လက်တည့်စမ်းမိတဲ့အမှား(စ/ဆုံး)
———————————-
“ဟဲ့ မိအေး ငါ့ကိုအရက်ဖိုးပေးစမ်း
“အမယ်လာလာချည်သေးရဲ့ တော် ကဘယ်နပြား
ပေးနေလို့အရက်ဖိုးလာတောင်းနေတာလဲ
“ဟာ ဒီမိန်းမ လျှာ ကိုရှည်တယ်
ပေးမှဖြင့်အသာပေး
“ကျွန်မမှာမှမရှိပဲ ဘာနဲ့ပေးရမှာလဲ
“တောက် ”
“ဖြန်း”
“ရှင် ကျွန်မကိုရိုက်တယ် ဟုတ်လား
“အေး ရိုက်တယ်ဟာ ဘာဖြစ်လဲ
ငါနားငြီးမခံနိုင်လို့
“နင်လုပ်ထားနှင့်ဦးပေါ့
ငါ့ဝဠ်ကြွေးမကုန်သရွေ့တော့
•••
မနက်မလင်းသေး မိအေးနှင့်ခင်ပွန်းဖြစ်သူ
ကိုတင်ကြီးတို့ ရန်ပွဲဖြစ်နေပြီ
အိမ်နီးခြင်းတွေအဖို့ထူးထူးဆန်းဆန်း
ကိစ္စမဟုတ်တော့
ကလေးတွေတို့လဲတွဲလဲနဲ့မိအေး
တစ်ယောက်လုပ်ကိုင်ကျွေးမွေးနေရသည်
ဒီကြားထဲယောင်္ကျားဖြစ်သူကလည်း
အလုပ်မလုက် ကလေးကတော့
တစ်ယောက်ပြီးတစ်ယောက် အခုဆို၃ယောက်
အကြီးဆုံးက မိန်းကလေး လှလှတဲ့
အလတ်က ယောင်္ကျားလေး ဖိုးထောင်တဲ့ဗျ
အငယ်ဆုံးလေးက ဖိုးဝတဲ့
အရက်ဖိုးမပေးလျင်ရိုက်သောတက်သော
ယောင်္ကျားကြောင့် မိအေးခင်ဗျာ
ကံဆိုးလှသည်။
ကိုတင်ကြီးတစ်ယောက် အရက်ဖိုးမရတော့
ရွာအပြင်ထန်းတောဘက်ထွက်လာပြီး
တောက် တခေါက်ခေါက်နဲ့ ဒေါသဖြစ်နေသည်
“တောက်”
“ဒီမိန်းမကိုယူမိတာမှားတယ်
အရက်ဖိုးလေးတောင်မသထာတဲ့ကောင်မ
“ဝုတ် ဝုတ် ဝုတ်”
“ဟာ ဒီခွေး လူမှစိတ်တိုနေတဲ့ကြားထဲ
ငါ့ကိုလာဟောင်နေတယ်
တကယ်တော့ဒီခွေးက ရွာအပြင်မှာနေတဲ့
စုန်းမကြီး ဒေါ်မင်းမင်း၏ခွေးလေးဖြစ်သည်
ဒေါ်မင်းမင်းက သူ့ခွေးလေးကိုအရမ်းချစ်ပြီး
သူမစားပဲခွေးလေးကိုအသားဟင်းဘာညာ
ကအစခွေးကိုပဲဦးစားပေးကျွေးတက်သူ
ပြီးတော့ ဒေါ်မင်းမင်းက စုန်းမဆိုပေမယ့်
ရွာထဲကလူများကို ပညာနဲ့သတ်ဖြတ်တက်ခြင်း
မရှိပေ
ဒါပေမယ့် အခုတော့
“တောက် ပြောမရတဲ့ခွေးသေစမ်း
“ဒုတ်”
“ကိန် ကိန် ကိန် ”
ကိုတင်ကြီးကခွေးအားခဲဖြင့်
