သေရွာပြန်တာတီး

Posted on

သေရွာပြန်တာတီး(စ/ဆုံး)
—————————
တာတီးတစ်ယောက် အိမ်ရှေ့ကွပ်ပျစ် မှာထိုင်ကာ မီးတောက်အရက်လေးသောက်ကာ မနေ့က ဝက်ပေါ်လို့ ရထားတဲ့၊ကြော်ထားသောဝက်သား သုံးထပ်သား ကို စားကာ စည်းစိမ်ယူနေသည်။

“အားပါးပါး ကောင်းလိုက်တဲ့ ဝက်သားကျွတ်ကြော်လေး ကွာ ဘာအရသာနဲ့မှ မလဲနိုင်လောက်
အောင် ကောင်းပါလား”

မကြာပေ ရွာဦးကျောင်းကို ဆွမ်းချိုင့်သွား ပို့သော
သူးမိန်းမ မအေးမှုံပြန် ရောက်လာသည်။အိမ်
ရှေ့ကွပ်ပျစ်မှာ ထိုင်နေသော သူ့ယောက်င်္ကျား
ကိုကြည့်လျှက်

“သြော်သြော် မိန်းမကတော့ ရွာဦးကျောင်းဆွမ်း
ချိုင့်သွားပို့ ပြီး ကုသိုလ်လုပ် ပြန်လာပါတယ် တော်ကတော့ မနက်ဆောဆောစီးစီး အရက်ကလေးတမြမြနဲ့ ဇရက်မင်းစည်းစိမ် ယူပြီး အကုသိုလ်ကို ဝယ်ယူနေပါ လား”

တာတီ ရီဝေဝေမျက်လုံး နဲ့ သူ့မိန်းမကို ကြည့်ကာ

“မင်းဒါတော့ မတရားမပြောနဲ့ ငါအရက်သောက်
ပြီး ဘယ်သူကိုရန်ပြုလို့လဲ ပြီးတော့ အကုသိုလ်ကိုဝယ်ယူ ရအောင် ငါကဘာလုပ်နေလို့တုန်း”

“တော်အရက်သောက်ပြီး မရမ်းပေ နဲ့တော်လုပ်နေတဲ့ အလုပ်ကအကုသ်ိုလ် ကင်းလို့လား ဝက်
ပေါ်တယ် ကျွန်မမှာဖြင့် ရှင်ဝက်ပေါ် ဖို့သွားပြီ
ဆို အသတ်ခံရမယ့် ဝက်လေးတွေကို သနား
လိုက်တာ ရှင်မသနားဘူးလား”

“ဘာလို့သနားရမှာလဲ သတ္တဝါဆိုတာ လူချွတ်မှ
ကျွတ်တာကွ မင်းမြဲမြဲမှတ်ထား ပြီးတော့အဲ့ကရ
တဲ့အသားနဲ့ ပိုက်ဆံကို မယူလို့လား”

မအေးမှုံ မျက်မှောင်ကျုတ်၍

“ရှင့်ပေါ်လို့ ရလာတဲ့ အသားကို ကျွန်မဘယ်
တုန်းက စားဖူးလဲ ပြီးတော့့ရှင်ပေးတဲ့ ပိုက်ဆံ ကို
ကျွန်မ ယူလို့လား၊ကျွန်မ ဘာသာ သမာအာဇီဝ
ကျကျ ဟင်းသီးဟင်းတွေ ရောင်းပြီးရတဲ့ ငွေကို
ပဲ သုံးတာ​ေလ”

“တော်တော်မင်းနဲ့ငါ စကားဆက်ပြော ရင်ရန်ဖြစ်
မိတော့ မယ်”

မအေးမှုံလင်ဖြစ်သူ တာတီးကို ဘာမှမပြောတော့
ပဲ အိမ်ပေါ်သို့တတ် သွားတော့သည်။

“ဗျို့ ကိုယ်တာတီး”

