အစိမ်းသေမစန်းရီ

Posted on

အစိမ်းသေမစန်းရီ(စ/ဆုံး)

——————————

“ဝေါ” ” ”

“ဝေါ” ” ”

မိုးသည်းထန်စွာ ရွာသောညတစ်ည

အချိန်အားဖြင့် ၁၁ နာရီ ခန့်

“အား အမေရေ ကယ်ပါအုံး”
“အား နာလိုက်တာ သေပါပြီ”

မစန်းရီတစ်ယောက် သားဦးမွေးဖွားတာမို့ နာကျင်မူဝေဒနာကို မခံနိုင်ဘဲ အော်ကအကူညီတောင်ဆိုနေမိသည်

“အားတင်းထားပါ စန်းရီ မွေးတောမာပါ မကြောက်နဲ့နော်”

ဘေးနားက လက်သည်းမကြီး ဒေါ်ဖွားမေက အားပေးရင် ကလေးအမြန်မွေးဖွားနိုင်ဖို့ အစွမ်းကုန်ကြိုးစားနေလေ၏

“ဟုတ်တယ် သမီးရေ ညစ်ထားနော်မွေးတောမယ် အမေလဲရှိတယ် ဘာမာအားမငယ်နဲ့”

အမေဖြစ်သူ ဒေါ်ခင်အေးက အားပေးနေပြန်သည်။

ကလေးကသားဦးကြောင်းလားမသိ တော်တော်မွေးရခက်နေသည် လက်သည်းမကြီး ဒေါ်ဖွားမေလဲ
တကိုယ်လုံးဇောချွေးပြန်နေပြီ သူတစ်သက်နဲ့တကိုယ်အခုလို မွေးရခက်တော ကလေးမျိူးမတွေဘူးပေ

“ဟဲ့”
“ခင်အေး နင့်သမီးက အရမ်းမွေးရခက်တယ်အေ
ဒီအတိုင်းဆို မအေရောကလေးရောမလွယ်ဘူး ”

“မြို့ဆေးခန်းကို ပို့မာဖြစ်မယ်ထင်တယ် ငါလဲအတက်နိုင်ဆုံး ကြိုးစားကြည့်ပြီးပြီ နင်သမီးက ညစ်အားမရှိတောဘူး ကြာရင်အသက်ပါ ဆုံးသွားနိုင်တယ်”

ဒေါ်ဖွားမေ စကားဆုံးတော

ဒေါ်ခင်အေး တစ်ယောက်မျက်နာပျက်သွားလေတောသည်

မြို့ဆေးခန်းကို ပို့ဖို့ကစ္စကထင်သလောက်မလွယ် မိုင်၅၀လောက်ဝေးတဲ့ လမ်းခရီးကို ထမ်းပြေးမယ်ဆိုရင် မြို့ဆေးခန်းကို မရောက်ခင် လမ်းမာပင် အသက်သေသွားမာသေချာသည်

သမီးစန်းရီဘဝက တော်တော်ကံဆိုးရှာတယ် ယောက်ကျားဖြစ်သူက သူနဲ့ညားပြီး ကိုယ်ဝန့်ရခါစမာဘဲဆုံးသွားသည်

“အမေ ကယ်ပါအုံး”

“သမီးမနေရတောဘူးထင်တယ် သမီမျက်လုံးတွေပြာလာပြီ ဘာမှာမမြင်ရတောဘူး”

“သမီးကိုခေါ်နေကြပြီ အမေ သမီးယောက်ကျား လာခေါ်နေပြီ လိုက်သွားလိုက်တောမယ့်နော်”

မစန်းရီအသံကြားမာ ဒေါ်ခင်အေးတစ်ယောက် တွေးနေရင်းမာ အသိပြန်ဝင်လာသည်

“သမီး အားတင်းထားပါ သမီးဘာမှာမဖြစ်ဘူး သမီးမလိုက်သွားရဘူး”

သမီးဖြစ်သူကိုကြည့်ပြီး ဒေါ်ခင်အေးမျက်ရည့် မထိန်းနိုင် ငိုယိုနေလေတော၏

မစန်းရီးအော်သံ ဒေါ်ခင်အေးငိုသံတွေကြောင်း အိမ်နီးနားမှာ သက်ကြီးရွယ်အို များ လာရောက်သတင်းမေးလာကြသည်

