အကုသိုလ်ကံအရိပ်(စ/ဆုံး)
—————————-
ညအမှောင်ကြီးစိုးလာသည်နှင့်အမျှ ဝန်းကျင်တစ်ခုလုံး
လည်း ပိုမို ထိတ်လန့်ဖွယ်ရာဖြစ်လာ၏။
ည အခါမှာ မြည်တတ်သော ပိုးပုရစ်သံ၊ ညငှက်သံနှင့်
တဲအိမ်နဘေးမှ ချောင်းကလေး၏ ရေစီးသံတို့ကလွဲရင်
လူသူလေးပါးအသံကား တိတ်ဆိတ်လျက်ပင်။
” အမေ အမေ ၊ အမေ့ဆီမှာ သားနေလို့ရမလားဟင်”
ရုတ်တရက်ထွက်ပေါ်လာသော ကလေးတစ်ယောက်၏
အသံကြောင်း ဒေါ်ရွှေမြ၏ ခြေက တုန့်ကနဲရပ်သွားပြီး၊
ဘေးပတ်ဝန်းကျင်ကို ဝေ့ဝိုက်ကြည့်ကာ၊
” ဟေ့ ဘယ်သူတုန်း၊ ထွက်လာခဲ့”
ဒေါ်ရွှေမြ ထိုသို့ အော်ပြောပြီး ဟိုဟိုသည်သည်ကြည့်နေမိ
၏။
ထိုအခိုက် ချောင်းတတ်ကလေးထဲမှ အရိပ်တစ်ခု ကုန်းပေါ်
တတ်လာပြီး၊
“အမေ၊ သားဒီမှာပါ၊ သား အမေ့ဆီမှာ နေလို့ရမလားဟင်၊
သား ဘယ်ကိုသွားရမှန်းမသိလို့ပါ၊ အမေ့ဆီမှာနေခွင့်ပြုပါ
နော်”
ထိုအရိပ်မှာ သဲသဲကွဲကွဲမမြင်ရပေမဲ့ အသံကိုတော့ ကွဲပြား
စွာကြားရ၍ ထိုအရိပ်မှာ ကလေးငယ်တစ်ယောက်ဖြစ်
ကြောင်း ဒေါ်ရွှေမြ သဘောပေါက်သွား၏။
ဒေါ်ရွှေမြ က ငါးစိမ်းသည် ဆိုပေမဲ့မိခင်စိတ်ရှိသူပီပီ သားထောက်သမီးခံမရှိ
တာကြောင်း၊
” အို၊ ကလေး လေး တစ်ယောက်ပါလား၊ မိဘတွေနဲ့ကွဲလာ
တာထင်တယ်” ဟုတွေးပြီး၊
” ရတာပေါ့ကွယ်၊ ရတာပေါ့၊ လာ လာ သားလေးလာ၊
အမေတို့ဆီမှာ လာနေလှည့်၊ ဟုတ်ပြီလား၊” ဟု
ဖိတ်ခေါ်လိုက်တော့၏။
ထိုအခိုက် ကလေး အရိပ်က တဖြည်းဖြည်း ရှေ့သို့တိုး
လာပြီး၊ ဒေါ်ရွှေမြ၏ အနားအရောက်တွင် ရုတ်တရက်ပျောက်
ကွယ် သွားခြင်းနှင့်အတူ၊
ဒေါ်ရွှေမြ လည်း အိမ်မက်ထဲမှာ လန့်နိုးလာခဲ့၏။
” တော့၊ ကိုဆွေ ထစမ်းပါအုန်းတော့၊ ထပါအုန်း”
ဒေါ်ရွှေမြက ဘေးနားမှာချထားတဲ့ ရေနံမီးခွက်ကို ထွန်းညှိ
ကာ၊ယောကျာ်းဖြစ်သူအား နှိုးလိုက်၏။
” ဘာလဲ ရွှေမြရာ၊ ညကြီးအချိန်မတော် ဘာဖြစ်ပြန်တုန်း”
ဦးချစ်ဆွေ မှာ မထသေးပဲ ညဉ်းလိုက်၏။
” ကိုဆွေရယ်၊ ထမှဖြင့် ထစမ်းပါတော့၊ ကျုပ် ထူးဆန်းတဲ့
