မရဏလှိုင်းဂယက်

Posted on

မရဏလှိုင်းဂယက်(စ/ဆုံး)
————————-

ည၏လရောင်သည် ပတ်ဝန်းကျင်အား
ကောင်းစွာမြင်နေရပြီး ဆောင်းရာသီမို့ ခိုက်ခိုက်တုန်အောင် ချမ်းအေးသော ကာလလဲဖြစ်၏။

ကျွန်တော်နေထိုင်ရာ တွံတေးမြို့နယ် လက်ပံကုန်းကျေးရွာမှာတော့ ဟိုဘက်ရွာအလှူပွဲ ဇာတ်သဘင်သို့ သွားကြည့်ကြသူက ကလေးလူကြီး စုံလို့ပါပဲ လူစုလူဝေး သိပ်မကြိုက်သော စာရေးသူ ကျွန်တော် လေလွင့်လူ(တွံတေး)နှင့် ဖခင်ဖြစ်သူတို့နှစ်ယောက် အိမ်ရှေ့ကွပ်ပစ်လေးအပေါ် ရေနွေကြမ်းသောက် လက်ဖက်စားရင်း စကားစမြည် ပြောကြလေသည်။

“အဖေ”

“ဘာတုန်းကွ”

ကျွန်တော် အဖေ့အတွက် ရေနွေးတစ်ခွက် ငှဲ့ပေးလိုက်ပြီးနောက်။

“အဖေ”…ဒီရွာမှာတစ်ချိန်က….ဇာက်ကူး

သဘေင်္ာကြီး….မြုပ်ဘူးတယ်ဆို….။

အဖေ လက်ဖက်တစ်ဇွန်းခပ်ကာ ဝါးလိုက်ပြီးမှ။

“အင်း…ဟုတ်တယ်ကွ”

ကျွန်တော်လဲ စိတ်ဝင်စားသောကြောင့် အဖေ့နားကပ်ခါ သေခြာမေးပါတော့သည်။ကျွန်တော်အဖေက တံငါသည်မို့ ရေငုပ်ရင်း အကြားအာရုံ တွေ သိပ်မ​ကောင်းတော့ပါ။

…ဒါဆို….အဲ့ဒီသဘေင်္ာကြီး…နစ်သွားတဲ့အချိန်

အဖေရှိနေလား….။

အဖေက မဆိုင်းမတွပဲ ပြန်ဖြေပါသည်။

“ရှိတာပေါ့ကွ”…။

“ဒါဆိုရင်”ကျွန်တော်ကို…အဲ့ဒီအကြောင်း…​

ပြောပြပါလားအဖေ…။

ကျွန်တော်တို့အိမ်က တွံတေးတူမြောင်းကမ်းစပ်
နားမှာမို့ မြစ်ပြင်ကို အဖေလှမ်းကြည့်နေပြီး
ရေပြင်ကျယ်သည် လရောင်ကြောင့် လှပနေ၏
ရေနွေးကြမ်းတစ်ခွက်ကို မှုတ်သောက်လိုက်ပြီး
နောက် ထိုနေ့က ဖြစ်ပျက်ခဲ့ပုံများကို မျက်မြင် တွေ့ခဲ့ရသောအဖေက အောက်ပါအတိုင်း ရင်နင့်ဖွယ် ပြောပြပါတော့သည်။

( ၂ )

တွံတေးတူးမြောင်းဆိုသည်မှာ။

မြန်မာနိုင်ငံမှာရှိတဲ့အထင်ရှားဆုံးတူးမြောင်းနှစ်ခုကတွံတေးတူးမြောင်းနဲ့ပဲခူး – စစ်တောင်းတူးမြောင်းဖြစ်ကြပါတယ်။

၁၉၉၃ လှိုင်မြစ်ကူးဘုရင့်နောင်တံတား၊၁၉၉၉ ဧရာဝတီမြစ်ဖြတ် ဗိုလ်မြတ်ထွန်းတံတားထိုးပြီးနောက်ပိုင်းဧရာဝတီတိုင်းနဲ့ ရန်ကုန်တိုင်းကားလမ်းပေါက်ပြီး တွံတေးတူးမြောင်းအသုံးပြုမှုနည်းသွားတယ်။