ထုလိုက်ရာ ခေါင်းမှန်သွားကာမပြေးနိုင်ပဲ
ဖြစ်နေသည်။
“ကဲ သေစမ်း သေစမ်း ”
“ဒုတ် ခွက် ”
ခွေးလေးရဲ့ခေါင်းကို အုတ်နီခဲဖြင့်
မသေမခြင်း ထုသတ်လိုက်ပြီး
“ဟင်း ဟင်း ဒီနေ့တော့ အရက်ဖိုးမရှိလည်း
ဘာမှမဖြစ်ဘူး ခွေးသားကိုရွာထဲရောင်းပြီး
ရတဲ့ပိုက်ဆံနဲ့အကုန်သောက်ပစ်မယ်
ကိုတင်ကြီးလည်းအရက်ဆိုင်သို့ခွေးသေ
ကောင်ကြီးယူလာကာ ဓားဖြင့်
ကိုင်တွယ်ကာ လှီးဖြတ်တော့သည်။
ရွာထဲမှာကိုင်လျှင် သူလုပ်သမျှအား
လူတွေမြင်ကြမည်ကိုသူမလိုပေ
ဒါကြောင့်အရက်ဆိုင်မှာကိုင်တွယ်ခြင်း
ဖြစ်သည်။
ကိုတင်ကြီးလည်း သူ့သူငယ်ချင်းအပေါင်း
အသင်းများ အိမ်နီးခြင်းများနှင့်ရွာထဲမှ
အသိမိတ်ဆွေနည်းနည်းပါးပါးကို
ခွေးသားရောင်းလေတော့သည်
ရောင်းသာရောင်းရတယ်
တိုးတိုးသာရောင်းရဲသည်
သူကြီးသိလျှင်မလွယ်ပေ
“ဟား ဟား ခွေးသားရောင်းကောင်းတော့
ငါ့မှာအမြတ်စွန်းလည်းရ ဝမ်းလည်းဝပေါ့
ဟေး ဟေး
ကိုတင်ကြီး ခွေးသားရောင်းရတဲ့ပိုက်ဆံအား
မိန်းမဖြစ်သူမိအေးကိုလည်းမပေး
သူ့ဘာသာအရက်သောက်ပစ်တော့သည်။
“ဟေ့ ကျော်လှ အရက်ရှိသေးရင် ထက်ချကွာ
ငါမဝသေးဘူး”
“အမြည်းကောယူမှာလား
“မယူဘူးငါဒီမှာခွေးသားနဲ့သောက်မှာကွ
“ရော့ရပြီ ဒါအကုန်ပဲမရှိတော့ဘူး
အရက်လေးပုလင်းလာချပေးသည်
“သား နက်ချော နက်ချောရေ
ထမင်းစားမယ်
“တောက် တောက် တောက် တောက်
ဒေါ်မင်းမင်း သူ့ခွေးလေးကို
အစာစားဖို့ခေါ်နေသည်
“ဟင် ငါ့သား လေး ဒီနေ့ဘယ်တွေရောက်နေ
တာပါလိမ့်ခါတိုင်းဒီအချိန်ပြန်လာပါတယ်
ဒေါ်မင်းမင်းလည်း ခွေးကသူခေါ်တာမလာလို့
အိမ်အပြင်ထွက်ရှာတာလည်းမတွေ့
ဒါနဲ့ထန်းတော နားပတ်ဝန်းကျင်ရှာမိတော့
‘ဟင် သွေးကွက်တွေပါလား
ဒါငါ့သားလေးသွေးတွေများလား
မလှမ်းမကမ်းရှိမြင်လိုက်ရတဲ့အရာအား
ဒေါ်မင်းမင်း သွားကောက်ကြည့်လိုက်တော့
“ဟင် ဒါ ဒါ ငါ့သားလေး လည်ပင်းမှာဆွဲပေးထား
