အနီရောင်ဖိနပ်ကလေး(စ\ဆုံး)
—————————–
ညနေခင်းအလှမှာ သာယာ၍ပြည့်စုံလွန်းလှ၏။..
.ဝင်တော့မည့်နေလုံးကြီးအရောင်ဖြင့် ကောင်းကင်သည် ပုဇွန်ဆီရောင်သန်းနေလျှက် တိမ်စိုင်တိမ်ခဲများသည် မိမိစိတ်ကူးထဲ ပုံဖော်သလို ငါးပုံ ယုန်ပုံ အစရှိသဖြင့်
စိတ်ထင်သလို ရေးဆွဲနေနိုင်ကာ အိပ်တန်းဝင် ငှက်တစ်အုပ် မိမိဌာနေဆီ
မိုးမချုပ်မှီ အရောက်ပျံနေသော မြင်ကွင်းကိုပါ ထပ်မံဖြည့်စွက်ပါက ညနေခင်းသည် ရူမငြီးနိုင်သော မြင်ကွင်း
တစ်ခုအဖြစ် ရှိနေသည်။
ကျွန်တော်ကား ညနေခင်းအလှကို သစ်သားတံတားအိုလေးတစ်ခုအလယ်မှ
မျက်တောင်မခပ်စတမ်းရပ်တန့် ငေးကြည့်နေချိန်မှာအတော်ပင်ကြာပြီဖြစ်သည်။
ကျွန်တော်အနေနဲ့ မွေးရပ်မြေ နယ်မြို့လေးဖြစ်တဲ့ တောင်သာ မြို့လေးကို မရောက်ဖြစ်ခဲ့တာ အတော်ကြာခဲ့ပြီဖြစ်ပါသည်။
မရောက်ဖြစ်ဆို ၁၀ နှစ်နီးပါးခန့်ပင်ရှိမည်ဖြစ်ပါသည်။
ကျွန်တော်အသက် ၁၈ နှစ်အရွယ်ကတည်းက တမိသားစုလုံး ရန်ကုန်ကို ပြောင်းရွေ့ခဲ့ကြသည်မဟုတ်လား…။
ဒါပေမယ့်
ကျွန်တော်စိတ်အစဉ်မှာ ကျွန်တော်မြို့လေးကို တနေ့မပြတ်သတိတရ ရှိနေသည်။
လာချင်ခဲ့သည် ဒါပေမယ့် ကျောင်းပြီး
လုပ်ငန်းခွင်တန်းဝင်ခဲ့ရတာမို့ စိတ်ကလာချင်ခဲ့ပေမယ့် လူကရောက်မလာခဲ့နိုင်ပေ…။
အခုတော့ ကျွန်တော် ရောက်ခဲ့ပြီ
နွေရာသီ ခွင့်ရက်ရှည်နဲ့အတူ ကျွန်တော်လွမ်း၍ အိပ်မက်ထဲ အထိ ထည့်မက်ခဲ့ရသော ကျွန်တော်မြို့လေးကို
ရောက်ခဲ့ချေပြီ….။
ငယ်သူငယ်ချင်းများကားကျွန်တော်ရောက်လာခြင်းအတွက်အထူးတလည် ဝမ်းမြောက်ဝမ်းသာ ဖြစ်ကြသလို ကျွန်တော်စိတ်ဟာလည်း တဖန်ပြန်လည်
နုငယ်တဲ့ ဆယ်ကျော်သက်အရွယ် ကိုပြန်ရောက်သွားသလို ခံစားရနေမိသည်။
ဦးလေးတစ်ယောက်အိမ်မှာတည်းခိုရင်း
ကျွန်တော် မြို့ရောက်ရောက်ခြင်း အလာချင်ဆုံးနေရာဖြစ်သော ဒီနေရာလေးကို ဘယ်သူကိုမှ အဖော်မခေါ်ခဲ့ပဲ ဆိုင်ကယ်တစီးဖြင့် တယောက်တည်း ထွက်လာခဲ့ခြင်းပင်ဖြစ်သည်။
ဒီနေရာလေးသည် မြို့နဲ့အတန်ငယ်လှမ်းကာ လယ်ကွင်းပြင်ကြီးများမြက်ရိုင်းလွင်ပြင်ကြီးများဖြင့် တောထနေကာ တနေရာတွင် အတန်အသင့်ကျယ်သော ချောင်းလေးတစ်ချောင်းရှိနေပြီး ထိုချောင်းလေးအားဖြတ်ကာ သစ်သားတံတားလေးတစင်းဖြတ်ထိုးထားသည်။
တချိန်က တဖက်မှ ရွာငယ်လေးများသို့ သွားရန်ဆောင်လုပ်ခဲ့ကြတာဖြစ်ပေမယ့်
ခုတော့တဖက် ရွာငယ်လေးများနေရာတွင်
မြို့သစ်စီမံကိန်းဖြင့် တိုက်တာကြီးများပေါ်ထွန်းနေခဲ့ပြီဖြစ်သည်။
တဖက်ကမ်းနဲ့ ဆက်သွယ်ဖို့ လမ်းကြောတည့်တဲ့နေရာကားလမ်းကလည်းဖောက်လိုက်တာကြောင့် ခုတော့ တံတားလေးရှိရာလမ်းကို လူသွားလူလာ
မလုပ်ကြသည်မှာအတော်ပင်ကြာဟန်တူသည် လမ်းမယ်မယ်ရရပင်မရှိချင်…။
တံတားနားအရောက်မြက်ရိုင်းတောစပ်မှာ
စက်ဘီးရပ်ခဲ့ပြီး တံတားပေါ် ကျွန်တော်တက်လာခဲ့မိသည်။
ဒီတတံလေးသည် ကျွန်တော်တို့ ငယ်စဉ်က ကျောင်းပြေးစဉ် စတည်းချခဲ့သောနေရာ နောက်ချောင်းရေထဲတဝကြီး ချိုးကြရင်း
အိမ်ပြန်ရောက်ချိန် မျက်လုံးများရေချိုးလာ၍ ကျောင်းပြေးရေချိုးလာမှန်းသိ၍ အမေဆီအရိုက်ခံခဲ့ရသော အကြိမ်ပေါာင်းသည်လည်း မရေတွက်နိုင်တော့…..