တွံတေးတူးမြောင်းကိုအောက် မြန်မာနိုင်ငံအင်္ဂလိပ်သိမ်းပိုက်ထားတုန်း ၁၈၈၁ ခုနှစ်မှာဖေါက်လုပ်ခဲ့တယ်။တွံ့တေးတူးမြောင်းဟာရန်ကုန်မြစ်နဲ့ဧရာဝတီမြစ်(တိုးမြစ်)ကိုဆက်သွယ်ဖေါက်လုပ်ထားပြီး ၁၈၈၃ မှာတူးမြောင်းဖွင့်လှစ်ခဲ့တယ်။ရန်ကုန်မြစ်တဖက်ကမ်းခနောင်တိုချောင်းကတွံတေးတူးမြောင်းနဲ့ရန်ကုန်မြစ်ကြားဂငယ်ပုံသဏ္ဍန်တည်ရှိတယ်၊

အင်္ဂလိပ်ခေတ်ဧရာဝတီဖလော်တီလာ (Irrawaddy Flotilla) သင်္ဘောကုမ္မဏီဟာအောက်မြန်မာပြည်ရန်ကုန်ကနေအထက်ဗမာပြည်ကိုဧရာဝတီမြစ်ရေကြောင်းသွားလာမှုတစ်ခုလုံးပိုင်စိုးထားတယ်။ဧရာဝတီဖလော်တီလာရုံးချုပ်ကရန်ကုန်မြို့ပန်းဆိုးတန်း (အောက်)ကပြည်တွင်းရေကြောင်းသယ်ယူပို့ဆောင်ရေးရုံး (IWTC) ဖြစ်ပြီးအခုထိရှိပါသေးတယ်။

ဒုတိယကမ္ဘာစစ်မဖြစ်ခင် ၁၉၃၅ မှာဧရာဝတီဖလော်တီလာကုမ္မဏီမီးသင်္ဘောများအထက်ဗမာပြည်မန္တလေးအထိဧရာဝတီမြစ်ကြောင်းအတိုင်းဆန်တက်နိုင်ဖို့တွံတေးတူးမြောင်းချဲ့ခဲ့သေးတယ်။ဒါပေမယ့်နှစ်ကာလကြာမြှင့်ပြီးထိန်းသိမ်းမှု့အားနည်းလို့တွံတေးတူးမြောင်းတဖြည်းဖြည်းကောလိုက်လာတယ်။၂၀၁၀ ခုနှစ် တွံတေးတူးမြောင်းအဝပေ ၆၀၀ ကျယ်တယ်။ကွန်ကရစ်တာဘောင်နဲ့တူးမြောင်းကိုထိမ်းသိမ်းပေမယ့် တူးမြောင်းအတွင်းရေကြောင်းသွားလာမှုစင်းလုံးချောခုထိမဖြစ်သေးဘူး။

တွံတေးတူးမြောင်းဟာရန်ကုန်မြစ်မှတိုးမြစ်အထိ ၂၂ မိုင်ရှည်ပြီးရန်ကုန်မြို့နဲ့ဧရာဝတီတိုင်းချိတ်ဆက်ပေးထားတယ်။တူးမြောင်းအလယ်ကတွံတေးမြို့ကိုဂုဏ်ပြုပြီး “တွံတေးတူးမြောင်း” နာမည်ပေးထားတာ။တွံတေးတံတားကလှိုင်သာယာ – တွံတေးကားလမ်းပေါ်မှာတူးမြောင်းကိုဖြတ်ပြီးတည်ရှိနေတယ်။

၁၉၈၈ မတိုင်ခင်ကားလမ်းမဖွံ့ဖြိုးခင်ကတွံတေးမြို့ဟာရန်ကုန်တိုင်းနဲ့ဧရာဝတီတိုင်းကြားကစီးပွားရေးအချက်အခြာမြို့ပါ။တွံတေးမြို့နယ်မှာရွာပေါင်း ၂၂၀ ရှိပြီးနာမည်ကျော်တွံတေးအိုးလုပ်ငန်းဟာနှစ်ရာနဲ့ချီပြီရပ်တည်နိုင်ခဲ့တယ်။အင်္ဂလိပ်ခေတ်နာမည်ကျော်အင်္ဂလိပ်စာရေးဆရာကြီး George Orwell ဟာတွံတေးမြို့မရဲစခန်း မှာရဲအရာရှိလုပ်ခဲ့ဖူးတယ်လို့ မှတ်သားရပါတယ်။

