သရဏဂုံသုံးပါးကြောင့်သေရွာမှပြန်လာသူ

Posted on

သရဏဂုံသုံးပါးကြောင့်သေရွာမှပြန်လာသူ(စ/ဆုံး)

——————————————————-
“ဂီးး ဂီးး”

“ဂဲ ဂရား”

ကားလမ်းဘေးကန္တာစိမ်းတောထဲတွင် သွေးအလိမ်းလိမ်းဖြင့် လူငယ်တစ်ယောက်လဲကျနေလေသည်။ သူ့ဦးခေါင်းနှင့်မျက်နှာပြင်တစ်ခုလုံးတွင်သွေးတို့ဖြင့်ပေကျံနေပြီး လုံးဝ၊(လုံးဝ)မှကို ကြည့်လို့အဆင်မပြေပါချေ။

သူလဲကျနေသည်က ကားလမ်းဘေးဖြစ်ပြီး နေကလည်းကျစ်ကျစ်တောက်အောင်ပူပြင်းလွန်းလှပေသည်။ သို့ကြောင့် လမ်းမှကားနှင့်ဆိတ်အုပ်၊နွားအုပ်တို့ဖြတ်သွားသော် ဖုန်ထပြီး ထိုဖုန်တို့က လဲကျသလစ်နေသောလူငယ့်ထံသို့ကပ်ငြိကုန်ကြလေသည်။

ထိုအခါ သူ့ဦးခေါင်းနှင့်မျက်နှာရှိသွေးတို့ဟာ ဖုန်များနှင့်သမထားသကဲ့သို့ရှိနေခဲ့လေသည်။ ထို့စဉ်အခိုက် အစွယ်ဖွေးဖွေးကြီးတွေကပါးစပ်အပြင်သို့တိုင်ငေါထွက်နေပြီး သွားရည်တမျှားမျှားနှင့်မကောင်းဆိုးဝါးတွေသူ့ထံချဉ်းကပ်လာလေသည်။

သွေးအလူးလူးနှင့်လူငယ်ဟာ ဆိုင်ကယ်Accidentဖြစ်ပြီး ယခုလိုလမ်းဘေးရှိကန္တာစိမ်းတောအတွင်းမှာသတိလစ်မေ့မြောနေခဲ့ခြင်းသာဖြစ်လေသည်။ ထိုအနီးတွင် တစ်ဖက်ကရေကန်၊တစ်ဖက်ကသခ်ျိုင်းကုန်းရှိလေသည်။

မြေအလွန်ကြမ်းသောနေရာဟု ဆိုလျှင်မှားမည်မထင်ပါချေ။ ထိုနေရာတွင်Accidentဖြစ်သူတိုင်းအသက်ရှင်သူမရှိသလောက်ဖြစ်လေသည်။ ထိုနေရာက လမ်းအတက်အဆင်းဖြင့်သလို၊ ဂငယ်ကွေ့လည်းဖြစ်လေသည်။

သို့ကြောင့် ကား၊ဆိုင်ကယ်တို့ အရှိန်မထိန်းနိုင်ပဲ အကြိမ်ကြိမ်Accidentဖြစ်လေ့ရှိသောနေရာဖြစ်လေသည်။ ထိုနေရာကို နယ်ခံတွေပေးထားသောအမည်ကတော့ မရဏကွေ့ဟုဖြစ်လေသည်။ မရဏကွေ့တွင်ထိုလူငယ်ဘဝနိဌိတံတော့မည်ထင်။

“ဂီးး ဂီးး”

“ဂါးးဂရားး”

“တောက် ဟိတ် နောက်ဆုတ်လိုက်ကြစမ်း ဒါသင်တို့အစာမဟုတ် သူကကျွန်ုပ်ရဲ့ညီဖြစ်ပေတယ် သူ့ကိုသင်တို့နည်းနည်းမှနှောင့်ယှက်ဖို့စိတ်မကူးကြနဲ့ သွား သွား ဒီနေရာကထွက်သွားကြ”

သွေးအလိမ်းလိမ်းနှင့်သတိလစ်မေ့မြောနေသည့်လူငယ်ကို ထိုအနီးနားတွင်နေထိုင်ကျက်စားသော မကောင်းဆိုးဝါးနာနာဘာဝတို့က အောင်သေအောင်သားစားရန်ချဉ်းကပ်လာခဲ့ကြခြင်းဖြစ်လေသည်။

သို့သော် ထိုစဉ်မှာပဲ အထက်ပါအတိုင်းငေါက်ငန်းသံနှင့်အတူတစ်စုံတစ်ဦးပေါ်ထွက်လာခဲ့လေသည်။ သူဟာရှမ်းရိုးရာဝတ်စုံကသပ်ရပ်စွာဝတ်ဆင်ထားပြီး သူ့အသွင်အပြင်ကသာမန်လူတစ်ယောက်နှင့်မတူပဲ မင်းညီမင်းသားအသွင်မျိုးဖြစ်လေသည်။

ရှမ်းဝတ်စုံဖြင့်မင်းသားဆိုတော့ ထိုလူငယ်ဟာ ရှမ်းမင်းသားလေးတစ်ပါးဖြစ်ရမှာဧကန်အမှန်ပင်ဖြစ်နိုင်ပါလေသည်။ သူ့ရဲ့ငေါက်ငန်းမှုကြောင့် မကောင်းဆိုးဝါးနာနာဘာဝတို့နောက်ဆုတ်ပေးကြသည်ဆိုတော့ သူဟာသာမန်လူတော့မဖြစ်နိုင်ပါချေ။

နေ့လည်ခင်းပူပြင်းသောနေပူရှိန်ကြောင့် သွေးကျဲပြီးသွေးထွက်လွန်စွာများပြားနေခြင်းဖြစ်လေသည်။ သို့ကြောင့် သွေးညှီနံ့ရသော နာနာဘာဝတို့ကထိုလူငယ်ကိုသူတို့စားသောက်ရန်အလို့ငှာ သွားရည်တမျှားမျှားဖြင့်တိုးကပ်လာခဲ့ကြခြင်းဖြစ်လေသည်။

သို့သော် သတိလစ်မေ့မြောနေသည့် ထိုလူငယ်ကို ရှမ်းမင်းသားလေးကအကာအကွယ်ပေးထားသည့်အတွက်ကြောင့် နာနာဘာဝတို့အားမတန်မာန်လျှော့ပြီး ထိုနေရာမှထွက်ခွာသွားခဲ့ကြလေတော့သည်။

“ဒုတ် ဒုတ် ဒုတ် ”

“မြိုင်စောင်းရေ လမ်းဟိုဖက်က ကန္တာစိမ်းတောထဲကဆိုင်ကယ်သံကြားတယ်ကွ”

“အေး ဟုတ်ပါ့ငအောင် သွားကြည့်ရအောင်”

“အင်း ကြည့်ကြစို့”

ကိုအောင်နှင့်ကိုမြိုင်စောင်းတို့နှစ်ယောက်နွားကျောင်းပြန်လာခြင်းဖြစ်လေသည်။ သူတို့ရွာက သူတို့တောင်ဖက်သို့ ငါးမိနစ်ခန့်လျှောက်လျှင်ရောက်ပေပြီ။ သူတို့ဟာ မြောက်ကနေတောင်သို့ အဆင်းအတိုင်းနွားအုပ်ဖြင့်ပြန်လာခြင်းဖြစ်လေသည်။

သူတို့ကလမ်းရဲ့အနောက်ဖက်ကနေတောင်သို့သွားနေစဉ် လမ်းအရှေ့ဖက်ကန္တာစိမ်းတောထဲမှဆိုင်ကယ်စက်သံကြားနေရသည့်အတွက်ကြောင့် ထိုနားတွင်မည်သို့ရှိမည်လဲဟုစိတ်ဝင်စားသောကြောင့်သွားရောက်ကြည့်ရှုလေရာ

“ဟာ မြိုင်ဆောင်းရေ ဆိုင်ကယ်မှောက်နေတာကွ”

“ဟုတ်ပါ့ငအောင် ခေါင်းနဲ့မျက်နှာတစ်ခုလုံးကသွေးတွေချည်းပဲ လာ လာငအောင် သွားကြရအောင် တော်ကြာအမှုပတ်နေလိမ့်မယ်”

