လေလွင့်လိပ်ပြာ

Posted on

လေလွင့်လိပ်ပြာ(စ/ဆူံး)
————————–

“အဟင့် အဟင့်…သမီးလေးပပရယ် အဖြစ်ဆိုးလိုက်တာကွယ် အမေတို့အမှားပါ သမီးကို အရမ်းချူပ်ခြယ်မိခဲ့လို့ ခုတော့သမီးလေး နှလုံးရပ်ပြီး လူ့လောကကြီးကနေ ထွက်သွားရပြီ.. အဟင့် အဟင့်….”

“မငိုပါနဲ့တော့ မလေးရယ် သမီးလေးပပကသေမည့်ကံပါလာတော့ ဘယ်တက်နိုင်မလည်းကွယ် တရားနဲ့သာ ဖြေပါတော့.”

“မဟုတ်ဘူး.ကျွန်မတို့လင်မယားနှစ်ယောက် သမီးလေးအပေါ် အခွင့်အလမ်းတွေ အခွင့်အရေးတွေ ပိတ်ပစ်ခဲ့တယ် အိမ်ထဲမှာ ပိတ်လှောင်ထားမိတယ်လေ..ကြာလာတော့ စိတ်ရောဂါရပြီး ပူဆွေးသောကရောက်ရပြီး တစ်ယောက်တည်းခံစာရင်း….အဟင့်.အဟင့်
ခံစားရင်း နှလုံးအောင့်ပြီး ဆုံးရှာတာ…”

“သြော်. ဖြစ်ပြီးတဲ့ကိစ္စတွေထားလိုက်ပါတော့ တရားနဲ့သာဖြေပါကွယ်..”

အသက်၂၁နှစ်အရွယ် မပပတစ်ယောက် မမျှော်လင့်ဘဲ အိပ်နေရင်း ရုတ်တရက်နှလုံးရပ်ကာ သေဆုံးခဲ့ခြင်းဖြစ်လေသည်။

မွေးချင်းနှစ်ယောက်ရှိသည်မှာ အကြီးဆုံးကပပဖြစ်၍ အငယ်ဆုံး လင်းယုဆိုသည့် ကောင်မလေးတစ်ယောက်လည်းရှိလေသည်။

ပပတစ်ယောက်မှာ ရုပ်ရေရူပကာ ချောမောရုံသာမက စိတ်ထားလည်းဖြူစင်ကာ မိဘအပေါ်သိတက်လိမ္မာသည့် သမီးလိမ္မာလေးဖြစ်လေသည်။

ပပ၏အလုပ်ကိုင်မှာတော့ ကျောင်းဆရာမလေးဖြစ်ကာ မိဘမဲ့ကလေးတွေအား အခမဲ့စာသင်ကြားပေးနေသူလည်းဖြစ်လေသည်။

မိဘများမှာတော့ မိသားစုအရေးတင်းကြပ်သူဖြစ်ကာ အစစအရာရာလိုက်၍ ချူပ်ခြယ်တက်သူတစ်ယောက်လည်းဖြစ်လေသည်။

မိဘများမှာတော့ လူကြီးပီပီပိုက်ဆံမက်ကြ၍ သမီးတွေကိုလည်း ပိုက်ဆံမရတဲ့အလုပ်ဆို ဘာမှမလုပ်ဖို့ အမြဲပါးစပ်မှ တစ်ဖွဖွပြောနေသူလည်းဖြစ်လေသည်။
သမီးဖြစ်သူတွေမှာစိတ်ရင်းစေတနာကောင်းသလောက် မိဘဖြစ်သူတွေမှာတော့ အတ္တကြီး၍ သဘောထားသေးသိမ်သူတွေဖြစ်ကြလေသည်။

ခုလည်း သမီးဖြစ်သူ ပပတစ်ယောက်၏ အလောင်းအား ရေခဲတိုက်သို့ပို့ဆောင်ရန် သက်ဆိုင်ရာတွေမှ သယ်သွားကြသော်လည်း ပပ၏အလောင်းအား အိမ်မှာထားမည်ဖြစ်ကြောင်း ငိုယိုကာ ပါးစပ်မှ အော်ဟစ်နေလေသည်။

“မေမေရယ်.တော်ပါတော့ မမကောင်းရာဘဝသွားပါစေ လိုက်မချူပ်ခြယ်ပါနဲ့တော့ မမကိုလွတ်ပေးလိုက်ပါတော့”

“ဟဲ့ အငယ်မ ပါးစပ်ပိတ်ထား သမီးဘာမှမသိဘူး ခုဘယ်လိုလုပ်ကြမလည်း သမီးအကြီးမပပမရှိတော့ အရာရာ ပျက်စီးကုန်ပြီ..သမီးလေး.သမီးလေးရေ…”

“တိတ်တော့မိန်းမ မင်းအသံကကွာ ဆူညံနေတာဘဲ နာရေးအတွက်စီစဉ်သင့်တာတွေလုပ်ရဦးမယ်.ငိုနေတာနဲ့ဒီကိစ္စတွေပြီးမယ်ထင်လား တိတ်တော့…”

