သရဲမကြီး၏မေတ္တာ

Posted on

သရဲမကြီး၏မေတ္တာ(စ/ဆုံး)

—————————

တန်ခူးလဆန်း၁၃ရက်ရောက်နေသည်မို့, အပူချိန်က လူတွေ မခံမရပ်နိုင်အောင် ပူပြင်းလို့နေလေသည်။

ဟူး…….ပူလိုက်တဲ့,အပူချိန်ကွာ,ဒီည ဘယ်လိုလုပ်အိပ်ရပါမလဲကွာ,,ဟူး………………..

အနောက်ရိုးတောင်ခြေအနီးရှိ ကတက်မြောင်ရွာလေးတွင်း
နေထိုင်သူ နေခန့်,တစ်ယောက်မှာ တန်ခူးလ၏,အပူချိန်ကို
ယပ်တောင်ကြီးလက်ကကိုင်ခတ်နေရင်း ညအိပ်ဖို့အရေး
တွေးပြီးစိတ်ပျက်နေလေ၏။

ကတက်မြောင်ရွာလေးမှာ အိမ်ခြေ၈၀ကျော်ခန့်နီးပါးတည်
ရှိလေပြီး ကတက်မြောင်ရွာလေးအတွင်း နေထိုင်နေကြသူ
ရွာသူရွာသားများမှာ အသက်မွေးဝမ်းကြောင်း ဝမ်းစာအ
တွက် တောင်ယာလုပ်ကိုင်နေကြသူများနှင့် ရွာအနောက်ရှိ
ရိုးမတောကြီးအတွင်း မှိုနုတ်မျှစ်ချိုး ဆေးဥဆေးမြစ်ရှာဖွေ
သူများနှင့်, သားကောင်ကြီးငယ်တွေကို ပစ်ခတ်ဖမ်းဆီးနေကြသူမုဆိုးများလည်းရှ်ိနေကြလေပြီး အေးချမ်းသာယာ
သော ရွာလေးတစ်ရွာဖြစ်လေ၏။

နေခန့်,တို့,မိသားစုမှာ အဖေဦးဘိုးထွန်း အမေဒေါ်စန်းလေး
အကိုဖိုးဟန် နေခန့်,ရယ်လေးယောက်ဖြစ်ပြီး နေခန့်ကတော့ အငယ်ဆုံးသားဖြစ်လေသည်။

နေခန့်နဲ့,ဖိုးဟန်မှာ မိဘတွေပိုင်ဆိုင်သည် ရွာအနောက်ဖက်ရှိ လယ်ဧက ၁၇ဧကကို ညီအကိုနှစ်ယောက်လုပ်ကိုင်
နေကြပြီး အခုလယ်တွေပြီးချိန်မို့,အိမ်မှာအေးဆေးဖြစ်နေ
ကြလေ၏။

အခုလည်း ညစာထမင်းကို အမေချက်ကျွေးသည် ကြက်
သားကာလသားချက်လေးမှာ ငရုပ်သီးစပ်စပ်လေးဖြင့် အ
ရေသောက်လေးချက်ထားပြီး ကန်စွန်းရွက်ကြော်လေးက
လည်းပါသေး၏။ ငပိရည် တို့စရာကို ခရမ်းခေါင်းသီးပြုတ်၊ သခွားသီးကို အကွင်းလိုက်လေးတွေအနေတော်
လှီးထားပြီး ပန္နဲသီးအနေတော်အလုံးကို အကွင်းလိုက်လေး
တွေလှီးပြုတ်ထားသည်ကလည်းပါသေး၍, အမေ့လက်ရာ
ကလည်းကောင်း ဟင်းကလည်းကောင်းနဲ့ စားကောင်းကောင်းနဲ့,စားလိုက်တာ
ဗိုက်လေးပြီး မလှုပ်ချင်မကိုင်ချင်ဖြစ်နေ၍
ခြံထဲဆင်းပြီး အိမ်ရှေ့တမာပင်အောက် ကွပ်ပြစ်ပေါ်တွင်
ရေနွေးကြမ်းတစ်အိုး ဆေးလိပ်ခွက်လေးထဲ ကြယ်နီဆေးပေါလိပ်လေး ၅လိပ်လောက်ထည့်ခါ တန်ခူးလရဲ့အပူဒဏ်
ကြောင့် အိပ်လို့ကလည်းမရသဖြင့် ကြယ်နီဆေးပေါလိပ်
လေး ဇိမ်ခံသောက်နေလေ၏။

ဟေး…နေခန့်ရေ..နေခန့် အိပ်ပြီလားကွ,,

ခြံဝကနေကျွန်တော်ကို အော်ခေါ်သံကြား၍,ထိုင်နေရာမှ လှမ်းကြည့်လိုက်တော့,လဆန်း၁၃ရက်ရောက်နေသည်မို့,
ကောင်းကင်က လရဲ့အလင်းရောင်လေးရနေပြီး ဘယ်သူ
ဘယ်ဝှါဆိုတာ သဲသဲကွဲကွဲမြင်တွေ့နေရလေသည်။

ဟား…လင်းအောင်ပါလား လာလေကွာ ငါဒီမှာကွ,အိပ်လို့
မရပါဖူးကွာ,ပူလွန်းလို့, ခြံထဲဆင်းပြီး ကွပ်ပြစ်ပေါ်မှာ လေ
တိုက်ခံရင်း ဆေးလိပ်သောက်နေတာကွ,,လာ..လာ…

ကျွန်တော်အသံလှမ်းပေးလိုက်တော့မှ,လင်းအောင်က ခြံထဲ
ဝင်လာပြီး ကျွန်တော်ထိုင်နေတဲ့,ကွပ်ပြစ်ပေါ်တွင်ဝင်ထိုင်
လိုက်ပြီး

