အိမ်ကြီးတစ္ဆေ(စ/ဆုံး)
——————–
မနက်ခင်း၏ အလင်းရောင် အောက်တွင်
ကလေးငယ်လေးများ ပြေးလွှားဆော့ကစားနေကြသည်။
မိသားစုတစ်စုဟာ အလွန်ပျော်ရွှင်စရာတွေနှင့်သာ
နေထိုင်လာခဲ့ကြသည်။
မိသားစုလေးယောက် မိခင် ဖခင်နှင့် သားဖြစ်သူ
ထိုလေးဦးသာ နေထိုင်သော ထိုအိမ်ကြီးမှာ
အလွန်သေသပ် ကောင်းမွန်လှသည်။
ဖခင်ဖြစ်သူ ဦးကျော်မင်း သည် အလုပ်များ
ကြိုးစားလုပ်ကိုင်ကာ မိသားစုကို တင့်တောင်းတင့့်တယ်ထားသည်။
“ကန်မ”ရွာလေးတွင် ဦးကျော်မင်း တို့.မိသားစု
ဟာပိုက်ဆံ အရှိဆုံးဟု ပြောရင်လည်း မှားနိုင်မည်မဟုတ် ဦးကျော်မင်း သည် ဘယ်အရာ အလုပ်လုပ်
လျှို့ဝှက် သိပ်သီးစွာ လုပ်ကိုင်တက်သည်။
သူလုပ်သည့် အလုပ်များကို
သားဖြစ်သူနှင့် ဇနီးဖြစ်သူတို့ လုံး၀ မသိစေရ
အောင်လွင်နှင့် မောင်လွင်တို့မှာ ကလေးများဖြစ်သည့်
အတိုင်း ဘာကိုမျှ မသိ ဆော့မယ် ကစားမယ်
အချိန်တန်ရင် အိမ်သို့ပြန်ကာ ထမင်းစားမည်ဟု့သာသူတို့ သိသည်။
“စိန်မင်း ….မင်းကို …ငါဘာပြောထားလည်း သစ္စာမဖောက်ပါနဲ့လို့ ငါ မင်းကို.မပြောခဲ့ဘူးလား…မင်း လမ်း
မင်းရွေးသွားတာ မင်း အတွက်တော့ ငါ
စိတ်မကောင်းပါဘူး…….”
“ဒိုင်း….”
သေနတ်သံ ကျယ်လောင်စွာ
ထွက်ပေါ်သွားသည်။
ဦးကျော်မင်း သည် သူ့အလုပ်အား..သစွာဖောက်သော
စိန်မင်း ကို သေနတ်ဖြင့် ပစ်သတ်လိုက်ချင်းပင်
ဦးကျော်မင်း သည် လူများ အမြင်တွင် အလုပ်ရုံကြီးတစ်ခုကို ဟန်ပြ ဖြင့် လုပ်ကိုင်ပြီး နောက်ကွယ်တွင် မကောင်းမှု့ဒုစရိုက် တို့ကို ကျူ းလွန်သူဖြစ်သည်။
နောက် သုံး လေး လကြာသော အချိန်တွင်
ဇနီးဖြစ်သူ ဒေါ် ခင်အေးမှာ မိဘတွေကို သတိရသည်ဟု ဦးကျော်မင်း ကို ပြောကာ ခေတ္တခဏ ရွာသို့ အလည်
ပြန်ချင်သည်ဟုပြောလေသည်။
မွေးရပ်မွေးရွာ မိဘများထံသွားမည်ဟု ဆို၍ ခွင့်ပြုလိုက်သည်နှင့် အကြီးကောင် အောင်လွင်နှင့် မောင်လွင်ကို
ခေါ်ကာ တစ်ပတ်လောက်ပြန်လာခဲ့သည်။
ထို အချိန်မှာ ပင် ဦးကျော်မင်း အတွက် ပြသနာ တစ်ခု
ဖြစ်ပေါ်လာသည်။
တစ်နေ့မှာ ဦးကျော် မင်းသည် အလုပ်သမား
တဦးကို ရက်စက်စွာ သူအိမ်၌သာ သတ်လိုက်သည်
အဘယ့်ကြောင့်သတ်ရလည်းဆိုလျှင် သူ့ ရင်းနှီးထားသော ဥစ္စာပစ္စည်းများ ကို အလဲ အလှယ် လုပ်ရာတွင်
လမ်းခုလပ်၌ ရဲ ဖမ်းဆီးခံရ၍ ပစ္စည်း လဲရန်သွားသူကို
အသုံးမကျ တဲ့ မင်းနဲ့ထိုက်တန်တာ ဟောဒါပဲ ဆိုပြီး
ခုံပေါ်၌ အသင့်ရှိသော ဓားမြှောင်ဖြင့် ရက်စက်စွာ ထိုးသတ်လိုက်သည်။
ထို အချိန်တွင် သေလု့ မျောပါး ဖြစ်နေသော
ဘညို မှာ ကျိန်းဝါးသွား ခဲ့လေသည်။
“ခများ…ကြီး အလှည့် မို့ လုပ်ထားအုံးပေါ့….
ခများကို ဘယ်တော့မှ မကျေဘူး ခများရော …ခများ
မိသားစုပါ ကျုပ်သတ်ပြမယ် ….. ”
“အောင်မာ…မင်း…သာ အခုသေရတော့မှာ..
