ဝဋ်ကြွေးတခုအစ(စ/ဆုံး)
————————
“ချစ်လေး..ကိုကိုအိမ်ပြန်ရာက်ပြီနော်၊”
“ဟုတ်..ကိုကို” ချစ်ရတဲ့ကိုကိုဆီက မက်ဆေ့လေးရာက်လာတော့ သူမ ပြန်စာပို့ပြီး အိပ်ဖို့ပြင်ရင်း ကိုကို့ အကြောင်းစဉ်းစားမိတယ် အလုပ်မှာကိုကိုနဲ့ သူမတို့ စတင်ဆုံခဲ့ကြတယ်၊ အလုပ်အရမ်းတော် အရမ်းကြိုးစားတဲ့ ကိုကို့ ကိုသူမ အထင်ကြီးလေးစားရင်း ချစ်မိသွားခဲ့တယ်။ ဒီလိုနဲ့သူမတို့ စကား ပြောတာ ကြာလာတာ့ ချစ်သူတွေဖြစ်သွားတာ တလလောက်ရှိခဲ့ပြီ။
“ဟာ..မဖြစ်နိုင်တာ ကိုကိုက လူပျိုက သူ့ကောင်မလေးနဲ့ ပြတ်သွားတာမကြာ သေးဘူးလို့ ကြားထားတာ၊ တရက်မှာ ဝင်လာတဲ့ မက်ဆေ့တစောင်ကြာင့် သူမထိတ်လန့်သွားခဲ့တယ်။ ကို့ကို့မှာ မိန်းမရှိတယ်တဲ့။ သူမအထင်ကြီးရတဲ့ကိုကိုက သူမကိုလိမ်ထားတာပဲ၊
“ကိုကို့မှာ မိန်းမရှိတယ်ဆို ၊ မက်ဆေ့တစောင်ဝင်လာတယ်၊ ကိုကိုရှင်းပြပါ”
“မဟုတ်ပါဘူး မရှိပါဘူး”
“အဲ့ဒါဆို ဒီမက်ေဆ့ကဘယ်လိုပို့တာလဲ၊ ပြောပါ”
“ကို့ကို အမတွေက ချစ်လေးနဲ့မက်ဆေ့တွေ တွေ့ပြီး သဘောမတူလို့ဖျက်ကြတာ၊ ”
“သဘောမတူရအောင် ကျမကဘာဖြစ် နေ လို့လဲ၊ ရှင် ကျမကိုလိမ်ပြီးတွဲရင် လူကြီး တွေနဲ့တိုင်မှာနော်”
“ကိုကိုကကွာအရင်တယောက်နဲ့ ပြတ်တာတလမရှိပဲ ချစ်လေးနဲ့တွဲမိတာလ၊ ဟိုဖက်ကနှစ်အကြာကြီးတွဲခဲ့တာ အမတွေက ကြားဝင် စေ့စပ်ဖို့လုပ်တဲ့ ချစ်လေးနဲ့အ ကြောင်းသိသွားတော့ စိတ်ဆိုးပြီး စာပို့တာ ၊”
“အဲ့ဒါဆိုလဲပြီးရော ကိုကိုပြောတာလက်ခံ ပေးမယ် နောက်တခါဖြစ်ရင် ကျမကအလုပ်ကလူကြီး တွေကို တိုင်မှာနော်။”
ကိုကိုပြောသမျှအရာအားလုံးယုံပြီး သူမဆီစာပို့ သော ဖုန်းအား ဘလော့လိုက်တယ်၊ ကိုကိုကမလိမ်လောက်ပါဘူးလေ။
ထိုယုံကြည်မှုသည်မှားယွင်းမှန်း နောက်နှစ်လ နေ မှ သူမသိခဲ့ရ လေ သည်။
“မယားငယ်၊လင်ခိုးမ၊ သူများလင်ကိုစာမပိုရရင်မနိုင်ဘူးလား” ကိုကို့ဖုန်းမှ သူမထံသို့
မက်ဆေ့ဝင်လာခဲ့တယ်။ ကိုကိုသူမကိုလိမ် နေ မှန်း သူမသိခဲ့ပြီ၊ သူမအဲ့လောက်တာ့