ငယ်ဘဝ၏ အမှတ်တရတခုအဖြစ် ဒီနေရာလေးသည် တစိတ်တပိုင်းနှလုံးသားထဲကိန်းဝင်အောင်းနေမိသည်။
ခုကျွန်တော် ရောက်လာခဲ့ပြီ…။
တံတားလေးသည်လည်း အိုမင်းခဲ့ချေပြီ
အသုံးပြု သူမရှိလို့ ပစ်ထားကြဟန်တူသည်။
ကြမ်းခင်းပျဉ်များကား ကျိုးသည့်နေရာကကျိုး ပေါက်သည့်နေရာကပေါက်ဖြင့်ရှိနေသည်။
တံတားတိုင်ကြီးများကတော့သစ်လုံးတိုင်ကြီးများမို့ ခိုင်ခန့်မူရှိနေဆဲ….
ကျွန်တော် တံတားအလယ်လောက်အရောက်မှာရပ်လိုက်ပြီး
တံတားပေါ်မှ တိုက်ခပ်လာတဲ့ လေနူအေးလေးကို အားပါတရအဆုတ်ထဲထိရောက်အောင်ရူရိူက်လိုက်ရင်း ညနေခင်းအလှကိုတဝကြီးငေးနေမိတော့သည်။
ကျွန်တော် ဘယ်လောက်တောင်အတွေးကောင်းနေသည်မသိ ကျွန်တော်အသိဝင်လာချိန်
အလင်းရောင်ပျောက်ကာ အမှောင်ပင်ချည်းနင်းဝင်ရောက်စပြုနေပြီဖြစ်သည်။
တော်သေး ကောင်းကင်ကလမင်းကြီးကပြည့်ဝိုင်းစထွက်ပြူ စပြု နေချေပြီ ဒီလမ်းခရီးက မသွားလာတာကြာပေမယ့် ကျွန်တော်စိတ်ထဲရင်းနှီးနေတာမို့ ကြောက်စိတ် စိုးရိမ်စိတ်ကားမဖြစ်မိချေ ..။
“အဟင့်…အဟင့်….အဟင့်…..
“ဟင်”
ကျွန်တော်အံ့အြသင့်သွားမိသည် ကျွန်တော်ကျောအခိုင်းနောက်ဖက်ဆီမှ
တီးတို့ကြိတ်၍ ရိူက်သံ သဲ့သဲ့ ထွက်ပေါ်လာခြင်းကြောင့်ပင်ဖြစ်သည်။
ရုတ်တရက် ရိူက်သံ ကြားလိုက်ရခြင်းအတွက်
ကြက်သီးများဖြန်းခနဲထလျှက် ကျောစိမ့်သွားမိသည်။
“ဟာ….”
ကျွန်တော်အံ့အြကာ ပါးစပ်အဟောင်းသားပင်ဖြစ်သွားမိသည်။
ကျွန်တော်ရပ်နေရာ ဖက်နဲ့ ခပ်လှမ်းလှမ်း
တံတားဘေးတဖက်တွင် အဖြူ ရောင်ဝတ်စုံရှည်ဖြင့် မိန်းခလေးတယောက်သည် ဒူးထောက်ထိုင်လျက် ဒူးပေါ်ခေါင်းတင်ကာ
ခန္ဓာကိုယ်လေး တသိမ့်သိမ့်တုန်ခါနေအောင်ရိူက်ငိုနေခြင်းကြောင့်ပင်ဖြစ်သည်။
အစကဒီနေရာလေးတွင် ကျွန်တော်တစ်ယောက်တည်းသာရှိသည်ဟုထင်ခဲ့မိသည်။
ခုတော့ ကျွန်တော်အပြင် တခြားတခြားမိန်းခလေးတယောက်ကပါ ဘယ်အချိန်ကရောက်နေမှန်းမသိ
ကျွန်တော်ရင်ထဲ ကြောက်စိတ်အစား
စူးစမ်းချင်စိတ်များဖြစ်ပေါ်လာမိသည်။
ထို့ကြောင့်ပင်ပြန်ရန်ပြုနေသော ခြေလှမ်းများသည် သူမရှိရာနေရာလေးဆီသို့ ဦးတည်လျှောက်လှမ်းလိုက်မိတော့သည်။
တဖြည်းဖြည်း ထိန်လင်းလာသော လရောင်သည် မိန်းမပျိုလေးအပေါ်ဖြာကျနေလျှက်ရှိကာ ကေသာပိတုန်ရောင်ပျော့ပျော့လေးများသည် ခေါင်းငုံထားခြင်းအတွက်ရှေ့သို့ ကပိုကယိုလေးကျဆင်းနေလျှက်ဖြင့်ရှိနေသည်။
“ဟိတ်….ဒီမှာ …..”
မိန်းမပျိုလေးသည် ကျွန်တော်ခေါ်သံကြောင့် တသိမ့်သိမ့် ရိူက်ခါနေသောခန္ဓာကိုယ်လေးသည်ဆတ်ခနဲတန့်သွားရင်း …ငုံထားသောခေါင်းအားဆတ်ခနဲမော့ခါ ကျွန်တော်ဆီပြန်ကြည့်လာပါသည်။
“ဟာ…..”
