ယူကျုံးမရသောအမှား

Posted on

ယူကျုံးမရသောအမှား(စ/ဆုံး)

—————————–

ကျွန်တော်…ကျွန်တော့်မိန်းမဆုံးသွားပြီးသည့်နောက်
သမီးလေးတစ်ယောက်နဲ့ပဲလုပ်ကိုင်ရှာဖွေစားသုံးနေခဲ့သည်။
သမီးလေးတစ်ယောက်တည်းပဲမို့ကျွန်တော်ပိုပြီးတော့လိမ္မာရေးရှားရှိအောင်ထိန်းသိမ်းပြုစုစောင့်ရှောက်လာခဲ့ရသည်။

“ဗျို့…ကိုဝဏ…ဘာတွေလုပ်နေတာတုန်း..”
“ထင်းခွေနေတာ..ကိုအောင်ဘရဲ့…မိန်းမ မရှိတော့ထမင်းချက်ကအစ
သမီးအဆင်ပြေအောင်အကုန်လုံးတစ်ယောက်တည်းပဲလုပ်နေရတာ…
ကျုပ်မှာလည်းဒီသမီးတစ်ယောက်ပဲရှိတာမို့ပြီးတော့..အသက်ကလည်းအခုမှ၁၃နှစ်ပဲရှိသေးတာလေဗျာ…ဒါ့ကြောင့်အကုန်လုံးကျုပ်
လုပ်နေရတာလေ…တစ်ခါတလေတော့လည်းသမီးလေးကထမင်းချက်ကူပါတယ်…”

“အေးပါ..ကိုဝဏရာ…ဒီလိုပဲပေါ့..မင်းမိန်းမဆုံးတာလည်းမကြာသေးတော့မင်းသမီးလေးလည်းဝမ်းနည်းနေမှာပေါ့ကွာ..ဒါပေမယ့်
သေသေချာချာဂရုစိုက်ပေါ့..ကိုဝဏ…”

“အေးပါကွာ..ငါလည်း..သေချာဂရုစိုက်ပါတယ်…ငါ့သမီးလေးမိငယ်ကလည်းလိမ္မာပါတယ်..သူ့အဖေလိုပေါ့ကွ..ဟ..ဟ..”
“ဟုတ်ပါပြီ..ကိုဝဏရာ…ကျုပ်သွားလိုက်အုံးမယ်…”
“အေး..အေး…”

ရက်တော်တော်ကြာပြီးနောက်..
“မောင်ဝဏ..”
“ဗျာ..အော်..ရွာလူကြီးပါလား..ဟုတ်ကဲ့ထိုင်ပါဗျ…”
“အေး..မင်းတို့သားအဖနှစ်ယောက်အဆင်ရောပြေလား…မင်းတို့ကို
ကြည့်ရတာလည်းငါစိတ်ပင်ပန်းလိုက်တာ…”
“အော်..ဉီးလေးကလည်းအဆင်ပြေပါတယ်…”
“ဒါနဲ့…မောင်ဝဏမင်းကိုအကြံပေးမယ်..မင်းလည်းထမင်းချက်တွေ
ရေခပ်မဲ့ဟာတွေသက်သာအောင်မင်း..ဟိုဘက်ရွာကမယဉ်လှကိုယူလိုက်ပါလား..ငါတောင်းရမ်းပေးမယ်…”
“ဟာ…ဉီးလေးကလည်း..ကျုပ်မှာကသမီးလေးနဲ့လေဗျာ..”
“အေးလေ..အဲ့ဒါပြောတာပေါ့..မင်းသမီးလေးမှာလည်းပြန်ပြီးထိန်းသိမ်းစောင့်ရှောက်မဲ့မိခင်ရှိလာမှာလေ..

ဒါနဲ့မင်းစဉ်းစားပေါ့ကွာ..ငါကတောင်းရမ်းပေးမှာပါကွ…”

“ဟုတ်..ဟုတ်ကဲ့..ဉီးလေး…”

ညနေသမီးလေးနဲ့ထမင်းစားပြီးလို့အိပ်ရာဝင်ခဲ့ကြပြန်သည်။
သမီးလေးတော့အိပ်နေရှာပေတော့မည်။ကျွန်တော်ကတော့မနက်ကဉီးလေးပြောတာတွေကိုစဉ်းစာနေမိသည်။
ဉီးလေးပြောတာတွေကလည်းဟုတ်နေပြန်ရော..သမီးလေးမှာထိန်းသိမ်းစောင့်ရှောက်မဲ့မိခင်တစ်ယောက်ရှိဖို့တယ်..လေ..ကျွန်တော်လည်းအသက်မှကြီးသေးတာမဟုတ်အခုမှဖြင့်၃၄နှစ်ပဲရှိသေးသည်။ဒါ့ကြောင့်ကျွန်တော်ဆုံးဖြတ်ချက်ကိုအခိုင်အမာချမှတ်ခဲ့လိုက်သည်။

