မှင်စာလေးဆိုးပေ

Posted on

မှင်စာလေးဆိုးပေ(စ/ဆုံး)

————————-

ဟ,….ဟ,..ဟ…လုပ်ကြပါအုံးဟ, ဘာကောင်လေးတုန်းဟ,
ငါ့, ထမင်းတောင်းကို အတင်းလာဆွဲနေတယ်ကွ,,

ဦးမိုးတစ်ယောက်မှာ ညနေစောင်းမိုးချုပ်ခါနီး အမှောင်ထု လေးကလည်း အစပျိုးနေချိန် ကညွတ်ကွင်းရွာရဲ့ အနောက်ဖက် သူ၏လယ်ဧကများစွာထဲတွင် တဲထိုးပြီး

လယ်စောင့်၍ လုပ်ကိုင်နေသူ ဦးမိုးသားဖြစ်သူ ငမိုးနဲ့ အောင်ကြီးကို အငယ်ဆုံးသားဖြစ်သူ အောင်မိုးနဲ့အတူ ည
စာ စားဖို့,ထမင်းတောင်းလာပို့ခြင်းပင်ဖြစ်လေသည်။

ကညွတ်ကွင်းရွာနဲ့ ဦးမုိးလယ်နှင့်ဆို သိပ်အဝေးကြီးတော့
မဟုတ်ပေ။

နွားလှည်းဖြင့်,၁၅မီနစ်လောက် သွားရင်ရောက်လေ၏။
နတ်တော်လ ဖြစ်သည်မို့ အအေးဓါတ်လေးကလည်း အပြင်မှာ လွှမ်းခြုံ၍, အေးစိမ့်နေလေသည်။

ဦးမိုးတို့ သားဖနှစ်ယောက်သား ငမိုးနဲ့ အောင်ကြီးကို
ရွာထဲမှာဝက်သားပေါ်သဖြင့်, တစ်ပိသာဝယ်ချက်ပြီး ငါး
ဆယ်ကျပ်သားလောက် အိုးထဲထည့် ထမင်းကိုလည်း

ငါးလုံးဝင်အိုးလေဖြင့် အပြည့်ထည့်ခါ မနက်စာ ထမင်း
ကြမ်းစားဖို့ အတွက်ရော တစ်ခါထဲ တောင်းလေးထဲပြီး
လာပို့ရင်း တဲမရောက်ခင် လှည်းလမ်းမှာသုံးပွင့်ဆိုင်လိုမျိုး

ဖြစ်နေသည်လမ်းဆုံအရောက်တွင် လက်ပံပင်ကြီး နှစ်ပင်ရှိ
လေ၏။

ထိုလက်ပံပင်ကြီး အနားရောက်တော့,ဦးမိုးတို့ သားအဖကို
လက်ပံပင်ကြီးပေါ်ကနေ မည်းမည်းနဲ့,ကြောင်လောက်အ
ရွယ်အစားရှိသည် အကောင်လေးတစ်ကောင် အပင်ပေါ်

ကနေ အပြေးဆင်းလာပြီး ဦးမိုးတို့ နွားလှည်းရှေ့ ပိတ်ရပ်ခါ လက်သေးသေးလေးတွေကို အရှေ့သို့ ဖြန့်ခါ ဘာကို
တောင်းနေသည်မသိ နွားတွေကလည်း ထိုအကောင်လေး

ကိုမြင်သည်နှင့် ရှုးရှုးရှဲရှဲဖြစ်ကာ နှာတွေမှုတ်ကုန်ကြပြီး
အလန့်တကြား နွားလှည်းကို ဟိုဖက်ဆွဲလိုက်ဒီဖက်ဆွဲလို
က် အနောက်ကို ပြန်ဆုတ်လိုက်နဲ့ အရှေ့ကိုဆက်မသွား

ရဲတော့ပဲ တစ္ဆေသရဲတစ်ကောင်ကိုမြင်သည်အတိုင်း ကြော
က်လန့် နေကြသည်။

နွားလှည်းမောင်းနေသည် အောင်မိုးတောင်နွားနှစ်ကောင်ကို
မနည်းနိုင်အောင်ထိန်းနေရလေသည်။

အဖေ နွားလှည်းရှေ့မှာ ဘာကောင်လေးလည်း လက်ဖြန့်
ပြီး ဘာကိုတောင်းနေတာလည်းမသိဖူးဗျ,,

အေး…ကွ,အောင်မိုးရ, ငါလည်းဒီကောင်လေးက ဘာ
ကောင်လေးလည်းဆိုတာကြည့်နေတာကွ,,

အဖေကလည်း ဒီအတိုင်းကြည့်နေလို့,တော့ရမှာမဟုတ်ဖူး
နွားတွေက သူကိုမြင်ပြီး ရှေ့ဆက်မောင်းလို့,မရတော့ဖူးဗျ
ကြောက်လန့်,ကုန်ပြီ တစ်ခုခုလုပ်အုံးအဖေရဲ့,

