“အစွဲ”📖📖📖
****************
…………………………..
ဒီကိစ္စလေးမပြောခင်….
ကျွန်တော် တစ်ခုလောက်မှာချင်တယ်
သင်တို့ဘဝ မှာ ဘယ်သူဟာအရေးကြီးလဲ
သင်တို့ ဘဝ မှာ ဘယ်သူကို အနားရှိစေချင်လဲ
ဒါလေးကို အရင်တွေးကြည့်ကြပါ
အဲဒီလိုပဲ
သင်တို့ ဘဝ အတွက် အရေးမပါသူ
သင်တို့ဘဝ ထဲ မခေါ်နိုင်သူကိုလည်း
သင်တို့တွေးထားပါ…..
“အစွဲ” ဆိုတဲ့ Story လေး စပါ့မယ်…….
ဒီ Story လေးက ….
ကျွန်တော် တက္ကသိုလ်ကျောင်းသား ဘဝက
ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်ကလေးပါ…..
ကျွန်တော်တို့ ….
တက္ကသိုလ်မှာ သူငယ်ချင်းတွေရှိကြတယ်
အရမ်းကို …. ပျော်စရာကောင်းတဲ့ Group လေးပေါ့
အရမ်းကဲကြ လို့ ခေါ်အဆူခံ ရတာလည်း
အခေါက်ပေါင်းမနဲ လှဘူး….
ကျွန်တော်တို့အဖွဲ့ထဲ မှာ…. ခပ်နွဲ့နွဲ့လေးနေတတ်တဲ့
သန့်ဇင်ဆိုတဲ့ ကောင်လေးတစ်ယောက်ရှိတယ်…..
သူ့ကိုဆို…. တွေ့တဲ့သူတွေကဝိုင်းစကြတာများတယ်
သူက ကျောင်းလာတာရင်
ပါးမှာ ပါးကွက်က အမြဲ ပါတယ်
ဒီလိုနဲ့ တစ်နေ့မှာ…..
ဝင်းဇော်ဆိုတဲ့ သူငယ်ချင်းက သန့်ဇင်ကို ….
အဖွဲ့ ထဲ အာကာဆိုတဲ့ ကောင်လေးတစ်ယောက်
အသစ်ခေါ်လာပြီး မိတ်ဆက်ပေးတယ်
သူက ဒီကျောင်းကတော့မဟုတ်ဘူး
ဝင်းဇော်နဲ့ ရံဖန်ရံခါ လိုက်လိုက်လာတတ်တာ
အာကာက လူချော ဖော်ရိန်နာရုပ်ထွက်မျိုး
မျက်လုံးက အညို အသားက အတော်လေးဖြူတယ်
သန့်ဇင်က ဝင်းဇော်
သူနဲ့ ဒဲ့ကြီးမိတ်ဆက်ပေးလိုက်တော့
မျက်နှာတွေရဲပြီး အတော်လေးရှက်သွားဟန်တူတယ်
သူရှက်တာ ကြည့်ပြီး ကျွန်တော်တို့ အဖွဲ့ထဲက တစ်ချို့က ဝိုင်းစကြနောက်ကြသေးတယ်
အဲဒီလိုနဲ့ ….ကျွန်တော်တို့တွေ ကျောင်းတော်ကြီးထဲ မှာ လူငယ် တက္ကသိုလ်ကျောင်းသားဘဝကို ပျော်ရွှင်စွာဖြတ်သန်းခဲ့ကြတယ်…
တစ်နေ့တော့ ….အာကာ က သန့်ဇင်ကို
ချစ်ကြောင်းပြောလာပါရော…
သန့်ဇင်က နဂိုထဲက ကောင်လေးတွေပဲ
စိတ်ဝင်စားတာဆိုတော့ အာကာအချစ်ကို
မလွန်ဆန်နိုင်ခဲ့ဘူး
အဲဒီ့နောက်ပိုင်း သူတို့ တပူးပူး တတွဲတွဲ ဖြစ်လာကြတယ်…
ကျွန်တော်တို့ကတော့ …..သူတို့ တွဲ နေတာ
မသိသေးဘူး….