ဒီလောက် စကားကြော ရှည်နေတဲ့ကောင်….ကဲကွာ
စွက်..စွက်…ဓားဖြင့် ထက်ထိုးလိုက်သည်။
ထိုလူသည် သွေးအိုင်ထဲမှာ လဲကာ ငြိမ်သက်သွားလေတော့သည်။
“မင်းတို့ တွေလည်း ကြည့်ထား…ငါ့ကို
သစ္စာဖောက်တာတို့ အခုလို ငါ့ပစ္စည်းတွေ
ဆုံးရှုံးအောင် လုပ်ရင် ဘယ်လို အသေဆိုးမျိုးနဲ့ သေမလည်း ဆိုတာ သေချာကြည့်ထား….”
ကျန်ရှိနေသော သူ့လူ များကို ပြောကာ
“မင်းတို့ ဒီကောင့် အလောင်းကို လက်စ ဖျောက်လိုက်တော့ …”
သုံး လေး ရက်အကြာတွင် ဇနီးနှင့် သားတို့ ပြန်ရောက်လာကြသည်။
ဦးကျော်မင်း ကတော့ သူ့အိမ်မှာ ဘာမှ မဖြစ်ခဲ့ သည့်အလား အေးဆေးစွာ ပြုံးပျော်ရယ်မောဖြင့် ကြိုဆိုလေသည်။
တစ်နေ့သာ ကုန်ဆုံးကာ နေ၀န်းနီကြီးကလည်း
တစ်ဖြေး ဖြေး နောက်သို့ တိုး၀င်ကာ အလင်းရောင်ပင်
ပျောက်ကွယ်သွားခဲ့လေသည်။
အချိန်မှာ ဆယ်နာရီ ၀န်းကျင် လောက်တွင် အသံတစ်ခုကို ဦးကျော်မင်း တစ်ယောက်ကြားလိုက်ရသည်။
“ခများ ….ကြီး အလှည့် မကြာခင် ရောက်တော့မယ်..
ခများကြီး သေဖို့သာ ပြင်ထား…”
ထိုအသံကြီးမှာ အလွန်ကြောက်မက်ဖွယ်ကောင်းလှသည် ဦးကျော်မင်း သည် တစ်ခု ကို သတိရမိကာ
ခေါင်းနပန်းများပင် ကြီးသွားသည်။
သူ သတ်လိုက်သော ဘညို ဆိုသူမှာ မသေခင်
ထိုသို့ ကျိန်းဝါး သွားသည်
သူတစ်ယောက် ဒါကို စိတ်စွဲလို ကြားရသည်ဟု
ထင်ကာ စိတ်ကို ပြန်ကာ ထိန်းချုပ်လိုက်သည်။
အချိန်လည်း နည်း ပြီ မို့ အိပ်ရာရှိသော အပေါ်ထပ်သို့
တက်လာခဲ့လိုက်သည်။
“ဝုန်း….”
ဦးကျော်မင်း သွားနေသော အရှိန်များ ရပ်တန့်လိုက်သည်.. “ဟားးးးး…ဟားးးး…ဟားးးး…..
ခများကြီး ကျုပ်သေသလို သေစေရမယ်….”
“မင်း …ကဘာကောင်မို့လို့လည်း….
လာလေ သတ္တိရှိရင် ….”
ဦးကျော်မင်း ပြန်ကာ စိန်ခေါ်လိုက်သည်။
တစ်ဖက် ဘည်ို ဆိုသော လက်စားချေချင်နေသော
အငြိုး သရဲမှာ လျှင်မြန်စွာ ဦးကျော်မင်း ထံပြေး၀င်ကာ
ရင်ဘက်ခွစီး၍ လက်နှစ် ဖက်ဖြင့် လည်ပင်းအား
တင်းကြပ်စွာ ညှစ်လိုက်သည်။
ဦးကျော်မင်း သည် အရက်သောက်ထား၍ ရှောင်ချိန်မရ
အသက်ရှူ များမွန်းကြပ်ကာ မကြာခင် မှာပင် ငြိမ်သတ်သွားသည်။
“ဟား….ဟား….”
“ခများ အလှည်တော့ ပြီး ပြီ …ခများ ဇနီးနဲ့ သားတွေအလှည့်ပေါ့…..တစ်မိသားစုလုံး အရှင်မထား ဘူး
အကုန်သတ်ပြီး မှ ကျေနပ်နိုင်မယ်…”
ထိုသို့ အားပါးတရ ပြောလိုက်လေသည်
နောက်နေ့ မနက် ရောင်နီလာ ချိန်မှာတော့
ဦးကျော်မင်ိးတို့ အိမ်တွင် လူများ ပြည့်နေလေသည်
ဇနီး ဖြစ်သူနှင့် သားတွေမှာ ဦးကျော်မင်း အလောင်းဘေးတွင်ထိုင်ကာ မျက်ရည်များ ပင် ကြကာ ငိုနေရှာသည်။
အလောင်းမှာ ရု
ပ်ပျက်ဆင်းပျက် မျက်လုံးပြူ းမျက်စံပြူ းကာ သေဆုံးနေသည်ကို တွေ့ရသည်။
ရဲများ ၏ မှတ်ချက် အရ လည်ပင်းကို ညှစ်ကာ သတ်သွားသည်ဟုပြောလေသည် အသက်ရှူ လမ်းကြောင်း
မှာ ပိတ်ဆို့ ခံရချင်းကြောင့် အခုလို မချိ ့မဆန့် ခံစားကာ သေဆုံး သွားရသည် ဟု မှတ်ချက်ပေးလေသည်။
တစ်ဖြေးဖြေးနှင့် ထိုအိမ်ကြီး တွင် တည်ငြိမ်မှု့
အသံမျိုးစုံ တို့ဖြင့် ညရောက်တိုင်း ဒေါ်အေးခင်တို့
သားမိတွေခမျာ ကြုံ တွေကာ ဒုက္ခရောက်နေကြသည်။
တစ်ညမှာတော့
“စည်သူရေ…စည်သူ….”