ဟုတ်ပါ့ကွာ,,ငါလည်းပူလွန်းလို့ အိပ်မပျော်တာနဲ့,မင်းဆီ
စကားလေးဘာလေးလည်းပြောရင်း ရွာထဲက ဦးထွန်းလှ
ကြီး ကြုံခဲ့တဲ့ ထူးထူးဆန်းဆန်းကိစ္စလေးလည်းပြောပြရင်း
မင်းဆီ ထွက်လာခဲ့တာပဲကွ,,နေခန့်ရ,,

ဟား…မင်းစကားကအဆန်းပါလား ဦးထွန်းလှကြီးက ဘာ
တွေများထူးထူးဆန်းဆန်းတွေနဲ့ ကြုံခဲ့လို့လည်းကွ,,လင်း
အောင်ရ,,

ထူးထူးဆန်းဆန်းကိစ္စဆိုတော့ ကျွန်တော်လည်း မနေနိုင်
တော့ဖူးလေဗျာ,,အရမ်းသိချင်လာတော့,မေးလိုက်ရတာ
ပေါ့ဗျာ,,

အေး..ဒီလိုကွ,,နေခန့်ရ, ဦးထွန်းလှကြီးသား စိန်တုတ်က မ
နေ့က တောထဲဝင်ပြီး အမဲပစ်တာ တောဝက်တစ်ကောင်ရ
လာတယ်ကွ,, တောဝက်သားရရင် နှစ်ပိသာလောက်ချန်
ပေးပြီး လာပို့ပေးပါလို့, ဦးထွန်းလှရဲ့အကို ငါတို့ဟိုဖက်ရွာ
က ဇီးကုန်းရွာမှာနေတဲ့ ဦးစိန်သန်းက သူညီဖြစ်တဲ့ ဦးထွနိး
လှကြီးကို ကြိုမှာထားတာကြာပြီတဲ့ကွ,, အဲ့တာ ဦးထွန်းလှ
ကြီးက သူသားစိန်တုတ်တောဝက်ရလာတော့,သူအကို ဦး
စိန်သန်းဆီမရောက်တာလညိးကြာတာနဲ့, ဝက်သားနှစ်ပိသာ
ကိုယူပြီး သူသားစိန်တုတ်နဲ့, မိုးချုပ်ခါနီး လှည်းနဲ့ ဇီးကုန်း
ရွာကို သွားကြတာကွာ, ဇီးကုန်းရွာ ဦးစိန်သန်းဆီရောက်တော့မှ, ဦးစိန်သန်းကိုပေးမဲ့,ဝက်သားနှစ်ပိသာမရှိတော့ဖူး
တဲ့ကွ,,ဘယ်ပျောက်လို့,ပျောက်သွားမှန်းမသိဖူးတဲ့ကွာ,,

ဟား…ဟုတ်လားကွ,,ဦးထွန်းလှကြီးတို့သားအဖ လှည်းမောင်းနေတုန်း လမ်းမှာများဝက်သားတွေထွက်ကျခဲ့လား
မှန်းမှမသိတာကွ,,လင်းအောင်ရ,,

ဒါတော့မဖြစ်နိုင်ဖူးတဲ့ကွ,နေခန့်ရ,စိန်တုတ်ငါကိုသေချာပြောပြတာ သူတို့ ဦးစိန်သန်းမှာထားတဲ့ ဝက်သားနှစ်ပိသာ
ကို ပေးဖို့ကို သေသေချာချာ တောင်းထဲထည့်ပြီး ယူသွား
ကြတာတဲ့ကွ,စိန်တုတ်ကလှည်းမောင်းပြီး ဦးထွန်းလှကြီး
က ဝက်သားထည့်ထားတဲ့ တောင်းကိုကိုင်ရင်း အနောက်က
နေစီးလာတဲ့ကွ,,နေခန့်ရ, တောင်းထဲကဝက်သားပဲပျောက်
သွားတာ တောင်းကတော့,ဦးထွန်းလှကြီးကိုင်ထားတဲ့အတိုင်းပဲတဲ့ကွ,,သူတို့လည်း ဦးစိန်သန်းဆီရောက်
တော့မှ,ဝက်သားမပါတော့မှန်းသိပြီး အရမ်းအံသြနေကြတာတဲ့ကွ,နေခန့်ရာ,

ဟား..ဟုတ်လားဒါဆိုရင်တော့,တော်တော်လေးထူးဆန်း
နေတာပဲကွ,,လငိးအောင်ရ, ငါတို့ရွာနဲ့ ဇီးကုန်ရွာက လှည်း
နဲ့သွားရင် ၁၅မီးနစ်လောက်ပဲမောင်းရတာပါကွာ, လမ်းမှာ
ဘယ်သူမှ,လည်းမယူ ထွက်လည်းမကျ ဒီဝက်သားနှစ်ပိသာလုံးက ဘယ်များပျောက်သွားတာပါလိမ့်ကွာ,,

အေးကွာ,,နေခန့်ရာ,ငါလည်းစိန်တုတ်ပြောပြတုန်းက တော်
တော်လေးအံ့သြနေတာကွ,,ဒါကြောင့်,မင်းကိုလာပြောပြ
တာပေါ့ကွာ,,ဒီကိစ္စက ဘာကြောင့်များဖြစ်တာပါလိမ့်ဆို
ပြီးတော့ပေါ့ကွာ,,