အိမ်မက် မက်လို့တော့၊
ဧကန္တတော့ ကျုပ်တို့မှာ သားရတနာလေး ရတော့မယ်ထင်
တယ်တော့ ”
” သား ” ဟူသော စကား ကို ကြားလိုက်သည်နှင့် ဦးချစ်ဆွေ
ချပ်ချင်းထ ထိုင်လိုက်၏။
” ရွှေမြ၊ ခုနက ဘာပြောလိုက်တယ်၊ သား၊ သား၊ ဟုတ်လား”
” ဟုတ်တယ်တော့၊ စောနက ကျုပ်အိမ်မက်ထဲမှာ ကလေး
တစ်ယောက် ကျုပ်တို့နဲ့ နေဖို့ လာခွင့်တောင်းတယ်တော့၊
အဲဒါနဲ့ ကျုပ်လည်း ခွင့်ပြုလိုက်မိတယ်” စသဖြင့်
အိမ်မက် အကြောင်းကို ယောကျာ်းဖြစ်သူအား ပြောပြလိုက်
၏။
ဦးချစ်ဆွေမှာ ဝမ်းသာစွာဖြင့်၊
” ဟာ၊ ဟုတ်ပြီ၊ ဒါဆို သေချာပြီ၊ ဝမ်းသာလိုက်တာ ရွှေမြရာ၊
နောက်ဆုံးတော့ ကျုပ်တို့လိုချင်တဲ့ သားရတနာလေး ကျုပ်
တို့ဘဝထဲ ရောက်လာတော့မယ်၊
ရွှေမြ၊ ဒီနေ့က စပြီး ၊ ငါး မရောင်းနဲ့တော့၊ ငါပဲ ရောင်းမယ်၊
အိုကွာ၊ ပင်ပန်းတာ ဘာတစ်ခုမှ မလုပ်နဲ့တော့၊
အကုန်လုံး ငါပဲလုပ်မယ်ကွာ၊ ဟုတ်ပြီလား၊
ဝမ်းသာလိုက်တာရွှေမြရာ၊ ဒီနေ့ကတော့ ငါရဲ့ အပျော်ဆုံးနေ့
ပဲဟေ့”
ဦးချစ်ဆွေ မှာ ဝမ်းသာလွန်းလွန်း လို့ ဆက်၍ အိပ်မပျော်နိုင်
တော့ပေ။
*** **** ***** ***** ***** ****
ဦးချစ်ဆွေနဲ့ ဒေါ်ရွှေမြ တုိ့ က တံငါသည်များဖြစ်ပြီး၊
ဦးချစ်ဆွေ ရှာလို့ရသမျှ ငါးများကို ဒေါ်ရွှေမြ က မနက်အစော
ကြီး၊ ရွာတစ်ပါးမှာ သွားရောင်းရ၏။
ဆင်းရဲပေမယ့် စိတ်တူကိူယ်တူ ရှိသမို့ သူတို့ အိမ်ထောင်ရေး
က အေးချမ်းလှ၏။
သို့သော်လည်း
အိမ်ထောင်သက် နှစ် ၁၀ကျော်ကြာသည့်တိုင် သားသမီးရတနာ မထွန်းကား၍ နှစ်ယောက်လုံး စိတ်သောက ရောက်
ခဲ့ရသည်မှာ အကြိမ်ကြိမ်အခါခါပင်။
ယခု ဒေါ်ရွှေမြ ရဲ့ ထူးဆန်းသော အိမ်မက်ကြောင်း၊ လင်
မယား နှစ်ယောက်လုံး အထူးပျော်ရွှင်နေကြ၏။
**** **** ***** ******* *****
တကယ်လည်း ဒေါ်ရွှေမြမှာ ကိုယ်ဝန်ရှိလာခဲ့၏။
ဦးချစ်ဆွေ လည်း ဆင်းရဲပေမဲ့ မိန်းမဖြစ်သူကိုတော့ အထူး
ဂရုစိုက်ရှာ၏။
