မစင်စားစုန်း(စ/ဆုံး)
—————–
ပပသည်အိမ်တွင်သမီးအကြီးဆုံးဖြစ်ကာပပအောက်တွင်ညီမငယ်ကလေးများရှိလေသည်။
ပပကကျောင်းပိတ်ရက်တိုင်းအဖွားအိမ်တွင်သွားနေလေ့ရှိသည်။
ပပက၅တန်းစာမေးပွဲဖြေထားသည်ကျောင်ပိတ်ရက်အဖွားအိမ်သွားနေရန်အထုတ်အပိုးပြင်နေသည်။
အိမ်ကမိဘများကလဲအငယ်များရှိနေ၍ပပအားသွားနေခွင့်ပေးထားသည်။
အဖွားနှင့်အတူအဒေါ်အပျိုကြီးနှင့််ဦးလေးတစ်ယောက်လဲအတူနေကြသည်။
အဖွားအိမ်သည်နယ်မြို့ကလေးတမြို့တွင်ရှိရာခြံသည်အတော်ကျယ်ဝန်းလေသည်။
ခြံထဲတွင်လဲသရက်မာလကာဌက်ပျောဇီးပင်စသောစားပင်သီးပင်များဝေဝေဆာဆာစိုက်ထားသည်။
အဖွားခြံထွက်သီးနှံများကို၁၂ရာသီစားသုံးလို့ရတာကြောင့်အဖွားဆီမှာနေရတာပပအလွန်ပျော်သည်။
အဖွားကစာလဲအလွန်ဖတ်သောကြောင့်ဗဟုသုတများသည်။
တညမှာတော့ပပကရေအိမ်သွားချင်၍ဘေးမှာအိပ်နေသောအဒေါ်အပျိုကြီးအားနိုးလေသည်။
အဒေါ်ကလဲအတော်အိပ်မောကျနေရာပပမနိုးတော့ပဲတစ်ယောက်ထဲထွက်လာခဲ့သည်။
ရေအိမ်ကခြံထောင့်တွင်သီးခြားဆောက်ထားသောကြောင့်တော်တော်ဝေးဝေးသွားရလေသည်။
ဒီအချိန်ရေအိမ်နားကဝင်းဝင်းအလုံးကြီးသည်ပျံတက်သွားကာဟိုဘက်ခြံထဲကူးသွားလေသည်။
ပပလဲဘာမှန်းမသိ၍တအံ့တသြလိုက်ကြည့်နေမိလေသည်။
အရွယ်အစားကလဲဘောလုံးအရွယ်လောက်ရှိသည်ပပအတွက်တော့ဘာမှန်းစဉ်းစာမရပါ
နောက်တနေ့မိုးလင်းတော့အဖွားအားဒီအကြောင်းကိုပြောပြတော့အဖွားက
”’ အဲဒါမစင်စားတဲ့စုန်းလို့ခေါ်တယ်စုန်းထဲမှာတော့ယုတ်ညံဆုံးလို့ပြောရမလားပဲ ——
သူများမစင်တွေလိုက်စားတာကွဲ့ဒီအကြောင်းကိုရှောက်မပြောနဲ့နော်——-””’
အဖွားပြောတော့ရွံတတ်သောပပအဖွားအားနောက်ထပ်မမေးတော့ပါ။
တရက်တွင်ဟိုဘက်ခြံကအဒေါ်ကြီးသည်ဆံပင်ဖျားလျားချကာနေဇာလှုံနေသည်ကိုမြင်တော့
ပပကဘာရယ်မဟုတ်ကြည့်လိုက်မိသည်ထိုအခါထိုမိန်းမကြီးသည်လူမလှည့်ပဲခေါင်းကြီးပဲနောက်ပြန်လှည့်လာကာပပအားခပ်စိမ်းစိမ်းကြည့်လိုက်လေသည်။
ပပလဲအထူးအဆန်းမို့ပါးစပ်ဟောင်းဖြစ်သွားသည်။
အဖွားအားခေါ်ပြရာအဖွားကြည့်တော့အကောင်းဖြစ်နေသည်။
မိမိပဲမမြင်မှားသလားဘာလားမသဲကွဲပေမဲ့ထိုမိန်းမကြီးကိုတော့ပပလန့်နေမိသည်။
အဖွားကတော့ကံနိမ်လို့ရှောက်မြင်တာလို့ပြောလေသည်ညဘက်ဘုရားရှိခိုးအိမ်ရန်လဲသတိပေးသည်။