“ဟ…မျိုးသိန်း…လာလေကွာ…”
“ဘယ်လိုလည်း စည်သူ….မင်း..ဘယ်ကို
တာ၀န်ကျ အုံးမှာလည်း…”
“မသိသေးပါဘူးကွာ….
ငါလည်း တာ၀န်ကျတဲ့နေရာသာ သွားရမှာပဲ…
အထက်ကတော့ … ဘယ်မှ ပြောမလာသေးဘူး..”
“အေးလေ ….မင်းတို့လို ရဲဆိုတာလည်း…တာ၀န်ကျရာ
နေရာသာ…သွားရောက်ကာ…ထမ်းဆောင်ရတယ်ဆိုတာ…သိပါတယ်…..”
“ဒါနဲ့ …စည်သူ …မင်း မိန်းမ မယူသေးဘူးလား…”
“မယူသေးပါဘူးကွာ….”
“ကိုစည်သူရေ…..ဗျို့ ကိုစည်သူ…..”
“ဘယ်သူတုန်း….၀င်ခဲ့လေ…..”
“ဟေ…ကျော်လေး ဘာကိစ္စရှိလို့လည်းကွ…..”
“ကိုစည်သူကို…မြို့ကနေ….စာပေးလိုက်လို့..အဲ့တာလာပေးတာ….”
“အော် အေးအေး..ညီ…ကျေးဇူးတင်ပါတယ်ကွာ..”
ကျော်လေး ဆိုသော ချာတိတ်လေးမှာ.စာပေးပြီး
ပြန်သွားသည်။
“စည်သူတို့တော့….မယူသေးဘူး…မရှိသေးဘူးသာဆိုတယ်…စာတောင်ရောက်လာပြီ..”
မျိုးသိန်းမှပြောလိုက်ခြင်းဖြစ်သည်။
“ဟကောင်ရ တကယ် မရှိသေးပါဘူးကွာ…
ဒီစာကလည်း…အထက်က စာပဲဖြစ်မယ်….”
စာကို ဖွင့်ဖတ်တော့ သူထင်ထားသည့်
အတိုင်းပင် စာတွင်ရေးထားသည်မှာ စည်သူကို
“ကန်မ “ရွာလေးသို့သွားရောက်ကာ…တာ၀န်ထမ်းဆောင်ဖို့ပြောကြားလာသောစာလေးဖြစ်သည်။
“မင်းကို ပြောသားပဲ အထက်က.စာပဲဖြစ်မယ်လို့…”
“ဘာတွေရေးထားလည်း…”
“စာမှာတော့ “ကန်မ “ဆိုတဲ့ရွာမှာ ငါတာ၀န်ကျမယ်ကွ အဲ့ဘက်မှာ ဒုစရိုက်မှု့တွေ အခုတလော တော်တော် ခတ်စားနေတယ်…”
“ဟုတ်လား အေးပေါ့ကွာ…တာ၀န်ကျရာပေါ့..
နောက်ပြီး မင်း အဲ့ရွာလေးမှာ အချစ်ပါ ရှာလာခဲ့အုံး…”
မျိုးသိန်းမှ စည်သူ အားစနောက်လိုက်သည်။
နောက် လေးငါးရက်တွင် မိခင် ဖခင်ကို နှုတ်ဆက် ကန်တော့ကာ တာ၀န်ကျရာ ကန်မ ရွာလေးသို့ စည်သူ
ထွက်ခွာလာတော့သည်။
ကန်မ ရွာလေးသို့ ရောက်ရောက် ချင်းပင် ထိုရွာ ရဲ့ မြို့ရဲစခန်း၌ တာ၀န်ကျ၍ ရောက်လာသည့်အကြောင်း
ပြောလေသည်။
နယ်ပြောင်းသူကို အစစအရာရာ ကူညီကြသည်။
“ဟုတ်တယ် ကိုစည်သူရေ…အခုတလော…ဒီအမှု့တွေ
တော်တော်ဆိုးနေတယ်..”
စည်သူလည်း တစ်နေ့လုံးပင်ပန်းထား၍
သူ့အား စီစဉ်ပေးထားသော အခန်းတွင်း၀င်ကာ
တစ်ညတာ အိပ်စက် အနားယူလိုက်သည်။
မနက်လင်းရောင်လာသည်နှင့်..သူတစ်ယောက်ထကာ
ထိုရွာနီးချုပ်စပ် ကိုလိုက်ကြည့်မည်ဟုပြောကာ
ရဲဘော်တစ်ယောက်ကို ခေါ်ကာ ထွက်လာခဲ့သည်။
ကြည့်ရင်းကြည့်ရင်းနဲ့ တစ်ဖြေးဖြေး ကန်မ ရွာလေး ဘက်သို့ ရောက်လာခဲ့ကြသည်။
ထိုရွာလေးသို့ ရောက်သည်နှင့် ဟိုဟို ဒီဒီလိုက်လှန်ကြည့်နေမိသည် လမ်းခုလပ် တစ်ခုတွင် လမ်းမှာ
လမ်းကွေ့ ဖြစ်နေသဖြင့်
“ချွိန်..ချွိန်….”အမလေး သေပါပြီ”
“ရှင် စက်ဘီး တစ်စီးလုံးလာနေတာမမြင်ဘူးလား…”
“အားလားလား…နားလိုက်တာ….”
