ရင်ကိုလောင်သောမီး

Posted on

ရင်ကိုလောင်သောမီး(စ/ဆုံး)

——————————

မင်းဇော် လက်ထဲမှဆေးလိပ်တိုကိုနောက်
ဆုံးအကြိမ်အဖြစ်အားပါးတရရှိုက်ဖွာလိုက်ပြီးမြေပြင်ပေါ်ပစ်ချကာဖိနပ်ဦးချွန်နှင့်ဖိချေ
နင်းပစ်လိုက်လေ၏။ထို့နောက်ထိုင်နေရာမှ
ထရန်ပြင်လိုက်လေသည်။

” ခဏလေးပါ ကိုဇော် ရှင့်အတွက်နောက်ဆုံး
အနေနဲ့စကားလက်ဆောင်ပေးလိုက်ချင်လို့ပါ ”
မြလေးငုံ၏စကားကြောင့်မင်းဇော်ခုံမှာအ
သာပြန်ထိုင်လိုက်သည်။ရှေ့ဆက်ပြီးမြလေးငုံ
နှင့်မင်းဇော်ကြားမှာပက်သက်စရာအကြောင်းလည်းမရှိတော့သည်မို့နောက်ဆုံးအကြိမ်အ
ဖြစ်နားထောင်ပေးရန်ဆုံးဖြတ်လိုက်၏။
မြလေးငုံဆိုသည်မှာမင်းဇော်၏ချစ်သူတစ်ယောက်ဖြစ်ခဲ့ဖူးသည်။တကယ်တော့
မင်းဇော်အတွက်မြလေးငုံကနံပတ်စဉ်ချစ်သူ
တစ်ယောက်သာဖြစ်သည်။ယခင်ကချစ်သူ
မိန်းခလေးများကိုလည်းသည်လိုလွယ်လွယ်
ကူကူပင်အဆက်ဖြတ်ခဲ့သည်။တစ်ခုတော့ရှိ
သည်ပေါ့ မြလေးငုံနှင့်မင်းဇော်၏ဆက်ဆံရေး
ကအခြားသူများထက်တော့ပိုသာခဲ့သည်။တရားဝင်ဇနီးမောင်နှံတွေမဟုတ်ပါဘဲဇနီး​မောင်နှံများလိုတစ်ခါတရံအတူတကွနေထိုင်ခဲ့ကြသည်။
မြလေးငုံကတော့တစ်နေ့မှာတရားဝင်ဇနီး
ဖြစ်လိမ့်မည်ဟုယုံကြည်ခဲ့ပေလိမ့်မည်။မင်းဇော်အနေနှင့်လည်းမြလေးငုံကိုဇနီးမယားတစ်
ယောက်အဖြစ်လက်ထပ်ယူချင်ပါသော်လည်း
ရုပ်ကလေးလှပြီးစိတ်ထားလေးကောင်းတာ
ကလွဲ၍ပညာlဥစ္စာမရှိသောသူနှင့်နှုတ်ခမ်းပဲ့
ချင်းမီးမမှုတ်လိုသောကြောင့်လမ်းခွဲ
ခြင်းဖြစ်လေသည်။

“သမီးရည်းစားဘဝမှာချစ်သူကတာဝန်မယူဘဲထားခဲ့တာကိုတိုင်
လို့လည်းမရ အပြစ်ပေးလို့ရတဲ့ဥပဒေလည်း
မရှိပေမဲ့လောကကြီးမှာလူတွေစောင့်ထိန်းရ
မယ့်ကျင့်ဝတ်တွေအများကြီးရှိတယ်ကိုဇော်။အဲဒီလို
စောင့်ထိန်းရမယ့်ကျင့်ဝတ်ကိုချိုးဖောက်သူ
မှန်သမျှတစ်နေမှာလောကံကြီးကဒဏ်ခတ်
တာကိုခံရတတ်တယ်။မြလေးဘဝအညွှန့်ချိုး
ခံခဲ့ရသလို မြလေးရဲ့နှလုံးသား lမျှော်လင့်ချက်တွေနင်းချေဖျတ်ဆီးခံခဲ့ရသလို
ကိုဇော်ဘယ်တော့မှမခံစားရပါစေနဲ့ လိုမြလေးဆုတောင်းပေးခဲ့ပါတယ် ”

