Unicode Version
” အောက်လမ်းဘိုးထင် နှင့် သရဲကိုပြုံး “(စ/ဆုံး)
————————————————————-
(၁၆)
▪️အခန်း-၁
ရွာ၏ တောင်ဘက် ပင်း ဟု အများခေါ်ကြသော ရေနစ်သည် ချောင်းထဲတွင် လူများစုရုံးနေလေသည် ၊ ရေငုပ်သူငုပ် ပွဲပေးသူပေးနှင့် အလုပ်ရှုပ်နေစဉ် ချောင်း ကမ်းပါးပေါ်တွင်တော့ အရွယ်စုံလှသော လူအုပ်ကြီးသည် တစုံတခုကို မျှော်လင့်စောင့်စားနေကြသည် ၊ ရွာလူကြီး သည်လည်း ချောင်းတေလျာက် ရေငုတ်နေကြသော လူရွယ်များအား မေမြန်းနေလေသည်။
“ဟေ့ကောင်တွေ တွေ့လား”
“မတွေ့ဘူး ရွာလူကြီး ကျုပ်တို့အထင် ချောင်းအတိုင်းများ မျောပါသွားလား မသိဘူး”
“အေးကွ လိုက်ရှာကြဟေ့ ”
ရွာသားများ ရင်တမမ နှင့် တစုံတခုကို ရှာဖွေ နေစဉ် ချောင်းကံပါးတွင်ေတာ့ ပြုံးရယ်နေသော အမျိုးသမီးကြီးတယောက်မှ
“ဟဲ့ နင်တို့ ဘာတွေ ရှာနေတာလဲ ငါ့သား ကိုပြုံးကို ရှာနေတာ ဆိုရင်တော့ ရှာ မနေနဲ့ ကိုပြုံးက ဟိုငှက်ပျောပင်တွေ ကြားထဲမှာ ငါတို့ကို ပြုံးပြီးကြည့်နေတယ် ”
“ဟဲ့ မသင်း မဟုတ်တာတွေ လျှောက် မပြောနဲ့ ”
“တကယ်ပါ ဆိုဟာ ဟိုမှာ ငါ့သားက ငါ့ကိုခေါ်နေပြီ ဘာကျွေးမလို့လဲ မသိဘူး ”
ကိုပြုံး၏ စိတ်မနှံ့သော မိခင် မသင်းမှာ ငှက်ပျောပင်အနားသို့သွားပြီး တယောက် ထဲ စကားတွေပြောနေလေသည် ၊
“ကိုပြုံး နင်ဘယ်တွေ လျှောက်သွားနေတာလဲ ဟိုမှာ ရွာလူကြီး အစုတ်ပလုတ်နဲ့ ရွာကလူတွေ နင့်ကို ရေထဲ နစ်နေတယ် ဆိုပြီး လိုက်ရှာနေတယ် ”
“ကိုပြုံးရယ် ငါ ဗိုက်မဆာ ပါဘူးဟ နင်အိမ်မှာ ချက်ထားတဲ့ ငှက်သားဟင်း ရှိသေးတာကို ပြီးမှ ငါစားလိုက်မယ် ”
“ဘာ နင်က အိမ်မပြန်လာပဲ ဘယ်သွားမလို့လဲ ”
“ငါ့ကို အိမ်မှာ တယောက် ထဲ မထားခဲ့နဲ့လေ ငါ့မှ နင်တယောက်ပဲ ရှိတာ ကို ”
မသင်းအနားသို့ တခြားရွာမှ မိန်းမကြီးများ ရောက်လာပြီး
“မသင် လာလာ အိမ်ပြန်မယ် နင့်သားကို တွေ့မှ ငါခေါ်လာခဲ့မယ် ကြားလား ”
“နင်တို့က ဘယ်ကို သွားခေါ်မှာလဲ ငါ့သားက ငါ့အနားမှာကို ”
“လာပါ နင်အိမ်ပြန်တော့ ထမင်းမစားရသေးဘူးမဟုတ်လား ”
“ညည်းတို့က လည်းအေ လာ ကိုပြုံးလိုက်ခဲ့ အိမ်ကို ဘယ်မှ လျှောက်မသွားနဲ့ ကြားလား”
မသင်းအား ရွာမှ မိန်းမကြီးများသည် အတင်းဆွဲခေါ်ပြီး ရွားထဲသို့ေခါ်သွားလေရာ မသင်းမှ အနောက်ကို လှည့်ကြည့်ရင်း ပြုံးရယ်ကာ ကိုပြုံးလိုက်ခဲ့နော်ဟု တတွင်တွင်ပြောရင်း ပါသွားပါလေတော့သည်။
▪️အခန်း-၂
မောင်ဘိုးထင်တို့ ချောင်းလေးအနားသို့ ရောက်လာကြသည် ၊သူတို့ အနားရောက်ချိန်တွင်တော့ ချောင်း တေလျာက် ကိုပြုံး၏ အလောင်းအား လိုက်ရှာနေသူများ ခဏ နားနေကြ၏၊ သူတို့ သည် သေဆုံးဖို့ သေချာနေပြီဖြစ်သော ကိုပြုံးအကြောင်းကို ပြောနေကြသည်။
“ကိုပြုံးမှ ဖြစ်ရတယ်လို့ကွာ ဒီကောင်လေးက သူ့အမေအပေါ် အတော်သိတက်တဲ့ကောင်ကွ”
“အေးကွ ဟိုနေ့ကမှ ငါ့ အကွက်ထဲ ပဲနုတ်လိုက်သေးတယ် ငါေတာင် သူအိမ်အတွက် ပဲ နှစ်ပြည်ပေးလိုက်သေးတယ် ”
“အေးကွာ ဒီကလေးက ဒီကို ဘယ်သူတွေ နဲ့ လာတာတုန်းကွ”
“အောင်သန်းနဲ့ မောင်မြင့် နဲ့တဲ့ကွာ ဒီကောင်တွေ ပြောပံုအရ ကိုပြုံးက ကန်းစွန်းရွက်ခူးရင်းချောင်းထဲကို ထင်းတုန်းပါလာတာ ဝင်ဆယ်တယ် လို့ ပြောတာပဲကွာ အဲ့ တာ ပင်းထဲ ရောက်တော့ နစ်တာပဲ ဝဲမိတယ် ထင်တယ်ကွ ငါတို့တောင် ပင်းထဲက ဝဲကို မနည်း ရုန်းနေရတာ ဒီကလေး ဘယ်ရုန်းနိုင် မှာလဲ ”
ရွာသားများ စိတ်မကောင်းဖြစ်စွာ နှင့် ကိုပြုံးအကြောင်းကို ပြောနေကြသည် ၊ မောင်ဘိုးထင်သည် ဖိုးထွေးတို့နှင့် ခွဲ ထွက်လိုက်ပြီး ချောင်း လေးတလျောက် တယောက်တည်း လမ်းလျှောက်နေသည် ထိုအချိန် သူ၏ နောက်ေကျာကို တယောက်ေယာက် လက်နှင့် လာပုတ်ပြီး
“ဘိုးထင် ဟေ့ဘိုးထင်”
ခေါ်သံပါကြားရ၍ မောင်ဘင်းထင် နောက်သို့ လှည့်ကြည့်လိုက်ရာ မည်သူတဦးတေယာက်ကို မှ မတွေ့ပါ သူအားခေါ်သည့် အသံကို သူအတော်ကို ရင်းရင်းနှီးနှီး သိနေသလို ခံးစားနေရသည် မောင်ဘိုးထင် အနောက်သို့ လှည့်ပြီး အတန်ကြာစူးစမ်းကြည့်လိုက်ပြီး ရှေ့သို့လှည့်လိုက်ရာ
“ဟဲ့ သောက် ပလုပ်တုတ် ”
သူမြင်ရသည်မှာ ရေများစိုးရွှဲနေပြီး ဖြူစွတ်နေသော မျက်နှာမှာ မျက်ကွင်းတို့က မဲ နက်နေသည် ၊ မောင်ဘိုးထင်၏ မျက်နှာနှင့် အတော် နီးနီးကပ်ကပ် မှာ မြင်လိုက်ရသော ကြောင့် အောက်လမ်း ဖြစ်လင့်ကစား လန့်သွားကာ သူ၏ ရှေ့တွင် ရှိနေသော ကိုပြုံးအား
“မင်းကလည်း နောက်ကပုခုံးလည်းပုတ် အသံလည်းပေးပြီး ရှေ့က ဘာလို့ပေါ်လာရတာလဲ နောက်က ခေါ်ရင် နောက်ကပေါ်ပေါ့ကွာ ”
“တခြားသူတွေလိုလုပ်ကြည့်တာပါကွာ ”
“မင်းကိုမင်း သေပြီဆိုတာသိလား”
“ငါ့ကို အဘိုးတယောက်က ပြောတယ် ငါသေသွားပြီတဲ့ အဲ့တော့ သိတယ် ”
“မင်း အလောင်းကို ရှာမရဘူး မင်းအလောင်းရှိတဲ့နေရသိလား”,
“သိပ်တော့ မသေရှာဘူး ရေထဲ ဆင်းငုပ်လိုက်ရင်တော့ ငါ့အလောင်းနေရာကို ငါပြန်ရောက်တယ်ကွ”
“အေးကွာ မင်းသေသွားတာ စိတ်မကောင်းဘူး ”
“မင်းက ငါ့ကို မြင်နိုင်လို့ ငါဝမ်းသာတယ် ဘိုးထင် ”
“,အခု မင်း လူတွေဘာတွေကို ပုတ်လို့ ရနေပြီလား ”
“အကုန်လုံးတော့ မဟုတ်လောက်ဘူး ဒါပေမဲ့ ငါတချို့လူေတွကို ကိုင်လို့ရတယ် ”
”အေး အဲ့တာဆို မင်းအလောင်းကို ရှာ နေတာ ကူညီဦး ငါ ကိုဖိုးထွေးကို ချောင်းထဲ ဆင်းခိုင်း လိုက်မယ် မင်းက သူ့ကို ဆွဲပြီး မင်းအလောင်းရှိတဲ့နေရာကို ခေါ်သွားကြားလား ”
“အေး အေး ငါလုပ်လိုက်မယ် ”
ဤသို့ဖြစ် သရဲလေးကိုပြုံး သည် မောင်ဘိုးထင်၏ ရှေ့မှ တဖြည်းဖြည်းချင်း ပျောက်ကွယ်လို့သွားပါလေတော့သည်။
▪️အခန်း-၃
ချောင်းလေးဘေးတွင် ကိုပြုံးအလောင်းရှာနေသော ရွာသားများ နှင့် အတူထိုင်နေသည့် ဖိုးထွေး အနားသို့ မောင်ဘိုးထင်သွားလိုက်ကာ
“ကိုဖိုးထွေး ခင်ဗျား ချောင်းထဲ ဆင်းရှာပါလား ”
“ဦးမြကြီးတို့တောင် မတွေ့တာ ငါက ဘယ်လို လုပ်ရှာတက်မလဲ ”
“,မတူဘူးလေဗျာ ခင်ဗျားကလည်း အလိုက်တာ ဟော ဟိုက ကိုင်းတောတွေနားက ငှက်ပျောပင် အရိပ်မှာ ဘယ်သူတွေလဲ ကြည့်လိုက်ဦး”
ဖိုးထွေးသည် သူတို့ နှင့် မလှမ်းမကမ်းမှ လူအုပ်ကြီးကို ကြည့်လိုက်သည်
“ရွာထဲက လူတွေလေ ”
“သေချာကြည့်ဦး အမ မိကျော့ ပါတယ်လေဗျာ ”
မောင်ဘိုးထင်ပြောမှ ဖိုးထွေးသေချာ ကြည့်လိုက်မိသည် ဟုတ်ပေသည် ရိုးရိုးလေးနှင့် လှပနေသော မိကျော့မှာ ချောင်းရေပြင်ကို ကြည့်နေသည်။ မိကျော့ကို ကြည့်နေသော ဖိုးထွေး၏ မြင်ကွင်းထဲတွင်တော့ မိကျော့ ဘေးတွေရှိသော ရွာထဲမှ လူများသည့် ဝေ့ဝါးနေပြီး မိကျော့တယောက်သာ ကြ ည်လင်နေလေရာ သူ့ကိုယ်သူပင် အံဩနေမိသည်
“တောက် မိုက်တယ်ကွာ ”
“ကိုဖိုးထွေး စိတ်ထိန်းပါဦးဗျာ အဲ့တာ ခင်ဗျား ချောင်းထဲ ဆင်းပြီး လူမှုရေးဘယ်လောက်ကောင်းေကြာင်း ပြရမဲ့ အချိန်ကောင်းပဲဗျ ”
“တခြားသူတွေ မှ မဆင်းသေးတာ ငါက တယောက်တည်း”
“ကိုဖိုးထွေးကလည်းဗျာ တယောက်ထဲ ဆင်းတော့ ပိုသတိထားမိတာပေါ့ မဟုတ်ဘူးလား ”
“အေး အဲ့တာလည်း အဟုတ် ကြာတယ်ကွာ ရော့ ”
ဖိုးထွေးသည် သူ၏ အင်္ကျီကို ချွတ်လိုက်ပြီး မောင်ဘိုးထင်ကိုပေးကာ ဝတ်ထားသော ပုဆိုးကို ခါးတောင်းကျိုက်လိုက်လို့ ချောင်းလေးထဲသို့ ဆင်းသွားပါလေတော့သည်။
▪️အခန်း-၄
ဖိုးထွေးတယောက်တည်း ချောင်းထဲ ဆင်းကာ ဟိုငုပ်ဒီငုပ်လုပ်ပြီး မိကျော့ဘက်ကို မကြာမကြာ လှည့်ကြည့်နေလေသည် ၊ မိကျော့ အပါ အဝင် ကျန်သူများသည်က ဒီကောင်ဘာကြောင်တာလဲ ဟု အဓိပ္ပါယ်ရသော အကြည့်များနှင့် ကြည့်နေကြေလသည် ၊ ဖိုးထွေး၏ အဘ ရွာလူကြီးသည် သူ၏ သားကိုကြည့်ကာ
“ဟေ့ကောင် ကြောင်တောင်တောင် နဲ့ ချောင်းထဲ ဘာဆင်းလုပ်နေတာလဲ ”
“လူမှုရေးစိတ်အပြည့် နဲ့ ကူညီနေတာလေ အဘရာ ”
“မင်းမေလင် လူမှုရေးစိတ်လား ”
“ဟာ အဘက ကျုပ်ဆို အကောင်းကိုမမြင်ဘူး ”
ဖိုးထွေးသူ၏ အဘ နှင့် စကားလှမ်းပြောနေစဉ် သူ၏ မျက်နှာသည် ရုတ်ချည် လန့်ဖျတ်သည့် အမူအယာေပြာင်းသွားကာ
“ဟ ဘာကြီးလဲ ငါ့ခြေထောက်ကို ဆွဲတာ ”
ဖိုးထွေး စကားဆုံးသည်နှင့် ချောင်းလေးအတိုင်း ယက်ကန်ယက်ကန် နှင့် ပါသွားလေရာ မောင်ဘိုးထင်သည် ရွာလူကြီးအား
“ဘကြီးရွာလူကြီး ကိုဖိုးထွေးနောက် လိုက်ခိုင်းဗျာ ”
“မင်းကောင်က ကားတား ကားတား နဲ့ ဘာတွေ လုပ်နေတာလဲ ဟ ”
“လိုက်ခိုင်းပါ ဘကြီးရာ ”
မောင်ဘိုးထင်သည် ရွာလူကြီးအားပြောပြီး ချောင်း အပေါ်မှ နေ၍ ပြေးလိုက်လေသည် ၊ မောင်ဘိုးထင်နည်းတူ ရွာမှလူများသည်လည်း ဖိုးထွေး ပါသွားရာနောက်သို့ လိုက်ကြလေတော့သည် ၊ ချောင်းလေး၏ ဘေးကိုင်းဖုတ်များ အနီးတွင် ဖိုးထွေးရပ်သွားသည် ထို့နောက် ရေအောက်ကို မြုပ်သွားပြန်ရာ ကုန်းပေါ်မှ လူများ အတော်ကို ထိတ်လန့်သွားကြသည် ၊ ခဏကြာသော အခါ ဖိုးထွေး ပြန်ပေါ်လာပြီး
“အဘ ကို ကိုပြုံးကို တွေ့ပြီဗျ”
ဖိုးထေွး စကားကြောင့် ရွာထဲမှ လူများ ချောင်းထဲ ဆင်းကာ ဖိုးထွေးပြသော နေရာကို ရေငုပ်ပြီး နောက် သူတို့ နှင့် အတူ ကိုပြုံး၏ ရုပ်အလောင်းပါလာလေတော့သည် ကိုပြုံး၏ လက်ထဲတွင်တော့ ရေအောက်မှ မသေခင် သစ်ငုတ်တခုကို ဆွဲမြဲစွာ ဆုပ်ကိုင်ထားပါလေတော့သည် ။
