*မိုင်းခပွန်နှင့်အစွဲကပ်ခြင်း*📖📖📖
***************************************
အခန်း၁။
မလှမေအိမ်အောက်ထက်မီးဖိုချောင်ထဲတွင်
တစ်ယောက်တည်းအလုပ်ရှုပ်နေလေသည်။
နေ့လည်းခင်းပေမယ့်နေ့လည်စာနဲ့ညနေစာအတွက်
ဟင်းချက်စရာများကိုချက်ပြုတ်ရလေသည်။
ခြံထွက်ဆူးပုတ်ရွက်ကလေးကိုကြက်ဥကလေးနှင့်
ကြော်ပြီးနောက် ခရမ်းချဉ်သီးငပိချက်ကို
ဆက်လက်၍ချက်နေလေသည်။
မလှမေမှာလင်သားဆုံးပါးသွားသဖြင့်
တစ်ခုလပ်အဖြစ်ဖြင့်သား၊သမီးများကို
ဆင်းရဲပင်ပန်းကြီးစွာလုပ်ကိုင်ကျွေးမွေးနေသူဖြစ်သည်။ သူမတွင်သားသမီးသုံးယောက်ရှိပြီး
အကြီးဆုံးသားမှာအသက်၁၂နှစ်ခန့်အရွယ်ရှိလေသည်။သားအလတ်ဖြစ်သူမှာအသက်ဆယ်နှစ်
ရှိပြီးအငယ်ဆုံးသမီးလေးဖြစ်သူမှာအသက်ရှစ်နစ်
အရွယ်မျှသာရှိသေးသည်။
သူမတို့အိမ်မှာရွာအလယ်တွင်ရှိပြီးခြေတံရှည်အိမ်ကြီးပင်ဖြစ်သည်။သူယောကျာ်းရှိစဉ်က
ကိုယ်ပိုင်ခြံဝင်းနဲ့အိမ်ကိုဝယ်ပေးခဲ့သောကြောင့်
နေထိုင်ရေးနှင့်ပတ်သတ်၍မပူရပါပေ။
စားရေးသောက်ရေးအတွက်မနက် ရွာရှိကိုရင်လေး
များကိုဆွမ်း၊ဆွမ်းဟင်းများလောင်းလှုအပြီး
ရွာရိုးကိုးပေါက်လျှောက်ကာ ခြံထွက်
ဟင်းသီးဟင်းရွက်များကိုရောင်းရသည်။
မလှမေအိမ်ရှိခြံဝင်းကျယ်ကြီးတွင် သရက်၊ပိန္နဲ၊
ငှက်ပျောစသည့်သီးပင်များကိုစိုက်ပျိုးထားသည်ည်။သီးပင်များအပြင်ဆူးပုတ်၊ချဉ်ပေါင်၊မန်ကျည်း၊
ကန်စွန်း၊ကင်မွန်း၊စသည့်စားပင်များလည်းစိုက်ပျိုးထားသေးသည်။ မလှမေမှာမနက်အစောကြီး
အိပ်ရာထ ဘုရားရှိခိုးပြီး နေ့စဉ်ဓူဝ
ရွာထဲစားပင်များကိုရောင်းခြင်းအလုပ်ကိုလုပ်ကိုင်
ခြင်းဖြင့်အသက်မွေးရ၏။ ဆန်အတွက်တော့
ဝယ်တန်ဝယ်၊ရွာရှိဆန်အရောင်းဆိုင်ဆီမှ
ဆန်ယူကာ မိမိပိုင်ဆိုင်သည့်သီးပင်များနှင့်
လဲလှယ်ရပေသည်။ အလွန်ဆင်းရဲလှပင်ပန်းသော်လည်း အိမ်မှာသီးပင်စားပင်များစွာရှိသည့်အတွက်စားသောက်ရေးအတွက်ပူစရာမလိုပေ။
“ဟောဒီက ဟင်းရွက်စုံလေးရှင့်”
“မလှမေ လာပါအုံး”
“ဟုတ်ကဲ့ရှင့်”
မလှမေ ရွာထဲဟင်းရွက်ရောင်းထွက်ရင်း
အရီးဒေါ်သီကခေါ်သဖြင့်သွားရ၏။
“ကန်စွန်းရွက်တစ်စီးဘယ်လောက်လဲလှမေ”
“တစ်စီးငါးဆယ်ပါရှင့်”
“ဟာနင်ကလည်းများလိုက်တာ”
“အစိတ်ထားလိုက်လေရမလား”
မလှမေ စိတ်ထဲကအလိုမကျသော်လည်း
အရီးဒေါ်သီမှာငယ်ကြောက်မလို့
အစိတ်နဲ့ပင်ရောင်းရန်ဆုံးဖြတ်ချက်ချလိုက်ရ၏။
“ရပါတယ်အရီးသီ”
“အဲဒါမှလှမေကွဲ့”
အရီးဒေါ်သီမှာ မလှမေကမ်းပေးသော
ကန်စွန်းရွက်စီးအားလှမ်းယူပြီး ဝမ်းသာစွာ
အိမ်ပေါ်တက်သို့တက်သွားတာပိုက်ဆံသွားယူလေသည်။
အရီးဒေါ်သီ လက်ထဲမှအစိတ်တန်တစ်ရွက်အား
မလှမေဆီသို့ပေးလိုက်ပြီး
“မနက်တိုင်းငါ့ဆီလာရောင်းနော် လှမေ”
“ဟုတ်ကဲ့အရီး”
မလှမေအရီးဒေါ်သီခြံထဲမှထွက်လာပြီး
နောက်အိမ်များဆီကူးကာဟင်းရွက်များ
ရောင်းရလေသည်။
သားအကြီးဆုံးဖြစ်သူ မောင်သာဓု
သူအမေဖြစ်သူ ရှိရာရွာလမ်းကလေးသို့
