အိမ်အိုကြီး

Posted on

အိမ်အိုကြီး(စ/ဆုံး)

—————

” ကိုကို မေမေတို့က ဖိုးဖိုးတို့ရွာကို ဒီတစ်ပါတ်တနင်္ဂနွေ သွားလည်မယ်တဲ့ ´´

“ အေးလေ ညီမလေးရယ် အာ့တာဘာဖြစ်လို့လဲ ´´

“ ညီမလေးစိတ်ထဲတစ်မျိုးကြီးပဲ ´´

“ မဟုတ်တာ အဖိုးတို့ဆီသွားတာပဲဟာ ´´

အောင်လေးနဲ့သူ၏ညီမလေးတို့့စကားပြောနေတာပဲ
ဖြစ်ပါတယ်။

သူငယ်ချင်းတွေကိုနက်ဖြန်ခရီးသွားကြတော့မှာမို့ မောင်နှမနှစ်ယောက်လိုက်နှုတ်ဆက်နေကြသည်။

” သားတို့ သမီးတို့ရေ မပီးကြသေးဘူးလား ”

” ဟုတ်ကဲ့ ပီးပါပြီဖေဖေ ”

” အေးပီးရင်သွားကြ၇အောင်ကွယ် ”

” တော်ကြာနေတစ်အားပူနေလိမ့်မယ် ”

” အမေကြီးေ၇သွားရအောင်ဟေ့ ”

” လာပြီအစ်ကို ”

မိသားစုတစ်တွေ ရွာသွားရန်ကားဂိတ်သို့
ထွက်လာကြလေတော့သည်။

” မြသာယာပါလား မြသာယာ ”

” ပါတယ် ညီလေး ပါတယ် ”

အောင်လေးရဲ့အဖေမှ စပါယ်ယာလေးအားပြေပီးနောက်

သူ့မိသားစုဖက်လှည့်ကာ

” ရောက်ပီဟေ့ ဆင်းကြရအောင် အိတ်တွေသေချာကြည့်ကြဦးနော် “ဟုသတိပေးကာ ကားပေါ်မှဆင်းရန်ဟန်ပြင်လေတော့သည်။

ကားပေါ်မှဆင်းပီးနောက် အရိပ်ရှိရာ ကုက္ကိုလ်ပင်အောက်သို့မိသားစုများလျှောက်လာစဉ်

” ဟေ့ မောင်စိုးသောင်းမဟုတ်လားကွ ”

” ငါ့ကို ဘကြီးမြလွှတ်လိုက်တာကွ ”

” ငါ့ကိုမှတ်မိလား မောင်စိုးသောင်းရေ ”

” အစ်ကိုက ကိုသန်းဝင်းမဟုတ်လားဗျ ။ ”

” မှန်တာပေါ့ ငါ့ကောင်ကြီးရာ မြို့သားဖြစ်နေတော့ ချောလို့ ခန့်လို့ ပါလားကွ ”

” ကဲကဲ လာကြလှည်းပေါ်တက်ကြ ”

” ဟေးးးး ”

မောင်နှနှစ်ယောက်ပျော်ရွှင်စွာ လှည်းပေါ်လုတက်နေကြသည်။

သူတို့ကလေးတွေက နွားလှည်းမှမစီးဘူးကြတာကိုး။

” ကလေးတွေ ဖြည်းဖြည်းတက်ကြ ပြုတ်ကျနေဦးမယ် ”

” ဟုတ်ကဲ့ ဘဘကြီး ”

ခလောင် ခလောင်

” ဟဲ့နွား ဟဲ့နွား ”

“ဟဲ့ ဒီနွားဟာ ကောင်းကောင်းသွားစမ်း ”

” ကိုကို နွားလှည်းစီးရတာပျော်စရာကြီနော် ”

” ဟုတ်တယ် ညီမလေး ပျော်စရာကြီး ”

ကလေးနှစ်ယောက်ပျော်နေတာကိုကြည့်ပီး မိဘနှစ်ပါးမှာ ခေါင်းတညိမ့်ညိမ့်နဲ့ပီတိဖြစ်နေကြသည်။