အေးပါကွာ,ဆိုပြီး လှည်းပေါ်ပစ်ပေါက်စရာ ဘာများရှိမ
မလည်းရှာကြည့်လိုက်တော့,မြေကြီးခဲအသေးလေး နှစ်လုံး
သုံးလုံးလောက် တွေ့သဖြင့် ယူ၍ လှည်းလမ်းရှေ့က ထို

အကောင်လေးအား ပစ်ပေါက်လိုက်လေ၏။ ဦးမိုး မြေကြီး
ခဲနှင့် ပစ်ပေါက်လိုက်မှ ပိုဆိုးသွားလေသည်။

ကြောင်လောက်ရှိသည် ထိုအကောင်လေးက သူကိုခဲနှင့်
ခြောက်လန့် ပေါက်လိုက်သည်ကို စိတ်ဆိုးပြီး

ခွီး……ခွီး….ခွီး…..ကွီး….ကွီး….ကွီး….ဆိုပြီး နွားလှည်းပေါ်
သို့ ပြေးတက်လာ၍ ထမင်းတောင်းအား အတင်းဆွဲလေးတော့သည်။

အောင်မိုးကနေ အဖေ..အဖေ…ဘေးဖယ် ဆိုပြီးထိုကြောင်
လောက်ရှိသည် အကောင်လေးအား အတင်းနွားရိုက်တဲ့,

ကြိမ်လုံးဖြင့်,ရိုက်ချ,လိုက်လေ၏။ ကြိမ်လုံးဖြင့်,အောင်မိုး
ရိုက်တော့ ထိုအကောင်လေးက ကြိမ်လုံးကို ရှောင်နေလေ
သည်။

တစ်ချက်တော့ အောင်မိုးရိုက်တဲ့,ကြိမ်လုံးနဲ့ထိပြီး လှည်း
ပေါ်က လှိမ့်ကြသွားလေ၏။

လှည်းပေါ်ကကြသွားတော့,မှ, ဦးမိုးက လူလေးအောင်မိုး
လှည်းကိုအမြန်မောင်းစမ်း တဲကိုရောက်အောင် ဒီကောင်

လေးက အသက်အရွယ်ကြီးတဲ့လူကြီးတွေပြောတဲ့ မှင်စာလေးဖြစ်လောက်တယ် အဖေကတော့,တစ်ခါမှမမြင်ဘူးဖူး
အရင်ကဒီ လမ်းစုံနားက လက်ပံပင်ကြီးမှာ ဒီမှင်စာလေးကို

တစ်ခါမှ,ခုလိုမျိုး မကြုံဖူး မတွေ့ဖူးပါဖူးကွာ,ခုမှ,ဒီကောင်
လေး ဘယ်ကရောက်လာတာလည်း မသိဖူးကွ,မြန်မြန်မောင်း လှည်းကို,

ဗျာ,မှင်စာလေးဟုတ်လားအဖေ,ဆိုပြီး မှင်စာဆိုမှ အောင်မိုး
လည်း ကြောက်လန့်ပြီး နွားတွေကို အတင်းကြိမ်နဲ့တို့ ပြီး
အပြေးမောင်းလေတော့သည်။

ထိုသတင်းကနောက်တစ်နေ့, ကညွတ်ကွင်းရွာထဲတွင် ပျန့်နှံ့
သွားလေတော့၏။

ကျွန်တော်လည်း ဒီသတင်းကြားပြီးထဲက အံ့သြနေတာဗျ,
ကျွန်တော်လည်း ကျွန်တော်တို့လယ်ထဲကို အမြဲသွားနေကြ

ပါ ခုလိုမျိုးကြောင်လောက်ရှိတဲ့ မှင်စာလေးနဲ့,တစ်ခါမှ မကြုံဖူးပါဖူးဗျာ,

ခုမှ ဘယ်ကဘယ်လိုရောက်လာပြီး လူတွေကို ခြောက်လှန့်
နေရတာတုန်းဗျာ,

ဦးမိုးတို့သားအဖ,မှင်စာလေးနဲ့,ကြုံပြီးနောက်နေပဲ ရွာထဲက
စိန်တုတ်ဆိုတဲ့ကောင်လည်း ဦးမိုးတို့ ကြုံခဲ့တဲ့ မှင်စာလေး

နဲ့,လယ်ထဲ နွားလှည်းနဲ့ စိန်တုတ်ညီဖြစ်တဲ့ ပေသီးကို ထမင်း
တောင်းသွားပို့ရင်း ကြုံတွေ့ခဲ့ရလို့ ပေသီးနေတဲ့တဲကို
မနည်းရောက်အောင် လှည်းကိုအပြေးမောင်းပြီး ထွက်ပြေးခဲ့ရတယ်ဆိုပဲဗျ,,

