လာနူတ်ဆက်တဲ့သူငယ်ချင်း(စ/ဆုံး)
—————————————-
သာယာတဲ့ မနက်ခင်းလေပြေအဝှေ့မှာ ကျန်ုပ် ကိုဆန်းလဲ နှဖူးကနေ စီးကျလာတဲ့ချွေးတွေကို လက်ဖမိုးနဲ့သုတ်ရင်း ကောင်းကင်ကိုမော့ကြည့်နေမိပါတယ်။
“ပူလိုက်တာကွာ”
“အဖြစ်သည်းလိုက်တာတော်… ဒီမှာအလုပ်ဖြင့်မလုပ်ရသေးဘူး တော်က မောနေပြီပေါ့”
ဟုတ်ပါတယ်။ ကျန်ုပ်တို့ရွာဓလေ့မှာ နွေရာသီများတွင် တောင်ယာများခုတ်ထွင်ပြီး မိုးမကျမီ မီးရိူ့ရပါတယ်။ အခုလဲ တောင်ရာခုတ်ထားတဲ့ သစ်ပင်သစ်ကိုင်းများကို ကျန်ုပ်တို့ မီးရှို့ဖို့ စုပုံထားကြပါတယ်။
“အော် နုရီ ကလဲကွာ… ကျန်ုပ် ခဏ အမောပြေ နားတာပါဟ.. ဒီလောက်လေးတော့ အပျော့ပါကွာ.. ဟဲဟဲ…”
ကျန်ုပ် ခပ်ပေါ့ပေါ့ပြောလိုက်တဲ့စကား ကြောင့် နုရီ ကမျက်စောင်းလှမ်းထိုးလိုက်ပါတယ်။ ပြီးတော့ တွေးတွေးဆဆနဲ့ လှမ်းပြောလိုက်ပါတယ်။
“ကိုဆန်း ခရီးသွားတုန်းက ကောင်မလေးတယောက် ဝင်ပူးတယ်ဆို.. ရွာက အေးမိစံ ပြောပြလို့လေ”
ကျန်ုပ်လဲ သစ်ကိုင်းတွေလိုက်စုရင်း နုရီ ကို လှမ်းကြည့်ပြီး….
“ အေး ဟုတ်တယ် နုရီရေ.. ကျန်ုပ်လဲ ဒီကိစကို အတော့်ကို အံသ◌ြ ပြီး အခုထိ ထိတ်လန့်မိတုန်းဘဲ”
(ကျန်ုပ် နှင့် ဆွဲမိ ကိုဖတ်ကြည့်နော်)
“ကြောက်စရာကြီးနော် အကို… နုရီ ဆို နားထောင်ရင်း ကြက်သီးတွေတောင်ထနေတာ”
“ကျန်ုပ်လဲ ဘာထူးမလဲ နုရီရယ်.. သဘာဝလွန်ကိစတွေ လူ့သဘာဝ နဲ့ နားမလည်တဲ့ အရာတွေလဲ လောကမှာ အများကြီးရှိမလား.. ကျန်ုပ်လဲ ပြောသာပြောရတာ အခုထိတောင် နားမလည်သေးပါဘူးကွာ”
နုရီ လည်း ကျန်ုပ်ကို အထင်ကြီး လေးစားသလို ကြည့်နေပြီး
“အကိုက သိပ်သတ္တိရှီတာဘဲနော်”
ကျန်ုပ်လဲ နှလုံးလေဟပ်သလိုလို နေထိုင်မတတ်သလိုလိုဖြစ်လာတာနဲ့
“ဟဲ..ဟဲ..ဟဲ”
ရယ်ပြီးသာ နေလိုက်ပါတော့တယ်။
…………………………….
၁၉၉၈ ခုနှစ်, ဒမ်ပီးရွာ
ကျန်ုပ်တို့ ရွာနာမည်မှာ ဒမ်ပီးရွာ လို့ခေါ်ပြီး အိမ်ခြေ ၅၀ ခန့်သာရှိပါတယ်.. တရွာလုံး တောင်ယာခုတ်ကြသလို မုဆိုးလဲ လုပ်ကြပါတယ်။ အိန္ဒိယ နယ်စပ် နားမှာ ရွာတည်ထားပြီး တောင်ယာထွက်ပစ္စည်းများကို အိန္ဒိယ ဘက်ခြမ်းတွင် ပြန်ရောင်းတတ်ကြပါတယ်။
ကျန်ုပ်တို့ရွာဟာ တီးတိန်မြို့ နဲ့ မိုင် ၂၀သာဝေးပြီး ခြေလျှင်နဲ့ နေ့တဝက်ခရီးသွားရပါတယ်။ ကားလမ်း ဆိုင်ကယ်လမ်းမပေါက်သေးဘဲ လူသွားလမ်းသေးသေးသာ ရှိပါသေးတယ်။ ရွာထိပ်မှာ တီးတိန်မြို့ကိုသွားတဲ့ မြို့ထွက်လမ်းဖြစ်ပြီး ရွာအနောက်ဘက်မှာတော့ သချိုင်းကုန်းရှိပါတယ်။ ရွာအလယ်တည့်တည့်မှာတော့ ကျန်ုပ်တို့ ဘုရားကျောင်းကြီးရှီပါတယ်။ ဘုရားကျောင်း နားမှာတင် လူနေအိမ်များ ဝိုင်းရံလျက် ရှိပါတယ်။ ဘုရားကျောင်းအရှေ့နားမှာတော့ ရွာဘောလုံးကွင်းကြီး ရှိပါသေးတယ်။
ကျန်ုပ်တို့ရွာမှာ အိမ်ခြေနည်းပါးလှပေမည့် လူမျိုးပေါင်းစုံနီးပါစုပေါင်းနေထိုင်ကြပါတယ်။ ရွာမှာ သာယာစိုပြည်လှပြီး ညတိုင်းနီးပါး ရွာဘောလုံးကွင်းမှာ ကလေးသူငယ် လူငယ်လူရွယ်တွေ ဆော့ကစားတတ်လို့ ပျော်ရွင်ဖွယ်ရာ အသံပေါင်းစုံနဲ့ ဆူညံနေတတ်ပါတယ်။ အိမ်တိုင်းလဲ မီးအိမ် ကိုယ်စီချိတ်ဆွဲနိုင်လို့ တရွာလုံးနီးပါး ထိန်ထိန်လင်းနေပါတယ်။ ကျန်ုပ်တို့ ဒမ်ပီးရွာမှာ အိမ်ခြေ နည်းပါးသေးပေမည့်လဲ သွပ်အိမ်ချည်းဖြစ်ပါတယ် ။ တဲအိမ်ဆိုတာ တစ်အိမ်မှ မရှိပါဘူး.. အင်မတန်မှ တိုးတက်နေတဲ့ ရွာလေးဘဲ ဖြစ်ပါတယ်။
………………………….
