မှော်ကဝေမယ်(စ/ဆုံး)
———————
ပဲခူးရိုးမရှိ နောင်အင်ရွာဆိုတဲ့
ရွာကလေးကို ဆရာကြီးဦးရန်သိန်းနဲ့
အတူကျုပ်ရောက်ခဲ့တယ်ဗျ။
လမ်းမှာ” ကျုပ်ကဆရာကြီးကို
မေးလိုက်တယ်။
ဆရာကြီး ” ဒီခရီးစဉ်ကို လာရတဲ့
အကြောင်းရင်းများ တစ်ခုခုရှိလို့
လားဗျာလို့ မေးလိုက်တော့။
ဆရာကြီးက” မောင်သိန်း။
ဆရာကြီးတို့ ” ဒီခရီးစဉ်ဟာ
အတွေ့ကြုံသစ် ပညာသစ်တွေနဲ့
သူနိုင်ကိုယ်နိုင် ဆန်းသစ်ရမဲ့
ပွဲတစ်ပွဲမို့ မင်းကို ဗဟုသုတ
ရစေလိမ့်မယ်တဲ့။
ကျုပ်လဲ” ဆရာကြီးရဲ့စကားကြောင့်
အလွန်မှ စိတ်လှုပ်ရှားလို့ စူးစမ်း
လေ့လာချင်တဲ့ စိတ်တွေက
အတော့်ကိုများသွားတယ်။
ဒီလိုနဲ့ ” ညနေသုံးနာရီလောက်
ရောက်တော့ တောတန်းကြီးတွေရဲ့
အဆုံးကို ရောက်တော့။
နောင်အင်ရွာဆိုတဲ့ ” ဆိုင်းဘုတ်
ကလေးကို ကျောက်သင်ပုန်း
ပုံစံ ဘောင်ခတ်ထားပြီး မြေဖြူနဲ့
ရေးဆွဲထားတယ်ဗျ။
ပုံမှန်အားဖြင့်ဆိုရင်တော့ ”
ဒီဆိုင်းဘုတ်ကလေးဟာ
ဘာမှကို မထူးဆန်းပေမဲ့
ဆိုင်းဘုတ်ရဲ့ ဘေးထောင့်တွေ၌
လူဦးခေါင်းခွံနှစ်ခုကို ဖောက်၍
စွပ်ထားတော့။
ကျုပ်စိတ်ထဲ ” ခံစားချက်က
တမျိုးကြီးပေါ့ဗျာ။
ဒါနဲ့ပဲ ! ဆရာကြီးဦးရန်သိန်းကို
မေးလိုက်ရတယ်။
ဆရာကြီး ” ဒီရွာကြီးကဆိုင်းဘုတ်
မှာ ဘာလို့ လူဦးခေါင်းခွံကို
စွပ်ထည့်ထားရတာလဲဗျ
ဒါဟာ ” မကောင်းတဲ့ နိမိတ်တစ်ခု
ပဲမဟုတ်လားဆရာကြီးလို့
မေးလိုက်တော့။
ဆရာကြီးက ” ဒီတစ်ရွာလုံးက
မှော်ကဝေပညာကို ကလေးက
စလို့ လူကြီးတွေအဆုံးတတ်
ကျတယ်ကွ။
မင်းနားလည်အောင် ရိုးရိုးပြောရရင်
ဒီရွာကြီးက ပညာသယ်ရွာကြီးပေါ့။
ခဗျာ” ဆရာကြီးရဲ့စကားကြောင့်
ကျုပ်ဆွံ့အ သွားရတယ်ဗျ။
ဆရာကြီးက ” အခုဒီရွာကြီးရဲ့
ဆိုင်းဘုတ်က အရိုးခွံနှစ်ခုဟာ
အထက်လမ်းဆရာကြီးတွေရဲ့
ဦးခေါင်းခွံတွေပဲကွဲ့။
ဟာ ” ကျုပ်ထပ်ပြီးအံ့အားသင့်ရပြန်ပြီ။