တာတီးခြံပေါက်ဝကို ကြည့်လိုက်တော့ ကာလ
သားခေါင်ဆောင် လှကြီးဖြစ် နေသည်။

“အေးလာလေ ကွာလှကြီး”

လှကြီးတာတီးကွပ်ပျစ်မှာ ထိုင်လိုက်သည်။

တာ
“ဘာကိစ္စလဲ လှကြီး”

လှ
“ကိစ္စကတော့ တစ်ဘက်ခါ လုပ်မယ့်အလှူ မှာ
ဝက်သားကျွေးမှာ အဲ့ဒါ ဝက်ပေါ်ဖို့ ကိုတာတီး
ို့ကို လာခေါ်တာ။ဒီရွာမှာလဲ ဝက်ပေါ်တဲ့ အလုပ်
က်ို က်ုိယ်တာတီးပဲ ကျွမ်းကျွမ်းကျင်ကျင် လုပ်တတ်လ်ို့ လေ”

“အေးကွ ခဏစောင့် ငါဝက်ပေါ်တဲ့ ဓားအိမ်ပေါ်
တတ်ယူအုန်းမယ်”

“ကောင်းပါပြီ”

အိမ်ပေါ်ရောက်တော့ တာတီး ကြောင်အိမ်အောက်က ဓားယူပြီး အိမ်အောက်ဆင်းမယ်အ
လုပ်

“ကို ဒီနေ့မသွားပါနဲ့လား ဟင်”

“ဘာလို့လဲဟ ပ်ုိက်ဆံရမယ့် အလုပ်သွားမှာက်ို”

“ဒီနေ့ဥပုဒ်နေ့လေ အိမ်မှာပဲ အေးဆေး ငါးပါးသီ
လခံယူဥုပုပ်စောင့် ပါလား”

“ဟာ မစောင့်နိုင်ပါဘူး ငါ့အလုပ်ကအရေးကြီး
တယ်ဥပုဒ်စောင့်လို့ ပိုက်ဆံမရဘူး ဒါပဲငါသွားပြီ”

တဇွတ်ထိုး ထွက်သွားသော လင်ဖြစ်သူတာတီး
နောက်ကျောပြင်ကိုမအေးမှုန်ကြည့်လျှက်

“အော်ကိုတာတီး ရယ်ရှင်ကိုကျွန်မ ဘယ်လောက် နားနားချချ နားမဝင်ပါလားနော် ရှင် ဘယ်တော့ များမှ အသိတရား ဝင်ပါ့မလဲ”

မအေးမှုံရေရွက်လ်ိုက်သည်။

တာတီး ဝက်ပေါ်ချင်းအလုပ်ကို သူ့အဖေစီ မှ လက်ဆင့်ကမ်း ရရှ်ိခဲ့ ခြင်းပင် မျိုးရိုးစဉ်ဆက်က ဒီအလုပ်ကို လုပ်ခဲ့သော
ကြောင့် တာတီးလက်ဆင့် ကမ်းရရှိခဲ့ သည်မှာ ပြောဖွယ် ရာ
်ရာပင် ရှိမှာ မဟုတ်ပါလား။

မအေးမှုံက တမ်းတရွာရဲ့ သူကြီးဦးအောင်သင်း ရဲ့တစ်ဦး
တည်းသော သမီးဖြစ်သလို တစ်ရွာလုံးမှာ အချောဆုံးကွမ်း
တောင်ကိုင်ပန်းထောင်ကိုင် တစ်ဦးလဲဖြစ် ပေရာ ကာလာသား အများစု ပိုးပန်းခြင်းကိုလဲ ခံရသူဖြစ်ပေသည်။