ကျန်ုပ် ကိုဆန်း မှာ အသက် ၃၀ နီးပါးရှိပြီး ခန္တာကိုယ်ပိန်ပိန်ပါးပါးနဲ့ မေးရိုးကားကား ရှိပါတယ်။ တောင်သူတဉီးဖြစ်တဲ့အလျောက် ဗလတောင့်တောင့် နဲ့ ကြည့်ကောင်းလှတဲ့ မျက်နှာပိုင်ရှင်ဖြစ်ပါတယ်။
ကျန်ုပ်တို့ လူရွယ်များမှာ ညနေ အလုပ်သိမ်းပြီးတိုင်း ခြင်းလုံးခတ်, ဘောလုံးကန် တတ်ကြပါတယ်။
၁၉၉၈ ခုနှစ် နိုဝင်ဘာလ
ကျန်ပ်တို့ ဒမ်ပီးရွာလေးက လူတိုင်းနီးပါး အလုပ်ရူပ်နေကြပါတယ်။ အကြောင်းကတော့ စပါးပေါ်ပြီး ကောက်ရိတ်သမ်းချိန်မှာ အလှည့်ကြရိပ်သိမ်းကြလို့ ဖြစ်ပါတယ်။ ကျန်ုပ်တို့ရွာဓလေ့မှာ တအိမ်နဲ့ တအိမ် ဖိတ်ခေါ်ပြီး သူ့လယ်ကိုယ့်လယ် စပါးရိတ်သိမ်းကာ လုပ်အားပေးကြပါတယ်။
တနေ့ …..
နေသာပြီး တနေကုန် ကောက်ရိပ်သိမ်းတာကနေ ပြန်လာ, အိမ်မှာ ခဏတဖြုတ်နားနေတုန်း….
“ကိုဆန်းရေ ခြင်းခတ်ကြရအောင်လေ”
အိမ်ရှေ့ကနေ လှမ်းအော်နေတဲ့ ကမ်လျံ ကိုတွေ့လိုက်ပါတယ်။
“အေး ခတ်ကြတာပေါ့”
ကျန်ပ်တို့လဲ ရွာလယ်က ဘောလုံးကွင်းမှာ ခြင်းခတ်နေကြပါတယ်။ တဖက်သုံးယောက်စီ။ ခြင်းခတ်ကောင်းတုန်း ရုတ်တရက် …..
“အား ….”
ဗိုက်နိပ်ပြီး လူးလိမ့်နေတဲ့ ထန်ပီး….
“ဘာဖြစ်နေတာလဲ ကိုထန်ပီး”
“အား.. နာလိုက်တာ…ငါ့ဗိုက်အရမ်းနာတယ်”
ကျန်ပ်တို့လဲ အခြေအနေ မကောင်းမှန်းရိပ်မိပြီး ချက်ချင်း သူ့မိဘတွေကို အကြောင်းကြားကြပါတယ်။ မကြာခင်ဘဲ ရွာမှ အားကောင်းမောင်းသန် လူကြီးတွေ စုစည်းပြီး ထမ်းစင်နဲ့ တီးတိန်မြို့ကို အရေးပေါ်သွားရောက်ကြပါတယ်။
ကျန်ုပ်တို့လည်း စိတ်မကောင်းစွာနဲ့ အခြေအနေကောင်းရန်သာ မျော်လင့်နေကြပါတယ်။
နောက်တစ်နေ့ မနက်…
ကျန်ပ်အိပ်ရာနိုးလို့ မျက်နာသစ်ပြီး မီးလှုံဖို့ မီးဖိုဘေးသွားထိုင်လိုက်ပါတယ်။ အဖေက ကျန်ုပ်ကို တချက်လှမ်းကြည့်ပြီး စိတ်မသက်မသာတဲ့ လေသံနှင့်
“မင်းသူငယ်ချင်း ထန်ပီး ဆုံးသွားပြီ သား”
“ဗျာ ဘယ်လို”
“ဟုတ်တယ်သား. သူထမင်းစားပြီးတာနဲ့ ခြင်းခတ်နေတာကမှားတယ် .. အေးဒါသူ့ အူပြတ်သွားတာတဲ့… အရင်သူ့ရဲ့ အနာဟောင်းကို ထိသွားတယ်ထင်တာဘဲ..ရွာကို လူကြုံသတင်းပို့လာတယ်လေ”
“ဗျာ တကယ်လား အဖေ”
အဖေက ကျန်ုပ်ကို စိတ်မကောင်းစွာနဲ့ တချက်လှန်ကြည့်ပြီး
“မနက်ဖြန်ကြရင် အလောင်းသယ်ပြီး ပြန်လာကြလိမ့်မည်.. အခုန သတင်းမေးပြီး အဖေ ပြန်လာတာ”
ကျန်ပ်တို့ မီးဖိုဝိုင်းလေးမှာ တိတ်ဆိတ်နေပါတယ်။ မီးဖိုမှ မီးကျည်ခဲလေးတွေ တဖောက်ဖောက် တောက်လို့…
………………………………..