“တောင်းပန်ပါတယ် အမရယ် လမ်းကအကွေ့ဆိုတော့
လာတာမမြင်လိုက်မိဘူး……….”
“ရှင်မမြင်တာက အရေးမကြီးဘူး…အခုကျမ
ခြေထောက် ဘာဖြစ်သွားလည်း မသိဘူး..ထမရဘူး”
ထိုမိန်းကလေး သည် စည်သူ အား နှုတ်သီးခေါင်းလျှာပါးဖြင့်ပြန်ကာပြောနေလေသည်။
“ရပါတယ် အမ ကျနော် လိုက်ပို့ပေးပါမယ်…
အမ အိမ်ကိုသာ ဘယ်လိုသွားရလည်း ပြောပြပါ…”
စည်သူတို့ လျှောက်ကြည့်နေစဉ် လမ်းအကွေ့တွင် တစ်ဖက်မှ စက်ဘီး စီးလာသော မိန်းကလေးသည်။
ရုပ်တစ်ရက် စည်သူတို့ကို တွေကာ စက်ဘီကို ဘေးသို့ထိုးချလိုက်ခြင်းကြောင့် မတိုက်မိပဲ မှောက်သွားလေသသည်။
“အိမ်ရှင်တို့…”
“ဘယ်သူ တုန်း ….”
“အဒေါ်သမီး စက်ဘီး မှောက်လို့ လမ်းမလျှောက်နိုင်လို့
လာပို့တာပါ …အဒေါ်…”
“ဘယ်လို …..သမီး စက်ဘီးမှောက်တယ်….”
“ဟုတ် အမေ… သမီး ရွာလယ် က လမ်းကွေ့မှာ ..
ဒီအကို တွေကို တိုက်မိမှာ ဆိုးလို့ ဘေးချလိုက်တာ
မှောက်သွားတယ်….”
“ညည်း နှယ်အေ ဒီအရွယ်ထိ နမောနမဲ့နိုင်တုန်း…”
“ဟာ…အမေကလည်း…သမီးပဲ..အပြစ်ပြောနေတယ်
အဲ့လိုမှန်းသိရင် တိုက်လိုက်ပါတယ်….”
“ဒီကောင်မလေး…ပြောနေရင်းနဲ့…”
“ဒေါ်လေးမပြောပါနဲကျွန်တော့် အမှားပါ…
ကျွန်တော်သာ ဟ်ိုငေး ဒီငေးနဲ့ လျှောက်လာလို့ ဖြစ်ရတာပါ…”
ထိုမိန်းကလေးမှာ စည်သူ အားကြည့်ကာ
မျက်စောင်းထိုးလိုက်သည်။
“အော် ဒါနဲ့ မောင်ရင့် နာမည်ဘယ်လိုခေါ်လည်း..”
“ဟုတ် ကျွန်တော့် နာမည် စည်သူပါ…..”
“အေးကွယ်…အဒေါ်က ဒေါ်ချို….ဟိုဘက်က အဒေါ့်သမီး
ပြာကလပ်စိန်က…ခင်သူဇာ….လို့ခေါ်တယ်…
မောင်ရင် ကို တစ်ခါမှ.မမြင်ဖူးဘူး…ဒီကို.လာတဲ့ဧည့်ွ့ထင်တယ်….”
“ဟုတ် ဒေါ်လေး ကျွန်တော်က.ဒီနယ်ဘက်ကို …အထက်က အမိန့်နဲ့ တာ၀န်ကျလို့ လာခဲ့တဲ့…ရဲတစ်ယောက်ပါ…..”
“အော်.မောင်ရင်က ရဲကို…အေးကွယ်…နောက်လည်း
ဒီဘက်ကြုံရင် ၀င်လည်လို့ရပါတယ် ကွယ်”
“ဟုတ် ဒေါ်လေး ကျွန်တော် သွားလိုက်ပါအုံးမယ် …”
စည်သူတို့ နှစ်ယောက် ပြောပြောဆိုဆိုနှင့်ပင် ထွက်လာခဲ့လိုက်သည်။
ထိုနှင့်ပင် ကျန်အရာများကို လိုက်ကြည့်နေလိုက်သည်
တစ်နေရာ အရောက်တွင် ….”ညီကို…..
ဟိုရှေ့က ရေနံချေးဝနေတဲ့ အိမ်ကြီး က ဘယ်သူတွေနေတာလည်း ဗျ….”ကိုစည်သူ….ဒီအိမ်ကြီး..အကြောင်းကိုပြောရမယ်ဆို…အတော်သနားဖို့ကောင်းပါတယ်
ဗျာ…..”
“ဘယ်လို ဖြစ်လို့တုန်း….”….ဒီလိုဗျ…
ဟိုလွန်ခဲ့တဲ့ ဆယ့်ငါးနှစ် ဆယ့်ခြောက်နှစ်လောက်တုန်းက…ဒီအိမ်ကြီးမှာ..မိသားစုလေးယောက်နေတယ်…
အိမ်ကြီး ပိုင်ရှင်ကတော့…ဦးကျော်မင်းတဲ့…သူ့ဇနီးဖြစ်သူက…ဒေါ်ခင်အေး…နောက်ြပီး သားနှစ်ယောက်ရှိတယ်..မောင်လွင်နဲ့ အောင်လွင်တဲ့….တကယ့်သနား
စရာပါ ဗျာ…ဒီအကြောင်းတောင်…ကျွန်တော့် အဖေ အမေတွေကပြောပြလို့သိရတာ….အကို့ကို ကျွန်တော် ပြောပြမယ်……….