နွားကျောင်းသားနှစ်ယောက်တို့လည်း သူတို့အားအမှုပတ်နေမည်စိုးရိမ်၍ ထိုနေရာမှအလျင်အမြန်ထွက်သွားခဲ့ကြလေသည်။ တကယ်တော့ ထိုသို့ရှောင်ထွက်သွားသည်မှာသူတို့နှစ်ယောက်တည်းမဟုတ်ပါလေပဲ သူတို့အရင်လည်းအကြိမ်ကြိမ်ဖြစ်လေသည်။

ထိုလူငယ်လဲကျနေသည်ကို မြင်တွေ့သူတိုင်းက ငအောင်နှင့်မြိုင်စောင်းလိုပင် ထိုနေရာမှအလျင်အမြန်တိမ်းရှောင်ထွက်ခွါသွားတတ်ကြလေသည်။ သူတို့ထွက်သွားပြီးခေတ္တအကြာတွင် နောက်ထပ်လူနှစ်ယောက်ထပ်ရောက်လာလေသည်။

နှစ်ယောက်လုံးက ပေါက်တူးများကို ပုခုံးထက်တွင် ကိုယ်စီထမ်းပိုးထားကြလေသည်။ သူတို့ပေါက်တူးပေါက်ပြန်လာခြင်းဖြစ်ဟန်ရှိလေသည်။ ဆိုင်ကယ်စက်သံကြား၍ သူတို့အနီးကပ်သွားကြည့်လေသည်။

“ဟာ လူတစ်ယောက် ကန္တာစိမ်းတောထဲကျနေတယ်”

“ဟင် သွေးတွေကလည်းများလိုက်တာ ဒီလူအသက်မှရှိသေးလားမသိ”

“ကဲ သူငယ်ချင်း ငါတို့သွားရအောင် ရပ်ကြည့်နေလို့ဘာအကျိုးမှမရှိဘူး ကံမကောင်းရင် ငါတို့လာအမှုပတ်နေနိုင်တယ်”

“အေး အေး သူငယ်ချင်း သွားကြစို့”

သူတို့နှစ်ယောက်လည်း ပထမလူများနည်းတူ အမှုပတ်မည်စိုး၍ထိုနေရာမှရှောင်ထွက်သွားခဲ့ကြလေသည်။
** * ** *** ** * **

“ဟေ ဟုတ်လား ဘယ်သူလဲသိလား”

“ဟင့်အင်း မျက်နှာကသွေးတွေနဲ့မလို့ကောင်းကောင်းမမြင်ရတာရော ပြီးတော့ ကျနော်တို့ကိုအမှုပတ်မှာကြောက်လို့ အသေအချာမကြည့်ခဲ့ရလို့ ဘယ်သူမှန်းမသိဘူးလေ”

“ယော် ခက်ပါ့ကွာ လူတစ်ယောက်လုံးဒုက္ခရောက်နေတာကိုမြင်လျှက်နဲ့တောင် ကိုယ့်အမှုပတ်မှာစိုးတာနဲ့ရှောင်ပြေးကြရတယ်လို့ ကဲ ရှိစေတော့ ငါသွားလိုက်မယ်”

တောပြန်နှစ်ယောက်က ကားဂိတ်မှလက်ဖက်ရည်ဆိုင်ပိုင်ရှင်ကို သူတို့မြင်တွေ့ရသည့်အတိုင်းပြောပြလေသည်။ ထို့ကြောင့် ဆိုင်ရှင်ကအထက်ပါအတိုင်းပြောလိုက်ခြင်းဖြစ်လေသည်။

“ငါ့သား ဆိုင်မှာခဏထိုင်လိုက်ဦးနော် အဖေစခန်းခဏသွားပြီးအကြောင်းကြားလိုက်ဦးမယ်”

“ဟုတ် အဖေ”

လက်ဖက်ရည်ဆိုင်ရှင်လည်း သားဖြစ်သူကိုဆိုင်တွင်ထားခဲ့ပြီး ဆိုင်ကယ်အားယူဆောင်ကာ စခန်းသို့သတင်းပို့ရန်ထွက်လာခဲ့လေသည်။ Accidentဖြစ်သောနေရာက အခုသူသွားနေသော ရဲစခန်း၏ဟိုဖက်တွင်ဖြစ်လေသည်။

သူသတင်းပို့ပြီးသော် တာဝန်ရှိသူတို့ထိုဖက်ဆီသို့ချက်ချင်းသွားကြလေသည်။ ထိုအခါ သူလည်းဆိုင်မပြန်ပဲထိုဖက်သို့လိုက်ပါသွားခဲ့လေသည်။ မည်သူမည်ဝါရယ်လို့ သူသိရှိလို၍လိုက်ပါလာခဲ့ခြင်းဖြစ်လေသည်။ အခင်းဖြစ်နေရာသို့ရောက်လေသော်

“ဟာ စ. စ စိုင်း”

“ဟင် ဦးလေးကသူ့ကိုသိတယ်လား”

လက်ဖက်ရည်ဆိုင်ပိုင်ရှင်က လဲကျနေသူကိုမြင်သော် နှုတ်မှအာမေဋိတ်သံတစ်ချက်လှစ်ခနဲထွက်သွားမိလေသည်။ ထို့ကြောင့် တာဝန်ရှိသူတို့မှအထက်ပါအတိုင်းသူ့အားမေးမြန်းလာခဲ့သော်

“ဟာ ဘယ်လိုပြောလိုက်ပါလိမ့် သူ့ကိုသိရုံမဟုတ်ဘူး သူကငါ့တူဟ”

“ဟင်”

“ဟာ”

“သြော် ဦးလေးရဲ့တူကိုး”

“သူက အထဲရောက်လွန်းနေတယ် ဝင်လို့မရဘူး ဆူးပင်တွေခုတ်ပစ်မှဝင်လို့ရမယ်”

ထိုသို့ဖြင့်သူတို့တွေ သွေးအလိမ်းလိမ်းဖြင့်လဲကျမေ့မြောနေသည့်လူငယ့်ကို ဆူးပင်များကြားကနေခက်ခက်ခဲခဲသယ်ပိုးထုတ်ယူနိုင်ခဲ့လေသည်။ ထို့နောက်တာဝန်ရှိသူတို့ဟာ ဘုန်းကြီးကျောင်းမှအရေးပေါ်ကားခေါ်ဆောင်လေသည်။

“တြီတူ တြီတူ တြီတူ တြီတူ”

“ဝှမ့် ဝှမ့် ဝှမ့် ဝှမ့်”

ထိုလူငယ် ဆိုင်ကယ်Accidentဖြစ်သည်မှာ ဒေသစံတော်ချိန်နေ့လည်နှစ်နာရီဝန်းကျင်ခန့်ကဖြစ်ပြီး လက်ဖက်ရည်ဆိုင်ရှင်၏သတင်းပေးမှုဖြင့် သူ့အားရဲသားများနှင့်အရေးပေါ်ကား လာရောက်ကယ်ထုတ်ချိန်က ညနေငါးနာရီခွဲခန့်မှဖြစ်လေသည်။

“ဟ ကားဂိတ်မှာအရေးပေါ်ကားရပ်ထားပါလား ဘယ်သူဘာဖြစ်လို့ပါလိမ့်”

“ခဏဝင်ကြည့်ရအောင်”

“အေး အေး ကြည့်မယ်လေ”

အေးသာယာရွာ၏ကားဂိတ်မှာ လက်ဖက်ရည်ဆိုင်၊ဓာတ်ဆီဆိုင်၊အကြော်စုံဆိုင်၊ကုန်စုံဆိုင်နှင့်ဆံသဆိုင်ရယ် အားလုံးပေါင်းဆယ်ဆိုင်၊ဆယ့်ငါးဆိုင်ခန့်ရှိလေသည်။ ယခုအခါ ထိုကားဂိတ်ညောင်ပင်အောက်တွင်အရေးပေါ်ကားရပ်တန့်ထားလေသည်။