ကိုထန်ပီး မှာ ခင်မြင်နှစ်လိုဖွယ်ကောင်းတဲ့ လူငယ်ဖြစ်ပြီး ကျန်ပ်တို့နဲ့ ဆိုးတူကောင်းဖက် လည်ပင်းဖက်ပြီး အတူတူ ကြီးပြင်းလာတဲ့သူဖြစ်ပါတယ်။ ကိုထန်ပီး အရင်ကတည်းက ဗိုက် ရောဂါ တခုခုခံစားဖူးပြီး တီးတိန်မြို့မှာဘဲ ဆေးကုသမှု ခံယူဖူးထားသူ ဖြစ်ပါတယ်။ ရပ်ရွာ အကျိုး ပါဝင်ဆောင်ရွက်လှသလို ဘုရားကျောင်းတက်တိုင်းလဲ ဂီတာ တီးရင်း လူငယ်ရေးရာဘက်မှာ ဉီးဆောင် ပါဝင်သူဖြစ်ပါတယ်။
ကျန်ုပ်တို့ရွာလေးမှာ ရွာငယ်လေး ဖြစ်တဲ့အလျောက် တယောက်နဲ့ တယောက် ခင်မြင်ကြသလို သူ့အိမ်ကိုယ့်အိမ် တံခါးမရှိဓားမရှိ ဝင်ထွက်သွားလာတတ်ကြပါတယ်။ ကိုထန်ပီး ရဲ့ မတော်တဆ ကွယ်လွန် အနိစ္စ ရောက်တာကတော့ ကျန်ုပ်တို့ စိတ်နှလုံး ထိခိုက်လွန်းလှပါတယ်။
ကိုထန်ပီး အသက်မှာ အခုမှ ၂၅ အရွယ်သာသာ.. အရွယ်ကောင်း နဲ့ ရပ်ရွာအရေးကို ဉီးဆောင် နိင်မည့်သူဆိုတာ သိသာလှပါတယ်။ ကံကြမ္မာရယ်.. ရက်စက်လှပါဘိ…..
……………………………………..
ကျန်ုပ်တို့ လူငယ်တသိုက်ဟာ ကိုထန်ပီး အသုဘ အတွက် သူတို့အိမ်မှာ လိုအပ်တာတွေ ပြင်ဆင်ကြပြီး လူသေ သဂြိုလ်ဖို့ ခေါင်းတလား ကိုလဲ အသုဘရာဇာ က အဆင်သင့်လုပ်ထားပါတယ်။
အချိန်နာရီ လည်ပတ်နေသလို နေ့အချိန်တရွှေ့ရွှေ့ကုန်ဆုံးလာပါတယ်။ ဒီနေ့တော့ အသုဘရှိလို့ တရွာလုံးနီးပါးအထူးအရေးကြီးတဲ့ကိစ္စကလွဲပြီး ရွာမှာဘဲ လူစုံရှိကြပါတယ်။
ထန်ပီး တို့အိမ်မှာ ရွာအောက်ဘက်ခြမ်း အစွန်းဘက်နေရာမှာ ရှိပြီး ကျန်ုပ်တို့ အိမ်ကတော့ ရွာထိပ်ပိုင်းမှာ ရှိပါတယ်။ ရွာ အနေအထားအရ မြို့တက်ပြီး ပြန်လာတဲ့အခါတိုင်း ကျန်ုပ်တို့ အိမ်ဘေးက လမ်းကနေ ဖြတ်ပြီးမှ ရွာထဲကို ဝင်သွားလို့ရမှာဖြစ်ပါတယ်။
ကျန်ုပ်လဲ ထန်ပီးတို့ အိမ်မှာ အသုဘကိစကူညီပေးပြီး ညစာ ထမင်းစားဖို့ အိမ်အပြန် နွားစာစင်းနေတဲ့ အမေကို တွေ့ပြီး….
“အမေ .. အဖေဘယ်မှာလဲ”
“ဘာလို့လဲသား.. အိမ်ထဲမှာရှိမှာပေါ့”
“ဟုတ် ကျန်ုပ် ဒီည ထန်ပီး တို့ အိမ် မိုးလင်းပေါက်စောင့်မလို့ အေးဒါ ခွင့်တောင်းချင်လို့ပါ အမေ”
“အော် သားရယ်.. သား အဖေ ခွင့်ပြုမှာပါကွယ်.. အိမ်ပေါ်တက်ပြောချေလေ”
“ဟုတ် အမေ”
ကျန်ုပ်လဲ အိမ်ပေါ်လှမ်းအတက် အိမ်ပေါ်က ဆင်းလာဖို့ ပြင်နေတဲ့ အဖေကို တွေ့လိုက်ပါတယ်။
“အဖေ.. သားဒီည အသုဘ အိမ်အိပ်မည်”
“အေးအေး သား လိုအပ်တာတွေ ကူညီပေးလိုက်”
“ဟုတ်…”
အမေ လည်း ကျန်ုပ်တို့ကို လှမ်းကြည့်ပြီး
“သား အနွေးထည် ဝတ်သွားနော်”
“ဟုတ် အမေ”
ကျန်ုပ်လဲ အိမ်ပေါ်တက်ပြီး ထမင်းခူးစားလိုက်ပါတယ်။ စားပြီး အနွေးထည် တခု ကောက်ဝတ်လိုက်ပြီး ထန်ပီးတို့ အိမ်ဘက် သွားဖို့ ပြင်ဆင်လိုက်ပါတယ်။
……………………