သ်ို့သော် မအေးမှုံက သူတ်ို့ အားစိတ်မဝင်စား ပဲ နဖူးစာ ရွာ
လည်တယ်ပဲ ပြောရမလား တစ်ကောင်ကြွက် သမား၊
ဝက်သတ်သမား တာတီးအပေါ်အား ချစ်ခင် စုံမက် သံယော
သံယောဇဉ် တွယ်မိကာ သူ့အဖေပြော စကားပင် နားမထောင် ပဲတာတီးကို ယူခဲ့သည်။

တစ်ရွာလုံးမှာ အံ့သြမဆုံး ဖြစ်ခဲ့ရသည်။

မအေးမှုံ မနက်ထဲက ဝက်ပေါ်ရန်ထွက်သွား သော လင်
ယောက်င်္ကျားကို မျှော်တာ ညနေပင် စောင်းလုပင် ရှိနေပြီ
ဖြစ်သည်။ မအေးမှုံမျှော်တာကလဲ ဝမ်းသာစရာ စကားပြော
ချင်လို့ပင်။

“ဟင်း ကိုတာတီးကလဲ ပြန်မလာသေးဘူး သူ့နဲ့ ရတဲ့
ရတဲ့ ကိုယ်ဝန်လွယ်ထား ရပြီ ပြောမလို့က်ို”

သူတစ်ကိုယ်ထဲ ရေရွက်စဉ် အိမ်ရှေ့က ဆူဆူညံညံ အသံများ ကြောင့် သူ အိမ်ပေါ်ကနေ ကြည့်လိုက်သည်။

“ဗျို့ မအေးမှုန် ခင်ဗျာ ယောက်င်္ကျား ဝက်ပေါ်ရင်း လက်ကို
ဓားထိ သွားတယ် အဲ့ဒါ အခု ထိ သတိပြန်မလာသေး ဘူး”

မအေးမှုံရင်ဖက်က်ို လက်နဲ့ဖိလျှက်

“ကျွန်မယောက်င်္ကျား အခုဘယ်မှာလဲ ”

“ကလာသား ခေါင်းဆောင် လှကြီးအိမ်မှာ”

မအေးမှုံ လှကြီးအိမ်ရောက်တော့ လက်ကိုပတ်တီး စည်းထား
ပြီး ကုတင်ပေါ်မှာမေ့မြောနေသော လင်ယောက်င်္ကျား ကို
တွေ့လိုက်ရသည်။

လှကြီး သူ့အိမ်မှာဖြစ် သွားတော့ တာဝန်မကျေသလို ဖြစ်ကာ

“ကျွန်တော်ပေါ်ခိုင်းမိလို့ ဖြစ်တာပါ အဲ့အတွက်ကျွန်တော် တောင်းပန်ပါတယ်”

“ရပါတယ်လှကြီး”

တာတီးတစ်ယောက်ညနေက ဝက်ကိုလုပ်ရိုးလုပ်စဉ် တ်ိုင်း
ပေါ် နေစဉ် ခြံဝက ခွေနက် ကြီးကို မြင်ကာ ကြောက်လန့် ပြီး
အယောင်အယောင်အမှားမှားဖြစ်ကာ လက်ပြန်ကြောကို ဓားထိကာ သတိမေ့သွားခြင်းပင်။

အခုသူသတိမေ့သွားပြီး သတိရလို့ မျက်စိဖွင့် ကြည့်လိုက်
လ်ိုက်တော့ ရွာပြင်ရောက် နေသည်က်ို တွေ့လိုက်ရသည်။

မှောင်ရီပျိုးပျပျ အချိန်ဖြစ်နေပြီး ဘေးအနီးတစ်ဝိုက်ကလဲ
မှောင်းမည်း နေသလို ထူးထူးခြားခြား သူ့ခန္ဓာကိုယ်ကလဲ
ပေါ့ပါးနေသည် ကို တွေ့လိုက် ရသည်။

“ဟငါ့ခန္ဓာကိုယ်က ပေါ့ပါးနေပါလား ဘယ်လို
ဖြစ်တာပါလိမ့် ”