တဲ့ချူ ကလုံ လေးပဲ
ဟင်း ဟင်း ငါ့သားကိုသတ်တဲ့သူ
ဒင်းတို့ငါ့အကြောင်းကောင်းကောင်းသိမယ်
ဒေါ်မင်းမင်းလည်း ဒေါသဖြစ်ကာအိမ်ပြန်လာပြီး
အိမ်အခန်းထဲဝင်ကာ
“အင်း ကိုတင်ကြီးလည်းပြန်မလာသေးပါလား
ခါတိုင်းဒီအချိန်ပြန်လာနေကြပါ
မိအေးလည်းခင်ပွန်းဖြစ်သုက
မကောင်းပေမယ့် ယောင်္ကျားတစ်ခုခုဖြစ်မှာကို
တော့သူစိုးရိမ်မိနေသည်
••••••
မနက်ခင်းလင်းတော့
“သမီးရေ သမီး အမေ့ကို စျေးရောင်းရအောင်လို့
ဇကော လေးနဲ့ဟင်း ရွက်တွေအဆင်သင့်လုပ်ထား
“ဟုတ် အမေ”
မိအေးတစ်ယောက် ကံတစ်ခုတော့ကောင်းသည်
လင်ကမကောင်းပေမယ့်သားသမီးအကျိုးပေး
ကောင်းသူဖြစ်သည်။
“ဝေါ့ ဝေါ့ ”
“ဟဲ့ သား အန်နေတယ်
“ဝေါ့ ဝေါ့ ”
“လာကြပါဦးရှင် ကျွန်မသားလေးအန်နေလို့
“ဟင် ဟိုဘက်အိမ်က ဘာဖြစ်တာပါလိမ့်
မိအေးလည်းသွားပြီးကူညီရအောင်ထွက်လာကာ
“အမ ကလေးက ဘာဖြစ်တာလဲ
“မသိဘူး မိအေးရယ် အန်နေတာပဲ
“ဟင် သွေးတွေပါလား အန်နေတာ
ကျွန်မဆရာသွားပင့်လိုက်မယ်နော်အမ
“အေးပါ ကျေးဇူးပါမိအေးရယ်
မိအေးလည်း ဆရာပင့်ရန် ပြေးသွားတော့သည်
“ဆရာ ဆရာ ရှိလား
“မိအေးပါလား ဘာဖြစ်တာလဲ
“ဟုတ်ဆရာ မိအေးတို့အိမ်ဘေးက ဒေါ်စန်းသား
မင်းနိုင် အန်နေလို့ ဆရာ ပြီးတော့သူအန်တာ
သွေးတွေ
“ဟေ ဟုတ်လား ဆရာချက်ချင်းလိုက်ခဲ့မယ်
ဆရာကဆေးလွယ်အိပ်ယူကာပြေးလာကြသည်
“ဒေါ်စန်း ဆရာခေါ်လာပြီ
“ဒေါ်စန်း ပြစမ်းနင့်သား
ဟာ ကလေးက မျက်ဖြူတောင်လန်နေပြီပဲ
“အင့် အင့်”
ကလေးက ကော့ကော့ထိုးပြီး
ငြိမ်သက်သွားတော့သည်။
“အမလေးငါ့သားလေး အမေ့ကိုထားခဲ့ပြီလား
သားရေ သား အမေ့ကိုထကြည့်ပါဦး
“ဆရာလည်းစိတ်မကောင်းပါဘူး ဒေါ်စန်း
“ဆရာ ဆရာ
ဆရာမှဒေါ်စန်းအိမ်ကမပြန်ရသေး
နောက်ထပ်လာပင့်နေသည်
“အေး ဆရာဒီမှာ
ဘာလို့လဲ
“ဆရာကယ်ပါဦးရှင် ကျွန်မယောင်္ကျား
သွေးတွေအန်နေလို့
“ဟေ သွေးတွေအန်နေတယ်ဟုတ်လား
