အမေ့နားကပ်လေးတစ်ရံ

Posted on

အမေ့နားကပ်လေးတစ်ရံ(စ/ဆုံး)
———————————-

မောင်ကျော်ထင် တစ်ယောက် အလုပ်မှအပြန် ခြေလှမ်းကိုခပ်မှန်မှန်လျှောက်လျှ က် စီးနင်းလာသောလိုင်းကား၏ မွန်းကြပ်မှု ကို ချေ ဖျက်ဘို့ မခို့တရို့တိုက်ခက်နေသော လေနုအေးအား တဝကြီးရှူ ရှို က်ရင်း လက်ထဲမှ ပါဆယ်ဖော့ဘူးလေးအားကြည့်ပြီး အမေဖြစ်သူ၏မျက်နှာကို မြင်ယောင်နေမိသည်။

သြော် အမေ အမေ
ကျွန်တော်တို့မောင်နှမအတွက် သောကတွေကြီးခဲ့ရတဲ့အမေ ဟာ ခုတော့အိမ်မှာတစ်ယောက်တည်း အထီးကျန်နေခဲ့ရတယ်
အမဖြစ်သူက သာသနာ့ဘောင်ထဲမှာ သီလရှင် အဖြစ်ခံယူခဲ့ပြီးပြီမို့ သားဖြစ်သူကျွန်တော့်အတွက် ခုထက်ထိပူပင်နေတက်တုန်းလေ ။

ကျွန်တော်အိမ်ထောင်ကျ ပီး တစ်နှစ်ခွဲအကျော်မှာ သမီးလေးမွေးတော့ အမေဟာ သူ့ရဲ့မြေးဦ လေးမို့လက်ကမချနိုင်ခဲ့
သားသမီးအလှည့်ပြီးပြန်တော့ အမေ့သောကတွေ မြေးမလေးဆီကို ဦ လှည့်ခဲ့ပြန်တယ်။

ထိုသို့အတွေးကောင်းနေခိုက်…
ကျနော့်နားထဲသို့ ခေါ်သံတစ်ခုဝင်လာမှ သတိထားမိလိုက်သည်

ဟာ အမေ့အိမ်နားတောင်ရောက်နေပီ

တစ်ဖက်အိမ်မှ ဦ လေးပု လှမ်းနှု တ်ဆက်မှ.
မောင်ကျော်ထင် ရေ
အမေ့အိမ် အလယ်လာပြန်ပီပေါ့

ဟုတ်တယ် လေးပု ရေ အမေ့ဆီမရောက်တာကြာလို့ဗျာ
အလုပ်ဆင်းချိန်လေး ဝင်လာလိုက်တာ

အိမ်မှာ အမေကော ရှိလားဗျ

အေး ရှိတယ်နဲ့တူပါရဲ့ကွာ အစောကတော့ မင်းအမေ ဆိုင်သိမ်းနေတာတွေ့မိသေးရဲ့

ကျနော် အိမ်ရှေ့ရောက်တော့
အမေ့ အမေ ရေ

ဟာ သားငယ်လေး အလုပ်ကပြန်လာပီလား
သားဘာစားမလည်း အိမ်မှာဒီနေ့သားကြို က်တဲ့ ငါးသလောက်ပေါင်းနဲ့ကင်ပွန်းချဉ်ရွက် အချဉ်ဟင်းလေး ချက်ထားတယ်

ဒီမှာအမေရဲ့
လက်ထဲမှပါဆယ်ထုတ်ကိုမြှောက်ပြရင်း
အမေကြိုက်တက်တဲ့ ထမင်းပေါင်းလေး သားဝယ်လာတာ
အမေ ညနေစာ မစားရသေးဘူးမဟုတ်လား

အတော်ပဲသား
အမေလည်း မစားရသေးဘူး
သားအမိနှစ်ယောက် တစ်ခါတည်းစားလိုက်ရအောင် လာ သား..