သို့ကြောင့် လက်ဖက်ရည်သောက်လာရောက်ကြသူများနှင့်အကြောင်းကြောင်းကြောင့် ကားဂိတ်မှဖြတ်သန်းသွားလာသူတို့ဟာ ထိုကားဂိတ်ညောင်ပင်အောက်တွင်ရပ်တန့်ထားသော အရေးပေါ်ကားအနီးသို့လာရောက်စူးစမ်းကြည့်ရှုကဿုန်လေသည်။

“ဟာ မိန်းမ မကြည့်နဲ့ မကြည့်နဲ့”

“ဟင် ဘာဖြစ်လို့လဲ”

“ခေါင်းကြီးကြေနေပြီ မကြည့်နဲ့ နင်ကသွေးနုသားနုကြီးနဲ့ သွေးလန့်တတ်တယ်”

“အိုတော် ကျုပ်မွေးပြီးတာ နှစ်လကျော်လို့ သုံးလတောင်ပြည့်တော့မယ် ကျုပ်မလန့်ပါဘူး ကြည့်ချင်လို့”

“အေးဟာ ငါကနင့်အတွက်စိုးရိမ်လို့ပြောတာကို ဒီလောက်ကြည့်ချင်လည်းကြည့်ဟာ”

ကားဂိတ်တွင်နေထိုင်သော လူငယ်လင်မယားစုံတွဲတို့အချီအချဖြစ်နေကြလေသည်။ နောက်တော့ယောကျာ်းက မတတ်သာ၍လက်လျှော့ပေးလိုက်သည့်အခါ မိန်းမဖြစ်သူဟာကားထဲသို့ငုံ့ကြည့်လိုက်ပြီး

“အို တစ်ခေါင်းလုံးနဲ့မျက်နှာပါရစရာမရှိပါလား သွေးတွေချည်းပဲ အို ကျွတ် ကျွတ် ကျွတ်”

“ကဲ ကြည့်ပြီးတော့ ဘာထူးခြားလဲ”

“ဘာမထူးခြားပါဘူး ကျုပ်ကဒီအတိုင်းပါပဲ သူ့တော့သနားမိတာပေါ့”

စာစဉ်-(2)သို့

#သရဏဂုံသုံးပါးကြောင့်သေရွာကပြန်လာသူ

စာစဉ်-(2)

အရေးပေါ်ကား ကားဂိတ်တွင်ရပ်တန့်ထားရခြင်းကတော့ ရွာထဲမှသူနှင့်သက်ဆိုင်ရာအမျိုးအဆွေတို့အားသွားရောက်အသိပေးခေါ်ငင်နေခြင်းကြောင့်ဖြစ်လေသည်။ သို့ကြောင့်ထိုသတင်းဟာ ရွာထဲတွင်တောမီးပမာချက်ချင်းပြန့်နှံ့သွားခဲ့ရလေသည်။

“ဟေး နန်းညို ညည်းကြားပြီးပြီလား”

“ဘာလဲမသိဝါဝါ”

“ဟိုလေဟယ် ရွာကိုအလည်ရောက်နေတဲ့စိုင်းတစ်ယောက် မရဏကွေ့မှာဆိုင်ကယ်Accidentဖြစ်တာ ခေါင်းတစ်ခုလုံးကြေမွသွားတာတဲ့”

“ဟေ မကြားမိဘူးတော့ ညည်းဘယ်လိုသိလဲဝါဝါ”

ရွာဦးကျောင်းရေကန်မှရေထမ်းပြန်လာသော နန်းညိုနှင့်ဝါဝါတို့ရွာလယ်လမ်းတွင်ဆုံတွေ့ခိုက် ဝါဝါမှကြားသိရသောသတင်းအား တဆင့်ဖောက်သည်ချနေခြင်းဖြစ်လေသည်။

“ဘယ်လိုသိရမလဲနန်းညိုရဲ့ အစောကကားဂိတ်ဆီကအရေးပေါ်ကားသံကြားလို့ အဲ့ဒီဖက်ကပြန်လာသူတွေကိုမေးကြည့်ရာကနေသိရတာလေဟယ် သနားပါတယ်ဟယ် စိုင်းကငယ်ငယ်လေးကတည်းကမြို့မှာပဲနေတာ အခုသူ့ဦးကြီးတွေဆီအလည်လာရင်းဖြစ်တာ”

“အို ဟုတ်လား ငါနဲ့လည်းခင်တယ် ရေခပ်ရင်းလမ်းမှာဆုံရင်တောင် မမနန်းညို ရေဘယ်နှစ်ခေါက်ရပြီလဲလို့သူနဲ့တွေ့တိုင်းမေးတယ် ပြီးတော့ စကားပြောတအားလိမ္မာယဉ်ကျေးတဲ့ကောင်လေးပဲ သနားပါတယ်ဟယ်”

“ဟုတ်ပါ့နန်းညို ငါနဲ့တွေ့လည်း သူအဲ့ဒီလိုပဲနှုတ်ဆက်တယ် အခုတော့ သူကရွာမှာခေါင်းချဖို့အတွက်ပြန်လာသလိုပါပဲလေး”

ဝါဝါကအထက်ပါအတိုင်းပြောလိုက်သော် နန်းညိုလွန်စွာစိတ်ထိခိုက်သွားပုံဖြင့် မျက်နှာညှိုးကျသွားပြီး

“အင်း ဟုတ်ပါ့ဝါဝါရယ် လူကောင်းတွေသက်ဆိုးမရှည်ဘူးဆိုတာ မှန်နေသလိုပဲ လောကကြီးကမတရားဘူးနော် စိုင်းလေးကိုသနားလိုက်တာဟယ် ကျွတ် ကျွတ် ကျွတ် စိုင်းတစ်ယောက်ကောင်းရာမွန်ရာဘုံဘဝရောက်ပါစေ”

“အယ် နန်းညို ငါလည်းစကားကောင်းနေတာနဲ့မေ့နေတယ် အိမ်မှာထမင်းအိုးတည်ထားခဲ့တာ ဟင်းချက်ဖို့ကြက်သွန်ဖြူလိုလို့ပြေးလာဝယ်တော့ အခုလောက်ဆိုထမင်းအိုးတော့ မနှဲဖြစ်တော့မယ် သွားပြီနန်းရေ”

“ဟယ် ဟုတ်ပြီ ဟုတ်ပြီဝါဝါ”

ထိုသတင်းဟာ လက်တလောတွင်ရွာထဲမှာ လူတိုင်းလိုလိုပြောဆိုနေကြသည့်သတင်းတစ်ရပ်ပင်ဖြစ်နေခဲ့ရလေတော့သည်။ ထို့နောက်မကြာခင်မှာပင် အရေးပေါ်ကားထွက်သွားသည့်အသံကိုရွာထဲမှအတိုင်းသားကြားသိလိုက်ရပါလေတော့သည်။
** * ** *** ** * **

“ကိုစိုင်း ချိုလေညကအဖေတို့ပြောတဲ့အထဲကစကားတစ်ခုကိုမှတ်လာခဲ့တယ်သိလား”

“ဟေ ဟုတ်လား ဘာစကား၊ဘယ်လိုအကြောင်းလဲညီမလေး”

အသက်ဆယ်နှစ်ဝန်းကျင်အရွယ်ရှိကျောင်းသား/သူကလေးငယ်နှစ်ယောက် ကျောင်းကအပြန်နေပြင်းလေသောကြောင့် ရွာရဲ့သောက်သုံးရေတွင်းမှအရိပ်တွင်ခေတ္တနားရင်းစကားပြောနေကြခြင်းဖြစ်လေသည်။

ထိုကလေးနှစ်ယောက်၏ဖခင်တို့ဟာ ညီကိုအရင်းဆိုတော့ သူတို့နှစ်ယောက်ကမောင်နှမတစ်ဝမ်းကွဲတော်စပ်လေသည်။ သူတို့မိဘများဟာ တောထဲတွင်ကိုင်းစိုက်ထားခြင်းကြောင့် ခြံထဲမှာသာနေထိုင်ကြလေသည်။