ဒီသတင်းကြားပြီးတော့ ရွာထဲကလူတွေဆိုတာ ညမိုးချုပ်ခါနီးရင် လယ်ထဲက မိမိတို့ ညီကိုမောင်နှမသားချင်းတွေကို
ထမင်းသွားမပို့ရဲတော့ပဲ မိုးမချုပ်ခင်ထဲကကြိုပို့ထားကြလေ၏။

ကျွန်တော်ကတော့ ဒီသတင်းကြားပြီး စဉ်းစားကြည့်တယ်
ဗျ,,ဒီမှင်စာလေးက လူကိုတော့ဘာမှ,မလုပ်ဖူး,နွားလှည်း

ရှေ့ကနေရပ်ပြီး လက်ဖြန့်ပြီးဘာကိုတောင်းနေတာလည်း
ပေါ့, ပြီးတော့,သူကိုမောင်းထုက်ရင် စိတ်ဆိုးပြီး လှည်းပေါ်
တက်လာပြီး ထမင်းတောင်းကိုဆွဲချတယ်ဆိုတော့,

ဟုတ်ပြီဗျ,,ကျွန်တော်စဉ်းစားလို့ရပြီ ဒီမှင်စာလေးက ထမင်းဟင်းကို စားချင်လို့,ခုလိုမျိုးနွားလှည်းရှေ့ကနေ
လက်ဖြန့်ပြီးတောင်းစားတာကို လူတွေကကြောက်လန့်

ပြီး သူကိုမောင်းထုက်တော့,သူကစိတ်ဆိုးပြီး လှည်းပေါ်ကထမင်း ဟင်းတွေကိုအတင်းဆွဲချတာ ဖြစ်မယ်ဗျ,

ကျွန်တော်အတွေးနဲ့,ကျွန်တော် အိမ်ရှေ့ မန်ကျည်းပင်
ကြီးအောက် ကွပ်ပြစ်ပေါ်တွင် ရေနွေးကြမ်းလေးတစ်အိုး
နှင့် ကြယ်နီဆေးလိပ်လေး ထိုင်သောက်ရင်းတွေးနေတုန်း

ဟေး….ကောင်ကြီးနေခန့်,ဘာတွေတစ်ယောက်ထဲတွေးပြီး
ပြုံးနေတာလည်းကွ,,ပြုံးပြုံးနဲ့,

အိမ်ရှေ့ခြံဝက အသံကြားသဖြင့်,လှမ်းကြည့်လိုက်တော့
လင်းအောင်ဖြစ်နေ၍,လာလေကွာလင်းအောင် သူငယ်ချင်း

လင်းအောင်က ခြံဝကနေကျွန်တော်ထိုင်နေသည် ကွပ်ပြစ်
ရှိရာကို လျှောက်လာရင်း ဝင်းထိုင်လိုက်လေ၏။

ကိစ္စရှိ့လို့,လားငါဆီလာတာလင်းအောင်ရ,

ကိစ္စတော့,ထွေးထွေးထူးထူးမရှိပါဖူးကွာ,နေခန့်,ရာ ဒီလိုပါ
ပဲ ပျင်းတာနဲ့,မင်းဆီလှည့်လာတာ မင်းရွာထဲမှာပြောနေကြ
တဲ့,သတင်းကြားပြီးပြီလားကွ,

ဘာသတင်းများမင်းက ရွာထဲကကြားလာလို့,လည်းလင်း
အောင်ရ,

ဘာသတင်းလည်းဆိုတော့ ဟိုတစ်နေ့က ဦးမိုးသားအဖ
ရယ် စိန်တုတ်ရယ် လက်ပံပင်ကြီးနှစ်ပင်က မှင်စာသရဲ
လေး ခြောက်လှန့်လိုက်တဲ့သတင်းလေကွာ,,နေခန့်,ရ,

လင်းအောင်က ရွာထဲကကြားလာသည် သတင်းကို ကျွန်
တော်မသိသေးဖူးထင်၍, လာပြောခြင်းဖြစ်လေသည်။

ငါကြားပြီးပါပြီလင်းအောင်ရာ ငါလည်းခု အဲ့ဒီမှင်စာလေး
အကြောင်းပဲ ထိုင်နေရင်စဉ်းစားနေတာကွ,လင်းအောင်ရ,

မင်းက ဘာတွေများထိုင်ပြီး ထွေထွေထူးထူး မှင်စာသရဲလေးအကြောင်းစဉ်းစားနေရတာလည်းကွ,,နေခန့်ရ,

အေး…ငါစဉ်းစားတာမှန်ခဲ့,မယ်ဆိုရင်တော့,ညကြရင်မင်း
သိရမှာပေါ့ကွာ,လင်းအောင်ရာ အခုတော့,ငါစဉ်းစားတွေး
နေတာ မှန်လားမမှန်လားမသိသေးတော့,မပြောနိုင်သေးဖူး

