Unicode Version
“အောက်လမ်းဘိုးထင် နှင့် နတ်ကလိမ်”(စ/ဆုံး)
——————————————————————-
(၂၄)
◾အခန်း-၁
ပေပင်ရွာ၏ ရွာအဝင်လမ်းတွင် လူနှစ်ေယာက် လမ်း လျှောက်နေသည် ၊ သူတို့၏ ဦးခေါင်းပေါ်တွင် ဆန်ကောများကို ထပ်ပြီး ရွက်ထားကြ၏ ၊ သူတို့၏ သွားပုံလာပုံအား ကြည့်ချင်းဖြစ် မိန်းမလျာနှစ်ေယာက်ဆိုတာ သိသာလွန်းလှ၏ ၊ ထိုသူ နှစ်ေယာက်သည် ရွာအဝင်တွင် လမ်းလျှောက်နေရင်း သူတို့၏ မျက်နှာချင်းဆိုင်တွင် လမ်းလျှောက်လာသော လူတေယာက်အား စကားဆိုလိုက်လေသည် ။
“ဟို အကိုကြီး ခဏ ခဏ”
“ကျုပ်ကို ခေါ်တာလား ”
“ဟုတ်တယ်လေ အကိုကြီးကို ခေါ်တာ ”
“ဟာဗျာ ခင်ဗျားတုိ့ကလည်း ကျုပ်ကအခုမှ အသက်ငယ်ငယ် ပဲ ရှိပါသေးတယ် ”
“အဲ့တာဆိုလည်း မောင်လေးပေါ့ နာမည်ဘယ်လိုခေါ်လဲ ”
“မြကြီးပါ ”
“ဘယ်သွား မလို့လဲ အခု ”
“နှစ်ကျပ်တန်ထီ သွားထိုးမလို့ လေ ”
“ထီက ဒီမှာ ထိုးလို့ ရတာ လား ”
“မရပါဘူး ရေအိုးစင်ရွာမှာတော့ ထိုးလို့ရတယ် ဂဏန်းတော့ မစုံဘူးပေါ့”
“အဲ့ဒါဆိုသာလို့ အဆင်ပြေတာပဲ ကျမတို့က ဇကော ရောင်းတယ်ဆိုပေမဲ့ နတ်ဝင်သည်တွေပါ အလုပ်လေးပါးနေလို့ ဇကော ရောင်းနေတာ ”
မြကြီးသည် သူ၏ရှေ့တွင်ရှိနေသော ဆန်ကောများ ရွက်ထားသည့်မိန်းမလျာ နှစ်ဦးအားသေချာကြည့်ကာ
“တကယ်ကော ဟုတ်လို့လား ဗျ”
“ဟုတ်တာပေါ့ရှင် ကျမတို့ ရဲ့ အာရုံထဲမှာ ဒီရွာကလူတွေ သိန်းထီ သောင်းထီးတွေ ပေါက်မယ်လို့
အာရုံရနေလို့လာခဲ့တာ ”
“ဟုတ်ပါတယ်ရှင် ရှင်တို့တွေ ဘာမှနစ်နာ စရာမရှိပါဘူး”
မြကြီးသည် ပင်ကိုယ် စိတ်ရင်းမှ အားနား သဘောကောင်း ဖြစ်သည့်အေလျာက် နတ်ဝင်သည်ဟုပြောသော ဆန်ကောသည် မိန်းမလျာ နှစ်ဦးအား သူ၏ အိမ်သို့ ခေါ်သွားပါလေတော့သည် ။
◾အခန်း-၂
မောင်ဘိုးထင်တို့သည် ချောင်းေဘးလယ်ကွက် များဘက်သို့ လောက်စလုံး လုံးရန်အလိုငှာ ရွှံသွားခွားနေကြသည် ထို့ေနာက် မောင်ဘိုးထင်သည် ၊ သာအေး ၊ ပေတူးနှင့် ကျန်သော ကောင်လေးများအား စကားဆိုလေသည်
“ဟေ့ကောင်တွင် မင်းတို့ ဦးပွကြီးကို သိတယ် မဟုတ်လား ”
“အေးသိတယ်လေ ”
“ငါ့ကို ဦးပွကြီးက မှာထားတယ် တို့ရွာကို လူလိမ်တွေ လာလိမ့်မယ်တဲ့ကွ အဲ့တာ သတိထားရမယ် ”
“အေးဟုတ်လား ဒါနဲ့ ကိုဖိုးထွေး နဲ့ ကိုသာရကို လည်း မတွေ့တွ့ဘူး”
“ဘယ်တွေ့မှာလဲ အဲ့လူတွေက အလုပ်တအား လုပ်နေကြတာ အခုဆို သူတို့ အကွက်တွေထဲက ကြံခင်းေတွကို သူ့ အခင်းကောင်းတယ် ငါ့အခင်းကောင်းတယ် နဲ့ ပြိုင်နေကြတယ် ဆိုပဲ ”
“ဒီလူ နှစ်ေယာက်က ဒီလိုပါပဲကွာ ငါတို့ရွာကို လူလိမ် တွေ မဝင်ဖို့ သတိေတာ့ထားရမယ် ဟေ့ ”
မောင်ဘိုးထင်သည် သူ့အား ဦးပွကြီးမှာထားသော လူလိမ်လာမည်ဆိုသော အကြောင်းကို သူငယ်ချင်းများနှင့် ပြောရင်း လက်ကွက်ထဲရှိ ရွှံ့များအားခွာနေကြပါလေတော့သည် ။
◾အခန်း-၃
ကိုမြကြီ အိမ်တွင် ဆန်ကောရောင်းသော မိန်းမလျာ နှစ်ယောက်သည် ၊ အိမ်ရှေ့ခန်း တွင်ထိုင်နေလေ၏၊ သူ၏ ရှေ့တွင်ေတာ့ မြကြီးအပါအဝင် တခြားေပပင်ရွာသူရွာသားများ မြကြီးအမ်ပေါ် အပြည့်ဖြစ်သည် ၊ ဖိုးထွေး နှင့် သာရသည်လည်း နတ်ဝင်သည်ဟုသိထားသော မိန်းမလျာ နှစ်ေယာက်၏ ဘေးတွင် လက်အုပ်လေးများချီနေကြသည် ၊ ပေပင်ရွာသို့ ဆန်ကောလာရောင်းသော မိန်းမလျာနှစ်ဦးသည် ယခုတော့ ကိုမြကြီး၏ အိမ်တွင်တော့ နတ်ကတော် များဖြစ်နေပြီဖြစ်သည် ၊
“သာတော်လေးက ဘာများအလိုရှိလို့လဲ ကွဲ့ ”
“သာတော်လေးရဲ့ ယာခင်းတွေ အထွက် တိုးအောင် စောင့်ရှောက်ပေးပါ ”
“အေးအေး ငါစောင့်ရှောက်မယ် ”
“သူ့အကွက် တွေကို ကြည့် စောင့်ရှောက်မနေပါနဲ့ ကျုပါ အယ် ဟုတ်ပါဘူး သားတော်လေး ရဲ့ ကြံခင်း ပဲခင်း စပါးခင်းတွေကို အရင်ကထက် နှစ်ဆ အထွက်တိုးအောင် မ စပေးပါ ”
သာရ နှင့် ဖိုးထွေးသည် နတ်ကတောကြီး၏ တဖက်တချက်တွင် ထိုင်ပြီး အပြိုင်အဆိုင် မ ဖို့တောင်းဆိုနေလေသည် ၊။ နတ်ကတော် မိန်းမလျာ ကြီးသည် သူ၏လက်ဖြစ် လက်အုပ် ချီလျက် သူ၏ နဖူးကို တဆက်ဆက် ထုရင်း
“ဟေ့ ငါ့ကို ဖယောင်းတိုင် ရှိရင် ဆက်စမး် ”
“ဖယောင်းတိုင်က ရှားတယ် သာတော်တို့ ဆီမှာက ရေနံဆီမီးခွက်ပဲ ရှိတာ ”
“ရှာပေစစမ်း ဟဲ့ ငါ့အစွမ်း နင်တို့ကို ပြမယ် ”
နတ်ကတော်၏ စကားကြောင့် ကိုမြကြီးသည် ခေါင်းကို ကုတ်နေစဉ် ၊ရွာလူကြီး၏ ကတော် မှ ကိုမြကြီးအာ စကား တိုးတိုးဆိုလာသည်
“မြကြီး ငါ့အိမ်ကို အခုသွား အိမ်မှာ ဖေယာင်းတိုင် နှစ်ထုပ်ရှိတယ် ယူခဲ့ ကြားလား ”
“ဟုတ်ကဲပါ ကျုပ်သွားယူလိုက်မယ် ”
မြကြီးသည် နတ်ကတော်၏ ပရိတ်သတ်ထဲမှ ရွာလူကြီးကတော် ခိုင်းစေမှုဖြစ် ဖေယာင်းတိုင် သွားယူနေသည် ၊ မကြာသောအချိန်တွင် ဖယောင်းတိုင်ထုပ်အား လက်ကကိုင်ပြီး မြကြီးအိမ်ပြန်ရေေရာက်လာကာ နတ်ကတော် နှစ်ေယာက် အနက် ဝင်ပူးသူဘေးတွင် ထိုင်ကာ တဘက်လေးဖြစ် ယပ်ခပ်ပေးနေသော မိန်းလျာအားပေးလိုက်လေသည် ၊ ထိုအခါ ထိုမိန်းမလျာသည် မြကြီးပေးသော ဖယောင်းတိုင်ကိုယူပြီး တထုပ်လုံးကို ဆုပ်ပြီးကိုင်လိုက်ကည သစ်သား မီးခြစ်လေးဖြစ် မီးထွန်းညှိလိုပ်ပြီး ဝင်ပူးနေသည့် နတ်ကတော် မိန်းမလျားအား လက်နှစ်ဘက်ဖြစ် ရိုရိုသေသေပေးလေသည်
“မီးတော် ရပါပြီ မယ်တော်ကြီး “,
