သရဲခွဲတဲ့အသည်း

Posted on

သရဲခွဲတဲ့အသည်း(စ/ဆုံး)
————————–
“”အဟေးးးးခွေးသခိုး•••
အမ်•••မှားလို့ဖိနပ်သခိုး••အေ့•တောက်•••
ဖိနပ်ကိုမှခိုးရတယ်လို့”””
ထိုအသံကား•••
ရွာရဲ့ပင်တိုင်မင်းသားငမူးဖိုးမူး၏အသံ
ဖြစ်သည်။•••
မူးနိုင်သည့်နေရာတွင်နှစ်ယောက်မရှိသလို•••
မူးနိုင်သလောက်•••ရစ်နိုင်သူလည်းဖြစ်သည်။
မူးလာရင်•••
အဆိုဖိုးမူ၊
အငိုဖိုးမူ၊
တစ်ခါတစ်လေအကလေးများပင်ပါလိုက်သေးသည်။
ဖိုးမူလာပြီဟေ့ဆို•••
ကလေးအစခွေးအဆုံး•••အသံကြားရုံနှင့်
ပြေးပြီဖြစ်သည်။
ခုလည်းလမ်းပေါ်တွင်သူတစ်ယောက်ထဲ
နေရာယူထားကာ•••
ရစ်စရာရှာမတွေ့တော့ကိုယ့်ကိုယ်ကိုယ်
ပြန်ရစ်နေလေသည်။•••
ပါးစပ်ကသာ•••
ဖိနပ်သခိုးဟုအော်နေတာ•••
ဖိနပ်ကခါးမှာ••ထိုးညှပ်ထားတာဖြစ်သည်။•••
သို့သော်မိမိကိုယ်တိုင်မသိရကာ•••
ပါးစပ်မှတတွတ်တွတ်အော်နေဆဲရှိသည်။•••
“”ဖိုးမူတဲ့ကွ
ဟေ့••ရှေ့မှာဘယ်သူပိတ်ရက်နေတာလဲ”””
ရွာထိပ်ဘုရားမုခ်ဦးရှေ့ရောက်တော့
လမ်းတည့်တည့်မသွားဘဲ•••
မုခ်ဦးဘက်လှည့်သွားတာမို့
မုခ်ပေါက်မှခြင်္သေ့ရုပ်ရှေ့တွင်
ဆက်သွားရန်လမ်းမရှိဘဲ•••
ရှေ့ကပိတ်နေတာမို့•••
မျက်လုံးမဖွင့်ဘဲပိတ်အော်နေတာဖြစ်သည်။•••
“”တောက်•••ငါ့ရှေ့မှာပိတ်ရပ်နေတာ
ဘယ်ခွေးမသားလဲ””””
“””ဖိုးမူရှေ့မှာဘယ်ကောင်ပိတ်ရဲလဲ”””
ပြောပြောဆိုဆိုရှေ့မှခြင်္သေ့ရုပ်အား
လက်ထဲမှအရက်ပုလင်းနှင့်
လှမ်းထုလိုက်လေသည်။
“”ခွမ်းးးး”””
ပုလင်းကွဲစများက•••လွင့်စင်•••
ဖြာကျလာလေသည်။
ဖိုးမူမှာအားမရနိုင်သေးဘဲ•••
“”သြော်••မင်းကခေါင်းမှာတယ်ပေ့ါ•••
တောက်•••ကဲ•••ကဲကွာ”””
“”အားးးးး””
ခြင်္သေ့ရုပ်ကြီးအားခြေနှင့်•••
စိတ်လိုက်မာန်ပါကန်လိုက်တာမို့•••
ခြေနာသွားရသည်။
“”ခွေးမသား•••”””
အရှိန်ကြောင့်ခြေမှာတော်တော်နာသွားရကာ••
ရှေ့ဆက်သွားဖို့မျက်လုံးလည်းမဖွင့်နိုင်တော့ပြီဖြစ်သည်။
သို့နှင့်မုခ်ပေါက်ဘေးတွင်
အင်္ဂတေလုပ်ထားသော•••ခုံပေါ်တွင်ထိုင်လျလိုက်သည်။••
မှောင်ရီဖြိုးဖျအချိန်မို့•••