ဟ,ကောင်လငိးအောင်ရ,ကိုယ်တိုင်ကြုံတွေခဲ့ရတဲ့,စိန်တုတ်
တို့သားအဖတောင် သူတို့ဝက်သားနှစ်ပိသာပျောက်သွားတဲ့
ကိစ္စမသိကြတာ ငါကဘယ်လိုလုပ်ပြီးတော့သိမှာလည်းကွာ,,

အဲ့နေညက လင်းအောင်နဲ့ကျွန်တော် အပူဒဏ်ကြောင့်အိပ်
မပျော်ပဲ စကားနှစ်ယောက်သားထိုင်ပြောနေကြရင်း ၁၁နာ
ရီထိုးခါနီးမှ,လင်းအောင်သူအိမ်ကိုပြန်သွားလေသည်။

လင်းအောင်နဲ့,ကျွန်တော်နဲ့ဆိုတာက ငယ်ငယ်ထဲကပေါင်း
သင်းလာတဲ့ ငယ်သူငယ်ချင်းတွေလေဗျာ,,တစ်ယောက်ကို
တစ်ယောက် ညီအကိုအရင်းတွေလိုချစ်ခင်ကြတာဗျ,ဒီ
ကောင်အိမ်က ရွာအရှေ့ပိုင်းမှာ ကျွန်တော်တို့အိမ်က ရွာ
လယ်မှာဗျ,, သိပ်အဝေးကြီးမဟုတ်ပါဖူးဗျာ,,၂မီးနစ်တောင်
သူအိမ်ကိုမလျှောက်ရဖူး ရွာကလည်း အိမ်ခြေ၈၀ကျော်
လောက်ပဲရှိတာမဟုတ်လားဗျ,, လင်းအောင်ပြန်သွားတော့
မှ,ကျွန်တော်လညိး အိမ်ပေါ်တက် ဘုရားစင်ရှေ့သွားပြီး
ဘုရားစင်ပေါ် အမွှေးတိုင်ဖယောင်းတိုင်ထွန်းပူဇော်လိုက်ပြီး
ဘုရားကို ဦးငါးကြိမ်အရင်ချ ပြီးတာနဲ့ ငါးပါးသီလခံယူ
ပြီး အိပ်ရာထဲဝင် အိပ်တာပေါ့ဗျာ,အိပ်တော့လည်းတော်
တော်နဲ့,အိပ်လို့မရပါဖူးဗျာ,, ပုလွန်းလို့ ယပ်တောင်တောင်
ခတ်နေရတယ် အိပ်ရာထဲ လင်းအောင်ပြောပြသွားတဲ့ အကြောင်းတွေပြန်စဉ်းစားမိရင်း ဟိုဖက်လှိမ့်လိုက် ဒီဖက်လှိမ့်
လိုက်နဲ့,တော်တော်နဲ့,အိပ်မပျော်ဖူး မိုးလင်းပိုင်းလေးရောက်
မှ,အိပ်ပျော်သွားလေတော့သည်။

××××××××××××××××××××××××××××××××××××××

တစ်နေ့,ကတက်မြောင်ရွာသားတွေဖြစ်ကြတဲ့,မုဆိုးကျင်သန်းနဲ့,အောင်ကြီးမှာ ရိုးမတောကြီးထဲ အမဲသွားပစ်ကြတာ
ဒရယ်တစ်ကောင်နဲ့,မျောက်တစ်ကောင်ရလာသဖြင့်,တစ်ရွာ
လုံးနီးပါးလို ဝယ်ချက်စားကြလေ၏။

ထိုဝယ်ချက်စားကြသူတွေများထဲတွင် ရွာလူကြီး ဦးရွှေမောင်းတို့,အိမ်လည်းပါဝင်ပေလေ၏။

ဟေ့,..မတင်စိန် နင့်ဒရယ်သားဟင်းအိုးက ခုချိန်ထိမရသေး
ဖူးလားဟ,,ငါဒီမှာဗိုက်ဆာနေပြီ မြန်မြန်လုပ်ပါဟာ,,

ဦးရွှေမောင်းမှာ ညနေကကျင်သန်းတို့ဆီက ဝယ်ထားတဲ့ဒ
ရယ်သားတစ်ပ်ိသာကို သူမိန်းမဖြစ်သူ ဒေါ်တင်စိန်ချက်နေတာမရသေးသဖြင့်,ညစာထမင်းဝိုင်းတွင်သမီးဖြစ်သူ နှင်းနွယ်နဲ့အတူထိုင်စောင့်နေရင်း စိတ်မရှည်စွာ လှမ်းပြောလိုက်လေ၏။

ရတော့မှာပါတော် ကိုရွှေမောင်းရယ် ရှင့်နဲ့ဟင်းကောင်းလေးများချက်တဲ့နေဆို ဗိုက်ဆာနေရင်းတောင်မစားပဲ ဟင်းချက်ပြီးတဲ့အထိ ထိုင်စောင့်နေရတယ်လို့,ဒီမှာမီးကသေ
သွားလို့တော်ရေ ကျုပ်အောက်ဆင်းပြီးထင်တဲက ထင်းနည်းနည်းသွားယူလိုက်အုံးမယ် ခဏလေးသည်းခံပြီးတော်တို့သားအဖတွေ စောင့်ကြပါအုံးတော်

ဒေါ်တင်စိန်တစ်ယောက် အိမ်အောက်ကိုဆင်းပြီးထင်းသွား
ယူနေချိန်,

ရှပ်…ရှပ်…ရှပ်…..ချွတ်…..ချွတ်….