အရေးသုတ်ပျာပြေးလာလေသည်။ပုဆိုးကို
စလွယ်သိုင်းကာ ဖိနပ်မစီးလာဘဲပြေးလာခြင်းပင်ဖြစ်သည်။
“ဟဲ့သာဓု ငါဟင်းရွက်ရောင်းနေတယ်လေ”
“အရေးကြီးသုတ်ပျာနဲ့ ဘာဖြစ်လာတာလဲ”
“ဟောဟဲဟောဟဲ”
အရေးတကြီးသုတ်ပျာပြေးလာရသဖြင့်
သာဓုတစ်ယောက်မောဟိုက်လာသဖြင့်
ညည်းသံထွက်ပေါ်လာ၏။
“အမေ ညီမလေး ညီမလေး”
“အေး လှရီ ဘာဖြစ်လို့လဲသာဓုရ”
“နင်လုပ်တာနဲ့ဒီနေ့ ဟင်းရွက်ရောင်းလို့ကုန်မှာတောင်
မဟုတ်တော့အေ”
မလှမေအလုပ်တစ်ဖက်ကြောင့်သားဖြစ်သူကို
မျက်နှာနီကြီးနဲ့ကြည့်ကာပြောလိုက်ခြင်းပင်…
“အမေ ညီမလေးလှရီလေ”
“အေးဘာဖြစ်တာလဲဆက်ပြော”
“ငါဈေးရောင်းရအုံးမှာနော် စိတ်မရှည်ဘူးဟေ့”
“လှရီ သားခေါ်တာထူးလည်းမထူးဘူး”
“ပြီးတော့ခေါင်းငိုက်စိုက်ကျပြီး
သူ့ပါးစပ်က ဘာလို့ပြောနေမှန်းမသိဘူး”
“စကားကမပီမသအသံနဲ့အမေ”
“ဟေ နင့်ညီမက စကားမပြီဘူးမလား”
“အဲ့တာကြောင့်ဖြစ်မယ်သား”
“မဟုတ်ဘူးအမေ ညီမလေးအသံကိုသားမှတ်မိတယ်အမေ”
မောင်သာဓုတစ်ယောက် ကြောက်ဒူးများတုန်ကာ
အသံမှာတုန်ရီလို့နေလေသည်။
သို့သော်ကိုယ်ညီမကိုစိတ်ပူသောကြောင့်
ကြောက်လန့်ကာပြောနေရခြင်းပင်ဖြစ်၏။
“အခုဟာက ယောကျာ်းအသံကြီးနဲ့တူနေသလိုဘဲ”
“ပြီးတော့ ညီမလေးကခေါင်းငိုက်ကျနေတယ်အမေ”
“ဟေ အဲတာဆိုမဖြစ်ဘူး မဖြစ်ဘူး”
“အပမှီနေတာဖြစ်မယ်”
“ငါ့သားမင်းက ပရောဂဆရာကြီးဦးဟေမာန်ကိုသွားခေါ်”
“ငါအိမ်ပြန်လိုက်ဦးမယ်
“ဟုတ်အမေ”
သားအမိနှစ်ယောက် လမ်းခွဲလိုက်ကျပြီး
ဒေါ်လှမေသမီးဇောနှင့်လက်ထဲရှိဟင်းရွက်
ဗန်းအားပစ်ချကာ အိမ်သို့သာထွက်ခဲ့လေသည်။
စိတ်ထဲမှတော့ အတုမရှိသောဗုဒ္ဓမြတ်စွာဘုရားရှင်
အားအာရုံပြုကားသမီးလေးဘေးရန်ကင်းဖို့
ဆုတောင်းနေရသည်။
လမ်းလျောက်ရင်းလက်အုပ်ချီကာ
“သမီးလေး အန္တရယ်ကင်းပါးစွာဘုရား”ဟု
မျက်စိမှိတ်ကာအာရုံပြုရသည်။
အခန်း၂။
“ဆရာကြီး ဆရာကြီးရှိလား”
အိမ်ရှေ့မှခေါ်သံကြားရသဖြင့်
အစီအမံလုပ်နေတာကိုရပ်ပြီး
ဦးဟေမာန်အိမ်အောက်ထက်သို့ဆင်းခဲ့သည်။
“လူလေးသာဓုပါလား”
“ဘာကိစ္စရှိလို့လဲကွဲ့”
“ဒီလိုဗျ အဘ”
“ညီမလေးလှရီလေ”
“အင်းလှရီဘာဖြစ်လို့လဲကွဲ့”
“ခေါင်းငိုက်စိုက်ကျပြီး
သူ့စကားပြောလိုက်ရင်ယောကျာ်းသံကြီး
ကြားရသလိုဘဲဗျအဘ”
“ဟေ အဲတာအပမှီတာကွဲ့လူလေး”
“နေဦး အဘ အစီအမံဆွေအိတ်ထဲထည့်လိုက်အုံးမယ်
ခဏစောင့်နော်”
“ဟုတ်ကဲ့အဘ”
မောင်သာဓု ဦးဟေမာန်ရဲ့အိမ်အောက်ထပ်မှာ
ရှိသောကွပ်ပျစ်ပေါ်တွင်ထိုင်စောင့်နေ၏။
အတန်အကြာဦးဟေမာန်အိမ်အောက်ထပ်သို့
ဆင်းလာပြီး
“ရပြီလူလေး”
“ဟုတ်ကဲ့”
သူတို့နှစ်ယောက် အပမှီနေသောမလှရီရှိရာ
သို့သာထွက်ခဲ့လေသည်။
ပရောဂဆရာကြီးဦးဟေမာန်မှာ
အသက်ခြောက်ဆယ်ခန့်ရှိပြီး ဆံပင်တွေမှာ
တစ်ခေါင်းလုံးဖြူဖွေးနေပြီး မုတ်ဆိတ်မွှေးဖြူဖြူကြီးးများလည်းရှိလေသည်။
တစ္ဆေ၊သရဲ၊ဝိညာည်၊အပါပယ်လေးဘုံသား
သတ္တဝါတို့အားနှိမ်နှင်းပေးရသော
