Unicode Version
“အောက်လမ်းဘိုးထင် နှင့် ထူးဆန်းသော ဓားပြများ”(စ/ဆုံး)
——————————————————————————–
(၁၇)
▪️အခန်း-၁
ဖိုးထွေးတို့ နွားကျောင်းသွားရာနောက်သို့ မောင်ဘိုးထင် လိုက်လာသည် ၊ မောင်ဘိုးထင်သည် သရဲကိုပြုံး သူတို့အားမှာကြားခဲ့ သည် များကို ဖိုးထွေး အားပြောပြနေလေသည် ၊
“ကိုဖိုးထွေး ကိုပြုံးနောက်ဆုံးပြောပုံအရ ရွာကို ထူးဆန်းတဲ့ ဓားပြတွေ လာလိမ့်မယ် တဲ့ဗျ အဲ့တာ ကိုဖိုးထွေး အဘကို ကျုပ်တို့ပြောထားသင့်တယ် ”
“ပြောတာ တော့ ဟုတ်ပါပြီ ငါ့ကောင်တွေရာ ငါ့အဘက ငါ့ပြောစကားဆို တစက်ကလေးမှ မယုံတာ ခက်တယ် ”
“အဲ့တာဆို လည်း ကိုဖိုးထွေး အဘကို ကျုပ်တို့ပါလိုက်ပြောပြရင်ကော ”
မောင်ဘိုးထင်၏ စကားကို ဖိုးထွေးနားထောင်ပြီး တွေးနေလေသည် ၊ထိုအခါ ပေတူးသည် ကြံခင်းပေါက် သို့သွားရန်ပြင်နေသော နွားအား လေးဂွဖြင့် မသွားရန် ခြောက်လှန့်ပစ်လိုက်ပြီး
“ဟေ့ ကိုဖိုးထွေး ဘယ်သွားနေတာလဲ ဆုတ် ဆုတ် ”
ပေးတူ၏ နွားလှမ်းခြောက်သော စကားကြောင့် ဖိုးထွေး ပေတူးအား မျက်လုံးပင့်ကြည့်နေလေရာ
“စကားတွေ လွဲကုန်တာ ပါဗျာ ကျုပ်က နွားမမောင်းခင် ကိုဖိုးထွေးအဘကို ကျုပ်တို့ပါ လိုက်ပြောရင်းကောင်းမယ် တွေးနေတာ နဲ့ ကိုဖိုးထွေးနာမည်ယောင်ခေါ်မိတာ ပါ ”
“အေး ပါကွာ အဲ့တာဆိုလည်း ညနေ လာခဲ့ကြကွာ သာရ လည်းခေါ့် ခဲ့ ဦး”
“အင်း အဲ့တာဆို ကျုပ်တို့ ညနေ လာခဲ့မယ် ဗျာ နော် ”
“အေးအေး ”
ထို့နောက် မောင်ဘိုးထင်တို့ သည် နွားကျောင်းရင်း ရောက်ရာ ပေါက်ရာများကို ပြောဆိုရင်း နွားကျောင်းသည့်အချိန်အား ကုန်းဆုံးစေပါလေတော့သည်။
▪️အခန်း-၂
ရွာလူကြီးအိမ်တွင် မောင်ဘိုးထင်တို့ စုရုံးရောက်ရှိနေလေသည် လူပျိုပေါက် ကိုသာရ နှင့် အတူ ချိုးသိမ်း ဆိုသော သူတို့နှင့်တရွယ်တည်း သူငယ်ချင်း တယောက်ပါ ပိုပါလာသည် ၊ ချိုးးသိမ်းကို ခေါ်ရချင်းမှာ သာရ၏ အကြံဖြစ်သည် ၊ သာရသည် မောင်ဘိုးထင်မှ ဓားပြများ အကြောင်း ပြောလိုက်သော အခါ သူမျက်လုံးထဲ ချိုးသိမ်းကို ပြေးမြင်လေသည်၊ ကိုယ်ကာယ ကြံ့ခိုင်မှု နှင့် ကိုယ်ခံပညာကို လိုက်စားသူဖြစ်သော ကြောင့် သာရမှ ချိုးသိမ်းအား သူတို့ နှင့် အတူ ခေါ်လိုက်ရချင်းဖြစ်သည် ၊ချိုးသိမ်းသည် ချိုးသိမ်း ဆိုသော နာမည်နှင့် လိုက်အောင် မျက်လုံး ပြူးပြူး နှင့် ဖြစ်သည် သူအား ချိုးသိမ်းဟု အဘယ်ကြောင့် နာမည်ပေးထားသည်လဲ ဆိုတာတော့ သူတို့ မသိပေ သေချာသည်က ချိုးထောင်ပြီး အသက်မွေးဝမ်းကြောင် ပြုသည့်အတွက် ချိုးသိမ်း ဟုနာမည် ပေးထားချင်းတော့ မဟုတ်ပေ၊ မည်သို့ ဆိုစေကာမူ ချိုးသိမ်းသည်က မောင်ဘိုးထင်တို့ နှင့် အတူ ရွာလူကြီးအိမ်ရောက်နေလေပြီဖြစ်သည် ။ရွာလူကြီးသည် အတော်များသော လူငယ်လေးများကိုတွေ့သောအခါ
“ဟေ့ကောင်တွေ သီတင်းကျွတ်နဲ့ မှားလာတာလားဟ ”
“မဟုတ်ပါဘူး ဗျာ ကျုပ် သာရက ရွာလူကြီးကို တင်ပြဆွေးနွေးစရာလေးရှိလို့ပါ ”
ကြီးကြီးကျယ်ကျယ် သာရ၏ စကားကြောင့် ရွာလူကြီး မျက်လုံးကို ပင့်ကြည့်လိုက်ပြီး
“ကဲ ဆိုစမြးပါဦး ”
“ပြောရမယ် ဆိုရင် တော့ ရပ်ကျိုးရွာကျိုးပေါ့ ရွာလူကြီးရယ် ”
“အေး အဲ့တာကို ပြော ”
“ရပ်ကျိုးရွာကျိုးဆိုတာ ဝိုင်းဝန်းဆွေးနွေး အဖြေရှာ ရမယ် မဟုတ်လား ”
“တောက် ဒီသောက်ကမြင်းမသားကတော့ ငါ့ လက်ဆွဲတော် တုတ် နဲ့ တွေ့တော့မယ် ”
ရွာလူကြီးသည် သည်းခံမှုအတိုင်းအတာကုန်ကာ တန်းလျားမှ ထပြီး တုတ်လိုက်ရှာနေလေသည် ထိုအခါမှ ရွာလူကြီးကတော် အရီးသေးသွယ် သည် သူမ ၏ ယေကျာ်းဖြစ်သူအား မာန်လိုက်လေသည်
“တော်က ကလေးတွေ နဲ့ တုပြီး ဘာဖြစ်နေတာလဲ သာရက လူကြီးလူကောင်း ဆန်ဆန် စကားပြောနေတာ ရှင်တော့နော် ”
“ဟဲ့ သေးသွယ် နင့်သာရက စကားပြောတာ ဇရပ်မှာ တရားဆွေးနွေးနေတဲ့ ဘုန်းကြီးလူထွက် ရာကြီး လေသံနဲ့လေ ငါ့ အဲ့ရာကြီးကို ကြည့်မရပါဘူးဆို ဒင်းက ငါ့ရှေ့လာပြီး တောက်… ပြောရင် ဆိုရင် တုတ်ဆွဲ ချင်လာပြီ”
ရွာလူကြီးသည် စိတ်ကြီးသူဖြစ်ရာ သူအမြင်ကပ်သော ရာကြီးဆိုသော ဘုန်းကြီးလူထွက် ၏ မျက်နှာ ပြေးမြင်ပြီး သာရအား ဒေါသ ထွက်နေချင်းပင် ရွာလူကြီး ဒေါသထွက်သည်ကလည်း မလွန်ပေ နေပူပူ ရွာထိပ် အရိပ်ကောင်းသော ဇရပ်၌ ရွာလူကြီး အပါအဝင် တခြားသူများ တရားအကြောင်းဆွေးနွေးနေသည့်အချိန် ရာကြီး ရောက်လာသည် ရောက်ရောက်ချင်း ရွာလူကြီးကိုကြည့်၍ စကားဆိုရင် ဝင်ထိုင်လိုက်လေသည်
“ကာမ တဏှာဆိုတာ လူကြီးတာ ငယ်တာ နဲ့ မဆိုင်ဘူးဗျ လူတိုင်းရှိတယ် သူကို ရာဂစိတ် လို့လည်းခေါ်တယ် ”
ရွာလူကြီးသည် သူ့အား ကြည့်ပြီးပြောနေပေမဲ့ သူကိုပြောသည် မဟုတ်သော ကြောင့် ငြိမ်နေလိုက်သည် ထို့နောက် ပေပင်ရွာမှ ဘုရားဒါယိကာ ဦးသန်းညွှန့်သည် စကားစပြီး တရားဆွေးေနွးပွဲဖွင့်လိုက်သည်
“ကျုပ်တို့ မြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးက အဆုံးအမကို အဒီကထားပြီး ဟောကြားတော်မူတယ်ဗျ”
“အဆုံးအမကို တကယ်လိုက်နာတဲ့ သူကရှားပါတယ်ဗျာ ”
“ဟုတ်တော့လည်း ဟုတ်ပါတယ် တရားရှာကိုမှာတွေ့ဆိုသလို တရားဆိုတာ ဘယ်မှာ မှသွားရှာ ဆရာ မလိုဘူးဗျို့ ကို့ရဲ့ ကိုယ်မှာပဲ ရှိတယ် ”
“ဟုတ်တယ်ဗျ မဟာသတိပဋ္ဌာနသုတ်မှာ မြတ်စွာ ဘုရား ဟောထားတာ ရှိတယ်ဗျ ကာယာနုပဿနာ၊ ဝေဒနာနုပဿနာ၊ စိတ္တာနုပဿနာ ၊ဓမ္မာနုပဿနာ ဆိုတဲ့ သတိပဋ္ဌာန်လေးပါးအကြောင်းကို ဟောထားတယ်ဗျ”
ရွာလူကြီးသည်မဟာသတိပဋ္ဌာနသုတ် အကြောင်းပြောနေစဉ် ဘုန်းကြီးလူထွက် ရာကြီးသည် ရွာလူကြီးကို ကြည့်ကာ
“အိုး ရွာလူကြီးရယ် နောက်မှ ဝိပဿနာ အကြောင်းပြောပါ အခုတော့ ခင်ဗျား မိန်းမ ဒေါ်သေးသွယ် ကြီးနဲ့ အရင် ခွဲအိပ်နိုင်အောင်ကြိူးစားပါဦးဗျာ ၊ ခင်ဗျားသား ဖိုးထွေးပြောပုံအရ သူကို့ တလင်း မာနေပြီ ပြောတာကို နေ့တိုင်း တလင်း သွားခေါက်ခိုင်းနေတယ် ဆိုဗျ ဟားးး ”
“ရာကြီး မင်း ဘာပြောတယ် ”
“အော် ရွာလူကြီးရယ် လောကီလူသားတွေပဲ မေထုံ အမှုပြုတာ ရှက်စရာမဟုတ်ပါဘူး ”
“တောက် မင်းမေကြီးေတာ်ကို လမ်းလယ်ခေါင် မေထုံမှုပြုခိုင်း ခွေးမသား ”
“ရွာလူကြီးရယ် ဒေါသနဲ့ သေ ငရဲပြည် မှန်စွာသွားရမည်ဆိုတဲ့ ဆောင်ပုဒ် ”
“မင်းကြီးေတာ်ကို သွားပုဒ် ”