ရွာဦးစေတီရှေ့မှလူဖြတ်သွားဖြတ်လာလည်း
နည်းပေပြီ••••
အဘယ်ကြောင့်ဆိုသော်••••
ထိုအချိန်မျိုးတွင်
ရွာဦးစေတီနီးတစ်ဝိုက်သည်
သစ်ပင်သစ်ဝါးများထူထပ်လှစွာ•••
ပေါက်ရောက်နေတာမို့
ဖြတ်သွားဖြတ်လာရတာ
အေးအေးစက်စက်
အုပ်အုပ်ဆိုင်းဆိုင်းနှင့်ကျောချမ်းဖွယ်ဖြစ်သည်။
သို့သော်•••
ငမူးဖိုးမူကတော့နေ့တိုင်းပုံမှန်ဒီအချိန်မှပြန်နေကျဖြစ်သည်။
ထိုနေ့တွင်ဖိုးမူရေချိန်များသွားကာ••
ဘုရားမုခ်ပေါက်အင်္ဂတေခုံမှာအိပ်ရမည့်
အခြေအနေဖြစ်နေပြီဖြစ်သည်။
“””ဟားးးးးဟားးးးး””””
“”ကောင်းကွာ•••ဒီနေရာဒီစခန်းလေးက”””
ဖိုးမူတစ်ယောက်တည်း•••
ပြောလိုက်ရယ်လိုက်နှင့်•••
အူမြူးလာကာသီချင်းများပင်အော်ဆိုလိုက်သေးသည်။
“”အောင်သွယ်တော်•••ဖိုးရွှေလမင်းးးအေ့•••
အိမ်ထဲကိုဝင်ကာ•••မပြေးနဲ့•••အေ့••••
ဝေါ့••••”””
“”အမေ့အိမ်ကိုလည်းချစ်သားလွမ်းပါတယ်•••
အီးးးဟီးးးဟီးး””””
ဖိုးမူတစ်ယောက်တည်းမုခ်ပေါက်ရှေ့ခုံလေးတွင်••
ငိုလိုက်ရယ်လိုက်•••
ဆိုလိုက်ဖြင့်•••မောလာဟန်တူပါသည်
ခဏနေတော့အသံပျောက်သွားလေသည်။
~~~~~~~~~~~~
{၂}
မနက်ခင်းနေရောင်ခြည်က•••
တိမ်စိုင်တိမ်လိမ့်များကြားမှ
အားယူထိုးဖောက်ကာ^••
ဝန်းကျင်တစ်ခွင်အလင်းပေးနေလေပြီ။
ကျေးငှက်သံ•••
ရွာဦးကျောင်းမှအုန်းမောင်းခေါက်သံ
များကကျက်သရေရှိစွာပျံ့လွင့်လာလေသည်။•••
သို့သော်•••
မင်္ဂလာအပေါင်းခညောင်းသောမနက်ခင်းလေးအား
မနက်အစောကြီးရွာပြင်နွားကျောင်းသွားသော•••
ကြွက်နီ၏သတင်းစကားက
ဖျက်ဆီးလိုက်လေသည်။•••
“””ဦးလေးဦးလေးဘပု•••
ကိုဖိုးမူကြီး•••ရွာဦးစေတီမုခ်ပေါက်က
ခုံမှာစန့်စန့်ကြီးဗျ•••
လာကြည့်ပါဦး”””
“”ဟေ•••မထိတ်သာမလန့်သာ
ကြွက်နီရာ••အိပ်နေတာဖြစ်မှာပေါ့”””
“”ဦးလေးဘပုလိုက်ခဲ့ဗျာ”””
ဦးလေးဘပုမှာအိမ်နားက•••
လူကြီးတစ်ယောက်နှစ်ယောက်နှင့်အတူ
ရွာဦးစေတီသို့ချီတက်လာခဲ့သည်။•••
အင်္ဂတေခုံတွင်တွဲလောင်းကျနေသော
ဖိုးမူ၏ပုဆိုးစကို•••အရင်မြင်ရလေသည်။
ထို့နောက်•••
