မေနှင်း၏ သွေးကြွေးကလဲ့စား(စ/ဆုံး)
—————————————
ကညင်နှစ်ပင် ရွာလေး၌ မေနှင်းတစ်ယောက်မှာ အသက်
၂၃နှစ်အရွယ် လုံးကြီးပေါက်လှ ရွာ၏ အချောဆုံး အလှ
ဆုံး ကွမ်းတောင် ပန်းတောင်ကိုင် တစ်ယောက်ဖြစ်လေ၏
ကညင်နှစ်ပင် ရွာကာလသားများသာမက ကညင်နှစ်ပင်
ရွာ အနီးနားရွာတွေဖြစ်ကြသော လက်ပံတန်းရွာ၊ပျဉ်မရွာ
ဇီဖြူကုန်းရွာ၊ထန်းတောလေးရွာတွေရဲ့, ကာလသားများ
ကပါ မျက်စိကျ လာရောက်ပိုးပန်းကြသော်လည်း မေနှင်း
တစ်ယောက်ကတော့, ဘယ်သူကိုမှ,ပြန်၍, စိတ်မဝင်စားပေ
မိဘနှစ်ပါးနှင့်အတူ နေထိုင်၍,အသက်၁၉နှစ်အရွယ် မေနှင်းမောင်လေးဖြစ်သော သက်ထွန်းနဲ့ အိမ်ရှေ့ ကုန်ခြောက်ဆိုင်လေး တစ်ဆိုင်တည်ကာ စျေးရောင်းရင်း မိဘနှစ်ပါးကို
ပြုစုလုပ်ကိုင်ကျွေးမွေးနေသော သမီးလိမ္မာလေးတစ်ယောက်ပင် ဖြစ်လေ၏။
နံနက်စောစောတစ်နေ့တွင် အေ့…….မေ…နှင်း…ငါ…ငါ…ကို
….နင်….နင်…သိပ်…ရက်..စက်…တယ်ဟာ,, ဟဲ့,,ကျင်သန်း
နင်မှာလည်း မနက်အစောကြီးရှိသေးတယ် အရက်တွေမူး
နေပြီး စကားတောင်လေးလုံးမကွဲတော့ဖူးဟယ်,, ဒီလောက်
တောင် သောက်လာရလားဟဲ့,, မေ….နှင်း…ရယ်…ငါ…က..
သောက်ချင်…လို့….သောက်…တာ…မဟုတ်…ပါ…ဖူး….
ဟာ…နင်…နင်…က…ငါ့…ကို..အဖြေ…မှ…ပြန်…မပေးတော့
ငါ…အရမ်းစိတ်တွေညစ်ပြီး အရက်တွေကြည့် လှိမ့်
သောက်နေရတာပါဟာ…….မဆိုင်ပါဖူးကျင်သန်းရယ် နင်
အရက်သောက်တာ ခုမှမဟုတ်တာ ဟိုးအရင်ထဲက သော
က်နေတာကို ငါအဖြေပြန်မပေးလို့များ သောက်နေရတာ
လို့ပြောနေရသေးတယ်,, ငါကနင်မှ မဟုတ်ပါဖူး ဘယ်သူ
ကိုမှ ငါစိတ်မဝင်စားတာပါ ပြီးတော့ငါခေါင်းထဲမှာ အိမ်
ထောင်ပြုဖို့ မစဉ်းစားချင်သေးပါဖူးကျင်သန်းရယ်,
အိမ်ထောင်ပြုဖို့,စဉ်းစားမယ်ဆိုရင်တောင် နင်လို မိဘလုပ်
စာ ထိုင်စားပြီး တစ်နေကုန်အရက်သောက်၊ ဖဲရိုက်၊ကြက်
တိုက်၊ လောင်းကစားလုပ်၊မိန်းမကိစ္စတွေ ရှုပ်ပွေလီနေတဲ့
လူမျိုးတွေကို ငါမစဉ်းစားဖူး,ကျင်သန်း သွားပါတော့ဟယ်
ငါဆိုင် မနက်အစောကြီး လက်တိတ်ပါတယ်,,ဆို၍ မေနှင်း
တစ်ယောက် အရက်မူးမူးနဲ့ မနက်အစောကြီး ဆိုင်ရှေ့
သူမကို အဖြေ လာတောင်းနေသော ကျင်သန်းအား စိတ်
ဆိုးဆိုးဖြင့် ပြောလိုက်လေသည်။
အေးပါ မေနှင်းနင်ပြောထားအုံးပေါ့, ငါကို ကျင်သန်းဆိုတဲ့
ကောင် တစ်နေ့, ဘာကောင်လည်းဆိုတာ နင်သိစေရမယ်
ဟု,မေနှင်းစိတ်ဆိုးဆိုးနဲ့,ပြောလိုက်တဲ့,စကားကြောင့်,