တစ်နေ့ အဖွဲ့ထဲ က ကောင်မလေးက …
ကျွန်တော်နဲ့ စကားလက်ဆုံကျရင်း
သူတို့အကြောင်းပြောဖြစ်တယ်….
အဲဒီတော့မှ ဒီကိစ္စကို ကျွန်တော်သိလိုက်ရတာ…
အဲဒီ ကာလ အဲဒီ အချိန်မှာ အခုလို ပွင့်လင်းမြင်သာမဟုတ်သေးဘူး….
ယောကျ်ားလေး ၂ယောက်တွဲရင် ပြုံးရယ်ကြတယ်
လှောင်ကြပြောင်ကြတယ်
အနိုင်ကျင့်တာတွေရှိနေကြသေးတဲ့ ကာလပေါ့…
ဒီလိုနဲ့ ကျွန်တော်တို့ သူငယ်ချင်းတွေ
ကျောင်းကန်တင်းမှာ
ဝိုင်းထိုင်နေရင်း
သန့်ဇင် တို့လည်း အခုနောက်ပိုင်း
အဖွဲ့ထဲ သိပ် မလာကြတော့ဘူး
သူတို့ သာယာနေကြတာ နေမှာဆိုပြီးတောင်
စနောက်နေသေးတယ်…..
အဲ့လိုနဲ့ ကန်တင်းမှာ စားသောက်ပြီး
ကျနော်ကလည်း ကိုယ့်ဘူမိဗေဒ
အခန်းထဲကို ကိုယ် ပြန်တော့ ….တစ်နေရာမှာ….
သန့်ဇင်ထိုင်နေတာ တွေ့လိုက်ရတယ်
ကျွန်တော် သန့်ဇင်အနားရောက်တော့
သူက ငြိုးငြိုးငယ်ငယ်မျက်နှာနဲ့ ….
ကိုရဲ ဘယ်ကို သွားမလို့လဲ
ခနစကားပြောကြရအောင်ဆိုပြီးကျွန်တော့်ကို
တစ်နေရာခေါ်သွားတယ်
သူခေါ်သွားတာက
ကျောင်းဝင်းထဲ က
ဦးပြောင်ထမင်းဆိုင် သွားတဲ့လမ်း
အဲ့ဒီ့လမ်း အရှေ့က လမ်းက
ကျောင်းသားတွေ ဖြတ်တာသွားတာ
သိပ်မရှိလှဘူး လူပျက်တယ်
ကျွန်တော်လည်း သန့်ဇင့် အနောက်ကနေ
သူသွားတဲ့နောက် လိုက်သွားတယ်….
တစ်နေရာရောက်တော့ သူက လမ်းသွားနေရင်း
အားရပါးရ ငိုချပါလေရော
ကျွန်တော်လည်း လန့်သွားတယ် ဒါနဲ့ သူ့ကို
သန့်ဇင် ဘာဖြစ်လို့လဲဟင်လို့မေးတော့ သူက …..
အာကာက သူ့ဆီ က ငွေ ၆သိန်းချေးလို့တဲ့
အဲ့တာမပေးနိုင်ဘူး သူကပြောတော့
သူ့ကိုမချစ်လို့ မပေးနိုင်တာဆိုပြီး
လမ်းခွဲကြမယ်တဲ့….