ညနေဝင်ပြီ။ မှောင်စပျိုးနေတဲ့ ကျန်ုပ်တို့တရွာလုံးနီးပါး မီးအိမ် ထိန်ထိန်လင်းပြီး ငြိမ်သက်နေပါတယ်။ ဟိုးရွာ အောက်ဘက်နားကနေ အသုဘ ဗုံတီးသံ နဲ့ လွမ်းဆွေးဖွယ်ရာ နူတ်ဆက်သီချင်းဆိုသံ ပျံလွင့်လာပါတယ်။
“စိတ်မကောင်းစရာပါလား” ကျန်ုပ်တီးတိုး ညည်းလိုက်မိပါတယ်။ ထိုအခိုက်မှာဘဲ ဟိုးခပ်ဝေးဝေးကနေ အရပ်ရှည်ရှည်နဲ့ လူယောက်လာနေတာ လှမ်းမြင်လိုက်ပါတယ်။ ကျန်ုပ်လဲ ကိုထန်ပီး အသုဘ သွားမည့်သူလို့ ထင်ပြီး အိမ်ရှေ့ ခြံတခါးဝမှာတင် စောင့်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ကြည့်ရင်းနဲ့ …
“အင်း ဒီလူတော့ အရပ်အတော်ရှည်မည့်သူဘဲ.. ဘယ်သူများပါလိမ်ံ့” လို့ ကျန်ုပ်တွေးလိုက်မိပါတယ်။ တွေးလို့မှ မဆုံးခင် ထိုလူမှာ ကျန်ပ်ရှေ့နားတင် ရောက်လာပါတယ်။
“အမလေးဗျ”
ကျန်ုပ် ရင်ထဲမြည်ဟိန်းသွားတဲ့ အာမေဍိတ် သံ… ကျန်ုပ် ဆံပင်မွေးများပင်ထောင်တက်သွားပါတယ်။
ထိုသူမှာ အရပ်ရှည်နေတာမဟုတ်ဘဲ ကုလားမခြေထောက် အမြင့်ကြီးစီးလာပြီး ထိပ်မှာ အခေါင်းကြီးထမ်းပြီး လာနေတာ…. အနီးရောက်မှ သေသေချာချာကြည့်တော့ ကိုထန်ပီး မှ ကိုထန်ပီး အစစ်။ အနက်ရောင် ဝတ်စုံကြီး နဲ့ သူက ဖြူဖြူဖွေးဖွေး…ကုလားမခြေထောက်ထိပ် တဖက်တချက်မှာ အခေါင်းကြီး သယ်လာလို့…
ကျန်ုပ် အာခေါင်တခုလုံးခြောက်ကပ်လာပါတယ်။ မလှုပ်မယှက် ရပ်နေပြီး ကိုထန်ပီး ဖြတ်သွားတာကို ငေးမောကြည့်နေမိပါတယ်။ ကိုထန်ပီး မှာ ကျန်ုပ်ကို လှည့်တောင် မကြည့်ဘဲ သူတို့အိမ်ရှိရာ ရွာ အနောက်ဘက်ပိုင်း ကို ဉီးတည်နေလို့…..။
………………………………………………
လေပြေလေးတွေ တိုးဝှေ့ပြီး သစ်ပင်များ တရှဲရှဲမြည်နေကြပါတယ်။ ရွာကား တိတ်ဆိတ်ငြိမ်သက်လျှက်.. အသုဘ အိမ်စီကနေ ခပ်ဆွေးဆွေးသီဆိုနေတဲ့ ချင်းရိုးရာ နူတ်ဆက်သီချင်း ပျံ့လွင့်လာနေပါတယ်။
ထိုအခိုက်…
“ဟေ့….”
“အမလေးဗျ”
ကျန်ုပ် ငေးမောနေရာကနေ အသိစိတ်ဝင်လာပါတယ်။ ကြည့်လိုက်တော့ နုရီ ….
“နင်ကလဲကွာ … အလန့်တကြားနဲ့”
“ဘာလဲ ကြောက်နေလို့လား ကိုဆန်း..”
“မဟုတ်ပါဘူးကွာ ငါ လန့်သွားရုံပါ..”
“ယုံပေးလိုက်မည်နော် ခစ်..ခစ်.. ခစ်..”
ကျန်ုပ်ကို ကြည့်ပြီး ရယ်နေပါတယ်။ ကျန်ုပ်လည်း နုရီ များ ခုန ကိုထန်ပီး ပြန်လာတာကို မြင်မိလား ဆိုတာ သိချင်တာနဲ့…
“အခုနက ကိုထန်ပီး ပြန်လာတာ နင်မြင်လား နုရီ”
“ဘယ်လို….ဘယ်လို”
အလန့်တကြားနဲ့ ကျန်ုပ်ကို ကြည့်ပြီး မေးနေတဲ့ နုရီ။ ကျန်ုပ်လဲ သူကြောက်သွားမှာစိုးလို့ စကားလမ်းကြောင်းပြောင်းလိုက်ပါတယ်။
“အော် မဟုတ်ပါဘူး လာ ကိုထန်ပီး တို့ အိမ်သွားမှာမလား… သွားကြစို့”
ကျန်ုပ်လဲ ရှေ့ကခြေလျမ်းကျဲကျဲကြီး နဲ့အသုဘရှိရာ ဘက်ကို ခြေဉီးလှည့်လိုက်ပါတော့တယ်။
……………………………….
ခဏအကြာ….
