အရောင်မဲ့ပန်းကလေး

Posted on

အရောင်မဲ့ပန်းကလေး(စ/ဆုံး

——————————-

 

“သမီးရေ သမီးခင်ခင်…”

 

“ရှင်…အမေလာပြီ”

 

ခင်ခင်လည်းစျေးဗန်းအား ချပြီးမိခင်ဖြစ်သူ ဒေါ်ခင်ဆွေဆီသို့

ရောက်ရှိလာသည်။

 

“အမေသမီးကိုဘာခိုင်းမလို့လဲဟင်”

 

“သမီးစျေးရောင်းပြီးပြန်လာရင်

သမီးမောင်လေး ပူတူးအတွက် မနေ့ကလို

မုန့်မျိုးတစ်ထုပ်ဝယ်လာခဲ့ကြားလား။

 

“ဟုတ်အမေ သမီးဝယ်လာခဲ့ပါ့မယ်”

 

“သွားသွား စျေးရောင်းသွားချေတော့

ငါလည်းကစားဝိုင်းသွားလိုက်ဦးမယ်”

 

“အမေရယ် အဲ့ဒီကစားဝိုင်းကိုမသွားပါနဲ့လား

အဲ့ဒီမကောင်းတဲ့လောင်းကစားအလုပ်…”

 

“ခင်ခင် ညည်းလျာမရှည်နဲ့

သွားဆိုသွားလိုက်တော့ မအေကိုဆရာ

ပြန်လုပ်နေတယ် ငါထတီးလိုက်ရ

ညည်းနာဦးမယ်။

 

“ဟာ…စောစောစီးစီး နားတွေငြီးလိုက်တာ ဘာဖြစ်နေတာလဲ”

 

“ဘာဖြစ်ရမလဲ ဒီကောင်မခင်ခင်ပေါ့

မအေကိုတရားလာချနေလို့ ဆုံးမနေတာ”

 

“ဟဲ့…ခင်ခင် နင်စျေးရောင်းစရာရှိတာ

သွားရောင်းလေ ဘာလုပ်နေတာလဲ။

ငါထလုပ်ရင်နင့်အမေလုပ်တာထက်

ပိုနာမယ်”

 

“အံမယ် လုပ်ရဲရင်လုပ်ကြည့်ပါလား

ရှင့်လိုပထွေးလုပ်တာကိုတော့ ဒီက

ငြိမ်ခံနေမယ်လို့ထင်သလား”

 

“အောင်မာ ငါ့ကိုပြန်ခံပြောနေ

သေတော့မယ် ကောင်မ”

 

“လုပ်ကြည့်လိုက်လေ လုပ်ကြည့်လိုက်ပါ”

 

“တော်ပြီ ခင်ခင် ညည်းသွားတော့ သွားတော့ ”

 

မိခင်ဖြစ်သူဒေါ်ခင်ဆွေက

ခင်ခင်အားဒေါသတကြီးပြောလိုက်သဖြင့်

ခင်ခင်လည်းစျေးဗန်းကိုရွက်ကာ

အိမ်မှထွက်လာခဲ့သည်။

မိခင်ဖြစ်သူဒေါ်ခင်ဆွေ၏

ကောင်းမှုကြောင့်ခင်ခင်တစ်ယောက်

ပထွေးနှင့်နေရသူတစ်ယောက်ဖြစ်သည်။

ဖခင်အရင်းကခင်ခင်အသက်၅နှစ်ခန့်က

ကွယ်လွန်သွားခဲ့ပြီဖြစ်သည်။

ခင်ခင်အသက်၇နှစ်အရွယ်ခန့်မှာ

ဒေါ်ခင်ဆွေကနောက်အိမ်ထောင်ထပ်ပြီး

ပြုလိုက်လေသည်။

 

နောက်အိမ်ထောင်နှင့်ရသည့်

ပူတူးလေးကိုတော့ ခင်ခင်ကမောင်လေး

အရင်းသဖွယ်ချစ်ခင်ရှာသည်။

ပထွေးဖြစ်သူဦးဖိုးဆယ်ကိုမုန်းတီးပေမယ့်

မိခင်နှင့်ပူတူးလေးကိုတော့ မမုန်းရက်ခဲ့ပေ။

ပထွေးဖြစ်သူဦးဖိုးဆယ်ကပန်းရံလုပ်သည်

မိခင်ဖြစ်သူဒေါ်ခင်ဆွေကတော့

အလုပ်မလုပ်ပဲ လောင်းကစားကိုသာခုံမင်သူဖြစ်သည်။

လောင်းကစားလုပ်ရာတွင်လည်း

အနိုင်ရသည်ကနည်းနည်း

ရှုံးသည်ကခပ်များများပင်၊ဤသို့ရှုံးလာသည့်နေ့များဆို ခင်ခင်အား

အကြောင်းမရှိအကြောင်းရှာကာ

ဆူပူရိုက်နှက်တတ်လေသည်။

 

