မောင်မှိုင်းနှင့်ခန္ဓာစွဲသည့်ဖုတ်(စ/ဆုံး)
————————————
“အူးးးးးးးး!!!”
“ဆှီးးးးဆှီးးးးအူးးးးးး!!”
သန်းခေါင်ယံနောက် ရွာခွေးတစ်ချို့ တစ်ဆွီးဆွီးညည်းရင်းထ’အူးကြလေသည်။
“ဂီးးးဂီးးး!!”
ထိုအခိုက်မှာပဲ ငှက်ဆိုးတစ်ကောင်သည် တစ်ဂီးဂီးထိုးရင်း ရွာထဲပျံဝင်လာကာ ရွာလယ်ကအိမ်တစ်အိမ်ဆီနားလေသည်။
“ဂီးးးဂီးး ဖတ် ဖတ် ဖတ်!!”
ထို့နောက် ထိုအိမ်ရဲ့ ခေါင်မိုးအား အတောင်ဖြင့်တစ်ဖတ်ဖတ်ရိုက်ကာ ပြင်းပြင်းထန်ထန်ထိုးလေရာ
“အမလေး ဘုရား အနိစ္စ ဘုရားဘုရား ဘာသံတွေလဲဟဲ့!!”
ထိုအိမ်မှအိမ်ရှင်အမယ်အိုကြီးသည် နားမချမ်းသာစွာနိုးထလာရလေတော့သည်။
“အမလေး မကောင်းလိုက်တဲ့နိမိတ်!!”
ဆိုကာ ဘုရားစင်မှသောက်တော်ရေအားယူ၍ အိမ်ပြင်ထွက်ကာ ငှက်ဆိုးထိုးနေသောခေါင်နေရာအားမှန်းဆ’ပြီးသောက်တော်ရေနှင့်ဗျန်းကနဲ့နေအောင်ပက်လိုက်မှ
“ဂီး ဂီး ဖလပ် ဖလပ် ဖလပ်!!”
ဘုရားရေကြောင့်ပဲလား လန့်ဖျန့်သွား၍ပဲလားမသိ ညဉ့်ငှက်ဆိုးသညိအနောက်ဘက်ရိုးမဆီသို့ ထပျံသွားခဲ့လေသည်။
အမယ်ကြီးလည်း ပျံထွက်သွားသော ညဉ့်ငှက်ဆိုးရဲ့အော်သံအားနားစွန့်ရင်း ဝေးသွားတာသိလိုက်မှသက်ပြင်းမောတို့အားချကာ အိမ်ထဲသို့ဝင်ဖို့ ပြန်လှည့်စဉ်
“အမလေး မူး မူးလိုက်ဘာဘိ !!”
ခေါင်းတို့ရုတ်တရက်မူးလာကာဝရံတာလက်ရမ်းကိုမှီကိုင်လိုက်စဉ်ဝရံတာလက်ရမ်းသည် နှစ်တန်သည် ရာသီဉတုဒဏ်အားခံခဲ့ရသည်မို့ဆွေးမြေ့နေဟန် ဖျောင်းကနဲ့ကျိုးကာလူကော လက်ရမ်းကောအောက်သို့ပြုတ်ကျသွားလေသည်။
“အိ အာ့ အာ့ အာ့!!”
မြေပြင်တွင်တော့ အမယ်ကြီးသည် တစ်အိအိညည်းရင်းပက်လက်ကလေးငြိမ်သက်သွားလေပြီ။
ခဏအကြာ သူမဘေးပတ်လည်သလင်းပြင်သည် သွေးတို့ ဖြိုင်းကနဲ့နေအောင်စိုစိုရွဲသွားခဲ့သည်။
********
နံနက်ငါးနာရီဝန်းကျင်၌ …………….။
“ပဲပြုတ်ပူပူလေးးး ေဟာ့ဒီကပဲပြုတ်းးးးးးးးး!!
ရေငန်ခေါ် အောက်ပြည်အောက်ရပ် ဇနပုဒ်ရွာလေး၌ ပဲပြုတ်သည် ဒေါ်ထားရီရဲ့ ဈေးခေါ်သံသည် ဆာဆာ’ ဆာဆာနှင့် ပေါ်ထွက်လာခဲ့လေသည်။
ဒါသည် ပုံမှန်မြင်တွေ့ကြားနေရသည့် နေ့တဓူဝ လှုပ်ရှားမှုတစ်ခုသာ။
သူမအော်သံနောက်တွင်တော့ ရွာသူရွာသားတို့ နံနက်စာအတွက် ရှိတာနှင့် နွှေးနှောစားပြီး လှည်းနွားေကာက်ကာလယ်ယာကိုင်းတောတွေထဲဝင်ကြရလေသည်။
“ပဲပြုတ်သည် ပဲပြုတ်ပူပူလေးးး!!”
ဒီကနေ့တွင်လည်း ဒေါ်ထားရီတစ်ယောက် ရွာလယ်လမ်းအတိုင်း ပဲပြုတ်တောင်းခေါင်းရွာကာ တစ်အိမ်ဝင်တစ်အိမ်ထွက်ပဲပြုတ်လိုက်လံရောင်းရင်း ရွာလယ်သို့ရောက်လာခဲ့လေသည်။
ရွာလယ်လမ်းကအမယ်ကြီးဘွားဒွေးခင်အိမ်ရှေ့အရောက်
“တော့် အရီးဒွေးခင်ရေး ပဲပြုတ်ပါတော့!!!”
သူမရဲ့ဖောက်သည် ဒွေးခင်အား ပဲပြုတ်ရောင်းဖို့ရန် ခြံတံခါးတွင်မေးတင်ရင်း ဈေးတောင်းရွတ်လျက်က ခေါ်လိုက်သည်။
သို့သော်အချိန်တစ်ခုထိတိုင် တံခါးပွင့်နေသောအိမ်ထဲမှမည်သည့်အသံမှပြန်မလာ။
‘အလို ဒွေးလေး နေမှမကောင်းလို့လား’တွေးရင်း ထပ်မံခေါ်ဖို့ဟန်အပြင်
“ဟင်!!”
အိမ်ရှေ့သလင်းပြင်ဆီသို့အကြည့်အရောက် ပါးစပ်အဟောင်းသားဖြစ်သွားခဲ့လေသည်။
ခြံတံခါးအားအလောတကြီးပဲတွန်းဖွင့်လိုက်ကာ ထိုနေရာဆီပြေးသွားလိုက်သည်။
“အမလေး ဘုန်း!!”
မြင်လိုက်ရသည့်မြင်ကွင်းအတွက်သူမရဲ့လန့်ထိတ်မှုနောက် ပဲပြုတ်တောင်းလေးသည် မြေပြင်ေပါ်သို့ ဒလိမ့်ကောက်ကွေးလိမ့်သွားခဲ့လေသည်။
အထဲက ပဲပြုတ်တို့ကတော့ သဲပြင်ပေါ် ပြန့်ကျဲလျက်………..။
” အ အ အရီးဒွေးခင်းး!!!”
ပဲပြုတ်သည် ဒေါ်ထားရီရဲ့ ထိတ်လန့်တကြားအော်လိုက်သံသည်
ရေငန်ရွာလယ်ကျောတစ်ခွင်ပြဲပြဲစင်သွားခဲ့လေပြီ။
—————
ရေငန်ရွာတွင် အသုဘတစ်ခုပြုလုပ်လျက်ရှိလေသည်။
“နှောင်း ဝေးဝေး!!”
“နှောင်း ဝေးဝေး!!”
အသုဘချ ကြေးစည်သံသည် ရွာလယ်လမ်းတစ်လျှောက် မှန်မှန်ထွက်ပေါ်လျက်ရှိလေသည်။
“မိုးကြီးရေ သက်လှိုင်ရေ ဖြည်းဖြည်းလျှောက်ဟ ရှေ့ကြည့်လျှောက်!!”
“ဟုတ်ဟုတ်ဘအေးထွေး!!”
ရွာလယ်လမ်းအတိုင်း အခေါင်းကြီးထမ်းကာ ရွာပြင်သုသာန်သိူ့ဖြည်းဖြည်းချင်းသယ်နေကြလေသည်။
အခေါင်းထမ်းစဉ် လမ်းတစ်လျှောက်၌ အမှားတစ်စုံတစ်ခုဖြစ်မည်စိုး၍ ရပ်ဖကြီး ဘအေးထွေးက လိုက်လံစီမံနေလေသည်။
လိုက်ပါသူ ရေငန်ရွာသူရွာသားတို့ မျက်နှာထက်တွင်ဝမ်းနည်းရိပ်တို့အား အတိုင်းသားမြင်နေရသည်။
အခေါင်းပေါ်တွင်တော့
‘ဒေါ် ဒွေးခင်
အသက်(၇၈)နှစ်’
ဟူသည့် အသုဘရဲ့အမည်အား တရုတ်စာရွက်နီများဖြင့် ဖြတ်ညှပ်ပံုဖော်ထားလေသည်။
အသုဘရှင်ကိုကားမတွေ့ရပေ။
တစ်ရွာလုံးကိုယ်ထူကိုယ်ထဖြင့် အသုဘအားစီစဉ်ခဲ့ကြခြင်းပင်။
ဘာလို့ဆို ဘွားဒွေးခင်ဟူသည်ကား အပျိုကြီးဘဝဖြင့် အရိုးထုတ်သွားသူမို့ သားသမီးမရှိ။
ဆွေမျိုးသားချင်းတွေကလည်းတစ်ရပ်တစ်ကျေးတွေမှချည်းပဲမို့ အစိမ်းသေဖြစ်သည့် အလောင်းအားရက်ရှည်မထားကောင်းသည့်နည်းတူ ဆွေမျိုးစောင့်ဖို့တစ်ရက်ထားကာ ချက်ချင်းပဲမြေချဖို့စီစဉ်ခဲ့ကြခြင်းပင်။
ခုတော့အသုဘလူတန်းကြီးသည် ရွာပြင်ကသုသာန်ဆီ တစ်ရွေ့ရွေ့သွားနေကြချေပြီ။
ထိုအခိုက်
“အ အ အ ဖလပ် ဖလပ်!!”