ရွာလူကြီးသည် ဒေါသ ထွက်လွန်းသည့် ကြောင့် နားထင်းကြောများပင် ထောင်နေလေရာ ရွာမှ တရားဆွေးနွေး နေသော လူကြီးများ ရွာလူကြီးကို ထိန်းထားလိုက်ရသည် ၊ ထိုပြဿနာေကြာင့် အခုအချိန်ထိ ရွာလူကြီး စိတ်မပြေ ဘာမဆိုင် ညာမဆိုင် သာရ အား ရာကြီး စကားပြောပုံ နှင့် တူသည် ဟုပြောကာ ဒေါသပုံထနေချင်းဖြစ်သည် ။ ထို့နောက် ရွာလူကြီးသည် အသိစိတ်နှင့် ဒေါသစိတ်ကို ထိန်းကာ
“ကဲ ပြောကြစမ်းပါ ဦး မင်းတို့ ဘာကိစ္စရှိလို့လဲ ”
“ဒီလိုပါ ရွာလူကြီး ဟိုတခါက သေသွားတဲ့ ကိုပြုံးက ပြောခဲ့တယ် ဒီရွာကို ထူးဆန်းတဲ့ ဓားပြတွေ လာလိမ့်မယ် တဲ့ “,
“မင်းတို့ဟာက ဟုတ် ကော ဟုတ်ရဲ့လားကွာ ”
ရွာလူကြီးသည် သာရ၏စကားကို မယုံဟန်ပြောနေလေသည် ၊ ထိုအခါ မောင်ဘိုးထင်သည် ရွာလူကြီးအား သာရပြောသည်မှ မှန်ကန်ကြောင့်း ထောက်ခံစကားဆို လိုက်သည်
“ဟုတ်တယ် ဘကြီး ဘယ်လို ဓားပြတွေလည်း ဆိုးတာတော့ ကျုပ်တို့လည်း မသိဘူး ရွာကိုတော့ တကယ် ဓားပြတွေ ဝင်လိမ့်မယ် ”
“ဘိုးထင်ရေ ငါတို့ နယ်တွေမှာ အများဆုံးရှိ နွားသူခိုးပေါ့ကွာ ဟိုတခါ ဓားမြဆိုတာကလည်း ကောလဟာလပါ ဘာဖြစ်ဖြစ် မင်းတို့တွေ ရွာကို ကာကွယ် ပေးချင်တဲ့ စိတ်ကိုတော့ လေးစားပါတယ် ကဲကဲ မင်းတို့ အရီး မြေပဲလှော် ကျွေးလိမ့်မယ် ထင်တယ် စားပြီးမှ သွားကြ ကြားလား ”
ရွာလူကြီးသည် မောင်ဘိုးထင်တို့၏ စကားကို အလေးမထား သူပြောချင်တာများပြောပြီး အိမ်ပေါ်တက်သွားလေသည် ၊ ဖိုးထွေးသည် သူ၏ အဘ ထွက်သွားသော အခါ မောင်ဘိုးထင်တို့အား မြင်ပြီလားဟု သဘောရသော အကြည့်ဖြစ် ကြည့်ရင် မောင်ဘိုးထင်တို့အား မေးငေါ့ပြနေပါလေတော့သည် ။
▪️အခန်း-၃
ယခု မောင်ဘိုးထင်တို့ ထူးဆန်းသော ဓားပြများရန်ကာကွယ် ရန်တိုင်ပင်နေကြသည် ၊ သူတို့၏ ပြောစကားများကို ရွာလူကြီး မယုံ၍ ဦးအုန်းအားပြောပါသောလည်း ဦးအုန်းသည်လည်း မယုံကြည်ပေ ထို့ကြောင့် မောင်ဘိုးထင်တို့ အဖွဲ့ ဆွေးနွေးနေရပြန်သည် ဖိုးထွေးသည် ကျန်သူများအားလုံးထဲ မှ အသစ်ပါလာေသာ ချိုးသိမ်းကို ကြည့်ကာ
“ချိုးသိမ်း မင်းက ဗလလည်းကောင်းတယ် သိုင်းလည်း တက်တက် အဲ့တော့ မင်းက ခေါင်းဆောင်လုပ် ငါတို့ကိုလည်း သိုင်းသင်ပေးပါလား”
“မင်းတို့ ကို သိုင်းသင်ပေးဖို့ လောက်ထိ ငါ့မတက်သေးဘူး ငါ့ဆရာရှိတယ်လေ မင်းတို့ သင်ကြမလား”
“ဘယ်ရွာကလည်း ”
“တို့ရွာကပဲလေကွာ ရွာလည်က ဆရာလေး မင်းနောင် လေ ”
ချိုးသိမ်းမှ ထိုသို့ပြောလိုက်သောအခါ ပေတူးသည် ချိုးသိမ်းကို သေချာကြည့်ကာ
“ကိုချိုးသိမ်း ခင်ဗျားပြောတဲ့ လူက ရွာထဲက ရွာသားပြဇတ် က ရင် မင်းသာလုပ်တဲ့ ကိုမင်းနောင်ကြီးလား”
“အေးလေကွာ သူက ငါ့ဆရာ ”
“ဟုတ်မှလည်း လုပ်ပါ ကိုချိုးသိမ်းရယ် ပြီးခဲ့တဲ့ နှစ် ရွာဘုရားပွဲတုန်းက ကိုမင်းနောင်ကြီးအရိုက်ခံလိုက်ရတာ ပြဇတ်တောင် မကနိုင်ဘူးပြောတယ် နော် ”
“အော် ပေတူးရယ် နွားသိုးမှန်ရင် ချိုချက်တော့ ဘယ်ကင်းမလဲ ဒီမှာ ကြည့် စမ်း ”
“ဘာကြီးလဲဗျာ ”
“ကြည့်ဆို ကြည့်လိုက်ကြစမ်းပါ ”
ချိုးသိမ်းသည် သူ၏ ဦးခေါင်း မှ ဆံပင်ကို ဖြဲပြီး ပေတူး အပါ အဝင်အားလုံးကို ပြလိုက်သည် ထိုအခါ ကျန်သူများသည် တယောက်တလှည့်ကြည့်လိုက်ပြီးး
“အမာ ရွက်ကြီးလေဗျာ ”
“အေး အဲတာပြောတာ နွားသိုးမှန်ရင် ချို ချက်မကင်းဘူးဆိုတာ ”
“ဟာ ဘယ်လိုဖြစ်တာ လဲ ဗျ ကျုပ်တို့လည်း မသိလိုက်ရပါလား ”
“လေးေယာက်တယောက် ချတယ်ဆိုပါတော့ကွာ ငါက တယောက်ထဲလေ တယောက်တည်းသမားဆိုေတာ့ ဒီလောက်တော့ ခံရတာပေါ့ ငါနဲ့ ချတဲ့ လေးယောက်ကတော့ အဲ့နေရာမှာတင် မှောက်သွားတယ် ”
ချိုးသိမ်း၏ စကားကြောင့် မောင်ဘိုးထင်တို့ ချိုးသိမ်းအား အတော်ကို လေးစားအားကျနေကြသည် ၊ စဥ်စစ် ချိုးသိမ်း၏ ခေါင်းမှ ဒဏ်ရာ သည် သူ၏ ဦးလေးနှင့် ထင်းသွားခုတ်ရင်း ဦးလေးဖြစ်သူမှ သိုင်းသင်ထားသည်ဟု နာမည်ကြီးနေသော ချိုးသိမ်းအားနောက်မှ တုတ်နှင့် ချောင်းပြီး ပညာစမ်းရိုက်ရာ ချိုးသိမ်း မေ့မြောပြီး ခေါင်းကွဲသွားရချင်းဖြစ်သည် ၊ ထိုအချင်းအရာကို ရွာထဲသို့ ပြန့်သွားက ရှက်စရာဖြစ်မည်ဆိုး၍ ဦးလေးဖြစ်သူ နှင့် ညှိကာ လူလေးယောက် နှင့် သူတယောက်တည်း ချရင်း ရသော ဒဏ်ရ ဟုသာ လိမ်ညာနေချင်း ဖြစ်ပါလေ တော့သည် ။
▪️အခန်း-၄
ချိုးသိမ်း ဦးဆောင်မှုဖြစ် ဖိုးထွေး နှင့် သာရ ထို့နောက် မောင်ဘိုးထင် သာအေး ပေတူးတို့ ရွာလယ်မှ မင်းနောင်တို့အိမ်သိူ့ ရောက်လာလေသည် မင်းနောင်၏ မိခင်ဖြစ်သူ ဒေါ်ပျိုေအးသည် မောင်ဘိုးထင်တို့ အဖွဲ့အား သူ၏ အိမ်ေရှ့ တန်းလျားတွင် ထိုင်စေပြီး စကားဆိုနေလေသည်
“ဟဲ့ ကလေးတွေ နင်တို့ အုပ်စုလိုက်ကြီး ငါ့အိမ်ဘာလာလုပ်တာလဲ ”
“ဒီလို ပါ အရီးလေးပျို ဒီက ရွာလူကြီးသား ဖိုးထွေးတို့က ဆရာ မင်းနောင်ဆီမှာ တပည်ခံ မလို့ပါ ”
“နင်တို့က ကိုယ်ခံပညာသင်ကြမှာလားဟဲ့ ”
အရီးပျိုသည် ဖိုးထွေးအားကြည့်ကာ စကားဆိုလေရာ ဖိုးထွေးသည်
“ဟုတ်တယ် အရီးလေးရေ ကျုပ်တို့က ဆရာ မင်းနောင် ဆီမှာ ကိုယ်ခံပညာ သင်မှာပါ”
“အေးအေး နင်တို့က ကိုယ်ခံပညာသင်မှာဆိုတော့ တက်မှာပါ စိတ်ချ ”
“ဟုတ်ပါတယ် အရီး ကျနော်တို့က ကြိုးစားသင်ယူမှာ ဆိုတော့ အတက်မြန်မှာပါ ”
“ငါပြောတာက ကိုယ်ခံ ပညာ ဆိုတက်မယ် လို့ ပြောတာ သူများကိုချတဲ့ ပညာဆိုရင်တော့ နင်တို့ တခြား လူဆီသွားသင် သင့်တယ်” ‘
အရီးပျို၏ စကားကြောင့် ဖိုးထွေးတို့သည် မင်းနောင်အား လေးစားသွားကြသည် အတော်ကို စည်းကမ်းရှိပြီး ကိုယ်ခံပညာကို တန်ဖိုးထားသူဟုလည်း တွေး လိုက်မိကြသည် ၊ ကိုယ်တက်ထားသော ပညာဖြစ် သူတပါးအပေါ် အနိုင်ကျင့်ပြီး သူများကို ချ မည် အလုပ်ဆို မသင်ပေးဘူးဟု အရီးလေးပျိုက လိုတိုရှင်း ဆိုလိုက်သည် မဟုတ်ပါလား၊ စိတ်ထဲမှ လေးစား နေသည် ကို သာရသည် စကားလုံးများ အဖြစ် ပြောင်းလဲ ပေးလိုက်သည်
“ကိုမင်းနောင် ဒီလောက် လေးစား စရာလူဆိုတာ ကျုပ်မသိဘူး အရီးရေ ”
“ဟဲ့ ဘာတွေ လေးစား နေတာ တုန်း”
“အရီးပြောတယ်လေ ကိုယ်ခံပညာဆို ကျုပ်တို့ကို တက်အောင်သင်ပေးမယ်ဆို သူများကို အနိုင်ကျင့် တဲ့ ပညာဆို တခြားသူ ဆီ သင်ခိုင်းတာ မဟုတ်ဘူးလား ”
“ဟဲ့ ကောင်လေးတွေ နင်တို့ ဆရာ တင်မဲ့ ငါ့သား မင်းနောင်က ရွာက ပြဇတ်ထဲ မှာပဲ သူများတွေကို နိုင်အောင် ချ နိုင်တာ အပြင်မှာဆို သူကြည့်ခံရတာ အဲ့တာကြောင့် နင်တို့ပဲ ခံရမဲ့ ကိုယ်ပဲ ခံရမဲ့ပညာဆိုရင် ငါသားသင်ပေးရင် တက်မှာသေချာတယ်ပြောတာ သူများကို ချ တဲ့ ပညာဆိုရင်တော့ ငါ့သား မင်းနောင်က မသင်တက်လောက်ဘူးဟေ့ ”
“ဗျာ”