အရွယ်နှင့်မလိုက်အောင် ဒုက္ခကိုခံစားနေရသည့် ခင်ခင်အား

ပတ်ဝန်းကျင်ကလူများက ဝိုင်းသနားကြလေသည်။

မိခင်ဖြစ်သူဒေါ်ခင်ဆွေနှင့်ဦးဖိုးဆယ်ကို

တော့အများကမျက်မုန်းကျိုးကြသည်။

အားအားရှိလောင်းကစားလုပ်

ကလေးပဲထိုင်မွေးနေတတ်သည့်

ဒေါ်ခင်ဆွေကပို၍အပြောခံရသည်။

ယခုလည်းသားဖြစ်သူပူတူးလေးမှ

၁နှစ်ကျော်ပင်ရှိသေးသည်

နောက်ထပ်ကလေးကထပ်ရနေပြန်သည်။

 

ဦးဖိုးဆယ်၏လုပ်အားခသည်လည်း

မယ်မယ်ရရသုံးစွဲရသည်မရှိ သူ့အရက်ဖိုးနှင့်သာကုန်ဆုံးသွားတတ်

သည်။

ထို့ကြောင့်အသက်၁၄နှစ်အနွယ်ခင်ခင်

တစ်ယောက်၏လုပ်စာဖြင့်တစ်အိမ်လုံး

ဖြစ်သလိုစားသောက်နေရသည်။

 

(အခန်း၂)

 

“ဟင်းရွက်စုံရမယ်နော် ဟင်းရွက်စုံ”

 

“ဟင်းရွက်စုံရမယ်နော် အစ်မကြီးတို့

ဟင်းရွက်စုံယူကြဦးမလား ”

 

နေပူကျဲကျဲအောက်တွင် ဖိနပ်အစုပ်လေးစီးကာစျေးရောင်းနေ

သည့်ခင်ခင်တစ်ယောက် ဘဝအရေးအတွက်မမောနိုင်မပန်းနိုင်

စျေးရောင်းနေရရှာသည်။

တစ်လမ်းဝင်တစ်လမ်းထွက်ခြေတိုအောင်လိုက်ရောင်းရပါမှတော်ကာကြသည်။

မရှိလို့စျေးရောင်းစားရသည်မှာလွယ်ကူ

သည်တော့မဟုတ်ပေ။

စျေးဝယ်သူအချို့ ကမတရားစျေးဆစ်ကြသည်။

ပိုက်ဆံရှိသူဌေးများကပို၍ဆိုးလေသည်။

ငွေအရွက်ကြီးများပြပြီး အဆစ်ပိုတောင်းကြသည်။

စျေးသည်ကမထည့်ပေးလျှင်တောင်

လက်ကလေးများကစွပ်စွပ်ပါအောင်

နှိုက်ပြီးယူတတ်ကြလေသည်။

 

ယခုလည်းပိုက်ဆံရှိသူဌေးတစ်ယောက်ကခင်ခင်ထံမှစျေးဝယ်နေလေသည်။

 

“ဟဲ့မလျှော့တော့ဘူးလားအေ့”

 

“လျှော့လို့မရလို့ပါ အန်တီရယ်

ကျွန်မမှာလည်းဖောက်သည်ပြန်ယူပြီး

ရောင်းရတာမလို့ပါ။

 

“ဒါဖြင့်ရင်ပိုထည့်ပေးအေ

ငါကနေ့တိုင်းဝယ်မှာပဲဥစ္စာ”

 

“ပိုထည့်ပေးလိုက်တယ်နော် အန်တီ”

 

“ထပ်ထည့်ပေးပါဦးဟယ် ညည်းကလည်းတိုလိုက်တာဆိုတာ”

 

ပြောပြောဆိုဆို စျေးဝယ်ကသူ့စိတ်ကြိုက်ယူပြီးထည့်နေ

သည်။

ခင်ခင်လည်းမတတ်သာ၍စိတ်လျှော့ထားလိုက်ရသည်။

 