Source : Googleမှတဆင့် ကိုးကားဖော်ပြသည်။

~~~~~

ထူခြားသည်က လက်ပံကုန်းရွာလေး တည့်တည့်မှာ ရေကြချိန်ဆို ကြီးမားတဲ့
ရေဝဲကြီးတစ်ခု ဖြစ်တည်နေတာပါပဲ ရေကြချိန်ဆိုရင် ထိုရေဝဲကြီး၏ အော်သံကို လက်ပံကုန်းရွာ တစ်ရွာလုံးကြားရပြီး ငယ်မွေးခြံပေါက် ရွာသားများအတွက် အထူးအဆန်းမဟုတ်ပေမဲ့ တစ်ခါတစ်ရံ ဧည့်သည်များ ရွာသို့အလည်လာတဲ့အခါ ထိုဝဲကြီး၏အော်သံကို အထူးအဆန်းဖြစ်ကာ ကြောက်လန့်နေတတ်ကြ၏ ရေဝဲကြီးသည် ရေကြချိန်ဆိုတာနဲ့ မြစ်အလယ်မှာ အလိုလိုပေါ်လာပြီး ဇာက်ကူးသဘေင်္ာကြီးများ ကိုတောင် နစ်မြုပ်နိုင်စွမ်းရှိ၍ ရေကြပြီဆိုတာနဲ့ ရွာ၏ တစ်ဖက်ကမ်း အကောက်ခွန်ရုံးမှ ပြုလုပ်ထားရသော အချက်ပေး တာဝါတိုင်ကြီးထိပ်သို့ အန္တရာယ်ရှိသော အမှတ်အသားဖြစ်တဲ့ အနီရောင် ဘောလုံးကြီးကို တိုင်ထိပ်သို့ ဆွဲတင် သတိပေးရပြီး ထိုသတိပေးချက်ကို သဘေင်္ာကြီးများ အဝေးကလှမ်းမြင်သည်နှင့် ရေဝဲကြီးဆီမှ မဖြတ်သန်းကြပဲ ကျောက်ချရပ်နားကာ ရေတတ်လို့ ဝဲကြီးပြေပျောက်သွားတော့မှသာ သွားလိုရာခရီးကို ဆက်ကြရ၏။

( ၃ )

အဖေပြောပြသော အကြောင်းအရာအား ဆက်ပါမည်။

အချိန်အားဖြင့် 1982လောက်ကဖြစ်သည်။ ကုန်စျေးနှုန်းတွေ တတ်နေချိန်မို့ စားဝတ်နေရေးက ကိုမြင့်စိုးတို့ မိသားစုအတွက် မလွယ်ကူလှပေ သို့သော် တံငါအလုပ်ကလွဲရင် ဘာမှမလုပ်တတ်သူမို့ မလုပ်ချင်ပေမဲ့ တံငါအလုပ်ကိုသာ တစ်စိုက်မတ်မတ် လုပ်နေခဲ့ရပါသည်။

“28.3.1882”ထိုနေ့က နွေရာသီမို့ ရေစီးအားသန်လှသည်။
ကိုမြင့်စိုးတစ်ယောက် ငါးဖမ်းပိုက်များ လှေထဲသို့ထည့်ကာ ငါးဖမ်းထွက်ခဲ့၏။

“ဟေ့….ကိုမြင့်စိုး”

ရေဝဲကြီးနှင့် မလှမ်းမကမ်း ကမ်းစပ်၌ လှေကြိုးချည်ကာ ရပ်နားလျှက်ရှိသော
တစ်ရွာထဲနေ အတူငါးဖမ်းဖော် သူငယ်ချင်း
ကိုလှသောင်း၏ ခေါ်သံကြောင့် ကိုမြင့်စိုးတစ်ယောက် လှေခြင်းကပ်ကာ ကြိုးချည်လိုက်ပြီးနောက်။

“ဘာတုန်းဗျ”

ကိုလှသောင်းတစ်ယောက် ပေါက်ပြဲနေသော ပိုက်များကို ဖာရင်းက။

“ရေတတ်မှ…အတူသွားမယ်လေဗျာ”

