မွေခံထိုက်စေ(စ/ဆုံး)
——————-
အချိန်သည်ကား နေဝင်တော့မည့် နွားရိုင်းသွင်းချိန်မို့ မြို့မှ မြေသြဇာနှင့် ဆက်စပ်ပစ္စည်းများအား ဝယ်ယူပြီး ပြန်လာသော ကိုမြအေးနှင့်မတင်လှတို့ ဇနီးမောင်နှံသည် မှောင်စပြုပြီမို့လှည်းကို ခပ်သုတ်သုတ် မောင်းနှင်နေလေသည်။
….”ဟဲ့”ညိုကြီးနဲ့ငပေါက်….သွားကြစမ်း….
နွားနှစ်ကောင်အား ကြိမ်နဲ့တို့ရင်း ချောင်းကူး
တံတားနားအရောက်။
…..အူဝဲ….အူဝဲ…..
“ဟင်”
“ကိုမြအေး”တော်ကြားလား…ကလေးငိုသံတော့်..
ကိုမြအေးလဲ နွားဖြူသံများ ငြိမ်သွားအောင်
လှည်းကို ရပ်တန့်လိုက်ပြီး နားစွင့်ကြည့်တဲ့အခါ
“အေးဟ”မွေးကင်းစ….ကလေးငိုသံပဲ…ငါတို့ကို
တစ္ဆေများ ….ခြောက်နေပြီလားဟာ…..
မတင်လှ ဘေးပတ်ဝန်းကျင်သို့ ကြည့်ရင်း
……မဖြစ်နိုင်ပါဘူးတော့်….တော်သေချာဆင်း
ကြည့်ပါဦးတော်…အသံက….ကျုပ်တို့လှည်း
အရှေ့ဘက်က…လာနေတာပဲ…
ကိုမြအေး လှည်းပေါ်မှဆင်းကာ မဝံ့မရဲဖြင့်
အသံကြားရာဘက်သို့ ချဥ်းကပ်သွားသောအခါ
…..ဟာ….”မတင်လှရေ”….မွေးကင်းစကလေးလေး
ဟ….ဒီကိုလာကြည့်စမ်းပါဦး…
မတင်လှလဲ လှည်းပေါ်မှခုန်ဆင်းကာ အပြေး
အလွှား သွားကြည့်လိုက်၏
….ဟယ်….သနားပါတယ်…ကိုမြအေးရယ်…..
…..ကလေးကိုကြည့်ရတာ….မွေးဖွားပြီးတာ…
…မကြာသေးဘူးထင်တယ်တော့်….မိန်းကလေး
ပဲတော့်…ကျုပ်တို့တော့….ကံကောင်းတာပဲ…
မိမိတို့မှာ သားယောကျ်ားလေး တစ်ဦးသာရှိသောကြောင့် ယခုလို သမီးလေးကို မြင်ရတော့
ဝမ်းသာအားရ ဖြစ်နေကြလေသည်။
….အေး….ဟုတ်တယ်ဟ…..
သူတို့လင်မယားနှစ်ယောက် ပုဆိုးအပိုင်းလေး
ဖြင့် ထုပ်ထားသော မွေးကင်းစကလေးငယ်အားယုယစွာ ထွေးပွေ့ထားလိုက်ပြီးနောက် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ
….ငါ…ငါတို့ခေါ်သွားမယ်ဟာ….ဒီအတိုင်းသာ
ထားခဲ့ရင်….ဒီကလေးက….သေမှာဟ….
လက်ထဲမှာ ထွေးပွေ့ထားသော ကလေးငယ်
အား ကြည့်ရင်း မတင်လှလဲ မိခင်စိတ်ကြောင့်
ဂရုဏာသက်မိသည်။
….ခေါ်သွားရမှာပေါ့….ကိုမြအေးရယ်…ကျုပ်တို့
ထားခဲ့ရင်…ကလေးသေမှာပေါ့….
