*သေပြေး ရှင်ပြေး*📖📖📖
**********************************
…………………
ဒုန်း…ဒုန်း…ဒုန်း
တံခါးကို တဒုန်းဒုန်းထုနေ၍ ဒေါက်တာ မင်းအောင်
အိပ်ယာထဲမှ မထချင် ထချင်ဖြင့် ထလိုက်ရသည်။
အပြင်၌ ရာသီဥတုက အလွန်အေး၍နေသည်။
ထိုနောက် တံခါးမကြီးကို ဖွင့်လိုက်သောအခါ အပြင်မှ
လူသည် အတွင်းသို့ ကမန်းကတန်း အတင်းကာရော
၀င်လာ၏။
“ဒေါက်တာက ခင်ဗျားလား”
လက်တစ်ဖက်ကို သူဝတ်ထားတဲ့ ကုတ်အကျင်္ီအိတ်အတွင်း
ထိုးထည့်ထားတဲ့ လူက
အလောတကြီး ထိုသို့ မေးလိုက်၏။
“ဟုတ်ပါတယ် ကျွန်တော် ဆရာ၀န်ပါ”
“ဒါဆိုရင်တော့ ဟန်တာပဲဗျာ”
ထိုလူကို အကဲခတ်ကြည့်တော့ အလွန်ကြောက်လန့်နေပုံ
ရသည်ဟု ဒေါက်တာမင်းအောင်တွေးမိ၏ ။မျက်နှာတစ်ခုလုံး
ဖြူဖက်ဖြူရော်ဖြစ်နေ၏ ။
နောက် တကိုယ်လုံးလည်းတဆက်ဆက် တုန်နေ၏။
“ကဲ လာဗျာ ကျွန်တော့် စာကြည့်ခန်းထဲ လိုက်ခဲ့”
ထိုသို့ ပြော၍ စာကြည့်ခန်းထဲ၌ ထားသော ဘရန်ဒီ
တစ်ခွက်ကို ထိုလူအား ကမ်းပေးလိုက်၏။
ထိုလူကဘရန်ဒီ ခွက်ကို ဆတ်ကနဲ့ ဆွဲယူကာ တစ်ကျိုက်ထဲ
မော့လိုက်၏။
“အား… ကျေးဇူးပါ ဒေါက်တာ”
ခုမှ ထိုလူ၏ မျက်နှာမှာ သွေးရောင်ပြန်လွှမ်းလာ၏။
“ပြောပါအုံး ခင်ဗျား ဘာဖြစ်လာသလဲဆိုတာ”
“ကျွန်တော်ပြောရင် ဒေါက်တာ ယုံချင်မှယုံမယ် ဒါပေမဲ့
ကျွန်တော်ကတော့ တကယ်ကိုကြုံတွေ့ခဲ့ရတာဗျ”
“ခင်ဗျား ပြောပြမှ ကျွန်တော်က သိရမှာလေ
ကဲ.. ဆိုစမ်းပါအုံးဗျ..