သို့ကြောင့် သူတို့တွေဟာ ရွာ၏အပြင်ဖက်ကပ်လျှက်မှစာသင်ကျောင်းတွင်ကျောင်းတက်ကြရလေသည်။ ယခုအခါညနေကျောင်းဆင်း၍ပြန်လာစဉ်လမ်းခုလတ်ရှိ သောက်သုံးရေတွင်းအရိပ်တွင်ဝင်ရောက်ထိုင်နားရင်းစကားပြောနေခြင်းဖြစ်လေသည်။

“ဟုတ်ကိုစိုင်း အဖေတို့ပြောနေတာက သရဏဂုံသုံးပါးအကြောင်းကိုစိုင်း ချိုကြားခဲ့တဲ့အတိုင်း ကိုစိုင်းကိုပြန်ပြောပြမယ်နော်”

“အင်း အင်း ပြောပြလေညီမလေး”

“ဟုတ် ကိုစိုင်း သရဏဂုံသုံးပါးလေ အဲ့ဒါကိုမနက်အိပ်ရာကထ မျက်နှာသစ်တိုင်းရွတ်ဖတ်ရင် တကယ်လို့ကိုယ်ကလူမသိ၊သူမသိနေရာမှာဆုံးသွားလို့ သရဏဂုံတင်မပေးနိုင်ရင်တောင်မှ သရဏဂုံတင်ပေးပြီးသားဖြစ်တယ်တဲ့လေ”

“ဟင် ဟုတ်လား ဒါဆိုရင် မနက်ဖြန်ကစပြီးမျက်နှာသစ်တိုင်းရွတ်ဖတ်တော့မယ်”

“ဟုတ် ကိုစိုင်း ရွတ်နော် ချိုလည်းရွတ်မယ်”

“အင်း အင်း ညီမလေး”

မောင်နှမနှစ်ယောက်တို့တွင် အငယ်ဖြစ်သူမှပြောခြင်းဖြစ်သော်လည်း မှတ်သားသင့်သည့်အကြောင်းအရာဖြစ်သည့်အတွက် အကြီးဖြစ်သူမှတလေးတစားနားထောင်ပြီးမှတ်သားထားခဲ့ပါလေသည်။

ကျွန်ုပ်တို့လူလောကရှိ အရာရာတိုင်းတွင်လည်း ထိုနည်း၄င်းသာဖြစ်သင့်ပေသည်။ ငယ်သူကသိ၍ပြောလေသော် သူ့စကားကမှန်နေလျှင် ကြီးသူမှနာခံသင့်သည်ကိုနာခံသင့်သလို၊မှတ်သားစရာရှိကမှတ်သားသင့်ပေသည်။

သို့ပေမယ့် ကျွန်ုပ်တို့ဝန်းကျင်တွင် အမြဲလိုလိုမြင်တွေ့ရသည်ကတော့ အကြီး/ခေါင်းဆောင်လုပ်သူတို့ဟာ ငါပြောရင်အမှန်၊ငါလုပ်ရင်လည်းအမှန်။ ဒါ့ကြောင့် ဘာမှပြန်မပြောနဲ့ ငါပြောတဲ့အတိုင်းသာလုပ်ဆိုသူတွေအားအမြဲလိုလိုမြင်တွေ့ရတတ်လေသည်။

ထိုကဲ့သို့သော ခေါင်းဆောင်မျိုးရှိသောအလုပ်ဟာ မတိုးတက်နိုင်ပါချေ။ အမှန်တကယ်ဖြစ်သင့်သည်ကအထက်တွင်ဖော်ပြခဲ့သလို၊ အသက်ငယ်ပေမယ့်လည်း သူ့စကားကနည်းလမ်းတကျမှန်ကန်နေပါက လက်သင့်ခံသင့်ပါလေသည်။
** * ** *** ** * **

“ဝေါ ဝရော ဝေါ ဝေါ”

နယ်မြို့အချင်းချင်းဆက်သွယ်ကူးလူးသော ကားလမ်းအတိုင်း လူငယ်တစ်ယောက်ဆိုင်ကယ်ဖြင့် သွားလာလျှက်ရှိလေသည်။ ထိုလမ်းခရီးဟာ သူ့အတွက်အစိမ်းမဟုတ်လေပဲ အကြိမ်ကြိမ်အဖန်ဖန်သွားလာဖူးသောလမ်းသာဖြစ်လေသည်။

အစိမ်းမဟုတ်သောကြောင့်လည်း ထိုလမ်းခရီးတစ်လျှောက်တွင် မည်သည့်နေရာကဘာရှိပြီး၊ ဘယ်နေရာရဲ့အနေအထားကဘယ်ပုံဆိုတာကို သူကောင်းစွာသိထားခဲ့လေသည်။ ထိုသို့သိထားသည်ကြောင့် ယခုအခါသူ့စိတ်ထဲတိုးဝင်လာသည့်အဖြစ်ကတော့

“ဟင် ရှေ့အဆင်းဆိုရင် မရဏကွေ့တောင်ရောက်ပါပေါ့လား ဘာဖြစ်တာလဲမသိ ငါ့စိတ်တွေလေးပြီး တစ်ခုခုကိုစိုးရိမ်ကြောင့်ကျနေမိလား ဘုရား ဘုရား ဘာမှမဟုတ်ပါစေနဲ့”

လူငယ်ဟာ ဘုရားတလိုက်မိပြီး ဆိုင်ကယ်ကိုသာအာရုံစိုက်မောင်းနှင်လာခဲ့လေသည်။ သူ့ရှေ့မှအဆင်းဟာ အဘယ်မျှမက်စောက်သလဲဆိုတော့ စက်ဘီးသမားတို့ပင် ဘရိတ်မကောင်းပါက ဘရိတ်အုပ်ရပ်တန့်လို့မရအောင်အထိဖြစ်လေသည်။

အဆင်းကမက်စောက်သည့်အထဲမှာမှ လမ်းကလည်းဂငယ်သဏ္ဍာန်အကွေ့ဖြစ်နေသေးလေသည်။ လမ်း၏အပေါ်ဖက်တွင် ကြီးမားကျယ်ပြန့်သောရေကန်ကြီးရှိပြီး လမ်းရဲ့အောက်ဖက်တွင်မှာတော့ အုတ်ဂူတွေအဖွေးသားနှင့် သခ်ျိုင်းမြေရှိလေသည်။

လူငယ်ဟာ သတ္တိအလွန်ကောင်းသူတစ်ယောက် မဟုတ်သော်လည်း တော်ရုံအကြောင်းအရာလောက်ကိုတော့ လူပြောသူပြောဖြင့်လိုက်ပြီး ကြောက်ရွံ့ထိတ်လန့်သိမ်ငယ်နေတတ်သူတစ်ယောက်တော့မဟုတ်ပါချေ။

အကြောင်းတစ်စုံတရာပေါ်ပေါက်လာသော် ထိုအကြောင်းအရာပေါ်ပေါက်လာရခြင်း၏ဇစ်မြစ်ကိုစူးစမ်းရင်း စဉ်းစားတွေးတော၊ ချင့်ချိန်တတ်သူတစ်ယောက်သာဖြစ်လေသည်။ သို့ကြောင့် လူပြောများသည့်မရဏကွေ့ကိုလည်း သူတွေးတောမိဖူးလေသည်။

မရဏကွေ့က တကယ်မြေကြမ်းသောနေရာလား။ သို့တည်းမဟုတ် မက်စောက်သောအဆင်းတွင် လွန်စွာကွေ့ကောက်နေသည့်အတွက် ယာဉ်မောင်းသူတို့အရှိန်မထိန်းနိုင်ပဲAccident ဖြစ်ရခြင်းလားဆိုသည်ကို သူတွေးတောအဖြေရှာခဲ့ဖူးလေသည်။

“ရွှီ ရွှီ”

“ဝှစ် ဝှစ် ဝှစ်”

အဆင်းလမ်းဖြစ်သည့်အတွက် ဆိုင်ကယ်ရဲ့ပြေးနှုန်းကအလွန်မြန်ဆန်နေလေရာ လေတိုးသံတဝှစ်ဝှစ်မြည်ဟီးသံတို့ကိုကြားနေခဲ့ရလေသည်။ ထို့စဉ်အခိုက် သူ့ဆိုင်ကယ်ကိုနောက်မှအင်အားကြီးမားသောတစ်စုံတခုမှဝင်ဆောင့်လိုက်သည့်ပမာ

