အချိန်လွန်နောင်တ

Posted on

အချိန်လွန်နောင်တ(စ/ဆုံး)

————————-

အချိန်ရာသီကာလကား ဝါခေါင်းလပင်ရောက်နေပြီမို့
မိုးအားကအရမ်းကောင်းလွန်းလို့နေသည်။

ဝေါ…….ဝေါ…..ဝရော…….

လေရောမိုးရောအရမ်းကောင်းလို့နေသည်ဖြစ်၍ အိမ်ခြေ၉၀ကျော်နီးပါးခန့်တည်ရှိသည် ငါးပန်းအင်းရွာလေးအတွင်းနေထိုင်နေကြသည်ရွာသူရွာသားတွေမှာ မိုးအေးအေးနှင့် စောင်ကလေးခြုံအိပ်ရာတည်းကိုယ်စီဇိမ်လေးနဲ့ကွေးနေနိုင်ကြသော်လည်း စောင်ခြုံ၍ကွေးမနေနိုင်
သူသုံးယောက်ရှိနေ၏။

သူတို့သုံးယောက်မှာ နေရောင်၊ထင်ပေါ်၊ထွန်းခိုင်ဆိုတဲ့ သူငယ်ချင်းသုံးယောက်ပင်ဖြစ်သည်။

သူတို့သုံးယောက်က ငါးပန်းအင်းရွာလေးလေးအတွင်းမီးဝင်မီးထွက်ရှေ့ဆင့်နောက်ဆင့်မွေးဖွားလာသူတွေဖြစ်ကြ
ပြီး သုံးယောက်စလုံးယောကျာ်းဝါဆို ဆိုသည်အတိုင်းဝါဆိုလစနေနေ့တွေမှာမွေးဖွားလာသူတွေဖြစ်ပြီး နေရောင်ကိုမွေးတော့ ကောင်းကင်တစ်ခုလုံးတိမ်ဖြူဆိုတာမတွေ့ရ အုံ့မှိုင်းမဲမှောင်နေပြီးလေရောမိုးရောတအားကြမ်းနေသည်ကြားက နေရောင်အမေဒေါ်အေးမေဝမ်းတည်းကထွက်လာချိန် ထူးထူးခြားခြားကောင်းကင်တစ်ခုလုံးလေရောမိုးရောတိတ်သွား၍ နေရောင်ထွက်ပေါ်လာသဖြင့် ဒေါ်အေးမေ၏ခင်ပွန်းဖြစ်သူဦးထွန်းဖေက သူသားဖြစ်သူကိုထူးထူးခြားနေရောင်ထွက်ပေါ်လာချိန်မွေး၍ နေရောင်ဟုအမည်ပေးလိုက်ခြင်းပင်ဖြစ်သည်။

သုံးယောက်စလုံးကငယ်ပေါင်းတွေဖြစ်သူအပြင် အိမ်နီးနားချင်းခြေရင်းခေါင်းရင်းတွေဖြစ်နေသည်မို့ သူငယ်ချင်းဆိုတွေပေမဲ့ ညီကိုရင်းတွေပမာချစ်ခင်ကြသူတွေပင်ဖြစ်၏။

သူတို့သုံးယောက်စလုံးက တစ်ဦးတည်သောသားတွေဖြစ်
ဖြစ်နေကြသည်ကအစတူနေကြပြန်၍ သားသမီးများများစားစားမထွန်းကားခဲ့သော့ မိဘတွေမှာစီးပွားရေးရင်းခံကမကောင်းငယ်စဉ်ကတည်းက ပင်ပန်းဆင်းရဲစွာ ဝမ်းရေးအတွက်ဒုက္ခတွေခံပြီး ရှာဖွေကျွေးမွေးလာရသည်ဖြစ်၍ ခုမိဘတွေအသက်မှာ၆၀ကျော်နေကြပြီဖြစ်သောကြောင့် သူတို့ကတစ်ပြန် ရရာအလုပ်ဖြင့်ပြန်လည်ရှာဖွေကိုင်ကျွေးမွေးရမည်အချိန်ရောက်နေပြီဖြစ်၍ သုံးယောက်သားရရာအလုပ်ကိုနေပူအရှောင်မိုးရွာမရှောင်လုပ်ကိုင်နေကြရသူ ဘဝတူသူငယ်ချင်းတွေပင်ဖြစ်သည်။