“အေးအေး ပေးစမ်း ကွယ် ”
ဝင်ပူးသည့်ပုံစံ ဖြစ်နေသော နတ်ကတော် မိန်းမချာသည် သူနှင့် အတူတူပါသော အဖော်မှ ပြင်ဆင်ပေးထားသည် ဖေယာင်းတိုင်များကိုယူလိုက်ခေသည် ၊ ထို့နောက် ဖယောင်းတိုင်မှ မီးတောက်များကို ပါးစပ် ထဲ ထည့်ပြလိုက်ကာ စားသည့်ပုံစံလုပ်ပြနေေသာအခါ မြကြီးကြီး အပါအဝင် အိမ်ပေါ်ရှိ ပေပင် ရွာသူရွာသားများအတော်ကို အံဩနေကြသည် ၊ ထို့ေနာက် နတ်ကတော် ယသည် ဖယောင်းတိုင်များကို စုကိုင်းပြီး သူ၏ လက်ပေါ်သို့ ဖေယာင်းစက်များ ချပြလိုက်ပြန်သည် ၊ ဤအခါတွင်ေတာ့ ပေပင်သားအချို့ အတော်ကို အံ့ချီး မကုန် ဖြစ်ကာ လက်အုပ် တချီချီ ဖြစ်ကုန်တော့ သည် ၊ ထို့နောက် နတ်ကတော်သည် တုံယင်နေေသာဟန်ဖြစ် စကား ဆိုလာသည်
“သားတော်တို့ သမီးတော်တို့ ငါဒီကို ဘာလို့လာတယ် ဆိုတာ နင်တို့ သိရဲ့လား “,
“မသိပါဘူး မယ်တော်ကြီး ”
“အေး ငါကနင်တို့ ရွာသားတွေကို မ မလို့ လာတာဟေ့ ကြားလား ”
“ကျေးဇူးကြီးလှ ကြောင်းပါ မယ်တော်ကြီး”
“အေး နင်တို့ကို ငါထီပေါက်မဲ့ ဂဏန်းပေးမယ်ဟဲ့ လိုက်မှတ်ကြ ဘယ်ဂဏန်က ဘာဆုပေါက်မယ်ဆိုတာတော့ ငါမသိဘူး နင်တို့ထိုက် နဲ့ နင်တို့ကံ ပေါ့ ”
“ဟုတ် ဟုတ်ကဲ့ပါ ‘
“ကဲ လိုက်မှတ်ကြပေတော့ ဟဲ့ ”
နတ်ကေတာ်သည် တုံယင်သော လေသံဖြစ် ဂဏန်ူများကို ပေးလေသည် ၊ ကိုမြကြီးသည် သားတော်လေး သားတော် လေး နှင့် သူ့ကိုသူ နာမ်စားသုံးကာ နတ်ကတော် မိန်းမလျာကြီးနှစ်ေယာက်အား အတ်ောကို ယုံကြည်လေးစား နေလေသည် ၊ ကိုမြကြီးနည်းတူဖိုးထွေး နှင့် သာရသည်လညး် အတော်ကို ယုံကြည်နေလေ၏၊ ထို့ေနာက် ကိုမြကြီးသည် နတ်ကတော်ပေးသော ဂဏန်းများကို ရေးမှတ်ပြီးချိန် နတ်ကတော်ကြီးသည် သူ၏နဖူးအား လက်အုပ်ချီထားသောလက်ဖြစ် တဆက်ဆက် ရိုက်ကာ လဲကြသွားပါလေတော့သည် ။
◾အခန်း-၄
ဆန်ကောရောင်းသော မိန်းမလျာကြီး နှစ်ေယာက်သည် အခုတော့ ကိုမြကြီးအိမ်တွင် စားကောင်းသောက်ဖွယ်များဖြစ် အတော်ကို ဟန်ကြနေလေသည် ၊ နတ်ဝင်သည့် နတ်ကတော်ကြီးသည် ၊ ပေပင်ရွာသားများဘက် လှည့်ကာ
“အစောက မယ်တော်ကြီးက ဘာပြောသွားသေးလဲ ”
“ဟို ဟို ဆရာကြီး အယ် ဆရာမကြီး ပဲပြောတာလေ မသိဘူးလား”
“ကျမ ပြောတာ မဟုတ်ဘူးလေ မယ်တော်ကြီး ပြောသွားတာလေ ”
“ဟုတ်လား ကျုပ်တို့ကို ထီဂဏန်းတွေ ပေးသွားတယ် ဗျ ”
“အဲ့တာဆို ထိုးသာထိုးကြ ပေါက်ဖို့ သေချာတယ် မယ်တော်ကြီးက အဲ့လို ထီဂဏန်းတွေ ဘာတွေ မပေးတက်ဘူး ကျမ အထင် ပေပင်ရွာသားတွေကို မ ချင်နေတာ ထင်တယ် ”
နတ်ကတော်သည် သူ၏ သွားများပေါ်အောင် ရယ်လိုက်ပြီး ပြောလိုက်ကာ မျက်လုံးမှလည်း မြကြီး အိမ်ေပါ်ရှိလူများကို ဝေ့ ကြည့်နေေသးသည် ၊ ထို့နောက် သူ၏ အဖော် မိန်းမလျာကြီးကို ကြည့်ကာ မသိမသာ ခေါင်းညိတ်ပြလိုက်သည် ၊ နတ်ကတော်ကြီးမှ ခေါင်းညိတ်ပြလိုက်သော အခါ အဖော် ပါသော မိန်းမလျာကြီးသည် ၊ ပေပင်သားများကို ကြည့်ကာ စကားဆိုလေသည်
“ရှင်တို့တွေ ကံထူးတာပဲ ရှင်တို့တွေ သူဌေးဖြစ်ရင် ကျမတို့ကို မမေ့ရဘူးနော် ကျမ ကျိမ်ရဲတယ် ရှင်တုို့ ထီပေါက်ကို ပေါက်မှ ထီမပေါက်ခဲ့ရင် ကျမတို့နှစ်ေယာက် ကလေးကန့်လန့်မွေးပြီး အေသဆိုးနဲ့ သေ ပါစေတော်”
ပေပင်ရွာသားများသည် ထီပေါက်မည်မှ သေချာသည်ဟုပြောကာ ကျိန်ပါကျိန် ပြနေသောကြောင့် သူတို့ ထီပေါက်ေတာ့မည်ဟု အတော်ကို ယုံကြည်နေကြကာ ၊ မိန်းမလျာကြီးမှ ကေလးကန့်လန့် မွေးပါစေဆိုသော ကျိန်ဆိုမှု့ကြီးကို ပင်သတိမပြု လောဘဇောတက်၍သာ နေကြပါလေတော့သည် ။
◾အခန်း-၅
မောင်ဘိုးထင်သည် ရွှံ့ခွာ၍ အိမ်ပြန်ရောက်ချိန် ဦးအုန်းသည် အိမ်မှာ ရှိမနေပါ ဘေးရွာများမှ သူ့အား လာပင့်သောကြောင့် လိုက်သွားချင်းဖြစ်သည်၊ မောင်ဘိုးထင်လည်း ခွာလာသော ရွှံ့များကို ထုပြီး အိမ်ရှေ့ ကွပ်ပျစ်တွင် လောက်စလုံး တစ် နေလေသည် ၊ အချိန် အတန်ကြာသော အခါ မောင်ဘိုးထင်ဆီသို့ ပေတးနှင့် သာအေစ။ရောက်လာပြီး လောက်စလုံး လုံးကူ ရင်း စကားဆိုလေသည်
။
“ဘိုးထင် မင်းသတင်းကြားပြီးလား ”
“ဘာလဲကွ ပေတူးပြောဦး ”
“ဘာရမှယလဲ ကွာ တို့ရွာက ကိုမြကြီးပေါ့ ဆန်ကောရောင်းတဲ့ မိန်းမလျာ ကြီးနှစ်ေယာက်ကို အိမ်ကို ခေါ်ပြီး နတ်ေမးနေတယ်တဲ့ကွ ကိုဖိုးထွေး နဲ့ ကိုသာရ တောင်ပါသေးဆိုပဲ ”
“ဟုတ်တယ် ဘိုးထင်ရေ ကိုသာရ နှင့် ကိုဖိုးထွေးတင်မကဘူး သူတို့ အမေတွေတောင် ပါသေးဗျာ ကိုမြကြီး အိမ်နားက ငါဖြတ်လာတော့ လူတွေ တေယ်တော် များဟေ့ ဆန်တွေကို ခွဲတောင်းတွေနဲ့ ထည့်ပြီး သယ်သွားကြတာ တွေ့တယ် ”
“ဘာေပြာတယ် ဆန်တွေပါ သယ်သွားဝာယ် ဟုတ်လား ”
“ဟုတ်တယ်လေ နတ်ကေတာ်ကို ပေးမလို့ ထင်တယ် “,
“ဟေ့ကောင်တွေ ဦးပွကြီးပြောတဲ့ လူလိမ်းဆိုတာ အဲ့ မိန်းမလျာကြီးတွေများ ဖြစ်နေမလား”
“မသိပါဘူးကွာ ဒါနဲ့ ငါတို့ သွားကြည့်ရင်ကော ”
“သွားရမှာပေါ့ကွာ ကဲလာ ငါတို့ ကိုမြကြီးအိမ်သွားကြစို့ဟေ့”
ဤသို့ဖြစ် မောင်ဘိုးထင်တို့သည် မြကြီး၏ အိမ်သို့ သွားလိုက်ကြပါလေတော့သည် ။
◾အခန်း-၆