ဒေါက်တာမင်းအောင်က ပြောတော့ ထိုလူ၏ မျက်နှာ၌
ကြောက်ရွံ့နေသည့် အနေအထားသို့ ပြောင်းလဲသွား
ပြန်လေ၏။
~~~~~~~~~~~~~~~~~~~~~~~
ပထမ စ မှားတာက ကျွန်တော်ဗျ။ မပြန်ပါနဲ့လို့ အတန်တန်
ဦးထော်လန်က တားပေမဲ့ ကျွန်တော်က အတင်းပြန်ဖို့
လုပ်မိတယ်.. ဆရာလေးကို စိတ်မချလို့ မပြန်ပါနဲ့ပေါ့
နောက် တားမရတော့ သတိနဲပြန်ဖို့ ပြောတာပါပဲ
ကျွန်တော့်အလုပ်က သစ်တောတွေကိုမပြုန်းတီးရအောင်
ထိန်းသိမ်းစောင့်ရှောက်ရတဲ့ သစ်တောအရာရှိပါ။
အင်ဝိုင်းဘက်ကို ရွာခံလူကြီး ဦးထော်လန် နဲ့ သစ်တော
တွေကိုစစ်ဆေးရင်း အချိန်လင့်သွားတာနဲ့ မပြန်ဖို့ တားတာမှာဇွတ်ပြန်လာမိတယ်ဗျ။
ကျွန်တော့်တို့ သစ်တောရုံးနဲ့ အင်ဝိုင်းက
သုံး နာရီပိုပို ကားမောင်းရတယ်ဗျ ကျွန်တော်လည်း
အားလုံးကိုနုတ်ဆက်ပြီး ကားကို အမြန်နှုံးမြှင့်ပြီး မောင်း
လာတာပေါ့ဗျာ ဒီမှာတင် ကားက တချက်တချက် အောင့်
လာတာ ဂရုစိုက်မိတယ်ဗျ ကျွန်တော်လည်း ကားမပျက်ပါ
စေနဲ့လို့ ဆုတောင်းရတာပေါ့ဗျာ ပတ်၀န်းကျင်ကလည်း
တောရိပ်တောင်ရိပ်နဲ့ မှောင်တာကမြန်တယ်လေဗျာ
ဒါပေမဲ့ ကျွန်တော် ကံမကောင်းဘူးဗျ ကားက နောက်ဆုံး
ထိုးရပ်သွားတော့တာပဲဗျာ ခုတိခုလတ်ကြီးမှာဆိုတော့
စိတ်ကို အရမ်းပိန်သွားတာပေါ့ ဒါနဲ့ကားပေါ်က ဆင်းပြီး
ပတ်၀န်းကျင်မှာ တည်းခိုလို့ရမဲ့ နေရာ ကိုကြည့်တော့
ဘာမှကို လူနေအိမ်ခြေမရှိဘူးဗျ တဖြည်းဖြည်းလည်း
မှောင်လာပြီဆိုတော့ ကျွန်တော်လည်း ကားကိုထားခဲ့ပြီး
ရှေ့ကို ခပ်သုတ်သုတ် လျှောက်လာရတာပေါ့လေ..
ဒီလိုနဲ့ တစ်မိုင်လောက် လျှောက်ပြီးတော့
ရှေ့ခပ်လှမ်းလှမ်းက မီးရောင်လေးကို စပြီး မြင်ရတော့တာပဲဗျာ။
ကျွန်တော်လည်း အားတက်သွားတာပေါ့
အနီးနားရောက်တော့ အလွန်ခမ်းနားတဲ့ အိမ်ကြီးဗျ
ခြံတံခါးကြီးက လည်း ပိတ်လို့ ဒါနဲ့ကျွန်တော်လည်း
လူခေါ် ခေါင်းလောင်းလေးကိုလှုပ်လိုက်တော့
တကိုယ်လုံး အနက်ရောင်တွေ၀တ်ထားတဲ့ လူတစ်ယောက်
တခါးလာဖွှင့်ပေးတယ်ဗျ အဲဒီလူ မျက်နှာကိုမြင်တော့
ကျွန်တော်လန့်ပြီး မအော်မိအောင် မနည်းထိန်းလိုက်ရတယ်
ဆိုးလိုက်တဲ့ရုပ်ဗျာ မျက်နှာမှာ ကန့်လန့်ဖျက် အမာရွတ်
အစင်းကြောင်းကြီးနဲ့ အပေါ်နုတ်ခမ်းကလည်း အသားတွေ
မပါပဲ သွားတွေကို အတိုင်းသားမြင်နေရတယ်ဗျ..