ကျင်သန်းတစ်ယောက် အနာပေါ်ဒုတ်ကြသွားသကဲ့သို့,
နာကျင်စွာ ဒေါသထွက်၍, မျက်နှာကြီးနီရဲပြီး ကျွဲရိုင်းကြီး
တစ်ကောင် ဒေါသထွက်နေသည် အတိုင်း ရှုးရှုးရှဲရှဲနဲ့
မေနှင်းအားပြန်ပြောလိုက်ရင်း ဆိုင်ရှေ့မှထွက်သွားလေတော့သည်။
ကျင်သန်းမှာ ကညင်နှစ်ပင်ရွာ သူကြီး ဦးရွှေမောင်း၏ တစ်
ဦးတည်သောသားပင် ဖြစ်လေသည်တိုင် ဦးရွှေမောင်းတို့
အေးသလောက် သူကတော့, မိဘအရှိန်ဝှါနဲ့ ရွာထဲဆိုးသွမ်း
နေလေ၏။ ရွာသူကြီး ဦးရွှေမောင်းကလည်း တစ်ဦးတည်
သောသားလည်းဖြစ် ကျင်သန်းကို ပြောဆိုဆုံးမ၍, မရတော့တာက တစ်ကြောင်းကြောင့် ဘာမှမပြောတော့ပဲ ဒီအ
တိုင်းလွှတ်ထားလိုက်ရလေသည်။ ကညင်နှစ်ပင် ရွာလေးမှာ အိမ်ခြေ တစ်ရာနီးပါးခန့်, ရှိလေပြီး ကညင်နှစ်ပင်
ရွာဟု,ခေါ်ဆိုကြသည်အတိုင်း ရွာ၏ အဝင်ထိပ်တွင်
နှစ်ချို့ ကညင်ပင်ကြီးနှစ်ပင်မှာ ရွာအဝင်လမ်း၏ ဟိုဖက်
တစ်ပင် ဒီဖက်တစ်ပင် လမ်းကိုခွပေါက်နေကြသည်။
ရွာ၏ အဝင်၌ ရွာဦးဘုန်းကြီးကျောင်းရှိလေပြီး ရွာ၏အနောက်ဖက်တွင်လည်း ထန်းတောလေးကရှိနေလေ၏။
ထိုထန်းတောကိုပိုင်သည် ကိုအောင်ကြီးက ထန်းတောအတွင်း သူပိုင်သည် ထန်းပင်များကို သူကိုတိုင်တက်
၍,ထန်းရည်ဆိုင်လေး တစ်ဆိုင်ဖွင့်ပြီး ရောင်းချစားသောက်
လေသည်။ ကညင်နှစ်ပင် ရွာသူရွာသားများက မြို့သို့စျေး
ဝယ်တက်မည်ဆိုပါက ရွာအနောက်ဖက် လှည်းလမ်းအတုိ
င်း နွားလှည်းဖြင့် ၁၅ မိုင်ခန့် မောင်းမှ မြို့သို့ရောက်လေ၏
သို့ပေမဲ့လည်း ရွာသူရွာသားများက မဖြစ်မနေကိစ္စရှိမှသာ
မြို့သို့ စျေးဝယ်တက်သည်က များလေသည်။
အကြောင်းမှာ နွားလှည်းဖြင့် ၁၅မိုင်ခန့် သွားရသည် လှည်း
လမ်းတစ်လျှောက် ချုံနွယ်တွေ အမြောက်အများရှိလေပြီး
သူခိုး၊ဓါးမြ၊လုယက်သူတွေပေါများ၍ ပင်ဖြစ်လေ၏။
မေနှင်းရေ့……မေနှင်း,,ဘယ်သူမှမရှိကြဖူးလားဟ,ဆိုင်ထဲ
မှာ,စျေးဆိုင်ကြီး ဒီအတိုင်းပြစ်ထားပြီး ဆိုင်ထဲမှာတစ်ယောက်မှ ရှိမနေမှဖြင့်, ခိုးမဲ,သူခိုးဆို ဆိုင်ထဲက ရှိသမျှ
ပစ္စည်းတွေ ခိုးယူသွားလို့ ကုန်တာကြာပြီးပေါ့,,စျေးဆိုင်
ထဲမှာ တစ်ယောက်မှမရှိ၍, ကျွန်တော် စိတ်ပူ၍,ပြောလိုက်
ခြင်းပင်ဖြစ်လေသည်။
ဟဲ့,,နေခန့်,အသံကျယ်ကြီးနဲ့,ဘာဖြစ်နေတာလည်း ငါဗိုက်
ဆာလို့, ထမင်းခဏ အိမ်ပေါ်သွားတက်စားတာပါဟ,,
နင် ထမင်းအိမ်ပေါ်သွားစားလည်း နင်မောင်သက်ထွန်း ကို
စျေးဆိုင်လေးဘာလေး စောင့်ခိုင်းခဲ့ပေါ့ဟ,,ခုဟာကဆိုင်ထဲမှာ တစ်ယောက်မှ,မရှိတော့ သူခိုး ခိုးမယ်ဆို ကုန်တာ