မြကြီး၏ အိမ်တွင်တော့ ပေပင်သားများ ပြန်လိုက်သွားလိုက်နှင့် အတော်ကို စည်ကားနေပေသည် ၊ မြကြီး၏ လှည်းပေါ်တွင်လည်း ဆန်အိတ်များ အတော်ပင်များနေပြီဖြစ်သည်၊ ပေပင်သားများသည် ထီပေါက်မည်ဟု သချာပြောနေသော နတ်ကတော် နှစ်ယောက်အား ကျေးဇူး တုန့်ပြန်သည်ဆိုကာ ဆန်များကို ပေးနေကြချင်းဖြစ်သည် ၊ တချို့ ငွေရေးကြေးရေး တက်နိုင်သူများသည် ၊ ငွေများပေးနေကြေသးသည် ၊ ထိုအထဲ မြကြီး ၊ ဖိုးထွေးနှင့် သာရသည်က အကဲဆုံးဖြစ်သည် ဆန်ကောရောင်းရန်လာသော မိန်းမလျာ နှစ်ယောက်အား သူတို့သည် မယ်တော်ကြီး သာတော်လေး နှင့် အတော်ကို ပနာသင့်နေကြသည် ၊ ရွာထဲမှ လူများသည် တိုးတိုးပြီး ကိုမြကြီး ရေးမှတ်ထားေသာ ထီဂဏန်းများကို ကူယူလိုက်ကြပြီး ရေအိုးစဉ်ရွာသို့ ထီသွားထိုးနေကြသည် ၊ ထီဝါသနာ အိုး မြကြီးသည် မြို့အထိ တက်၍ ထီထိုးမည်ဟု စိတ်ထဲ တေးထားကာ သူ၏ အိမ်ပေါ်တွင် ရှိသော ရွာလူကြီးကတော် အနားကပ်လို့ တိုးတိုး စကားဆိုလိုက်သည်
“အရီး ကျုပ်ကို ငွေးလေးကြေးလေး ချေးစမ်းပါ”
“ဟဲ့ မြကြီး နင်လည်း အဆင်ပြေနေတာပဲ ဘာအတွတ် လိုလို့လဲ ”
“ကျုပ် ထီကို မြို့တက်ထိုးမယ် ဗျာ ”
“မြို့တက်ရင် သုံးရက်လောက် ကြာမှာနော် ထီထွက်ဖို့က ဘယ်လောက် လိုသေးလဲ ”
“အင်း ဒီနေ့ လပြည်ကျော် ၁၀ရက် ဆိုတော့ လိုသေးတယ် အရီး ပေးစပ်းပါဗျာ ကျုပ် ရွာနားက လယ်ကို အပေါင်ထားမယ် ”
“ကဲ နင်က ဘယ်လောက် လိုတာ လဲ ”
“နှစ်ရာ လောက်လိုချင်တယ် ဗျာ ”
“နှစ်ရာ မများဘူး လား ဘာလုပ်ဖို့လဲ ”
“ထီးထိုးမှာလေ ဗျာ ”
“ဟဲ့ ထီ တေစာင်မှ နှစ်ကျပ် မဟုတ်လား ”
“ဟုတ်တယ်လေ မယ်တော်ကြီးရေးပေးထားတာ ဂဏန်းတွေ အရဆို နှစ်ရာ ဖို့လောက် ရှိမယ် ဗျ ”
“ပေးစမ်းပါဦး ကြည့်ရအောင် ”
ရွာလူကြီး ကတော်သည် မြကြီး၏ စာအုပ်ထဲ ကြည့်လိုက်သည့်အခါ ဂဏန်တွဲများသည် အတော်ကို အများသားဖြစ်သည် ၊
“နှစ်ရာ ဖိုး မများဘူးလား ဟဲ့ ”
“အော် အရီးရယ် သိန်းချီရမှာ ဒီလောက် လေးတော့ ရင်းရမှာပေါ့ဗျ တခြားသူတွေက သူတို့ ကြိုက် တဲ့ ဂဏန်ပဲ ရွေးထိုးတာ ကျုပ်ကတော့ မယ်တော်ကြီး ပြောတဲ့ ဂဏန်း အကုန်ထိုးမှာ ”
မြကြီးသည် ရွာလူကြီး ကတော်အား စကားတိုးတိုး နှင့် ပြော နေစဉ် အိမ်ပေါ်သို့ မောင်ဘိုးထင်တို့ ရောက်လာလေသည် ၊ အိမ်ပေါ်သို့ ရောက်သည် နှင့် မောင်ဘိုးထင် တို့ သည် ဖိုးထွေး နှင့် သာရ အနားကို ကပ်သွားလိုက်ကြပြီး
“ကိုဖိုးထွေး ဘာလုပ်နေတာလဲ ”
“မယ်တော် ကြီးကို ဖူးနေတာလေ ကွာ ”
“ဘာ်မှာတုန်းဗျ မယ်တော် ကြီး ”
“ဟ မင်းရှေ့က ဆေးပေါ်လိပ် သောက်နေတဲ့ သူလေကွာ ”
“အဲ့တာ မိန်းမလျာကြီးလေဗျာ ဘယ်မှာလဲ မယ်တော် ကြီး ”
ဖိုးထွေးသည် မောင်ဘိုးထင်၏ စကားကြောင့် မိန်းမလျာ နတ်ကတော်ကြီးအား အားတုန့် အားနာ ဖြစ်ဟန် နှင့် မောင်ဘိုးထင်ကို မျက်လုံးမှိတ်ပြပြီး သတိပေးနေလေသည် ။
“ဟေ့ကောင် တိုးတိုးပြောဟ အဲ့တာ နတ်ဝင်သည် သူ့ကိုမယ်တော် ကြီး ဝင်ဝင် ပူးပြီး တို့ကို မစ မယ်လို့ပြောသွားတယ် ”
“ဘယ်သူပြောတာလဲ ”
“မယ်တော်ကြီး ပြောတာလေ ”
“မယ်တော်ကြီးက ဘယ်မှာ လဲ ”
“ဟိုမှာ လေကွာ ”
“အဲ့တာ မိန်းမလျာကြီး ကို ”
“ဟာ အဲ့တာ မယ်တော်ကြီး ဝင်ပူးပြီးပြောတာ ”
“ဒါပေမဲ့ သူပါးစပ်ကပဲ ထွက်တာ မဟုတ်လား ”
“အေးဟုတ်တယ်လေ ”
“အဲ့တော့သူပြောတာပေါ့ ဗျ”
ဖိုးထွေးခေါင်းကို ကုတ်လိုက်ပြီး ခေါင်းသာ ညိတ်လိုက်ရသည်၊ ထို့ေနာက် မောင်ဘိုးထင်သည် ၊ ဆန်ကောရောင်းသော နတ်ကတော် ကြီး နှစ်ယောက်ကို ကြည့်ကာ
“ဦးလေးတို့ ”
“ဘာပြောတယ် ဒီကလေး သေချားကြည့်စမ်း တို့က ဦးလေးဖြစ်မလား”
“အဲ့တာဆိုလည်း ဆန်ကောသည် ကြီးတွေ ”
“ဟယ် ဒီကလေးက ဘယ်ကလေးလဲ မယ်တော်ကြီးရဲ့ သမီးတော်ကို မလေး မစားလုပ်နေတယ် ”
“နေ စမ်းပါ ဦးဗျ မယ်တော်ကြီးဆိုတာ ဘယ်သူကို ပြောတာလဲ ”
“မယ်တော်ကြီး ဆိုမှတော့ မယ်တော်ကြီးပေါ့ ကောင်လေးရယ် ”
“,မဟုတ်သေးပါဘူး မယ်တော်ကြီးက နာမည်ရှိရ မှာ မဟုတ်လား ”
“နင်လို ကကေလးကို ငါတို့ မယ်တော်ကြီးက နာမည်ပြောမယ် ထင်လား ”
ထို့နောက် ဆန်ကောလာရောင်းရာမှ နတ်ကတော် ဖြစ်သွားသောမိန်းမလျာကြီးသည် အိမ်ပေါ်မှ လူများကို သေချာကြည့်ကာ
“ဟေ့ ဒီလေးတွေက ငါတို့ကို မလေးမခန့် လုပ်ချင်တဲ့ သဘောရှိတယ်နော် တော်ကြာ မယ်တော်ကြီးက သူရဲ့ သမီးတော် လေးတွေကို မလေး မခန့် လုပ်ရမလား လို့ ဆိုပြီး မ ချင် တာတောင် မ မပဲ ဖြစ်သွားဦးမယ် ”
မိန်းမလျာကြီး၏ စကားဆုံးသော အခါ ပေပင်ရွာသား အပေါင်းတို့သည် မောင်ဘိုးထင်တို့အား စူးစိုက် ကြည့်လာကြသည် ၊ ထို အထဲတွင် ဖိုးထွေး နှင့် သာရပါ ပါလေသည် ၊ ထို့ေနာက် မြကြီး သည်မောင်ဘိုးထင်တို့ကို ကြည့်ကာ
“ဟေ့ကောင် တွေ အိမ်ပေါ်က ဆင်းကြတော့ တော် ကြာ မယ်တော်ကြီး က စိတ်ဆိုးပြီး ငါတို့ကို မ မစပဲ နေဦးမယ် ”
“ဟ ကို ကိုမြကြီး သေချာလည်းတွေးပါ ဦး သူတုိ့က ဘယ်လိုများ မ မှာတဲ့လဲ “,
“ငါတို့ကို ထီ ဂဏန်း ပေးထားတာ ကွ”
“ဟို ဆန်တွေ ငွေတွေက ဘာလုပ်တာ လဲ ”
“မယ်တော် ကြီး ရဲ့ နတ်ဝင်သည်တွေ အတွက် ငါတို့က ကျေးဇူး တုန့်ပြန် ထားတာ ”
“သူတို့က တောင်းတာ လား “,
မောင်ဘိုးထင်၏ အမေးကို မြကြီး ခေါင်းညိတိ ပြလိုက်သောအခါ ၊ ပေတူး ,သာအေး နှင့် မောင်ဘိုးထင် တို့ ဟားတိုက် ရယ် မောနေလေရာ နတ်ကတော် မိန်းမလျာကြီး နှစ်ေယာက်ကို ယုံကြည်သော ပေပင်သားများ ကြောင်ငေးကာ ကြည့်နေလေသည် ၊ ထို့ေနာက် မောင်ဘိုးထင် မှ စကားဆက် လာလေသည်
