မီးကင်းစောင့်သည့်ညများ

Posted on

မီးကင်းစောင့်သည့်ညများ(စ/ဆုံး)

———————————–

🎼ရန်သူငါးပါးထဲမှာ အင်မတန်ဆိုးဝါးလှတာ
မညှာမတာဘယ်သူ့မှမထောက်ပါ
သူခိုးဓားမြထက်ဆိုးတဲ့ရန်သူဟာ ဇဗ္မူတစ်ခွင်မှာ ရန်သူမီးကိုအစဥ်အမြဲသတိပြုပါ~~ 🎼

*ဟာ အေးမောင် သီချင်းလေးတစ်အေးအေးနဲ့ ပါလားကွ *

**ဟုတ်တယ်ဗျာ ဒီညကတော့ မီးကင်းစောင့်တဲ့အလှည့်က ကျုပ်ဖြစ်နေပြီလေ တိတ်ဆိတ်လွန်းနေရင်လဲ အိပ်ချင်တယ်ဗျ**

*တော်သေးတာပေါ့ကွာ တစ်ညကို ၂ယောက်ထားပေးတာမို့ နို့မို့ဆို ၁ယောက်ထဲဆင်မပြေဘူးရယ် မီးလောင်နေရင်တောင် ငါသိလိုက်မှာမဟုတ်ဘူး ဟေ့ကောင်ရေ ဟားဟား*

**ဟုတ်ပ ကိုဝင်း ရာ**

နွေးဦးရာသီဖြစ်တာကြောင့် မီးဘေးအတွက် ရွာထဲမှာရှိတဲ့ ယောကျာ်းသားတိုင်း တစ်အိမ်တစ်ယောက် တစ်ညကို ၂ယောက်ဆီ အလှည့် မီးကင်းစောင့်ဖို့ ရွာလူကြီးက ဆော်ဩထားတာကြောင့် အေးမောင်နှင့် ကိုဝင်း တို့မီးကင်းစောင့်ဖို့အတွက် ရွာထိပ်က ကင်းတဲလေးကိုရောက်နေခြင်းဖြစ်သည်

နွေရာသီဖြစ်လင့်ကစား ညဘက်မှာတော့ အအေးဓာတ်လေးကနေရာယူစမြဲပင်၊

*အေးမောင် မင်းရော စောင်တွေပါလား *

**ဘယ်အပြောကောင်းမလဲ ကိုဝင်းရာ အသင့်
အသင့်**

*ဟ တယ်ဟုတ်ပါလား ငါလဲပါတယ်ကွ အေးနေတာဆိုတော့ ပါလာတဲ့စောင်လေးခြုံထားအုံးမှပဲ ၊
မင်းရော ခြုံထားလေ အခါးရည်လေးသောက်ကြတာပေါ့*

အေးမောင်နှင့်ကိုဝင်းဟာ အခါးရည်လေးသောက်ရင်း မအိပ်ချင်အောင် စကားတွေဖောင်ဖွဲ့လို့နေကြလေ၏

ညည့်လေးပိုနက်လာလေ အအေးဓာတ်လေးကနေရာယူလေ ၊

*အေးမောင် ငါအရင်အိပ်မယ် အချိန်ပြည့်ရင်ငါ့ကိုနိူးကွာ
မျက်လုံးကမရတော့ဘူးငါ့ကောင်ရေ တိုင်နဲ့မျက်လုံးကိုထောက်ထားလဲ တိုင်သာကျိုးမဲ့ကိန်းစိုက်နေပြီကွ*

**အိပ်ပါ အိပ်ပါ ကျုပ်ကတော့ ကင်းလှည့်လိုက်အုံးမယ် ဟိုနားဒီနား**

ကိုဝင်းဟာ မီးကင်းတဲထဲမှာ ပါလာတဲ့စောင်ကိုခြုံလို့ကွေးနေတာမှ ပုဇွန်ထုပ်အဖေခေါ်ရပါပေမည်

အေးမောင်တစ်ယောက် ဓာတ်မီးလေးကိုင် တဲရှေ့မှာ မီးဖိုလေးကိုထင်းထိုးပြီး ဟိုလိုက်ကြည့်ဒီလိုက်ကြည့်လုပ်နေပါတော့သည်