ကောင်းကင်တွင်ရုတ်တရက်ကျီးတို့ပြိုကြလေရာ
“ဟယ်တော် ဖွီးဟဲ့ ဖွဟဲ့ ဒီလိုအချိန်ကြီးမှ!!”
“အေးဟယ် ဘယ်လိုနိမိတ်ကြီးလည်း!!”။
“အမလေး ဘုရားဘုရား !!”
အသုဘရှုရေငန်ရွာသားတို့ ရေငန်ရွာကောင်းကင်ထက်တွင်ပြိုနေကြသောကျီးတို့အားကြည့်ကာ မျက်စိမျက်နှာပျက်ကုန်ကြလေသည်။
“အဟမ်း!!”
ရေငန်ရွာသူကြီး ဦးဖိုးထူးလည်း အလန့်လန့်အထိတ်ထိတ်နှင့် တုံ့ဆိုင်းနေကြသော အသုဘတန်းအားလှည့်ကြည့်ရင်း နီးကပ်လာသောအပုပ်ပိုင်းအချိန်ကိုဆကာ ဒီအတိုင်းဆိုမဖြစ်ပြီမို့
“ကဲကဲဘာမှ အယူတွေသီးမနေကြလင့် အကြောင်းတိုက်ဆိုင်တာပါဟ ကဲမိုးကြီး သက်လှိုင် ရပ်မနေနဲ့ဟ မှန်မှန်တာလျှောက်ခဲ့ချည်!!”ဟုသာ အလွယ်ပြောရင်း မျက်နှာမကောင်းစွာရှေ့ကဦးဆောင်သွားလိုက်သည်။
“ဟုတ်ကဲ့သူကြီး!!”
နောက်မှရွာသားတစ်စုလည်း အလန့်လန့်အထိတ်ထိတ်နှင့် ခရီးဆက်ကြလေသည်။
ဒီလိုနှင့်ဆက်လက်ချီတက်လာကြစဉ်
“ဖူးးးးးးဖတ်ဖတ်ဖတ်!!”
ခရီးဆက်လို့မှမကြာသေး ရွာလယ်လမ်းဘေး ထီကရုန်းေတာထဲမှရှူး ခနဲ့အသံပြုသံကြောင့်အားလုံး တုံ့ကနဲ့ရပ်သွားရပြန်သည်။
“ဘာကောင်ပါလိမ့်မလဲ!!”
ဟူ၍စူးစမ်းမိကြသည်။
“ရှူးးးးဖတ် ဖတ် ဖတ်!!”
ဟော ခြုံအကွယ်ကထွက်လာပါပြီ………..။
“အမလေး!!”
“ဟာ!!”
“အလို!!”
“ကျွဲ ကျွဲကြီးတော်!!”
နှာမှုတ်ကာ နားရွက်တစ်ဖတ်ဖတ်ခတ်ရင်း ရန်ဆောင်နေတာ မဲမဲပြောင်ပြောင် ကျွဲကြီးတစ်ကောင်ပါလား??”
“ဟိတ်ကောင်တွေ ဘယ်သူ့ကျွဲလဲကွ ကျွဲအရှင်သွားဆွဲချည်စမ်း အသုဘ’ရွာထဲမရပ်ကောင်းပါဘူးဆိုနေမှ ခိုက်ကုန်တော့မယ်!!”
သူကြီးရဲ့အော်သံနောက်
“ဒါဒါကျတော့ကျွဲပါသူကြီး အိမ်မှာအသေအချာချည်ထားခဲ့တာကိုဘယ်လိုကြောင့်လွတ်လာရတာလဲ!!”
အသုဘချသည့်အဖွဲ့ထဲမှရွာသားတစ်ဦးထွက်လာကာကျွဲကြီးအားတုတ်ဖြင့်ကောက်ကာမောင်းလေမှ သတိဝင်လာဟန်ရှိသည့် ကျွဲကြီးသည် နောက်ဆုတ်ကာ ပြေးလေသည်။
ထို့အတူ အနောက်ဘက်ရိုးမတောကြီးအားမေးတင်နေသော သူရိန်နေမင်းကြီးသည်လည်း ဆုန့်ဆုန့်မြုပ်သွားပါပကော………..။
ဤသို့ဖြင့် အသုဘသည် အပုပ်ပိုင်းအချိန်တွင်ရွာပြင်သုသာန်ဆီသို့ ခက်ခဲစွာရောက်ရှိခဲ့တော့သည်။
သုသာန်သို့ရောက်ချိန် မှောင်ရီလာသောအပုပ်ပိုင်းအချိန်ကြောင့် အလောင်းကောင်အား အပမှီလာမည်စိုးရွံ့ကြကာ ကသောကမျောပဲ ချလိုက်ကြလေတော့သည်။
ထိုအချိန်တွင်
“ကျီး တောက် တောက် တောက်!!”
အကြောင်းတိုက်ဆိုင်စွာဘဲ အသုဘမြေကျင်းအနီးတွင် ရှိသော လက်ပံပင်ပေါ်မှဇီးကွက်တစ်ကောင်သည် အလန့်တကြားပဲ မြည်သံပြုရင်းထပျံပြေးလေသည်။
သူတို့မသိလိုက်သည်က…………….။
———————–
ဤသို့ဖြင့်အမယ်ကြီးဒွေးခင်အသုဘချပြီးတစ်ပတ်ခန့်အကြာ လပြည့်ည၌………….။
“အူး အူးးးးးးးး!!!”
ရေငန်ရွာတွင် ခွေးအူသံတို့ ဆူညံလျက်ရှိလေသည်။
အလွန်ပဲညံစည်လှလေရာ ရွာသားတစ်ချို့နိုးကုန်ကြလေတော့သည်။
ထိုအခိုက်
‘ရှပ်ရှပ်ရှပ်’
“ကို ကိုဖိုးပိန် ခြေသံကြားလား!!”
“အေးကြားတယ် ငြိမ်းနွယ်သူခိုးနေမယ် !!”
ရွာစွန်ကကိုဖိုးပိန် မငြိမ်နွယ်တို့ခြံထဲတွင် ခြေသံတစ်သံအားကြားလိုက်ရသဖြင့် လင်မယားနှစ်ယောက် နိုးနိုးကြားကြားဖြစ်သွားသည်။
“အိ အိ အိ!!”အိမ်ကခွေးမကြီး ဂျမ်းပုံသည် ဘာကောင်တွေ့၍ပဲမသိ တစ်အိအိညည်းရင်း အိမ်အောက်သို့ ပြေးးဝင်လာသည်။
လင်မယားနှစ်ယောက်သည် ခွေးပင်မဟောင်ဝံ့သောခြေသံရှင်ကြောင့် တစ်ဦးမျက်နှာတစ်ဦးကြည့်ကာ ခေါင်းနားပန်းတို့ကြီးကုန်သည်။’သာမန်သူခိုးမှဟုတ်ပါလေစ!’
သာမန်သူခိုးသာဆို ဂျမ်းပုံမလက်ချက်နဲ့ ထွက်ပြေးသွားလောက်ရောပေါ့။
“ရှပ်ရှပ်ရှပ်!!”
ခြေသံသည်တစ်ဖြည်းဖြည်းနှင့် သူတို့လင်မယားရှိရာတဲအိမ်လေးနဲ့နီးလာသဖြင့် ကိုဖိုးပိန်လည်း အိပ်ယာအောက်က ကိုင်းခုတ်ဓားအားအသာဆွဲထုတ်ရင်း ခြေသံလာရာဆီ နားစွန့်နေလိုက်သည်။
“အိ အောင့် အောင့် အောင့်!!”
