ဝိညာဉ်ခေါ်ရာ(စ/ဆုံး)
——————
“အမေရေ လာပါအုံး”
အိမ်နောက်ဘေးမှ သားဖြစ်သူ
ဖိုးထွန်း၏အော်သံကြောင့်၊မိခင်ဖြစ်သူ
ဒေါ်တင်မာဆွေလည်း အိမ်ပေါ်မှ
ပြေးဆင်းလာပါတယ်။
“သားဘာဖြစ်လို့လဲ”
“အမေ ဟိုမှာအစ်မလေ…”
“ဟင်…”
အိမ်နောက်ဘေးတမာပင်၌
ကြိုးဆွဲချကာသေဆုံးနေတဲ့
သမီးဖြစ်သူကြာဖြူကိုမြင်ကာ
ဒေါ်တင်မာဆွေထိတ်လန့်တုန်လှုပ်သွားပါတော့တယ်……။
“သမီး သမီးလေး ကြာဖြူ ”
“အောင်မယ်လေး အဖြစ်ဆိုးလှချေလားသမီးရဲ့။
“ကိုထွန်းခင် ကိုထွန်းခင်
ဒီမှာရှင့်သမီးကိုလာကြည့်ပါအုံးတော့်”
“အီးဟီး ဟီး”
ဦးထွန်းခင်လည်း ဇနီးသည်၏
အော်ခေါ်သံအားပြီးအိမ်ပေါ်မှ
ပြေးဆင်းလာပါတော့တယ်။
“မိန်းမ ဘာ ဘာဖြစ်လို့လဲ”
“အဖေ ဟို ဟိုမှာအစ်မကိုကြည့်ပါအုံးဗျာ”
“ဟာ…သ သ သမီးလေး
ကြာဖြူ အားဟား ဟား
ဘယ်လိုဖြစ်ရတာလဲသမီးရာ
အဖေတို့ကိုထားခဲ့ပြီလားသမီးရဲ့”
ဦးထွန်းခင်နှင့်ဒေါ်တင်မာဆွေ
တို့လင်မယားနှစ်ယောက်ငိုသံများအား
အိမ်နီးချင်းများကကြားပြီး
ရောက်လာပါတော့တယ်။
“ဘယ်လိုဖြစ်ရတာလဲဗျာ၊
ကြာဖြူ ဘာကြောင့်ကြိုးဆွဲချပြီး
သတ်သေရတာလဲ။
“ဒါကျုပ်တို့အပြစ်တွေကြောင့်
ကျုပ်သမီးလေးသူ့ကိုယ်သူသတ်သေ
သွားရတာပါဗျာ”
“ဟုတ်ပါတယ်ရှင်
ကျုပ်တို့လင်မယားရဲ့အပြစ်တွေကြောင့်
ကျုပ်တို့သမီးလေး အသက်ဆုံးရှုံးရတာ
ပါတော့် အီးဟီးဟီး သမီးလေးရဲ့”
“ကဲဖြစ်ပြီးတာတွေဖြစ်ပြီးပြီပဲ
ကြာဖြူအလောင်းကိုဖြုတ်ဖို့လုပ်ရအုံးမယ်”
“ကျုပ်တို့တော့မလုပ်ရဲဘူး
ရွာထဲကကာလသားသိန်းမောင်တို့
အုပ်စုကိုခေါ်ခိုင်းရမှာပဲ”
“ဒါဖြင့်ရင်လုပ်လုပ် အမြန်သွားခေါ်ချေ”
အိမ်နီးချင်းများက ကြာဖြူ
အလောင်းကိုသစ်ပင်မှဖြုတ်ဖို့ စီစဉ်ကြပါတော့တယ်။
ခဏနေတော့ ရွာမှကာလသား
ခေါင်းဆောင်ကိုသိန်းမောင်တို့
တစ်စုဦးထွန်းခင်တို့အိမ်ကိုရောက်
လာကြပြီး ကြာဖြူအလောင်းကို
အောက်သို့ချလိုက်ပါတော့တယ်။
ကြာဖြူသေသည့်သတင်းအား
တစ်ရွာလုံးသိသွားပြီး ကြာဖြူအတွက်
စိတ်မကောင်းဖြစ်နေကြပါတော့တယ်။
အတ္တကြီးလွန်းလှတဲ့ ဦးထွန်းခင်နဲ့
ဒေါ်တင်မာဆွေတို့မိဘနှစ်ပါးကြောင့်
သမီးဖြစ်တဲ့
အချစ်ကံဆိုးမလေး ကြာဖြူ
တစ်ယောက်ဘဝကိုအရှုံးပေးရင်း
သူ့ချစ်သူရှိရာတမလွန်ကိုအပြီးတိုင်
လိုက်သွားပါတော့တယ်။
=============
“သမီးကြာဖြူ ခဏလာအုံး”
“ဟုတ်လာပြီအမေ”
ကြာဖြူလည်းလုပ်လက်စ
အလုပ်များအားပစ်ထားပြီး
မိခင်အနီးသို့ရောက်လာပါတယ်။
“အမေ သမီးကိုဘာပြောမလို့လဲ”
“သမီးကိုကြွေးတောင်းခိုင်းစရာရှိလို့”
“ဘယ်သူ့ဆီသွားတောင်းရမှာလဲအမေ”
“ရွာလည်ကမိကြည်လှဆီကို
တောင်းရမှာ၊ဒီကောင်မအတိုးလည်း
မှန်မှန်လာမပေးဘူး ငါ့ပါးစပ်နဲ့တော့
တွေ့တော့မှာပဲ။
မိကြည်လှကိုတောင်းစရာရှိတာတောင်း၊
နောက်ပြီးပြောလိုက်အုံး
အမေကအတိုးလေးတော့မှန်မှန်လာဆပ်ပါလို့ လာမပေးရင် တင်မာဆွေ
အကြောင်းကောင်းကောင်းသိမယ်လို့”
“သမီးမပြောရဲဘူးအမေ
တော်ကြာ”
“ဟဲ့ ဘာမပြောရဲစရာရှိလို့လဲ
ကိုယ့်ပိုက်ဆံကိုယ်တောင်းတာ
သွားရအောင်သာတောင်းလာခဲ့”
“အင်းပါ အမေရယ်
သမီးသွားတောင်းလိုက်ပါ့မယ်”
“အေးပြီးရော မြန်မြန်သွား
မြန်မြန်ပြန်လာခဲ့။
“ဟုတ်ကဲ့အမေ”
“သြော် နေအုံး
ညည်းကိုငါမေးပါအုံးမယ်
သမီးရွာအနောက်ပိုင်းက မုဆိုးမမသူခိုင်ရဲ့သား ကျော်ခိုင်နဲ့
ဘာလိုလိုညာလိုလိုဖြစ်နေတယ်ဆို
အဲ့ဒါဟုတ်သလား”
“ဟို ဟို အမေ့ကိုဘယ်သူပြောလဲ
သမီးနဲ့သူနဲ့ ဘာမှမပတ်သက်ပါဘူး
အမေရဲ့ဒီအတိုင်းခင်မင်တာပါ”
“ပြီးရောရှုပ်ရှုပ်ယှက်ယှက်တော့
လုပ်မယ်တော့မကြံနဲ့နော်၊
တင်မာဆွေအကြောင်းသိတယ်မလား
ဟင်းဟင်း”
ကြာဖြူလည်းမိခင်ဖြစ်သူကို
ဘာမှပြန်မပြောတော့ပဲအိမ်မှ
ထွက်လာခဲ့ပါတယ်။
ရွာလည်မှဒေါ်မိကြည်လှ
အိမ်သို့ကြာဖြူရောက်လာခဲ့ပြီး။
“အန်တီကြည်လှ အန်တီကြည်လှ”
“သြော် ကြာဖြူပါလား
သမီးအိမ်ထဲဝင်လေ လာ”
“အမေကပိုက်ဆံတောင်းခိုင်းလိုက်လို့၊ကြာဖြူလာတောင်းတာပါ”
“အေး အန်တီလည်းအခုပဲ
လာပေးတော့မလို့လုပ်နေတာ၊
သမီးရောက်လာတာနဲ့ အတော်ပဲ”
“ရော့ ကြာဖြူ ဒီကနေ့စာနဲ့
မနေ့ကရက်ပျက်စာပါ၊အမေ့ကိုလည်း
ပြောလိုက်ပါအုံး နောက်ရက်မှ
ဆက်ဆက်လာပေးပါအုံးမယ်လို့”
“ဟုတ်ကဲ့ သမီးပြောလိုက်ပါ့မယ်
ဒါဆိုသမီးကိုသွားခွင့်ပြုပါဦးနော်”
“အေးအေး သမီး”
ကြာဖြူလည်းအဆင်ပြေပြေနှင့်
တောင်းလို့ရပြီမို့ အိမ်သို့တန်းပြန်လာ
ခဲ့ပါတယ်။
လမ်းခုလတ်ရောက်မှာတော့
ချစ်ရသူကိုကျော်ခိုင်နှင့်အမှတ်မထင်
ဆုံမိကြတယ်။
“ဟာ…ကြာဖြူ ”
“ဘယ်ကပြန်လာတာလဲ
ကြာဖြူ ”
“အန်တီကြည်လှအိမ်က ပြန်လာတာ
အမေကပိုက်ဆံတောင်းခိုင်းလိုက်လို့လေ”
“သြော် ဟုတ်လား၊ကိုယ်တို့စကား
ခဏလောက်ပြောကြမလား”
“အင်း အချိန်ရပါသေးတယ်
ပြောလေ”
“ဒီနေရာမှာပြောလို့ အဆင်မပြေ
ဘူးထင်တယ်၊ကိုယ်တို့တွေ့နေကြ
နေရာလေးကိုသွားကြရအောင်”
“ဟုတ် သွားကြတာပေါ့ကို”
ကိုကျော်ခိုင်လည်းကြာဖြူ
နှင့်အတူရွာအပြင်ကမန်ကျည်းပင်ကြီး
အောက်ကိုရောက်လာခဲ့ပါတော့တယ်။
“ကို ကြာဖြူကို ဘာပြောမလို့လဲဟင်”
“ကိုယ်နဲ့ကြာဖြူ ရည်းစားတွေ
ဖြစ်နေတာကြာဖြူ အမေသိသွားပြီလား”
“အမေကအခုလေးတင်ပဲ
ကိုကျော်ခိုင်နဲ့ကိစ္စကိုပြောနေတာ၊
ကြာဖြူလည်း အမေ့ကိုလိမ်ထားရတယ်၊အမှန်အတိုင်းဖွင့်ပြောလိုက်ရင်
ကြာဖြူကိုသတ်လိမ့်မယ်”
“ဟူး ရင်မောရပါလားကြာဖြူရယ်၊
ကိုယ့်လိုဆင်းရဲသားတစ်ယောက်ကို
ချစ်သူဖြစ်ရလို့ ကြာဖြူ လည်း
စိတ်ပင်ပန်းနေရမှာပဲနော်”
“အဲ့လိုလည်းမဟုတ်ပါဘူးကိုရယ်
ကြာဖြူကဂုဏ်တွေရွှေတွေ၊ဆင်းရဲတာ
ချမ်းသာတာတွေ ထည့်မတွက်ပါဘူး၊အဓိကက ရိုးသားကြိုးစားဖို့ပဲမလား
ကြာဖြူကိုချစ်ရင် ကိုလည်းသိမ်ငယ်ပြီး
မနေပါနဲ့နော် ”
“အင်း ကိုယ်ကြိုးစားပါ့မယ်ကွာ
ကဲကြာဖြူလည်းအိမ်ကထွက်လာတာ
ကြာနေပြီမလား၊တော်ကြာ ကြာဖြူရဲ့
အမေလိုက်လာမှဖြင့်”
“ဒါဆိုရင်ကြာဖြူ ပြန်တော့မယ်နော်၊
သန်ဘက်ခါ ကြရင် ရွာဦးကျောင်းကို
ဆွမ်းချိုင့်သွားပို့ဖို့ရှိတယ်။
ကိုလာချင်လာခဲ့လေ အမေနဲ့အဖေ
လိုက်လာမှာမဟုတ်ဘူး”
“ဟုတ်လား ဒါဆိုရင်
ကိုယ်လာခဲ့ပါ့မယ် ကြာဖြူ စောင့်နေနော်”
“ဟုတ်ကဲ့ ကို”
ကြာဖြူလည်း ကိုကျော်ခိုင်ကို
နှုတ်ဆက်ပြီးပြန်လာခဲ့ပါတယ်။
အိမ်ကိုရောက်တော့ဒေါ်မိကြည်လှ
ပေးလိုက်သည့်ပိုက်ဆံအား
မိခင်ကိုပေးလိုက်ပြီးအကျိုးအကြောင်းအားလုံးပြောပြလိုက်တယ်။
ဒေါ်တင်မာဆွေလည်း သူလိုချင်သည့်
ပိုက်ဆံရပြီမို့ကျေနပ်နေပါတော့တယ်။
==============
“သမီး အဆင်သင့်ဖြစ်ပြီလား”
“ဖြစ်ပြီအမေ ”
“ဒါဆိုရင်ရော့ ဒီမှာဆွမ်းချိုင့်ယူသွား၊ဆရာတော်ကိုလည်းလျောက်လိုက်အုံး
နောက်ရက်မှအဖေနဲ့အမေလာခဲ့ပါ
အုံးမယ်လို့၊အခုတော့အလုပ်လေးတွေရှုပ်နေလို့
မလာနိုင်သေးကြောင်းသေချာ
လျောက်လိုက်အုံး”
“ဟုတ်ကဲ့ သေချာလျောက်လိုက်ပါ့မယ်အမေရဲ့”
“သားရေ ဖိုးထွန်း”
“ဗျာ အမေ”
“ဗျာ နောက်မှလာ လူအရင်လာခဲ့”
“ဘာခိုင်းမလို့လဲ အမေ”
“မင်းအစ်မနဲ့ ဘုန်းကြီးကျောင်းကို
လိုက်သွားရမယ်၊မင်းအစ်မတစ်ယောက်တည်း
စိတ္မခ်လို့”
“အမေကလည်း သမီးတစ်ယောက်တည်းလည်း
သွားပို့လို့ရပါတယ်အမေရဲ့”
“ဟုတ်သားပဲဗျာ
အစ်မပါသာအစ်မတစ်ယောက်တည်း
သွားလည်း ဘာစိတ်မချစရာ
ရှိလို့လဲအမေရဲ့ သားမလိုက်ချင်ပါဘူးဗျာ”
“ဟဲ့ နှစ်ယောက်စလုံး
လျာမရှည်ကြနဲ့ ငါကဒီလိုလုပ်ဆို
လုပ်လိုက် ပြန်ပြီးအတွန့်တက်မနေကြနဲ့
သွားလိုက်သွား”
ဒေါ်တင်မာဆွေ အော်ငေါက်လိုက်မှ
မောင်နှမနှစ်ယောက်အိမ်ထဲက
ထွက်သွားကြပါတယ်…”
“အမေကလည်းဘာမှန်းလဲမသိဘူး၊
မလိုက်ချင်ပါဘူးဆိုနေမှအတင်း
လိုက်ခိုင်းနေတာပဲ”
“ငါလည်းနင့်ကိုမခေါ်ချင်ပါဘူး
မောင်လေးရယ်၊အမေကဇွတ်ထည့်လို့သာခေါ်လာရတာ”
ကြာဖြူ တို့မောင်နှမနှစ်ယောက်
ဆွမ်းချိုင့်ကိုဆွဲကာရွာဦးကျောင်းဆီသို့
ရောက်လာကြပါတယ်။
ဘုန်းကြီးကျောင်းအဝင်ဝမှာ
ကိုကျော်ခိုင်ကိုအဆင်သင့်တွေ့လိုက်ရ
ပါတယ်.