မောင်ဘိုးထင်တို့ ဆရာတင်မည် မင်းနောင်၏ မာတာမိခင်ကြီး၏ စကားကြောင့် သူတို့အားလုံး မယုံမကြည်ဖြစ်နေစဉ် မင်းနောင်၏ တပည်ကြီး ချိုးသိမ်းမှ သူတိုအားကြည့်ကာ စိတ်ဓတ်မကျရန် စကားဆို လိုက်လေသည်
“မင်းတို့ တွေ အရီးစကားကြောင့် ဘာမှ မဝေ့ဝါးကြနဲ့ နွားသိုးမှန်ရင် ချိုချက်တော့ ဘယ်ကင်းမလဲ ကွာ ဒီမှာ ကြည့် ”
ချိုးသိမ်းသည် သူ၏ ဦးခေါင်းမှာ ဒဏ်ရာအား ပြမည်ပြုရာ မောင်ဘိုးထင်တို့အားလုံး လက်ကာပြပြီး မကြည့်ချင်ဟုဆိုကာ ငြင်းလိုက်ရပါလေတော့သည် ။
▪️အခန်း-၅
ဖိုးထွေး နှင့် သာရ ၏ နားချမှုဖြစ် မောင်ဘိုးထင်တို့ မင်းနောင် ဆီမှာ သိုင်းပညာသင်ဖြစ်ကြသည် ၊ မင်းနောင်သည် သူ၏ သင်ထောက်ကူ ပစ္စည်း များဖြစ်သော လွှစာမှုန့် ထည့်ထားသော စပါးနှစ်တင်းဝင် အိတ်အား အိမ်ရှေ့ရှိ သရက်ပင် ကိုင်းတွင် ကြိုး နှင့် ချည်ပြီး တွဲလောင်းချထားသည် ၊ ထို့နောက် ဝါးလုံး နှင့် ပြုလုပ်ထားသော ဒိုက်စင် နှင့် သံကွင်းကို ပုဆိုးစ ရစ်ပက်ထားကာ သရက်ပင် အကိုင်းကြီးကြီး တွင် ချည်ထားသော ဘားကွင်းတို့ ဖြစ်ကြသည၊ ထိုနောက် မင်းနောင်သည် မောင်ဘိုးထင်တို့အား တန်းစီခိုင်းကာ ဩဝါဒ မိန့်ချွေနေလေသည် သူ၏ ဘေးတွင်တော့ ချိုးသိမ်းသည် လက်ထောက် နည်းပြ အဖြစ် တာဝန်ယူလေသည် ၊
‘ကဲ ကဲ မင်း တို့ကာ ဒီနေ့က စပြီး ငါ့တပည်တွေ ဖြစ်ပြီ ”
“ဟုတ်”
“ငါက မင်းတို့ကို ငါတတ်ထားတဲ့ ပညာတွေ ဆရာစား မချန် အကုန်သင်ပေးမယ် ကြိုစားသင်ကြပါ ”
“ဟုတ်ကဲ့ ဆရာမင်းနောင် ကျုပ်တခုပြောချင်ပါတယ် ”
သာအေးသည် မာန်ပါပါနှင့် မင်းနောင်အား ပြောလေရာ
“ပြော သာအေး”
“ကျုပ်တို့ကိာ ဆရာမင်းနောင် နဲ့ ကိုချိုးသိမ်း ဝတ်ထားတဲ့ ဘောင်းဘီတွေ ပေးလို့ရမလား ”
“ဟ အဲ့တာတော့ မဖြစ်ဘူးဟ ငါ့မှာလည်း ဒီတထည်တည်းရှိတာ ”
“,တပည်တွေကို ဝယ် ပေးပါလား ဆရာမင်းနောင်း ”
“မင်းေမကြီးတော် သိုင်းပညာ အလကားလည်း သင်ပေးရသေးတယ် ဘောင်းဘီလည်းဝယ် ပေးရဦးမယ် တော်တော် တရားတဲ့တပည်တွေ ငါတောင် အမေ့ကို မနည်းပြောပြီး ဒီဘောင်းဘီ ဝယ်ထားရတာ ခါးတောင်းကျိုက်ကြ ခါးတောင်း ကျိုက်တာ မမြဲတဲ့ကောင်တွေ ပုဆိုးချွတ်ထားကွာ ဘောင်းဘီတော့ မပေးနိုင်ဘူး”
မင်းနောင်၏ အပြတ်ပြောလိုက်သော စကားကြောင့် သာအေး အထွန့်မတက်ရဲတော့ပေ ထိုေနာက် မင်းနောင်မှ စကားဆက်လေသည်
“ပထမဆုံး ကီး ထိုင်ရမယ် ”
“ဘာကို ပြောတာလဲ ဆရာမင်းနောင် ”
“ချိုးသိမ်း ကီးထိုင်နည်း ပြလိုက်စမ်း ”
ချိုးသိမ်းသည် မောင်ဘိုးထင်တို့ တေယာက်ချင်းဆီတိုင်းကို ကီးထိုင်နည်းပြလိုက်လေသည် လက်သီး နှစ်ဖက်ကို ခါးမှ တဖက်တချက် ဆီ ကပ်ထားရပြီး မောင်ဘိုးထင်တို့ ကီး ထိုင်နေကြသည် ၊ ထိုသို့ ပုံမကျပန်းမကျ ကီးထိုင်နေစဉ် မင်းနောင်၏ အမေဖြစ်သူ အရီပျို သည် မင်းနောင် အားစကား လှမ်းဆိုနေသည်
“မင်းနောင် နင် နွားစားကျင်းထဲ နွားစာဖြည့်လိုက်ဦး ဟိုမှာ နွားတွေက တမော့မော့ နဲ့ ”
“ဟုတ် အမေ ကျုပ်ဖြည့်လိုက်ပါ့မယ် ”
မင်းနောင်သည် သူ၏ အမေအား ပြန်ဖြေလိုက်ပြီး ကီးထိုင်နေကြသော မောင်ဘိုးထင်တို့ ဘက်ကို လက်နှစ်ဖက် နောက်ပြစ်ကာ ဟိုလျှောက် ဒီလျှောက် လုပ်ရင်း ကြ ည့်ကာ
“ကီးထိုင်တယ်ဆိုတာ အခြေခိုင်အောင် လေးကျင့်တဲ့ သဘောပဲကွာ တပည်တို့ ”
“ဟဲ့ မင်းနောင် ငါပြောနေတာ မလုပ်သေးဘူးလား ယောင်းမပျံ နင့်ဆီ လွှတ်လိုက်ရမလား ဟဲ့ ”
“အေးပါ ဗျာ လုပ်ပါမယ် ”
မင်းနောင်သည် ကီး ထိုင်းနေကြသော မောင်ဘိုးထင်တို့အား ချိုးသိမ်းနှင့် လွှဲပေးကာ နွားစာစင်သို့ ခပ်မြန်မြန် ထွက်သွားပါလေတော့သည်။
▪️အခန်း-၆
“တောက် ခြေထောက်တွေကလည်း တောင့်နေတာပဲ အခုချိန် မီးလောင်ရင်တော့ ကျုပ်တော့ မပြေးနိုင်လို့ မီးထဲပါမှာပဲ ”
“ဟုတ်တယ်ကွာ ကီး ထိုင် ကီး ထိုင် နဲ့ ထိုင်ခိုင်းလိုက်တာများ နွားစာဆင်းပြီးလို့ ပြန်လာမှ ပြီးေတာ့တယ် ဟိုကောင် ချိုးသိမ်းကလည်း ဘုမသိ ဘမသိနဲ့ နည်းနည်း လှုပ်တာ နဲ့ တန်းငေါက်ေတာ့တာပဲ ”
“ဟုတ်ပါကွာ ဆရာမင်းနောင် ထက် သူက ပိုတယ် ”
မောင်ဘိုးထင်တို့ ဦးအုန်း၏ အိမ်ရှေ့ကွပ်ပျစ် တွင် ခြေထောက်များကို တေယာက် တလှည့် နှိပ်နှယ်ပေးရင်း ပြောဆိုနေကြစဉ် ရွာထဲ မှ အသံများကျယ်လောင်စွာ ထွက်ပေါ်လာလေသည်
,ဓားပြဗျို့ ဓားပြ ရွာထဲကို ဓားပြတွေ ဝင်လာပြီဗျို့ ”
ရွာထဲမှ အသံများကြားသော အခါ ဦးအုန်း သည် အိမ်ပေါ်မှ သုတ်သီးသုတ်ပြာဆင်းလာကာမောင်ဘိုးထင်တို့ကို ကြ ည့်ပြီး
“ဟေ့ကောင် တွေ ဘာလုပ်နေတ လဲ တုတ်တွေ ဓားတွေ ဆွဲပြီး ဓားပြရန် ကာကွယ်ကြလေကွာ ဖိုးထွေးနဲ့ သာရ မင်းတို့က အရွယ်ရောက်နေပြီ ရွာကိုကာကွယ်ကြလေ ”
“ရွာကို ကာကွယ် ဖို့ သိုင်းသင် လိုက်တာပဲ ဆရာမင်းနောင်က တနေ့လယ်လုံး ကီးထိုင်းခိုင်းတာ ကျုပ်တို့ လမ်းလျှောက်လို့တောင် မရေတာ့ဘူး ဗျာ မတက်နိုင်တော့ဘူး”
“ဟေ့ကောင် ဘိုးထင် မင်းကော ဘာဖြစ်နေတာလဲ လာ ထ သွားမယ် ”
“ကျုပ်တို့ နှိပ်ပေးပြီး ရင် ကိုဖိုးထွေးတို့ ပြန်နှိပ်ပေးရမှာ လမ်း မလျှောက်နိုင်ဘူး အဘ ”
“တောက် အရေးဆို အရာက ပေါ်ပြီ ငါတို့ကလည်း မင်းတို့ ပြောတာကို အလေးမထားမိတာကိုက ငါတို့အမှား ဦးလေးတို့ အိမ်မှာ အေးအေးဆေးဆေး နေကြ ကျုပ်တို့ကပဲ သွားလိုက်ပါမယ် ”
ဦးအုန်းသည် ကွပ်ပျစ်တွင် အိပ်သူအိပ် နှိပ်သူ နှိပ် နေကြသော မောင်ဘိုးထင်တို့ကို ထားရစ်ကာ အသံလာရာ ဆီသို့ ဓားတချောင်းကို ဆွဲ၍ ပြေးထွက် သွားပါလေတော့သည်။
▪️အခန်း-၇
ပေပင်ရွာထဲတွင် ဆူညံသံများ တိတ်သွားကြပြီဖြစ်သည် ညနေ နေဝင် ချိန်တွင် တိုက်သော ဓားပြများမှာ ကျွဲ၊နွားများကို သာ ဓားပြတိုက်သွားကြသည် ၊ ယခုတွင်တော့ ရွာသားများသည် ရွာလူကြီးအိမ်တွင် စုရုံးရောက်ရှိနေကြသည် ၊ မျက်နှာ ဖူးယောင်နေသော ရွာလူကြီး၏ ဘေးတွင် မျက်ကွင်းညိုနေသော ဦးအုန်း နှင့် တခြား ဒဏ်ရာ ဒဏ်ချက်များရှိသော လူလေးငါးယောက် တန်းလျားတွင်ထိုင်နေသည် ၊ သူတို့ ၏ ရှေ့တွင် တော့ သတိလစ်မေ့မျောနေသော မင်းနောင် နှင့် ချိုးသိမ်း အား ရွာသားများမှ ယက်ခပ်ပေးရင်း သတိရရန် နှာနှပ်ယူနေကြရသည်၊ မင်းနောင်သည် သတိရလာကာ ချက်ချင်း ငုတ်တုတ် ထိုင်လိုက်ပြီး
“ဓား ဓားပြဆိုတဲ့ကောင်တွေ ဘယ်မှာ တုန်း ”
“တောက် သိုင်းဆရာ ဆိုလို့ အားကိုရမလား ရှေ့က တင်ပါတယ် ဟိုက လက်သီးနဲ့ သုံးချက်ပဲ ထိုးရေသးတယ် မေ့သွားတဲ့ ဆရာတပည်တွေ ”