တစ်အိမ်လုံးရဲ့ အလုပ်ကိုသူတစ်ယောက်တည်း လုပ်ကိုင်ရ
ပေမဲ့ တစ်ခါမှ မညဉ်းမညူချေ။
*** **** ***** *****
သို့ပါသော်လည်း ကိုယ်ဝန်ရင့်လာသည်နှင့်အမျှ၊ ဒေါ်ရွှေမြ
တစ်ယောက် ပြောင်းလဲလာ၏။
တစ်နေ့
” ဒေါ်လေးရေ၊ ဒေါ်လေး၊ ဒီမှာဗျို့ ကျုပ်အဖေက ဒေါ်လေး
အတွက် ဆိုပြီး စောနကပဲ ဖမ်းမိတဲ့ ကကတစ် တစ်ကောင်ကိုပေးခိုင်းလိုက်လို့ဗျို့”
ကောင်လေးတစ်ယောက်၏ အသံကြောင်း ဒေါ်ရွှေမြ အိမ်
ပေါ်မှ ဆင်းလာခဲ့၏။
” ဟေ့၊ နောင်ထိန် အေး အေး ထားခဲ့ဟေ့၊ ထားခဲ့၊
နင့်အဖေ ငါ့မောင်ကြီးကို ကျေးဇူးတင်တယ် ပြောလိုက်အုန်း”
” ဒါနဲ့ ဒေါ်လေးက ဒီငါးကို ပေါင်းချင်သလား၊ ကင်ချင်သလား
ချက်ချင်သလား၊ ကျုပ်စဉ်းပေးခဲ့မယ်လေ”
နောင်ထိန် က ငါးကိုချရင်းပြောလိုက်၏။
” နောင်ထိန်ရေ၊ ဒေါ်လေးက ဒီငါးကို ချက်လည်းမချက်၊
ကြော်လည်းမကြော်ဘူး၊ အစိမ်းစားချင်တယ်ကွဲ့”
ဒေါ်ရွှေမြ ရဲ့ ရုတ်တရက်ပြောလိုက်သော စကားကြောင့်
နောင်ထိန်လည်း ပထမတော့ ကြောင်သွား၏။
ပြီးမှ ”
“နောက်နေတာပဲ နေမှာ” ဟု တွေးကာ ထွက်လာခဲ့၏။
***** ***** **** ***
ဦးချစ်ဆွေ ငါးဖမ်းရာက ပြန်ရောက်ပြီး၊ ဇနီးသည်ကို
” ဒီနေ့ ငါးကြီးကြီးတွေဖမ်းမိလာကြောင်း” ဝမ်းသာစွာပြော
ကာ၊ တဲအိမ်နောက်ဖေးသို့ သွားပြီး ရေချိုး၏။
ရေချိုးပြီး ပြန်လာတော့ သူဖမ်းလာသော ငါးထဲမှ အကြီးဆုံး
ငါးတစ်ကောင် လျော့နေတာကို သတိထားမိလိုက်၏။
” ရွှေမြ၊ ငါးကြီးတစ်ကောင် လျော့နေပါလား”
” ဟုတ်လို့လားတော်ရေ၊ ကျုပ်တော့ လျော့တယ်မထင်ပါဘူး
တော် အမြင်မှားတာနေမှာပါ” ဟု ပြောကာ၊ တဲအိမ်ထဲဝင်ပြီး
အိပ်ရာထဲ လှဲနေလိုက်၏။
ဦးချစ်ဆွေ ကား နားမလည်စွာဖြင့် ခေါင်းကိုသာ ကုတ်နေမိ
၏။
ညနေ ထမင်းစားချိန်ရောက်တော့၊ ဒေါ်ရွှေမြက သူမ
မစားတော့ကြောင်း၊ ဗိုက်မဆာသေးကြောင်းပြော၍ ဦးချစ်ဆွေ
လည်း၊ ချစ်ဇနီးကို ဘာမှ စောဒက မတတ်ပေ။
ဤသို့နှင့် ဒေါ်ရွှေမြက ထမင်းလုံးဝမစားတော့ပေ။