ကြာပြီနင်ဆိုင် မေနှင်းရဲ့,, ဟယ်…..ဟိုကောင်သက်ထွန်း
ဆိုင်ကို ငါထမင်းစားနေလို့,ခဏစောင့်ခိုင်းထားတာ ဘယ်
ရောက်သွားပါလိမ့်,တော်တော်စိတ်ချရတယ် ငါ့မောင်
သက်ထွန်းတစ်ယောက်ကတော့, ဒါနဲ့နေခန့်, နင်ဘာလာဝယ်
တာလဲ ငါဆိုင်ကို,, ငါလား အမေက နင်ဆိုင်ကို ငါးသေတ္တာဗူးသွားဝယ်ပေး ခရမ်းချဉ်သီးနဲ့,ငရုပ်သီးစပ်စပ်လေးနဲ့ ပြန်
ချက်စားချင်လို့, ဆိုလို့ငါလာဝယ်ပေးတာဟ,, ဒါပေါ့,နေခန့်
ရဲ့, အသက်ကြီးလာတဲ့သူတွေက ဟိုဟာလေးစားချင် ဒီ
ဟာလေးစားချင်နဲ့ သူတို့ခံတွင်းတွေ့တာ စားချင်ကြတာပဲ
ငါတို့,တောင် နေ့တိုင်းဟင်းတစ်မျိုးထဲနဲ့ စားချင်ကြတာမှ,မ
ဟုတ်တာဟ,, အမလေး…. သူဆိုင်ငါးသေတ္တာဗူးလေး တစ်
ခါ လာဝယ်မိပါရဲ့, ငါကိုတရားတွေတောင် ဟောအုံးမလား
မသိပါဖူး ကဲကဲ မေနှင်း ငါကို ငါးသေတ္တာဗူးသုံးဗူးယူပေး
လိုက်ပါအရင် တော်ကြာနင့်နားမှာဆက်နေရင် နင်ဟောတဲ့
တရားတွေရပြီး ဘုန်းကြီးဝတ်ချင်စိတ် ပေါက်သွားပါအုံးမယ်ဟာ
ဟား……ဟား……ဟား…….နေခန့်,ကောင်စုတ်,,ငါကိုိနင်က
စကားများလို့,နားငြီးတယ်ပြောချင်တာပေါ့လေ ဆိုပြီး
ကျွန်တော် ကျောကုန်းအား သူလက်ဖြင့် တစ်ချက်ထုရိုက်
လိုက်ပြီး ဆိုင်ထဲသို့,ငါသေတ္တာဗူးသုံးဗူးအား သွားယူပေးပြီး
ကျွန်တော်အား ပေးသဖြင့် ကျွန်တော်လည်း ပိုက်ဆံရှင်း၍
မေနှင်းအား နုတ်ဆက်ခါအိမ်သို့,ပြန်လာခဲ့,လေသည်။
မေနှင်းနဲ့,ကျွန်တော်ဆိုသည်မှာ ကညင်နှစ်ပင်ရွာ လေးမှာ
ငယ်ငယ်ထဲက ပေါင်းသင်းလာသည် ငယ်ပေါင်းသူငယ်ချင်း
တွေပင်ဖြစ်ကြလေ၏။
မေနှင်းတစ်ယောက်တစ်နေ့၌,စျေးဆိုင်အတွက် ကုန်ပစ္စည်း
တွေလို၍, သက်ထွန်းကို သူအိမ်မှာ ရှိသည် နွားနှစ်ကောင်းနဲ့
လှည်းကိုတပ်ခိုင်းပြီး မြို့သို့,စျေးတက်ဝယ်လေ၏။
မေနှင်းတို့ မောင်နှမမှာ သူမိဘတွေပိုင်ဆိုင်တဲ့လယ်ဧက ၅ဧ
က လောက်တော့ရှိပြီး ထိုလယ်၅ဧကကို မေနှင်းမောင်ဖြစ်
သူ သက်ထွန်းက အိမ်မှာရှိတဲ့ နွားနှစ်ကောင်နှင့် လုပ်ကိုင်
လေသည်။ အားတဲ့ အချိန်တော့ သက်ထွန်းက အမဖြစ်သူ
မေနှင်းရဲ့ အိမ်ရှေ့ စျေးဆိုင်တွင် ဝိုင်းကူရောင်းပေးလေ၏။
ခုလည်း မောင်နှမနှစ်ယောက် မြို့ကို စျေးဝယ်ပြီး အပြန်
နောက်ကြ၍, ညနေစောင်းအချိန်ပင် ရောက်နေလေပြီဖြစ်
သည်။
ထို အချိန်တွင် ကျင်သန်းတို့လူတစ်စုမှာ ကိုအောင်ကြီး ထန်းတောထဲ ထန်းရည်သောက်၍ မူးပြီးပြန်အလာနဲ့တိုးလေသည်။