အဲ့တာ ဒီ၆သိန်း မပေးနိုင်ရင် သူနဲ့လမ်းခွဲရမှာမို့
သူ့ကို ၆သိန်းရှာပေးပါလားတဲ့ ကျွန်တော့်ကို အပူလာကပ်တော့တယ်
အဲ့ဒီခေတ်က ၆သိန်း ကျွန်တော်အလွယ်တကူ
ဘယ်လိုလုပ် ရှာနိုင်မှာလည်း
တစ်နေ့ တစ်နေ့ ကျောင်းလာရတာနဲ့တင်
စရိတ်တော်တော်ကုန်တာ
ဒါနဲ့ …ကျွန်တော်ကလည်း ငါ့မှာမရှိဘူးလို့
မင်းလည်း ဒီလောက်ငွေကြီး
သူ့ကို ပေးစရာမလိုဘူး
ဒါ ဒီကောင် စပွန်ဆာရှာတာ ဆိုပြီးပြောလိုက်တော့
သူက ကျွန်တော့်စကားကို
လက်မခံ ဘူး သူမခွဲနိုင်ဘူးတဲ့
ကျွန်တော်ကလည်း ပြတ်ပြတ်ပဲ
မခွဲနိုင် ရင် သူတောင်းတဲ့ ၆သိန်းပေးလိုက်ပေါ့လို့
ခနဲ့ပြောလိုက်တယ်…..
သူလည်း စိတ်ညစ်သွားပုံပဲ…
သူဘာဆက်လုပ်ရမှန်းသူမသိတော့ဘူးတဲ့….
ပိုက်ဆံ ၆သိန်းကြီး ပေါ်တင် တောင်းတာ
သူက ပေးချင်လို့ဆိုတော့ ကျွန်တော်က ဘာဆက်လုပ်ပေးရမှာလဲ ဟုတ်တယ်မလား…..
အဲ့တာနဲ့ ကျတော်လည်း ဘားမှမတတ်နိုင်တာနဲ့ပဲ
ကိုယ့်ဘူမိအခန်းထဲပဲ ကိုပြန်လာလိုက်တော့တယ် ….
နောက်တစ်နေ့မနက်မှာ…အိတာ ဆိုတဲ့ ကျွန်တော့်သူငယ်ချင်းက ကျွန်တော့်ကိုမေးလာတယ်…
နင်နဲ့ သန့်ဇင် မနေ့က ဦးပြောင်ထမင်းဆိုင်သွားတဲ့လမ်းမှာ ဘာတွေဖြစ်နေကြတာလဲတဲ့
ငါနင်တို့ကို မနေ့က တွေ့လိုက်တယ်
သန့်စင်ကလည်း မျက်နှာမကောင်းဘူး လို့ပြောတော့
ကျွန်တော်လည်း
မနေ့က ကိစ္စတွေ အိတာ ကို
အကုန်ပြောလိုက်လိုက်မိတယ်
အိတာကလည်း ကြားကြားချင်း
ဒါကြီးက တမင် ငွေကို ညစ်ပြီးတောင်းတာကြီးလေ
ဟုတ်တယ်မလား စိတ်တိုလိုက်တာ ဆိုပြီး
သူကပါဒေါသထွက်နေတော့သည်။
အိတာက အာကာ့အပေါ် သူ့အမြင်ကို ကျွန်တော့်ကို ပြောပြတယ် အာကာက သူကြည့်တော့ Model ရှုံးတယ် ကျောင်းတစ်ခါလာရင် ဂျစ်ကားနဲ့
အပြည့် On ပြီး လာတာ အဲ့လိုဝတ်စားပြီး ….
လိုက်ခြူစားနေတာတော့ လွန်လွန်းပါတယ်ဟယ်တဲ့
အိတာ နဲ့ ကျွန်တော် သန့်ဇင်ကိစ္စ စကားကောင်းနေတာနဲ့စာသင်ချိန်တောင် နောက်ကျနေလို့ …ကိုယ့်အခန်းကို အမြန်ပြေးလာရတယ်
ဒီလိုနဲ့ နေ့လည်ထမင်းစားချိန်
ကျွန်တော် ကန်တင်းရောက်သွားတော့
ကန်တင်းက
ထမင်းဝိုင်းမှာ သန့်ဇင်ကိုကျွန်တော်တို့အဖွဲ့က
ဝိုင်းပြောဆိုနေကြပြီ
ကျွန်တော်လည်း အိတာအနားကို ဝင်ထိုင်ပြီး
ခပ်တိုးတိုးလေးမေးလိုက်တယ်…….