သူတို့ရဲ့အိမ်အောက်မှခွေးမကြီးကလည်း တစ်အိအိတစ်အောင့်အောင့်နဲ့ ညည်းညူမာန်ဖီးရင် ထိတ်လန့်နေရှာသည်။
ခြေသံသည် သူတို့အိမ်နားကပ်လာမှပျောက်ခြင်းမလှပျောက်ကွယ်သွားလေကာ နှစ်ဦးသားဇောချွေးတို့ပြန်လည်ခေါင်းနားပန်းတို့လည်းကြီးနေကြသည်။
တစ်စကန့် တစ်မိနစ် တစ်နာရီ ………။
အချိန်တစ်ခုထိတိုင် တစ်ရှပ်ရှပ်မြည်သံသည် ပျောက်ခြင်းမလှပျောက်သွားလေရာ
လင်မယားနှစ်ယောက်ပဟေဠိအတွက် အဖြေညှိမရဖြစ်လို့နေသည်။
နောက်တစ်နာရီနှစ်နာရီခန့်လောက်အထိ ဆက်လက်စောင့်ကြည့်ကာ လေးလာသောမျက်ခွံအတွက် နှစ်ဦးသား ရဒက်မအေးစွာအိပ်စက်သွားခဲ့လေသည်။
—–+++–
တစ်ပတ်ခန့်အကြာ တစ်ခုသောညတွင်တော့
“အူးးးးအုအုအူးးးး!!”
အရင်တစ်ခါက ခွေးအူသံကြားရပြီးသည်နောက် တစ်ပတ်ခန့်အကြာအထိ ပျောက်ဆုံးနေသောခွေးအူသံသည် ထပ်မံ၍ ထွက်ပေါ်လာခဲ့ပြန်သည်။
ဒီတစ်ကြိမ်တွင်တော့ ရေငန်ရွာသားတို့ အမှုမဲ့အမှတ်မဲ့စွာအိပ်ပ
စက်နေခဲ့ကြလေသည်။
“ဖိုးပိန်းရေးးးးးး!!”
“ဖိုးပိန်းးးးးးး!!”
“ဟင်!!”
ဖိုးပိန်တစ်ယောက်အိပ်ကောင်းနေစဉ် မိမိနဲ့ကပ်လျက်ထရံဘေးမှမိမိနာမည်အားကပ်ကာခေါ်လိုက်သံအားကြားသဖြင့် လန့်နိုးသွားခဲ့သည်။
အိပ်မက်လားဘာလားမသံကွဲ။
ငြိမ်းနွယ်အားကြည့်မိစဉ်မှာတော့ တစ်ခေါခေါနဲ့နေအောင်အိပ်စက်နေသည်ဖြစ်ရာ ကယောင်ကတမ်းဖြစ်တာပါလေးတွေးရင်း မျက်လံားတို့ကမှေးစင်းလာလေသည်။
“အကိုရေ အဟင့် အကိုဖိုးပိန် လုပ်ပါဦးကယ်ပါဦးတော့ !!”
အလွန်အိပ်ကောင်းနေချိန် မိမိကဲ့နားထဲ မိန်းမလုပ်သူငြိမ်းနွယ်ရဲ့ငိုကြီးချက်မအသံအားကြားလိုက်ရကာ
“ဟေ့ဘာလဲ မိငြိမ်ရေး ဘာဖြစ်တာလဲ!!”
ဟု ကယောင်ကတမ်းထူးလိုက်မိရာ လူလည်း ရုတ်တရက် အမှောင်ထုကြီးထဲဆွဲချလိုက်သလိုခံစားလိုက်ရလေတော့သည်။
———–+++++++++
“အကိုရေ ကိုဖိုးပိန်သူတို့ကျုပ်ကို ဆွဲနေကြတယ် လုပ်ကြပါဦးအမလေး ကယ်ပါဦး!!”
“ဟေ့မိန်းမ ဘယ်မလဲအကိုလာပြီ မိန်းမရေ မိန်းမ!!”
ဖိုးပိန်တစ်ယောက် အမှောင်ထုကြီးထဲသူ့မိန်းမခေါ်သံကြားရာဆီစမ်းတစ်ဝါးဝါးနှင့် သွားလျက်ရှိလေသည်။
“အဟင့် ဟင့် လာပါ ကယ်ပါ ကိုဖိုးပိန်လာပါ အဟ့င့်!!”
တစ်နေရာအရောက် ၎င်းအားလက်ယက်ခေါ်နေသည့် မိန်း်လုပ်သူငြိမ်းနွယ်အားတွေ့လိုက်ရလေသည်။သူ့အား ဝါးတစ်ပြန်လောက်ကနေလက်ကမ်းလျက်ရှိလေသည်။
ဖိုးပိန်လည်း ဘာရယ်ညာရယ်မစဉ်းစား လက်ကမ်းနေသာငြိမ်းနွယ်ဆီအပြေးသွားကာ သူမလက်အားဖမ်းဆွဲရင်း သူမအားမိမိရဲ့ရင်ခွင်ထဲသို့ဆွဲသွင်းထားလိုက်မိလေသည်။
————-
“တန်တန် တန်တန် တန်တန်”
ရွာကင်းမှ မနက်လေးနာရီအတွက် သံချောင်းခေါက်သံကြားလိုက်ရပြီးနောက် ရေငန်ရွာသူတစ်ချို့ မိသားစုနံနက်စာအတွက်ကော ဆွမ်းတော်လောင်းလှူရန်အတွက်ပါ ထ၍ပြင်ဆင်ကြလေသည်။
ထိုအခိုက်
“အမလေး လုပ်ကြပါဦး ကျုပ်ယောက်ျားမလှုပ်တော့ဘူး လာကြပါဦးတော့!!!”
ရွာစွန်မှ မိငြိမ်းရင်ရဲ့ထိတ်လန့်တကြားအော်လိုက်သံအား စောစောစီးမဂ်လာကင်းမဲ့စွာကြားလိုက်ရလေတော့သည်။
———–++-++++++—-++++————–
ထိုနေ့က ကိုဖိုးပိန်သည် မည်သည့်ရောဂါအခံတစ်စုံတစ်ခုမှမရှိပါဘဲ ညအိပ်တော့အကောင်းကြီးကနေ နောက်တစ်နေ့နံနက်တွင် သေဆုံးလျက်သားတွေ့ရလေရာ
ရေငန်ရွာသူရွာသားတို့စိတ်ထဲ သို့လော သို့လောအတွေးဝင်မိကြလေသည်။
သေချာရေရာသည့်အဖြေတစ်စုံတစ်ရာတော့မထုတ်မိကြ။
မထုတ်မိဆို သေဆုံးရသည့်အကြောင်းအရင်းကိုမှမသိကြပဲလေး။
ကိုဖိုးပိန်မသေခင်တစ်ရက်အလိုကခွေးအူသံတွေကြားရကြောင်း ခြေသံတွေလည်းကြားရကြောင်းဆိုတာကိုတော့ တိုက်ဆိုင်မှုအနေနဲ့ ကိုဖိူးပိန်မိန်းမ မငြိမ်းနွယ်ရဲ့ပြောပြချက်အရ သိရှိခဲ့ကြလေသည်။
ဒီလိုနှင့် ကိုဖိုးပိန်သေဆုံးပြီးမေ့မေ့ပျောက်ပျောက်နေလာလိုက်တာတစ်လခန့်အကြာ လပြည့်ညတစ်ညတွင်တော့
“အူးးးး အု အု အူးးးးးးးး!!!”
ထူးဆန်းစွာပဲခွေးအူသံတို့ ထပ်မံထွက်ပေါ်လာခဲ့လေသည်။
‘မောင်မှိုင်းနှင့်ခန္ဓာစွဲသည့်ဖုတ် (၂)
——————–
‘အူးးးးး အူးးးးးးးးး!!”
“ဟခွေးအူသံတွေညံလှချည်လားလှညွှန့်ရ တို့များဝန်းခြံဘေးမှာချည်း လှည့်အူနေသလားကွယ်!!”
ရွာအရှေ့ပိုင်းကဦးဖိုးထွန်းတစ်ယောက် အိပ်ကောင်းကောင်းရှိစဉ် ဝိုင်းပြင်ကနေ တစ်စုတစ်ဖွဲ့ကြီး သံပြိုင်အူလိုက်သော ခွေးအူသံများကြောင့် အိပ်ချင်စိတ်ပြယ်ကာ မျက်လုံးတို့ပြူးကျယ်သွားရသည်။
သို့ကြောင့် ဘေးအခန်းကပ်လျက်က သားလုပ်သူလှညွန့်အား ထရံပုတ်ကာ သတိပေးလိုက်သည်။
“ဟင်!!ဟာ အဖေကလည်း ဘယ့်နှယ့်ကြောင့် ကျုပ်တို့ခြံကိုချည်း လှည့်ပတ်အူနေတာဖြစ်မလဲ။စိတ်ထဲထင့်တာနေမှာပါ အိပ်အိပ်အဖေ ခွေတွေကတော့ သူ့ဘာသာဘာဝ ဟောင်ချင်ဟောင်မယ် အူချင်အူမှာပဲ အရေးထဲထည့်မနေစမ်းပါနဲ့!”
သားလုပ်သူကလည်း ဖခင်အားအိပ်မှုန်စုန်မွှားနဲ့ ပေါ့ပေါ့ပဲခွန်းတုန့်ပြန်ကာ အိပ်ပျော်သွားပြန်လေသည်။
‘တယ် ဒီကောင် ပြောလိုက်ရင်ပေါ့တိပေါ့ပျက်နဲ့ ဟင်းးး!!’