အနည်းဆုံးပါးတစ်ချက်လောက်အရိုတ်ခံရ
လျှင်လည်းကျေကျေနပ်နပ်ခံယူဖို့အထိတွေး
တောထားသော်လည်းမထင်မှတ်ထားသော
မြလေးငုံ၏အပြုအမူများကြောင့်မင်းဇော်ရင်
ထဲ၌အောင့်သက်သက်ကြီးခံစားလိုက်ရလေ
သည်။စိတ်ထဲ၌လည်းကြိတ်ပြုံးမိလိုက်ပြီးခပ်တိုးတိုး
ခွန့်တုန့်ပြန်လိုက်မိလေသည်။”ဝဋ်လည်ရအောင် ကိုယ့်ညီမတွေကမင်းလောက်မရူးမိုက်ဘူး။
မင်းလိုအချစ်ကို မကိုးကွယ်ဘူး “ဟု။တသိမ့်
သိမ့်ရှိုက်ငိုပြီးကျောခိုင်းသွားသောမြလေးငုံ
ကတော့ကြားနိုင်မည်မထင်ပါ။
********************************
( ၁ )

“မောင် ရေအရင်ချိုးလိုက်နော် မမသင်းထမင်းပွဲပြင်ထားလိုက်မယ် ”

“အင်းပါ မမသင်းရယ် ဒါနဲ့သမီးလေးရောမတွေ့ပါလား ”

” ရှိပါတယ်မောင်ရယ် အခန်းထဲမှာဆော့နေ
ပါတယ် ”

မင်းဇော်သမီးလေးရှိရာအခန်းထဲသို့ဝင်ခဲ့လေ
သည်။ဖခင်ဖြစ်လာပြီဆိုတော့မင်းဇော်ချစ်
တတ်နေပါပြီ။အိမ်ပြန်ရောက်လျှင်ပထမဆုံး
သမီးလေးမျက်နှာကိုမြင်တွေ့ချင်မိသည်။သမီးလေးကိုမြင်တွေ့လိုက်ရလျှင်တစ်နေကုန်
မောပန်းလာသမျှတို့သည်ကြက်ပျောက်ငှက်ပျောက်ပျောက်ကုန်လေ၏။သမီးလေးသည်
မင်းဇော်၏ရင်နှစ်သည်းချာအသည်းစိုင်ဖြစ်
သလိုမျှော်လင့်ချက်အနာဂတ်လည်းဖြစ်သည်။သမီးလေးကိုမင်းဇော်သိပ်ချစ်သည်။ချစ်လွန်း၍
မျက်စိအောက်ကအပျောက်မခံနိုင်လောက်
အောင်ပင်ဖြစ်မိလေသည်။အလုပ်ကပြန်ရောက်တာနှင့်သမီးလေးနှင့်အချိန်ဖြုန်းသည်။
သမီးလေး၏ကျောင်းပို့ကျောင်းကြိုကိစ္စမှန်
သမျှကိုလည်းမင်းဇော်ပဲတာဝန်ယူတာများလေသည်။ကုန်ကုန်ပြောရလျှင်
သမီးလေးရှိသောကြောင့်သာမင်းဇော်ဘဝကသာယာစိုးပြေနေခြင်းဖြစ်လေသည်။
မြလေးငုံနှင့်လမ်းခွဲပြီးနောက်နှစ်လ
အကြာတွင်မမသင်းနှင့်လက်ထပ်ခဲ့ခြင်းဖြစ်
သည်။ယခုဆိုလျှင်မင်းဇော်အိမ်ထောင်ကျ
သည်မှာရှစ်နှစ်ကျော်ပြီဖြစ်သည်။သမီးလေး
သည်ပင်အသက်ခုနှစ်ကျော်ပြီမဟုတ်ပါလား။
တကယ်တော့မြလေးငုံနှင့်လမ်းမခွဲခင်
ကတည်းကမမသင်းကိုချစ်ခွင့်ပန်ခဲ့ခြင်းဖြစ်
ပြီးမမသင်းဆီကအဖြေရတာနှင့်မြလေးငုံကို
အဆက်ဖြတ်ခဲ့ခြင်းဖြစ်သည်။
မမသင်းကမင်းဇော်ထက်ဆယ်နှစ်
ကျော်ကြီးသော်လည်းအစိုးရရုံးဌာနကြီးတစ်ခုမှအရာ
ရှိတစ်ယောက်ဖြစ်သည့်အပြင်ငွေကြေးစီးပွားလည်းပြည့်စုံသည်။အရွယ်လွန်အပျိုကြီးမမသင်း
ကို နှူးနှပ်ရသည်မှာမင်းဇော်အတွက်မခက်ခဲ
လှပါ။စကားလုံးချိုချိုလေးများသုံးလိုက်တာ
နှင့်မဆွတ်ခင်ကညွှတ်ချင်နေသောမမသင်း
တစ်ယောက်အလွယ်တကူပင်ပါလာခဲ့လေ
သည်။မမသင်းလိုလူမျိုးကသာ မင်းဇော်လိုသမျှကိုဖြည့်ဆည်းပေးနိုင်ပြီးဘဝကိုမပူမ
ပင်လျှောက်လှမ်းနိုင်အောင်ထောက်ပံ့ပေးနိုင်
မည်မဟုတ်လား။ယခုဆိုလျှင်မင်းဇော်ဘဝက
ကိုယ်ပိုင်အိမ်နှင့်ကိုယ်ပိုင်လုပ်ငန်းနှင့်ကိုယ်ပိုင်ကားနှင့်အေးအေးလူလူနေနိုင်နေပေပြီ။
ဒုက္ခဆိုတာမင်းဇော်ဘဝတွင်မရှိတောချေ။ရှေ့ဆက်၍လည်းမမသင်း သမီးလေးတို့နှင့်ဘဝ
ကိုမပူမပင်ဖြတ်သန်းသွားရပေမည်။သည်
လိုချမ်းချမ်းသာသာစံစားနေရသည်မှာမင်းဇော်၏ဆုံးဖြတ်များချက်မှန်ကန်ခဲ့ခြင်းကြောင့်
သာဖြစ်လေသည်။
( ၂ )

