လိုသုံး

Posted on

လိုသုံး(စ/ဆုံး)

———–

မက်ခဲ့တဲ့ အိပ်မက်ကြောင့် အိပ်ရာကနေ ကျနော်ထ
လိုက်ပါတယ်၊ ။
အိပ်မက်ထဲကအတိုင်း ခုထိ ရင်တွေ တ
လှပ်လှပ် ခုန်နေတုန်းပါ..
နာရီကိုကြည့်လိုက်တော့
မနက် နှစ်နာရီ ထိုးပဲရှိပါသေးတယ်..
ဆက်ပြီးအိပ်လို့
မရတော့တာကြောင့် ကျနော့် စာရေးစားပွဲလေးဆီ သွား
ပြီး ထိုင်နေမိပါတယ်၊ ..
၉ နှစ်လောက် ကြာခဲ့တဲ့ ဒီအ
ဖြစ်ပျက်တွေက ဘာလို့ ပြန်ပြီး အိပ်မက်အဖြစ်နဲ့ပြန် ရောက်လာတာလဲ၊….

ကျနော် ထိုင်ရာက ထပြီး
ကျနော့် အခန်းထဲက ဘီဒိုလေးကို ဖွင့်ပြီး စာအုပ်လေးတစ်
တစ်အုပ်ကို ထုတ်ယူလိုက်မိပါတယ်..နောက်ပြီး စာအုပ်လေးကို လှန်လိုက်တဲ့အခါ စာအုပ်ကလေးထဲ
ညှပ်ထားတဲ့ ဖိတ်စာလေးကတစ်စောင်က..
ဒေါက် ကနဲ့ ကြမ်းပြင်ပေါ်ကျ
သွားသည်။

ကျနော်လည်း ဖိတ်စာလေးကို ကောက်ယူပြီး စောစော က ကျနော်ထိုင်ခဲ့တဲ့ စာရေး
စားပွဲလေးဆီ ပြန်လာပြီး ဖိတ်စာလေး ကို စားပွဲပေါ်
တင်ရင်း ၀မ်းနည်းစွာ ငေးကြည့်နေမိသည်။
………………
အဲဒီတုန်းက ကျနော်အသက်က ၁၉ နှစ်ပဲရှိပါသေး
တယ်၊…
ကျနော်ဟာ သီးနှံစုံရောင်း
၀ယ်တဲ့ ပွဲရုံတစ်ခုမှာ ကုန်အ၀င်အထွက်ကို ရေးမှတ်ရတဲ့ အောက်တန်းစာရင်းကိုင် ဘ၀နဲ့ ၀င်ရောက်လုပ်ကိုင်နေတာပါ၊
အဲဒီပွဲရုံ ကို မမထား ဆိုတဲ့ အမျိုးသမီးက ပိုင်ဆိုင်ပါတယ်၊.. မမထားရဲ့ နာမည် အပြည့်စုံက မသက်ထား ပါ၊ …
မမထားရဲ့ အသက်က ၂၅ နှစ် လောက်ပဲရှိမှာပါ၊ မမထားက..
မနက် ၈ နာရီလောက်ဆိုပွဲရုံကို ရောက်လာ
တယ်၊မမ ထားလာပြီဆိုရင်မော့မကြည့်ရပဲ
ရှင်မတောင်နံ့လေးသင်းနေတာနဲ့ကို သိသာပါတယ်။

ပွဲရုံမှာ ကျနော်နဲ့အတူ ကိုဆွေ ဆိုတဲ့ အစ်ကိုတစ်ယောက်နဲ့ ညဘက်တွေ အတူတူ အိပ်ရပါတယ..် ကိုဆွေကပွဲရုံမှာ သီးနှံတွေရဲ့အရည်သွေးကို ကြည့်ပြီး စျေးဖြတ်ပေးရ
တယ်၊..ကျနော်ကိုလည်း ညီအရင်းလို ချစ်ခင်တဲ့လူ
ျပေါ့၊ဒီလိုနဲ့ ကျနော် မမထားရဲ့ ပွဲရုံမှာ အလုပ်လုပ်
လာတာ ၆ လလောက်ရောက်တော့ ကျနော်နဲ့မမထား
ချစ်သူတွေဖြစ်ခဲ့ကြတယ်၊..