“ဒီအိမ်ကြီး ရဲ့ပိုင်ရှင် ဦးကျော်မင်း တစ်ညမှာ..
ရုပ်တစ်ရက် အသတ်ခံလိုက်ရတယ်….
လည်ပင်း ညှစ်အသတ်ခံရတယ် လိုပြောတယ်
အဲ့အချိန်ကျွန်တော် သုံးလေးနှစ်သားအရွယ်ပေါ့…
နောက်ရက်များတွင် ဒီအိမ်ကြီးမှာ…အသံပေါင်းစုံကြားရတယ်….ခြောက်လှန့်တယ်….
ဇနီးဖြစ်သူ ဒေါ်ခင်အေး ကတော့ သွားလေသူ
မကျွတ်မလွတ်ပဲလိုက်ခြောက်နေတယ် ထင်ပြီး
နောက်ထပ် အမျှတမ်းပေးဝေလည်း မရဘူး
တော်ကြာ “ဂလုံး…ဂလွမ်…နဲ့..
ဟိုဟာကိုက်ပေါက် ဒီဟာ ကိုင်ပေါက်နဲ့ ညတိုင်းလိုလို
မအိပ်ရဘူး…တစ်ညမှာတော့…အသံတွေ ကြားရတယ်တဲ့….အဲ့အသံကတော့….”နင်တို့မိသားစုတွေ
ကို အကုန်သတ်မယ်…တစ်ယောက်မကျန်သတ်မယ်
နင်တို့ အကုန်သတ်ပြီးမှ ဒီဘ၀က ကျွတ်လွတ်အောင် သာဓုခေါ်မယ်….ဒီတော့မှ ငါ့ရဲ့ အငြိုးတွေလည်းပြေမယ်နဲ့…..အော်ပြောတဲ့ အသံတွေကြားရတယ်
တဲ့…..ဒီ အသံတွေလည်း ကြားရော
ဒေါ်အေးခင်လည်း မနေရဲတာနဲ့ ထွက်ပြေးဖိုကြံစည်လိုသေးတယ်….ဒါပေမဲ့…မအောင်မြင်ခဲ့ဘူး…
အဲ့ညမှာပဲ အသတ်ခံလိုက်ရတယ်…တစ်ခု…အဲ့အချိန်မှာ အငယ်ဆုံးသား မောင်လွင်…..ဘယ်ရောက်သွားမှန်မသ်ိ…အလောင်း နှစ်လောင်းပဲ တွေ့ရတယ်
မောင်လွင်ပျောက်နေခဲ့တယ်…”
“စိတ်တော့ ၀င်စားသွားပြီ…ဒါနဲ့သတ်တဲ့..
တရားခံကို မိလား…”
“ဘယ်ရလာ…ဘယ်သူသတ်မှန်းကို မသိတာ…
တချိုတွေပြောတာတော့….ပရလောကသားတွေက မကျေနပ်လို့သတ်တယ်လို့ပြောတယ်….”
စည်သူ ထိုအိမ်ကြီး၏ ရာဇ၀င်ကို သိကြားလိုက်ထဲက
စိတ်၀င်စားသွားသည်။
စည်သူ ညနေပိုင်းရောက်သည်နှင့် ရေမိုးချိုးကာ
မြို့ပေါ်ရှိ လက်ဖက်ရည်ဆိုင်တစ်ဆိုင်တွင်သွားထိုင်နေလိုက်သည်။
နေလည်က တွေခဲ့သော အိမ်ကြီး အကြောင်းခေါင်းထဲသို့ ၀င်လာခဲ့သည်။
ထိုအိမ်ကြီးကိုလည်း သူရင်းနီး နေသလို ခံစားနေရသည်။
ထိုအတွေးများ ဖယ်ထုတ်လိုက်သည် လက်ဖက်ရည် ကို
သောက်လိုက်သည် ဒီကြားထဲခေါင်းထဲ အတွေး တစ်ခု၀င်လာပြန်သည်။
နေခင်းက ထိုအိမ်ြကီး မတွေခင် ခပ်စွာ စွာ မိန်းကလေး နှင့်လည်း တွေ့လိုက်ရသည်…”အော် ခင်သူဇာ…
ခင်သူဇာ…..နှုတ်မှ ရေရွတ်မိလိုက်သည်။
“ရှင် ….ကျမ ကို ခေါ်တာလား….”
ဘေးတစ်ဖက်မှ အသံကိုကြားလိုက်ရသည်။
“ဟာ မဟုတ်ပါဘူး…အမ ကို မခေါ်ပါဘူး ..
ကျနော့် အသိ တစ်ယောက်နာမည်ကို ခေါ်လိုက်တာပါ..”
“မသိပါဘူး ရှင် ကျမ များခေါ်တာလားလို့….”
ထိုလက်ဖက်ရည်ဆိုင်မှ မိန်းကလေး နာမည်မှာလည်း
ခင်သူဇာပင်ဖြစ်သည်။
စည်သူ တစ်ယောက် တာ၀န်ကျရာ စခန်းသို့ပြန်လာကာ အချိန်လည်း မိုးချုပ်နေပြီ မို့ အိပ်ရာများ
ခင်းကျင်းနေတော့သည်။
“အကိုကြီး…ညီလေးမောနေပြီ ”
“မကစားတော့ဘူး….ကဲသားတို့ရေထ
မင်းစားမယ်….ဟုတ်မေမေ….”
