သေရွာပြန်မိပြား

Posted on

သေရွာပြန်မိပြား(စ/ဆုံး)

———————-

မိပြားနံမည်အရင်းကလှလှတင့်ဆိုပေမဲ့တရွာလုံးကမိပြားလို့ခေါ်ကြသည့်အတွက်နံမည်အရင်းပင်မမှတ်မိတော့ပါ

မိပြားကအလုပ်တော့အသေလုပ်သည်ဆင်ရဲသားမိဘများကပေါက်ဖွားလာသောကြောင့်

အလုပ်ကြမ်းများနှင့်အသားကျနေကာယောင်္ကျားများနည်းတူထမ်းနိုင်ရွက်နိုင်သဖြင့်မိဘများကအားကိုးရသူဖြစ်သည်။

မိပြားတို့ကညီအမလေးယောက်ရှိကာမိပြားအမကနယ်စပ်တွင်အလုပ်သွားလုပ်၍

ကျန်သည့်ညီအမများထဲတွင်မိပြားကအကြီးဆုံးဆိုတော့အိမ်ရဲ့တာဝန်ကိုတစ်ဖက်တစ်လမ်းကယူရလေသည်။

နယ်စပ်တွင်အလုပ်သွားလုပ်နေသောမိပြားအမအကြီးဆုံးလဲအိမ်ကထွက်သွားကထဲကဘာသတင်းမှမကြားရပါ

သေသလားရှင်သလားပင်မသိ၍မိပြားတို့ဘဝကမပြောင်းလဲဆင်းရဲလျှက်ပင်ရှိသည်။

ကျန်သည့်အငယ်ညီမလေးများကလဲမိပြားနှင့်အသက်ကွာ၍မိပြားကသာမိဘများနှင့်အတူ

ကြုံရာအလုပ်ကိုလုပ်ရင်းစားဝတ်နေရေးဖြေရှင်းနေရပေသည်ရွာကလူအများကတော့မိပြားအားလိမ္မာသည်ဟုဆိုကြသည်။

မိပြားမလိမ္မာတာကရီးစားများခြင်းပင်ဖြစ်သည်သူမအားလာကြိုက်သူများကိုအားနာ၍ပြန်ကြိုက်သည်ဟုဆိုသည်။

မမျှော်လင့်သောတစ်နေ့တွင်မိပြားတို့သေပြီဟုယူဆထားသောမိပြားအမသည်ဆိုင်းမဆင့်ဗုံမဆင့်ဖြင့််ရွာသို့ပြန်ရောက်လာလေသည်။

သူမတစ်ယောက်ထဲတော့မဟုတ်ပါယောင်္ကျားနှင့်ကလေးနှင့်ဖြစ်လေသည်။

မိပြားတို့မိသားစုလဲအလွန်ပျော်ရွှင်နေကြသည်သူမတို့အိမ်တွင်လဲသတင်းလာမေးသောရွာသားများဖြင့်ပြည့်၍သွားလေသည်။