“ကိုကျော်ခိုင် ရောက်နေတာ
ကြာပြီလား”
“သိပ်မကြာသေးဘူး ကြာဖြူရဲ့
စောနကလေးတင်ပဲရောက်တယ်”
“အစ်မ အစ်မကကျွန်တော့်ကို
ဘုန်းကြီးကျောင်းမလိုက်စေချင်တာ
ကိုကျော်ခိုင်နဲ့တွေ့ချင်လို့ကိုး”
“ဟာဒီကလေးကလည်း
လျှောက်ပြောနေပြန်ပြီ၊ကိုကျော်ခိုင်က
သူ့ပါသူလာတာပါ၊ငါနဲ့ဘာမှမဆိုင်ဘူး”
“အခုမှလာလိမ်မနေပါနဲ့ အစ်မရယ်၊မောင်လေးအားလုံးသိပြီးသားပါ၊အမေ့ကိုပြန်မပြောပါဘူးဗျာ”
“ဒီလိုဆိုတော့လည်း ငါ့ယောက်ဖ
လေးကလိမ္မာသားပဲကွ”
“ဘာယောက်ဖလဲဗျ၊ကျုပ်ကိုအဲ့လို
မခေါ်နဲ့
နောက်တစ်ခါခေါ်ရင်အမေနဲ့
တိုင်ပြောမယ်”
“ဟားဟား ဟား မခေါ်တော့ပါဘူး
ယောက်ဖလေးရယ်၊ အဲမှားလို့ ဖိုးထွန်းရယ်”
“ကဲဘုန်းကြီးကျောင်းထဲဝင်ကြစို့၊
ဆွမ်းချိုင့်လည်းပို့ရအုံးမယ်မလား
လာ မောင်လေး”
ကြာဖြူ တို့မောင်နှမနှင့်အတူတူ
ကိုကျော်ခိုင်လည်းလိုက်လာပါတယ်။
ကြာဖြူကရွာဦးကျောင်းဆရာတော်နဲ့
စကားစမြည်ပြောဆိုနေကြပါတယ်၊ကိုကျော်ခိုင်ကတော့ ဘုန်းကြီးကျောင်းဝန်းထဲက ပိတောက်ပင်ကြီးအောက်ကရပ်စောင့်နေပါတယ်။
ခဏနေတော့ ကြာဖြူနဲ့ဖိုးထွန်းတို့
ဆွမ်းချိုင့်ကိုဆွဲပြီးထွက်လာကြတယ်။
“ကိုကျော်ခိုင်ရယ် အားနာလိုက်တာ၊ဆရာတော်နဲ့ စကားပြောနေရသေးလို့ကြာသွားတာ”
“ရပါတယ် ကြာဖြူ ရယ်
ကိစ္စမရှိပါဘူး၊ကြာဖြူမျက်နှာလေးကို
မြင်နေရရင်ပဲကျေနပ်လှပါပြီ။
“အဟမ်းအဟမ်း”
ဖိုးထွန်းကချောင်းတစ်ချက်ကို
ဟန့်လိုက်ပါတယ်……”
“မောင်လေးနင်ကျောင်းက
ကိုရင်လေးတွေနဲ့ မတွေ့တာကြာပြီမလား၊နင်သွားပြီးစကားလေးဘာလေး
ပြောအုံးပေါ့ဟာ”
“သိတယ် သိတယ်
အစ်မကကျုပ်ကိုနှင်လွှတ်နေမှန်း၊
ကျုပ်ကပဲအလိုက်တသိရှောင်ပေးပါ့မယ်”
“ဟီး ဟီး ဟီး”
ဖိုးထွန်းကဆောင့်ငင်ဆောင့်ငင်ပြောပြီး
အနားမှထွက်သွားပါတယ်။
“ကြာဖြူ ကိုယ့်ကိုချစ်လား”
“ဟင်…ဘာလို့မေးနေသေး
တာလဲကိုရဲ့၊ကိုယ့်ကိုချစ်လို့အခုပဲစကား
ရပ်ပြီးပြောနေတာပေါ့လို့ ”
“တကယ်လို့ ကိုယ်တို့ဝေးသွားကြမယ်ဆိုရင်ရော”
“ဟာကိုကလည်း
ဘာတွေလျှောက်ပြောနေတာလည်း
ကိုကလည်းကြူဖြူကိုချစ်သလို
ကြာဖြူကလည်းကို့ကိုယ်ချစ်တယ်လေ၊
တစ်ယောက်နဲ့တစ်ယောက်မေတ္တာစစ်
မေတ္တာမှန်နဲ့ချစ်ကြရင်ဝေးဖို့ဆိုတာ
မဖြစ်နိုင်ပါဘူးကိုရယ်၊
ကြာဖြူကိုချစ်ရင် နောက်ကိုဝေးရမယ့်
အကြောင်းတွေမပြောပါနဲ့လားကိုရယ်
နော်……”
“အင်းပါ ကိုယ်မပြောတော့ပါဘူး။
ကိုယ်လေကြာဖြူကိုသိပ်ချစ်တာပဲ”
“ကြာဖြူလည်းကိုနဲ့ထပ်တူပါပဲနော်”
ကြာဖြူနဲ့ကိုကျော်ခိုင်တို့
နှစ်ယောက်၁၅မိနစ်ခန့် စကားရပ်ပြောပြီးမှရွာဦးကျောင်းမှ
ပြန်လာခဲ့ပါတော့တယ်။
=============
“အစ္မ”
“ဘာလဲ”
“အစ်မကိုမေးစရာရှိလို့”
“ဘာလဲမေးလေ”
“အစ်မနဲ့ ကိုကျော်ခိုင်ကြိုက်နေတာ
ကြာပြီလား”
“နင်ကဘာလုပ်ဖို့ မေးတာလဲ။
အမေနဲ့အဖေကိုပြန်တိုင်မလို့လား”
“ဟာမဟုတ်ပါဘူးအစ်မကလည်း၊အရွယ်ရောက်လို့ရည်းစားထားတာ
ဘာတိုင်စရာရှိလို့လဲဗျ။
သူများချစ်ခြင်းခွဲရင်ဝဋ်လိုက်မှာကြောက်လို့ ဟီးဟီး”
“အံမယ် နင်ကဝဋ်လည်မှာတော့
ကြောက်တယ်ပေါ့”
“ကြောက်တာပေါ့အစ်မကလည်း”
“ဒါနဲ့ မောင်လေး နင့်အမြင်မှာ
ကိုကျော်ခိုင်ကိုဘယ်လိုမြင်လဲ”
“ဘာကိုမေးတာလဲအစ်မ”
“ဒီလိုလေဟာ သူ့ရဲ့စိတ်နေစိတ်ထား၊အရည်အချင်း စသဖြင့်ပေါ့ဟာ”
“သြော် ဒီလိုလား၊ကိုကျော်ခိုင်က
ရုပ်ရည်လည်းမဆိုးဘူး၊သဘောလည်း
ကောင်းတဲ့သူ၊အလုပ်လည်းကြိုးစားတယ်လို့
ရွာထဲကလူတွေကပြောကြတယ်၊
မဆိုးဘူးလို့ပြောရမှာပဲအစ်မ”
“အင်း…ဒါပေမယ့်ဟာ
အမေနဲ့အဖေသာသိရင်၊ငါနဲ့ကိုကျော်ခိုင်
ကိုဘယ်လိုမှသဘောတူမှာမဟုတ်ဘူး”
“အင်း မောင်လေးလည်း
အမေနဲ့အဖေ့အကြောင်းကိုသိပါတယ်၊
ကိုကျော်ခိုင်ကဆင်းရဲတော့
အစ်မကို ကိုကျော်ခိုင်နဲ့ ဘယ်လိုမှ
သဘောတူမှာမဟုတ်ဘူး”
“အေးပါဟယ်၊
တစ်နေတော့အမေနဲ့အဖေ
နားလည်ပါစေလို့ ငါဆုတောင်းရမှာပဲလေ”
မောင်နှမနှစ်ယောက်စကား
တပြောပြောနှင့်အိမ်ပြန်ရောက်လာကြပါတယ်။
“ဒီမောင်နှမကြာလှချေလားကွ၊
ဘယ်တွေသွားနေကြတာလဲ”
“ဘယ်မှမသွားပါဘူးအဖေရယ်၊
သမီးတို့ ရွာဦးကျောင်းမှာ စကားကောင်း
နေကြလို့ပါ”
“ဘယ်သူနဲ့စကားကောင်းတာလဲ”
ဒေါ်တင်မာဆွေက ကြားဖြတ်ပြီး
မေးလိုက်ပါတယ်။
“ဟို ဟိုလေ ကျောင်းက
ဆရာတော်ကြီးရယ်၊ပြီးတော့စာသင်တဲ့
ကလေးတွေနဲ့စကားကောင်းနေတာ
အဲ့ဒါနဲ့ကြာသွားတာပါအမေရဲ့။
“ဖိုးထွန်း နင့်အစ်မပြောတာ
ဟုတ်သလား”
ဖိုးထွန်းကအစ်မဖြစ်သူ
ကြာဖြူရဲ့မျက်နာကိုတစ်ချက်ကြည့်
လိုက်ပြီးမှပြန်ဖြေလိုက်ပါတယ်။
“ဟုတ် ဟုတ်ပါတယ်အမေရဲ့”
“ပြီးရော ဒါပဲနော် နောက်မှ
ရှုပ်ရှုပ်ယှက်ယှက်အသံတွေ
မကြားချင်ဘူး”
“ဟုတ်ကဲ့ပါအမေ”
အလျှောက်ကောင်းလို့ အထောင်းလွတ်သွားသည့်အတွက်
ကြာဖြူရင်ထဲကအလုံးကြီးလည်း
ကျသွားရပါတယ်။
=============
“ကြာဖြူ ရေ ကြာဖြူ ”
“ဟဲ့ မိလုံးငါဒီမှာဟဲ့”
“ငါနင့်ကိုလာခေါ်တာအေ့”
“ဘာလုပ်ဖို့လဲ”
“အရီးမြင့်ကြည်တို့အိမ်မှာ
မြို့ ကလာရောင်းတဲ့အထည်လေးတွေ
သွားကြည့်မလို့ နင့်ကိုလာခေါ်တာ”
“ဟယ် ဟုတ်လား။
ငါလည်းအထည်ဆန်းလေးတွေ
လိုချင်နေတာကြာပြီအေ့”
“ဒါဖြင့်လည်း မြန်မြန်သွားကြည့်ရအောင်၊တော်ကြာ
သူများတွေဦးသွားလိမ့်မယ်”
“အေးအေး နင်ဒီမှာခဏစောင့်အုံး၊ငါပိုက်ဆံဝင်ယူလိုက်ဦးမယ်”
ကြာဖြူလည်းအခန်းထဲဝင်ပြီး
ပိုက်ဆံယူရန်အိမ်ထဲဝင်လာခဲ့ပါတယ်။
“ဒါကဘယ်သွားမလို့လဲ သမီး”
“သြော် သမီးမိလုံးနဲ့ အရီးမြင့်ကြည်
တို့အိမ်ကအထည်လေးတွေသွားကြည့်
မလို့ပါအေဖ”
“အေးပြီးရော၊မြန်မြန်သွားပြီး
မြန်မြန်ပြန်ခဲ့ကြားလား၊နင့်အမေ
ပြန်လာလို့နင့်ကိုမမြင်ရင်
ပုလိပ်စစ်ရဲစစ်စစ်နေလိမ့်မယ်”
“ဟုတ်ကဲ့အဖေ၊
သမီးမြန်မြန်ပြန်ခဲ့ပါ့မယ်”
ကြာဖြူ လည်းအခန်းထဲဝင်ကာ
ပိုက်ဆံယူလိုက်တယ်၊ပြီးမှမိလုံးနဲ့အတူ
ရွာအနောက်ပိုင်းကအရီးမြင့်ကြည်ရဲ့
အိမ်ကိုရောက်လာခဲ့တယ်။
“ဟယ် မိလုံးတို့ ကြာဖြူ တို့
ရောက်လာကြပြီလား၊ငါဒီမှာနင်တို့အတွက်
အဆင်ဆန်းလေးတွေချန်ထားတယ်အေ့”
“ကျုပ်တို့နဲ့လိုက်မယ့်အထည်တွေ
ချန်ထားတာတော့
ဟုတ်ရဲ့လားအရီးမြင့်ကြည်ရဲ့”
“အောင်မယ်လေး မိလုံးရယ်
ဒီမှာအများကြီးရွေးဖို့ ကျန်ပါသေးတယ်
အေ့၊စိတ်ကြိုက်သာရွေးစမ်းပါ
ကြာဖြူ သမီးအကြိုက်အရောင်လေးတွေ
ရှိတယ်နော်၊အရီးပြမယ်”
“ပြလေ ကြာဖြူ ကြည့်တာပေါ့
ကြိုက်လို့ကတော့ဝယ်ပြီးသားပဲဒီက”
“ရော့ ဒီမှာ စိတ်ကြိုက်သာရွေးပေတော့”
“ဟယ် လှလိုက်တာ မိလုံးရယ်၊ငါနဲ့ဒီအရောင်လေးလိုက်တယ်မလား”
“အေးလိုက်တယ်ဟဲ့၊
နင့်အသားကဖြူပြီးသားပဲဟာ
ဘယ်အရောင်နဲ့ဖြစ်ဖြစ်လိုက်ပြီး
သားပါအေ”
“အရီးမြင့်ကြည် ကြာဖြူ
ဒီဟာလေးတစ်ထည်ယူမယ်နော်”
“ယူပါတော် ယူပါ
အထည်းများများယူရင်တော့
