“မြွေပျံရဲ့ကျိန်စာ”(စ/ဆုံး)
————————–
သင်းသင်းတယောက်အမျိုးသားတာဝန်ကျရာတောင်ပေါ်ဒေသတခုသို့ရောက်နေသည် သင်းသင်းအမျိုးသားကအရေးပါအရာရောက်သောအရာရှိတယောက်ဖြစ်တာကိုသင်းသင်းဂုဏ်ယူမဆုံး သင်းသင်းရဲ့သိပ်မပြည့်စုံသောဘဝတွင်ဗေဒင်ဆရာဟောသောကတော်ဆယ်ပါးတပါးဖြစ်မည်ဆိုတာကိုစိတ်ကူးယဉ်ခဲ့ရတာတွေခုတော့တကယ်ဖြစ်လာပြီမို့အရာရာဟာသင်းသင်းအတွက်လိုတရနေသည် ရေမြင့်တော့ကြာတင့်လာသလိုသင်းသင်းကဘဝမေ့ကာမောက်မာလာသည်ဘဝင်မြင့်လာသည် အခုသင်းသင်းရောက်နေသောအရာရှိအိမ်ယာသည်သာသာယာယာရှိကာသစ်ပင်ကြီးများအုပ်စိုင်းလျက်ရှိလေသည် အိမ်ပတ်လည်တွင်တောင်တန်းများဝိုင်းရံထားကာအေးချမ်းသောမြို့ဖြစ်သည် တနေ့တွင်သင်းသင်းကခြံထဲမှာထိုင်နေရင်းကလေးများဆော့နေတာကိုထိုင်ကြည့်နေလေသည်သင်းသင်းတို့မှာသားနှစ်ယောက်သမီးတယောက်ရှိကာ၃ နှစ်၅နှစ် ၇နှစ်အရွယ်များမို့အရွယ်မရောက်သေးပေ ဒီအချိန်တွင်မြွေတကောင်သည်ခြံစည်းရိုးကိုထောက်၍အိမ်ဘေးကသစ်ပင်ပေါ်သို့ရွှီးကနဲမည်ကာပျံတက်သွားလေသည် သင်းသင်းလဲအံသြလွန်းလို့ကိုယ့်မျက်စိကိုပင်မယုံနိုင်အောင်ဖြစ်နေတုန်းနောက်မြွေတကောင်သည်လဲခြံစည်းရိုးပေါ်ခုန်တက်လာကာခြံစည်းရိုးကိုထောက်ကာရှေ့ကမြွေအတိုင်းရွှီးကနဲမြည်ကာအိမ်ဘေးသစ်ပင်ပေါ်ပျံတက်သွားပြန်သည် ဆန်းကျယ်ပေစွသင်းသင်းဘဝတွင်ဒီလိုမြွေပျံမျိုးတခါမှမမြင်ဘူးပေပုံပြင်တွေသူများပြောတာတွေသာကြားဘူးတာဆိုတော့ကလေးများအမြန်ခေါ်ကာအော်လိုက်သည် ”’မြွေပျံ””မြွေပျံ” သင်းသင်းအော်သံကြောင်အိမ်တွင်အလည်ရောက်နေသောသင်းသင်းမောင်စစ်ဗိုလ်ကလေးသည်ပြေးထွက်လာသည် ဒါနဲ့ကလေးများကိုအိမ်ဖော်အားအိမ်ထဲသွင်းစေကာမောင်နှစ်မနှစ်ယောက်မြွေပျံနှစ်ကောင်ပျံတက်သွားသောသစ်ပင်ကိုသွားကြည့်ရာ မြွေနှစ်ကောင်သည်သစ်ပင်ပေါ်တွင်တကောင်နှင့်တကောင်လိမ်၍နေလေသည်သင်းသင်းကသူ့့မောင်အား ”””’မြွေဆိုရင်ဘာမြွေဖြစ်ဖြစ်ကလေးတွေအတွက်အန္တရယ်ရှိတယ်သတ်တာသတ်ပြစ်လိုက်” ”’အမမြွေပျံကမြင်ရခဲတယ်ဖမ်းပြီးရောင်းစားရင်ပိုက်စံတော်တော်ရမှာ””’ ”””အိုရှုတ်ရှုတ်ရှက်ရှက်ခြံထဲဝင်လာတာသတ်ပြစ်မယ်””””’ ”””’အမမြွေတွေကအငြိုးကြီးရင်ရေခြားမြေခြားကတောင်လိုက်လာပြီးဘယ်လောက်ပုန်းနေနေလိုက်သတ်တယ်လို့ကျွန်တော်စာတအုပ်မှာဖတ်ဘူးတယ်””””””’ ”’အိုမယုံပါဘူး’အ’ိမ်ထဲမှာလေးခွတချောင်းရှိတယ်အဲဒါနဲ့ပြစ်ချမယ်” သင်းသင်းမောင်သည်အမအားပြောမရတော့လေးခွယူ၍မြွေနှစ်ကောင်လိမ်နေတာကိုအသေအချာချိန်၍ပစ်လိုက်ရာမြွေတကောင်ခေါင်းကိုမှန်၍အောက်သို့ပြုတ်ကြလာလေသည် ဒီအချိန်မှာသင်းသင်းယောင်္ကျားအလုပ်ကပြန်လာတာနဲ့တိုးတော့အောက်ပြုတ်ကျနေသောမြွေကိုမြင်ရာသင်းသင်းကမြွေပျံများဖြစ်ကြောင်းရှင်းပြကာကလေးများအားအန္တရယ်ပေးမည်စိုးလို့သတ်ခိုင်းလိုက်လေသည် သင်းသင်းယောင်္ကျားနှင့်သူ့မောင်လဲအောက်ပြုတ်ကျကာမသေမရှင်ဖြစ်နေသောမြွေပျံတကောင်ကိုရိုက်သတ်လိုက်ကြလေသည် နောက်တကောင်ကတော့သစ်ပင်တပင်မှတပင်ပျံ၍ကူးကာခြံပြင်ရောက်၍လွတ်သွားလေသည် သူတို့လဲမြွေပျံကိုအခုမှမြင်ဘူးတာကြောင့်အထူးအဆန်းဖြစ်ကာမြွေသေကိုခြံပြင်သွားပစ်လိုက်လေသည် မြွေတကောင်သေသွားတာဘာမှအရေးမပါလို့ထင်ထားပေမဲ့အရေးပါတဲ့အကြောင်းကတော့သင်းသင်းဆီရောက်လာလေသည် ညဘက်သင်းသင်သည်ထူးဆန်းသောအိမ်မက်ကိုမက်လေသည်အိမ်မက်ထဲတွင်သင်းသင်းတို့သတ်လိုက်သောမြွေပျံတကောင်ဘေးတွင်လွတ်သွားသောမြွေပျံကပါးပဉ်းထောင်နေရာမှအခိုးအငွေ့များထွက်လာကာလူတယောက်အသွင်ပြောင်းသွားလေသည် ထိုလူသည်အလွန်ဝမ်းနည်းကြေကွဲနေတဲ့ပုံစံမျိုးဖြစ်ကာသေသွားသောမြွေအားကြည့်၍ယူကြုံးမရဖြစ်ကာမျက်ရည်များတွင်တွင်ကျနေရာမှသင်းသင်းဘက်သို့လှည့်လိုက်ရာသင်းသင်းလန့်၍သွားလေသည် သူ့မျက်လုံးများသည်နီရဲနေကာမီးဝင်းဝင်တောက်နေသောပုံစံဖြင့်သင်းသင်းအားလက်ညိုးထိုး၍ပြောလိုက်သည် ”’နင်ဟာအတော်အကြင်နာတရားမရှိတဲ့မိန်းမအတ္တကြီးပြီးကိုယ်ချင်းမစာမသနားတတ်တဲ့မိန်းမယုတ်နင့်ကြောင့်ငါအလွန်ချစ်ရတဲ့ငါ့မိန်းမသေသွားပြီအခုငါဝမ်းနဲကြေကွဲစွာခံစားနေရသလိုနင်လဲခံစားစေရမယ်ငါတို့ကနင့်တို့ကိုဘာအန္တရယ်ပေးလို့သတ်ရတာလဲ””’ သင်းသင်းလဲဘာမှပြန်မပြောနိုင်အောင်ကြောက်နေတာမို့သူပြောတာနားထောင်နေမိသည် ”’ငါတို့ကခရီးသွားရင်းတထောက်ဝင်နားတာအခုငါ့မိန်းမဟာနင့်ကြောင့်မရှု့မလှသေရပြီဒီတခါနင့်အလှည့်ပဲ”’ သင်းသင်းအားနာကြည်းစွာပြောပြီးမြွေအဖြစ်ပြောင်းကာပါးပျဉ်းထောင်လိုက်တဲ့အခါသင်းသင်းလဲငယ်သံပါအောင်အော်ရင်းအိမ်မက်ကလန့်နိုးသွားလေသည် သင်းသင်းကအိမ်မက်ကိုသိပ်အလေးမထားစိတ်စွဲလို့မက်တာဟုသဘောထားလိုက်သည် နောက်နှစ်လလောက်နေတော့မြွေပျံသတ်သောသင်းသင်းမောင်စစ်ဗိုလ်သည်ရှေ့တန်းထွက်ရင်းတိုက်ပွဲမှာကျသွားလေသည် သင်းသင်နဲနဲတော့စိတ်ထင့်သွားမိပေမဲ့တိုက်ဆိုင်တာဖြစ်မှာပါလို့ဖြေတွေးတွေးလိုက်သည် နောက်ရက်တွင်ခြံရှေ့ကသစ်ပင်ပေါ်မှမြွေပျံကိုတွေ့ရာသင်းသင်းစိတ်တွေလေးလံလာမိသည် ဒီမြွေကိုတွေ့နေရတာသင်းသင်းဘဝင်မကြဒါ့ကြောင့်ဒီမြွေမရှိမှအေးမယ်လို့စဉ်းစားကာအနီးအနားလူများအားမြွေပျံဖြစ်ကြောင်းပြော၍ဖမ်းခိုင်းရာမြွေကမပျံတော့ဘယ်သူမှမယုံကြမြွေလဲပျောက်သွားလေသည် နောက်၃လလောက်ကြာတော့သင်းသင်းယောင်္ကျားခရီးထွက်ရာကားမှောက်၍ဆုံးလေသည်သင်းသင်းအတွက်တော့မြင့်မိုလ်တောင်ကြီးပြိုလဲသွားသလိုခံစားရလေသည် ဒါပေမဲ့သင်းသင်းအတွက်တသက်စားမကုန်အောင်ထားခဲ့သည် သင်းသင်းဒီအရပ်မှာဆက်မနေချင်တော့မြွေပျံထပ်ရောက်လာမှာအသေကြောက်သွာသည်ဒါ့ကြောင့်တခြားမြို့သို့အိမ်ပြောင်းလေသည် ဒီတခါပြောင်းသောအိမ်ပတ်ဝန်းကျင်တွင်ဘာသစ်ပင်မှမရှိအောင်ရှင်းထားစေသည်ယုတ်စွအဆုံးမျက်တပင်တောင်မရှိရအောင်ခြံထဲကျောက်ပြားများခင်းထားလေသည်အိမ်တွင်ခေါ်ထားသူများအားဘာမြွေတွေ့တွေ့သတ်ရန်အမိန့်ပေးထားသည်ကိုယ်ဘက်ကလက်ဦးမှု့ယူထားရမည်လို့တွေးထားသည် ဒီမြို့ကတော့လူစည်ကားရာအရပ်ဖြစ်တာကြောင့်ဘာမြွေမှလာနိုင်စရာမရှိဟုထင်သည်ဒါပေမဲ့သင်းသင်းအထင်မှားကြောင်းနောက်တနေ့မနက်တွင်သိရလေသည် သင်းသင်းမနက်မိုးလင်းတော့သူအိပ်ခန်းရှိရာသုံးထပ်တိုက်ကပြတင်းပေါက်အားဖွင့်လိုက်ရာမြွေပျံတကောင်သည်လေထဲတွန့်လိမ်တွန်လိမ်ဖြင်ှ့ပြတင်းပေါက်ရှေ့မှဖြတ်သွားလေသည် သင်းသင်းတကိုယ်လုံးတောင့်တင်းအေးစက်သွားကာအသက်ရှုရပ်သွားသလားထင်ရလေသည်စိတ်ခြောက်ခြားကာတအိမ်လုံးရှိရှိသမျှအပေါက်များအာလိုက်ပိတ်ထားလိုက်သည် နောက်တပတ်လောက်နေတောနဲနဲစိတ်သက်သာသွားကာနယ်မှအဒေါ်တယောက်နာရေးကိုသွားလေသည်နာရေးကအပြန်လမ်းတွင်ကားလမ်းဘေးသစ်ပင်ပေါ်မှမြွေတကောင်သည်ပျံလာကာလမ်းတဖက်သစ်ပင်ပေါ်သို့ရွှီးကနဲနေအောင်ကားလမ်းကိုဖြတ်ပျံရာကားသမားလဲတခါမှမမြင်ဘူး၍အံသြကာကြည့်ရင်း ”’ဟာမြွေပျံမြွေပျံ””” ကားသမားစိတ်ကမြွေပျံဆီရောက်သွားကာသတိလက်လွတ်ဖြစ်သွားလေသည် ကားသည်တဘက်ယဉ်ကြောမှကားနှင့်တိုက်မိကာသင်းသင်းသည်နေရာမှာပင်ပွဲခြင်းပြီးသွားလေသည် ပြီး
စာဖတ်သူအများစုတောင်းဆိုနေ၍တင်ပေးလိုက်ပါသည်မြွေပုံကတော့ဘာမြွေမှန်းမသိပါတွေ့တဲ့ပုံတင်ပေးခြင်းဖြစ်သည်ဖြစ်ရပ်မှန်ကိုပြုပြင်ရေးထားပါသည်
Credit – D Moe Moe