ယောကျာ်းဖြစ်သူ ဟောက်လိုက်သည့် အခါမှသာ မိန်းမဖြစ်သူလည်းအငိုတိတ်ကာ ထလိုက်၍ နောက်ဖေးသို့သွားကာ လုပ်စရာရှိသည့် ကိစ္စများသာလုပ်နေလေသည်။

ပပဖြစ်သူအလောင်းအား နီးစပ်ရာဆေးရုံရှိ ရေခဲတိုက်အခန်းသို့ အပ်ခဲ့ပြီဖြစ်လေသည်။
အေးစက်တိတ်ဆိတ်လှသည့် ဆေးရုံအတွင်း၍ အလောင်းတွန်းလှည်းကြီးများ တွန်း၍ ရေခဲတိုက် အခန်းထဲပို့ဆောင်ပေးနေသည့် ရုပ်ရေကြမ်းကြမ်း ခပ်ထွားထွား လူသန်ကြီးတွေသာ ထိုအလုပ်မျိုး မကြောက်မရွံလုပ်ကြသည်။ဟုထင်မှတ်ရလေသည်။

ထိုအခါ..ရုပ်ရေကြမ်းတမ်းပြီး ခပ်ထွားထွား လူနှစ်ယောက်မှ ပပ၏အလောင်းထားရာ ရေခဲတိုက်ရှိ အံ့ဆွဲအား ဆွဲဖွင့်လိုက်လေသည်။

“ကျီ…ကျလိ…..ဂျိမ်း.”

ညသန်းခေါင်အချိန် မှောင်မဲတိတ်ဆိတ်နေသည့် ဆေးရုံကြီးထဲ၌ ထိုလူနှစ်ယောက်မှ ဘာကြောင့် ပပ၏အလောင်းအား ပြန်ဖွင့်မှန်းမသိပေ။

ထိုအခါ…….

“ဟိတ်.သားကြီး ဒီကောင်မလေးအလောင်းကိုကြည့်စမ်း မလှဘူးလား”

“ဟာ မင်းကလည်းကွာ သေနေတဲ့မသာ အလောင်းကြီးကို မင်းမို့လှလား လာမေးနေတယ်..ရွံတာကွာ.”

“ငတုံးကောင်.ဒီကောင်မလေးက ယာဉ်တိုက်မူ မုဒိန်းမူတို့နဲ့သေတာမဟုတ်ဘူးကွ နှလုံးဖောက်ပြီးသေ သွားတာ အဲ့တာကြောင့် ခုကြည့် အိပ်နေတဲ့အတ်ုင်းဘဲ လှနေတာ.”

“မင်းကွာ မသာအလောင်းတောင် ပြစ်မှားနေသေးတယ်..လုပ်စရာရှိတာမြန်မြန်လုပ်ကွာ ဆေးရုံကရဲလှည့်ကင်းနဲ့တွေ့မှ မိနေဦးမယ်”

“အေးပါကွာ. ခဏလေး ငါကြည့်ပါရစေဦး”

ပပ၏အလောင်းအား သရေတမျှမျှဖြင့်ကြည့်နေသည့် ရုပ်ရေကြမ်းတမ်းပြီး ခပ်ထွားထွားလူသန်တစ်ယောက်မှ တဏှာစိတ်ဖြင့် ကြည့်ကာ ပပ၏ လက်မှ လက်စွတ်အားချွတ်ယူကာ ဖွက်ထားလိုက်လေသည်။
ထိုအခါ….ပပ၏ ရင်ဘတ်တစ်စုံအား သူ၏ အမှောင်ခိုးဝေနေသည့် မျက်လူံးတစ်စုံနှင့် လက်ဆိုသည့်အရာကြီးက ထိတွေ့လိုက်လေတော့သည်။

ထိုအခါ…..
ပပ၏ဝိညာဉ်မှာ ဘယ်ချိန်ထဲကရောက်နေမှန်းမသိ ထိုတဏှာထနေသည့် လူရဲ့နောက်သို့ ဒေါသထွက်ကာ ရပ်နေလေသည်။

“တောက်!
တော်တော် အောက်တန်းကျပြီး မိုက်ရိုင်းတဲ့ လူယုတ်မာဘဲ.ငါရဲ့ ခန္တာကိုယ်ကိုထိရက်တယ် နင်သေပြီသာမှတ်….”

ထိုသို့ ပပတစ်ယောက် ကျိန်းဝါးနေရင်.သူ၏ သူငယ်ချင်းရောက်လာလေသည်။
ထိုအခါ ပပတစ်ယောက်လည်း ထိုသူ၏ ကိုယ်ထဲအားဝင်ပူးလိုက်လေတော့သည်။

“ဂျိန်း….”

“ဟေ့ကောင်သားကြီး ကောင်မလေးရဲ့အထိအတွေက နူးညံ့နေတာဘဲကွာ သိလား ဟားဟား…..မင်းရောစမ်းကြည့်ဦးမလား”

တိတ်ဆိတ်စွာ ရပ်ကြည့်နေသည့် သူငယ်ချင်းအားမြင်သောအခါ..