ရွာလူကြီးသည် သူ၏ ဇနီး ပေးသော ကြပ်ထုပ်ကို မျက်နှာ တွင် ကပ်ပြီး စကားဆိုလေရာ မင်းနောင်သည် ရွာလူကြီးကို ကြည့်ပြီး
“ကျုပ်က အကွက်လေးခင်းနေတာ ဒင်းတို့က တန်းထိုးတော့တာပဲဗျာ ကျုပ်လည်း ပြန်ချ ပါတယ် ဒီလူတွေကို ထိုးရ ကန်ရတာ ဖွဲအိတ် ကြီးကို ကန်နေရတဲ့ အတိုင်းပဲ ”
“အဲ့တာတော့ ဟုတ်တယ် ကွ ဒီကောင်တွေကို ငါတို့ လည်း တုတ်နဲ့ ဝင်ရိုက်တာပဲ ဘယ်လိုမှ မနေဘူးဟေ့ ”
“ဟုတ်ပါ ရွာလူကြီးရာ ကျုပ်ဆို ဓားနဲ့ ထိုးတာ ဒီကောင်တွေက သွေးတောင် မထွက်ဘူး ရိုးတော့ မရိုးဘူးဗျ”
ဦးအုန်းသည် ညိုနေသော မျက်ကွင်းကို လက်နှင့် ပွက်ရင်း စကားဆိုနေလေသည် ထိုအချိန် ရွာလူကြီးတို့ အနားသိူ့ ကွတ ကွတ နှင့် မောင်ဘိုးထင်တို့ အဖွဲ့ ရောက်လာပြီး ဖိုးထွေးမှ သူ၏ အဘ ရွာလူကြီးအား ပြစ်တင်ပြောဆိုနေလေသည်
“အဘကို ကျုပ်တို့ ပြောပါတယ် အဘတို့က လူကြီးတွေ ဖြစ်ပြီး ဘာအတွေးအခေါ်မှ မရှိဘူး လူငယ်တွေကိုလည်း နေရာ မပေးချင်ဘူး အခုတော့ ခံရပြီ မဟုတ်လား ”
“တောင် ဒီကောင်ကတော့ နာရတဲ့ အထဲ လာပြီး စကားနာ ထိုးနေတယ် ”
“ဘာလဲ ကိုမောင်ကြီး ရှင်က ကျမသား ဖိုးထွေးကို ရန်ရှာနေတာလား သူတို့ ရှင့်ကို ကြိုပြောတယ် မဟုတ်ဘူးလား ”
“အေးပါ သေးသွယ် ရယ် ငါသိပါတယ် ဒီကောင် ပြောနေတဲ့ ပုံစံကြည့် သူက ရွာလူကြီးလား ငါက ရွာလူကြီးလား ”
ရွာလူကြီးသည် သူ၏ သားတော်မောင် ဖိုးထွေးအား မကျေမနပ်နှင့်ကြည့်နေလေသည်၊ ထို့နောက် ဖိုးထွေးသည် သာရ နှင့် မောင်ဘိုးထင်ကို ကြည့်ကာ
“ဟေ့ကောင်တွေ ဓားပြတွေ နောက် ငါတို့ ညတွင်းချင်းလိုက်မယ် လလည်းသာနေတယ် ဆိုတော့ လိုက်လို့အဆင်ပြေမယ် မင်းတို့ ဘယ်သူတွေ လိုက်မလဲ ”
“ကျုပ်လိုက်မယ် ”
“ကျုပ်လိုက်မယ် ”
ထုံးစံအတိုင်း ၊ သာရ၊ မောင်ဘိုးထင် ၊သာအေး ၊ပေတူး တို့ ဖိုးထွေးလောက်လိုက်မည်ဟု ပြောသူများဖြစ်သည် ၊ ထိုေနာက် အသံ ခပ်တိုးတိုးနှင့် လူနှစ်ယောက် အသံက ပေါ်လာ သည်
“ငါတို့ လည်းလိုက်မယ် လေ ”
ထိုသူနှစ်ယောက်မှာ အခြားသူ မဟုတ် မင်းနောင် နှင့် ချိုးသိမ်းဖြစ်လေသည် ၊ ဤသို့ နှင့် မောင်ဘိုးထင်တို့ အဖွဲ့ ရွာမှ ကျွဲ၊နွားများကို ဓားပြတိုက်သွားသော ဓားပြများနောက်သိူ့ လိုက်ရန် ဟန်ပြင်လိုက်ကြပါလေတော့သည် ။
▪️အခန်း-၈
အခုချိန် မောင်ဘိုးထင်တို့ အဖွဲ့ကို ဦးဆောင်သူမှာ မင်းနောင်ဖြစ်သည် ၊ မင်းနောင်သည် ရှမ်းဘောင်းဘီကို ဝတ်ထားပြီး ဓား နှစ်လက်ကို ကြက်ခြေခက် လွယ်ထားရာ အမှန်တကယ်ကို ပင် သိုင်းဆရာနှင့် တူနေပေသည် ၊သူ၏ဘေးတွင်သူ သူ၏ တပည်ကျော် ချိုးသိမ်းသည် ရှမ်းဘောင်းဘီကို ဝတ်ဆင်ထားပြီး ငှက်ကြီးတောင် ဓားကို ပုခုံးပေါ်ထမ်းထားသည် မောင်ဘိုးထင်တို့သည် သူတို့ ၏ နောက်မှာ လိုက်နေကြသည် ၊ ရှေ့သို့ လည်း အရမ်းမကပ်ရဲကြပေ မတော်လို့ ဓားထုတ်က သူတို့အား ထိခိုက်မိနိုင်သည်မဟုတ်ပါလား ၊ မည်သို့ပေဆိုစေကာမှု ရွာထဲ မှ ဓားပြတိုက်သွားသော ကျွဲ၊နွားများကို ဆွဲ သွားနိုင်သည် လမ်းသိူ့ သူတို့ လိုက်လာနေကြသည်၊ ရွာလူကြီး နှင့် ဦးအုန်းတို့ အတန်တန် တားသည့်ကြားက အတိုက်အခံ လုပ်ပြီး ရင်ကော ပြီးထွက်လာကြသော မောင်ဘိုးထင်တို့သည် ယခု လမင်းကြီး၏ အလင်းရောင်ရသော ညပိုင်းသိူ့ ရောက်ရှိလာပြီ ဖြစ်သည် ၊
“တပည်တို့ မင်းတို့တွေ သတိထားရမဲ့ အချိန်ရောက်လာပြီကွ”
“ဘယ်သူတွေက တပည်တွေလဲ ကိုမင်းနောင်”
“မင်းတို့တွေ လေကွာ သာရ ရ”
“ကျုပ်က တော့ ခင်ဗျား တပည် မလုပ်တော့ဘူးနော် ကျန်တဲ့ သူတွေက တော့ မပြောတက်ဘူး”
သာရမှ မောင်ဘိုးထင်တို့အား လှည့်ကြည့်ပြီး ပြောလိုက်ရာ မောင်ဘိုးထင်တို့ အားလုံး ခေါင်းကို တွင်တွင် ခါယမ်းနေသည်ကို ထွန်းလင်းနေသော လရောင်အောက်တွင် နောက်လှည်ကြည့်နေသော မင်းနောင် မြင်ရချိန်
“အေးပါကွာ ငါ တက်ထားတဲ့ ပညာဆိုတာ ဟော့ဒီက ငါတပည် ချိုးသိမ်းလို ပါရမီရှင် တွေမှ သင်ယူခွင့် ရတယ် ထင်ပါရဲ့ ကွာ ”
ထို့ေနာက် မင်းနောင် နှင့် ချိုးသိမ်း ဦးဆောင်ပြီး ခရီး နှင်လာရာ ညသန်းခေါင်ယံ သို့ ရောက်လာပြီ ဖြစ်သည် ၊ ထို့နောက် ဖိုးထွေးသည် လရောင် အကူအညီ ဖြစ် လမ်းပေါ်မှ နွားခြေရာများကို ကြည့်ကာ
“ကိုမင်းနောင် နွားတွေက ဒီတောထဲ ဆွဲသွားပုံပဲဗျ ဒီဘက်မှာ ခြေရာတွေ မရှိတော့ဘူး ”
မင်းနောင်သည် ဖိုးထွေးပြသော နေရာကိုသေချာကြည့်လိုက်သည် ဟုတ်ပေသည် နွားများရဲ့ ခြေရာများသည် တောထဲကို ဦးတည်နေလေသည်၊ ထိုအခါ မင်းနောင်သည် ပုဆိုးစ တခုအား ယူဆောင်လာသော ရေနံဆီပုလင်းထဲ မှရေနံဆီစွတ်လိုက်ပြီး လွယ်ထားသော ဓားနှစ်ချောင်း အနက် ဓားတချောင်း၏ ဓားဦးတွင် ပတ်လိုက်ကာ သစ်သားမီးခြစ်ဖြစ် မီးညှီလိုက်ရာ မီးတုတ် တခု ဖြစ်သွားလေသည် ၊ ထို့နောက် မင်းနောင်သည်နွားများကို ဆွဲသွားသော တောထဲ သို့ ဦးဆောင်၍ ဝင်သွားပါလေတော့သည်။
▪️အခန်း-၉
မင်းနောင် ၏ ဓားနှင့်ပြုလုပ်ထားေသာမီးတူတ် သည် လရောင် မကျရောက်နိုင်တော့သော တောထဲ တွင် လင်းထိန် နေလေသည် ၊သူတို့ အချိန် အတော်အကြာ တောထဲ ဝင်သွားချိန် သစ်ပင်ကြီးများအား ခုတ်လှဲထား၍ အပင်ကြီးများ မရှိတော့ပဲ အပင်အသေးလေးများ ကျို့တို့ကျဲတဲ ရှိရာနေသိူ့ ရောက်လာလေသည် ၊ ထိုနေရာသည် အခါ လရောင်သည် ဝိုးဝါး အလင်းရောင် ပေးစွမ်းနေသည် ၊ မင်းနောင်သည် သူ၏ ဓားထိပ်မှာ မီးစာကို ခါ ထုတ်ပြီး မီးကို ငြိမ်းလိုက်ကာ ကျန်သူများကို အသံ တိုးတိုး နှင့် ပြောလိုက်သည်
“ဟေ့ကောင်တွေ ဟိုရှေ့က မီးအလင်းရောင် ရတယ် တွေ့လား အဲ့ အနားမှာ လူရှိလောက်တယ် ”
“ဟုတ်တယ်ဗျ မီးကတော့ တော်တော် လင်းထိန်နေတာပဲ မီးတုတ်တွေ ထွန်းထားတာဖြစ်မယ် ”
“အေး တို့သွားကြမယ် ငါတို့ရွာကကျွဲတွေ နွားတွေ ပြန်ရဖို့ ငါတို့ကြိုးစားရမယ်။ တို့ရွာက နွားတွေ ကျွဲတွေ မရှိရင် ငါတို့ ရွာသားတွေ လယ်စိုက် ကြံစိုက် ခက်ခဲကုန်ကြမှာကွ”
ယခု မောင်ဘိုးထင်တို့ မင်းနောင်အား လေးစားသွားရပြန်သည် ၊ သိုင်းပညာကို အင်မတန် ချစ်မြတ်နိုးပြီး ရွာသားပြဇတ်မင်းသား ဖြစ်သည့် မင်းနောင်သည် ရွာကို ချစ်သည့် စိတ် အပြည့်ရှိကာ ဒုက္ခရောက်နေသော ရွာသားများအတွက် ရှေ့ဆုံးမှ ကူညီဖို့ ကြိုးစားနေသော ကြောင့် မင်းနောင်သည် အညတရာ ပြဇတ်မင်းသားဆိုပေမဲ့။ ပေါက်ကရ ပြဇတ်မင်းသားတော့ မဟုတ်ပေ ၊ ထို့အတွက် မောင်ဘိူထင်တို့ လေးစားနေကြချင်းဖြစ်သည်