ဟဲ့,…မတင်စိန် နင်နဲ့,အိမ်အောက်ထင်းသွားယူတာ မြန်လှ
ကြည့်လားဟ,, ငါတို့တောင် အိမ်ပေါ်ပြန်တက်လာတာ မသိရဖူး,

ဦးရွှေမောင်းမှာ မီးဖိုချောင်ထဲက ခြေသံကြားရသဖြင့် သူမိန်းမ ဒေါ်တင်စိန် အိမ်အောက်ဆငိးပြီး ထငိးသွားယူ
တာပြန်တက်လာတယ်ထင်ပြီးလှမ်းပြောလိုက်လေသည်။

ကိုရွှေမောင်း ရှင်ဘာတွေပြောနေတာလည်း ကျုပ်ကခုမှ
ထင်းယူပြီး အိမ်ပေါ်ပြန်တကိလာတုန်းရှိသေးတယ်ရှင့်,

ဒေါ်တင်စိန်မှာ လက်ထဲမှ ထင်းတွေပွေ့လာရင်း ဦးရွှေမောင်းတို့သားအဖထိုင်နေသည် ထမင်းဝိုင်းနားသို့ရောက်လာ
လေ၏။

ဟား….မတင်စိန်မင်းကဒီမှာဆို မီးဖိုချောင်ထဲက ဘယ်သူ
လည်းကွ,,

ဦးရွှေမောင်းပြောလိုက်ရင်း မိန်းမဖြစ်သူနဲ့ မီးဖိုချောင်ထဲ
ဘယ်သူများလည်းလာအကြည့်,

ဟား…..အောင်…..မ……လေး….ဗျ,.သရဲ…သရဲ…..

ဟယ်….အ……မ…..လေး…..တော့,..သရဲ….သရဲမကြီး..

ဟီး…..ဟီး….ဟီး….ဟီး….ဟီး….ငါ…ဗိုက်…ဆာ…လို့..ပါ..

ဂလုံး…….ဂလွမ်း…..ဝုန်း…..ဘုတ်….

ဦးရွှေမောင်းတို့,လင်မယားနှစ်ယောက် မီးဖိုချောင်ထဲ ရောက်လာစဉ် တွေ့လိုက်ရသည်မှာ ဒေါ်တင်စိန်ချက်ထား
သည် ဒရယ်သားဟင်းအိုးကြီးကို အဖုံးဖွင့်ပြီး လက်မည်း
ကြီးတွေ့ဖြင့်,နှိုက်စားနေသည် သရဲမကြီးမှာ နညိးတဲ့ကောင်
ကြီးမဟုတ် နီရဲနေသောမျက်လုံးကြီးတွေအပြင်ကိုပြူးထွက်နေပြီး လျှာအရှည်ကြီးက တွဲလောင်ကြီးကျနေ၍,ပါးစပ်ကြီးကလည်းနည်းတဲ့,အကျယ်ကြီးမဟုတ်
အစွယ်ကြီးတွေအဖွေးသားနှင့်,သူတို့ကိုတွေ့သည်နှင့် အက်ကွဲကွဲကြောက်စရာကောင်းသည်အသံကြီးဖြင့် ရယ်ပြလိုက်ရင်း ဗိုက်ဆာလို့ပါဆိုပြော
ပြီး အိုးထဲက ဟင်းတွေကို ပါးစပ်ထဲကို အကုန်လောင်းထည့်ချလိုက်ပြီး ဟင်းအိုးအခွံကြီးကိုပြစ်ချကာ အိမ်ပေါ်
မှ,ခုန်ချထွက်ပြေးသွားလေသည်။

ဒေါ်တင်စိန်မှာတော့ သရဲမကြီးအားမြင်တွေ့လိုက်သည်နှင့်
သတ်ိလစ်မေ့မျောသွားလေ၍,ဦးရွှေမောင်းတို့သားအဖ
ဝိုင်းဝန်းပြုစုနေရပြီး ထိုနေညအတွကိတော့ ဦးရွှေမောင်း
တို့ မိသားစုမှာ ဒရယ်သားဟင်းမစားလိုက်ရတဲ့အတွက်
ဦးရွှေမောင်းမှာ အိမ်ပေါ်တက်လာပြီး ဒရယ်သားတွေကိုအကုန်လုံး စားသွားတဲ့ သရဲမကြီးကိုဒေါသတွေထွက်နေလေ၏။

××××××××××××××××××××××××××××××××××××××

ဒီနေ့,,နေခင်းအချိန် အမေက လက်ဖက်သုပ်လေး သုပ်ပေး
သဖြင့်, အိမ်ရှေ့တမာပင်အောက် ကွပ်ပြစ်ပေါ်တွင် မိသားစု
လေးယောက်လုံး အမေ့လက်ရာ လက်ဖက်သုပ်လေးကို
ရေနွေးကြမ်းလေးသောက်လိုက် လက်ဖက်သုပ်လေးစား
လိုက်နှင့် မိသားစုလေးယောက်လုံး စကားဝိုင်းဖွဲ့ပြောဆိုနေကြလေသည်။

ပူလိုက်တဲ့ တန်ခူးလနွေရဲ့,အပူချိန်ကလည်းဗျာ,လူတွေကို
တစ်ကိုယ်လုံး ချွေးသီးသီးကြလိုဗျာ,,တော်တော်ပြင်းတဲ့,အ
ပူချိန်ဗျ,, ကျွန်တော်တို့,လူငယိတွေတောင် ဒီအပူဒဏ်ကို မ
နည်းခံနေရရင် အသက်ရွယ်ကြီးနေပြီဖြစ်တဲ့ လူကြီးပိုင်း
တွေဆိုရင်တော့,ပြောမနေပါနဲ့တော့ဗျာ, ဒီအပူဒဏ်ကို ဘယ်လောက်တောင် ခံနေရမလည်းမသိပါဖူးဗျာ,,