မင်းဇော် ခုတင်ပေါ်တွင်သမီးလေးနှင့်အတူ
ဆော့ကစားနေရင်းမမသင်းကိုလှမ်းကြည့်လိုက်မိသည်။မမသင်းတစ်ယောက်မင်းဇော်အဝတ်
အစားများကိုခရီးဆောင်အိတ်ထဲသပ်သပ်ရပ်
ရပ်ထည့်နေလေသည်။သည်ညနေအလုပ်ကိစ္စ
နှင့်မင်းဇော်ခရီးသွားရမည်။ထို့အတွက်ကြောင့်သမီးလေးနှင့်မခွဲနိုင်မခွါရက်ဖြစ်ကာသမီး
လေးနားကပ်နေမိခြင်းဖြစ်၏။မမသင်းက
တော့အလုပ်လုပ်နေရင်းမှတစ်ချက်တစ်ချက်
မင်းဇော်တို့သားအဖဘက်လှည့်ကာ”အကဲပို
ရန်ကော”ဟုသောသဘောဖြင့်မျက်စောင်းလှည့်ထိုး
တတ်သေးသည်။မမသင်း၏အပြုအမူကြောင့်မင်းဇော်သဘောတကျပြုံးမိ၏။မမသင်း
သည်မင်းဇော်အတွက်ဇနီးကောင်းတစ်ယောက်ဖြစ်သလိုသမီးလေးအတွက်လည်းမိခင်ကောင်းတစ်ယောက်ဖြစ်ပေသည်။မမသင်း
ကသူ့ဘဝကိုမင်းဇော်နှင့်သမီးလေးအတွက်
ပေးဆပ်ခြင်းဖြင့်ကျေနပ်နေသူဖြစ်၏။ပြော
ရလျှင်မင်းဇော်ကအချစ်ရေးနှင့်ပက်သက်လျှင်ကံကောင်းသူဟုပြောရလောက်ပေမည်။
မင်းဇော်၏ချစ်သူမိန်းခလေးများသည်မင်းဇော်အနိုင်ယူသမျှကိုသည်းခံခွင့်လွှတ်ပေးခဲ့ကြ
သည်။ထိုအထဲတွင်မြလေးငုံသည်အနွံတာခံဆုံးသူဖြစ်သည်။အတိတ်ကို
ဖျတ်ခနဲ့ရောက်ရှိသွားသောစိတ်ကြောင့်
မင်းဇော်မသိမသာပြုံးလိုက်မိသည်။မြလေးငုံတစ်ယောက်ပတ်ဝန်းကျင်၏ရိုတ်ခတ်မှုဒဏ်
များကိုကျော်လွှားပြီးလောကကိုမည်သို့ဖြတ်
သန်းနေသည်မသိသော်လည်းမင်းဇော်နောင်
တမရပါ။မြလေးငုံသည်မင်းဇော်အတွက်အမှတ်မထင်တွေ့ဆုံခဲ့သူတစ်ယောက်အဖြစ်
လောက်သာထိုထက်မပိုတော့ပေ။မင်းဇော်နှင့်ဆုံတွေ့ခဲ့ရခြင်းသည်မြလေးငုံ၏ကံတရားသာဖြစ်ပေသည်။မင်းဇော်ကိုယ်၌ကလည်းပြုပြင်ဖန်တီးခဲ့ခြင်းမဟုတ်ပေ။ယခုလိုအချိန်မျိုးမှာတော့မြလေးငုံသည်အမှုန်အမွှားတစ်ခုလိုပျောက်ကွယ်သွားပေပြီ။မင်းဇော်အတွက်သမီးလေးသည်သာအဓိကဖြစ်ပေတော့သည်။