မမထားဟာ သူ့ထက်ငယ်
တဲ့ကျနော် ကို အလွန်အလိုလိုက်ပြီး ချစ်လည်းချစ်တယ်
လို့ ကျနော်က ထင်ခဲ့တာပေါ့၊..

အဲဒီနေ့က မမထားနဲ့
ကျနော် တွေ့နေကြ.. မြို့အစွန်က မမထားတို့ပိုင်တဲ့
ခြံလေးထဲက တိုက်ခန်းလေးထဲကို ကျနော်က အရင်ရောက်နေတာလေ၊.. ကျနော်အတွက် မမထား
က သော့အပိုတစ်ချောင်း ပေးထားလို့ ကျနော်က အရင်
ရောက်နှင့်နေတာပေါ့..
၊သိပ်မကြာပဲ..မမ ထား ရောက်
လာခဲ့တယ်၊ ..
ကျနော်က ၀မ်းသာအားရနဲ့ နောက်ကနေ မမထားရဲ့ ခါးလေးကို သိုင်းဖက်လိုက်ပြီး..
“မမ ထားကို နောက်ကျလို့ အပြစ်ပေးရမယ်”

ကျနော် နဲ့ မမထားတို့တွေ့ဆုံတိုင်း ကျနော် လုပ်နေကျ
အပြုအမူ စကားပါ၊…
ခါတိုင်းဆို အဲဒီလိုကျနော်ပြော
လိုက်တာနဲ့ မမထားက ပြုံးပြီး…

“ဟွန်း ဂျလည်လေးနော် တော်တော်တတ်နေတယ်”

ဆိုပြီး ကျနော် ပြုသမျှ ပြုံးပြုံးလေးနဲ့နေတတ်တယ်…

အဲဒီနေ့ကတော့ မမထားဟာ တစ်ချက်မှမပြုံးပဲ.. ကျနော့်ကို…စိုက်ကြည့်နေတယ်၊ …
ကျနော်လည်း မမထားရဲ့..အပြုမူကို သတိထားမိတာနဲ့

“မမထား ဘာဖြစ်လို့လည်းဟင်”..

ကျနော်မေးတာကို ပြန်မဖြေသေးပဲ..တခြားဘက်ကို
မမထားက မျက်နှာလွှဲလိုက်ပါတယ်။…

နောက် သက်ပြင်း တစ်ချက်ချရင်း ကျနော့်ဘက်
မမထားရဲ့ မျက်နှာ ပြန်လှည့်လာတယ်…

နောက်တော့ မမထားဟာ သူမရဲ့ မျက်စိတွေကို
မှိတ်ပြီး ကျနော့်ကို ခုလို တစ်ခွန်းခြင်း ပြောလိုက်တယ်..

“မင်း ငါ့ကို မေ့လိုက်တော့”

မမျှော်လင့်ပဲ.. ကြားလိုက်ရတဲ့ စကားတစ်ခွန်းကြောင့်
မမထားရဲ့ မျက်နှာကိုကြည့်ရင်း ကျနော် ကြောင်
ကြည့်နေမိတယ်။
နောက် အသုံးအနှုံး၊အရင်ကဆို..
မမထားက ကျနော်ကို ခုလိုနှစ်ယောက်တည်း
တွေ့ရင် မောင် ..လို့ သုံးနှုံး ခေါ်ဝေါ် နေကျပါ၊…

ခုတော့ မင်း ငါ့ကို ဆိုတဲ့စကား လုံးက ကျနော့်ကို
ဘာမှမပြောနိူင်အောင် ဆွံ့အနေတဲ့ လူတစ်ယောက်
ပုံစံမျိုး ချက်ချင်းရောက်သွားသလိုပါပဲ..