အေးစက်တောင့်တင်းလျက်•••
အင်္ဂတေခုံပေါ်တွင်မနိုးသောအိပ်စက်
ခြင်းဖြင့်အိပ်နေပါသောဖိုးမူ••••
“”ကိုယ်ကျိုးတော့နည်းပါပြီ•••
အရက်နင်းကန်သောက်•••
ညတစ်ညလုံးဒီခုံမှာအိပ်တော့••
ဖြစ်ပြီပေါ့”””
“”ညနေကဘယ်သူမှမတွေ့ကြဘူးလား”””
“”ခါတိုင်းဘယ်လောက်မူးမူး
အိမ်ရောက်အောင်ပြန်နေကျပါ”””
တစ်ယောက်တစ်ပေါက်ဆူညံပြောဆိုနေရာမှ•••
ဖိုးမူသေသည်ဟူသောသတင်းကြောင့်
မကြာမီလူများဝိုင်းအုံလာကြသည်။
သူကြီးဦးပေတိုးတို့လည်း
ရောက်ရှိလာကာ••အလောင်းအား
သဂြိုလ်ရန်စီစဉ်ကြရသည်။
သူကြီးကတပည့်နှစ်ယောက်အား••
မြို့သို့လွတ်၍ရဲစခန်းသို့
အကြောင်းကြားခိုင်းလိုက်လေသည်။•••
နေ့လည်လောက်•••
ရဲစခန်းမှတာဝန်ရှိသူများ•••
ရောက်လာကာသာမန်သေမှုသေခင်းအဖြစ်
စစ်ချက်ယူသွားကြလေသည်။
အလောင်းက•••
ရွာထဲသယ်မရတာမို့•••
ဖိုးမူသေသည့်နေရာမှာပင်•••
တလားအကြမ်းပြင်ကာ•••
ရွာဦးကျောင်းဆရာတော်အားပင့်၍
သရဏဂုံတင်လိုက်လေသည်။•••
ထို့နောက်ရွာပြင်သင်္ချိုင်းသို့
သယ်ယူကာသဂြိုလ်လိုက်ကြသည်။
တစ်ကောင်ကြွက်သမားမို့••
ဖိုးမူ၏အပြန်ခရီးသည်•••
တိတ်ဆိတ်လျက်။ ။
~~~~~~~~~~~~~
{၃}
ဇာတ်သိမ်း
“”ဟေ့•••ဖေ့သားကြီး••••သွက်သွက်လေးပြေးစမ်းပါ”””
“”တက်•••ကလောက်••တက်ကလောက်”””
ချစ်ညိုတစ်ယောက်တစ်ဖက်ရွာမှာစပါး
သွားယူရင်း•••ပြန်လာတာနောက်ကျသွား
တာမို့•••နွားလှည်းအားခပ်သော့သော့
နှင်နေခြင်းဖြစ်သည်။••••
ရွာဦးစေတီရှေ့ကဖြတ်ရမည်မဟုတ်ပါလား•••
ငမူးဖိုးမူကအရက်မူးပြီးသေတာ•••
မိမိကိုယ်ကိုယ်သေမှန်းပင်သိမှာမဟုတ်•••
မတော်လှည်းကြုံတောင်းလိုက်နေမှခက်မည်။
ရွာထဲတွင်လည်းပြောနေဆိုနေသံ
နားစွန်နားဖျားကြားထားသည်မဟုတ်ပါလား•••
ညညဆိုဘုရားစေတီနဘေးမှဖြတ်သွားရင်း
ရယ်သံနက်ကြီးကြားသည်တဲ့
တစ်ခါတစ်ခါ•••
သီချင်းပါအော်ဆိုနေသေးသည်ဟုဆိုသည်။
ချစ်ညိုစဉ်းစား
ရင်းကြက်သီးထလာလေသည်။•••
လှည်းပေါ်တွင်စပါးများဖြင့်နှစ်နေသည်မို့
နွားများသည်ထင်သလောက်မရုန်းနိုင်ရှာ။
နေသည်အနောက်ဂေါ်ယာကျွန်းသို့