“ဟေ့ကောင် မင်းဘာဖြစ်နေတာလည်းကွ..ရုပ်တည်ကြီးနဲရပ်နေပါလား”

“ရှင်က ယုတ်မာတဲ့သူဘဲ…”

သူ့၏ သူငယ်ချင်းဆီမှ မိန်းကလေးအသံထွက်လာသောအခါ.ကြောက်ရွံသွားလေသည်။

“ဟေ့ကောင် မင်းဘာပြောနေတာလည်း မခြောက်နဲ့နော်ငါ့က်ု..”

“ရှင့်ကိုကျွန်မသတ်ပစ်လို့ရတယ်နော်.ရှင်က နှာစိတ်ထနေတဲ့သူဘဲ ကျွန်မရဲ့အသက်မရှိတဲ့ ခန္တာကိုယ်.ကို ထိတွေကိုင်တွယ်ရဲတယ်ပေါ့်. ရှင့်ဟာ အတော် ဆိုးတဲ့သူဘဲ စိတ်ပါယုတ်ညံ့ယုံသာမက ရုပ်ရေကအစ အကျဉ်းတန်လွန်းတယ် ဒါကြောင့် ဒီလိုနေရာမှာ ရှင်တန်ရာတန်ရာနေနေရတာဘဲ…..”

“ကျွန်တော်တောင်းပန်ပါတယ်ဗျာ ကျွန်တော်ကြောက်ပါတယ် မသတ်ပါနဲ့နော် ကျွန်တော်နောက်ခါမလုပ်တော့ပါဘူး”

” လူတွေကသေရမှာသာကြောက်ကြတာ ရှင်နေတဲ့အချိန် ကိုယ်ပြုခဲ့တဲ့အဆ်ုးတွေကိူတော့ ထည့်မတွက်ကြဘူးမလား.”

“တောင်းပန်ပါတယ်ဗျာ တောင်းပန်ပါတယ် ဒီကမိန်းကလေးလည်းသေ သွားပြီဘဲ ကောင်းတဲ့နေရာက်ုသာ သွားပါတော့နော်..သွားပါဗျာ.”

“ကျွန်မရဲ့လက်စွတ်ပြန်ထည့်ပေးပါ ”

“ဟုတ်ကဲ့.ဟုတ်ကဲ့ပါ…”

ပပတစ်ယောက် ဝိညာဉ်ထွက်သွားကာ ဆေးရူံအတွင်းထဲ၌ ဟိုကြည့်ဒီကြည့်.ကြည့်နေလေသည်။

မှောင်မဲလွန်းနေသည့် ဆေးရုံအတွင်း၍ သူတစ်ယောက်တည်းရှိနေမည်ဟု ထင်ထားပေမဲ့လည်း အံသြလောက်စရာကောင်းသည့်မြင်ကွင်းအား မြင်လိုက်ရသောအခါ…..

ဆေးရုံကြီးအတွင်း၍ သေဆုံးခဲ့သည့် ဝိညာဉ်ပေါင်းများစွာ လူတ်ရှားသွားလာနေကြ၍ ညပွဲစျေးရှိသလိုပုံစံပင်..ပုံစံအမျိုးမျိုးဖြင့် သွားလာနေကြသည်ကိူ ပပတစ်ယောက်မြင်လိုက်ရလေတော့သည်။

“အလို.. ဝိညာဉ်တွေများလှချည်လား ပုံစံအမျိုးမျိုးနဲ့ ဗိုက်ကြီးသည်တွေရော ကလေးတွေရော အဘိုးတွေ အဘွားတွေ တိရစ္ဆာန်တွေကအစ ထိုဆေးရူံထဲ၌ သွားလာ လေ လွင့်နေကြသည်က်ူ ပပကိုယ်တွေ့မြင်လိုက်ရလေသည်။

“ငါဒီဆေးရုံက မြန်မြန်ထွက်မှဖြစ်မယိ အိမ်ကိုပြန်ရမယ် အိမ်ကငါ့အိမ်ဘဲ ဟုတ်တယ် အိမ်ပြန်မယ်…”

ပပလည်း ဆေးရုံမှထွက်လာကာ လမ်းမကြီးတစ်လျှောက်.ခြေဗလာဖြင့် မှောင်မဲနေသည့် လမ်းမကြီးထက်မှာ အေးစက်စွာ လျှောက်နေလေသည်။

“ဖေဖေနဲ့မေမေ ညီမလေး ခုချိန်ဘာလုပ်နေကြမလည်း သမီးကိုလွမ်းနေကြမလား သမီးအိမ်ကိုပြန်လာပြီနော်.”

လမ်းဘေးဓာတ်မီးတိုင်အရောင်တွေမှာ မှိတ်တုတ်မှိတ်တုတ်ဖြင့် အထီးကျန်ဆန်လွန်းသည့် ညဆိုသည့်အရာကိူပေါ်လွင်အောင် ပံ့ပိူးပေးလျှက်ဂ်ှနေလေသည်။

ကားလမ်းမကြီးအလယ်၌ ပပတစ်ယောက် အေးချမ်းစွာလျှောက်လှမ်းနေစဉ် နောက်ကျောမှ မီးအလင်းရောင်ရ၍ လှမ်းကြည့်လိုက်ကာ အိမ်ကားတစ်စီးအရှိန်ဖြင့် ပပအားဝင်တိုက်သွားလေတော့သည်။

ပပလည်းကြောက်လန့်သွားကာ သူသေပြီဟု ပါးစပ်မှရုတ်တရက်အော်ဟစ်မိလိုက်လေတော့သည်။

“.အခန္​း(၂)”

“အမယ်လေး.သေပါပြီ..အား.!