ဘာဘဲပြောပြောပပတိုအရွယ်ကစူးစမ်းလေ့လာချင်သည်စပ်စုချင်သည့်အရွယ်ဖြစ်သည်။
အခုရက်ပိုင်းအဖွားတို့အရပ်ထဲတွင်ထိုမစင်စားစုန်းအားဟိုအိမ်တွေ့လိုက်ဒီအိမ်တွေ့လိုက်ဖြစ်နေသည်။
ပပလဲညဘက်အပြင်မသွားရဲအဒေါ်အားနိုးပြီးမှသာသွားရဲသည်။
အဖွားနှင့်အဒေါ်ဘုရားရှိခိုးတိုင်းပပလဲညတိုင်းဘုရားရှိခိုးဖြစ်သည်။
ပပစိတ်ထဲကြောက်နေမိတာတော့အမှန်ပင်။
ညရောက်တော့ပပသိချင်တာအဖွားအားမေးလိုက်သည်။
”””အဖွားစုန်းကဘာဖြစ်လို့မီးလုံးလိုဖြစ်နေတာလဲ ””’
””” စုန်းတွေကအမျိုးမျိုးရှိတယ်အဖွားသိသလောက်တော့တိမ်ညွှန်စားတဲ့စုန်းသားစိမ်းစားတဲ့စုန်းတို့မစင်စားတဲ့စုန်းတို့အမျိုးစုံပါပဲကွယ်——-
သူတို့ကညအချိန်လူခြေတိတ်မှကိုယ်ခန္တာကနေခေါင်းကိုဖြုတ်ပြီးမီးလုံးတလုံးလိုသူတို့သွားချင်တဲ့နေရာအထိသွားနိုင်ကြတယ်ကွဲ့————”””””’
အဖွားပြောသောစုန်းဆိုတာကိုစဉ်းစားရင်းပပတစ်ယောက်နှစ်ချိုက်စွာအိပ်ပျော်သွားလေသည်။
ပပတရေးနိုးတော့အပေါ့သွားချင်၍တယောက်ထဲထကာနောက်ဖေးဘက်ထွက်ခဲ့သည်။ရေအိမ်သည်ဟိုးရှေးခတ်ကရေအိမ်ဖြစ်သောကြောင့်ရေသရောက်အိမ်သာမျိုးဖြစ်သည်။
ပပလဲရေအိမ်တံခါးဖွင့်လိုက်ရာရေအိမ်ထဲကရေသရောက်တွင်မီးလုံးလိုအလုံးကြီးတလုံးသည်။
လိမ့်၍ဆင်းလိုက်တက်လိုက်ဖြစ်နေတာကိုမြင်တော့ပပကြောက်လန့်တကြားငယ်သံပါအောင်အော်လိုက်မိသည်
”’ အားးးးဘာကြီးလဲမသိဘူးးးးးးးးးးးးးးးး”””
ပပအော်သံကြောင်တအိမ်သားလုံးနိုးလာလေသည်ဦးလေးသည်ဓားကိုင်ကာရှေ့ဆုံးကရောက်လာ၍
”’ တူမဘာဖြစ်တာလဲဦးလေးပြောစမ်း”””
ပပလဲကတုန်ကယင်ဖြင့်ဖြစ်ကြောင်းကုန်စင်ပြောပြလိုက်တော့အဖွားက
” ဒီနီးနားပတ်ဝန်းကျင်မှာမစင်စားစုန်းတယောက်ယောက်တော့ရှိနေပြီ ”””
”” အိမ်မှာသရော်ခေါင်းရှော်ရေထုပ်အဆင့်သင့်ဝယ်ထားမှဒီတခါတွေ့ရင်အဲဒါနဲ့ပက်ကြည့်မယ် ”””””
””” အမေကလဲခေါင်းလျှော်ရေထုပ်ကဘာလုပ်ဘို့လဲ””’
””” စုန်းတွေဘာတွေတွေ့ရင်သရော်ရေနဲ့ပက်ရင်သူ့ခန္တာကိုယ်နဲ့ပြန်ဆက်လို့မရဘူးလို့ရှေးလူကြီးတွေကပြောကြတာပဲလေ ”’
အဖွားကနောက်တရက်စျေးသွားရာပပလဲလိုက်သွားလေသည်အဖွားသည်စျေးက
သရော်ချောင်းများကင်ပွန်းသီးများဝယ်လာကာအိုးတလုံးနှင့်ပြုတ်၍အအေးခံကာ
ပလပ်စတစ်အိပ်များနှင့်ထည့်ပြီးအထုပ်များထုတ်လေသည်။
