော့သည်။

“အမလေးတော်ပါသေးရဲ့….သချိုင်းအပြင်ပြန်ရောက်လာပြီ..ဟူး…”

စိုးမြင့်တစ်ယောက် ဟန်ကိုယ့်ဖို့ ခါးကိုမက် ရင်ကိုကော့
ရင်းထိုရွာသူရွားလူအုပ်နားသို့ သူအောင်ပွဲခံရန် လျှောက်လာခဲ့တော့သည်။ လူအုပ်နားနီးလာချိန် …စိုးမြင့်တစ်ယောက် လူအုပ်ကို သေချာကြည့်လေရာ….
တောင်ပိုင်းသား.မြောက်ပိုင်းသားများမှာ တခြားဖက်ကို လှန်းကြည့်နေသည့်အတွက် …စိုးမြင့်
တခြားလမ်းအ​နောက်​ပေါက်မှ ပြန်ရောက်လာသည်ဟု စိုးမြင့် နားလည်လိုက်လေတော့သည်။ထို့​နောက် ​ကျော​ပေးရပ်​နေ​သော ရွာသူရွာသားများအား…

“ဟေး…… ဘမော် တို့ သာအေးတို့ရေ…ငါ ပြန်ရောက်ပြီကွ…ဟဟဟဟ ငါ ဒီ ဘက်မှ ငါဒီ ဘက်မှာကွ…ဟေး….”

စိုးမြင့် အားရဝမ်းသာဖြင့် ရွာသူ ရွာသားများအား
လှန်းခေါ်လေသည်။
ရွာသူရွာသားများမှာ…စိုးမြင့် အော်သံ ကြား၍
လှည့်ကြည့်ကြလေသည်။

သိုပေမယ့် ခေါင်းချည်းသာလှည့်လာကြသည်…ခန္တာကိုယ်ကတော့ နေမြဲ အတိုင်းသာ…

ထိုမြင်ကွင်းအား…ပြတ်ပြတ်သားသားမြင်လိုက်ရသော စိုးမြင့်တစ်ယောက် နေရာတွင် အရုပ်ကြိုးပျက်
ငေးကြည့်နေမိတော့သည်။

“ဟင်…ဒါ…ဒါ…ဘယ် ဘယ်….ဘယ်လိုဖြစ်ရတာလည်း…မဟုတ်ဘူး မဟုတ်ဘူး….ဒါတကယ်မဟုတ်ဘူး…ဒါတကယ်မဟုတ်ဘူး…အားးးးးးးး”

စိုမြင့် ခေါင်းတခါခါဖြင့် အော်ဟစ် ငိုကြွေးနေချိန်မှာပင် သူမြင်နေရသော ရွာသူရွာသားများက နောက်ပြန် သူ့ဆီသို့တ​ရွေ့​ရွေ့လာနေကြလေပြီ…

ချက်ချင်းဆိုသလို စိုးမြင့် ထွက်ပြေးရပြန်တော့သည်။
လက်ထဲတွင် ဘာမီးအိမ်မှ ပါမလာတော့ပေ
ထို့​နောက် အားကုန်လွတ်မြောက်ရန် ပြေးထွက်လာစဥ်
စိုးမြင့်တစ်​ယောက် အရာတခုဖြင့် ထိပ်တိုက် တိုက်မိ​လေ​တော့သည်။

ထို တိုက်မိ​သောအရာအား စိုးမြင့် ကြောက်ကြောက်ဖြင့်
ကြည့်လေရာ စိုးမြင့် တိုက်မိသည်မှာ…လူတစ်ယောက်ဖြစ်ကြောင်းစူးစိူက်ကြည့်၍ သိလိုက်ရတော့သည်။
သို့ပေမယ့် သူဝင်တိုက်မိသူမှာ တခြားသူမဟုတ်….