ဟုတ်တယ်” မောင်သိန်း။
လွန်ခဲ့တဲ့ ” နှစ်အပိုင်းခြားက
ဒီရွာကြီးဟာ အလွန်မှ
အေးချမ်းပြီး ဘာသာသာသနာ
ထွန်းကားလျက်ရှိပြီး အလွန်မှ
နေထိုင်လို့ ကောင်းတဲ့ရွာကြီးကွဲ့။
အဲ့ဒါတွေအကုန်လုံးဟာ” လွန်ခဲ့တဲ့
ဆယ်စုနှစ်မှာတွင် ပျောက်ကွယ်
သွားတယ်ကွဲ့။
အဲ့ဒါကလဲ” ကြီးပွားချမ်းသာချင်တဲ့
ဒီရွာကလူတွေကို မှော်ကဝေမယ်က
သူ့ရဲ့မှော်ပညာအတတ်တွေ ဖြန့်
ဝေပြီး သိမ်းသွင်းလိုက်လို့
ဒီရွာကလူတွေဟာ အကုန်လုံး
ပညာသယ်တွေဖြစ်ကုန်ပြီး
ဘာသာ သာသနာလဲကွယ်ပျောက်ပြီး
အကုန်လုံးအမှောင်ဖုံးကုန်ကျတာပဲ။
ဒီရွာမှာ ” ရှေးယခင်က အမွှေနှစ်
တွေဖြစ်တဲ့ ဘုရားတွေ ရှေ့ဟောင်း
ကျောင်းတွေ လျို့ဝှက်ထားတဲ့
ရှေးပုရပိုက်တွေရှိတဲ့ရတနာသိုက်လဲ
ရှိကျတယ်လို့ သတင်းထွက်နေတယ်။
အဲ့ဒီသတင်းကြောင့် ” ရှေးပုရပိုက်
ဂန္ဓာရီကျမ်းတွေ ရွှေငွေကျောက်သံ
ပတ္တမြားတွေရှိတဲ့ ရတနာသိုက်
သတင်းကြောင့် အထက်လမ်းဆရာတွေ နတ်ဆရာ ဓာတ်ဆရာတွေက
ဒီရွာက ပညာသယ်တွေကို အနိုင်ယူပြီး ရတနာသိုက်ကို လိုချင်လို့
လာကျပေမဲ့ ဒီရွာက ပညာရပ်တွေကို
မနိုင်လို့ သေပွဲ၀င်ကျရတာပဲ
ဒါကြောင့် ” ရွာထိပ်က ဆိုင်းဘုတ်မှာ
တင်ပဲ ၀င်ပြီးရင် အသေပဲထွက်လို့
ရမယ်ဆိုတဲ့သဘောအနေနဲ့
ပညာရှုံးလို့ သေပွဲ၀င်တဲ့ ဆရာတွေရဲ့
ဦးခေါင်းခွံတွေကို ထည့်စွပ်ထား
တာကွဲ့။
ဒီဟာတွေက ” အစပဲရှိသေးတယ်
အထဲရောက်တဲ့အခါကျမှ
ဆရာဦးခေါင်းခွံ့တွေကို အမျိုးမျိုး
အသုံးပြုထားတာကို မင်းတွေ့ရ
လိမ့်မယ်တဲ့။
ဆရာကြီးက ကျုပ်ကိုပြောပြတယ်ဗျ။
ဒါကြောင့်” ငါတို့ ဒီရွာကို
လာခဲ့ရတာက ရတနာသိုက်ကြောင့်
မဟုတ်ဘူးကွဲ့။
ဒီရွာက ပညာတွေအကုန်လုံးကို
ချုပ်ငြိမ်းအဆုံးသတ်စေပြီး
အရင်လို ဘာသာ သာသနာနဲ့
အေးအေးချမ်းချမ်းရှိစေချင်လို့ကွဲ့။
မဟုတ်ရင်တော့” ဒီရွာကြီးက