ယခုလည်း ညအချိန်မတော်မိုးကောင်းနေသည်ကိုသူတို့
သုံးယောက်စလုံးပျော်ရွှင်နေကြသည်။

အကြောင်းအရင်းက ခုမုိးနဲ့ဆိုငါးပန်းအင်းရွာလေးအနောက်ရှိ အင်းချောင်းလေးအတွင်းငါးများထကြွသောင်းကျန်းနေမည်ဖြစ်လေသောကြောင့် သုံးယောက်သားပိုက်ကွန်နှင့်တားပိုက်တွေကိုကိုယ်စီအဆင်သင့်ပြင်၍ မိုးပါးချိန်ကိုစောင့်မျော်နေကြခြင်းကြောင့်ပင်ဖြစ်လေ၏။

ဟေး…နေရောင်ရေ့…မိုးကတော့နည်းနည်းပါးလာပြီကွ,,
ဒီထက်နည်းနည်းပါးလာတာနဲ့ ငါတို့သွားကြမယ်ဟေ့…

အေးဟုတ်တယ်ကွ,,ထင်ပေါ်ရ,,ငါလည်းအဲ့တာကိုပဲစောင့်ကြည့်နေတာ,,ဒါနဲ့,,ဟိုကောင်ထွန်းခိုင်တစ်ယောက်အသံမကြားပါလားကွ,,ထင်ပေါ်ရ,,

နေရောင်ရာ,,မင်းလည်းထွန်းခိုင်အကြောင်းမသိတာကြနေတာပဲ ခုလိုမိုးကောင်းနေပုံမျိုးဆိုဒီကောင်အကြိုက်ပေါ့,,
ထုံးစမ်းအတိုင်း အရက်ထိုင်သောက်နေတာဖြစ်မှာပေါ့ကွာ,,

ဟုတ်တော့လည်းဟုတ်ပေသည်။ နေရောင်၊ထင်ပေါ်၊ထွန်းခိုင်တို့သူငယ်ချင်းသုံးယောက်အနက် ထွန်းခိုင်မှာအရက်သောက်တက်သူတစ်ယောက်ဖြစ်ပြီး မိခင်ဖြစ်သူဒေါ်ခင်စိန်
အပေါ်ဆိုးနေသူ သူထင်ရာသူလုပ်၍ ဘယ်သူကိုမှဂရုစိုက်သူလည်းမဟုတ် ဒေါ်ခင်စိန်ခင်ပွန်းဖြစ်သူဆုံးပါးသွားပြီးက
တည်းက အုပ်ထိန်းသူအိမ်ထောင်ဦးစီးအိမ်ဦးနတ်မရှိတော့
၍ ထွန်းခိုင်တစ်ယောက်ပိုးဆိုးလာလေသည်။

နေရောင်၊ထင်ပေါ်၊ထွန်းခိုင်တို့သုံးယောက်အိမ်တွေအနက်
နေရောင်အိမ်က အလယ်ဖြစ်၍ ထင်ပေါ်အိမ်ကခေါင်းရင်း
ထွန်းခိုင်အိမ်ကခြေရင်းပင်ဖြစ်သည်။

လင်းရောင်တစ်ယောက် မိုးပါးတာကိုစောင့်ဆိုင်းရင်း ကြယ်နီဆေးပေါလိပ်ခလေးကို မိုးအေးအေးနဲ့ဇိမ်ခံသောက်၍နေသည်။

ခုလိုမိုးအေးတဲ့အချိန်ဆို ဆေးလိပ်ကြိုက်တက်သူတွေအတွက် ဆေးလိပ်သောက်လို့အကောင်းဆုံးအချိန်ပင်
ဆေးလိပ်လေးလက်ကြားညှပ်ရှိုက်ဖွာရင်း ဇိမ်ကလေးနှင့်တွေးချင်ရာတွေးလို့အကောင်းဆုံးသောအချိန်ပင်မဟုတ်ပါလော။