ညကြမှ ငါသိရမယ်ဆိုတော့,မင်းကဘာလုပ်အုံးမလို့လည်း
နေခန့်,

ငါညနေမိုးချုပ်ခါနီး ငါ့အကို အကိုဖိုးဟန်ကို ငါတို့လယ်
ထဲကတဲကို ထမင်းသွားပို့မလို့, ညကြရင်မင်းငါနဲ့,လိုက်ခဲ့

လေကွာ,အဲ့,ကြမှ ငါဘာလုပ်မလည်းဆိုတာ မင်းသိရမှာပေါ့
လင်းအောင်ရ, မင်းငါနဲ့,လိုက်ရဲတယ်မလား လယ်ထဲကို

ဟ,ကောင်နေခန့်,ရ,ငါကဘာလို့,မလိုက်ရဲရမှာလည်း မင်း
တောင်မှသွားရဲသေးတာပဲ

အေး..ဒါဆိုမင်းညနေမိုးချုပ်ခါနီးကြရင် ငါဆီပြန်လာခဲ့ငါတို့
နှစ်ယောက်သွားကြတာပေါ့ကွာ,

အေးအေး..ငါညနေမိုးချုပ်ခါနီးကြမှ ပြန်လာတော့မယ်
နေခန့်,ခုတော့ငါပြန်တော့မယ် ဆိုပြီးလင်းအောင်ပြန်သွား
လေသည်။

လင်းအောင်းနဲ့ကျွန်တော်ဆိုသည်မှာ ငယ်ငယ်ထဲကပေါင်း
သင်းလာသည် ငယ်သူငယ်ချင်းတွေမို့, ညီအကိုရင်းတွေလို
ချစ်ခင်ကြလေ၏။

ဘယ်သွားသွား ဘယ်လာလာဘာလုပ်လုပ် နှစ်ယောက်စိတ်
တူကိုယ်တူလုပ်ကြသူတွေမို့,အခုလည်း ညနေမိုးချုပ်ခါနီး

မှင်စာသရဲလေး ခြောက်လှန့်သည်ဆိုသော လက်ပံပင်ကြီးနားက ဖြတ်သွားရမည်ကိုပင် အရေးမထားပဲ ကျွန်တော်နဲ့အတူတူ လိုက်မည်ပြောသွားခြင်းဖြစ်လေ၏။

ကျွန်တော်တို့ အဖေဦးဘိုးထွန်းနှင့် အမေဒေါ်စန်းလေး ပိုင်
ဆိုင်သည် လယ်ဧကများစွာမှာလည်း ကညွတ်ကွင်းရွာ
လေးရဲ့ အနောက်ဖက်မှာဖြစ်ပြီး လယ်ထဲကိုသွားမည်

လှည်းလမ်းက မှင်စာသရဲလေးခြောက်လှန့်သည်ဆိုသော
လက်ပံပင်ကြီးနှစ်ပင်နားက ဖြတ်သွားရမည်ဖြစ်လေ၏။

လင်းအောင်ပြန်သွားတော့ ကျွန်တော်လည်း ရေကိုစော
စောကြိုချိုးထားလိုက်ပြီး ထမင်းကို ဟိုနေ့ကရွာထဲမှာ
ဝက်ပေါ်သဖြင့် အမေကဝက်သားကို သုံးပိသာယူု၍

ချက်စားတာကချက်စား ပိုတဲ့ဝက်သားတွေကို ဝက်သားချဉ်လုပ်၍ မြေအိုးအသေးလေးထဲ ထည့်ထားလိုက်လေ၏။

အခုလည်း ထိုအချဉ်ထည့်ထားသည် ဝက်သားတွေကို ငရုပ်သီးစပ်စပ်ဖြင့် ချက်ထားသဖြင့်,ထမင်းစားရသည်မှာ
အရမ်းစားလို့,ကောင်း၍ စားချလိုက်တာ ဗိုက်ကိုအယ်

ထသွားတာပဲ ရေကစောစောမချိုးလို့မဖြစ် ဆောင်းတွင်း
ရောက်နေပြီဖြစ်လို့ ညနေအချိန်ရောက်လာပြီဆို အအေး
ဓါတ်ကဝင်လာပြီး ရေတွေဆိုအေးစိမ့်နေတာပဲ

ဒါကြောင့် ကျွန်တော်လည်း ရေကိုကြိုချိုးထားခြင်းဖြစ်၏
ထမင်းစားပြီး ဗိုက်ကလည်းလေး လူကလည်းမလှုပ်ချင်
မကိုင်ချင်ဖြစ်နေပြီး ခံတွင်းလေးကလည်းချဉ်လာသဖြင့်