သူမအမသည်ပါလာသောပိုက်စံဖြင့်သူမအဖေအားဝက်များကြက်များမွေးစေ၍

သူမအမေအတွက်လဲအိမ်ဆိုင်ကလေးတည်ပေးထားသည်တစ်ဘက်ရွာမှတစ်ခုလပ်နှင့်ကြိုက်နေသော

မိပြားကိုလဲထိုကောင်လေးနှင့်ကွဲသွားအောင်မြို့ပေါ်တွင်တက်၍စက်ချုပ်သင်စေသည်။

မိပြားလဲသူတို့ဒေသမှနယ်မြို့ကလေးသို့တက်ကာစက်ချူပ်သင်လေသည်။

မိပြားတည်းခိုနေထိုင်သောအိမ်သည်သူတို့ရွာမှပြောင်း၍မြို့မှာအဆင်ပြေနေသူများဖြစ်ကာ

မိပြားအမေရဲ့ညီမဝမ်းကွဲအိမ်ဖြစ်လေသည်။သူတို့သည်မိပြားအပေါ်တွင်တော့ကောင်းပေမဲ့

အလွန်ဘဝင်မြင့်၍အောက်ခြေလွတ်နေသောမိသားစုဖြစ်ကာနုတ်အလွန်ကြမ်းလေသည်။

သူတို့အိမ်တွင်စီးပွားရေးလုပ်ငန်းသေးလေးလုပ်ကာအလုပ်သမားများအပေါ်မောက်မာလွန်းသည်။

မိပြားကအကင်းပါး၍စက်ချု ပ်သင်တန်းပြီးတာနဲ့သူတို့အိမ်အလုပ်များဝိုင်းကူလုပ်ပေးသည်။

ဒီလိုနေရင်းတစ်နေ့တွင်မိပြားအတွက်အကုသိုလ်ဝင်သည့်နေသို့ရောက်သည်ဘဲပြောရမလား

ဆွမ်းခံရင်းဌက်သင့်သည်ဘဲဆိုရမလားမသိသေချာတာကတော့မိပြားဘဝအတွက်မမေ့နိုင်သောနေ့တစ်နေ့ပင်ဖြစ်သည်။

ထိုနေ့ကမိပြားတည်းနေရာမိပြားအဒေါ်အိမ်တွင်ထမင်းချက်ပေးနေသောမိန်းမသည်

မိပြားအဒေါ်မိသားစုကိုစိတ်နာ၍အငြိုးထားကာညနေစာထမင်းချက်ရာ၌

ကြက်သားဟင်းနှင့်ငပိရည်ထဲတွင်ကြွက်သတ်ဆေးများထည့်ကာတစ်အိမ်လုံးကိုသေကြောင်းကြံလိုက်သည်။

ထိုမိသားစုလဲအကြောင်းရင်းမသိသဖြင့်ညနေစာစားရန်ထမင်းဝိုင်းပြင်ကာစားမည်ဟန်ပြင်နေတုန်းမိပြားကိုတွေ့ရာ

””ကဲမိပြားရေတခါထဲထမင်းဝင်စားလိုက်ဟေ့—-ဒီနေ့ကြက်သားဟင်းချက်ထားတယ်”””

မိပြားလဲစက်ချူပ်သင်ရာမှပြန်လာတာနှင့်ကွက်တိဖြစ်ကာထမင်းဝိုင်းသို့တန်း၍ဝင်လိုက်သည်။

ထမင်းစားရင်းငပိရည်အလွန်ကြိုက်သောမိပြားစိတ်ထဲဒီကနေ့ငပိရည်ကစားရတာတစ်မျိူ းကြီးဘဲလိုထင်လိုက်မိသည်။

စာနေတုန်းမိပြားပန်းကန်ထဲသို့အိမ်မြှောင်တစ်ကောင်ပြုတ်ကျလာရာ

မိပြားလဲထမင်းစားတာလက်စသပ်လိုက်လေသည်ထမင်းစားနေသူများထဲမိပြားစားတာအနည်းဆုံးပင်ဖြစ်လေသည်။

စားပြီတစ်အောင်လောက်နေမှမိပြားရင်တွေပူလာသလိုခံစားရကာအခန်းထဲလူးးလှိမ့်နေကာ

အူထဲကမခံနိုင်အောင်ဖြစ်၍လာသည်ဒီအချိန်မှာဘဲတအိမ်လုံးရှိထမင်းအဝစားထားသောမိပြားအဒေါ်မိသားစု

လဲအိမ်ရှေ့ကြမ်းပြင်တွင်လူ းလှိမ့်ကာအန်သူကအန်ပါးစပ်မှအမြုပ်ထွက်သူထွက်နှင့်

တအိမ်းလုံးမချိမဆန့်အော်သံများဖြင့်ဆူညံဝုန်းဒိုင်းကြဲ၍နေသည်။

ဒါနဲ့အိမ်မှရှိသောအလုပ်သမားများကနီးစပ်ရာလူကြီးများအားပြေး၍ခေါ်ပြရာ

အရပ်ထဲကလူများကဆေးရုံသို့အမြန်ပို့လိုက်ကြလေသည်။

မိပြားလဲသတိရတစ်ချက်မရတစ်ချက်ဖြင့်အသက်ငင်နေသောအခြေအနေဖြစ်သည်။

သေစေလိုသည့်မိန်းမထည့်သောကြွက်သတ်ဆေးမှုန့်သည်အပြင်းစားဖြစ်ကာထည့်တာများသဖြင့်

ထိုညတွင်ပင်မိပြားအဒေါ်ယောင်္ကျားသည်ဆုံး၍သွားလေသည်သူသည်ထမင်းအများဆုံးစားသူဖြစ်သည်။

အဒေါ်နှင့်သူ့့သားနှင့်သမီးလဲအခြေအနေမကောင်းပဲလျှော်ကြားဆားညှပ်မိသည့်မိပြားလဲအခြေအနေမလှပေ