နေရောင်တစ်ယောက် ဆေးလိပ်ဖွာနေရင်း ပတ်ဝန်းကျင်ကို
တစ်ချက်ကြည့်လိုက်ပြီး

ဟေး…ထင်ပေါ်နဲ့ထွန်းခိုင်ရေ့…..မိုးကအတော်လေးပါးနေပြီကွ,,….ငါတို့သွားကြမယ်ဟေ့,,

နေရောင်တစ်ယောက် ထင်ပေါ်နဲ့ထွန်းခိုင်ကိုအော်ပြောလိုက်ရင်း ကွန်နှင့်တားပိုက်တွေကိုတောင်းတစ်လုံးတည်းထည့်ယူ၍ ခမောက်ဝိုင်းကြီးခေါင်းမှာဆောင်းလိုက်ပြီး ခေါင်းမှာတပ်ထိုး၍ရသောခေါင်းဓာတ်မီးကို အဆင်သင့်ခေါင်းမှာတပ်ဆင်လိုက်လေပြီး ပလိုင်းတစ်လုံးကိုလွယ်၍အိမ်အောက်သို့ဆင်းလာခဲ့၏။

သားနေရောင် သိပ်ပြီးညဉ်နက်အောင်လည်းရှာမနေနဲ့နော်
ငါးမရရင်လည်းအိမ်ကိုစောစောပြန်လာခဲ့ကြ ကြားလား

နေရောင်အိမ်အောက်ရောက်သည်နှင့် မိခင်ဖြစ်သူဒေါ်အေးမေတစ်ယောက် အိပ်ရာထဲကနေ သားဖြစ်သူအတွက် မိဘတွေရဲ့မေတ္တာတရားအတိုင်း စိုးရိမ်ပူပန်း၍ လှမ်းအော်မှာကြားနေသည်။

ဟုတ်ကဲ့ပါအမေ သားငါးမရရင်စောစောပြန်လာခဲ့ပါမယ်
သားသွားပြီးနော်အမေ………

အေး…အေး…သွား..သွား..လမ်းကိုလည်းသေချာကြည့်
သွား ခုချိန်ကအကောင်ပလောင်တွေထွက်တက်တယ်

နေရောင်တစ်ယောက်အိမ်ရှေ့အရောက်တွင် ဒေါ်ခင်စိန်အနှင့်ထွန်းခိုင်အသံကိုကြားလိုက်ရသည်။

သားလူလေးထွန်းခိုင် သိပ်ပြီးညဉ်နက်အောင်မနေနဲ့နော်
ငါးမရရင်စောစောပြန်လာခဲ့ ပြီးတော့အရက်တွေလည်း
အများကြီးထပ်သောက်မနေနဲ့,,ကိုကရေထဲဆင်းရမှာ တော်ကြာဒုက္ခဖြစ်နေမယ် သေချာဂရုစိုက်သွားနော်

မိခင်ဖြစ်သူ ဒေါ်ခင်စိန်တစ်ယောက်သားဖြစ်သူထွန်းခိုင်
ဘေးဖြစ်မည်စိုးရိမ်၍သတ်ိပေးမှာကြားနေ၏။

ဟား…..အမေကလည်း ဒီအလုပ်တွေဆိုတာကျုပ်လုပ်နေ
ကျအလုပ်တွေပါ အကြောင်းမရှိအကြောင်းရှာပြီးသက်သက်စကားကိုများတယ် အသက်လေးနည်းနည်းကြီးလာ
လေ စကားပိုများလာလေပဲ ဘာလဲကျုပ်သေသွားရင်
အမေ့ကို အလုပ်အကျွေးမွေးပြုမဲ့သူ မရှိတော့မှာစိုးရိမ်လို့
လား အေ့…..စိတ်ချအမေရေ့…..ထွန်းခိုင်ဆိုတဲ့ကျုပ်က
တော်တော်နဲ့သေနိုင်မဲ့လူမဟုတ်ဘူးဗျ,,အမေနေရာတကာလျှာရှည်ပြီး ပွစိပွစိလုပ်တာတွေကိုအဝနားပူခံပြီး အမေအရင်သေသွားတာတောင်ကျုပ်က အနှစ်တစ်ရာထိနေအုံးမဲ့အကောင်ပါဗျ,,..ဟား…..ဟား…
ဟား….အေ့