တစ်ပတ်ခန့်ကြာ၍ရွာလူကြီးများနဲ့ကျွန်တော်တို့မယဉ်လှကိုတောင်းရမ်းခဲ့ကြလေသည်။လူကြီးသူမများနဲ့လက်မှတ်ထိုးတောင်းရမ်းလက်ထပ်ခဲ့ကြသည်။

လက်ထပ်ပြီး၍မယဉ်လှလည်းကျွန်တေယ်နဲ့အတူလိုက်နေခဲ့ရှာပါသည်။
ညားခါစလင်မယားတွေမို့တစ်ယောက်နဲ့အချစ်တွေပို..ကျွန်တော့်သမီးလေးပေါ်မှာလည်းမိခင်ရင်းရှာစောင့်ရှောက်ပေးရှာပါသည်။

တစ်ပတ်ခန့်ကြာ၍အခြေအနေသည်..ဘာမှထူးခြားမှုမရှိသေးပါ။
“မိန်းမ..ယောကျာ်းဒီနေ့လယ်ကိုဆင်းလိုက်အုံးမယ်..
ပြီးတော့ယောကျာ်းအိမ်ပြန်ပြီးတော့ထမင်းလာစားမယ်နော်..
ပို့စရာမလိုဘူး…”
“ဟုတ်ကဲ့ပါရှင်….ကောင်းပါပြီ…”

“ဟေ့…ဟိုကလေးမ…ညဉ်းဘာတွေလုပ်နေတာလဲ..
နောက်ဖေးပန်းကန်တွေဆေးအောင်သွား..”
“ဒေါ်လေး..သမီးဒီမှာစာလုပ်နေတယ်လေ..”
“အို…စာလုပ်တာတွေနောက်မှထား..စာအရေးမကြီးဘူး..
ညဉ်းငါခိုင်းတာတွေမလုပ်ရင်..ထမင်းမစားရဘူးလို့မှတ်..ကြားလား..
သွား..”

မယဉ်လှ၏အကျင့်ဆိုးတွေသည်တဖြည်းဖြည်းပေါ်လွင်လို့လာနေခဲ့ပြီ.

ညနေဖအေရောက်တော့..
“သမီးလေး..ထမင်းစားပြီးပြီလား….”
“မစားရသေးဘူးဖေဖေကြီး..”
“ဟုတ်တယ်..ကိုဝဏရေ…ညဉ်းသမီးလေ..ပြောရဆိုရလည်းခက်ပါ့တော်..ဒီမှာမိခင်ကဖြင့်ချက်ပြီးတော့တောင်ကျွေးရသေးတယ်..မစားချင်ဘူးတဲ့တော်…”

“ဟင်..ဟုတ်လားသမီး..နောက်အဲ့ဆိုမလုပ်ရဘူးနော်…လာ
ေဖကြီးနဲ့အတူစားမယ်..”
“ဟုတ်…”
ကလေးမှာမယဉ်လှကိုကြောက်ရသဖြင့်ဖအေကိုတောင်မတိုင်ဝံခဲ့ပါ

မနက်မိုးလင်း၍ကိုဝဏတစ်ယောက်ထုံးစံအတိုင်းလယ်ထဲဆင်းသွားပြန်သည်။

“ဟေ့..ကလေးမ..လာခဲ့စမ်းညဉ်းဒီကို…”
“ဘာခိုင်းမလို့လဲ..ဒေါ်လေး…”
“ဘာခိုင်းမလဲလုပ်မနေနဲ့..ဟိုမှာထမင်းသွားချက်..ပြီးမှညဉ်းကျောင်းသွားကြားလား…ပေတေတေလုပ်မနေနဲ့သွား..

ပြီးတော့ညဉ်းကိုပြောရအူံးမယ်..ငါညဉ်းအမေမဟုတ်ဘူး..အိမ်မှာဘာမှမလုပ်ပဲထိုင်စားနေလို့မရဘူး…ငါခိုင်းတာတွေညဉ်းလုပ်ရမယ်..
သွား…”

စိတ်ထဲမှာတော့စို့နစ်နေမိသည်..အဖေနဲ့နှစ်ယောက်နေတုန်းကဆို
ဘာမှလည်းလုပ်စရာမလို..ပြီးတော့ပျော်ပျော်ရွှင်ရွှင်နေခဲ့ရသည်။
ဖေကြီးဒီမိန်းမယူပြီးကတည်းက..အတွေးတွေတစ်မျိုးဖြစ်နေခဲ့ပြီ..