အတန်ငယ်မောင်းပီးနောက် ရွာပြင်ပါတ်လမ်းမှရွာထဲသို့မောင်းဝင်လိုက်ပီးနောက် အိမ်ကြီးအိမ်ကောင်းတစ်အိမ်ရှိရာခြံတွင်းသို့မောင်းဝင်လိုက်လေသည်။

” စိုးသောင်းတို့ရောက်လာပဟေ့ ”

” ငါ့မြေးတွေလဲပါတယ် အဖွားကြီးရေ ”

အိမ်အောက်ကွပါပျစ်၌ထိုင်နေသောအဖိုးကြီးတစ်ယောက်မှလှမ်းပြောလိုက်ခြင်းဖြစ်ပေသည်။

” ထိုအဖိုးအိုကြီးက ကိုစိုးသောင်းရဲ့အဖေပဲဖြစ်လေသည်။

” ဟုတ်ကဲ့အဖေ ”

” အေးအေး အောက်ကိုပဲလာကြကွဲ့ ”

” အပေါ်မှာကပူတယ် အထုတ်တွေထားပီးဆင်းလာကြ ဟုတ်ပလား ”

” ကဲ သားတို့သမီးတို့ ဖိုးဖိုးကို သွားနှုတ်ဆက်ကြဦး ”

“ဖိုးဖိုး ”

မောင်နှမ ၂ယောက်သံပြိုင်အော်ကာ အဖိုးဖြစ်သူထံပြေးသွားကြလေရာ အဖိုးကြီးသည် ကွပ်ပျစ်မှထကာ လက်၂ ဖက်ကိုဆန့်တန်းလျှက်ကြိုဆိုလေသည်။

အဖိုး၏ရင်ခွင်တွင်းသို့ရောက်သွားသော ကလေး၂ ယောက်အား အဖိုးဖြစ်သူမှ

” ငါ့မြေးလေးတွေက အချောလေးတွေပဲကွ ”

” မတွေ့တာကြာတော့ ပိုတောင်ချောလာကြသေးတယ် ”

” ဖိုးဖိုး သမီးထမင်းဆာတယ် ”

” ဟေ အဖွားကြီးရေ ကလေးတွေဗိုက်ဆာလို့တဲ့ဟေ့ ”

” ကျက်ပါပြီတော် ကျက်ပါပြီး စားချင်သပဆိုကြွကြပါတော့ ကျေးဇူးရှင်လေးတို့ရေ ”

” ဟေးးးးး ”

” သားတို့ရောစားကြတော့မလား ”

” မစားသေးဘူးအမေ အဖေနဲ့စကားပြောရင်းနားလိုက်ဦးမယ် ”

” အေးအေး ဒါဆိုလဲ ပီးရောဟ့ ”

” အဖိုးကြီးကလေကြော ရှည်ရှည်နဲ့တော့တွေ့ကြပီပေါ့ ”

” ဟ အမယ်ကြီးရ တစ်ခါတစ်လေမှသားအဖ၂ ယောက်ဆုံကြရတာကွာ ရှည်တော့ဘာဖြစ်တုန်းဟ ငါ့လခွမ်းမှပဲ ”

ဒီလိုနဲ့အားလုံးစားသောက်ကြပြီးချိန် နေ့လည် ၂ချက်ထိုးလောက်တွင်ခြံထဲသို့ ကလေး ၃ယောက်ဝင်လာကြရာ

” လာကြဟေ့ချက်စူတို့ရေ ”

” မင်းတို့နဲ့ငါ့မြေးတွေမ်ိတ်ဆက်ပေးမယ် ”

” သူတို့က ဘယ်သူ့ကလေးတွေလဲအဖေ ”

” ချက်စူက မင့်အစ်ကိုဝမ်းကွဲ ငမြင့်ရဲ့သားကွ ”

” မောင်လှနဲ့မောင်မြင့် ညီကို၂ယောက်ကမင်းကိုလာကြိုတဲ့ သန်းဝင်းရဲ့သား ၂ကောင်ပေါ့ကွာ မျောက်ရှုံးတဲ့ကောင်တွေပဲ ”