ဝေး….နေခန့်,ရေ…နေခန့်,

ခြံဝကနေ ကျွန်တော်ကိုအော်ခေါ်သံကြားရ၍,လှမ်းကြည့်
လိုက်တော့,လငိးအောင်ဖြစ်နေ၏။

လာဟေ့,,လင်းအောင်ရေ…ငါတို့မိသားစုတွေ အိမ်ပေါ်မှာ ပူ
လို့, တမာပင်အောက်ကွပ်ပြစ်ပေါ် လက်ဖက်သုပ်စားရင်း
လေညင်းခံနေကြတာကွ,,

ဒီတော့မှ,လင်းအောင်က ကျွန်တော်တို့ကို ကြည့်ရငိး ခြံထဲ
ဝင်လာ၍,ကွပ်ပြစ်ပေါ်ဝင်ထိုင်လိုက်လေသည်။

ဟဲ့,..လင်းအောင် နင်လည်းမတွေ့တာကြာလို့,ပိုချောလာသ
လိုပဲဟဲ့,

အမေက လင်းအောင်ကိုမြင်တာနဲ့,တန်းစနောက်လေတော့
သည်။

ဟား…..ဟုတ်လားဒေါ်လေးရဲ့,ကျွန်တော်ဘယ်လောက်
ချောချော ဒေါ်လေးကိုတော့ မမှီပါဖူးဗျာ,ဒေါ်လေးကိုကြည့်
ရတာ အသက်၁၈နှစ်အရွယ် မိန်းမပျိုလေးကျနေတာပဲ
အရမ်းနုပျိုလှပနေတာပဲဗျ,,ဒေါ်လေးရ,ဟား……ဟား…..

လင်းအောင်က သူကိုအမေစနောက်၍,အမေ့ကို ုပြန်စနောက်လိုက်ပြီး သဘောကျပြီး ရယ်မောနေလေ၏။

ကဲ လင်းအောင်စားကွာ,ငါအမေလက်ရာ လက်ဖက်သုပ်မင်းစားကြည့်လိုက်အုံး တော်တော်ကောင်းတာကွ,,လျှာ
လည်သွားမယ်မင်း ဒါနဲ့,မင်းဒီလောက်နေပူနေတာ ငါဆီဘာ
လာလုပ်တာလည်းကွ,,

နေပူကြီးထဲလာဆို ငါခုမှ,အိမ်အလုပ်တွေအားလို့,ထမင်း
စားသောက်ပြီး မင်းဆီထွက်လာရတာကွ,,ရွာထဲအကြောင်း
ထူးကိစ္စပေါ်လို့လေကွာ,မင်းကသာ အိမ်တွင်းပုန်းလုပ်နေပြီး
ရွာထဲ မထွက်လို့,ဒီသတင်းတွေမကြားရတာ

ဟား…..ဖြစ်ပြန်ပြီလားကွ,လင်းအောင်ရ,ဘာအကြောင်းထူးကိစ္စတွေများ ရွာထဲမှာပေါ်နေပြန်ပြီလညိးကွ,ငါတို့ကို
လည်းပြောပြပါအုံး လင်းအောင်

အေး…ဒီလိုကွ,ညက ရွာလူကြီးဦးရွှေမောင်းအိမ်မှာဖြစ်တာ
ကွ,,ဦးရွှေမောင်းတို့အိမ်က မနေ့က ကျင်သန်းတို့ ရလာတဲ့
ဒရယ်သားကို တစ်ပိသာဝယ်ပြီးချက်စားကြတာ အဲ့တာ
ကွာ,ညဖက် ဒေါ်လေးတင်စိန် ဒရယ်သားကို ချက်နေတုန်ရခါနီးကြမှ မီးသေပြီးထင်ကုန်သွားတော့ အိမ်အောက်
ထင်တဲ ထင်သွားယူနေတုန်း အဲ့ဟင်းအိုးကြီးကို သရဲမကြီး
တစ်ကောင်က အိမ်ပေါ်တက်ပြီး အကုန်တက်စားသွားလို့တဲ့ကွ,,ဦးရွှေမောင်းရော ဒေါ်လေးတင်စိန်ပါ မြင်
လိုက်ရတာတဲ့ကွ,,ဒေါ်လေးတင်စိန်ကတော့,သရဲမကြီးကို
မြင်တွေ့ပြီး သတိလစ်သွားတယ်ဆိုပဲကွ,,နေခန့်ရ,,

ဟား….ဟုတ်လားကွ,,လင်းအောင်ရ,,ဘယ်ကသရဲမက နယ်ကျွံလာပြီး ငါတို့ရွာထဲရောက်နေပါလိမ့်ကွာ,,ဒီအတုိင်း
ဆို ငါတို့တွေလညိး သတိထားမှ,ရတော့မယ်ကွာ,,

အဖေက လင်းအောင်ပြောပြတာတွေကို နားထောင်ရင်း ဝင်
ပြောလိုက်တာပေါ့ဗျာ,,

အမလေးဟယ် တင်စိန်မလို့,သရဲမကိုမြင်ပြီး မေ့ယုံမေ့သွား
တာ ငါဆို အကြောက်လွန်သွေးတက်ပြီး သေတောင်သေ
သွားမလားမသိပါဖူးဟယ်,,ကြောက်စရာပုံဆန်ကြီး ညဖက်
ကြီးတွေ့လိုက်လို့ကတော့,