▪️အခန်း-၅
ကိုပြုံး၏ အလောင်းအား ရွာ၏ အနောက်ဘက်တွင် ရှိေသာ သင်္ချိုင်းတွင် မြေမြှုပ် သင်္ဂြိုလ်လိုက်ကြပြီးဖြစ်၏ ရွာသူရွာသားများ၏ အကူအညီနှင့် ကိုပြုံး၏ နားရေးသည် အတော်ကို စည်စည်ကားကားရှိခဲ့ပါသည် ၊ ကိုပြုံး၏ မိခင် မသင်သည်က သူ၏ သားရုပ်အလောင်းကို ကြည့်ပြီး ပြုံးရယ်နေသေးသည် ၊ဤသို့နှင့် မသင်းအား သူမ၏ အိမ်သိူ့ အရင်ပို့ပေးလိုက်ရသည် ၊ အခက်အခဲ အနည်းငယ် ရှိခဲ့ပါသောလည်း နာရေးသည်က အထမြောက်သွားပြီ ဖြစ်သည် ၊ နာရေးပို့ဆောင် ပေးကြသော ရွာသူရွာသားများ အကုန်ပြန်သွားကြပေမဲ့ သာအေး ပေတူးနှင့် မောင်ဘိုးထင်တို့ သုံးယောက်မပြန်သေးပါ ၊ သူတို့ နှင့် အမြဲ မပေါင်းဖြစ်ပေမဲ့ လောက်စလုံးလှိမ့် သံဂြိုလ်ထိုး ကစားဖော် ကစားဖက်ဖြစ်သည့်အတွက် များစွာ ကြေကွဲနေကြသည် ၊ ယခုလို ငယ်ငယ်ရွယ်ရွယ် နှင့် ဆုံးပါးချင်းမှာ သူတို့ ပေပင်ရွာတွင် အတော်ရှားသည် မဟုတ်ပါလား ၊မောင်ဘိုးထင်သည် ကိုပြုံး၏ မြေပုံမှ မြေကြီးခဲကို ယူကာ အပေါ်ကို မြောက်လိုက်သည် ပြန်ကြလာသော မြေကြီးခဲသည် လေပေါ်မှာတင် ရပ်တန့်နေလေရာ သာအေးနှင့် ပေတူး အံ့ဩနေကြသည် ၊ မောင်ဘိုးထင်သည် အံဩတကြီးဖြစ်နေသော ပေတူး နှင့် သာအေးကို ကြည့်ကာ
“အံ့ဩမနေနဲ့ ကိုပြုံး မြေခဲကို ဖမ်းထားတာ ဒီကောင် သရဲဖြစ်နေတာ ငါက သူ့ကို မြင်တော့ ငါ့အနားလာနေတာ ”
“တောက် ဒီကောင် မတရားဘူး ငါတို့ကိုတော့ မပြဘူး ”
“အေးကွာ ”
“မင်းတို့က မြင်ချင်လို့လား ”
“မြင်ချင်တာပေါ့။ ”
“အဲ့တာ ဆို ငါ့ ခြေစာမှုန်ကို ယူလိုက်”
“ဟာဘာဆိုင် လို့လဲ ”
“မြင်ချင်ရင် ယူစမ်းပါ ကွာ ”
မောင်ဘိုးထင် ပြောစကားကြောင့် ပေတူး နှင့် သာအေး မောင်ဘိုးထင် ခြေမြှောက်ပေးထားသော ခြေဖဝါးမှ ခြေစာမှူန့်ကို လက်နှင့် ပွက်လိုက်ပြီး
“ရပြီ ဒါကို ငါက ဘာလုပ်ရမှာလဲ ”
“ခဏ မင်းတို့လက်ပေး “,
မောင်ဘိုးထင်သည် ပေတူးနှင့် သာအေး၏ လက်ကို ကိုင်လိုက်ကာ မန်တန္တန်တပုဒ်ကို တိုးတိုး ရွတ်လိုက်ပြီး
“ကဲ မျက်လုံးကို ကွင်းကြည့်တော့”
ပေတူးနှင့် သာအေးသည် သူတို့၏ မျက်ကွင်းကို ခြေစာမှုန့် များဖြစ်ကွင်းလိုက်ရာ သူတို့၏ ရှေ့တွင် ဖြူစွတ်နေသော မျက်နှာ မှ မျက်ကွင်းတို့သည် မဲနက်နေပြီး ရေများစက်စက် ကြနေသော အဝတ်အစား နှင့် သရဲကိုပြုံးသည် သူတို့အား ပြုံးပြပြီးကြည့်နေလေရာ
“အမလေး မင်းကလည်း လန့်လိုက်တာကွာ ပြုံးမနေနဲ့ ခပ်တည်တည်နေ မင်းပြုံးတာကြီးက ကြောက်စရာကြီး ”
“အေး ဟုတ်ပကွာ ငါေတာင်လန့်သွားတယ် ”
သူအားမြင်မြင်ချင်း အပြစ်ဆိုလိုက်သော ပေတူး နှင့် သာအေးကြောင့် သရဲကိုပြုံးသည် သူ၏မျင်နှာကို တည်လိုက်ပြီး
“အေးပါကွာ မင်းတို့က တွေတာ နဲ့ အပြစ်က တန်းပြောတာပဲ ”
“ဟုတ်ပ မင်းတို့ကောင်တွေကလည်း သူက စိတ်မကောင်း ဖြစ်နေတဲ့ ကြားက မင်းတို့ကို ပြုံးပြတာ လေ ”
“အေး အေး ပါကွာ ငါတို့မှားပါတယ် ကွာ ”
ပေတူးနှင့် သာအေးသည် မောင်ဘိုးထင်နှင့် သရဲကိုပြုံးအား သူတို့မှားကြောင်းပြောလိုက်သည် ၊ ထို့နောက် မောင်ဘိုးထင်သည် သရဲကိုပြုံကိုကြည့်ကာ
“ကိုပြုံး မင်း ဘယ်လို လုပ်မလဲ စဉ်းစားထားလဲ ”
“ရွာထိပ်က အဘိုးကေတာ့ ငါ့ကို နောက် ထပ် ဒီမှာ နည်းနည်း နေလို့ရတယ်လို့ ပြောတယ် ကွ ”
“မင်းပြော တဲ့ အဘိုးဆိုတာ ဘယ်သူလဲကွ ”
“အင်္ကျီလည်း အဖြူ ပုဆိုးလည်း အဖြူကွ ခေါင်းမှာလည်း ခေါင်းပေါင် အဖြူပေါင်းထားတယ် ငါဆို သူအနား သိပ် မကပ်ရဲဘူး အရောင်တွေက တချက်တချက် ထွက်ထွက်လာလို့လေ ”
“ဟုတ်လား တို့ရွာမှ အဲ့ လိုမျိုး အဘိုးကို မတွေ့ဖူးဘူးနော် ”
“ငါလည်း သေမှ မြင်ရတာဟ မင်းတို့ မြင်ချင်ရင် သေကြည့်ပါ လား ”
မောင်ဘိုးထင်တို့သည် သရဲကိုပြုံးစကားကြောင့် အနောက်သို့ ခြေတလှမ်းမျှ ဆုတ်လိုက်ကြေတာ့သည် ၊ ထိုအချင်းအရာကို သတိထားမိသော သရဲကိုပြုံးမှ
“စတာပါကွာ မင်းတို့ကလည်း သေမှာ ကြောက်နေသေးတယ် ငါ လုပ်ချင်တာတွေ ရှိတယ် မင်းတို့ ကူညီပေးပါလား အဘိုးက ငါ့ကို ဆွမ်းသွပ် ပေးတဲ့နေ့ပြီးရင်ဆိုလား ဘားလာ သူနောက်လိုက်ခဲ့ရမယ် တဲ့ကွ အဲ့တာ ငါမသွားခင် ငါ လုပ်ချင်တာလေးတွေ မင်းတို့ ကူညီပြီး လုပ်ပေးပါလား ”
“အေးပါ ကိုပြုံးရာ လုပ်ပေးပါမယ် လူတွေ သတ်တာ တွေ ဘာတွေ တော့ မလုပ်ရဲဘူး”
“ဟကောင် ပေးတူရ ငါက ငါ့ရွာသားတွေကို သတ်ပါ့မလားဟ ”
“ပြီးတာပဲ မနက်ဖြန် ငါတို ့ သင်္ချိုင်းကိုပဲ လာခဲ့ ရမှာလား ”
“အေး ဟိုကောင်တွေ နှစ်ကောင်ကို အရင်ခေါ်ပေးရမယ် ”
“ဘယ်သူတွေလဲ ”
“အောင်သန်း နဲ့ မောင်မြင့်ကိုလေ ”
“အဲ့ကောင်တွေ မင်းသေသွားတာ သူတို့ကြောင့်ဆိုပြီး ထမင်းတောင် မစားဘူး ငိုနေတယ် တဲ့ကွ”
“ငါသိတယ် အဲ့ကောင်တွေ နှစ်ယောက် အနားငါ ရောက်ပြီးပြီ ငါသူတို့ကို စကားပြောပေမဲ့ ငါပြောတာ မကြားရဘူးကွ အဲ့တာ မနက်ဖြန် ဒီကို ခေါ်ပြီး ဘိုးထင်က ငါ့ကို သူတို့မြင်နိုင်အောင်လုပ်ပေးပါကွာ နော် ”
“စိတ်ချပါ သူငယ်ချင်းရာ ငါလုပ်ပေးပါ့မယ် အဲ့တာဆိုလည်း ငါတို့သွားတော့မယ် ဒါနဲ့ မင်းက ည ဘယ်မှာ အိပ်မှာလဲ ”
“အိပ်ရအောင် ငါ့အတွက် မိုးချုပ်တယ်ဆိုတာ မရှိဘူး အချိန်တိုင်း ရှင်းရှင်းလင်းလင်း မြင်နေရတာ ရွာထဲကို သိပ် မသွားရဲ ဘူး တချို့ အချိန်တွေ သွားရင် ခွေးက မတရားဟောင်တာ ကွ ”
“အေးဟုတ်လား အဲ့တာဆို မင်းက ညဘက် လာတာဖြစ်မယ်။ ”
“ညလားနေ့လား မသိပါဘူးကွာ ”
ထို့နောက် မောင်ဘိုးထင်တို့သည် သရဲကိုပြုံးကို နုတ်ဆက်ကာ ရွာထဲသို့ ပြန်ဝင်သွားကြပါလေတော့သည် ။
▪️အခန်း-၆
မောင်ဘိုးထင်တို့ သုံးယောက်သည် အောင်သန်း နှင့် မောင်မြင့်တို့အား မရ မက ခေါ်ထုတ်လာခဲ့သည် လမ်းတွင်တော့ အောင်သန်း နှင့် မောင်မြင့်သည် သူတို့ ခံစားနေရသည်များကို မောင်ဘိုးထင်တို့အား တလမ်းလုံးရင်ဖွင့်လာကြသည်
“ငါ ကိုပြုံးကို သေချာတားရမှာ ကိုပြုံးသေရတာ ငါ့ကြောင့် ”
“မင်းကြောင့် မဟုတ်ဘူး ငါ့ကြောင့် ဒီကောင်ကို ကန်းစွန်းရွက်ခူး သွားရအောင်ဆို ပြီး ငါ မခေါ်ရင် ဒီကောင် ဒီလို ဖြစ်မှာ မဟုတ်ဘူး ”
မောင်ဘိုးထင်တို့သည် အောင်သန်း နှင့် မောင်မြင့် ပြောသော စကားများကို နားထောင်ရင်း သင်္ချိုင်း အနားမှရှိသော ပျဉ်းမ ပင်ကြီးအနားရောက်လာသည် မောင်ဘိုးထင်သည် ပျဉ်မ ပင်းကြီး အရိပ်တွင် မတ်တတ်ရပ်လိုက်ကြပြီး အောင်သန်းနှင့် မောင်မြင့်အား သူ၏ ခြေစာမှုန့်ကိ မန္တန်ရွတ်ပြီး အောင်သန်း နှင့် မောင်မြင့် ၏ မျက်လုံးများကို ကွင်းပေးလိုက်သည် ထိုနောက့် မောင်ဘိုးထင်သည် သင်္ချိုင်းဘက် လက်ညှိုးထိုးပြလိုက်ပြီး
“ဟေ့ကောင်တွေ ဟော့ဟိုက ဘယ်သူလဲ သေချာကြည့် ”
မောင်ဘိုးထင် လက်ညှိုးညွန်ရာသို့ အောင်သန်း နှင့် မောင်မြင့် ကြည့်လိုက်ကြသည် ၊ သူတို့၏ မြင်ကွင်းတွင်တော့ သရဲကိုပြံုးသည် သူတို့နှင့် အတူကန်စွန်းရွက် သွားခူးစဉ်က ပုဆိုး နှင့် အင်္ကျီကို ဝတ်ထားပြီး တကိုယ်လုံး ရေများရွှဲစို နေလေသည် ၊ ကိုပြုံးသည် သူ့အား ကြည့်နေသော မောင်ဘိုးထင်တို့ အနား လမ်းလျှောက်လာရာ အောင်းသန်း နှင့် မောင်မြင့် ကြောက်လန့်နေလေသည် ထိုအခါ မောင်ဘိုးထင် နှင့် ပေတူးသည် သူတို့၏ ပုခုံးများကို ဖက်လိုက်ပြီး
“ဟေ့ကောင်တွေ ကိုပြုံးက တို့ သူငယ်ချင်းလေ သေသွားလို့ တခြားဘဝ ရောက်သွားတာ ကြောက်စရာ မလိုဘူး သတိထားစမ်းပါ မင်းတို့က ဒီလိုတွေ ကြောက်လန့်နေရင် ဟိုကောင် ကိုပြုံး စိတ်မကောင်း ဖြစ်နေလိမ့်မယ် ကွ ”
မောင်ဘိုးထင်၏ စကားကြားမှ အောင်သန်းနှင့် မောင်မြင့်၏ ကြောက်စိတ်များ ပြေလျော့ လာကာ သူတို့၏ သူငယ်ချင်းဖြစ်သူ ကိုပြုံးအား ကြည့်လိုက်ကြသည် ကိုပြုံးသည် အရိပ်ပမာ ပျောက်လိုက်ပေါ်လိုက် နှင့် ပေးတူး၏ မျက်နှာ နှင့် တထွာမျှ အကွာတွင် ပြန်ပေါ်လာရာ
“ဟာ မင်းမေကြီးတော် လန့်လိုက်တာကွာ ဒီနောက် နီးနီးလေးမှ ပြန်ပေါ်လာရလားဟ ”
“အရှိန်လွန်သွားလို့ပါ ပေတူးရာ ငါလည်း ဒီလိုလေး လုပ်တက်ခါစ ဆိုတော့ စမ်းလုပ်ရင်း မင်းမျက်နှာ ကြီးနား ကပ်သွားတာပါ ကပ်ချင်လို့မဟုတ်ပါဘူး ကပ်ချင်စရာ ရုပ်ကြီးလည်း မဟုတ်ပါဘူး ”
“တောက် ဒီကောင် ကိုပြုံး သရဲပါးဝနေတယ် ”
အောင်သန်း နှင့် မောင်မြင့်သည် သရဲကိုပြုံးရဲ့ စကားပြောသည့်ဟန်ကို မြင်ရသောအခါ ကြောက်စိတ်ကင်းမဲ့ ပြီး ပြေးဖက်လိုက်သည် ၊ ပြေးဖက်ပေမဲ့ ကိုပြံုးအား ထိကိုင်၍မရပေ ထို့နောက် အောင်သန်းသည် သရဲကိုပြုံးကိုကြည့်ကာ
“ကိုပြုံး ငါ မင်းကို ရေထဲဆင်းပြီး မကယ် နိုင်ဘူး ငါတောင်းပန်ပါတယ်ကွာ ငါ မင်းကို ရေထဲ မဆင်းဖို့ မရမက တားရမှာ ငါမတား နိုင်ဘူးကွာ ”
“မင်း နဲ့ မဆိုင်ပါဘူးကွာ ရေတွေ တက်လာတော့မယ်ဆိုတာ ငါ သိသိကြီးနဲ့ ထင်းတုန်းကို လိုချင်ဇောနဲ့ ဆင်းလိုက်တာ မင်းတားနေတာ ငါကြားပါတယ် ငါ့အပြစ် နဲ့ ငါပါ ကွာ ငါက ထင်းတုန်းကို မြင်တော့ ဆောင်းတွင်းရောက်ရင် ထင်းတုန်းကို ငါ့အမေ မီးလှုံဖို့ အတွက်ပဲ တွေးလိုက်မိတာကွ ကျန်တာ ငါမတွေးခဲ့ဘူး ”