ကျင်သန်းတို့ လူတစ်စုဆိုသောလည်း လူကသိပ်မများပေ
ကျင်သန်း၊ထွန်းလှ၊သန်းတင်တို့ယောက်ထဲသာဖြစ်ကြ၏။
ဟား……ကျင်သန်းဟိုမှာ မင်းကြိုက်နေတဲ့,မေနှင်းနဲ့,မင်း
ယောက်ဖတော်မဲ့ သက်ထွန်းတို့ မြို့ကစျေးဝယ်ပြီး ပြန်လာ
ကြတာထင်တယ်ကွ,, ကျင်သန်းက ထန်းရည်မူးနေတဲ့
မျက်လုံးတွေဖြင့် မေနှင်းတို့ မောင်းလာသည်လှည်းအား
တစ်ချက်လှမ်းကြည့်လိုက်ပြီး မျက်နှာပေါ်တွင် ကောက်ကျ
စ် ယုတ်မာသောအပြုံးတွေဖြင့် ဟေး….ကောင်တွေ ထွန်း
လှနဲ့သန်းတင် မင်းတို့,အရမ်းချောအရမ်းလှတဲ့ ရွာရဲ့ ကွမ်း
တောင်ပန်းတောင်ကိုင် မိန်းခလေးတစ်ယောက်ကို မယူရပဲ
နဲ့ မပေါင်းချင်ကြဖူးလားကွ,,မျက်နှာပေါ်တွင် အဆီတဝင်း
ဝင်းထနေ၍ ထွန်းလှနဲ့အောင်ကြီးကို မေးလိုက်လေသည်။
မင်းဘာကိုဆိုလိုတာလည်းကျင်သန်းရာ ရှင်းရှင်းလင်းလင်း
ငါတို့,နှစ်ယောက်ကို ပြောပြစမ်းပါကွ,,
ဒီလိုလေကွာ×××××××××××××××××××××××ထွန်းလှနဲ့
သန်းတင်ရ,, ဟား…….မင်းအကြံမဆိုးဖူးပဲ ကောင်းတယ်
ကျင်သန်း ဆို၍ ယုတ်မာသောအကြံတွေဖြင့်, မေနှင်းနဲ့
သက်ထွန်းတို့လှည်းမောင်းလာသည် လမ်းရဲ့ ချုံပုတ်တစ်ခု
တွင် သုံးယောက်သား ပုန်းနေလိုက်ကြပြီး သူတိုအနား မေ
နှင်းတို့ လှည်းဖြတ်လာသောအခါ သက်ထွန်းအား တုတ်
တစ်ချောင်းဖြင့် ချုံပုတ်ထဲကနေခုန်ထွက်ပြီး ခေါင်းအားရိုက်ချ လိုက်လေ၏။
ဗြောင်း…..ခွပ်…..အား….အမှောင်ရိပ်က သန်းလာပြီးဖြစ်
သောကြောင့် ဘယ်သူဘယ်ဝှါ ရိုက်လိုက်သည်မသိပဲ
သက်ထွန်းမှာ မေ့လဲသွားလေတော့သည်။
ဟင်း…….မောင်လေး…သက်ထွန်း…..ဘာဖြစ်တာလည်း
ငါ့မောင်ကို ဘယ်သူချောင်းရိုက်တာလဲဟဲ့,, လုပ်ကြပါအုံး
မောင်လေး…..သက်ထွန်း….သက်ထွန်းမောင်လေ
အရာရာနောက်ကြကုန်ပြီ ဖြစ်သည် မေနှင်းအား ကျင်သန်း
တို့ သုံးယောက်မှာ သက်ထွန်းမေ့လဲသွားသောအခါ လှည်း
ပေါ်တက်ပြီး တစ်ယောက်တစ်ဖက် လက်ကကိုင်၍ လှည်း
ပေါ်မှ မေနှင်းအားဆွဲချလေ၏။ နင်ဘာတက်နိုင်သေးလည်း
မေနှင်း ငါကိုများ မိဘလုပ်စာထိုင်စားပြီး အရက်သောက်
ဖဲရိုက်၊ကြက်တိုက်၊လောင်းကစားလုပ်၊မိန်းမကိစ္စရှုပ်ပွေလီ
နေတဲ့ အကောင်တဲ့ ခုဘာတက်နိုင်သေလဲ မေနှင်း နင်မိန်းမ
ကိစ္စရှုပ်ပွေလီနေတယ် ဆိုတဲ့အကောင်က ခုနင်ယောက်ျား
ဖြစ်တော့မယ်မဟုတ်လား နင်မပျင်းရပါဖူးဟ,မေနှင်းရဲ့,
ငါ့အပြင် အဖော်နှစ်ယောက်ပါ ပါသေးတယ်ဟား……ဟား..