“ပေပင်သားတွေ လည် လှ လည်လှ နဲ့ ဆန်ကော ရောင်းတဲ့ မိန်းမလျာ ကြီးတွေ ထီ ဂဏန်းပေးတာ ကို ယုံနေသေးတယ် သူတို့သာ တကယ် ထီပေါက်ဂဏနး် ရရင် ခင်ဗျားတို့ကို ပြောဖို့ နေနေသာသာ ဆန်ကောတောင် ရောင်းနေမှာ မဟုတ်ဘူး သူ့တိုင်းသူ ထိုးမှာပေါ့ ‘
မောင်ဘိုးထင် မှ ထိုသို့ပြောသော အခါ မိန်းမလျာကြီး။နှစ်ေယာက်သည် စိတ်ဆိုးဒေါသ ဖြစ်ကာ မောင်ဘိုးထင်ကို ကြည့်ပြီး စကားဆိုလေသည်
“ဟဲ့ကောင်လေး တို့က အတ္တသမား မဟုတ်ဘူးဟဲ့ ခုနှစ်ရက် သားသမီးတွေကို ချမ်းသာ စေချင်တဲ့ စိတ်ကြောင့် ဟဲ့ သိလား ”
“အဲ့တာ ဆို ငွေနဲ့ ဆန် တွေ ဘာလို့ ယူလဲ “,
“ဟဲ့ သဒ္ဒါရင် အဆိပ်တောင် ရေအမှတ် နဲ့ သောက်ရတယ် ဟဲ့ သိရဲ့လား ငါတို့က သူတို့တွေ သဒ္ဒါတရားကို မဖျက်ဆီးချင်လို့ ယူတာ ”
ယခု မချိန်တွင်ေတာ့ မောင်ဘိုးထင်တို့ ခံလိုက်ရပြီဖြစ်သည် အရပ်တကာလှည့်ပြီး ဆန်ကောရောင်းကာ နတ်ကေတာ် လုပ်နေသော မိန်းမလျာကြီးသည် အတော်ကို စကားတက်ပေသည် ၊ မောင်ဘိုးထင်တို့ စကားအား ပေပင်သားများ အယုံ အကြည် မရှိ နတ်ကတော် မိန်းမလျာ ကြီးများ၏ စကားကိုသာ ပေပင်သားများ ယုံကြည်နေလေသည် ၊ မောင်ဘိုးထင်တို့ ပြောသည်ကို တူးတူးခါးခါး ငြင်းနသော ရွာသူရွာသားများကို ကြည့်ကာ နတ်ကတော် မိန်းမလျာ ကြီး နှစ်ေယာက်သည် အောင်နိုင်သူများ ပမာ မျက်နှာကို ဝံ့ချီလို့နေလေသည် ၊ မောင်ဘိုးထင်တို့ သည် ဆန်ကောရောင်းသော နတ်ကတော် ကြီးနှစ်ယောက်မှာ လူလိမ်းများသာ ဖြစ်နိုင်ကြောင်း ကို ပြောပြပေမဲ့ နောက်ဆုံး မည်သူမှ လက် မခံသည် အတွင် စိတ် လျှော့လို့ သာ မြကြီး အိမ်ပေါ်မှ ဆင်းလိုက်ပကြလေတော့သည် ၊ မောင်ဘိုးထင်တို့ အိမ်ပေါ်မှဆင်းသွားသောအခါ နတ်ကတော် မိန်းမလျာကြီး နှစ်ေယာက်သည် သူတို့၏ အသံကို မြှင့်ကာ
“အဖျက်ကလေးတွေကတော့ နည်းနည်းတော့ ရှိတာပေါ့ ဘာမှ မပူ နဲ့ သားတော် သမီးတော် တို့ ညည်းတို့ကို မယ်တော် မ မယ်ကွဲ့ ”
“,ကျေးဇူးကြီး လှပါတယ် မယ်တော် သာတော်လေးေလ မယ်တော်ရဲ့ သမီးတော် နှစ်ယောက်ကို သာတော်ရဲ့ နွားလှည်းတော်နဲ့ လိုက်ပို့မယ် နော် ”
“ကောင်းပေစွ သာတော် မယ်တော် ပေးတဲ့ ဂဏန်းတွေကို ထိုးကွဲ့ ကြားလား ”
“စိတ်ချမယ်တော် သားတော် အကုန် ပတ်ထိုးမှာပါ”
မယ်တော် ဝင်ပူးသည်ဟုပြောသော ဆန်ကောသည် မိန်းမလျာကြီးသည် မြကြီး၏ အားပါသော စကားကြောင့် မှေးနေသောမျက်လုံးလေးများပင် ပြူးထွက် သွားရပါလေေတာ့သည် ။
◾အခန်း-၇
မြကြီးသည် သူ၏လယ်ကို ပေါင်ကာ ရွာလူကီ့း ကတော် ဆီမှ ငွေများယူလာလေသည်၊ ထို့ေနာက် သူ၏ လှည်းဖြစ် နတ်ကတော်ကြီးများအား ရွာသူရွာသားများမှ ပေးလိုက်သော ဆန်အိတ်များကို တင်ပြီးနောက် ဆကောသည် နတ်ကတော် မိန်းမလျာ နှစ်ေယာက် နှင့် အတူ ရွာမှ ထွက်သွားလေသည် ၊ ရွာသားများသည်လည်း နတ်ကတော်ကြီး၏ လှည်းနောက်မှ စုရုံးပြီး လမ်းလျှောက်လိုက်ေနကြကာ နောင်များ ရွာသို့ ဝင်ခဲ့ဖို့ မှာကြားနေေလသည် ဟိတ်ဟန်ကောင်းသော မိန်းမလျာကြီးနှစ်ေယာက်သည် တည်ငြိမ်သော မျက်နှာ အနေထားနှင့်
“,မယ်တော်က တာဝန်ပေးရင်တော့ ကျမတို့ လာရမပေါ့ အခုတော့ တခြား ရွာက ခုနှစ်ရက်သား သမီးတွေကို မ စ ဖို့ သွားလိုက်ပါဦးမယ် ”
ပေပင်ရွာသားများသည် တဖြည်းဖြည်း ဝေးသွားသော မြကြီး ၏ လှည်းပေါ်မှ ဆန်ကောသည် မိန်စမလျာကြီး နှစ်ယောက်ကို ကြည့်ကာ ချီးမွန်း ခန်း ဖွင့်နေကြပါသေး၏
“မယ်တော် ရဲ့ သမီးတော် နှစ်ယောက်က အတော်ကို တည်ကြည်တာပဲ တို့ရွာတင် မဟုတ်ဘူး တခြားရွာတွေပါ မ ဦးမတဲ့တော်”
“ဟုတ်ပ ကိုမြကြီးကို ကျေးဇူးတင်ရမယ် သူခေါ်လာလို့ တို့တွေ မယ်တော် သမီး နှစ်ေယာက် နဲ့တွေ့ရတာ ”
“ဟုတ်ပ တော် တို့တွေ ထီပေါက်ရင်တော့ ကိုမြကြီးကို ပေးရမယ် ”
“,အမယ် တို့ပေါက်မှာက ဘာဆု လည်း မသိပါဘူးနော် ကိုမြကြီးက လယ်ပေါင်ပြီး မယ်တော် ပေးတဲ့ ဂဏန်း အကုန် ထိုးတာ ဆိုေတာ့ သူက သိန်းဆုကြီးပေါက် မှာ သေချာတယ် တော့ ”
“အေး အဲ့တာလည်း ဟုတ်တာပဲတော် ဟိုကောင် သာရ နဲ့ ဖိုးထွေးက တော့ ဟိုမှာ ကြည့် ထန်းတော သွားတော့မဲ့ ပုံပဲ ”
“သွားမပေါ့လေ သူတို့ လယ်ေတွ ယာတွေကို မယ်တော်က မ မှာ ဆိုေတာ့ သူတို့ အလုပ် ဘယ်လုပ်စရာလို တော့မလဲ ”
ဤသို့ ဖြစ် ပေပင်သားများသည် စကားတပြောပြော နှင့် ရွာထဲသို့ ပြန်ဝင်လာကြပါလေတော့သည် ။
◾အခန်း-၈
ရက်များကုန်လွန်သွားကာ ထီထွက်မည့်ရက်သို့ရောက်ပြီ ဖြစ်သည် ၊ ထီပေါက်သီး ဂဏန်းများအား မြကြီးသည် မြို့သို့သွားကာ ကူးနေပြီဖြစ်သည် ၊ ရွာတွင်တော့ ထီပေါက်မည်ဟု ယုံကြည်နေသော ရွာသားများသည်း တချို့ဆို နွားပင် သွားမကျောင်းတော့ပဲ မောင်ဘိုးထင်တို့အားပေါက်ဈေးထက်နှစ်ဆ ပိုပေးကာ နွားများသွားကျောင်းခိုင်းထားကြသည် ၊ ဖိုးထွေး နှင့် သာရသည်လည်း ထန်းတောထဲမှာပဲ အချိန်ကုန်ပြီး သူတို့၏ လယ်ကွက် ယာကွက် များဆီသို့ မသွား၍ သူတို့ ၏ အဘ များသည် သာ အကွက် ထဲ သွားနေရလေသည် ၊ သူတို့နှစ်ယောက်အား ငေါက်ငမ်း မည်ပြုသောအခါ မယ်တော်ကို ယုံကြည်နေသော သာရ အမေ နှင့် ဖိူထွေး အမေသည် သူတို့၏ သားများကို ကာကွယ်ပေးထားလေရာ ရွာလူကြီး နှင့် သာရ အဘတို့သည် ထမင်းငတ်မည်ဆိုသော ကြောင့် သာရ နှင့် ဖိုးထွေးအား အပစား ပေးထားချင်းဖြစ်သည် ။ ဤသို့ ဖြစ် မြို့သို့ သွားပြီး ထီပေါက် ဂဏန်း သွားယူသော မြကြီးသည် ပေပင်ရွာအဝင်သို့ ပြန်ရောက်လာပြီဖြစ်သည် ၊ သူရောက်သည် နှင့် သူ့အား အသင့် စောင့်ဆိုင်းနေကြသော ပေပင်ရွာမှာ နတ်ကတော် ဆန်ကောသည် အားယုံကြည်သူများသည် လမး်စီး၍ စကားဆိုလေသည်