မတုံးအပါ။
သူမ ကို့ကိုဖုန်းကို ပြန်ခေါ်လိုက်တော့ ဟဲလို..ချစ်လေး ပြော အစောကြီးပဲ ကိုကိုဆက်မှာပေါ့” မလုံမလဲအသံနဲ့သူမအားပြောနေမှန်း သိလိုက်ပါတယ်။
“ရပါတယ်။ မနက်ကြီးသတိရလို့ပါအလုပ်ရှုပ်နေတယ် ထင်တယ်” ပြီးမှ ပြန်ခေါ်မယ်နော် ဖုန်းချပြီး သူမဘာလုပ်သင့်လဲဆိုတာ စဉ်းစားရပါပြီ။ တကယ်မှန်ခဲ့ရင် သူမစွန့်လွှတ်ပါမယ်၊ သူများအိမ်ထောင်ဖြိုခွဲသာ မိန်းမအဖြစ်မခံနိုင်ပါ။
သူမအားမက်ေဆ့ပို့ခဲ့ သောဖုန်းနံပါတ်အား ပြန်ဆက်လိုက်ပါတာ့သည်။
“ဟဲလို.. ညီမ လေးကပြန်ဆက်တတ်သားပဲ နော် ။ အမက ညီမ ကိုကိုလို့ခေါ် နေတဲ့
ကိုမင်းခေါင်ရဲ့ အမျိုးသမီးပဲ၊ ညီမတို့ဇာတ်လမ်းပြီးသွားပြီလား။”
“ဟုတ်အမ၊လမ်းခွဲမှာပါ။ညီမကဒီလိုဇာတ်ရှုပ်ကိုအာရုံအနောက် မခံပါဘူး”
“အိုကေ အမကသူနဲ့ ပေါင်းသင်းလာတာ လေးနှစ်ေကျာ်ပြီ၊ အမတို့နှစ်ယောက်ကြားမှာကတောက်ကဆဖြစ်တဲ့အချိန် ညီမလေးကိုသူက စိတ်ပြေလက်ပျောက် အပျော်ရှာရင်းတွဲခဲ့တာပဲ၊ အမသိသိချင်းညီမဆီစာပို့တယ် ညီမကသူ့ကိုယုံ နေတာ၊ ထားပါ ညီမအကြာင်းအမအကုန်စုံစမ်းထားပါတယ်၊ အင်မတန် အေးချမ်းတဲ့မိန်းကလး၊ အလုပ်ကြိုးစားတဲ့မိန်းကလေးလို့အမကြားပါတယ်၊ သူ့ကိုအထင်ကြီးပြီး ညီမက လေးစားချစ်နဲ့ချစ်မိတာ အမနားလည်ပါတယ်၊ ညီမလေးသည် ရှုပ်ရှုပ်ယှက်ယှက်မိန်းကလေးမဟုတ်တဲ့အတွက် အမတရားစွဲတဲ့အချိန် ညီမကိုမပါစေချင်တဲ့အတွက် အမစာ တွေပို့နေတာ၊ ညီမချင်းကိုယ်ချင်းစာလို့ပဲ၊ သူ့ကိုလဲအမပြောထားပါတယ် ညီမကတိုင်ရုံပဲတိုင်လို့ရမှာ အမကတရားစွဲထောင်ချလို့ရပါတယ်၊ အမဘာလို့မလုပ် သေးလဲဆိုရင် အဓိကကညီမကြောင့်ပဲ။ မိန်းမသားချင်းကိုယ်ချင်းစာလို့ပဲ၊ ဘာမှမသိတဲ့ညီမကို အမ မထိခိုက် စေချင်လို့ပါ။ညီမကို အမ ရှေ့မှာ ပြောတာတွေလဲအမမကြိုက်ပါဘူး။ ဒီတခါ သူ့အတွက်လဲ ပထမဆုံးအကြိမ်ဖြစ်လို့အမခွင့်လွှတ်ထားပါတယ်။ ညီမကလဲဘာမှမသိတဲ့လူဖြစ်လို့လဲပါတယ်၊အမတို့ကြားညီမကို