“ဟူး…စျေးရောင်းရတာလည်းမလွယ်ပါလား

လူတွေကိုယ်ချင်းစာတရားသာရှိရင်

သိပ်ကောင်းမှာပဲ။

 

ခင်ခင်လည်းစျေးသည်ဘဝကို

ညည်းတွားရင်းကျန်နေသေးသည့်

အသီးအရွက်များအားဆက်ရောင်း

လိုက်တော့သည်။

 

(အခန်း၃)

 

“အန်တီဟိုမုန့်ထုပ်လေးတစ်ထုပ်ပေးပါ”

 

“သြော် အေးအေး သမီးပေးမယ်နော်”

 

ခင်ခင်လည်းကြွပ်ကြွပ်အိတ်ထဲမှ

ပိုက်ဆံ၁၀၀၀တန်လေးအားထုတ်ယူ

လိုက်သည်။

 

“ရော့သမီး……၁၂၀၀ပါ”

 

“ရှင်…၁၂၀၀ဟုတ်လား အန်တီ

မနေ့ကတောင်၁၀၀၀ရပါသေးတယ်”

 

“ဟုတ်တယ်သမီးရဲ့ကားလမ်းခရီးကြောင့်

စျေးတက်သွားတာ”

 

“ဟုတ် ဟုတ်ကဲ့အန်တီ”

 

ခင်ခင်လည်းနောက်ထပ်၂၀၀တန်လေး

တစ်ရွက်အားထုတ်ယူပြီးစျေးသည်အား

ပေးလိုက်လေသည်။

 

“အင်း…စျေးသည်တွေကလည်း

ထစ်ခနဲရှိစျေးတက်ဖို့ပဲချောင်းနေတော့

တာပဲ။

ဒီခေတ်ကြီးထဲမှာရှင်တို့ပဲကြီးပွားနေကြတာပဲ အခြေခံလူတန်းစားတွေကို

အားမနာအမြတ်ကြီးစားဂုတ်သွေးစုပ်

နေကြတဲ့သူတွေကများသား”

 

ခင်ခင်လည်းမုန့်ထုပ်လေးကိုကြည့်ကာ

ညည်းတွားနေမိတော့သည်။

 

“အမေရေ အမေ အမေ”

 

“အမေဘယ်သွားတာလဲမသိဘူး”

 

“အမေရေ အမေ့”

 

“ဟဲ့အာပြဲကြီးနဲ့အော်ခေါ်မနေနဲ့

နင့်အမေမရှိဘူး။

 

ပထွေးဖြစ်သူဦးဖိုးဆယ်က

အရက်သောက်ရင်းပြောလိုက်ခြင်းဖြစ်

သည်။

ခင်ခင်လည်းစျေးဗန်းကိုချပြီး ပါလာသည့်မုန့်ထုပ်လေးအားဖောက်ကာ

ပူတူးလေးအားတစ်ခုထုတ်ကျွေးလိုက်

သည်။

 

“မောင်လေး မမဝါးကျွေးမယ်နော်”

 

“ဟ ဟ”

 

ခင်ခင်ကမောင်ဖြစ်သူပူတူးအား

မုန့်ဝါးကာခွံ့ကျွေးလိုက်လေသည်။

ပူတူးလေးကိုမုန့်ဝါးကျွေးရင်း

ခင်ခင်လည်းမုန့်ထုပ်

တစ်ထုပ်အားဖောက်စားဖြစ်လေသည်။

 

မကြာခင်မိခင်ဖြစ်သူဒေါ်ခင်ဆွေပြန်

ရောက်လာသည်။

 

“ဟဲ့ သမီးခင်ခင် အမေမှာလိုက်တာပါလာရဲ့လား”

 

“ပါတယ်အမေရဲ့ မောင်လေးကိုတစ်ခုဝါးကျွေးလိုက်တယ်

သမီးလည်းတစ်ခုစားလိုက်သေးတယ်

အမေ။

 

“ဟယ်…ကလေးစားဖို့ဝယ်ခိုင်းတာကို

ညည်းကဘာလို့စားတာတုန်းအေ့”

 

“သမီးလည်းဗိုက်ဆာတာနဲ့ စား စားလိုက်တာအမေ”

 

“ဘယ်မလဲစျေးဖိုးက ပေး”

 

“ရော့ဒီမှာအမေ ယူထားတဲ့စျေးဖိုးတွေရှင်းပြီးကျန်တဲ့ငွေ”

 

“ဟဲ့ဒီလောက်ပဲကျန်တာလားအေ့”