“မြကြီး သူဌေး သူဌေးမြကြီး သိန်းဆု သောင်းဆု ထောင်ဆု ရာဆု အကုန် ပေါက်ပြီလားဟ ငါတို့လည်း ဘာဆုပါလဲ တိုက်ကြည့်ပါရစေဦး ”
မြကြီးသည် မည်သည့်စကားမှ မပြော သူ၏ လွယ်အိတ်ထဲ မှ စက္ကု တထပ်ကို ရွာသားများကို ပေးကာ စိုက်စိုက် စိုက်စိုက် နှင့် ရွာထဲ ဝင်သွားပါလေတော့သည် ၊ ကျန်ခဲ့သော ရွာသားများသည် ရွာထဲသို့ပင်မဝင်နိုင် ရွာအဝင် ညောင်ပင်ရိပ်မှာပင် သူတို့၏ ထီလက်မှတ် များကို အတင်းတိုးဝေ့ကာ တိုက်ကြည့်နေကြပါနေတော့သည် ။
◾အခန်း-၉
ရွာအဝင် ညောင်ပက်အောက်တွက် မကျေမနပ်သံ ဆဲဆိုသံနှင့် ပေါက်ကွဲသံများညံစီနေလေသည်
“တောက် ဆန်တတင်း နဲ့ ထီဖိုးငါးဆယ် တပြားတောင် ပြန်မရဘူး ကုန်ပြီ ကုန်ပြီ ”
“ဟုတ်တယ် ဒီတိုင်းထိုးရင်တောင် ဂဏန်း ဒီလောက်များကြီး ထိုးတာ တယောက်ေယာက် ပေါက်ရင် ပေါက်ဦးမယ် မယ်တော် ပေးတဲ့ ဂဏန်းထိုးကာမှ တေယာက် မှ မပေါက်ကြဘူး ”
“တောက် ဆန်လည်းကုန်ပြီ နွားကျောင်းခလည်း ပေးရဦးမယ် ဘာနတ်ကတော် လည်း ဖျာသည် မှားလို့ ဆန်ကောသည် အခြောက်ကြီးတွေ ငါတို့ကို လိမ်သွားတဲ့ နတ်ကလိမ် တွေ ”
“ဟုတ်တယ် ကလိမ် ကကျစ် ကျသွားတဲ့ ဟာတွေ ဘိုးထင်တို့ ပြောတာ နားထောင် လိုက်ရင် အကောင်းသား ဘာကလေး ကန့်လန့် မွေးပြီးသေပါစေလဲ ယောက်ျား ကြီးတွေက ဘယ်က ကလေးမွေးမှာလဲ တို့ကလည်း လောဘဇောတက်နေတော့ ဘာမှ မချင့် ချိန်နိုင်ဘူး ဟိုမြကြီးကလည်း ဒါကြီးတွေကို ဘယ်က ခေါ်လာမှန်း မသိပါဘူး”
ထီအကွက် အများကြီးထိုးသည်ကို ထီးတေယာက်မှ မပေါက်သည့် အတွက် ရွာသားများ စိတ်ဆိုးဒေါသ ထွက်နေကြသည် ၊ မြကြီးသည်လည်း အိမ်ပေါ်တွင် တေယာက်တည်း ငိုယိုနေလေသည် ၊
“တောက်…သားတော်လေး သာတော်လေး နဲ့ ပြောမိတဲ့ ငါ ဒီမျက်နှာ ကြီးကို ဘယ်မှာ သွားထားရမလဲ တော်သေးတယ် ဟို နှစ်ကောင်လည်း သားတော်လေး နေလို့ အဖော်ရသွားတာ တောက် အစောင် နှစ်ရာထိုးတာ တကွက်မှ မပေါက်တဲ့ငါ ဒီတိုင်းထိုးရင်ေတာင် ေပါက်ရင် ပေါက်နေဦးမှာ ဟို ဆန်ကောသည်မတွေ ပေးခဲ့ အကွက် ထိုးလို့ ဒီလိုဖြစ်တာ တောက် ဆန်လည်းကုန် ဆီလည်းကုန် ဘိုးထင်တို့ ပြောတာ နားထောင် လိုက်ရင် အကောင်းသားကွာ “,
ပေပင်ရွာတွင်တော့ ဗျောင်းဆန်နေကြသည် ၊ ကလိမ်ကကျစ် နတ်ကတော် နှစ်ယောက် ကြောင့် အိမ်တိုင်းနီးပါး ရန်ဖြစ်စကားများနေကြသည် ၊ ေမာင်ဘိုးထင်တို့သည် နွားကျောင်းခများကို နှစ်ဆ မယူရက်တော့ပဲ ပုံမှန်သာ ယူလိုက်ကြသည် ၊ သူ၏ စိတ်ထဲ တွင်လည်း တွေးေနးမိသည် ၊ နတ်ဝင်သည်ဆိုသည်မှာ မရှိမဟုတ် ရှိသည်ဟု လက်ခံသည် အဘယ်ကြောင့်ဆိုသော သူသည်ပင် ပရလောက နှင့် ဆက်ဆံေနရသော အမှောင်ပညာသည် တေယာက် မဟုတ်ပါလား ၊ ဆန်ကောေရာင်းရင်း နတ်ဝင်သည်လုပ်ကာ ဝင်သည်နတ်သည် မယ်တော်ကြီ ဟုသာ သိပြီးကျန်တာမသိ၊ ဖေယာင်းတိုင်မီးကို ပါးစပ်ထဲ ထည့်ပြ ဖယောင်းးစက်ကို လက်ပေါ်ချပြသည်ကို အထင်ကြီးလေးစားကာ ဆန်များ ဆီများ နှင့် ငေွများ ပေးလိုက်သည်က မနည်းမနော မြကြီး၏ နွားလှည်း တစီးတိုက် ရှိသည်မဟုတ်ပါလား ၊ ထို့ေနာက် မောင်ဘိုးထင်သည် ပေးတူး နှင့် သာအေးကိုကြည့်ကာ
။”ဟေ့ကောင်တွေ တို့ ရွာကို လိမ်သွားတဲ့ ဟို မိန်းမလျာကြီး နှစ်ယောက်ကို လိုက်ဖမ်းကြရအောင် မင်းတို့ လိုက်မလား”
“ငါလည်းပြော မလို့ လိုက်မယ်ကွာ ငါလည်း မကျေနပ်ဘူး သွားတာ ရက်နည်းနည်း ကြာနေပြီဆိုပေမဲ့ ဒီ မိန်းမလျာကြီးတွေ အဝေးကြီး တော့ရောက်မှာ မဟုတ်သေးဘူး တို့ရွာလို ရွာမျိုးတွေကို လျှောက်ပြီး ကလိမ်ကျနေဦးမှာ ”
“အေးဟုတ်တယ် အဲ့တာဆို တို့ ကိုမြကြီးဆီသွား ကြရအောင်ဟေ့ ”
ဤသို့ဖြစ် မောင်ဘိုးထင်တို့ သုံးယောက်သည် ကိုမြကြီး၏ အိမ်သို့ ခြေဦးလှည်လိုက်ကြပါလေတော့သည် ။
◾အခန်း-၁၀
“ဗျို့ ကိုမြကြီး ”
“ဗျို့ကို မြကြီး ”
“ဟေ့ကောင်တွေ အိမ်ပေါ်တက်ကြည့် ရအောင်ကွာ အိပ်များပျော်နေလား မသိဘူး”
မောင်ဘိုးထင်တို့ ကိုမြကြီး အိမ်လှေကား အရင်းတွင် ရပ်လို့ ခေါ်နေချင်းဖြစ်သည် ၊ ထို့ေနာက် ခေါ်၍ မရသည့်အဆုံး အိမ်ပေါ်သို့ တက်သွားလေသည် ၊ အိမ်ပေါ်သို့ ရောက်သောအခါ အိမ်ဦးခန်း တွင် စောင်ကို ခေါင်းမြီးခြံုအိပ်နေသော မြကြီးကို တွေ့သည့် အခါ ပေတူးသည် ခြေထောက်မှ စောင်ကို ဆွဲခွာလိုက်ကာ
“ကိုမြကြီး နေ့လယ်ကြီး ပူကပူနဲ့ ဘာလို့ စောင်ကြီး ခြုံထားရတာလဲဗျာ မပူဘူး လား ကျုပ်တို့ခေါ်တာ လည်း မထူး ဘူး အိပ်နေတာ လဲ မဟုတ်ပဲ နဲ့ဗျာ ”
ပေတူးစကားဆုံးသော အခါ မြကြီးသည် အိပ်နေရာမှ ငုတ်တုတ်ထိုင်လိုက်ကာ
” ငါ ရှက်လို့ ပါကွာ မင်းတို့ကို လည်း မျက်နှာချင်း မဆိုင်ရဲလို့ပါ ”
“အဲ့တာတွေထား ကိုမြကြီး ဟို ဆန်ကောသည်တွေကို ဘယ်ကို ပို့ပေးလိုက်တာလဲ ”