“ညဉ်းကျောင်းဆင်းလာပြီလား..သွားဟိုမှာရေမရှိဘူး..သွားခပ်..
ပြီးတော့ထမင်းချက်..ကြားလား..”

“ဟုတ်..ဟုတ်ကဲ့…”

“ကြားတယ်ဆို..ဘာရပ်လုပ်နေတာလဲ..သွားမြန်မြန်…
အိမ်မှာဖြင့်ဘာမှမလုပ်ချင်..ညဉ်းငါ့ဆီမှာမနေရဘူး..ငါ့ကိုညဉ်းအမေလို့ထင်မနေဲ့..”

အချိန်တွေသည်ကြာခဲ့၍..မိငယ်သည်လည်းဒီလိုပဲမိထွေးခိုင်းသမျှအလုပ်တွေကူလုပ် ရိုက်နက်ခံရ အရိုက်ခံရလျှင်လည်း မငိုရဲခဲ့ရှာပေ..
ဒီတိုင်းပဲအိမ်နီးချင်းပတ်ဝန်းကျင်ကလည်းမယဉ်လှမိငယ်ပေါ်ကောင်း
သည်ဟုထင်နေခဲ့ကြသည်..

ဖအေကြီးကိုဝဏမှာဘာမှမသိရှာခဲ့ပါ..သမီးလေးအိမ်အလုပ်တွေ
လုပ်…မိထွေးကြီး၏ရိုက်နက်အဆဲအဆိုခံရတာတွေတစ်ခုမှမသိခဲ့လေပါ..

တစ်နေ့..
“မိန်းမရေ…ယောကျာ်းလယ်ဆင်းတော့မယ်နော်…”

“အေးအေး..ယောကျာ်း….”

သူ့မိန်းမအားနှုတ်တက်ပြီးထွက်သွားလေသည်…

“ဟဲ့မိငယ်..သွားနောက်မှာ..ပန်းကန်ဆေးစရာရှိတယ်..
သေချာလေးဆေး…ကြားလား…ညဉ်းကိုခိုင်းလိုက်တာနဲ့မျက်နှာက
မှုန်ကုပ်ကုပ်..သွား…”

“ဗွမ်..ဂွမ်…ချလွမ်..ချလွမ်…”
“ဟင်…အိမ်နောက်ဘက်မှာဘာဖြစ်တာလဲ….”

“ဟယ်..ကုန်ပါပြီတော်…ငါ့ပန်းကန်တွေကုန်ပါပြီ…ညဉ်းဒီဟာတွေအလကားရတယ်ထင်နေတာလားဟမ်…နင်လုပ်လိုက်ရင်..တလွဲတချော်…လာခဲ့စမ်း…”

တုတ်ကြီးနဲ့အချက်ပေါင်းများစွာရိုက်နက်နေခဲ့သည်။

“ဟာဗျာ…လယ်သွားပါမယ်ဆိုမှခမောက်ကဖြင့်မေ့ကျန်ခဲ့ပြန်ပြီ
ငါ့နယ်..အရမ်းမေ့တတ်တယ်..သွားယူလိုက်အုံးမှ…”

“ဗျို့..ကိုဝဏ..ဘာတွေမေ့ကျန်ခဲ့ပြန်ပြီးတုန်း….
ပြောလည်းမပြောချင်တော့ဘူးကိုအောင်ဘရေ..လယ်သွားတာ
ခမောက်မေ့ကျန်ခဲ့တယ်..ဗျ…
ကျုပ်ကတော့ဟိုစကားပုံလိုဖြစ်နေပြီ…လယ်ထွန်သွားနွားမေ့ဆိုသလို
မျိုး…ဟ…ဟ.”
“ဟုတ်ပါ့ဗျာ..”
“သွားယူလိုက်ပါအူံးမယ်..ကိုအောင်ဘရေ…”

ဒီလိုနဲ့ခမောက်မေ့ကျန်လို့အိမ်ကိုပြန်ယူအောင်လာနေခဲ့သည်။
“ဟင်..ညဉ်းကိုလုပ်ခိုင်းရင်..ဘာတစ်ခုမှကိုသုံးစားလို့မရ..”