..လာ…ရော့…ရေနွေးသောက်….စကားပြော

ရင်း…ရေတတ်ကိုစောင့်ကြတာပေါ့..။

ကိုမြင့်စိုး ရေနွေးကြမ်းတစ်ခွက်ငဲ့ကာ
ကိုလှသောင်းနှင့် စကားပြောနေကြစဥ်မှာပဲ
“တော်ဝင်”အမည်ရှိတဲ့ ရန်ကုန်-ဧရာဝတီသို့ ပြေးဆွဲနေသော ခရီးသည်တင် ဇာက်သဘေင်္ာကြီးက သူတို့နံဘေးမှ ဖြတ်သန်းခုတ်မောင်း
ဆန်တတ် သွားတာကို နှစ်ဦးလုံး မြင်လိုက်ကြရ၏။

….ဘော်…..ဘော်….

အချိန်က မွန်းလွဲ ၁နာရီခန့် ရှိပြီဖြစ်လို့ ရေကြချိန်ဖြစ်ပြီး ရေဝဲကြီးက ဒီလိုအချိန်ဆို ကြမ်းနေတတ်၏။ ထို့ကြောင့် မည်သူမျှ ဒီလိုအချိန်ဆို ဖြတ်သန်းသွားရဲသူ မရှိပါ။

သဘေင်္ာကြီးအပေါ်၌ ကလေးပုခက်လေးတွေ သက်ကြီးရွယ်အိုတွေ ကလေး၊လူကြီး၊လူငယ်
စုံလို့ပါပဲ တစ်ခါတစ်ခါ သဘေင်္ာဆီမှ ကလေးငိုသံ ရယ်မောသံတစ်ချို့ ကြားရပြီး ခန့်မှန်း​အားဖြင့် ခရီးသည် ၂၀၀ဝန်းကျင်ခန့် ရှိပေလိမ့်မည်။
တော်ဝင် သဘေင်္ာကြီးသည် ဝဲကြီးအနားသို့ ရောက်သောအခါ ဖြေးညှင်စွာ အရှိန်လျှော့၍ ခုတ်မောင်းပေမဲ့ ရေဆန်ကလဲဖြစ် နွေရာသီမို့ ရေစီးကလဲသန်နေတာမို့ ဝဲကြီးထဲသို့ တိုးဝင်မိသွားပါတော့သည်။

“ဝုန်း”….ဝေါ….ဝေါ….။

“အား….ကယ်ကြပါဦးဗျာ”

“ကယ်ကြပါဦးရှင်”

သဘေင်္ာကြီးသည် မှောက်ခုံကြီးဖြစ်သွားပြီး
ပန်ကာများက ရေပေါ်မှာထောင်လျှက် လည်ပတ်နေတာကို မလှမ်းမကမ်း၌ရှိနေသော ကိုမြင့်စိုးနှင့် သူ၏သူငယ်ချင်း ကိုလှသောင်းတို့ မြင်တွေ့နေရပါတော့သည်။

ရေပေါ်၌ ကယ်ပါဟု အားကိုးတကြီးအော်သံတွေ အသံနက်ကြီးများဖြင့် ငိုယိုသံတွေ
အားလုံးဟာ မျက်စိတမှိတ် လျှပ်တပြက်အတွင်းမှာ ထိတ်လန့်ခြောက်ခြားဖွယ်ရာအတိပါပဲ။

“ဟေ့ကောင်….လှသောင်း”ဘာလုပ်နေတာလဲ

လှေကြိုးဖြုတ်လေကွာ…ဟိုမှာ..ဒုက္ခရောက်ကုန်

ပြီးကွ..မြန်မြန်လာ…သွားကယ်ရမယ်။

ကိုမြင့်စိုး သတိပေးလိုက်တော့မှ ကိုလှသောင်း လှေကြိုးကို ဓါးနဲ့ခုတ်ဖြတ်ကာ သဘေင်္ာကြီး
မှောက်နေသောနေရာသို့ အမြန်လှော်ခတ်သွား ကြပါတော့သည်။တံငါသည်တွေမို့ လှေလှော် လှေခတ်နှင့် ရေကိုအထူးကျွမ်းကျင်သူများ ဖြစ်နေသည်က ဒုက္ခရောက်နေသူတို့အဖို့ အတော်ပင် ကံကောင်းလှသည်။