သားဖြစ်သူထွန်းခိုင်ပြောသမျှစကားတွေကြောင့် မိခင်ဖြစ်သူ ဒေါ်ခင်စိန်မှာ အိပ်ရာထဲအိပ်နေရင်းမျက်လုံးအိမ်မှ မျက်ရည်တွေပင်ခေါင်းအုံးပေါ်စီးကျလို့နေ၍ လက်ခလေးနဲ့သုတ်လို့နေလေပြီး စိတ်ထဲမှာတော့ သားဖြစ်အတွက်
မိဘတွေရဲ့ထုံးစမ်းဂရုဏာမေတ္တာတရားအပြည့်ဖြင့်

သြော်….ငါ့သားလေးထွန်းခိုင် လုပ်ငန်းကိုင်ငန်းတွေအဆင်ပြေချောမွေ့လို့ သွားလေရာလာလေရာခလုတ်မထိဆူးမငြိ
ပါစေနဲ့ကွယ်,,

ဒေါ်ခင်စိန်စိတ်ထဲက ထွန်းခိုင်အတွက်မေတ္တာတွေပေးပို့ပေးနေသည်ကိုတော့ အရက်ရှိန်တက်၍မူးနေသော ထွန်းခိုင်တစ်မသိနိုင်ပါချေ။

ထွန်းခိုင်တစ်ယောက် သောက်ထားအရှိန်လေးကြောင့် စကားတွေသွက်၍ လေတွေတောင်တက်လို့နေသည်။

မိခင်ဖြစ်သူဒေါ်ခင်စိန်ပြောသမျှကို ထုံးစမ်းအတိုင်း ဘုကလန့်စကားတွေပြန်ပြော၍ ထွက်လာခဲ့သည်။

ဟေ့…ကောင်ထွန်းခိုင် မင်းနဲ့ကွာကို့အမေကိုအဲ့လိုမျိုးပြန်ပြောစရာလားကွ,, မိဘဆိုတာကို့သားသမီးတွေအတွက်စိုးရိမ်ပူပန်တက်ကြတာ မိဘတွေရဲ့ထုံးစမ်ပဲကွ,,မင်းနဲ့ကွာ
မူးမူးရူးရူးနဲ့ ငရဲကြီးမှာမကြောက်ဘူးလား

ထွန်းခိုင်တစ်ယောက် ခြံရှေ့ရောက်သည်နှင့်,နေရောင်က
စီးဟောက်ပြီးပြောဆိုနေ၏။

ဟား…နေရောင်ရာမင်းကတစ်မျိုး ငါ့အမေကတစ်မျိုး ငါကိုတွေ့ရင် တရားတွေပဲလာဟောပြနေတယ် နားငြီးတယ်ကွာ,, ငရဲကြီးတော့ဘာဖြစ်လဲ ငရဲလေးနိုင်တာပေါ့ကွာ……
ဟား….ဟား…………ဟား…………..

ဟား…ဒီကောင်ပြောလေပိုဆိုးလေပါလား ဘယ်လိုမှပြော
လို့ရမဲ့ကောင်လည်းမဟုတ်ပါဘူးကွာ,,မင်းကိုပြောရတာ
ပါးစပ်ညောင်းတာပဲအဖက်တင်တယ် သွားကြမယ်ကွာ
ပြောမနေနဲ့တော့ နေရောင်ရေ………

ဒီတစ်ခါဝင်ပြောလိုက်သူကတော့ ထင်ပေါ်ပင်ဖြစ်၏။

သုံးယောက်သား ငါးပန်းအင်းရွာလေးအနောက်အင်းချောင်းလေးဆီသို့ ထွက်လာခဲ့ကြသည်။

ရွာနှင့်အင်းချောင်းလေးဆိုသည်မှာ သိပ်အဝေးကြီးတော့မဟုတ် အလွန်ကျွံ၅မီးနစ်လောက်သာ လမ်းလျှောက်ရလေခြင်းဖြစ်သည်။

သုံးယောက်သား အင်းချောင်းလေးသို့ရောက်သည်နှင့် နေရာခွဲ၍ တားပိုက်တွေကိုယ်စီချ၍ ကွန်ပစ်ရန်နေရာကောင်းရွေးနေကြ၏။