အမေကလည်း ဝင်ပြောတာပေါ့ဗျာ,,ဒါမျိုးရွာမှာ တစ်ခါမှ,
မှမကြုံဖူးတာကိုဗျ,,

ဟေ…ဟုတ်လားလင်းအောင်ဒါဆို မင်းပြောတဲ့ ဦးထွန်းလှ
တို့,သားအဖ ဝက်နှစ်ပိသာ ပျောက်ချငိးမလှပျောက်သွား
တာလည်း ဦးလေးရွှေမောင်းတို့,အိမ်က ဟင်းတွေကိုတက်
စားသွားတဲ့ သရဲမလက်ချက်ပဲလားမသိဖူးကွ,,

အေး..ဟုတ်တယ်နေခန့်ရ,ငါလည်း ဒီသရဲမလက်ချက်လို့
ပဲထင်တယ်ကွ,,

ဟား…..ဟုတ်လားကွ,ဦးလေးထွန်းလှတို့လည်း ဒီသရဲမနဲ့
တိုးပြီး ဝက်သားနှစ်ပိသာတောငိပျောက်သွားသေးတယ်
ဒါဆိုရင်တော့,ဒီသရဲမတော်တော်လေးသောင်းကျန်းနေတာပဲကွ,,လင်းအောင်နဲ့,နေခန့်ရ,

ဒီတစ်ခါဝင်ပြောတာကတော့ အကိုဖိုးဟန်ဗျ,အကိုဖိုးဟန်
က အံ့သြပြီးဝင်ပြောလေ၏။

အဲ့နေ့ကတော့ဗျာ,,ကျွန်တော်တို့မိသားစု လေးယောက်နဲ့
လင်းအောင်ရော ဦးရွှေမောင်းအိမ်တက်ပြီး ဟင်းတွေခိုးစားတဲ့ သရဲမအကြောင်းပြောနေကြရင်း ညနေစောင်းလောက်မှ,စကားဝိုင်းနားပြီး လင်းအောင်သူအိမ်သို့
ပြန်သွားလေသည်။

အမေကတော့, ခဏတစ်ဖြုတ်လောက်ပဲ စကားထိုင်ပြော
တာပါဗျာ,, ညနေစာ ထမင်းဟင်းချက်ရအုံးမှာမလားဗျ,,
ဒါကြောင့်, တစ်နာရီလောက်စကားထိုင်ပြောပြီး အိမ်ပေါ်
သို့,တက်သွားလေ၏။

လင်းအောင်ပြန်သွားပြီး ကျွန်တော်တို့လည်း ရေမိုးချိုးထ
မင်းစားကြတာပေါဗျာ,, ဟင်းကတော့,ခင်ဗျားတို့သိတဲ့အ
တိုင်းပဲလေဗျာ,, မနေ့က ကျင်သန်းတို့,ဆီက ဒရယ်သား
တစ်ပိသာ မျောက်သားတစ်ပိသာ နှစ်ပိသာတောင်ဝယ်
ထားလိုက်တာဗျ,,အိမ်မှာက မိသားစုလေးယောက်ပဲရှိတော့
ဒီနှစ်ပိသာကြီးကို တစ်ရက်ထဲတော့ ဘယ်ကုန်ပါမလည်း
ဗျာ,, ဟုတ်တယ်လေဗျာ,မနေက ညနေကမှ ဝယ်ချက်စား
တာ ဒီနေ့မနက်နဲ့မှ နှစ်ကြိမ်ပဲစားရသေးတာလေဗျာ,,

ဒရယ်သားလေးကလညိးကောင်း မျောက်သားလေးကလည်းကောင်း အမ့လက်ရာလေးကလည်း
ကောင်းနဲ့,ထမင်းစားပြီးတာနဲ့,ထုံးစမ်အတိုင်း ပူလွန်းလို့
အိပ်မပျော်နိုင်တာနဲ့,တမာပင်အောက်ကွပ်ပြစ်လေးပေါ်
ရေနွေးကြမ်းတစ်အိုးနှင့် ဆေးလိပ်ခွက်လေးရော အနားချ
ကာ ထမင်းစားပြီး ခံတွင်းအချဉ်ပြေ ကြယ်နီဆေးပေါလိပ်
လေးကို ပါးစပ်ထဲခဲကာ ဇိမ်ကျနေလေသည်။

ကျွန်တော်ထိုင်ပြီး မကြာပါဖူး အကိုဖိုးဟန်ကလည်း ပူလို့
ထင်ပါတယ်ဗျာ,, အိပ်မပျော်တာနဲ့,ကျွန်တော်ထိုင်နေတဲ့
ကွပ်ပြစ်ပေါ် လာထိုင်ပြီး ဆေးလိပ်ခွက်ထဲက ကြယ်နီတစ်လိပ် ယူသောက်ရင်း ကျွန်တော်နဲ့,နှစ်ယောက်သား စကား
တွေထိုင်ပြောနေကြတာပေါ့ဗျာ,,

နေခန့်,ရေ…..နေခန့်,,

ဟေ့,ကောင်လင်းအောင် အော်ခေါ်မနေနဲ့,မင်းပါးစပ်ညောင်း
တယ် ငါတို့ဒီမှာ ထိုင်နေကြတယ်ကွ,,လာခဲ့,ဒီကို

ဒီတစ်ခါတော့,ကျွန်တော်လှည့်မကြည့်ပဲ ပြောလိုက်တာဗျ,,
ဒီအသံကိုသိနေပြီလေဗျာ,,လင်းအောင်ဆိုတာ,