ကိုထန်ပီးတို့ အိမ်ကိုရောက်သွားကြပါတယ်။ ကိုထန်ပီးတို့အိမ်မှာ ရွာအစွန်ဘက်ကျကျမှာ ရှိပြီး သူတို့အိမ်ပြီးရင် ခင်တန်းတောအုပ်လေးစတင်ရောက်ရှိပါတယ်။ ကိုထန်ပီးတို့ အိမ်ခြံဝိုင်းလေးကို ဝါးထရံလေး နဲ့ ကာထားပါတယ်။
ထန်ပီး တို့ အိမ်ရှေ့ခြံထဲမှာတော့တော့ ဆူဆူညံညံနဲ့ ရွာကာလသားများ မိန်းမပျိုများ ရေနွေးကျိုသူကျို, ဝိုင်းဖွဲ့ပြီး စကားပြောသူပြော နဲ့ အိမ်ထဲမှာတော့ နူတ်ဆက် သီချင်းသံလေးတွေ ရွာမှ သက်ကြီးရွယ်အိုများ မိဘ မောင်နှမများက ငြိမ်သက်စွာ သီဆိုကြပါတယ်။ အိမ်ရှေ့လှေကားရင်းမှာတော့ လူသေတွက် အခေါင်း တင်ထားပါတယ်။
ကျန်ုပ် နှင့် နုရီ လည်း အိမ်ထဲဝင်ပြီး ငြိမ်သက်စွာ ထိုင်ကြပါတယ်။ ကျန်ုပ်လဲ ကိုထန်ပီး မိဘတွေအတွက်စိတ်မကောင်းစွာ ခံစားရပါတယ်။ ထိုအခိုက်
“ဒုန်း”
ပြတင်းပေါက် တံခါး ပြင်းထန်စွာ စောင့်ပိတ်သံကြားရပါတယ်။ ကျန်ပ်တို့အသံထွက်ရာဘက်လှမ်းကြည့်တော့ ပြတင်းပေါက်နားကထိုင်တဲ့သူတွေ ရှဲခနဲ့ အိမ်အတွင်းဘက် ကိုပြေးလာထိုင်တာ တွေ့လိုက်ပါတယ်။ ကျန်ုပ်တို့မှာတယောက်နဲ့တယောက်ကြည့်ကြပီး တခုခုကို နားလည်သဘောပေါက်မိကြပေမည့် နူတ်ဆက်သီချင်းဆိုသံ မပြတ်ပါဘူး။ နုရီ လဲ ကြောက်စိတ်ဝင်လာတယ်ထင်ပါတယ်။ ကျန်ုပ် နားကို တိုးကပ်လာပြီး ကျန်ုပ်လက်တဖက်ကို ခပ်တင်းတင်းဆုပ်ကိုင်လိုက်ပါတယ်။
“ဒုန်း..ဒုန်း”
ပြတင်းတံခါးဆက်တိုက်ပိတ်သံကြားအပြီးအိမ်ရှေ့ခြံထဲမှာ ထိုင်တဲ့ လူတွေ အကုန်လုံး အိမ်ထဲပြေးဝင်လာကြပါတယ်။ လူကြီးသူမများကတော့ မသိသလိလိုနဲ့ နူတ်ဆက်သီချင်း သီဆိုဆဲ…
ကျန်ုပ်လဲ အခြေအနေကို ကြည့်ပြီး တခုခုလုပ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဘေးက နုရီ ကို စောင်းငဲ့ကြည့်ပြီး …
“နုရီ.. အပြင်ထွက်ကြမည်.. လူကြီးသူမတွေ သောက်ဖို့ လက်ဖက်ရည် ဝေရမည်လေ”
ကျန်ပ်ပြောပြောဆိုဆို နဲ့ ကိုယ်တိုင် ထပြီး အပြင်ကို ဉီးဆောင်ထွက်လာပါတယ်။ ထိုအခါမှ ကျန်ုပ်နောက်မှာ လူငယ်များ ထွက်လာကြပါတော့တယ်။
“အားလုံးဘဲ အေးဆေးဘဲနော်.. ဘာမှမဖြစ်ဘူး.. ရေနွေးတည်လက်ဖက်ရည်ဖျော်ပြီး လိုက်တိုက်ကြပါဉီး”
ကျန်ပ်စကားကြောင့် ကြောက်နေကြတဲ့ လူငယ်များမှာ လူပ်လှုပ်ရှားရှားဖြစ်လာပြီး နဂိုအတိုင်း ဘာမှမဖြစ်တော့သလို သက်ဝင်လှုပ်ရှားလာပါတယ်။
“နုရီ .. နင်လဲ လက်ဖက်ရည်လိုက်ဝေပေးလိုက်ဉီး”
ကျန်ုပ်လည်း နုရီ ကြောက်စိတ်ပြေအောင် ခိုင်းလိုက်ပါတယ်။
ကျန်ုပ်မှာ မီးမငြိမ်းအောင်ထိန်းပြီး ထင်းချောင်းလေးတွေ ပစ်ထည့်လိုက်ပါတယ်။ ထိုအခိုက်မှာ..
“ကိုဆန်း..”
ကျန်ုပ်ကို ခေါ်တဲ့အသံကြားလို့ လှမ်းအကြည့်မှာ ထိတ်ထိတ်ပျာပျာနဲ့ ခြံထဲပြေးဝင်လာတဲ့ ကမ်လျှံ ကို တွေ့လိုက်ပါတယ်။ ကမ်လျှံ လဲ ကျန်ုပ်နားကို အတင်းတိုးလာပြီး..
“ကိုဆန်း.. အခုနက ကျုပ် ဒီကိုလာတုန်းက ဘုရားကျောင်းထဲမှာ ဂီတာတီးသံကြားတယ်ဗျ”
“ဟုတ်လို့လား အခုက ဒီမှာဘဲ လူစုံရှိတာလေ.. ပြီးတော့ ည ၁၂ နာရီကြီး.. နင်နားကြားလွဲတာနေမည်”
ကမ်လျှံလဲ မျက်စိမျက်နာပျက်ပြီး ….
“ကျုပ်လဲ ကိုဆန်း ထင်သလို နားကြားလွဲတယ်ထင်နေတာဘဲ.. ဒါပေမည့်…..
“ဒါပေမည့် ဘာဖြစ်လဲ…”
ဘေးဘီဝဲယာတွေ ကျည်းကြည့်ကြောင်ကြည့်ပြီးနောက် သက်ပျင်းတစ်ချက်ချရင်း
“ဒါပေမည့်.. ဒါပေမည့် ငါလဲ ကိုဆန်း ထင်သလို ဟုတ်မှာဘဲဆိုပြီး သိချင်စိတ်နဲ့ ဘုရားကျောင်းတံခါးကိုဆွဲဖွင့်ပြီး ဂီတာတီးနေတဲ့ဘက်ကို ဓာတ်မီးထိုးလိုက်တယ်”
“ဟုတ်လား.. နင် ဘာမြင်လိုက်လဲဟ”
ကျန်ုပ်လဲ စိတ်ဝင်စားမှုကို မထိန်းနိုင်တော့လို့ ကမ်လျှံ အပြောကို မစောင့်နိုင်တော့ဘဲ လှမ်းမေးလိုက်ပါတယ်။
“ကျုပ် ဓာတ်မီးလှမ်းထိုးတော့..”