ကျွန်တော်ရင်ခုန်သံများသည် တငြိမ့်ငြိမ့်ဖြင့် ပျားရည်မြစ်တစင်းစီးဆင်းသွားသလို အမည်ဖော်ပြရန်ခက်ခဲသော ခံစားမူသည်
နှလုံးသားတွင် ငလျှင်တခုအလားဖြတ်ပြေးသွားသလားဟုပင်ထင်မှတ်ရသည်။
လှလိုက်သည့်မျက်နှာလေး ကပိုကရိုဆံနွယ်လေးများသည်ဖြူ ဖွေးသော မျက်နှာလေးပေါ် တချို့တဝက် ဖုံးကွယ်နေသလို ငိုထားဟန်တူသော မျက်လုံးကလေးမှမျက်ရည်စများသည် လရောင်ဖြင့်ထိတွေ့သောအခါ ငွေရောင်လေးလက်ထနေသည်။
အသက်အားဖြင့် ၁၈ အရွယ်ခန့်မျကောင်မလေးတစ်ယောက်ပင်ဖြစ်သည်။
“ဒီမှာ …မိုးချုပ်နေပြီ မင်းတယောက်တည်း ဘာလုပ်နေတာလဲ..”
“ဟိတ်…
အို…အေမ့
ရှင်…ရှင်…
ဆောရီး.. ..
အဖြစ်အပျက်ကား လျှင်မြန်စွာဖြင့် ဆက်တိုက်ဖြစ်ပေါ်လာတော့သည်။
ကျွန်တော် ခေါ်သံနောက်တကြိမ်ကြောင့် ကောင်မလေးသည် ခုမှ သတိဝင်သွားဟန်ဖြင့် ရုတ်တရက်ထအပြေးတွင်သူမလက်အား
ဆတ်ခနဲ ကျွန်တော် လှမ်းအဆွဲတွင် မိန်းမပျိုလေးသည် ခြေလှမ်းပျက်ကာ ကျွန်တော်ဖက်လဲပြိုလာလျှက် သူမခန္ဓာကိုယ်လေးသည်ကျွန်တော် ရင်ခွင်အတွင်း မမျော်လင့်ပဲ ရောက်လာတော့သည်။
ချို အီထုံမွေးသော မွေးရနံ့ အိစက်နူအိသောအထိအတွေ့ကြောင့် ကျွန်တော် နှစ်လုံးခုန်သံသည် ဗြောင်းဆန်ကုန်ပြီလားထင်မှတ်ရသည်။
မိန်းမပျိုလေးကားရှက်လန့်တကြားအော်သံလေးပြုရင်း ရုန်းဖယ်ကာ ကျွန်တော်ရင်ခွင်ထဲမှထွက်လိုက်ရင်း ကျွန်တော်အား တချက် စိမ်းစိမ်းကြီးစိုက်ကြည့် ကျွန်တော်နဲ့ဆန့်ကျင်ဖက်တဖက်သို့ ပြေးသွားမှ ကျွန်တော် ခုမှ ဟင်း ခနဲသက်ပြင်းချလိုက်မိသည်။
ကျွန်တော်စိတ်အတွင်းသူမကျွန်တော်ရှေ့မှ ပျောက်ကွယ်အသွားတွင် အမြတ်တနိူးတန်ဖိုးထားရသော ပစ္စည်းတခုအားဆုံးရူံးပျောက်ကွယ် သွားသလို ခံစားလိုက်မိရသည်။
ခနတာမျ သူမထွက်သွားရာဖက်ကြောင်ငေးကြည့်နေမိရင်းခုမှပြန်ရန်အလုပ်…
တံတားဘေးအောက်ခြေဘောင်လေးတွင်တွင်တင်ထားသော ဖိနပ်လေးတရံအားတွေ့လိုက်ရသည်။
သူမဖိနပ်ကလေးပင်ဖြစ်ရမည်ကတိုက်ကရိုက်ထွက်ပြေးသွားခြင်းကြောင့် ဖိနပ်မေ့ကျန်ခဲ့ပုံရသည်။
ထို့အတွက်ကြောင့်ပင်ဖိနပ်လေးအားကျွန်တော် လှမ်းကောက်ယူလိုက်မိသည်။
ကတ္တီပါဖိနပ်အနီရောင်ကလေးတရံပင်ဖြစ်သည် အသစ်အတိုင်းပင်ရှိနေသေးသည်။
လှပသော သူမခြေထောက် နုနုလေးပေါ်တွင် စီးနင်းခံရသည့် ကတ္တီပါ ဖိနပ်လေးအား ကျွန်တော် ကောက်ယူလိုက်ရင်း နက်ဖြန်တခေါက်သူမအားလာစောင့်ရင်းပေးဖို့ ဆုံးဖြတ်လိုက်မိသည်။
အိမ်ပြန်ရောက်တော့ မိုးပင်အတော်ချုပ်နေပြီ ဦးလေးတို့မိသားစုကတော့ စားသောက်ပြီးကာ တီဗွီရှေ့တွင် စုရုံးကြည့်နေကြပြီဖြစ်သည်။
ကျွန်တော်နောက်ကျခြင်းအတွက်ကားဘာမှတော့မမေး အကြောင်းကားကျွန်တော် သူငယ်ချင်းများနဲ့ ကျွန်တော် မတွေ့သည်မှာကြာနေပြီမို့ သူတို့ထံလည်ပတ်နေ၍ နောက်ကျနေသည်ဟုထင်မြင်ကြ၍ ဖြစ်မည်။
ရေမိုးချိုးလိုက်ရင်း ဦးလေးမိန်းမ ပြင်ဆင်ကာထားသော ညစာအားစားကာ
သူတို့ မိသားစုနဲ့အတူ ခနတဖြုတ် တီဗွီရှေ့ သွားထိုင်ကြည့်ရင်း အိပ်ယာဝင်လာခဲ့မိတော့သည်။
အိပ်ရပေါ် လဲလျှောင်းနေရပေမယ့် ကျွန်တော် အိပ်ချင်စိတ်မရှိ ကျွန်တော့် အတွေးအာရုံတခုလုံးသည် တံတားပေါ်တွင် တွေ့ခဲ့ရသော ကောင်မလေးမျက်နှာသာ မြင်နေလျှက်ရှိသည်။
အချိန်ခနလေးအတွင်းသည် အချစ် တခုမွေးဖွားရန်လုံလောက် မလုံလောက်
ကျွန်တော်မသိပေမယ့် ကျွန်တော် သူမကို အချိန်တိုလေးအတွင်း သတိရ စွဲလမ်းနေမိသည်။
ဒါကို အချစ်ဟု ခေါင်းစဉ်တတ်လျှင် ကျွန်တော် သူမကို ချစ်မိနေသည်မှာ သေချာခဲ့ချေပြီ….။
ဖိနပ်နီလေးသည်ကား ကျွန်တော့်အခန်းထောင့်တွင်နေရယူလျက် ချိုမြမွေးအီသော ကိုယ်သင်းရနံ့လေးသည် ကျွန်တော့ နှာခေါင်းတွင် ခုထိ ရရှိနေတုန်း….