“တင်မောင် ဘယ်လိုလည်းကွာ မင်းသမီးအခြေနေ ”
အိမ်နီးချင်းတစ်ယောက်က မစန်းရီ၏အဖေဖြစ်သူ
ဦးတင်မောင်အား မေးလိုက်ချင်းဖြစ်သည်

“မထင်တောပါဘူး အကိုရယ် သူဒီတောင်ကိုကျော်နိုင်မယ်မထင်တောပါဘာဘူးဗျာ”

ပြောရင်းမျက်ရည့်ဝဲလာလို ဆက်မပြောနိုင်တောပေ

ခဏကြာတော ဒေါ်ဖွားမေတစ်ယောက် မွေးဖွားတဲ့နေရာက စိတ်ပျက်စွာထွက်လာလေသည်

လူကြီးများက ဒေါ်ဖွားမေကိုကြည့်ရင်း အခြေနေဘယ်လိုဆိုတာ သဘောပေါက်လိုက်ပါပြီ

မွေးဖွားရာ အခန်းထဲမာတော ဒေါ်ခင်အေး ငိုသံကြောင်း စန်းရီတစ်ယောက် လောကကြီးကို စောစီးစွာ စွန့်ခွာသွားလေပြီမဟုတ်ပါလား

မစန်းရီဆုံးတာက အစိမ်းသေ ဆိုတော ရွာဓလေ့အရ ချက်ချင်းမြေမြုပ် ဖို့ လုပ်ကြလေတောသည်

မိုးကလဲ ထိုညမာ အငြိုးကြီးစွာ သည်းသည်း မဲမဲကိုရွာနေ၏

ရွာသားများက အလောင်းချဖို့အတွက် ကျင်းတူးတဲ့သူတူး အိမ်မာလုပ်စရာရှိတာများ ဝိုင်းလုပ်ကူကာ ညတွင်းချင်း မသာချဖို့ ပြင်ဆင်နေလေသည် ပြင်စရာဆင်စရာများပြီးစီးတော ရွာကျောင်းဆရာတော်ကို ပင်ဖိတ်ကာ သရဏဂုံ တင်ြီပီး အလောင်းအား ညတွင်းဘဲ ဖြစ်သလို မြေမြုပ် လိုက်လေတောသည်

ဒီလိုနဲ့ မစန်းရီတစ်ယောက် လူလောကကြီးကထွက်သွားတာ ၄ရက်မြောက်နေ

“ဖြစ်ပါမာလား ဇော်ကြီးရာ မစန်းရီသေထားတာ ၄ရက်ဘဲရှိသေးတာနော် ”

“မင်းကလဲကွာ ဘာကြောက်တာလဲသေတာက ၄ရက်တောင်ရှိနေပြီ ဘာလဲ မင်းက မင်းချစ်သူနှင်းစုကို မတွေ့ချင်ဘူးလား”

စိန်လင်းနဲ့ဇော်ကြီးတို့နှစ်ယောက် တဖက်ရွာက ကောင်မလေးဆီအလည်သွားဖို့ ရွာကထွက်လာကြသည် အချိန်အားဖြင့် ညနေ၅နာရီခွဲ

“မတွေချင်ဘဲနေမာလား နှင်းစုနဲ့မတွေရတာအတော် ကြာနေပြီကွာ ”

“အဲတာကြောင်း ပြောတာပေါ့ ငါလဲငါချစ်သူ နုကြည် လေးနဲ့ မတွေရတာကြာပြီ လာစမ်းပါကွာ
မင်းကလဲ”

ပြောရင်းသူကအရှေ့က ခပ်သွက်သွက်လေး လျှောက်သွားလေ၏

ည၁၀နာရီလောက်မှာ ဇော်ကြီးနဲ့ စိန်လင်း သူတို့ကောင်မလေးရွာကပြန်လာကြသည်

“ဘယ်လိုလဲ နှင်းစုနဲ့အဆင်ပြေလား စိန်လင်း”

“အင် ပြေတာပေါ့”

“မင်း ကော အဆင်ပြေလား ”

“ငါလည်းအဆင်ပြေတယ်ကွာ”