ဦးဖိုးထွန်းတစ်ယောက် သားလုပ်သူအား ကျိတ်ငေါက်ကာ ပြူးကျယ်နေသောမျက်လုံးများကို ဇွတ်မှိတ်ရင်းအိပ်ဖိူးကြိုးစားလိုက်သည်။
ဒီလိုနှင့်တစ်ချက်ငိုက်ကနဲ့ဖြစ်စဉ်
‘ရှပ် ရှပ် ရှပ်!!’
‘ရှပ် ရှပ်!!’
သူ့နားထဲ ခြံဝိုင်းအတွင်း ခြေသံလိုလို တစ်ရှပ်ရှပ်မြည်သံအားကြားလိုက်ရစဉ် မျက်လုံးအဝိုင်းသားဖြစ်သွားသည်။
‘ဘာသံပါ လိမ့်မလဲ!!’
တွေးကာအသေအချာနားစွန့်နေလိုက်သည်။
‘ရှပ် ရှပ် ရှပ်’
“ဟေ”
ဘအေးထွန်း ရင်ထဲထိတ်သွားသည်။
‘သူခိုးသူရံဖြစ်လိမ့်မည်’ဟုတွေးကာ
“ဟိတ်ကောင် လှညွန့်းး ထ ထပါဟ!!”
ထရံသာခြားထားသော ဘေးအခန်းကသားလုပ်သူအားလေသံနှင့်နှိုးစဉ်
“သိတယ်အဖေ သိတယ် အသာနေ!!”
သားလုပ်သူကလည်း ဒါကိုသိနေသည့်ဟန် နိုးနိုးကြားကြားဖြစ်နေသည်။
“အေး သတိနဲ့နေ !!”
ဆိုကာ ထရံတွင်ထိုးထားသော ကိုင်းခုတ်ဓားမအားဆွဲနှုတ်ထားနှင့်သည်။
“ဂှီးးးဂှီးးးးးး!!”
ခဏအကြာ အိမ်ခေါင်အား ငှက်ဆိုးသည်လာထိုးပြန်ပါပေါ့……..။
“ဖွီးးဟဲ့ လွဲပါစေ ဖယ်ပါစေ!!”
ဦးဖိုးထွန်းတစ်ယောက် အလန့်လန့်အထိတ်ထိတ်ဖြစ်လာသည်။
“ဘုန်း ဘုန်း ဘုန်း ! ရှပ်ရှပ်ရှပ်!!”
ခဏအကြာခြေသံနှင့်အတူ တဲပတ်ပတ်လည်ရှိ ထရံအား ပုတ်ကာပြေးနေသည့်အသံအားကြားလိုက်ရတော့သည်။
“ဂှီးးးးးးဂှီးးးးးး!!!!”
အိမ်ခေါင်မှ ငှက်ဆိုးကလည်း အော်ကာအော်ကာထိုးနေရာ
,”အူးးးးးး အူးးးးးးးးး!!!”
ခွေးတွေကလည်း ဦးဖိုးထွန်းအိမ်အား အဆက်မပျက် အူရင်း ပတ်နေလေရာ
“အို မြတ်စွာဘုရား ဘုရား ဘုရား!!”
“ရွှတ်!!”
ဦးဖိုးထွန်းသည် လက်ထဲကကိုင်းခုတ်ဓားမတိုအား ပြန်ချကာ ခေါင်းရင်းတိုင်ထက်ရှိဘုရားစင်ပေါ်မှ ပရိတ်ရေအိုးလေအား ယူလိုက်ရတော့သည်။
ဒါသည် တုတ်နဲ့ဓားနဲ့ဖြေရှင်းလို့ရမဲ့အရာမဟုတ်ဖူးဆိုတာ ဖိုးထွန်းကောင်းကောင်းသဘောပေါက်လိုက်သည်။သူခိုးမဟုတ်တာသေချာနေပြီလေး။
“တယ် ဘာကောင်လဲဟ!!”
ထိုအချိန်ဖိုးထွန်းသား လှညွန့်တစ်ယောက်လူငယ်ပီပီ သိပ်ပြီးအယူမရှိလှရာ အိပ်ခန်းထဲမှထွက်ကာ ဖခင်ချထားသော ကိုင်းခုတ်ဓားမတိုအားပြေးကောက်၍ တဲပြင်ထွက်သွားလေသည်။
“ဟာ ဟေ့ကောင်လှညွန့် ရပ် အခုရပ်!!”
ဘအေးဖိုးထွန်းဘယ်လိုပဲတားပါစေ လှညွန့်ကတော့ တဲပြင်ရောက်သွားပါပြီ။
“ဘာကောင်တွေလဲ လာရဲလာစမ်း အကုန်ခုတ်သတ်ပစ်မယ် မိုက်ရင်လာခဲ့ လာခဲ့ကွ ကျား!!!! ဝှစ် ဝှစ်!!”
တဲပြင်တွင်တော့ မဲမဲ မဲမဲနှင့် ဝိုင်းခြံထဲ ပတ်ပြေးနေသောအရိပ်များ။
“ကျား ဝှစ် ဝှစ်!!”
အရိပ်မဲများသည် ခြံထဲတွင် ဟိုဟိုဒီဒီ ပြေးနေရာမှ လှညွန့်ထွက်လာသောအခါ လှညွန့်အားဝိုင်းကြီးပတ်ပတ်လှည့်နေရာလှညွန့်ကလည်း ကပ်လာသမျှအရိပ်မဲတွေအား မျက်စိမှိတ်ကာ ခုတ်နေလေသည်။
“ဟေးဟေး ဟီး ဟီး!!”
ထိုအချိန် ကြောက်စရာမျက်နှာနှင့် အကောင်ကြီးတစ်ကောင်ပြေးဝင်လာပြန်လေရာ လှညွန့်တစ်ယောက် အံကိုတင်းတင်းကျိတ်ရင်း ထိုအကောင်၏ဦးခေါင်းနေရာတည့်တည့်အား ဆီး၍အားကုန်ခုတ်လိုက်လေတော့သည်။
“အားးးးးးးးး!!!!”
ထိုအချိန် ရေငန်ရွာတွင်း၌ အာခေါင်ခြစ်ကာ အော်လိုက်လေသည့် အသံတစ်သံအားကြားလိုက်ရလေတော့သည်။
———–
“ဟဲ့ ဟဲ့ ဘာသံတွေလဲဟဲ့ထထကိုထွန်းရင် ထတော့!!”
“အမလေး ဘုရားဘုရား ဘာေတွဖြစ်ကုန်တာလဲ !!”
“ဘယ်ကတုန်းဟဲ့ ဘယ်ကတုန်း!!”
ရေငန်ရွာအတွင်းမှ ရွာသူရွာသားတို့ မီးအိမ်မီးခွက် ဓါတ်မီးကိုယ်စီဆွဲကာဝိုင်းခြံအပြင်ထွက်လာခဲ့လေသည်။
“ရွာရှေ့ပိုင်းကဟေးးးး!!”
“ဟုတ်ကဲ့လား သွားကြရအောင်ဟေ့!!”
ရွာသူရွာသားတို့ ရွာအရှေ့ပိုင်းဆီပြေးကြလေပြီ။
“ဦးဖိုးထွန်းတို့ဝိုင်းကဟေ့!!”
“လာကြပါဉီးတော် လုပ်ကြပါဦး အမလေး လေးးးးးသေပြီ သေကုန်ပါပြီတော့!!”
ဦးဖိုးထွန်းဝိုင်းနှင့်ကပ်လျက်ဝိုင်းက အမေကြီးဒေါ်စိန်ဖွေးသည် ဘာကိုတွေ့လို့ဘာဖြစ်တယ်မသိ ဦးဖိုးထွန်းဝိုင်းဘက်ကြည့်ကာ အရပ်ကယ်ပါ လူဝိုင်းပါလုပ်နေသည်။
“ကဲဟ မင်းကဘာတုန်း ကဲဟ ရွှတ် ရွှတ် ရွှတ်!!”
ဦးဖိုးထွန်းသားလှညွန့်သည် တစ်ခုခုအားဓားမတိုဖြင့်သဲကြီးမဲကြီးခုတ်နေသည်။
“အမလေးတော့ ?!!”
ရှေ့ဆုံးမှ ဒေါ်စိန်မင်းကြီးသည် ထိုအခြင်းအရာအားမြင်ကာ တစ်ချက်တည်းမေ့လဲသွားခဲ့သည်။
“ဟာ!!”
“ကွာဖြစ်ရလေ!!”
“အမလေးဘုရားဘုရား!!”
အများတကာ ပါးစပ်သာအဟောင်းသားဖြစ်သွားရှာပေါ့။
“ဆွဲကြပါဟ ငါ့နှယ်?!”
“လုပျကွပါဦးဟ!!”
နဲ့ ကာလသားတို့ဝိုင်းဆွဲမှ လှညွန့်သည် ထိုအရာအားခုတ်နေတာရပ်တော့သည်။
“ဖယ် ဖယ် ဒင်းကိုငါသတ်မယ် ဒီသရဲကောင်ကိုငါသတ်မယ် ဖူး ဖလူးး!!”