**ဟူး အေးတာတောင်ဘယ်ရောက်သွားလဲမသိဘူး မောလိုက်တာကွာ ၊**

အေးမောင်တစ်ယောက် ပွစိပွစိနဲ့တစ်ယောက်ထဲပြောနေလေ၏

×ရှပ် ရှပ် ရှပ် ×

**ဘာအသံပါလိမ့်**

×ရှပ် ရှပ် ×

**ဒါတစ်ယောက်ယောက်လမ်းလျှောက်နေတဲ့အသံပဲ**

အေးမောင်တစ်ယောက် ဓာတ်မီးလေးနဲ့လိုက်ထိုးကြည့်ပေမယ့့် မည်သူတစ်ဦးတစ်ယောက်မှပင်မရှိ

**ဘယ်သူမှလဲမရှိပါလား
ငါပဲစိတ်ထင်င်နေတာဖြစ်မှာပါလေ**

×ရှပ် ရှပ် ရှပ်×

ခြေသံကပို၍နီးကပ်လာပေသည်

÷အကို ဆေးလိပ်မီးလေးတစ်တို့လောက်ပေးပါလား÷

**အော် ယူလေဗျာရတယ်ရတယ် **

÷ကျေးဇူးတင်ပါတယ် ဗျာ÷

**ဒါနဲ့ခင်ဗျား ကဘယ်သူလဲ မှောင်နေတော့မသဲကွဲဘူး မမြင်ရလို့ပါ**

÷ငါကဒီရှာကပဲ ကှ
ကဲ ငါသွားပြီ÷

**ကို ကို ကိုဝင်း ကိုဝင်း ထပါအုံး ထပါအုံးဗျ**

*ဘာလဲ အေးမောင်ရာ ငါအရမ်းအိပ်ချင်နေလို့ပါကွာ*

**ထစမ်းပါဗျာ ဟိုမှာထကြည့်ပါအုံး ကြောက်စရာကြီး သရဲ သရဲ **

အေးမောင်တစ်ယောက် အကြောက်လွန်ပြီး အိပ်နေတဲ့ကိုဝင်းကို နိူးနေပါတော့သည်

*အာ ဘယ်မှာလဲကွာ *

**ဟို ဟိုမှာ ကြည့်လိုက်**

အေးမောင် လက်ညိုးထိုးရာ သို့ ကိုဝင်းတစ်ယောက်လှမ်း၍ကြည့်လိုက်စဥ်

**ဟေ့ ကောင်ရေ နည်းတာကြီးမဟုတ်ဘူး ဟ**

**ကျုပ်လဲ ကြောက်တာပဲ ကိုဝင်းရဲ့
နဲနဲနောနောအရပ်ကြီးမဟုတ်ဘူးဗျာ အုန်းပင်နီးပါးတောင်ရှိတယ် ဆေးလိပ်ကိုပါးစပ်မှာခဲလို့ လမ်းလျှောက်နေတာဗျာ
ကျုပ်တို့နားလာရင်ဘယ်လိုလုပ်မလဲဗျာ**

*ဟေ့ကောင်ရေ ငါလဲမသိတော့ဘူး ရွာထဲကိုပြေးဝင်ဖို့ကလဲ အဲ့သရဲနဲ့ပိတ်နေတယ် အမေရေ ကယ်ပါအုံးဗျ*

အုန်းပင်လောက်ရှိတဲ့သရဲကြီးဟာ တစ်ညလုံးနီးပါး လမ်းလျှောက်လို့နေလေ၏

**ကိုဝင်း သရဲကိုနောက်ကျောပဲတွေ့ရတယ် သူ့မျက်နှာလဲမပေါ်ဘူး**

*အရေးထဲကွာ ကြည့်ချင်သပဆို သူ့နားသွားပြီးသွားကြည့်ကွာ*

အရင်တုန်းကကင်းတဲတွေက ခြေတန်ရှည် အမြင့်ကြီးရယ် ၊

÷ငါ့မျက်နှာကို မင်းတို့ကြည်ချင်လို့လား
ဟားးးးဟားးးး÷

သရဲကြီးဟာ အေးမောင်နဲ့ကိုဝင်းတို့ ရှေ့တည့့်တည့့်ကို သူ့မျက်နှာကြီးပြလိုက်တာ

××အမေရေ ကြောက်ပါပြီ ကြောက်ပါပြီ××

နှစ်ယောက်သားသံပြိုင်အော်ကာ ရွာထဲသို့ပြေးဝင်လာကြပါတော့သည်

အချိန်အားဖြင့် မနက်၃ခွဲခန့်ပင်ရှိလို့သေးသည်

ရွာလမ်းမတစ်လျှောက် သရဲ သရဲဆိုပြီး အော်လိုက်ကြတာ တစ်ရွာလုံးနီးပါ အကုန်လန့့်နိုးကုန်ကြသည်