မင်းငါ့ကိုမေ့လိုက်တော့ ဆိုတဲ့စကားကို ကျနော်.. ကယောင်ကတမ်း..လိုက်ရွှတ်နေမိတယ်…

မမထားက ကျနော့်ရဲ့ အပြုမူကို မြင်ပြီး ကျလုလု
မျက်ရည်တွေကို မျက်တောင်လေးပုတ်ခတ် ပုတ်ခက်
လုပ်ပြီး..မကျအောင် ထိန်းနေတယ်။
တကယ်ဆို….
နုနယ်သေးတဲ့ ကျနော့် နှလုံးသားကို …
မေ့လိုက်တော့…ဆိုတဲ့စကားနဲ့ နင်းခြေပြီး..
စုတ်ပြက်သတ်သွားအောင်..လုပ်လိုက်သလိုပါပဲ..

ငယ်ရွယ်သေးတော့ ကျနော့်မျက်၀န်းက မျက်ရည်
တွေ စီးကျလာရင်း…

“ဘာဖြစ်လို့ ကျနော့်ကို မေ့ခိုင်းတာလည်း မမ”ထား..

ကျနော်ထက် မမထားက ပိုပြီး တည်ငြိမ်တယ်…

“ငါ လက်ထပ်တော့မယ်”

“ဗျာ”

ကျနော်မယုံနိူင်အောင် ဖြစ်သွားမိတာ…

“ဘာလို့ ကျနော်ကို ကြိုမပြောတာလည်းဗျာ”

အဲဒီလို ကျနော်ကမေးတော့…

“မင်းကို သနားလို့”

မမထားဖြေလိုက်တဲ့ စကားကြားတာနဲ့ ..
၀မ်းနည်းနေတဲ့…
ခံစားမှု့ကနေ မခံချင်တဲ့စိတ်က ချက်ချင်းဖြစ်လာသည်။

“သနားလို့ ဟုတ်လား ကျနော်က သနားစရာကောင်း
တဲ့ ကောင်တစ်ယောက်ပေါ့ ..
ဘာလဲ…. ခင်ဗျား
အလုပ်သမား.. ခင်ဗျား ကျွန်မို့လို့ …
ကျနော်ကို သနားတာ
လား ပြောစမ်းပါဗျ”…

ကျနော်က မမထားရဲ့ ပခုံးနှစ်ဖက်ကို ခပ်ကြမ်းကြမ်း
ကိုင်လှုပ်ရင်း ဒေါသတကြီး မေးနေမိတယ်။

“ကျနော့်ဘ၀မှာ ကျနော့်ကို သနားတယ်လို့် ပြောတဲ့သူ
တွေကို ကျနော် အမုန်းဆုံးပဲ”…

မမထားဟာ ကျနော့် ဖြစ်ပျက်နေတာတွေကို မြင်ပြီး
တရှုံ့ရှုံ့ ငိုသည်။

“သူက မမထား ချစ်သူပါ သူနဲ့ချစ်နေတာ သုံးနှစ်လောက်ရှိနေပြီ …
နိူင်ငံခြား သူထွက်သွားပြီးပြန်လာရင်… လက်ထပ်ကြမယ်လို့
မမထားနဲ့သူ သဘောတူထားကြတယ်၊
အခု သူပြန်လာပြီ..
ရော့ မင်းကို မမထား ဖိတ်တာ”…

ပြောရင်း မမထားက သူမ အိတ်ထဲက ဖိတ်စာလေး
ကို ကျနော့်ပေးလိုက်သည်။

“ဒါဆို ကျနော်နဲ့မချစ်ခင်ကတည်းက.. ခင်ဗျားတို့က
ဖြစ်နေပြီးသားတွေပေါ့ ဟုတ်လား”

ဆိတ်ဆိတ်နေခြင်းဟာ ၀န်ခံခြင်းဆိုတဲ့အတိုင်း မမထားက ဘာမှပြန်မပြောပဲ ငြိမ်နေသည်။

ကျနော်က…မမထားရဲ့ လုပ်ရပ်ကို နာကျည်းလွန်း
တာကြောင့်…

“တကယ်တော့ ခင်ဗျားက ကျနော်ကို ခင်ဗျားချစ်သူနေ
ရာမှာ အာသာဖြေဖို့ အစားထိုးခဲ့တာ..ကျနော့်ကို
ခဗျား..လိုသုံးလုပ်ခဲ့တာ….