ဆရားကြီးပင်ဖြစ်လေသည်။ဤရွာသာမက
အခြားရွာများကပါလာရောက်ပင့်ဖိတ်ရလောက်အောင် ပညာညဏ်ကြီးလှလေသည်။
ဆရာကြီးဦးဟေမာန်အိမ်အပေါ်ထပ်
မလှရီရှိရာသို့တက်သွားလေသည်။
ပရောဂဆရာကြီးဦးဟေမာန်ကအမှောင်ပရောဂကို
နှိမ်နင်းမည်ဆိုသော်ကြောင့်တစ်ရွာလုံးအုံ့အုံ့ကျက်ကျက်ဖြစ်ကာအိမ်ပေါက်ဝကနေရပ်ကြည့်နေလေသည်။မိခင်ဖြစ်သူမလှမေမှာသမီးဇောကြောင့်
ဆရာကြီးရဲ့အနောက်ဘက်တွင်ကပ်ထိုင်ကာ
သမီးဖြစ်သူကိုစောင့်ကြည့်နေလေ၏။အကြီးကောင်နှင့်အလတ်ကောင်မှာကြောက်ဒူးတုန်လျက်ရှိကြပြီး
လူပရိတ်အလယ်တွင်စိတ်ဝင်တစားရပ်ကြည့နေလေ
၏။
ဆရာကြီးမှာခေါင်းငေါက်စိုက်ကျနေသော
မလှရီကိုကြည့်ပြီး
သြဇာညောင်းလှပြီးဩရှ လှသောအမိန့်ပေးသံဖြင့်
“ဟဲ့ ဒီကလေးမရဲ့ခန္ဓာကိုယ်ထဲကို
ဝင်ရောက်ပျော်ပါးကစားနေတာဘယ်သူလဲကွဲ့”
ဤအစွဲမှာခေါင်းငိုက်စိုက်ကျနေရာမှထောင်မတ်လာကာ
“ဟေ့ ငါ့လိုသရဲကြီးကို မင်းလိုဆရာစုတ်က
ရာရာစစ အမိန့်ပေးနေတာဘာသဘောလဲကွ”
အစွဲက မျက်ထောင့်နီကြီးနဲ့ပြောလိုက်တော့
ဆရာကြီးဦးဟေမာန် လက်ထဲရှိဆေးစီရင်ထားသော
ကြိမ်တုတ်ဖြင့်ရိုက်ကာ
“ဟဲ့ကြောက်ပြီလားအစွဲ”
” အသင့်လိုဆရာစုတ်ရဲ့ကြိမ်တံကိုကြောက်မယ်ထင်နေလားကွ”
“မကြောက်ပေါင် အယားပြေလောက်ဘဲရှိတယ်ကွ”
အစွဲမှာတစ်စထက်တစ်စပိုမိုကြမ်းလာပြီး
ဆရာကြီးအားဂုတ်ချိုးသတ်တော့မည့်အလား
လက်လှမ်းလာလေသည်။
ဆရာကြီးဖြစ်သူမှာချွေးစေးပြန်လာပြီး
အင်းတစ်ချက်ကို အစွဲအားပစ်လွတ်လိုက်လေသည်။
သို့ပေမယ့်မရ ။အစွဲမှာတစ်စထက်တစ်စ
စွမ်းအားကြီးမားလာပြီး မတ်ထပ်ထရပ်ကာ
ဆရာကြီးကိုဂုတ်ချိုးသတ်လိုက်သည်။
ရွာရှိရွာသူရွာသားအပေါင်းနဲ့တကွ
မလှမေတို့သားအမိနှစ်ယောက်မှာ
ဆရာကြီးဂုတ်ချိုးသတ်ခံရသောကြောင့်
မနေရဲတော့ဘဲထွက်ပြေးကြလေသည်။
သို့သော်အစွဲမှာလိုက်ပါလာခြင်းမရှိဘဲ
ထိုနေရာတွင်သာထိုင်နေမြဲထိုင်နေလေသည်။
ရွာသူရွာသားအပေါင်းတို့ရွာပြင်
ဇရပ်တွင်ထိုင်နေခိုက်
ရှမ်းဝတ်စုံဝတ်ဆင်ထားပြီး လွတ်အိတ်တစ်လုံးလွယ်ကာ လည်ပင်းတွင် ၁၀၈လုံးပုတီးကုံးအား
ဆွဲထားသည့်အသက်၂၀အရွယ်ဖြစ်ဖွယ်ရှိသော
လူငယ်လေးတစ်ယောက်သူတို့ရှိရာဇရပ်သို့ရောက်လာလေသည်။ထိုသူမှာ အခြားသူတော့မဟုတ်ပါချေ။ ခုနှစ်ရက်သားသမီးများကို
လိုက်လံကယ်တင်နေသော မိုင်းခပွန်သာ
ဖြစ်တော့သည်။
“မောင်ရင်ကဘယ်ကလည်းကွဲ့”
လုအုပ်ကြားထဲမှထိုင်နေသာ
မလှမေကမေးလိုက်သည်။
“ကျွန်တော်ကမိုင်းခပွန်ပါ”
“နေရပ်က အတိအကျမရှိပါဘူး”
“အခုဒီရွာကရောက်ရှိလာတာက အထက်ကပုဂ္ဂိုလ်တွေရဲ့အိပ်မက်ပေးချက်အရ အခုဒီရွာကို
ရောက်ရှိလာရခြင်းဖြစ်တယ်”
“အဲတာဆိုဆရာက”
“ဟုတ်ကဲ့ ဆိုပါတော့ဗျာ”
“ကျွန်တော်ကအထက်လမ်းဆရာတစ်ယောက်ပါဗျ”
ရွာသူရွာသားအပေါင်းတို့မှာအစွဲကြောင့်
အစကမျက်နှာမကောင်းကြသော်လည်း
အထက်လမ်းဆရာဟူသောစကားကြောင့်
မျက်နှာများမှာရွင်လန်းလာရလေသည်။