သားက မစာသေးပါဘူး အမေ ရယ်
လစာထုတ်ရက်လေးမို့ သား အမေစားစေချင်လို့ ဝယ်လာခဲ့တာ
သားအိမ်ရောက်မှဘဲ စားတော့မယ် အမေ

အမေ့မျက်နှာလေး တစ်ချက်ညှို းငယ်သွားတာ ကျနော်သတိထားလိုက်မိသည် အမေလည်း ကျနော့်အမူယာကို ရိပ်မိတယ်ထင်ပါရဲ့ မျက်နှာကို ချက်ချင်းပြန်ပြင်ရင်း

သြော် အေးပါ သား ရယ်
အဲ့ဒါဆိုလည်း ငါ့သားလေးဝယ်လာတဲ့ ထမင်းပေါင်း အမေစားအုံးမယ်
သားပြန်သွားရင် ဟင်းတွေထည့်သွားအုံး
ငါ့မြေးမလေးကော နေကောင်းရဲ့လား
ငါ့သမီးကော နေကောင်းတယ် မဟုတ်လား
အမေက စားရင်းနှင့် မေးခွန်းတွေတစ်သီကြီး မေးလိုက်သည်။

ကျနော့်ရင်ဘတ်ထဲမှာတော့

အမေ ရယ် အမေ့ကို ကျနော်သိပ်အားနာမိတယ်
ကျနော့်အတွေးထဲမှာလည်း လွန်ခဲ့သော တစ်နှစ်ခန့်ဆီကို ပြန်ရောက်နေမိသည်။

အခန်း(၂)

အမေ ရေ အမေ အမေ့

ဟဲ့ဟဲ့ သားလေး ဘာဖြစ်လာတာလည်း အရေးကြီးသုတ်ပြာနဲ့

အမေ ကျနော့်သမီးလေး ဆေးရုံတင်ရမယ်တဲ့အမေ
ခု သတိလစ်ပီး မေးမရ ခေါ်မရဖြစ်နေလို့ အဲ့ဒါ ပိုက်ဆံလိုနေတယ် ရုံးကလည်း လကုန်ဘို့က လိုသေးတော့ ကြို ငွေထုတ်လို့မရဘူးဖြစ်နေတယ် သားဘယ်မှာမှ ငွေရှာမရလို့

သားရယ်
သွားသွား ငါ့မြေးကိုသာ ဆေးရုံ အရင်ပို့ ပိုက်ဆံက ဘာမှပူမနေနဲ့ အမေနောက်က လိုက်လာခဲ့မယ် ဟုတ်ပီလား
စိတ်အေးအေးထားနော် သား
ဆေးရုံ အမြန်သွား လိုင် အမေ လာခဲ့မယ်
ဘာမှပူမနေနဲ့…

နောက်တစ်နေ့မနက်မှာတော့ အားလုံးအေးဆေးငြိမ်သက်သွားသည် ကျနော့်ရင်ထဲက သမီးအတွက် စိုးရိမ်သောကတို့လည်း ပြေပျောက်သွားခဲ့ပြီ

ညနေပိုင်း ဆေးရုံက ဆင်းတော့ အမေက သူ့မြေးမ ကို ချီပွေ့ရင်း အရှေ့ကထွက်သွားနှင့်ပြီ

သို့ပေမယ့် ကျနော်တို့မမြင်အောင် သိမ်းထားခဲ့သော အမေ့ချွေ းခံအိပ်ထဲက စာရွက်လေးတစ်ရွက်က ကျနော့်ခြေထောက်ရှေ့မှာ လာကျ သည် ။

ကျနော် အမေ ပြန်လှည့်မကြည့်ခင် အလျှင်အမြန် ကောက်ယူကြည့်မိလိုက်သည်။

ဘောင်ချာ အပိုင်းအစလေးတစ်ခုသာ…

ကျနော့်ရင်ထဲမှာ လုံးဝဆို့နင့်သွာခဲ့တယ်

၄င်း ဘောင်ချာထဲတွင် ရေးခြစ်ထားသည့် စာများထဲမှ

ဒေါ်ခင်ခင်မူ
ပစ္စည်းရောင်း နားကပ်တစ်စုံ
တန်ဘိုးငွေ ၇၅၀,၀၀၀ ကျပ်တိတိ

သြော် ဖြစ်မှဖြစ်ရလေ အမေ ရယ်…

ကျနော့်ပါးပြင်ပေါ်သို့ မျက်ရည်စက်တို့ လိမ့်ဆင်းလာခဲ့သည်…

အဲ့ဒီနေ့က အမေ့ရဲ့အပြုံ းတွေ ကျနော်တစ်သက်လုံးမေ့နိုင်တော့မှာမဟုတ်ဘူး

ကျေ းဇူး အနန္တပါ အမေ…။

အခန်း(၃)