“ဟုတ်တယ်ဆရာ မနေ့ညကအကောင်း
ဒီနေ့မနက်မှထဖြစ်တာ
“ဆရာ ကျွန်မသားလည်း မနေ့ညကအကောင်းပါ
သူ့မှာဘာရောဂါမှလည်းမရှိဘူး
ဒီနေ့မနက်မှ ထဖြစ်တာ
ဒေါ်စန်းလည်းဝင်ပြောရှာသည်။
“အေးအေး ဆရာလိုက်ခဲ့မယ်
ဆရာလည်း လိုက်သွားရပြန်သည်
လူနာအိမ်ကိုရောက်တော့
အိမ်ထဲတောင်မရောက်သေး
ငိုသံတွေကြားနေရသည်။
“ဟင် ဘာဖြစ်လို့လဲ သား သားအဖေဘာဖြစ်
လို့လဲ
“မေမေ ဖေကြီးဆုံးသွားပြီ
“ဟင် အမလေး ယောင်္ကျားရဲ့ အဖြစ်ဆိုးလိုက်တာ
ဒီမှာဆရာရောက်နေပြီတော့
ဆရာလည်းလွန်စွာ အံ့သြနေတော့သည်
ဒီနေ့တစ်မနက်အတွင်းသူ့ရှေ့မှာ
လူနှစ်ယောက်အသက်ဆုံးသွားသည်
•••••
အဲဒီနေ့ က တစ်နေ့အတွင်း ရွာထဲမှာလူ
ဦးရေ ဆယ်ယောက်လောက်သေသွားသည်
ကိုတင်ကြီးကတော့
“မိန်းမ ငါ့ ဗိုက်ထဲက ပူလိုက်တာ
” ပူမှာပေါ့ ရှင်ကအရက်သမားပဲလေ
“မဟုတ်ဘူးမိန်းမရဲ့ခါတိုင်းမပူဘူး
“အား ပူတယ် မိန်းမရေ
အိမ်ပေါ်မှာလူးလှိမ့်နေပြီးအော်ညစ်နေသည်
“သားသား ရေအိုးထဲရေတစ်ခွက်အမေ့ကို
ခပ်ပေးစမ်း
“ဟုတ်အမေ
“ရော့ ရော့ ကိုတင်ကြီးရေသောက်လိုက်
“ဝေါ့ ဝေါ့ ”
“ဟင် ”
“သွေးတွေပါလားဟ
မိအေးလန့်သွားတော့သည်
“ယောင်္ကျား သတိထားလေ
“ဟဲ့ မိအေး နင့်ယောင်္ကျားဘာဖြစ်တာလဲ
ဒေါ်စန်းလည်း သားဖြစ်သူနာရေးကြီးနဲ့
အိမ်ဘက်အားလာမေးသည်
“ဒေါ်စန်းရေ ကျွန်မယောင်္ကျားကိုကယ်ပါဦး
“ဟင် သွေးတွေအန်နေပါလား
“အား အမေရေ ပူတယ်ဗျ
“ကိုတင်ကြီး ရှင့်ကိုဆရာဝန်ခေါ်ပေးမယ်
မိအေးလည်းငိုယိုပြီး
ဆရာအားသွားခေါ်တော့သည်
ဆရာ ဆရာ မိအေး ယောင်္ကျားကိုကယ်ပါဦး
သွေးတွေအန်နေလို့ ဆရာ
“အေး ပါဆရာလိုက်ကြည့်ပေးပါ့မယ်
ဆရာအားခေါ်ကာမိအေးပြန်လာသည်
အိမ်ပေါ်မှာတော့ ကိုတင်ကြီးကပူလွန်းလို့
မနေနိုင်ကာ ဝတ်လစ်စလွတ် ဖြစ်နေသည်
“ယောင်္ကျား ဆရာ ရောက်လာပြီ
“မိ အေး ငါ့ကို ကယ်ပါ ဦး
“ဝေါ့ ဝေါ့