“ကိုမင်းနောင် ခင်ဗျား စိတ်ဓတ်ကို ေတာ့ လေးစားတယ်ဗျာ ဒါနဲ့ လာမဲ့ ဘုရားပွဲ ပြဇတ်က ရင် ကျုပ်တို့ပါ ကမယ် ဗျာ ဒါ ခင်ဗျားတို့ နွားတွေ မပါပဲ ခင်ဗျားက ဘာလို့ကျုပ်တို့ နဲ့လိုက်လာတာလဲ ဗျ”
ဖိုးထွေး၏ စကားကို မင်းနောင် တချက်ပြုံးလိုက်ကာ
“ငါ့ရွာသားတွေက အခု ဓားပြတိုက်ခံလိုက်ရတဲ့ ကျွဲလေးတွေ နွားလေးတွေ နဲ့ စားဝတ်နေရေး ကြိုးပမ်းနေရတာလေကွာ သူတို့မှာ အခုကျွဲနွားမရှိတော့ဘူးဆိုတော့ ဘယ်လောက် ပူပင်သောက ရေေဝလြိက်မလဲ ငါက ရွာက ပြဇတ်မင်းသားလေ သူတို့တွေ ရွှင်း စီးပွားရေး အဆင်ပြေနေမှ ငါတို့ လည်းပြောရွှင်မှာပေါ့ အဲ့တော့ ငါတို့ မှာ တာဝန်အပ်ြည့ရှိတယ်ကွ ရွာသားတွေရဲ့ နွားတွေ မရရင် ရွာသားတွေ ပျော်မှာ မဟုတ်ဘူး စိတ်ညစ် နေကြပါမှာ စိတ်ညစ် စိတ်ဆင်းရဲနေတဲ့ အချိန်ငါက မျက်နှာပြောင်တိုက်ပြီး ပြဇတ်ကလို့ ဖြစ်မလား ငါကလည်း မက ပဲ မနေနိုင်ဆိုတော့ ရွာသားတွေ ပျော်ဖို့ နွားတွေ ကျွဲတွေ ပြန်ရမှ ဖြး်မှာကွ အဲ့ဒါမှ နောက်လ ဘုရားပွဲ ငါပျော်ပျော် ရွှင်ရွှင် နဲ့ ပြဇတ်က နိုင်မှာ ”
“ကိုမင်းနောင် ကျုပ်လည်း ပြဇတ်မင်းသား ဖြစ်ချင်လိုက်တာ ဗျာ ”
“ဘိုးထင် မင်းတို့က ဆိုင်းသအားတွေလေကွာ ”
“ဆိုင်သမားသာ ဖြစ်တာပါဗျာ ရွာပြဇတ် တခါမှ မတီးရပါဘူး”
“အေး အဲ့တာဆို ငါတို့ ရွာက ကျွဲတွေ နွားတွေ က ပြန်ရရင် ငါမင်းတို့ကို ပြဇတ် ကဖို့ ဦးလူလေး ကို ပြောပေူမယ် ကွာ ”
မောင်ဘိုးထင်တို့ သည် မင်းနောင် စကားကြားသောအခါ ဝမ်းသာသွားကြပြီး စကားတိုးတိုး ပြောရင် လမ်းလျှောက်လာရာ မီးများ ထိန်နေအောင်ထွန်းထာားသော နေရာ အနီးသို့ ရောက်ရှိလာကြပါေလတော့သည် ။
▪️အခန်း-၁၀
လေးပင်သုံးပင် အခန်းပွင့် အတော်ကျယ်ကျယ်ဆောက်ထားသော တဲ ကြီးတလုံးဖြစ်သည်။ ထိုတဲ ဝန်းကျင်တွင်တော့ ကညင်ဆီ မီးတိုင်များ။အတော်အများ ထွန်းညှိထားရာ တဲဝန်းကျင် တခုလုံးထိန်လင်းနေလေသည် ၊ ထိုမီးရောင်များ၏ အလင်းရောင်ကြောင့် တဲ ထဲ နှင့် တဲဝန်းကျင်ကို ရှင်းလင်းစွာ မြင်နေရသည် တဲထဲ တွင်တော့ လူသေများပမာ ခြေဆန့် လက်ဆန့် နှင့် အိပ်နေသော လူဆယ်ယောက် ရှိလေသည် ၊ တဲ၏ ရှေ့ တန်းလျားတွင် ပုတီးကြီး များကို လည်မှာ ဆွဲထားကာ တောင်ဝှေး တယောက် တချောင်းဆီ ကိုင်ထားကြသော အောက်လမ်း နှစ်ယောက် တစုံ တခုကို မျှော်နေလေသည် ၊ တဲ ဝင်းကျင် တွင်တော့ ပေပင်ရွာ မှာ ဓားပြတိုက်လာသော ကျွဲနွားများကို ငုတ်စိုက် ၍ ချည်ထားလေသည် ၊ ထိုမြင်ကွင်းကိုဖြစ် ထို တဲကြီး နှင့် မလှမ်းမကမ်း အမှောင် ရိပ်ထဲတွင် ရှိနေသော မင်းနောင် ဦးဆောင်သော မောင်ဘိုးထင်တို့သည် အပင်များနောက်ကွယ် တွင် ရှောင်းကြည့်နေကြချင်းဖြစ်သည်။
တဲအပြင် တန်းလျားတွင် ထိုင်နေသော အောက်လမ်းကြီးသည် စိတ်မရှည်ဟန် နှင့် သူနှင့် အတူရှိသော အောက်လမ်းကြီး အား ပြစ်တင်ပြောဆိုနေလေသည် ၊
“မင်းရဲ့ နွားဝယ်မဲ့ သူတွေက မလာသေးဘူးလား မိုးမလင်းခင် ဒီနွားတွေကို ဒီနယ် ထဲက အပြီးထုတ်ရမှာ ”
“သန်းခေါင်ကျော် လောက် လာခဲ့လို့ ငါလည်း ပြောတာပဲ ဘမှန်ရာ အခု မလာသေးတာတော့ ငါလည်း မတက်နိုင်ဘူး ”
ထိုလူကြ နှစ်ယောက်၏ ပြောစကားများကြားသော အခါ မောင်ဘိုးထင်တို့ အတော်ကို စိတ်တို နေကြသည် ၊ မောင်ဘိုးထင်သည် တဲ ထဲမှ လူသေများပမာ အိပ်နေကြသော လူများကို ကြည့်ပြီး
“ကိုမင်းနောင် တဲထဲက လူတွေကြည့်ရတာ တမျိုးကြီးပဲဗျ”
“အေးဟုတ်တယ် ဟို အစွန်း ဆုံးက လူကို ငါတို့ ဓားနဲ့ ဝိုင်း ခုတ်ထားတာပါ ဘယ်လို့ မှ မနေဘူး ”
“ကျုပ် အထင် ဖုတ်တွေ သွင်းထားတာ ဖြစ်မယ် ”
” မသိပါဘူးကွာ ကဲ နွားဝယ် မဲ့သူတွေ လာရင် သူတို့ အင်အား ပိုကောင်း လိမ်မယ် ဝင်ချကြရအောင်ကွာ သေရင် သေ မသေရင် လည်း မသေ ဘူးလို့ပဲ မှတ်ရတာပေါ့ဟေ့”
မင်းနောင် နှင့် ချိုးသိမ်းသည် ရှေ့ဆုံးမှ နေ၍ ပုတီးများ လည်ပင်း ဆွဲ ထားသော အောက်လမ်းကြီး နှစ်ယောက်ဆီ ပြေးဝင်လိုက်လေသည် ထို့နောက် မောင်ဘိုးထင်တို့သည် လည်း လေးဂွများထုတ်ကာ ပစ်လိုက်ကြသည် ၊ ဖိုးထွေး နှင့် သာရ သည်လည်း ယူလာသော ဓားများ ဖြစ် မင်းနောက်သို့ နောက်ပြေးလိုက်သွားနေသည် ၊ သူတို့ အာနားရောက်သောအခါ အောက်လမ်းကြီး နှစ်ယောက်အား ဓားဖြစ် ခုတ်ရန် ရွယ် လိုက်စဉ် လူကေအာက်လမ်း တယောက်မှ တောင်ဝှေးကို မြေပြင် နှင့် ဆောင့်လိုက်ရာ အနားကပ်လာသော သူတို့ နောက်သိူ့ လွင့်စင် ကုန်လေသည် ၊ ထို့နောက် ဘမှန်ဟု အမည်ရသော အောက်လမ်းသည် မောင်ဘိူးထင်တို့ ပစ်လိုက်သော နောက်စလုံးများကို ပါးစပ် နှင့် မှုတ်လိုက်ရာ လောက်စလုံးများ သည် လေပေါ်တွင် ရပ်တန့်နေ၏ ၊ ထို့နောက့် ဘမှန်သည် တောင်ဝှေးကို နောက်တချက် မြေပြင်ကိုေဆာင့်င့်လိုက်ပြီး
“ကဲ ငါ့ကောင်တွေ ဒီကောင်တွေကို ဖမ်းပြီး မင်းတို့ စားလိုက်ကြေတာ့ ဟေ့…. ”
ထို အောက်လမ်းဆရာကြီး၏ စကားဆုံးသည် နှင့် တဲထဲမှာ လူသေပမာ အိပ်နေသော လူဆယ်ယောက်သည် ချက်ချင်းထလာကာ မောင်ဘိုးထင်တို့ အနားသို့ တရွေ့ရွေ တိုးလာေနကြသည် ၊ထို့နောက် တရွေ့ရွေ့သွားနေသော ဖုတ်ကောင်များသည် ရုတ်တရက် လျှင်မြန်လာကာ မောင်ဘိုးထင်တို့ အား အနောက်မှာ လည်ပင်းကို ညှစ်ပြီး သိုင်းဖတ်ထားလိုက်ကြတော့သည် ၊
မောင်ဘိုးထင်တို့သည် မည်သို့သော တိုက်ခိုက်မှု့မှ မစွမ်းနိုင်တော့ကာ အချင်းချင်း ကြည့်လိုက်ကြပြီး မောင်ဘိုးထင်မှ
“ကျုပ်သေရမှ မကြောက်ဘူး ကျုပ်စိတ်မကောင်းတာ တခုတော့ရှိတယ် ကျုပ်ချစ်တဲ့ ရွာသားတွေရဲ့ ခိုင်းကျွဲ ခိုင်းနွားတွေကို ရအောင် မလုပ်ေပးခဲ့နိုင်ဘူး ကဲ ကိုဖိုးထွေး ကိုသာရ ပြီးတော့ ပေးတူး နဲ့ သာအေး ကိုမင်းနောင် နဲ့ ကိုချိုးသိမ်းအားလုံးကို ကျုပ်နုတ်ဆက်ခဲ့တယ်ဗျာ ”
“ဘိုးထင် ဘာတွေ နုတ်ဆက်နေတာလဲ မင်းတယောက်တည်း သေမှာ မဟုတ်ဘူး ငါတို့လည်းသေမှာ ဟ ကြောင်တောင်တောင် နဲ့ ”
မောင်ဘိုးထင်၏ စကားကို ဖုတ်ကောင်ကြီး ချုပ်ထားသည့်ကြားမှ ခက်ခက်ခဲခဲ စကားပြန်ဆိုသူမှာ သာရဖြစ်သည် ထိုေနာက် အောက်လမ်းကြီး နှစ်ယောက်သည် မောင်ဘိုးထင်တို့အား ချုပ်ထားသည် ဖုတ်များကို ကြည့်ကာ
“ကဲ မင်းတို့ သွေးဖောက်သောက် လိုက သောက်နိုင်ပြီ အသားစားလိုကလည်း စားနိုင်ပြီ ”