အောင်သန်း စကားပြောပြီးနောက် မောင်မြင့်သည် ကိုပြံုးအား စိတ်မကောင်းစွာနှင့် စကားဆိုလိုက်လေသည်
“အဓိက တရားခံက ငါပါကွာ ငါသာ မင်းအိမ်ကို လာပြီး ကန်စွန်းရွက် ခူးဖို့ မခေါ်ရင် မင်း ဒီလို ဖြစ်မှာ မဟုတ်ဘူး ငါမကောင်းတာ ငါ့ကြောင့် ”
မောင်မြင့်သည် ပြောပြောဆိုဆို သူ၏လက် နှင့် သူ၏ပါးအားပြန်ရိုက်နေလေရာ မောင်ဘိုးထင်တို့ ဆွဲထားရလေသည် သရဲကိုပြုံးသည် မောင်မြင့်ကို ကြည့်ကာ
“မောင်မြင့် မင်းနဲ့ မဆိုင်ပါဘူးကွာ အဲ့လိုတွေ မတွေးပါနဲ့ အရင်ကတည်းက ငါတို့ မင်းတို့ဆိုတာ သွားတူတူ လာတူတူေ တွလေ ငါ့ကို စိတ်မကောင်း ဖြစ်အောင် မလုပ်ပါနဲ့ကွာ ဘယ်သူ အပြစ်မှ မဟုတ်ပါဘူး အဲ့တာေတွ ထားလိုက်ပါ အခု ငါ့ကို ကူညီကြပါဦးကွာ ”
“ပြောသူငယ်ချင်း ငါတို့ ဘာတွေကူညီ ရမလဲ ”
“ငါ့ အမေအတွက် ကြံမြစ်ကောက်ပေးပါကွာ ငါ့အမေက ဆောင်းတွင်းဆို သူများတွေ ထက်ပိုချမ်းတက်တယ် ငါ မရှိရင် သူ့အတွက် ဘယ်သူမှ ကြံမြစ်ကောက်ေပးမှာ မဟုတ်ဘူး ငါအမေ ချမ်းပြီး တုန်နေမှာကွ ငါ့ကို ကူညီပါ ”
“စိဝ်ချပါ သူငယ်ချင်းရာ ကြံမြစ်တင် မကဘူး ခထင်းခြောက်တွေပါ ရှာပေးမယ် မင်းစိတ်ချ လက်ချသာ နေ ကြားလား ”
“မင်း မင်းတို့ တကယ် ပြောတာနော် ”
“တကယ်ပါကွာ မင်းကလည်း ”
“ငါ့အမေ ထမင်းကော စားရလား မသိပါဘူးကွာ ငါ့အိမ်သွားရင် အမေက ငါ့ကို မြင်နေရတယ်ကွ လူတွေက ငါ့ကို အမေမြင်နေတာကို စိတ်မနှံ့လို့ ပြောတယ်ပဲထင်နေတာ ”
သရဲကိုပြုံးစကားဆုံးသော အခါ ပေတူးသည် သည်
“မင်းအမေ အတွက် ဘာမှ မပူနဲ့ ငါအဘ နဲ့ အမက မင်း အမေတွက် ထမင်းစားချိန် အမြဲ သွားပို့ပေးမယ် လို့ပြောတယ် မင်းနဲ့ ငါ နဲ့က အိမ်ချင်းကပ်လျက်ကို ”
“ဘကြီး နဲ့ ကြီးတော်ကို ကျေးဇူးတင်ပါတယ်ကွာ ဟိုးကတည်းက မင်းအဘ နဲ့ အမေက ငါ့အမေကို ထမင်းကျွေးနေကြဆိုတာ ငါသိပါတယ် င့ါအမေက မြေပဲဆို သိပ်ကြိုက်တာကွ မင်းတို့ ငါ့အမေကို မြေပဲ လေး မပြတ်ပေး ပေးပါကွာ နော် ”
“ကိုပြုံး မင်းဘာမှ မပူနဲ့ လေးကြီးမသင်းကို ငါတို့ တရွာလုံး ချစ်ပါတယ်ကွာ စိတ်ချ ငါပို့ပေးမယ် ပေးစရာ မရှိရင် ကိုဖိုးထွေး အကွက် ထဲက ခိုးပေးမယ် ကြားလား ”
“ဟာ ခိုးပြီးတော့ ငါ့အမေကို မကျွေးပါနဲ့ကွာ ”
“ဘာဖြစ်လို့လဲဟ ငါက သဘောပြောတာပါမင်းက ရွာဦးကျောင်းက ဘုန်းကြီးပြောတဲ့ သီလတွေ ဘာတွေတောင် သေမှ သိနေတာလား ”
“မဟုတ်ပါဘူးကွာ ခိုးထားတဲ့ မြေပဲတွေဆိုတော့ အဆန်မထွင်ရသေးတော့ ငါ့အမေပင်းပန်းနေမှာဆိုးလို့ပါကွာ ”
သရဲ ကိုပြုံး စကားကြားရသောအခါ မောင်ဘိုးထင်တို့အားလုံး သရဲကိုပြုံးအား စူးဆိုက်ကြည့်နေလေရာ သရဲကိုပြုံး ဟိုလူ့ကြည့်ရမလို ဒီလူ့ကြည့်ရမလို နှင့် အနေခက်နေပါလေတော့သည် ။
▪️အခန်း-၇
ကြံလမိုင်းခင်းအား ဖျက်ပြီး ပင်သစ်ဆိုက်ရန် ထယ်ရေးထိုးထားသော ကြံခင်းနေရာတွင် မောင်ဘိုးထင်တို့ စပါးထည့်သော တင်းတောင်းများ အိတ်များကို ယူပြီး ကြံမြစ်လိုက်ကောက်နေကြသည် ၊ တောတောင်များကြီးဆိုးသော ဒေသမို့ ဆောင်းတွင်သည်က ခိုက်ခိုက်တုန်အောင် ချမ်းအေးသည် ၊ ထိုအချမ်းဒဏ်ကို ကာကွယ်ရန် မီးလှုံကြရာ အိမ်တော်တော် များများမှ ထင်းအစား ကြံမြစ်အား မီးစိုက်ပြီး မီးလှုံကြသည် ယခု မောင်ဘိုးထင် တို့ အဖွဲ့့ ကြံမြစ်ကောက်နေကြသည် ၊ နေ မြင့်သည်နှင့် ရွာထဲမှ ကလေးများ အပျိုးပေါက်လေးများ နှင့် လူပျိုပေါက်လေးများ ရောက်လာကြေတာ့မည်ဖြစ်သည် ၊ ထိုအထဲ တွင်တော့ သာရ နှင့် ဖိုးထွေး ထိပ်ဆုံးက ဖြစ်သည် ၊ မိကျော့ နှင့် လှရင်တို့ ကြံမြစ်ကောက်မည်ဖြစ်၍ သကောင့်သား နှစ်ယောက်မှ မိကျော့ နှင့် လှရင်အား ကြံမြစ်ကောက် ကူမည်ဖြစ်သည် ၊ မောင်ဘိုးထင်တို့ သည် ကြံခင်းထဲ တွင် အစောဆုံး ရောက်ပြီး ကြံမြစ်ကောက်နေကြသည် ၊ လူသားငါးယောက် နှင့် သရဲတကောင် ကြံမြစ်ကောက်နေသည်ကို သာမာန် လူများအဖို့ လူသားများကိုသာ မြင်နိုင်ပေမဲ့ မောင်ဘိုးထင်တို့ ငါးယောက်သည်က သရဲကိုပြုံးကို မြင်နေရသည် ၊
“ဟေ့ကောင်တွေ ခဏနေရင် လူတွေလာတော့မှာ ”
“အေး ဘာဖြစ်တုန်း လာတော့ ”
“ဘာဖြစ်ရမှာ လဲ အဲ့ထဲက ဦးညိုကြီးက ကြီးကောင်ကြီးမာကြီးနဲ့ ကြံမြစ်လုကောက်မှာ ငါသိတယ် ”
မောင်ဘိုးထင်တို့ ပြောစကားအား သရဲကိုပြုံးမှ နားထောင်ရင်း မောင်ဘိုးထင်ကို ကြည့်ကာ
“ဘိုးထင် မပြန်သေးပါနဲ့ဦးကွာ ငါ ရွာက လူတွေကို နုတ်ဆက်ချင်တယ် ”
“ရွာက လူတွေကို ဘယ်လိုနုတ်ဆက်မှာ လဲ ကိုပြုံးရ ”
“ကိုဖိုးထွေး နဲ့ ကိုသာရ ပြီးတော့ ဦးညိုကြီးကို နုတ်ဆက်ချင်လို့ပါ ”
“ဒါဆိုလည်း မင်းသဘောပဲ ခဏနေလာတော့မှာ ငါတို့ကောက်ထားတဲ့ ကြံမြစ်တွေ မင်းအိမ် အကုန် ပို့ပေးမယ် ”
“အေးပါကွာ ”
မောင်ဘိုးထင်တို့ အဖွဲ့ စကားတပြောပြောနှင့် ကြံမြစ်များကို ဆက်ကောက်ေနကြပါေလေတာ့သည်။
▪️အခန်း-၈
ကလေးများတသိုက် ကြံထယ်ရေးပြင်သိူ့ ချီတက်လာကြသည် ထိုကလေးများ၏ နောက်တွင်တော့ မိကျော့ နှင့် လှရင်တို့ အပျိုပေါက်လေးများ အဖွဲ့ဖြစ်သည် ၊ထိုအပျိုပေါက်လေးများ၏ ဘေးတွင်တော့ သာရနှင့် ဖိုးထွေး ပြုံးပြုံး နဲ့ ပါလာသည် ပြုံးနေသော ဖိုးထွေးအား သူ၏ ညီမဝမ်းကွဲ ဖြစ်သူ မိသက် မှ မကျေမနပ်စကားဆိုနေလေသည်
“မနေ့က ဘကြီးက ကြံမြစ်သွားကောက်ခိုင်းတော့ နေပူသလေး ဘာလေး နဲ့ အခုမှ ဘာလို့ လလိုက်လာတာလဲ ဘကြီးနဲ့ အရီးကိုတိုင်မယ်”
“ဟဲ့ မိသက် နင်စကားတယ်များတာပဲ ဖယ်စမ်း မိကျော့ဘေးက ”
ဖိုးထွေးသည် သူ၏ ညီမဝမ်းကွမ်း၏ လက်ကို ဆွဲပြီး ဘေးပို့ လိုက်ကာ မိကျော့အနားကပ်လိုက်ကာ
“မိကျော့ ကြံမြစ် မရမှာ မပူနဲ့ ငါတယောက်လုံးရှိတယ် ”
“မပူပါဘူး ငါ့ဦးလေး ဦးညိုကြီး ပါတယ် မြင်လား ဟို့မှာ ”
“တောက် ဒီလူကြီးက ကလေးတွေ ကြားထဲ ဘာဝင်ရှုပ်နေတာလဲ ”
ဖိုးထွေးညည်းညူရင်း မိကျော့ ဦးလေးညိုကြီးကို ကြည့်လိုက်သည် ကလေးများကြားမှာ တယောက်ထဲ မားမား မတ်မတ် နှင့် ကြံမြစ် လုကောက်ရန်ကြံနေသော လူကြီးမှာ ညိုကြီးဖြစ်သည် ၊ ဖိုးထွေး ထိုလူကြီးကိုကြည့်၍ စိတ်မသက်မသာ ဖြစ်နေသည်ကို သိသော သာရမှ
“ဟေ့ေကာင် ဘာမှ စိတ်မပူနဲ့ မိကျော့ ဦးလေး ဦးညိုကြီးက ကြံမြစ်ကောက်ဖို့လောက်ပဲ စိတ်ရှိတာ သူတူမ ဘယ်ခွေးဟောင်ဟောင် စိတ်ပူတာ မဟုတ်ဘူး”
“ဟေ့ကောင် သာရ မင်းဘာစကားပြောတာလဲ ဘယ်ခွေးဟောင်ဟောင်ဆိုတာ လေ ”
“မင်းကို ခွေးလို့ ပြောတာ မဟုတ်ပါဘူးကွာ ခွေးက ခွေးလို့ပြောရင် နာမလား ငါက မင်းကို ခွေးလို့ပြောရင် မင်းနာတယ်လေ မင်းသာ ခွေးဆိုး အခုလို့ ခွေးလို့မပြောပဲ ခွေးလို့ အပြောခံရတယ်လို့ ဘယ်ခွေးမှ ထင်မှာ ”
“တော်စမ်း မင်စပြောတာ နဲ့ ငါေဟာင် တောင် ဟောင်ချင်တဲ့ စိတ် ပေါ်လာပြီ ”
“ငါမတားပါဘူး မင်းသဘောပါ ”
“တောက် မင်းနော် ဘိုးထင်တို့ မရှိလို့ သက်သာတယ်မှတ် ”
“ဘာမရှိရမှာလဲ ဟိုကောင်တွေက ကြံမြစ်တောင်ကောက်ပြီး သွားပြီ တော်တော် ဝီရိယ ရှိတဲ့ ကောင်တွေကွာ ”
သာရပြောပြီး လက်ညှိုးညွှန်ရာသို့ကြည့်လိုက်ရာ မောင်ဘိုးထင်တို့အဖွဲ့ သည် ဖိုးထွေးတို့အား လက်ပြန်ပြ၍ ပြုံးရယ်ပြနေပါလေတော့သည် ။
▪️အခန်း-၉
မောင်ဘိုးထင်တို့ နှင့် အတူတူရှိနေသော သရဲကိုပြုံးသည် မောင်ထင်တို့အား ကြည့်ကာ
“ဟေ့ကောင်တွေ ငါစ ချင်တဲ့ လူတွေကို စလိုက်ဦးမယ် နုတ်ဆက် တဲ့ သဘောပေါ့ ပြီးရင် ငါတို့ အိမ်သွားကြတာပေါ့ ”
“အေးပါ ကွာ မင်းသဘောပဲ ”
သရဲ ကိုပြုံးသည် သူ၏ထုံးစံအတိုင်း ပေါ်လိုက် ပျောက်လိုက်နှင့် ကလေးများ နှင့် ကြံမြစ်ကောက်နေသော ညိုကြီးအနား ရောက်သွားလေသည် ၊ မောင်ဘိုးထင်တို့သာ မြင်နိုင်စွမ်းသော သရဲကိုပြုံးအား ကျန်သော သူများ မည်သူမှ မမြင်နိုင်ပေ ကိုပြုံးသည် ကြံမြစ်လုကောက်နေသော ညိုးအနောက်တွင် ကပ်ပြီးလိုက်နေသည် ညိုကြီးသည် ကလေးများနှင့်အတူ စကားတပြောပြော နှင့် ကြံမြစ်ရှာနေလေသည်
“ဟေ့ ဟို မှာ မြစ်ဆုံကြီးဟ ”
“နင်က အော်နေ ဟိုမှာ ဦးညိုကြီးက ရောက်သွားပြီး ”
“ဟုတ်ပ သူတို့ အိမ် ကြံမြစ်ကော ထားးစရာရှိသေးလားမသိဘူး ဒီဆောင်းတတွင်းလုံးကုန်မှာတောင်မဟုတ်ဘူးကို ”
“ဦးညိုကြီးက သူ့အိမ် မီးနဲ့တိုက်မလို့ ကြံမြစ်စုနေတာ နေမှာပေါ့ ”
“ဟေ့ကလေးတွေ ဘာမှ မနာလို ဖြစ်မနေနဲ့ ဒီ ကြံခင်းကွက်က ငါ့အကို အကွက် နင်တို့ကို သနားလို့ ကြံမြစ်ကောက်ခွှင့်ပေးထားတာ ”
“အို ဘယ်သူ အကွက် ဖြစ်ဖြစ် အကုန်ကောက်လို့ရတာကို အခုမှ လာပြီးပြောနေတယ် ”
ညိုကြီး ကလေးများ နှင့် စကားများနေစဉ် ရုတ်တရက်
“ဇတ် ဇတ် ဇတ်”
“ဟေ့ ဦးညိုကြီး ထကနေတယ် ဟေ့”
“ဟေ့ကလေးတွေ ငါ့ကို ခါးမတို့ နဲ့ ငါ ယောင်တက်တယ် ”
“ဟာ ဘယ်သူမှ မတို့ပါ ဘူး ဦးညိုကြီးတိုင်း ကနေပြီးတော့ ”
“ဇတ် ဇတ် ဇတ် မယ်လှ ကြီးးတော်နဲ့ ငါနဲ့ညား ကလေးတယောက် ဖွား ရတဲ့ ကလေး နာမည်ပေး ပုတုတူးလေး အဟေး အဟေး ”
“ဦးညိုကြီး ကျမ ကြီးတော်ကို ဘာပြောတာ လဲ ဦးညိုကြီးကို ကျမ ကြီးတော် နဲ့တိုင်ပြောမယ် ”