စကားဆက်မပြောတော့ဘဲ ကျန်ုပ်ကို ငေးကြည့်ရင်း သက်ပျင်းမှုတ်ထုတ်လိုက်ပါတယ်။ ပြီးမှ
“ကျုပ် ဓာတ်မီးထိုးတော့…. ကို ထန်ပီး ဂီတာတီးနေတာ တွေ့နေတာဗျ”
ကျန်ုပ်လဲ ကျောပြင်တလျောက် စိမ့်တက်လာပြီး ညနေဝင်ချိန်မှာ မြင်လိုက်တဲ့ အရာဟာ အမြင်မှားတာမဟုတ်မှန်း ပိုပြီးသေချာစေပါတယ်။ ကို ကမ်လျှံ က ကျန်ုပ်နားတိုးကပ်လာရင်းနဲ့..
“ကျုပ်လည်း မနေနိုင်တော့ဘဲ စကားလှမ်းပြောမိတာပေါ့… ကိုထန်ပီး အမှောင်ကြီးထဲမှာ ဘာလို့တီးနေတာလဲ.. မီးအိမ်လေးထွန်းပါလား”လို့ ကျုပ်ပြောတာပေါ့။
“အေးမှာ သူက ဘာမှလဲ မပြောဘူး ဆက်ပြီး တီးနေတာ.. သူတီးတာကလဲ သူနဲ ကျုပ် အမြဲတမ်းတီးနေကြသီချင်းဘဲ”
ကမ်းလျှံမှာ ကိုထန်ပီး ရဲ့ အခင်ဆုံး သူငယ်ချင်း.. တတွဲတွဲသွားလာပြီး ဘာလုပ်လုပ် အတူတူရှိတတ်တဲ့ အချစ်ဆုံးသူငယ်ချင်းဆိုတာ တရွာလုံး အသိ။ ကမ်လျှံ မှာ ကျန်ုပ်ကို တချက်ကြည့်ပြီး တဖြည်းဖြည်းခြင်းဆက်ပြောလိုက်ပါတယ်။
“ကျုပ်ကလဲ သူဆုံးတယ်ဆိုတာ မသိသေးဘူးလေ… အေးဒါနဲ့ သူ့ဆီလှမ်းသွားလိုက်တယ်လေ”
ကမ်းလျှံ မှာပြောရင်းနဲ့ ကြောက်လွန်းနေမှန်းသိသာလှပါတယ်။ ကျန်ုပ်လဲ ကြောက်မိပေမည့် မကြောက်သလို ဟန်ဆောင် အားတင်းပြီး
“အေးဒီတော့ ဘာဖြစ်လဲ ကမ်လျှံ”
“ကျုပ်လဲ သူ့ဆီလှမ်းသွားပြီး သူ့အနားမရောက်ခင်လေးမှာ သူကျုပ်ကို လှမ်းကြည့်တယ်… ပြီးတော့ ပြုံးပြနေတယ်လေ… ပြီးတော့ ဂီတာသံလဲ ရုတ်တရက်ရပ်တန့်ပြီး သူလဲ မျက်စိရှေကတင် ပျောက်သွားတာပေါ့ ကိုဆန်းရေ”
“ဘယ်လို”
“ဟုတ်တယ် ကိုဆန်း.. ကျုပ်က ဒီညမှ အိန္ဒိယ ဘက်ကနေပြန်လာတာလေ.. သူဆုံးသွားတယ်ဆိုတာလဲ အိမ်ရောက်မှသိတာဗျ.. အခုက ကျုပ်က အိမ်တောင် မရောက်သေးဘဲ ဘုရားကျောင်းကို အဖြတ် ဂီတာသံကြားလို့ သွားကြည့်မိတာ..”
ကမ်လျှံမှာ သူ အခုန ကြုံတွေံတဲ့ အဖြစ်အပျက်ပေါ် ကြောက်ရွံထိတ်လန့်သလို သူ့ အချစ်ဆုံး သူငယ်ချင်း နာရေးအပေါ်မှာ ဝမ်းနည်းကြေကွဲမှန်း သိသာလှပါတယ်။
“ဒါနဲ့ သူ့ရုပ်ကလပ်ရော ကျုပ် ကြည့်လို့ရမလား”
“သူ့အလောင်းမရောက်သေးဘူးလေ.. မနက်ဖြန်မှ သယ်လာကြမှာ”
“ဖြစ်ရလေကွာ”
………………………………
ကျန်ုပ်တို့လူငယ်တသိုက်လဲ တညလုံး အသုဘ မှာ လုပ်အားပေးပြီး ရောင်နီပျို့ချိန် အိမ်ပြန်အိပ်ဖို့ ပြင်ဆင်ကြပါတယ်။
“ကိုဆန်း ပင်ပန်းပြီနော်” နုရီရဲ့ ကြင်နာသောစကားသံ..
“ဪ မပင်ပန်းပါဘူးကွာ .. နုရီ ရော …”
“ဒီလိုပါဘဲ ကိုဆန်းရာ …ကိုထန်ပီး အတွက် ခံစားရတယ်”
ခပ်အက်အက် ငိုမလိုလိုပြောလာတဲ့ နုရီ စကား..
“နုရီ ရယ် အရာရာ ဘုရားအလိုကျပါဘဲ.. ကျန်ုပ်တို့လဲ တစ်နေ့ ဒီလမ်းဘဲသွားရမှာဘဲ မဟုတ်လား.. ဒီည လဲ လုပ်အားပေးရမှာဆိုတော့ ပြန်ပြီး အင်အားပြည့်အောင် အိပ်လိုက်ဉီး”
“ဟုတ် ပြန်ပြီနော် ကိုဆန်း.. ဒီည ပြန်တွေ့ကြမည်”
ပြောပြောဆိုဆို လှမ်းထွက်သွားတဲ့ နုရီ ကျောပြင် ကို ငေးကြည့်ရင်းနဲ့ ကျန်ုပ်မှာ လွမ်းနေမိသလိုလို….