မိစ္ဆာရွာကြီးတစ်ရွာလို မကောင်းတဲ့
ပညာတွေ မြစ်ဖျားခံတဲ့ နေရာ
အရပ်တစ်ခု ဖြစ်သွားမယ်။
အဲ့လိုဆိုရင်” လူများစွာအတွက်
ထိခိုက်ရှုံးဆုံးမှု့တွေ အရမ်းကို
များလိမ့်မယ်ကွယ့်။
ဒါနဲ့မောင်သိန်း” ဆရာကြီးတို့။
ဒီရွာကို၀င်ရင် သူတို့ပညာတွေနဲ့
အထူးရင်ဆိုင်ရမှာမို့ အသက်
အန္တရယ်များစွာရှိတာမို့ မင်းလိုက်ရဲ
သေးလားကွဲ့။
ဆရာကြီးဦးရန်သိန်းက ” ကျုပ်ကို
မေးတယ်ဗျ။
ကျုပ်လဲ” ကျုပ်တို့ဒီရွာကိုခြေချတာက ကောင်းတာတွေလုပ်ဖို့
ကောင်းဖို့အတွက်ပြင်ဆင်ပြီး
အမှန်တရားဆိုတဲ့အလင်းရောင်ကို
ဒီရွာက လူတွေမြင်နိုင်ဖို့ ရောက်လာ
ခဲ့ကျတာပဲ ကောင်းတာလုပ်ရင်း
အသက်ကို စွန့်ရမယ်ဆိုလဲ ကျုပ်က
လုပ်နိုင်သလောက်တော့ ဆက်လုပ်
ဖို့ပဲရှိပါတယ်ဆရာကြီး။
ဆရာကြီးက” မင်းက ဆုံးဖြတ်ချက်
ချတာ ပြတ်သားတယ်မောင်သိန်း။
ငါလဲ ” မင်းစိတ်ကိုသဘောကျတယ်
ဂဗ္ဘီရတို့ ဂန္ဓာရီတို့ဆိုတာ ဆန်းကြယ်
နက်နဲခြင်းတွေနဲ့ ပြည့်နက်နေပြီး
လျို့ဝှက်ချက် ပဟေဠိတွေနဲ့
ပြည့်နေတာမို့ အခုလို စိတ်ခိုင်တဲ့
ဆုံးဖြတ်ချက် ရဲရင့်ပြတ်သားတဲ့
သူတွေသာ ဒီခရီးစဉ်ကို ကျော်ဖြတ်
နိုင်တာ မဟုတ်ရင်တော့
သေခြင်းနဲ့ပဲ အဆုံးသတ်ရတာ
ကြာပြီပေါ့ကွာ။
ဒီလိုနဲ့ ! ကျုပ်တို့” ဆရာတပည့်တွေ
စကားပြောရင်း ရွာထဲကို၀င်လာခဲ့
ကျတယ်။
ရွာလမ်းမကြီးကို ” ၀င်၀င်ချင်းပင်
ကျုပ်အံ့အားသင့်ရတယ်ဗျို့။
အဘယ်ကြောင့်ဆိုတော့” ရွာလမ်း
မကြီးကိုလဲ လူအရိုးစုတွေနဲ့
ခင်းကျင်းထားလို့ပဲဗျ။
ရွာကြီးက ” တကယ့်ကိုသုဿန်
တစ်ဆ သင်္ချိုင်း၀ဆိုသလိုကို
ဖြစ်နေတော့တာပဲ။
ရွာထဲရှိရှိသမျှ “အိမ်တွေကတော့
တကယ့်ကို အိမ်ကြီးအိမ်ကောင်း
ပျဉ်ထောင်သွပ်မိုးနှစ်ထပ်အိမ်
တွေချည်းပဲ ။
ကျုပ်တို့တွေ” ၀င်လာတာကို
မျက်လုံးစိမ်းစိမ်းကြီးတွေနဲ့