ပြီးတော့၊ ဦးချစ်ဆွေ ငါးဖမ်းရာက ရောက်ပြီး ရေချိုး၊
ရေချိုးပြီးပြန်လာတိုင်း ငါးတစ်ကောင် လျော့ လျော့နေ၏။
ထို့အတူ အခြား ငါးဖမ်းသမားတို့၏ ဖမ်းပြီး လှေထဲထည့်ထား
သောငါးများမှာ၊ သတိမမူမိအချိန်၌ မကြာခဏဆိုသလိုပျောက်
ပျောက်လာ၍ လူတိုင်းအထူးသတိထားစောင့်ကြည့်ကြပြီး၊
နည်းနည်းလေးမှ သတိလက်လွတ်မဖြစ်ကြတော့ပေ။
ဦးချစ်ဆွေလည်း သူ့မိန်းမ ဒေါ်ရွှေမြ တစ်ယောက် ထမင်း
လည်းမစားပဲ အမြဲတမ်း ဗိုက်မဆာ ဟု ပြောပြောနေပေမဲ့
ဒေါ်ရွှေမြမှာ တစ်နေ့ထက်တစ်နေ့ ပိုမိုဝလာ၍ သံသယဝင်
စပြုလာခဲ့၏။
တစ်နေ့ ငါးဖမ်းပြီးပြန်လာတုန်း၊ လမ်းမှာ
နောင်ထိန် နဲ့ ဆုံမိ၏။
” ဟ၊ နောင်ထိန်ပါလား၊ ဘယ်က ပြန်လာတာတုန်း
နောင်ထိန်ရ”
ဦးချစ်ဆွေ လှမ်းနှုတ်ဆက်လိုက်၏။
” ဘယ်ကမှ မဟုတ်ဘူးဦးလေးရေ၊ ဦးလေး တို့ အိမ်ကပဲ
ပြန်လာတာ၊ အဖေက ဒေါ်လေးအတွက် ငါး ပေးခိုင်းလိုက်
လို့ဗျို့”
” အေး၊ အေး၊ ခုတလော ငါးဖမ်းတဲ့သူတွေမှာ ငါးတွေ
ပျောက်ပျောက်နေတယ်လို့ ကြားတယ်၊ မင်းအဖေကိုပြော
လိုက်အုန်း၊ သတိထားအုန်းလို့၊ တော်ကြာ ငါးသူခိုးတွေနဲ့
ပက်ပင်းတွေ့နေရင် မလွယ်ဘူး”
” ဟုတ်ကဲ့ ဦးလေး၊ ပြောလိုက်ပါ့မယ်၊ ဦးလေးလည်း သတိ
ထားအုန်း”
ထိုအခါ နောင်ထိန် တစ်စုံတစ်ခုကို သတိရကာ၊
” ဦလေး၊ ခုတလော ဒေါ်လေး ထူးဆန်းနေတာကို သတိထား
မိလားဗျ”
နောင်ထိန် ရဲ့ စကားကြောင်း ဦးချစ်ဆွေ မျက်နှာပျက်သွား၏။
သို့သော် ချက်ချင်းပြန်ထိန်းကာ၊
” ဘာလို့လဲ၊ နောင်ထိန်ရ၊ ငါတော့ ဘာမှ ထူးခြားတာ မတွေ့
ဘူး” ဟု ပြောလိုက်၏။
” ဘာရယ် မဟုတ်ပါဘူးဗျ၊ တစ်နေ့ကလေ ကျွန်တော်ဒေါ်လေးကို ငါး သွားပေးတော့၊ ကျုပ်က ချက်စားမလား ကြော်စား
မလား ကျုပ်ငါးစဉ်း ပေးခဲ့မယ်ပြောတော့၊
ဒေါ်လေးက အစိမ်းစားချင်တယ်တဲ့ဗျ၊ အဲဒါ လေ”
” မဟုတ်တာ နောင်ထိန်ရေ၊ မင်းဒေါ်လေးက မင်းကို နောက်
လိုက်တာနေမှာပါကွ”