ကိုဝဏအိမ်ထဲဝင်လာ၍.သမီးလေးမိငယ်ရိုက်ခံနေရတာကိုမြင်သောအခါ…

“ဟေ့…ဒေါ်ယဉ်လှ…ငါ့သမီးကိုဘာလို့ရိုက်နေတာလဲ…”
သမီးလေးမိငယ်မှာအရိုက်ခံရ၍..သတိမေ့ကာ..လဲကျသွားလေသည်။
“ဟင်..ကိုဝဏ..”

“ညဉ်းငါ့သမီးကိုကျွဲလိုနွားလိုရိုက်နေပါလား…မင်းမှာသနားတတ်တဲ့စိတ်တသ်ခုမှမရှိဘူးလား…ငါတော့ဖြင့်ငါ့သမီးလေးကိုမိခင်အရင်းလို
ပြုစုစောင့်ရှောက်မယ်လို့ထင်ထားခဲ့တာ..မင်းကငါထင်တာနဲ့တခြားစီပါလား..ဟမ်..ဒေါ်ယဉ်လှ…ငါကတော့..ငါတို့သားအဖပေါ်မေတ္တာရှိလိမ့်မယ်လို့ထင်ထားခဲ့တာ…နင်ကတော့ငါ့သမီးအပေါ်ဒီလိုလုပ်ရက်တယ်..ဒီမှာမယဉ်လှ..မင်းသိအောင်တစ်ခုပြောလိုက်မယ်…
မင်းအခုငါ့အိမ်မှာနေစရာမလိုတော့ဘူး…မင်းငည့အိမ်ကနေထွက်သွား…သမီးလေး..သမီးလေး..”

“တောင်း..တောင်းပန်ပါတယ်..ကိုဝဏရယ်..ကျွန်မမှားသွားပါတယ်..
ကျွန်မနောက်ဒီလိုမလုပ်တော့ပါဘူး..ကျွန်မဂတိပေးပါတယ်…
ကျွန်မမှားသွားပါတယ်…”

“ဘာမှမတောင်းပန်နဲ့..မင်းအခုငါ့အိမ်ကချက်ချင်းထွက်သွား…
နောက်လည်းလာစရာမလိုဘူး…”

ဒီလိုပဲမိငယ်လေးကိုနီးစပ်ရာကျန်းမာရေးဌာနသို့ပို့ဆောင်ကာခေါ်ဆေညင်သွားလေကြသည်။

“ဟင်..ဆရာမ..ကျွန်တော့်သမီးလေးသတိရပြီလား…”
“ဟုတ်ကဲ့..သတိတော့လည်နေပါပြီ…အခုတော့အိပ်နေပါတယ်..”
“ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်…”

ကျွန်တော်သမီးလေးလက်ကလေးကို ကိုင်ကာသမီးနိုးလာမဲ့အချိန်ကိုစောင့်မျှော်နေခဲ့သည်။
“အဖေ..”
“ဟင်..ငါ့သမီးလေးနိုးလာပြီ…
အဖေတောင်းပန်ပါတယ်သမီးရယ်…သမီးလေးကိုအဖေသေချာဂရုမစိုက်နိုင်ခဲ့လို့..ငါ့သမီးလေးအခုလိုဖြစ်ရတာ..အဖေတောင်းပန်ပါတယ်
သမီးလေးကိုဟို..မိန်းမကြီးအဲ့လိုလုပ်လိုက်မယ်လို့မထင်ထားခဲ့မိလို့ပါ”

“အဖေတောင်းပန်ပါတယ်. သမီးရယ်..”
“အဖေ..သမီးအဲ့မိန်းမကြီးနဲ့အတူမနေချင်​တော့ဘူး….”
“အင်းပါသမီးလေး..အဖေနဲ့သမီးဟိုအရင်ကလိုပဲနှစ်ယောက်တည်းပျော်ပျာ်ရွှင်နေကြတော့မယ်…အဖေဂတိပေးပါတယ်သမီးရယ်…”

သမီးလေးဆေးခန်းဆင်းပြီးကျွန်တော်နဲ့သမီးလေး
ဟိုးအရင်ကလိုပဲနှစ်ယောက်တည်းပျော်ရွှင်စွာနေထိုင်ခဲ့ကြလေသည်။

ပြီးပါပြီ။

#ကိုဇော်
အမှားများပါခဲ့သည်ရှိရင်ခွင့်လွှတ်ပေးကြပါဗျာ…
တိုက်ဆိုင်ခဲ့ရင်လည်းအနူးအညွတ်တောင်းပန်ပါတယ်။