ကလေးလူကြီးတွေက အိမ်ရှေ့
ကိုယ်စီ ထွက်ကြည့်ကျတယ်။
မသိရင်” သိပ်ကိုထူးဆန်းအံ့ဩ
စရာကောင်းတဲ့ သတ္တဝါတွေကို
တွေ့လိုက်တဲ့ပုံနဲ့ ဝိုင်းအုံကြည့်
နေကျတာဗျာ။
ကျုပ်ဖြင့်” နေမထိ ထိုင်မသာ
ဖြစ်ရတဲ့အထိပါပဲဗျ။
ဆရာကြီးက” သတိကြီးကြီးထား
မောင်သိန်း သူတို့တွေက
ပုံမှန်ဆို ရွာထဲကို လွယ်လင့်တကူ
ပေး၀င်တာမဟုတ်ဘူး အခုလို
အသာတကြည် ပေး၀င်တာက
ကြီးမားတဲ့ အကြံဆိုးကြီးတစ်ခုခု
ရှိနေလို့ပဲလို့ ကျုပ်အနားကပ်ကာ
သတိပေးစကားဆိုတယ်။
ဆရာကြီးပြောသလိုပဲဗျို့
အန္တရယ်က တကယ်ပဲ ကျုပ်တို့
အရှေ့မှာ ကြိုစောင့်နေလေရဲ့။
အဲ့ဒါကတော့ ” ရွာအလယ်မှာ
တပည့်တပန်းတွေနဲ့ ကျုပ်တို့ကို
ကြိုစောင့်နေတဲ့ မှော်ကဝေမယ်
ပဲဗျ။
မှော်ကဝေမယ်သည် ” အသက်၂၀
ကျော်၀န်းကျင်ခန့် အမျိုးသမီးငယ်
ပုံပဲဗျ။
ဒါပေမဲ့ ” သူ့ရဲ့မှော်ပညာအတတ်နဲ့
ဖန်တီးပြောင်းလွဲထားလို့
ရပ်စောင့်နေတဲ့ သူများကလဲ
အားလုံးတစ်ရုပ်ထဲ တစ်ပုံစံထဲ
ပြောင်းလွဲထားလို့ အဲ့အထဲက
မှော်ကဝေမယ် အစစ်ဟာ
ဘယ်သူလဲဆိုတာကိုတောင်
အလွန်ပင် ခွဲရခက်အောင်
ပြောင်းလဲဖန်တီးထားတယ် ။
ကျုပ်လို”ပညာအားနည်းသေးတဲ့
သူအတွက်တော့ လုံးလုံးကို
ဝေခွဲဖို့က မဖြစ်နိုင်ဘူးဗျ။
ဆရာကြီးက ” မောင်သိန်း။
အဲ့မိန်းကလေးတွေထဲက
ဘယ်တစ်ယောက်က မှော်ကဝေမယ်
အစစ်ဖြစ်မယ်ထင်လဲကွဲ့။
ကျုပ်လဲ” အကုန်လုံးက ရုပ်တူတွေပဲမို့ မသိနိုင်ဘူးဆရာကြီးလို့
ပြောလိုက်တော့ ဆရာကြီးက
ပြုံးရုံသာပြုံး၍ ဒါက လွယ်ပါတယ်တဲ့။
ပြောပြောဆိုနဲ့ ” ဆရာကြီးသည်။
ငါ့အရှေ့မှာ မိစ္ဆာကိုယ်ခွဲလို့
မခန့်လေးစားလုပ်နေတဲ့ ကဝေမ
မူလအသွင်ပြန်စမ်းဟု အမိန့်
အာဏာပေး၍ ဖနောင့်တစ်ချက်
ပေါက်လိုက်သည်နှင့် မြေကြီးသည်
မီးဟုန်းဟုန်းတောက်၍ ငလျှင်
လှုပ်သလို တုန်ဟီးကာ မတ်တပ်
ရပ်နေတဲ့ ကဝေမများသည်