ငါ ပို့ပေးတာက ရေအိုးစင်ရွာကိုပဲကွ ရေအိုစင် ရွာကနေ သူတို့တိုင်းသူတို့ လှည်းငှားသွားကြတာပဲ ”
“သဘောပေါက်ပြီ ရှက်မနေပါနဲ့ ဗျာ ကိုမြကြီးရဲ နတ်ကတော်တွေက ကလိမ်ကကျစ်ကျတာ တောတော် တော်လို့ပါ ”
ထို့ေနာက် မောင်ဘိုးထင်တို့သည် မြကြီးကို နုတ်ဆက်ကာ အိမ်ပေါ်မှာ ဆင်းလိုက်ပြီး သူတို့ ရှေဦးလှည့်လိုက်သည်က ဖိုးထွေး နှင့် သာရကို ဆီဖြစ်သည် ၊ သူတို့သည် ဖိုးထွေစ နှင့် သာရကို ခေါ်ပြီး နတ်ကလိမ် နှစ်ယောက်ကို လိုက်ဖမ်းကြမည် ဖြစ်ပါလေတော့သည် ။
◾အောက်လမ်းဘိုးထင် နှင် နတ်ကလိမ် သည်ကဤမျှသာ မကြာမီ အောက်လမ်းဘိုးထင် နှင့် ကိုယ်ပြုသည့်ကံ ဟု အမည်ရသော ဝတ္ထုဇတ်လမ်းလေးအား တင်ဆက်ပေးပါမည်။
📝မောင်တင်ဆန်း
#mgtinsan
Zawgyi Version
——————————————————————-
(၂၄)
◾အခန်း-၁
ပေပင်ရွာ၏ ရွာအဝင်လမ်းတွင် လူနှစ်ယောက် လမ်း လျှောက်နေသည် ၊ သူတို့၏ ဦးခေါင်းပေါ်တွင် ဆန်ကောများကို ထပ်ပြီး ရွက်ထားကြ၏ ၊ သူတို့၏ သွားပုံလာပုံအား ကြည့်ချင်းဖြစ် မိန်းမလျာနှစ်ယောက်ဆိုတာ သိသာလွန်းလှ၏ ၊ ထိုသူ နှစ်ယောက်သည် ရွာအဝင်တွင် လမ်းလျှောက်နေရင်း သူတို့၏ မျက်နှာချင်းဆိုင်တွင် လမ်းလျှောက်လာသော လူတယောက်အား စကားဆိုလိုက်လေသည် ။
“ဟို အကိုကြီး ခဏ ခဏ”
“ကျုပ်ကို ခေါ်တာလား ”
“ဟာဗျာ ခင်ဗျားတို့ကလည်း ကျုပ်ကအခုမှ အသက်ငယ်ငယ် ပဲ ရှိပါသေးတယ် ”
“မြကြီးပါ ”
“ဘယ်သွား မလို့လဲ အခု ”
အာရုံရနေလို့လာခဲ့တာ ”
မြကြီးသည် ပင်ကိုယ် စိတ်ရင်းမှ အားနား သဘောကောင်း ဖြစ်သည့်အလျောက် နတ်ဝင်သည်ဟုပြောသော ဆန်ကောသည် မိန်းမလျာ နှစ်ဦးအား သူ၏ အိမ်သို့ ခေါ်သွားပါလေတော့သည် ။
◾အခန်း-၂
မောင်ဘိုးထင်တို့သည် ချောင်းဘေးလယ်ကွက် များဘက်သို့ လောက်စလုံး လုံးရန်အလိုငှာ ရွှံသွားခွားနေကြသည် ထို့နောက် မောင်ဘိုးထင်သည် ၊ သာအေး ၊ ပေတူးနှင့် ကျန်သော ကောင်လေးများအား စကားဆိုလေသည်
“အေးသိတယ်လေ ”
“ဘယ်တွေ့မှာလဲ အဲ့လူတွေက အလုပ်တအား လုပ်နေကြတာ အခုဆို သူတို့ အကွက်တွေထဲက ကြံခင်းတွေကို သူ့ အခင်းကောင်းတယ် ငါ့အခင်းကောင်းတယ် နဲ့ ပြိုင်နေကြတယ် ဆိုပဲ ”
“ဒီလူ နှစ်ယောက်က ဒီလိုပါပဲကွာ ငါတို့ရွာကို လူလိမ် တွေ မဝင်ဖို့ သတိတော့ထားရမယ် ဟေ့ ”
◾အခန်း-၃
ကိုမြကြီ အိမ်တွင် ဆန်ကောရောင်းသော မိန်းမလျာ နှစ်ယောက်သည် ၊ အိမ်ရှေ့ခန်း တွင်ထိုင်နေလေ၏၊ သူ၏ ရှေ့တွင်တော့ မြကြီးအပါအဝင် တခြားပေပင်ရွာသူရွာသားများ မြကြီးအမ်ပေါ် အပြည့်ဖြစ်သည် ၊ ဖိုးထွေး နှင့် သာရသည်လည်း နတ်ဝင်သည်ဟုသိထားသော မိန်းမလျာ နှစ်ယောက်၏ ဘေးတွင် လက်အုပ်လေးများချီနေကြသည် ၊ ပေပင်ရွာသို့ ဆန်ကောလာရောင်းသော မိန်းမလျာနှစ်ဦးသည် ယခုတော့ ကိုမြကြီး၏ အိမ်တွင်တော့ နတ်ကတော် များဖြစ်နေပြီဖြစ်သည် ၊
“ဟေ့ ငါ့ကို ဖယောင်းတိုင် ရှိရင် ဆက်စမ်း ”
“မြကြီး ငါ့အိမ်ကို အခုသွား အိမ်မှာ ဖယောင်းတိုင် နှစ်ထုပ်ရှိတယ် ယူခဲ့ ကြားလား ”
မြကြီးသည် နတ်ကတော်၏ ပရိတ်သတ်ထဲမှ ရွာလူကြီးကတော် ခိုင်းစေမှုဖြစ် ဖယောင်းတိုင် သွားယူနေသည် ၊ မကြာသောအချိန်တွင် ဖယောင်းတိုင်ထုပ်အား လက်ကကိုင်ပြီး မြကြီးအိမ်ပြန်ရရောက်လာကာ နတ်ကတော် နှစ်ယောက် အနက် ဝင်ပူးသူဘေးတွင် ထိုင်ကာ တဘက်လေးဖြစ် ယပ်ခပ်ပေးနေသော မိန်းလျာအားပေးလိုက်လေသည် ၊ ထိုအခါ ထိုမိန်းမလျာသည် မြကြီးပေးသော ဖယောင်းတိုင်ကိုယူပြီး တထုပ်လုံးကို ဆုပ်ပြီးကိုင်လိုက်ကည သစ်သား မီးခြစ်လေးဖြစ် မီးထွန်းညှိလိုပ်ပြီး ဝင်ပူးနေသည့် နတ်ကတော် မိန်းမလျားအား လက်နှစ်ဘက်ဖြစ် ရိုရိုသေသေပေးလေသည်
“အေးအေး ပေးစမ်း ကွယ် ”
ဝင်ပူးသည့်ပုံစံ ဖြစ်နေသော နတ်ကတော် မိန်းမချာသည် သူနှင့် အတူတူပါသော အဖော်မှ ပြင်ဆင်ပေးထားသည် ဖယောင်းတိုင်များကိုယူလိုက်ခေသည် ၊ ထို့နောက် ဖယောင်းတိုင်မှ မီးတောက်များကို ပါးစပ် ထဲ ထည့်ပြလိုက်ကာ စားသည့်ပုံစံလုပ်ပြနေသောအခါ မြကြီးကြီး အပါအဝင် အိမ်ပေါ်ရှိ ပေပင် ရွာသူရွာသားများအတော်ကို အံဩနေကြသည် ၊ ထို့နောက် နတ်ကတော် ယသည် ဖယောင်းတိုင်များကို စုကိုင်းပြီး သူ၏ လက်ပေါ်သို့ ဖယောင်းစက်များ ချပြလိုက်ပြန်သည် ၊ ဤအခါတွင်တော့ ပေပင်သားအချို့ အတော်ကို အံ့ချီး မကုန် ဖြစ်ကာ လက်အုပ် တချီချီ ဖြစ်ကုန်တော့ သည် ၊ ထို့နောက် နတ်ကတော်သည် တုံယင်နေသောဟန်ဖြစ် စကား ဆိုလာသည်
“မသိပါဘူး မယ်တော်ကြီး ”
“ဟုတ် ဟုတ်ကဲ့ပါ ‘
နတ်ကတော်သည် တုံယင်သော လေသံဖြစ် ဂဏန်ူများကို ပေးလေသည် ၊ ကိုမြကြီးသည် သားတော်လေး သားတော် လေး နှင့် သူ့ကိုသူ နာမ်စားသုံးကာ နတ်ကတော် မိန်းမလျာကြီးနှစ်ယောက်အား အတ်ောကို ယုံကြည်လေးစား နေလေသည် ၊ ကိုမြကြီးနည်းတူဖိုးထွေး နှင့် သာရသည်လည်း အတော်ကို ယုံကြည်နေလေ၏၊ ထို့နောက် ကိုမြကြီးသည် နတ်ကတော်ပေးသော ဂဏန်းများကို ရေးမှတ်ပြီးချိန် နတ်ကတော်ကြီးသည် သူ၏နဖူးအား လက်အုပ်ချီထားသောလက်ဖြစ် တဆက်ဆက် ရိုက်ကာ လဲကြသွားပါလေတော့သည် ။
◾အခန်း-၎