နှစ်ခါအန်ပြီး ကိုတင်ကြီးငြိမ်သက်သွားတော့သည်
“ယောင်္ကျား အဖြစ်ဆိုးလှချည်လား
“အဖေ အဖေ သမီးတို့ကိုထားခဲ့ပြီလား
“မိအေးဆရာပြန်ဦးမယ်ဆရာလည်းစိတ်မကောင်းပါဘူး”
သူကြီးခေါင်းရှုပ်ရတော့သည် တနေ့ထဲရွာမှာ
လူဆယ်ယောက်ကျော်သေဆုံးတော့
ဘာရောဂါမှန်းလည်းမသိ ဘာလုပ်ရမလဲဆိုတာ
လည်းမသိတော့ အခတ်တွေ့နေသည်။
••••••
“သေ ကြ သေကြ ငါ့ခွေးသေသလိုနင်တို့လည်း
သေရပြီမဟုတ်လား
ငါကနင်တို့နဲ့မပက်သက်ချင်လို့ရွာပြင်မှာနေတာ
နင်တို့ကရွာအပြင်ထိလာပြီး
ငါ့ခွေးကိုသတ်စားကြတယ်ပေါ့
အခုတော့သေကြလေ သေကြ အရသာရှိရဲ့လား
ဟင် ဟား ဟားဟား
“ဟင် ဒေါ်မင်းမင်း ကြီးပါလား ရွာထဲဘာလာလုပ်
တာလဲမသိဘူး
ရွာထဲမှအိမ်များကတိုးတိုးနဲ့ပြောဆိုနေကြလေ
သည်
မိအေးတို့အိမ်နား ဒေါ်မင်းမင်းရောက်လာကာ
“နင့် ယောင်္ကျားမနေ့ညက သွေးအန်ပြီး
သေပြီမလား ဝမ်းသာတယ်
“ဒီမယ်ဒေါ်မင်းမင်း ကျွန်မယောင်္ကျားသေ
လို့ဝမ်းနည်းနေရတဲ့အထဲရှင်ဘာတွေလာပြောနေတာလဲ ရှင်သူများသေတာတော်တော်ဝမ်းသာနေ
သလား ဟင်”
“ဝမ်းသာရမှာပေါ့ မနေ့ကနင့်ယောင်္ကျား
ငါမွေးထားတဲ့ခွေးကို သတ်ပြီးစားလိုက်တယ်လေ
ငါ့ကိုဒေါသဖြစ်အောင် လုပ်လို့
ငါကလည်းသွေးပွက်ပွက်အန်အောင်
လုပ်လိုက်တာ
“ဟင် မိအေး နင့်ယောင်္ကျားလာရောင်းတာ
ဒေါ်မင်းမင်းအိမ်ကခွေသားပေါ့ဟုတ်လား
ငါ့သားသေတာနင့်ယောင်္ကျားကြောင့်
ဒေါ်စိုးကပြောသည်
“ဟဲ့ မိအေး နင့်ယောင်္ကျားလာရောင်းလို့
ဝယ်ပြီးစားမိတဲ့ငါ့ယောင်္ကျားသေတာ
နင့်လင်ကိုတင်ကြီးကြောင့်ပေါ့
ရွာထဲရှိ သေဆုံးသူများ မိသားစုဝင်တွေရောက်လာပြီး
မိအေးအားဝိုင်းပြီးရန်တွေ့ကြတော့သည်။
“ဟိတ် အားလုံးတိတ်ကြစမ်း
တစ်ရွာလုံးကိုဆူညံနေတာပဲ
ဘာဖြစ်ကြတာလဲ
“ဟင်သူကြီး ”
“သူကြီးလာပြီ”
“ဒီမယ်သူကြီး နောက်တစ်ခါ ရှင့်ရွာထဲက
လူတွေကိုပြောထား
ကျွန်မအိမ်အရိပ်တောင်မနင်းမိစေနဲ့