အိပ်ယာပေါ် အတွေးများဖြင့် လူးလှိမ့်ရင်း
မနက်လင်းခါနီးမှ ကျွန်တော် အိပ်ပျော်သွားခဲ့မိသည်။
အိပ်ပျော်ချိန်ကျ သူမသည် ကျွန်တော် အိပ်မက်ထဲရောက်လာခဲ့သေးသည်။
အနီရောင်ကတ္တီပါ ဖိနပ်ကလေးစီးကာ လှပစွာပြုံးနေလျှက်…….
နောက်တနေ့ နေမြင့်မှ ကျွန်တော် အိပ်ယာမှနိူးခဲ့သည်။
ရေမိုးချိုး မနက်စာစားရင်း မတွေ့တာကြာပြီဖြစ်ခဲ့သော သူငယ်ချင်းများထံရောက်ခဲ့သည်။
သူငယ်ချင်းများကား အားလုံးအိမ်ထောင်ရက်သားကျကာ ကိုယ်စီအိမ်ထောင်မူ တာဝန်များဖြင့် ရုန်းကန်လူပ်ရှားနေကြပြီဖြစ်သည်။
ကျွန်တော်သာခုထိချစ်သူမရှိယောင်ချာချာ
ဖြင့်ရှိနေဆဲ…သူငယ်ချင်းများထံလည်ပတ်
ဆွေမျိုးများအိမ်သို့ လည်ပတ်ရင်းနေလည်စာကို အမျိုးတစ်ယောက်အိမ်မှာစားသောက်လိုက်သည်။
ညနေစောင်းမှ အိမ်ပြန်လာရင်း ရေကမန်းကတန်းချိုးကာ ကျွန်တော် တံတားဖက် စက်ဘီးနင်းရင်းထွက်လာခဲ့သည်။
စက်ဘီးကို တံတားဘေး မြက်ခင်းပြင်တနေရာတွင် ရပ်လိုက်ရင်း တံတားပေါ်တက်ကာ သူမအားရှာဖွေလိုက်မိသည် ကျွန်တော်ရင်သည် ဟာ ခနဲဖြစ်သွားခဲ့ မိသည်။
တံတားပေါ်တွင်ဘယ်သူမှရှိမနေ….
ကျွန်တော် စိတ်ပျက်လက်ပျက်ဖြင့် တံတားအလယ်ပေါ်ရောက်အောင်လျောက်ရင်း ညနေခင်းအလှကို ငေးကြည့်နေမိသည် ယခုတကြိမ်ညနေခင်း အလှသည် ကျွန်တော်အားမဆွဲဆောင်နိုင်တော့ပေ…။
ကျွန်တော်စိတ်သည် သူမကိုသာပြင်းပြင်းထန်ထန်သတိရနေမိသည်။
“ဟင်”
ကျွန်တော် အတွေးရေယာဉ်ကြောတွင်မြောနေခိုက်တွင် ကျွန်တော်နှာခေါင်းဝသို့ မနေ့ညကခနတာ ရူရိူက်ခွင့်ရခဲ့သော်လည်း တစ်ဘစာ ရင်းနှီးကျွမ်းဝင်မိစေခဲ့သော ရနံလေးတိုးဝင်လာသည် သမှောင်ရီဖျိုးတဖျတွင် တံတားပေါ်သို့ တက်လာသော ပုံရိပ်တစ်ခု သူမမှလွဲ၍
တခြားသူဖြစ်စရာ အကြောင်းမရှိနိုင်..။
သူမသည် တံတားပေါ် တက်လာရင်းမနေ့ညက သူမငိုခဲ့သော နေရာလေးတွင်တွေငေးစွာရပ်ရင်း တံတားပေါ်မှတဆင့်ရေပြင်ဖက်သို့ကြည့်ကာ တွေငေးစွာဖြင့်ရပ်နေသည်ကို အစအဆုံးကျွန်တော် မြင်နေရသည်။
ကျွန်တော်စိတ်ညစ်နေမူများသည်ဘယ်ဆီပျောက်ကုန်ပြီမသိ ထိုနေရာတွင် ပျော်ရွင်စိတ်များအစားထိုးဝင်ရောက်လာခဲ့ပြီဖြစ်သည်။
“ဟေ့…ဒီတခါထွက်မပြေးပါနဲ့တော့
ကျွန်တော် လူကောင်းတစ်ယောက်ပါ
မင်းကို ဒုက္ခ ပေးမယ့်သူ မဟုတ်ပါဘူး..”
