မဖဲဝါအမွှာနှစ်ယောက်

Posted on

မဖဲဝါအမွှာနှစ်ယောက် (စ/ဆုံး)
~~~~~~~~~~~~~~~~~~~~~

နွေရာသီကျောင်းပိတ်လို့ မောင်ပုတို့ရွာကို
အလည်တခေါက် လိုက်သွားခဲ့တယ်။

ရွာဝင်ဝင်ချင်းမှာ သင်ချူိင်းကုန်း ဇရပ်
ရှိတယ်ဗျာ။

ကျွန်တော်လည်း အံဩလို့မဆုးံဖြစ်သွား
တယ်။
မောင်ပုတို့ရွာက ကျွန်တော်ရောက်ဖူးသမျှာ
ရွာတွေထဲမှာ အထူးဆန်းဆုးံနဲ့ထူးခြားသော
ရွာတစ်ရွာလည်း ဖြစ်တယ်။

“ဟေ့……..ကောင်မောင်ပုမင်းတို့ ရွာကလဲ
ရွာဝင်ဝင်ချင်းမှာ သင်ချူိင်းကုန်း ကြီး ရှိနေ
ပါလား”

ကျွန်တော်က သိချင်စွာဖြင့်မေးလိုက်​၏

“ဟုတ်တယ်ကွာ……..ငါ့တို့ရွာက သင်ချူိင်း
ကုန်းက ရိုးရိုးသင်ချူိင်းကုန်းမဟုတ်ဘူး
ကွာ”

“ဘာလို………ဘာလို! မင်းတို့ရွာက သင်
ချူိင်းကုန်း ရိုးရိုး သင်ချူိင်းကုန်း မဟုတ်
ဘူး ဟုတ်လား”

မျက်လုးံအပြူးသားနဲ့ မောင်ပုကို ပြော
လိုက်​၏

“ဟုတ်တယ်ကွာ…….ပြောရမယ်ဆိုရင်တော့
အရှည်ကြီးပဲကွာ ! ငါ့တို့ရွာက သင်ချူိင်း
ကုန်းက ရာဇာဝင်တွေ အများကြီးရှိတယ်”

“ဘာလိုရာဇာဝင်မျူိးရှိတာလဲ ကွာ”

မောင်ပုက သက်ပြင်းလေး တစ်ချက်ချလိုက်
သည်။

“ဘာလိုရာဇာဝင်မျူိးရှိတာလဲဆိုတော့ မဖဲဝါရာဇာဝင် ရှိခဲ့ဖူးတယ်”

“ပြောပါအုးံ……..မောင်ပုငါ့စိတ်ဝင်စားလာ
ပြီးကွာ”

ကျွန်တော်ရဲ့စကားအဆုးံမှာ မောင်ပုက သူ
ပြောပြတဲ့ မဖဲဝါရာဇာဝင်ရှိခဲ့ဖူးတာကို စပြော​၏

“ဒီလိုကွာ….! ဟိုအရင်တုန်းက ငါ့တို့ရွာမှာ
အမွှာညီမ နှစ်ယောက်ရှိခဲ့ဖူးတယ်။တစ်
ယောက်က မဖဲ လို့ခေါ်ပြီး နောက်တစ်
ယောက်ကမဝါလို့ သူတို့ညီမနှစ်ယောက်
ကိုနာမည်ပေးထားကြတာပေါ်ကွာ”

မောင်ပုက စိတ်ပါလက်ပါနဲ့ ပြောပြနေ​၏

“အမွှာ ညီမနှစ်ယောက်က အရမ်းကို ချစ်ကြ
တာကွာ ”

နောက်ကြောင်း ပြန်ပြောပြနေ​၏

တစ်နေ့-
မဖဲနှင့်မဝါတို့ အမွှာညီမနှစ်ယောက်က ရွာ
ထဲက အပျူိလေးတွေနဲ့ညနေခင်းတစ်ခု