ကလေးနှင့်မိန်းမအား လှည်းပေါ်သို့ တင်ကာ
ကိုမြအေး ခပ်သုတ်သုတ် မောင်းထွက်ခဲ့ပါတော့သည်။
( ၂ )
ကိုမြအေးတို့လငါမယားမှာ သူတို့မွေးထားတဲ့သားဦးလေး တစ်ယောက်ရှိပြီး ယခု ကောက်ယူလာသော မွေးကင်းစ သမီးအငယ်လေးနဲ့ဆိုနှစ်ယောက်ဖြစ်သွားခဲ့ပါတယ်၊တောင်ယာအလုပ်
ဖြင့် အသက်မွေး ဝမ်းကြောင်းပြုကြပြီး လယ်ယာများက လက်ညှိုးထိုး မလွဲနိုင်အောင်ပင် ရှိကြသောတောသူဌေးများ ဖြစ်ကြပါသည်။
သမီးလေးနာမည်ကို ကြာဖြူလေးကဲ့သို့
လှပသဖြင့် “ကြာဖြူ”လို့ နာမည်ပေးလိုက်ကြသည်ဒီလိုနဲ့ နှစ်တွေကြာညောင်းလာတဲ့အခါ ကြာဖြူလေးအပျိုအရွယ်သို့ ရောက်ရှိခဲ့လေ၏ ဖခင်ဖြစ်သူကိုမြအေးမှာလဲ သွေးတိုးရောဂါဖြင့် ကွယ်လွန်သွားခဲ့ပါသည်။
“ကြာဖြူရေ”သမီး…ခဏလာပါဦးကွယ်…
မီးဖိုချောင်ထဲမှာ ချက်ပြုတ်နေသော ကြာဖြူ
တစ်ယောက် မိခင် ဒေါ်တင်လှ၏ ခေါ်သံကြောင့်မီးဖိုချောင်ထဲမှ သုတ်သုတ်ပြာပြာဖြင့်
…..ရှင်….အမေ….
အိပ်ယာထဲလဲနေသော မိခင်ဒေါ်တင်လှက
….အမေ… ကြက်သားဆန်ပြုတ်လေး……
…. သောက်ချင်လို့….လုပ်ပေးပါဦးကွယ်….
….ရပါတယ်…အမေရဲ့….သမီးပြုတ်ပေးမယ်နော်
….အမေသာအားရှိအောင်နေပါ…
ထိုသို့ပြောကာ အမေဖြစ်သူ စားချင်သော
ကြက်သား ဆန်ပြုတ်ကို မြန်မြန်ဆန်ဆန်ပဲ
ပြုတ်ပေးပါတော့သည်။မွေးစားထားတာ ဆိုပေမဲ့သမီးအရင်းထက် ပိုချစ်ခဲ့သောကြောင့်
သူတို့လင်မယားအား မိဘရင်းများကဲ့သို့
ကြာဖြူလေးက ဂရုစိုက်ပြီး မိဘစကားအား
မြေဝယ်မကြ နားထောင်ခဲ့သူဖြစ်၏ သားဖြစ်သူကတော့ အရက်သောက် ကြက်တိုက်နဲ့
ဆိုးချင်တိုင်းဆိုး မိုက်ချင်တိုင်း မိုက်နေသူဖြစ်
သည်။
…အမေ့…ကျုပ်ကို…ငွေငါးထောင်လောက်…ပေး
ပါဦး….
ခေတ်ကာလအရ ငွေငါးထောင်ဆိုသည်မှာ
သာမန်လူတွေအတွက် အတော်များတဲ့ ပမာနပါ
ကျမ်းမာရေးမကောင်းသော မိခင်အနား
ပြုစုစောင့်ရှောက်ဖို့ နေနေသာသာ သူ့အတွက်
အသုံးငွေကိုသာ အငမ်းမရ တောင်းနေတတ်သောသားဖြစ်သူအား ကြည့်ရင်း ဒေါ်တင်လှ မျက်ရည်ကြမိသည်။
….ရော့သား…ယူသွား…အိမ်ကိုစောစောပြန်ခဲ့နော်..
သားဖြစ်သူတောင်းတိုင်း တစ်ခါမှ ငြင်းခဲ့သည်မရှိအမြဲလိုလို ပေးကမ်းခဲ့သည်သာ။
( ၃ )
ဖခင်ထားခဲ့သော အလုပ်ကတစ်ဖက် ကျမ်းမာရေးကတစ်ဖက်ဖြင့် ကြာဖြူလေးမှာ အတော်ပင်ပန်းလှသည် အရွယ်ရောက်ပြီ ဆိုပေမဲ့ ချစ်သူရည်းစားဆိုတာ ဘာမှန်းတောင် မသိတဲ့သူပါ ကျောင်းကိုဆယ်တန်းအထိ တတ်ခဲ့ရသောကြောင့် ဖခင်၏အလုပ်မှာ လူရည်လည်ပြီး ကျွမ်းကျင်သောကြောင့်ဖခင်ဖြစ်သူ ဆုံးသွားတော့ မိသားစု စီးပွားရေးကို ဆက်လက် တာဝန်ယူခဲ့ရပါတယ်။
ထိုနေ့က မတင်လှ အခြေအနေမကောင်းပါ
ကျမ်းမာရေးမှာ ဆိုးရွာပြီမို့ အမောဖောက်နေရင်းက မကြာဖြူအား အသံတိုးတိုးဖြင့် ခေါ်နေ၏
…..သမီးလေး….