ကျနော်စကားကို ကြားတော့ မမထားက.
ဒေါသ အလွန် ဖြစ်သွားပြီး…
“မင်း… ငါ့ကို စော်ကားအုံး”

ဖျန်း••

ဖျန်း••

ဖျန်းးး

ကျနော့်ပါးကို စိတ်ရှိ လက်ရှိ မမထားက ရိုက်လိုက်သည်။

ကျနော်က ဘာမှမတုန့်ပြန်ပဲ မျက်စိမှိတ်ပြီး ငြိမ်နေ

လိုိုက်ပါတယ်။
ပါးပြင်ပေါ်က နာကျင်တာထက် ရင်ထဲ ဘယ်လောက် နာကျင်ကြေကွဲနေရတယ်ဆိုတာ
မမထား သိမှာမဟုတ်ပါဘူး…

ကျနော် မျက်စိကို မဖွင့်ပဲ ..ရင်ထဲကနေ လုပ်ရပ်လိုက်တာဆိုတဲ့ အသိ
နဲ့ မျက်ရည်တွေသာကျနေမိတယ်၊ …

နောက်တော့ ..
ကျနော်နုတ်ခမ်းပေါ်ကတဆင့် လည်ပင်းပေါ်ကို
ပူနွေး..
စေးထိုင်းနေတဲ့ ..
အရာတွေကျနေတာကိုသတိ ပြုမိလို့
မျက်လုံးကို ဖွင့်ကြည့်လိုက်တော့မှ …
ကျနော့်နှာခေါင်းက..
သွေးတွေ ဒလဟော စီးကျနေတာ မြင်ရတယ်…

အဲဒီနေ့က မှတ်မှတ်ရရ ကျနော် က ရှပ်အင်္ကျီအဖြူလေး ကို ၀တ်သွားခဲ့တာ၊ အဖြုရောင်
အင်္ကျီပေါ်မှာ သွေးတွေက ချင်းချင်းနီနေတာပါပဲ…

မမထားက..ကျနော့်ကို ကြည့်ရင်း အလွန် တုန်လှုပ်
နေတဲ့ပုံ ဖြစ်နေရှာတယ်။
နောက်ပြီး အိတ်ထဲက လက်ကိုင် ပဝါလေးထုတ်ပြီး ကျနော် သွေးတွေကို သုတ်ပေးဖို့ ဟန်ပြင်လိုက်တာနဲ့၊ ကျနော်က နောက်ကိုဆုတ်ပြီး ..

“ရပါတယ်ဗျာ ခင်ဗျားရိုက်လို့ နှက်လို့ ကျေနပ်
ပြီလား အားမရသေးရင် ရိုက်ပါအုံး”

အဲဒီလိုပြောတော့ ကျနော့်ကို ကြည့်ရင်း
မမထားက အရမ်းငိုနေတယ်။
အဲဒီတုန်းက ….ကျနော်က မျက်နှာကို.. တစ်ခုခုနဲ့..ထိခိုက်နာကျင်သွားတာနဲ့ နှာခေါင်း
သွေး လျှံလေ့ ရှိတယ်။

ကျနော့်..လက်ကပတ်ထားတဲ့ နာရီလေးကို ချွတ်ပြီး
စားပွဲခုံပေါ်တင်လိုက်တယ်…

“မင်း ဘာလုပ်တာလဲ”

“ခင်ဗျားနဲ့ပတ်သက်တဲ့ အမှတ်တရတွေ ဘာမှမ
ရှိချင်ဘူး”

အဲဒီနာရီလေးက ကျနော့်..မွေးနေ့မှာ မမထား လက်
ဆောင်ပေးခဲ့တာပါ။

ကျနော်က..မမထားကို ဘာမှ
မပြောတော့ပဲ…တိုက်ခန်းလေးထဲက လှည့်ထွက်လာ
ခဲ့ပါတယ်။

ပွဲရုံရောက်တော့ သွေးတွေ ပေပွနေတဲ့ ကျနော့်ကို ကိုဆွေက အလန့်တကြားနဲ့…

“ဘာဖြစ်လာတာလဲ ငါ့ညီ”

ဆိုပြီးမေးတော့…
ဘာမှပြန်မဖြေတော့ပဲ ကျနော်တို့
အိပ်တဲ့အခန်းလေးထဲ ဝင်ခဲ့လိုက်သည်။

ကိုဆွေက မရမက ကျနော်ကို ဇွတ်မေးပါများတော့..