ဟဲ့ အခြေအနေ
ဘာတွေ ဖြစ်နေတာလဲ ဆိုတော့ အိတာက
အေး နင်မနက်ကပြောတဲ့ ကိစ္စပဲ လေတဲ့
သူမရဘူး..အခု အရူးကြီးလိုဖြစ်နေပြီ
ဟိုအကောင်က ၆သိန်းမပေးလို့
သူ့ကိုဖြတ်သွားပြီလေတဲ့
ကျွန်တော်…သန့်ဇင်ကို လှန်းကြည့်တော့ …
သူက ကျတော့်ကို
မျက်ဒေါင့်ကြီးနဲ့စိုက်ပြီး ပြန်ကြည့်တယ်
ကျတော့်စိတ်ထဲ ….
ဟင် ဒီကောင် ငါ့ကို
ဘာမကျေနပ်နေတာလဲ မသိဘူးလို့တွေးမိတယ်….
မကျေနပ်လဲ မတတ်နိုင်ဘူးလေ ….
ကျွန်တော်မှာလည်း အဲ့ငွေမရှိဘူး
ရှိလည်း ကျွန်တော်ပေးနိုင်မှာမဟုတ်ဘူး…
ကြည့်ရတာ အိတာက …သန့်ဇင်ကို
တော်တော်လေး နာနာကျင်ကျင်
ပြောဆိုလိုက်တယ်ထင်ပါတယ်…..
သန့်ဇင် ခေါင်းမဖော်နိုင်ရှာဘူး
ဒီလိုနဲ့ …..အချိန်တွေကြာလာတော့
ကျွန်တော်တို့ စာမေးပွဲတွေ နီးလာတယ်
အနီးကပ် ကျူရှင်တွေယူကြတယ်…..
သန့်ဇင်တို့ အိတာတို့ကတော့ …..
ကျူရှင်လိုက်မတက်ကြဘူး
ကျတော်က ဘာတွေ အရေးကြီးလဲ ဆိုတာတော့
သူတို့ကို ပြန်ပြောပြပေးတယ်…
အစက သူတို့က သူတို့အိမ်နားတင် ကျူရှင်
အတူတူတက်မယ်ဆိုလို့
ကျွန်တော်က အရင်အပ်လိုက်တာ….
အခုတော့ ဝင်းဇော်နဲ့ ကျွန်တော်နဲ့ ပဲ တက်ဖြစ်လိုက်တယ်
ဒီလိုနဲ့….ကျွန်တော်တို့ …နစ်ယောက်
ကျူရှင်ယူတယ်
ကျူရှင်ကပြန်ရင် ကျွန်တော်နဲ့ ဝင်းဇော်
အတူတူပြန်ကြတယ် လမ်းကြားလေးကိုဖြတ်ပြီး
အိမ်ပြန်လမ်းတစ်ဝက်လောက်ရောက်ရင်တော့
ကျွန်တော်တို့ ၂ယောက်
သန့်ဇင်တို့ အိမ်ရှေ့ကနေ ဖြတ်ပြန်ရတယ်
ဖြတ်ပြန်တိုင်းလည်း ..ဝင်းဇော်က အမြဲ ပြောတယ်
သန့်ဇင်ကို အာကာနဲ့ မိတ်ဆက်ပေးလိုက်တာ
ငါတော်တော်မှားတယ်တဲ့…..
သန့်ဇင် အဲ့လောက် အစွဲ အလန်းကြီးမှန်း…သူမသိဘူးတဲ့ အခုလဲ သူ ငါတို့ကို ခေါ်တော့ဘူးလေတဲ့
ကျွန်တော်လည်း….အရာရာက ကံက ဖြစ်လာတာပဲ
ငါတော့ဘယ်သူ့မှ မသနားဘူးလို့ ပြောလိုက်တယ်
အဲဒီလိုနဲ့ ကျွန်တော်တို့ ၂ယောက် ….
လမ်းခွဲ ကိုယ့်အိမ်ကိုယ် ပြန်ကြတာပေါ့…..