ဟား……ဟင်…ကျင်သန်း…ကျင်သန်း…နင်..နင်..တို့,ငါကို
မယုတ်မာနဲ့နော်, ငါတောင်းပန်ပါတယ်ကျင်သန်းရယ် ငါကို
ပြန်လွှတ်ပေးပါနော်, ငါအိမ်ပြန်ပရစေ, ခုမှလာပြောလည်း
မရတော့ဖူး မေနှင်း နင်ငါကိုပြောဆိုခဲ့တုန်းကပြောဆိုခဲ့ ပြီး
ပြီ ဟား…..ဟား……ဟား….ဟေ့…..ကောင်တွေအမြန်လုပ်
ကွ,,ဒီနားကနေ ဝေးတဲ့နေရာခေါ်သွားကြရအောင် ဒီကောင်
မကို ဟိုရောက်မှ, ငါတို့စိတ်ကြိုက် လုပ်ချင်သလိုလုပ်ကြရ
အောင် ဒီနားမှာဆက်နေရင် လူတွေ တွေ့လောက်တယ် လာ
ကွ,,ဆိုပြီးမေနှင်းအား ဆွဲခေါ်သွားကြ၍, ကျင်သန်းတို့ သုံး
ယောက်မှာ ယုတ်မာကောက်ကျစ်စွာ မေနှင်းအားပြုမူ
လိုက်ကြလေ၏။ မေနှင်းအမျိုးမျိုးတောင်းပန်သောလည်း
မရကြတော့ပေ တနှာရမ္မက်မီးတွေ ကျွမ်းလောင်နေကြပြီ
ဖြစ်သောကြောင့် တားလို့တောင်းပန်လို့မရတောပေ။
ကျင်သန်းတို့ သုံးယောက်မှာ မေနှင်းအားအသံထွက်ပြီး
အော်ဟစ်အကူညီတောင်းမည် စိုးရိမ်သောကြောင့် မေနှင်း
အား ပါးစပ်ကို အင်္ကျီချွတ်ပြီးလက်နဲ့ပိတ်ထား၍
ကြာလာတော့ မေနှင်းမှာ အသက်ရှုမဝတော့ပဲ ညိမ်သွားတော့မှ ဟား….ကျင်သန်း မေနှင်းအသက်မရှိတော့ဖူးကွ,
သေသွားပြီ ဘယ်လို လုပ်ကြမလည်း ဟားကွာ,,မင်းတို့
ကောင်တွေကလည်း လုပ်လိုက်မှဖြင့် အရာရာနဲ့အကြောင်း
ကြောင်းကြည့်ပဲ ကဲခုမှတော့ ငါတို့လည်း ဘာမှ မတက်နိုင်တော့ဖူး သူကိုချုံပုတ်တစ်ခုခုထဲ ဖွတ်ထားခဲ့မှ,ရမှာပေါ့ကွ,
ဆို၍,မေနှင်းအား သုံးယောက်သား ချုံပုတ်ကြီးတစ်ထဲတွင်
ဖွတ်ထားလိုက်ကြပြီး ရွာသို့ ဟန်မပျက်ပြန်လာခဲ့လေသည်
ထိုနေ့ညက ရွာသားတစ်ယောက်က သက်ထွန်းတစ်ယောက် လှည်းပေါ်ရိုက်ခံထားရသည် ဒဏ်ရာဖြင့် မေ့
လဲနေသည် ကိုတွေ့သွား၍ လှည်းကို ကိုတိုင်မောင်းပြီး
သက်ထွန်းအား သူအိမ်သို့ပြန်ပို့ပေးလေ၏။ သက်ထွန်းမိဘ
တွေမှာ သက်ထွန်းနဲ့မေနှင်းမောင်နှမနှစ်ယောက် မြို့ကိုစျေး
တက်ပြီး ပြန်အလာ မေနှင်းကပြန်ပါမလာပဲ သက်ထွန်းက
လည်း အရိုက်ခံရသည်ဒဏ်ရာဖြင့် မေ့မျောနေ၍ မေနှင်းအတွက် စိတ်ပူနေကြ၏။
သက်ထွန်းမှာ အရိုက်ခံထားရသည် ဒဏ်ရာဖြင့် တစ်ညလုံး
မေ့မျောနေပြီး နောက်နေ့မနက်ကြမှ သတိပြန်ရလာလေ၏။
သက်ထွန်း သတိရတော့, မိဘတွေက မေနှင်းအကြောင်း
ရော ဘာဖြစ်ခဲ့ကြသည်ကိုမေးကြ၍ သက်ထွန်းမှာ အကျိုး
အကြောင်း ပြောပြပြီး သူရွာနားရောက်ခါနီးမှ ချုံပုတ်တစ်
ခုအကွယ်က လူတစ်ယောက်ထွက်လာပြီး ချောင်းရိုက်သဖြင့်, အရိုက်ခံရတဲ့ ဒဏ်ရာနဲ့ပဲမေ့လဲသွားပြီးကျန်တာဘာ
မှမမှတ်မိတော့တဲ့အကြောင်းပြောတဲ့အခါ မေနှင်းမိဘတွေမှာ ရွာလူကြီး ဦးရွှေမောင်းအားခေါ်ပြီး တိုင်ပင်၍ မေနှင်းအား ညကသက်ထွန်းတို့ ချောင်းရိုက်ခံရတဲ့နေရာ