“ဟုဆ်ကဲ့ ဝမ်းသာလိုက်တာရှင့်”
“ဒါနဲ့အမကြီးကဒီရွာကလားဗျ”
“ဟုတ်ပါတယ်ဆရာလေးရယ်”
“ဒါနဲ့ဘာလို့ ဇရပ်မှာလာထိုင်ကြတာတုန်း”
“ဒါကဒီလိုပါရှင့်”
သမီးဖြစ်သူမလှရီ တွင်ပူးကပ်၍နေသော
အစွဲအကြောင်းအစချီကာပြောပြလိုက်လေသည်။
“အော်အဲ့လိုကိုးဗျ”
“ကျုပ်က အထက်ကအမိန့်ပေးလို့ရောက်ခဲ့ရတာပါ”
“ကျုပ်ရောက်ပြီဆိုတော့အမတို့ဘာမှမပူတော့နဲ့
ကျုပ်ကယ်တင်ပေးပါ့မယ်ဗျ”
လူအုပ်ကြားထဲမှာကာလသားခေါင်းဆောင်ကိုဒိပက
“ဟုတ်ပ့မလားဗျာ”
“ကျုပ်တို့တစ်ရွာလုံးအပြင် အခြားရွာတွေက
ယုံကြည်ရတဲ့ ဆရာကြီးဦးဟေမာန်တောင်
ဂုတ်ချိုးသတ်ခံရတာ”
“ဆရာလေးက ဘယ်လိုလုပ်နိုင်မှာတဲ့လည်းဟားဟား”
ကိုဒိပ မိုင်းခပွန်ကိုမယုံကြည်သည့်သဘောဖြင့်
ဟားတိုက်ကာရယ်မောပြီး
အထင်သေးသောမျက်လုံးအစုံနှင့်ကြည့်လေသည်။
မိုင်းခပွန်မှာကိုဒိပရဲ့စကားများကို
စိတ်တိုခြင်းအလျဉ်းမရှိဘဲပြုံး၍သာနေပြီး
တိတ်ဆိတ်ကာလုပ်ဆောင်စရာရှိသည်တို့ကို
တွေးတောနေလေသည်။
2.8.23(Wed)
အတန်ကြာစဉ်းစားအပြီး
မလှမေဘက်သို့လှည့်ကာ
“ဒီကိစ္စဘယ်လိုဖစ်လာတာလဲအသေးစိတ်
ပြောပြလို့ရမလားအမ”
မလှမေကခေါင်းတစ်ချက်သာငြိမ့်ပြီး
“သားအကြီးဆုံးက အမေ ညီမလေးက
ခေါင်းငိုက်စိုက်ကြနေတယ်
ပြီးတော့စကားသံကြီးက ယောကျာ်းသံကြီး
ပေါက်နေတယ်ကြားတယ်လို့ပြောတော့
ကျွန်မလည်းဟင်းရွက်ဗန်းကို
ပစ်ချပြီး သမီးဇောနဲ့အိမ်ကိုသုတ်ချေတင်ပြေးခဲ့တာဘဲဆရာလေး”
မိုင်းခပွန်ကတည်ငြိမ်သောအကြည့်ဖြင့်
“ထူးခြားတဲ့အချက်များရှိသလားအမ”
“ထူးခြားတဲ့အချက်ဆိုလို့မရှိပါဘူးဆရာလေး”
“ဒါပေမယ့် ကျွန်မတို့ရွာကအပြင်အခြားရွာကပါ
ယုံကြည်ရတဲ့ ပရောဂဆရာကြီးတောင်
ဂုတ်ချိုးသတ်ခံရတဲ့ရှင့်”
မိုင်းခပွန်မှာအံ့ဩခြင်းအမူအယာအား
တစ်ချက်မှမပြဘဲ
“ထူးတော့ထူးဆန်းတယ်ဗျအမရေ”
“ခုဝင်နေတဲ့အစွဲကနှစ်ကာလ ပရိဇေ
ကြာမြင်တဲ့သရဲတစ္ဆေကြီးဖြစ်ပုံဘဲ”
“အဲဒါကြောင့်အထက်ပုဂ္ဂိုလ်တွေကကျုပ်ကို
ဒီရွာလွတ်လိုက်ခြင်းဘဲ”
မလှမေအပါအဝင်ရွာသူရွာသားအပေါင်းတို့က
စိတ်ဝင်တစားနားထောင်နေလေသည်။
သို့သော်မလှမေမှာလွဲ၍အခြားရွာသူ၊ရွာသား
များမှာဆရာလေးမိုင်းခပွန်အားယုံကြည်ခြင်း
အလျဉ်းမရှိဘဲ အထင်သေးတဲ့မျက်လုံးအစုံဖြင့်
သာကြည့်ကြ၏။ဆရာလေးရဲ့ပညာကို
မယုံကြည်ကြခြင်းသာဖြစ်၏။
ပရလောကသားတွေရဲ့နှောင့်ယှက်ပုံကအမျိုးမျိုးရှိကြတယ်။
ဘီလူး၊သဘက်စသည့်သတ္တဝါကြီးတွေကပြုစားရင်
မျက်တောင်လုံးဝမခတ်ဘဲ မှိုင်တွေကာငေးနေတတ်တယ်။ သရဲ၊တစ္ဆေ၊မှင်စာစတဲ့ပရလောကသားတွေ
ပြုစားရင်ခေါင်းငိုက်စိုက်ကျနေတတ်တယ်။
စုန်းပြုစားရင်တော့ဦးခေါင်းမငြိမ်မသက်ဖြစ်နေတတ်
တယ်။နတ်တိုက်ခံထားရင်တော့ဟိုက်ဟန်လုပ်တတ်ပြီးမျက်ထောင့်နီကြီးနဲ့ကြည့်နေတ်တယ်”
လူအုပ်ကြားမှကိုဒိပက
“ဆရာလေးအဲတာဆို လှရီကိုပူးကပ်နေတာက
သရဲကြီးပေါ့နော်”
“ဟုတ်ပါတယ်ကိုဒိပ ကျုပ်အထင်တော့