ဒီလိုနဲ့..စာမေးပွဲ ဖြေခါနီး…..
ကျူရှင်တွေ မှာ အသဲ အသန်တွေ
စာတွေ လုပ်ကြတဲ့တစ်နေ့ပေါ့ …..
ည၁၀ နာရီ လောက်မှ ကျူရှင်ကပြန်လွှတ်တယ်
အဲ့တာနဲ့ …အကုန်လုံးပြီးသွားတော့ ကျွန်တော်က
ဝင်းဇော်ကို အိမ်အတူတူပြန်ဖို့ စောင့်နေချိန်
သူက သူ့ကောင်မလေးကို
ပြန်လိုက်ပို့လိုက်ဦးမယ်ဆိုပြီး စောထွက်သွားတယ်
ကျတော်ကတော့တစ်ယောက်ထဲ
ကိုယ့်အိမ်ကိုယ်ပြန်လာရတာပေါ့ …
လမ်းမှာလဲလူရှိနေသေးတော့ ….. ကျူရှင်ကနေ
လမ်းလျှောက်ပြန်လာလိုက်တယ်…
ဒီလိုနဲ့
ကျွန်တော်လည်း ကိုယ့်အတွေးနဲ့ ကိုယ်
လမ်းလျှောက်နေရင်း…စိတ်ထဲ
တစ်မျိုးကြီးခံစားလာရတယ်…..ကျောချမ်းသလိုလို
နောက်က တစ်ယောက်ယောက်ကပဲ ကြည့်နေသလိုလိုကြီး
အဲ့တာနဲ့ ကျွန်တော် နောက် လှည့်ကြည့်တော့ ….
လမ်းမှာလူတွေလည်းရှိနေကြပါသေးတယ် ဒါပေမယ့်
စိတ်မနောကတော့ နေရတာ မကောင်းနေဘူး
အဲဒီအချိန် ကျွန်တော် အနောက်ကိုထပ်လှည့်ကြည့်လိုက်တော့ ဟိုးအနောက် တော်တော်ဝေးဝေးမှာ ပြေးလာနေတဲ့…သူတစ်ယောက်ကို ကျတော် မြင်မိတယ် အကျီ အနီရောင်နဲ့…. ကမူးရှူးတိုးပြေးလာနေတာ…
ကျွန်တော်လဲ ..အော် သူ့ဖာသာပြေးတာ…
ကိုယ်နဲ့ မှ မဆိုင်တာပေါ့လို့..တွေးပြီး
ကိုယ့်လမ်းကိုယ်လျှောက်နေလိုက်တယ်….
အဲ့အချိန် ခဏနေတော့ နောက်က ကပ်ပြီးပြေးလာတဲ့ အသံ ကြားတယ် ကျွန်တော်လည်း
ဘယ်သူလဲ မသိဘူးဆိုပြီး နောက်လှည့်ကြည့်တော့
နောက်မှာဘယ်သူမှ မရှိဘူး…….
ဟင် ..ဘာတုန်းဟ ပေါ့ ..
ဟိုးနောက်ကို လှန်းကြည့်တော့ ခုနအကျီအနီနဲ့ ပြေးလာနေတဲ့
သူကို ကျွန်တော် မြင်နေရသေးတယ် သူကအဝေးမှာပြေးနေတုန်းပဲ
ကျွန်တော့်စိတ်ထဲ တစ်မျိုးကြီးခံစားလိုက်ရတယ်
သူက ပြေးသာပြေးလာနေတာ
အဲ့နေရာကလဲ မရွေ့လာသလိုပဲလို့
စိတ်ထဲ ထင့်နေပေမယ့် ..အဲဒီအနားမှာလည်း
လူတွေ ရှိနေတော့ ဘယ်လိုမှ မနေသေးဘူးပေါ့
ဒါပေမယ့် ကျွန်တော်
ခပ်သုတ်သုတ်လျှောက်လာလိုက်တယ်
ဒီလိုနဲ့ လမ်းကြားနားရောက်တော့
မှောင်ပြပြလမ်းကြားကြီးကို စိုက်ကြည့်ရင်း
ခဏရပ်ပြီးတွေးမိတယ် ကျွန်တော်အမှန်ပြောရရင်
ဒီလမ်းကြားကနေ ဖြတ်မပြန်ရဲဘူး…..