နောက်တစ်ခါဒီလိုလုပ်ရင်တစ်ရွာလုံး
တယောက်မချန်အကုန်သတ်ပစ်မယ်
ဒေါ်မင်းမင်းကပြောလိုက်သည်
“နေပါဦး တို့ရွာကလူတွေကနင့်ကို
ဘာလုပ်လို့လဲ
“ဘာလုပ်ရမလဲ ဒီကောင်မမိအေး
ယောင်္ကျား ပေါ့ ကျွန်မမွေးထားတဲ့
ခွေးကိုသတ်ပြီးရွာထဲရောင်းသတဲ့
ပြီးတော့သူကိုယ်တိုင်လည်းစားတယ်လေ
ဒါနဲ့ကျွန်မလည်း စိတ်တိုတာနဲ့
ကျွန်မအကြောင်းသိအောင်ပြလိုက်တာ
“ဟင် ဟုတ်သလား မိအေး
“ရှင် သူကြီးရယ် ကျွန်မဘာမှမသိပါဘူး
ရှင် ကိုတင်ကြီးခွေးသားရောင်းတာကျွန်မလည်း
တကယ်မသိပါဘူးရှင်
သူ့နဲ့ကျွန်မနဲ့အဲဒီနေ့က
အရက်ဖိုးမပေးလို့ရန်တောင်ဖြစ်ကြပါသေးတယ်
“ဟုတ်တယ်သူကြီး အဲဒီနေ့က
ကိုတင်ကြီးခွေးသားလာရောင်းတော့
သူ့မိန်းမ မိအေးမသိစေနဲ့တဲ့
ဒါနဲ့ကျွန်မလည်း အေးအေး ဆိုပြီး
ဝယ်ထားမိတာ ကျွန်မကခွေးသားမကြိုက်တော့
မစားပေမယ့်ကျွန်မသားလေးကတော့စားမိလို့
အခုသေပြီ
ဒေါ်စိုးလည်းဝင်ရောက်ပြောသည်
“ကဲ ကဲ မိအေးလည်းဒီကိစ္စသိမှမသိရှာတာ
မိအေးကိုရန်မတွေ့ကြပါနဲ့
ဒါဟိုကောင် လက်တည့်စမ်းမိလို့ဖြစ်ရတာ
သေသွားတာတောင်မိန်းမကိုဒုက္ခဆတ်ပေး
နေတယ်
သူကြီးကပြောလိုက်သည်
“ကဲ ကဲ အားလုံးပဲ သူကြီးပဲမိအေး
ကိုယ်စားတောင်းပန်ပါတယ် ဒီကိစ္စမိအေးမှာ
အပစ်မရှိဘူး ဆတ်ပြီးတော့ရန်ဖြစ်ယ်ဆိုရင်
အကုန်လုံးကို ထိတ်တုံး ခတ်မယ်
သူကြီးပြန်သွားတော့
အကုန်လုံးပြန်သွားကြတော့သည်
ဒေါ်မင်းမင်းကတော့ ကျေနပ်သည့်အပြုံးတွေ
နဲ့ပြန်သွားလေရဲ့
“အင်း ကိုတင်ကြီး ကိုတင်ကြီး
ရှင်ရဲ့လက်တည့်စမ်းတဲ့အမှုကြောင့်
တစ်ရွာလုံးခွေးသားစားမိသူမှန်သမျှ
သေကြရတယ် ရှင်လည်းသေရတယ်
ဘာမှကောင်းတာဖြစ်မလာပဲ
အားလုံးစိတ်ဒုက္ခရောက်ကြရပြီ
ကိုတင်ကြီးကောင်းရာမွန်ရာရောက်ပါစေရှင်
စာဖက်သူအားလုံးရွှင်လန်းကြပါစေ။
[အောင်ဓူဝံ]
August.14.8.2021
[Yesagyo]