“ကျွန်တော် ခရီးသွားရင်း ဒုက္ခရောက်လာလို့ ဒီည ဒီမှာ
တည်းခိုခွင့်ရမလားဗျာ”
“အိမ်ကြီးထဲ သွားလိုက်”
ကိုရုပ်ဆိုးက ဒါပဲပြောတယ်ဗျ ကျွန်တော်လည်းအိမ်ကြီး
ဆီခြေလှမ်းလှမ်းယုံရှိသေးတယ် ဂျိုင်း ကနဲ့ ခြံတခါးကြီးကို
ပိတ်လိုက်ရောဗျ ကျွန်တော် အိမ်ကြီးထဲရောက်တော့
ဧည့်ခန်းထဲမှာ မီးတွေက ထိန်နေတာပဲဗျ ကျွန်တော်လည်း
ယောင်နနနဲ့ ၀င်သွားတာပေါ့ အိမ်ကြီးရဲ့နံရံမှာ အလွန်ကြီး
မားတဲ့ ဓာတ်ပုံကြီးတစ်ပုံ ချိတ်ဆွဲထားတယ်ဗျ ပုံထဲမှာ
လူရွယ်တစ်ယောက်က မိန်းမပျိုကလေးကို ပခုံးကနေသိုင်း
ဖက်ထားပုံဗျ လူရွယ်က လူချော တစ်ယောက်ဗျ၊ နုတ်ခမ်းမွှေး
ရေးရေးလည်းပါတယ်၊ ကျွန်တော်မကြိုက်တာက သူ့မျက်လုံး
တွေဗျ အလွန်ကောက်ကျစ်စဉ်းလဲတတ်တဲ့ မျက်လုံးမျိုးတွေ
ပေါ့ဗျာ မိန်းမပျိုကျတော့ ကျွန်တော့်တစ်သက်တခါမှမမြင်ဖူး
တဲ့အလှမျိုးဗျ အင်မတန်လည်းလှတယ် သူ့နုတ်ခမ်းတွေက
လည်း ပုံထဲမှာ လူရွယ်လိုပဲ ပြုံးနေတာဗျ ခတ်တာက
မျက်လုံးဗျ မိန်းမပျိုရဲ့ မျက်လုံးဟာ ဆွေးရိပ်သန်းနေတယ်
လို့ ကျွန်တော်တော့ ထင်တယ်ဗျ လူတွေဟာ ကိုယ်အမူယာ
နုတ်အမူယာတွေနဲ့ ဘယ်လောက်ပဲ ဖုံးကွယ်ဟန်ဆောင်ကြ
ပါစေ မျက်လုံးမှာတော့ အမှန်တရားအမြဲရှိတယ်ဆိုတဲ့စကား
ကျွန်တော်ကတော့ အကြွင်းမဲ့ လက်ခံတယ် ဒေါတ်တာရော
ဘယ်လိုသဘောရလဲ”
ထိုလူက စကားကိုမနားတမ်းပြောရင်း လက်ထဲမှ ခွက်ကို
ဒေါက်တာမင်းအောင်ထံသို ကမ်းလိုက်၏။
ဒေါက်တာမင်းအောင်က
အလိုက်သင့် ခွက်ထဲသို့ ဘရန်ဒီများထပ်ဖြည့်ပေးလိုက်၏။
“အင်း လက်ခံပါတယ်လေ ဆက်စမ်းပါအုံးဗျ ခင်ဗျား
အဖြစ်ပျက် အိမ်ကြီးထဲရောက်သွားတော့ ဘာတွေဆက်ဖြစ်သေးလည်း ကျွန်တော်စိတ်၀င်စားပါတယ်”
လက်ထဲမှ ခွက်ကို ဂွတ်ကနဲ့ တကျိုက်ထဲ ထိုလူက
မော့လိုက်ပြန်၏။
“သြော် မေ့လို့ဗျ ကျွန်တော့်နာမည်က မိုးအောင် ပါ
ကျွန်တော်ယောင်ချာချာဖြစ်နေတုန်း ..
အိမ်ကြီးအပေါ်ထပ်က
လူတစ်ယောက်ဆင်းလာရောဗျ သေချာကြည့်လိုက်တော့
စောစောကကျွန်တော်ပြောတဲ့ဓာတ်ပုံထဲက လူရွယ်ဗျ။
ကျွန်တော်ကိုမြင်တော့ အဲဒီလူက ကွက်ဆို မျက်နှာတစ်ချက်
ပျက်သွားတာ ကျွန်တော် သတိပြုမိတယ်။ အဲ ဒါပေမဲ့
ချက်ချင်းအိန္ဒြေဆည်ပြီး ပြုံးပြတယ် နောက် ကျွန်တော်ကို
ခုလို စပြီး ပြောတယ်ဗျ..