အဆုံးသတ်မှာတော့အဒေါ်နှင့်သူမသမီးလဲဆုံးသွားပြန်ကာမိပြားလဲမျော၍သွားလေသည်။

ဒါနဲ့မိပြားမိဘများလဲမိပြားသေပြီအထင်နှင့်ရွာသိုပြန်သယ်ကာအလောင်းပြင်၍ထားကြလေသည်။

ထိုအချိန်တွင်မိပြားသည်ကမ်းစပ်တွင်ကပ်ထားသောလှေတစ်စီးပေါ်သို့တက်ကာ

လှေဖြင့်ပါသွားလေသည်လှေပေါ်တွင်သူမအဒေါ်နှင့်သမီးလဲတွေ့ရကာစကားမပြောဖြစ်ပါ

လှေသည်ကမ်းတစ်ခုသို့ကပ်သည့်အခါမိပြားတို့လဲလှေပေါ်မှဆင်း၍ကွင်းပြင်ကြီးတစ်ခုထဲသို့ဖြတ်သွားနေတုန်း

လေဆင်နှာမောင်းလိုဝဲကတော့ကြီးတစ်ခုပေါ်လာကာမိပြားတို့အားလုံးကိုစုပ်လိုက်သည့်အတွက်

ထိုဝဲကတော့ထဲပါ၍သွားကြကာမိပြားဘယ်ကိုရောက်သွားမှန်းမသိရွာတစ်ရွာသို့ရောက်သွားကာ

သူမအဒေါ်သားအမိအားမတွေရတော့ပါမိပြားလဲရွာထဲရှောက်ကြည့်နေရင်းသူမအသိများကိုတွေ့လိုက်ရသည်။

””ဒါဘာရွာလဲဟင်—-ကျမဘယ်ရောက်နေတာလဲရှင်—””

ထိုသူများအားလုံးသည်သေပြီးသားလူများဖြစ်ကာမိပြားစကားကိုမကြားသလိုပြန်၍မဖြေပါ

သူတို့ပုံစံသည်မျက်နှာသေကြီးများနှင့်ဖြစ်နေသည်ထိုအခါမိပြားလဲအလွန်ကြောက်လန့်လာသဖြင့်

ရသည့်ဘုရားစာများရွတ်ကာကြောက်ရွံ့ထိတ်လန့်စိတ်နှင့်အားငယ်စွာရှောက်ရင်းမျက်ရည်ပင်ကျမိလေသည်။

ဘယ်ကိုသွားလို့ဘယ်လာရမှန်းမသိမိပြားရင်ထဲတစ်ခါဘူးမှမဖြစ်ပေါ်ဘူးသောစိုးရိပ်သောကတွေကဖိစီးလာသည်။

တနေရအရောက်တွင်သူတို့့ရွာဘုန်းကြီးကျောင်းကမကြာသေးခင်ကမှသေသွားသော

ကပ္ဖိယကြီးအားတွေ့လိုက်ရသည်သူမလဲအားတက်သွားကာမေးလိုက်ပြန်သည်။

”’ဦးလေးးးးးဒါဘယ်ရွာလဲ—ဘယ်ရောက်နေတာလဲ””

””’ဒါတမလွန်ရွာကွဲ့—–””

””’ဒါဆိုကျမသေသွားပြီပေါ့”””

”””ကလေးမမသေသေးပါဘူး—-ကလေးမလူ့ပြည်ပြန်ရောက်ရင်ဘုန်းကြီးကိုရှောက်ပေးပါ—–ကပ္ပိယကြီးဘုန်းကြီးမသိအောင်ခိုးရောင်းထားတဲ့ဌက်ပျောခိုင်ဖိုးတွေ——–
ကျက်သရေခန်းမျက်နှာကျက်မှာသံဘူးနှင့်ဖွက်ထားတယ်—-=အဲဒါဘုန်းကြီးကိုလူ ပြီးအမျှဝေပေးပါ””””’

ကပ္ပိယကြီးကစကားလဲဆုံးရောသူတို့နားသို့အလွန်ကြီးမားသောခွေးနက်ကြီးနှစ်ကောင်ရောက်လာရာ