အိမ်ကြီးထဲတွင် မိသားစုလေးဦး ရဲ့ ထမင်းဝိုင်းလေးမှာ မိန်လှသည်။
“သားငယ်လေး..ပြေး…ပြေး…..”
အမေ…………ငါ….ငါအိမ်မက်မက်နေတာလား
ဟုတ်တယ်…..တော်သေးတာပေါ့…..စည်သူ
ဘေးတွင်အသင့်ထားရှိသော ရေကို တစ်ခွက်သောက်လိုက်သည်။
ထူးဆန်သည်မှာ…ထိုအိမ်မက်ထဲတွင် တွေ့ရသောအိမ်
ွုကြီးမှာ သူ နေ့ခင်းက တွေ့ လိုက်ရသော အိမ်ကြီးနှင့်
အတော်တူနေသည်။
စည်သူ နောက်နေ့များ တွင် လည်း ထိုအိမ်ကြီးဘက်ကိုသွားသည်။
တစ်နေ့ သူတစ်ယောက် ထိုအိမ်ကြီးနားအထိ ရောက်သွားလေသည်။
သည်အချိန်တွင် လေပြေတစ်ချက် တိုက်ခက်လိုက်သည် လေထဲတွင် အနံ့အသက်များ မကောင်း…
ပုပ်အပ်အပ်အနံ့တစ်ချို့ခံစားမိသည်။
စည်သူလည်း မသတည်တာနဲ့ပြန်လှည့်လာခဲ့တော့သည်…မြို့ပေါ်သို့ အရောက်တွင်…..
“လုပ်ကြပါအုံး…ပိုက်ဆံအိတ် လုသွားလို့ ကူညီကြပါ
ရှင်….”
စည်သူ အရှေ့တွေ ပိုက်ဆံအိတ်ကိုင်ကာပြောလာသောလူတစ်ယောက်ကို တွေ့လိုက်၍
အတင်းပြေးကာ ဇာတ်ကားတွေထဲကအတိုင်း
တိုက်ခိုက်ကြလေသည်။
ပိုက်ဆံအိတ် ကိုပြန်ယူ၍ ပြန်ပေးသောအခါ…..
“ရှင် …ရှင်….ရဲပေါက်စမလား….”
“ကျွန်တော့် နာမည် ရဲပေါက်စ မဟုတ်ပါဘူး…စည်သူပါဗျာ…..”
“အို…မသိဘူးရှင်…”
” ရော့ဒီမှာမခင်သူဇာ..ပိုက်ဆံအိတ်…”
ပိုက်ဆံအိတ်ပိုင်ရှင်မှာ ကန်မ ရွာလေးမှ ခင်သူဇာပင်ဖြစ်နေသည်။
စည်သူလည်း တစ်နေ့ တစ်နေ့ ထိုအိမ်ကြီး
နှင့် ခင်သူဇာ တို့ အိမ်ဘက်သာ သွားနေခဲ့သည်။
သူစိတ်၀င်းစားနေသော ထိုအိမ်ကြီးမှာ
တစ်ချိန်က သူရင်းနှီးခဲ့သည်ဟု ထင်မှတ်နေသည်။
ထိုရွာလေးသို့ သူရောက်လာသည်မှာ တစ်လပင်ဖြစ်နေပြီ သူ့တာ၀န်ကျသည့် ဒုစရိုက်အမှု့တွေတော့ အခုထိ .မပေါ်ပေါက်သေးသောကြောင့်စည်သူအတွက်
ကန်မ ရွာလေးကို ချောင်းပေါက်မတက်သွားလို့ရနေသည်။
ခင်သူဇာတို့ အိမ်ကို သွားပါများလာသော
စည်သူမှာ ခင်သူဇာ နှင့်ပင် ချစ်ကြိုက်ကာလာတတော့သည်။
မိခင်ဖြစ်သူ ဒေါ်ချိုမှာလည်း သဘောတူ သဘောကျသည် စည်သူလည်း ဒီဆောင်းကုန်ရင်
မိဘများကို ပြောကာ မိသားဖသားပီပီ တောင်းရမ်း
လက်ထပ်ယူမည်ဟုလည်းကတိပေးထားသည်။
အချိန်တွေ ကြာလာရက်တွေ ကြာလာသည်မှာ
အခုဆို သုံးလပင် ဖြစ်သွားသည်။
စည်သူ တစ်နေ့မှာ အိမ်ကြီးထဲသို့ သိလိုဇောနဲ့
၀င်ကာ လျှောက်ကာပတ်ကြည့်နေမိသည်။
“ဝုန်း….”
“အမလေး…”
စည်သူ…ပါးစပ်မှ အာမေဋ္ဌိတ်အသံပင်ထွက်သွားသည်။
ဖရို ဖရဲ ဖြစ်နေသော စားပွဲခုံအား၀င်တိုက်ကာ
၀ုန်းကနဲ မြည်ပြီး ပြိုကျသွားသောကြောင်လန့်ကာ
အမလေးဟု အော်လိုက်မိခြင်းဖြစ်သည်။
ပြနာကတော့ ဒီအချိန်မှာ စတော့ တာပဲ
အိမ်ကြီး တစ်ခုလုံး ပြောင်းဆန်အောင်
၀ုန်း….ဒိုင်းနဲ့ဖြစ်ပေါ်လာသည်။
ဟား….တိုက်ရယ်သံများလည်းထွက်၍ပင်လာခဲ့သည်
“ဟား…ဟား….ဟား….