 

“ဟုတ်တယ်အမေ စျေးကသိပ်ရောင်းမကောင်းလို့

အဲ့ဒါပဲကျန်တော့တာ ပြီးတော့မုန့်ထုပ်က၂၀၀တက်သွားတယ်

တစ်ထုပ်ကို၁၂၀၀ဖြစ်သွားပြီ”

 

“အသုံးကိုမကျဘူး မကြာခင်ငါ့ဗိုက်ကလည်းမွေးခါနီးပြီ

အခုထိမွေးဖွားဖို့ တစ်ပြားမှမရှိသေးဘူး။

ယူထားတဲ့ယောက်ျားကလည်းအလကား

လက်ကြောကိုမတင်းဘူး

ရတဲ့လုပ်အားခကလည်းဒင်းမြိုဆို့လို့ကုန်တာပဲရှိတယ်”

 

“ဟေ့ ဟေ့ ငါ့ဘက်လှည့်မလာနဲ့နော်

မင်းတို့သားအမိချင်းအဆင်မပြေတိုင်း

ငါ့ကိုအပြစ်လာမတင်နဲ့ မင်းဟာမင်း

မီးဖွားစရိတ်မရှာနိုင်တာ ငါနဲ့ဘာမှမဆိုင်ဘူးကွ။

 

“သြော် မဆိုင်ဘူးဟုတ်လား

ဒီဗိုက်ကရှင်လုပ်လို့ဖြစ်လာတာလေ

မဆိုင်ဘူးစကားမပြောနဲ့ လေဥဥပြီး

ရထားထားမဟုတ်ဘူး နားလည်လား”

 

“ဟာကွာ နားကိုငြီးနေတာပဲ”

 

“ခွမ်း”

 

ဦးဖိုးဆယ်ကအရက်ပုလင်းခွံအား

လွှစ်ပစ်ပြီးအိမ်ပြင်သို့ထွက်သွားလေသည်။

 

“အဟင့် အဟင့် အဟင့်”

 

“မောင်လေးမငိုနဲ့နော် မမရှိတယ်

အို တိတ်တိတ်တိတ် ”

 

“ခင်ခင် ညည်းထမင်းဆာရင်

အိုးထဲမှာထမင်းရှိတယ် ဟင်းကအုပ်ဆောင်းအောက်မှာရှိတယ်

သွားစားချေ။

 

“ဟုတ်အမေ”

 

ခင်ခင်လည်းမီးဖိုထဲသွားကာ

ထမင်းခူးလိုက်လေသည်။

အုပ်ဆောင်းအားလှပ်ကြည့်လိုက်တော့

ငပိရည်တစ်ခွက်ကိုသာမြင်လိုက်ရသည်။

 

“အမေ ငပိရည်ပဲရှိတယ် တခြားဟင်းမပါဘူးလား ”

 

“ဟဲ့ ငါညည်းအတွက်ငါးကြော်တစ်ကောင်

အုပ်စောင်းအောက်မှာချန်ထားတာမရှိဘူးလား။

 

“မရှိဘူးအမေ ပန်းကန်အလွတ်ကြီးပဲ

တွေ့တယ်”

 

“ဒါဆို ဟိုသေနာကောင်အရက်နဲ့

မြည်းသွားလို့ဖြစ်မှာပေါ့၊ရှိတာနဲ့စား

လိုက်တော့အေ။

 

ခင်ခင်လည်းထမင်းအဖြူပေါ်

ငပိရည်လောင်းကာနယ်စားလိုက်တော့

သည်။

 

(အခန်း၄)

 

“ခင်ခင်ရေ…”

 

“ရှင်အမေ”

 

“ငါကလည်းမွေးခါနီးဖွားခါနီးပြီ

မွေးဖို့ဖွားဖို့ပိုက်ဆံလည်းမရှိဘူး၊

ညည်းငါ့ကိုအကြံလေးဘာလေးပေးစမ်းပါဦးအေ။

 

“သမီးဘယ်လိုလုပ်ပေးတတ်မလဲရဲ့

ဒါလူကြီးကိစ္စလေ သမီးမှမစီမံတတ်တာ”

 

“ညည်းကလည်းပိန်းလိုက်တာအေ

မွေးဖွားစရိတ်ရဖို့ ညည်းကိုကြံခိုင်း

နေတာအေ့ တကယ်ပဲ။

 