အား ရွာရှိကျွန်တော်အပါဝင် လူတွေစုကာ လိုက်လံရှာဖွေ
ကြသောအခါ သက်ထွန်းညက အရိုက်ခံရသည် နေရာနဲ့ယတော်တော်ဝေး နေရာလောက်တွင်း မေနှင်းသေနေသည်
အလောင်းအား တွေ့လိုက်ကြလေသည်။ ဟား…..ဒီမှာဟေ့
တွေ့ပြီ မေနှင်းကို အသက်တော့မရှိတော့ဖူးကွ,, ဟားကွာ
ဘယ်သူတွေက ယုတ်မာပြီးမေနှင်းကိုစော်ကားရက်စက်ပြီး
သက်ပစ်လိုက်ကြလည်းမသိဖူးကွာ,,သနားပါတယ်,ဟုတ်ပါကွာ ဘယ်လိုကောင်မျိုး မိမဆုံးမဖမဆုံးသားတွေကမေ
နှင်းကိုစော်ကားပြီးသတ်ပစ်လိုက်ကြတာလည်းမသိဖူး,
မေနှင်းသနားပါတယ်, လူတွေကအမျိုးမျိုးဝေဖန်ပြောဆိုနေကြလေသည်။
ကျွန်တော်လည်း မေနှင်းအလောင်းအားကြည့်ပြီး ရင်ထဲမှာ
ဘယ်လိုမှ မခံစားနိုင်ပဲ စိတ်မကောင်းဖြစ်မိလေ၏။
မေနှင်းကိုစော်ကားပြီး သက်ပစ်လိုက်တဲ့လူတွေကိုလည်း
ပြန်ပြီး သက်ပစ်ချင်နေမိသည်။
လူသတ်မှုဆိုတော့ မြို့ကရဲတွေကို အကြောင်းကြားပြီး စုံစ
မ်း စစ်ဆေးတာတွေ ပြုလုပ်ပြီး မေနှင်းအား မြေမြုပ်ပြီး
ရက်လည်ဆွမ်းသွပ်လုပ်ပြီး အမျှပေးဝေလိုက်ကြ၏။
မေနှင်း မိဘတွေကတော့ သူတိုသမီးအဖြစ်ကိုကြည့်ပြီး
ရင်ကြုံးမရငိုကြွေး၍ မေ့တဲ့သူမေ့ကုန်ကြလေ၏။
ရက်လည်ဆွမ်းသွပ်ပြီး သိပ်မကြာလိုက်ပါဖူး ကျင်းသန်းတို့
ှု၃ယောက်မှာ ကိုအောင်ကြီးထန်းတော တစ်နေ့ ထန်းရည်
သောက်ပြီး ဲပြန်အလာ မိုးချုပ်သွားလေသည်။
သူတို့ သက်ထွန်းကို ချောင်းရိုက်ပြီး မေနှင်းအားဆွဲခေါ်သွား
သည် နေရာရောက်တော့ ဟား……ဟေ့…ဟေ့…..ကောင်
ကျင်…..ကျင်…..သန်း ဟိုး…..ဟို….မှာ …မေနှင်း….မေနှင်း.
ဘယ်မှာလဲကွ,ထွန်းလှရ မေနှင်းကငါတို့ သက်လို့ သေသွား
ပြီပဲ မင်းထန်းရည်မူးပြီး ထင်မိထင်ရာထင်နေတာဖြစ်မယ်
မဟုတ်……မဟုတ်…..ဖူး…ကွ……ဟို…..ဟို….မှာ….ကြည့်
လိုက်….ကျင်သန်းလှမ်းကြည့်လိုက်သောအခါ မေနှင်းမှာ
သူတို့စော်ကားပြီးသတ်ပစ်လိုက်ကြသည် နေ့ကဝတ်ထား
သည် အဝတ်စားနဲ့ပင် ကျင်းသန်းတို့ သုံးယောက်အား
မကျေနပ်ပဲ ဒေါသထွက်နေသောအကြည့်ဖြစ်ကြည့်နေလေ၏။
အော်……မေနှင်းနင်ကလူဘဝမှာတုန်းက ငါတို့စော်ကားပြီး
သတ်လိုက်တာအားမရလို့, ခုသရဲဘဝနဲ့တစ်ခါ ပြန်လာတာလား…ဟား……ဟား….ဟား……ကျင်သန်းကထန်း
ရည်မူးပြီး မေနှင်းအားမကြောက်သည်အပြင် ပြန်ပြောလို
က်လေသည်။
ဟီး…..ဟီး…..ဟီး……ခစ်……ခစ်……ခစ်……ကျင်သန်း နင်
တို့ကငါကို သရဲဘဝနဲ့တောင်စော်ကားချင်နေကြတယ်ပေါ့
လေ လာလေနင်တို့သုံးယောက် နင်တို့,သုံးယောက်ကို ငါ
ဘယ်တော့မှမကျေနပ်ဖူးဟဲ့,ငါသေသလိုမျိုးနင်တို့ သုံးယောက်လုံး သေစေရမယ် လာခဲ့လေဟား……ဟား…..