မြေဇာပင်အဖြစ်မခံနိုင်ပါဘူး၊ အမ ညီမတို့ရုံးကိုလာပြီး ညီမတိုနှစ်ယာက်လုံးတခြားမှာအလုပ်လုပ်လို့မရတဲ့အထိလဲ အမလုပ်လို့ရပါတယ်။ အိမ်ထောင်ရေးေဖာက်ပြန်မှုမှာပါဝင်နေတဲ့လူတွေကလေ လူမှုပတ်ဝန်းကျင်မှာ ခေါင်းမဖော်ရဲဘူးညီမလေး၊ သူအ ပေါ်ထားတဲ့သံယောဇဉ်နဲ့ သူအမအ ပေါ်ထားခဲ့တဲ့အနစ်နာခံမှု တွေ ကြောင့် အမ အပေါ် နွေးထွေးတဲ့သူမိသားစု အသိုင်းအဝိုင်းကြောင့် သူ့ကို အမခွင့်လွှတ်ခဲ့တာပါ။ ညီမလေးကိုလဲ အမခွင့်လွှတ်သလို အမပြောခဲ့တာ တွေအတွက်လဲ တောင်းပန်တယ် နော်။ သူ့မိသားစုက ညီမကို စကားတခွန်းမှာလိုက်ပါတယ် သူသည်အင်မတန်လိမ်ညာတတ် သောသူဖြစ်တယ်၊ သူစကားတိုင်းမယုံပါနဲ့၊ မှားမယ်။
” အဲ့လောက်ပါပဲညီမ လေး။ သုံးယောက်ဆုံပြီးရှင်းချင်လဲရပါတယ် နော်။
နောက်ဆုံးတခု ပြောချင်တာက အမလဲနစ်နာသူဖြစ်သလို ညီမလဲနစ်နာသူတစ်ယာက်ပဲ ညီမ သူ့ကိုစိတ်တိုင်းကျအပြစ်ပေးခွင့်ရှိပါတယ်။ အမခွင့်ပြုပါတယ်။ သူကအဓိကတရားခံပဲညီမလေး
အမဖုန်းချလိုက်တော့မယ်နော်။
ထိုအမဖုန်းချသွားပြီးနောက်မှာ ဝတ်ရည် အမဆီကပညာ တွေရလိုက်သလို့ အမကိုကိုယ်ချင်းစာမိသွားတယ်၊ အလုပ်အထိအရှက်မခွဲတာကိုလဲ ကျေးဇူးတင်တယ်၊ ပညာတတ်ပီပီ စကားပြာတာကအစ ထိန်းပြီး ပြောသလို ညီမတယာက်ကို အမတယာက်က ဆုံးမသကဲ့သို့ အေး ဆေး လေး ပြောသွားတာကို တကယ်လေးစားမိပါတယ်။
သူမဆုံးဖြတ်ချက်တခုချပြီး ဖုန်းကာက်နှိပ်လိုက်တော့သည်။
“ဟဲလို..ကိုမင်းခေါင် ကျမတို့ဇာတ်လမ်းကိုအဆုံးသတ်ရ အောင် အစစအရာရာကူညီခဲ့တာအတွက် ကျေးဇူးတင် ပါတယ်။လမ်းတွေ့ရင်တောင်မခါ်ပါနဲ့။ ” လို့ပြောပြီး ဖုန်းချပြီ သူနှင့်သက်ဆိုင်တဲ့အရာအားလုံးကို block ခဲ့လိုက်ပါတော့တယ်။
သူမအတွက်ဝဋ် တခုဆပ်ရတော့မယ်ဆိုတဲ့ ခံစားချက်နှင့်အတူ ဘဝလမ်းကို လျှောက်လမ်းပါတော့မယ်။
#ပထဆုံးအကြိမ်ကိုယ်တွေ့ရေးတာမလို့အမှားပါရင်ခွင့်လွှတ်ပါ။
မူရင်းရေးသားသူအား လေးစားစွာဖြင့်