ပပ၏အော်သံကြောင့် သစ်ပင်ပေါ်မှ ကလေးတစ်ယောက်မှ လှောင်ရယ်သံအားပြူလိုက်လေသည်။

“ဟား.ဟား.ဟား…မကြောက်ပါနဲ့အမရယ်..အမကသေ သူဘဲ ကားဝင်တိုက်လည်းမသေတော့ပါဘူး”

ကလေးတစ်ယောက်၏ စကားပြောသံကြားလိုက်ရသောကြောင့် ပပလည်းလန့်သွားကာ နောက်သို့လှည့်ကြည့်လိုက်လေသည်။

“ဘယ်သူလည်းမင်းက..သရဲလား ဝိညာဉ်လား မကောင်းဆိုးဝါးလား”

“ဟားဟား..အတူတူချင်းကြောက်နေရသေးတယိ အမရယ်..သားတို့တွေက သေပီးသားသူတွေလေ ဘာကိုကြောက်နေစရာလိုလည်း”

“မင်း..အသက်ငယ်ငယ်လေးနဲ့ ဘယ်လိုသေ ခဲ့တာလည်း ”

“သိချင်လား ပြောပြရတာပေါ့်..”

“ဒီလိုဗျာ…အဖေနဲ့အမေကရန်ဖြစ်ကြတယ်.အကြီးကျယ်ပေါ့်.အဲ့နေ့ကမှတ်မှတ်ရရ သင်္ကြန်အကြိူနေ့.ကလေးသဘာဝ အဆော့မက်တော့ ရေပတ်ခံထွက်ရင်း.ကစားနေတာ လမ်းမပေါ်မှာ မိဘတွေကလည်းစကားများနေချိန် ဂရုမပြူမိဘဲ လွှတ်ထားလိုက်တာ ရေပတ်ခံထွက်တဲ့ကားက ဝင်တိုက်သွားတာ ကျွန်တော့ကို ပွဲချင်းပြီးသေတာဘဲ..”

“ဟယ်.သနားဖို့ကောင်းလိုက်တာကလေးရယ် မင်းအတော်ခံစားခဲ့ရမှာဘဲ..”

“သားသေ သွားပြီးတော့ လူတွေကဝမ်းနည်းငိုကြလည်းခဏပါဘဲ ခုသွားကြည့်ကြည့် အမေကနောက်တစ်ယောက်မွေးပြီးပီ သားကိူမေ့ပြီး မွေးလာတဲ့ကလေးကိုချစ်နေရှာတယ်လေ..”

“စိတ်မကောင်းပါဘူးကွယ်..”

“အမကရော ဘယ်လိုဖြစ်ပြီးသေခဲ့တာလည်း ”

“အမကရောဂါကြောင့်ပါ နှလုံးရပ်သွားတယ်ပြောတာဘဲ သေတာတောင်မသိလိုက်ဘူး”

“သေကံကောင်းတာပေါ့်..အမရယ်.”

“ဒါနဲ့ သစ်ပင်ပေါ်ဘာတက်လုပ်နေတာလည်း ”

“အဲ့တာ ကျွန်တော့နေရာလေ အခြားဝိညာဉ်တွေနေရာမလုခင် အမြန်ဝင်လုထားရတာ ”

“ဟင်.အဲ့လိုတောင်လား”

“ဟုတ်တယ် အမလည်းသတ်ထားနေနော် ဝိညာဉ်တွေအနိုင်ကျင့်တာ ခံနေရမယ်..ဂရုစိုက် ကျွန်တော့ သစ်ပင်ပေါ်ပြန်တက်ပြီ တာ့တာ”

ထိုကလေးလည်း လျှင်မြန်စွာသစ်ပင်ပေါပြေးတက်၍ ပျောက်သွားလေတော့သည်။

ပပတစ်ယောက်လည်း သူ၏ အိမ်အပြန်လမ်းကိုသာ အာရုံစိုက်ကာသွားနေလေသည်။

လမ်းမတစ်ချို့နေရာများ၌ လမ်းဘေးခွေးတစ်ချို့မှ ဆွဲဆွဲငင်ငင်အူသံအား ပပတစ်ယောက်ကြားလိုက်ရလေသည်။
သေ သူဖြစ်နေပေမဲ့လည်း ပပတစ်ယောက် ကြောက်လန့်စွာ တုန်ရီနေလေသည်။

“အူး ဝူး..ဝူး…ဝုတ် ဝုတ်.ဝုတ်…!

ပပတစ်ယောက် သူနေသည့်အိမ်လေးနှင့်နီးကပ်လာလေပြီ.. ခွေးတစ်စုတော့ ပပကိုမြင်ကာ ကြည့်ကာ ထိုး၍ဟောင်နေလေသည်။

ထိုအခါ….

.”အပြင်မှာခွေးတွေတစ်အားအူနေတယ် ပပရောက်လာလို့လားမသိဘူးနော်.”