“ဟေ့လူ”…ကျုပ်ကိုလက်ပေး….မြန်မြန်တတ်ဗျ

နောက်မှာလူတွေရှိသေးတယ်။

အသက်၄၀အရွယ်ခန့် လူတစ်ယောက်ကို ကိုမြင့်စိုး လက်လှမ်းပေးကာ လှေပေါ်သို့ ဆွဲတင်လိုက်ပြီး ဘေးနားသို့ လိုက်ကြည့်တော့
မီးသွေးအိတ်တွေကြားမှာ ကလေးအမေတစ်ယောက် သူ့ကလေးငယ်ကိုပိုက်လျှက် မီးသွေးအိတ်ကို လက်တစ်ဖက်က အားကိုးတကြီး ကိုင်ထားသည်။

“ညီမ…ဒီဘက်ကိုနည်းနည်းကူးလိုက်….လာ…

…အကိုလက်ကိုလှမ်းဆွဲလိုက်….။

သူ့ကြည့်ရတာ ရေမကူးတတ်ဘူး ထင်ပါရဲ့ လှေနဲ့သူ့ကြားမှာ မီးသွေးအိတ်များ ခြားနေသည်မို့ သွားလို့လဲမရပေ ထို့ကြောင့်
ကိုမြင့်စိုး ဘာမှစဥ်းစားမနေတော့ပဲ ကလေး
အမေရှိရာနေရာသို့ ခုန်ချကာ ကလေးအား လှမ်းဆွဲလိုက်ပေမဲ့ ကလေးအမေကတော့ ဘယ်သို့ ရောက်သွားမှန်းမသိ လိုက်ရှာသော်လဲ မတွေ့ရတော့ပါဘူး ကလေးကိုပိုက်ပြီး လှေပေါ်ပြန်တတ်ခါ ဘေဘီတွေ လိုက်ကြည့်ပေမဲ့ ထိုအမျိုးသမီးအား မည်သို့မျှ ရှာမတွေ့တော့ပါ။

“ဟေ့…ကိုမြင့်စိုး…ခင်များ….ဘာတွေငေးနေတာ

လဲ…ဟိုမှာနစ်နေတဲ့သူတွေကို…ကယ်ဦးလေ..”

မလှမ်းမကမ်းဆီမှ ကိုလှသောင်း၏ သတိပေးသံကို ကြားရတော့မှ သတိရကာ စိတ်မကောင်းပါသော်လဲ မတတ်နိုင်တော့ပါ
နောက်ထပ် အသက်ရှင်ကျန်နေသော လူများကိုပါ အတတ်နိုင်ဆုံး ကယ်ရပါတော့သည်။ ကိုမြင့်စိုးလှေပါ်၌ လူ ၁၂ယောက်လောက် တင်ဆောင်ပြီး ကမ်းနားသို့ပို့ရင်း ကိုလှသောင်းကိုကြည့်တော့လဲ သူ့လှေပေါ်မှာလဲ လူကအပြည့်ဖြစ်နေပါသည်။

“ဟာ…လာကြဟေ့….ဟိုမှာ..သဘေင်္ာကြီး…နစ်

နေပြီကွ….လုပ်ကြပါဦး…ကယ်ကြပါဟ…”

ကိုမြင့်စိုးနဲ့ ကိုလှသောင်းတို့ လူတွေကယ်နေစဥ်မှာပဲ ရွာကလူတွေလဲ သိရှိသွားပြီး လှေများဖြင့် လာကယ်ကြပါသည် သို့ပေမဲ့ အချိန်ခဏလေးအတွင်းမှာ အားလုံး ငြိမ်းသက်သွားခဲ့ပြီမို့ များများစားစား သိပ်မကယ်လိုက်ကြရပါ ခုဏ ငရဲတမျှ ပွက်လောရိုတ်နေသော အရာအားလုံးတို့သည်လဲ ငြိမ်သက်လျှက် သဘေင်္ာကြီးမှာလဲ တစ်ဖြေးဖြေးနဲ့ ​မြုပ်ဝင်ပျောက်ကွယ်သွားပါတော့သည်။