” သြော် ဟုတ်ကဲ့အဖေ ”

အဖိုးကြီးမှ

” ငါ့မြေးတွေလာကြဟေ့ ဒါက ချက်စူတဲ့ ဟိုဖက်က
မောင်လှ နဲ့မောင်မြတဲ့ ”

” ဒါက အဖိုးမြေးလေးတွေ အောင်လေးနဲ့ နဒီတဲ့ကွ ”

” မင်းတို့ငါ့မြေး မြို့သားလေးတွေကို ရွာထဲမှာလိုက်ပြပေးလိုက်ကြကွဲ့ ”

” ဒါမဲ့ ရွာတောင်ဖက်ကိုတော့မသွားကြနဲ့နော် ”

” ဟုတ်ကဲ့ပါ ဖိုးဖိုးကြီး ”

ကလေးတွေအတူတူထွက်သွားကြတာကိုကြည့်ပီး ကိုစိုးသောင်းမှသူ့အဖေကို

” ကလေးတွေက အလည်လေးတွေပဲနော်အဖေ ”

” အေးကွ ရွာရဲ့မျောက်လောင်းကျော်လေးတွေပေါ့ကွာ ”

” ဟား ဟား ဟား ဟား ဟား ”
သားအဖ၂ ယောက်ရဲ့တစ်ပြိုင်ထဲ ရီလိုက်တဲ့အသံက ခြံကြီးအတွင်းမှာ ဆွတ်ပျံ ကြည်းနူးဖွယ်ရာ ပျံ့လွင့်လာလေတော့သည်။

ရွာထဲသို့ကလေး၅ ယောက်လျောက်လည်နေကြပီးနောက် မြို့သားလေးတွေကို ချက်စူမှဦးဆောင်ပီးရှင်းပြနေလေရာ စကားတပြောပြောဖြင့်ရွာတောင်ပိုင်းသို့ရောက်လာကြလေသည်။

” ကဲ ပြန်ကြမယ်ဟေ့ ညနေတောင်စောင်းနေဘီ ”

” ဟျောင့်ချက်စူအဖိုးကရွာတောင်ပိုင်းကိုမသွားနဲ့လို့ဘာလို့ပြောတာလဲ “ဟုအောင်လေးမှ ချက်စူကိုမေးလိုက်ရာ

” ရွာတောင်ပိုင်းမှာ ဘယ်သူမှမနေကြဘူးကွ အိမ်အိုပျက်ကြီးတစ်လုံးပဲရှိတယ် ”

” ဟုတ်လားအဲ့ကိုသွားကြည့်မယ်ကွာ လိုက်ပို့ပေး ”

” ဟင် ! ကိုကို နဒီမလိုက်ရဲဘူး ကြောက်တယ် ”

” ညီမလေးကလဲကွာ ဘာကြောက်စရာရှိလဲ အပြင်ကပဲကြည့်မဲ့ဟာ ”

” ခဏလေးပါကွာ ခဏလေးနော် ဖိုးဖိုးတို့ကိုပြန်မပြောရဘူး ”

” ဒါဆိုလဲပီးရောနော်ကိုကို ခဏလေးပဲ ”

” အေးပါ လာချက်စူသွားမယ် မင်းရှေ့ကသွား ”

အတန်ငယ်သွားပီးနော် ချုံနွယ် ပိတ်ပေါင်းတွေအုံ့ဆိုင်းလျှက်ရှိသောအိမ်အိုပျက်ကြီးရှိရာ နေရာသို့ရောက်လာလေသည်။

ခြံကြီးမှာကျယ်ဝန်းပီး သီးပင်စားပင်များလဲများစွာရှိနေသောအခါ မာလကာပင်မှအသီးများမှာ ခူးဆွတ်မဲ့သူမရှိသဖြင့် မြေပေါ်သို့ကြွေကျက ပိုးလောက်များနှင့် ငှက်များစားသောက်ထားသည်ကိုများစွာတွေ့ရသည်။