“ဟဲ့ မယ်လှ ငါ့ကို ခါးတို့ လို့ ယောင်သွားတာပါ နင်ကြီးတော် ကြီးကို ငါမလို ချင်”
“ဇတ် ဇတ် ဇတ် မယ်လှကြီးတော် တော်ထဲသွား ရုက္ခစိုးနဲ့ ညား အားပါးပါး ပါး”
“ဦးညိုကြီး သူနဲ့ ညားလို့ အားမရဘူး ရုက္ခစိုးနဲ့ေတာင်ပေးစားနေတယ်ဟေ့ မယ်လှကြီးတော် တော့ တော်တော်စွံ့တာပဲ ဟားးဟားး ”
“ဦးညိုးကြီး အခု သွားတိုင်မယ် ကလေး တယောက် မွေးခိုင်းရုံတင် မကတော့ဘူး ရုက္ခစိုးကြီးနဲ့တောင် ပေးစားနေတယ် ဦးညိုကြီး အိမ်ကို လွှတ်ပြီးး လာဆဲခိုင်းမယ် ‘
မယ်လှသည် စိတ်ဆိုး ဒေါသ ထွက်ကာ ကြံမြစ်ပင် မကောက်တော့ ပဲ ရွာထဲ ပြန်ပြေးလေသည် ၊ သရဲကိုပြုံးသည် ထိုအချင်းအရာကို ကြည့်ပြီးး သဘေားကျနေကာ ရယ်မော နေရင်း ဖိုးထွေးအားကြည့်လိုက်လေသည် ဖိုးထွေးသည် ကြံမြစ်လေးေကာက်လိုက် မိကျော့ အိတ်ထဲ ထည့်ပေးလိုက် စကားပြောလိုက် ပြန်သွားလိုက်နှင့် အတော်ကို ဟန်ကြနေသည် ၊ သရဲ ကိုပြုံးသည် ဖိုးထွေး နှင့် မိကျော့ကို ကြည့်ကာ တချက်ပြုံးလိုက်ပြီး သူတို့ နှစ်ယောက် အနားသိူ့ ပေါ်လိုက် ပျောက်လိုက် နှင့် ရောက်သွားပြန်သည် ထိုပေါ်လိုက်ပျောက်လိုက်သည်ကိုတော့ မောင်ဘိုးထင်တို့သာ မြင်နိုင်ပေသည် အခြားသူများမမြင်နိုင်ပေ ၊ ဖိုးထွေးသည် ကြံမြစ်လေးများကိုကိုင်ပြီး မိကျော့အနားလာကာ
“မိကျော့ အိတ်ဖြဲ ”
“မသာ နင်ငါကို ဘာစကားပြောတာလဲ လူကြီးသားတွေဘာတွေ နားမလည်ဘူး ပါးရှစ်စိတ်ကွဲသွားမယ် ”
“ဟာ ဘာတွေ တွေးနေတာလဲ နင်ကိုင်ထားတဲ့ ကြံမြစ်ထည့်ထားတဲ့ အိတ်ကို ဖြဲ လို့ပြောတာ ငါ လက်ထဲက ကြံမြစ်တွေ မမြင်ဘူးလား ”
“အော် အေးအေး ”
မိကျော့ အားတုန့်အားနာ နှင့် ကြံမြစ်ထည့်ထားသော အိတ်အပေါက်ဝကို ဖြဲပေးလိုက်သည် ဖိုးထွေးသည် ကြံမြစ်များကို ထည့်ကာ အနောက်သို့ ပြန်လှည့် ပြီး ကြံမြစ် ကောက်ရန်ထွက်သွားချိန် မိကျော့သည် ကြံမြစ်များ ထည့်ထားသော အိပ်မှ ပြည့်ကာနီးနေပြီမို့ အိပ်အား အားယူပြီး ဆောင့်လိုက်၍ အနည်းငယ် ကိုယ်မှ ကုန်းသွားစဉ် သူ၏ တင်ပါးအား လက်ဖြစ် ကုတ်လိုက်သည့် အတွက် အနောက်ကို ပြန်လှည့်ကြည့်လိုက်ရာ သူနှင့် မလှမ်း မကမ်းမှ ဖိုးထွေး သူအားပြုံးပြနေ၏ ၊ မိကျော့သည် အနားတွင် ရှိသော ထယ်ရေးပြင် ထဲမှ မြေကြီး ခဲ နှင့် ဖိုးထေွးကို ပေါက်လိုက်ရာ ဖိုးထွေး နားမလည်ဟန်ဖြစ်
“ငါ ငါဘာလုပ်လို့ လဲဟာ”
“သေချင်းဆို ကာလနာ မြွေပွေးကိုက် ကျောင်းကြိုကျောင်းကြား ဇရပ်ကြိုဇရပ်ကြားမှာနေပြီး တောင်းစားနေတဲ့ သူတောင်းစား ခွက်ပျောက် ငါတင်ပါး လာကိုင်တဲ့ အစိမ်းသေ နင့် နင်တော်တော် ဖြစ်နေရင် နင့်အဖေကို မိန်းမ တောင်းခိုင်းပါလား ငါလို အပျို နုနု ထွက်ထွက်လေးကို လာကိုင်ရဲတယ် ငါနင်ကို အဖြေပြန်ပေးဖို့ နောက်ဆုတ် လိုက်ပြီး အခုတောင် ဒီလောက် သရမ်းနေရင် နင့်ကို အေဖြပေးလိုက်လို့ကတော့ ငါ အကုန် ပြုတ်ထွက်ကုန်မှာ သေနာလေး နင့် နင့်ကို သနားလို့ မအော်တာနော် ငါ အော်လိုက်ရင် ငါ လင်ရမှာ မို့ပဲ “,
“ငါ ငါ ဘာမှ မလုပ်ဘူးလေဟာ ငါတိုင်းငါ ကြံမြစ်သွားကောက် မလို့လေ”
“ဒီနားမှာ နင်နဲ့ ငါ နှစ်ယောက် ထဲ ရှိတာ နင် မကိုင် ဘယ်သေနာကျကကိုင်မလဲ ”
“အဲ့ တာတော့် မသိဘူးလေဟာ ”
“တော် စမး် ငါပြန်မယ် ”
ဖိုးထွေးသည် ခေါင်းကိုကုတ်လို့သာ နားမလည်ဟန် ဖြစ်ပြီး သူအားကျောပေးပြီးထွက်သွားသော မိကျော့ကိုကြည့်ကာ တိုးတိုးနှင့် တယောက်တည်းရေရွတ်နေပါသည်
“ဒီလိုမှန်းသိ တကယ် ကိုင်လိုက်ပါတယ်ကွာ ဘာမှလဲ မကိုင်ရပဲ နဲ့ အချောင် အဆဲခံရတယ် တောက် ”
သရဲကိုပြုံးသည် ဖိုးထွေး တယောက်တည်းစကားပြောနေသည်ကို ကြည့်ရင်း မျက်လုံးပင်ပြူးသွားရပါလေသည် ၊ ထို့နောက် သာရအနားသွားကာ သာရအား စောင့်တွန်းလိုက်စဉ် သာရ၏ အရှေ့မှာရှိသော လှရင်၏ နဖူးအား သာရ နမ်းမိသွား၏ ထိုအခါ လှရင်သည် ရှက်ပြံုးေလးပြံုးကာ
“ဟာ သာရကလည်းဟာ ဘာတွေ လာလုပ်နေတာလဲ သူများတွေ မြင်ရင် ရှက်စရာကြီး ဘာမှန်းလည်းမသိဘူး”
လှရင်သည် ရှက်ရှက် နှင့် ကောက်ထားသော ကြံမြစ်ဖြစ် သာရအားပေါက်ကာ နောက်သို့ လှည့်ပြီး ထွက်ပြေးသွားလေသည် သာရသည်လည်း လှရင်ပေါက်လိုက်သော ကြံမြစ် ရင်ဘက်မှန်ကာ ထယ်ရေးပြင်ထဲ ပက်လက်လန် လဲကျကာ နေပါလေတော့သည် ။
▪️အခန်း-၁၀
မောင်ဘိုးထင်တို့သည် သရဲကိုပြုံးနှင့် အတူ သူ၏နေအိမ်သို့ ကြံမြစ်များသွားပို့နေလေသည် မောင်ဘိုးထင်တို့သည် ကြံမြစ်များကို ချပြီး ကိုပြုံး၏ မိခင်အား လှမ်းခေါ်လိုက်ကြသည်
“လေးမသင်း ဗျို့လေးမသင်း ”
“ဘယ်သူတွေတုန်း ”
“ကျုပ် ဘိုးထင်ပါ ဒီမှာ လေကြီး မီးလှုံဖို့ ကြံမြစ်လာပို့တာ ”
“ဟုတ်လား အေးအေး ငါလာပြီ ”
မသင်းသည် အိမ်လေးပေါ်မှ ဆင်းလာပြီး ဘိုးထင်တိူ့ကို တွေ့သောအခါ ပြုံးရယ်ပြီး
“အခုတလော ရွာကလူတွေက ငါ့ကို အကုန်ေပးေနကြတယ် ဆန်တွေကော ဆီတွေကော အများကြီးပဲ ဟိုဘက်အိမ်က ပေးတူအမေဆို ငါ့ကို ဟင်းချက်တာတွေတောင် လာပြနေတာ ငါက ချက်တက်ပါတယ် ကိုပြုံးက သူချက်မယ်ဆိုလို့ ချက်ခိုင်းထားတား ဟီးဟီး ”
“ဟုတ်လား ”
“အေး မနက်ဖြန် ရွာလူကြီးက ကိုပြုံးဆွမ်းသွတ်ဆိုလား လုပ်ဖို့ ဆန်တွေကော ပုဇွန်ခြောက်တွေကော လာပေးသွားတယ် မနက်ဖြန် မှ ပြန်လာမယ်လည်းပြောသွားတယ် ကိုပြုံးလဲ ဘယ်ရောက်နေလဲမသိပါဘူး သူ့အတွက် လာပေးတာ ကို ”
ထို့နောက် သရဲကိုပြုံးသည် မောင်ဘိုးထင်တို့ေ နာက်မှ ထွက်လာရာ မသင်းမှ မြင်သောအခါ
“ကိုပြုံး နင်ဘယ်တွေသွားနေတာလည်ဟယ် ညတွေ ဆို ငါတယောက်ထဲ နင့်ပုံစံကလည်း ဘာဖြစ်နေတာလဲ ရေထဲ ဆင်းတာများလို့ လား နင်ချမ်းနေရင် အဝတ်အစားလဲလိုက်လေ ”
“ကျုပ် မချမ်းပါဘူး အမေ ကျုပ် အမေ့အတွက် ငှက်လိုက်ပစ်မလို့ အဲ့ဒါ တောထဲ သွားရမှာ ”
“သွားလေ သွား ခါ တော့ ရအောင်ပစ်နော် ငါက ခါသားတအားကြိုက်တာ ”
“အင်းပါ အမေ ကျုပ်က အကြာကြီးသွားမှာ ကျုပ်မရှိတုန်း လိုအပ်တာရှိရင် ဘိုးထင်တို့ကို ပြောနော်အမေ ဘိုးထင်တို့ လုပ်ပေးလိမ့်မယ် ”
“အကြာကြီးဆို မသွားနဲ့လေဟာ ငါတ နင်မရှိပဲ မနေတက်ဘူးလေ ”
“ကျုပ် မသွားလို့ မရဘူးအမေ ”
“မသွားတော့နဲ့ ငါ ခါ သားလည်း မစားချင်တော့ဘူးနော် မသွားပါနဲ့ဟာ ”
“အမေ ကျုပ်ပြောတာ နားထောင် အမေလိုတာရှိရင် ကျုပ်သူငယ်ချင်းတွေကိုပြော ကျုပ်သွားတော့မယ် အမေ ”
သရဲကိုပြုံးသည် ေမာင်ဘိုးထင်တို့ လူစုထဲတိုးဝင်ကာ ပျောက်ကွယ်သွားသည် မသင်းသည်က သူ၏သားဖြစ်သူ သွားသည့်ဘက်ကို ကြည့်ကာ
“ကိုပြုံး ဘယ်သွားမှာလဲ နင်မရှိရင် ဘယ်သူက ငါ့ကို ထမင်းကျွေးမှာလဲ တခြားလူတွေ ကျွေးရင် ငါ မစားဘူးနော် ကိုပြုံး ညရောက်ရင် ပြန်လာနော် ဟီးဟီး ”
မသင်းသည် စကားပြောရင်းရယ်မောနေသည် ၊ ယခုသူမ ရယ်မောနေသော မျက်နှာမှမျက်ဝန်းတွင်တော့ မျက်ရည်စများ ခိုတွဲ၍ နေပါလေတော့သည် ။
▪️အခန်း-၁၁
ကိုပြုံးအတွက် ရည်စူးပြီးလုပ်သော ဆွမ်းသွတ်သည် အောင်မြင်စွာပြီးဆုံးသွားပြီဖြစ်သည် ၊ ဆွမ်းသွတ်တွင် သူ၏မိခင် မသင်းအားရွာသူရွာသားများမှာ ဝိုင်းဝန်း ဂရုစိုက်နေသည်ကို မြင်တွေ့ရသော သရဲကိုပြုံးသည် သူ့အမေအတွက် စိတ်ချသွားပြီဖြစ်သည် ယခုမူ မိခင်ဖြစ်သူ၏ ဘဝသည် သူရှိစဉ်ကထက် ပိုအဆင်ပြေနေသေသာ်။ သူ၏ အမေအတွက် ရွာသူရွာသားများကို သူအတော်ပင် ကျေးဇူးတင်မိသည် ၊ ယခု ကိုပြုံးသည် မောင်ဘိုးထင်တို့အား နုတ်ဆက်နေသည်
“အရာအားလုံးတွက် မင်းတို့ကို ကျေးဇူးတင်ပါတယ်ကွာ ”
“ရပါတယ်ကွ မင်းဘယ်သွားရမှာ လဲ သိလား”
“မသိဘူး အဘိုးက ငါ့ကို စောင့်နေတယ် ငါသွားရတော့မယ် ကွာ ”
“အေးပါကွာ မင်းကို ငါတို့ အကုန်လုံး အမှတ်ရနေမှာပါ သူငယ်ချင်းရာ ”
မောင်ဘိူးထင်တို့အား လက်ပြပြီး သရဲကိုပြုံး ပျောက်လိုက် ပေါ်လိုက်နှင့် သူတို့ အနားမှ ထွက်သွားလေသည် ၊ မောင်ဘိုးထင်သည် ကိုပြုံး ထွက်သွားရာဘက်သို့ ကြည့်ကာ ကိုပြုံးနှင့် အတူတူ ရှိနေသော အချိန်များကို တွေးကာ ဆွေးနေစဉ် ရုတ်တရက် ကိုပြုံးသည် ပေါ်လိုက် ပျောက်လိုက်နှင့် မောင်ဘိုးထင်၏ မျက်နှာ နှင့် ထိလုမတက် ပြန်ပေါ်လာရာ မောင်ဘိုးထင် ကမန်းကတန်းနောက်သို့ ဆုတ်လိုက်ပြီး သရဲကိုပြုံး၏ မျက်နှာအား ရိုက်လိုက်ပါလေတော့သည်။
“အမလေး ဟ ”
“ဟာ ဘိုးထင် မင်းရိုက်တာ ငါ့ကို ထိတယ် မင်းက ငါ့ကို နာအောင်လုပ်နိုင်တာ ပဲ ”
“မတော်လို့ပါကွာ မင်းက လည်း ရုတ်တရက်ကြီး ပေါလာတာဆိုတော့ လန့်သွားတာပေါ့ကွာ ”
“အေးပါကွာ ငါ့ကို အဘိုးက ပြန်လာပြောခိုင်းလို့ပြန်လာရတာပါကွ ရွာကို ထူးဆန်းတဲ့ ဓားပြတွေ လာလိမ့်မယ်တဲ့ အဲ့ဒါ လာပြောတာ နာလိုက်တာကွာ သွားပြီး ပြန်မလာတော့ဘူး ငါက သရဲဖြစ်ခါစမို့ သရဲလိုသွားလို့ အရှိန်လေးလွန်တာ ပါးအရိုက်ခံရတယ် ”
“မတော်လို့ပါကွာ လူက နေပေမဲ့ ပညာက မနေတာပါကွာ ”
သရဲကို ပြုံးသည် မောင်ဘိုးထင်၏ စကားကို မကျေမနပ်ကြည့်ရင်း ထွက်ခွာသွားပါလေတော့သည် ။
▪️အောင်လမ်းဘိုးထင် နှင့် သရဲကိုပြုံး သည်က ဤမျှသာ မကြာမီ အောက်လမ်းဘိုးထင် နှင့် ထူးဆန်းသော ဓားပြများ အမည်ရသော ဝတ္ထုဇတ်လမ်းလေးအား တင်ဆက်ပေးပါမည် ။