နောင်ထိန် ရဲ့ စကားကို ဦးချစ်ဆွေ ကာ ပြောလိုက်၏။
” အင်း၊ ဟုတ်မှာပါဗျ၊ ကျုပ်က ဒီအတိုင်းပြောပြရုံပါ၊
ဦးလေရေ၊ ကျုပ်ကို ခွင့်ပြုအုန်း၊ အဖေ မျှော်နေရော့မယ်”
“အေး၊ အေး၊ ကောင်းကောင်းသွား၊ မင်း အဖေကိုလည်း
ကျေးဇူးတင်တယ် ပြောလိုက်အုန်း”
“ဟုတ်ကဲ့၊ ဦးလေး၊ ပြောလိုက်ပါ့မယ်”
နောင်ထိန် ထွက်သွားတော့ ဦးချစ်ဆွေရဲ့ ခေါင်းထဲ အတွေး
ပေါင်းများစွာ ဝင်ရောက်လာ၏။
သူ့မိန်းမ တကယ်ပဲ ငါးတွေကို အစိမ်းစားတာလား? ဟု
သံသယတွေပြည့်နှက်လာ၍ ၊ တိတ်တိတ်ကလေးလာကာ
အိမ်ရှေ့မှ မဝင်ပဲ အိမ်နောက်မှ ပက်ဝင်ကာ မိန်းမ ဖြစ်သူ
ကို တဲအိမ်ပေါက်ကလေးမှ ချောင်းကြည့်လိုက်တော့၊
နောင်ထိန် ပေးခဲ့သော ငါးကြီးကို အစိမ်းလိုက်အားပါးတရ စားနေသော မိန်းမ ဖြစ်သူကို မြင်၍ ဦးချစ်ဆွေ မျက်လုံးပြူး
မျက်ဆံပြူးဖြစ်ကာ၊ ဆံပင်မွှေးများ ထောင်တတ်သွားတော့၏။
နောင်ထိန် ပြောတာ တကယ်ပင်ဖြစ်နေ၍ လူတွေမှာ
ပျောက်ပျောက်နေတဲ့ ငါးတွေလည်း သူ့မိန်းမလက်ချက်များ
ဖြစ်နေမလား ဟု သံသယဝင်မိပြန်၏။
သို့သော်လည်း ကိုယ့်ကိုကိုယ်ပြန် ထိန်းကာ ခြံပြင်တိတ်တိတ်ကလေးထွက်ပြီး လာနေကျလမ်းအတိုင်း အိမ်ထဲ အမူအရာ
မပျက်ဝင်လာပြီး၊
မိန်းမဖြစ်သူကို နှုတ်ဆက်ကာ ထုံးစံအတိုင်း ရေချိုးရန်အိမ်
နောက်ဖေး ဝင်သွားတော့၏။
သို့သော်လည်း ရေမချိုးတော့ပဲ မိန်းမဖြစ်သူကို တဲအိမ်ပေါက်
ကလေးမှ ချောင်းကြည့်နေပြန်၏။
ဒါကိုမသိသော ဒေါ်ရွှေမြ မှာ စားနေကျအတိုင်း ဦးချစ်ဆွေ
ဖမ်းလာခဲ့သော ငါးတွေထဲမှ အကြီးဆုံး ငါးတစ်ကောင်ကို
ကောက်ကာ အားပါးတရ စားပြန်တော့၏။
တဖက်မှာလည်း ဦးချစ်ဆွေ တစ်ယောက် ခြေမကိုင်မိ
လက်မကိုင်မိဖြစ်ကာ၊ ဘာလုပ်ရမှန်းမသိတော့ချေ။
သို့သော်လည်း ဘာမှမပြောပဲ နေမြဲအတိုင်းဟန်ဆောင်
ကာနေလိုက်၏။
ထိုနေ့ ဖမ်း၍ ရခဲ့သမျှငါးများကို မရောင်းပဲ အိမ်မှာပဲ ပုလိုင်း
ထဲထည့်ကာချိတ်ဆွဲထားလိုက်ပြီး၊
ညအချိန် အိပ်ချင်ယောင်ဆောင်နေလိုက်၏။