နေ့ခင်းနေ့လည်ပင်ဖြစ်သော်ငြားလည်း လူသွားလူလာမရှိသဖြင့် ငှက်သံများမှအပ တိတ်ဆိတ်ခြောက်ခြားစရာပင်ကောင်းလေသည်။

နဒီကမနေတော့သဖြင့် ပြန်ရန်ပြောလေရာ အောင်လေးမှနိမ့်နေသောအကိုင်းမှ မာလကာသီးတစ်လုံးကိုခူးကာ ပြန်ကြလေသည်။

ခြံထဲမှထွက်သွားသော ကလေးများ၏နောက်ကျောကို ကြည့်နေသော အိမ်ထဲမှမျက်လုံးပေါင်းများစွာကို ကလေးငယ်များတွေ့ခဲ့ကြပါလျှင် !!!

” ကလေးတွေပြန်လာကြပီ လာလာကြလာကြ ကလေးတို့ရေ ”

” ရွာထဲမှာ တော်တော်နှံ့ခဲ့ကြရဲ့လား ”

” ဟုတ်ကဲ့ဖိုးဖိုး တော်တော်လေးရောက်ခဲ့ပါတယ် ”

အိမ်ပြန်ရောက်ချိန်တွင် ချက်စူတို့ မောင်မြင့်တို့အဖေများပင်ရောက်ရှိနေပီး ဧည့်သည်များနှင့်စကားကောင်းနေကြပေသည်။

” ကဲဟေ့ ဒီနေတော့ ဒီလောက်ပါပဲနက်ဖြန်ကျမှ လျှောက်ဆော့ကြတော့နော် ”

” ဟုတ္​ကဲ့ပါ ဖိုးဖိုး ”

အကာလညအချိန်ရောက်သော် အောင်လေးတစ်ယောက် အိပ်မပျော်နိူင်ပဲ မျက်လုံးထဲ၌ အိမ်အိုကြီးရှိရာခြံထဲမှ မာလကာသီးအူနီကြီးများကိုသာမြင်ယောင်လျှက်ရှိနေရာ မနက်ဖြန်ကျမှ ညီမလေးမပါပဲ ချက်စူတို့နဲ့ သွားပြန်ပီးအဝ ခူးစားလိုက်မယ်ဟုတွေးတောကာ တစ်ယောက်ထဲ မိမိစိတ်ကူးကိုပီတိဖြစ်ကာ ပြုံးယောင်သန်းရင်းအိပ်မောကျသွားလေတော့သည်။

” အောက် အီး အီး အွတ် ”

ကျေးလက်သဘာဝအတိုင်း လင်းကြက်တွန်သံဖြင့်ကျေးရွာလေးမှာ စတင်အသက်ဝင်လာလေတော့သည်။

” မေ မေ မုန့်ဟင်းခါးစားချင်တယ် ”

” သြော် သမီးရယ် ဒီမှာမုန့်ဟင်းခါးဘယ်ရှိပါ့မလဲ ”

” မနက်စာ ထမင်းကြောနဲ့ ကြက်ဥကြော်ပဲရှိတယ်ကွဲ့ ”

” ဖိုးဖိုးသူ့ကန်ဖော်ထားတုန်းကရထားတဲ့ ငါးရံ့တွေကို အခြောက်လှမ်းထားတဲ့ ငါးရံ့ခြောက်တွေကိုလဲ ဖုတ်ထားပေးထားတယ်လေ ”

” မေမေတို့ဆီမှာဆို စျေးကြီးတော့ ငါးရံ့ခြောက်က စားရခဲတယ်သမီးလေးရဲ့ ဒါလေးနဲ့ပဲစားနော် ”

” ဟုတ်ကဲ့ပါ မေမေ ”

စားသောက်ပီးတဲ့အချိန် ချက်စူတို့ရောက်လာသဖြင့် ခြံထဲမှာပင်ကစားကြလေသည်။

ထမင်းစားချိန်ရောက်သော် ချက်စူ မောင်လှတို့ညီကိုလဲ ဒီမှာပင်ထမင်းစားလိုက်ကြသဖြင့် ယောကျာင်္းလေး၄ ယောက် ဆေးရိုးပင်ကြီးအောက်၌ထိုင်ကာ အောင်လေးမှစ၍သူ့အကြံအားအကောင်ထည်ဖော်ရန်