မှာ ရေသွားခပ်တာပေါ်။

ရေခပ်ပြီး ပြန်လာတော့ ရွာသူကြီးသား
မောင်ဘခက်ကသူရဲ့တပည်တွေနဲ့ရေခပ်ပြီး
ပြန်လာတဲ့လမ်းမှာ ပိတ်ပြီး မတ်တက်ရပ်
နေ​၏

မဖဲက လမ်းမှာ ပိတ်ရပ်နေသော မောင်ဘခက်
ကိုတွေသော အခါ ဒီလိုပြောလိုက်​၏

“ဘခက်…….နင့်ဒါဘာလုပ်နေတာလဲ”

မဖဲက ဘခက်ကို လေသံခပ်တင်းတင်းဖြင့်
ပြောလိုက်​၏
မဝါကလည်း ဝင်ပြော​၏

“ဟုတ်လည်းဟုတ်တယ်…..လမ်းမအလယ်
ကြီးမှာ ပိတ်ရပ်နေတာ ဘာသဘောလည်း
ဘခက်”

“နင့်နဲ့မဆိုင်ပါဘူး…….ဝင်မပြောစမ်းပါနဲ့”

“ဆိုင်တာပေါ်ဘခက်ရယ်…….ငါ့တို့က ညီတွေ
ပဲလေ ဟုတ်တယ်မို့လား”

မဝါက ဘခက်ကို ပြုးံပြီးပြောလိုက်​၏

“ဖယ်စမ်းဘခက်ရယ်……!

မဖဲက ဘခက်ကို ဒီလိုပြောပြီး အတင်းတိုး
ဝှေ့က ထွက်သွား​၏
ဘခက်ကတော့ မဖဲနှင့်မဝါတို့ညီမနှစ်ယောက်
မခဲမကျေဖြစ်ပြီး ကျန်နေခဲ့လေသည်။

မဖဲနှင့်မဝါတို့ ညီမနှစ်ယောက်အိမ်ပြန်
ရောက်တော့ ရေအိုးတွေကို သူနေရာနှင့်
သူပြန်ချထားလေသည်။

“သမီးမဖဲနှင့်မဝါတို့ရယ်…..ဒီမှာ အမောပြေ
လက်ဖက်တုပ်လေး လာစားလှည့်ပါအုးံ”

“ဟုတ်ကဲ့ အမေ”

မဖဲနှင့်မဝါတို့ ညီမနှစ်ယောက်က တွက်တွက်
လက်လက်နဲ့ မိဘတွေအားကိုးရတဲ့
သမီးနှစ်ယောက်လည်း ဖြစ်​၏

တစ်နေ့-
မဖဲနှင့်မဝါတို့ညီမနှစ်ယောက်က မိဘတွေ
ပိုင်တဲ့ လယ်ယာလုပ်ငန်းမှာ ဦးစီးပြီး လုပ်ကိုင်
နေလေ​၏

မဖဲက နွားတချင်းနဲ့ပဲကျဲ့ဖို့ ထွန်းယက်နေ​၏
မဝါကတော့ ထွန်းယက်ပြီး ကျန်နေခဲ့တဲ့
ပေါင်းတွေနဲ့ မြတ်ပင်တွေကို လိုက်ကောက်
နေ​၏

“ဟဲ့……..နွား”

မဖဲတစ်ယောက် နွားတချင်းကို တုပ်လေးနဲ့
တိုကာ တိုကာမောင်းနေ​၏

ခဏကြာတော့ အခါမဖဲက နွားတချင်း
အရိပ်ကောင်းကောင်းမှာ ရပ်ထားပြီး
ညီမနှစ်ယောက် ထမင်းစားဖို့ ပြင်ဆင်ပါ
တော့သည်။

မဖဲတစ်ယောက် ထမင်းစားဖို့ ထမင်းထောင်း
ကို ဖြေးလိုက်​၏

“ကဲ……ထမင်းစားကြရအောင်မဝါ”