“သမီးအတိုးချေးတဲ့ဒေါ်သိန်းမြ

ဆီမှာသွားချေးပေးရမလား အမေ

မောင်လေးမွေးတုန်းကလည်း

သူ့ဆီကနေပဲချေးခဲ့တာမလား။

 

“ဟဲ့ အဲဒီတုန်းက ညည်းပထွေးလုပ်အားခနဲ့ဆပ်ခဲ့တာလေ

အခုညည်းပထွေးကငါ့ကို ပိုက်ဆံမှဟုတ်တိပက်တိမအပ်တဲ့ဟာကို

ဘယ်လိုလုပ်ပြန်ဆပ်မလဲ ခင်ခင်ရဲ့။

 

“သမီးသွားချေးကြည့်လိုက်ပါ့မယ်

ရရင်လည်းအမြတ်ပေါ့ မရတော့လည်း

တစ်မျိုးထပ်ကြံတာပေါ့ အမေရယ်”

 

“အေးပါဟယ် ညည်းပထွေးအသုံးမကျတော့ ညည်းကိုပဲ

အားကိုးရတော့မယ်အေ။

 

“သြော်အမေရယ်

သားအမိချင်းပဲပြောနေဖို့မလိုပါဘူး

သမီးသွားလိုက်ဦးမယ်နော်။

 

“အေးအေး”

 

ခင်ခင်လည်းငွေတိုးချေးသည့်

ဒေါ်သိန်းမြအိမ်သို့ထွက်လာခဲ့သည်။

 

“အန်တီသိန်းမြ အန်တီသိန်းမြ”

 

“ဟေးဘယ်သူလဲဟဲ့”

 

“သမီးခင်ခင်ပါ”

 

“အေး သမီးခင်ခင်လာလေအိမ်ထဲ။

 

“ဟုတ်အန်တီ”

 

ခင်ခင်လည်းအိမ်ထဲဝင်လာပြီး

သင့်တော်ရာ၌ထိုင်နေလိုက်သည်။

 

“သမီးဘာကိစ္စရှိလို့လဲကွယ့်”

 

“ဟုတ်ကဲ့…သမီးလေ အန်တီသိန်းမြဆီကအကူအညီလေး

တောင်းချင်လို့လာခဲ့တာပါ။

 

“ဘာအကူအညီများလဲသမီးရဲ့”

 

“ဟုတ် သမီးအမေကမကြာခင်

မွေးရဖွားရတော့မှာမို့ အန်တီသိန်းမြဆီက

နေ့ပြန်တိုးလေးလာချေးတာပါ။

မွေးရမယ့်ရက်ကနီးလာပြီတဲ့

အခုထိမီးဖွားစရိတ်မရှိသေးလို့ အန်တီသိန်းမြဆီလာချေးရတာပါ

အန်တီသိန်းမြမှမကူညီရင် ဒုက္ခရောက်ရပါလိမ့်မယ်ရှင် ”

 

“အင်း…ညည်းမလည်းဒီအရွယ်လေးနဲ့

ဒုက္ခမသေးပါလား ခင်ခင်ရယ်။

ညည်းပထွေးကရောမွေးဖို့ဖွားဖို့

ပိုက်ဆံထုတ်မပေးဘူးလားဟဲ့”

 

“အန်တီသိန်းမြလည်း အဲ့ဒီလူကြီးအကြောင်းသိတဲ့အတိုင်း

သူရှာတဲ့ပိုက်ဆံကသူအရက်သောက်လို့

ကုန်တာချည်းပဲ။

အမေ့ကိုတစ်ပြားတစ်ချပ်မှအပ်တာမဟုတ်ဘူးရှင့်၊သမီးတစ်ယောက်စာလေးနဲ့

ချွေတာပြီးစားသောက်နေရတာအန်တီ

ဒီကြားထဲအမေကလောင်းကစားဝိုင်းတွေ

သွားဆော့တော့ပိုဆိုးတာပေါ့ရှင်”

 

“အင်း…လိုက်လည်းလိုက်တဲ့လင်မယားပဲခင်ခင်ရေ

ငါညည်းမျက်နှာနဲ့မလို့ချေးလိုက်ပါ့မယ်။

သူတို့လိုသာဆိုတစ်ပြားမှချေးလိမ့်မယ်

မထင်နဲ့”

 

“ဟုတ်ကဲ့ကျေးဇူးတင်ပါတယ် အန်တီသိန်းမြရယ် သမီးစျေးရောင်းပြီး

နေ့တိုင်းလာသွင်းပါ့မယ်”

 