သူရေရွက်လို့ မဆုံးခင်ပဲ ဝုန်းခနဲဆို ကြီးမားသော
လူနှစ်ယောက် သူနားရောက်လာကာ သူ့လက်
ူ့မောင်းကို တစ်ယောက်တစ်ဖက် ဆွဲကာ အသံ နက်ကြီးနဲ့ ပြောလိုက်သည်။

“လာလိုက္​ခဲ့”

“နေ နေပါအုန်း ကျုပ်ကို ဘယ်ခေါ်သွားမလို့
တုန္​း”

လူနှစ်ယောက်က သူ့အမေးအား မဖြေပဲ သူ့ကိုအ
တင်းဆွဲခေါ်သွားရာ သူလဲဘာမှစောဒကမတတ်ပဲ
နောက်ကနေလိုက်လာလိုက်သည်။ အတော်တော်ဝေးဝေးရောက်လာတော့ အော်ဟစ်သံများ
ကြားလာရာသည်။အနီးကို နီးကပ်လာလေးပ်ို
ကြားလာရတော့ တာတီးတစ်ယောက် လန့်လာ
သည်။

တစ်နေရာရောက်တော့ ထိုလူကြီးနှစ်ယောက်က
ဆီပူအိုးနား မှာရပ်လ်ိုက်ပြီး

“ဟိတ်ကောင်းဟိုက်ို ကြည့်စမ်း”

တာတီးသေချာကြည့်လ်ိုက်တော့ လှံချွန်ကိုင်ထား
သော အာဏာပါးကွက်သား များက ဆီးပူအိုးထဲ
က တတ်လာသော သူများကိုလှံချွန်နဲ့ ထိုးထိုးချ
လေသည်။ပြီးတော့ ထွက်ပြေးနေသော လူများကို
ငရဲခွေးများ ငရဲငှက်ကြီးတို့က လိုက်လံထိုးဆိတ်နေသည်။
တာတီးထိုမြင်ကွင်းများကို မြင်ပြီး အလွန်ထ်ိန့်
လန့်သွားသည်။အခုနလူတွေက တာတီးကိုငရဲ
ခန်းတွေ အားပြသပြီးနောက် ပြဿဒ်
ပုံအဆောက်အဦးကြီးထဲ ခေါ်သွားတာ ပုလ္လင်ထက်ဝယ် ထိုင်နေ ပြီး ဥပတိရုပ် တည်တန့်စွာ
ရှိပြီး ကိုယ်ရောင်ကိုယ်ဝါ တောက်ပနေသော
ယမင်းကြီးကို ငရဲထိန်းတွေက ကြည့်လျှက်

“ခေါ်လာခဲ့ပါပြီ ယမမင်း”

“အိမ်းအိမ်း”

ယမမင်းသည် ကြောက်လန့်တုန်လှုပ်နေသော
တာတီးကိုကြည့်လျှက်

“ဘယ်လိုလဲ မောင်မင်းငရဲခန်းတွေ ကြည့်ရတာ
ကြောက်နေပြီမလား”

“ဟုတ် ဟုတ် ကြောက်နေပါပြီ”

“အိမ်းကွဲ့ လူတွေကအဲ့လိုပဲ ငရဲမကျအောင် ကု
သိုလ်ကောင်းမှုကို လူ့ဘဝရစဉ် တုန်းက မပြုကြ
ဘူး အကုသိုလ်အလုပ်မှာ ပျော်မွေ့နေကြတယ်
အခုဒီကိုရောက်လာပြီး နောင်တရလဲ အပိုပဲမောင်
မင်း မောင်မင်း လူ့ဘဝတုန်းက ဘာအလုပ်လုပ်
တာတုန္​း”

“ကျွန်တော်က သားသက်သမားအလုပ် က်ိုလုပ်ပါပါတယ်”

“ကုသို်လ်ကောင်းမှုကော ဘာလုပ်ခဲ့သလဲ”