လှညွန့်သည် သရဲစီးနေသည့်နှယ် ခုတ်မယ်ထစ်မယ်ချည်းသာ အံကျိတ်ရင်း ကျိန်းမောင်းနေသည်။
ရွာသူရွာသားတို့မျက်နှာဆို ထိုမြင်ကွင်းအားကြည့်ကာ သွေးမရှိတော့။
“ကိုင်းဟဲ့ ဘုရားဆေး တရားဆေး သံဃာဆေး အေမှာက်အဖျက်မှန်သမျှမြူတစ်မှုန်မှမကျန် အကုန်ပျောက်ဟဲ့ ဖျော အားးးးးးး!!”
တတ်သိနားလည်သူက ချက်ချင်းပဲ ဘုရားစင်ပေါ်မှ သောက်တော်ရေအားစွန့်ကာ လှညွှန့်အားပက်လိုက်လေမှ မျက်လုံးသေ မျက်စိကြောင်ကာ သွားရည်တစ်များများဖြစ်နေသောလှညွန့်တစ်ယောက် အားကနဲ့အော်၍အိပ်ယာမှနိုးထလာသောလူပမာ ယောင်နနဖြစ်သွားသည်။
ထို့နောက်မိမိရှေ့မှမြင်ကွင်းအားကြည့်ကာ လက်ထဲကသွေးများတစ်ပေါက်ပေါက်ကျနေသောဓားမတိုအားအကြည့်ရောက်သွားချိန် အရာရာအားနားလည်လိုက်လေသည်။
“ရွှမ်!!”
လက်ထဲကဓားမတိုသည် လက်ထဲမှ အထိန်းအကွပ်မဲ့စွာလွတ်ကျသွားသည်။
“ဟင့်အင်း မဟုတ်ဘူး မဟုတ်ဘူး!!”
မယုံကြည်နိုက်စွာခေါင်းအားတွင်တွင်ခါရမ်းနေလေသည်။
မျက်ရည်များပိုးပိုးပေါက်ပေါက်ကျလာကာ ယူကျုံးမရ ဝမ်းနည်းလိုက်သည့်ဖြစ်ခြင်း။
“ဟင့် အဟင့် ရွှတ် အာ!!!”
ငိုကာရှိုက်ကာ နဲ့ ရင်ထဲတွင်အလုံးကြီးစို့တက်လို့လာခဲ့သည်။
“အဖေးးးးးးးးးးး!!!”
နာမ်စားလေးတစ်ခုအား အားကုန်အော်ရင်းလှညွန့်တစ်ယောက် အရုပ်ကြိုးပြတ် ခွေလဲကျသွားခဲ့လေသည်။
“ဟဲ့ ဟဲ့ လုပ်ကြပါဦးဟဲ့ကူကြပါဦးဟဲ့ အီးဟီးဟီး တို့ရွာကြီးဘာတွေဖြစ်နေတာလဲဟယ် ကပ်တွေဆိုက်ပြီ ကပ်တွေဆိုက်ကုန်ပါပြီတော့!!!”
ရွာသူရွာသားတို့သည် မေ့လဲနေသော လှညွန့်အားတစ်လှည့်အသားပုံကြီးဖြစ်နေသော ဦးဖိုးထွန်းအားတစ်လှည့်ကြည့်ကာ သွေးရူးသွေးတမ်းတွေဖြစ်ကုန်ကြလေသည်။
“အေးတော် ဦးဖိုးထွန်းရယ် ဖြစ်ရလေတော့အီးဟီးးးဟင်!!!”
မိန်းမတစ်ယောက်ငိုရင်းကမိုးပေါ်သို့သတိထားကြည့်မိကာ ပါးစပ်ဟလျက်ကြီးလက်ညိုးထိုးမိသည်။
သူမလက်ညိုးထိုးရာဆီ အားလံုးသောရွာသားတို့အာရုံတို့စုပံုကျသွားကြချိန်……။
“ဟင် ဘာ ဘာကောင်တွေလဲ??”
“အမလေးမနည်းမနောပါလားရိုး”
အလွန်များပြားသောမဲမဲအရာများသည် ကောင်းကင်သို့ထိုးတက်နေကြလေသည်။
“ဝေါဝေါ ဖျောဖျော!!”
ဘယ်လောက် အရှိန်အဝါများလဲဆို လေသံတွေပင်တစ်ဝေါဝေါတစ်ဖျောေဖျာမြည်သည့်ထိပင်။
ထိုအရာတို့ကောင်းကင်သို့ထိုးတက်ကာဝုန်းကနဲ့ဆို
တစ်ရှိန်ထိုးပြိုကျကုန်သည်။
“အာ့ အာ့ အာ့!!”
“ဟင် ကျီး ကျီးတွေ အချိန်အခါမဟုတ်ပြိုကုန်ကြပါပေါ့။”
“မနေဘူး ဒီရွာမှာမနေဘူး ဒီရွာကြီးကပ်ဘေးဆိုက်ကုန်ပြီဟေ့ ကပ်ဘေးဆိုက်ကုန်ပြီ။!!”
ဆိုကာ ရေငန်ရွာသူတစ်ဦးသည် အလန့်ကြီးလန့်ကာ ကလေးလက်ဆွဲ၍ အိမ်သို့ ပြေးလေသည်။
တခြားလူတွေလည်း မျက်လုံးပြူးမျက်ဆံပြူးနှင့် မိမိတိုါအိမ်တွေဆီပြန်ပြေးကုန်ကြလေသည်။
“အူးးးးးးးးးးးအုအုအူးးးးးး!!”
ခွေးတို့သည်လည်း ပြင်းပြင်းထန်ထန်အူကြပြန်လေသည်။
သန်းခေါင်ယံကျော်ကျော် လင်းအာရုဏ်ပင်မလာသေးချိန်
အချိန်အခါမဟုတ်ကျီးတို့ပြိုကြသလို ခွေးတွေလဲအူကြလေရာ
ရေငန်ရွာသည်ကမ္ဘာပျက်နေသည့်ပမာပါတကား။
“ရော့ ဟေးးဟေးး ဝါးဟေးးဟးးး!!”
တစ်ပြိုင်တည်းမှာပဲများစွာသောအရိပ်မဲတို့ သည် တောထဲမှသည် သုသာန်ထဲမှသည် ဟိုမှသည် ဒီမှသည် အလျိုလျိုထွက်လာကြလေသည်။
“အီး အီး အီးအုအုအု!!”
ထိုအရိပ်များအားတွေ့သောအခါ အူနေကြသောခွေးတို့ အသံတိတ်ကာ အမှီးကုပ်လျက် ၎င်းတို့အိမ်တွေဆီပြန်ပြေးရင်း အိမ်အောက်ဝင်ပုန်းကုန်ကြသည်။
ရွာသားတို့လည်းဆောက်တည်ရာမရ မိမိတို့အိမ်တွေဆီပြန်ပြေးကြရင်း အိမ်တံခါးပိတ်ကာ ငြိမ်သက်နေမိကြသည်။
ဦးဖိုးထွန်းအိမ်တွင်သာ အသုဘအတွက် သတ္တိကောင်းသော ကာလသားဆယ်ယောက်လောက်ကျန်ရစ်လေသည်။
“အောက်အီးအီး အွတ်း!!!”
လင်းအာရုဏ်တက်ကာ အသူရာနေမင်းကြီးသည်
၎င်းရဲ့အလင်းဓာတ်အားထုတ်လွှတ်လိုက်ချိန်
“အီး အား ဝေါဝေါဖျောဖျော!!”
အရိပ်မဲတို့သည် နေအလင်းရောင်အားကြောက်ကြသည့်နှယ်
ဟိုချံုဝင်ဒီချုံတိုးနဲ့ဝင်ရောက်ပျောက်ကွယ်ကုန်ကြလေသည်။
ထိုအခါ ရေငန်ရွာအတွင်းကမ္ဘာပျက်နေသည့်အလားဖြစ်ပျက်နေမှုသည်လည်း ထိုအရိပ်မဲတွေနဲ့အတူပကတိတ်ဆိတ်ကာ ချုပ်ငြိမ်းသွားခဲ့လေပြီးးးးးးးးးးးးးးးး။
‘မောင်မှိုင်းနှင့်ခန္ဓာစွဲသည့်ဖုတ် (၃)သိမ်း
———-+++—+++—-
ထိုကိစ္စတွေဖြစ်ပျက်ပြီး သုံးလခန့်အကြာ တစ်ခုသော ညနေတွင် ဖြစ်သည်။
“အီး ဟင့် ဟင့် ကိုရင်သာအေးရယ် ကျုပ်ဘယ်လိုဖြေရမလဲတော့!!”
“အဖေ အဖေရေးးးးးအီးဟီးဟီး!!”
ရေငန်ရွာသုသာန်တွင်မီးခိုးတစ်လူလူနဲ့ ငိုညည်းသံတွေချည်း ကြားနေရတာ စိတ်မချမ်းသာစရာ အမဂ်လာတစ်ခုပါ။
အသုဘအားမီးရှို့ သဂြိုလ်နေခြင်းပင်။
ကျန်နေခဲ့သော အသုဘရဲ့ ဇနီးမယားနှင့် သမီးလေးသည် အူလှိုက်သဲလှိုက်ငိုနေလေရာ ကျန်သည့်သူများရင်ထဲမချိလှပေ။
“တော်ပါတော့ တိတ်ဟဲ့ မိနွယ်အေးရဲ့ သွားလေသူညည်းယောက်ျား တမလွန်ကနေ ညည်းတို့ကိုတွေ့ရင် ဘယ်စိတ်ကောင်းနိုင်မလဲ ဟယ် တိတ်တိတ်သမီး!!”