“ဟင်…ရှင်…ရှင်….”
.”မနေ့ညကတွေ့တဲ့သူက ကိုပါ
ကိုမင်းနဲ့ မိတ်ဆွေ ဖြစ်ပါရစေ..”
သူမအနီးကပ်သွားကာ ပြောလိုက်သော ကျွန်တော်စကားကြောင့်အစပထမတွင် သူမအံ့အြထိတ်လန့်သွားဟန်ရှိသော်လည်း ပြေးရန် စိတ်ကူးရှိဟန်မတူပဲ တွေတွေ ကြီးရပ်လျှက်ရှိနေသည်။
အဝေးဆီမှလမင်းကြီးသည် ပြည့်ဝိုင်းစွာထွက်ပြူ လာခဲ့ပြီ ဖြစ်သည်။
ယနေ့သည်ကားလပြည့် ညဖြစ်ဟန်တူသည်။
သူမသည် ယနေ့တွင် အပြာရောင် လက်ရှည်အင်ကျီလေးကို ထမီဖြင့် တွဲဖက်ဝတ်ဆင်လာလျှက် ပျော့နွဲ့နွဲ့ ဆံပင်လေးများအား ထုံးဖွဲ့ စည်းနှောင်ထားခြင်းမရှိပဲ ကျောပေါ်တွငိဖြန့်ချ ထားခြင်းအတွက် မျက်နှာ အပြည့်အဝကို ကျွန်တော် ခုမှ မြင်ရတော့သည်။
လှပပြီး အပြစ်ကင်းသော မျက်နှာလေးသည် လရောင်အောက်တွင်ရင်ခုန်တိမ်းမူးဖွယ်ကောင်းလွန်းလှတော့သည်။
“အို…”
ကျွန်တော်စိုက်ကြည့်နေမူများကြောင့် ရှက်လန့်သံတိုးတိုးပြုရင်း ရင်းခေါင်းငုံချသွားတော့မှ ကျွန်တော်အကြည့်လွန်သွားမှန်းသတိရလိုက်မိသည်။
“ကျွန်တော် နာမည် နောင်ရိုးပါ
ဒီက ညီမနာမည်…”
” သမီးနာမည်.ဇင်မွန် လို့ခေါ်ပါတယ်…ဦး…”
ကောင်မလေးကား အနည်းငယ်ရှက်ကြောက်နေသံဖြင့်ပြန်ဖြေသည်။
ကျွန်တော်ကောင်မလေးဘေးဝင်ရပ်ရင်း…….
“ဒါနဲ့ ဇင်မွန် ကတောင်သာကပဲလား
မြို့သစ်ကလား…”
“မြို့သစ်ကပါ ဦး….
ဦးကရော….”
“ဦးကအရင်ကတော့ တောင်သာမြို့သားပေါ့ ခုတော့မဟုတ်တော့ဘူး ဧည့်သည်ပေါ့…”
“ဟမ်…ဦး စကားကြီးကလည်း…”
“အော်ဒီလိုအရင်က တောင်သာမှာနေတာလေ ခုမိသားစုတွေရန်ကုန်ပြောင်းသွားကြပြီ
ခုအလည်လာတာပေါ့…..”
“အော်အဲလိုလား ဦးကဘာလုပ်တာလဲ
အလုပ်က …စပ်စုတတ်တယ်နော် သမီးက…”
“ရုံးတရုံးမှာ စာရေးဆိုပါတော့ ဒါနက် ဇင်မွန်ကရော ဘာလုပ်တာလဲ…”
“ဇင်ကလား အလုပ်မရှိ မိဘလုပ်စာ
ထိုင်စား…”
ဇင်မွန်ကားတကယ်တမ်းစကားပြောကြည့်မှ သွက်လက်ချက်ခြာသူလေးတစ်ယောက်မှန်းသိလိုက်ရသည်။
“ဇင်မွန် မနေ့ညက ဒီမှာဘာလို့ လာငိုနေတာလဲ ဘာတွေ ဝမ်းနည်းစရာတွေရှိလို့လဲ…ဇင်မွန်ရေ…”
သူမမျက်နှာလေး ကွက်ခနဲ ပျက်သွားသည်ကိုတွေ့လိုက်ရမိသည်။
” ကိုယ့်ဘဝကို ဝမ်းနည်းလို့ပါ ဦးရေ…
…..ဒါနဲ့ ဦးက ဒီနေရာကို သိနေတယ်ပေါ့…”
“သိပါ့ ဇင်မွန် ရေဒီနေရာလေးကို ဦးချစ်တယ် ဒီနေရာလေးမှာ ဦးအတွက်ငယ်ဘဝအမှတ်တရတွေ အများကြီး ဒါနဲ့ ဇင်မွန်ကရော ဒီနေရာလေးကို ချစ်လား….”
ဇင်မွန်မျက်နှာလေးသည် ကျွန်တော့်အမေးစကားကြောင့်ရုတ်ချည်းခက်ထန်သွားကာ အံ့ကြိတ်လိုက်သည်ကို
တွေ့လိုက်ရသည်။
ကျွန်တော်အမေးစကားသည်သူမအတွက်
စိတ်အနှောင့်အယှက်ဖြစ်စေရော့လား….
“မုန်းတယ်…….မုန်းတယ်…ဒီနေရာကို မုန်းတယ် …အဟင့်…အဟင့်……အဟင့်….