ဆန်ကောရောင်းသော မိန်းမလျာကြီး နှစ်ယောက်သည် အခုတော့ ကိုမြကြီးအိမ်တွင် စားကောင်းသောက်ဖွယ်များဖြစ် အတော်ကို ဟန်ကြနေလေသည် ၊ နတ်ဝင်သည့် နတ်ကတော်ကြီးသည် ၊ ပေပင်ရွာသားများဘက် လှည့်ကာ
နတ်ကတော်သည် သူ၏ သွားများပေါ်အောင် ရယ်လိုက်ပြီး ပြောလိုက်ကာ မျက်လုံးမှလည်း မြကြီး အိမ်ပေါ်ရှိလူများကို ဝေ့ ကြည့်နေသေးသည် ၊ ထို့နောက် သူ၏ အဖော် မိန်းမလျာကြီးကို ကြည့်ကာ မသိမသာ ခေါင်းညိတ်ပြလိုက်သည် ၊ နတ်ကတော်ကြီးမှ ခေါင်းညိတ်ပြလိုက်သော အခါ အဖော် ပါသော မိန်းမလျာကြီးသည် ၊ ပေပင်သားများကို ကြည့်ကာ စကားဆိုလေသည်
“ရှင်တို့တွေ ကံထူးတာပဲ ရှင်တို့တွေ သူဌေးဖြစ်ရင် ကျမတို့ကို မမေ့ရဘူးနော် ကျမ ကျိမ်ရဲတယ် ရှင်တို့ ထီပေါက်ကို ပေါက်မှ ထီမပေါက်ခဲ့ရင် ကျမတို့နှစ်ယောက် ကလေးကန့်လန့်မွေးပြီး အသေဆိုးနဲ့ သေ ပါစေတော်”
ပေပင်ရွာသားများသည် ထီပေါက်မည်မှ သေချာသည်ဟုပြောကာ ကျိန်ပါကျိန် ပြနေသောကြောင့် သူတို့ ထီပေါက်တော့မည်ဟု အတော်ကို ယုံကြည်နေကြကာ ၊ မိန်းမလျာကြီးမှ ကလေးကန့်လန့် မွေးပါစေဆိုသော ကျိန်ဆိုမှု့ကြီးကို ပင်သတိမပြု လောဘဇောတက်၍သာ နေကြပါလေတော့သည် ။
◾အခန်း-၅
။
“ဘာလဲကွ ပေတူးပြောဦး ”
“ဘာရမှယလဲ ကွာ တို့ရွာက ကိုမြကြီးပေါ့ ဆန်ကောရောင်းတဲ့ မိန်းမလျာ ကြီးနှစ်ယောက်ကို အိမ်ကို ခေါ်ပြီး နတ်မေးနေတယ်တဲ့ကွ ကိုဖိုးထွေး နဲ့ ကိုသာရ တောင်ပါသေးဆိုပဲ ”
“ဘာပြောတယ် ဆန်တွေပါ သယ်သွားဝာယ် ဟုတ်လား ”
“ဟုတ်တယ်လေ နတ်ကတော်ကို ပေးမလို့ ထင်တယ် “,
◾အခန်း-၆
မြကြီး၏ အိမ်တွင်တော့ ပေပင်သားများ ပြန်လိုက်သွားလိုက်နှင့် အတော်ကို စည်ကားနေပေသည် ၊ မြကြီး၏ လှည်းပေါ်တွင်လည်း ဆန်အိတ်များ အတော်ပင်များနေပြီဖြစ်သည်၊ ပေပင်သားများသည် ထီပေါက်မည်ဟု သချာပြောနေသော နတ်ကတော် နှစ်ယောက်အား ကျေးဇူး တုန့်ပြန်သည်ဆိုကာ ဆန်များကို ပေးနေကြချင်းဖြစ်သည် ၊ တချို့ ငွေရေးကြေးရေး တက်နိုင်သူများသည် ၊ ငွေများပေးနေကြသေးသည် ၊ ထိုအထဲ မြကြီး ၊ ဖိုးထွေးနှင့် သာရသည်က အကဲဆုံးဖြစ်သည် ဆန်ကောရောင်းရန်လာသော မိန်းမလျာ နှစ်ယောက်အား သူတို့သည် မယ်တော်ကြီး သာတော်လေး နှင့် အတော်ကို ပနာသင့်နေကြသည် ၊ ရွာထဲမှ လူများသည် တိုးတိုးပြီး ကိုမြကြီး ရေးမှတ်ထားသော ထီဂဏန်းများကို ကူယူလိုက်ကြပြီး ရေအိုးစဉ်ရွာသို့ ထီသွားထိုးနေကြသည် ၊ ထီဝါသနာ အိုး မြကြီးသည် မြို့အထိ တက်၍ ထီထိုးမည်ဟု စိတ်ထဲ တေးထားကာ သူ၏ အိမ်ပေါ်တွင် ရှိသော ရွာလူကြီးကတော် အနားကပ်လို့ တိုးတိုး စကားဆိုလိုက်သည်
“ထီးထိုးမှာလေ ဗျာ ”
“ဟဲ့ ထီ တစောင်မှ နှစ်ကျပ် မဟုတ်လား ”
“ဘ်ာမှာတုန်းဗျ မယ်တော် ကြီး ”
“ဘယ်သူပြောတာလဲ ”
“မယ်တော်ကြီး ပြောတာလေ ”
“ဟိုမှာ လေကွာ ”
“အေးဟုတ်တယ်လေ ”
ဖိုးထွေးခေါင်းကို ကုတ်လိုက်ပြီး ခေါင်းသာ ညိတ်လိုက်ရသည်၊ ထို့နောက် မောင်ဘိုးထင်သည် ၊ ဆန်ကောရောင်းသော နတ်ကတော် ကြီး နှစ်ယောက်ကို ကြည့်ကာ
“ဦးလေးတို့ ”
“နင်လို ကကလေးကို ငါတို့ မယ်တော်ကြီးက နာမည်ပြောမယ် ထင်လား ”
မိန်းမလျာကြီး၏ စကားဆုံးသော အခါ ပေပင်ရွာသား အပေါင်းတို့သည် မောင်ဘိုးထင်တို့အား စူးစိုက် ကြည့်လာကြသည် ၊ ထို အထဲတွင် ဖိုးထွေး နှင့် သာရပါ ပါလေသည် ၊ ထို့နောက် မြကြီး သည်မောင်ဘိုးထင်တို့ကို ကြည့်ကာ
“ဟ ကို ကိုမြကြီး သေချာလည်းတွေးပါ ဦး သူတို့က ဘယ်လိုများ မ မှာတဲ့လဲ “,
“သူတို့က တောင်းတာ လား “,
မောင်ဘိုးထင်၏ အမေးကို မြကြီး ခေါင်းညိတိ ပြလိုက်သောအခါ ၊ ပေတူး ,သာအေး နှင့် မောင်ဘိုးထင် တို့ ဟားတိုက် ရယ် မောနေလေရာ နတ်ကတော် မိန်းမလျာကြီး နှစ်ယောက်ကို ယုံကြည်သော ပေပင်သားများ ကြောင်ငေးကာ ကြည့်နေလေသည် ၊ ထို့နောက် မောင်ဘိုးထင် မှ စကားဆက် လာလေသည်
“ပေပင်သားတွေ လည် လှ လည်လှ နဲ့ ဆန်ကော ရောင်းတဲ့ မိန်းမလျာ ကြီးတွေ ထီ ဂဏန်းပေးတာ ကို ယုံနေသေးတယ် သူတို့သာ တကယ် ထီပေါက်ဂဏန်း ရရင် ခင်ဗျားတို့ကို ပြောဖို့ နေနေသာသာ ဆန်ကောတောင် ရောင်းနေမှာ မဟုတ်ဘူး သူ့တိုင်းသူ ထိုးမှာပေါ့ ‘
ယခု မချိန်တွင်တော့ မောင်ဘိုးထင်တို့ ခံလိုက်ရပြီဖြစ်သည် အရပ်တကာလှည့်ပြီး ဆန်ကောရောင်းကာ နတ်ကတော် လုပ်နေသော မိန်းမလျာကြီးသည် အတော်ကို စကားတက်ပေသည် ၊ မောင်ဘိုးထင်တို့ စကားအား ပေပင်သားများ အယုံ အကြည် မရှိ နတ်ကတော် မိန်းမလျာ ကြီးများ၏ စကားကိုသာ ပေပင်သားများ ယုံကြည်နေလေသည် ၊ မောင်ဘိုးထင်တို့ ပြောသည်ကို တူးတူးခါးခါး ငြင်းနသော ရွာသူရွာသားများကို ကြည့်ကာ နတ်ကတော် မိန်းမလျာ ကြီး နှစ်ယောက်သည် အောင်နိုင်သူများ ပမာ မျက်နှာကို ဝံ့ချီလို့နေလေသည် ၊ မောင်ဘိုးထင်တို့ သည် ဆန်ကောရောင်းသော နတ်ကတော် ကြီးနှစ်ယောက်မှာ လူလိမ်းများသာ ဖြစ်နိုင်ကြောင်း ကို ပြောပြပေမဲ့ နောက်ဆုံး မည်သူမှ လက် မခံသည် အတွင် စိတ် လျှော့လို့ သာ မြကြီး အိမ်ပေါ်မှ ဆင်းလိုက်ပကြလေတော့သည် ၊ မောင်ဘိုးထင်တို့ အိမ်ပေါ်မှဆင်းသွားသောအခါ နတ်ကတော် မိန်းမလျာကြီး နှစ်ယောက်သည် သူတို့၏ အသံကို မြှင့်ကာ
“,ကျေးဇူးကြီး လှပါတယ် မယ်တော် သာတော်လေးလေ မယ်တော်ရဲ့ သမီးတော် နှစ်ယောက်ကို သာတော်ရဲ့ နွားလှည်းတော်နဲ့ လိုက်ပို့မယ် နော် ”