ကြယ်နီဆေးပေါလိပ်လေးကို အရသာခံပြီးဖွာနေလိုက်၏။
ဆေးလိပ်သောက်တဲ့သူတွေအကျင့်ပဲဗျ,ခုလိုထမင်းစားပြီး
တဲ့အချိန်ဆို ခံတွင်းကချဉ်လာပြီး ဆေးလိပ်လေးများနှစ်

ဖွာသုံးဖွာများဖွားလိုက်လို့ရတော့ ဘယ်ပြောကောင်းလိုက်မလဲဗျာ,ခံတွင်းအချဉ်ပြေပြီး အရသာကိုရှိသွားတာပဲ

ညနေစောင်းအချိန်ရောက်တော့ လင်းအောင်ကျွန်တော်ဆီရောက်လာပါရော ….နေခန့်,ရေ…ဟေ့…ကောင်နေခန့်,အဆင်သင့်ဖြစ်ရင်သွားကြမယ်လေကွာ,,

အေးအေး….ဖြစ်နေပြီကွ, ဆိုပြီးအကိုဖိုးဟန်စားဖို့ အမေထည့်ပေးထားသည် ထမင်းတောင်းလေးထဲ အမေမသိ
ခင် ကျွန်တော် ထမင်းနဲ့ဝက်သားဟင်းတွေကိုပို့ထည့်လိုက်

ပြီး ထမင်းတောင်းလေးကိုယူခါ အိမ်ပေါ်မှာဆင်းလာပြီး
လှည်းပေါ်တင်လိုက်၍, အိမ်မှာရှိတဲ့နွားတွေထဲက အရမ်း
လိမ္မာတဲ့ ငနီကြီးနဲ့ငညိုကြီးကိုနွားလှည်းတွင် တပ်ဆင်လိုက်

ပြီး လင်းအောင်ကိုခေါ်ကာနှစ်ယောက်သား အကိုဖိုးဟန်ဆီ
သို့ ထွက်လာခဲ့လေသည်။

အကိုဖိုးဟန်ကတော့ လယ်ထဲကတဲမှာ လယ်ယာစိုက်ခင်းတွေကိုစောင့်ရင်းနေတာကများ၏။

ကျွန်တော်ကတော့ လယ်ထွန်းတဲ့အချိန် အပင်တွေပျိုးကြဲ
တဲ့အချိန် အပင်တွေကြီးလာရင် ပိုးကြမှာစိုးလို့ဆေးဖျန်း
တဲ့အချိန် မြေသြဇာကျွေးတဲ့,အချိန် အပင်တွေမှည့်လို့

ခူးနုတ်ရိတ်တဲ့အချိန်တွေဆို အကုန်ဝိုင်းလုပ်ပေးပေမဲ့ လယ်
ထဲက တဲမှာတော့ အကိုဖိုးဟန်နဲ့အတူ လယ်ယာစောင့်တဲ
စောင့်ရင်းနေတာက နည်းလေ၏။

တစ်ခါတစ်လေလောက်ပဲ နေလေသည် ကျွန်တော်နှင့်
လင်းအောင်လည်း စကားတပြောပြောနဲ့,နွားလှည်းကို ပုံ
မှန်လေး မောင်းလာလိုက်တာ လှည်းလမ်းစုံ လက်ပံပင်ကြီး

နှစ်ပင်နားရောက်လာလေသည်။ လှည်းကိုတော့ လင်းအောင်ကမောင်းပြီး ကျွန်တော်ကအနောက်ကနေ ထမင်း
တောင်းလေးကို ကိုင်ထားပြီး အေးဆေးစကားပြောရင်း

လှည်းပေါ်လိုက်လာခဲ့ခြင်းဖြစ်လေ၏။ ဟေ့…ကောင်နေခန့်
ဟိုမှင်စာလေးခြောက်လှန့်တယ်ဆိုတဲ့,လက်ပံပင်ကြီးနား
တော့ ရောက်လာပြီးကွ,,ခုထိတော့,မှင်စာနဲ့တူ တာဆိုလို့,

ကြောင်တစ်ကောင်တောင်မတွေ့,သေးဖူးကွ,, ဟုတ်တော့လည်း ဟုတ်ပါတယ် လင်းအောင်ပြောတာ ခုချိန်ထိ
ဘာအကောင်မှမတွေ့ရသေးပေ။

အပြင်မှာ အလင်းရောင်လေးက ပျောက်တော့မည် လမင်းကြီးကလည်း လပြည့်ဖို့တစ်ရက်ပဲလိုတော့၍, နေမင်းကြီး
အလင်းရောင် ပျောက်သွားရင် ထွန်းလင်းပေးဖို့ အားအင်

အပြည့်နဲ့ လမင်းကြီးက ပေါ်ထွန်းလာသည်အချိန် ပတ်ဝန်း
ကျင်းတစ်ခုလုံးကို ကောင်းစွာမြင်နေရလေသည်။