ဘေးက အသက်ကြီးကြီးမိန်းမကြီးက ထိုသားအမိအား ဖေးကာမကာ နှစ်သိမ့်နေရှာသည်။
“နှောင် ဝေဝေ!!!!”
“နှောင်ဝေ ဝေ!!”
ဟော အသုဘတစ်ခု မီးရှို့လို့မှ မပြီးသေး လူစီလူတန်းကြီးနှင့် အသုဘ နောက်တစ်ခုသည် ဝင်ရောက်လို့လာပြန်ပါသည်။
“အီးဟီးဟီး အမေရယ် ကျုပ်တို့ကိုစိတ်ချလက်ချထားခဲ့ပြီလားဗျားးးးးးး!!”
“အမရေးးးးးး!!”
အသုဘရှင်များသည် မျက်ရည်လည်ရွှဲနဲ့ ဒီကနေ့တော့ တကယ်ကို အမဂ်လာမြင်ကွင်းတစ်ခုပါတကားးးးး။
ဒီကနေ့သည် အသုဘနှစ်ခုရှိသည်။
မနေ့ကတစ်ခု။
တစ်နေ့က လေးခုတစ်ပြိုင်တည်းမီးသဂြိုလ်ခဲ့ကြသည်။
ကြောက်စရာအခြေအနေတစ်ခုပါတကား။
ရေငန်ရွာ တစ်စပြင်သည် နေ့စဉ်ရက်ဆက် မီးခိုးမပြတ်ရှိခဲ့တာ တစ်လတင်းတင်းပြည့်ခဲ့ပါပေါ့။
မြေမြှုပ်စရာနေရာလပ်သည်ကြာလျှင်ခက်ချေမည်မို့ မီးရှို့ကာ အရိုးပြာအိုးလောက်နေရာစာကိုသာတူး၍ မြှုပ်ကြရတော့သည်။
‘ခက်တော့နေချေပြီးးးးးး’
ရေငန်ရွာသူရွာသားတို့သည် အကြောင့်တစ်စုံတစ်ရာတိုက်ဆိုင်ကာ သေဆုံးနေကြတာ မနည်းမနောရှိခဲ့ပါပြီ။
ကြောက်လန့်လှသောရွာသူရွာသားအတော်များများလည်း တစ်ရွာတစ်ေကျးသို့ပြောင်းပြေးခဲ့ကြသည်မှာလည်းနေ့စဉ်ရက်ဆက်ရှိခဲ့သည်။
ခုတော့ စည်ကားလှသော ရေငန်ရွာသည် ရွာပျက်ကြီးတစ်ခုပမာဖြစ်ခဲ့ချေပြီ။
ရေငန်ရွာသူကြီးနှင့်ရပ်မိရပ်ဖတို့သည်ဘယ်လိုပဲတတ်သိနားလည်မည့်ဆရာအားရွာနီးချုပ်စပ်ပင့်ဆောင်ကာဖြေရှင်းဖို့ကြိုးစားခဲ့သော်လည်း ကောက်ရိုးထဲ အပ်ပျောက်ရှာသည့်ပမာ
ကြောင်းအရင်းကိုရှာမရပြီ။
ဒီလိုနဲ့တစ်နေ့တွင်……………….။
“ဘဲ………ရှူးးးးဒုတ်ဒုတ်ဒုတ်!!!”
ပေါ်ဦးနွား ညိုကောင်းတစ်ကောင်သည်အပ’မှီကာနှာမှုတ်၍ရွာထဲတွင်မြင်မြင်သမျှအားလိုက်လံ’ခွေ့’လေရာ နွားသခင်လည်းမနိုင်သဖြင့် တစ်ရွာလုံးပတ်ပြေးနေရလေသည်။
ရွာကာလသားတို့ကလည်း လိုက်လံထိန်းကျောင်းမောင်းနှင်လေရာ ရွာပြင်သို့ရောက်လာချိန်
“ဟိုးဟိုး မမယ်လှဖယ်ဖယ် !!”
နွာကြီးလား’ရာရွာပြင်သုသာန်အနီးရှိလမ်းလယ်ခေါင်တွင် ဟင်းရွက်ကန်စွန်းခူးရာမှပြန်လာသော မမယ်လှဆိုသူနှင့်ဆုံမိရာ
“ဘဲ ရှူးး ဂျစ်ဂျစ်!!”
မမယ်လှကိုတွေ့သောနွားကြီးညိုကောင်းသည် တုံ့ကနဲ့ရပ်ကာ
နှာမှုတ်လျက် ခွာယက်လေရာကာလသားတို့မျက်လုံးပြူးလေပြီ။
“ပြေးပြေး မမယ်လှ ပြေးပေတော့ဟေ့းးးးးးး!!”
ကာလသားတစ်ယောက်ရဲ့အော်သံနောက်
“ရှုးးးးးးခွပ် ခွပ် ခွပ်!!”
နွားကြီးသည် မမယ်လှဆီတစ်ရှိန်ထိုးပြေးဝင်လာတော့သည်။
“အမလေး ကယ်ကြပါဦးကယ်ပါဦးတော့!!”
မမယ်လှကလည်း ဟင်းရွက်ဗျက်ကလေးပစ်ချကာ မျက်စိမှိတ်လျက် အော်လေသည်။
အများအပိုင်တွက်မိတာကတော့ ‘ဒီကနေ့ အသုဘသည် မမယ်လှပင်ဖြစ်လိမ့်မည်’ဟူသတည်း။
ရွာကာလသားတို့သည်နွားကြီးအားပြေးဆွဲဖို့ဘယ်လိုမှမမှီ အပမှီနေသောနွားကြီးသည် မမယ်လှဆီသို့ ကဆုန်ပစ်ကာ ခုန်ခွေ့လိုက်ချိန်
“အမလေး ဘုရား!!”
“ဟားသေပါပြီ!!”
အများတကာအသဲတို့ လေဟာပြင်ေပါ်ပစ်မြှောက်လိုက်သလိုခံစားရကာ တစ်ချို့ကသွေးထွက်သံယိုအားမမြင်ရဲသဖြင့်မျက်စိစုံမှိတ်မိသည်။တစ်ချို့ကလည်း မမှိတ်မသုန် ပါးစပ်အဟောင်းသားကြည့်နေသည်။
ထိုအချိန်…………။
“ဖြောင်း!!!”
“ဘဲ အုန်းး!!”
ရုတ်တရက်လက်ခုပ်တီးသံတစ်ချက်ထွက်ပေါ်လာကာ
နွားကြီးသည် မမယ်လှဆီရောက်ဖို့လက်တစ်ကမ်းခန့်အကွာတွင် တစ်ခုခုကအားပြင်းပြင်းနှင့်ရိုက်ထုတ်လိုက်သည့်ပမာ နောက်ပြန်လွင့်ထွက်ကာ မြေကြီးပေါ်နှစ်ပတ်သုံးပတ်လိမ့်သွားခဲ့လေသည်။
“အလို ?!”
“ဟယ်!!”
ရွာသားတို့သည် ရုတ်တရက်အဖြစ်အပျက်အတွက် အံ့အားသင့်ကုန်ကြတော့သည်။
အကြည့်တို့ကလက်ခုပ်သံလာရာမမယ်လှနောက်ကိုသာ…………..။
မမယ်လှနောက်တွင်တော့ အထက်အောက်ယောဂီဝတ်စုံနှင့် လူတစ်ဦးသည် အိန္ဒြိရရနှင့် ရပ်နေလေသည်။
“ဘဲ ရှူးးး!!”
ညိုကောင်းသည် နမူးနထူးမှ ထလာကာ နှုမှုတ်နေပြန်ရာ
ယောဂီဝတ်နှင့်လူသည် ‘ဖျောက်’ကနဲ့နေအောင်လက်ဖျောက်တီးလိုက်ချိန်
“ဘဲ ဘဲ !!”
နွားကြီးသည် ရုတ်တရက်သတိဝင်လာဟန် ခေါင်းအားတစ်ဖျန်းဖျန်းခါရမ်းကာလူအုပ်အားလန့်ဖျန့်၍ ဆူးပုလွေခြုံထဲဝင်ပြေးသွားခဲ့လေသည်။
“ကံကောင်းထမလို့ သမီးရယ်!!”
ဆိုကာ မမယ်လှအမေ ဒေါ်ထားရီသည် သမီးအားပြေးဖက်ရင်းငိုလေသည်။
အားလုံးတရားေသတွက်ဆထားခဲ့သလို မမယ်လှသည် ယောဂီဝတ်နဲ့လူရဲ့ ဆန်းပြားသောအတတ်ပညာနှင့် ကယ်ဆယ်မှု့ကြောင့် သေဘေးမှုသီသီလေးလွတ်ခဲ့ကာ ကျေးဇူးတင်မဆုံးရှိကုန်သည်။
“ကျေးဇူးတင်ပါတယ် ဆရာလေးရယ် ဘယ်အရပ်ကလာလို့ ဘယ်အရပ်များသွားမည်ပါလဲ အမည်နာမလေးများသိပါရစေ?”