အရီးကစျေးလျော့ပေးမှာပါ”
“ဟင်…အရီးမြင့်ကြည်
ဟိုနားကဘာထုပ်လဲ”
“သြော် အဲ့ဒါကအမျိုးသားဝတ်
လုံချည်လေတွေ ကြာဖြူ ရဲ့”
အရီးမြင့်ကြည်ရဲ့စကားကြောင့်
ကြာဖြူ ပြုံးလိုက်မိတယ်။
“အရီးမြင့်ကြည် အဲ့ဒီလုံချည်လေးတွေ
ကြာဖြူ ကိုပြပါလား”
“ဟင် ကြာဖြူ နင်ကဘာလုပ်ဖို့လဲ၊နင့်အဖေဖို့ဝယ်မလို့လား”
“အဖေ့မှာကဝတ်စရာလုံချည်တွေ
အများကြီးရှိပါတယ်ဟာ၊အခုဟာက
အဖေ့ဖို့ဝယ်မှာမဟုတ်ဘူး”
“ဒါဖြင့်ဘယ်သူ့အတွက်လဲ”
“ဟင်းဟင်း မိလုံးနင်ကနာမည်နဲ့
လိုက်အောင်လုံးနေတာပဲ၊ဘယ်သူ့အတွက်
ဝယ်မယ်ဆိုတာနင်ပဲစဉ်းစားကြည့်လေ”
“ဘယ်သူ့အတွက်လဲ အင် အင်
ဟာသိပြီ နင့်ချစ်သူ ကိုကျော်ခိုင်
အတွက်လား”
“ရှူး တိုးတိုးပြောပါဟ
အရီးမြင့်ကြည်ကိုအားနာစရာကြီး”
“အံမယ်လေး ရပါတယ် ကြာဖြူ ရယ်။
အရီးတို့လည်းငယ်ရာကကြီးလာတာပါ၊
ဒါတွေကပြောနေဖို့ မလိုပါဘူး”
“ပြပါဦး အရီး လုံချည်လေးတွေ”
“သြော် အေးအေး
ဒီမှာအကွက်နုတ်နုတ်လေးတွေနဲ့
လူငယ်တွေဝတ်ရင်သိပ်ခန့်သွားမှာ”
“ဟဲ့ ကြာဖြူ ဒီအကွက်လေးယူ
ဒါကကိုကျော်ခိုင်နဲ့ဆိုသိပ်လိုက်မှာအေ့”
“အေး နင်ပြောတဲ့အကွက်လေး
မဆိုးဘူး၊အရီးမြင့်ကြည် ကျွန်မဒါလေး
တစ်ထည်ယူမယ်နော်၊
“အေးပါ သမီးတို့စိတ်ကြိုက်သာယူ”
“ကဲ ထဘီတစ်ထည်ပုဆိုးတစ်ထည်
ယူမယ်အရီးမြင့်ကြည်”
“မိလုံးကတော့ ထဘီတစ်ထည်ယူမယ်”
“အရီးအားလုံးပေါင်းဘယ်လောက်ကျလဲ”
“အေးအေး အရီးတွက်ပေးမယ်နော်”
အရီးမြင့်ကြည်ကကျသင့်ငွေ
များအားတွက်ချက်ပေးတယ်။
ကြာဖြူနဲ့မိလုံးလည်းအထည်ဖိုးကျသင့်ငွေများကိုရှင်းပြီးပြန်လာခဲ့ပါတယ်။
============
“ဟဲ့ ကြာဖြူ ပြန်မယ်လေ
နင်ကဘယ်သွားမလို့လဲ”
“ဒီပုဆိုးကို ကိုကျော်ခိုင်ဆီ
ဝင်ပေးရဦးမယ်လေ”
“သြော် မေ့လို့ပါဟယ်”
“လာသွားမယ်”
ကြာဖြူ နဲ့မိလုံးလည်း
ကိုကျော်ခိုင်အိမ်ကိုရောက်လာခဲ့တယ်။
အိမ်ထဲကိုတန်းမဝင်ပဲ အိမ်ရှေ့ကနေ
အသံပေးပြီးအော်ခေါ်လိုက်တယ်။
“ကိုကျော်ခိုင် ကိုကျော်ခိုင်”
မိလုံးရဲ့အသံကြားတော့
အိမ်ထဲကကိုကျော်ခိုင်၏မိခင်
ဒေါ်သူခိုင်ထွက်လာပါတယ်။
“သားကျော်ခိုင်မရှိဘူးကွဲ့၊
အပြင်ကိုသူ့သူငယ်ချင်းတွေလာခေါ်လို့
လိုက်သွားတယ်၊ဘာကိစ္စရှိလို့လဲ
သမီးတို့…”
“သြော် ကြာဖြူ က
ကိုကျော်ခိုင်အတွက်လက်ဆောင်လာပေးတာပါအန်တီ”
“ဘာများလဲသမီးရဲ့”
“ကိုကျော်ခိုင်ဝတ်ဖို့ ပုဆိုးလေးပါ
ဒီမှာပါအန်တီ”
“အေးအေး သမီး
သားလာရင်ဘာများပြောလိုက်ရမလဲ
သမီးကြာဖြူ ”
“ဒီပုဆိုးလေးက ကိုကျော်ခိုင်
ဝတ်ဖို့ ကြာဖြူက လက်ဆောင်ပေးတာပါလို့၊အခုလိုလာပေးတာစိတ်မဆိုးပါနဲ့လို့
ပြောပေးပါအန်တီ”
“အေးကွယ် အန်တီပြောလိုက်ပါ့မယ်”
“ဒါဆိုသမီးတို့ ပြန်လိုက်အုံးမယ်အန်တီ”
“အေးအေး သမီးတို့ ”
ကြာဖြူ နဲ့မိလုံးလည်းကိုကျော်ခိုင်၏မိခင်
ဒေါ်သူခိုင်အားပုဆိုးပေးပြီး
ပြန်ခဲ့တယ်။
============
“သားပြန်လာပြီလား”
“ဟုတ်အမေ”
“သားအတွက်ဆိုပြီးတော့
ကြာဖြူကလက်ဆောင်လာပေးသွားတယ်”
“ဟင်…ဟုတ်လား သားလည်း
ဘာမှမသိရပါလားအမေရဲ့”
“ဘယ်သိမလဲသားကအပြင်သွားနေ
တာကိုးမိလုံးနဲ့ကြာဖြူ ကလာ
ပေးသွားတာ၊ပြီးတော့ကြာဖြူက
ပြောသွားသေးတယ် သူအခုလိုလက်ဆောင်ပေးတယ်ဆိုတာ
သားဝတ်ဖို့ပါတဲ့၊လက်ဆောင်လာပေးလို့စိတ်မဆိုးပါနဲ့တဲ့
ပြောသွားသေးတယ်၊ရော့ ဒီမှာ
သူပေးသွားတဲ့ပုဆိုးလေး”
“ကြာဖြူကတော့လုပ်လိုက်ပြန်ပြီ
ဘာလို့အကုန်အကျခံပြီးပေးရတာလဲ
မသိဘူး”
“ဒါနဲ့သားကိုမေးပါဦးမယ်
အဲ့မိန်းကလေးကြာဖြူ နဲ့ သားနဲ့
ဘယ်လိုပတ်သက်လို့လဲ အမေ့ကို
အမှန်အတိုင်းဖြေပါသား”
“ဟူး…အမေ့ကိုသားပြောဖို့
စဉ်းစားထားပြီးသားပါ။
သားမပြောခင်အမေ့ဘက်ကမေးလာ
တော့လည်း သားအမှန်အတိုင်း
ပြောရတော့မှာပေါ့၊ကြာဖြူ နဲ့သားက
ချစ်သူတွေဖြစ်နေကြတာကြာပါပြီ
ထုတ်မပြောဘူးဆိုတာကလည်း
အခြေအနေအကြောင်းကြောင်းကြောင့်
မပြောတာပါ”
“အင်း…သားရယ်
သားလည်းအရွယ်ရောက်ပြီးသား
လူပျိုတစ်ယောက်ဆိုတာအမေနား
လည်ပါတယ်။
သားရဲ့ဘဝအတွက် ဘဝလက်တွဲဖော်ရှာတဲ့နေရာမှာ
အမေဘာမှဝင်မပြောချင်ပါဘူး၊အေးဒါပေမယ့်အခုဟာကမင်းရဲ့ချစ်သူ
ကြာဖြူ နဲ့အမေတို့ရဲ့ အခြေအနေဟာ
အရမ်းကိုကွာခြားလွန်းတယ်သား၊
သူ့မိဘတွေသိခဲ့ရင်လည်း သားတို့နှစ်ယောက်ကိုဘယ်လိုမှ
သဘောတူကြမှာမဟုတ်ဘူးသား။
ဒေါ်တင်မာဆွေတို့ဆိုတာက
ဂုဏ်ပကာသနသိပ်မက်မောကြတာ
သားလည်းအသိပါပဲ။
အမေကတော့ငါ့သားလေးကို
နာကျင်ခံစားရမှာမကြည့်ရက်ဘူးသား
ဒီတော့ကြာဖြူ ကိုမေ့ပစ်လိုက်တာ
အကောင်းဆုံးပဲသား”
“ဗျာ…သားသူ့ကိုမေ့ရမယ်ဟုတ်လား၊
မဖြစ်နိုင်ဘူးအမေ သားသူ့ကိုသိပ်ချစ်တယ် သူမရှိရင်ဘယ်လိုအသက်ရှင်
ရမလဲတောင်သားမသိဘူး။
“သား ဒါကစွဲလန်းမှုကြောင့်ဖြစ်လာတဲ့
အရာတွေပါသားရယ်၊သားစိတ်ကို
အတတ်နိုင်ဆုံးထိန်းပြီးသူ့ကိုမေ့လိုက်ပါ
အမေဒါပဲပြောချင်တယ်”
“အမေရယ် သားသူ့ကိုဘယ်လိုလုပ်ပြီးမေ့လို့ရမှာ
လဲဗျာ”
ကိုကျော်ခိုင်ရဲ့ရင်ထဲကစကားတွေဟာ
အပြင်ကိုထွက်မလာပဲရင်ထဲမှာသာ
ဆို့နစ်နေခဲ့ပါတယ်။
============
“ဒါကဘယ်လဲ ကြာဖြူ ”
“မိလုံးအိမ်ကိုခဏသွားလည်မလို့ပါအမေ”
“စောစောပြန်လာခဲ့နော်။
ညနေကြရင်အကြွေးတောင်းခိုင်းစရာတွေ
ရှိသေးတယ်”
“ဟုတ်အမေ”
ကြာဖြူလည်းမိလုံးအိမ်ကို
ထွက်လာခဲ့ပါတယ်။
“မိလုံးရေ မိလုံး”
“ဟေး ငါဒီမှာသူငယ်ချင်း
နောက်ဖေးမှာဟေ့”
“မိလုံးနင်ဘာတွေချက်နေတာလဲ”
“ဝက်သားချက်နေတာကြာဖြူရေ
ကိုစံထွားတို့အိမ်ကဝက်ကြီးသေသွားလို့၊ဖြတ်ပြီးရောင်းကြတယ်လေ။
ဒါနဲ့အမေကတစ်ပိဿဝယ်ထားလိုက်တာ
ဒါနဲ့နေပါဦး နင်ကမလာစဖူးအလာထူးလို့ဘာကိစ္စလဲ”
“ဟီး ဟီး ငါနင့်ကိုအကူအညီတစ်ခုလောက်
တောင်းချင်လို့အေ့”
“သိသားပဲ ညည်းလိုမိန်းမက
ငါ့ကိုခိုင်းချင်မှအမှတ်ရတာမလား”
“မဟုတ်ရပါဘူး ချစ်သူငယ်ချင်းလေးရယ်၊ငါ့သူငယ်ချင်းလေးကိုအမြဲတမ်းအမှတ်ရပါတယ်။
“နေစမ်းပါအုံး နင်ကငါ့ကို
ဘာအကူအညီတောင်းမလို့လဲ၊
ပိုက်ဆံတော့လာမချေးနဲ့နော်
မချေးနိုင်ဘူး”
“ချေးစရာလား နင့်ဆီက
အခုငါပြောမှာက နင်အားတဲ့အခါကြရင်
ကိုကျော်ခိုင်ကိုသွားပြောပေးပါလား၊
မနက်ဖြန်ညနေ၃နာရီလောက်
တွေ့နေကြမန်ကျည်းပင်ကြီးအောက်ကို
လာခဲ့ပါလို့ ပြောပေးနော် မိလုံး”
“ဒါများဟယ် နင့်ဟာနင်
သွားပြောလည်းရနေတာပဲဟာကို
အလကားငါ့လာခိုင်းနေသေးတယ်”
“ရတော့ရတာပေါ့ဟဲ့
မိန်းကလေးတန်ပဲ ယောက်ျားလေး
တစ်ယောက်အိမ်ကိုခဏခဏ
သွားနေရင်ငါသိက္ခာကျမှာပေါ့
မိလုံးရယ်”
“သြော် ရှင့်ဘက်က
စပြီးချိန်းတာကရော သိက္ခာမကျဘူးလား”
“ဟီးဟီ ဒါကချစ်တာကိုးအေ့
ညည်းကိုဒါတွေပြောပြလည်း
ညည်းနားလည်မှာမဟုတ်ဘူးလေ။
ဘာလို့လဲဆိုတော့ နင့်မှာရည်းစားမှ
မရှိတာကိုး”
“အံမယ် ကောင်မနော်