သားလေး
ဒီကောင်လေး ဘာတွေတွေးပြီး ငိုင်နေပါလိမ့်

အမေ ပြောမှကျနော် စိတ်တွေ ပြန်လည်လာမိသည် ။

အမေ့ စားလို့ကော ကောင်းရဲ့လား

ကောင်းပါတယ် သား ရဲ့
အမေကြိုက်တဲ့ အစာကို ကျွေးမွေးတဲ့အတွက် အမေ့သားလေး လိုအင်ဆန္ဒမှန်သမျှ ပြည့်ဝပါစေကွယ်
ပေးတဲ့ ဆုနဲ့ပြည့်ပါစေ အမေ

အေမ
အမေ့ကို သားကန်တော့မယ်နော်
သား လစာထုတ်လာတာ ဒီမှာ အမေ့အတွက် လိုအပ်တဲ့အခါ သုံးရအောင် ငွေ(၂၀၀၀၀)ပါ အမေ

ရပါတယ် သားရယ်
အမေ့အတွက်အခြားသုံးစရာမလိုပါဘူး
အမေ့မြေးလေးအတွက် အမေ မုန့်လေးတွေ ထည့်ပေးထားတယ် ဒီမှာ
သား နဲ့ သမီးလေးအတွက်က ဟော့ဒီချ ိုင့်ထဲမှာ ဟင်းတွေနော်

အိမ်ပြန်ရောက်ရင် တစ်ခါတည်းစားလိုက်နော်

မိုးလည်းချ ုပ်နေပီ သားလေး အိမ်အပြန်မှောင်နေပါ့မယ် သားပြန်အုံးလေ
အမေ လမ်းထိပ်ထိလိုက်ပို့ပါမယ် လာလာ သား လာ

ကျနော့်အတွေးထဲမှာတော့…
(အမေ ဟာ ဟန်ဆောင်မှု အရမ်းကောင်းတယ် အမေ တစ်နေ့နေ့ ဟောင်းလောင်းဖြစ်နေတဲ့ အမေ့နားပေါက်လေးတွေကို နားကပ်လေးတစ်ရံတော့ ပြန်ဆင်ပေးနိုင်ပါရစေ အမေ)

ဟဲ့ ဒီကောင်လေး လေ
ဘာတွေများ ဒီလောက်တွေးနေမိတာတုန်း

ကျနော် အမေ့ကို လက်ပြလိုက်သည်
အမေ့က ကျနော့်ကို ပြန်ပြုံ းပြတယ်
ဒါပေမယ့် အမေ့ပြုံ းတွေကိုကြည့် ပြီး ကျနော့်ရင်ထဲမှာ စူးအောင့်နေခဲ့တယ် လေ။

(၆)လခန့်ကြာသောအခါ
ကျော်ထင်တစ်ယောက် အလုပ်မှာ ရာထူးတိုးခဲ့သည်
မိန်းမဖြစ်သူမှာလည်း အလုပ်ပြန်ဝင်နေပြီမို့ စီးပွားရေးက အတော်အသင့် ချောင်လည်နေပေသည် ။

မိန်းမ ရေ
ဒီနေ့ လစာထုတ်ပီးရင် ကို အမေ့အတွက်နားကပ်လေးတရံ ပြန်လုပ်ပေးဘို့စိတ်ကူးထားတာ
အိမ်မှာရှိတဲ့ ပိုက်ဆံထဲက အကို နည်းနည်းထပ်ယူသွားလိုက်မယ်

မိန်းမဖြစ်သူကလည်း အသာတကြည်နှင့်ပင်
ဟုတ်ကဲ့ အကို လစာက ညနေမှထုတ်မှာဘဲ မနက်တည်းက တစ်ခါးတည်းလုပ်သွားလိုက်လေ အိမ်ကပိုက်ဆံဘဲ လုပ်လောက်အောင်တစ်ခါတည်းယူသွားလိုက်ပေါ့

အဲ့ဒါလည်း ကောင်းတာဘဲ
ညနေအလုပ်ကပြန်လာရင် မိန်းမ ရယ် အကို ရယ် သမီးလေး ရယ်ပါ အမေ့ဆီသွားကြမယ်

ဒီနေ့ မှ မိုးကလည်းတစ်ဖွဲဖွဲ နဲ့
ကျော်ထင်တစ်ယောက် အလုပ်မဝင်ခင် ရုံးအနီးနားမှ ရွှေဆိုင်တစ်ဆိုင်ဝင်၍ နားကပ်တရံ ဝယ်လိုက်သည်
တန်ဘိုးကလည်မသေးလှ အမေ့အကြိုက်ကိုသိသော သားပီပီ အမေနှင့်အလိုက်ဖက်ဆုံးဖြစ်မည့် နားကပ်တရံ ရွေးဝယ်ခဲ့သည်