သူတို့နှစ်ယောက်လဲခြေဦးတည့်ရာပြေးလိုက်သည်မှာလှစ်လှစ်ထ၍သွားသည်။

တစ်နေရာအရောက်တွင်လူသန်ကြီးနှစ်ဦးကသူ့အားတစ်ယောက်တစ်ဖက်ဖမ်းကိုင်ကာ

လူကြီးတစ်ဦးရှေ့သို့ခေါ်သွားလေသည်ထိုလူကြီးကိုကြည့်ပြီးသူမကြောက်လန့်၍နေမိပြန်သည်။

””မိန်းကလေးကဘယ်ရွာကလဲ”””

သူမနားထဲဟိန်၍ထွက်လာသောထိုလူကြီးအသံကြောင့်သူမခြေဖျားလက်ဖျားများပင်အေး၍သွားကာ

တုန်တုန်ရင်ရင်ဖြင့်ဖြေလိုက်သည်။

””ကျွန်မက——ဌက်ပျောတန်းရွာကပါ—–ကျွန်မနံမည်—–လှလှတင့်ပါ—–”’

ထိုအခါထိုလူကြီးသည်သူမနောက်တွင်ရပ်နေသောလူသန်ကြီးနှစ်ဦးအားအမိန့်ပေးလိုက်သည်။

””ဟေ့သူကသေနေ့မစေ့သေးဘူးကွ—–သူ့ရဲ့အတိတ်ကခွေးတစ်ကောင်ကိုအဆိပ်ကျွေးခဲ့တဲ့အကုသိုလ်ကံကြောင့်—–

ဒီဘဝမှာဒီလိုမျိူ းခံရတာကွ—-ခွေးလဲမသေသလိုသူလဲမသေသေးဘူးကွ—-အမြန်ပြန်ပို့လိုက်ကြ—–အချိန်မရှိတော့ဘူးးးးးးးသူမှာမိဘကိုလုပ်ကြွေးခဲ့တဲ့ကံတွေကျန်သေးတယ်”””’

ထိုလူကြီးစကားဆုံးတာနဲ့လူသန်ကြီးနှစ်ယောက်သည်သူ့အားဆွဲခေါ်သွားရာသူမလဲကြောက်လွန်း၍

မျက်စိမှိတ်ထားလိုက်မိလေသည်တအောင့်နေတော့သူမနားထဲကြေးစည်တီးသံနှင့်ငိုသံများစ၍ကြားရလေသည်။

””’ဒူ—-ဝေ—ဝေ””’

”””သမီးရေမိပြားရဲ့——အဖြစ်ဆိုးလိုက်တာ””

သူမလဲမျက်လုံးဖွင့်၍ကြည့်လိုက်ရာရွာမှလူများသူမအလောင်အားင်္သဂြိုလ်ရန်ပြင်ဆင်နေကြပေပြီ

သူမမိသားစုများလဲအော်ဟစ်ငိုယိုနေကြပြီရွာထဲမှသူမသူငယ်ချင်နှင့်လူတစ်ချိူ့လဲကူ၍ငိုနေကြသည်။

သူမအလောငိအားအခေါင်းထဲထည့်ကာပိတ်တော့မည့်အချိန်တွင်လူသန်ကြီးနှစ်ယောက်သည်သူမအား

သူမအလောင်ဆီသို့ဆောင့်တွန်း၍ထွက်သွားကြလေသည်။

အခေါင်းထဲထည့်ရန်မိပြားအလောင်းအားရွာသားများမလိုက်ချိန်တွင်မိပြားအလောင်မှမျက်လုံးကြီးရုတ်တရက်ပွင့်၍လာလေသည်။

မိပြားကသူမအလောင်းဘေးတွင်ငိုရင်းရပ်နေသောသူမအဖေအားလက်တဖက်မြှောက်ကာရေတောင်းလိုက်သည်။

””အဖေ—-ရေပေးပါ—-””

မိပြားအသံကအားမရှိလှထိုအခါအလောင်းသယ်မည့်ရွာသားများအလွန်ထိတ်လန့်သွားကြကာအော်လိုက်ကြသည်။

””ဟာ—-အလောင်ကြီးမျက်လုံးပြူးပြီး—–လက်ယက်ခေါ်နေတယ်ဟ—-ပြေးကြဟ—–”’ ‘

သူတို့အော်သံကြောင့်အသုဘအိမ်ရောက်နေသောရွာသားများဝရုန်းသုန်းကား

အိုးနင်း~ခွက်နင်း~ဇလုံနင်း~နှင့်ပြေးကြသည်မှာတစ်ယောက်ကိုတစ်ယောက်ကျော်ခွ၍သွားကြလေသည်။