” ဟျောင့် ချက်စူ ခြံကြီးထဲက မာလကာသ်ီး အူနီသီးကြီးတွေသွားခူးရအောင်ကွာ ”

ထိုခါ မောင်မြင့်မှနေ၍

” ဖြစ်ပါ့မလားဟ အဲ့အိမ်ကြီးက သရဲခြောက်တယ်ပြောတယ်နော် ”

” မင်းကသရဲတွေ့ဘူးလို့လားဟ မောင်မြင့်ရ ”

ချက်စူကဝင်ပြောလိုက်ရာ မောင်မြင့်မှ

” အာ့တော့မသိဘူးလေကွာ လူကြီးတွေကပြောတာပဲ ”

” မင်းကလဲသေချာမသိပဲနဲ့ မင်းမလိုက်ရဲဘူးလား မလိုက်ရဲရင်နေခဲ့ကွာ ”

” ဘာလို့မလိုက်ရဲရမှာလဲဟ ၄ ယောက်တောင်ပဲဟာ ”

” ဒါဆိုလဲသွားကြမယ် ”

ကလေး ၄ယောက်ခြံကြီးဖက်သို့ထွက်သွားကြရာ လူကြီးတွေပင်တစ်ယောက်မှမသ်ိလိုက်ကြပေ။

သို့သော် အိမ်ပေါ်မှ နဒီတစ်ယောက်ကတော့ဖြင့်မြင်လိုက်လေသည်။

” ဟျောင့်တွေ လာကြ လာကြ ”

” မလကားသီးတွေအများကြီးပဲပွတာပဲကွ ”

” အောက်ကဟာတွေမကောက်ကြနဲ့ကွာ အပင်ပေါ်ကဟာတွေပဲခူးကြ ”
မာလကားသီးတွေ တစ်ဝကြီးစားပီးနောက်

” အိမ်ကြီးထဲဝင်ကြည့်ကြရအောင်ကွာ ”

” ဟာကြာ ”

” ဘာ ဟာကွာလဲမောင်မြင့်မင်းကြောက်လို့လား ”

” မကြောက်ပါဘူး ဝင်မယ်လို့ပြောမလို့ဟ ”

” ဟီး ဟီး ”

သတ္တိခဲ ၄ ယောက်အိမ်အိုကြီးဆီသို့ ရောက်ရှိသွားရာ အိမ်ကြီးမှာ တံခါးပင်မရှိချေ။

အိမ်ထဲမှာလဲ လင်းနိူ့များနှင့် ငှက်သိုက်များသာရှုပ်ပွလျှက်ရှိသည်။

ထူးဆန်းသည်ကအခန်းများတွင်သံတိုင်များကာရံထား
သည်မှာ အချုပ်ခန်းများနှင့်ပင်လွန်စွာတူလှလေသည်။

အပေါ်ထပ်တွင်လည်း ပင့်ကူအိမ်များ ဖုန်များဖြင့်သာရှိနေပေသည်။

အတန်ကြာလိုက်ကြည့်ကြပီးနောက် ပြတင်းပေါက်နားရောက်လာရာအပြင်တွင်အလင်းရောင်နည်းနေသဖြင့်

” ကဲ ပြန်ကြမယ်ဟေ့ လူကြီးတွေလိုက်ရှာနေလို့ နောက်နေ့မလာရပဲနေနေရဦးမယ် ”

” အေးကွပြန်ကြမယ် ”

အိမ်ပေါ်မှဆင်းလာကြရာ အပြင်တွင် အမှောင်ထုပင်ဝင်ရောက်လာနေပြီဖြစ်သည်။

ကလေး၄ ယောက် ခြံဝသို့အရောက်တွ မထင်မှတ်သော အဖြစ်တစ်ခုပေါ်လာလေသည်။

” ရပ်စမ်း မင်းတို့ကဘယ်သူတွေလဲ ”