ထိုင်လျက်အနေထားဖြင့် လှဲကျကာ
အနက်ရောင်၀မ်းဆတ်တွေနဲ့
ဆံပင်ဖြူဖြူအသက်ကြီးကြီး
အဖွားကြီးများဖြစ်ကုန်တယ်ဗျ။
ကဝေမများသည်” တစ်ယောက်နဲ့
တစ်ယောက်မူလအတိုင်းပြန်မြင်
ရသည်နှင့် အံ့ဩတုန်လှုပ်ကာဖြင့်
အားးးးဟူသောအသံနက်ကြီးများ
ဖြင့် ကျယ်လှောင်စွာအော်ဟစ်
ကျလေသည်။
အတန်ကြာ ” အော်ပြီးသည်နှင့်
မီးကျည်မီးခဲများလို ဒေါသ
အရောင်တောက်လောင်သော
အကြည့်တွေနဲ့ကြည့်ကာ
ရှိရှိသမျှ ကဝေစက် စုန်းစက်
အောက်လမ်းစက်တို့အား
ထုတ်၍ ကျုပ်တို့ဆီသို့
လွတ်ကျကုန်တယ်။
ဝှီးးးးးးဝှမ်းးးးးဆိုတဲ့အသံကြီးတွေက
ဆူညံ့ကာဖြင့် လွတ်လိုက်သော
စက်များကြောင့် ကောင်းကင်၌
ကြယ်ရောင်စုံအလား ပြွတ်သိမ့်ကာ
အခိုးအလျှံများထွက်ကာ
ကျုပ်သို့ ဆရာတပည့်တည့်တည့်သို့
လျှင်မြန်သော အရှိန်နဲ့ လာနေပြီဗျို့။
ဆရာကြီးသည် ” လည်ပင်း၌
၀တ်ဆင်ထားသော ၁၀၈လုံး
ပုတီးကုံးအားချွတ်ယူ၍
ဘုရားစက် တရားစက် သံဃာစက်
တို့မှတစ်ပါး မည်သည့်စက်မှ
အစွမ်းတန်ခိုးမရှိဟု သစ္စာဆိုကာ
ပုတီးအား လက်နှစ်ဖက်ဖြင့်
ဆွဲဆန့်၍ ကာကွယ်သည့်ပုံစံ
ပြုလုပ်လိုက်လေတော့။
ဟုတ်ပဗျာ” လာလာသမျှ
ကဝေစက် စုန်းစက် အောက်လမ်း
စက်တွေသည် မီးခဲတွေအလား
တိုးလာပေမဲ့ ဆရာကြီး၏
အကာကွယ်ပုံစံအနားမှာတင်
မြေကြီးပေါ်သို့ ပြုတ်ကျကာ
မီးပွားများဖြစ်ကာ ပျောက်ကွယ်
ကုန်တယ်။
စက်များကုန်ဆုံးသည်နှင့်တပြိုင်နက်
ဆရာကြီးသည် မန္တန်တစ်ပုဒ်
တီးတိုးရွတ်ကာ လက်ထဲက
ပုတီးကုံးအား ကောင်းကင်ပေါ်သို့
ပစ်လွတ်လိုက်တော့။
အလင်းတန်းကြီးတစ်ခု ဖြာထွက်
လာကာ ကဝေမများ၏
ပတ်ပတ်လည်၌ စည်းဝိုင်းသဖွယ်
မီးကွင်းကြီး ဝိုင်း၀န်းကာဖြင့်
မီးများကလဲ ဟုန်းဟုန်းတောက်
နေတော့၏။
အထဲရှိ ” ကဝေမများသည်လဲ
မည်သို့မျှ ခံနိုင်ရည်မရှိတော့ပဲ
ပဒါမြေလူးသလို အားးးးပူတယ်