ဒေါ်ထားရီသည် သမီးအားဖက်ငိုနေရာမှ ကယ်တင်ရှင်အားသတိရကာကျေးဇူးတငိစကားဆိုလေသည်။
“ကျွန်ုပ်သည် စေတိယဆေးတော်အထက်ရပ်ဂိုဏ်းကြီးရဲ့ အင်းတော်ထိန်းမောင်မှိုင်းမည်တယ်။
အထက်ဆရာကြီးများရဲ့အမိန့်အရ သင်တို့ရွာကိုကယ်တင်ဖို့ရောက်လာရခြင်းပေပဲ!!”
“အမလေး တကယ်လားဆရာရယ်!!”
“ဆရာရယ် ကယ်ဖို့နည်းလမ်းများရှိရင်ကယ်တင်ပေးပါဆရာရယ်!!”
အားလုံးသောရေငန်ရွာသားတို့ ရေနစ်နေချိန် ကောက်ရိုးတစ်မျှင်အားကောက်ရသကဲ့ခံစားလိုက်ရလေတော့သည်။
——————
ရွာသူရွာသားတို့ရဲ့့ပင့်ဖိတ်မှုဖြင့် မောင်မှိုင်းသည် ရွာပြင်ဇရပ်တွင် ရောက်ရှိခဲ့လေသည်။
“ဒီရွာဟာ ပယောဂနှင့်သေသော’သူသေ’ကြောင့်ရွာစည်းပေါက်တဲ့အတွက် ပယောဂပေါင်းစုံဝင်ရောက်ကာ လူတို့အားစားသောက်သဖြင့် လူတွေသေနေရခြင်းဖြစ်တယ်။ဒီလပြည့်ညလွန်လျှင်တော့ ရွာစည်းပေါက်စေခဲ့တဲ့အေလာင်းေကာင်ဟာဖုတ်သက်ဝင်ကာ တစ်ရွာလုံးကို ဒုက္ခပေးလိမ့်မယ်!!”
“အမလေးဘယ်လိုလုပ်ကြမလဲ!!”
“အလို!!”
“အမလေး ကယ်ပါဦးဆရာ!!”
ရွာသားတို့သည်မောင်မှိုင်းစကားကြားသောအခါ အားလုံးထိတ်လန့်ကုန်ကြသည်။
“ဘုရားဘုရား ဒါဆိုကျုပ်တို့ဘာလုပ်ရမလဲဆရာလေးရယ် ကျုပ်တို့ကိုကယ်တင်ပေးပါဦးဗျာ? !!”
ရွာသူကြီးဦးဖိုးထူးသည် ရွာရဲ့ ဦးဆောင်သူပီပီ ၎င်းကပဲ ဦးဆောင်ကာ စကားဆိုလေသည်။
“အင်း!!ရွာစည်းပေါက်စေခဲ့တဲ့ အလောင်းကောင်ကိုခုပဲ တူးဖော်ပြီး ညမရောက်ခင်မီးရှို့နိုင်ရင်တော့ သင်တို့ဘေးလွတ်လိမ့်မယ်!!”
“အဲ့အလောင်းကိုဘယ်လိုသိနိုင်မလဲဆရာ ကျုပ်တို့ရွာမှာ တစ်နေ့လူေတွနှစ်ယောက်သုံးယောက်သေနေတာ အဲ့ဒုက္ခပေးနေတဲ့အလောင်းကိုဘယ်လိုရှာရမလဲဆရာ!!”
ရွာသားတစ်ဦးရဲ့စကားကြားသောအခါ မောင်မှိုင်းတစ်ယောက် ထိုင်နေရာမှ လက်တွင်စွတ်ထားသောခြောက်လံုးပုတီးအားချွတ်၍ သုသာန်ထဲရှိ မှတ်တိုင်တွေထိုးထိုးေထာင်ေထာင်ရှိရာနေရာတွေဆီပစ်လိုက်စဉ် ပုတီးကုံးသည် တစ်ဝီဝီမည်ကာ ပျံပြေးလျက် အလောင်းမြေချရာနေရာတွေပေါ်အတန်ငယ်ဝဲပျံပြီးမှတ်တိုင်တစ်ခုပေါ်တွင် သွားချိတ်နေလေသည်။
“ကိုင်း အားသန်တဲ့ လူငယ်သုံးလေးယောက်လောက် ပေါက်တူးယူပြီးလိုက်ခဲ့ကြပါ”ဆိုကာ မောင်မှိုင်းသည်ပုတီးကျရာဆီသွားလေသည်။
ကာလသားသုံးလေးယောက်လည်းမောင်မှိုင်းနောက်ထပ်ကြပ်မကွာလိုက်သွားကြပြီး ထိုကာလသားတို့နောက်တွင်တော့ ရေငန်ရွာသူရွာသားတစ်စုတို့ လိုက်လာကြလေသည်။
ပုတီးကုံးချိတ်ေနရာမှတ်တိုင်တွင်ရေးထားသည့် အသုဘရဲ့အမည်ကတော့
‘ဒေါ်ဒွေးခင် ,အသက်(၇၈)နှစ်’ဟူသတည်း။
“အော် ဒါ့ကြောင့် သူ့အလောင်းမြေချစဉ်က ထူးဆန်းတာတွေကြုံခဲ့တာကိုးး!!”ဟုရွာသားတစ်ယောက်ကတွေးတွေးဆဆပြောလေရာ ရွာသားအားလူံးသည်ထိုစကားအားထောက်ခံမှုပြုကြလေသည်။
“ကိုင်းတူးပါ!!”ဆိုကာမောင်မှိုင်းသည်ပုတီးကုံးအားမှတ်တိုင်မှဖြုတ်လေသည်။
ရွာသားတို့လည်း အနောက်အရပ်သို့ယွင်းလာနေသော နေလုံးကြီးအား ကြည့်ကာ ဇွက်ကနဲ့မြေအားတစ်ချက်ဆွ’လိုက်ချိန်
“ဝေါ ဖလပ် ဖလပ် ဖလပ်!!”
သုသာန်မြေက လက်ပံပင်တွင်နားနေကြသော ကျေးငှက်တို့လန့်ဖျန့်ကာပျံပြေးသွားကြလေသည်။
အားလုံးသောရွာသားတို့မျက်စိမျက်နှာပျက်ကုန်ကြလေရာ
“မကြောက်ကြနဲ့တူးပါ!!”
ဆိုရာရွာသားတို့လည်း အပုပ်ပိုင်းအချိန်မရောက်ခင်အပြီးမှတ်၍ အားစိုက်ကာတူးကြလေရာ
“အူးးးးးးးးးးး!!”
သုသာန်မြေတွင်နေသော ခွေးကြီးနီတူးသည် ဆွဲဆွဲငင်ငင်အူလေသည်။
“ရဟေ့ ဝေးးးး!!!”
ဟိုနားဒီနားမှလည်းရီသံတို့ထွက်လာကြပြန်ရာအားလုံးအကြည့်တို့ကဆရာမှိုင်းထံသာကျရောက်ကုန်ကြသည်။
ဆရာမှိုင်းမျက်နှာထက်တွင်ပကတိ အေးချမ်းတည်ငြိမ်နေတာကိုကြည့်၍ ပင့်သက်မောတွေသာချနိုင်ကြတော့သည်။
ခဏအကြာ…………..။
“အားးးးဟေ့ ရပ် ရပ်စမ်းခွေးစုတ်တွေ နင်တို့တစ်ရွာလုံးသေ သေသွားချင်သလား!!”
“ဟီးဟားဟားဟား သတ်မယ်သတ်မယ်!!”
လူအုပ်ထဲမှရွာသားနှစ်ေယာက်သည်ရုတ်တရက်တုန်ရီလာကာ အပ’မှီသယောင်ဖြစ်လာလေရာမောင်မှိုင်းသည်နှစ်လိုစွာပြုံးလေသည်။
ကျန်ရွာသားများကတော့ ဆရာမှိုင်းနောက်ပြေးဝင်ကြလေသည်။
ဆရာမှိုင်းသည်သောက်ရေခွက်တစ်ခုအားတောင်းကာမန်းမှုတ်၍ထိုရေနှင့် အပမှီနေသောသူနှစ်ဦးထံလှမ်းတောက်စဉ်
“အား အီးးးးပူတယ် သေပါပြီပူတယ်!!”
အသံနက်ကြီးတွေနှင့်အော်ကာမေ့လဲသွားကြလေတော့သည်။
ထိုသူ့ကိုယ်မှ မဲမဲအရိပ်အချို့ထွက်သွားပြီး သုသာန်မြေတွင်ဟိုပြေးဒီပြေးလုပ်နေကြရာမောင်မှိုင်းသည် ရေခွက်ထဲမှရေအားလက်ညိုးဖြင့်ယူ၍တောက်လေရာ
“အား ပူတယ်ပူတယ်!!”