ငါ အနှစ်နှစ် အလ လစောင့်နေခဲ့ရတာ အခုတော့
ငါ့ဆန္ဒတွေပြည့်ဝတော့မယ်..ဟား…ဟား…ဟား…”
စည်သူ ခေါင်းများကြီးကာ…အသကုန်ထွက်ပြေးလေသည်…နောက်သို့ မကြည့် သူပြေးနေသော
အိမ်မှာ ခင်သူဇာ တို့ အိမ်ကိုပင်ဖြစ်သည်။
“ဒေါ်လေး ….ဒေါ်လေး….ကျွန်တော့်ကို
ရေလေးတစ်ခွက်လောက်တ်ိုက်ပါ..”
“ဟဲ့ အမော တကြီး ဘယ်လိုဖြစ်လာရတာလည်း..”
စည်သူ အိမ်ကြီး ထဲမှာ ဖြစ်ပျက်ခဲ့သမျှ ကို ဖြစ်ကြောင်း
ကုန်စင် ပြောပြလိုက်လေသည်။
“တော်သေးတာပေါ့…အကိုရယ်….”
“ထူးဆန်းတယ်…အကိုသွားမှ အခုလိုတွေဖြစ်လာတယ်…အရင် ဒီအိမ်ကြီးကို ဘလေး ၀င်ဖူးတယ်
ဘာသံမှ မကြားရဘူး အခုလို မကြုံဘူး…အကိုကျမှ အခုလိုဖြစ်ရတယ်လို့”
“ဟုတ်တယ် သူဇာ..အကိုလည်း…ကြောက်လန့်ပြီး
ထွက်ပြေးလာခဲ့လိုက်တာ…”
နောက်နေ့များတွင် ထိုအိမ်ကြီးမှာ…တိတ်ဆိပ်ငြိမ်သက်မှု့မရှိ ဝုန်း..ဒိုင်းအသံများနှင့် တစ်ခါတစ်ခါ ဘေးပတ်၀န်းကျင် မှ ပြောစကား အရ မောင်လွင် မင်းလာခဲ့ မင်းကို
သတ်ပြီးမှ ငါဒီဘ၀ကကျွတ်မှာ မင်းငါ့လက်က မလွတ်ပါဘူးဟု ကျိန်းဝါးသံတို့ပါ ကြားရသည်ဟု ပြောကြသည်။
စည်သူ အမှတ်မရှိ ထိုအိမ်သို့ နောက်တစ်ခါ ပြန်လည်ကာလာခဲ့သည် စည်သူစ်ိတ်ထဲတွင်လည်း ဖြစ်ခြင်ရာဖြစ်ဟုတွေးလိုက်ကာ ထိုအိမ်ကြီးထဲသို့၀င်လာခဲ့သည်။
“ဝုန်း…”
“ဟား…ဟား…ဟား…”
“မောင်လွင် …မင်းဒီတစ်ခါ ငါ့လက်က မလွတ်တော့ပါဘူး..”
“ဒီမှာ ..ကျုပ်မောင်လွင်မဟုတ်ဘူး…ခများ လူမှားနေပြီ..”
“လူမမှားဘူးကောင်လေး မင်းဟာ..လူယုတ်မာ..
ကျော်မင်းရဲ့သားပဲ….”
“မဖြစ်နိုင်ဘူး….ခများ အပိုမပြောနဲ့”
“မင်းမယုံတာ ငါမသိဘူး
..ငါသ်ိတာ မင်းကို သတ်မယ် ဆိုတာပဲ..
မင်းကို သတ်ရဖို့ ငါစောင့်နေခဲ့တာ ဆယ့်ငါးနှစ်ကျော်ကြာပြီ..ဟား…ဟား…”
“အဲ့နေ့ည အမှတ်ရနေသေးတယ်..မင်းလွတ်သွားခဲ့တယ်..မင်းအမေနဲ့ မင်းအကို ကိုသတ်နေချိန် မင်းအမေက သားငယ်လေးပြေး..ပြေး..လို့ အော်လို့
မင်းပြေးတာ ငါ့နယ်နိမိတ်ကျော်လို့ မင်းလွှတ်သွားခဲ့တယ်…”
ထို အချိန်တွင် စည်သူ သူတစ်ခါ မက်ဖူးသော အိမ်မက်ထဲမှ သားငယ်လေး ပြေး..ပြေး…ဆိုသော အသံနားထဲကြားယောင်မိကာ မျက်ရည်များ
စီးကျလာတော့သည်။
“ဒါ..ဒါ..ဆိုရင် ခများ ကျုပ်မိဘတွေနဲ့ ကျုပ်အကို ကိုသတ်တာခများပေါ့ ..”
“သိပ်ဟုတ်တာပေါ့ မင်း အဖေကြောင့် ငါသေခဲ့ရတာ
လက်စားချေချင်စိတ်ကြောင့် အခုလို ဘ၀မျိုးနဲ့ နေနေရတာ…အခုတော့ မင်းရောက်လာပြီ…ဆိုတော့
မင်းကို သတ်ပြီးမှ ငါ ဒီဘ၀က လွတ်အောင် ကြိုးစားမယ်…ဟား..ဟား…ဟား…”
သူတစ်ပြန် ကိုယ် တစ်ပြန်ပြောရင်း
အခြေနေတွေ ပို၍ဆိုးလာခဲ့သည်။
“ခများ ကျုပ်မိသားစုကို သတ်တဲ့ အတွက် ခများကို
သတ်မယ် ခများ နှစ်ခါသေစေရမယ် ….”