“ဟဲ့ မပြောနဲ့ငါကြက်သီးထလာပြီကြောက်တယ်။”

“အူး..ဝူး..ဝူး..ဝုတ် ဝုတ်.ဝုတ်”

မီးအလင်းရောင်ဖြင့် အိမ်တံခါးမှန်သမျှဖွင့်ထားသည့် ပပနေသည့်အိမ်အားတွေ့လိုက်ရသောအခါ ပပတစ်ယောက် လွန်စွာဝမ်းသာ သွားလေသည်။

“ဟာ.ငါအိမ်ပြန်ရောက်ပြီ ငါ့အိမ်မှာဘဲငါနေမယ် ဘယ်မှမသွားဘူး”

အိမ်ထဲသို့ဝငိရန်ပြင်နေသည့် ပပတစ်ယောက်အား လူကြီးတစ်ယောက်အသံမှ ခေါ်လိုက်သောအခါ.ပပလည်း လန့်သွားလေသည်။
နောက်သို့လှည့်ကြည့်ကာ…

ဝတ်စုံဖြူဝတ်ထားသည့် အဘိုးအိုအားတွေ့လိုက်သောအခါ…

“ဟိတ်! ကလေးမ.”

“ရှင်….ကျွန်မကိူခေါ်တာလား ”

“အေးပေါ့်ကွ..ဘာကိစ္စကြောင့်အိမ်ထဲဝင်မလို့လည်းပြောပါဦး”

“ရှင်…ဒါ ဒါ.ကျွန်မရဲ့အိမ်လေ အဘိုး ဘာဖြစ်လို့လည်း.”

“အရင်းကကလေးမရဲ့အိမ်ဟုတ်တယ်လေ.ဒါပေမဲ့ခုက မဟုတ်တော့ဘူးလေ. ဘဝခြားနေပြီလေ ကလေးမ”

“ဟင့်အင်း သမီးအိမ်မှာဘဲနေမယ် အဘိုး ဒါသမီးဖေဖေမေမေရှိတဲအိမ်..မခွဲနိုင်ဘူး ဒီနေရာကနေ ဘယ်နေရာမှမသွားနိုင်ဘူး အဘိုး”

“တယ်.မိုက်သကိုး..ကလေးမရေ အစွဲအလမ်းမထားနဲ့ကွဲ့ ကလေးမရဲ့ဝိညာဉ်ဘဝ မကျွတ်လွတ်ဘဲနေလိမ့်မယ်.သွားသင့်တဲ့နေရာကိုသာ သွားပါတော့ကွယ်..”

ပပလည်း မျက်နှာလေးငြ်ုးငယ်နေကာ အဘိုးဖြစ်သူ၏ စကားမှာ မှန်နေပေမဲ့လည်း မိသားစုအပေါ်စွဲလမ်းစိတ်ကြီးတာကြောင့် အိမ်ထဲဝင်ရနိကြိုးစားပေမဲ့လည်း လုံးဝဝင်မရတော့ပေ။

“ဟာ ဘာဖြစ်တာလည်းမသိဘူး ကျွန်မ ခြံထဲဝင်မရပါလား”

“ဟုတ်တယ်ကလေးမ သေ သူဝိညာဉ်က ဝင်ချင်တိုင်းဝင်လို့မရဘူးကွဲ့ စည်းတားထားတယ် သူတို့ကိုယ်တိုင်ခေါ်မှဝင်လို့ရတာလေ..”

ပပတစ်ယောက်လည်း ခြံရှေ့၌ ဖင်ထိုင်ချလိုက်ကာ ကလေးတစ်ယောက်လို ဝမ်းနည်းစွာ ငိုကြွေးလိုက်လေတော့သည်၊
ထိုနောကိ…အဖေဖြစ်သူနှင့်အမေဖြစ်သူကိုလည်းကန့်တော့ကာ ကျန်းမာပါစေဆုတောင်းပေးရင်း ထိုင်နေရာမှထကာ…အိမ်နဲ့ဝေးရာ အဝေးသို့ ထွက်သွားရလေတော့သည်။

” အခန္​း(၃)”

မနက်မိုးလင်းသောအခါ.ပပတစ်ယောက်ခြေဦးတည်ရာလျှောက်သွားရင် ပပစာသင်ခဲ့သည့်ကျောင်းအားရောက်သွားလေသည်။
အစေားကြီးရှိသေးသောကျောင်း၌ ကျောင်းသားကျောင်းသူလေးများမရောက်သေးပေမဲ့လည်း ပပတစ်ယောက် သွာလာနေကြအတိုင်း ကျောင်းထဲဝင်ကာ အခန်းဘက်သို့ဦးတည်လျှောက်လှမ်းလာလေတော့သည်။

အခန်းရှေ့သို့ရောက်သောအခါ အခန်းထဲသို့ဝင်သွားလေသည်.အခန်းထဲသို့ရောက်သောအခါ ကျောက်သင်ပုန်းမှာရေးထားသည့်စာများအားကြည့်ရင်း ဝမ်းနည်းလာကာ စားပွဲပေါ်က မြေဖြူထည့်ခွက် နှင်းဆီပန်းအိုး ခဲတံထည့်သည့်ခြင်းတောင်းလေးနှင့် ကလေးတွေစာရေးသည့်စားပွဲလေးအားကြည့်ရင် သက်ရှိဘဝက်ူတောင်းတနေမိနေလေသည်။