မဖြတ်လို့ကလည်း မရပြန်ဘူး….
အဲ့လမ်းကြားကနေ သွားမှ အိမ်ရောက်မှာ
ဒီလိုနဲ့ မှောင်ပြပြ လမ်းကြားထဲ ကျွန်ဝင်လာတော့
အရှေ့မှာလူတစ်ယောက် ရှိတယ်လို့ ခံစားရတယ် …
စိတ်ထဲ ..အမလေးတော်သေးလို့ လူရှိတယ်ပေါ့
နောက်တော့ ရှေ့အနားမှာ တကယ်လူရှိနေတယ်
စိတ်ထဲတော့ အတော်လေးပေါ့သွားတယ်
ဒါပေမယ့် ခဏကြာတော့ အဲဒီလူကို ကျွန်တော်
ကြည့်ရင်း… စိတ်ထဲ သိပ်မသက်ာတော့ဘူး
ဒါပေမယ့် မထူးပါဘူးဆိုပြီး
လျှောက်မြဲအတိုင်းလျှောက်လာလိုက်တယ်
သူကလည်း အရှေ့ကနေ သွားနေတာပဲ
ဒါနဲ့ အရှေ့က ကျောပေးလျှောက်နေတဲ့ သူ့ကို
ကျွန်တော် ကြည့်ရင်း…လန့်လာလို့ ခပ်ဖြေးဖြေးလျှောက်တော့ ..သူက လည်း ဖြေးဖြေးလျှောက်တော့တယ်
ကျွန်တော်မြန်လာရင်သူက လိုက်မြန်တယ်
ကျွန်တော်ရပ်လိုက်တော့ သူကပါရပ်သွားရော…..
ကျွန်တော်အဲဒီ့ အချိန်မှာ…..
ခေါင်းမွှေးအကုန်ထောင်သွားပြီ….
ဒါတစ်ခုခုပဲ ဆိုပြီးသေချာကြည့်တော့ ….
ခုနဟိုးနောက်မှာပြေးလာနေတဲ့ အကျီအနီနဲ့ လူက
သူဖြစ်နေတာ ကျွန်အတော်လေးကြောက်ပြီး
လန့်ဖျပ်သွားတော့တယ်
အကျီ အနီ ဘောင်းဘီ နက်ပြာလိုလို အမဲ လိုလိုနဲ့
သူ့ကိုကြည့်ပြီး
ကျွန်တော် ဘာလုပ်ရမှန်းလဲ မသိတော့ဘူး
လမ်းကြားမှောင်မှောင်ထဲမှာ အရှေ့ကသူရော အနောက်က ကျွန်တော်ပါ ရပ်နေမိကြတယ်….
နောက်ပြန်လှည့်ပြေးရအောင်လဲ
လမ်းကြားကအကွေ့နဲ့ အနောက်က
ထွက်ပေါက်ကိုလှန်းမမြင်ရတော့
ကျွန်တော်အရမ်းကြောက်တယ်… ပြန်လည်းမလှည့်ရဲပြန်ဘူး
အဲဒီအချိန် ..အရှေ့က အဲ့ လူက
နောက်က ကျွန်တော့်ကို
ဖျက်ကနဲ လှည့်ကြည့်ပြီးရီပြတယ်
ကျွန်တော်ရုတ်တရက် လန့်ပြီး…အမလေးးးးးးး ဆိုပြီး ထအော်မိတာ အသံကိုမှ အကျယ်ကြီးပဲ
ဘယ်ဟုတ်မလဲ အဲ့ဒီ့လူက သန့်ဇင် ဖြစ်နေတာ…..
ကျွန်တော်ကလည်း …..