📝မောင်တင်ဆန်း
#mgtinsan
Zawgyi Version
” ေအာက္လမ္းဘိုးထင္ ႏွင့္ သရဲကိုၿပဳံး “(စ/ဆုံး)
————————————————————-
(၁၆)
▪️အခန္း-၁
႐ြာ၏ ေတာင္ဘက္ ပင္း ဟု အမ်ားေခၚၾကေသာ ေရနစ္သည္ ေခ်ာင္းထဲတြင္ လူမ်ားစု႐ုံးေနေလသည္ ၊ ေရငုပ္သူငုပ္ ပြဲေပးသူေပးႏွင့္ အလုပ္ရႈပ္ေနစဥ္ ေခ်ာင္း ကမ္းပါးေပၚတြင္ေတာ့ အ႐ြယ္စုံလွေသာ လူအုပ္ႀကီးသည္ တစုံတခုကို ေမွ်ာ္လင့္ေစာင့္စားေနၾကသည္ ၊ ႐ြာလူႀကီး သည္လည္း ေခ်ာင္းတေလ်ာက္ ေရငုတ္ေနၾကေသာ လူ႐ြယ္မ်ားအား ေမျမန္းေနေလသည္။
“ေဟ့ေကာင္ေတြ ေတြ႕လား”
“မေတြ႕ဘူး ႐ြာလူႀကီး က်ဳပ္တို႔အထင္ ေခ်ာင္းအတိုင္းမ်ား ေမ်ာပါသြားလား မသိဘူး”
“ေအးကြ လိုက္ရွာၾကေဟ့ ”
႐ြာသားမ်ား ရင္တမမ ႏွင့္ တစုံတခုကို ရွာေဖြ ေနစဥ္ ေခ်ာင္းကံပါးတြင္ေတာ့ ၿပဳံးရယ္ေနေသာ အမ်ိဳးသမီးႀကီးတေယာက္မွ
“ဟဲ့ နင္တို႔ ဘာေတြ ရွာေနတာလဲ ငါ့သား ကိုၿပဳံးကို ရွာေနတာ ဆိုရင္ေတာ့ ရွာ မေနနဲ႔ ကိုၿပဳံးက ဟိုငွက္ေပ်ာပင္ေတြ ၾကားထဲမွာ ငါတို႔ကို ၿပဳံးၿပီးၾကည့္ေနတယ္ ”
“ဟဲ့ မသင္း မဟုတ္တာေတြ ေလွ်ာက္ မေျပာနဲ႔ ”
“တကယ္ပါ ဆိုဟာ ဟိုမွာ ငါ့သားက ငါ့ကိုေခၚေနၿပီ ဘာေကြၽးမလို႔လဲ မသိဘူး ”
ကိုၿပဳံး၏ စိတ္မႏွံ႔ေသာ မိခင္ မသင္းမွာ ငွက္ေပ်ာပင္အနားသို႔သြားၿပီး တေယာက္ ထဲ စကားေတြေျပာေနေလသည္ ၊
“ကိုၿပဳံး နင္ဘယ္ေတြ ေလွ်ာက္သြားေနတာလဲ ဟိုမွာ ႐ြာလူႀကီး အစုတ္ပလုတ္နဲ႔ ႐ြာကလူေတြ နင့္ကို ေရထဲ နစ္ေနတယ္ ဆိုၿပီး လိုက္ရွာေနတယ္ ”
“ကိုၿပဳံးရယ္ ငါ ဗိုက္မဆာ ပါဘူးဟ နင္အိမ္မွာ ခ်က္ထားတဲ့ ငွက္သားဟင္း ရွိေသးတာကို ၿပီးမွ ငါစားလိုက္မယ္ ”
“ဘာ နင္က အိမ္မျပန္လာပဲ ဘယ္သြားမလို႔လဲ ”
“ငါ့ကို အိမ္မွာ တေယာက္ ထဲ မထားခဲ့နဲ႔ေလ ငါ့မွ နင္တေယာက္ပဲ ရွိတာ ကို ”
မသင္းအနားသို႔ တျခား႐ြာမွ မိန္းမႀကီးမ်ား ေရာက္လာၿပီး
“မသင္ လာလာ အိမ္ျပန္မယ္ နင့္သားကို ေတြ႕မွ ငါေခၚလာခဲ့မယ္ ၾကားလား ”
“နင္တို႔က ဘယ္ကို သြားေခၚမွာလဲ ငါ့သားက ငါ့အနားမွာကို ”
“လာပါ နင္အိမ္ျပန္ေတာ့ ထမင္းမစားရေသးဘူးမဟုတ္လား ”
“ညည္းတို႔က လည္းေအ လာ ကိုၿပဳံးလိုက္ခဲ့ အိမ္ကို ဘယ္မွ ေလွ်ာက္မသြားနဲ႔ ၾကားလား”
မသင္းအား ႐ြာမွ မိန္းမႀကီးမ်ားသည္ အတင္းဆြဲေခၚၿပီး ႐ြားထဲသို႔ေခၚသြားေလရာ မသင္းမွ အေနာက္ကို လွည့္ၾကည့္ရင္း ၿပဳံးရယ္ကာ ကိုၿပဳံးလိုက္ခဲ့ေနာ္ဟု တတြင္တြင္ေျပာရင္း ပါသြားပါေလေတာ့သည္။
▪️အခန္း-၂
ေမာင္ဘိုးထင္တို႔ ေခ်ာင္းေလးအနားသို႔ ေရာက္လာၾကသည္ ၊သူတို႔ အနားေရာက္ခ်ိန္တြင္ေတာ့ ေခ်ာင္း တေလ်ာက္ ကိုၿပဳံး၏ အေလာင္းအား လိုက္ရွာေနသူမ်ား ခဏ နားေနၾက၏၊ သူတို႔ သည္ ေသဆုံးဖို႔ ေသခ်ာေနၿပီျဖစ္ေသာ ကိုၿပဳံးအေၾကာင္းကို ေျပာေနၾကသည္။
“ကိုၿပဳံးမွ ျဖစ္ရတယ္လို႔ကြာ ဒီေကာင္ေလးက သူ႔အေမအေပၚ အေတာ္သိတက္တဲ့ေကာင္ကြ”
“ေအးကြ ဟိုေန႔ကမွ ငါ့ အကြက္ထဲ ပဲႏုတ္လိုက္ေသးတယ္ ငါေတာင္ သူအိမ္အတြက္ ပဲ ႏွစ္ျပည္ေပးလိုက္ေသးတယ္ ”
“ေအးကြာ ဒီကေလးက ဒီကို ဘယ္သူေတြ နဲ႔ လာတာတုန္းကြ”
“ေအာင္သန္းနဲ႔ ေမာင္ျမင့္ နဲ႔တဲ့ကြာ ဒီေကာင္ေတြ ေျပာပံုအရ ကိုၿပဳံးက ကန္းစြန္း႐ြက္ခူးရင္းေခ်ာင္းထဲကို ထင္းတုန္းပါလာတာ ဝင္ဆယ္တယ္ လို႔ ေျပာတာပဲကြာ အဲ့ တာ ပင္းထဲ ေရာက္ေတာ့ နစ္တာပဲ ဝဲမိတယ္ ထင္တယ္ကြ ငါတို႔ေတာင္ ပင္းထဲက ဝဲကို မနည္း ႐ုန္းေနရတာ ဒီကေလး ဘယ္႐ုန္းႏိုင္ မွာလဲ ”
႐ြာသားမ်ား စိတ္မေကာင္းျဖစ္စြာ ႏွင့္ ကိုၿပဳံးအေၾကာင္းကို ေျပာေနၾကသည္ ၊ ေမာင္ဘိုးထင္သည္ ဖိုးေထြးတို႔ႏွင့္ ခြဲ ထြက္လိုက္ၿပီး ေခ်ာင္း ေလးတေလ်ာက္ တေယာက္တည္း လမ္းေလွ်ာက္ေနသည္ ထိုအခ်ိန္ သူ၏ ေနာက္ေက်ာကို တေယာက္ေယာက္ လက္ႏွင့္ လာပုတ္ၿပီး
“ဘိုးထင္ ေဟ့ဘိုးထင္”
ေခၚသံပါၾကားရ၍ ေမာင္ဘင္းထင္ ေနာက္သို႔ လွည့္ၾကည့္လိုက္ရာ မည္သူတဦးတေယာက္ကို မွ မေတြ႕ပါ သူအားေခၚသည့္ အသံကို သူအေတာ္ကို ရင္းရင္းႏွီးႏွီး သိေနသလို ခံးစားေနရသည္ ေမာင္ဘိုးထင္ အေနာက္သို႔ လွည့္ၿပီး အတန္ၾကာစူးစမ္းၾကည့္လိုက္ၿပီး ေရွ႕သို႔လွည့္လိုက္ရာ
“ဟဲ့ ေသာက္ ပလုပ္တုတ္ ”
သူျမင္ရသည္မွာ ေရမ်ားစိုး႐ႊဲေနၿပီး ျဖဴစြတ္ေနေသာ မ်က္ႏွာမွာ မ်က္ကြင္းတို႔က မဲ နက္ေနသည္ ၊ ေမာင္ဘိုးထင္၏ မ်က္ႏွာႏွင့္ အေတာ္ နီးနီးကပ္ကပ္ မွာ ျမင္လိုက္ရေသာ ေၾကာင့္ ေအာက္လမ္း ျဖစ္လင့္ကစား လန႔္သြားကာ သူ၏ ေရွ႕တြင္ ရွိေနေသာ ကိုၿပဳံးအား
“မင္းကလည္း ေနာက္ကပုခုံးလည္းပုတ္ အသံလည္းေပးၿပီး ေရွ႕က ဘာလို႔ေပၚလာရတာလဲ ေနာက္က ေခၚရင္ ေနာက္ကေပၚေပါ့ကြာ ”
“တျခားသူေတြလိုလုပ္ၾကည့္တာပါကြာ ”
“မင္းကိုမင္း ေသၿပီဆိုတာသိလား”
“ငါ့ကို အဘိုးတေယာက္က ေျပာတယ္ ငါေသသြားၿပီတဲ့ အဲ့ေတာ့ သိတယ္ ”
“မင္း အေလာင္းကို ရွာမရဘူး မင္းအေလာင္းရွိတဲ့ေနရသိလား”,
“သိပ္ေတာ့ မေသရွာဘူး ေရထဲ ဆင္းငုပ္လိုက္ရင္ေတာ့ ငါ့အေလာင္းေနရာကို ငါျပန္ေရာက္တယ္ကြ”
“ေအးကြာ မင္းေသသြားတာ စိတ္မေကာင္းဘူး ”
“မင္းက ငါ့ကို ျမင္ႏိုင္လို႔ ငါဝမ္းသာတယ္ ဘိုးထင္ ”
“,အခု မင္း လူေတြဘာေတြကို ပုတ္လို႔ ရေနၿပီလား ”
“အကုန္လုံးေတာ့ မဟုတ္ေလာက္ဘူး ဒါေပမဲ့ ငါတခ်ိဳ႕လူေတြကို ကိုင္လို႔ရတယ္ ”
”ေအး အဲ့တာဆို မင္းအေလာင္းကို ရွာ ေနတာ ကူညီဦး ငါ ကိုဖိုးေထြးကို ေခ်ာင္းထဲ ဆင္းခိုင္း လိုက္မယ္ မင္းက သူ႔ကို ဆြဲၿပီး မင္းအေလာင္းရွိတဲ့ေနရာကို ေခၚသြားၾကားလား ”
“ေအး ေအး ငါလုပ္လိုက္မယ္ ”
ဤသို႔ျဖစ္ သရဲေလးကိုၿပဳံး သည္ ေမာင္ဘိုးထင္၏ ေရွ႕မွ တျဖည္းျဖည္းခ်င္း ေပ်ာက္ကြယ္လို႔သြားပါေလေတာ့သည္။
▪️အခန္း-၃
ေခ်ာင္းေလးေဘးတြင္ ကိုၿပဳံးအေလာင္းရွာေနေသာ ႐ြာသားမ်ား ႏွင့္ အတူထိုင္ေနသည့္ ဖိုးေထြး အနားသို႔ ေမာင္ဘိုးထင္သြားလိုက္ကာ
“ကိုဖိုးေထြး ခင္ဗ်ား ေခ်ာင္းထဲ ဆင္းရွာပါလား ”
“ဦးျမႀကီးတို႔ေတာင္ မေတြ႕တာ ငါက ဘယ္လို လုပ္ရွာတက္မလဲ ”
“,မတူဘူးေလဗ်ာ ခင္ဗ်ားကလည္း အလိုက္တာ ေဟာ ဟိုက ကိုင္းေတာေတြနားက ငွက္ေပ်ာပင္ အရိပ္မွာ ဘယ္သူေတြလဲ ၾကည့္လိုက္ဦး”
ဖိုးေထြးသည္ သူတို႔ ႏွင့္ မလွမ္းမကမ္းမွ လူအုပ္ႀကီးကို ၾကည့္လိုက္သည္
“႐ြာထဲက လူေတြေလ ”
“ေသခ်ာၾကည့္ဦး အမ မိေက်ာ့ ပါတယ္ေလဗ်ာ ”
ေမာင္ဘိုးထင္ေျပာမွ ဖိုးေထြးေသခ်ာ ၾကည့္လိုက္မိသည္ ဟုတ္ေပသည္ ႐ိုး႐ိုးေလးႏွင့္ လွပေနေသာ မိေက်ာ့မွာ ေခ်ာင္းေရျပင္ကို ၾကည့္ေနသည္။ မိေက်ာ့ကို ၾကည့္ေနေသာ ဖိုးေထြး၏ ျမင္ကြင္းထဲတြင္ေတာ့ မိေက်ာ့ ေဘးေတြရွိေသာ ႐ြာထဲမွ လူမ်ားသည့္ ေဝ့ဝါးေနၿပီး မိေက်ာ့တေယာက္သာ ၾက ည္လင္ေနေလရာ သူ႔ကိုယ္သူပင္ အံဩေနမိသည္
“ေတာက္ မိုက္တယ္ကြာ ”
“ကိုဖိုးေထြး စိတ္ထိန္းပါဦးဗ်ာ အဲ့တာ ခင္ဗ်ား ေခ်ာင္းထဲ ဆင္းၿပီး လူမႈေရးဘယ္ေလာက္ေကာင္းေၾကာင္း ျပရမဲ့ အခ်ိန္ေကာင္းပဲဗ် ”
“တျခားသူေတြ မွ မဆင္းေသးတာ ငါက တေယာက္တည္း”
“ကိုဖိုးေထြးကလည္းဗ်ာ တေယာက္ထဲ ဆင္းေတာ့ ပိုသတိထားမိတာေပါ့ မဟုတ္ဘူးလား ”
“ေအး အဲ့တာလည္း အဟုတ္ ၾကာတယ္ကြာ ေရာ့ ”
ဖိုးေထြးသည္ သူ၏ အက်ႌကို ခြၽတ္လိုက္ၿပီး ေမာင္ဘိုးထင္ကိုေပးကာ ဝတ္ထားေသာ ပုဆိုးကို ခါးေတာင္းက်ိဳက္လိုက္လို႔ ေခ်ာင္းေလးထဲသို႔ ဆင္းသြားပါေလေတာ့သည္။
▪️အခန္း-၄
ဖိုးေထြးတေယာက္တည္း ေခ်ာင္းထဲ ဆင္းကာ ဟိုငုပ္ဒီငုပ္လုပ္ၿပီး မိေက်ာ့ဘက္ကို မၾကာမၾကာ လွည့္ၾကည့္ေနေလသည္ ၊ မိေက်ာ့ အပါ အဝင္ က်န္သူမ်ားသည္က ဒီေကာင္ဘာေၾကာင္တာလဲ ဟု အဓိပၸါယ္ရေသာ အၾကည့္မ်ားႏွင့္ ၾကည့္ေနၾကေလသည္ ၊ ဖိုးေထြး၏ အဘ ႐ြာလူႀကီးသည္ သူ၏ သားကိုၾကည့္ကာ
“ေဟ့ေကာင္ ေၾကာင္ေတာင္ေတာင္ နဲ႔ ေခ်ာင္းထဲ ဘာဆင္းလုပ္ေနတာလဲ ”
“လူမႈေရးစိတ္အျပည့္ နဲ႔ ကူညီေနတာေလ အဘရာ ”
“မင္းေမလင္ လူမႈေရးစိတ္လား ”
“ဟာ အဘက က်ဳပ္ဆို အေကာင္းကိုမျမင္ဘူး ”
ဖိုးေထြးသူ၏ အဘ ႏွင့္ စကားလွမ္းေျပာေနစဥ္ သူ၏ မ်က္ႏွာသည္ ႐ုတ္ခ်ည္ လန႔္ဖ်တ္သည့္ အမူအယာေျပာင္းသြားကာ
“ဟ ဘာႀကီးလဲ ငါ့ေျခေထာက္ကို ဆြဲတာ ”
ဖိုးေထြး စကားဆုံးသည္ႏွင့္ ေခ်ာင္းေလးအတိုင္း ယက္ကန္ယက္ကန္ ႏွင့္ ပါသြားေလရာ ေမာင္ဘိုးထင္သည္ ႐ြာလူႀကီးအား
“ဘႀကီး႐ြာလူႀကီး ကိုဖိုးေထြးေနာက္ လိုက္ခိုင္းဗ်ာ ”
“မင္းေကာင္က ကားတား ကားတား နဲ႔ ဘာေတြ လုပ္ေနတာလဲ ဟ ”
“လိုက္ခိုင္းပါ ဘႀကီးရာ ”
ေမာင္ဘိုးထင္သည္ ႐ြာလူႀကီးအားေျပာၿပီး ေခ်ာင္း အေပၚမွ ေန၍ ေျပးလိုက္ေလသည္ ၊ ေမာင္ဘိုးထင္နည္းတူ ႐ြာမွလူမ်ားသည္လည္း ဖိုးေထြး ပါသြားရာေနာက္သို႔ လိုက္ၾကေလေတာ့သည္ ၊ ေခ်ာင္းေလး၏ ေဘးကိုင္းဖုတ္မ်ား အနီးတြင္ ဖိုးေထြးရပ္သြားသည္ ထို႔ေနာက္ ေရေအာက္ကို ျမဳပ္သြားျပန္ရာ ကုန္းေပၚမွ လူမ်ား အေတာ္ကို ထိတ္လန႔္သြားၾကသည္ ၊ ခဏၾကာေသာ အခါ ဖိုးေထြး ျပန္ေပၚလာၿပီး
“အဘ ကို ကိုၿပဳံးကို ေတြ႕ၿပီဗ်”
ဖိုးေထြး စကားေၾကာင့္ ႐ြာထဲမွ လူမ်ား ေခ်ာင္းထဲ ဆင္းကာ ဖိုးေထြးျပေသာ ေနရာကို ေရငုပ္ၿပီး ေနာက္ သူတို႔ ႏွင့္ အတူ ကိုၿပဳံး၏ ႐ုပ္အေလာင္းပါလာေလေတာ့သည္ ကိုၿပဳံး၏ လက္ထဲတြင္ေတာ့ ေရေအာက္မွ မေသခင္ သစ္ငုတ္တခုကို ဆြဲၿမဲစြာ ဆုပ္ကိုင္ထားပါေလေတာ့သည္ ။