နေရောင်နဲ့ထင်ပေါ်တို့နှစ်ယောက်တော့ မိုးအေးအေးနဲ့အချမ်းပြေစေရန် ကြယ်နီဆေးပေါလိပ်ခလေးတွေ
ဖွာရှိုက်နေချိန် ထွန်းခိုင်တစ်ယောက်ကတော့ ခါးကြားတွင်ပါလာသော အရက်ပုလင်းကိုအမြည်းမပါဒီအတိုင်းမောသောက်နေသည်။

ဟေ့,,ကောင်ထွန်းခိုင်အများကြီးလုပ်မနေနဲ့ကွ,,တော်ကြာရေထဲပြန်ဆင်းရအုံးမှာမလား မင်းအရမ်းမူးနေရင်ဒုက္ခတွေ
ဖြစ်နေမယ်ဟ,,

နေရောင်တစ်ယောက် သူငယ်ချင်းဖြစ်သူထွန်းခိုင်အတွက်စိုးရိမ်ပူပန်၍သတိပေးစကားပြောလိုက်၏။

နေရောင်ရာ ငါ့အတွက်ဒီလောက်တော့အပျော့လေးပါကွာ,,
မင်းငါအတွက်စိုးရိမ်မနေပါနဲ့,,ငါဆိုတဲ့ကောင်ကအရက်ကိုခွစီးနေတဲ့သူပါကွ,,အေ့,,..ဟား……ဟား…..ဟား…..

ထွန်းခိုင်မင်းက ပြောလိုက်ရင်ဒီအတိုင်းပဲ တစ်ခွန်းမခံပြန်
ပြန်ပြောတာကြည့် ငါတို့ကမင်းအတွက်စိုးရိမ်လို့ပြောနေရတာကွ,,ပြောမရလဲနေ ဒါပေမဲ့ကို့ဘေးကိုတော့ကြည့်သောက်ပေါ့ကွာ,,

ထွန်းခိုင်ကိုထင်ပေါ်က ထပ်သတိပေးမှာကြားလိုက်ပြီး လူစုခွဲ၍ ကွန်ပစ်ဖို့ထွက်သွားကြသည်။

နေရောင်နဲ့ထင်ပေါ်တို့နှစ်ယောက် ဒီနေ့ညမိုးနဲ့ အင်းချောင်းထဲ ကွန်ပစ်တာတောင်ငါးတွေမနည်းပါနေလျှင် တားပိုက်တွေထဲဆိုဘယ်လောက်တိုးဝင်နေလောက်ပြီဆိုသော အတွေးကိုယ်စီဖြင့် အပျော်ကြီးပျော်နေကြ၏။

သူတို့လိုပင် ထွန်းခိုင်တစ်ယောက်လည်းကွန်ထဲငါးတွေပါနေ၍ အပျော်လွန်နေပြီး ပစ်လိုက်သောကွန်မှာ ရေပေါ်သို့
မနည်းဆွဲမယူနေရပြီး ပိုက်ကွန်ထဲတွင်ငါးတွေရုန်းကန်တိုး
နေကြသည်ကိုသဘောတွေကျနေသည်။

ဟား…ဟား…ငါ့ပိုက်ထဲငါးတွေဘယ်လောက်တောင်များတိုးဝင်နေကြသလဲမသိဘူး ပိုက်တောင်ဆွဲမယူလို့မနိုင်တော့ဘူး

ထွန်းခိုင်တစ်ယောက် သူငယ်ချင်းဖြစ်သူ နေရောင်နဲ့ထင်ပေါ်ကို အကူညီတောင်းရန်လလှည့်ကြည့်လိုက်တော့ အတော်လေးအလှမ်းဝေးနေသဖြင့် သူကိုယ်တိုင်ရေထဲဆင်း၍
ပိုက်ကိုဆွဲမယူနေချိန် သောက်ထားသည်အရက်ရှိန်ကြောင့်
မူးနေပြီး ခြေလှမ်းတွေကယိုင်ထိုး၍ ပိုက်နှင့်ငြိတွယ်မိပြီး
အရေးထဲ ခြေထောက်ကကြွက်တက်နေပြန်သည်။

အရက်မူးသည်ကတစ်ကြောင်း ကြွက်တက်နေသည်ကတစ်ကြောင်းနှင့် လူမထိန်းနိုင်တော့ပဲ ပိုက်တွေနှင့်ရောထွေကာလဲကျ၍ ရေအောက်ထဲနစ်မြုပ်သွားလေ၏။