( ၄ )

ညတွင်းခြင်း ဆွေမျိုးမိသားစုများ တော်ဝင်သဘေင်္ာကြီးနစ်မြုပ်ရာ လက်ပံကုန်းရွာသို့ အသီးသီး ရောက်ရှိလာကြပြီး ကမ်းစပ်မှာ ငိုသူကငို သတိလစ်သူကလစ်ဖြင့် ဆို့နင့်ကြေကွဲဖွယ်ရာအတိပင်။ သဘေင်္ာပေါ်မှ လူပေါင်း၆၀ ဝန်းကျင်ခန့် ကယ်ဆယ်နိုင်လိုက်ပြီး ၁၀၀ကျော်လောက်မှာတော့ ပျောက်ခြင်းမလှပျောက်ဆုံးသွားခဲ့လေပြီ သက်ဆိုင်ရာ လူကြီးများ ရောက်လာကြပြီး ကယ်ဆယ်ရသူများကို လက်ပံကုန်းရွာ ဘုန်းကြီးကျောင်းမှာ ခေတ္တထားပြီး ဆေးဝါးကုသပေးကာ တွံတေးဆေးရုံသို့ ပို့သူကပို့ နေရပ်သို့ အသီးသီး ပြန်သူကပြန်ဆိုပေမဲ့ ကိုမြင့်စိုးလက်ထဲမှ ချီထားသော ကလေးငယ်လေးကိုတော့ မည်သည့် ဆွေမျိုးသားခြင်းမှ လာပြန်မခေါ်ကြသေးသောကြောင့် ကိုမြင့်စိုးကပဲ ထိန်းသိမ်း စောင့်ရှောက်ထားပါတော့သည်။

“အကို”

“ဟင်…နင်…နင်…ကလေးအမေ မဟုတ်လား….”

“ဟုတ်…ဟုတ်ပါတယ်…အကို…”

တစ်ကိုယ်လုံး ရေများစိုရွှဲလျှက် ကလေး၏ အမေဆိုသော အမျိုးသမီးကို ကိုမြင့်စိုး မြင်လိုက်ရခြင်းပင်ဖြစ်သည်။

“နင်ကလေးကို….ငါစောင့်ရှောက်ထားတယ်ဟ..

အခုတစ်ခါတည်း….ခေါ်သွားတော့လေ….”

ကိုမြင့်စိုး ထိုသို့ပြောတော့ ကလေးအမေ ဆိုသူက မျက်ရည်တို့ စီးကြလာလျှက်။

“မ…မဖြစ်နိုင်တော့ပါဘူး….အကိုရယ်…”

ကိုမြင့်စိုး နားမလည်ဟန်ဖြင့်။

“ဟ…ဘာလို့မဖြစ်နိုင်ရတာလဲဟ…ငါသေချာ

စောင့်ရှောက်ထားပါတယ်”

“ဟုတ်…ဟုတ်ပါတယ်အကို…ဒါပေမဲ့…ကျွန်

ကျွန်မက…သေပြီလေ…အဟင့်…ဟင့်”

ကိုမြင့်စိုး ပါးစပ်အဟောင်းသားဖြင့် ရှိုက်ကြီး တငင် ငိုကြွေးနေသော ထိုအမျိုးသမီးကို ဘာပြန်ပြောရမလဲ မသိတော့ပါဘူး။

“ဒါပေမဲ့…ကျွန်…..ကျွန်မရဲ့အမျိုးသား…ဒီကို

ကလေးလာခေါ်ပါလိမ့်မယ်…သူလာတဲ့အခါ…

ကျွန်မသားလေးကို….ထည့်ပေးလိုက်ပါနော်…”

ကိုမြင့်စိုး ရင်ထဲမှာ ဆို့နင့်ကြေကွဲလျှက်။

“စိတ်ချပါ…သေသေချာချာ…ပြန်ထည့်ပေး

လိုက်ပါ့မယ်…ငါ့ညီမ..”

ကိုမြင့်စိုး ထိုသို့ပြောလိုက်ပြီးနောက် ကလေးအမေ အမျိုးသမီးသည်လဲ မြင်ကွင်းမှ တစ်ဖြေးဖြေး ပျောက်ကွယ်သွားပါတော့သည်။