“အေး အေး ခဏနော်

အန်တီပိုက်ဆံသွားယူလိုက်ဦးမယ်”

 

ဒေါ်သိန်းမြလည်းအခန်းထဲဝင်သွားသည်။

ခဏနေတော့တစ်သောင်းတန်တစ်အုပ်

ဖြင့်ပြန်ထွက်လာသည်။

 

“ရော့…ဒီမှာတစ်သိန်းပေးလိုက်မယ်

ခင်ခင် နင့်ကိုသနားလို့ကူညီတဲ့သဘော

နဲ့ချေးလိုက်တာ”

 

“ဟုတ်ကဲ့ ကျေးဇူးပါအန်တီသိန်းမြရယ်

တကယ်ကျေးဇူးပါရှင်”

 

“အေးရပါတယ်

သေချာကိုင်သွားဦးကျနေဦးမယ်”

 

“ဟုတ်ကဲ့ အန်တီ”

 

ဒေါ်သိန်းမြလည်း ငွေထုပ်လေးကိုကိုင်သွားသည့်ခင်ခင်အား

ကြည့်ပြီးပြုံးနေမိသည်။

 

(အခန်း၅)

 

“အား…နာလိုက်တာ ခင်ခင်ရယ်

အမယ်လေး ကျွတ်ကျွတ်ကျွတ်”

 

“အမေဗိုက်နာနေတာ

မွေးတော့မယ်ထင်တယ်၊ခဏနေဦးနော်

သမီးလမ်းထိပ်ကဆိုက်ကားသွားလိုက်ဦး

မယ်အမေ”

 

“အေး အေး အားနာလိုက်တာ

အရေးနဲ့အကြောင်းဆို ဟိုသေနာက

မရှိဘူး။

 

ခင်ခင်လည်းဖိနပ်ပင်မစီးနိုင်ပဲ

ဆိုက်ကားတစ်စင်းအားမြန်မြန်ငှားလာ

ခဲ့သည်။

မိခင်အားဆိုက်ကားပေါ်တင်ပြီး

ခင်ခင်လည်းဆိုက်ကားနောက်မှလိုက်လာခဲ့သည်။

 

ပူတူးလေးကိုတော့အိမ်နီးချင်းများက

ထိန်းပေးမယ်ဆိုသဖြင့်စိတ်ချလက်ချ

ထားနိုင်ခဲ့သည်။

ဆိုက်ကားသမားလည်းဆေးရုံသို့ရောက်

အောင်ခပ်မြန်မြန်နင်းပေးရှာသည်။

 

မကြာခင်ပြည်သူ့ဆေးရုံကြီးသို့

ရောက်လာခဲ့ကြသည်။

မိခင်ဖြစ်သူအားဆိုက်ကားသမားဖြင့်

မနိုင့်တနိုင်ထိန်းပြီးဆေးရုံအတွင်းသို့

ခေါ်လာခဲ့ကြသည်။

ခဏနေတော့ဆရာဝန်များရောက်လာပြီး

မီးဖွားရန်စီစဉ်ပေးကြလေသည်။

ခင်ခင်လည်းမိခင်ဖြစ်သူအတွက်

ပူပင်ကာပြာယာခက်နေတော့သည်။

 

မွေးခါနီးဖွားခါနီးတိုင်အောင်

ရောက်မလာသည့်ပထွေးဖြစ်သူအား

စိတ်ထဲမှကျိန်ဆဲနေမိတော့သည်။

်နာရီပိုင်းခန့်အကြာမှာတော့ ဆရာဝန်များထွက်လာကြပြီး

လျောလျောလျှူလျှူမွေးနိုင်ကြောင်း

ခင်ခင်အားပြောပြကြလေသည်။

ထိုအခါမှခင်ခင်ရင်ထဲကအပူလုံးကြီးကျ

ဆင်းသွားရတော့သည်။

 

ခင်ခင်လည်းမွေးခန်းထဲမှထွက်လာသည့်

မိခင်ဖြစ်သူအားလိုအပ်သည့်

ပစ္စည်းများအိမ်ပြန်ယူဦးမည်ဟု

အကျိုးအကြောင်းပြောကာအိမ်ပြန်ခဲ့သည်

 