အဲဒီသရဲကြီးဟာနှစ်ကာလပရိဇေကြာမြင့်နေသော်လည်းမကျွတ်မလွတ်သေးတဲ့သရဲတစ္ဆေ
ပြိတ္တာကြီးဖြစ်ပုံဘဲ”
“သရဲတစ္ဆေဆိုတာလည်းပြိတ္တာမျိုးနွယ်ဝင်ဘဲဗျ”
မိုင်းခပွန်အနောက်အရပ်သို့ဝင်သွားသော
သူရိန်နေမင်းကြီးအားငေးကြည့်ကာ
အစွဲရှိရာသို့ထွက်ခွာရန်ပြင်လေသည်။
“ကဲရွာသူရွာသားအပေါင်းတို့ခင်ဗျာ
ညနေမှောင်ရီသန်းတဲ့အချိန်ရောက်တော့မှာမလို့
အချိန်မလင့်ခင်ရွာထဲဝင်ကြရအောင်”
“အချိန်ကြာသွားရင်အစွဲပူးကပ်ခံထားရတဲ့မိန်းကလေးအသက်အန္တရယ်ဖြစ်နိုင်တယ်ဗျ”
ရွာသူရွာသားအပေါင်းတို့အရှေ့မှထွက်သွားသော
ဆရာလေးမိုင်းခပွန်အနောက်မှထပ်ကြပ်မကွာ
လိုက်ခဲ့ကြသည်။
အခန်း၃။
မိုင်းခပွန်အိမ်ပေါ်ထက်သို့တက်ကာ
အစွဲပူးကပ်နေသောမလှရီအနားတိုးကပ်သွားပြီး
ဩဇာလှသောဩဇာသံဖြင့်
“ဒီမိန်းမငယ်လေးရဲ့ခန္ဓာကိုယ်မှာပူးကပ်နေတဲ့
ပုဂ္ဂိုလ်ကားဘယ်သူလည်း”
“အသင်ဖြေမလား ငါဆရာအစွမ်းပြရမလားပြော”
မိုင်းခပွန်လက်ထဲမှပရိတ်ရေအား
မလှရီကိုပက်ဖြန်းလိုက်ပြီး
သရဲကြီးမှာတန်ခိုးစွမ်းအားကြီးမားလှသဖြင့်
တော်တော်နှင့်ပြန်မဖြေ။မျက်ထောင့်နီကြီးနဲ့
ကြည့်ကာနေလေသည်။
ထို့နောက်
“အသင်လူသား အသင့်ထက်ဝါကြီးတဲ့
ဆရာစုတ်ဆရာပြတ်ကိုဂုတ်ချိုးသတ်ထားတာနော်”
“အသင်ကငါလိုသရဲကြီးကိုယှဉ်ပြိုင်ချင်နေသလား”
မိုင်းခပွန်မှာ အစွဲအားဂရုမစိုက်ဘဲ
တည့်တည့်သာကြည့်ရင်း
“အိမ်း ငါဆရာအစွမ်းကိုသင်မသိသေးလို့ကို”
“ငါ့ဆရာအစွမ်းသိအောင်ပြရချည်ရဲ့”
လူပရိတ်သတ်အပေါင်းတို့မှာ
စိတ်ဝင်တစားနဲ့ကြည့်ရူကြပြီး
ဆရာလေးရဲ့ပညာညဏ်ကိုအံ့အော်၍သာနေလေသည်။
မိုင်းခပွန်လက်ထဲကအင်းတစ်ချပ်ကိုထုတ်ကာ
အစွဲအားပစ်လေသည်။သို့သော်အစွဲကဂရုမစိုက်ဘဲလျက်တစ်ပြက်ရှောင်လိုက်၏။
အစွဲမှာထိုမျှသာမကသေး။
ကြောက်မယ်ဖွယ်ရာကောင်းသောပုံသဏ္ဍာန်အမျိုးမျိုးကိုဖန်ဆင်းပြလေ၏။
ဘီလူးပုံ၊ကြောက်မယ်ဖွယ်ရာကောင်းသော
နွားပြိတ္တာ၊ကျွဲပြိတ္တာ၊ဝက်ပြိတ္တာစသည့်အဆင်းမျိုးစုံအားပြသော်လည်းမိုင်းခပွန်မှာကြောက်လန့်ခြင်း
အမူအရာတစ်စုံတစ်ရယအားမပြဘဲ
အစွဲအားနီရဲသောမျက်လုံးအစုံနှင့်ကြည့်နေလေ၏
ရွာသူရွာသားအပေါင်းတို့မှာကြောက်လန့်ကာ
အသံမျိုးစုံထွက်လာကြ၏။
ကာလသားခေါင်းေဆာင်ကိုဒိပက
နွားပြိတ္တာအားမြင်ပြီးကြောက်သေးပါပေါက်ချလေသည်။
နွားပြိတ္တာမှာအလွန်တရာကြောက်မက်ဖွယ်ကောင်းသောအဆင်းအရာရှိ၏။
မျက်လုံးကြီးမှာအလွန်တရာကြီးကာ
ခြင်းထောင်းအရွယ်အစားရှိ၏။အရပ်အမြင့်မှာ
ခြောက်ပေမှရှိပြီးဂျိုကြီးတွေမှာကားထွက်ကာ
ခွေ့တော့မည်အလားရှိ၏။ သို့ပေမယ့်
မိုင်းခပွန်မှာကြောက်လန့်ခြင်းမရှိချေ။
“အသင်လူသား ဤကဲ့သို့ကြောက်မက်ဖွယ်ရာ
ကောင်းသောအချင်းအရာတွေမြင်ပါဘိနဲ့
ဘာလို့ကြောက်လန့်ခြင်းတစိုးတစ်စေ့မျှမပြတာလည်း”
ဟုတ်ပေသည်မိုင်းခပွန်မှာမျက်တောင်တစ်ချက်မျှ
မခတ်ဘဲအစွဲကိုသာမျက်ထောင့်နီကြီးနဲ့စိုက်ကြည့်လေသည်။