သူငယ်ချင်းနှစ်ယောက်စကားပြောရင်း လျှောက်လာလိုက်တာ ရွာအဝင် နားက သချိင်္ုင်းနား ရောက်လာ၏

“ဇော်ကြီး ငါစိတ်ထဲမာ အပုပ်နံ ရနေသလိုဘဲ မင်းကော မရဘူးလား”

“အေကွာ ငါလဲရတော့ရသလိုဘဲ ဘာအနံလဲတောမသိဘူး”

ပြောရင်း လက်နိုပ်မီးဖြင့် လျောက်ထွန်းလိုက်၏

“မစန်းရီများငါတို့ကို လာခြောက်တာလားမသိဘူးနော်”

“ဟေ့ကောင့် ဘာတွေပြောနေတာလဲမဦးမချွတ် ”

ပြောတာပြောနေရသည် သူလဲ ကြက်သီးများ တဖျန်းဖျန်းထကာ ကြောက်စိတ်များဝင်နေပြီ
နှစ်ယောက်သား ကြောက်စိတ်များဖြင့် ဟိုကြည့် ဒီကြည့်နဲ့ မြန်မြန်လေး လျှောက်နေမိကြသည်

“အူး အူး အူးး””””

ခွေးအူးသံကြောင်း စိန်လင်းတို့ ခြေလမ်းများ ပို့၍မြန်မြန်လာ၏ အပုပ်နံ ကလဲ သူတို့ နာခေါင်းထဲသို့ စူးစူးရှရှ ကြီးကို ဝင်ရောက်လာသည်

“ဖလပ် ဖလပ် ဖလပ်”

အနောက်ကတစ်ယောက်ယောက်သူတို့ ဆီကို လိုက်နေသလိုခံစားရ၏
အသံကြားလို နောက်လည့်ကြည့်လည်း ဘာမာမမြင်

သူတို့ခြေလမ်းမြန်လေအနောက်က လိုက်နေတဲ့ အသံကပို့ကျယ်လေ နောက်ဆုံး ရွာအဝင်နား ရောက်တယ်ဆိုရင်ဘဲ အနောက်ကလိုက်လာတာဘယ်သူလည်းဆိုတာ သိချင်စိတ်ဖြင့် အနောက်ကိုပြိုင်တူ လည်းကြည့်လိုက်မိ၏ ဖြစ်ချင်တော့

မစန္​းရီ
သူတို့ကို လက်ယပ်ခေါ် နေသည် ပြီးတော မျက်နာတစ်ခုလုံးလည်း ပုပ်ပွပြီး အတော်ပင် ကြောက်စရာကောင်းနေ၏ ထို မြင်လိုက်ရတဲ့ မြင်ကွင်းကြောင်း နှစ်ယောက်သား ရွာထဲသို့ ဝင်ပြေလေးတောသည်

“အမလေး”

“မစန်းရီသရဲ မစန်းရီသရဲ ကယ်ကြပါအုံး”

မစန်းရီခြောက်ခံရတဲ့ ဇော်ကြီးနဲစိန်လင်းကတော
တစ်ပတ်လောက် ဖျားကာ ပယောဂဆရာကြီးများနဲ့ မူုတ်ယူရလေး၏

စိန်လင်းနဲ့ဇော်ကြီးကို ခြောက်ပြီးတဲ့နောက်ပိုင်း
မစန်းရီသရဲမက ပိုဆိုးလာသည်

ဟိုနေရာမှာ တွေ့လိုက် ဒီနေရာမာတွေ့လိုက်နဲ့ ညနေမိုးချုပ်ပြီဆို ရွာထိပ် ရွာဖျားတောင် သိပ်မသွားရဲကြတောပေ

အဆိုးဆုံးကတော့ ရွာ သချိင်္ုင်းနား က ညောင်ပင်ကြီး
မစန်းရီကိုအများဆုံးတွေကြရ၏

မစန်းရီဆုံးတာ ၂လပြည်လေပြီ

တစ်ညတော့

ဒေါ်ခင်အေး မစန်းရီကိုအိမ်မက် မက်လေ၏ အိမ်မက်ထဲမာ အဝက်အစား တွေ့က ဟောင်းနွမ်းနေပြီး လူလဲ အရိုးပေါ် အရေတင် ဗိုက်ကြီးကလဲ ပုထွက်နေသည် မစန်းရီ လူဘဝတုံးကနဲ့ တချားစီ