“ဟော့တော့ မောင် ဘာတွေတွေးနေတာလဲ။
မမသင်းခေါ်နေတာကြာလှပေါ့။ဘာလဲ မောင်
ကခရီးတောင်မသွားရသေးဘူး မမသင်းတို့
သားအမိကိုမေ့နေပြီလား ”

မမသင်း၏စကားသံကြောင့်မင်းဇော်တစ်ချက်ပြုံးလိုက်ပြီး
“မမသင်းကတော့ပြောပြီး အခုတောင်မဖြစ်မနေမို့
သာသွားရတာ။မောင်ကသမီးလေးနဲ့ခွဲနိုင်
တာမဟုတ်ဘူး ဟုတ်တယ်နော်သမီး”

“ဖေဖေမြန်မြန်ပြန်လာခဲ့နော်။ပြန်လာရင်သမီးအတွက်အရုပ်မလေးဝယ်ခဲ့ပေးနော် ”

သမီးလေး၏ချစ်စဖွယ်အမူအရာနှင့်အပြောကြောင့်မင်းဇော်ရင်ထဲ၌ကျေနပ်ကြည်နူးမိသွားပြီး
“ဝယ်ခဲ့ရမှာပေါ့ ဖေကြီးမှာဟော့ဒီသမီးလေး
တစ်ယောက်ပဲရှိတာကို”လို့ပြန်ပြောရင်းသမီးလေး၏ပါးဖောင်းဖောင်းလေးနှစ်ဘက်ကိုအားပါးတရမွှေးကြူပစ်လိုက်သည်။သမီးလေးသည်သူ့အမေနှင့်
မတူဘဲမိမိနှင့်သာတူသည်မို့မင်းဇော်ပို၍အချစ်ပိုမိသည်ကတော့အမှန်ပင်။

“မမသင်း သမီးလေးကိုမောင့်ကိုယ်စားပါ
ပိုဂရုစိုက်ပေးပါနော် ”

” ကဲပါ မောင်ရယ်စိတ်ချပါ။အရေးအကြောင်း
ဆိုအမေတို့အိမ်မှာသွားနေပါ့မယ့် ဟုတ်ပြီလား ပြီးတော့မောင်လည်းသုံးလေးရက်နေရင်ပြန်
လာမှာပဲဟာကို ”
****************************

( ၃ )

သမီးလေးကိုသတိရလွမ်းဆွတ်လွန်း၍မင်းဇော်ကားကိုအမြန်မောင်းနေမိ၏။အလုပ်က
အဆင်မပြေဖြစ်နေ၍မှန်းထားသောရက်ထက်
သုံးရက်လောက်နောက်ကျပြီးမှပြန်ခဲ့ရသည်။
ဒါတောင်ယနေ့မနက်အလုပ်ပြီးတာနှင့်ထပြန်
ခဲ့ခြင်းကြောင့်ပင်။မဟုတ်လျှင်နောက်နေ့မှ
အိမ်ကိုပြန်ရောက်ပေမည်။ယခုတော့နောက်
တစ်နာရီလောက်ဆိုလျှင်မမသင်းနှင့်သမီးလေးတို့ကိုတွေ့မြင်ရတော့မည်ဖြစ်သည်။
မမသင်းတို့သားအမိရုတ်တရက်
ဝမ်းသာသွားစေချင်သောကြောင့်ပြန်လာမည့်
အကြောင်း အိမ်ကိုဖုန်းမဆက်ထားခဲ့။
ညဉ့်နက်ချိန်ရောက်မှမင်းဇော်ပြန်လာတာကိုတွေ့
လျှင်မမသင်းတို့ဘယ်လောက်များဝမ်းသာ
ပျော်ရွှင်လိမ့်မည်နည်းဟုတွေးရင်းမင်းဇော်ကြည်ကြည်နူးနူးပြုံးလိုက်မိသည်။