“ဒီက ညီငယ် အစ်ကို့အိမ်မှာ တည်းခိုချင်လို့ဆို”
စကားပြောတော့ အင်မတန်ရည်မွန်တဲ့ လူပါဗျာ…
“ဟုတ်ပါတယ်ဗျာ ကျွန်တော့်ကား ဟိုဘက်နားမှာ ပျက်သွား
လို့ပါ”
“ဟုတ်လား ဒါဆို ညီငယ် တစ်ခုခု စားပါအုံးလား ဗိုက်ဆာနေ
မှာပေါ့”
“ရပါတယ် အကို ကျွန်တော်မဆာပါဘူး တည်းခိုခွင့်ရရင်ပဲ
ကျေးဇူးတင်လှပါပြီ”
အမှန်တော့ တကယ်လည်း ကျွန်တော် မဆာဘူးဗျ..
လမ်းလျှောက်ရလို့ ညောင်းညာနေတဲ့ အတွက် ကျောခင်းပြီး
နားနေချင်တာ။
“ဒါဆို အခန်းကို အကို လိုက်ပြမယ် ညီငယ် နားပေါ့”
“ကျေးဇူးပါ အကို ”
အဲဒီလိုနဲ့ သူက ကျွန်တော်နားရမဲ့အခန်း လိုက်ပြတယ်ဗျ
ဧည့်ခန်းနဲ့ ကပ်လျှက်က အခန်းပါပဲ..
“ကဲ ညီငယ် အေးအေးသက်သာ နားပေရော့ကွာ”
ပြောပြီး လှည့်ထွက်ကာနီး
“ပြောဖို့ မေ့နေတယ်ကွာ အစ်ကို နာမည် စောခွန်စိုင်း ပါ”
ကျွန်တော်လည်း ပြုံးပြပြီး ခေါင်းငြိမ့် လိုက်တာပေါ့
အခန်းက အတော်ကျယ်တယ်ဗျ ကုတင်ပေါ်မှာလည်း
မွေ့ယာ စောင် ခေါင်းအုံး အစုံပဲဗျ.. တောထဲက စခန်းမှာ
ဖြစ်သလို အိပ်ရတာ ကြာပြီဆိုတော့ ဒီညတော့ကောင်းကောင်း
အနားယူရမယ်လို့ တောင် ကျွန်တော်တွေးလိုက်မိသေးတယ်။
ဒါနဲ့ ကုတင်ပေါ် ကျောချရင်း စောစောက ခြံစောင့်ကြီး..
နောက် စောခွန်စိုင်းဆိုတဲ့လူ အကြောင်းတွေကို လျှောက်ပြီး
တွေးနေမိတယ်ဗျ ဓာတ်ပုံထဲက မိန်းမလှလေးက သူ့ဇနီးများ
လား စုံနေအောင်ကို ကျွန်တော်တွေးနေမိတယ်။ နောက်တော့
ပျက်လို့လမ်းမှာထားခဲ့ရတဲ့ ကားဆီ အတွေးကရောက်သွား
ပြန်ရောဗျ မတက်နိူင်ဘူးလေ မနက်မှ ကိုစောခွန်စိုင်း ကို
အကူညီတောင်းပြီး ကားကိစ္စ ရှင်းရတော့မှာပဲ ကြာတော့
ပင်ပန်းတဲ့ ဒဏ်ကြောင့်ထင်တယ်ဗျ မျက်ခွန်တွေ လေးလာပြီး
နှစ်နှစ်ခြိုက်ခြိုက်ကြီး ကျွန်တော် အိပ်ပျော်သွားတာပေါ့ဗျာ..
~~~~~~~~~~~~~~~~~~~~~
ဘယ်လောက်ကြာအောင် အိပ်ပျော်သွားတယ်တော့ မသိဘူးဗျာ။
မွှေးပျံ့တဲ့ ရနံ့ရယ် ကျွန်တော်မျက်နှာကို နုညံ့တဲ့ အတွေ့ထိ
တစ်ခုကြောင့် အိပ်ရာကနေ ကျွန်တော် လန့်ပြီးနိုးလာရော..