“ဒီကမြန်မြန်ထွက်သွားရင်ကောင်းမယ်နော်..ရှင်”

ဘယ်အရပ်ဆီမှပျံလွင့်လာသည့်အသံကြောင့်မသိ ပပတစ်ယောက် အခန်းတစ်လျှောက်လှည့်ပတ်ကြည့်နေမိလေသည်။

“ဘယ်သူလည်း ကျွန်မကိုမြင်ရလို့လား ”

“မမေးနဲ့ ရှင်ဒီကျောင်းကနေအမြန်ထွက်သွားပါရှင့်က်ုအလိုမရှိဘူး”

“ကျွန်မကဘာလုပ်နေလို့လည်း ကျွန်မကိုဘာလို့မောင်းထုတ်နေကြတာလည်း..”

“ရှင်နေရမဲ့ နေရာမဟုတ်လိုပြောနေတာ ကျောင်းစောင့်နတ်စိတ်မဆိုးခင် မြန်မြန်ဒီက ထွကိသွားတာကောင်းမယ်ထင်တယ်။”

“ဟုတ်ကဲ့ပါ ကျွန်မသွားပါပြီ…”

ကျွန်မကိုသက်ရှိအရာတောင်မပြောနဲ့ ဝိညာဉ်ဘုံလောကမှာတောင် ကျွန်မကို အလိုမရှိကြဘဲမောင်းထုတ်နေကြပြီ.ကျွန်မဘယ်သွားရမှာလည်း ဘယ်မှာနေရမှာလည်း တစ်ယောက်ယောက်ကူညီကြပါ……

ပပလည်း စိတ်ထဲ၌ ရေရွတ်နေရင်..ဗ်ုက်ဆာလာသောအခါ သစ်ပင်ကြီးမှရေအိုးစင်ရှိရာလေးသို့ လျှောက်လာလေသည်။
ရေအိုးအဖုံးလေးဖွင့်ကာ သောက်မည့်ဟန်ပြင်ဆင်….

သစ်ပင်ပေါ်မှ သစ်ကိုင်းခြောက်အရာဖြင့်ပေါ်က်လိုက်သည်ကိူမြင်သောအခါ..

“ဟိတ်.!
ဒါ ငါ့ပိုင်နက်နော် စားခွက်လာမလုနဲ့ ဒီကချက်ချင်းထွက်သွားစမ်း”

အသံရှိရာ အပင်ပေါ်သို့ မော့ကြည့်လိုက်ရင်း…အန်တီကြီးတစ်ယောက် ရုပ်ဆ်ုးဆိုး ဝဝ ပါးစပ်၌လည်း ကွမ်းယာ တစ်မြုတ်မြုတ်ဝါးနေသည်ကိုတွေ့သောအခါ..

“ကျွန်မရေသောက်ပြီးဒီက ထွက်သွားမှာပါ”

“မသောက်ရဘူး ဒီကထွက်သွား သွား!

အသံနက်ကြီးဖြင့်အော်ပြောကာ ဒေါသထွက်လာ၍ ပပအားပြန်ခံ၍ ခုခံနိုင်သောကြောင့်
အရွယ်ချင်းမမျှကာ ပပလည်းကြောက်လန့်ကာ ကျောင်းမှ ထွက်လာလေတော့သည်။

ညနေစောင်းသို့ရောက်သောအခါ ဆာလောင်နေသည့် ပပတစ်ယောက် ရှေ့ကလှမ်းမြင်နေရသည့် စျေးအားလှမ်းမြင်လိုက်လေသည်။
စျေးထဲဝင်၌ စွန့်ပစ်ထားသည့် စားစရာလေးများစားသုံးရန် စျေးထဲသို့ဝင်လာလေသည်။

“အမဲသားတွေ အမဲသား လတ်လတ်ဆက်ဆက်လေးနော် အားပေးကြပါဦး”

အမဲသားတွဲများ ချိတ်ထားသည့် စျေးတန်းမှ သွေးသံတရဲရဲဖြင့် ယင်များနားနေသည့် အမဲသားတွဲများ ဝက်သားတွဲများကြား သာမန်လူမျက်စိဖြင့်မမြင်နိုင်သည့် ပြိတ္တာ သရဲ ဝိညာဉ်များ သူတို့၏ ရှည်လျားလှသည့် လျှာများဖြင့်လျက်ကာ အရသာခံနေသည်ကို ပပတစ်ယောက်မြင်ကာ သက်ရှိကာလတုန်းက ဝယ်စားခဲ့သည့် အမဲသားနှင့်ဝက်သားများစားသုံးခဲ့သည်က်ု ပြန်အမှတ်ရကာ သံဝေဂရနေလေသည်။

“ဟဲ့ကောင်မ ဒါငါ့အသားတွဲသွားစမ်း သွားစမ်း ”

လူတွေစွန့်ပစ်ထားသည့် ငါးအတွင်းထဲမှ အညှီအဟောက်နှင့် ကြက်အတွင်းရှိ ကလိစာများ လွှတ်ပစ်ထားသည်ကို အလုအယက်ကောက်ကြကာ စားသောက်နေကြသည်မှာလည်း သံဝေဂရစရာပင်ဖြစ်လေသည်။

ပပလည်း ဟိုးအဝေးက ကလေးငယ်တစ်ယောက်ပြူတ်ကြခဲ့သည့် ကြက်ဥချောင်းထုတ်လေးအား တွေ့သောအခါ ဝမ်းသာပြေးကောက်ယူစဉ်….