လင်းအောင်က ခြံထဲဝင်လာပြီးကျွန်တော်တို့ နားဝင်ထိုင်
လိုက်လေ၏။

ငါလည်းကွာ အိပ်မပျော်တာနဲ့, မင်းနဲ့,စကားပြောရအောင်
ဆိုပြီးထွက်လာတာကွ,,နေခန့်ရ,,

အေးကွာ,ကောင်းတာပေါ့,ဒီနေ့က လပြည့်နေဆိုတော့,
ကောင်းကင်မှာလညိး လကသာသာနဲ့, ရေနွေးကြမ်းလေး
သောက်လိုက် ဆေးပေါလိပ်လေးသောက်လိုက် စကား
လေးပြောလိုက်နဲ့,ဘယ်လောက်ကောင်းလိုက်လည်းကွာ,,
လငိးအောင်ရာ, ငါတုိ့ညီအကိုနှစ်ယောက်ထဲ စကားထိုင်
ပြောနေရတာ မင်းလာတော့ ပိုပြီးကောင်းသွားတာပေါ့ကွာ,,

လကလည်းသာ ဆေးလိပ်ကလည်းသောက်လို့ကောင်း စ
ကားလေးကလည်းပြောလို့ကောင်းနဲ့,ကြည်နူးဖို့တော့
ကောင်းသားဗျ,,ခုလိုလပြည့်ညတွေမျိုးမှာ ကောင်းကင်က
လမင်းကြီးအလင်းရောင်အောက်မှာ သူငယ်ချင်းတွေ ညီအကိုမိသားစုတွေနဲ့, စကားဝိုင်းဖွဲ့ပြောနေရတဲ့,အရသာကလည်း ဘာနဲ့မှ,မတူတဲ့
ခံစားချက်အရသာတစ်မျိုးပါပဲဗျာ,,

ကျွန်တော်တို့ သုံးယောက်သားစကားထိုင်ပြောနေရင်း ည
၁၀နာရီလောက်အချိန် လရောင်အောက်မှာ မည်းမည်းသ
ဏ္ဍာန်အရိပ်တစ်ခု ကျွန်တော်တို့ ထိုင်နေတဲ့ ခြံရှေ့ကနေ
ပြေးလွှားသွားတာမြင်တွေ့လိုက်ရတယ်ဗျ,,

ဟား…..လင်းအောင် မင်းတွေ့လိုက်လား ဟိုမှာ…ဟိုမှာ..
ဘာအကောင်းကြီးလည်းမသိဖူး သူခိုးလားသရဲလား တစ်ခု
ခုတော့,တစ်ခုခုပဲ ငါတို့သူအနောက်ကနေ လိုက်ကြည့်ရ
အောင် သူခိုးဆိုလို့ကတော့ မှတ်လောက်သားလောက်အော
င် ပညာပေးလိုက်ကြရအောင်ကွ,,

အေးဟုတ်တယ်ကွ,,နေခန့်ရ,,ငါတို့လိုက်ကြည့်ရအောင်

အကိုဖိုးဟန်ကလည်း ဝင်ပြောလိုက်၍,အနားမှာရှိတဲ့ ထင်း
ပုံထဲက ထင်းချောင်းသုံးချောင်းကို ဆွဲယူလိုက်ကြပြီး ဘာ
ကောင်မှန်းမသိတဲ့ သူနောက်ကိုလိုက်ကြရတာပေါ့ဗျာ,,

ဟား…အဲ့မည်းမည်းကောင်ကြီးက ကျွန်တော်တို့ ခြံရဲ့ ငါးခြံကျော် မုဆိုးပေသီးတို့ခြံထဲ ခုန်ကျော်ဝင်သွားတာဗျ,,

ဟား….ဟေ့,ကောင်နေခန့်, ဒါသူခိုးပဲဖြစ်ရမယ်ကွ,,လာ..လာ..ငါတို့သူနောက်အသာလေး လိုက်ပြီး ဒီကောင်ကို ကောင်းကောင်းဆုံးမလိုက်ကြတာပေါ့ကွာ,,

ကျွန်တော်တို့,သုံးယောက်လည်း ပေသီးခြံထဲအသာလေး
ဝင်သွားလိုက်ကြပြီး အခြေနေကိုအကဲခတ်နေကြရတာပေါ့
ဗျာ,,

အ…..မ……လေး……တော့….သရဲ…..သရဲ….သရဲမကြီး..
အား…..

အူဝဲ…..အူဝဲ…..အူဝဲ………..အူဝဲ

ဟား….လင်းအောင်အိမ်ထဲက ပေသီးမိန်မ လှမေတစ်ယောက်အော်သံ ကြားရတယ်ကွ,,သရဲတဲ့ကွ,ဘာဖြစ်သွား
ပြီးလည်းမသိဖူး လှမေတစ်ယောက် သူသားလေးက ခုမှ
လသားအရွယ်လေးကွ,, ဒုက္ခတွေတော့ဖြစ်ကုန်တော့
မွာပဲကြာ,,

အိမ်ထဲကိုသေချာကြည့်လိုက်ကြတော့,,

ဟား……..ဟင်း……ဟာ………

သုံးယောက်လုံး အံ့သြသွားကြကုန်၏။ အိမ်ထဲတွင် ကြောက်စရာကောင်းသည် သရဲမကြီးတစ်ကောင်ရှေ့တွင်လှမေမှာ သတိလစ်မေ့မျောနေပြီး သူသားလေးကအော်ငို
နေတာမရပ်မနား သရဲမကြီးက ဆံပင်စုတ်ဖွားကြီးဖြင့် မျက်နှာကြီးကလည်း အဖုတွေအထစ်တွေနဲ့ မျက်လုံးကြီး
တွေဆို နီရဲနေပြီးကြောက်စရာ အရမ်းကောင်းလှသည်
ပါးစပ်အကျယ်ကြီးထဲမှာ အစွယ်ကြီးတွေကလည်းအဖွေး
သားနှင့်, သရဲမကြီးမှာ မိခင်ဖြစ်သူ လှမေတစ်ယောက် သူ
ကိုမြင်ပြီး သတိလစ်လဲကျသွားတော့ ခလေးငယ်လေးမှာ
ပုခက်ထဲကနေ အော်ငိုနေ၍,ငိုနေတဲ့,ခလေးငယ်လေးကို
ပုခက်ထဲမှ,ပွေ့ချီကာ သရဲမကြီးက သူနို့ကြီးတွေကို တိုက်
နေတော့မှ ခလေးငယ်လေးက အငိုတိတ်သွားလေသည်။