ဒီတင် ဘာကိုတွေ့ရတယ်လို့ ဒေါက်တာထင်လည်း
ပြောရစေတော့ ည၀တ်အင်္ကျီ အဖြူ ပါးပါးလေး ၀တ်ဆင်ထားတဲ့
မိန်းကလေးတစ်ယောက် ကျွန်တော့်ကို သူက ညင်ညင်သာလေးနမ်းနေတာလေဗျာ
ကျွန်တော်လည်း အရမ်းအံ့သြ သွားတာပေါ့…
မိန်းကလေးမျက်နှာကြည့်လိုက်တော့ ပြုံးပြီး
ကျွန်တော့်ကို ကြည့်နေတာများ မျက်လုံးတွေက အရောင်တွေကိုလက်နေတာဗျာ….
မြင်ဖူးပါတယ်လို့ ကျွန်တော်ထင်နေတဲ့ မိန်းကလေးက
တကယ်တော့ အိမ်ကြီးရဲ့ နံရံမှာချိတ်ထားတဲ့ ဓာတ်ပုံထဲက
မိန်းကလေးဖြစ်နေတာပေါ့ဗျာ ကျွန်တော်လည်းအံ့အားသင့်ပြီး
စကားမပြောနိုင်ပဲ ကြောင်ကြည့်နေမိတာပေါ့။
နောက်ပြီးတော့ဗျာ အလွန်ပါးလွှာတဲ့ ည၀တ်အင်္ကျီ ဖြူဖြူရဲ့
အောက်မှာ မရိုသေစကား ဒေါက်တာရယ် အတွင်းခံ၀တ်မ
ထားလေတော့ မိန်းကလေးရဲ့ ရင်နှစ်မွှာကို အထင်းသားမြင်
နေရပြန်တယ်ဗျာ နောက်တော့
ကြောင်ကြည့်နေတဲ့ကျွန်တော့်ကို
မိန်းကလေးက သူရဲ့လက်နှစ်ဖက်နဲ့ ကုတင်ပေါ်က
ထဖို့ ဆွဲခေါ်တယ် ကျွန်တော်လည်း အလိုက်သင့်
မတ်တပ်ထရပ်လိုက်တာပေါ့.. ..
နှစ်ယောက်သား အနီးကပ် ထရပ်ကြရင်း
မိန်းကလေးရဲ့ အလှကို မြင်နေရတော့ ကျွန်တော် မလိမ်
ချင်ပါဘူး ဒေါက်တာ တံတွေး တွေကိုပဲ
တဂုဂုနဲ့ မျိုချနေရတာပေါ့ဗျာ…
ငယ်ရွယ်ပြီးကျန်းမာသန်စွမ်းတဲ့ ယောက်ျားဖြစ်ဖြစ်၊
မိန်းမဖြစ်ဖြစ် ဒီစိတ်မျိုးက အလွန်
ထကြွသောင်းကျန်းတယ်ဆိုတယ်တာ ဒေါက်တာက ကျွန်တော့်ထက် ပိုနားလည်မှာပါလေ…
“အနှစ် ၂၀ လုံးလုံး အစ်ကို့ကို နန်းမျှော်နေတာ ဒီနေ့ညတော့
မျော်ရကျိုးနပ်ပါပြီ အစ်ကို ရယ် တစ်နေ့ပြန်လာမယ်ဆိုတာ
အတက်ကျသိလို့ နန်းလေ ဒီနေရာက မခွာပဲ အစ်ကို့ကို စောင့်
နေတာ နန်းပျော်လိုက်တာ”
ရော ခတ်တော့တာပဲ သူပြောတဲ့ အစ်ကိုမှ ကျွန်တော်က
မဟုတ်တာဗျာ ဒါနဲ့ ကျွန်တော်က…
“ညီမ မှားနေပြီ အစ်ကို နာမည်က မိုးအောင်ပါ ညီမပြောတဲ့
လူ မဟုတ်ပါဘူး”
“အင်းပေါ့လေ နှစ်တွေကကြာ ဘဝတွေကခြားဆိုတော့
အစ်ကို နန်းကို မမှတ်မိတော့ဘူးပေါ့ ဒါပေမဲ့ နန်းနဲ့ အစ်ကိုဟာ
တချိန်က အရမ်းချစ်ခဲ့ကြသလို အချစ်ရဲ့နောက်ကိုလည်း
အဆုံး အစွန်အထိ လိုက်ခဲ့ကြတယ် အစ်ကို”
“အချစ်ရဲ့နောက်ကို အဆုံးစွန်ထိ လိုက်ခဲ့ကြတယ်”
မိန်းကလေးရဲ့ စကားကို သံယောင်လိုက်ပြီး ကျွန်တော်က
ပြောမိတော့
“ခစ် ခစ် ခစ်”
မိန်းကလေးက တခစ်ခစ် ရယ်တာပေါ့….