“ဟေ့ကောင် မင်း ကြောက်တတ်လား”

ထိုအမေးကြောင့် စိုးမြင့် တစ်ယောက် ထိုအသံလာရာသို့ သေချာစူးစိုက်ကြည့်လေရာ…. ထိုလူမှာ……

*********

မနက် လင်းကြက်တွန်လေပြီ
ရွာသချိုင်းအဝတွင် တောင်ပိုင်းသူ မြောက်ပိုင်းသားများ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လျှက်
သချိုင်းဝသို့ ရင်တမမဖြင့် စိုးမြင့်ပြန်ထွက်အလာကို
ကြည့်နေကြလေသည်။
စကားသံများကလည်း ညံ ညံ စည်နေလေပြီ
ခုထိ သချိုင်းအပြင်ကို ထွက်မလာသေးတဲ့ စိုးမြင့်အား
စိတ်ပူသူကပူနေကြလေပြီ ဘမော်နှင့်အပေါင်းအပါတွေသည်လည်း သို့လော သို့လော ဖြစ်နေကြသည်။
ထိုအချိန်တွင် လူအုပ်ထဲ မှ ရွာသားတစ်ယောက်ရဲ့အသံထွက်ပေါ်လာလေသည်။

“ဟာ ဟိုမှာ ဟိုမှာ…ငါတို့မြောက်ပိုင်းက စိုးမြင့်ပြန်ထွက်လာပြီ…..စိုးမြင့်ထွက်လာပြီဟ”

သြဘာသံ တရုံးရုံးဖြင့် စိုးမြင့်အား ကြိုဆိုသူက ကြိုဆို အားကျသူက အားကျဖြင့် ပွက်လောရိုက်ခဲ့တော့သည်။
ဘမော် တစ်ယောက်တော့ဖြင့် မျက်စိမျက်နှာ မသာမယာ တအံ့တသြရှိနေလေသည်။

ထို့​နောက် သချိုင်းအတွင်းမှ ထွက်လာ​သော
စိုးမြင့်တစ်​ယောက် ရွာပရိတ်သတ်ရှေ့..ဘမော်နှင့်မျက်နှာချင်းဆိုင်တွင် မက်တပ်ရပ်လိုက်သည်။
အရယ်အပြုံးမရှိသော ရုပ်တည်တည်ဖြင့်….ရပ်​နေ​​တော့သည်။

“ဟေ့ကောင် စိုးမြင့် မင်းတော်တော်သတ္တိရှိတာပဲကွ
ငါက မူးမေ့လဲ နေပြီတောင်ထင်နေတာ
အေးပါကွာမင်းနိုင်ပါတယ် ”

ထို့နောက် ဘမော်တစ်​ယောက် သူ့ နောက်လိုက် ၂ယောက်အား….ထင်ရှူးသားငုတ်တိုင် တကယ်စိုက်မစိုက် စစ်ဆေးရန် လွှတ်လိုက်သည်။ စိုးမြင့်ကတော့ ဘာစကားမှမပြော ဘ​မော် ​ရှေ့၌ပင် ရပ်နေလေသည်။ ရွာသူရွာသားများမှာ အုံးအုံးကြွက် ဆူဆူညံ လျှက် ရှိ​နေ​တော့သည်။

ထို့နောက် စိုးမြင့်အား ဘမော် ကြည့်ရင်း…

“ငါကတိတည်ပါတယ်ကွ…. ငါမင်းတပည့်အဖြစ်
ငါခံယူပါတယ် စိုးမြင့်ရာ မင်းနိုင်ပါတယ်”

ထိုစဥ် ..စိုးမြင့် တစ်ယောက် ဘမော်အား
တစ်ချက်ပြုံးပြ​လေသည်။
ထို့နောက်…ဘမော် နားရွက် အနားနားသို့ တိုး၍ စိုးမြင့်စကားတစ်ခွန်း ခပ်တိုးတိုးပြောလိုက်သည်။

“ငါ့နာမည် လှထွန်း”……

…………END………….

ရဲထွန်း ( Strangerland )

#crd