ထိုသရဲခြောက်တဲ့ကိစ္စလဲ ရွာထဲဝယ် ဟိုးလေးတကြော်ကြော်ကိုဖြစ်လို့သွားခဲ့သည်

~မကြူ မောင်အေးနဲ့ကိုဝင်းတို့သတင်းကြားပြီးပြီလားတော့~

°ကြားပြီးပါပြီအေ တို့ရွာကအရင်ကအဲ့လိုမရှိပါဘူး အခုမှသရဲခြောက်ရတယ်လို့ အေ°

~နောက်၃ရက်နေ့ရင် ကျွန်မယောကျာ်းကင်းစောင့်ရ
မယ့်အလှည့်တော့ ၊ ကျွန်မဖြင့် စိတ်မချဘူးရယ်~

°အတူတူပါပဲအေ ငါ့ယောကျာ်းလဲအဲ့နေ့ ကင်းစောင့်ရမှာ ဘာပဲဖြစ်ဖြစ် ပရိတ်ရေလေးတော့ထည့့်ပေးလိုက်အုံးမယ်အေ°

နေရာတိုင်းမှာ ကိုဝင်းတို့ကိစ္စဟာ မပါမဖြစ်လို ဖြစ်နေလေ၏

•မေမေ လမင်းကြီးကသမီးတို့အနောက်ကိုအမြဲလိုက်တယ်နော်၊
ဟိုနေ့ညကလဲသမီးပြေးတော့ သမီးနောက်ကိုလိုက်တယ်၊
အခုလဲ မေမေနဲ့သမီးအနောက်ကိုလိုက်နေတယ်•

`လမင်းကြီးက သမီးကိုချစ်လို့နေမှာပေါ့
သမီး လက်ထဲကဟင်းထုပ်ကို မဖိတ်စေနဲ့နော် သမီးအဖေက ဝက်သားဟင်းမှမပါရင် အမေတို့သားအမိဒီညအိပ်ရမှာမဟုတ်ဘူး
ဒီမှာ ခနလေးရပ်စောင့်နေ မပုဆီပိုက်ဆံသွားပေးလိုက်အုံးမယ်နော်သမီး´

•ဟုတ်ကဲ့ပါ မေမေ•

ကလေးမလေးဟာ လမ်းလည်မှာဝက်သားဟင်းထုတ်လေးကိုင်ကာရပ်စောင့်လို့နေလေရဲ့၊

မိခင်ဖြစ်သူဟာမပုမအိမ်ထဲသို့ခပ်သုတ်သုတ်လေးအမြန်ပိုက်ဆံအတိုးသွားပေးလေ၏

×သမီး လေး လက်ထဲကဟင်းထုတ်လေး ပေးပါလား×

အသံနက်ကြီးဖြင့် ကလေးမလေးအနားကိုကပ်၍ ပြောလေ၏

•မပေးပါဘူး သမီးအဖေစားဖို့ ပေးလို့မရဘူး•

×မပေးဘူးပေါ့လေ ငါဘယ်သူလဲဆိုတာနင့်ကိုပြမယ်×

•မေမေရေ မေမေရေ သရဲကြီးသရဲကြီး
သမီးကြောက်တယ် သမီးကြောက်တယ်•

ကလေးဟာ ငယ်သံပါအောင်အော်ဟစ်ငိုကြွေးပါတော့သည်

`သမီး သမီး ဘာဖြစ်တာလဲ ဘာဖြစ်တာလဲမေမေ့ကိုပြောစမ်း ရင်တွေထိတ်လိုက်တာကွယ်´

•သရဲကြီး ဟင်းထုပ်ကိုလာတောင်းတယ်
သမီးလက်ကိုဆွဲထားပြီး ဟင်းထုပ်ကိုဆွဲလုသွားတယ်
မျက်လုံးကြီးကလဲ အကြီးကြီးပဲ သမီးအရမ်းကြောက်တယ် အီးးဟီးးးးး•