“မမထား ကျနော့်ကို ညာတယ် အစ်ကို”

ဆိုပြီး လက်ထဲကိုင်လာခဲ့မိတဲ့..
ဖိတ်စာလေးကို ပြလိုက်သည်။

ပွဲရုံမှာ ကျနော်နဲ့ မမထား အကြောင်းကို
ကိုဆွေ တစ်ယောက်သာ….ဲ သိတာ….

“အေးကွာ ငါ့ညီ ရာ ယောက်ျားပဲကွာ မင်းကလည်း”

ဒါနဲ့ ညပိုင်းရောက်တော့ ကိုဆွေ သောက်တက်လေ့ရှိ
တဲ့ အရက်တွေကို တစ်ခါမှ မသောက်ဖူးပဲ တော်တော်
များများ ကျနော်သောက်လိုက်သည်။
ပြောမရတဲ့အဆုံး ဒီတိုင်း..ကျနော်ကို.. ကိုဆွေကကြည့်နေပါတော့တယ်၊..

မှတ်မှတ်ရရ အဲဒီညက ဂစ်တာတီးရင်း
ပြန်လာပါတော့ ဆိုတဲ့ ကိုလေးဖြူရဲ့ သီချင်းကို ကျနော်
အကြိမ်ကြိမ် ပြန် ဆိုနေမိတာ…
……………

“အစ်ကို ကျနော် အလုပ်က ထွက်တော့မယ်”

မနက် လင်း လင်းခြင်း ပြောလိုက်တဲ့စကားကြောင့်
ကိုဆွေက က ျနော့်ကို တအံ့တသြ ကြည့်နေသည်။

“ငါ့ ညီရာ ဘာလို့ ထွက်မှာလည်းကွာ ကိုယ့်အလုပ်ကို
လုပ်စမ်းပါ”

“ကျနော် စဉ်းစားပြီးပါပြီ အစ်ကုိ မမလာရင် ကျနော်
ပြောလိုက်တော့မယ်”

ကိုဆွေက ဘာမှမပြောတော့ပဲ..

“မနက်စာ သွား စားရအောင်လေကွာ”

“ကျနော် မစားတော့ဘူး အစ်ကို”

မမထား အလုပ်လာတာနဲ့ ကျနော် မမထား အခန်းလေးထဲ ၀င်လိုက်ပါတယ်၊ဖုန်းပြောရင်း အလုပ်ရှုပ်နေတဲ့ မမထားက ကျနော့်ကိုကြည့်ရင်း..

“ပြောစရာ ရှိလို့လား”

ကျနော်လည်း အသံကို အတက်ဆုံး တည်ငြိမ်အောင်
ကြိုးစားပြီး ….

“ကျနော် အလုပ်ထွက်ချင်လို့ပါ”

ကြိုတင် တွက်ပြီးသားလား ..ဒါမှမဟုတ်… ရင့်ကျက်တာလားတော့မသိပါဘူး၊ မမထားက ဘာမှ
မဖြစ်တဲ့ပုံစံနဲ့ ကျနော်ကို သေချာကြည့်ရင်း..