ဆိုကာ အော်သံတွေသည်’ သည်မှဟိုမှထွက်ပေါ်လာပြီးတစ်ဝုန်းဝုန်းတစ်ဒုန်းဒုန်ပြေးသံတို့သည်အတိုင်းသားထွက်ပေါ်လာလေသည်။
အတန်ငယ်အကြာတွင်……..
“ဇွတ် ဇွတ် ဒုတ် !!”အခေါင်းပျင်နှင့် ပေါက်တူးထိသံတို့ထွက်ပေါ်လာခဲ့ကာ အခေါင်းကြီးလည်းမြေပေါ်’ ပေါ်လာခဲ့ချေပြီ။
“ကိုင်းဆယ်ကြသယ်ကြ”နဲ့ အခေါင်းကြီးအား မြေပေါ်သို့ကြိုးဖြင့်ဆွဲတင်ကြလေရာ နောက်ဆုံးဒေါ်ဒွေးခင်ရဲ့အခေါင်းကြီးသည်မြေပေါ်သို့ပြန်လည်ရောက်ရှိလာခဲ့လေသည်။
“အာ့ အာ့ အာ့ ဝေါ ဝေါ ဝေါ!!”
ဟယ်ကျီး ကျီးတွေပြိုလာကြပြန်ပါလား?!!”ဟုရွာသားတစ်ဦးမှစကားဆိုလေရာ
ဆရာမှိုင်းသည် ဝေ့ဝဲနေကြသောကျီးများအားကြည့်ကာ
ချက်ချင်းပဲအခေါင်းအားဖွင့်ခိုင်းရာအခေါင်းထဲမှမြင်ကွင်းကြောင့်အားလုံးအံ့ဪလန့်ထိတ်ကုန်ကြလေသည်။
ဘာလို့ဆို အခေါင်းတွင်းမှအလောင်းကြီးသည် လပေါင်းများစွာကြာသည့်တိုင် မပျက်မစီး မြေချတုန်းကအတိုင်းရှိနေခဲ့လေသည်။
ပိုထူးသည်က အလောင်းကြီးရဲ့ဦးခေါင်းသည် ရွာဘက်သို့ငဲ့စောင်းနေလေပြီး မျက်လုံးများလည်းပွင့်နေလေသည်။
ဒါကြောင့်လည်း သူကိုအကြောင်းပြုကာရွာစည်းပေါက်လျက် ပရလောကစည်းနှင့်ရွာစည်းသည်ပေါင်းကူးတံတားသဖွယ်ဖြစ်သွားကာ ဖုတ်သဘက်နာနာဘာဝတို့ရွာအတွင်းဝင်ချင်တိုင်းဝင်ထွက်ချင်တိုင်းထွက်နိုင်နေခြင်းပင်။
ကာလသားတို့သည် အေလာင်းကြီးရဲ့ ဦးခေါင်းအားအနေအထားမှန်ေအာင်ပြန်တည့်ရာ ဒေါ်ဒွေးခင်ရဲ့မျက်နှာအားတွေ့လိုက်ရချိန်အလွန်လန့်ထိတ်ကုန်ပြန်သည်။
“ဒါ ဒါ အဆွယ်တွေမှဟုတ်ပါလေစ!!”
“ဟယ် လက်သည်းတွေလည်းရှည်ထွက်နေကြပါပေါ့လားးး!!”
အလောင်းကောင်ရဲ့ပါးစပ်တွင်မှ အစွယ်အချို့ထွက်ပြူစပြုနေကြသလို လက်သည်းတို့သည်လည်းရှည်ထွက်နေကြလေပြီ။
“ကိုင်းရွာသားတို့နောက်ဆုတ်ချည်!!”ဆိုကာမောင်မှိုင်းသည်ဂါထာတစ်ပုဒ်အားရေရွတ်စဉ်
နေလုံးလည်းအနောက်ဘက်ရိုးမဘက်မေးတင်သွားလေပြီ။
“အူးးးးးးးး!!”
ခွေးကြီးနီတူးသည်လည်း အခေါင်းကြီးဘက်လှည့်ကာ ဆွဲဆွဲငင်ငင်အူးလေသည်။
“စေတိယဆေးတော်ဂိုဏ်းရဲ့အင်းတော်ထိန်းငါေမာင်မိှုင်းအမိန့်ပေးတယ် ဖုတ်သဘက်ကောင်!!”
“ဗျစ် ဗျစ်ဗျစ်!!”
မောင်မှိုင်းအမိန့်ပြန်ချိန် အလောင်းကောင်ရဲ့ လက်သည်းများသည် အခေါင်းပြင်အားတစ်ဗျစ်ဗျစ်မြည်ေအာင်ကုပ်နေလေပြီ။
“သင်အမှီပြုရာဒီအလောင်းရုပ်ကခွာလျက် ဝေးရာသို့ ရှားစေ”
ဆိုလိုက်ချိန်
“အီး အားးးး!!”
အလောင်းကောင်သည်လက်ထောင်ကာအားပြုလျက် ခုန်လိုက်ရာ အခေါင်းအတွင်းမှ လူတစ်ရပ်စာအထိမြောက်တက်သွားခဲ့လေသည်။
“ရော့ဟဲ့!!”ဆိုကာမောင်မှိုင်းလည်း မြောက်တက်သွားသောအလောင်းကောင်ဆီ အင်းစာရွက်ဖြင့်ပစ်လေရာ အလောင်းကောင်ကြီးသည်လေပြင်တွင်ပင်’ဝုန်း’ကနဲ့မီးထတောက်လေသည်။
“ရား အီးးး!!”ဖုတ်ဝင်နေသောအလောင်းကောင်သည်ေအာ်ညည်းကာအခေါင်းထဲပြန်အကျတွင် ပြာအတိကျလေသည်။
အမှန်မှာလည်း သဘာဝတရားအရ အလောင်းကောင်သည် မြေကျရမည်ဖြစ်သည်။
ဖုတ်ကောင်ရဲ့အစွမ်းကြောင့်သာခန္ဓာကိုယ်ဟာမပျက်မစီးတည်ရှိနေခြင်းပင်။
ခုတော့ဖုတ်ကောင်လည်းထွက် သူလည်း ပြာအတိကျလေပြီ။
“ကိုင်း အခေါင်းဖုံးပြီးမြေပြန်ချလေတော့!!”
ဆိုကာ ပြာကျသွားသောအလောင်းကြီးအား အခေါင်းပြန်ဖုံးစေလျက် မြေချစေခြင်းဖြင့် ရေငန်ရွာတွင်ဖြစ်ပျက်နေသော လူသေဆုံးမှုတွေသည်လည်းနိဂုံးချုပ်သွားခဲ့လေသည်။
ကျေးဇူးတင်လွန်းသောရေငန်ရွာသားတို့သည် ဆရာမှိုင်းအားရွာတွင်းသို့တစ်ရက်တန်သည်နှစ်ရက်တန်သည်လာရောက်နေဖိူ့ဖိတ်ခေါ်သော်လည်း လောကအရေးအတွက်မနက်ဖြန်တွင်ခရီးဆက်ရဦးမည်ဆိုကာငြင်းလေပြီး ဇရပ်တွင်ပင်နေခဲ့လေသည်။
“အား အီး သေပါပြီ ထွက်ပါ့မယ် သွားပါ့မယ်!!”
ညနက်သန်းခေါင်လောက်နားတွင်မူ ရွာတွင်းထဲ၌ထုသံရိုက် အော်ညည်းသံတို့ထွက်ပေါ်လာကြပြီး ရွာအတွင်းမှ ရွာပြင်သို့ တစ်ဝုန်းဝုန်းနှင့်ခုန်ပေါက်ထွက်ပြေးသံများအားအတိုင်းသားကြာလိုက်ကြရကာ သန်းခေါင်ယံအလွန်၌မူ ပကတိအေးချမ်းတိတ်ဆိတ်သွားခဲ့လေသည်။
နောက်တစ်နေ့နံနက်ေစာေစာတွင်တော့ရေငန်ရွာသားတို့ သည်စားဖွယ်သောင်ဖွယ်တွေနှင့် ဇရပ်ဆီလာကြရာ ကျေးဇူးရှင်ဆရာမှိုင်းတစ်ယောက် ပျောက်ခြင်းမလှ ပျောက်သွားခဲ့လေသည်။
“ဟောဗျာ!!”
“ဟာကွာ!!”
ရေငန်ရွာသားတို့သည် ၎င်းတို့ရဲ့ကျေးဇူးရှင်အားအစားအသောက်လေးနှင့်ပင်ဧည့်မခံလိုက်ရခြင်းအတွက် ရင်ထဲမချိဖြစ်ခဲ့ကြလေသည်။
“ကျေးဇူးရှင်ကြီး သွားလေရာလာလေရာ ဘေးကင်းပါစေ အသက်ရှည်ပါစေ”ဟုသာအသံတိတ်ဆုတောင်းမိကြလေသည်။
##ပြီးပါပြီ။
##ကျေးဇူးတင်ပါတယ်။
ချစ်ခင်လေးစားစွာဖြင့်
နွေလေး(လွိုင်ကော်)