ယွန်းလေပြီ••••
ဘုရားစေတီကိုအဝေးဆီမှလှမ်းမြင်နေရပြီဖြစ်သည်။•••
ကြောက်စိတ်များပြောက်လိုပြောက်ငြား
ပါးစပ်ထဲတွေ့ကရာသီ
ချင်းတစ်ပုဒ်အော်ဆိုလိုက်ရာငမူး
ဖိုးမူးဆိုနေကျသီချင်းဖြစ်နေလေသည်။•••
“””အောင်သွယ်တော်•••
ဖိုးရွှေလမင်း•••••”””
“”သွားးးသွားးးဖေ့သားကြီးမြန်မြန်သွား”””
စေတီနားရောက်တော့သီချင်းဆိုရင်း
နွားကိုလည်းအသော့နှင်မိသည်။
သီချင်းကအောင်သွယ်တော်ကမလွန်နိုင်ပေ။
ချစ်ညိုနားလိုက်သည်နှင့်••••
သီချင်းအားဆက်ဆိုလိုက်သော•••
အော်သံဝါဝါကြီးထွက်ပေါ်လာလေသည်။
“”အောင်သွယ်တော်•••ဖိုးရွှေလမင်း•••အေ့•••အော့”””
နွားများမှာသွားနေရင်းတန့်သွားကာ
မူမမှန်တော့။•••
နွားနှစ်ကောင်မှာနှာမှုတ်သံတရှူးရှူးထလာကာ
ရှေ့ခြေနှစ်ဖက်ပတပ်ရပ်လိုက်ရာ•••
နွားလှည်းမောင်းနေသော
ချစ်ညိုမှာခွေးကျဝက်ကျကျလေတော့သည်။
သို့သော် အကျမတော်ပဲ•••
ပုဆိုးစသည်လှည်း••စွန်းတွင်ငြိကာ•••
“””ဗြီ•••••”””
သွားပြီကွဲပြီဆိုတာချစ်ညိုသိလိုက်သည်။•••
“””ဟီးးးးဟီးးးဟားးးဟားးးး”””
ပုဆိုးစအားဖြုတ်မနိုင်သေးခင်မှာပင်
တဟီးဟီးတဟားဟားအသံနှင့်•••
လှည့်ရှေ့တွင်ယိမ်းထိုးနေသော•••
မဲမဲ သဏ္ဌာန်အကောင်ကြီးကြောင့်
ချစ်ညိုမှာအရှက်ကိုမငဲ့အား•••
ပုဆိုးစအားလှည်းတွင်ငြိနေရာမှဖြုတ်မနေတော့ဘဲ•••
ပုဆိုးကွင်းထဲမှထွက်ကာပြေးလေတော့သည်။
””အားးးအမရေ••ကယ်ပါဦးးးးသရဲဖိုးမူကြီး”””
ပုဆိုးလည်းကျန်ခဲ့ကာ•••
ဖိနပ်လည်းဘယ်ဆီမသိတော့။
အော်ရယ်သံကြီးကနောက်မှကပ်ပါလာမြဲ•••
“”အားးးကယ်ပါဦး•••”””
ပထမဆုံး••စတွေ့သော••အိမ်ထဲပြေးဝင်လိုက်သည်။
ဖြစ်ချင်တော့•••ချစ်ညိုကြိတ်ပိုးနေသော•^•
ခင်သန်းတို့အိမ်ဖြစ်နေလေသည်။
ခင်သန်းမှာအိမ်နောက်နွားတင်းကုတ်တွင်•••
မီးဖိုပေးရင်အိမ်ရှေ့ထွက်အလာ•••
ပုဆိုးမပါဘာမပါ အတွင်းခံလေးတစ်ထည်နှင့်
••အသံကုန်ဟစ်လျက် ပြေးလာသော
ချစ်ညိုကြောင့်လန့်၍အော်မိသည်။
‘”အားးးအမလေးအမေရေ”””
ခင်သန်းအသံကစူးရှကျယ်လောင်လှတာမို့•••