“အင်း လေ မင်းသဘောပါ”

မမထား ဘေးက စာရင်းလုပ်နေတဲ့ကောင်မလေးက
အလုပ်ထွက်မယ်ဆိုတဲ့ ကျနော့်ကို တအံ့တသြ မော့
ကြည့်နေတယ်။မမထားက သူ့အလုပ်စားပွဲ အံဆွဲ
ထဲက ပိုက်ဆံ အချို့ကို ထုတ်ပြီး…

“ဒါက မင်းလခ ဒါကမုန်ဖိုး”

ကျနော်က လုပ်အားခ ဆိုတဲ့ ပိုက်ဆံကိုယူပြီး ..
မုန့်ဖိုးဆိုတဲ့ ပိုက်ဆံကို မမထားဘက် ပြန်တွန်းလိုက်ပါ
တယ်။

“မုန့်ဖိုး မလိုပါဘူး ရပါတယ်”

လို့ပြောပြီး လှည့်ထွက်လာခဲ့သည်။

အပြင်မှာ သီးနှံအိတ်တွေ ထမ်းနေတဲ့ ကိုတင်လှိုင်
တို့ တစ်စုကို ကျနော်က..

“ကိုတင်လှိုင် ခင်ဗျားတို့ ထမင်းစားချိန်ရောက်ရင်
ကျနော် လိုက်ကျွေးမယ် ”

“ဟ ..ဘာလို့တုန်းကွ လူ ၁၀ ယောက်လောက်ကြီး”

“ကျနော် အလုပ်ထွက်တော့မယ်ဗျာ ဒါကြောင့် အားလုံးကို နုတ်ဆက်ရင်းကျွေးတာ”

ကျနော့်အပြောကြောင့် အားလုံး စိတ်မကောင်းဖြစ်သွား
ကြတယ်။
ညနေ ၃နာရီလောက်ဆို ပွဲရုံက ပိတ်ပြီ။

ကျနော်လည်း အထုပ်အပိုးလေးတွေ ပြင်ပြီး ကိုဆွေ
ကိုနုတ်ဆက်လိုက်သည်။

“ငါ့ညီ မိုးတွေရွာမယ် ထင်တယ်ကွ မနက်မှပြန်ပါလားကွာ”

“ရပါတယ် ကိုဆွေ ကျနော်ပြန်လိုက်တော့မယ်”

အဲဒီနောက် ကိုဆွေက ကျနော်ပခုံးကို ဖျစ်ညစ်ရင်း..

“ညီလေး မြို့ပေါ်ရောက်တိုင်း ကိုယ့်ဆီကိုတော့ ၀င်ခဲ့ကွာ”
……….
ကောင်းကင်က မိုးသားတွေဟာ တလိပ်လိပ်နဲ့ တက်နေတယ်…
ကျနော့်ရင်ထဲက ၀မ်းနည်း ကြေကွဲ
ခြင်းတွေကလည်း တလှိုက်လှိုက်နဲ့ ရင်ထဲကို နာကျင်
နေတယ်…
ကောင်းကင်က မိုးစက်တွေရွာချ လိုက်သလို..
ကျနော် မျက်၀န်းက မျက်ရည်တွေလည်း မိုးရေတွေနဲ့
အပြိုင် ရောထွေးစီးဆင်းနေကြတယ်…

ကားမှတ်တိုင်ကိုရောက်တော့ မိုးသည်းသည်းထဲမှာ ကားကတစ်စီးမှရှိမနေပါဘူး…
ျကျနော်လည်း ရပ်စောင့်နေချင်စိတ် မရှိတာနဲ့ .. ကားလမ်းမကြီးအတိုင်း ဆက်လျှောက်လာ
မိတယ်။ မိုးတွေက သဲကြီးမဲကြီး ရွာနေတုန်းပါပဲ…

တကယ်ဆို ကျနော်က သစ္စာလမ်းပေါ်ကို လျှောက်ခဲ့
ပေမဲ့ မမထားကတော့ ကျနော်အပေါ်မေတ္တာ စမ်းရေတွေခမ်းခြောက်ခဲ့တာ…..