သေနတ်များဖြင့် သူတို့ကိုချိန်ထားပြီး ချုံထဲမှထွက်လသော စစ်သားများကိုတွေ့လိုက်လေရာ ကလေးငယ်များလန့်ဖြန့်သွားလေတော့သည်။

” ဟို ဟို မလကာသီး လာခူးစားတာပါ ”

အထစ်ထစ်အငေါ့ငေါ့ဖြင့် အောင်လေးကပြန်ဖြေလိုက်ရာ

စစ်သားနှစ်ယောက်က အချင်းချင်းတီးတိုးပြောဆိုလိုက်ပီးနောက်

” ကဲ အိမ်ထဲပြန်သွားကြ ” ဟုဆိုသဖြင့် အိမ်ဖက်သို့လှည့်လိုက်ရာ

ခုနကမှောင်နေသောအိမ်ကြီးမှာ မီးအိမ်ကြီးများဖြင့်ထိန်လင်းနေသည်ကို အံ့သြစွာ တွေ့လိုက်ရလေသောအခါ

အိမ်ထဲရောက်သော် ခုနကရှုပ်ပွနေသောအိမ်ကြီးမှာ

အမှိုက်များမရှိပဲနဲ့ စားပွဲခုံများဖြင့်စစ်သားများအလုပ်ရှုပ်

နေသည်ကိုတွေ့ရသဖြင့် အောင်လေးတို့မှာ တစ်ယောက်

မျက်နှာတစ်ယောက်ကြည့်ကာ ထိတ်လန့်နေလေသည်။

ဓားရှည်ကြီးကိုင်ထားသော စစ်ဗိုလ်ကြီးတစ်ဦးနှင့်
လက်ပတ်ပါတ်ထားသောမုတ်ဆိတ်မွေးများနှင့်လူကြီး
တစ်ဦးရှိရာစားပွဲခုံတစ်ခုရှေ့သို့ရောက်သော် စစ်ဗိုလ်ကြီးမှ သူတို့နားမလည်သော စကားများဖြင့် ဒေါသတကြီးပြောဆိုလေသည်။

ထိုလူကြီးပြောသောစကားကို မုတ်ဆိတ်နဲ့လူကြီးက

” မင်းတို့ ဘယ်ကလာတာလဲ ”

” ရွာထဲကပါ ”

၄ယောက်လုံးတစ်ပြိုင်ထဲဖြေလိုက်ကြသည်။

စစ်ဗိုလ်ကြီးမှ ထပ်ပြော ဟိုလူကြီးက ပြန်ပြောလေသည်။

” မာစတာကြီးက မယုံဘူးတဲ့ ”

” မင်းတို့ကို တော်လှန်ရေးသမားတွေလွှတ်လိုက်တာလို့ပြောတယ် ”

” ဘယ်ကတော်လှန်ရေးလဲ သားတို့မသိဘူး ”
( သီဟတင်စိုးတို့ကိုပြောတာဖြစ်မယ် 🙂 )

” ဝုန်းးးး ”

ဒေါသတကြီးခုံကိုစောင့်ကန်လိုက်သဖြင့်ကလေးငယ်

များထိတ်လန့်ကာ ငိုမဲ့မဲ့ဖြစ်ကုန်ကြလေသည်။

” ကဲ မင်းတို့ကို ဟိုအခန်းထဲမှာနေရမယ်တဲ့ ”

” အီးဟီးဟီး မနေဘူးအိမ်ပြန်မယ် ”

ချက်စူကငိုလေတော့သည်။

” ဂျိုင်း ”

အခန်းထဲထည့်ပီးနောက် တံခါးပိတ်လိုက်ကြသဖြင့်
ကလေးများအော်ငိုသံက ဆူညံနေလေတော့သည်။

” အားးးးး အမလေးးးး သေပါပြီဗျာ ”

” မဟုတ်ဘူး မဟုတ်ပါဘူးဗျာ ”