အော်ဒီသန့်ဇင်ဆိုတဲ့အကောင် တော်တော်
စောက်ကျင့်မကောင်းတဲ့ကောင်…ငါ့ကိုလန့်အောင်တမင် လာစနေတယ်ဆိုပြီး တွေးနေတုန်း အနောက်က….ခြေသံ ကြားလို့လှည့်ကြည့် လိုက်တော့ ….
သားအမိနှစ်ယောက် လာနေတာ…
ကိုယ်ကလည်း …သူတို့ကိုပိတ်ပြီးရပ်မိနေသလိုဖြစ်နေတော့ အန်တီ ကန်တော့်နော် လို့ ပြောပီး လမ်းဘေးကပ် သူတို့ကို …အရင်သွားခိုင်းလိုက်တာပေါ့ ဒါပေမယ့် ခုနအရှေ့မှာရပ်နေတဲ့ သန့်ဇင်တော့ အဲ့နေရာမှာမရှိတော့ဘူး
ဒါနဲ့ သားအမိနှစ်ယောက်အနောက်ကနေ ..
လိုက်သွားပြီး လမ်းကြားကထွက် လမ်းမကိုရောက်သွားမှ စိတ်အတော်လေးအေးသွားရတယ်
အပြင်ရောက်တော့ ကျွန်တော် သန့်ဇင်ကို
ဟိုအကောင် သူတောင်းစား ဘယ်ရောက်သွားလဲ ဆိုပြီးရှာနေမိသေးတာ
ဒီလိုနဲ့ ကျွန်တော် ..လမ်းမအတိုင်းလျှောက်လာနေရင်း …
သန့်ဇင် တို့ အိမ်နားရောက်တော့ …သန့်ဇင်အိမ်ရှေ့မှာ
ကလက်ဖျင်းကြီးထိုးလို့ ထိုင်ခုံတွေနဲ့
လူတွေထိုင်စကားပြောနေတာကို
ကျွန်တော်တွေ့လိုက်တယ်
ဟင် ဘယ်သူ ဘာဖြစ်တာလဲ ဆိုပြီးစိတ်ထဲ
တစ်မျိုးတော့ဖြစ်သွားတယ်
အဲ့လိုနဲ့ ကျွန်တော်လဲ အဲ့ရှေ့အရောက်….
ကျောက်သင်ပုန်းအမဲမှာ ရေးထားတဲ့ စာကို ဖတ်လိုက်တော့
ကျွန်တော်မြင်လိုက်ရတဲ့ အရာက …
“ကွယ်လွန်သူ မောင်သန့်ဇင်” တဲ့
ဘုရားဘုရား….ကျွန်တော်
အဲ့ ကျောက်သင်ပုန်းကြီးက စာကိုမြင်ပြီး….
တော်တော်လေး ကြက်သီးထသွားတယ်
ကျွန်တော်ကြောင်ပြီး ရပ်ကြည့်နေရာကနေ
သတိပြန်ဝင်လာပြီး
ကျွန်တော် အိမ်ကို အားကုန် ပြေးလာတော့တယ်
စိတ်ထဲလည်း ဘားမှ မသိတော့ဘူး
ကျွန်တော် အသဲအသန် ပြေးနေရင်း….
အနောက်ကို လှည့်ကြည့်တော့
ဟိုးးးးးနောက်မှာ အားကုန်ပြေးလိုက်လာတာ…
သန့်ဇင်ကြီး အကျီအနီရောင်ကြီးနဲ့
ဘုရားဘုရား…..
ကျွန်တော် ရူးမလိုဖြစ်သွားပြီး
နောက်ထပ် အားတင်းပြေးလာရတယ်
အနောက်က ခြေသံ ကြီးက တဖြည်းဖြည်း
နီးလာလေလေ
ကျွန်တော်အားကုန်ထုတ် ပြေးလေလေပဲ….
ဒီလိုနဲ့ ….ကျွန်တော့်အိမ် လမ်းထဲ ရောက်တော့
အိမ်ပေါ်ကို ဘာမှမပြောနိုင်ပဲ ပြေးတက်ပြီး
အရူးတစ်ယောက်လို ပေးပေး ရေမန်း ပေးပါ ရေမန်း
ပေးပါဆိုပြီး….