“စားကြတာပေါ့”

ဒီလိုနဲ့ထွန်းယက်လို့ပြီးတော့ ညီမနှစ်ယောက်
သား နွားတွေမောင်းလို့ အိမ်ကိုပြန်လာကြ​၏

ဘခက်က သူ​၏အဖေရွာသူကြီးကို မဖဲကိုကြိုက်နေပြီးဖြစ်ကြောင်း ပြော​၏

“အဖေ…….အဖေကိုကျွန်တော်ပြောစရာရှိ
တယ်”

“သားက အဖေကို ဘာတွေများပြောစရာရှိ
လိုလဲကွာ”

ဘခက်ရဲ့အဖေဖြစ်သူဦးကျော်က စိတ်ဝင်စား
စွာဖြင့်မေးလိုက်သည်။

“အဖေ…..သီးချိန်တန်သီး ပွင့်ချိန်တန် ပွင့်
ဆိုတဲ့စကားကို အရ အရွယ်ရောက်နေပြီး
ဖြစ်တဲ့ ကျွန်တော်ကို မိန်းမယူခိုင်းဖို့ အစီစဉ်ရှိဖူးလား”

“ကဲ……ပြောပါအုးံ သားက အဖေကို ဒီစကားပြောနေတယ်ဆိုတော့ သားမှာ
ချစ်သူ ရှိနေပြီးလား”

ဦးကျော်က ဘခက်ကို ကြည်ပြီးပြုးံလို့ မေး
လိုက်ခြင်းဖြစ်သည်။

“ဟာ……..အဖေကလဲ ကျွန်တော်မှာ မူးလို
တောင် ရူးစရာချစ်သူမရှိပါဘူးဗျာ”

“ဒါဆို……သားပြောချင်တာက မိန်းမလိုက်
တောင်းပေးခိုင်းတာပေါ်ဟုတ်လား”

ဦးကျော်က အခုလိုမေးလိုက်သောအခါ
ဘခက်က ခေါင်းညိတ်ပြလိုက်​၏

“အေးပါ ကောင်းပါပြီး လိုက်တောင်းပေး
မှာပါ!ဪ…….အဖေက ဘယ်သူကို
လိုက်တောင်းပေးရမှာလဲ”

“ရွာမြောက်ပိုင်းက မဖဲကိုပါအဖေ”

“ဟင်……!

ဦးကျော်တစ်ယောက် သားဖြစ်သူရဲ့စကား
ကိုကြားသောအခါ မျက်လုးံပြူးသွားသည်။

ဒီလိုနဲ့မဖဲကိုသွားတောင်း​၏

မဖဲရဲ့အမေဖြစ်သူ ဒေါ်ခင်ကလည်း ညင်ဆန့်
ခြင်းမရှိဘဲ ကြည်ဖြူစွာသဘောတူသဖြင့်
မဖဲနှင့်ဘခက်တို့နှစ်ယောက်ကိုလက်ထပ်
ပေးလိုက်​၏

ဘခက်ကမဖဲကို ချစ်လို့ကြိုက်လို့ လက်ထပ်
ခဲ့တာမဟုတ်ပဲ ကလဲ့စားချေ လို့သောကြောင့်
အယူရခဲ့ခြင်း ဖြစ်​၏

တစ်နေ့-
ဘခက်တစ်ယောက်မဖဲကို သတ်ပစ်ဖို့အခွင့်
အရေးရလာသည်။

အဲ့ဒါက ဘာကြောင့်လဲဆိုတော့ မဖဲနှင့်မဝါတို့
စကားပြောနေတဲ့ အချိန် အချူိရည်ဖျော်
ပေးနေ​၏

အချူိရည်ခွက်ထဲမှာအဆိပ့်ဆေးခပ်ထား​၏

မဖဲနှင့်မဝါတို့နှစ်ယောက်လည်း အဆိပ့်ဆေး