ပူတယ်ဟုအော်ဟစ်ကာ လူးလိမ့်
နေတယ်။
ထိုအခါ ” အသက်အားချမ်းသာ
ပေးပါဟု ဝိုင်း၀န်းတောင်းပန်သံများ
ကြောင့် ဆရာကြီးသည်
လက်သီးဆုပ်၍ နဖူးပေါ်တင်ပြီး
တစ်စုံတစ်ခုကို အာရုံပြု၍
ပြောဆိုပြီး ရှေ့သို့လက်ဆန့်၍
လက်ဝါးဖြန့်လိုက်သည်နှင့်
ဟုန်းဟုန်းတောက်နေသော မီးကွင်း
ကြီးသည် အလင်းတန်းများအဖြစ်
ပြောင်းလဲကာ လက်ဝါးဖြန့်ထား
သော ဆရာကြီး၏လက်ပေါ်၌
၁၀၈လုံးပုတီးကုံးကြီး ပြန်ဖြစ်သွား
တယ်ဗျ။
ထိုမြင်ကွင်းကို ” မြင်တွေ့ရသည့်
ကျုပ်တောင်မှ အရမ်းကို
အံ့အားသင့်၍ မျက်လုံးပြူးရတယ်ဗျို့။
ကဝေမများလဲ ” ဒူးတုပ်၍လက်အုပ်
ချီကာ ဆရာကြီးအား အသက်
ချမ်းသာပေးလို့ ကျေးဇူးတင်နေ
ကျတယ်။
သူတို့သည် “သခင်မရဲ့အမိန့်အရ
လာရောက်တိုက်ခိုက်သော
မှော်ကဝေမယ်၏ အားထားရာ
တပည်ကဝေမများသာဖြစ်ကြောင်း
၀န်ခံတယ်ဗျ။
ထိုအချိန်မှာပဲ ” ကောင်းကင်ယံကြီး
တစ်ခုလုံး၌ များစွာသော ကျီးကန်း
များသည် အ :အ !နဲ့သာ အော်
နေလို့ ကြည့်လိုက်တော့။
အမလေး ဘုရား” မနည်းမနှောပါ
လားဗျ။ ငှက်တွေက ကျုပ်စိတ်ထင်
တစ်ထောင်ကျော်မယ်။
ထိုကျီးကန်းများသည် ” ကျုပ်တို့
မျက်စိအောက်မှာပဲ အသက်
၃၀ကျော် မိန်းမပျိုတစ်ဦး
အသွင်ပြောင်းလာတယ်ဗျ။
အပေါ်ကရင်ဖုံးအင်္ကျီအဖြူ
အောက်က ချိတ်ထမီအနက်နဲ့ဗျ
ဖျားလျားချထားသော ဆံပင်ကြီးက
ခြေမျက်စိနားထိရှည်ပြီး ပိတုန်းလို
နက်မှောင်နေတာပဲ အသားကလဲ
ဖြူဖွေးနုဖက်နေလို့ လှပသော
မျက်ဝန်း စွဲမက်ဖွယ်ကောင်းတဲ့
နုတ်ခမ်းအလှက နှင်းဆီပန်းလို
တင်စားလောက်အောင်ထိ
လှပလွန်းတယ်ဗျ။
သူမရဲ့ ” အလှနဲ့အသွင်ကိုမြင်တော့
ကျုပ်တောင် အချိန်အနည်းငယ်
ငေးငိုင်၍ကျောက်ရုပ်ကြီးလို
မှင်သက်၍နေမိတယ်။
ဆရာကြီးက” မောင်သိန်း သတိထား
တဲ့ အဲ့ဒါ မိစ္ဆာအကြည်ဓာတ်ဖြင့်
စိတ်ဘ၀င်ဟတ်အောင် ဖမ်းစား