သရဲမကြီးက ခလေးငယ်လေးကို ချီပြီး ချော့သိပ်နေသေး
လေပြီး ခလေးအိပ်ပျော်သွားတော့မှ,ပုခက်လေးထဲပြန်
ထည့်ကာ အိမ်ပေါ်မှ ဆင်းပြေးပြီးပျောက်ကွယ်သွားလေ
တော့သည်။

ဒီတော့မှ,သရဲမကြီးကိုကြည့်ပြီး ကျောက်ရုပ်တွေဖြစ်နေကြတဲ့ ကျွန်တော်သုံးယောက်လည်း သတိပြန်ရပြီး

ဟား……လင်းအောင်မင်း…..မင်း….မြင်လိုက်တယ်နော်
ငါကွာ,,တစ်သက်နဲ့တစ်ကိုယ် ခုလိုငိုနေတဲ့ခလေးကို နို့တိုက်
ပြီး ချော့သိပ်ပေးသွားတဲ့ သရဲမကြီးမျိုးမတွေ့ဖူး မမြင်ဖူး
မကြားဖူးပါဘူးကွာ,,

အေးဟုတ်ကွ,,နေခန့်ရ,ငါလည်းခုမှပဲ ဒီလိုသရဲမကြီးမျိုးကို
မြင်ဖူးတော့တယ်ကွာ,,

ဒါနဲ့ပေသီးတစ်ယောက်ရောမမြင်မိပါလားကွ,,လင်းအောင်ရ,,

အကိုဖိုးဟန်ကဝင်မေးလိုက်တာဖြစ်လေသည်။

မတွေ့ဆို အကိုဖိုးဟန်ကလညိး ပေသီးတောထဲဝင်သွားတာ
ဒီနေ့ညနေမှသွားတာဗျ,,ညစောင့်အိပ်ရင်း အမဲပစ်မလို့တဲ့
ဗျာ,,

ဟား….ဟုတ်လား လင်းအောင်ရ,..ဒီကောင်ပေသီးကလည်းကွာ,,အိမ်မှာခလေးငယ်လေးရှိတာကို ညအိပ်ညနေ တောထဲဝင် အမဲပစ်ရတယ်လို့,လောဘဇောကိုတက်နိုင်လွန်းတယ်ကွာ,,

ကျွန်တော်တို့ သုံးယောက်လည်း သတိလစ်မေ့မျောနေတဲ့
လှမေကို အိမ်နီးနားချင်းတွေခေါ်အသိပေးပြီး သတိရအောင်ပြန်ပြုစုပေးလိုက်ကြလေ၏။

အိမ်နီးနားချင်းတွေအသိမပေးလို့ကလည်းမရဖူးလေဗျာ,
တော်ကြာ မိန်းမသားတစ်ယောက်ထဲရှိနေတဲ့အချိန် ကျွန်
တော်သုံးယောက်ထဲ လှမေကိုဝိုင်းပြုစုလုပ်ကိုင်ပေးမယ်
ဆို ပတ်ဝန်းကျင်က တစ်စုံတစ်ယောက်တွေ့မြင်ခဲ့လျှင်
လှမေလည်းအရှက်ရ ကျွန်တော်တို့လည်းသိက္ခာကျသွား
ပေါ့ဗျာ,,

အဲ့ညကတော့ ကျွန်တော် တော်တော်နဲပြန်အိပ်လို့မရပါဖူး
ဗျာ,,မျက်လုံးထဲ သရဲမကြီး လှမေသားလေးကို နို့တိုက်ပြီး
ချော့သိပ်နေတဲ့ပုံဆန်က ဘယ်လိုမှကိုဖျောက်ပစ်လို့မရတာ
ဗျ,မိုးလင်းခါနီးမှ ကျွနိတော်လည်းအိပ်ပျော်သွားလေ၏။

မနက်ရောက်တော့,လူကြီးတွေနဲ့တိုင်ပင်ပြီး ရွာဦးကျောင်
ဆရာတော်တွေပင့် ပရိတ်တရားတွေနာ တစ်ရွာလုံး ရေမန်း
သဲမန်းတွေပက်နဲ့ လုပ်လိုက်ကြတာ နောက်ညတွေ သရဲမ
ရွာထဲကို ဝင်မလာတော့ဖူးဗျာ,,

သရဲမကြီး ဝင်မလာပေမဲ့ ကျွန်တော်ကတော့,သရဲမကြီှး
လှမေသားလေးငိုနေတာကိုကြည့်ပြီး ပွေ့ချီနိုတိုက် ချော့သိပ်နေတဲ့ သရဲမကြီးရဲ ချစ်ခြင်းမေတ္တာတရားက ဘဝ
ချင်းမတူ ခြားနေတာတောင် ဂရုဏာအပြည့်နဲ့,မေတ္တာတရား ခလေးအပေါ် ထားနိုင်ပါလားဟု,တွေးတော
စဉ်းစားနေမိတော့လေသည်။

ပြီး

*ရှိုင်း*