ညည်းကအကူအညီလည်းတောင်းသေး
င့ါကိုလာပြီးနှိပ်ကွက်နေပြန်ပြီ”
“စတာပါသူငယ်ချင်းရဲ့”
“အေးပြီးရော ငါဒါလေးချက်ပြီးရင်
သွားပြောလိုက်မယ်”
“ဒါဆိုရင်ငါပြန်တော့မယ်
မိလုံး တော်ကြာအမေက ကြာနေလို့
ဆိုနေလိမ့်မယ်”
“ကြာဖြူ နင်ရောက်တာ
၁၀မိနစ်တောင်မရှိသေးပါဘူးအေ။
အခုမှကြောက်တတ်နေလိုက်တာ”
“ဟဲဟဲ ငါသွားပြီ သူငယ်ချင်းရေ”
“ကြွကြွ ပြန်တော်မူပါရှင် ပြန်တော်မူပါ”
ကြာဖြူလည်းမိလုံးကို
ရယ်ကျဲကျဲလုပ်ပြပြီးပြန်သွားပါတယ်။
==============
နောက်တစ်နေ့ ညနေ၃နာရီမထိုးခင်
ကြာဖြူလည်းမိခင်လည်းအိမ်မှာမရှိသည့်အတွက်ဖခင်၏အလစ်တွင်
အိမ်ကထွက်သွားပါတယ်။
ရွာအပြင်ကတွေ့နေကြ
နေရာလေးဖြစ်သည့်မန်ကျည်းပင်ကြီး
ဆီကိုကြာဖြူ ရောက်လာပါတယ်။
မန်ကျည်းပင်ကြီးအောက်ကို
ရောက်တော့ကိုကျော်ခိုင်ကအရင်ကြိုပြီး
ရောက်နှင့်နေတာကိုမြင်ရပါတယ်။
ကိုကျော်ခိုင်ကကြာဖြူ လက်ဆောင်
ပေးထားတဲ့ပုဆိုးလေးကိုသပ်သပ်ရပ်ရပ်
ဝတ်လာပါတယ်။
“သြော် ကြာဖြူ ရောက်လာပြီလား”
“ကို စောင့်နေတာကြာပြီလား”
“မကြာသေးဘူး ခုနလေးတင်ပဲရောက်တာ၊မိလုံးက
လာပြောတယ် ကြာဖြူ ကတွေ့ချင်တယ်တဲ့ဒါကြောင့်ကိုယ်လည်း
အိမ်ကစောစောထွက်လာခဲ့တာ
ဒီကနေ့ကြာဖြူနဲ့ တွေ့ချင်လို့
အလုပ်တောင်မလုပ်ပဲနားလိုက်တာ”
“ကြာဖြူ ကြောင့် ကိုလည်း
အလုပ်တွေနှောင့်နှေးရပြီ”
“ရပါတယ် ကြာဖြူ ကိုတွေ့ရဖို့က
ခဲယဉ်းတယ်မလား၊ဒါကြောင့်ဘာမှ
မလုပ်ပဲလာစောင့်နေတာပေါ့”
“ကြာဖြူ လည်းကိုယ့်ကို
တွေ့ချင်လို့ ချိန်းလိုက်တာပါ။
အထူးတလည်တော့ပြောစရာအကြောင်း
မရှိပါဘူး။
ဒါနဲ့ ကြာဖြူ လက်ဆောင်ပေးထားတဲ့
ပုဆိုးလေးကိုရောကြိုက်ရဲ့လား”
“ကြိုက်ပါ့ဗျာ
ကိုယ့်ချစ်သူကအမှတ်တရလက်ဆောင်
ပေးထားတာပဲ။
ကိုယ်ကြိုက်တာပေါ့”
“ကြာဖြူ လေ ကိုယ်နဲ့အတူ
ဘဝတစ်ခုကိုလျှောက်လှမ်းချင်ပြီသိလား”
“စောပါသေးတယ်ကြာဖြူရယ်၊
အခုအချိန်ကိုယ်လည်းကြိုးစားနေတုန်းပဲ
ရှိသေးတယ်လေ။
ကြာဖြူကိုတင့်တောင်းတင့်တယ်
မထားနိုင်သေးပဲလက်မထပ်ချင်သေးဘူး။
ကိုယ့်ချစ်သူပင်ပန်းဆင်းရဲမှာ
ကိုယ်မကြည့်ရက်ဘူး ကြာဖြူ ”
“သြော် ကိုယ်ရယ် ကြာဖြူ ကို
သိပ်ချစ်ပါလား”
“နောက်ထပ်မရှိနိုင်တော့တဲ့
အချစ်တွေနဲ့ကိုချစ်တာပါ”
“ကြာဖြူ ယုံပြီးသားပါကို”
“သြော် ဒါကတော်တော်လေးကို
ဖြစ်နေကြတာပေါ့ဟုတ်လား မိကြာဖြူ ”
“ဟင်”
“ဟာ …အေမ”
“အမေလိုက်လာတယ်”
“အေးဟုတ်တယ်
ငါလိုက်လာတာလေ ညည်းကမိုးမမြင်
လေမမြင်ဖြစ်နေမှကိုး။
ဒီမယ် မောင်ကျော်ခိုင် မင်းနဲ့ငါ့သမီးနဲ့
အဆင့်အတန်းကဘယ်လောက်ကွာခြားလဲဆိုတာ မင်းမသိဘူးလား၊
မင်းလိုအဆင့်နဲ့ငါ့သမီးကိုများ
ရာရာစစတက်ကြိုက်ရတယ်လို့။
“ကျွန်တော်သူ့ကိုမြတ်မြတ်နိုးနိုး
နဲ့တကယ်ချစ်တာပါ အန်တီ”
“တော် တိတ် မင်းလိုမုဆိုးမ
သားကငါ့သမီးကိုဘယ်လိုထားနိုင်မှာ
မို့လို့လဲ။
မင်းဟာမင်းတောင်ထမင်းနပ်မှန်အောင်
လုပ်စားနေရတာ ဘယ်လိုလုပ်
ငါ့သမီးကိုမင်းနဲ့ပေးစားနိုင်မှာလဲ။
“အမေကိုယ့်ကိုအဲ့သလို မပြောပါနဲ့”
“တော်စမ်း ညည်းက ဒီလိုငမွဲကောင်ကို
ဘာတွေကြည့်ကြိုက်ရတာလဲ။
လာသွားမယ် အခုလိုက်ခဲ့”
“ကြာဖြူ ကြာဖြူ ”
“ကို ကို ”
ဒေါ်တင်မာဆွေက ကြာဖြူ ကို
အတင်းဆွဲပြီးခေါ်သွားပါတော့တယ်။
ကိုကျော်ခိုင်လည်းစိတ်မကောင်း
ဖြစ်ပြီးကျန်နေခဲ့တယ်။
============
“ထိုင်စမ်း”
“အမယ်လေး”
“မိန်းမဘာဖြစ်လာတာလဲကွ”
“ဘာဖြစ်ရမလဲ ရှင့်သမီးလေ
အနုတ်စုတ်ဂုတ်စုတ် ကောင်နဲ့ချိန်းတွေ့နေလို့လေ”
“‘ဟေ ဘယ်သူတုန်းကွ”
“ဘယ်သူရှိရမှာလဲ ဟိုကောင်ကျော်ခိုင်
နဲ့ပေါ့။ခွေးဖြစ်ချင်တဲ့ကောင်မ
ညည်းကပြာပုံဝတ်ချင်နေတာလား”
“အမေရယ် သမီးတို့က
တစ်ယောက်ကိုတစ်ယောက်မေတ္တာစစ်
မေတ္တာမှန်နဲ့ ချစ်တာပါ”
“တော်တိတ် …ငါနားထောင်နေလို့
အကောင်းမှတ်နေသလား။
သမီးပြောတဲ့မေတ္တာစစ်မေတ္တာမှန်က
ဗိုက်မဝဘူးအဲ့ဒါသမီးနားလည်လား
ဒီမယ်အဖေပြောမယ် သမီး
သမီးကိုဆင်းဆင်းရဲရဲဖြစ်သွားမှာ
အဖေတို့မမြင်ချင်ဘူး။
သားသမီးကိုရွှေပေါ်မြတင်ပြီးတော့ပဲ
မြင်ချင်တာမိဘတွေရဲ့မေတ္တာပဲ
အဲ့ဒါသမီးနားလည်ထား”
“အိုရှုပ်ပါတယ်ဒီကောင်မကို
မန္တလေးကဒေါ်လှိုင်စိုးသား
မောင်ထွန်းမြင့်နဲ့ အိမ်ထောင်ချပေးမှ
ဖြစ်တော့မယ်။
မဟုတ်ရင်ဟိုငမွဲကောင်နဲ့ သေချာပေါက်ညားမှာပဲ”
“အမေ အမေ မလုပ်ပါနဲ့
သမီးကိုအိမ်ထောင်ချမပေးပါနဲ့အမေ
သမီးတောင်းပန်ပါတယ်။
သမီးမချစ်တဲ့လူနဲ့ သမီးလက်မထပ်ချင်ဘူး”
“နားငြီးတယ် သွားအခန်းထဲဝင်နေ
ဒီကနေ့စပြီး ညည်းအိမ်ထဲကအိမ်အပြင်
လုံးဝမထွက်ရဘူးဒါပဲ”
“အေမ အေမ့ အီးဟီးဟီး”
ဖိုးထွန်းလည်းအစ်မဖြစ်သူ ကြာဖြူကို
ကြည့်ပြီးစိတ်မကောင်းဖြစ်နေမိပါတယ်။
============
ထိုနေ့ကစပြီး ကြာဖြူနဲ့ကိုကျော်ခိုင်နဲ့
အဆက်အသွယ်ပြတ်သွားခဲ့ပါတယ်။
အိမ်ကနေခိုးထွက်ဖို့ ကြိုးစားပေမယ့်
ဖခင်ဖြစ်သူကအမြဲစောင့်ကြည့်နေသည့်
အတွက်ကြာဖြူအိမ်မှထွက်၍မရခဲ့ပါ။
တစ်ပတ်ခန့်ကြာတော့
မိလုံးတစ်ယောက်ကြာဖြူအိမ်ကို
ရောက်လာပါတယ်။
“ကြာဖြူ ရေ ကြာဖြူ ”
“မိလုံးဘာကိစ္စလဲ”
“သြော် ဦးလေးကြာဖြူ နဲ့တွေ့ချင်လို့ပါ”
“အခန်းထဲမှာရှိတယ် တွေ့ချင်ရင်
ဝင်သွား။
“ဟုတ်ကဲ့ ဦးလေး”
မိလုံးလည်းကြာဖြူရှိသည့်
အခန်းထဲဝင်လာပါတယ်။
“ဟင်…ကြာဖြူရယ်
နင့်ကြည့်ရတာပိန်လိုက်တာဟယ်
အစားလေးတော့မှန်အောင်စားမှပေါ့”
“ဘာမှမစားချင်ပါဘူးမိလုံးရယ်။
အခုလိုပိတ်လှောင်ခံနေရတဲ့ဘဝထက်
သေသွားတာကမှကောင်းဦးမယ်”
“ဟင်း…အေးဟယ်
ငါလည်းဘာပြောလို့ပြောရမှန်းမသိ
တော့ဘူးဟာ။
ငါနင့်ကိုဘာကူညီရမလဲ ကြာဖြူ ”
“နင်တကယ်ကူညီမယ်ဆိုရင်
ကိုကျော်ခိုင်ကိုဒီစာလေးပေးပေးပါလား”
ကြာဖြူကစာရွတ်ခေါက်လေး
တစ်ခုအားမိလုံးကိုပေးလိုက်တယ်။
“ဒါဘာစာလဲ ကြာဖြူ”
“ဒီစာထဲမှာ သူငါ့ကိုတကယ်ချစ်ရင်
မနက်ဖြန်ည၁၀နာရီမှာလာခိုးပါလို့
ရေးထားတယ်မိလုံး။
သူလာခိုးရင်ဖြစ်ချင်ရာဖြစ်ဟာ
ငါကျော်ခိုင်နောက်အပြီးလိုက်သွားမယ်
အကယ်၍သူမလာဘူးဆိုရင်။
အမေပေးစားတဲ့မန္တလေးကကိုထွန်းမြင့်
ကိုပဲယူရတော့မှာပေါ့အေ”
ကြာဖြူလည်းပြောရင်းမျက်ရည်များ
ကျလာပါတယ်။
“နင်ပြောတဲ့ ကိုထွန်းမြင့်ဆိုတာ
နင့်ထက်အသက်၁၀နှစ်လောက်ကြီးတယ်
မလား”
“ဟုတ်တယ် ငါ့ထက်အသက်ကြီးတယ်
သန်ဘက်ခါကြရင် အမေကငါ့ကို
မန္တလေးပို့ဖို့စီစဉ်နေတယ်။
မနက်ဖြန်ကငါ့ဘဝရဲ့ အရေးကြီးဆုံး
နေ့တစ်နေ့ပဲ မိလုံး နင်ကူညီပါဟာနော်”
“စိတ်ချ သူငယ်ချင်း
ငါအစွမ်းကုန်ကူညီပါ့မယ်။
ငါကလေကိုကျော်ခိုင်ကလွဲရင်နင့်ကို
ဘယ်သူနဲ့မှသဘောမတူဘူးအေ့”
“ကျေးဇူးပါသူငယ်ချင်းရာ”
“ဒါဆိုငါပြန်တော့မယ်
နင်လည်းအစားလေးဝအောင်စားပြီး
ကျန်းမာရေးဂရုစိုက်ဦး ကြားလား”