…..ရှင်….အမေ….
မျက်ရည်တို့ဖြင့် အနားမှာ တဖဝါးမျှမခွာသော
ကြာဖြူလေးမှာ မိခင်၏ လက်ကိုကိုင်ကာ
ထူးလိုက်ခြင်းပင်ဖြစ်သည်။
….သ….သမီး…အကို…ကို…..သွား…သွားခေါ်
ပေးပါကွယ်….ရွာ….ရွာလူကြီးကိုလဲ….ခေါ်….ခေါ်
ခဲ့ပါ….
….ဟုတ်….ဟုတ်ကဲ့….အမေ….
မကြာဖြူလေး ထမီကို တိုတိုဝတ်လျှက် မိုးစက်
မိုးပေါက်များကြားမှ အကိုဖြစ်သူနဲ့ ရွာလူကြီး
ကို သွားခေါ်ပါတော့သည်။ ထုံးစံအတိုင်း
အကိုဖြစ်သူမှာ ဖဲဝိုင်းရောက်နေပြီး ရှုံးနေသော
စိတ်ကြောင့် မည်သို့ပင် ခေါ်ပါစေ လိုက်မလာခဲ့ပါထို့ကြောင့် ရွာလူကြီးကိုသာ ခေါ်ခဲ့ပြီးတော့ အိမ်သို့ပြန်လာခဲ့သည်။
…..အမေ….
အမေဟု မကြာဖြူ ခေါ်ရုံရှိသေးတယ် ဒေါ်တင်လှ
လကျကာပွကာ
….အမေ….အမေသိတယ်….သမီး….သမီးအကို
ပါမလာဘူး….မလား….
မကြာဖြူ မျက်ရည်များဖြင့် မိခင်အား ဘာပြောရမှန်းမသိပေ
ရွာလူကြီးလဲ ရောက်ပြီမို့ ဒေါတင်လှ ခေါင်းအုံး
အောက်မှ စာရွက်စာတမ်းများကို ထုတ်ကာ။
….အကိုသိန်းမောင်….ဒီစာရွက်စာတမ်းတွေဟာ
….ကျွန်မရဲ့….ပိုင်ဆိုင်မှု့တွေပါပဲ….ဒါတွေအားလုံး
ကို….သမီးလေးကြာဖြူနာမည်နဲ့….လွှဲခဲ့ပါရစေ…
ရွာလူကြီးဦးသိန်းမောင်နှင့် မတင်လှတို့မှာ ဆွေမျိုးနီးစပ် တော်ကြသူတွေမို့ မတင်လှ စိတ်ချချနှင့်ပြောလိုက်ခြင်းပင်ဖြစ်၏
…ကျွန်မရဲ့…သားမိုက်ကြီးအတွက်ကတော့…..
….လယ်ငါးဧကနဲ့…ဆန်စက်တစ်လုံးပေးလိုက်ပါ…
….ကျန်တာသမီးလေးနာမည်နဲ့….တရားဝင်ဖြစ်
အောင်…လုပ်ပေးပါအကို….
ရွာလူကြီး ဦးသိန်းမောင်က မတင်လှ၏ စကားကို
သေခြာနားထောင်ပြီး
….စိတ်ချပါ…တင်လှရယ်…ငါတာဝန်ယူပြီး
လုပ်ပေးပါ့မယ်….
….အ….အမေ…
မကြာဖြူ တစ်ခုခုကိုပြောဖို့ အမေဖြစ်သူကို
ခေါ်လိုက်တော့ မတင်လှက လက်ကာပြကာဖြင့်
….ငါ့သမီး….ဒါအမေ့ရဲ့….နောက်ဆုံးဆန္ဒပဲ….
…..သမီးလိုက်နာမှ…ရမယ်….