ဒီတစ်ခါတော့ တာတီးဖြေရခက်နေတယ် ဘာလို့
ဆိုတော့ သူ့ဘဝ တစ်လျှောက်လုံး သားသတ်
သားသက်သမား အလုပ်ကိုပဲ လုပ်ခဲ့သော
ကြောင့် ဖြစ်သည်။

ယမမင်းလဲ တာတီးကို ဂရုဏာသက်သာစွာကြည့့်လျှက်

“သေချာစဉ်းစားပါ”

တာတီးအတန်ကြာစဉ်းစားပြီး

“သိပြီ သိပြီ ကျွန်တော် လွန်ခဲ့တဲ့ တစ်လက ရွာ
ဦးကျောင်းမှာ သိမ်ကျောင်းဆောက်လှူခဲ့တယ်”

ယမင်း_”ဟုတ်တယ် မောင်မင်းတာတီး ကအခု
သေချိန်မရောက်သေးဘူး အလှူဒါန်းပြုခဲ့ တဲ့
ကုသိုလ်ကံကြောင့် မောင်မင်းငရဲ မကျသေးဘူး
တစ်ခုတော့ရှိတယ် မောင်မင်းလူပြည်ပြန်ရောက်
သွားရင် သားသတ်သမားအလုပ်ကို စွန့်လွှတ်ရ
မယ် ပြီးရင် ကုသိုလ်ကောင်းမှု များများလုပ်
ပြီးရင်အလှူဒါန်းလုပ်ပြီး ရင် ငါ့က်ု်ိသာဓု ခေါ်ပေး
ပါ”

“ဟုတ်ကဲ့ပါ ယမမင်း”

“အိမ်းအိမ်း ကောင်းပြီ ကဲငရဲထိန်း နှစ်ယောက်
သူ့ကိုပြန်ပို့ပေးလိုက်တော့”

ငရဲထိန်းနှစ်ယောက် တာတီးက်ုိ ကာလသား
ခေါင်းဆောင် လှကြီးအိမ်ကို ပြန်ခေါ်လာပြီးကု
တင်ပေါ်တွင် လှဲလျောင်းနေသော တာတီးခန္ဓာ
ကိုယ်ကို ကြည့်လျှက်

“မြန်မြန်ဝင်အချိန်မရှ်ိဘူး”

ငရဲထိန်းနှစ်ယောက် သူ့ကိုယ်တွန်းလိုက်ရာ တာ
တီး သူ့ခန္ဓာ ကိုယ်ထဲပြန်ရောက်သွားပြီး သတ်ိ
ရလာလေသည်။

“ရေရေ ရေပေးပါ”

အနီးနားကလူတွေက တာတီးကို သရဲရဲပြောပြီး
အိမ်အောက်ကိုဆင်းပြေးလေသည်။ဘေးနားမှာ
ရှိနေသော သူ့မိန်းမကမပြေးပဲ အံသြစွာနဲ့

“ကို က်ုိ မသေဘူးနော်”

“အင်း ”

မအေးမှုံက အောက်ကလူတွေကို လှမ်းပြော
လိုက်သည်

“ကျွန်မယောက်င်္ကျား မသေဘူး တော့် ပြန်သတ်ိရလာပြီ”

လူအများက တာတီးသတ်ိမေ့မြောနေစဉ် ဘယ်တွေရောက်ခဲ့လဲမေးတော့ တာတီးက ငရဲပြည်
ရောက်သွားပုံကို ပြောပြလိုက်ရာ လူအများထိန့်
လန့်ကာ အသ်ိတရားရ သွား ပြီးတာတီးတို့လင်
မယားလဲ သက်ဆုံးတိုင်ကုသိုလ်ကောင်းမှုကို
လုပ်ကိုင်သွားလေတော့သည်။

ပြီးပါပြီ။

Crd↔စာရေးသူ↔lwin moe myint