အမောဆို့မတတ် ကြောက်လန့်ပြီး….ရေမန်းတွေသောက်ချလိုက်တယ်
ချွေးတွေကထွက်….ကတုံကရင်တွေဖြစ်ပြီး
အဲ့နေည အပြင်းဖျားပါတော့တယ်……
ကျွန်တော် သန့်ဇင် ပုံရိပ်ကြီးကို အခုထိ မြင်ယောင်မိနေတုန်းပဲ
၃..၄ ရက်လောက်နေမှ ရပ်ကွက်ထဲလိုက်
မေးကြည့်မိတယ်…သန့်ဇင် ဘာလို့ ဆုံးသွားတာလဲ ပေါ့
အကုန်လုံးကလည်း မသိဘူးတဲ့ အကောင်းကြီးကနေ ကျပ်တယ် ကျပ်တယ် ဆိုပြီး ဆုံးသွားတာပဲ တဲ့
ကျွန်တော်လည်း ဒီနေ့အထိ သူ့အိမ်ရှေ့ကို ရှောင်ပါတယ်
အဲ့လမ်းကြားကိုရှောင်ပါတယ်
ကျွန်တော် ခုချိန်ထိ မသွားရဲ တော့ပါဘူး
ဘဝမှရူးမတတ်ပြေးခဲ့ရတဲ့…..နေ့ပါပဲ
ခုအသက်အရွယ်ရောက်တော့ စဥ်းစားမိတာ
ကိုယ်တကယ်မချစ်ရင်
ကိုယ့်အတွက် မလိုအပ်ရင်
ထိုလူကိုအသုံးမချပါနဲ့
တစ်ချို့က အစွဲ သိပ်ကြီးပါတယ်
ဒီကိစ္စကျွန်တော်သူငယ်ချင်းတွေပြောပြတော့
သူတို့တွေလည်း လန့်ဖျပ်ကုန်ကြတယ်
ဝင်းဇော်ကတော့ အကြောက်ဆုံးဖြစ်နေတာပေါ့
အာကာနဲ့ သူက မိတ်ဆက်ပေးခဲ့တာကိုး
အခုတော့ သူတို့တွေ လည်း
ဘယ်တွေရောက်ကုန်ကြပြီလည်း မသိတော့ဘူး
တစ်ချို့ ကျွန်တော့် သူငယ်ချင်းတွေဆို ကလေးတွေတောင် ရနေကြပြီလေ……
ဒါကလည်း ကျွန်တော့် Story တွေထဲ က အမှတ်တရတစ်ခုပါ
နဲနဲကြာလာတော့ သန့်ဇင်အစ်မပြန်ပြောပြတာ
သန့်ဇင်မဆုံးခင်က သန့်ဇင်ကို ကောင်လေး၂ယောက်လာတွေ့ကြတယ်တဲ့
တစ်ယောက်က ဖော်ရိန်နာရုပ်လေးတဲ့
ကျွန်တော့်အထင်ကတော့ အာကာက နောက်ရည်းစားအသစ်နဲ့ သန့်ဇင်အိမ်အထိလာပြီး သန့်ဇင်ကို
စိတ်ဒုက္ခလာပေးသွားတယ်ထင်တာပဲ…သန့်ဇင်ဘာကြောင့်ကျပ်ပြီးဆုံးသွားလည်းကိုတော့ သူ့အစ်မကမပြောပြဘူး
ပြီးတော့ သူဘာကြောင့် ကျွန်တော့်ကို ခြောက်လှန့်ခဲ့တာလည်း ဆိုတာလည်း နားမလည်ခဲ့ဘူး ကျွန်တော့်စိတ်ထဲတော့
ကျွန်တော် သူ့ကို ၆သိန်း မချေးမိလိုက်လို့များလို့တော့
တွေးနေမိပါတော့သည်။
ရဲထွန်း