မတွေ့ရသောတစ်ပတ်ဆယ်ရက်
အတွင်းမှာသမီးလေးပိန်သွားလားl ဝလာ
လားကိုအရမ်းသိချင်နေမိသည်။မိခင်ဖြစ်
သောမမသင်းထက်ဖခင်ဖြစ်သောမင်းဇော်ကိုသာ
ပိုမိုကပ်တွယ်တတ်သောသမီးလေးမိမိမရှိချိန်မှာအဆင်ပြေရဲ့လားသိချင်မိသည်။ဖုန်းပြော
သည့်အခါတိုင်း”ဖေဖေ ပြန်လာသေးဘူးလား “ဟု မေးလျှင် မင်းဇော်မှာသမီးလေးဆီအပြေးပင်သွား
ရောက်ချင်ခဲ့မိသည်။ယနေ့ညတော့သမီးလေး
ကိုတွေ့ရပေတော့မည်။ကားကိုအရှိန်နည်း
နည်းထပ်မြှင့်လိုက်သည်။ညဆယ်နာရီအတော်ကျော်နေပြီဖြစ်၍လမ်းကကားအသွားအလာမရှိသလောက်ပင်။
ကုန်တိုတ်အနီးအနားဝန်းကျင်မှာတော့လူအ
ချို့ကိုတွေ့ရသော်လည်းအိမ်နှင့်နီးလာ
လေလူသွာလူလာမရှိလေပင်ဖြစ်သည်။
ယခင်ကသည်
လိုအေးအေးလူလူအချိန်မှာမင်းဇော်တို့မိသားစုကုန်တိုတ်သို့လာပြီးရုပ်ရှင်ကြည့်ကြလည်
ကြပတ်ကြစားကြသောက်ကြသည်။ကုန်တိုတ်သည်ညဘက်တော်
တော်နှင့်မပိတ်ဘဲညအချိန်တွင်ပိုမိုစည်ကား
လေသည်။မင်းဇော်တို့မိသားစုလည်းတစ်ပတ်ကို
တစ်ခါနှစ်ခါလောက်ကုန်တိုတ်မှာအချိန်ဖြုန်း
ပြီးညဆယ်နာရီကျော်မှညလေညှင်းကိုခံစား
ပြီးအိမ်ကိုလမ်းလျှောက်ပြန်နေကြဖြစ်သည်။
အေးချမ်းတိတ်ဆိတ်ပြီးလူသွားလူလာရှင်း
သောသည်လိုအချိန်မှာလမ်းလျှောက်ရတာ
ကိုမမသင်းနှင့်သမီးလေးကသိပ်သဘောကျ
သည်လေ။
မင်းဇော်တို့အိမ်အပြန်လမ်းကလူပြတ်သော်လည်း
လူဆိုးသူခိုးကင်း၍ညအချိန်မတော်
သွားလာနေလျှင်လည်းအန္တာရာယ်ပေးမည့်
သူကတော့မရှိပါလေ။
ရှေ့ကိုသုံးလေးလမ်းကျော်ပြီးလမ်းသွယ်ထဲသို့ချိုးဝင်လိုက်လျှင်အိမ်ကိုပြန်ရောက်ပေတော့မည်။မင်းဇော်တို့နေသောနေရာကဝန်းထမ်း
များသောရပ်ကွက်ဖြစ်၍အေးချမ်းတိတ်ဆိတ်
သည်။လူဆိုးသူခိုးလည်းမရှိတာမို့တကယ့်ကိုအေးချမ်းသောနေရာဖြစ်သည်။
မင်းဇော်ကားကိုမောင်းလာရင်းမှခပ်လှမ်းလှမ်းမှမီးလုံးကျွမ်းနေသောနေရာကိုမျှော်