ကလေးမလေးဟာ ရိူက်ကြီးတငင်ငင်ကိုငိုပါတော့သည်

ထိုသတင်းဟာလဲ ရွာထဲဝယ် ထပ်၍ရေပန်းစားခဲ့ပြန်သည်

~ဆရာလယ်တွင်းသားစောချစ်ပြောသလိုပေါ့
နွေဦးမှာ လေရူးတွေကတိုက် သစ်ရွက်တွေကကြွေလေပွေနဲ့လွင့် လွမ်းတယ်ဟေ့•••••••••

ကျုပ်တို့ရွာကကျတော့လဲ
နွေဦးမှာ မီးကင်းကစောင့်
သရဲနဲ့တွေ့ ပြေးတယ်ဟေ့ အဲ့သလိုဖြစ်နေပြီ
ကိုသာအေးရေ~

××ဟုတ်ပကွာ ဟုတ်ပ မင်းကလဲပြောတတ်လိုက်တာ××

~ဒီညတော့ ကျုပ်တို့၂ယောက်လုံးမိုးလင်းထိမအိပ်ဘဲနေရမယ်~

××အေးကွာ အဲ့လိုပဲနေရတော့မှာ ဖိုးမောင်ရေ××

~ကင်းတဲပေါ်မှာပဲ နေကြရအောင်
ဒါပေမယ့့် မထိုင်နေဘူး အိပ်ချင်ယောင်တော့ ဆောင်နေမယ်~

တပေါင်းလပြည့်နေ့ဖြစ်တာကြောင့် လရောင်ဟာ လင်းထိန်လို့နေလေသည်

ညမွှေးပန်းလေးတွေရဲ့ရနံ့ဟာလဲ လပြည့်နေ့ညရဲ့လေနုသွေးနှင့်အတူ ဆောင်ကျဥ်းလို့ပေးနေသည်

အချိန်အားဖြင့် ည၁၂နာရီခန့့်ပင်ရောက်ရှိလို့နေလေပြီ

ဖိုးမောင်နှင့် ကိုသာအေးတို့ ကင်းတဲပေါ်မှာ အိပ်စက်နေလေ၏
သို့သော် အိပ်ချင်ယောင်ဆောင်နေကြနေခြင်းဖြစ်သည်

×ရှပ် ရှပ် ရှပ်×××××××

ခြေသံကိုစကြားးရပါပြီ

ဖိုးမောင်နှင့် ကိုသာအေး စောင်ကိုခေါင်းမူခြုံထားကြလေ၏

ဒုနျးးးးးဒုနျးးးးးးးးဒုနျးးးးးးးးးးး

မီးကင်းတဲကို ကိုင်၍သရဲကြီးဟာလူပ်နေပါတော့သည်

ဖိုးမောင်နှင့်ကိုသာအေးလဲ ပေတေပြီးမထပဲဆက်၍နေလေ၏

~ကိုသာအေး ကျုပ် ကြက်သီးမွှေးတွေ အရမ်းထနေတယ် ကျုပ်တို့နားမှာ တစ်ယောက်ယောက်ကြည့်နေသလိုခံစား နေရတယ်~

××ငါလဲ မင်းလိုပဲခံစားနေရတယ်ကွ××

×ရှပ် ရှပ် ရှပ် ×××××

ခြေသံဟာ ကင်းတဲရှေ့မှာရပ်လို့သွားလေသည်

စောင်ခြုံထားတာကို စောင်ကိုဆွဲချလိုက်လေ၏

~ကိုသာအေး ခင်ဗျား ကျုပ်စောင်ကိုယူလိုက်တာလား~

××မင်းစောင်ကိုယူမို့နေနေသာသာ ငါ့စောင်လဲမရှိတော့ဘူးကွ××

~ဗျာ~~~~~~~~
ဒါ ဒါဆို ဘယ်သူ ဘယ်သူယူသွားတာလဲ~

×ငါလကှော ဟားးးဟားးးးးဟားးးး×

ပြောရင်းဆိုရင်းနဲ့ကို ကင်းတဲကို ဆက်တိုက်ဆွဲလူပ်ပါတော့သည်

~ကိုသာအေးရေ လုပ်ပါအုံး ကျုပ်တို့ဘယ်လိုပြေးရ
မလဲ သရဲကြီးကလဲကြောက်စရာကြီး
ဟင် ဖျာမှာလဲ ရေတွေမှောက်ကျထားတယ်ထင်တယ်~