▪️အခန္း-၅
ကိုၿပဳံး၏ အေလာင္းအား ႐ြာ၏ အေနာက္ဘက္တြင္ ရွိေသာ သခ်ႋဳင္းတြင္ ေျမျမႇဳပ္ သၿဂႋဳလ္လိုက္ၾကၿပီးျဖစ္၏ ႐ြာသူ႐ြာသားမ်ား၏ အကူအညီႏွင့္ ကိုၿပဳံး၏ နားေရးသည္ အေတာ္ကို စည္စည္ကားကားရွိခဲ့ပါသည္ ၊ ကိုၿပဳံး၏ မိခင္ မသင္သည္က သူ၏ သား႐ုပ္အေလာင္းကို ၾကည့္ၿပီး ၿပဳံးရယ္ေနေသးသည္ ၊ဤသို႔ႏွင့္ မသင္းအား သူမ၏ အိမ္သိူ႔ အရင္ပို႔ေပးလိုက္ရသည္ ၊ အခက္အခဲ အနည္းငယ္ ရွိခဲ့ပါေသာလည္း နာေရးသည္က အထေျမာက္သြားၿပီ ျဖစ္သည္ ၊ နာေရးပို႔ေဆာင္ ေပးၾကေသာ ႐ြာသူ႐ြာသားမ်ား အကုန္ျပန္သြားၾကေပမဲ့ သာေအး ေပတူးႏွင့္ ေမာင္ဘိုးထင္တို႔ သုံးေယာက္မျပန္ေသးပါ ၊ သူတို႔ ႏွင့္ အၿမဲ မေပါင္းျဖစ္ေပမဲ့ ေလာက္စလုံးလွိမ့္ သံၿဂိဳလ္ထိုး ကစားေဖာ္ ကစားဖက္ျဖစ္သည့္အတြက္ မ်ားစြာ ေၾကကြဲေနၾကသည္ ၊ ယခုလို ငယ္ငယ္႐ြယ္႐ြယ္ ႏွင့္ ဆုံးပါးခ်င္းမွာ သူတို႔ ေပပင္႐ြာတြင္ အေတာ္ရွားသည္ မဟုတ္ပါလား ၊ေမာင္ဘိုးထင္သည္ ကိုၿပဳံး၏ ေျမပုံမွ ေျမႀကီးခဲကို ယူကာ အေပၚကို ေျမာက္လိုက္သည္ ျပန္ၾကလာေသာ ေျမႀကီးခဲသည္ ေလေပၚမွာတင္ ရပ္တန႔္ေနေလရာ သာေအးႏွင့္ ေပတူး အံ့ဩေနၾကသည္ ၊ ေမာင္ဘိုးထင္သည္ အံဩတႀကီးျဖစ္ေနေသာ ေပတူး ႏွင့္ သာေအးကို ၾကည့္ကာ
“အံ့ဩမေနနဲ႔ ကိုၿပဳံး ေျမခဲကို ဖမ္းထားတာ ဒီေကာင္ သရဲျဖစ္ေနတာ ငါက သူ႔ကို ျမင္ေတာ့ ငါ့အနားလာေနတာ ”
“ေတာက္ ဒီေကာင္ မတရားဘူး ငါတို႔ကိုေတာ့ မျပဘူး ”
“ေအးကြာ ”
“မင္းတို႔က ျမင္ခ်င္လို႔လား ”
“ျမင္ခ်င္တာေပါ့။ ”
“အဲ့တာ ဆို ငါ့ ေျခစာမႈန္ကို ယူလိုက္”
“ဟာဘာဆိုင္ လို႔လဲ ”
“ျမင္ခ်င္ရင္ ယူစမ္းပါ ကြာ ”
ေမာင္ဘိုးထင္ ေျပာစကားေၾကာင့္ ေပတူး ႏွင့္ သာေအး ေမာင္ဘိုးထင္ ေျခေျမႇာက္ေပးထားေသာ ေျခဖဝါးမွ ေျခစာမႉန႔္ကို လက္ႏွင့္ ပြက္လိုက္ၿပီး
“ရၿပီ ဒါကို ငါက ဘာလုပ္ရမွာလဲ ”
“ခဏ မင္းတို႔လက္ေပး “,
ေမာင္ဘိုးထင္သည္ ေပတူးႏွင့္ သာေအး၏ လက္ကို ကိုင္လိုက္ကာ မန္တႏၲန္တပုဒ္ကို တိုးတိုး ႐ြတ္လိုက္ၿပီး
“ကဲ မ်က္လုံးကို ကြင္းၾကည့္ေတာ့”
ေပတူးႏွင့္ သာေအးသည္ သူတို႔၏ မ်က္ကြင္းကို ေျခစာမႈန႔္ မ်ားျဖစ္ကြင္းလိုက္ရာ သူတို႔၏ ေရွ႕တြင္ ျဖဴစြတ္ေနေသာ မ်က္ႏွာ မွ မ်က္ကြင္းတို႔သည္ မဲနက္ေနၿပီး ေရမ်ားစက္စက္ ၾကေနေသာ အဝတ္အစား ႏွင့္ သရဲကိုၿပဳံးသည္ သူတို႔အား ၿပဳံးျပၿပီးၾကည့္ေနေလရာ
“အမေလး မင္းကလည္း လန႔္လိုက္တာကြာ ၿပဳံးမေနနဲ႔ ခပ္တည္တည္ေန မင္းၿပဳံးတာႀကီးက ေၾကာက္စရာႀကီး ”
“ေအး ဟုတ္ပကြာ ငါေတာင္လန႔္သြားတယ္ ”
သူအားျမင္ျမင္ခ်င္း အျပစ္ဆိုလိုက္ေသာ ေပတူး ႏွင့္ သာေအးေၾကာင့္ သရဲကိုၿပဳံးသည္ သူ၏မ်င္ႏွာကို တည္လိုက္ၿပီး
“ေအးပါကြာ မင္းတို႔က ေတြတာ နဲ႔ အျပစ္က တန္းေျပာတာပဲ ”
“ဟုတ္ပ မင္းတို႔ေကာင္ေတြကလည္း သူက စိတ္မေကာင္း ျဖစ္ေနတဲ့ ၾကားက မင္းတို႔ကို ၿပဳံးျပတာ ေလ ”
“ေအး ေအး ပါကြာ ငါတို႔မွားပါတယ္ ကြာ ”
ေပတူးႏွင့္ သာေအးသည္ ေမာင္ဘိုးထင္ႏွင့္ သရဲကိုၿပဳံးအား သူတို႔မွားေၾကာင္းေျပာလိုက္သည္ ၊ ထို႔ေနာက္ ေမာင္ဘိုးထင္သည္ သရဲကိုၿပဳံကိုၾကည့္ကာ
“ကိုၿပဳံး မင္း ဘယ္လို လုပ္မလဲ စဥ္းစားထားလဲ ”
“႐ြာထိပ္က အဘိုးကေတာ့ ငါ့ကို ေနာက္ ထပ္ ဒီမွာ နည္းနည္း ေနလို႔ရတယ္လို႔ ေျပာတယ္ ကြ ”
“မင္းေျပာ တဲ့ အဘိုးဆိုတာ ဘယ္သူလဲကြ ”
“အက်ႌလည္း အျဖဴ ပုဆိုးလည္း အျဖဴကြ ေခါင္းမွာလည္း ေခါင္းေပါင္ အျဖဴေပါင္းထားတယ္ ငါဆို သူအနား သိပ္ မကပ္ရဲဘူး အေရာင္ေတြက တခ်က္တခ်က္ ထြက္ထြက္လာလို႔ေလ ”
“ဟုတ္လား တို႔႐ြာမွ အဲ့ လိုမ်ိဳး အဘိုးကို မေတြ႕ဖူးဘူးေနာ္ ”
“ငါလည္း ေသမွ ျမင္ရတာဟ မင္းတို႔ ျမင္ခ်င္ရင္ ေသၾကည့္ပါ လား ”
ေမာင္ဘိုးထင္တို႔သည္ သရဲကိုၿပဳံးစကားေၾကာင့္ အေနာက္သို႔ ေျခတလွမ္းမွ် ဆုတ္လိုက္ၾကေတာ့သည္ ၊ ထိုအခ်င္းအရာကို သတိထားမိေသာ သရဲကိုၿပဳံးမွ
“စတာပါကြာ မင္းတို႔ကလည္း ေသမွာ ေၾကာက္ေနေသးတယ္ ငါ လုပ္ခ်င္တာေတြ ရွိတယ္ မင္းတို႔ ကူညီေပးပါလား အဘိုးက ငါ့ကို ဆြမ္းသြပ္ ေပးတဲ့ေန႔ၿပီးရင္ဆိုလား ဘားလာ သူေနာက္လိုက္ခဲ့ရမယ္ တဲ့ကြ အဲ့တာ ငါမသြားခင္ ငါ လုပ္ခ်င္တာေလးေတြ မင္းတို႔ ကူညီၿပီး လုပ္ေပးပါလား ”
“ေအးပါ ကိုၿပဳံးရာ လုပ္ေပးပါမယ္ လူေတြ သတ္တာ ေတြ ဘာေတြ ေတာ့ မလုပ္ရဲဘူး”
“ဟေကာင္ ေပးတူရ ငါက ငါ့႐ြာသားေတြကို သတ္ပါ့မလားဟ ”
“ၿပီးတာပဲ မနက္ျဖန္ ငါတို ့ သခ်ႋဳင္းကိုပဲ လာခဲ့ ရမွာလား ”
“ေအး ဟိုေကာင္ေတြ ႏွစ္ေကာင္ကို အရင္ေခၚေပးရမယ္ ”
“ဘယ္သူေတြလဲ ”
“ေအာင္သန္း နဲ႔ ေမာင္ျမင့္ကိုေလ ”
“အဲ့ေကာင္ေတြ မင္းေသသြားတာ သူတို႔ေၾကာင့္ဆိုၿပီး ထမင္းေတာင္ မစားဘူး ငိုေနတယ္ တဲ့ကြ”
“ငါသိတယ္ အဲ့ေကာင္ေတြ ႏွစ္ေယာက္ အနားငါ ေရာက္ၿပီးၿပီ ငါသူတို႔ကို စကားေျပာေပမဲ့ ငါေျပာတာ မၾကားရဘူးကြ အဲ့တာ မနက္ျဖန္ ဒီကို ေခၚၿပီး ဘိုးထင္က ငါ့ကို သူတို႔ျမင္ႏိုင္ေအာင္လုပ္ေပးပါကြာ ေနာ္ ”
“စိတ္ခ်ပါ သူငယ္ခ်င္းရာ ငါလုပ္ေပးပါ့မယ္ အဲ့တာဆိုလည္း ငါတို႔သြားေတာ့မယ္ ဒါနဲ႔ မင္းက ည ဘယ္မွာ အိပ္မွာလဲ ”
“အိပ္ရေအာင္ ငါ့အတြက္ မိုးခ်ဳပ္တယ္ဆိုတာ မရွိဘူး အခ်ိန္တိုင္း ရွင္းရွင္းလင္းလင္း ျမင္ေနရတာ ႐ြာထဲကို သိပ္ မသြားရဲ ဘူး တခ်ိဳ႕ အခ်ိန္ေတြ သြားရင္ ေခြးက မတရားေဟာင္တာ ကြ ”
“ေအးဟုတ္လား အဲ့တာဆို မင္းက ညဘက္ လာတာျဖစ္မယ္။ ”
“ညလားေန႔လား မသိပါဘူးကြာ ”
ထို႔ေနာက္ ေမာင္ဘိုးထင္တို႔သည္ သရဲကိုၿပဳံးကို ႏုတ္ဆက္ကာ ႐ြာထဲသို႔ ျပန္ဝင္သြားၾကပါေလေတာ့သည္ ။
▪️အခန္း-၆
ေမာင္ဘိုးထင္တို႔ သုံးေယာက္သည္ ေအာင္သန္း ႏွင့္ ေမာင္ျမင့္တို႔အား မရ မက ေခၚထုတ္လာခဲ့သည္ လမ္းတြင္ေတာ့ ေအာင္သန္း ႏွင့္ ေမာင္ျမင့္သည္ သူတို႔ ခံစားေနရသည္မ်ားကို ေမာင္ဘိုးထင္တို႔အား တလမ္းလုံးရင္ဖြင့္လာၾကသည္
“ငါ ကိုၿပဳံးကို ေသခ်ာတားရမွာ ကိုၿပဳံးေသရတာ ငါ့ေၾကာင့္ ”
“မင္းေၾကာင့္ မဟုတ္ဘူး ငါ့ေၾကာင့္ ဒီေကာင္ကို ကန္းစြန္း႐ြက္ခူး သြားရေအာင္ဆို ၿပီး ငါ မေခၚရင္ ဒီေကာင္ ဒီလို ျဖစ္မွာ မဟုတ္ဘူး ”
ေမာင္ဘိုးထင္တို႔သည္ ေအာင္သန္း ႏွင့္ ေမာင္ျမင့္ ေျပာေသာ စကားမ်ားကို နားေထာင္ရင္း သခ်ႋဳင္း အနားမွရွိေသာ ပ်ဥ္းမ ပင္ႀကီးအနားေရာက္လာသည္ ေမာင္ဘိုးထင္သည္ ပ်ဥ္မ ပင္းႀကီး အရိပ္တြင္ မတ္တတ္ရပ္လိုက္ၾကၿပီး ေအာင္သန္းႏွင့္ ေမာင္ျမင့္အား သူ၏ ေျခစာမႈန႔္ကိ မႏၲန္႐ြတ္ၿပီး ေအာင္သန္း ႏွင့္ ေမာင္ျမင့္ ၏ မ်က္လုံးမ်ားကို ကြင္းေပးလိုက္သည္ ထိုေနာက့္ ေမာင္ဘိုးထင္သည္ သခ်ႋဳင္းဘက္ လက္ညႇိဳးထိုးျပလိုက္ၿပီး
“ေဟ့ေကာင္ေတြ ေဟာ့ဟိုက ဘယ္သူလဲ ေသခ်ာၾကည့္ ”
ေမာင္ဘိုးထင္ လက္ညႇိဳးၫြန္ရာသို႔ ေအာင္သန္း ႏွင့္ ေမာင္ျမင့္ ၾကည့္လိုက္ၾကသည္ ၊ သူတို႔၏ ျမင္ကြင္းတြင္ေတာ့ သရဲကိုၿပံဳးသည္ သူတို႔ႏွင့္ အတူကန္စြန္း႐ြက္ သြားခူးစဥ္က ပုဆိုး ႏွင့္ အက်ႌကို ဝတ္ထားၿပီး တကိုယ္လုံး ေရမ်ား႐ႊဲစို ေနေလသည္ ၊ ကိုၿပဳံးသည္ သူ႔အား ၾကည့္ေနေသာ ေမာင္ဘိုးထင္တို႔ အနား လမ္းေလွ်ာက္လာရာ ေအာင္းသန္း ႏွင့္ ေမာင္ျမင့္ ေၾကာက္လန႔္ေနေလသည္ ထိုအခါ ေမာင္ဘိုးထင္ ႏွင့္ ေပတူးသည္ သူတို႔၏ ပုခုံးမ်ားကို ဖက္လိုက္ၿပီး
“ေဟ့ေကာင္ေတြ ကိုၿပဳံးက တို႔ သူငယ္ခ်င္းေလ ေသသြားလို႔ တျခားဘဝ ေရာက္သြားတာ ေၾကာက္စရာ မလိုဘူး သတိထားစမ္းပါ မင္းတို႔က ဒီလိုေတြ ေၾကာက္လန႔္ေနရင္ ဟိုေကာင္ ကိုၿပဳံး စိတ္မေကာင္း ျဖစ္ေနလိမ့္မယ္ ကြ ”
ေမာင္ဘိုးထင္၏ စကားၾကားမွ ေအာင္သန္းႏွင့္ ေမာင္ျမင့္၏ ေၾကာက္စိတ္မ်ား ေျပေလ်ာ့ လာကာ သူတို႔၏ သူငယ္ခ်င္းျဖစ္သူ ကိုၿပဳံးအား ၾကည့္လိုက္ၾကသည္ ကိုၿပဳံးသည္ အရိပ္ပမာ ေပ်ာက္လိုက္ေပၚလိုက္ ႏွင့္ ေပးတူး၏ မ်က္ႏွာ ႏွင့္ တထြာမွ် အကြာတြင္ ျပန္ေပၚလာရာ
“ဟာ မင္းေမႀကီးေတာ္ လန႔္လိုက္တာကြာ ဒီေနာက္ နီးနီးေလးမွ ျပန္ေပၚလာရလားဟ ”
“အရွိန္လြန္သြားလို႔ပါ ေပတူးရာ ငါလည္း ဒီလိုေလး လုပ္တက္ခါစ ဆိုေတာ့ စမ္းလုပ္ရင္း မင္းမ်က္ႏွာ ႀကီးနား ကပ္သြားတာပါ ကပ္ခ်င္လို႔မဟုတ္ပါဘူး ကပ္ခ်င္စရာ ႐ုပ္ႀကီးလည္း မဟုတ္ပါဘူး ”
“ေတာက္ ဒီေကာင္ ကိုၿပဳံး သရဲပါးဝေနတယ္ ”
ေအာင္သန္း ႏွင့္ ေမာင္ျမင့္သည္ သရဲကိုၿပဳံးရဲ႕ စကားေျပာသည့္ဟန္ကို ျမင္ရေသာအခါ ေၾကာက္စိတ္ကင္းမဲ့ ၿပီး ေျပးဖက္လိုက္သည္ ၊ ေျပးဖက္ေပမဲ့ ကိုၿပံဳးအား ထိကိုင္၍မရေပ ထို႔ေနာက္ ေအာင္သန္းသည္ သရဲကိုၿပဳံးကိုၾကည့္ကာ
“ကိုၿပဳံး ငါ မင္းကို ေရထဲဆင္းၿပီး မကယ္ ႏိုင္ဘူး ငါေတာင္းပန္ပါတယ္ကြာ ငါ မင္းကို ေရထဲ မဆင္းဖို႔ မရမက တားရမွာ ငါမတား ႏိုင္ဘူးကြာ ”
“မင္း နဲ႔ မဆိုင္ပါဘူးကြာ ေရေတြ တက္လာေတာ့မယ္ဆိုတာ ငါ သိသိႀကီးနဲ႔ ထင္းတုန္းကို လိုခ်င္ေဇာနဲ႔ ဆင္းလိုက္တာ မင္းတားေနတာ ငါၾကားပါတယ္ ငါ့အျပစ္ နဲ႔ ငါပါ ကြာ ငါက ထင္းတုန္းကို ျမင္ေတာ့ ေဆာင္းတြင္းေရာက္ရင္ ထင္းတုန္းကို ငါ့အေမ မီးလႈံဖို႔ အတြက္ပဲ ေတြးလိုက္မိတာကြ က်န္တာ ငါမေတြးခဲ့ဘူး ”