“ဒုန်း ”

“အားးး ဗုဒျဓံသရဏံဂစျဆာမိ ဓမျမံသရဏံဂစျဆာမိ ဿံဃံသရဏံဂစျဆာမိ”

ဆိုင်ကယ်ရောလူပါ လမ်းဘေးကန္တာစိမ်းတောထဲသို့အရှိန်ပြင်းစွာဖြင့်ပစ်ဝင်သွားခဲ့လေသည်။ ထိုသို့ဝင်သွားစဉ်အချိန်မှာပဲ သူ့နှုတ်မှသရဏဂုံသုံးပါးအား ရွတ်ဖတ်သရစ္စျာယ်လိုက်မိသေးလေသည်။ ဘာ့ကြောင့်သူ့ဆိုင်ကယ်ထိုသို့သွားရသည်ကိုသူမသိပါချေ။

သူ့ဆိုင်ကယ်တွင်ဘက်မှန်တို့လည်းပါရှိ၍ သူ့နောက်တွင်ဘာကားမှပါမလာကြောင်းသူမြင်နေခဲ့ရသည်ပဲ။ ဘာမှမမြင်တွေ့ရပဲအတိုက်ခံလိုက်ရခြင်းဖြစ်လေသည်။ ထို့နောက်တော့ မဟူရာအမှောင်ထုကြီးက သူ့ရဲ့အသိစိတ်ကိုဖုံးအုပ်သွားခဲ့လေတော့သည်။

လူငယ်ဟာ ထိုကဲ့သို့ဖြစ်ပြီးရုတ်တရက် သူ့အသိစိတ်အားလုံးကိုအမှောင်ထုကြီးကဖုံးလွှမ်းသွားခဲ့ရပြီး သူပြန်လည်သတိထားမိနိုင်သောအချိန်မှာ သူဟာလေဟာနယ်ထဲတွင် လေစီးနှင့်အတူစီးမျောလွင့်ပါနေခဲ့လေသည်။

“ဟင် ငါ ငါဘယ်ကိုရောက်နေတာလဲ ပြီးတော့ ငါဘာလို့အခုလိုလေထဲကနေသွားလို့ရနေခဲ့ရတာလဲ”
👇10
သူ လေထဲလွင့်ပါနေရင်းမှအထက်ပါအတိုင်းတွေးတောကြည့်မိလေသည်။ သို့သော် ဘာဆိုဘာတစ်ခုမှသူစဉ်းစားလို့မရနိုင်အောင်ဖြစ်နေခဲ့ရလေသည်။ သူအဘယ့်ကြောင့် ယခုလိုဖြစ်နေရသည်ကို သူအမှန်တကယ်ပင်မသိခဲ့ပါချေ။

“ငါ ငါကလူတစ်ယောက်မှဟုတ်ပါသေးရဲ့လား လူတွေကဒီလိုပဲ လေထဲကနေပျံသန်းသွားလာလို့ရနိုင်ရဲ့လား”

လူငယ်ဟာလေထဲတွင်မျောပါနေရင်းမှ သူ့ကိုယ်သူပြန်၍အထက်ပါအတိုင်းသုံးသပ်နေမိလေသည်။ သို့သော် တိကျရေရာသောအဖြေမျိုးတော့ထွက်ပေါ်လာခြင်းမရှိပါချေ။

သူဟာ လေဟာနယ်ထဲမှာ လေစီးကြောင်းအတိုင်းလွင့်မျောစီးပါရင်းအောက်သို့ငုံ့ကြည့်နေခဲ့လေသည်။ သူမြင်တွေ့နေရသည်ကတော့ သူတစ်ခါမှမရောက်ဖူးသောတောတောင်တွေ၊ပင်လယ်သမုဒ္ဒရာတို့ နေရာအနှံ့ဖြစ်လေသည်။

“ငါ ငါ ဘယ်တွေကိုရောက်နေတာလဲ ငါကလူသားအစစ်မှဟုတ်ရဲ့လား ငါဘယ်လိုဖြစ်ပြီး အခုလိုကောင်းကင်ကနေသွားနေရတာလဲ ငါသွားနေတာကရောဘယ်ဆီကိုလဲ”

စာစဉ်-(3)သို့

#သရဏဂုံကြောင့်သေရွာပြန်လာသူ

စာစဉ်-(3)

သူဟာလေထဲတွင် စီးမျောလွင့်ပါနေရင်းမှထိုကဲ့သို့တွေးတောအဖြေရှာနေခဲ့မိပါလေသည်။ ထို့စဉ်အခိုက် အောက်မှအရာကိုလှမ်းမြင်တွေ့လိုက်ရသော သူမျက်လုံးအစုံပြူးကျယ်သွားခဲ့ရပြီး

“ဟာ ဟိုဟာ မီး မီးပင်လယ်ကြီးပါလား အထဲမှာလည်းတလှုပ်လှုပ်နဲ့ ငါဆင်းကြည့်ဦးမှပဲ”

သူအထက်ပါအတိုင်းနှုတ်မှတီးတိုးရေရွတ်မိလိုက်ပြီးအောက်သို့ဆင်းသက်လာခဲ့ပါလေသည်။ အောက်တွင်မီးပင်လယ်ကြီးဖြစ်၍ သူကမီးပင်လယ်ရဲ့အနီးမှကျောက်ဆောင်အကွယ်သို့ဆင်းသက်ခဲ့ခြင်းဖြစ်လေသည်။

“အားး ကြောက်ပါပြီဗျ နောက်ဆိုမိဘကိုဘယ်တော့မှပြန်မပြောတော့ပညဘူးဗျ ပူလွန်းလို့တော်ကြပါ အွတ် ပလွတ် လွတ် လွတ်”

လူတစ်ယောက်ဟာ ကိုယ်တုံးလုံးဖြင့်မီးပင်လယ်အတွင်းခါးအထိနစ်မြုပ်နေလေသည်။ ထိုသို့နစ်မြုပ်နေစဉ် ဧရာမလူထွားကြီးက သံရည်ပူများပါသောခွက်ကြီးဖြင့် ကယ်ပါ၊ယူပါတစာစာအော်ဟစ်နေသူ၏ ပါးစပ်ထဲသို့လောင်းထည့်နေလေသည်။

လူထွားကြီးကသံရည်ပူများကိုထည့်သို့လောင်းထည့်လိုက်သည့်အတွက်ကြောင့် သူ့စကားသံမဆုံးလိုက်ပဲ ရေနစ်သူတစ်ယောက်၏ကယောင်ကတမ်းပြောပုံမျိုး မပီမသအသံတွေထွက်ပေါ်လာခဲ့ပါလေသည်။

” ဟင် ငရဲသားကြီးက သူ့ပါးစပ်ထဲကို သံရည်ပူတွေလောင်းထည့်နေပါလား ဟော သူ့အနီးမှာ မှတ်တိုင်နဲ့ဘုတ်ပြားလေးရှိတာပဲ မှန်း ဘာရေးထားလဲကြည့်ရအောင်”

ထိုငရဲသားကြီးနှင့် သံရည်ပူတွေပါးစပ်ထဲလောင်းထည့်ခံနေရသူ၏အနီးတွင် ဘုတ်ပြားလေးတစ်ခုရှိနေသည်ကိုတွေ့ရလေသောကြောင့် သူဖတ်ကြည့်လိုက်ရာ အောက်ပါအတိုင်းဖြစ်လေသည်။

“#မိဘကိုခွန်းတုန့်ပြန်ရန်တွေ့ပြန်ပြောတတ်သူတို့အတွက်သံရည်ပူငရဲ တဲ့ ဝိုး ဘုရား ဘုရား ဘုရား ကြောက်စရာကြီးပါပဲလား ”

သူထိုကဲ့သို့ဘုရားတလိုက်မိလေသည်။ ထိုနေရာတွင် ထိုကဲ့သို့ဖြစ်သလို၊ အခြားဖက်တွေမှာလည်း သူတစ်ပါးအသက်သတ်ဖြတ်သူ၊မုသားပြောသူတို့ သူ့အပြစ်နှင့်သူအသီးသီးဖြစ်လေသည်။