အတန်ငယ်ကြာသော်မိုင်းခပွန်ထံမှဩရှသော
အသံထွက်ပေါ်လာ၏။
“အသင့်လိုသရဲကြီးပင်မဆိုထားနဲ့
ဘီးလူ၊တဘက်စတဲ့ထိတ်လန့်ဖွယ်သတ္တဝါမျိူးပင်
ငါမကြောက် ၊လောကမှာငါကြောက်သည်မှာ
အတုမရှိသောဗုဒ္ဓမြတ်စွာဘုရားအရှင်ဘဲဖြစ်ပေတယ်”ဟုဆိုကား မျက်စိမှိတ်လက်အုပ်ချီကာ
မြတ်စွာဘုရားအားစိတ်ထဲကအာရုံပြုပြီး
အစွဲရဲ့ခေါင်းကိုကိုင်ကာ ဂါထာတစ်ပုဒ်ကို
မန်းလေသည်။ထို့နောက်
“ဥုံ ငါ့ဆရာအစွမ်း ငါ၏အထက်မှာရှိသော
ဆရာသခင်တို့ရဲ့အစွမ်းတွေကြောင့်
အသင်သရဲကြီး ယခုဝင်ပူးနေသောခန္ဓာမှထွက်ပါ”
“သင်မထွက်လျှင်ကျုပ်အဆိုးမဆိုနဲ့
ကျွုပ်သင့်ကိုသတ်ရပေမည်”ဆိုကာ
ကြိမ်းမောင်းလေသည်။
“အားပူလှချည်ရဲ့ လောင်ရချည်ရဲ့
အားကြောက်ပါပြီ ဆရာလေးရယ်”
အစွှဲမှာပူလောင်လှသဖြင့်
အသံစူးစူးဝါးဝါးကြီးဖြင့်အော်လေသည်။
လူပရိတ်သတ်တို့မှာဆရာလေးရဲ့ပညာကို
အထင်သေးမဝံ့ကြတော့ဘဲအံ့အော်၍သာနေလေသည်။ထိုအထဲတွင်ကာလသားခေါင်းဆောင်
ကိုဒိပကထိပ်ဆုံးကဟုပြောလျှင်မှားနိုင်မည်
မဟုတ်ပါလော။
ဆရာလေးကမလှရီပေါ်တင်သောလက်ကို
လွတ်ပေးလိုက်သောအခါ အစွဲဝင်ပူးထားသော
မလှရီကမျက်နှာငယ်ကလေးဖြင့်ကြည့်ကာ
“ဆရာလေးအလိုရှိရာတောင်းပါ
အကျွန်ုပ်သရဲကြီး ဖြည်းစည်းပေးပါ့မယ်”
“ငါလိုအပ်သည်မှာခုနှစ်ရက်သားသမီးတို့ရဲ့ချမ်းသာ
ခြင်းကိုဘဲအလိုရှိပါတယ်အသင်သရဲကြီး”
ထို့နောက်အစွဲဘက်သို့လှည့်ကာ
“အသင်သရဲကြီး
သင်ဤကဲ့သို့လူပုဂ္ဂိုလိရဲ့ကိုယ်ခန္ဓာမှာဝင်ပူးပြီး
အနှောင့်အယှက်ပေးရသောကြောင့်
သင်သည်အကုသိုလ်ကံတရားကြီးက
ပိုမို၍များပြားပေမည်”
“နောက်နောင်မည်သည့်အကြောင်းကိစ္စဘဲရှိရှိ
ဤရွာ၌ရှိသောလူများအားမနှောင့်ယှက်ပါနဲ့
ငါ့အားကတိပေးပါဟုကတိစကားခံလေသည်။
“ဟုတ် ဆရာလေးကိုအကျွန်ုပ်ကတိပေးပါတယ်”
“သို့ပေမယ့်ကျွန်ုပ်ပိုင်ဆိုင်သော
ဘုံဗိမာနိအောက်တွင်မဖွယ်ဖရာကိစ္စများ
မပြုကြဖို့ရွာသူ၊ရွာသားအပေါင်းကို
ကတိစကားတောင်ပေးပါဆရာလေးခင်ဗျာ”
ဆရာလေးကရွာသူရွာသားတွေဘက်သို့
မျက်နှာမူကာ
“ကဲရွာသူရွာသားအပေါင်းတို့
သစ်ပင်ကြီးတွေအောက်မှာဆဲရေးတိုင်းထွာခြင်း၊
ဖရုဿဝါစာ-ယုတ်ညံ့သိမ်ဖျင်း သောစကား၊နှစ်လိုဖွယ်မရှိသောသိမ်ဖျင်း သောစကား၊နှစ်လိုဖွယ်မရှိသော
စကားများပြောဆိုခြင်းမှရှောင်ရှားကြပါရွာသူရွာသားအပေါင်းတီု့”
“နောက်ပြီးတော့လည်းအပင်ကြီးတွေအောက်တွင်
မဖွယ်မရာကိစ္စများပြုလုပ်ခြင်းကိုရှောင်ရှားကြပါ”
“အပင်ကြီးများအောက်တွင်ဤသရဲကြီးလိုဘဲ
မမြင်ရတဲ့ပရလောကသားတွေမှီတင်းနေထိုင်နိုင်ပါတယ်ရွာသူရွာသားအပေါင်းတို့ရေ”
ရွာသူရွာသားအပေါင်းတို့က
ဆရာလေး၏စကားကိုကြားရသော်
“ဟုတ်ကဲ့ ရှောင်ကြင်ပါမည် ကျွန်ုပ်တို့ကတိပေးပါတယ်”ဟုတစ်ညီတစ်ညွတ်တည်းပြောလေတော့
အစွဲမှာမလှရီကိုယ်ခန္ဓာတွင်းမှာထွက်သွားလေသည်။
ထို့ကြောင့်မလှမေမှာသတိမေ့နေရှာသော
သမီးငယ်လေးအားပြေးဖက်သည်။