ေအာင္သန္း စကားေျပာၿပီးေနာက္ ေမာင္ျမင့္သည္ ကိုၿပံဳးအား စိတ္မေကာင္းစြာႏွင့္ စကားဆိုလိုက္ေလသည္
“အဓိက တရားခံက ငါပါကြာ ငါသာ မင္းအိမ္ကို လာၿပီး ကန္စြန္း႐ြက္ ခူးဖို႔ မေခၚရင္ မင္း ဒီလို ျဖစ္မွာ မဟုတ္ဘူး ငါမေကာင္းတာ ငါ့ေၾကာင့္ ”
ေမာင္ျမင့္သည္ ေျပာေျပာဆိုဆို သူ၏လက္ ႏွင့္ သူ၏ပါးအားျပန္႐ိုက္ေနေလရာ ေမာင္ဘိုးထင္တို႔ ဆြဲထားရေလသည္ သရဲကိုၿပဳံးသည္ ေမာင္ျမင့္ကို ၾကည့္ကာ
“ေမာင္ျမင့္ မင္းနဲ႔ မဆိုင္ပါဘူးကြာ အဲ့လိုေတြ မေတြးပါနဲ႔ အရင္ကတည္းက ငါတို႔ မင္းတို႔ဆိုတာ သြားတူတူ လာတူတူေ တြေလ ငါ့ကို စိတ္မေကာင္း ျဖစ္ေအာင္ မလုပ္ပါနဲ႔ကြာ ဘယ္သူ အျပစ္မွ မဟုတ္ပါဘူး အဲ့တာေတြ ထားလိုက္ပါ အခု ငါ့ကို ကူညီၾကပါဦးကြာ ”
“ေျပာသူငယ္ခ်င္း ငါတို႔ ဘာေတြကူညီ ရမလဲ ”
“ငါ့ အေမအတြက္ ႀကံျမစ္ေကာက္ေပးပါကြာ ငါ့အေမက ေဆာင္းတြင္းဆို သူမ်ားေတြ ထက္ပိုခ်မ္းတက္တယ္ ငါ မရွိရင္ သူ႔အတြက္ ဘယ္သူမွ ႀကံျမစ္ေကာက္ေပးမွာ မဟုတ္ဘူး ငါအေမ ခ်မ္းၿပီး တုန္ေနမွာကြ ငါ့ကို ကူညီပါ ”
“စိဝ္ခ်ပါ သူငယ္ခ်င္းရာ ႀကံျမစ္တင္ မကဘူး ခထင္းေျခာက္ေတြပါ ရွာေပးမယ္ မင္းစိတ္ခ် လက္ခ်သာ ေန ၾကားလား ”
“မင္း မင္းတို႔ တကယ္ ေျပာတာေနာ္ ”
“တကယ္ပါကြာ မင္းကလည္း ”
“ငါ့အေမ ထမင္းေကာ စားရလား မသိပါဘူးကြာ ငါ့အိမ္သြားရင္ အေမက ငါ့ကို ျမင္ေနရတယ္ကြ လူေတြက ငါ့ကို အေမျမင္ေနတာကို စိတ္မႏွံ႔လို႔ ေျပာတယ္ပဲထင္ေနတာ ”
သရဲကိုၿပဳံးစကားဆုံးေသာ အခါ ေပတူးသည္ သည္
“မင္းအေမ အတြက္ ဘာမွ မပူနဲ႔ ငါအဘ နဲ႔ အမက မင္း အေမတြက္ ထမင္းစားခ်ိန္ အၿမဲ သြားပို႔ေပးမယ္ လို႔ေျပာတယ္ မင္းနဲ႔ ငါ နဲ႔က အိမ္ခ်င္းကပ္လ်က္ကို ”
“ဘႀကီး နဲ႔ ႀကီးေတာ္ကို ေက်းဇူးတင္ပါတယ္ကြာ ဟိုးကတည္းက မင္းအဘ နဲ႔ အေမက ငါ့အေမကို ထမင္းေကြၽးေနၾကဆိုတာ ငါသိပါတယ္ င့ါအေမက ေျမပဲဆို သိပ္ႀကိဳက္တာကြ မင္းတို႔ ငါ့အေမကို ေျမပဲ ေလး မျပတ္ေပး ေပးပါကြာ ေနာ္ ”
“ကိုၿပဳံး မင္းဘာမွ မပူနဲ႔ ေလးႀကီးမသင္းကို ငါတို႔ တ႐ြာလုံး ခ်စ္ပါတယ္ကြာ စိတ္ခ် ငါပို႔ေပးမယ္ ေပးစရာ မရွိရင္ ကိုဖိုးေထြး အကြက္ ထဲက ခိုးေပးမယ္ ၾကားလား ”
“ဟာ ခိုးၿပီးေတာ့ ငါ့အေမကို မေကြၽးပါနဲ႔ကြာ ”
“ဘာျဖစ္လို႔လဲဟ ငါက သေဘာေျပာတာပါမင္းက ႐ြာဦးေက်ာင္းက ဘုန္းႀကီးေျပာတဲ့ သီလေတြ ဘာေတြေတာင္ ေသမွ သိေနတာလား ”
“မဟုတ္ပါဘူးကြာ ခိုးထားတဲ့ ေျမပဲေတြဆိုေတာ့ အဆန္မထြင္ရေသးေတာ့ ငါ့အေမပင္းပန္းေနမွာဆိုးလို႔ပါကြာ ”
သရဲ ကိုၿပဳံး စကားၾကားရေသာအခါ ေမာင္ဘိုးထင္တို႔အားလုံး သရဲကိုၿပဳံးအား စူးဆိုက္ၾကည့္ေနေလရာ သရဲကိုၿပဳံး ဟိုလူ႔ၾကည့္ရမလို ဒီလူ႔ၾကည့္ရမလို ႏွင့္ အေနခက္ေနပါေလေတာ့သည္ ။
▪️အခန္း-၇
ႀကံလမိုင္းခင္းအား ဖ်က္ၿပီး ပင္သစ္ဆိုက္ရန္ ထယ္ေရးထိုးထားေသာ ႀကံခင္းေနရာတြင္ ေမာင္ဘိုးထင္တို႔ စပါးထည့္ေသာ တင္းေတာင္းမ်ား အိတ္မ်ားကို ယူၿပီး ႀကံျမစ္လိုက္ေကာက္ေနၾကသည္ ၊ ေတာေတာင္မ်ားႀကီးဆိုးေသာ ေဒသမို႔ ေဆာင္းတြင္သည္က ခိုက္ခိုက္တုန္ေအာင္ ခ်မ္းေအးသည္ ၊ ထိုအခ်မ္းဒဏ္ကို ကာကြယ္ရန္ မီးလႈံၾကရာ အိမ္ေတာ္ေတာ္ မ်ားမ်ားမွ ထင္းအစား ႀကံျမစ္အား မီးစိုက္ၿပီး မီးလႈံၾကသည္ ယခု ေမာင္ဘိုးထင္ တို႔ အဖြဲ႕့ ႀကံျမစ္ေကာက္ေနၾကသည္ ၊ ေန ျမင့္သည္ႏွင့္ ႐ြာထဲမွ ကေလးမ်ား အပ်ိဳးေပါက္ေလးမ်ား ႏွင့္ လူပ်ိဳေပါက္ေလးမ်ား ေရာက္လာၾကေတာ့မည္ျဖစ္သည္ ၊ ထိုအထဲ တြင္ေတာ့ သာရ ႏွင့္ ဖိုးေထြး ထိပ္ဆုံးက ျဖစ္သည္ ၊ မိေက်ာ့ ႏွင့္ လွရင္တို႔ ႀကံျမစ္ေကာက္မည္ျဖစ္၍ သေကာင့္သား ႏွစ္ေယာက္မွ မိေက်ာ့ ႏွင့္ လွရင္အား ႀကံျမစ္ေကာက္ ကူမည္ျဖစ္သည္ ၊ ေမာင္ဘိုးထင္တို႔ သည္ ႀကံခင္းထဲ တြင္ အေစာဆုံး ေရာက္ၿပီး ႀကံျမစ္ေကာက္ေနၾကသည္ ၊ လူသားငါးေယာက္ ႏွင့္ သရဲတေကာင္ ႀကံျမစ္ေကာက္ေနသည္ကို သာမာန္ လူမ်ားအဖို႔ လူသားမ်ားကိုသာ ျမင္ႏိုင္ေပမဲ့ ေမာင္ဘိုးထင္တို႔ ငါးေယာက္သည္က သရဲကိုၿပဳံးကို ျမင္ေနရသည္ ၊
“ေဟ့ေကာင္ေတြ ခဏေနရင္ လူေတြလာေတာ့မွာ ”
“ေအး ဘာျဖစ္တုန္း လာေတာ့ ”
“ဘာျဖစ္ရမွာ လဲ အဲ့ထဲက ဦးညိဳႀကီးက ႀကီးေကာင္ႀကီးမာႀကီးနဲ႔ ႀကံျမစ္လုေကာက္မွာ ငါသိတယ္ ”
ေမာင္ဘိုးထင္တို႔ ေျပာစကားအား သရဲကိုၿပဳံးမွ နားေထာင္ရင္း ေမာင္ဘိုးထင္ကို ၾကည့္ကာ
“ဘိုးထင္ မျပန္ေသးပါနဲ႔ဦးကြာ ငါ ႐ြာက လူေတြကို ႏုတ္ဆက္ခ်င္တယ္ ”
“႐ြာက လူေတြကို ဘယ္လိုႏုတ္ဆက္မွာ လဲ ကိုၿပဳံးရ ”
“ကိုဖိုးေထြး နဲ႔ ကိုသာရ ၿပီးေတာ့ ဦးညိဳႀကီးကို ႏုတ္ဆက္ခ်င္လို႔ပါ ”
“ဒါဆိုလည္း မင္းသေဘာပဲ ခဏေနလာေတာ့မွာ ငါတို႔ေကာက္ထားတဲ့ ႀကံျမစ္ေတြ မင္းအိမ္ အကုန္ ပို႔ေပးမယ္ ”
“ေအးပါကြာ ”
ေမာင္ဘိုးထင္တို႔ အဖြဲ႕ စကားတေျပာေျပာႏွင့္ ႀကံျမစ္မ်ားကို ဆက္ေကာက္ေနၾကပါေလေတာ့သည္။
▪️အခန္း-၈
ကေလးမ်ားတသိုက္ ႀကံထယ္ေရးျပင္သိူ႔ ခ်ီတက္လာၾကသည္ ထိုကေလးမ်ား၏ ေနာက္တြင္ေတာ့ မိေက်ာ့ ႏွင့္ လွရင္တို႔ အပ်ိဳေပါက္ေလးမ်ား အဖြဲ႕ျဖစ္သည္ ၊ထိုအပ်ိဳေပါက္ေလးမ်ား၏ ေဘးတြင္ေတာ့ သာရႏွင့္ ဖိုးေထြး ၿပဳံးၿပဳံး နဲ႔ ပါလာသည္ ၿပဳံးေနေသာ ဖိုးေထြးအား သူ၏ ညီမဝမ္းကြဲ ျဖစ္သူ မိသက္ မွ မေက်မနပ္စကားဆိုေနေလသည္
“မေန႔က ဘႀကီးက ႀကံျမစ္သြားေကာက္ခိုင္းေတာ့ ေနပူသေလး ဘာေလး နဲ႔ အခုမွ ဘာလို႔ လလိုက္လာတာလဲ ဘႀကီးနဲ႔ အရီးကိုတိုင္မယ္”
“ဟဲ့ မိသက္ နင္စကားတယ္မ်ားတာပဲ ဖယ္စမ္း မိေက်ာ့ေဘးက ”
ဖိုးေထြးသည္ သူ၏ ညီမဝမ္းကြမ္း၏ လက္ကို ဆြဲၿပီး ေဘးပို႔ လိုက္ကာ မိေက်ာ့အနားကပ္လိုက္ကာ
“မိေက်ာ့ ႀကံျမစ္ မရမွာ မပူနဲ႔ ငါတေယာက္လုံးရွိတယ္ ”
“မပူပါဘူး ငါ့ဦးေလး ဦးညိဳႀကီး ပါတယ္ ျမင္လား ဟို႔မွာ ”
“ေတာက္ ဒီလူႀကီးက ကေလးေတြ ၾကားထဲ ဘာဝင္ရႈပ္ေနတာလဲ ”
ဖိုးေထြးညည္းညဴရင္း မိေက်ာ့ ဦးေလးညိဳႀကီးကို ၾကည့္လိုက္သည္ ကေလးမ်ားၾကားမွာ တေယာက္ထဲ မားမား မတ္မတ္ ႏွင့္ ႀကံျမစ္ လုေကာက္ရန္ႀကံေနေသာ လူႀကီးမွာ ညိဳႀကီးျဖစ္သည္ ၊ ဖိုးေထြး ထိုလူႀကီးကိုၾကည့္၍ စိတ္မသက္မသာ ျဖစ္ေနသည္ကို သိေသာ သာရမွ
“ေဟ့ေကာင္ ဘာမွ စိတ္မပူနဲ႔ မိေက်ာ့ ဦးေလး ဦးညိဳႀကီးက ႀကံျမစ္ေကာက္ဖို႔ေလာက္ပဲ စိတ္ရွိတာ သူတူမ ဘယ္ေခြးေဟာင္ေဟာင္ စိတ္ပူတာ မဟုတ္ဘူး”
“ေဟ့ေကာင္ သာရ မင္းဘာစကားေျပာတာလဲ ဘယ္ေခြးေဟာင္ေဟာင္ဆိုတာ ေလ ”
“မင္းကို ေခြးလို႔ ေျပာတာ မဟုတ္ပါဘူးကြာ ေခြးက ေခြးလို႔ေျပာရင္ နာမလား ငါက မင္းကို ေခြးလို႔ေျပာရင္ မင္းနာတယ္ေလ မင္းသာ ေခြးဆိုး အခုလို႔ ေခြးလို႔မေျပာပဲ ေခြးလို႔ အေျပာခံရတယ္လို႔ ဘယ္ေခြးမွ ထင္မွာ ”
“ေတာ္စမ္း မင္စေျပာတာ နဲ႔ ငါေဟာင္ ေတာင္ ေဟာင္ခ်င္တဲ့ စိတ္ ေပၚလာၿပီ ”
“ငါမတားပါဘူး မင္းသေဘာပါ ”
“ေတာက္ မင္းေနာ္ ဘိုးထင္တို႔ မရွိလို႔ သက္သာတယ္မွတ္ ”
“ဘာမရွိရမွာလဲ ဟိုေကာင္ေတြက ႀကံျမစ္ေတာင္ေကာက္ၿပီး သြားၿပီ ေတာ္ေတာ္ ဝီရိယ ရွိတဲ့ ေကာင္ေတြကြာ ”
သာရေျပာၿပီး လက္ညႇိဳးၫႊန္ရာသို႔ၾကည့္လိုက္ရာ ေမာင္ဘိုးထင္တို႔အဖြဲ႕ သည္ ဖိုးေထြးတို႔အား လက္ျပန္ျပ၍ ၿပဳံးရယ္ျပေနပါေလေတာ့သည္ ။
▪️အခန္း-၉
ေမာင္ဘိုးထင္တို႔ ႏွင့္ အတူတူရွိေနေသာ သရဲကိုၿပဳံးသည္ ေမာင္ထင္တို႔အား ၾကည့္ကာ
“ေဟ့ေကာင္ေတြ ငါစ ခ်င္တဲ့ လူေတြကို စလိုက္ဦးမယ္ ႏုတ္ဆက္ တဲ့ သေဘာေပါ့ ၿပီးရင္ ငါတို႔ အိမ္သြားၾကတာေပါ့ ”
“ေအးပါ ကြာ မင္းသေဘာပဲ ”
သရဲ ကိုၿပဳံးသည္ သူ၏ထုံးစံအတိုင္း ေပၚလိုက္ ေပ်ာက္လိုက္ႏွင့္ ကေလးမ်ား ႏွင့္ ႀကံျမစ္ေကာက္ေနေသာ ညိဳႀကီးအနား ေရာက္သြားေလသည္ ၊ ေမာင္ဘိုးထင္တို႔သာ ျမင္ႏိုင္စြမ္းေသာ သရဲကိုၿပဳံးအား က်န္ေသာ သူမ်ား မည္သူမွ မျမင္ႏိုင္ေပ ကိုၿပဳံးသည္ ႀကံျမစ္လုေကာက္ေနေသာ ညိဳးအေနာက္တြင္ ကပ္ၿပီးလိုက္ေနသည္ ညိဳႀကီးသည္ ကေလးမ်ားႏွင့္အတူ စကားတေျပာေျပာ ႏွင့္ ႀကံျမစ္ရွာေနေလသည္
“ေဟ့ ဟို မွာ ျမစ္ဆုံႀကီးဟ ”
“နင္က ေအာ္ေန ဟိုမွာ ဦးညိဳႀကီးက ေရာက္သြားၿပီး ”
“ဟုတ္ပ သူတို႔ အိမ္ ႀကံျမစ္ေကာ ထားးစရာရွိေသးလားမသိဘူး ဒီေဆာင္းတတြင္းလုံးကုန္မွာေတာင္မဟုတ္ဘူးကို ”
“ဦးညိဳႀကီးက သူ႔အိမ္ မီးနဲ႔တိုက္မလို႔ ႀကံျမစ္စုေနတာ ေနမွာေပါ့ ”
“ေဟ့ကေလးေတြ ဘာမွ မနာလို ျဖစ္မေနနဲ႔ ဒီ ႀကံခင္းကြက္က ငါ့အကို အကြက္ နင္တို႔ကို သနားလို႔ ႀကံျမစ္ေကာက္ခႊင့္ေပးထားတာ ”
“အို ဘယ္သူ အကြက္ ျဖစ္ျဖစ္ အကုန္ေကာက္လို႔ရတာကို အခုမွ လာၿပီးေျပာေနတယ္ ”
ညိဳႀကီး ကေလးမ်ား ႏွင့္ စကားမ်ားေနစဥ္ ႐ုတ္တရက္
“ဇတ္ ဇတ္ ဇတ္”
“ေဟ့ ဦးညိဳႀကီး ထကေနတယ္ ေဟ့”
“ေဟ့ကေလးေတြ ငါ့ကို ခါးမတို႔ နဲ႔ ငါ ေယာင္တက္တယ္ ”
“ဟာ ဘယ္သူမွ မတို႔ပါ ဘူး ဦးညိဳႀကီးတိုင္း ကေနၿပီးေတာ့ ”
“ဇတ္ ဇတ္ ဇတ္ မယ္လွ ႀကီးးေတာ္နဲ႔ ငါနဲ႔ညား ကေလးတေယာက္ ဖြား ရတဲ့ ကေလး နာမည္ေပး ပုတုတူးေလး အေဟး အေဟး ”
“ဦးညိဳႀကီး က်မ ႀကီးေတာ္ကို ဘာေျပာတာ လဲ ဦးညိဳႀကီးကို က်မ ႀကီးေတာ္ နဲ႔တိုင္ေျပာမယ္ ”
“ဟဲ့ မယ္လွ ငါ့ကို ခါးတို႔ လို႔ ေယာင္သြားတာပါ နင္ႀကီးေတာ္ ႀကီးကို ငါမလို ခ်င္”