……………………..
ကျန်ုပ်လည်း ကုန်ခန်းနေတဲ့အင်အားတွေ အတွက် အနားယူဖို့ အိမ်ပြန်လာခဲ့ပါတယ်။ ရောင်နီပျိုးဆဲ… နေကောင်းကောင်း မထွက်သေးတဲ့ မလင်းတလင်း အာဂုဏ်ဉီး အချိန်….
ကျန်ပ်လဲ ခြံတံခါးဖွင့်ပြီး လှေကားပေါ်အတက်… တံခါးနားမှာ စောင့်ကြောင့်ထိုင်နေတဲ့ ကိုထန်ပီး.. ကျန်ုပ်ခြေလှမ်းတွေလေးလံလျက်… ဒီအတိုင်းမတပ်ရပ် ပြီး ငေးကြည့်နေမိတော့တယ်…
“နူတ်ဆက်ခဲ့ပါတယ် သူငယ်ချင်း” နားထဲကို မပီဝိုးတဝါး ဝင်လာတဲ့ စကားသံ…
ကျန်ုပ်လဲ ထိုအခါမှ သတိဝင်လာပြီး လှမ်းကြည့်တော့ ဘာမှမရှိတော့ပါဘူး.. ကျန်ုပ်လဲ ခြေပစ်လက်ပစ် လှေကားရင်းမှာ ထိုင်ပြီး လှဲလှောင်းလိုက်ပါတယ်။
ဘာတွေလဲ…..။
………………………………………
အလောင်းသယ်လာတဲ့ လူတွေ ရောက်လာကြပါပြီ။ ကိုထန်ပီး မှာ သူချစ်တဲ့ မွေးရပ်မြေကို ရောက်ရှိလာပါပြီ။ သူ့မိဘ မဆိုထားနဲ့ ကျန်ုပ်တို့ ရွာသားအများစုလဲ ရင်နဲ့အမျှ ခံစားရင်း ငိုနေမိကြပါတယ်။ လူ့ဘဝက တိုတောင်းလှပါတယ်။
ကိုထန်ပီး သဂြိုလ်ပြီး တပတ်ကြာမှာ ရန်ကုန်ကနေ သူငယ်ချင်း ကိုထန်လျိန်း ရောက်လာပါတယ်။ ကိုထန်လျိန်းမှာ ကိုထန်ပီး ရဲ့ အခင်ဆုံး သူငယ်ချင်းထဲက တဉီးဖြစ်ပြီး ကိုထန်ပီးနာရေး ကိစ္စကြားသဖြင့် တကူးတက ပြန်လာတာဖြစ်ပါတယ်။ ကိုထန်လျိန်းမှာ ရန်ကုန်မြို့တွင် ကားပြင်သင်တန်း တက်ရောက်သင်ကြားပြီး ဘဝတိုးတက်ဖို့ အရေး အမျှော်အမြင်ကြီးသူလဲ ဖြစ်ပါတယ်။
ကျန်ုပ်, ကိုကမ်လျှံ, ကိုထန်လျိန်း နှင့် ကိုထန်ပီးတို့မှာ လူရင်းများ ဖြစ်ကြရုံသာမကဘဲ အများသူထက် ပိုခင်တဲ့ သူများဖြစ်ကြပါတယ်။
“ဟေး ကိုဆန်း”
“ဟာ ကိုထန်လျိန်း မင်းပြန်လာတယ်နော်”
“အေး ငါ ကိုထန်ပီး အသုဘ ကိစ္စကြားလို့ ပြန်လာတာ “
“အေးကွာ စိတ်မကောင်းစရာဘဲ”
“ဟုတ်တယ် ငါ အတော့ကို ရင်နာတယ်ကွ .. ပြီးတော့ ငါပြောစရာကိစ္စလေးတွေရှိတယ်…လာ ကမ်လျှံ တို့ အိမ်သွားရအောင်”
ကမ်လျှံ အိမ်အရောက် သူ့ကို အိမ်ရှေ့မှာ ထင်းခွဲနေတာကို လှမ်းမြင်လိုက်ရတယ်။
ကျန်ုပ်လဲ လှမ်းနူတ်ဆက်လိုက်တယ်။
“ဟိုင်း ကမ်လျှံ .. ကို ထန်လျိန်း ပြန်လာတယ်လေ ..”
“ဟာ.. လာ ထိုင်ကြ… ထိုင်ကြ”
ကိုထန်ပီး ဆုံးသွားပြီး တပတ်အကြာမှာ ကျန်ုပ်တို့ သူငယ်ချင်း ၃ယောက် ဆုံတွေ့ခွင့်ရကြပါတယ်။ ကျန်ပ်တို့လဲ အိမ်ရှေ့ကွပ်ပျစ်ပေါ်ထိုင်တာနဲ့ ကို ထန်လျိန်းက..
“ငါပြောစရာရှိတယ်”
“ပြောလေကွာ .. ဘာတွေ စကားပလ္လင်ခံနေတာတုန်း” ကို ကမ်လျိန်းက အတွန့်တက်ဖြေလိုက်တယ်။
“မဟုတ်ဘူးကွ ငါ့အတွက်ထူးဆန်းနေလို့ကွ” ကိုထန်လျိန်းမှာ တွေးတွေးဆဆ ဆိုလာပါတယ်။
“တစ်နေ့မှာ ငါကားတွေပြင်ပေးလို့ ပင်ပင်ပန်းပန်းနဲ့ အိပ်နေတုန်း ဘယ်ကမှန်း မသိတဲ့ ကြောင်နက်ကြီး တကောင်လာအော်နေတာ… ည ၁၁ ဝန်းကျင်လို့ ထင်တာဘဲ.. ငါအတိအကျမမှတ်ထားလို့”
ကိုထန်လျိန်းမှာ ခေတ္တခဏ ငြိမ်သက်ပြီး ဂျိုးသိန်း ဆေးပေါလိပ် တချောင်းကို မီးညိ တချက် ရှိုက်ဖွာပြီး ….