ဒေါ်ရွှေမြ ကတော့ တစ်မှေးကလေးမှ မအိပ်ပဲ သန်းခေါင်ယံ
အရောက်မှာထကာ ပုလိုင်းထဲမှ ငါးများကို တစ်ကောင်ချင်း
နှိုက်စားပါတော့၏။
ထိုအခါမှ တခြားတံငါသည်များမှာ ငါးတွေပျောက်နေရခြင်း
၏ တရားခံက သူ့မိန်းမ ဖြစ်နေကြောင်း ဦးချစ်ဆွေ ကောင်း
ကောင်းသဘောပေါက်သွားတော့၏။
*** *** *** **** *******
” ယောကျာ်းရေ၊ ယောကျာ်း ထစမ်းပါအုန်းတော့၊ အား
ကျွတ်၊ ကျွတ်၊ ကျုပ်ဗိုက်နာတယ်တော့၊ မွေးတော့မလားမသိ
ဘူး၊ ထစမ်းပါအုန်းတော့ ”
ဒေါ်ရွှေမြ အိပ်ရာဘေးကို စမ်းကြည့်တော့ ဦးချစ်ဆွေ ရှိမနေ
ပေ။
” ဟင်၊ ယောကျာ်း ယောကျာ်း ကိုဆွေ တော်ဘယ်မှာလဲတော့
ကျုပ် ဗိုက်နာလှပြီတော့”
” ဟင်၊ ဧကန္တ ကိုဆွေ ငါ ငါးအစမ်းတွေ ခိုးခိုး စားနေတာကို
မိသွားတာလားမသိဘူး၊
အိုဘာပဲ ဖြစ်ဖြစ် ကျုပ် ချဉ်ခြင်းတပ်လို့ စားတာပဲ ကိုဆွေ
ဘာမှ ပြောမှာ မဟုတ်ပါဘူး၊ အမလေး သေပါပြီတော့၊
အား နာလိုက်တာ”
အချိန်ကား နံနက် ဝေလီဝေလင်းအချိန်။
” ဒေါ်လေးရေ၊ ဒေါ်လေး၊ ဒေါ်လေး”
ရုတ်တရက် အလန့်တကြား အော်ဟစ်သံကြောင်း
ဒေါ်ရွှေမြ ဗိုက်နာသည်ကိုပင်မေ့ကာ
” ဟေ့၊ နောင်ထိန် ဘာဖြစ်လာတာလဲ အလန့်တကြားနဲ့
ဟယ်၊ ဒီမှာ ဗိုက်နာရတဲ့အထဲ ”
” ဒေါ်လေး၊ ဦးလေးလေ ဦးလေး”
နောင်ထိန် မှာ ရင်ထဲဆိုနစ်နေ၏။
” ဟင်၊ ကိုဆွေ၊ ကိုဆွေ ဘာဖြစ်လို့တုန်း၊ မြန်မြန်ပြောစမ်းပါ
နောင်ထိန်ရေ၊ ငါစိတ်ပူလှပြီ”
” ဒေါ်လေး စိတ်ခိုင်ခိုင်ထားနော်၊ ဦးလေးလေ ဦးလေ၊
မနက်အစောကြီးက ကျုပ်တို့ အိမ်ကို ရောက်လာပြီး ဒေါ်လေး
အကြောင်းတွေကို လာပြောသွားတယ်၊
ပြီးတော့၊ ပြီးတော့ ကျုပ်တို့တားနေတဲ့ ကြားထဲ အတင်းရေထဲ
ဆင်းသွားတယ်၊
ခု ငါးဖမ်းသမားတွေက လှေကိုပဲ တွေ့တယ် လူကို မတွေ့ဘူးတဲ့၊ အဖေနဲ့ တခြားလူတွေ ရေထဲမှာ ငုပ်ရှာနေကြတယ်”
“ဟင်၊ နောင်ထိန်၊ ဟုတ်လို့လားဟယ်၊ ကိုဆွေ ကိုဆွေ၊
အား အား သေပါပြီ”