နေတာတဲ့ အငိုက်မမိစေနဲ့
အငိုက်မိပါက တောအုပ်ထဲ
လမ်းပျောက်သလို လွတ်မြောက်ဖို့
အင်မတန်မှ ခတ်တယ်တဲ့။
ဆရာကြီးက ” ကျုပ်ကို သတိပေးတယ်ဗျ။
ကျုပ်လဲ ” ဆရာကြီးရဲ့စကားကို
ကြားပြီး အသိပြန်ကပ်၍
သူမကို မကြည့်မိအောင်
မျက်နှာလွဲကာ စိတ်ထဲတွင်
ဘုရားကို အာရုံပြု၍
ဂုဏ်တော်ပွားကာ အာရုံလွဲ
နေရတာဗျို့။
ထိုအခါ” သူမက ဆရာကြီးကို။
ဆရာစုတ်” ရှင်က သိပ်တော်ပါတယ်
ငါ့တပည်တွေကို လွယ်လွင့်တကူ
အနိုင်ယူနိုင်တယ်။
သင့်ရဲ့ပညာစွမ်း စရဏအစွမ်းကို
တော့ လေးစားမိပါတယ်
ဒါပေမဲ့ ” ငါ့နယ်နိမိတ်ထဲ လာထဲက
အသက်ရှင်ဖို့ လမ်းမရှိတာမို့
သေပေတော့ဟု ပြောကာ။
လက်ဝါနှစ်ဖက်ဖြန့်ကျတ်ကာ
ထွက်ပေါ်လာသော လျှက်စီးလို
အရောင်တောင်နေသော စက်ကြိုး
တွေနဲ့ဆရာကြီးအား ပစ်လိုက်လေတယ်။
ဆရာကြီးသည်” လေပေါ်၌သာ
နငယ်အား နကွင်းပိတ်သည့်
ပုံစံသဏ္ဌာန်တစ်ခုရေးဆွဲကာဖြင့်
ရောက်လာသော စက်ကြိုးများအား
ချေဖျက်ပစ်လိုက်တော့၏။
ဒုန်းးးးဒိုင်းးးဆိုတဲ့အသံကြီးနဲ့အတူ
စက်ကြိုးများသည် လေထဲ၌သာ
အငွေ့များပြန်၍ ပျောက်ကွယ်
လေသည်။
မှော်ကဝေမယ်သည်” တောက်စ်!
တစ်ချက်ခေါက်ကာ အားမရတော့၍
မန္တန်တစ်ပုဒ်ကို ကောင်းကင်သို့
မော့ကြည့်ကာ ရွတ်ဆိုလိုက်သည်နှင့်
သူ့ခန္ဓာမှ မီးများတောက်လောင်ကာ
ချက်ချင်းဆိုသလို လှည်းဘီးပမာဏ
ခန့် ကြီးမာသော မီးလုံးကြီးဖြစ်
သွားကာ မီးလုံးကြီးသည် ကောင်းကင်သို့ ပျံတက်ကာဖြင့်
ကျုပ်တို့” ဆရာတပည့်တွေတည့်တည့်သို့ ဆင်းသက်လာတယ်ဗျ။
ထိုအခါ ” ဆရာကြီးသည်
ကဝေစက်ဖျတ် အင်းတော်ကြီးအား
ဆေးလွယ်အိတ်က ထုတ်ယူ၍
မီးလုံးကြီးတည့်တည့် ပစ်လွတ်
လိုက်လေတော့၏။
အင်းတော်ကြီးနှင့်မီးလုံးကြီး
နှစ်ခုစုံသွားလေတော့ အုန်းးးးကနဲ
မြည်ဟီးသွားပြီး မြူနှင်းများ
ကျသလို ပတ်၀န်းကျင်တစ်ခုလုံး