နေ့ခင်း(၁၁း၀၀)နာရီခန့် တွင် စာရေးမလေးမှ

ဆရာ ဖုန်းလာနေပါတယ်ရှင့်

သြော် အေးအေး ညီမ အကို့အခန်းထဲ ချတ်ပေးပါ ဟု ပြောပြီးနောက် ဖုန်း ကိုင်လိုက်သည်

ဟဲလို ကျနော် ကျော်ထင်ပါ ခင်ဗျာ ဟု ပြောရုံပင်ရှိသေးသည်

မောင်ကျော်ထင် လား
ဦ လေးပု ပါ

ဟုတ်ကဲ့ လေးပု ဘာကိစ္စရှိလို့လည်း

တစ်ဖက်မှ
မင်းအမေ မူးလဲသွားလို့ (¥¥¥¥¥¥¥¥¥) ဆေးရုံမှာ ခုလိုက်လာခဲ့နော်

ဟုတ်ကဲ့ ဟုတ်ကဲ့ ကျနော်ခုလာခဲ့ပါမယ် လေးပု

ကျော်ထင် တစ်ယောက် အထက်အရာရှိကို သတင်းပို့ပြီး ရုံးမှကားဖြင့်ဆေးရုံသို့ လိုက်သွားခဲ့သည်။

ဆေးရုံရောက်သောအခါ

ဆရာ ဆရာ ကျနော့် အမေ အခြေအနေလေးပြောပေးပါ ဗျာ
ဆရာဝန်ဖြစ်သူက အေးတိအေးစက်မျက်နှာနှင့်
ခင်းဗျားက လူနာရဲ့သားလား

ဟုတ်ပါတယ် ဗျ ခုက ကျနော့်အမေ ပါ
အမေ့အခြေနေလေးသိပါရစေ

ခင်ဗျားတို့ ကိုယ့်အမေ ကို ပစ်ထားကြသလားဗျာ
ခု ခင်ဗျားရဲ့အမေက မူးလဲတာ ဆိုပေမယ့် သူ့မှာရောဂါ ရှိနေတယ်ဗျ

ဗျာ
ဘာရောဂါလည်း ဆရာ
အမေ့မှာ ဘာရောဂါမှရှိတယ်လို့ ကျနော်တို့မသိခဲ့ပါဘူး

စိတ်မကောင်းပါဘူး ဗျာ
ကျနော်တို့လည်း အတက်နိုင်ဆုံးကြို းစားကြည့်ပါတယ်

ဒါပေမယ့် မကယ်လိုက်နိုင်ဘူး စိတ်မကောင်းပါဘူး ဗျာ ဟုပြောပြီး ဆရာဝန်ထွက်သွားခဲ့သည် ။

ဟာ အမေ အမေ သေပြီတဲ့လား
ဆရာ ဆရာ အမေ သေပြီတဲ့လား ဗျာ

အေမ အေမ့

ကျော်ထင် တစ်ယောက် ယူကြုံ းမရဖြစ်ပြီး အမေဖြစ်သူ၏ ရုပ်အလောင်းဘေးနားမှာ ငူငူကြီးရပ်ရင်း

အေမ
ဒီမှာလေ အမေ့အတွက် နားကပ်လေး

သား ပန်ပေးချင်လို့ ထပါအုံး ဗျာ ရှိုက်ကြီးတငင်ငိုကြွေးရင်း

အမေ ညာတယ်
အမေ ဘာဖြစ်လို့ညာခဲ့တာလည်း အမေ ရယ်

ဒီမှာလေ အမေ ရဲ့

အမေ့အတွက် နားကပ်လေးတရံ ပါ ။
_________________________ !

သြော် အမေ အမေ
အမေ ဆိုတာ သားသမီးတွေရဲ့ သောက ကို ဝေမျှ ခံယူတဲ့သူ
အမေ ဆိုတာ သားသမီးတွေရဲ့ဒုက္ခကို ချု ပ်ငြိမ်းစေချင်တဲ့သူ

သားသ္မီးတွေ မျက်ရည်တစ်စက်ကျ ရင် ကမ္ဘာပြို တယ်လို့ထင်နေတက်သူ တွေ…။

လေးစားစွာဖြင့်

နေမင်းနန္ဒ