လေးကန်တဲ့ ခြေလှမ်းတွေနဲ့ မိုးသဲသဲထဲလျှောက်နေတဲ့
ကျနော့်ရဲ့ဘေးကနေ ကားကြီး ကားလေး အသွယ်သွယ် သွားနေကြပေမဲ့ တစ်စီးတလေကိုမျှ
ကျနော် ရပ်ဖို့ မတားခဲ့ပါဘူး။
အဲဒီ အချိန်မှာ ကျနော့်ရဲ့နောက်ကျောကနေ.. လက်တစ်စုံက သိုင်းဖက်လိုက်တယ်..
်လှည့်ကြည့်စရာမလိုအောင်ကို မမ မှန်း ကျနော်သိတာပေါ့…

“မောင်”

“မောင်”

ဗျာ …
လို့ ပြန်ထူးတတ်တဲ့ ကျနော်ဟာ ပြန်ထူးနိုင်ဖို့ ခွန်အားရော စိတ်ဆန္ဒပါ..ရှိမနေတော့ပါဘူး၊..

ကျနော် နဲ့ မျက်နှာချင်းဆိုင် လိုက်ရင်း မမထားက..

“မောင် မမထားကို စိတ်နာသွားပြီလားဟင်”

ကျနော်ပါးပြင်ကို သူမလက်နဲ့ပွတ်သပ်ရင်း မေးနေတဲ့
မမထားကို …ကျနော်က မကြည့်ပဲ.
.အရှိန်ပြင်းပြင်း ကျနေတဲ့..
မိုးစက် မိုးပေါက်တွေ ရှိရာ… ကောင်းကင်ကိုမော့ကြည့်ရင်း..

“စိတ်မနာပါဘူးဗျာ ..ရင်ထဲက နာတာပါ ..
နာတာမှ ..ဘာမှ မရှိတော့အောင်ကို.. နာကျင်လောင်ကျွမ်းကုန်တာပါ”

နုတ်က ဖွင့်မပြောပေမဲ့ ကျနော့်ရင်ထဲက မမထားကို ပြောနေမိတာပါ။ကားလမ်းမ ပေါ်မှာ နှစ်ယောက်သား ရပ်နေရင်းက ..
ကျနော့်ကို ခပ်တင်းတင်းဖက်ရင်း ခြေဖျား
လေးထောက်ပြီး ..အနမ်းတချက်ပေးခါ..

“မောင့်ကို အရမ်းချစ်တယ်”

လို့ပြောပြီး ကျနော့်အနားက မမထား ပြေးထွက်သွားသည်။
လှည့်မကြည့်ဖြစ်ပေမဲ့ ထွက်သွားတဲ့ ကားသံလေး ကြားတာနဲ့ မမထားပြန်သွားပြီဆိုတာ အလိုလို ကျနော် သိလိုက်တယ်။

“မသေမရှင် ဖြစ်နေတဲ့ ကျနော့် နှလုံးသားကို နောက်က
လိုက်ပြီး အသေသတ်လိုက်တာလား မမထားရယ်”
……………………

စားပွဲပေါ်က ဖိတ်စာလေးပေါ်ကို မျက်ရည် တစ်စက်က
တောက်ကနဲ့ ကျလာမှ ကျနော် အတိတ်ကို သတိရနေ
တာကနေ ပြန် ပြီး ဆင်ခြင်လာမိသည်။

တော်ပါပြီ… ခုလိုပဲ ..ဒီဖိတ်စာလေးပေါ်ကို
တတောက်တောက.် ကျခဲ့ဖူးတဲ့ ကျနော့်မျက်ရည်တွေ များနေပြီ..နောက်တော့ဖိတ်စာလေးကို
ကျနော် စုတ်ဖြဲ လုံးထွေးပစ်လိုက်သည်…

ဒါတောင် ကယောင်ကတမ်းနဲ့ မသက်ထား ဆိုတဲ့
မမထားနာမည်လေး စုတ်ပြဲသွားပြီလားဆိုပြီး အထိတ်
တလန့် ကြည့်နေမိသေးတာ..
………………..

မြတ်နိူးသူတစ်ယောက်အတွက်..
ချစ်ရ..တစ်ရက်..
လွမ်းရက်..တစ်ရာတဲ့..
မမထားကိုမေ့ပစ်နိူင်ဖို့..
နှစ်ပေါင်းရှည်ကြာ..
ကျနော်..ကြိုးစားရအုံးမှာပါ..

#ပီယ