ဒေါ်လှဆွေမှာ ရပ်၍ စကားပြောနေရင်းကနေ သွေးများစီး
ဆင်းလာ၏။
” ဒေါ်လေး ဘာဖြစ်တာလဲ၊ ဒေါ်လေး၊ ”
နောင်ထိန် မှာ စိုးရိမ်စွာ မေးလိုက်၏။
” နောင်ထိန်၊ ငါ ရေမွှာပေါက်ပြီထင်တယ်၊ ကိုဆွေရေ
ကိုဆွေ တော် ဘယ်များရောက်နေတာလဲတော့ ”
” ဒုက္ခပါပဲ၊ ဒေါ်လေး ခဏနော်၊ ကျုပ် အမေ့ကို သွားခေါ်
လိုက်မယ်”
နောင်ထိန်မှာ ပြောပြောဆိုဆိုနှင့်ထိုနေရာမှ တဟုန်းထိုးပြေး
ထွက်လာခဲ့၏။
******* **** **** ***** ***** **
” ရွှေမြ၊ ရွှေမြ သတိကပ်စမ်း၊ ရွှေမြ၊ ”
ဒေါ်ရွှေမြ မှာ သတိရဲရဲသာရှိတော့၏။
သို့သော်လည်း ပါးစပ်မှ
” ကိုဆွေ၊ ကိုဆွေ” ဟု ခေါ်တုန်းပင်တည်း။
” ရွှေမြ၊ ချစ်ဆွေ ဘာမှဖြစ်မှာမဟုတ်ဘူး၊ နင် စိတ်ထိန်းထား
ချစ်ဆွေ နင့်အတွက် ငါးသွားဖမ်းတာ၊ ဘာမှမဖြစ်ဘူး၊ ”
” ဟေ့ ရွှေမြ၊ မွေးပြီဟေ့၊ မွေးပြီ “””””””
လက်သည်တို့၏ အသံက တိမ်ဝင်သွားတော့၏။
” ကြီးတော်၊ ဘာလေးလည်းဟင်”
ဒေါ်ရွှေမြ မှာ သတိမရတစ်ချက်ရတစ်ချက်နဲ့ သူမ ဘာလေး
မွေးလဲ မေးနေ၏။
” ရွှေမြ၊ နင် နင် ”
လက်သည်အဖွားကြီးက ပြောမယ်လုပ်ပေမဲ့ နောင်ထိန်ရဲ့
အမေက မျက်စိမှိတ်ပြတာကြောင်း၊
” ရွှေမြ ယောကျာ်းလေးဟဲ့ ယောကျာ်းလေး” ဟု ညာပြော
လိုက်၏။
ထိုစကား ကို ကြားတော့ ဒေါ်ရွှေမြမှာ ပြန်လည်သတိလည်
လာကာ၊
” ဟင်၊ ယောကျာ်းလေး ယောကျာ်းလေးတဲ့လား” ဟု
ပြောပြီး၊
” ကြီးရွှေ ကျုပ် ကျုပ် ကလေး ငိုသံလည်း မကြားလိုက်ပါ
လား၊ ကျုပ်ကလေး ကျုပ်ကလေး ၊ ကျုပ်ကို ပြပါအုန်း
ကျုပ် ကြည့်ချင်တယ်၊ သားလေး သားလေး ”
ဒေါ်ရွှေမြ လက်သည်အဖွားကြီးဆီမှ ကလေးကိုလုပြီး
ကြည့်လိုက်တော့ ကလေးမှာ ယောကျာ်းလေးပေမဲ့
မျက်လုံးနေရာမှာ မျက်လုံးမရှိ၊ နှာခေါင်းနေရာမှ နှာခေါင်းမရှိ
ပဲ ရုပ်ပျက်ဆင်းပျက်ဖြစ်နေ၏။
ပြီးတော့ ဦးခေါင်းမှာ လူကဲ့သို့မဟုတ်ပဲ ငါးတစ်ကောင်နှင့်
အလားသဏ္ဍာန်တူနေပြီး၊
ခြေလက်ဟူ၍ မပါရှိပဲ၊ ငါး၏ ရေယက်များကဲ့သို့သာပါရှိ