တစ်ဖက်ခန်းမှအော်သံကြားသဖြင့် လှည့်ကြည့်ကြရာ သွေးအလိမ်းလိမ်းဖြင့် လူတစ်ယောက်အား ပလာယာဖြင့် ခြေသည်းများခွာကာရေနွေးပူဖြင့်လောင်းချနေသည်ကိုတွေ့မြင်ကြသဖြင့်မောင်မြင့်နှင့် ချက်စူမှာသတိလစ်သွားလေသည်။

ထိုစဉ် သူတို့အခန်းထဲသို့ စောနက စစ်ဗိုလ်ကြီးဝင်လာပီးနောက်ဓားရှည်ကြီးကိုဆွဲထုတ်က အောင်လေးနှင့်
မောင်လှအားခုတ်ရန် အပေါ်သို့မြှောက်လိုက်စဉ်

” ဝေးးးးးးဟေးးးဟေးးး ”

ခြံပြင်မှ လူသံများကြာရပီးနောက် မောင်လှနဲ့အောင်လေးတို့မှာ မေ့မြောသွားလေတော့သည်။

” ရေ ရေ ပေးးးပါ ”

” သတိရလာပီ သားလေးသတိရလာပြီ ”

” ဖေဖေ ဖေဖေ ချက်စူတို့ရောဟင် သားကြောက်တယ် အီးဟီးဟီးး ”

” မကြောက်နဲ့တော့ သားလေး ဘာမှမဖြစ်တော့ဘူး ”

” ချက်စူတို့လဲရှိတယ် ”

” သူတို့ပြောလို့ ဖေဖေတို့အားလုံးသိပီးပြီ ”

” မင်းတို့ကွာ အဲ့ဖက်ကိုမသွားဖို့အတန်တန်ပြောထားရင်းနဲ့ အခုတော့ ”

အဖိုးမှ ဒေါသဖြင်ဝင်ပြောရာ အဖွားမှ

” တော်ကလဲ ကလေးကအခုမှသတိရတာ မဆူစမ်းပါနဲ့တော့ ”

” ဟ အဲ့အိမ်ကြီးက အရင်က ဂျပန်ကင်ပေတိုင်တွေ တော်လှန်ရေးသမားတွေကိုနှိပ်စက်ခဲ့တဲ့အိမ်ကြီးကွ တော်လှရေးသမားတွေ ဝင်စီးလို့အကုန်သေကုန်တာ အဲ့ထဲမှမကျွတ်လွတ်ကြလို့ သရဲအခြောက်ကြမ်းလို့ ရွာထဲကတောင်ဘယ်သူမှမသွားရဲတာ ဒီကောင်တွေသတ္တိကောင်းလို့အခု မသေကောင်းမပျောက်ကောင်းဖြစ်ရတာလေ ”

” သားမှားပါတယ်ဖိုးဖိုးရယ် မာလကာသီးစားချင်လို့ဖြစ်ရတာပါ ”

” နိူ့မို့ဘယ်ရှာရမှန်းတောင်သိမှာမဟုတ်ဘူး နဒီလေးပြောလို့ မင်းတို့မသေတာ ကံကောင်းလွန်းလို့ နားလည်လားမြေးလေး ”

” ဟုတ်ကဲ့ပါ ဖိုးဖိုး နောက်ဆိုသားလူကြီးတွေစကားနားထောင်ပါတော့မယ် ”

” အေး အေး ကောင်းတာပေါ့ကွာ ”

နောက် ၂ ရက်ခန့်ကြာသော်

အိမ်အပြန်လမ်းကားပေါ်တွင်ကိုစိုးသောင်းတို့မိသားစုပါ
လာလေတော့သည်။

အောင်လေးမှာ ကြုံတွေ့ခဲ့ရသောအဖြစ်အပျက်များကို စဉ်းစားကာ မိမိဘဝတစ်သက်တာတွင်မေ့ပျောက်နိူင်တော့မည် မဟုတ်ပါချေတော့တကားးး

ပြီးပါပြီ။

စာဖတ်ရင်းနဲ့ ဘဝအမောများပြေပျောက်နိူင်ကြပါစေ။

@ @ @ @ @ @ @ @ @ @ @ @ @ @