ပပကို တခြားအားကြီးတဲ့အရာတစ်ခုမှ ဝင်တိုက်ကာ ထိုကြက်ဥချောင်းထုတ်လေးအား ယူကာ ထွက်ပြေးကွယ်ပျောက်သွားလေတော့သည်၊

ပပတစ်ယောက်လည်း ဝိညာဉ်မှာအရမ်းပင်ပန်းလာသဖြင့် နောက်ဆုံးဘုန်းကြီးကျောင်းတစ်နေရာ၌ အနားယူမည်ဟု ဆုံးဖြတ်ကာ အားတင်း၍ လျှောက်လာလေတော့သည်။

“အခန္​း(၄)”

“သမီးလေး ပပရက်လည်ကမနက်ဖြန်နော် ဘုန်းကြီးပင့်ပြီး ရေစက်တရားနာရမယ် သမီးလေးပပကိုလည်း ကောင်းရာဘုံဘဝရောက်ဖို့တွက် အမျှတန်းပေးဝေရမယ် သမီးလေးပပ ဘယ်ဆီရောက်နေလည်း မသိပါဘူးကွာ မိန်းမရယ် ”

” သမီးလေးကို အသက်ရွယ် ငယ်ငယ်လေးနဲ့ဆုံးရူံးစေခဲ့တယ် ကျွန်မလည်းမှားမိတယ် နောင်တရမိတယ်ယောကျာ်း သမီးလေးရဲ့လွတ်လပ်ခွင့်တွေကို ပိတ်ပင်မိတယ် ခုတော့ ဘဝရဲ့ပျော်ရွင်မူတွေမခံစားရတော့ဘူးလေ…”

“နက်ဖြန် ဘုန်းကြီးကျောင်းသွားပြီး ဆရာတော်ကို ဖိတ်ရမယ် မိန်းမ နှစ်ယောက်သွားကြတာပေါ့်”

“ကောင်းတာပေါ့် ယောကျာ်း..”

ညသို့ရောက်သောအခါ……..

” အူး ဝူး ဝူး….ဝုတ် ဝုတ် ဝုတ်…!

လူသားဘဝကတောင် ငါလွတ်လပ်ခွင့်တွေဆုံးရူံးခဲ့ရတယ် ကောင်းမူကုသိုလ်နည်းနည်းဘဲလုပ်ခဲ့ရတယ်…ဇာတ်သိမ်းခဲ့ရပေမဲ့
ခုလက်ရှိဝိညာဉ်ဘဝမှာ ထပ်ပြီး ဘဝကိုအဆိုးနဲ့ဇာတ်သိမ်း လိုက်လို့မဖြစ်ဘူး…
ငါကြိုးစားပြီး အမျှယူရမယ် သာဓုခေါ်ရမယ် ဒါမှ ငါကျွတ်ပြီး ကောင်းရာဘုံဘဝရောက်မှာ ဟုတ်တယ်…

ပပတစ်ယောက် ဘုန်းကြီးဝန်းတွင်းရှ်ိ ဘုန်းတော်ကြီးမှာ ဆွမ်းသုံးဆောင်သည့် ဇရပ်၌ ထိုင်လိုက်ကာ အမောဖြေနေလေသည်။

ဗိုက်တွေလည်းဆာလိုက်တာ တစ်ခုခူစားရရင်ကောင်းမှာဘဲ..

တရားထိုင်နေသည့် ကျောင်းတိုင်ဆရာတော်ကြီးမှ ပပ၏ ညည်းသံအားကြားလိုက်သောအခါ ပြုံးမိ၍…..
ကိုရင်လေးအားခေါ်ကာ ဟင်းနှင့်ထမင်းအားထည့်ခိုင်းကာ ဇရပ်ပေါ်တင်ခိုင်းလိုက်လေသည်။

ပပလည်းဝမ်းသာသွားကာ အားရပါးရစားသူံး၍ ဆရာတော်အားကျေးဇူးတင်ကြောင်းပြောလိုက်လေတော့သည်။

ဗိုက်လည်းဝသွားသည့်အခါ ဇရပ်အောင့်ခြေ၌ ခွေခွေလေးနေကာ အိပ်စက်သွားလေသည်။

“အခန်း(၅)”ဇာတ်သိမ်း

“အွတ် အီးအီးအွတ်……”

မနက်မိုးလင်းသောအခါ….

ပပ၏နားထဲ၌ ရင်းနှီးကျွမ်းဝင်သည့် အသံအားကြားလိုက်ရလေသည်။
ထိုအသံမှာ…

“ဆရာတော်ဘုရား ကျွနိမရဲ့ သမီးအကြီးဆုံးရဲ့ ဒီနေ့ ရက်လည်နေ့မို ဆရာတော်ရေစက်ချ တရားနာပေးဖို့ လာလျှောက်တာပါဘုရား.”