ထို အိမ်ကြီးထဲတွင် စည်သူနှင့် လက်စားချေ ဝိညာဉ်
တို့၏ တိုက်ပွဲမှာ ပြင်းထန်၍လာခဲ့သည်။
၀ိညာဉ်နှင့် လူသား တိုက်ခိုက်ရာတွင်
လူသားဖြစ်တဲ့ စည်သူ ကြာရှည် ခံနိုင်ရည် မရှိ တစ်ချက်မှာ စည်သူ လဲကျ သွားတော့သည်။
“ဟား…ဟား…
မင်းသေဖို့သာ ပြင်ထား…..”
“ဝုန်း…”
စည်သူထံ ခုန်အုပ်လိုက်သည်
စည်သူအား တင်းကြပ်စွာ လည်ပင်းကို ညှစ်နေတော့သည်။
“အား….ပူတယ်…ပူတယ်…..အမလေး…လုပ်ကြပါအုံး
တစ်ကိုယ်လုံးပူလောင်နေပြီ…”
ရုတ်တစ်ရက် ဝိညာဉ်အဖြစ် လက်စားချေသရဲကြီးမှာ
လူးလွန့် ကားအော်နေတော့သည်။
“မောင်စည်သူ….အပြင်ထွက်နေ ဘာမှ မကြောက်နဲ့
ဆရာကြီး ရောက်လာပြီ….”
ဘယ်အချိန် ဘယ်လိုရောက်လားမှန်းမသိ
ဘေးသို့ ထွက်လိုက်သောအခါ သူနှင့် တစ်ခါ ထို အိမ်ကြီးသို့ စလာဖူးသော ရဲဘော်တစ်ယောက်က်ို တွေလိုက်ရသည်။
“ကိုစည်သူ လာဒီဘက်ကို….”
“မင်းဘယ်အချိန်ရောက်လာတာလည်း…”
“မကြာသေးဘူး…ကိုစည်သူထွက်သွားထဲက…
ကျွန်တော့် အသိဆရာကြီးကိုပါ တစ်ပါထဲခေါ်လာခဲ့တာ
အခုတော့ အဆင်ပြေသွားပြီး”
ထိုသို့ပြောနေချိန်..တစ်ဖက်မှ အသံထွက်ပေါ်လာသည်။
“ပြောစမ်း…ဘာလို့ အခုလို လုပ်နေတာလည်း..မင်းမပြောရင် ငါမင်းကို ဒီထက်ပိုဆိုးအောင်လုပ်မယ်”
“မကျေနပ်လိုပါ..”
“ဘာလို မကျေနပ်တာလည်း…”
“သူ့ အဖေဟာ ဒီအိမ်ကြီးထဲမှာပဲ ကျုပ်ကို
ရက်ရက်စက်စက် သတ်ခဲ့တာ ဒါကြောင့်
ဒင်းတမိသားစုလုံးကို လက်စားချေခြင်စိတ်နဲ့ လိုက်သတ်ခဲ့တာ…သူတစ်ယောက်ပဲ လွတ်မြောက်ခဲ့တယ်”
“ဒါဆို မင်းဒီရန်ငြိုးတွေ ကို ဖယ်ထုတ်လိုက်တော့..
ဘာမှ အပြစ်မရှိသူတွေ မင်းကြောင့် သေခဲ့ပြီးပြီ…ဒီအာဃာတ.အငြိုးတွေကို ဒီမှာတင်.အဆုံးသတ်လိုက်တော့…”
“ဟုတ်….ဟုတ်..”
“မခံစားနိုင်လို့..လွှတ်ပေးပါတော့..
ရန်ငြိုးတွေလည်း ပြေပါတော့မယ်”
“ကောင်းပြီ.မင်းကတိပေးတယ်ဆို
ငါလွှတ်ပေးမယ်…”
“ပေးပါတယ်….တစ်ကိုယ်လုံးပူနေပါပြီ
လွှတ်ပေးပါတော့…နောက်ပြီး ကျွန်တော့် အတွက်
ကောင်းမှု့ကုသိုလ်လေးပါလုပ်ပေးပါ
ဒီဘ၀မှာ မနေချင်တော့ဘူး….”
“ကောင်းပြီ မင်းကတိ တည်ရင်ပြီးတာပဲ”
ထိုသို့ပြောပြီး…ဆရာကြီး မှ လွှတ်လိုက်သည်နှင့်
၀ိညာဉ် သရဲမှာ ပျောက်ကွယ်သွားခဲ့လေသည်။
အရာအားလုံးပြီးဆုံးသွားပြီပေါ့
စည်သူလည်း နောက်နေ့တွင် မိဘတွေရှိသည့်
ီမြို့သို့ပြန်ကာ ထိုအကြောင်းအရာများကိုပြောပြလိုက်သည်။
ထိုအချိန်မှ စည်သူဟာ သူတို့ မွေးစားထားသော သားဆိုတာသူ တကယ်သိလိုက်သည်။
နောက် ဆယ်ရက်လောက်.အကြာမှာတော့
ကန်မ ရွာလေးတွင် မင်္ဂလာပွဲ တစ်ပွဲဖြစ်သွားသည်
ထိုမင်္ဂလာဆောင်ပွဲကတော့ မောင်စည်သူနှင့်
မခင်သူဇာတို့ပင် ဖြစ်သည်။
#ပြီး#
ကြိုးစားပါအုံးမည်။
မင်းခသူ