အောက်လမ်းကြီး၏ စကားဆုံးသည် နှင့် မောင်ဘိုးထင်တို့အား ချုပ်ထားသော ဖုတ်များသည် ပါးစမ်များ ဟလာသလို မည်သူကို မှ မချုပ်ထားသော ဖုတ်သုံးကောင်သည် လည်း လူကောင်ကြီးသော မင်းနောင် နှင့် သာရ ထို့နောက် ဖိုးထွေးဆီသို့ သွာနေချိန် အစိမ်း ရောင် အလင်းတန်းတခု သူတို့ဘက်သိို့ ထိုးထွက်လာပြီး ဖုတ်ကောင်ကြီးများ နောက်သို့ လွင့်စဉ်ကာ ငြိမ်သက်သွားပါေတာ့သည် ၊ အလင်းစတင် ထွက်ပေါ်လာရာသို့ မောင်ဘိုးထင်တို့ ကြည့်လိုက်သောအခါ ဦးအုန်းသည် မျက်ကွင်းညိုကြီးနှင့် မိုးကြိုးစက် တောင်ဝှေးအားကိုင်ထားသလို ဖူးယောင် နေသော ရွာလူကြီး နှင့် ရွာထဲမှ လူရွယ် များ တုတ်ဓားမီးတုတ်များကိုင် ပြီး အောက်လမ်းကြီး နှစ်ယောက်ကို ကြ ည့် နေလေသည် ၊ ဦးအုန်းသည် ဖုတ်ကောင်များ ချုပ်ထားရမှ လွတ်သွားသော မောင်ဘိုးထင်တို့အား လက်ယှက်ခေါ်လိုက်ကာ သူ၏ အေနာက်မှာ နေစေပြီး။ အောက်လမ်းကြီးအား လှမ်း၍ စကားဆိုလိုက်လေသည်။
“တောက် ငါတို့ အောက်လမ်းတွေ သိက္ခာ ကျအောင် မင်းတို့က အလောင်းကောင်တွေကို ဖုတ်သွင်းပြီး ကျွဲ နွားတွေကို ဓားပြတိုက်ခိုင်းရတယ် လို့ကွာ ”
“မင်းတို့ ရွာမှာ တန်ဖိုးရှိတာ ဆိုလို့ ကျွဲ နွားပဲ ရှိတာ မဟုတ်လား ပြီးတော့ မင်းနေတဲ့ ရွာက လူတွေ ဒုက္ခရောက်စေချင်လို လုပ်တာ သိပြီလား ”
“မင်းက ငါ့နာမည်တောင် သိနေမှပဲ ငါတို့လည်း ပြန်ရမှာ အချိန် မရှိဘူးဆိုေတာ့ မိုးကြိုးစက် တောင်ဝှေး အစွမ်းကို ခံကြည့်ေပဦးတော့ ကဲ မင်းတို့ မိုက်ပြစ် မင်းတုိ့ခံ ဟေ့ ”
ဦးအုန်းသည် မိုးကြိုးစက်တောင်ဝှေးအား မြှောက်လိုက်ပြီး အဝေးမှ အောက်လမ်း နှစ်ဦးကို ရိုက်လိုက်ရာ လျှက်စီးလက်သည့်အလား တောင်ဝှေးမှ လျှက်စီးတန်းများ ထွက်ပေါ်လာပြီး အောက်လမ်း နှစ်ဦးအား လျှက်စီး တန်းများရစ်ပကတ်နေလေရာ အောက်လမ်းကြီးနှစ်ယောက် ငယ်သံပါအောင် အော်ဟစ်နေကြရလေသည်၊ ထို့ေနာက် လျှက်စီးတန်းများသည် တဖြည်းဖြည်းပျောက်ကွယ်သွားချိန် အောက်လမ်းကြီး နှစ် ဦး ဆီမှာ ရူးကြောင်ကြောင် စကား အသံများ ထွက်ပေါ် လာလေသည်။
“ဟို ကျွဲကြီးက ဘယ်သူကျွဲ ဘမှန်ကျွဲ ဟေ့ ဘမှန် ကျွဲ”
“ဟိုနွားကြီးက ဘယ်သူ နွား ငထွား နွားဟေ့ ငထွားနွား ”
“ငါနွားပြန်ပေး ငါနွားတွေ ပြန်ပေး ”
အောက်လမ်းကြီး နှစ်ယောက်သည် မြေပြင်မှာ လူလှိမ့်ပြီး သွက်သွက် ခါအောင် ရုးသွားပါေတာ့သည် ထို့နောက် ရွာလူကြီးသည် လူငယ်များကို ရွာမှ ကျွဲများ နွားများကို ဆွဲခိုင်းလိုက်ပြီး မောင်ဘိုးထင်တို့ အနားသွားကာ
“မင်းတို့ တကယ့်ကောင်တွေ သေမှ မကြောက်ဘူးလား ဦးအုန်း နဲ့ ငါတို့ အချိန်မှီ လိုက်လာလို့ပေါ့ ”
“အဘရယ် ကျုပ်တို့ သေတာထက် ရွာက လူတွေ ခိုင်းကျွဲ ခိုင်းနွားမရှိမှာ ပို ကြောက်တယ် ဗျ”
“အေးပါကွာ မင်းက တကယ်လူတော်ပါ ငါ့သားရာ အဲ့တာကြောင့် မင်းကို အလို လိုက်ထားတာပေါ့ ကွာ”
“အဘ အဲ့တာ ဆို ကျုပ်တို့ အဖွဲ့ကို ကိုမင်းနောင် နောက်လ ပြဇတ် က ရင်ထည့်ပေး ကျုပ်တို့ ပြဇတ်က ချင်တယ် ဗျ”
“ဆိုင်း မတီးတော့ပြန်ဘူးလားမင်းတို့က ”
“ကိုမင်းနောင် ကြီးကို လေးစားလို့ပါဗျာ ကျုပ်က သူကို ငပေါ်ကြီးလို့ ထင်ထားတာ အခုမှ ကိုမင်းနောင်က ရွာသားတွေ အတွက် ဆို ရှေ့ဆုံးက အသတ်ပေးဝံ့တဲ့ သူဆိုတာ သိတော့တယ် ”
ဖိုးထွေးစကားကြားသောအခါ မင်းနောင်သည် သူ၏ မေးစေ့မှ ပါးကျဲကျဲ မုတ်ဆိတ်မေွးကို သပ်ရင်း
“ငါတေယာက် ထဲကြည့် မပြောပါနဲ့ကွာ င့ါရဲ့ တဦးတည်းသော တပည် ချိုးသိမ်းလည်းပါ ပါတယ် ကွ ”
“ဟုတ်ပါတယ် အကုန်လုံးပါ ပါတယ် ကဲကဲ အဘရေ ကျုပ်တို့ ပြန်ကြဆို့ဗျာ ပြဇတ် ပညာကို ကိုမင်းနောင် ဆီ သင်ချင်ပြီဗျို့
ဤသို့ နှင့် မောင်ဘိုးထင်တို့သည် ပေပင်ရွာသားများနှင့်အတူ နွားများဆွဲ ပြီး ပေပင်ရွာသို့ ပြန်ကြပါလေတော့သည်။
▪️အောက်လမ်းဘိုးထင် နှင့် ထူးဆန်းသောဓားပြ သည်က ဤမျှသာ မကြာမီ အောက်လမ်းဘိုးထင် နှင့် ရွာသားပြဇတ် ဝတ္ထုဇတ်လမ်းလေးအား တင်ဆက်ပေးပါမည် ။
📝မောင်တင်ဆန်း
Zawgyi Version
“ေအာက္လမ္းဘိုးထင္ ႏွင့္ ထူးဆန္းေသာ ဓားျပမ်ား”(စ/ဆုံး)
——————————————————————————–
(၁၇)
▪️အခန္း-၁
ဖိုးေထြးတို႔ ႏြားေက်ာင္းသြားရာေနာက္သို႔ ေမာင္ဘိုးထင္ လိုက္လာသည္ ၊ ေမာင္ဘိုးထင္သည္ သရဲကိုၿပဳံး သူတို႔အားမွာၾကားခဲ့ သည္ မ်ားကို ဖိုးေထြး အားေျပာျပေနေလသည္ ၊
“ကိုဖိုးေထြး ကိုၿပဳံးေနာက္ဆုံးေျပာပုံအရ ႐ြာကို ထူးဆန္းတဲ့ ဓားျပေတြ လာလိမ့္မယ္ တဲ့ဗ် အဲ့တာ ကိုဖိုးေထြး အဘကို က်ဳပ္တို႔ေျပာထားသင့္တယ္ ”
“ေျပာတာ ေတာ့ ဟုတ္ပါၿပီ ငါ့ေကာင္ေတြရာ ငါ့အဘက ငါ့ေျပာစကားဆို တစက္ကေလးမွ မယုံတာ ခက္တယ္ ”
“အဲ့တာဆို လည္း ကိုဖိုးေထြး အဘကို က်ဳပ္တို႔ပါလိုက္ေျပာျပရင္ေကာ ”
ေမာင္ဘိုးထင္၏ စကားကို ဖိုးေထြးနားေထာင္ၿပီး ေတြးေနေလသည္ ၊ထိုအခါ ေပတူးသည္ ႀကံခင္းေပါက္ သို႔သြားရန္ျပင္ေနေသာ ႏြားအား ေလးဂြျဖင့္ မသြားရန္ ေျခာက္လွန႔္ပစ္လိုက္ၿပီး
“ေဟ့ ကိုဖိုးေထြး ဘယ္သြားေနတာလဲ ဆုတ္ ဆုတ္ ”
ေပးတူ၏ ႏြားလွမ္းေျခာက္ေသာ စကားေၾကာင့္ ဖိုးေထြး ေပတူးအား မ်က္လုံးပင့္ၾကည့္ေနေလရာ
“စကားေတြ လြဲကုန္တာ ပါဗ်ာ က်ဳပ္က ႏြားမေမာင္းခင္ ကိုဖိုးေထြးအဘကို က်ဳပ္တို႔ပါ လိုက္ေျပာရင္းေကာင္းမယ္ ေတြးေနတာ နဲ႔ ကိုဖိုးေထြးနာမည္ေယာင္ေခၚမိတာ ပါ ”
“ေအး ပါကြာ အဲ့တာဆိုလည္း ညေန လာခဲ့ၾကကြာ သာရ လည္းေခါ့္ ခဲ့ ဦး”
“အင္း အဲ့တာဆို က်ဳပ္တို႔ ညေန လာခဲ့မယ္ ဗ်ာ ေနာ္ ”
“ေအးေအး ”
ထို႔ေနာက္ ေမာင္ဘိုးထင္တို႔ သည္ ႏြားေက်ာင္းရင္း ေရာက္ရာ ေပါက္ရာမ်ားကို ေျပာဆိုရင္း ႏြားေက်ာင္းသည့္အခ်ိန္အား ကုန္းဆုံးေစပါေလေတာ့သည္။
▪️အခန္း-၂
႐ြာလူႀကီးအိမ္တြင္ ေမာင္ဘိုးထင္တို႔ စု႐ုံးေရာက္ရွိေနေလသည္ လူပ်ိဳေပါက္ ကိုသာရ ႏွင့္ အတူ ခ်ိဳးသိမ္း ဆိုေသာ သူတို႔ႏွင့္တ႐ြယ္တည္း သူငယ္ခ်င္း တေယာက္ပါ ပိုပါလာသည္ ၊ ခ်ိဳးးသိမ္းကို ေခၚရခ်င္းမွာ သာရ၏ အႀကံျဖစ္သည္ ၊ သာရသည္ ေမာင္ဘိုးထင္မွ ဓားျပမ်ား အေၾကာင္း ေျပာလိုက္ေသာ အခါ သူမ်က္လုံးထဲ ခ်ိဳးသိမ္းကို ေျပးျမင္ေလသည္၊ ကိုယ္ကာယ ႀကံ့ခိုင္မႈ ႏွင့္ ကိုယ္ခံပညာကို လိုက္စားသူျဖစ္ေသာ ေၾကာင့္ သာရမွ ခ်ိဳးသိမ္းအား သူတို႔ ႏွင့္ အတူ ေခၚလိုက္ရခ်င္းျဖစ္သည္ ၊ခ်ိဳးသိမ္းသည္ ခ်ိဳးသိမ္း ဆိုေသာ နာမည္ႏွင့္ လိုက္ေအာင္ မ်က္လုံး ျပဴးျပဴး ႏွင့္ ျဖစ္သည္ သူအား ခ်ိဳးသိမ္းဟု အဘယ္ေၾကာင့္ နာမည္ေပးထားသည္လဲ ဆိုတာေတာ့ သူတို႔ မသိေပ ေသခ်ာသည္က ခ်ိဳးေထာင္ၿပီး အသက္ေမြးဝမ္းေၾကာင္ ျပဳသည့္အတြက္ ခ်ိဳးသိမ္း ဟုနာမည္ ေပးထားခ်င္းေတာ့ မဟုတ္ေပ၊ မည္သို႔ ဆိုေစကာမူ ခ်ိဳးသိမ္းသည္က ေမာင္ဘိုးထင္တို႔ ႏွင့္ အတူ ႐ြာလူႀကီးအိမ္ေရာက္ေနေလၿပီျဖစ္သည္ ။႐ြာလူႀကီးသည္ အေတာ္မ်ားေသာ လူငယ္ေလးမ်ားကိုေတြ႕ေသာအခါ