အိမ်နီးချင်းများအားဝေပြီးအကျိုးအကြောင်းပြောထားသည်
အဖွားစုန်းဖမ်းပွဲလုပ်ရန်စလေပြီ။
အဖွားစုန်းဖမ်းပွဲသိ၍လားမသ်ိအရပ်ထဲဘာသံမှမကြားရတော့ပေ
တရက်ဘေးခြံမှဦးညိုသည်အဖွားအိမ်ရောက်လာပြီးသော့လာအပ်လေသည်။
သူမိန်းမနေမကောင်း၍ဆေးခန်းသွားပြမည်ဟုပြောကာသော့ပေးခဲ့၍သူ့သားပြန်လာပါကသော့ပေးရန်မှာသွားလေသည်။
ဦးညိုသည်သဘောကောင်းကာသူ့အလုပ်ကကုန်ကားကြီးများမောင်း၍နယ်ထွက်နေရသည်ကများသည်။
သားကလေးတစ်ယောက်ရှိ၍မြို့မှာအနေများသည်။သူ့မိန်မကတရှောင်ရှောင်နဲ့နေမကောင်းဖြစ်နေတာများ၍
အိမ်ပြင်သို့သိပ်မထွက်အရပ်ထဲကသူများနှင့်လဲသိပ်မရောပေ။
သူတိုလင်မယားမိုးအတော်ချုပ်မှပြန်ရောက်ကြသည်။
အဲဒီညမှာတော့တိတိဆိတ်နေသောညသန်ခေါင်ယံတွင်အိမ်တအိမ်မှဆူညံစွာအော်သံကိုကြားရလေသည်။
”’ လာကြပါအုံး———မစင်စားစုန်းကြီး ””””
ထိုအော်သံကြောင်ရပ်ကွက်အတွင်းကလူများနိုးကုန်ကြ၍လှုပ်လှုပ်ရှားရှားဖြစ်သွားကြသည်။
ဦးလေးလဲဓားဆွဲ၍အဖွားသရော်ထုတ်အားယူ၍ထွက်သွားလေသည်။
””’ အဒေါ်အဒေါ်ရေကူပါအုံး—–”””’
ဦးလေးထွက်သွားလို့မှမကြာသေးဘေးအိမ်ကဦးညိုသည်အဖွားဆီအပြေးအလွှားရောက်လာ၍
အဖွားအားအလောသုံးဆယ်ခေါ်လေသည်။
”’ဟဲ့ဘာဖြစ်လာတာလဲမောင်ညို”””””’
”””ကျွန်တော့်မိန်းမမှာခေါင်းမရှိတော့ဘူး ””””””
”ဟေ”’
ဦးညိုစကားကြောင့်ပပတို့တူဝရီးနေစရာမရှိအောင်လန့်သွားကြသည်။
”””ကျွန်တော်ရပ်ကွက်ကအော်သံကြားလို့ထကြည့်တော့ကျွန်တော့်မိန်းမမမြင်တာနဲ့လိုက်ရှာတော့ ———–
နောက်ဖေးမီးဖိုဆောင်ကချောင်ထဲမှာငုတ်တုတ်ထိုင်နေတာတွေ့တယ်အနားသွားကြည့်တော့မှခေါင်းမရှိမှန်းသိရတာ————””””””””’ ‘
ဦးညိုသည်ပြောလဲပြောငိုလဲငိုကာကြံရာမရဖြစ်နေတာကြောင့်အဖွားလဲနှစ်သိမ့်၍
” ဒီအတိုင်းထားလို့တော့မဖြစ်ဘူးသူခေါင်းပြန်မဆက်နိုင်အောင်သရော်ရေလောင်းထားပြီးသူပြန်လာမှသူ့့ပညာတွေဘုန်းကြီးကိုလူဘို့ကတိတောင်းရမယ်————”””’
” မနက်မှဘုန်းကြီးပင့်ပြီးဆွေးနွေးကြတာပေါ့ ””””
ဦးလေးလဲဘာမှမတွေ့၍ပြန်ရောက်လာရာခြေရင်းအိမ်ကကောင်လေးတစ်ယောက်ပါအဖေါ်ခေါ်၍
စုန်းမအားဖမ်းရန်တာဆူနေကြလေသည်။
‘ဒါနဲ့ပပတိုလဲအဖွားနဲ့အတူဦးညိုအိမ်သို့လိုက်သွားကြလေသည်။