ဟင်…
သူမကားကျွန်တော်စကားကြောင့် တဟင့်ရိူက်ငိုရင်း မျက်နှာအား လက်ဝါးဖြင့်အုပ်လျှက်နေရာမှ ရုတ်ချည်းထွက်ပြေးသွားပါတော့သည်။
ကျွန်တော်အတွက် သူမသည် ပဟေဠိပေါင်းမြောက်များစွာဖြင့်ကျန်နေရစ်ခဲ့သည်။
သူမ ညအချိန်အဘယ်ကြောင့် တယောက်တည်း လာငိုရသလဲ
သူမငိုကြွေးရလောက်သော အကြောင်းအရာသည် ဒီတံတားလေးနဲ့ မည်သို့ ဆက်စပ်ပတ်သက်နေသနည်း..။
ကျွန်တော်ခနတာမျ သူမထွက်ပြေးရာအရပ်သို့ တွေဝေငေးကြည့်ရင်း အိမ်ပြန်လာခဲ့တော့သည်။
ယနေ့အတွက်တော့ ခါတိုင်းလိုပင် ကျွန်တော်အပေါင်းအသင်း မိတ်ဆွေများထံလည်ပတ်ရင်း ညနေအိမ်ပြန်နောက်ကျ၍ မှောင်ပင်မှောင်နေချေပြီ ရေကမန်းကတန်းချိုးလိုက်ပြီး အဝတ်အစား လဲကာ စက်ဘီးလေးဆွဲကာ အိမ်ပြင်သို့ အထွက်….
“နောက်ရိုး..ဘယ်သွားအုံးမလဲ…
ထမင်းမစားသေးဘူးလား…”
“သူငယ်ချင်း တစ်ယောက်ဆီ ဦးလေးရေ
မဆာသေးလို့ စားနှင့်ကြ ကျွန်တော်ပြန်လာမှပဲ စားတော့မယ်…”
ကျွန်တော် ဦးလေးအမေးအားပြန်ဖြေရင်း
သူမ၏ ဖိနပ်ကလေးကို သတိရလိုက်မိသည် ညကမေ့သွား၍ မပေးဖြစ်လိုက် ထို့ကြောင့် အခန်းဝင်၍ ဖိနပ်တခေါက်ပြန်ယူရင်း စက်ဘီလေး အသော့နင်းကာ တံတားလေးဖက်သို့ ထွက်လာခဲ့သည်။
နောက်ပင်အတော်ကျနေချေပြီ ယခုအချိန်လောက်ဆို သူမပင်ရောက်နေပြီလားမပြောတတ် …
လရောင်ကားထွက်ပေါ်လာခဲ့ပြီဖြစ်၍ ပတ်ဝန်းကျင်အား လင်းရှင်းစွာမြင်နေရပြီဖြစ်သည်။
စက်ဘီးအားတံတားအောက်ခြေ မြက်ရိုင်းတောတွင်ရပ်လိုက်ရင်း…
တံတားပေါ် လှမ်းတက်ကာ သူမရှိနေကျ နေရာလေးအား အရင်လှမ်းကြည့်လိုက်မိသည်။
“ဟာ…ဇင်မွန်….ဇင်မွန် …မလုပ်နဲ့…..ဇင်မွန်…………….”
…………ဗွမ်း……..
“ဟာ….ဇင်မွန်…………..
ကျွန်တော်သူမရှိနေရာ လှမ်းအကြည့်တွင် ကျွန်တော် အူအသည်းဗြောင်းဆန်မျ ထိတ်လန့်ဖွယ်ရာ မြင်ကွင်း တစ်ခုအားတွေ့လိုက်ရသည်။
ထိုအရာကား ဇင်မွန်သည် အဖြူ ရောင်ဝတ်စုံရှည်လေး ဝတ်ရင်း သူမရပ်နေသော နေရာမှ တံတားဘောင်လက်တန်းပေါ်တွင် မတ်တပ်ရပ်ရင်းရေ ထဲသို့ ခုန်ချလိုက်ခြင်းပင်ဖြစ်သည်။
ကျွန်တော် စိုးရိမ်တကြီးအော်ဟစ်တားမြစ်ရင်းလိုက်တားတော့မမှိတော့ပေ ..ကျွန်တော် သူမခုန်ချ ရာနေရာမှ ရေပြင်အားကြည့်လိုက်တော့ ရေပြင်သည် ပကတိ ငြိမ်သက်လျှက်ရှိနေသည်။
ဇင်မွန်ကျွန်တော် မျက်စိရှေ့မှာပင်ခုန်ချလိုက်သည်ကို ကျွန်တော်တွေ့လိုက်ရသည် သို့သော်လည်း ရေပြင်ကားပကတိငြိမ်သက်လျက်သား
ထိုအရာများအား ကျွန်တော်မတွေးအား
ကျွန်တော်ပါ ဇင်မွန်အား အချိန်မှီကယ်ဆယ်ရန် ကျွန်တော်ပါ လိုက်ခုန်ချရန် တံတားဘောင်ပေါ် တက်လိုက်သည်။
ထိုအချိန်……
“နောင်ရိုး….ရေထဲမဆင်းနဲ့….ပြန်ဆင်းလိုက် ……
ကျွန်တော် ဦးလေးနဲ့ တခြားလူသုံးယောက်ခန့် စိုးရိမ်တကြီးပြေးလာကြခြင်းပင်ဖြစ်သည်။
“ဒီမှာဦးလေး ဇင်မွန် ရေထဲခုန်ချသွားလို့ အမြန်လိုက်ကယ်မှရမယ်…ဦးလေး
သူ့အသက် အချိန်မှီဖို့ လိုတယ်….”