ကျွန်တော်နဲ့ လင်းအောင်စကားပြောနေတုန်း လက်ပံပင်ကြီးပေါ်က မည်းမည်းကောင်လေးတစ်ကောင် ဆင်းလာလေသည်။

အရွယ်အစားက ကြောင်တစ်ကောင်လောက်သာရှိလေ၏။
ခေါင်းကတော့ ကြောင်ခေါင်းနဲ့မတူ ဒီကောင်ခေါင်းကပို
ပြီးကြီး၍ နာရွက်ကားကားလေးဖြစ်နေပြီး နာရွက်လေးက

အပေါ်သို့ ချွန်ထွက်နေလေသည်။ မျက်လုံးကလည်းပြူး
ုပြူး ပါးစပ်ကျယ်ကျယ်လေးဖြင့် သွားလေးတွေပေါ်အောင်
ရယ်ပြရင် နွားလှည်းရှေ့ကနေ ပိတ်ရပ်ပြီး လက်ခလေးဖြန့်

ခါ တစ်ခုခုကိုလိုချင်၍ တောင်းနေသည် ပုံဆန်ဖြစ်နေလေသည်။

ဟား…..နေခန့်,ဟိုမှာ…..ဟိုမှာ…..ဦးမိုးတို့သားအဖနဲ့ စိန်
တုတ်တွေ့ခဲ့တဲ့ မှင်စာသရဲလေးကွ,,ငါတိုဘာဆက်လုပ်ရမ
လည်းကွ,,နွားတွေကလည်းကြောက်လန့်ကုန်ပြီ

မင်းအသာနေ လင်းအောင် ငါစမ်းလုပ်ကြည့်မယ် ဆိုပြီး
နွားရှေ့က ကြောင်အရွယ်လေးလောက်ရှိတဲ့ မှင်စာလေးကို
ထမင်းတောင်း မြှောက်ပြရင်း ပြောလိုက်လေ၏။

ဒီမှာ…..မင်းဗိုက်ဆာနေလို့လား,,မေးလိုက်တော့ မှင်စာလေး
က သနားစရာ မျက်နှာငယ်လေးနဲ့ ခေါင်းညိတ်ပြလေသည်

ကျွန်တော်လည်း သူကိုကြည့်ပြီး သနားသွားလေ၏။
သူခမျ ဗိုက်ဆာ၍,ထမင်းတောင်းစားသည်ကို ရွာထဲကလူ
တွေက မသိပဲကြောက်လန့်မောင်းထုက်နေကြ၏။

ကျွန်တော်လည်း ထမင်းတောင်းထဲမှ ပိုထည့်လာသည်
ထမင်းနဲ့ဝက်သားဟင်းကို ဒီကိုလာခါနီးထဲက ကြိုပြီးယူ
လာသည် ငှက်ပျောဖက်တစ်ခုထဲ ထမင်းရောဝက်သား

ဟင်းပါရောနယ်၍ လှည်းပေါ်မှဆင်းလိုက်ပြီး လက်ပံပင်ကြီးအောက် သွားချထားလိုက်ပြီး လာလေကွာဆိုးလေးရဲ့
မင်းကိုဘာမှ,မလုပ်ပါဖူး လာစားပါကွ,ဆိုးပေလေးရ,

ထမင်းနဲ့ဝက်သားရောနယ်ပြီးထည့်ထားသည် ငှက်ပျော
ဖက်အားချထားခဲ့ပြီး လှည်းပေါ်ကို ပြန်တက်ခါ မှင်စာဆိုး
ပေလေးအားကြည့်နေလိုက်သည်။

အမှန်တော့ မှင်စာလေးနာမည်အားသိလို့ခေါ်ခြင်းမဟုတ်ပါ
ကျွန်တော်မှင်စာလေးအားကြည်ု့ပြီး သနား၍ နာမည်ပေး
လိုက်ပြီး ခေါ်လိုက်ခြင်းဖြစ်လေသည်။

ကျွန်တော်လှည်းပေါ်ပြန်ရောက်သ်ာနှင့် မှင်စာလေးဆိုးပေ
မှာ ကျွန်တော်ချထားသည် ထမင်းနဲ့ဟင်းတွေအား အားရ
ပါးရ စားနေလေသည်။

ဟား…..နေခန့်ကြည့်စမ်း မင်းချကျွေးထားတဲ့,ထမင်းနဲ့ဟင်း
တွေကို ဗိုက်အရမ်းဆာနေလို့လားမသိဖူး အားရပါးရစားနေ
တယ်ကွ,,

ဒါပေါ့ကွ,,လင်းအောင်ရ,ဒီကောင်က ဗိုက်ဆာလို့ လယ်ထဲ
ထမင်းသွားပို့တဲ့ နွားလှည်းတွေကို လက်ပံပင်ပေါ်ကဆင်း
လာပြီး ထမင်းတောင်းစားတာကို လူတွေကသူကို မမြင်ဖူး