“အမေ သမီးအရမ်းချမ်းတယ် ရွာသချိင်္ုင်းက ညောင်ပင်ကြီးမာ စောင်ခြုံစရာမရှိ စားစရာ ထမင်းမရှိ သမီးအရမ်းဆင်းရဲနေတယ်အမေ သမီးကိုကူညီပါအုံး”ငိုယိုပြီး ဝမ်းနည်းနေတဲ့ အသံဖြင့် ဒေါ်ခင်အေး ကိုအကူညီတောင်းနေလေသည်

ဒေါ်ခင်အေး က

“ဟင် သမီးကိုအမေတို့ အမျှ ပေးဝေပါတယ် သမီးသာဓုမခေါ်ရဘူးလား “ဟု မေးလေ၏

မစန္​းရီက

“မခေါ်လိုက်ရဘူးအမေ သမီးယောက်ကျား ကို တွေ့မှာလားလို ရှာနေမိလိုက်လို သမီးသာဓုမခေါ်လိုက်ရဘူး သမီးကို ပြန်ပြီး အမျှဝေပေးပါနော် သမီးဒီဘဝမှာနေရတာ စိတ်ဆင်းရဲလိုပါ”

ဒေါ်ခင်အေးက
“ဟုတ်ပါပြီ သမီးလေး အမေတို့ သမီးလေးအတွက်
ကုသိုလ် လုပ်ပြီး အမျှအတန်းပေးဝေပါမယ်
သမီးလေး ဒီလို ဘဝ မြင်နေရတာ အမေစိတ်မကောင်းဘူး အမေ အမျှပေးဝေရင် ရောက်အောင်လာခဲ့နော် သမီးလေး”

“ဟုတ်ကဲ့ပါအမေ သမီးသွားတော့မယ်နော် မိုးလင်းတောမယ့်”လိုပြောပြီးပျောက်ကွယ်သွားလေတောသည်

“သမီး သမီး ”

“ခင်အေး ခင်အေး”

“သတိထားပါအုံး ဘာဖြစ်နေတာလည်း”

ယောက်ကျားဖြစ်သူ ဦးတင်မောင် အမေးကိုမဖြေနိုင်

အိမ်မက်ထဲက သမီးလေးအကြောင်းကိုတွေးက ဝမ်းနည်းနေမိ၏

နောက်ပြီး ဦးတင်မောင်ကို ဖြစ်ကြောင်းကုန်စင့် ပြောပြကာ

သူတို့ သမီးလေး အတွက်နောက်ထပ် ကုသိုလ် လုပ် အမျှတန်းပေးဝေးလိုက်လေသည်

မစန်းရီအတွက် ရည်းစူးပြီး အမျှပေးနေချိန် တရားနာနေကြတော ရွာသူရွာသားများ လူတိုင်း အပုပ်နံရလေသည် သူရောက်တယ်ဆိုတာ အသိပေချင်းလို အနံပေးတာလိုဘဲ ထင်ထားလိုက်၏

ထို အချိန်မာဘဲ ရွာဦးဆရာတော်က

“ကွယ်လွန်သွားပြီဖြစ်တော မစန်းရီအား ရည်းစူး၍
အမျှပေးဝေလိုက်ရအောင်”

” အမျှ အမျှ အမျှ ”

အမျှလည်း ဝေပြီးတော အပုပ်နံကတဖြည်းဖြည်း ပျောက်ကွယ်သွားလေတောသည်

မစန်းရီ ကောင်းရာမွန့်ရာ ရောက်သွားလားမရောက်ဘူးလာဆိုတာကတော မစန်းရီ ကလွဲပြီး ဘယ်သူမာမသိနိုင်ပါ

နောက်ထပ် မစန်းရီ သရဲမကတော မခြောက်လန့်တောပေ#####

##########

#ပြီးပါပြီ#

(သည်းခံ ပြီးဖတ်ပေးပါသော စာချစ်မိတ်ဆွေများကို အစဉ်အမြဲ လေးစားလျက် ကျေးဇူးတင်ပါတယ် )

…. #သူရ#