“အာ….ဒီကောင်နဲ့တော့ ခက်ပြီ…
မင်းတွေ့ရတာ လူမဟုတ်ဘူးကွ တစ္ဆေခြောက်ခံရတာ တမြန်နှစ်က ဒီတံတားပေါ်က ကောင်မလေးတစ်ယောက် ရေထဲခုန်ချပြီး
သတ်သေသွားဖူးတယ်….”
“ဗျာ….”
“ဟုတ်တယ် နောင်ရိုး ဒီတံတားပေါ်ဘယ်သူမှညဖက်ဖြတ်မလျှောက်ရဲကြဘူး ဒီနေရာမှာ ကောင်မလေးတယောက်ကို ညဖက် ညဖက်တွေ့ရတတ်လို့လေ….”
“ဒါ…ဒါ..ဆို ကျွန်တော်တွေ့ခဲ့ရတဲ့
ဇင်မွန်ဟာ……”
“သေချာတာပေါ့ နောင်ရိုးရေ..
ဘယ်လိုမှ လူမဖြစ်နိုင်ဘူး…
လာပါဆင်းခဲ့ အိမ်ပြန်ရအောင်…
မင်းဒီဖက်ထွက်လာတာတွေ့လိုက်တဲ့တယောက်လာပြောလို့ ငါလိုက်လာတာ
တော်သေးတာပေါ့ ..ငါအချိန်မှီရောက်
လာလို့ မဟုတ်ရင်ဘာတွေဖြစ်လာမလဲ
မပြောတတ်ဘူး…..
အပြန်လမ်းတလျှောက် ကျွန်တော်ဘာမှစကားပြောချင်စိတ်မရှိတော့ ကျွန်တော့်ရင်ထဲတွင် ခံစားမူများသည်
ယူကြု ံးမရ. ဝမ်းနည်းခြင်း ..ကြေကွဲခြင်း ရောသိပ်ပြည့်ကြပ်နေကာ မျက်ရည်များပါးပေါ်သို့ အလိုလိုကျလာတော့၏ ။
ကျွန်တော်လက်နှစ်ဖက်သည် သူမဖိနပ်နီလေးအား ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ထားလျှက်ရှိနေသည်။
ဇင်မွန်အား ကျွန်တော်စိတ်တွင်း သေသွားခဲ့ပြီဟု ဘယ်လိုမှ ထင်မှတ်၍မရ
ခနတာသူမအားထွေးပွေ့မိစဉ်ကရခဲ့သော
ကိုယ်သင်းနံ့ အထိအတွေ့များသည်
သူမအား လူသားတစ်ယောက်ဟု
ကျွန်တော် တပ်အပ်သေချာစွာ စိတ်ထဲထင်နေမိသည်။
ကျွန်တော်ကား အတွေးပေါင်းများစွာဖြင့် မအိပ်နိုင်တော့ပဲ ဆေးလိပ် တစ်လိပ်ပြီးတလိပ် တစ်ညလုံးထိုင်သောက်နေမိတော့သည်။
မနက်ဖြန်ဆိုလျှင်ကျွန်တော်ပြန်ရတော့မည် အစကထပ်နေရန်စိတ်ကူးမိသော်လည်း ကျွန်တော်မပျော်တော့ပေ ကျွန်တော် စိတ်များသည် ဇင်မွန်အားပြင်းပြင်းထန်ထန်သတိရနေမိသည်။
သို့သော်လည်း ယခုအဖြစ်အား အိပ်မက်တစ်ခုအဖြစ်မေ့ပစ်ရပေတော့မည်။
ရေပြင်အားရှပ်ပြေးတိုက်ခပ်လာသောလေပြေသည်ကျွန်တော့်ရင်တွင်းမှပူပင်သောကအားပြေပျောက်နိုင်ခြင်းငှါမစွမ်းသာပေ..။
ကျွန်တော်စိတ်ထဲတွင် ဇင်မွန်မကျွတ်မလွတ် ဖြစ်နေပါကလည်းကြောက်လန့်စိတ်မရှိ
ထိုစိတ်များအစား သူ့အပေါ်သနားစိတ် သာဝင်နေမိသည်။
ထို့ကြောင့်
ကျွန်တော်ပြုခဲ့ဖူးသောကောင်းမူများအား
ဇင်မွန်အားရည်စူးကာ အမျအတန်းပေးဝေလိုက်မိသည်။
ဇင်မွန် တမလွန်မှ သာဓုခေါ်နိုင်ပါစေ…။
ကျွန်တော်အတွက်နောက်ဆုံးဖြတ်စရာ
သံယောဇဉ်တခုကားကျန်နေသေးသည်
ထိုအရာကား……
ကျွန်တော် ကတ္တီပါဖိနပ်နီလေးအား
နောက်ဆုံးတချက်ကြည့်ရင်း ဇင်မွန် ခုန်ချသည်ကိုမြင်ခဲ့ရသောနေရာမှ ရေထဲပစ်ချရန်အလုပ်….
…ဟင်…
ကျွန်တော်ရင်းနှီးဖူးသော ကိုယ်သင်းရနံ့လေး…..
ဇင်မွန်
ကျွန်တော်ထံသို့ အဖြူ ရောင်ဝတ်စုံလေးဖြင့်လျှောက်လာသော ဇင်မွန်အားတွေ့လိုက်ရတော့၏။
ကျွန်တော် မျက်လုံးမှမျက်ရည်များထိန်းချုပ်မူကင်းမဲ့စွာကျဆင်းလာရင်းမှ……။
“ဇင်မွန်ရေ…. ဦး ပြု ခဲ့ဖူးသမျ ကုသိုလ်ကောင်းမူတွေ အတွက်
သာဓုခေါ်လိုက်ပါ ဇင်မွန်ရေ
မင်းကို ဦး..ဒီဘဝနဲ့ မမြင်ပါရစေနဲ့တော့…”
“ခစ် ခစ် ဦး ဇင်မွန်ကဘာကိစ္စသာဓု
ခေါ်ရမှာလဲ ဇင်မွန်က လူပဲဟာ..”