“အားး ကယ်ကြပါ ကယ်ကြပါဗျ ပူလွန်းလို့မခံနိုင်တော့ပါဘူးဗျ”

“ဂီး ဂရားး”

“ဂါးးး”

“ဝေါင်း ဝေါင်း”

“ဟေ့ မင်းဘယ်ပြေးမလဲ ပင်လယ်ထဲပြန်သွားစမ်း”

အချို့လူတွေဟာ ပူလွန်းသည့်အတွက် မီးပင်လယ်ထဲကနေထွက်ပြေးရန်ကမ်းပေါ်သို့တက်လေသည်။ ထိုအခါငရဲသားကြီးတွေက ထိုသူများကိုဖမ်းဆွဲကာ မီးပင်လယ်အတွင်းသို့ပြန်လည်ပစ်ချကြလေသည်။

ငရဲသားကြီးတွေ၏ကိုယ်ခန္ဓာကကြီးမားလွန်းသည့်အတွက်ကြောင့် လူသားတို့ဟာသူတို့လက်ထဲတွင် အရုပ်လေးတစ်ရုပ်ပမာသာရှိလေသည်။ တချို့ငရဲသားတို့ကကျတော့ မီးပင်လယ်အတွင်းမှတက်လာသူကို လှံတံကြီးတွေဖြင့်စောင့်ကြိုထိုးချလေသည်။

သူတို့လက်မှလွတ်မြောက်သူတို့ကိုတော့ လူ့ခါးစောင်းခန့်အမြင့်ရှိသော ဧရာမခွေးနက်ကြီးတွေက နောက်မှလိုက်လံကိုက်ခဲကြလေသည်။ ခွေးနက်ကြီးများ၏အာခံတွင်းအတွင်းမှလည်းမီးတောက်မီးလျှံများလျှံထွက်နေလျှက်ရှိလေသည်။

ထိုအခါ ထွက်ပြေးသူလည်းခွေးကိုက်သည့်ဒါဏ်အားမခံနိုင်၍မီးပင်လယ်အတွင်းသို့ပြန်လည်ခုန်ချကြလေသည်။ လူငယ်ဟာ ထိုအဖြစ်များထံအာရုံရောက်နေ၍ သူ၏အဖြစ်ကိုပင် သူမေ့လျော့နေခဲ့လေသည်။ သူသတိပြန်ထားလိုက်မိသည့်အချိန်မှာတော့

“ဟေ့ ကောင်လေး မင်းဒီကိုဘာလာလုပ်နေတာလဲ”

“ခင်ဗျာ”

အထက်ပါအတိုင်းအနီးကပ်မေးမြန်းသံကြီးက သူ့နောက်ကျောဖက်မှထွက်ပေါ်လာခဲ့လေသည်။ သို့ကြောင့် သူလှည့်ကြည့်လိုက်သောအခါ ငရဲသားကြီးတစ်ယောက်သူ့နောက်တွင်ရောက်ရှိနေခဲ့လေသည်။

“ဟေ့ မေးနေတယ်လေကွာ မင်း ဒီကိုဘာလာလုပ်နေတာလဲလို့”

“ဟို ဟို ကျ ကျ နော်”

သူတုန်တုန်ချိချိဖြင့် စကားတွေအထစ်ထစ်အငေါ့ငေါ့ဖြစ်နေရလေသည်။ (ကြောက်ဒူးတုန်ခြင်းဆိုထင်ပါ့။)

“သွား သွား မင်းနေရာမင်းပြန်တော့ ဒါကအပြစ်သားတွေရဲ့နေရာ မင်းနေရာမဟုတ်ဘူးကောင်လေး”

“ကျ ကျနော် မပြန် ပြန်တတ်”

“သြော ငါသိပြီ လာခဲ့ ကဲ ပြန်ပေတော့လကွယ်”

သူတုန်တုန်ချိချိပြောနေသည်ကို ငရဲသားကြီးကသဘောပေါက်သွားလေသည်။ သို့ကြောင့် သူ့လက်ကိုဖမ်းဆွဲပြီး အထက်ပါအတိုင်းပြောကာ လေဟာနယ်ထဲသို့ အားကုန်လွှဲပစ်ထုတ်လိုက်လေတော့သည်။

“အား ဗုဒျဓံသရဏံဂစျဆာမိပါဘုရား ဓမျမံသရဏံဂစျဆာမိပါဘုရား သံဃံသရဏံဂစျဆာမိပါဘုရား”
** * ** *** ** * **

“ဟယ် ကြည့်စမ်းပါဦး ဟိုလူနာကဘယ်လောက်အရေးပါတဲ့သူမို့လဲမသိဘူး သူ့အနားမှာရဲတွေလည်းအများကြီး ဘုန်းကြီးလည်းပါတယ် ပြီးတော့လူတွေကလည်းအများကြီး”

“အေး ဟုတ်ပါ့နော် ရဲတောင်မှ ဟိုထောင်ထောင်မောင်းမောင်းနဲ့ရဲသားကြီးကစခန်းမှူးဖြစ်မယ်ထင်တယ် သူ့ခါးမှခြောက်လုံးပြူးကြီးနဲ့”

“အင်း ဟုတ်ပါ့နော် ဟုတ်ပါ့ ဟုတ်ပါ့”

ညမိုးချုပ်အချိန်(….)မြို့မှပြည်သူ့ဆေးရုံကြီး၏ အခန်းတစ်ခုအတွင်းသို့လူနာတစ်ယောက်ရောက်ရှိလာခဲ့လေသည်။ ထိုလူနာနှင့်အတူလူအများနှင့်ရဲသားသုံးယောက်၊စခန်းမှူးကိုယ်တိုင်ပါရှိပြီး ဘုန်းကြီးတစ်ပါးလည်းပါသေးလေသည်။

သို့ကြောင့် ဆေးရုံအခန်းအတွင်းအရင်ရှိနေနှင့်သူတို့က အထက်ပါအတိုင်း သူတို့၏ထင်မြင်ချက်ဖြင့် တွေးတောဝေဖန်နေခဲ့ကြပါလေသည်။ လူနာ၏ဦးခေါင်းမှသွေးတို့မြင်မကောင်းအောင်ထွက်နေခြင်းကြောင့် ကုတင်ပေါ်မှာသွေးတို့ပေကျံကုန်ရလေသည်။

တာဝန်ကျဆရာ၊ဆရာမတို့က လိုအပ်သလိုဆေးကုသမှုတို့အလျင်အမြန်ဆောင်ရွက်ကြပါလေသည်။ သူတို့ထိုသို့ကုသနေသည်ကိုလူနာကတော့ဘာမှမသိပါချေ။ မသိဆို ထိုလူနာကသတိလစ်နေခဲ့သည်ကိုး။

အစတော့ အခန်းထဲမှလူတို့လည်း ထိုလူနာဘာဖြစ်လာမှန်းမသိကြလေပဲစိတ်ဝင်တစားဖြင့်ကြည့်ရှုနေခဲ့ကြလေသည်။ နောက်အတော်ကြာမှသူ့အနားမှလူအချို့နှင့်ရဲသားများရော၊ဘုန်းကြီးပါပြန်ကြွသွားလေသည်။

ဒီတော့သောအခါ အစောကသိချင်သော်လည်း လူအများရှိနေ၍မေးရန်မသင့်လို့အသာရပ်ကြည့်နေခဲ့ရသောအမျိုးသမီးကြီးတစ်ယောက်ဟာ စူးစမ်းရန်ထိုကုတင်အနီးသို့တိုးကပ်သွားပြီး တရှံ့ရှုံ့ဖြင့်ငိုကြွေးနေသောမိန်းမပျိုလေးထံသို့

“ငါ့တူမ သူကဘာဖြစ်တာတုန်း”

“သြော် ဟုတ်အဒေါ်ကြီး ဆိုင်ကယ်Accident ဖြစ်တာပါ”

“သြော် ဒါနဲ့သူက တူမလေးနဲ့”

အမျိုးသမီးကြီးထိုသို့စူးစမ်းမေးမြန်းသော် မိန်းမလှလေးက အတော်စပ်စုတတ်ရန်ကောဟူသောအကြည့်မျိုးဖြင့် ငိုကြွေးရင်းကနေမော့ကြည့်လိုက်ပြီး