ဟား…..ဆိုပြီး ကျင်သန်းတို့သုံးရောက်နားရောက်လာလေ၏။
ပြေး……ပြေး….ပြေး…..ကျင်သန်း…..သူကသရဲဖြစ်နေပြီ
ပြေး….ဘယ်လိုပင်ပြေးသောလည်း မေနှင်းကသူတို့ ရှေ့က
နေ ကြိုကြိုရောက်နေ၍,ငါ…..ငါ……ငါ….တို့….တို့……ကို
မသက်ပါနဲ့,မေနှင်းရယ် ငါတို့နင့်အပေါ်မှားခဲ့ပါတယ် ငါတို့
သုံးယောက်လုံး နင်ကိုတောင်းပန်ပါတယ် ခွင့်လွှတ်ပေးပါ
ဟာ,.ဟား…..ဟား…..ခစ်….ခစ်……ခစ်…..နင်တို့အလှည့်
ကျမှခုလို တောင်းပန်လို့ ငါကခွင့်လွှတ်ပေးရမှာလား ဘယ်
တော့မှနင့်တို့ကို ခွင့်မလွှတ်ဖူးဟေ့….ငါတုန်ကရောနင့်တို့ကို
တောင်းပန်တာရလို့လား,သေပေတော့ လူယုတ်မာတွေ,နှမသားချင်းကိုယ်ချင်းမစာတာ ဆို၍,ကျင်သန်းတို့
သုံးယောက်အား လည်ပင်းတွေကိုညှစ်ခါ သတ်ပစ်လိုက်
လေ၏။ အစ်…အစ.်…..အစ်……အ…..အ…..အ…..အား….
အား….အား…..ကျင်သန်းတို့ သုံးယောက်မှာ မျက်လုံးကြီး
တွေ အပြင်သို့ ပြူးထွက်ပြီး လျှာကြီးတွေထွက်ကာ ညိမ်
သက်၍ သေသွားလေတော့သည်။ ကျင်သန်းတို့ သုံးယောက် သေသွားမှ မေနှင်းမှာ ကျေနပ်အားရပြီး ပျောက်
သွားလေသည်။
ထိုနေ့ညက ကျင်သန်းတို့သုံးယောက် သေနေတဲ့အလောင်းတွေကို ရွာသားတစ်ယောက်က တွေ့သဖြင့် သူကြီးဦးရွှေ
မောင်းအား အပြေးလာပြောပြီး ရွာထဲလူငယ်များစုခါ
ကျင်သန်းတို့ သေနေတဲ့ နေရာအားသွားရောက်ကြည့်ကြ
သော်အခါ ဟား…..ကျင်သန်းတိုိ့ုကို ဘယ်သူသတ်သွားတာ
လည်း မသိဖူးကွ, သုံးယောက်လုံးက လည်ပင်မှာအညှစ်ခံ
ထားရတဲ့ ဒဏ်ရာကြီးတွေနဲ့ မျက်စိတွေကလည်းအပြင်ကို
ပြူးထွက်နေပြီး လျှာကြီးတွေကလည်းအပြင်ကိုတစ်ထောင်လောက် ထွက်ပြီးသေနေတာကွ,,
လူတွေဆိုတာနည်းနည်းလေး ပိုပြောလိုက်ရမှဗျ,သေနေတာလျှာကြီးကို အပြင်တစ်ထောင်လောက်ကြီးတော့
မထွက်လောက်ပါဖူးဗျာ,, လူသတ်မှုဆိုတော့ရဲတွေအလုပ်
ရှုပ်ကြပြန်ပြီပေါ့ဗျာ,ဟိုတစ်လောကမှ,မေနှင်းတစ်ယောက်
သူများ စော်ကားပြီးသတ်လို့သေထားတာမှမကြာသေးဖူး
အခု လူသုံးယောက်လုံး သေတဲ့အမှုဆိုတော့ လည်းရဲတွေ
ခေါင်းစားနေရပြီပေါ့ဗျာ,,မကြာပါဖူး ကျင်သန်းတုိ့သုံးယောက်သေပြီး နောက်တစ်နေတော့ ရွာထဲကလူအဒေါ်ကြီး
တစ်ယောက်ကို မေနှင်းဝင်ပူးပြီး ပြန်ပြောပပြာလေရော
ဟဲ့……ကျင်သန်း…..တို့…သုံးယောက်ကို…သတ်ပစ်လိုက်
တာ ငါသတ်လိုက်တာဟဲ့,,ခုဝင်ပူးပြီးပြောနေတာ ဘယ်သူ
များလည်း မေနှင်းကျမ မေနှင်း…..အဟင့်…..အဟင့်….