“ဟင် ဒါမေမေအသံဘဲ..မေမေ မေမေ ဒီကိုရောက်လာတာလား မေမေ ဖေဖေ သမီးဒီမှာလေ…ဒီမှာလေ….”

ငိုကြွေစွာ အော်ခေါ်နေသည့် ရင်ထဲ၌ ပူလောင်နေသည့် ပပတစ်ယောက်အပေါ် မိဘများမှာ မကြားပေမဲ့လည်း ဘုန်းတန်းခိုးကြီးသည့် ဆရာတော်မှ ကြားသိသောအခါ…..
ပပ၏ မိဘဖြစ်သူများအား မိန့်ကြားတော်မူလိုက်လေသည်။

“အိမ်း…ကဲ့ဆရာတော်ပြောတာ နားထောင်ကြလော..သမီးလေးပပရဲ့မိသားစုဖြစ်တဲ့ အမိနဲ့အဖတို့..သမီးကြီးဖြစ်သူ ပပတစ်ယောကိ ခု ဘုန်းကြီးကျောင်းအတွင်းမှာရှိတယ် ချစ်သားတို့…”

“ရှင်…သမီးလေ သမီးလေး ဘယ်မှာလည်း ဘုရား ေ့ပြာပြတော်မူပါ..”

“အေးကွယ်..ပူလောင်တဲ့ အချစ်ဆိူတဲ့အရာတွေပေါ့်ကွယ်..စိတ်အေးအေးထားကြပါ…ကဲ အပြင်မှာ ရှိနေတဲ့ သမီးလေပပတစ်ယောက် အရငိနေခဲ့တဲ့အိမ်ကိုပြန်ဖို့တွက် ဒီက အမိအဖကဖိတ်ပါတယ်ကွယ်….”

“ဟုတ်ပါတယ် သမီးလေးတွက်ရေစက်ချဖို့တွက် သမီးလေးကို ဖိတ်ပါတယ် သာဓုလာခေါ်နော်ကြားလားသမီးလေး…”

” ဟုတ်တယ် ဖေဖေလည်းဖိတ်ပါတယ်ကွာ ခုမနက်လာခဲ့နေိာ ”

” ဟုတ်ဖေဖေ သမီးလာခဲ့မယ် လာခဲ့မယ်”

ချက်ချင်းဆိုသလို မျကိစိတစ်မှိတိအတွင်း ပပတစ်ယောက် နေအိမ်ခြံထဲသိူ့ရောက်ရှိသွားလေသည်။

ခြံဝန်းထဲ၌လည်း လူများသွားလာနေကြ၍ အိမ်ပေါ်မှာလည်း ဆင်းလိုက်တက်လိုက်ဖြင့် အလုပ်များနေကြလေသည်။

အငယ်မဖြစ်သူအားမြင်လိုက်သောအခါ ပြေးဖက်ချင်ပေမဲ့လည်း မဖြစ်နိုင်ကာ အဝေးကနေသာကြည့်၍သာနေရလေသည်။

ထိုအခါ…ကားဖြင့် အဖေနဲ့အမေဖြစ်သူတို့အပါအဝင် ဆရာတော်ပါကြွလာကာ ကားပေါ်မှ ဆင်း၍ အိမ်ထဲသို့ဝင်သွားလေသည်။

ခဏကြာသောအခါ.အဖေဖြစ်သူမှာ တစ်ပါးသို့ကူးပြောင်းသွားသည့် သမီးအကြီးဖြစ်သူအား တရားနာ သာဓုခေါ်ရန် သုံးကြိမ်ဖိတ်လိုက်လေသည်။

ပပတစ်ယောက်လည်း အိမ်ထဲဝင်သွားကာ အပေါ်က်ဝ၌ လက်အုပ်လေးချီကာ အမျှဝေလိုက်လေသည်။

“ကဲ..ဆရာတော် တိုင်တာလိုက်ဆိုကြပါ.
ဘဝခြားကာ.တစ်ပါးသို့ကူးပြောင်းသွားပြီဖြစ်တဲ့ သမီးလေးပပ တစ်ယောက် ရေစက်ချတရားနာဖို့ သာဓုခေါ်နိုင်ဖို့တွက် ကောင်းရာဘုံဘဝရောက်ရှိဖို့ သာဓု သုံးကြိမ်ခေါ်ဆိုပါကွယ်…”

“အားလုံး ကြားကြားသမျှ.. အမျှ အမျှ အမျှ..ယူတော်မူကြပါကုန်ကွယ်…သာဓု သာဓု သာဓု…(သံပြိုင်ရွတ်ဆိုကြသံ)

.ပပတစ်ယောကိလည်း မျက်လုံးလေးစုံမှိတ်ကာ အာရုံစိုကိ၍ သာဓု သုံးကြိမ်ခေါ်ဆိုလိုကိရင်…
ထိုနေရာမှာတင်ပျောကိကွယ် သွားလေတော့သည်။

#ပြီးပါပြီ…..

“ဒီဇာတ်လမ်းလေးကိုဖတ်ပြီးတစ်စုံတစ်ခုသိသွားမယ်ဆိုရင်ကျေနပ်ပါပီရှင်….ဖီဖီ
8:03 pm..

#မူရင်းတင်ထားသူအားလည်းcredit