“အစ်ကို သိချင်လားဟင်”
ကျွန်တော်က ခေါင်းငြိမ့်ပြတော့ မိန်းကလေးက
“ဒါဆို မျက်စိမှိတ် ဖွင့်မကြည့်ရဖူးနော် အစ်ကို
ညီမက ဖွင့် ဆိုမှ ဖွင့်ရမယ်”
ဒါနဲ့ ကျွန်တော်လည်း မျက်စိကိုမှိတ်ထားလိုက်တာပေါ့
ခဏနေတော့ ကျွန်တော်၀တ်ထားတဲ့ အင်္ကျီကြယ်သီးတွေကို
တစ်လုံးချင်းဖြုတ်နေတယ် ပြောရရင်ကျွန်တော့် အင်္ကျီကို
ချွတ်လိုက်တယ်ပေါ့ဗျာ ဒီမှာတင် အလွန်နုညံ့တဲ့ လက်ချောင်း
လေးတွေနဲ့ ကျနော့် ရင်ဘတ်တွေကို ဖွဖွလေး ပွတ်ရင်း
“အရင်ကထက်တောင်မှ အစ်ကို့ရဲ့ ခန္ဓာကိုယ်က ကြည့်လို့
ကောင်းတယ်”
လေ့ကျင့်ခန်းမှန်မှန်လုပ်ပြီး အမြှောင်းလိုက်ထနေတဲ့
ကျွန်တော့် ရင်ဆုံနဲ့ နံဘေး ကြွက်သွားတွေကို ကိုင်ပြီး
ပြောတာဗျ တကိုယ်လုံးလည်း
ရှိန်းဖိန်းနေတာပါပဲ ဒေါက်တာ
နောက်တော့ အင်္ကျီမပါတဲ့ ကျွန်တော့်ရင်ဘတ်ကို
ပူနွေးနုညံ့တဲ့ အစိုင်ခဲတစ်ခုက လာပြီးဖိကပ်တော့မှ အလန့်
တကြား မျက်လုံးကို ဖွင့်ကြည့်မိတော့ မိန်းကလေးမှာ
အ၀တ်စားတွေ မပါတော့ဘူးဗျာ သူ့ခန္ဓာကိုယ်က မိမွေးတိုင်း
ဖမွေးတိုင်းဖြစ်နေတာလေ အံ့သြလွန်းလို့ ဘာမှမပြောနိူင်
အောင်ကျွန်တော်ဖြစ်နေမိတယ် နောက်တော့မိန်းကလေးက
ကျွန်တော်လည်ပင်းကိုသိုင်းဖတ်ပြီး ခပ်ကြမ်းလေး နှစ်ယောက်သား အနမ်းတွေ ခြွေနေမိတယ်ဗျ
မိန်းကလေးက ဗလုံးဗထွေးနဲ့..