မိခင်ဖြစ်သူကမိုးချုပ်နေပြီဖြစ်သဖြင့်

မိန်းကလေးတစ်ယောက်တည်း

ဆေးရုံသို့ပြန်မလာရန်အိမ်မှာပဲအိပ်ပြီး

မောင်လေးပူတူးကိုဂရုစိုက်ရန်မှာလိုက်

လေသည်။

ခင်ခင်အိမ်ပြန်ရောက်တော့ည၇နာရီ

ခန့်ရှိပြီဖြစ်သည်။

အိမ်ရောက်ရောက်ချင်းပုလင်းထောင်ပြီး

ဗိုလ်ကျနေသည့်ပထွေးဖြစ်သူဦးဖိုးဆယ်

အားမြင်လိုက်ရသည်။

ခင်ခင်လည်းပထွေးဖြစ်သူအား

မျက်စောင်းထိုးပြီးကြည့်လိုက်သည်။

မောင်လေးပူတူးအားမတွေ့သဖြင့်

အိမ်နီးချင်းထံမှပူတူးလေးကိုသွားခေါ်ပြီး

အိပ်ရာထဲသိပ်လိုက်လေသည်။

 

ပူတူးလေးအိပ်ပျော်သွားတော့

ထမင်းစားလိုက်သည်။

ဟင်းမရှိတော့သဖြင့်ထမင်းကိုဆီနဲ့ဆား

ဖြင့်စားရန်ဆီဗူးကိုကြည့်လိုက်သည်။

ဆီကတစ်စက်မှမရှိတော့ ခင်ခင်လည်း

ထမင်းအဖြူကိုဆားဖြူးပြီးစားလိုက်

ရသည်။

နင်နေသည့်လည်မြိုကိုရေသောက်ပြီး

မျှောချပစ်လိုက်ရသည်။

စားသောက်ပြီးပူတူးလေးနှင့်အိပ်ရန်

အိပ်ရာထဲဝင်လာခဲ့သည်။

 

တနေကုန်ပင်ပန်းထားသဖြင့်

ခင်ခင်လည်းမှေးကနဲအိပ်ပျော်သွားလေ

သည်။

ခင်ခင်အိပ်ပျော်နေတုန်း လေးလံသည့်အရာတစ်ခုကခင်ခင်ခန္ဓာ

ကိုယ်ပေါ်သို့ဖိထားလေသည်။

ခင်ခင်လည်းနိုးလာပြီးမျက်လုံးဖွင့်ကြည့်လိုက်သည်။

သူမခန္ဓာကိုယ်အားအပေါ်စီးကနေ

အုပ်မိုးထားသည့်ပထွေးဖြစ်သူ

ဦးဖိုးဆယ်အားမြင်လိုက်ရသည်။

ခင်ခင်လည်းထိတ်လန့်တုန်လှုပ်သွားရ

လေသည်။

 

“ခင်ဗျား…အဲ့ဒါဘာလုပ်တာလဲ”

 

“ဟင်းဟင်း…ဒီနေ့ နင့်အမေမရှိဘူး

ဒါ့ကြောင့် ဒီနေ့ညနင်ငါ့ကိုအဖော်လုပ်

ပေးရမယ်။

 

“ရွံစရာကောင်းလိုက်တာ သွားသွား

ကျုပ်အနားကပ်မလာနဲ့သွား”

 

“ရှူး…တိုးတိုးပြောစမ်းပါခင်ခင်ရယ်

ဘာမှမဖြစ်စေရပါဘူးနော် နော်”

 

“ခင်ဗျားကြီးမယုတ်မာနဲ့နော်

အသက်ချင်းလဲပစ်လိုက်မယ် ကျုပ်ကိုဘာမှတ်နေသလဲ”

 

“အသာတကြည်ပြောမရတဲ့ကောင်မ

တွေ့ကြသေးတာပေါ့”

 

“ဖယ်စမ်းပါ လွှတ်နော်လွှတ်”

 

ဦးဖိုးဆယ်ကခင်ခင်အား

ယောက်ျားအားဖြင့်ဝင်လုံးတော့သည်။

ခင်ခင်လည်းအင်အားချင်းမမျှသဖြင့်

ပထွေးလုပ်သမျှခံနေရသည်။

ပထွေးဖြစ်သူအားပျော့သွားသည့်အချိန်

အိပ်ရာနံဘေးသို့လက်ဖြင့်စမ်းကြည့်လိုက်

သည်။

ကော်ဖီဖန်ခွက်အကြီးအားစမ်းမိသဖြင့်

ကော်ဖီခွက်ဖြင့်ပထွေးဖြစ်သူခေါင်းအား

အားကုန်လွှဲရိုက်ပစ်လိုက်တော့သည်။

 

“ကဲဟယ်…”