“ဟင်…တကယ်လား ဇင်မွန်
နောက်နေတာ မဟုတ်ပါဘူးနော်..”
ကျွန်တော်အံ့အြမူကားဆိုဖွယ်ရာမရှိတော့ပေ ခုတွေ့နေရသည့် ဇင်မွန်က လူအစစ်ဟု ကျွန်တော်ဘေးတွင်တူယှဉ်ရပ်ကာ
ပြောလာနေသည်။
“ဟုတ်ပ …ဦးရေ လူမှလူအစစ်
ဒီတံတားပေါ်ကခုန်ချ သတ်သေသွားတာက ဇင်မွန်အမွှာ ညီမ ငြိမ်းမွန်လေ….”
“ဟင် ဟုတ်လား ဇင်မွန် ညီမ ငြိမ်းမွန်က
ကံဆိုးပါတယ် ဦးရေ သူကစိတ်ဝေ သူရောဂါဖောက်လာရင်သောင်းကျန်းလွန်းလို့ အခန်းတခုမှာပိတ်ထားရတာ တစ်ည အဲညက
ဇင်မွန်အသံလေးတုန်ရီကာ မျက်ဝန်းတွင်မျက်ရည်စများရစ်သီလာသည်။
ကျွန်တော်ကား တအံ့တအြဖြင့် ဇင်မွန်ပြောလာမည့်ဇတ်လမ်းအား စိတ်ဝင်တစားနားထောင်နေမိသည်။
…ညီမလေးက သူ့ကိုပိတ်ထားတဲ့အခန်းပြတင်းပေါက်ကနေကျော်ပြီး ပျောက်သွားတယ်
အိမ်ကလူတွေ စိတ်ပူပြီး တညလုံးလိုက်ရှာပေမယ့် ဘယ်မှာမှ ရှာလို့ မတွေ့ကြဘူး…..
မနက်မိုးလင်းတော့ ဒီချောင်းမှာ ညီမလေးကို တွေ့ရတော့တာပါပဲ..ဦးရေ…”
“ဒါဆို ဇင်မွန်က တကယ်လူအစစ်ပေါ့နော်
ဝမ်းသာလိုက်တာ ဇင်မွန်ရေ….”
“အို. .အမေ့ .. ဦးလွတ်ပါ….”
ကျွန်တော်ကားခုမှအကြောင်းစုံသိရပြီမို့ ဇင်မွန်ကိုယ်လေးအားတင်းတင်းကြပ်ကြပ်ဝမ်းသာအားရ ပွေ့ဖက်လိုက်တော့သည်။
ဇင်မွန်ကား ကျွန်တော်ရင်ခွင်ထဲတွင် မျက်လုံးလေး အဝိုင်းသားဖြင့် ရုန်းနေရှာသည်။
“ဒီတခါတော့ ဇင်မွန်ကို လွတ်မပေးနိုင်တော့ ဦး မှာလေ အကြောင်းမသိခင်က စိတ်မကောင်းဖြစ်ပြီး ယောက်ကျားကြီးတန်မဲ့ ငိုလိုက်ရတာ
ဦးလေ ဇင်မွန်ကို စတွေ့ တဲ့နေ့ကတည်း
ကချစ်မိသွားတယ် ဇင်မွန်ရေ….
ဦး …ကိုပြန်ချစ်ပါ…”
“လွတ်ပါ… ဦးရယ် ဇင်မွန်မနေတတ်ဘူး..”
“မရဘူး ချစ်တယ်ပြောမှ….
“ဇင်မွန်လေ… ဦးဟိုညက ဦးဖြစ်ပျက်နေပုံတွေ
မြင်ရတော့ စိတ်မကောင်းဘူး ….
ဦး… ဇင်မွန်အပေါ် အဲလောက်တောင်ချစ်လား….”
“ချစ်တာပေါ့ ဇင်မွန်ရေ ဟောဒီမှာကြည့်
ဇင်မွန်စီးတဲ့ ဖိနပ်နီကလေး ခုထိသိမ်းထားတုန်းပဲ…..
ကဲ… ခလေးမ ဖြေတော့ ချစ်လား….”
“လူတယောက်လုံးတောင်ရင်ခွင်ထဲရောက်နေပြီပဲ ဦးရေ ဖြေစရာလိုသေးလို့လား..”
“ဟင့်အင်း… ဇင်မွန်ပါးစပ် ကပြောတာကြားချင်လို့. …”
” ဦးနောင်ရိုးကို ချစ်ပါတယ်တဲ့ ရှင်
ကဲကျေနပ်ပြီလား….”
…အိမ်း ကျေနပ်ပြီ ချစ်သူဖြစ်တဲ့ အထိမ်းအမှတ်အနေနဲ့. …….
ကျွန်တော့ခေါင်းသည် တဖြည်းငုံကျလာကာ ဇင်မွန်ပါးလေးဆီသို………
လမင်းသည် ချစ်စခင်စစုံတွဲ၏ အဖြစ်အဖြစ်ကို ကြည့်ကာ ရှက်အံ့ထင့်
ထိုခနတွင် တိမ်ကြားထဲ ဝင်ပုန်းကွယ်နေလိုက်လေတော့သတည်း။
==========================
[ပြီးပါပြီ]
ချစ်သူတိုင်းပေါင်းဖက်နိုင်ကြပါစေ။
မြူခိုးအလင်္ကာ