“အစ်ကို့ကို အရမ်း ချစ်တယ် ”
ဆိုပြီး ပြောနေသေးတယ်ဗျ။
ဒီမှာတင် ဝုန်း ဆို ပိတ်ထားတဲ့ အခန်း တခါးကြီးက
ပွင့်လာရော ကျွန်တော်နဲ့ မိန်းကလေး နှစ်ယောက်လုံး
လန့်သွားတာပေါ့ဗျာ အခန်းထဲ၀င်လာတာက
စောခွန်စိုင်း ဆိုတဲ့ လူဗျ
ဒေါသဖြစ်လွန်းလို့ သူ့အသားတွေ တဆက်ဆက်ကို တုန်နေတာ။
မျက်လုံးတွေကလည်း မီး၀င်း၀င်းတောက်နေသလိုပါပဲ။
ကျွန်တော်လည်း အင်္ကျီကို အမြန်ကောက်၀တ်လိုက်ရတာပေါ့
နန်း ကတော့ ဒီတိုင်းပဲဗျ
စောခွန်စိုင်း ကို ခပ်တင်းတင်းပြန်ကြည့်နေတယ်…
“မင်းတို့ ဖောက်ပြန်ကျပြန်ပြီပေါ့ ဟုတ်လား”
“ဒီမှာ ကျွန်မတို့ဖောက်ပြန်တာမဟုတ်ဖူး ရှင်သာ ကျွန်မတို့ကို
ရက်ရက်စက်စက် ခွဲခဲ့တာ”
“တော်စမ်း မင်းက ငါ့မမိန်းမကွ ”
“ဘာမိန်းမလည်း ရှင့်အတွက် ကျွန်မက ရှင့်သွေးသားတွေ
သောင်းကျန်းရင် ဖြေဖို့ ပြည့်တန်ဆာ အဆင့်ပဲထားတဲ့
မိန်းမလား ”
တကယ်တော့ သူတို့ပြောနေတာတွေ ဘာမှ ကျွန်တော်နားမ
လည်ဘူးဗျ။
“အေး အရင် ဘ၀ကလည်း မင်းကိုရော ဒီကောင်ကိုရော
ငါသတ်ခဲ့ပြီးပြီ အခုလည်း ဆက်သေဖို့သာ ပြင်ထား”
ပြောပြောဆိုနဲ့ လက်ထဲက ပါလာတဲ့ ဓားနဲ့ မိန်းကလေးကို
ပိုင်းချလိုက်တာဗျ…
“အစ်ကို ပြေး”
တစ်ခွန်းပဲပြောပြီး မိန်းကလေးက ပုံကျသွားတာဗျ..
နောက်တော့ ကျွန်တော့်ကို
“အခုထိ ရှုပ်နေတဲ့ကောင် သေပေတော့”
ပြောလည်းပြော ခုတ်လည်းခုတ်တော့တာဗျ
ကျွန်တော်လည်း အခန်းထောင့်မှာ ထောင်ထားတဲ့
ဘာလုပ်ဖို့ထားတဲ့ သံချောင်းလည်းတော့မသိဘူးဗျ
အဲဒါနဲ့ ခံလိုက်တာဗျ
ထန်း…ထန်း…
နောက်တော့ အခြေနေမဟန်တာနဲ့ ကျွန်တော်လည်း
အိမ်ကြီးထဲက ပြေးထွက်လာရတာပေါ့။
စောခွန်စိုင်းကလည်း နောက်ကနေပြေးလိုက်လာတာဗျ
ကျွန်တော်ခြံထဲရောက်တော့ နောက်ကနေ…
“ဟေ့ ငရဲ အဲဒီကောင်ကို အသေသတ်”
ခြံစောင့် ကိုရုပ်ဆိုးက တခါး၀မှာ ရဲဒင်းကြီး ကိုင်ပြီးရပ်နေတာဗျ
ကျွန်တော်လည်း မထူးဘူးဆိုပြီး လက်ထဲက သံတုတ်ကို
လွှဲပစ်လိုက်တာ ကိုရုပ်ဆိုး မျက်နှာကို ကွက်တိ ဖျက်မှန်
တော့တာဗျ ကိုရုပ်ဆိုးလည်း အား ဆိုအော်ပြီး ဖင်ထိုင်ကျ
သွားတုန်း ခြံတခါးကထွက်ပြီး ပြေးလိုက်တာ ကျွန်တော်ကား
ရပ်ထားတဲ့ နေရာကို ပြန်ပြေးနေမိတာဗျ။
ကိုရုပ်ဆိုးကလည်း ကျွန်တော်နဲ့ ထပ်ကြပ်မကွာ လက်တကမ်း
အကွာက ရဲဒင်းကြီးကိုဝှေ့ယမ်းပြီးလိုက်နေတာဗျ…
ဒါနဲ့ကျွန်တော်လည်း ကားနားရောက်တော့ ကားထဲ၀င်မိလိုက်
တော့ ကမန်းကတန်း ကားတခါးကိုပိတ်တဲ့ ကျွန်တော့်လက်ကို
ကိုရုပ်ဆိုးက သူ့လက်ထဲက ရဲဒင်းကြီးနဲ့ ခုတ်လိုက်တာဗျ
ကြောက်လွန်းလို့ ကျွန်တော်လည်း ယောင်ရမ်းပြီး ကားသော့
ကို လှည့်လိုက်တော့ ကံကောင်းထောက်မစွာနဲ့ ဝူး ဆို
ကားက နိုးပါလေရောဗျာ အပြင်မှာ ကိုရုပ်ဆိုးကတဒုန်းဒုန်း
ကားကို သူ့ ရဲဒင်းနဲ့ ဒေါသတကြီး ခုတ်နေတာဗျ….