“အင်းပါ”
မိလုံးလည်းကြာဖြူပေးလိုက်သည့်
စာရွက်ခေါက်လေးကိုအင်္ကျီထဲ
ထည့်ပြီးသိမ်းလိုက်ပါတယ်။
“ဦးလေး မိလုံးပြန်တော့မယ်နော်
နောက်မှပဲအေးဆေးလာလည်တော့မယ်”
“အေးအေး နင့်သူငယ်ချင်းကိုလည်း
ကြည့်ပြောဦးမိလုံးရေ။
ဘယ်လိုအကောင်ကိုရွေးမိမှန်းမသိဘူး”
“ဟုတ်ပါ့ ဦးလေးရယ်
သူမို့လို့ ဒီလိုကောင်ကိုရွေးရတယ်လို့။
ကဲဦးလေး မိလုံးသွားဦးမယ်”
“ကောင်းပါပြီဗျာ”
မိလုံးလည်း ကြာဖြူ ၏ဖခင်
စိတ်ကြိုက်လိုက်ကာပြောလိုက်ပါတယ်။
=============
“ကိုကျော်ခိုင် ရော့ ဒီမှာ”
“ဘာလဲဒါက ”
“ကြာဖြူက ပေးလိုက်တဲ့စာ”
“ဟင်…ဟုတ်လား ပေးစမ်း”
ကိုကျော်ခိုင်လည်းမိလုံးလက်ထဲက
စာရွက်အားယူပြီးဖတ်လိုက်ပါတယ်။
“ကို ကြာဖြူ ကိုတကယ်ချစ်ရင်
မနက်ဖြန်ည၁၀နာရီတိတိမှာ
ကြာဖြူတို့အိမ်ရှေ့မှာစောင့်နေပေးပါ။
ကြာဖြူအိမ်ထဲကခိုးထွက်ခဲ့မယ်
ပြီးရင် ကို့နောက်ကိုလိုက်ပြီး
ဘဝကိုအတူတူရင်ဆိုင်ကြတာပေါ့နော်
ချစ်တဲ့ကြာဖြူ ”
“ဟူး…”
“ဘာလို့သက်ပြင်းချလိုက်တာလဲ
ကိုကျော်ခိုင် ဘာဖြစ်လို့လဲ”
“ငါဘယ်လိုလုပ်သင့်လဲ
စဉ်းစားနေတာဟ”
“သြော်…ကိုကျော်ခိုင်ရယ်
ကြာဖြူ ပြောတဲ့အတိုင်းမနက်ဖြန်ည
၁၀နာရီမှာကြာဖြူကို သွားခိုးပေါ့လို့။
ဘာမှတွေဝေမနေနဲ့ ”
“ဟင်…မိလုံး နင်ဒီထဲကစာတွေကို
ခိုးဖတ်ထားတာလား”
“ခိုးမဖတ်ပါဘူးကြာဖြူကိုယ်တိုင်
ပြောပြလို့သိရတာပါ။
ကိုကျော်ခိုင် ကြာဖြူကိုသွားခိုးမယ်မလားဟင်”
“ကဲပါ နင်ပြန်စရာရှိတော့
ငါ့ကိစ္စငါလုပ်လိုက်ပါ့မယ်”
“အင်းပါ…ခိုးဖြစ်အောင်ခိုးနော်”
မိလုံးလည်းကိုကျော်ခိုင်ကို
အတင်းတိုက်တွန်းပြီးထွက်သွားပါတယ်။
“သားမိလုံးလာတာဘာကိစ္စလဲ”
“ဟို ဟိုလေ အလှူကိစ္စပါအမေရ
ဘာမှမဟုတ်ပါဘူး”
“သားအမေ့ကိုလိမ်မနေပါနဲ့
မိလုံးနဲ့သားနဲ့ ပြောတဲ့
စကားတွေကိုအမေအားလုံးကြားပြီးပြီ။အမေကတော့
ဖြစ်လာမယ့်ပြဿနာတွေကို
ရင်မဆိုင်ချင်ဘူးသား။
ဒီတော့အမေတစ်ခုပဲပြောချင်တယ်
အမေတို့လိုဆင်းရဲတဲ့ဘဝထဲကို
သားသိပ်ချစ်တဲ့မိန်းကလေးတစ်ယောက်ကိုခေါ်မလား၊ဒါမှမဟုတ် သူကောင်းစားတာကိုသားမြင်ချင်လား”
“ခက်ပါလားအမေရယ်
သားသူ့ကိုအဆုံးရှုံးမခံနိုင်ဘူး။
အမေကဒီလိုပြောမှတော့
သားဘာဆက်လုပ်ရမလဲဗျာ”
ကိုကျော်ခိုင်၏ရင်ထဲမှ
ပြောနေသည့်စကားများက
နှုတ်ဖျားအပြင်သို့ထွက်လာနိုင်စွမ်း
မရှိတော့။
=============
ညကတိတ်ဆိတ်လို့နေတယ်
ကြာဖြူတစ်ယောက်ကိုကျော်ခိုင်
ရောက်လာမယ့်အချိန်ကိုအမှောင်ထဲက
စောင့်နေခဲ့တယ်။
ည၁၀နာရီလည်းကျော်လာခဲ့ပြီ
ကြာဖြူလည်းကိုကျော်ခိုင်ကို
စောင့်ရင်းမျက်ဝန်းအိမ်မှမျက်ရည်များ
ကျဆင်းလာခဲ့တယ်။
မျှော်လင့်တကြီးစောင့်နေရပေမယ့်
ကိုကျော်ခိုင်တစ်ယောက်ရောက်လာ
ခြင်းမရှိပါ။
ကြာဖြူလည်းမျက်ရည်များကိုသုတ်ပြီး
အိမ်ထဲပြန်ဝင်လာခဲ့တယ်.
“ကြာဖြူရေ ကိုယ်မင်းဆီကို
မလာဖြစ်တာတောင်းပန်ပါတယ်ကွာ။
ကိုယ့်ရဲ့မသာယာတဲ့ဘဝထဲကို
ကြာဖြူကိုဆွဲမခေါ်ရက်လို့
ရင်နာနာနဲ့စွန့်လွှတ်ဖို့ ဆုံးဖြတ်လိုက်တာပါ
ကိုယ်တောင်းပန်ပါတယ် အချစ်ရယ်”
ကိုကျော်ခိုင်တစ်ယောက်စိတ်ထဲကနေ
ကြာဖြူကိုတောင်းပန်စကားဆိုရင်း
ခေါင်းအုံးထက်၌မျက်ရည်များ
ကျလာခဲ့ပါတယ်။
“သြော်…ရက်စက်လိုက်တာကိုယ်ရယ်
ကြာဖြူကိုသိပ်ချစ်တယ်ဆို။
အခုတော့ကြာဖြူမချစ်မနှစ်သက်တဲ့
လူတစ်ယောက်လက်ထဲကို
ထည့်ပေးတော့မယ်ပေါ့။
ကြာဖြူကိုတမင်များလှည့်စားလိုက်တာလားကိုရယ်
ဒီဘဝတော့ကြာဖြူတို့ဝေးကြရပြီ
ထင်ပါတယ်ရှင်……”
ကြာဖြူတစ်ယောက်ပူလောင်လှတဲ့
ညတစ်ညကိုငိုကြွေးရင်းကုန်ဆုံးခဲ့ရပါ
တော့တယ်။
===============
“ကြာဖြူ အဆင်သင့်ဖြစ်ပြီလား
ရွာထိပ်မှာကားစောင့်နေတယ်
မြန်မြန်လုပ်”
မိခင်ဖြစ်သူဒေါ်တင်မာဆွေက
ပြောလိုက်ခြင်းပင်။
ကြာဖြူလည်းအဝတ်အိတ်ကို
ဆွဲကာအိမ်ထဲမှထွက်လာခဲ့တယ်။
“အားလုံးအဆင်သင့်ဖြစ်ပြီ
နင်ပဲကျန်တော့တယ်။
ကဲလာသွားမယ် ကားသမားစောင့်နေရတာ အားနာစရာကြီး”
“သားသွားမယ်”
မိသားစုလေးယောက်
ရွာပြင်သို့ထွက်လာကြပါတယ်။
ကားသမားကလည်းစောင့်ရတာ
ကြာနေပြီမို့ စိတ်မရှည်ဟန်နဲ့
ကြည့်နေပါတယ်။
“ကဲရောက်လာပြီဆိုရင်လည်း
ကားပေါ်မြန်မြန်တက်ကြတော့
စောင့်နေတာကြာလှပြီ”
“သမီးကိုစောင့်နေလို့ ကြာသွားတာပါ
ကားဆရာရယ်…”
“ကဲ မောင်းမယ်ဟေ့ ဆွဲတော့
ကားဆရာရေ”
“ဘူး ဘူးဝူး ဝူး”
ကားမောင်းထွက်သွားသည်နှင့်
ကြာဖြူ လည်းရွာဘက်ကိုလှမ်းကြည့်
လိုက်တယ်။
သူသိပ်ချစ်တဲ့လူတစ်ယောက်နဲ့
ရွာလေးကိုအပြီးတိုင်ခွဲရတော့မယ်ဆိုတာကိုတွေးမိတော့ မျက်ရည်က
အလိုလိုကျလာခဲ့တယ်။
“ညည်းငိုနေလို့လည်း
ငါတို့မိဘတွေက ဆုံးဖြတ်ချက်
ပြင်မှာမဟုတ်ဘူး။
မိကြာဖြူ နင်မောင်ထွန်းမြင့်နဲ့ပဲလက်ထပ်ရမယ်
ကြားလား”
“ကြားတယ်ကြားတယ်
အမေတို့ကြိုက်သလိုသာလုပ်ကြပါတော့
ကြာဖြူ ဘာမှမပြောချင်တော့ဘူး။
အီး ဟီး ဟီး
“သမီးလူကြားမကောင်း
ငိုယိုမနေနဲ့တိတ်စမ်း”
ဖခင်ဖြစ်သူကငေါက်လိုက်မှ
ကြာဖြူအသံမထွက်အောင်ငိုနေမိတယ်။
ဖိုးထွန်းကတော့အစ်မဖြစ်သူ
အတွက်စိတ်မကောင်းရုံမှလွဲ၍
ဘာမှမတတ်နိုင်ခဲ့ပါ။
မကြာမီမန္တလေးသို့ ရောက်လာပြီး
အိမ်ကြီးတစ်အိမ်ရှေ့ ၌ကားရပ်လိုက်
ပါတယ်။
“ဆင်းတော့ ကြာဖြူ ”
“လာသား ဒါသားအဒေါ်အိမ်ပဲ
လာအိမ်ထဲဝင်ရအောင်။
ကိုထွန်းခင် ရှင်ကအဝတ်အိတ်တွေ
သယ်လာခဲ့”
“အေးအေး”
“ခင်နွယ်ရေ ခင်နွယ်”
“ဟယ် မမတို့ရောက်လာကြပြီလား”
“လာလာအိမ်ထဲဝင်ခဲ့”
“ဟယ် ငါ့တူမကြီးက
လှလိုက်တာဟယ်။
ကြည့်စမ်းပါဦးငါ့တူကြီးလည်းထွားလာလိုက်တာ”
“ခင်နွယ် အခုငါတို့ရောက်နေတဲ့
အကြောင်းဒေါ်လှိုင်စိုးတို့ကို
အကြောင်းကြားပြီးပြီလား”
“အကြောင်းကြားထားပါတယ်
မမရယ်။
ညနေကြရင်လာမယ်လို့ပြောတာပဲ”
“သူတို့ဘက်ကဘာပြောသေးလဲ”
“ဒေါ်လှိုင်စိုးက သူ့သားမင်္ဂလာကိစ္စ
အဆင်ပြေရင် တိုက်တစ်လုံးနဲ့အိမ်ဝိုင်း
လက်ဖွဲ့မယ်လို့ ပြောတယ်။
ပြီးတော့သူ့ရဲ့လုပ်ငန်းတွေကိုလည်း
ဦးစီးခွင့်ပြုပေးဦးမှာတဲ့ မမရေ”
“ဒါဖြင့်ဟန်ကျသဟေ့
ဘာမဟုတ်တဲ့တောကအနုတ်စုတ်
ဂုတ်စုတ်နဲ့တော့ မိုးနဲ့မြေလိုကွာပ
ကြာပ”
“သြော်မမရယ်
တူမလေးကိုအဲ့သလောက်လည်း
မပြောပါနဲ့။
ကြာလာရင်သူနားလည်သွားမှာပါ”
“ဟယ် မမကြာဖြူ တို့ရောက်နေကြပါလား”
“သမီးကြာဖြူ ဒါက
အန်တီခင်နွယ်ရဲ့သမီးသက်မာတဲ့
သမီးကြာဖြူ နဲ့ညီအစ်မဝမ်းကွဲ
တော်တယ်လေ”
“သိတယ်အန်တီ”
“အေး အေး ပါကွယ်
ငါ့တူမကြီးတို့ နားလိုက်ကြဦးပေါ့
ပြီးမှထမင်းလက်ဆုံစားကြမယ်နော်”
“ကဲ ခင်နွယ် မမတို့ နားလိုက်ဦးမယ်”
“သွားပြီနော် အန်တီ”
“အေးကွယ် ငါ့တူလေး”
“မေမေ မမကြာဖြူက
မတွေ့တာကြာလို့လားမသိဘူး
သမီးကိုတောင်မခေါ်ဘူး”
“မဟုတ်ဘူးသမီးရေ