ပြီး၊ ခြေလက်သဏ္ဍာန် ရဲရဲသာပါရှိ၏။
” ဟင်၊ ဒါ ဒါ ”
“ရွှေမြ စိတ်ထိန်းနော်၊ စိတ်ထိန်း၊ ”
လက်သည်များလည်း စိတ်မကောင်းဖြစ်ရလေ၏။
ထိုအခိုက်
” အမေရေ၊ အမေ ဦးလေးချစ်ဆွေရဲ့ အလောင်းကို ရှာတွေ့
ပြီတဲ့” ဟု
နောင်ထိန် ရဲ့ အသံ ကို ကြားလိုက်ရ၍ ဒေါ်ရွှေမြ ခမျာ
ယူကြုံးမရဖြစ်ကာ၊
လူသားလား ငါးသတ္တဝါလား မသဲကွဲတဲ့ သူမွေးထားတဲ့
ကလေးသေလေးကို ပွေ့ဖက်ကာ ၊
” ကိုဆွေ၊ ကိုဆွေ ” ဟု အော်ခေါ်ရင်း ဘဝတစ်ပါး
ကူးပြောင်းလေတော့၏။
” ရွှေမြ၊ ရွှေမြ၊ ရွှေမြ”
လက်သည်များက ဘယ်လောက်ပဲ အော်ခေါ်ခေါ် ဒေါ်ရွှေမြ
ကား ဘာမှမတုန့်ပြန်နိုင်တော့ချေ။
” အဖြစ်ဆိုးလာချေလား၊ ရွှေမြရယ်၊ အဖြစ်ဆိုးလှချေလား”
လက်သည်များလည်း ဒေါ်ရွှေမြရဲ့ မိသားစုအဖြစ်ကိုကြည့်
ကာ ငိုကြကုန်တော့၏။
ထိုအချိန်၌ ဦးချစ်ဆွေ၏ ရုပ်အလောင်းကို နောင်ထိန် ရဲ့
အဖေနဲ့ ရွာသားတစ်ချို့က ရေထဲမှ ဆယ်ထုတ်ပြီးဖြစ်၏။
ရွာသူရွာသားများကတော့ ဒေါ်ရွှေမြ တို့ အဖြစ်ကိုကြည့်ကာ
ဝမ်းနည်းပက်လက်ဖြစ်ကာ၊ သံဝေဂယူ သင်္ခန်းစာယူရုံကလွဲ
လို့ အဘယ်ကိုတတ်နိုင်အံ့တော့နည်း။
******* **** ***** ********** **** ***** *
{ ပြီးပါပြီ }
{ ဆက်လက် ကြိုးစားပါအုန်းမည်။ }
*****************************************
စကားချပ် ။ ။
“ကိုယ်နှုတ်စိတ်ဖြင့်ပြုခဲ့သော အကုသိုလ်များသည်၊
ပြုသူ၏နောက်သို့၊
လှည်း၌တပ်ထားသော နွားသည် ရှေ့တစ်လှမ်းတိုးတိုင်း
လှည်းဘီးက နွားကို နှိပ်စက်လျက်လိုက်သကဲ့သို့လိုက်၏။
ထို့အတူ
ကိုယ်နှုတ်စိတ်ဖြင့်ပြုခဲ့သော
သုစရိုက်ကုသိုလ်တရားများသည်လည်း၊
အရိပ်ပမာ
သွားလေရာတိုင်းမခွဲမခွာလိုက်၏။”{ဓမ္မပဒဝတ္ထုတော်မှ}
*** *** *** *** *** *** **** *** **** *****
သုစရိုက်ကုသိုလ်တရားများပွားများနိုင်ကြပြီး၊
ရွှင်လန်းချမ်းမြေ့ကြပါစေ။။
စာဖတ်ပရိသတ်အပေါင်းအား အစဉ်ထာဝရ ရိုသေ
လေးစားစွာဖြင့် = wizard