မယ်တော် ဝင်ပူးသည်ဟုပြောသော ဆန်ကောသည် မိန်းမလျာကြီးသည် မြကြီး၏ အားပါသော စကားကြောင့် မှေးနေသောမျက်လုံးလေးများပင် ပြူးထွက် သွားရပါလေတော့သည် ။
◾အခန်း-၇
မြကြီးသည် သူ၏လယ်ကို ပေါင်ကာ ရွာလူကီ့း ကတော် ဆီမှ ငွေများယူလာလေသည်၊ ထို့နောက် သူ၏ လှည်းဖြစ် နတ်ကတော်ကြီးများအား ရွာသူရွာသားများမှ ပေးလိုက်သော ဆန်အိတ်များကို တင်ပြီးနောက် ဆကောသည် နတ်ကတော် မိန်းမလျာ နှစ်ယောက် နှင့် အတူ ရွာမှ ထွက်သွားလေသည် ၊ ရွာသားများသည်လည်း နတ်ကတော်ကြီး၏ လှည်းနောက်မှ စုရုံးပြီး လမ်းလျှောက်လိုက်နေကြကာ နောင်များ ရွာသို့ ဝင်ခဲ့ဖို့ မှာကြားနေလေသည် ဟိတ်ဟန်ကောင်းသော မိန်းမလျာကြီးနှစ်ယောက်သည် တည်ငြိမ်သော မျက်နှာ အနေထားနှင့်
“ဟုတ်ပ ကိုမြကြီးကို ကျေးဇူးတင်ရမယ် သူခေါ်လာလို့ တို့တွေ မယ်တော် သမီး နှစ်ယောက် နဲ့တွေ့ရတာ ”
“,အမယ် တို့ပေါက်မှာက ဘာဆု လည်း မသိပါဘူးနော် ကိုမြကြီးက လယ်ပေါင်ပြီး မယ်တော် ပေးတဲ့ ဂဏန်း အကုန် ထိုးတာ ဆိုတော့ သူက သိန်းဆုကြီးပေါက် မှာ သေချာတယ် တော့ ”
“သွားမပေါ့လေ သူတို့ လယ်တွေ ယာတွေကို မယ်တော်က မ မှာ ဆိုတော့ သူတို့ အလုပ် ဘယ်လုပ်စရာလို တော့မလဲ ”
◾အခန်း-၈
ရက်များကုန်လွန်သွားကာ ထီထွက်မည့်ရက်သို့ရောက်ပြီ ဖြစ်သည် ၊ ထီပေါက်သီး ဂဏန်းများအား မြကြီးသည် မြို့သို့သွားကာ ကူးနေပြီဖြစ်သည် ၊ ရွာတွင်တော့ ထီပေါက်မည်ဟု ယုံကြည်နေသော ရွာသားများသည်း တချို့ဆို နွားပင် သွားမကျောင်းတော့ပဲ မောင်ဘိုးထင်တို့အားပေါက်ဈေးထက်နှစ်ဆ ပိုပေးကာ နွားများသွားကျောင်းခိုင်းထားကြသည် ၊ ဖိုးထွေး နှင့် သာရသည်လည်း ထန်းတောထဲမှာပဲ အချိန်ကုန်ပြီး သူတို့၏ လယ်ကွက် ယာကွက် များဆီသို့ မသွား၍ သူတို့ ၏ အဘ များသည် သာ အကွက် ထဲ သွားနေရလေသည် ၊ သူတို့နှစ်ယောက်အား ငေါက်ငမ်း မည်ပြုသောအခါ မယ်တော်ကို ယုံကြည်နေသော သာရ အမေ နှင့် ဖိုထွေး အမေသည် သူတို့၏ သားများကို ကာကွယ်ပေးထားလေရာ ရွာလူကြီး နှင့် သာရ အဘတို့သည် ထမင်းငတ်မည်ဆိုသော ကြောင့် သာရ နှင့် ဖိုးထွေးအား အပစား ပေးထားချင်းဖြစ်သည် ။ ဤသို့ ဖြစ် မြို့သို့ သွားပြီး ထီပေါက် ဂဏန်း သွားယူသော မြကြီးသည် ပေပင်ရွာအဝင်သို့ ပြန်ရောက်လာပြီဖြစ်သည် ၊ သူရောက်သည် နှင့် သူ့အား အသင့် စောင့်ဆိုင်းနေကြသော ပေပင်ရွာမှာ နတ်ကတော် ဆန်ကောသည် အားယုံကြည်သူများသည် လမ်းစီး၍ စကားဆိုလေသည်
◾အခန်း-၉
“ဟုတ်တယ် ဒီတိုင်းထိုးရင်တောင် ဂဏန်း ဒီလောက်များကြီး ထိုးတာ တယောက်ယောက် ပေါက်ရင် ပေါက်ဦးမယ် မယ်တော် ပေးတဲ့ ဂဏန်းထိုးကာမှ တယောက် မှ မပေါက်ကြဘူး ”
ထီအကွက် အများကြီးထိုးသည်ကို ထီးတယောက်မှ မပေါက်သည့် အတွက် ရွာသားများ စိတ်ဆိုးဒေါသ ထွက်နေကြသည် ၊ မြကြီးသည်လည်း အိမ်ပေါ်တွင် တယောက်တည်း ငိုယိုနေလေသည် ၊
“တောက်…သားတော်လေး သာတော်လေး နဲ့ ပြောမိတဲ့ ငါ ဒီမျက်နှာ ကြီးကို ဘယ်မှာ သွားထားရမလဲ တော်သေးတယ် ဟို နှစ်ကောင်လည်း သားတော်လေး နေလို့ အဖော်ရသွားတာ တောက် အစောင် နှစ်ရာထိုးတာ တကွက်မှ မပေါက်တဲ့ငါ ဒီတိုင်းထိုးရင်တောင် ပေါက်ရင် ပေါက်နေဦးမှာ ဟို ဆန်ကောသည်မတွေ ပေးခဲ့ အကွက် ထိုးလို့ ဒီလိုဖြစ်တာ တောက် ဆန်လည်းကုန် ဆီလည်းကုန် ဘိုးထင်တို့ ပြောတာ နားထောင် လိုက်ရင် အကောင်းသားကွာ “,
ပေပင်ရွာတွင်တော့ ဗျောင်းဆန်နေကြသည် ၊ ကလိမ်ကကျစ် နတ်ကတော် နှစ်ယောက် ကြောင့် အိမ်တိုင်းနီးပါး ရန်ဖြစ်စကားများနေကြသည် ၊ မောင်ဘိုးထင်တို့သည် နွားကျောင်းခများကို နှစ်ဆ မယူရက်တော့ပဲ ပုံမှန်သာ ယူလိုက်ကြသည် ၊ သူ၏ စိတ်ထဲ တွင်လည်း တွေးနေးမိသည် ၊ နတ်ဝင်သည်ဆိုသည်မှာ မရှိမဟုတ် ရှိသည်ဟု လက်ခံသည် အဘယ်ကြောင့်ဆိုသော သူသည်ပင် ပရလောက နှင့် ဆက်ဆံနေရသော အမှောင်ပညာသည် တယောက် မဟုတ်ပါလား ၊ ဆန်ကောရောင်းရင်း နတ်ဝင်သည်လုပ်ကာ ဝင်သည်နတ်သည် မယ်တော်ကြီ ဟုသာ သိပြီးကျန်တာမသိ၊ ဖယောင်းတိုင်မီးကို ပါးစပ်ထဲ ထည့်ပြ ဖယောင်းးစက်ကို လက်ပေါ်ချပြသည်ကို အထင်ကြီးလေးစားကာ ဆန်များ ဆီများ နှင့် ငွေများ ပေးလိုက်သည်က မနည်းမနော မြကြီး၏ နွားလှည်း တစီးတိုက် ရှိသည်မဟုတ်ပါလား ၊ ထို့နောက် မောင်ဘိုးထင်သည် ပေးတူး နှင့် သာအေးကိုကြည့်ကာ
◾အခန်း-၁၀
“ဗျို့ ကိုမြကြီး ”
“ဗျို့ကို မြကြီး ”
မောင်ဘိုးထင်တို့ ကိုမြကြီး အိမ်လှေကား အရင်းတွင် ရပ်လို့ ခေါ်နေချင်းဖြစ်သည် ၊ ထို့နောက် ခေါ်၍ မရသည့်အဆုံး အိမ်ပေါ်သို့ တက်သွားလေသည် ၊ အိမ်ပေါ်သို့ ရောက်သောအခါ အိမ်ဦးခန်း တွင် စောင်ကို ခေါင်းမြီးခြုံအိပ်နေသော မြကြီးကို တွေ့သည့် အခါ ပေတူးသည် ခြေထောက်မှ စောင်ကို ဆွဲခွာလိုက်ကာ
ထို့နောက် မောင်ဘိုးထင်တို့သည် မြကြီးကို နုတ်ဆက်ကာ အိမ်ပေါ်မှာ ဆင်းလိုက်ပြီး သူတို့ ရှေဦးလှည့်လိုက်သည်က ဖိုးထွေး နှင့် သာရကို ဆီဖြစ်သည် ၊ သူတို့သည် ဖိုးထွေစ နှင့် သာရကို ခေါ်ပြီး နတ်ကလိမ် နှစ်ယောက်ကို လိုက်ဖမ်းကြမည် ဖြစ်ပါလေတော့သည် ။
📝မောင်တင်ဆန်း
#mgtinsan