သူမကြိုက်တဲ့သူနဲ့ ပေးစားတော့မှာမလို့
အခုလိုဖြစ်နေတာလေ”
“သြော် ဒီလိုလား”
=============
“မတင်မာဆွေ မခင်နွယ်”
“ဟော မလှိုင်စိုးတို့သားအမိပါလား
လာကြလာကြ အိမ်ထဲလာကြ”
“မောင်ထွန်းမြင့်ထိုင်ဦးကွဲ့”
“ဟုတ်ကဲ့”
“ခဏနော် မမတို့ကို
သွားခေါ်လိုက်ဦးမယ်”
“မမေရ မမ”
“ဘာလဲခင်နွယ်”
“အောက်မှ မလှိုင်စိုးတို့သားအမိ
ရောက်နေတယ် ပြီးရင်ဆင်းလာ
ခဲ့ကြတော့”
“အေးအေး ဆင်းလာခဲ့မယ်”
“ကြာဖြူ မြန်မြန်လုပ်
အောက်မှဒေါ်လှိုင်စိုးတို့သားအမိ
ရောက်နေကြပြီ”
“အင်းပါ သိပါတယ်”
“သိရင်လည်းမြန်မြန်ပြင်
သိပ်မပြောချင်ဘူး။
အောက်ရောက်ရင်နင့်မျက်နာနဲ့
လေသံကိုပြင်ထားငါပြောတာ ကြားလား”
“ကြားတယ်”
“လေသံကိုက ဟင်းဟင်း”
===========
“ဟောဆင်းလာကြပြီပြောရင်းဆိုရင်း”
“ဟယ် လှလိုက်တာနော်
မအေနဲ့သမီးတဲ့ ပြောလို့သာယုံရတယ်
ညီအစ်မတွေကြနေတာပဲ”
“မြှောက်ပြန်ပြီ မမလှိုင်စိုးရယ်”
“သမီးကြာဖြူ ဒါသမီးနဲ့
လက်ထပ်ရမယ့် မောင်ထွန်းမြင့်လေ
စကားလေးဘာလေးပြောပါဦး”
“ဟုတ်ကဲ့ ”
“မောင်ထွန်းမြင့် မုန့်လေးဘာလေး
သုံးဆောင်ပါဦး မမလှိုင်စိုးကော်ဖီ
သောက်လေ”
“ဟုတ်ကဲ့ စားပါတယ်ဗျ”
“ဒါနဲ့သားရေးသမီးရေး
ကိစ္စလေးပြောလိုက်ကြတာပေါ့
ကိုထွန်းခင်နဲ့မတင်မာဆွေတို့ ဘက်က
ကျွန်မသားနဲ့သမီးလေးကြာဖြူကို
ဘယ်လိုသဘောရသလဲရှင်.
“ဟာဗျာ …ဘာသဘောမတူစရာရှိသလဲဗျ
အခုလိုကိုယ့်ခြေထောက်ပေါ်ကိုယ်
ရပ်တည်ပြီးနေနိုင်တဲ့လူတစ်ယောက်နဲ့
ကျုပ်သမီးကြာဖြူကို ဆယ်ခါပြန်တောင်သဘောတူပါတယ်ဗျာ”
“မတင်ဆွေကရော”
“သြော် ပြောနေဖို့လိုသေးလို့လား
မမလှိုင်စိုးရယ်။
သဘောတူလို့ပဲ ရွာကနေမန္တလေးထိ
တက်လာကြတာပဲမလား”
“ကျွန်မကတော့ တစ်ဦးတည်းသော
သားလည်းဖြစ်တဲ့ သားထွန်းမြင့်
မင်္ဂလာဆောင်ရင်တိုက်တစ်လုံးနဲ့
ခြံဝိုင်းကိုပါလက်ဖွဲ့မယ်လို့စိတ်ကူးထားပါတယ်။
ပြီးတော့အခုလုပ်နေတဲ့စီးပွားရေးတွေ
ကိုရောပေါ့ရှင်”
“…ကျွန်မသမီးလေးကို
အခုလိုတင့်တောင်းတင့်တယ်
လက်ဖွဲ့မယ်ဆိုတော့ ကျွန်မတို့
မိဘတွေအနေနဲ့ဝမ်းသာပီတိဖြစ်ရပါ
တယ်ရှင်”
“ဒါဖြင့်ရင်မင်္ဂလာပွဲကို
အမြန်ဆုံးစီစဉ်ကြတာပေါ့”
“သိပ်ကောင်းတာပေါ့ဗျာ”
“ကဲမုန့်လေးစားကြပါဦးဗျ”
“စားပါတယ်ကိုထွန်းခင်”
“သားမောင်းထွန်းမြင့်
သမီးလေးကြာဖြူနဲ့ စကားလေးဘာလေး
ပြောကြဦးပေါ့”
“ဟုတ်ကဲ့အန်တီ”
“သမီးကြာဖြူ လိုက်သွားလေ”
“ဟုတ်ကဲ့ အမေ”
ကြာဖြူလည်းကိုထွန်းမြင့်
နောက်ကိုမလိုက်ချင်ပဲထလိုက်လာ
ခဲ့တယ်။
“ကြာဖြူ နေမကောင်းလို့လား
စကားလည်းသိပ်မပြောဘူး။
ဘာဖြစ်လို့လဲဟင်”
“ဘာမှမဖြစ်ပါဘူး
ကိုထွန်းမြင့် ကြာဖြူ ပင်ပန်းလာလို့ပါ”
“သြော်…မသိပါဘူးကိုထွန်းက
ကြာဖြူနေမကောင်းဘူးများလားလို့
စိတ်ပူနေတာ။ကိုထွန်းနဲ့ကြာဖြူ နဲ့မကြာခင်လက်ထပ်ရတော့မှာ
ဆိုတော့လေ ကြာဖြူတော့မသိဘူး
ကိုထွန်းရင်ထဲမှာတော့လေ
ပြောမပြတတ်လောက်အောင်ပျော်နေမိ
တယ်သိလားကြာဖြူ ”
“ဟုတ်ကဲ့ ကြာဖြူသိပါတယ်
ကြာဖြူ ခေါင်းနည်းနည်းမူးလာလို့
ကြာဖြူကိုခွင့်ပြုပါဦးနော်”
“အင်းပါ ကြာဖြူရယ်”
ကြာဖြူလည်းကိုထွန်းမြင့်
အနားမှထွက်လာပြီး
ဧည့်ခန်းထဲကိုပြန်လာပြီးထိုင်နေလိုက်
တယ်၊ကိုထွန်းမြင့်လည်းနောက်မှ
လိုက်လာခဲ့တယ်။
“ကဲ ဒါဆိုရင်ရက်ကောင်းရက်မြတ်
ရွေးလိုက်တော့မယ်နော် မတင်မာဆွေ”
“သဘောပါပဲရှင်
ကျွန်မတို့ဘက်ကကန့်ကွက်စရာ
အကြောင်းမရှိပါဘူး”
“ဟုတ်ပါတယ်ဗျာ
မောင်ထွန်းမြင့်လို လူတော်လူကောင်း
တစ်ယောက်နဲ့သမီးလေးကြာဖြူကို
လက်ထပ်ထိမ်းမြှားရလို့
ကျုပ်သမီးလေးအတွက်ဂုဏ်ယူလို့
မဆုံးတော့ပါဘူးဗျာ”
“အဲ့လောက်ကြီးလည်း
မဟုတ်ရပါဘူးရှင်။ကြာဖြူလို
လိမ္မာရေးခြားရှိပြီးချစ်စရာကောင်းတဲ့
မိန်းကလေးမျိုးကို
ချွေးမတော်ခွင့်ရလို့ အတိုင်းမသိပါပဲရှင်”
“ကဲဘာပဲပြောပြော ရွှေရွှေချင်းထပ်မြတ်တယ်ဆိုသလိုပေါ့
ရှင်။ကျွန်မတူမလေးအတွက်
ဂုဏ်ယူမိပါတယ်”
“ကဲ ဒါဖြင့်ရင်ပြန်ဦးမယ်မမလှိုင်စိုးတို့
လုပ်စရာအလုပ်လေးတွေရှိသေးလို့
ပြန်ခွင့်ပြုပါဦး မတင်မာဆွေ”
“ကောင်းပါပြီရှင် ကောင်းပါပြီ”
“ခင်နွယ်ရေပြန်လိုက်ဦးမယ်နော်”
“ဟုတ်ကဲ့မမလှိုင်စိုး”
ဒေါ်လှိုင်စိုးတို့သားအမိလည်း
ပြန်သွားကြတယ်။
“အဟေးဟေး ပျော်လိုက်တာ
ငါ့သမီးလေးသူဌေးသားနဲ့လက်ထပ်
ရတော့မယ်။
တင်တောင်းမယ့်လက်ဖွဲ့တွေလည်း
တသီကြီးရဦးမှာ”
“မိန်းမမင်းကလည်း နည်းနည်းပါးပါး
ဟန်လေးဘာလေးဆောင်ဦးမှပေါ့။
တို့ကသမီးရှင်နော်”
“အိုတော်…ဘာပဲဖြစ်ဖြစ်
ရွာကမုဆိုးမသားကျော်ခိုင်နဲ့မဟုတ်ရင်
ပြီးရော”
ကြာဖြူလည်းဧည့်ခန်းထဲက
အမြန်ထွက်လာပြီးအိပ်ခန်းထဲဝင်နေ
လိုက်တယ်။
“အစ်မ မျက်နှာလည်းမကောင်းဘူး
ဘာဖြစ်လာလို့လဲ”
“အဟင့်အဟင့် ငါသေသာ
သေလိုက်ချင်တော့တယ် ဖိုးထွန်းရယ်
ငါဘာကြောင့်ဒီလောက်ထိ
ကံဆိုးနေရတာလဲဟာ”
“သြော် အစ်မရယ် အမေနဲ့အဖေက
ငွေမက်တတ်တာအစ်မလည်း
သိသားနဲ့။
အစ်မဘာဖြစ်ဖြစ်သူတို့ကငွေမျက်နှာ
တစ်ခုပဲကြည့်ကြမှာအစ်မရဲ့
အစ်မကိုကျော်ခိုင်ကိုသာမေ့ဖို့ကြိုးစား
လိုက်ပါဗျာ”
ကြာဖြူလည်းမျက်ရည်များသာ
တသွင်သွင်ကျဆင်းလာခဲ့တယ်။
=============
“အမေသမီးစိတ်ပြေလက်ပျောက်
ဘုရားဖူးခဏသွားချင်တယ်”
“နင်ကအခုမှမန္တလေး
ရောက်တာဘယ်လိုလုပ်သွားတတ်လာ
တတ်မှာတုန်း ညီမလေးသက်သက်မာ
ကိုပါခေါ်သွားလေ”
“အစ်မညီမလေးလိုက်ပို့မယ်လေ”
“အင်း”
ကြာဖြူလည်းသက်မာကို
အဖော်ခေါ်ပြီးအပြင်ကိုထွက်လာခဲ့တယ်။
“မိန်းမ တို့သမီးလေး
ဟိုကောင်ကိုမေ့နိုင်ပြီထင်တယ်
အရင်ကနဲ့မတူတော့ပဲ
မျက်နှာကရွှင်လာတယ်”
“အဟင်းဟင်း ဒါပဲလေ
အချိန်တန်ရင်ကိုယ်နဲ့ထိုက်တန်တဲ့
သူကိုပဲရွေးချယ်ရမယ်ဆိုတာ
သူကောင်းကောင်းကြီးသဘောပေါက်
သွားလို့ဖြစ်မှာပါ”
“အစ်မကြာဖြူ ဘုရားဖူးရင်း
ကုသိုလ်လေးတွေယူကြရအောင်
ဘုရားပေါ်မှာအမှိုက်တွေ
ပွစကြဲနေတာပဲ အတူတူလှည်းလိုက်ကြတာပေါ့”
“အင်းကောင်းသားပဲ”
သက်မာနဲ့ကြာဖြူလည်း
တံမြတ်စည်းများကိုင်ကာဘုရားရင်ပြင်
ပေါ်ကအမှိုက်များကိုလှည်းနေခိုက်
ကိုကျော်ခိုင်ဘုရားအောက်မှာမတ်တပ်
ရပ်နေတာကိုမြင်လိုက်ရတယ်။
“ဟင်…ကိုကျော်ခိုင်ပါလား
ငါ့ကိုဘုရားအောက်ကနေလှမ်းကြည့်
နေတာပဲ”
“သက်မာ ညီမလေး”
“ရှင်အစ်မ”
“အစ်မဘုရားအောက်က
အဘွားကြီးတစ်ယောက်ကိုပိုက်ဆံလေး
သွားလှူချင်လို့ ခဏနော်”
“ညီမလည်းလိုက်ခဲ့မယ်လေ”
“နေနေ ညီမလေးဒီမှာ
အမှိုက်လှည်းပြီးကုသိုလ်ယူနေပေါ့”
“အင်းအစ်မ”
ကြာဖြူလည်းဘုရားပေါ်မှ
ဆင်းလာခဲ့တယ်။
“ကို ကြာဖြူဆီလိုက်လာတာလားဟင်”
“ကိုစကားလေးဘာလေး
ပြောဦးလေ မျက်နှာလည်းမကောင်းဘူး
ဘာဖြစ်လို့လဲကို”
“ကိုကြာဖြူကိုသိပ်ချစ်ခဲ့ပါတယ်.