မတွေ့ဖူးတော့ ထမင်းတောင်းစားမှန်းလည်းမသိတော့
ကြောက်လန့်ပြီး မောင်းထုက်တာပေါ့ကွာ,ဒီတော့ဒီကောင်
ကပိုဆိုးပြီး ထမင်းမစားရမှာကြောက်လို့ အတင်းလှည်း

ပေါ်ကထမင်းဟင်းတွေကို ဆွဲချတာဖြစ်မှာပေါ့ လင်းအောင်
ရ,,ဒါကို ငါသေချာစဉ်းစားမိပြီးတော့မှ ခုလိုစမ်းပြီး ဒီကောင်ကို ထမင်းနဲ့ဟင်းပိုယူခဲု့ပြီးကျွေးကြည့်ရတာပေါ့,

အခုငါထင်တဲ့ အတိုင်းပဲမဟုတ်လား လင်းအောင်ရ,ဒီကောင်ဗိုက်အရမ်းဆာပြီး စားနေတာကြည့်ပါအုံးကွာ,,

ဟုတ်တယ်နေခန့်,မင်းပြောတာဖြစ်နိုင်တယ် ဒါကြောင့်မင်း
က ငါမေးတာကို ညကြမှမင်းသိရမှာပေါလို့ ငါကိုပြန်ပြော
တာကိုကွ,,,

ကျွန်တော်လည်း မှင်စာဆိုးပေးလေးအားကြည့်ပြီးပြော
လိုက်၏။

ဟေ့ကောင်ဆိုပေ မင်းနောက်တစ်ခါ နွားလှည်းတွေလာရင်
ထမင်းတွေဟင်းတွေ တောင်းစားပြီးမလုရဖူးနော် ငါပြော
တာကြားရဲ့လား ဆိုးပေ

ကျွန်တော်လှမ်းပြောလိုက်တော့ ခေါင်းလေးညိတ်ပြတယ်ဗျ,,တော်တော်လိမ္မာတဲ့ကောင်ပဲဗျ,,

အေး….မင်းကဗိုက်ဆာလို့တောင်းစားပေမဲ့ သူတို့ကမင်းကို
မြင်ပြီး ကြောက်ကြတယ်ကွ,, ဒီတော့ မင်းနောက်နေ့တွေဆို
ငါ နေ့တိုင်း ထမင်းလာကျွေးမယ် ငါကိုဘာမှပြန်မလုပ်ရဖူး

နော်,မင်းငါကိုတစ်ခုခု ပြန်လုပ်လို့ကတော့ မင်းကိုထမင်းနေ့
တိုင်းငါလာမကျွေးတော့ဖူး,နောက်ပြီးဒီနေရာကနေ ဆရာ

တစ်ယောက်ခေါ်ပြီး အပြီးမင်းကိုမောင်းထုက်ပြစ်လိုက်မှာ
ကြားလား ဆိုးပေ

ဒီကောင်က ခေါင်းပြန်ညိတ်ပြတယ်ဗျ, ကဲငါတို့လည်းသွား
တော့မယ် နောက်နေ့ဒီလို့ အချိန်တိုင်း မင်းကိုထမင်းလာ
ကျွေးပေးမယ်ကြားလား,ဆိုးပေ

အံမယ် ဒီကောင်ကလူပါးဗျ,,ခေါင်းပြန်ညိတ်ပြရင်း ကျွန်
တို့ကို လက်ခလေးကာပြရင်း နုတ်ဆက်တယ်ဗျ,,တော်တော် လည်တဲ့ကောင်ပဲဗျ,,မလွယ်ဖူးဒီကောင်

နေခန့်,နေခန့်, ငါကောင်ကြီးက မိန်းမ မရပဲနဲ့ခလေးတစ်ယောက်ို ကျွေးမွေးစောင့်ရှောက်ရတော့မှာပဲကွ,,ဟား….
ဟား…….ဟား…….

လင်းအောင်က ကျွန်တော်နဲ့,ဆိုးပေကိုကြည့်ပြီးသဘောကြ
၍,စနောက်ရင်းရယ်လေတော့သည်။

ကျွန်တော်တို့ နှစ်ယောက်လည်း အကိုဖိုးဟန်ကို ထမင်းသွား ပို့ပြီးပြန်လာတော့ လက်ပံပင်ကြီးအောက်ရောက်

တော့ ဆိုးပေလေးများတွေ့ အုံးမလားလိုက်ရှာကြည့်တော့
မတွေ့ရတော့ဖူးဗျ,,ဒီကောင်ကိုမတွေ့တော့မှ ကျွန်တော်နှစ်
ယောက်လည်း ရွာကိုပြန်လာခဲ့တာပေါ့ဗျာ