နှစ်ရက်လောက်ကြာတဲ့အခါ အသက်၄၀ ဝန်းကျင်ခန့်ရှိသော လူတစ်ယောက် ကိုမြင့်စိုးတို့အိမ်ကို ရောက်လာခဲ့သည်။

“အိမ်ရှင်တို့….ဝင်ခဲ့မယ်နော်”

ထိုသို့အသံပြုကာ ခြံထဲသို့ဝင်လာသော ဧည့်သည်ကို ကိုမြင့်စိုးမှ ရေနွေးနဲ့လက်ဖက် ချပေးကာ။

“ဘာကိစ္စများလဲဗျ”

ထိုလူက ပုခက်ထဲမှ ကလေးငယ်အား လှမ်းကြည့်လိုက်ပြီးမှ။

“အကိုတို့ဆီမှာ…ကလေးတစ်ယောက်

ကို…ကယ်ထားတယ်ဆိုလို့..လာကြည့်တာပါ”

“ဟုတ်တယ်ဗျ…ပုခက်မှာအိပ်နေတယ်….ကြည့်

လို့ရပါတယ်…သွားကြည့်ပါ”

ကိုမြင့်စိုး ကြည့်ခွင့်ပြုလိုက်တော့ ထိုလူက
ပုခက်ထဲမှ ကလေးငယ်အား သွားကြည့်ကာ
မျက်ရည်များဖြင့်။

“ဒါ….ဒါ…ကျွန်တော်ကလေးပါဗျာ…ကလေး

အမေကိုရော…တွေ့ခဲ့လားအကို”

ကိုမြင့်စိုး ဆေးလိပ်ဖက်ကြမ်းကို အားရအောင် ဖွာရှိုက်ရင်း သက်ပြင်းချကာ ဖြစ်ကြောင်းကုန်စင်အား ပြောပြလိုက်တဲ့အခါ ။

“အဖြစ်ဆိုးလိုက်တာဗျာ…ကျွန်တော်မိန်းမက

ပုသိမ်ကသူ့အမေဆီကို…အလည်ပြန်တာဗျ..

အလုပ်တွေမအားလို့…သင်္ကြန်ကြမှလိုက်ပို့ပေး

ပါ့မယ်လို့…ကျွန်တော်ပြောပေမဲ့…သူခေါင်းမာ

ပြီး….ထွက်သွားခဲ့တာ…အခုတော့….။

ကလေးငယ်ကို ပွေ့ချီထားရင်း ကြလာတဲ့မျက်ရည်ကို အင်္ကျီလက်မောင်းစနဲ့ သုတ်နေရှာသော ထိုလူအား ကိုမြင့်စိုး သနားနေမိပါသည်။
သို့သော် မည်သို့တတ်နိုင်ပါမည်နည်း။

ကလေးငယ်အား အဖေဖြစ်သူလက်ထဲ ထည့်ပေးလိုက်ပြီးနောက် “တိမ်တန်း” သဘေင်္ာကြီးမြုပ်ပြီး သုံးရက်မြောက်နေ့မှာတော့။

“ဟေ့”ကိုမြင့်စိုးရေ…လာကြည့်ပါဦးဗျ…

ကိုလှသောင်း၏ ခေါ်သံကြောင့် ကမ်းနားစပ်သို့ လိုက်သွား ကြည့်လိုက်တဲ့အခါ။

“ဟင်”ဘုရား…ဘုရား…။

ကမ်းနားစပ်၌ လူသေအလောင်းများ ဟိုတစ်လောင်း သည်တစ်လောင်းဖြင့် မြင်ရက်စရာမရှိပေ ကလေး၊လူကြီး၊ယောကျ်ား၊မိန်းမ အရွယ်စုံဟာ ကမ်းစပ်သောင်ပြင်ပေါ်၌ သေဆုံး၍ အပုပ်နံ့များပင် ထွက်စပြုနေလေပြီ။

“ကဲ….ကဲ…အားလုံးပဲလာကြဟေ့….ငါတို့တွေ

လူသေအလောင်းတွေကို…ရသလောက်

သင်္ဂြိုလ်ပေးကြရအောင်”