ဒါပေမယ့်ကြာဖြူ ကိုယ်နဲ့နေရင်
ဆင်းရဲရလိမ့်မယ်”
“ကြာဖြူ ဆင်းရဲမှာမကြောက်ပါဘူး.
ကိုနဲ့ဝေးရမှာကိုပဲကြာဖြူ
ကြောက်တာပါ။
ကြာဖြူကိုနဲ့တစ်ခါတည်းလိုက်ခဲ့မယ်နော်
ကို”
“မလိုက်ပါနဲ့ ကြာဖြူရယ်
ကြာဖြူကိုရွှေဘုံပေါ်မှာစံနေတာကိုပဲ
ကိုမြင်ချင်တယ်။
ပြီးတော့ကြာဖြူကိုနှုတ်မဆက်လိုက်ရလို့
ဒီအထိလိုက်လာခဲ့တာပဲ ကြာဖြူ”
“သြော်…ကိုရယ်
ကြာဖြူမှာတော့မျှော်လင့်တကြီးနဲ့
စောင့်စားလိုက်ရတာ။
တကယ့်တကယ်တွေ့ရပြန်တော့
လာပြီးနှုတ်ဆက်တာတဲ့လားဟင်
ကိုသိပ်ရက်စက်တယ်”
“မရက်စက်ပါဘူးကြာဖြူရယ်
ကိုယ်လေကြာဖြူကိုနောင်ဘဝတွေထိ
တိုင်အောင်ချစ်နေမှာပါ။
အခုမြင်နေရတဲ့ဘုရားကြီးကို
တိုင်တည်ပြီးဆုတစ်ခုကိုအတူတူတောင်းလိုက်ကြရအောင် ကြာဖြူ
နောင်ဘဝဆက်တိုင်းဆက်တိုင်း
ဒီလိုအဖြစ်မျိုးနဲ့မကြုံရစေပဲ
အတူတူပေါင်းသင်းနေထိုင်ရပါလို၏
လို့ဆုတောင်းကြတာပေါ့”
“အင်းပါကိုရယ်…”
ကြာဖြူနဲ့ကိုကျော်ခိုင်လည်း
ဘုရားကြီးဘက်ကိုမျက်နှာမူကာ
လက်အုပ်ချီပြီးအတူတူ
ဆုတောင်းလိုက်ကြပါတယ်…”
“ကြာဖြူ ဘုရားပေါ်ပြန်တက်တော့နော်.
ကိုယ်သွားတော့မယ်”
“ကို…နောက်ရက်ကြရင်
ကြာဖြူ မင်္ဂလာဆောင်ရတော့မယ်။
အဲ့ဒီအခါကြရင်ရွာကိုကားတစ်စီး
ရောက်လာလိမ့်မယ် ကြာဖြူ အမျိုးတွေနဲ့
အတူကိုပါလိုက်လာခဲ့နော်”
“အင်းကိုယ်လိုက်လာခဲ့ပါ့မယ်”
ကြာဖြူလည်းကိုကျော်ခိုင်ကို
အငိုမျက်လုံးများဖြင့်နှုတ်ဆက်ပြီး
ဘုရားပေါ်ပြန်တက်လာခဲ့တယ်။
ဘုရားပေါ်ရောက်လို့ အောက်ကို
လှမ်းကြည့်တော့ ကိုကျော်ခိုင်ကို
မတွေ့ရတော့ပေ။
“ဟင်.ကိုကျော်ခိုင်ဘယ်ရောက်သွား
ပါလိမ့်မြန်လိုက်တာ”
“အစ်မဘာရှာနေတာလဲဟင်”
“ဘာ ဘာမှမဟုတ်ပါဘူး
အမှိုက်လှည်းပြီးရင်
အိမ်ပြန်ကြတာပေါ့ သက်မာ”
“ဟုတ်အစ်မ”
===============
နောက်၃ရက်ကြာတော့
ကြာဖြူရဲ့မင်္ဂလာပွဲကြီးခမ်းနားကြီးကျယ်စွာကျင်းပနေပါတယ်။
ကြာဖြူလည်းခန်းမကြီးအလယ်ကနေ
ကိုကျော်ခိုင်ရောက်လာမယ့်အချိန်ကို
ခေါင်းတမော့မော့ဖြင့်စောင့်နေခဲ့တယ်။
မကြာမီမင်္ဂလာခန်းမကြီးရှေ့သို့
ကားတစ်စီးထိုးရပ်သွားပါတယ်။
ကားပေါ်ကနေကြာဖြူ၏
ဆွေမျိုးများနှင့်အတူသူငယ်ချင်းဖြစ်သူ
မိလုံးကိုလည်းမြင်လိုက်ရပါတယ်။
ကားပေါ်မှလူများတဖြည်းဖြည်း
ဆင်းလာပြီးနောက်ဆုံးမှကိုကျော်ခိုင်ကို
မြင်လိုက်ရပါတော့တယ်။
သူငယ်ချင်းမိလုံးနဲ့ချစ်ရသူ
ကိုကျော်ခိုင်ကိုမြင်တော့ ကြာဖြူ
ဝမ်းသာဝမ်းနည်းဖြစ်ရပြန်ပါတယ်…”
“သူငယ်ချင်းမိလုံး နင်လာတာ
ငါဝမ်းသာလိုက်တာဟယ်.
ထိုင်ဦးနော် မုန့်တွေလည်းစားနော်
သူငယ်ချင်း”
“အေးပါသူငယ်ချင်းရယ်”
မိလုံးကမရွှင်မပျသည့်မျက်နှာဖြင့်
ကြာဖြူကိုစကားပြန်ပြောလိုက်တယ်။
ကြာဖြူလည်းမိလုံးကိုကြည့်ပြီး
စိတ်ထဲထင့်နေခဲ့တယ်.
ကိုကျော်ခိုင်ကိုတော့
ကြာဖြူ ပြုံးပြီးပဲကြည့်နေခဲ့တယ်.
မိဘများလည်းရှိနေတော့
ကိုကျော်ခိုင်ကိုစကားလှမ်းမပြောရဲခဲ့ပေ။
ကိုကျော်ခိုင်ကလည်း
သင့်တော်မယ့်နေရာတစ်ခုကိုရွေးပြီး
ထိုင်နေခဲ့တယ်။
ကိုကျော်ခိုင်ရဲ့အကြည့်တွေကတော့
ကြာဖြူ ဆီမှလွဲ၍ဘယ်ကိုမှအာရုံမထားခဲ့ပေ။
မင်္ဂလာပွဲကြီးချိမ့်ချိမ့်သဲ
ကျင်းပလာခဲ့ရာ ဘိသိတ်ဆရာဟောကြားသည့်
အကြောင်းများကို မင်္ဂလာခန်းမထဲက
လူများနားစွင့်နေကြပါတယ်။
ထိုစဉ် ခန်းမကြီးထဲသို့
အမျိုးသမီးတစ်ဦးဝင်ရောက်လာပါတယ်။
“ဒီမင်္ဂလာပွဲကိုကျွန်မ ကန့်ကွက်ပါတယ်”
“ဟင်.မြတ်နိုး”
“ဟင်”
“ဟာ”
“ဘာလဲဟ”
“သူကဘယ်သူလဲ”
မင်္ဂလာခန်းမထဲမှလူများလည်း
အမျိုးသမီးပြောလိုက်သည့်စကားကြောင့်
ပွက်လောရိုက်ကုန်ကြပါတယ်။
သတ်ို့သားကိုထွန်းမြင့်လည်း
ချွေးသီးချွေးပေါက်များကျလာပြီး
မျက်နှာကြီးနီရဲနေပါတယ်။
“အားလုံးကိုကျွန်မတောင်းပန်ပါတယ်.
ဒီမင်္ဂလာပွဲကို ကျွန်မကန့်ကွက်ရတဲ့
အကြောင်းရင်းကဒီလိုရှိပါတယ်။
အခုသတို့သားကိုထွန်းမြင့်က
လူပျိုယောင်ဆောင်ပြီးတခြားအမျိုးသမီးနဲ့လက်ထပ်ဖို့လုပ်နေတာကိုကျွန်မကန့်ကွက်ပါရစေ။
ကျွန်မနာမည်မြတ်နိုးပါ
ကိုထွန်းမြင့်နဲ့ကျွန်မက ရန်ကုန်ကတရားရုံးမှာတရားဝင်လက်မှတ်ထိုးပြီးအကြင်လင်မယားအဖြစ်နေခဲ့ပါ
တယ်။
ဒါကြောင့်ကျွန်မဟာကိုထွန်းမြင့်ရဲ့
တကယ့်တရားဝင်ဇနီးမယား
တစ်ယောက်ပဲဖြစ်ပါတယ်။
ကိုထွန်းမြင့်ရဲ့မိခင်ဒေါ်လှိုင်စိုးက
ကျွန်မနဲ့သဘောမတူလို့ သူ့သားကိုထွန်းမြင့်က ကျွန်မကို
တိတ်တိတ်လေးခိုးယူပေါင်းသင်းခဲ့ပါတယ်
အခုကျွန်မရန်ကုန်ကနေသတင်း
ကြားကြားခြင်းလိုက်လာခဲ့တာပါ။
ကိုထွန်းမြင့်နဲ့လည်းအခုအချိန်ထိ
ကွာရှင်းပြတ်စဲထားခြင်းမရှိသေးပါဘူး
ဒါကြောင့်ဒီမင်္ဂလာပွဲဟာ
အကျုံးမဝင်ဘူးလို့ကျွန်မပြောပါရစေ
ဒါပါပဲရှင်…”
“ဟင်”
“အလိုလေး သမီးလေးတော့
ကိုယ်ကျိုးနည်းပါပြီရှင်”
“အဲ့ဒါမင်းကြောင့်”
“ဘာမင်းကြောင့်လဲ ရှင်လည်းပါတာပဲလေ”
“အိုကွာ နားငြီးတယ်
ဒီကိစ္စမှာမင်းနဲ့ငါနဲ့ကြောင့်
သမီးလေးအခုလိုလူပုံအလည်မှာ
အရှက်တကွဲအကျိုးနည်းဖြစ်ရတာ။
အစကတည်းကမောင်ကျော်ခိုင်နဲ့
သဘောတူခဲ့ရင်ဒီလိုဖြစ်မှာမဟုတ်ဘူး”
“ဟုတ်ပါ့ရှင် ကျွန်မမှားပါပြီ
ငွေမျက်နှာတစ်ခုပဲကြည့်မိလို့ သမီးလေးအခုတော့အရှက်ကွဲရပါပြီရှင်”
“မိလုံး ငါသိပ်ရှက်တယ်ဟာ
ငါ ငါ ငါရွာပြန်တော့မယ်”
“ကြာဖြူ နေဦး နေဦး
ငါလည်းလိုက်မယ်”
ကြာဖြူလည်းရွာကိုပြန်မည့်
ကားပေါ်အတင်းတက်ပြေးပါတယ်.