“ေဟ့ေကာင္ေတြ သီတင္းကြၽတ္နဲ႔ မွားလာတာလားဟ ”
“မဟုတ္ပါဘူး ဗ်ာ က်ဳပ္ သာရက ႐ြာလူႀကီးကို တင္ျပေဆြးေႏြးစရာေလးရွိလို႔ပါ ”
ႀကီးႀကီးက်ယ္က်ယ္ သာရ၏ စကားေၾကာင့္ ႐ြာလူႀကီး မ်က္လုံးကို ပင့္ၾကည့္လိုက္ၿပီး
“ကဲ ဆိုစျမးပါဦး ”
“ေျပာရမယ္ ဆိုရင္ ေတာ့ ရပ္က်ိဳး႐ြာက်ိဳးေပါ့ ႐ြာလူႀကီးရယ္ ”
“ေအး အဲ့တာကို ေျပာ ”
“ရပ္က်ိဳး႐ြာက်ိဳးဆိုတာ ဝိုင္းဝန္းေဆြးေႏြး အေျဖရွာ ရမယ္ မဟုတ္လား ”
“ေတာက္ ဒီေသာက္ကျမင္းမသားကေတာ့ ငါ့ လက္ဆြဲေတာ္ တုတ္ နဲ႔ ေတြ႕ေတာ့မယ္ ”
႐ြာလူႀကီးသည္ သည္းခံမႈအတိုင္းအတာကုန္ကာ တန္းလ်ားမွ ထၿပီး တုတ္လိုက္ရွာေနေလသည္ ထိုအခါမွ ႐ြာလူႀကီးကေတာ္ အရီးေသးသြယ္ သည္ သူမ ၏ ေယက်ာ္းျဖစ္သူအား မာန္လိုက္ေလသည္
“ေတာ္က ကေလးေတြ နဲ႔ တုၿပီး ဘာျဖစ္ေနတာလဲ သာရက လူႀကီးလူေကာင္း ဆန္ဆန္ စကားေျပာေနတာ ရွင္ေတာ့ေနာ္ ”
“ဟဲ့ ေသးသြယ္ နင့္သာရက စကားေျပာတာ ဇရပ္မွာ တရားေဆြးေႏြးေနတဲ့ ဘုန္းႀကီးလူထြက္ ရာႀကီး ေလသံနဲ႔ေလ ငါ့ အဲ့ရာႀကီးကို ၾကည့္မရပါဘူးဆို ဒင္းက ငါ့ေရွ႕လာၿပီး ေတာက္… ေျပာရင္ ဆိုရင္ တုတ္ဆြဲ ခ်င္လာၿပီ”
႐ြာလူႀကီးသည္ စိတ္ႀကီးသူျဖစ္ရာ သူအျမင္ကပ္ေသာ ရာႀကီးဆိုေသာ ဘုန္းႀကီးလူထြက္ ၏ မ်က္ႏွာ ေျပးျမင္ၿပီး သာရအား ေဒါသ ထြက္ေနခ်င္းပင္ ႐ြာလူႀကီး ေဒါသထြက္သည္ကလည္း မလြန္ေပ ေနပူပူ ႐ြာထိပ္ အရိပ္ေကာင္းေသာ ဇရပ္၌ ႐ြာလူႀကီး အပါအဝင္ တျခားသူမ်ား တရားအေၾကာင္းေဆြးေႏြးေနသည့္အခ်ိန္ ရာႀကီး ေရာက္လာသည္ ေရာက္ေရာက္ခ်င္း ႐ြာလူႀကီးကိုၾကည့္၍ စကားဆိုရင္ ဝင္ထိုင္လိုက္ေလသည္
“ကာမ တဏွာဆိုတာ လူႀကီးတာ ငယ္တာ နဲ႔ မဆိုင္ဘူးဗ် လူတိုင္းရွိတယ္ သူကို ရာဂစိတ္ လို႔လည္းေခၚတယ္ ”
႐ြာလူႀကီးသည္ သူ႔အား ၾကည့္ၿပီးေျပာေနေပမဲ့ သူကိုေျပာသည္ မဟုတ္ေသာ ေၾကာင့္ ၿငိမ္ေနလိုက္သည္ ထို႔ေနာက္ ေပပင္႐ြာမွ ဘုရားဒါယိကာ ဦးသန္းၫႊန႔္သည္ စကားစၿပီး တရားေဆြးေႏြးပြဲဖြင့္လိုက္သည္
“က်ဳပ္တို႔ ျမတ္စြာဘုရားရွင္ကိုေတာ္ျမတ္ႀကီးက အဆုံးအမကို အဒီကထားၿပီး ေဟာၾကားေတာ္မူတယ္ဗ်”
“အဆုံးအမကို တကယ္လိုက္နာတဲ့ သူကရွားပါတယ္ဗ်ာ ”
“ဟုတ္ေတာ့လည္း ဟုတ္ပါတယ္ တရားရွာကိုမွာေတြ႕ဆိုသလို တရားဆိုတာ ဘယ္မွာ မွသြားရွာ ဆရာ မလိုဘူးဗ်ိဳ႕ ကို႔ရဲ႕ ကိုယ္မွာပဲ ရွိတယ္ ”
“ဟုတ္တယ္ဗ် မဟာသတိပ႒ာနသုတ္မွာ ျမတ္စြာ ဘုရား ေဟာထားတာ ရွိတယ္ဗ် ကာယာႏုပႆနာ၊ ေဝဒနာႏုပႆနာ၊ စိတၱာႏုပႆနာ ၊ဓမၼာႏုပႆနာ ဆိုတဲ့ သတိပ႒ာန္ေလးပါးအေၾကာင္းကို ေဟာထားတယ္ဗ်”
႐ြာလူႀကီးသည္မဟာသတိပ႒ာနသုတ္ အေၾကာင္းေျပာေနစဥ္ ဘုန္းႀကီးလူထြက္ ရာႀကီးသည္ ႐ြာလူႀကီးကို ၾကည့္ကာ
“အိုး ႐ြာလူႀကီးရယ္ ေနာက္မွ ဝိပႆနာ အေၾကာင္းေျပာပါ အခုေတာ့ ခင္ဗ်ား မိန္းမ ေဒၚေသးသြယ္ ႀကီးနဲ႔ အရင္ ခြဲအိပ္ႏိုင္ေအာင္ႀကိဴးစားပါဦးဗ်ာ ၊ ခင္ဗ်ားသား ဖိုးေထြးေျပာပုံအရ သူကို႔ တလင္း မာေနၿပီ ေျပာတာကို ေန႔တိုင္း တလင္း သြားေခါက္ခိုင္းေနတယ္ ဆိုဗ် ဟားးး ”
“ရာႀကီး မင္း ဘာေျပာတယ္ ”
“ေအာ္ ႐ြာလူႀကီးရယ္ ေလာကီလူသားေတြပဲ ေမထုံ အမႈျပဳတာ ရွက္စရာမဟုတ္ပါဘူး ”
“ေတာက္ မင္းေမႀကီးေတာ္ကို လမ္းလယ္ေခါင္ ေမထုံမႈျပဳခိုင္း ေခြးမသား ”
“႐ြာလူႀကီးရယ္ ေဒါသနဲ႔ ေသ ငရဲျပည္ မွန္စြာသြားရမည္ဆိုတဲ့ ေဆာင္ပုဒ္ ”
“မင္းႀကီးေတာ္ကို သြားပုဒ္ ”
႐ြာလူႀကီးသည္ ေဒါသ ထြက္လြန္းသည့္ ေၾကာင့္ နားထင္းေၾကာမ်ားပင္ ေထာင္ေနေလရာ ႐ြာမွ တရားေဆြးေႏြး ေနေသာ လူႀကီးမ်ား ႐ြာလူႀကီးကို ထိန္းထားလိုက္ရသည္ ၊ ထိုျပႆနာေၾကာင့္ အခုအခ်ိန္ထိ ႐ြာလူႀကီး စိတ္မေျပ ဘာမဆိုင္ ညာမဆိုင္ သာရ အား ရာႀကီး စကားေျပာပုံ ႏွင့္ တူသည္ ဟုေျပာကာ ေဒါသပုံထေနခ်င္းျဖစ္သည္ ။ ထို႔ေနာက္ ႐ြာလူႀကီးသည္ အသိစိတ္ႏွင့္ ေဒါသစိတ္ကို ထိန္းကာ
“ကဲ ေျပာၾကစမ္းပါ ဦး မင္းတို႔ ဘာကိစၥရွိလို႔လဲ ”
“ဒီလိုပါ ႐ြာလူႀကီး ဟိုတခါက ေသသြားတဲ့ ကိုၿပဳံးက ေျပာခဲ့တယ္ ဒီ႐ြာကို ထူးဆန္းတဲ့ ဓားျပေတြ လာလိမ့္မယ္ တဲ့ “,
“မင္းတို႔ဟာက ဟုတ္ ေကာ ဟုတ္ရဲ႕လားကြာ ”
႐ြာလူႀကီးသည္ သာရ၏စကားကို မယုံဟန္ေျပာေနေလသည္ ၊ ထိုအခါ ေမာင္ဘိုးထင္သည္ ႐ြာလူႀကီးအား သာရေျပာသည္မွ မွန္ကန္ေၾကာင့္း ေထာက္ခံစကားဆို လိုက္သည္
“ဟုတ္တယ္ ဘႀကီး ဘယ္လို ဓားျပေတြလည္း ဆိုးတာေတာ့ က်ဳပ္တို႔လည္း မသိဘူး ႐ြာကိုေတာ့ တကယ္ ဓားျပေတြ ဝင္လိမ့္မယ္ ”
“ဘိုးထင္ေရ ငါတို႔ နယ္ေတြမွာ အမ်ားဆုံးရွိ ႏြားသူခိုးေပါ့ကြာ ဟိုတခါ ဓားျမဆိုတာကလည္း ေကာလဟာလပါ ဘာျဖစ္ျဖစ္ မင္းတို႔ေတြ ႐ြာကို ကာကြယ္ ေပးခ်င္တဲ့ စိတ္ကိုေတာ့ ေလးစားပါတယ္ ကဲကဲ မင္းတို႔ အရီး ေျမပဲေလွာ္ ေကြၽးလိမ့္မယ္ ထင္တယ္ စားၿပီးမွ သြားၾက ၾကားလား ”
႐ြာလူႀကီးသည္ ေမာင္ဘိုးထင္တို႔၏ စကားကို အေလးမထား သူေျပာခ်င္တာမ်ားေျပာၿပီး အိမ္ေပၚတက္သြားေလသည္ ၊ ဖိုးေထြးသည္ သူ၏ အဘ ထြက္သြားေသာ အခါ ေမာင္ဘိုးထင္တို႔အား ျမင္ၿပီလားဟု သေဘာရေသာ အၾကည့္ျဖစ္ ၾကည့္ရင္ ေမာင္ဘိုးထင္တို႔အား ေမးေငါ့ျပေနပါေလေတာ့သည္ ။
▪️အခန္း-၃
ယခု ေမာင္ဘိုးထင္တို႔ ထူးဆန္းေသာ ဓားျပမ်ားရန္ကာကြယ္ ရန္တိုင္ပင္ေနၾကသည္ ၊ သူတို႔၏ ေျပာစကားမ်ားကို ႐ြာလူႀကီး မယုံ၍ ဦးအုန္းအားေျပာပါေသာလည္း ဦးအုန္းသည္လည္း မယုံၾကည္ေပ ထို႔ေၾကာင့္ ေမာင္ဘိုးထင္တို႔ အဖြဲ႕ ေဆြးေႏြးေနရျပန္သည္ ဖိုးေထြးသည္ က်န္သူမ်ားအားလုံးထဲ မွ အသစ္ပါလာေသာ ခ်ိဳးသိမ္းကို ၾကည့္ကာ
“ခ်ိဳးသိမ္း မင္းက ဗလလည္းေကာင္းတယ္ သိုင္းလည္း တက္တက္ အဲ့ေတာ့ မင္းက ေခါင္းေဆာင္လုပ္ ငါတို႔ကိုလည္း သိုင္းသင္ေပးပါလား”
“မင္းတို႔ ကို သိုင္းသင္ေပးဖို႔ ေလာက္ထိ ငါ့မတက္ေသးဘူး ငါ့ဆရာရွိတယ္ေလ မင္းတို႔ သင္ၾကမလား”
“ဘယ္႐ြာကလည္း ”
“တို႔႐ြာကပဲေလကြာ ႐ြာလည္က ဆရာေလး မင္းေနာင္ ေလ ”
ခ်ိဳးသိမ္းမွ ထိုသို႔ေျပာလိုက္ေသာအခါ ေပတူးသည္ ခ်ိဳးသိမ္းကို ေသခ်ာၾကည့္ကာ
“ကိုခ်ိဳးသိမ္း ခင္ဗ်ားေျပာတဲ့ လူက ႐ြာထဲက ႐ြာသားျပဇတ္ က ရင္ မင္းသာလုပ္တဲ့ ကိုမင္းေနာင္ႀကီးလား”
“ေအးေလကြာ သူက ငါ့ဆရာ ”
“ဟုတ္မွလည္း လုပ္ပါ ကိုခ်ိဳးသိမ္းရယ္ ၿပီးခဲ့တဲ့ ႏွစ္ ႐ြာဘုရားပြဲတုန္းက ကိုမင္းေနာင္ႀကီးအ႐ိုက္ခံလိုက္ရတာ ျပဇတ္ေတာင္ မကႏိုင္ဘူးေျပာတယ္ ေနာ္ ”