ထွန်းခိုင်တစ်ယောက် ရေပေါ်ကိုအားဖြင့်အတင်းရုန်းတက်၍ သူငယ်ချင်းဖြစ်သူ နေရောင်နဲ့ ထင်ပေါ်ကိုအကူညီအော်ဟစ်တောင်းခံဖို့ကြိုးစားသော်လည်း မဖြစ်နိုင်တော့ နေရောင်နဲ့ထင်ပေါ်မှာ သူနဲ့ဝေးရာရောက်နေသဖြင့် ထွန်းခိုင်တစ်ယောက် ပါးစပ်အတွင်းမပီမသရေသံနှင့်မိုးသံတွေပါရောနှော၍ သူအသံကို နေရောင်နှင့်ထင်ပေါ်မကြားနိုင်တော့ပါချေ။

ထွန်းခိုင်တစ်ယောက် တစ်ကိုယ်လုံးအားအင်တွေမရှိတော့
အသက်ရှူးလို့လည်းမဝဖြစ်လာချိန်သူသေရတော့ပါမှာလားဆိုပြီး ဝမ်းနည်းမျက်ရည်ကျနေ၍ အရင်ကသူမိဘဖြစ်သူအပေါ် ပြောဆိုရိုင်းစိုင်းခဲ့တာတွေကိုသူသေရတော့မည်အချိန်ရောက်မှ ငါအမေအပေါ်ပြုလုပ်ပြောဆိုခဲ့တာတွေက မှားသွားပါပြီကွာ အမေရေ့….သား
အမေ့ကိုပြောဆိုရိုင်းစိုင်းခဲ့မျှကိုခွင့်လွှတ်ပေးပါအမေ သားအခု နောင်တတွေရနေပါပြီအမေရယ် သားအခုချိန်သာ သေဘေးကလွတ်ကင်းခဲ့ရင် အမေ့ကိုရှစ်ခိုးဦးချကန်
တော့တောင်းပန်းပြီး လိမ်လိမ်မာမာနဲ့လုပ်ကိုင်ကျွေးပါမယ်အမေရဲ့..အီး…ဟီးဟီး……သားမှားခဲ့ပါပြီအမေရယ်..
သား အခုနောင်တတွေရနေပါပြီ……………………

ထွန်းခိုင်တစ်ယောက် ပါးစပ်ကတစ်ဖွဖွပြောဆိုရင်အသက်
ဝိညဉ်ကင်းမဲ့သွားလေတော့သည်။

နေရောင်နှင့်ထင်ပေါ်တို့နှစ်ယောက်မှာတော့ သူငယ်ချင်းဖြစ်သူထွန်းခိုင်တစ်ယောက် လူလောကကြီးကနေအသက်ဝိညဉ်ကင်းမဲ့စွာ သူတို့နဲ့ဝေးရာကိုထွက်ခွာသွားသည်ကိုတော့မသိနိုင်ချေ။

ထွန်းခိုင်တစ်ယောက် မိခင်ဖြစ်သူအပေါ်ဆိုးခဲ့ရိုင်းခဲ့ မိဘမျက်ရည်ကျအောင်လုပ်ခဲ့တာတွေအတွက် ကံကြီးထိုက်၍ လူလောကကြီးမှာကြာကြာမနေလိုက်ရတော့ ငရဲကသူကိုဆွဲခေါ်သွားချေပြီ အချိန်လွန်မှနောင်တ
ရခဲ့မိတဲ့ထွန်းခိုင်အတွက် ဘာအကျိုးအမြတ်မှမရတောပါချေ။

ပြီး

*မောင်နေ*

*ကလောင်သစ် မောင်နေနာမည်ပထမဆုံးအကြိမ်၁ပုဒ်မြောက်ရေးသားဖော်ပြသည်*

စာရေးဆရာအပေါင်းအားအထူးလေးစားလျှက်

စာပေချစ်စာဖတ်သူအပေါင်းအား အထူးတန်ဖိုးထားလျှက်

*ကျွန်တော်ဇာတ်လမ်းမှာ အမှားများစွာပါနေခဲ့လျှင် ထိုအမှားတွေကို စာပေချစ်စာဖတ်သူတွေက ပြန်လည်ပြင်ဖတ်ပေးကြပါလို့တောင်းဆိုပရစေ*