နောက်မှသူငယ်ချင်းမိလုံးနဲ့
ကြာဖြူ၏ဆွေမျိုးများကလိုက်လာကြပါ
တယ်.
“ကားဆရာရေ မောင်းတော့”
“ဝူး ဝူး”
“သမီးကြာဖြူ သိပ်လည်းဝမ်းနည်းမနေပါနဲ့ကွယ်။
အန်တီတို့လည်းရှိနေတာပဲ”
” သူငယ်ချင်း ကြာဖြူ
အချိန်မလွန်ခင်သိလိုက်ရတော့
အဆိုးထဲကအကောင်းလို့ပဲ
မှတ်လိုက်ပါသူငယ်ချင်းရယ်”
“တင်မာဆွေ တင်မာဆွေ
ဒင်းကြောင့်ကြာဖြူ လေး အရှက်တကွဲ
အကျိုးနည်းဖြစ်ရတာ”
“ဟုတ်ပါ့တော်
ကိုယ့်သမီးလေးကိုဘာမှန်းမသိ
ညာမှန်းမသိတဲ့ လူတစ်ယောက်ရဲ့
လက်ထဲထိုးအပ်ရတယ်လို့
အံ့ပါရဲ့တော်.
ကျော်ခိုင်သာရှိနေသေးရင် ဘယ်လိုတောင်
ဒေါသတွေဖြစ်နေလိုက်မလဲမသိဘူး”
“ရှင်…မဒွေးပု ဘာပြောလိုက်တယ်”
“ဟဲ့ ဒွေးပု ညည်းဘာတွေလျှောက်ပြောနေတာလဲ”
“ဟို ဟို ဘာမှမဟုတ်ပါဘူး
ကြာဖြူရယ်”
“ဒီနေ့မင်္ဂလာပွဲကိုကိုကျော်ခိုင်
ရောက်လာသေးတယ်။
ဒီကိစ္စတွေအားလုံးသူသိသွားပေမယ့်
သူလည်းကြာဖြူကိုနားလည်ပေးလောက်
မှာပါနော်.
ကြာဖြူရဲ့စကားကိုကြားတော့
ကားပေါ်မှလူအားလုံးမျက်စိမျက်နှာ
ပျက်ကုန်ကြပါတယ်.
“သမီးကြာဖြူ ရယ်
သမီးကိုဘယ်လိုပြောရမလဲမသိတော့
ပါဘူးကွယ်”
“အို.အရီးမြင့်ကြည်ကလည်း
ဘယ်သူတွေဘာပြောပြော
ကြာဖြူကတော့ကိုကျော်ခိုင်ကိုပဲ
ချစ်တာသူကလွဲရင်ဘယ်သူ့မှ
မချစ်နိုင်ဘူး”
“ကြာဖြူရယ်…
ဖြစ်နိုင်ရင်နင့်ကိုအမှန်အတိုင်း
ဖွင့်ပြောလိုက်ချင်တယ်ဟာ”
မိလုံးလည်းကြာဖြူကို
ဖွင့်မပြောရက်သဖြင့်မျိုသိပ်ထားလိုက်
ရတော့တယ်။
တဖြည်းဖြည်းနဲ့ရွာကိုပြန်ရောက်
လာခဲ့ကြတယ်။
ကားပေါ်ကနေကြာဖြူဆင်းလာပြီး.
“မိလုံး ကိုကျော်ခိုင်က
မင်္ဂလာဆောင်ထဲမှာကျန်ခဲ့တာဟ
ငါသူပြန်ရောက်ရင် သူနဲ့စကားတွေ
ပြောရဦးမယ်။
အဲ့အခါကြရင်နင်ပါလိုက်ရမယ်နော်”
“အင့် အဟင့် အဟင့်”
“ဟင်.မိလုံး ဘာလို့ငိုနေတာလဲ
ဘာဖြစ်တာလဲဟရုတ်တရက်ကြီး”
“သမီးကြာဖြူကို အမှန်အတိုင်းသာ
ဖွင့်ပြောလိုက်ပါတော့ မိလုံးရယ်”
“ဒီလိုသူငယ်ချင်း
ငါအခုမပြောလည်းနောက်ကြရင်
နင်သိမှာပဲဆိုတော့၊အခုပဲပြောပြပါ့မယ်”
“ဘာကိုလဲမိလုံး”
“ကိုကျော်ခိုင်လေ
နင်မြို့ ကိုသွားကတည်းက
မသောက်ဖူးတဲ့အရက်တွေကိုတနေကုန်
သောက်ပြီးရွာရိုးကိုးပေါက်
လျှောက်သွားရင်းအချိန်ဖြုန်းနေခဲ့တယ်။
တစ်နေ့ မိုးတွေအတင်းသဲတဲ့ညမှာ
နင်နဲ့စကားပြောနေကြ မန်ကျည်းပင်ကြီး
အောက်မှာသူ့ကို သေနေတာ
တွေ့လိုက်ကြတယ်”
“ဘာ ဘာပြောတယ် မိလုံး
ကို ကို သေပြီလို့နင်ပြောနေတာလား
ငါမယုံဘူးမိလုံး နင်ငါ့ကိုလျှောက်ပြော
နေတာမလား”
“မဟုတ်ပါဘူးသူငယ်ချင်းရာ
ငါနင့်ကိုစစရာလားအေ့။
နင်ဝမ်းနည်းရမှာကိုမမြင်ရက်လို့
ငါတို့တွေမျိုသိပ်ပြီးနေနေကြတာ
နောက်၂ရက်နေရင် ကိုကျော်ခိုင်ရဲ့
ရက်လည်မယ့်နေ့ပဲ သူငယ်ချင်း”
“ဟင်…ကို ကို ငါ့ကိုထားသွားပြီပေါ့နော်.
“ဟင့်အင်း မဖြစ်ရဘူး
ကိုမသေရဘူး။သူနဲ့ငါနဲ့အတူနေကြဖို့
ငါပြန်လာပြီလေ”
“စိတ်ကိုထိန်းပါသမီးကြာဖြူ
ကံအကြောင်းကြောင်းကြောင့်
အခုလိုဖြစ်ရတယ်လို့ပဲ
မှတ်ယူပြီးစိတ်ကိုထိန်းပါကွယ်”
“ဟာ အရီးမြင့်ကြည်ကလည်း
ဘာတွေလျှောက်ပြောနေတာလဲ။
ကိုကျော်ခိုင်မသေပါဘူး
ဟုတ်တယ် သူမသေဘူး”
“ဟား ဟား ဟား
သူမေသဘူး သူမေသဘူး”
အသိစိတ်လွတ်သွားသည့်
ကြာဖြူကိုကြည့်ပြီးအားလုံးစိတ်မကောင်း
ဖြစ်ကာငိုနေကြလေတယ်။
==============
ဒေါ်တင်မာဆွေတို့လည်း
အိမ်ကိုပြန်ရောက်လာပြီးကြာဖြူအတွက်
စိတ်မကောင်းကြီးစွာဖြစ်ရပါတော့တယ်။
ကိုကျော်ခိုင်နဲ့ ပေးစားဖို့သဘောတူပေမယ့်လည်း
ကိုကျော်ခိုင်ရဲ့နာရေးသတင်းကြောင့်
သမီးဖြစ်သူကြာဖြူအတွက်
တစ်ပူပေါ်တစ်ပူဆင့်သလိုဖြစ်ရပါ
တော့တယ်.
ကြာဖြူလည်းအိမ်ကိုပြန်ရောက်တည်းက
အခန်းပြင်မထွက်တော့မိဘများနဲ့လည်း
စကားမပြောအစားလည်းမစားတော့ပေ။
တစ်ယောက်တည်းအခန်းထဲမှာ
စကားတွေပြောပြီးနေခဲ့တယ်.
ကိုကျော်ခိုင်ရက်လည်ပြီး
ညရောက်တော့ကြာဖြူ ဆီကို
ကိုကျော်ခိုင်ရောက်လာခဲ့တယ်။
“ကို ကိုကြာဖြူဆီကို လာတယ်
ကြာဖြူလေကို့ကိုသိပ်လွမ်းတာပဲ။
ကိုဘယ်တွေလျှောက်သွားနေတာလဲ”
“ကြာဖြူ ကိုယ်သွားရတော့မယ်
ဒီတစ်ခါကြာဖြူကိုအပြီးတိုင်လာ
နှုတ်ဆက်တာ”
“ဟင့်အင်း ဟင့်အင်း ကိုမသွားရဘူး
ကြာဖြူအနားမှာပဲနေရမယ်သိလား”
“မသွားလို့မရလို့ပါကြာဖြူရယ်
ကိုယ့်ကိုခွင့်လွှတ်ပါ”
“ဒါဖြင့်ရင်ကြာဖြူလည်းကိုနဲ့တစ်ခါတည်း
လိုက်ခဲ့မယ်လေ”
“ကြာဖြူက ကိုယ်နဲ့လိုက်ချင်တာလား”
“အင်းလိုက်မယ်”
ကိုကျော်ခိုင်ကကြာဖြူရဲ့
ဆံနွယ်လေးများကိုတစ်ချက်ပွတ်သပ်ပြီး
ပျောက်ကွယ်သွားပါတော့တယ်။
===============
“အမေရေ လာပါအုံး”
အိမ်နောက်ဘေးမှ သားဖြစ်သူ
ဖိုးထွန်း၏အော်သံကြောင့်၊မိခင်ဖြစ်သူ
ဒေါ်တင်မာဆွေလည်း အိမ်ပေါ်မှ
ပြေးဆင်းလာပါတယ်။
“သားဘာဖြစ်လို့လဲ”
“အမေ ဟိုမှာအစ်မလေ…”
“ဟင်…”
အိမ်နောက်ဘေးတမာပင်၌
ကြိုးဆွဲချကာသေဆုံးနေတဲ့
သမီးဖြစ်သူကြာဖြူကိုမြင်ကာ
ဒေါ်တင်မာဆွေထိတ်လန့်တုန်လှုပ်သွားပါတော့တယ်……။
“သမီး သမီးလေး ကြာဖြူ ”
“အောင်မယ်လေး အဖြစ်ဆိုးလှချေလားသမီးရဲ့။
“ကိုထွန်းခင် ကိုထွန်းခင်
ဒီမှာရှင့်သမီးကိုလာကြည့်ပါအုံးတော့်”
“အီးဟီး ဟီး”
ဦးထွန်းခင်လည်း ဇနီးသည်၏
အော်ခေါ်သံအားပြီးအိမ်ပေါ်မှ
ပြေးဆင်းလာပါတော့တယ်။
“မိန်းမ ဘာ ဘာဖြစ်လို့လဲ”
“အဖေ ဟို ဟိုမှာအစ်မကိုကြည့်ပါအုံးဗျာ”
“ဟာ…သ သ သမီးလေး
ကြာဖြူ အားဟား ဟား
ဘယ်လိုဖြစ်ရတာလဲသမီးရာ
အဖေတို့ကိုထားခဲ့ပြီလားသမီးရဲ့”
ကြာဖြူတစ်ယောက်ချစ်ရသူ
ကိုကျော်ခိုင်နောက်ကိုအပြီးပိုင်လိုက်
သွားခဲ့ပါတော့တယ်။
ဝိညာဉ်ခေါ်ရာကိုအပြီးပိုင်
လိုက်သွားတဲ့ကြာဖြူအတွက်
တစ်ရွာလုံးစိတ်မကောင်းဖြစ်ကာ
ပြော၍မပြီးနိုင်အောင်ဖြစ်နေပါ
တော့တယ်။
တမလွန်မှာကြာဖြူတစ်ယောက်
ချစ်ရသူနဲ့ပေါင်းဖက်
နိုင်ပါစေလို့ဆုတောင်းရင်း
အဆုံးသတ်လိုက်ပါရစေ။
ပြီးပါပြီ။ ။
လိုအပ်ချက်များအားနားလည်ပေးပါ။