မီးခိုးများဖြင့် ဖုံးလွှမ်းသွားပြီး
ခနအကြာ မီးခိုးများကွယ်ပျောက်လို့
ကျုပ်ကြည့်လိုက်တော့ မှော်ကဝေမယ်သည် မြေကြီးပေါ်၌ ခွေခွေလေး
လှဲနေပြီး ခန္ဓာကိုယ်တွင် ဓားဖြင့်
မွမ်းထားခံရသလို ကွဲပြဲနေသော
အရေဖျား၌ သွေးများဖြာကျနေသည်။
ထိုအခါ ” ဆရာကြီးဦးရန်သိန်းသည်
မှော်ကဝေမယ် ဒီနေ့ပြိုင်ပွဲရဲ့
ရလဒ်ကြောင့် သင်နှင့်သင့်တပည့်တွေ ထိခိုက်ဒဏ်ရအပြင်းထန်ရကျပြီး ပညာစွမ်းတွေလဲ များစွာ
ယုတ်လျော့ရပြီမဟုတ်လား။
ဒါကြောင့် ” အမှားကိုပြင် အမှန်မြင်ပြီး သင်တို့ပညာရပ်တွေအကုန်
စွန့်လွတ်၍ သာမန်ဘ၀မှာပဲ
ကြိုးစားနေကျလို့ ငါဆရာ
မေတ္တာရပ်ခံပါတယ်ဟုပြောတော့
မှော်ကဝေမယ်လဲ လက်အုပ်ချီ၍
စွန့်ပါ့မယ်ဟု ကတိပေးတယ်ဗျ။
ဆရာကြီးလဲ ” အားရ၀မ်းသာဖြင့်
သာဓု သာဓု သာဓုဟု သုံးကြိမ်
တိုင်တိုင် ခေါ်ဆိုလိုက်သည်နှင့်
သူတို့ရဲ့ ကိုယ်တွေ၌ မည်းမည်း
အရိပ်ကြီးတွေက ကောင်းကင်ပေါ်သို့ ပျံတက်ကာ လွင့်ပြယ်ကုန်တယ်ဗျ။
ကျုပ်နဲ့ဆရာကြီးလဲ သုံးရက်မျှ
အဲ့ရွာမှာနေပြီး ရှေ့ဟောင်း
ဘုရားတွေကိုလဲ ဖူးမြော်ခဲ့တယ်ဗျ။
ထိုရွာကြီးက ” ကျုပ်တို့ဆရာ
တပည့်တွေ ပြန်ခဲ့တော့
မှော်ကဝေမယ်ဆိုတဲ့ သူမရဲ့
အလှတွေကို မေ့မရနိုင်လို့
အမှတ်တရ ကဗျာလေး
တစ်ပုဒ် ဆရာကြီးမသိအောင်
ကျုပ်စိတ်ထဲတွင် ရေရွတ်မိတယ်။
တစ်ခဏတာ ဆိုပေမဲ့လဲ
ရင်ခုန်ရတဲ့ အခိုက်တန့်တွေက
တစ်ဘ၀စာ ဖူလုံသွားပြီမို့
သိပ်လှတဲ့ မိန်းကလေးရယ်”
အချိုးကွေ့များတဲ့ သံသရာကြီးမှာ
မင်းနဲ့ငါနဲ့ နောက်ထပ်တစ်ခါ
ပြန်ကာတွေ့ခွင့် ကြုံပါဦးမလား။
စသဖြင့်ပေါ့ဗျာ ရှေ့သို့သာ
ခြေလှမ်းတွေက အားစိုက်လို့
လှမ်းနေပေမဲ့ စိတ်ကတော့
နောက်သို့သာ တမင်လည်ပြန်
ရင်းနဲ့ပေါ့ဗျာ။
စာဖတ်သူများအား ကျေးဇူး
အထူးရှိပါသည်။
(ကပ္ပိယလေးကြွက်ပုတ်)