ကြည့်လိုက်သည်။ထိုနေရာကမီးလုံးကကျွမ်း
နေ၍ကားသမားတိုင်းသသတိထားမိကြ
ခြင်းဖြစ်သည်။မကြာမီသမီးလေးနှင့်တွေ့ရတော့မည်ဆိုပါမှပို၍တွေ့ချင်လာမိ၏။သမီးလေးအကြောင်းစဉ်းစားလိုက်သည်နှင့်ကားကို
အလိုလိုအရှိန်မြှင့်လိုက်မိသည့်တစ်ခဏအတွင်းမှာ “ဟင် လမ်းဖြတ်ကူးနေသောလူနှစ်
ယောက်။ရုတ်တရက်ဘွားကနဲပေါ်လာတာ
တော့မဟုတ်နိုင်။မင်းဇော်အတွေးလွန်ပြီးကားကို
ပိုမိုအရှိန်မြှင့်လိုက်မိခြင်းကြောင့်သာမမြင်
လိုက်ခြင်းဖြစ်မည်။အမြန်ရှောင်တိမ်းလိုက်
သော်လည်း “ဒုန်း ” အသံနှင့်အတူလဲကျသွား
သောပုံရိပ်နှစ်ခု။မင်းဇော်ယောင်ရမ်းပြီးမျက်လုံးကိုစုံမှတ်ပစ်လိုက်မိသည်။
ကြောက်စိတ်ကြောင့်တကိုယ်လုံးတ
ဆတ်ဆတ်တုန်နေသည်။မိမိသာထောင်ကျ
သွားလျှင်ကြိုးစားပမ်းစား
တည်ဆောက်ခဲ့သောဘဝလေးဖရိုဖရဲဖြစ်သွား
မည်ကိုတွေးမိကာမင်းဇော်တုန်လှုပ်ခြောက်
ချားနေမိသည်။
ပြီးနောက်သမီးလေးနှင့်လည်းခွဲခွါရ
ပေမည်။သမီးနှင့်ကြာရှည်ခွဲနေရလျှင်မင်းဇော်သေသွားနိုင်လောက်သည်။မင်းဇော်အဖမ်း
မခံနိုင်တာမို့ပတ်ဝန်ကျင်ကိုလေ့လာအကဲခပ်
ကြည့်လိုက်တော့ပတ်ဝန်းကျင်တွင်ကားlလူ
မပြောနှင့်ခွေးတစ်ကောင်ကြောင်တစ်မြီးတောင်မရှိတာမို့ကားကိုအရှိန်တင်ကာအိမ်သို့
ဦးတည်ပြီးအမြန်းမောင်းထွက်ခဲ့လိုက်သည်။
***********************
အိမ်ကိုရောက်တော့ခြံတံခါးရောအိမ်
တံခါးပါးသော့ပိတ်ထား၍အပိုဆောင်ထား
သော သော့နှင့်ဖွင့်ပြီးဝင်ခဲ့လိုက်သည်။မနက်
ဖြန်ရုံးပိတ်ရက်ဆိုတော့မမသင်းတို့သားအမိ
သူ့မိဘအိမ်သွားနေတာဖြစ်မည်။အိမ်မှာမည်
သူမှမရှိတော့ ကားကိုသေချာစစ်ဆေးပြင်
ဆင်ဖို့အချိန်ရသွားတာမို့”တော်ပါသေးရဲ့”ဟု
မင်းဇော်တွေးလိုက်မိသည်။
****************************