“ဇတ္ ဇတ္ ဇတ္ မယ္လွႀကီးေတာ္ ေတာ္ထဲသြား ႐ုကၡစိုးနဲ႔ ညား အားပါးပါး ပါး”
“ဦးညိဳႀကီး သူနဲ႔ ညားလို႔ အားမရဘူး ႐ုကၡစိုးနဲ႔ေတာင္ေပးစားေနတယ္ေဟ့ မယ္လွႀကီးေတာ္ ေတာ့ ေတာ္ေတာ္စြံ႕တာပဲ ဟားးဟားး ”
“ဦးညိဳးႀကီး အခု သြားတိုင္မယ္ ကေလး တေယာက္ ေမြးခိုင္း႐ုံတင္ မကေတာ့ဘူး ႐ုကၡစိုးႀကီးနဲ႔ေတာင္ ေပးစားေနတယ္ ဦးညိဳႀကီး အိမ္ကို လႊတ္ၿပီးး လာဆဲခိုင္းမယ္ ‘
မယ္လွသည္ စိတ္ဆိုး ေဒါသ ထြက္ကာ ႀကံျမစ္ပင္ မေကာက္ေတာ့ ပဲ ႐ြာထဲ ျပန္ေျပးေလသည္ ၊ သရဲကိုၿပဳံးသည္ ထိုအခ်င္းအရာကို ၾကည့္ၿပီးး သေဘားက်ေနကာ ရယ္ေမာ ေနရင္း ဖိုးေထြးအားၾကည့္လိုက္ေလသည္ ဖိုးေထြးသည္ ႀကံျမစ္ေလးေကာက္လိုက္ မိေက်ာ့ အိတ္ထဲ ထည့္ေပးလိုက္ စကားေျပာလိုက္ ျပန္သြားလိုက္ႏွင့္ အေတာ္ကို ဟန္ၾကေနသည္ ၊ သရဲ ကိုၿပဳံးသည္ ဖိုးေထြး ႏွင့္ မိေက်ာ့ကို ၾကည့္ကာ တခ်က္ၿပဳံးလိုက္ၿပီး သူတို႔ ႏွစ္ေယာက္ အနားသိူ႔ ေပၚလိုက္ ေပ်ာက္လိုက္ ႏွင့္ ေရာက္သြားျပန္သည္ ထိုေပၚလိုက္ေပ်ာက္လိုက္သည္ကိုေတာ့ ေမာင္ဘိုးထင္တို႔သာ ျမင္ႏိုင္ေပသည္ အျခားသူမ်ားမျမင္ႏိုင္ေပ ၊ ဖိုးေထြးသည္ ႀကံျမစ္ေလးမ်ားကိုကိုင္ၿပီး မိေက်ာ့အနားလာကာ
“မိေက်ာ့ အိတ္ၿဖဲ ”
“မသာ နင္ငါကို ဘာစကားေျပာတာလဲ လူႀကီးသားေတြဘာေတြ နားမလည္ဘူး ပါးရွစ္စိတ္ကြဲသြားမယ္ ”
“ဟာ ဘာေတြ ေတြးေနတာလဲ နင္ကိုင္ထားတဲ့ ႀကံျမစ္ထည့္ထားတဲ့ အိတ္ကို ၿဖဲ လို႔ေျပာတာ ငါ လက္ထဲက ႀကံျမစ္ေတြ မျမင္ဘူးလား ”
“ေအာ္ ေအးေအး ”
မိေက်ာ့ အားတုန႔္အားနာ ႏွင့္ ႀကံျမစ္ထည့္ထားေသာ အိတ္အေပါက္ဝကို ၿဖဲေပးလိုက္သည္ ဖိုးေထြးသည္ ႀကံျမစ္မ်ားကို ထည့္ကာ အေနာက္သို႔ ျပန္လွည့္ ၿပီး ႀကံျမစ္ ေကာက္ရန္ထြက္သြားခ်ိန္ မိေက်ာ့သည္ ႀကံျမစ္မ်ား ထည့္ထားေသာ အိပ္မွ ျပည့္ကာနီးေနၿပီမို႔ အိပ္အား အားယူၿပီး ေဆာင့္လိုက္၍ အနည္းငယ္ ကိုယ္မွ ကုန္းသြားစဥ္ သူ၏ တင္ပါးအား လက္ျဖစ္ ကုတ္လိုက္သည့္ အတြက္ အေနာက္ကို ျပန္လွည့္ၾကည့္လိုက္ရာ သူႏွင့္ မလွမ္း မကမ္းမွ ဖိုးေထြး သူအားၿပဳံးျပေန၏ ၊ မိေက်ာ့သည္ အနားတြင္ ရွိေသာ ထယ္ေရးျပင္ ထဲမွ ေျမႀကီး ခဲ ႏွင့္ ဖိုးေထြးကို ေပါက္လိုက္ရာ ဖိုးေထြး နားမလည္ဟန္ျဖစ္
“ငါ ငါဘာလုပ္လို႔ လဲဟာ”
“ေသခ်င္းဆို ကာလနာ ေႁမြေပြးကိုက္ ေက်ာင္းႀကိဳေက်ာင္းၾကား ဇရပ္ႀကိဳဇရပ္ၾကားမွာေနၿပီး ေတာင္းစားေနတဲ့ သူေတာင္းစား ခြက္ေပ်ာက္ ငါတင္ပါး လာကိုင္တဲ့ အစိမ္းေသ နင့္ နင္ေတာ္ေတာ္ ျဖစ္ေနရင္ နင့္အေဖကို မိန္းမ ေတာင္းခိုင္းပါလား ငါလို အပ်ိဳ ႏုႏု ထြက္ထြက္ေလးကို လာကိုင္ရဲတယ္ ငါနင္ကို အေျဖျပန္ေပးဖို႔ ေနာက္ဆုတ္ လိုက္ၿပီး အခုေတာင္ ဒီေလာက္ သရမ္းေနရင္ နင့္ကို အေျဖေပးလိုက္လို႔ကေတာ့ ငါ အကုန္ ျပဳတ္ထြက္ကုန္မွာ ေသနာေလး နင့္ နင့္ကို သနားလို႔ မေအာ္တာေနာ္ ငါ ေအာ္လိုက္ရင္ ငါ လင္ရမွာ မို႔ပဲ “,
“ငါ ငါ ဘာမွ မလုပ္ဘူးေလဟာ ငါတိုင္းငါ ႀကံျမစ္သြားေကာက္ မလို႔ေလ”
“ဒီနားမွာ နင္နဲ႔ ငါ ႏွစ္ေယာက္ ထဲ ရွိတာ နင္ မကိုင္ ဘယ္ေသနာက်ကကိုင္မလဲ ”
“အဲ့ တာေတာ့္ မသိဘူးေလဟာ ”
“ေတာ္ စမး္ ငါျပန္မယ္ ”
ဖိုးေထြးသည္ ေခါင္းကိုကုတ္လို႔သာ နားမလည္ဟန္ ျဖစ္ၿပီး သူအားေက်ာေပးၿပီးထြက္သြားေသာ မိေက်ာ့ကိုၾကည့္ကာ တိုးတိုးႏွင့္ တေယာက္တည္းေရ႐ြတ္ေနပါသည္
“ဒီလိုမွန္းသိ တကယ္ ကိုင္လိုက္ပါတယ္ကြာ ဘာမွလဲ မကိုင္ရပဲ နဲ႔ အေခ်ာင္ အဆဲခံရတယ္ ေတာက္ ”
သရဲကိုၿပဳံးသည္ ဖိုးေထြး တေယာက္တည္းစကားေျပာေနသည္ကို ၾကည့္ရင္း မ်က္လုံးပင္ျပဴးသြားရပါေလသည္ ၊ ထို႔ေနာက္ သာရအနားသြားကာ သာရအား ေစာင့္တြန္းလိုက္စဥ္ သာရ၏ အေရွ႕မွာရွိေသာ လွရင္၏ နဖူးအား သာရ နမ္းမိသြား၏ ထိုအခါ လွရင္သည္ ရွက္ၿပံဳးေလးၿပံဳးကာ
“ဟာ သာရကလည္းဟာ ဘာေတြ လာလုပ္ေနတာလဲ သူမ်ားေတြ ျမင္ရင္ ရွက္စရာႀကီး ဘာမွန္းလည္းမသိဘူး”
လွရင္သည္ ရွက္ရွက္ ႏွင့္ ေကာက္ထားေသာ ႀကံျမစ္ျဖစ္ သာရအားေပါက္ကာ ေနာက္သို႔ လွည့္ၿပီး ထြက္ေျပးသြားေလသည္ သာရသည္လည္း လွရင္ေပါက္လိုက္ေသာ ႀကံျမစ္ ရင္ဘက္မွန္ကာ ထယ္ေရးျပင္ထဲ ပက္လက္လန္ လဲက်ကာ ေနပါေလေတာ့သည္ ။
▪️အခန္း-၁၀
ေမာင္ဘိုးထင္တို႔သည္ သရဲကိုၿပဳံးႏွင့္ အတူ သူ၏ေနအိမ္သို႔ ႀကံျမစ္မ်ားသြားပို႔ေနေလသည္ ေမာင္ဘိုးထင္တို႔သည္ ႀကံျမစ္မ်ားကို ခ်ၿပီး ကိုၿပဳံး၏ မိခင္အား လွမ္းေခၚလိုက္ၾကသည္
“ေလးမသင္း ဗ်ိဳ႕ေလးမသင္း ”
“ဘယ္သူေတြတုန္း ”
“က်ဳပ္ ဘိုးထင္ပါ ဒီမွာ ေလႀကီး မီးလႈံဖို႔ ႀကံျမစ္လာပို႔တာ ”
“ဟုတ္လား ေအးေအး ငါလာၿပီ ”
မသင္းသည္ အိမ္ေလးေပၚမွ ဆင္းလာၿပီး ဘိုးထင္တိူ႔ကို ေတြ႕ေသာအခါ ၿပဳံးရယ္ၿပီး
“အခုတေလာ ႐ြာကလူေတြက ငါ့ကို အကုန္ေပးေနၾကတယ္ ဆန္ေတြေကာ ဆီေတြေကာ အမ်ားႀကီးပဲ ဟိုဘက္အိမ္က ေပးတူအေမဆို ငါ့ကို ဟင္းခ်က္တာေတြေတာင္ လာျပေနတာ ငါက ခ်က္တက္ပါတယ္ ကိုၿပဳံးက သူခ်က္မယ္ဆိုလို႔ ခ်က္ခိုင္းထားတား ဟီးဟီး ”
“ဟုတ္လား ”
“ေအး မနက္ျဖန္ ႐ြာလူႀကီးက ကိုၿပဳံးဆြမ္းသြတ္ဆိုလား လုပ္ဖို႔ ဆန္ေတြေကာ ပုဇြန္ေျခာက္ေတြေကာ လာေပးသြားတယ္ မနက္ျဖန္ မွ ျပန္လာမယ္လည္းေျပာသြားတယ္ ကိုၿပဳံးလဲ ဘယ္ေရာက္ေနလဲမသိပါဘူး သူ႔အတြက္ လာေပးတာ ကို ”
ထို႔ေနာက္ သရဲကိုၿပဳံးသည္ ေမာင္ဘိုးထင္တို႔ေ နာက္မွ ထြက္လာရာ မသင္းမွ ျမင္ေသာအခါ
“ကိုၿပဳံး နင္ဘယ္ေတြသြားေနတာလည္ဟယ္ ညေတြ ဆို ငါတေယာက္ထဲ နင့္ပုံစံကလည္း ဘာျဖစ္ေနတာလဲ ေရထဲ ဆင္းတာမ်ားလို႔ လား နင္ခ်မ္းေနရင္ အဝတ္အစားလဲလိုက္ေလ ”
“က်ဳပ္ မခ်မ္းပါဘူး အေမ က်ဳပ္ အေမ့အတြက္ ငွက္လိုက္ပစ္မလို႔ အဲ့ဒါ ေတာထဲ သြားရမွာ ”
“သြားေလ သြား ခါ ေတာ့ ရေအာင္ပစ္ေနာ္ ငါက ခါသားတအားႀကိဳက္တာ ”
“အင္းပါ အေမ က်ဳပ္က အၾကာႀကီးသြားမွာ က်ဳပ္မရွိတုန္း လိုအပ္တာရွိရင္ ဘိုးထင္တို႔ကို ေျပာေနာ္အေမ ဘိုးထင္တို႔ လုပ္ေပးလိမ့္မယ္ ”
“အၾကာႀကီးဆို မသြားနဲ႔ေလဟာ ငါတ နင္မရွိပဲ မေနတက္ဘူးေလ ”
“က်ဳပ္ မသြားလို႔ မရဘူးအေမ ”
“မသြားေတာ့နဲ႔ ငါ ခါ သားလည္း မစားခ်င္ေတာ့ဘူးေနာ္ မသြားပါနဲ႔ဟာ ”
“အေမ က်ဳပ္ေျပာတာ နားေထာင္ အေမလိုတာရွိရင္ က်ဳပ္သူငယ္ခ်င္းေတြကိုေျပာ က်ဳပ္သြားေတာ့မယ္ အေမ ”
သရဲကိုၿပဳံးသည္ ေမာင္ဘိုးထင္တို႔ လူစုထဲတိုးဝင္ကာ ေပ်ာက္ကြယ္သြားသည္ မသင္းသည္က သူ၏သားျဖစ္သူ သြားသည့္ဘက္ကို ၾကည့္ကာ
“ကိုၿပဳံး ဘယ္သြားမွာလဲ နင္မရွိရင္ ဘယ္သူက ငါ့ကို ထမင္းေကြၽးမွာလဲ တျခားလူေတြ ေကြၽးရင္ ငါ မစားဘူးေနာ္ ကိုၿပဳံး ညေရာက္ရင္ ျပန္လာေနာ္ ဟီးဟီး ”
မသင္းသည္ စကားေျပာရင္းရယ္ေမာေနသည္ ၊ ယခုသူမ ရယ္ေမာေနေသာ မ်က္ႏွာမွမ်က္ဝန္းတြင္ေတာ့ မ်က္ရည္စမ်ား ခိုတြဲ၍ ေနပါေလေတာ့သည္ ။
▪️အခန္း-၁၁
ကိုၿပဳံးအတြက္ ရည္စူးၿပီးလုပ္ေသာ ဆြမ္းသြတ္သည္ ေအာင္ျမင္စြာၿပီးဆုံးသြားၿပီျဖစ္သည္ ၊ ဆြမ္းသြတ္တြင္ သူ၏မိခင္ မသင္းအား႐ြာသူ႐ြာသားမ်ားမွာ ဝိုင္းဝန္း ဂ႐ုစိုက္ေနသည္ကို ျမင္ေတြ႕ရေသာ သရဲကိုၿပဳံးသည္ သူ႔အေမအတြက္ စိတ္ခ်သြားၿပီျဖစ္သည္ ယခုမူ မိခင္ျဖစ္သူ၏ ဘဝသည္ သူရွိစဥ္ကထက္ ပိုအဆင္ေျပေနေသသာ္။ သူ၏ အေမအတြက္ ႐ြာသူ႐ြာသားမ်ားကို သူအေတာ္ပင္ ေက်းဇူးတင္မိသည္ ၊ ယခု ကိုၿပဳံးသည္ ေမာင္ဘိုးထင္တို႔အား ႏုတ္ဆက္ေနသည္
“အရာအားလုံးတြက္ မင္းတို႔ကို ေက်းဇူးတင္ပါတယ္ကြာ ”
“ရပါတယ္ကြ မင္းဘယ္သြားရမွာ လဲ သိလား”
“မသိဘူး အဘိုးက ငါ့ကို ေစာင့္ေနတယ္ ငါသြားရေတာ့မယ္ ကြာ ”
“ေအးပါကြာ မင္းကို ငါတို႔ အကုန္လုံး အမွတ္ရေနမွာပါ သူငယ္ခ်င္းရာ ”
ေမာင္ဘိူးထင္တို႔အား လက္ျပၿပီး သရဲကိုၿပဳံး ေပ်ာက္လိုက္ ေပၚလိုက္ႏွင့္ သူတို႔ အနားမွ ထြက္သြားေလသည္ ၊ ေမာင္ဘိုးထင္သည္ ကိုၿပဳံး ထြက္သြားရာဘက္သို႔ ၾကည့္ကာ ကိုၿပဳံးႏွင့္ အတူတူ ရွိေနေသာ အခ်ိန္မ်ားကို ေတြးကာ ေဆြးေနစဥ္ ႐ုတ္တရက္ ကိုၿပဳံးသည္ ေပၚလိုက္ ေပ်ာက္လိုက္ႏွင့္ ေမာင္ဘိုးထင္၏ မ်က္ႏွာ ႏွင့္ ထိလုမတက္ ျပန္ေပၚလာရာ ေမာင္ဘိုးထင္ ကမန္းကတန္းေနာက္သို႔ ဆုတ္လိုက္ၿပီး သရဲကိုၿပဳံး၏ မ်က္ႏွာအား ႐ိုက္လိုက္ပါေလေတာ့သည္။
“အမေလး ဟ ”
“ဟာ ဘိုးထင္ မင္း႐ိုက္တာ ငါ့ကို ထိတယ္ မင္းက ငါ့ကို နာေအာင္လုပ္ႏိုင္တာ ပဲ ”
“မေတာ္လို႔ပါကြာ မင္းက လည္း ႐ုတ္တရက္ႀကီး ေပါလာတာဆိုေတာ့ လန႔္သြားတာေပါ့ကြာ ”
“ေအးပါကြာ ငါ့ကို အဘိုးက ျပန္လာေျပာခိုင္းလို႔ျပန္လာရတာပါကြ ႐ြာကို ထူးဆန္းတဲ့ ဓားျပေတြ လာလိမ့္မယ္တဲ့ အဲ့ဒါ လာေျပာတာ နာလိုက္တာကြာ သြားၿပီး ျပန္မလာေတာ့ဘူး ငါက သရဲျဖစ္ခါစမို႔ သရဲလိုသြားလို႔ အရွိန္ေလးလြန္တာ ပါးအ႐ိုက္ခံရတယ္ ”
“မေတာ္လို႔ပါကြာ လူက ေနေပမဲ့ ပညာက မေနတာပါကြာ ”
သရဲကို ၿပဳံးသည္ ေမာင္ဘိုးထင္၏ စကားကို မေက်မနပ္ၾကည့္ရင္း ထြက္ခြာသြားပါေလေတာ့သည္ ။
▪️ေအာင္လမ္းဘိုးထင္ ႏွင့္ သရဲကိုၿပဳံး သည္က ဤမွ်သာ မၾကာမီ ေအာက္လမ္းဘိုးထင္ ႏွင့္ ထူးဆန္းေသာ ဓားျပမ်ား အမည္ရေသာ ဝတၳဳဇတ္လမ္းေလးအား တင္ဆက္ေပးပါမည္ ။
📝ေမာင္တင္ဆန္း
#mgtinsan