”’သရဲ—-သရဲ—-လက်ယက်ခေါ်နေတယ်””’

ထိုသို့အော်ပြေးကြရာတချိူ့လူများလဲရောဝင်ပြေးရင်းတရွာလုံးဆူညံ၍ကာလပျက်သလားထင်ရလေသည်။

လူကြီးများကလဲဖုတ်ဝင်သည်ထင်၍ရွာမှဘုန်းကြီးကျောင်းသို့ပြေးကာဘုန်းကြီးသွား၍ပင့်ကြလေသည်။

မိပြားတို့တစ်ရွာလုံးအုပ်အော်သောင်းညှင်းဖြစ်နေချိန်တွင်မိပြားအဖေသည်မိပြားအားအသေအချာကြည့်ရင်းမေးလိုက်သည်။

”’သမီးးးးးးးသမီးမသေဘူးလားးးးးသမီးမသေတာသေချာတယ်နော်””’

””’သမီးမသေပါဘူးအဖေရယ်—သမီးပြီးမှရှင်းပြပါမယ်—-သမီးရင်တွေပူလို့ရေအမြန်တိုက်ပါ—””

ထိုအခါမိပြားအဖေလဲဝမ်းသာအားရအော်ကာရေပြေးခပ်လေသည်။

””ငါ့သမီးးးးးးးမိပွားမသဘေူးဟေ့——-””’

မိပြားလဲရေအဝသောက်ကာထထိုင်နေတုန်းရွာမှဘုန်းကြီးနှင့်ရွာသူရွာသားများအပြေးအလွှားရောက်လာကြလေသည်။

ရွာသားများကတော့မိပြားဖုတ်ဝင်သည်အထင်နှင့်ခပ်ဝေးဝေးကအကဲခတ်နေရာ

ဘုန်းကြီးလဲမိပြားအားသိမ်ဝင်ပုတီးနှင့်စမ်းသပ်စစ်ဆေး၍မသေကြောင်းထောက်ခံလိုက်လေသည်။

””မိပြားမသေဘူးကွ—-ဘာဖုတ်မှလဲမဝင်ဘူးကွဲ့’—-တစ်ကယ်တော့မိပြားကမျောသွားတာဖြစ်မယ်ကွ’—–ကဲကဲတကာမလေးလဲရွာသူရွာသားတွေကိုရှင်းပြလိုက်ပါအုံး’—-””’

ထိုအခါမှမိပြားစကားနားထောင်ရန်အတွက်မိပြားနားသိုရွာမှလူများအလုအယက်တိုးဝှေ့ကြပြန်သည်။

””ဟ~ဟေ့—သိပ်မတိုးကြနဲ့ကွ—-မင်တို့လုပ်မှလူမမာအသက်ပြန်ထွက်သွားအုံးမယ်””’

မိပြားအဖေနှင့်ဘုန်းကြီးတားမှငြိမ်သွားကြလေသည်။

မိပြားလဲသူမတွေခဲ့ရသည်အကြောင်းများကပ္ပိရကြီးစကားများအားပြန်လည်ဖောက်သယ်ချလိုက်လေသည်။

ထိုနေ့မှစ၍မိပြားနံမည်ရှေ့တွင်သေရွာပြန်ဘွဲ့ထူးတစ်ခုရသွားကာ

သေရွာပြန်မိပြားဟူ၍နံမည်တွင်သွားလေတော့သည်။

အဆုံးသတ်မှာတော့ကြွက်သတ်ဆေးစားမိသောမိပြားရဲ့ဆံပင်ရှည်များသည်ကျွတ်ကုန်ကာ

ကတုံးတုံးပြစ်လိုက်ရလေသည်မိပြားလဲအကုသိုလ်ဖြစ်မည့်အလုပ်ကိုထိုအခါမှစ၍သတိထားကာရှောင်လေသည်။

ဝဠ်လိုက်တတ်သည့်အကြောင်းကိုမိပြားအသက်နှင့်ရင်းကာသိခဲ့ရသည်မဟုတ်ပါလား

ဥပုဒ်နေ့များတွင်တော့ဥပုဒ်စောင့်ရန်ရှေ့ဆုံးကရောက်နေသူသည်မိပြားမှလွဲ၍တစ်ခြားသူမဖြစ်နိုင်ပေ။

ပြီး

D Moe Moe