အိမ်ရောက်တော့မီးဖိုဆောင်ဒေါင့်တွင်ခေါင်းမပါသောကိုယ်ကြီးအားမြင်လိုက်၍
ပပကဦးလေးနောက်ပြေးကပ်လိုက်မိသည်ဒါနဲ့ဦးလေးတို့ကပါလာသောခေါင်းလျှော်ရည်များအားဦးညိုမိန်းမ
လည်ပင်ပေါ်လောင်းချလိုက်သည်ပြီးနောက်မီးများပိတ်ကာ
အမှောင်ထဲမှအခြေအနေစောင့်ကြည့်နေကြသည်။
မကြာခင်အချိန်တွင်အိမ်နောက်ဖေးဘက်မှဝင်းဝင်းအလုံးကြီးတလုံးသည်ပျံဝဲလာကာ
ဦးညိုမီးဖိုဆောင်နားသို့ရောက်လာလေသည်ပပတို့အုပ်စုလဲအသံမထွက်ပဲညိမ်နေကြလေသည်။
ထိုအလုံးကြီးသည်မီးဖိုဆောင်ထဲဝင်လာကာခေါင်းပြတ်ခန္တာကိုယ်တွင်ခေါင်းသွားဆက်ရာ
မရဖြစ်နေတုန်းဦးညို့ကမီးများရုတ်တရက်ဖွင့်ချလိုက်လေသည်။
ထိုအခါလင်းထိန်သွားသောမီးရောင်အောက်တွင်ခေါင်းတခြားကိုယ်တခြားဖြစ်နေသော
ဦးညိုမိန်းမအားမြင်လိုက်ရချိန်တွင်ဦးညိုသည်ချုံးပွဲချကာငိုလေသည်။
အဖွားနှင့်ကျန်လူများကဦးညိုမိန်းမအားဒီပညာကိုလူရန်ပြောရာဦးညိုမိန်းမကကတိအထပ်ထပ်ပေးလေသည်။
ထိုအခါမသတီစရာကောင်းသောခေါင်းပြတ်မှလေထဲဝဲနေရင်းမျက်ရည်များကြကာတောင်းပန်နေသည်။
ပပနှင့်အဒေါ်ကတော့ဦးညိုမိန်းမဆီမှအော်ဂလီဆန်စရာကောင်းသောအနံ့ဆိုးကြီးကြောင့်
အပြေးအလွားအန်ကြလေသည်။
ဦးလေးတို့လဲဦးညိုမိန်မခေါင်းပြန်ဆက်ရန်ကူညီပေးလိုက်၍
ဦးညိုမိန်းမသည်ခေါင်းနဲ့ကိုယ်ဆက်သွားရာဦးညိုခြေသလုံးပြေးဖက်ကာ
ဦးညိုခြေထောက်နှင့်ခေါင်းနှင့်တိုက်ကာတောင်းပန်ပေမဲ့
ဦးညိုကပိတ်ကန်လိုက်ကာ
အိမ်ပေါ်ကပြေးထွက်သွားလေသည်။
အဖွားနှင့်ပပတို့လဲမနက်မှဘုန်းကြီးပင့်ပေးမယ်ပြောကာအိမ်ပြန်လာကြလေသည်။
ဆန်းကျယ်လွန်းသောအဖြစ်သည်အိမ်မက်မက်နေသလားတောင်ထင်မိလေသည်။
ပပဘဝတွင်တခါမှမမြင်ဖူးသောခေါင်းတခြားလူတခြားအားမြင်ရသည်မှာ
ဘုရားပွဲများတွင်ခေါင်းပြတ်ကစကားပြောနေသောမျက်လှည့်ပြပွဲသွားကြည့်နေသလားထင်မိလေသည်။
နောက်တနေ့မနက်မှာတော့ဦးညိုမိန်းမသည်ပျောက်ချင်းမလှပျောက်သွားလေသည်။
ဦးညိုလဲအိမ်ပေါ်ကဆင်းပြေးသွားကထဲကအစအနပင်မတွေ့ရတော့ပါ
သူတို့အိမ်အားတံခါးပိတ်ထားလိုက်ရလေသည်။
ဒီအဖြစ်အပျက်ထဲကပပသည်ယခုအခါဒေါ်ပပဖြစ်နေပြီးပပ၏အဖွားအဒေါ်ဦးလေးတို့သည်လဲ
လူ့လောကမှာမရှိကြတော့ပါအားလုံးဆုံးပါးကုန်ပြီဖြစ်ပါသည်။
ပြီး
D Moe*Moe
ှ
#လေးစားစွာCreditပေးပါတယ်