ဟီး…..ဟီး…အီး…အဟင့်…ဟင့်….ဝင်ပူးရင်ငိုနေလေ၏
ကျင်သန်းတုိ့ သုံးယောက်ကဘာအပြစ်တွေလုပ်ထားလုိ့
မေနှင်းက သတ်ပစ်လိုက်တာလည်း သူတို့……သူတို့…..က..
ကျမ..ာ..ကျမ….ကို ကျမနဲ့ကျမမောင်လေးသက်ထွန်း မြို့
ကိုစျေးသွားဝယ်ပြီး အပြန်လာမိုးချုပ်ခါနီး ကျမမောင်လေးသက်ထွန်းကို မေ့သွားအောင်ချောင်းရိုက်ပြီး ကျမကို
အဟင့်……အဟင့်……ဟီး….ကျမကိုသုံးယောက်စလုံး
စော်ကားပြီး သတ်ပစ်လိုက်ကြတယ် ဒါကြောင့် ကျမသူတိုိ့
ကိုမကျေနပ်လုိ့ ပြန်လက်စားချေတာ ဒါဆိုသေပြီးတဲ့နော
က်မေနှင်းက ဘာလို့ခုလိုဝင်ပူးပြီး ကျင်သန်းတုိ့ သုံးယောက်
မေနှင်းကိုသတ်တယ်ဆိုတာ ဘာလို့မပြောလဲ ကျမပြော
လိုက်ရင် သူတို့ထောင်ပဲကျမှာလေ ကျမသူတို့သုံးယောက်
ကို ထောင်ကျယုံလောက်နဲ့ မကျေနပ်နိုင်ဖူး ဒါကြောင့်
အခွင့်ရေးရတုန်း ကျမသူတို့ကိုသတ်ပစ်လိုက်တာ ဟား…
ယုတ်မာလိုက်တဲ့အကောင်တွေကွာ ကိုယ့်ရွာသားအချင်းချင်း လုပ်ရပ်တယ် ဒီကောင်တွေကို ငါတို့လက်နဲ့သတ်ပစ်
လိုက်ရမှာကွ,ဟိုကောင် ကျင်သန်းကလည်း သူအဖေရွာသူ
ကြီးဦးရွှေမောင် မျက်နှာတောင်မထောက်ဖူး လုပ်ရက်တယ်
တစ်ယောက်တစ်မျိုး အမျိုးမျိုးဝိုင်းပြောနေကြတာပါပဲ
သေတဲ့သူကသေသွားပြီးဆိုတော့ ဘာမှမတက်နိုင်တော့ဖူး
လေ မေနှင်းဝင်ပူးပြီးပြောမှ ကညင်နှစ်ပင်ရွာသားတွေအား
လုံးမေနှင်းသေတာ ဘယ်သူကြောင့်ဆိုတာ သိသွားကြတာပေါ့ဗျာ,မေနှငိးကိုသူမိဘတွေကနောက်ထပ် အလှူလုပ်
ဆွမ်းသွပ်ပေးပြီး အမျှထပ်ဝေပေးလိုက်ကြတာပါပေါ့ဗျာ
ကျွနိတော်လည်း ကျွန်တော်သူငယ်ချင်းမေနှင်းအတွက်
စိတ်မကောင်းအရမ်းဖြစ်မိရတာပေါ့,ဗျာ နောင်ဘဝသာ
လူပြန်ဖ်ြစ်ခဲ့မယ်ဆိုရင် ခုလိုအဖြစ်မျိုးနဲ့မြုကုံပါစေနဲ့လုိ့ မေ
နှင်းအတွက် စိတ်ထဲကဆုတောင်းပေးနေမိတယ်
ပြီး
*ရှိုင်း*
*စာရေးဆရာအပေါင်းအားအထူးလေးစားလျှက်*
*၉ကြိမ်မြောက်ရေးသားဖော်ပြသည်*
*ကျွန်တော်ရေးသားသည် ဒီဇာတ်လမ်းမှာအမှားများစွာ လို
အပ်ချက်များစွာ ရှိနေသေးပါသဖြင့် စာဖက်ကြည့်မိသူတွေအနေနဲ့ အမှားတွေလိုအပ်ချက်တွေကို ပြန်လည်ပြင်ဖတ်ပေးပါလို့ တောင်းပန်ပရစေ စာဖတ်သူအပေါင်းတို့
စိတ်ချမ်းသာကိုချမ်းသာနဲ့နေနိုင်ပါစေလို့ ကျွန်တော် ရှိုင်းက
ဆုတောင်းပေးလိုက်ပါတယ်*