ပြတင်းပေါက်ထဲမှာကြောက်မက်ဖွယ်ကောင်းသော
အချင်းအရာနဲ့အရိပ်မည်းကြီးထွက်သွားလေသည်။
ဤသည်ကိုမြင်တဲ့ရွာသားအပေါင်းတို့က
ကြက်သီးမွှေးညင်းများထကာကြောက်လန့်လျက်ရှိကြ၏။
အခန်း၄။
ဆရာလေး ရေမန်းခွက်ကိုလက်တစ်ဖက်ဖြင့်ကိုင်ကာ
မလှရီကိုပက်ဖြန်းလိုက်ရာချက်ခြင်း
သတိပြန်လည်လာပြီးဆရာလေးကို
တောက်ပတဲ့မျက်နှာအစုံဖြင့်ကြည့်လေ၏။
ဆရာလေးကလည်းမျက်တောင်တစ်ချက်မျှမတ်ဘဲ
မိန်းကလေးငယ်လေးကိုစူးစိုက်စွာကြည့်လေသည်။
“ဆရာလေးသမီးဘာဖြစ်တာလဲဟင်”
“နင့်ကို အမှောက်ပရောဂကဝင်ပူးတာဘဲ”
“ဒါနဲ့မိန်းကလေး သင်ဘယ်ကဲ့သို့သော
အကြောင်းအရာပြုလုပ်ထားလဲကွဲ့”
“ဟုတ်ကဲ့ဆရာလေးကျွုပ်ရှင်းပြပေးပါ့မယ်”
ကျွုပ်သရက်သီးစားချင်ဇောနဲ့အကိုနှစ်ယောက်ကို
မနိုးဘဲမနက်ခင်းလင်းကြက်တွန်သံကြားရတာနဲ့
ရွာထိပ်ကသရက်သီးပင်ကြီးဆီလျောက်ခဲ့တာဗျ။
သရက်ကြီးပင်ကြီးကစိမ်းစိုလှပြီး စားချင်စဖွယ်
ဝါဝင်းလှတဲ့သရက်သီးရနံ့တွေကမနေနိုင်လောက်အောင်လူကိုမြူဆွယ်နေရောဗျ။ဒါနဲ့
ကျွန်မလည်းမြေပြင်ပေါ်ကခဲကိုကောက်ယူပြီး
ရှိသမျှအားကုန်သုံးပြီးအပင်ပေါ်ကသရက်သီးတွေ
အောက်ပြုတ်ကျအောင်ထုလိုက်တာဗျဆရာလေးရေ။ အဲ့လိုနဲ့သရက်သီးတွေအများကြီးစုမိထားတယ်
ဆိုပါရောရှင့်”
ဒါပေမယ့်ကျွနုပ်ညကငရုတ်သီးချက်စားထားတာကြောင့်ဖြစ်လိမ့်မယ်။ဗိုက်ထဲကရစ်သီရစ်သီ
ဖြစ်လာနဲ့သရက်သစ်ကြီစအောက်မယ်
တောတိုးခဲ့တယ်ဗျ။ကျင်းကြီးတင်မကသေးပါ။
ကျင်းငယ်ပါစွန့်ခဲ့သေးတယ်ရှင့်။
ကျွုပ်အိမ်ပြန်မယ်အလုပ်အနောက်ကတစ်ယောက်ယောက်လိုက်လာသလိုခံစားရပြီး
ကြက်သီးတွေတဖြန်းဖြန်းဖြစ်လာရောဗျ။
ဒါနဲ့မလုံမလဲအနောက်ကိုလှည့်ကြည့်ကြတော့လည်း
ဘာအရိပ်အယောင်မှမတွေ့ရဘူးဗျ။
အိမ်အရောက်ခေါင်းကမူးမိုက်သလိုဖြစ်လာပြီး
သတိမေ့ရောဗျ။
“အိမ်းဟုတ်မယ်မိန်းကလေး”
“နောက်ဤကဲ့သို့အပြုအမှုမျိုးကိုရှောင်ကျဉ်နော်”
“အချိန်မှီလို့သာပေါ့ အချိန်သာမမှီရင်
မိန်းကလေးအသက်အန္တရယ်ပါအစွဲက
ရန်ပြုလာနိုင်တယ်ကွဲ့”
ဆရာလေးမိုင်းခပွန်ပြောမှာ
မိန်းမငယ်လေးမလှရီမှာ စိုးရိမ်လာပြီး
“မိမိနောက်မလုပ်တော့ကြောင့်ခေါင်းညိတ်ကာ
ကတိပေးလေသည်။
လူအုပ်ကြားမှကာလသားခေါင်းဆောင်
ကိုဒိပက
“ဆရာလေး ကျုပ်တို့ ပရောဂဆရာလေးရဲ့ရုပ်အလောင်းကိုဘယ်လိုလုပ်ရမလဲဗျ”
“ပြီးတော့ဆရာလေးကဘယ်ဂါထာသုံးပြီး
အစွဲကိုနှိမ်နင်းခဲ့သလဲဗျ”
ဆရာလေးကတည်ကြည်သောမျက်လုံးအစုံဖြင့်
ကိုဒိပအားကြည့်ကာ
“ကိုဒိပ အခြားကာလသားတွေကိုခေါ်ပြီး
ရွာပြင်သုဿန်မှာအခုချက်ခြင်းသွားသဂြိုလ်လိုက်ပါ”
“အင်းကျုပ်သုံးခဲ့တာကအခြားတော့မဟုတ်ဘူးဗျ”
“မြတ်ဗုဒ္ဓရဲ့ အန္တရယ်ကင်းဂါထာတော်ဖြစ်တဲ့
“သံဗုမ္ဗုဒ္ဓေဂါထာတော်ကြီး”ဘဲဖြစ်ပေတယ်။
မြတ်ဗုဒ္ဓရဲ့ဂုဏ်တော်၊ကျေးဇူးတော်တွေကို
စိတ်ထဲမှာယုံယုံကြည်ကြည်နဲ့အာရုံပြုပြီး
ရှိခိုးပူဇော်ပါရွာသူရွာသားအပေါင်းတို့။