ကျွန်တော်လည်း လီဗာကို အကုန်နင်းပြီး ကားကို တရှိန်ထိုး
မောင်းပြေးလာတာပေါ့ ရှေ့နားရောက်တော့
လက်ထဲက ဓားကိုကိုင်ရင်း ကျွန်တော့်ကားရှေ့ကို
ပြေးလာတဲ့ စောခွန်စိုင်းဆိုတဲ့လူကို
ကားနဲ့ ဆောင့်လိုက်တာ ဝုန်းဆို ပေ ၂၀ လောက်ကို လွှင့်စင်သွားတာဗျ နောက်ကြည့်မှန်ကနေ ကြည့်လိုက်တော့မှ ကားတိုက်ခံရာက ကုန်းထလာတဲ့
စောခွန်စိုင်းကို မြင်ရတော့မှ
ကျွန်တော်ပိုပြ်ီးကြောက်လာမိတယ်ဗျာ..
“ဘုရား ဘုရား ဒီလူတွေဟာလူအစစ်တွေတော့မဖြစ်နိူင်ဘူး”
ကားကို အရှိန်နဲ့မောင်းလာရင်း စောစောက ခြံကြီးရှေ့
ပြန်ဖျက်မောင်းတော့ ခြံ၀မှာ နန်းဆိုတဲ့ မိန်းကလေးက
အလွန်၀မ်းနည်းနေပုံနဲ့ ကျွန်တော့်လက်ပြရင်းကျန်ခဲ့တယ်ဗျာ
ဒီလိုနဲ့ရောက်ရာပေါက်ရာ…
မောင်းလာရင်း ဒေါက်တာမင်းအောင်လို့
ရေးထားတဲ့ ဆိုင်းဘုတ်လေးမြင်လို့ ကျွန်တော် ကားကိုရပ်
ပြီး၀င်ခဲ့တာပဲဒေါက်တာ”
မိုးအောင် ဆိုသောလူ၏ စကားဆုံးတော့ ဒေါက်တာမင်းအောင်ပြုံးလိုက်သည်။
“ဘာလည်း ဒေါက်တာ ကျွန်တော်ပြောတာ မယုံလို့လား”
“ခင်ဗျား အင်မတန် အပြောကောင်းတဲ့ လူပဲဗျ..
အခုပြောနေတာတွေကို သာ ၀တ္ထုရေးရရင် သိပ်ကိုဖတ်လို့
ကောင်းမှာဗျ ဟဲ ဟဲ”
“ဒေါက်တာ မယုံဖူးပေါ့ ဒါဆိုရင် ဒီဟာကိုရော ဒေါက်တာဘာပြောချင်လည်းဗျာ”
ထိုသို့ပြောရင်း သူ၀တ်ထားသော ကုတ်အင်္ကျီထဲ၌
ထိုးထည့်ထားသော လက်တစ်ဖက်ကို ထုတ်ပြလိုက်ရာ
သွေးစေးများပင်ခြောက်ကပ်နေသော
လက်ကောက်ဝတ်ကနေတိကနဲ့..ပြက်နေတဲ့
လက်ပြက်ကြီးကို ပြရင်း ထိုလူမှာ
ခွေခေါက်၍ ကြမ်းပြင်ပေါ်သို့ မေ့လဲ၍ သွားလေတော့သည်။
………………
၂၀၁၇လောက်က စာ စရေးရင်း ရေးခဲ့တဲ့ ပရဝတ္ထု
ခု ပြန်ဖတ်ကြည့်တော့ လိုအပ်ချက်တွေအများကြီးနဲ့
အမှတ်တရပြန်တင်ဖြစ်တယ်ပေါ့။