“သူကကျမအစ်ကိုဝမ်းကွဲပါ”

“သြော် အင်း အင်း”

အမျိုးသမီးကြီးလည်း ထို့ထက်ဆက်မေးမြန်းနေရန်မသင့်တော့လေသောကြောင့် ဆက်မမေးတော့ပါချေ။ ဆက်မမေးပေမယ့် ထိုလူနာရဲ့ကုတင်ဆီကိုတော့ မကြာခဏလှမ်းလှမ်းကြည့်နေခဲ့သေးလေသည်။

ထိုသို့ဖြင့် တစ်ညတာကုန်ဆုံးခဲ့သော်မှ လူနာကသတိရလာခြင်းမရှိသေးပါချေ။ လူနာစောင့်တို့လည်းအတော်စိုးရိမ်ပူပန်နေကြကြောင်း သူတို့မျက်နှာထက်တွင်အထင်းသားပေါ်လွင်နေခဲ့လေသည်။ ထိုသို့ဖြင့်မနက်ဆယ်နာရီဝန်းကျင်အရောက်မှာတော့

“ဗုဒျဓံသရဏံဂစျဆာမိပါဘုရား ဓမျမံသရဏံဂစျဆာမိပါဘုရား သံဃံသရဏံဂစျဆာမိပါဘုရား”

“အယ် အရီး ဒီမှာအစ်ကိုသတိရပြီ ကိုစိုင်းသတိရလာပြီ”

“ဟေ ဟုတ်လား ငါ့တူလေး ငါ့တူလေးသတိရလာပြီ ဝမ်းသာလိုက်တာကွယ်”

သတိလစ်မေ့မျောနေသည့်လူနာထံမှ သရဏဂုံသုံးပါးအားရွတ်ဖတ်သရစ္စျာသည့်အသံပေါ်ထွက်လာခြင်းကြောင့် လူနာစောင့်မိန်းမလှလေးက ငုံ့ကြည့်လိုက်ရာ သတိရလာပြီဖြစ်ကြောင်းမြင်တွေ့လိုက်ရလေသည်။

ထို့ကြောင့်သူမက တစ်ဖက်လူနာစောင့်တို့ဖြင့်စကားသွားပြောနေသောအဒေါ်ဖြစ်သူအား ဝမ်းသာအားရလေသံမျိုးဖြင့် လှမ်းပြောလိုက်လေသည်။ ထိုတော့သောအခါမှ အဒေါ်ဖြစ်သူအပြေးရောက်လာခဲ့ပြီး

“အယ် ဟုတ်လား ငါ့တူလေး ငါ့တူလေးသတိရလာပြီ ဝမ်းသာလိုက်တာကွယ်”

“အရီး ကျနော် ကျနော် ဘာဖြစ်တာလဲ”

“ဘာဖြစ်ရမလဲငါ့တူ မနေ့ကနေ့လည်က မရဏကွေ့မှာ ငါ့တူဆိုင်ကယ်Accidentဖြစ်တာလေ အဲ့ဒါကြောင့် ညကတည်းက ဒီပြည်သူ့ဆေးရုံကိုရောက်နေခဲ့တာကွဲ့”
👇10
“ဟင်”

လူငယ်လွန်စွာ အံ့အားသင့်သွားပြီး ချက်ချင်းစကားမဆက်နိုင်သေးပဲခေတ္တရပ်တန့်နေခဲ့လေသည်။ ထိုသို့ခေတ္တရပ်တန့်နားလိုက်ပြီးလေသောအခါမှ ဆက်လက်၍

“ကျနော် ကျနော့်ကို သရဲ၊သဘက်ကြီးတွေကစားဖို့ကပ်လာသေးတယ် အဲ့ဒါလေ ရှမ်းတိုင်းရင်းသားဝတ်စုံနဲ့မင်းသားချောလေးရောက်လာပြီး ငေါက်ထုတ်လိုက်မှသူတို့ပြန်ထွက်သွားခဲ့တာအရီး”

“ဟယ် ငါ့တူ ဒါဆိုရင်တော့ အဲ့ဒီမရဏကွေ့အထက်နားမှာရှိတဲ့ရှမ်းမောင်နှမနတ်နန်းက ရှမ်းမင်းသားလေးက ငါ့တူကိုကယ်တင်ပေးခဲ့တာဖြစ်မယ်ထင်တယ်”

အဒေါ်ဖြစ်သူပြောသည့်နတ်နန်းကို ထိုလူငယ်သိပြီး သူကိုယ်တိုင်လည်းရောက်ဖူးလေသည်။ ထိုနတ်နန်းက ရှမ်းမောင်နှမဖြစ်၍ နတ်စင်အနီးအနားမှာ အတွဲ၊လင်မယားတွေ မဖွယ်မရာပြုမူခြင်းတို့ကိုလုံးဝ၊(လုံးဝ)မနှစ်မြို့ပါချေ။

“ဟုတ် အရီးပြီးတော့လေ ငရဲကိုလည်းကျနော်ရောက်ခဲ့သေးတယ်”

“ဟင်”

“ဟယ် ငရဲရောက်ခဲ့တယ်တဲ့”

“ဟာ”

စာစဉ်-(4)သို့

#သရဏဂုံသုံးပါးကြောင့်သေရွာကပြန်လာသူ

စာစဉ်-(4)

လူငယ်သတိရလာပြီဆိုကတည်းက အနီးအနားရှိလူနာတို့နှင့်လူနာစောင့်များကလှမ်းကြည့်နေခဲ့ကြပြီး ယခုလူငယ့်ထံမှ ငရဲလည်းရောက်ခဲ့သေးတယ်ဟု ပြောစကားအားကြားလိုက်ရသော် အားလုံးပါးစပ်အဟောင်းသားဖြစ်ကုန်ကြရလေတော့သည်။

ထို့ကြောင့် အချို့ကသိချင်၍အကျိုးအကြောင်းမေးလာကြသော် လူငယ်လည်း သူမြင်တွေ့ခဲ့ရသည့်အတိုင်းအပိုအလိုမရှိပြောပြလိုက်လေတော့သည်။ မှတ်ချက်-(သူသတိလစ်နေစဉ်က ငရဲသို့ရောက်သွားရခြင်းကိုအထက်တွင်ဖော်ပြပြီးဖြစ်ပါ၏။စာရေးသူ)

လူငယ်ဟာ အရင်နေ့နေ့လည်နှစ်နာရီခန့်က ဆိုင်ကယ်Accidentဖြစ်ပြီး သတိလစ်နေခဲ့ရာမှ တစ်ညကျော်လွန်ကာ ယခုမနက်ဆယ်နာရီဝန်းကျင်မှသတိပြန်ရလာခြင်းဖြစ်လေသည်။ သူသတိလစ်နေခဲ့သည်မှာ နာရီပေါင်း(20)ဝန်းကျင်အထိဖြစ်လေသည်။

အချို့သောလူတွေကတော့ သူဘယ်လိုမှအသက်မရှင်နိုင်တော့ဟုသတ်မှတ်ထားခဲ့ကြပါလေသည်။ အဘယ့်ကြောင့် ထိုသို့ထင်မြင်သတ်မှတ်ကြလေသနည်း။ ဆိုတော့ကာ သူဖြစ်သည့်နေရာကမြေအလွန်ကြမ်းသည့်မရဏကွေ့တွင်ဖြစ်လေသည်။

နောက်ပြီးတော့ သူ့ကိုလူတွေတွေ့စဉ်သူ့ဦးခေါင်းမှသွေးတို့မရပ်မနားထွက်နေခြင်းကြောင့် ဦးခေါင်းကြေပြီဟုယူဆခဲ့ကြလေသည်။ နောက်တစ်ချက်က သူဖြစ်သည်ကနေ့လည်ကဖြစ်ပြီး ဆေးရုံသို့ရောက်သည်ကညမှဖြစ်လေသည်။

သည်တော့ကာ ကြားကာလတလျှောက်လုံး သွေးများစွာထွက်ထားခြင်းကြောင့် သွေးထွက်လွန်ပြီးတော့ဆုံးပါးနိုင်ခြင်းက ရာခိုင်းနှုန်းအပြည့်ပင်ဖြစ်ပါလေသည်။ သို့သော် ယခုတော့သူဟာသေကံမရောက်လို့သက်မပျောက်ပဲပြန်လည်ရှင်သန်ခဲ့ရလေသည်။