ရွာလူကြီး ဦးကံထွန်းမှ အလောင်းတွေအား သင်္ဂြိုလ်ဖို့ ခေါ်လာသောကြောင့် ကိုမြင့်စိုးအပါအဝင် ရွာသားတစ်ချို့ ဆင်းသယ်ကာ လက်ပံကုန်းရွာသင်္ချိုင်းမှာ ​ကောင်းမွန်စွာနဲ့ သင်္ဂြိုလ်ပေးခဲ့ကြပါတော့သည်။ ထိုနောက်ပိုင်း ရွာကမ်းနားဘက်သို့ တော်ရုံလူတွေ မသွားရဲကြတော့ပါဘူး။ အဘယ့်ကြောင့်ဆိုသော် သေဆုံးသူများထဲမှ လူတစ်ချို့သည် မကျွတ်လွတ်နိုင်ပဲ ခြောက်လှန့်နေကြခြင်းကြောင့်ပင်ဖြစ်ပါသည်။
ညဥ့်နက်ပြီဆိုတာနဲ့ ရေဝဲကြီးဆီမှ အော်ဟစ်ငိုကြွေးသံတွေကိုလဲ အတိုင်းသား ကြားကြရပါတော့သည်။

( ၅ )

“အဖြစ်အပျက်ကတော့…အဲ့ဒါပါပဲသား”

အဖေ့က အဖြစ်အပျက်များကို ပြောကြားပြီးနောက် မောနေပြီမို့ ရေနွေးကြမ်းတစ်ခွက် ငှဲ့သောက်ပြီး ထိုအကြောင်းအရာအား အဆုံးသတ်လိုက်ပါသည်။

“သြော်…ဒီ​ရေပြင်ကြီးအောက်မှာ…

…မရဏလှိုင်းဂယက်ကြောင့်…အသက်ပေါင်း

များစွာ…ပေးဆပ်ခဲ့ကြရတာပါလား…

..အနိစ္စတရားဟူသည်ကား…အစိုးမရနိုင်ဘူးဆို

တာကို….လက်တွေ့သိခဲ့ရပါလေပြီ။

အိမ်ပေါ်မှလှမ်းကြည့်ရင် တော်ဝင်သဘေင်္ာကြီး နစ်မြုပ်ခဲ့တဲ့ နေရာကို တည့်တည့်မြင်နေရသောကြောင့်ကျွန်တော် လှမ်းကြည့်တဲ့အခါ လရောင်​နဲ့အတူ ရေပြင်က တလတ်လတ်တောက်ပလျှက် လှိုင်းကြက်ခွပ်လေးများက ဟိုဒီပြေးလွှားနေပါတော့သည်။

အနိစ္စတရား ဟူသည်
အချိန်ကာလ နေရာဒေသ
ကြီးငယ်အလတ် မရွေး
ကိုယ်ထံသို့ မလွဲမသွေ
ရောက်လာမည် ဖြစ်၍
မပျက်စီးခင် မပျောက်ကွယ်ခင်
ကုသိုလ်​ကောင်းမှု့ ကြိုးစားပြုပါ
သံသရာအကျိုး ကြိုတင်တိုး၍
ချိန်ဆပြုပြင် ဆင်ခြင်ပါလေ။

ထိုရေဝဲကြီးသည် 2008ခုနှစ် နာဂစ်မုန်တိုင်းအပြီးမှာ ရွာကမ်းနားမြေများကို အစိုးရက မြေတူးစက်များဖြင့် ဖြိုချ ဖျက်စီးပြီး မြစ်အဝကို ချဲ့လိုက်သောကြောင့် ရေစီးကြောင်းများ အပြောင်းအလဲဖြစ်ကာ ပျောက်ဆုံးသွားခဲ့တာယနေ့အထိပင် ဖြစ်သည် စာရေးသူသည် ထိုရေဝဲကြီးကို ကောင်းကောင်း မြင်တွေ့ခဲ့ရဘူးပါသည်။

ပြီးပါပြီ။

ဆက်လက် ကြိုးစားပါဦးမည်။

လေလွင့်လူ(တွံတေး)
3.2.2023.5:48pm✍️