ထိတ်လန့်တုန်လှုပ်နေသောစိတ်ကြောင့်
မင်းဇော်တစ်
ညလုံးအိပ်မပျော်နိုင်ဘဲမနက်သုံးနာရီကျော်
လောက်မှအိပ်ပျော်သွားလေသည်။အိပ်ပျော်ကာစရှိသေးသည် “တတီ
တီ “မြည်လာသောဖုန်းကြောင့်ဖျတ်ခနဲလန့်
နိုးသွားသည်။အချိန်မတော်တတီတီမြည်နေ
သောဖုန်းကိုတော်တော်နှင့်မကိုင်ရဲ။
ဖုန်းကအတန်ကြာဆက်မပြတ်ခေါ်နေ၍စိတ်ကိုတည်ငြိမ်အောင်ထိန်းပြီးဖုန်းကိုကိုင်
လိုက်သည်။

” ဟဲလို ကိုမင်းဇော်များလားခင်ဗျာ ညက
ယာဉ်တိုတ်မှုဖြစ်တဲ့သူရဲ့အိတ်ထဲကလိပ်စာကတ်
တွေ့လို့ဖုန်းဆက်လိုက်တာပါ ။——ဆေးရုံ
ကိုအမြန်လိုက်လာပြီးအတည်ပြုစေချင်ပါတယ် ”

တစ်ဖက်လူ၏စကားကိုကြားလိုက်ရသောအခါမင်းဇော်လက်ထဲ
မှဖုန်းသည်ဘုတ်ခနဲပြုတ်ကျသွားလေသည်။

********************************

( နိဂုံး )

“ကိုမင်းဇော်ကသေဆုံးသူတွေကိုသိ မသိအ
တည်ပြုပေးပါ။သေဆုံးသူတွေကတော့အမျိုး
သမီးတစ်ယောက်နဲ့ကလေးတစ်ယောက်ပါ။
ညက—–လမ်း—-နားမှာအတိုတ်ခံခဲ့ရတာပါ။
ကားကတိုတ်ပြီးတာဝန်မယူဘဲထွက်ပြေးသွားတော့လူကြီး
ရောကလေးပါသွေးထွက်လွန်ပြီးသေဆုံးခဲ့ရ
တာပါ။ကားသမားကသာထွက်မပြေးဘဲ
အချိန်မီဆေးရုံပို့ပေးခဲ့ရင်ဒီလောက်အထိ
ကံဆိုးရှာမှာမဟုတ်ပါဘူး။
ကျွန်တော်တို့တရားခံကိုအမြန်ဆုံးဖမ်းမိအောင်ရှာဖွေစုံးစမ်းနေပါတယ် ”

” ဗျာ —–လမ်း က —–နားမှာဟုတ်လား ”

ကြားလိုက်ရသောစကားများကြောင်မင်းဇော်ဆောက်တည်ရာမရချင်တော့ပေ။
—-လမ်းက—နားမှာညကမင်းဇော်လူနှစ်ယောက်ကိုကား
နှင့်တိုတ်ခဲ့တာလေ။တိုတ်ပြီးပြီးချင်းကြောက်
ကြောက်နှင့်ထွက်ပြေးခဲ့တာမို့မည်သူမည်ဝါ
မှန်းသိဖို့နေနေသာသာယောက်ျားမိန်းမမှနိး
တောင်သေချာလေးမသိခဲ့ပေ။မင်းဇော်၏
ရင်အစုံသည်မီးရထားဖြတ်မောင်းခံရသလိုတဒုန်းဒုန်းတဒိုင်းဒိုင်း
ခုန်နေသည်။အလောင်းပေါ်လွှမ်းခြုံထား
သောပိတ်ဖြူကိုဖယ်ရန်လှမ်းနေသောလက်အ
စုံသည်လည်းတဆတ်ဆတ်တုန်ယင်နေပြန်သည်။ကိုင်ထားသောပိတ်ဖြူစကိုဖယ်ရှား
ရန်မင်းဇော်မနည်းကြိုးစားနေရသည်။

“မမသင်း သမီး သမီးလေး”ပိတ်ဖြူကိုဖယ်
ရှားလိုက်သောအခါသွေးအလိမ်းလိမ်းနှင့်
ငြိမ်သက်စွာလဲလျောင်းနေသော
မသင်းနှင့်သမီးလေးကိုတွေ့လိုက်ရ၍မင်းဇော်ခေါင်းထက်တည့်တည့်ကိုမိုးကြိုးပစ်ချလိုက်သလိုခံစားလိုက်ရပြီးအသက်ရှူဖို့ရန်ပါ
မေ့လျော့သွားသည်။။ပြီးနောက်
ယိမ်းယိုင်နေသောခန္ဓာကိုယ်ကသမံတလင်း
ပေါ်ဖင်ထိုင်ရက်လဲကျသွားပြီး နှုတ်မှ”မဟုတ်ဘူး မဟုတ်ဘူး”ဟုအရူးတစ်ယောက်လိုမင်းဇော်
အော်ဟစ်နေမိလေသည်။
###########################
ဧကြည်ဖြူ