ပရလောက နှောင့်ယှက်မှူအန္တရယ်ကပင်မဆိုထားနှင့်။အခက်အခဲပေါင်းများစွာကပင်လွတ်ငြိမ်းချမ်းသာနိုင်ပါတယ်။
ဆရာလေးရဲ့စကားကြောင့်ရွာသူရွာသားအပေါင်းတို့မှာယုံကြည်သက်ဝင်မှုများရှိလာကြပြီး
အထင်ကြီးလာကြသည်။ကိုဒိပနှင့်ကာလသား
တချို့မှာဆရာလေးခိုင်းထားသည့်အတိုင်း
ပရောဂဆရာကြီးရဲ့ရုပ်အလောင်းအား
မြေမြုပ်သင်္ဂြိုလ်ခြင်းအလုပ်အားလုပ်ကြလေ၏။
နောက်တစ်နေ့ရောက်သော်ဆရာလေး
မိုင်းခပွန်မှာရွာဦးကျောင်းဆရာတော်ကြီးနှင့်
ဦးဇင်းနှစ်ပါးအားအခေါ်လွတ်လိုက်လေသည်။
“မလှမေ”
“ဆရာလေးဘာခိုင်းစရာရှိလို့လဲရှင့်”
“အင်း ပရောဂဆရာကြီးကခင်းဗျားတို့အိမ်မှာ
သေဆုံးသွားရတယ်။ပြီးတော့အစိမ်းသေဗျ။
မကျွတ်မလွတ်သေးဘူးလေ။ဒါကြောင့်
ကျုပ်ကအမျှဝေတရားနာစေဖို့
ရွာဦးကျောင်းဆရာတော်ကြီးကိုအခေါ်လွတ်ရခြင်းဖြစ်တယ်” “အသင်ကရေစက်ချအမျှပေးဝေရမယ်
နားလည်ပါလား”
“ဟုတ်ကဲ့နားလည်ပါတယ်ဆရာလေး”
ဆရာတော်ကြီးနှင့် ဦးဇင်းနှစ်ပါးကြွလာသော်
အဆုံးအမတရားများကိုဟောကြားစေပြီး
ရေစက်ချအမျှဝေစေသည်။
ဆရာတော်ကြီးကမျက်စိမှိတ်အာရုံပြုကာ
“လွန်ခဲ့သောနာရီပိုင်းကသေဆုံးသွားရသော
ဟေမာန်နှင့်တကွမကျွတ်မလွတ်ကျသေးသော
အပယ်လေးဘုံသားပရလောကနွယ်ဝင်သတ္တဝါများ
လာရောက်သာဓုခေါ်ကြပါရန်ဒီဌာနက
ပင့်ဖိတ်ပါတယ်”
ဆရာတော်ကြီးမှာထိုသို့ပင့်ဖိတ်ပြီးနောက်
နိဗ္ဗာန်ရောက်ကြောင်းတရားများအားဟောကြားအပြီး
မလှမေတို့သားသမီးတွေအားရေစက်ခွက်ကိုင်ခိုင်းကာရေစက်ချခိုင်းလေ၏။
“အားလုံးကြားကြားသမျှ အမျှ အမျှ အမျှ
ရူတော်မူကြပါကုန်တော်သာဓု သာဓု သာဓုပအရှင်ဘုရား”ဟုမလှမေနှင့်တကွရွာသူရွာသားအပေါင်းတို့သာဓုခေါ်ကြလေသည်။
“သာဓု သာဓု သာဓု”ဟုသာဓုခေါ်သံများ
တစ်ရွာလုံးမှထွက်ပေါ်လာကြ၏။ထိုအသံတို့မှာ
ကြောက်မယ်ဖွယ်ကောင်းလှသော
အသံနက်ကြီးရှိကြကာတစ်ရွာလုံးကိုဟိန်းထွက်လာလေ၏။အခြားမဟုတ်ပါချေ။
ပရောဂဆရာကြီးဦးဟေမာန်နှင့်သရဲကြီးပါဝင်သော
ပရလောကသတ္တဝါတို့၏သာဓုခေါ်သံများပင်ဖြစ်ပေတော့သည်။
ဆရာလေးမှာခုနစ်ရက်သားသမီးများကို
ကူညီပြီးပြီဖြစ်သည့်အတွက်ပြန်မည်အပြု
တစ်ရွာလုံးက
“ပရလောကအဖြတ်အမှောက်ကိုနှိမ်နင်းသောဆရာလေး သို့တည်းမဟုတ်”
“ပရလောကနိုင်သောဆရာလေး”ခေါ်ဟုခေါ်ကြလေသည်။
ဆရာလေးမိုင်းခပွန်မှာတည်ငြိမ်သောမျက်နှာဖြင့်သာ
အနည်းငယ်ပြုံးပြပြီးထိုရွာမှထွက်ခဲ့လေတော့သည်။
*ပြီးပါပြီ*
မိုင်းခပွန်နှင့်အစွဲကပ်ခြင်း
စာရေးသူ-အယ်မွန်းသော်တာ(မြို့သာ)(or)
တြိစင်္ကြာ
မြတ်ဗုဒ္ဓ၏ဂုဏ်တော်၊ကျေးဇူးတော်များကို
စိတ်ထဲမှအာရုံပြုကာယုံကြည်သပ္ပာယ်စွာ
အာရုံပြုလျှင်အကျိုးကျေးဇူးများပါမည်ဟု
ရေးသားရင်းဤစာလေးကိုနိဂုံးချုပ်ပါရစေ
စာဖတ်သူတို့ရေ✌️
အရေးအသားမကောင်းရင်ခွင့်လွတ်ပေးပါနော်
ဆက်လက်၍ကြိုးစားပါဦးမယ်
ကျွန်ုပ်_စာရေးသူအယ်မွန်းသော်တာ(မြို့သာ)