××မဟုတ်ဘူးကွ ငါသေးပေါက်ချမိသွားတာ ××

~ဟာဗျာ ခင်ဗျားကလဲ~

××နေအုံးငါ့မိန်းမထည့်ပေးလိုက်တဲ့ ပရိတ်ရေပါလာတယ်ကွ ပက်ကြည့်လိုက်မယ်××

~ဒါဆိုလဲ မြန်မြန်ပက်ဗျာ ကျုပ်ကြောက်လို့သေတော့မယ်~

ကိုသာအေးဟာ ပါလာတဲ့ပရိတ်ရေနဲ့ သရဲကြီးကိုလှမ်း၍ပက်လိုက်ပါတော့သည်

×အားးးးအားးးးးပူလိုကျတာ
ငါ့ကိုဘယ်သူလုပ်တာလဲကွ×

~ဟာ ကိုသာအေး သူကျုပ်တို့ကိုကြည့်နေတယ် ကျုပ်ကြောက်တယ် ~

××မင်းကလဲ တအားအသည်းငယ်တာပဲ အားတင်းထားပါကွ သူလာရင် ထပ်ပြီးပက်မယ်××

အုန်းပင်လောက်ရှိတဲ့သရဲကြီးဟာ မီးကင်းတဲဆီသို့ခြေတစ်လှမ်း လှမ်းလိုက်ရာ ကိုသာလှရှေ့ကိုတည့့်တည့့်ရောက်ရှိလာသည်

ကိုသာလှလဲ ကြောက်အားလှန့်အားနဲ့ ပရိတ်ရေနဲ့ပက်ဖျန်းလိုက်ပြန်၏

×အားးးးးးအားးးးးအားးးးး
ကြောက်ပါပြီ ငါ့ကိုမလုပ်နဲ့ ငါပူတယ် ငါပူတယ်×

××မင်းကဘာလို့ငါတို့ကို ခြောက်လှန့်နေရတာလဲ ငါတို့မင်းကိုဘာလုပ်လို့လဲကွ××

ကိုသာအေးဟာ သရဲကြီးကိုမေးလေ၏

×မင်းတို့အခုမီးကင်းက ငါ့နေရာ
မင်းတို့ကတဲဆောက်လိုက်တော့ ငါနေစရာမရှိဘူးလေ အဲ့တော့ မင်းတို့ကို ငါခြောက်ရတာပေါ့×

××ကောင်းပြီ ဒီမီးကင်းတဲကိုတခြားနေရာပြောင်းဆောက်ရင်ဆင်ပြေလား ××

×ပြေတယ် ငါမခြောက်လှန့်တော့ဘူး×

××မင်းကတိတည်ပါစေနော်××

ဒီလိုနဲ့ အကြောင်းအစုံကို ရွာလူကြီးအား သေချာရှင်းပြပြီးနောက် မီးကင်းတဲကို ချက်ခြင်းဖျက်ပြီး တခြားနေရာမှာဆောက်လိုက်လေတာ့သည်

🎼••မငြိုမညင် မင်းရဲ့သဘောတိုင်းပါကွယ်
လိုချင်ရင်မောင့်ရဲ့အသဲလေးရင်ခွဲပြီးယူကွယ်
အော် စိမ်းရက်သူရယ် •• 🎼

🎼တင်းးးးးတင်း တင် တင့့် တင်းတလင်းတင်တင့် တင်တင့့်🎼

××မယ်တလင် တီးတာလေးကအရမ်းကောင်းတာပဲ
ကျုပ်လဲသီချင်းဆိုလို့ရလား××

×××××အားးးးးးးးးးးးးးးးးးးးးးးးးးးးးး×××××

~~~~~~သ သ သ သရဲ သရဲ သရဲကြီးဗျို့ ကယ်ကြပါအုံး~~~~~~~~

×× မင်းတို့ကလဲမကြောက်ကြပါနဲ့ သရဲလဲ အနုပညာခံစားတတ်ပါတယ်ကွ ပြန်လာကြပါ ဟေးကိုယ့်လူတို့ ××

ပြီးပါပြီ။

နှောင်းနွေ (ကိုယ်တိုင်ရေး)

စာဖတ်သူများကိုအစဥ်လေးစားလျှက်။

အမှားပါရင်ခွင့်လွှတ်ပေးစေချင်လိုပါသည်
အကြံလဲပြုနိုင်ပါသည်🤝