ခပ်ထားသော အချူိရည်ခွက်ကို သောက်
လိုက်ကြ​သည်။

သောက်လိုက်သည်နှင့်တပြိုင်နက်တည်း
နှစ်ဦးသား ပါးစပ်ထဲမှာ အမြှုပ်များထွက်
လာသည်။

နှစ်ဦးသားလဲကျသွား​၏

မဖဲနှင့်မဝါတို့ ကိုကောင်းကောင်းမွန်မွန်
သဂြိုလ်ပေးလိုက်​၏

၇ရက်လည်တဲ့ညက ဘခက်အတွက် နောက်
ဆုးံညဆိုတာ ဘခက်တစ်ယောက်မသိရှာ
ပါဘူး။

ည၁၂နာရီထိုးသော ရွာထဲက ခွေးတွေက
တစ်ယောက်ယောက်ကို ဟောင်နေသလို့
စူးစူးဝါးဝါး အသံများဖြင့် ဟောင်လည်း
ဟောင်နေသလို့ အူလည်းအူနေ​၏

တစ်ယောက်ယောက်ကို ဟောင်နေတာသေ
ချာပါတယ်။

ခဏကြာတော့ ရွာထဲကို ဆံပင်ဖွာ လာချထားသောမိန်းကလေးနှစ်ဦးက အလောင်းထည့်
တဲ့ အခေါင်းတွေကို ရွက်ပြီး ရွာထဲဝင်လာ​၏

ဒီလိုနဲ့၇ရက်လည်တဲ့နေကစပြီးရွက်ရွက်ပြီး
ရွာထဲဝင်လာတာကို မြင်တဲ့လူကလည်း မြင်တ
ယ်လို့ ပြောနေကြတော့ ဒေါ်ခင်တစ်ယောက်
သိလိုက်​၏

သူသမီးတွေ မကျွတ်မ
ပဲ ရှိနေတာကို။

ဘယ်လောက်ပဲ အမျှာအတန်ဝေဝေသူတို့
ညီမနှစ်ယောက်က မကျွတ်မလွတ်ပဲရှိနေ
​၏

ကြာလာတော့ရွာထဲက လူတွေကသူတို့ညီမ
နှစ်ယောက်ကို နာမည်ပေးထား​၏

မဖဲဝါအမွှာနှစ်ယောက် လို့။

သူတို့ညီမနှစ်ယောက် အခေါင်ပစ်ချတဲ့
အိမ်ကတော့ သေမယ်သူရှိနေပြီး ဆိုတာ
သေချာတယ်။

မောင်ပုကကျွန်တော်ကို သူတို့ရွာရဲ့သင်ချူိင်း
ကုန်း အထက်ပါအတိုင်း ရှင်းပြသည်။

“ဒါဆို့ သူတို့ညီမနှစ်ယောက်က သနား
စရာကောင်းတာပေါ်နော်”

“အေးပေါ်ကွာ…..သနားစရာကောင်းတာပေါ့”

မဖဲဝါ အမွှာနှစ်ယောက် စာမူလေးတော့
ပြီးပါပြီး။

အခုဖတ်နေတဲ့ စာဖတ်သူတွေထဲမှာ မဖဲဝါ
ကို မြင်ချင်တဲ့ သူတွေပါခဲ့ ရင်
ည၁၂နာရီထိုးလို့ချင် လမ်းလယ်ကောင်း
ကိုသွား ပြီး မှန်ကိုထောင်ပြီး မဖဲဝါကို
ခေါင်းကိုဇောက်ထိုးထားပြီးကြည်နိုင်ပါတယ်။

ရေးသူ-ရောင်နီဦး👉{နေပြည်တော်}

ရွှင်လန်းချမ်းမြေ့ကြပါစေ။

ဆက်လက်ကြီုးစားပါအုးံမည်။