“ငါလဲ အေးဒီကြောင်ကြီးလာ အော်နေလို့ လန့်နိုးတာပေါ့.. လူကလဲ ပင်ပန်းတော့ စိတ်လဲတိုနေတာလေ.. အေးဒါနဲ့ စားပွဲပေါ်က တွေ့ကရာနဲ့ ကောက်ပေါက်ပြီး ပြန်အိပ်လိုက်တာ..ခဏကြာတော့ ကြောင်ကြီး က တံခါးနားကနေ လာအော်ပြန်ရော..အေးမှာ ငါလဲ စိတ်တိုတို နဲ့ ထပြီး မောင်းထုတ်တာ… အေးမှာ ကြောင်ကြီးက ရှိမနေဘဲ… ကိုထန်ပီး က တံခါးဝမှာ မတပ်ရပ်ကြီး နဲ့ ကြည့်နေတာ ….ငါလဲ သူ့ကိုရုတ်တရက်တွေ့တော့ အံဩပြီး ကိုထန်ပီး… ဘာလုပ်နေတာလဲ .. လို့ လှမ်းမေးတာပေါ့.. အေးမှာ ငါ့ဘက်ကို တချက်ကြည့်ပြီး ဘာမှ မပြောဘဲ ပျောက်သွားရော..”
ကိုထန်လျိန်းမှာ ဆေးလိပ် ကို ဖွာရှိုက်ရင်း ဆက်ပြောနေတယ်။
“ငါလဲ သူပျောက်သွားမှ ကိုထန်ပီး က ရွာမှာလေ ဒီကိုဘယ်ကဘယ်လိုရောက်လာနိုင်မှာလဲ လို့တွေးမိပြီး ကြောက်သွားတာပေါ့..”
ကျန်ုပ်တို့ ၃ယောက်မှာ တစ်ယောက်မျက်နှာ တယောက်ကြည့်ပြီး ငြိမ်သက်နေမိကြတယ်။ ကျန်ုပ်မှာ သက်ပျင်းကို ခပ်မျှင်မျှင်လေးချပြီး အဖန်ရည် ကိုငဲ့သောက်လိုက်ပါတယ်..ထိုစဉ် ကို ကမ်လျှံ က….
“ငါတော့ ကိုထန်ပီး လာနူတ်ဆက်သွားတာလို့ ထင်ပါတယ်..”
ကျန်ုပ်လည်း …
“ကျန်ပ်လဲ အေးလိုထင်တယ်.. ကျန်ုပ်တို့တွေ ကြုံခဲ့တဲ့အခြေအနေတွေ သုံးသပ်ရင် ကျန်ပ်တို့ကို နောက်ဆုံးလာနူတ်ဆက်သွားတယ်လို့ ပြောလို့ရတယ်… ကြောက်အောင်လဲခြောက်တာမဟုတ်ဘဲ သူရှိတာကို သိစေချင်တဲ့ သဘောနဲ့ လုပ်သွားတာဘဲ လို့ ကျန်ုပ် ထင်မိတယ်”
“ဖြစ်နိုင်တယ်”
ကိုထန်လျိန်းကလဲ စိတ်မကောင်းစွာနဲ့ ပြောပါတယ်။
…………………………..
ဟိုးအဝေးက တောင်တန်းကြီးနောက်မှာ နေဝင်းကြီးက နိမ့်ဆင်းနေပါတယ်။ ငှက်ကလေးတွေလည်း အိပ်တန်းတက်ဖို့ ပျံနေကြပါတယ်။ မကြာခင်မှာ မိုးချုပ်ဉီးတော့မည်။
“ကဲ ကျန်ုပ်တို့ ပြန်သင့်ပြီ”
ကျန်ုပ်တို့ ၃ယောက်လဲ အချင်းချင်း နူတ်ဆက်ပြီး ကိုယ့်အိမ်ရှိရာဆီ ခြေဉီးလှည့်ကြပါတော့တယ်။
လူ့လောကကြီးဟာ ဝမ်းနည်းစရာအတိ နဲ့ နိဂုံးချုပ်တတ်မှန်း ကျန်ုပ် ကိုဆန်း နားလည်သဘောပေါက်မိတော့တယ်။ ဘယ်သူ မဆို သေချိန်မတန်ဘဲ သေဆုံးသွားနိုင်သလို ဘယ်အချိန်သေရမလဲဆိုတာလဲ ကြိုတင်ခန့်မှန်းပြောဆိုလို့ မရတဲ့ အရာသာဖြစ်ပါတော့တယ်။ လူ့လောကမှာ ရှင်သန်တုန်း ကောင်းမှုအထွေထွေ နဲ့ ကိုယ်တတ်စွမ်းနိုင်သမျှ လောကအကျိုး ပတ်ဝန်းကျင် အကျိုးတွေ တတ်နိုင်သလောက် လုပ်ဆောင်ဖို့လဲ ကျန်ုပ် ဆုံးဖြတ်မိတော့တယ်။
ကျန်ုပ်တို့ နှလုံးသားထဲမှာ ကိုထန်ပီး ကို ဘယ်တော့မှ မေ့ပစ်နိုင်မှာမဟုတ်သလို ကျန်ုပ်တို့လဲ ကျန်ုပ်တို့ဘေးက လူတွေအတွက် ပိုပြီး အဓိပ္ပာယ်ရှိစွာ ရှင်သန်နိုင်ဖို့ ကြိုးစားရမည်လို့ ကျန်ုပ် နှလုံးသွင်းပြီး ဆုံးဖြတ်လိုက်ပါတော့တယ်။
ပြီးပါပြီ
Page လေးကို Like, share လုပ်ပေးပြီး ကူညီပေးကြပါနော်။ ကျနော်ရဲ့ မတတ်တခေါက်ရေးထားတဲ့ ဝတ္ထုလေးတွေကို အားပေးကြပါဉီးနော်
#ကိုဆန်း
#Kosang