အိမ်ပေါ်မှလူတွေအားလုံးဆင်းပြေးလာကြသည်။
ချစ်ညိုမှာ•••
“”ကယ်ကြပါဦး”””ဟုသာ
ရေရွတ်နိုင်လျက်•••ဝုန်းဆိုပစ်လဲသွားလေသည်။
ခင်သန်း၏မောင်များမှာအတွင်းခံတစ်ထည်တည်း
သာဖြစ်နေသောချစ်ညိုကို••••
ပုဆိုးဖြင့်ပတ်ကာအိမ်ပေါ်
ချီမ၍တင်လိုက်လေသည်။
ထို့နောက်•••
သူကြီးအိမ်သို့အကြောင်းကြားရလေသည်။•••
မကြာမီသူကြီးဦးပေတိုးနှင့်
ချစ်ညိုမိဘများရောက်လာလေသည်။•••
ချစ်ညိုမှာသတိမလည်လာနိုင်တာမို့•••
ရွာထဲတွင်•••ပယောဂအကြောင်းအနည်း
အကျဉ်းနားလည်သော•••
ဦးချစ်မြိုင်အားသွားခေါ်၍•••
မန်းမှုတ်မှသတိရလာလေသည်။
“”အားးးးငမူးသရဲ••••””
“”သားချစ်ညိုသတိထားပါဦး•••”””
“”အမေကျွန်တော်ဘယ်ရောက်နေတာလဲ”””
“”မဆန်းကြည်တို့အိမ်ပါ””
ချစ်ညိုတွေးလိုက်မိသည်။မဆန်းကြည်ဆိုတာ
ခင်သန်းအမေ။ဒါဆိုသူရောက်နေတာခင်သန်းအိမ်ပေါ့•••
ပုဆိုး•••ငါ့ပုဆိုးရော•••
ခင်သန်းရှေ့အရှက်ကွဲပါပြီ••••
ချစ်ညိုသည်အတွေးနှင့်မိမိအားဝိုင်းအုံကြည့်နေသော
လူများကိုကျော်၍••••
အဆုံးတွင်မိမိတစ်ဖက်သတ်ကြိတ်ပိုးနေသော
ခင်သန်းအားတွေ့လိုက်ရာ•••
“”အမေ•••အဖေအိမ်ပြန်ရအောင်•••
အိမ်ပြန်ရအောင်အမေ””
“”သားခဏနားပါဦးတခြားအိမ်မဟုတ်တာ”””
“”မရဘူးအမေ•••ပြန်ရအောင်ပါ•••”””
ချစ်ညိုမှာပုဆိုးမပါ•••ဖင်ဗလာနှင့်ပြေးလာရသော
မိမိအဖြစ်ဆိုးအားဘယ်လိုမှမခံစားနိုင်•••
အိမ်သို့အမြန်ပြန်လာရင်း•••
သရဲကြောက်သည်ထက်^••
မိမိတစ်သက်လုံးကြိတ်ပိုးလာရသော
ချစ်ရသူခင်သန်းရှေ့တွင်အရှက်ကွဲရသည်က
ပိုခြောက်လန့်နေကာ•••
ငမူးသရဲဖိုးမူအားသာကျိန်ဆဲမိသည်။•••
အရှက်ကြောက်ကြီးသောချစ်ညိုသည်•••
အိမ်ထဲတွင်တစ်လလောက်ပုန်းနေကာ•••
ခင်သန်းရှေ့ယောင်လို့တောင်မသွားတော့ပေ။•••
ခင်သန်းကငြင်း၍
အသည်းမကွဲပဲ•••
သရဲခြောက်ခံရ၍^••ဖင်ပြောင်နှင့်ပြေးလာရကာ•••
အရှက်ကွဲ၍အသည်းကွဲရတဲ့အဖြစ်^•••
ချစ်ညို•••စိတ်နာနာနှင့်•••
ကျိန်ဆဲပစ်လိုက်မိသည်။
မအေပေးသရဲဟူ၍တည်း••••••။ ။

The end.
7:46pm
#MMKhorrorstories
#Mon Mon Khaing