သို့ကြောင့်လည်း သူ့ကိုအချို့ကသေရွာပြန်ဟုခေါ်ကြပါလေသည်။ ထိုသူတို့ခေါ်ဆိုသည်မှာလည်းမမှားပါချေ။ အဘယ့်ကြောင့်ဆိုသော် သူဟာနာရီနှစ်ဆယ်လုံးလုံးသတိလစ်မေ့မြောနေပြီး ထိုကာလတွင် သူ့ဝိညာဉ်ကငရဲတောင်ရောက်ခဲ့ရသေးသည်ကိုး။

နောက်ပြီးတော့ သူဆေးရုံသို့မသွားရသေးခင် ကားဂိတ်မှအရေးပေါ်ကားထဲတွင်ရှိနေစဉ် မြင်တွေ့သွားသူတို့က သူဟာဦးခေါင်းကြေမွပြီး ဆုံးပါးနေသည်ဟုပြောခဲ့တော့ တစ်ရွာလုံးကသူဆုံးပါးသွားပြီဟု ထင်မှတ်ထားခဲ့ကြ၍ဖြစ်လေသည်။

သို့ကြောင့် တစ်ရွာလုံးက သူ့အားဆုံးပါးသွားပြီဟု ယုံကြည်လက်ခံပြီးမှပြန်လည်ရှင်သန်လာသောကြောင့် ထိုသူတို့မှသူ့အားသေရွာပြန်ဟုခေါ်ဆိုခြင်းမှာ မလွန်လွန်းပါလေပဲ သဘာဝကျပါပေသည်။

သူသေကံမရောက်သက်မပျောက်ခဲ့သည်မှာမှန်သော်လည်း ဖြစ်ပြီးသုံးလေးလကဆိုလျှင် အရင်ကအဖြစ်သနစ်အချို့တို့ကိုမေ့လျော့နေခဲ့ပါသေးလေသည်။ Accidentဖြစ်ရာတွင် အထိခိုက်ဆုံးကဦးခေါင်းဖြစ်လေသည်။

ဆေးရုံတွင်ရက်သတ္တတစ်ပတ်တိတိနေပြီးမှ ဆေးရုံကဆင်းခွင့်ရခဲ့လေသည်။ ဆေးရုံကဆင်းစကဆိုလျှင် သူဆိုင်ကယ်မောင်းရန်ညာလက်ကိုမြှောက်ရာမရပါချေ။ ထိုအခါ ဘယ်လက်ဖြင့် ညာလက်ကိုမကာ လီဗာပေါ်သို့တင်ပေးရလေသည်။

ထိုသို့လီဗာပေါ်သို့ရောက်လျှင်တော့ လီဗာဆွဲ၍မောင်းနှင်နိုင်ပါလေသည်။ နောက်တစ်ချက်ကတော့ ပုဆိုးတောင်ဝတ်ရန်မနိုင်ပါချေ။ အကြောပြင်ဆရာ၏အပြောအရကတော့ အကြောလန့်သွားခြင်းဟုဖြစ်ပေသည်။

လူငယ်ဟာ ထိုအခြေနေနှင့်သုံးလေးလဝန်းကျင်ခန့်နေရကာ အကြောပြင်ဆရာကြီးတစ်ဦးထံမှာအကြောပြင်ရင်း ပုံမှန်အနေအထားသို့ပြန်လည်ရောက်ရှိလာခဲ့ပါလေသည်။

အားလုံးကိုပေါင်းချုပ်ရသော် Accidentဖြစ်သူတိုင်းအသက်ဘေးမှကင်းလွတ်သည်မရှိသော မြေအလွန်ကြမ်းသည့်မရဏကွေ့တွင်ဖြစ်ပွားခဲ့ရပေမယ့် ထိုလူငယ်ဟာသေကံမရောက်သက်မပျောက်ပဲခဲ့ပါချေ။

ထိုကဲ့သို့Accidentဖြစ်ပြီး ဆယ်စုနှစ်တစ်ခုခန့်အကြာအချိန်ကာလတစ်ခုမှာပင် ယခုဤစာစုလေးအားအမှတ်တရအနေဖြင့်ပြန်လည်ရေးသားမှတ်တမ်းတင်ခဲ့ပေသည်။ လူငယ်တစ်ယောက် ထိုကဲ့သို့သေကံမရောက်သက်မပျောက်ခြင်းမှာမည်သို့ကြောင့်နည်း။

သူဟာ ငယ်စဉ်ကာလကနေ သရဏဂုံသုံးပါးအား မနက်အိပ်ရာထမျက်နှာသစ်တိုင်းရွတ်ဖတ်လာခဲ့သည်မှာတစ်ရက်တလေလေးမှတင်ပျက်ကွက်ခြင်းမရှိသေးလေပဲ အခုဆိုဆယ်စုနှစ်တွေပင် အကြိမ်ကြိမ်ဟုဆိုရသည့်အထိကြာညောင်းခဲ့ချေပြီတည်း။

သို့ကြောင့် ကျွန်ုပ်အနေဖြင့်သုံးသပ်ရလေသော် ထိုကဲ့သို့ဆိုင်ကယ်Accidentအပြင်း အထန်ဖြစ်ခဲ့သော်လည်း သေကံမရောက်သက်မပျောက်ခြင်းမှာ သရဏဂုံသုံးပါးအား နေ့စဉ်မပြတ်မျက်နှာ သစ်တိုင်းရွတ်ဖတ်သရစ္စျာယ်ခဲ့လို့ဟုခံယူမိပါ၏။

ဝန်ခံချက်-သရဏဂုံသုံးပါးအား မနက်အိပ်ရာထမျက်နှာသစ်တိုင်း ကျွန်ုပ်ရွတ်ဖတ်သရစ္စျာယ်လာခဲ့သည်မှာ အခုဆိုနှစ်ပေါင်း(20)ကျော်တိုင်ခဲ့ပေပြီတည်း။ ထိုနှစ်ပေါင်းနှစ်ဆယ်ကျော်ကာလတွင် ဆိုင်ကယ်Accidentဖြစ်စဉ်က သတိလစ်မေ့မြောနေခဲ့သည့်တစ်ရက်တည်းသာပျက်ကွက်ခဲ့ဖူးပေ၏။စာရေးသူ

သို့ကြောင့် ကျွန်ုပ်၏စာရှုသူတို့လည်း ယုံကြည်ပါလျှင် သရဏဂုံအားနေ့စဉ်ရွတ်ဖတ်သရစ္စျာယ်သင့်ပါကြောင်းအကြံပြုရင်း ကျွန်ုပ်စာရေးသူကိုယ်တိုင်ဖြစ်ပျက်ကြုံတွေ့ခဲ့ရခြင်းအားပြန်လည်ရေးသားမျှဝေပေးသော..?

#သရဏဂုံသုံးပါးကြောင့်သေရွာကပြန်လာသူ ဟုအမည်ရဖြစ်ရပ်မှန်ဇာတ်လမ်းလေးအား ဤနေရာတွင်နိဂုံးကပါတ်အဆုံးသတ်လိုက်ရပါသည်ခင်ဗျာ။ စိုင်းရဲ့စာရှုသူများနှင့်ချစ်မိတ်ဆွေအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ချမ်းသာ ပျော်ရွှင်ချမ်းမြေ့ပြီး အေးမြသာယာသည့်ဘဝ ကိုယ်စီကိုယ်ငှပိုင်ဆိုင်ကြပါစေခ။

>——-}>ပြီးပါပြီ<{——-<

✍စာရှုသူများနှင့်ချစ်မိတ်ဆွေအပေါင်းအား အစဉ်၊ထာဝရ ချစ်ခင်လေးစားရပါသည့်~

#စိုင်းဇာနည်{idea sai}
စာပြီးချိန်-⏰4:57Pm[MLS]
December 26.2023 Tuesday
🙏#အမြန်ဆုံးအေးချမ်းသာယာပါစေအမိမြေ🙏