နောက်နေ့,တွေဆိုလည်း လင်းအောင်နဲ့,ကျွန်တော်နေ့တိုင်း
ဆိုးပေ လေးကို ထမင်းသွားကျွေးရတာပေါ့ဗျာ

အကိုဖိုးဟန်ကို ထမင်းပို့ရင်း အကိုဖိုးဟန်ကို ထမင်းသွားမပို့ရလည်း ဆိုးပေကိုတော့အမြဲတမ်းသွားကျွေးဖြစ်
ပါတယ် အံမယ်ဒီကောင်က ကျွန်တော်နဲ့လင်းအောင်

နေ့တိုင်း သူကိုထမင်းလာကျွေးပါများတော့ အရမ်းရင်းနှီး
သွားတော့ ကျွန်တော်တို့ထမင်းသွားကျွေးပြီဆို ကပြရတာ
နဲ့ သူအသံသေးသေးလေးနဲ့,သီချင်းဆိုပြရတာနဲ့,ပြောင်ပြ

ရတာနဲ့စုံလို့,ပါပဲဗျာ,ပျော်စရာတော့ကောင်းသား ဒါပေမဲ့
ကျွန်တော်တို့ ကြာကြာမပျော်လိုက်ရပါဖူးဗျာ

ဘာဖြစ်လို့လည်းဆိုတော့,ဆိုးပေလေးကို တစ်နှစ်လောက်ပဲ
ခင်မင်ရင်းနှီးခွင့် ရလိုက်တယ် ဒီကောင်နဲ့ တစ်နှစ်ယောက်
အတူတူ ထမင်းကျွေးလိုက် ဆော့လိုက် ကလိုက်သီချင်းဆို

လိုက် ပြောင်လိုက်နဲ့နေလာရင်းနောက်ပိုင်း ဘယ်ကိုပျောက်
သွားသည်မသိ လုံးဝကိုထပ်မတွေ့ရတော့ဖူးဆိုးပေလေးကို

ဒီဘဝကပဲကျွတ်လွတ်သွားတာပဲလား ဒါမှမဟုတ်တစ်ခြား
နယ်ကိုပြောင်းသွားရတာပဲလားမသိပါတော့ဖူးဗျာ,

ကျွန်တော်နဲ့ လင်းအောင်ဆိုတာ ဆိုးပေလေးပျောက်သွားတဲ့အချိန်တုန်းကဆို ထမင်းမစားနိုင်ဟင်းမစားနိုင်နဲ့
နှစ်ယောက်သား ဆိုးပေလေကိုလွမ်းပြီး မျက်ရည်တောင်

ကျမိပါတယ်ဗျာ, သံယောဇဉ်..သံယောဇဉ်ဆိုတာ လူဖြစ်
ဖြစ် တရိစ္ဆာန်ဖြစ်ဖြစ် ခုလိုပျော်ပျော်ရွှင်ရွှင်နဲ့,နေလာပြီး
ရုတ်တရက် ပျောက်သွားတော့ ခံစားရတာပေါ့ဗျာ,ခုလညိ်း

ဆိုးပေလေး ပျောက်သွားတဲ့နောက်ပိုင်း ကျွန်တော်နဲ့လင်း
အောင်ခံစားနေရတာပေါ့ဗျာ,ဒါဆိုးပေအပေါ်ထားမိတဲ့
ကျွန်တော်တို့ရဲ့ သံယောဇဉ်မေတ္တာကြောင့်ပေါ့ဗျာ,,

ပြီး

*ရှိုင်း*

*စာရေးဆရာအပေါင်းအားအထူးလေးစားလျှက်*

*၁၁ကြိမ်မြောက်ရေးသားဖော်ပြသည်*

*ကျွန်တော်ရေးသားထားသည်ဇာတ်လမ်းမှာ အမှားများစွာ
လိုအပ်ချက်များစွာ ရှိနေသေးပါသဖြင့် စာဖတ်ကြည့်မိသူ
တွေအနေနဲ့ ထိုအမှားတွေလိုအပ်ချက်တွေကို ပြန်လည်ပြင်
ဖတ်ပေးပါလို့တောင်းပန်ပရစေ စာဖတ်သူအပေါင်းတို့ စိတ်
ချမ်းသာကိုချမ်းသာနဲ့,နေနိုင်ကြပါစေလို့ ကျွန်တော် ရှိုင်းက
ဆုတောင်းပေးလိုက်ပါတယ်*

*ဖျားနေတုန်းလူက နားနေပေမဲ့ ဝါသနာကတော့ နားလို့မရ
သဖြင့်, စာဖတ်သူတွေကို ဒီဇာတ်လမ်းလေးနဲ့ အပျင်းပြေ
ဖတ်လို့ရအောင် ရေးသားပြီးတင်ပေးလိုက်ပါတယ်*

စာရေးပြီး တင်ချိန် 4:03 pm