 

“ခွမ်း……”

 

“အ…အား”

 

“အဟင့် အဟင့် အဟင့်

ဟီးဟီး ငဲငဲ”

 

ရုန်းရင်းဆန်ခက်ဖြစ်နေသဖြင့်

ပူတူးလေးနိုးလာပြီးငိုယိုနေသည်။

 

“ကောင်မသေဖို့သာပြင်ထား”

 

ခင်ခင်လည်းပထွေးဖြစ်သူလဲကျသွား

သည့်အချိန်အခွင့်ကောင်းယူပြီး

ထွက်ပြေးရန်ကြိုးစားလိုက်သည်။

ပူတူးလေးကိုတစ်ခါတည်းခေါ်ရန်

လှည့်ကြည့်ပေမယ့်ပထွေးဖြစ်သူက

ထလာသဖြင့်တစ်ယောက်တည်းထွက်ပြေးရန်ဆုံးဖြတ်လိုက်သည်။

 

ခင်ခင်လည်းအိမ်ထဲမှအတင်းပြေးထွက်

လာခဲ့သည်။

နောက်ကိုလှည့်ကြည့်တော့ပထွေးဖြစ်သူ

ကသည်းကြီးမည်းကြီးလိုက်လာနေသည်။

အရက်မူးသမား၏ခြေလှမ်းများက

မည်သို့ပင်ပြေးစေကာမူ ခင်ခင်ကိုတော့

မမှီနိုင်ခဲ့ပေ။

 

ပတ်ဝန်းကျင်အားအော်ဟစ်အကူအညီ

တောင်း၍ရပါသော်လည်း ခင်ခင်ပါးစပ်မှ

စကားလုံးများထွက်ကျမလာခဲ့ပေ။

ခြေဦးတည့်ရာထွက်ပြေးရင်းတံတားပေါ်

သို့ရောက်လာခဲ့သည်။

တံတားပေါ်ရောက်မှခင်ခင်အနားယူလိုက်

သည်။

 

“ငါ့ဘဝကြီးကလည်းဟာ

ဆိုးလိုက်တာ၊အမေကလည်းငါ့ကိုတန်ဖိုး

ထားပြီးမချစ်ခင်ဘူး။

နွေးထွေးတဲ့မိခင်မေတ္တာကိုအပြည့်အဝ

ငါ့မှာမရခဲ့ဘူး၊ပထွေးရဲ့အနိုင်ကျင့်မှုတွေကိုလည်း

ခါးစည်းခံခဲ့ရတယ်။

ဒီလောကကြီးထဲမှာငါဆက်နေလို့ရော

ဘာထူးမှာလဲ ငါသေမှအေးမယ်

အမေနဲ့လည်းငါမနေချင်တော့ဘူး

ဟုတ်တယ် ငါဒီလောကကြီးထဲဆက်မနေသင့်တော့ဘူး ”

 

ခင်ခင်လည်းမျက်ရည်စက်များစွာ

ကျပြီးတံတားပေါ်၌မက်တပ်ရပ်လိုက်

သည်။

ခပ်ပြင်းပြင်းတိုက်ခက်လာသည့်လေကို

တဝရှုရှိုက်ပြီးမျက်လုံးအစုံကိုမှိတ်ထား

လိုက်သည်။

 

“ဝုန်း…”

 

“ဗွမ်း……”

 

အရောင်မဲ့နေတဲ့ပန်းကလေးတစ်ပွင့်ဟာ

လောကဓံရဲ့တိုက်ခက်မှုတွေကြား

အလူးအလဲခံရင်း ကြွေလွင့်ခဲ့ရလေသည်။

 

ဒီလိုဘဝရဲ့လောကဓံတွေကြားမှာ

ကြွေလွင့်သွားရတဲ့ ပန်းကလေးတွေ

ဘယ်လောက်များတောင်ရှိနေလိုက်

မလည်း။

 

“အရောင်အဆင်းဝင့်ဝင့်ထည်စွာ

မွှေးပါသော်ငြား ဤလောကဓံကြား

ကြွေလွင့်သွားတဲ့ ပန်းကလေးများအား

ချိုးယူမဖြတ်လက်နှစ်ဖက်ဖြင့်

ယုယကြင်နာဖေးမစွာဖြင့် အလှဆင်နိုင်ကြစေသော်……”

 

ကြိုးစားပါဦးမည်………

လူများများဖတ်လို့ရအောင်Shareသွား

#အောင်ဓူဝံ