မကြာဖြူ မိခင်စကားကြောင့် ဘာမှ ပြန်ပြောလို့မခဲ့ပါ ရွာလူကြီး ဦးသိန်းမောင် စာရွက်စာတမ်းများကိုယူပြီး ပြန်သွားတော့ အမေဖြစ်သူလဲ ခဏလောက်နားချင်တယ်လို့ ပြောလာ၍ ကြာဖြူစောင်ခြုံပေးကာ လုပ်စရာ ရှိသည်များကို လုပ်နေပါတော့သည်။
( ၄ )
….ဘာကွ…
ဖဲဝိုင်းထဲမှ ဒေါတင်လှ၏သား “ခင်မောင်ရင် “၏အသံသည် ဖဲရိုတ်နေကြသော လူများ တိတ်ဆိတ်သွားအောင်ပင်
….ဒီလိုလုပ်လို့…ဘယ်ရမလဲကွ….ငါကသားအရင်း
….သူက…မွေးစားသမီး…ရစရာရှိရင်…ငါပဲရရမှာ
ပေါ့ကွ….ဒါ….ဒါ…ကြာဖြူ…သက်သက်လူလည်
လုပ်တာ….ဒါမျိုးကတော့….လာမလုပ်နဲ့…..
ခင်မောင်ရင်၏ တပည့်တစ်ယောက် လာပြော
သောစကားကြောင့် ခင်မောင်ရင် ဒေါသတို့
မိုးပြိုသလို ဖြစ်နေခြင်းပင်ဖြစ်လေသည်။
….သွားမယ်ကွာ….ကြာဖြူ….ကြာဖြူ…..
…နင်မရှိမှ….လောကကြီးက….အေးချမ်းတော့မှာ….
ငှက်ကြီးတောင် ဓားကိုဆွဲကာ ရွာအလယ်လမ်း
အတိုင်း လျှောက်လာသူကတော့ ခင်မောင်ရင်ပင်
ဖြစ်သည်။
မှောင်စပြုပြီမို့ ဖုန်ထူထူလမ်းမပေါ် လျှောက်နေ
သော ခင်မောင်ရင်တစ်ယောက် ဖုန်လူးနေသော
မြွေပွေးတစ်ကောင် ခါးအလယ်မှ တတ်နင်းမိပါ
တော့သည်။
….”အား”…
အော်သံနှင့်အတူ ဖုန်ထူထူလမ်းမထက် လူးလိမ့်ကာ
ဓားကြီးနဲ့မို့ မည်သူမျှ သူ့အနားကို မကပ်ပ်ရဲကြပေ
အတော်ကြာကြာ အကြောဆွဲနေပြီနောက်
ခင်မောင်ရင် လက်မှဓားကို ကျစ်ကျစ်ပါအောင်
လိုင်လျှက်သားဖြင့် ငြိမ်သက်သွားခဲ့လေပြီ
ပတ်ဝန်းကျင်ဟာလဲ တစစနဲ့ အမှောင်မိုက်လာခဲ့ပါတော့သည်
ကျွေးမွေးမပျက်
ဆောင်ရွက်စီမံ
“မွေခံထိုက်”စေ
လှူမျှဝေ၍
စောင့်လေမျိုးနဲ့ ဝတ်ငါးသွယ်
ကျင့်ဖွယ်သားတို့တာ။
~~~~
အမွေဆိုသည်မှာ မည်မျှပင်
လောဘ တတ်လင့်ကစား
ကိုယ်နဲ့ထိုက်မှ စံစားရတဲ့
အကြောင်းကို သိရှိနားလည်စေလို၍
ဤရသ ဝတ္ထုတိုအား ရေးသားခဲ့သည်
🙏မွေခံထိုက်သူများ ဖြစ်ကြပါစေ🙏
ပြီးပါပြီ
.
ဆက်လက်ကြိုးစားပါဦးမည်
.
.လေလွင့်လူ(တွံတေး)14.12.2022.5:11pm
.
.
အားပေးခဲ့ကြသော စာဖတ်ပရိတ်သက် တစ်ယောက်ခြင်းဆီတိုင်းကို ဂါဝရထား အထူးပင်ကျေးဇူးလျှက်
.
.
.Friend မဖြစ်သေးဘူးများလဲ ကျွန်တော်ရဲ့အကောင့်နဲ့Pageလေးကို အပ်ထားခြင်းဖြင့် ရေးသမျှ မလွတ်တမ်းဖတ်နိုင်ပါတယ်