“ေအာ္ ေပတူးရယ္ ႏြားသိုးမွန္ရင္ ခ်ိဳခ်က္ေတာ့ ဘယ္ကင္းမလဲ ဒီမွာ ၾကည့္ စမ္း ”
“ဘာႀကီးလဲဗ်ာ ”
“ၾကည့္ဆို ၾကည့္လိုက္ၾကစမ္းပါ ”
ခ်ိဳးသိမ္းသည္ သူ၏ ဦးေခါင္း မွ ဆံပင္ကို ၿဖဲၿပီး ေပတူး အပါ အဝင္အားလုံးကို ျပလိုက္သည္ ထိုအခါ က်န္သူမ်ားသည္ တေယာက္တလွည့္ၾကည့္လိုက္ၿပီးး
“အမာ ႐ြက္ႀကီးေလဗ်ာ ”
“ေအး အဲတာေျပာတာ ႏြားသိုးမွန္ရင္ ခ်ိဳ ခ်က္မကင္းဘူးဆိုတာ ”
“ဟာ ဘယ္လိုျဖစ္တာ လဲ ဗ် က်ဳပ္တို႔လည္း မသိလိုက္ရပါလား ”
“ေလးေယာက္တေယာက္ ခ်တယ္ဆိုပါေတာ့ကြာ ငါက တေယာက္ထဲေလ တေယာက္တည္းသမားဆိုေတာ့ ဒီေလာက္ေတာ့ ခံရတာေပါ့ ငါနဲ႔ ခ်တဲ့ ေလးေယာက္ကေတာ့ အဲ့ေနရာမွာတင္ ေမွာက္သြားတယ္ ”
ခ်ိဳးသိမ္း၏ စကားေၾကာင့္ ေမာင္ဘိုးထင္တို႔ ခ်ိဳးသိမ္းအား အေတာ္ကို ေလးစားအားက်ေနၾကသည္ ၊ စဥ္စစ္ ခ်ိဳးသိမ္း၏ ေခါင္းမွ ဒဏ္ရာ သည္ သူ၏ ဦးေလးႏွင့္ ထင္းသြားခုတ္ရင္း ဦးေလးျဖစ္သူမွ သိုင္းသင္ထားသည္ဟု နာမည္ႀကီးေနေသာ ခ်ိဳးသိမ္းအားေနာက္မွ တုတ္ႏွင့္ ေခ်ာင္းၿပီး ပညာစမ္း႐ိုက္ရာ ခ်ိဳးသိမ္း ေမ့ေျမာၿပီး ေခါင္းကြဲသြားရခ်င္းျဖစ္သည္ ၊ ထိုအခ်င္းအရာကို ႐ြာထဲသို႔ ျပန႔္သြားက ရွက္စရာျဖစ္မည္ဆိုး၍ ဦးေလးျဖစ္သူ ႏွင့္ ညႇိကာ လူေလးေယာက္ ႏွင့္ သူတေယာက္တည္း ခ်ရင္း ရေသာ ဒဏ္ရ ဟုသာ လိမ္ညာေနခ်င္း ျဖစ္ပါေလ ေတာ့သည္ ။
▪️အခန္း-၄
ခ်ိဳးသိမ္း ဦးေဆာင္မႈျဖစ္ ဖိုးေထြး ႏွင့္ သာရ ထို႔ေနာက္ ေမာင္ဘိုးထင္ သာေအး ေပတူးတို႔ ႐ြာလယ္မွ မင္းေနာင္တို႔အိမ္သိူ႔ ေရာက္လာေလသည္ မင္းေနာင္၏ မိခင္ျဖစ္သူ ေဒၚပ်ိဳေအးသည္ ေမာင္ဘိုးထင္တို႔ အဖြဲ႕အား သူ၏ အိမ္ေရွ႕ တန္းလ်ားတြင္ ထိုင္ေစၿပီး စကားဆိုေနေလသည္
“ဟဲ့ ကေလးေတြ နင္တို႔ အုပ္စုလိုက္ႀကီး ငါ့အိမ္ဘာလာလုပ္တာလဲ ”
“ဒီလို ပါ အရီးေလးပ်ိဳ ဒီက ႐ြာလူႀကီးသား ဖိုးေထြးတို႔က ဆရာ မင္းေနာင္ဆီမွာ တပည္ခံ မလို႔ပါ ”
“နင္တို႔က ကိုယ္ခံပညာသင္ၾကမွာလားဟဲ့ ”
အရီးပ်ိဳသည္ ဖိုးေထြးအားၾကည့္ကာ စကားဆိုေလရာ ဖိုးေထြးသည္
“ဟုတ္တယ္ အရီးေလးေရ က်ဳပ္တို႔က ဆရာ မင္းေနာင္ ဆီမွာ ကိုယ္ခံပညာ သင္မွာပါ”
“ေအးေအး နင္တို႔က ကိုယ္ခံပညာသင္မွာဆိုေတာ့ တက္မွာပါ စိတ္ခ် ”
“ဟုတ္ပါတယ္ အရီး က်ေနာ္တို႔က ႀကိဳးစားသင္ယူမွာ ဆိုေတာ့ အတက္ျမန္မွာပါ ”
“ငါေျပာတာက ကိုယ္ခံ ပညာ ဆိုတက္မယ္ လို႔ ေျပာတာ သူမ်ားကိုခ်တဲ့ ပညာဆိုရင္ေတာ့ နင္တို႔ တျခား လူဆီသြားသင္ သင့္တယ္” ‘
အရီးပ်ိဳ၏ စကားေၾကာင့္ ဖိုးေထြးတို႔သည္ မင္းေနာင္အား ေလးစားသြားၾကသည္ အေတာ္ကို စည္းကမ္းရွိၿပီး ကိုယ္ခံပညာကို တန္ဖိုးထားသူဟုလည္း ေတြး လိုက္မိၾကသည္ ၊ ကိုယ္တက္ထားေသာ ပညာျဖစ္ သူတပါးအေပၚ အႏိုင္က်င့္ၿပီး သူမ်ားကို ခ် မည္ အလုပ္ဆို မသင္ေပးဘူးဟု အရီးေလးပ်ိဳက လိုတိုရွင္း ဆိုလိုက္သည္ မဟုတ္ပါလား၊ စိတ္ထဲမွ ေလးစား ေနသည္ ကို သာရသည္ စကားလုံးမ်ား အျဖစ္ ေျပာင္းလဲ ေပးလိုက္သည္
“ကိုမင္းေနာင္ ဒီေလာက္ ေလးစား စရာလူဆိုတာ က်ဳပ္မသိဘူး အရီးေရ ”
“ဟဲ့ ဘာေတြ ေလးစား ေနတာ တုန္း”
“အရီးေျပာတယ္ေလ ကိုယ္ခံပညာဆို က်ဳပ္တို႔ကို တက္ေအာင္သင္ေပးမယ္ဆို သူမ်ားကို အႏိုင္က်င့္ တဲ့ ပညာဆို တျခားသူ ဆီ သင္ခိုင္းတာ မဟုတ္ဘူးလား ”
“ဟဲ့ ေကာင္ေလးေတြ နင္တို႔ ဆရာ တင္မဲ့ ငါ့သား မင္းေနာင္က ႐ြာက ျပဇတ္ထဲ မွာပဲ သူမ်ားေတြကို ႏိုင္ေအာင္ ခ် ႏိုင္တာ အျပင္မွာဆို သူၾကည့္ခံရတာ အဲ့တာေၾကာင့္ နင္တို႔ပဲ ခံရမဲ့ ကိုယ္ပဲ ခံရမဲ့ပညာဆိုရင္ ငါသားသင္ေပးရင္ တက္မွာေသခ်ာတယ္ေျပာတာ သူမ်ားကို ခ် တဲ့ ပညာဆိုရင္ေတာ့ ငါ့သား မင္းေနာင္က မသင္တက္ေလာက္ဘူးေဟ့ ”
“ဗ်ာ”
ေမာင္ဘိုးထင္တို႔ ဆရာတင္မည္ မင္းေနာင္၏ မာတာမိခင္ႀကီး၏ စကားေၾကာင့္ သူတို႔အားလုံး မယုံမၾကည္ျဖစ္ေနစဥ္ မင္းေနာင္၏ တပည္ႀကီး ခ်ိဳးသိမ္းမွ သူတိုအားၾကည့္ကာ စိတ္ဓတ္မက်ရန္ စကားဆို လိုက္ေလသည္
“မင္းတို႔ ေတြ အရီးစကားေၾကာင့္ ဘာမွ မေဝ့ဝါးၾကနဲ႔ ႏြားသိုးမွန္ရင္ ခ်ိဳခ်က္ေတာ့ ဘယ္ကင္းမလဲ ကြာ ဒီမွာ ၾကည့္ ”
ခ်ိဳးသိမ္းသည္ သူ၏ ဦးေခါင္းမွာ ဒဏ္ရာအား ျပမည္ျပဳရာ ေမာင္ဘိုးထင္တို႔အားလုံး လက္ကာျပၿပီး မၾကည့္ခ်င္ဟုဆိုကာ ျငင္းလိုက္ရပါေလေတာ့သည္ ။
▪️အခန္း-၅
ဖိုးေထြး ႏွင့္ သာရ ၏ နားခ်မႈျဖစ္ ေမာင္ဘိုးထင္တို႔ မင္းေနာင္ ဆီမွာ သိုင္းပညာသင္ျဖစ္ၾကသည္ ၊ မင္းေနာင္သည္ သူ၏ သင္ေထာက္ကူ ပစၥည္း မ်ားျဖစ္ေသာ လႊစာမႈန႔္ ထည့္ထားေသာ စပါးႏွစ္တင္းဝင္ အိတ္အား အိမ္ေရွ႕ရွိ သရက္ပင္ ကိုင္းတြင္ ႀကိဳး ႏွင့္ ခ်ည္ၿပီး တြဲေလာင္းခ်ထားသည္ ၊ ထို႔ေနာက္ ဝါးလုံး ႏွင့္ ျပဳလုပ္ထားေသာ ဒိုက္စင္ ႏွင့္ သံကြင္းကို ပုဆိုးစ ရစ္ပက္ထားကာ သရက္ပင္ အကိုင္းႀကီးႀကီး တြင္ ခ်ည္ထားေသာ ဘားကြင္းတို႔ ျဖစ္ၾကသည၊ ထိုေနာက္ မင္းေနာင္သည္ ေမာင္ဘိုးထင္တို႔အား တန္းစီခိုင္းကာ ဩဝါဒ မိန႔္ေခြၽေနေလသည္ သူ၏ ေဘးတြင္ေတာ့ ခ်ိဳးသိမ္းသည္ လက္ေထာက္ နည္းျပ အျဖစ္ တာဝန္ယူေလသည္ ၊
‘ကဲ ကဲ မင္း တို႔ကာ ဒီေန႔က စၿပီး ငါ့တပည္ေတြ ျဖစ္ၿပီ ”
“ဟုတ္”
“ငါက မင္းတို႔ကို ငါတတ္ထားတဲ့ ပညာေတြ ဆရာစား မခ်န္ အကုန္သင္ေပးမယ္ ႀကိဳစားသင္ၾကပါ ”
“ဟုတ္ကဲ့ ဆရာမင္းေနာင္ က်ဳပ္တခုေျပာခ်င္ပါတယ္ ”
သာေအးသည္ မာန္ပါပါႏွင့္ မင္းေနာင္အား ေျပာေလရာ
“ေျပာ သာေအး”
“က်ဳပ္တို႔ကိာ ဆရာမင္းေနာင္ နဲ႔ ကိုခ်ိဳးသိမ္း ဝတ္ထားတဲ့ ေဘာင္းဘီေတြ ေပးလို႔ရမလား ”
“ဟ အဲ့တာေတာ့ မျဖစ္ဘူးဟ ငါ့မွာလည္း ဒီတထည္တည္းရွိတာ ”
“,တပည္ေတြကို ဝယ္ ေပးပါလား ဆရာမင္းေနာင္း ”
“မင္းေမႀကီးေတာ္ သိုင္းပညာ အလကားလည္း သင္ေပးရေသးတယ္ ေဘာင္းဘီလည္းဝယ္ ေပးရဦးမယ္ ေတာ္ေတာ္ တရားတဲ့တပည္ေတြ ငါေတာင္ အေမ့ကို မနည္းေျပာၿပီး ဒီေဘာင္းဘီ ဝယ္ထားရတာ ခါးေတာင္းက်ိဳက္ၾက ခါးေတာင္း က်ိဳက္တာ မၿမဲတဲ့ေကာင္ေတြ ပုဆိုးခြၽတ္ထားကြာ ေဘာင္းဘီေတာ့ မေပးႏိုင္ဘူး”
မင္းေနာင္၏ အျပတ္ေျပာလိုက္ေသာ စကားေၾကာင့္ သာေအး အထြန႔္မတက္ရဲေတာ့ေပ ထိုေနာက္ မင္းေနာင္မွ စကားဆက္ေလသည္
“ပထမဆုံး ကီး ထိုင္ရမယ္ ”
“ဘာကို ေျပာတာလဲ ဆရာမင္းေနာင္ ”
“ခ်ိဳးသိမ္း ကီးထိုင္နည္း ျပလိုက္စမ္း ”
ခ်ိဳးသိမ္းသည္ ေမာင္ဘိုးထင္တို႔ တေယာက္ခ်င္းဆီတိုင္းကို ကီးထိုင္နည္းျပလိုက္ေလသည္ လက္သီး ႏွစ္ဖက္ကို ခါးမွ တဖက္တခ်က္ ဆီ ကပ္ထားရၿပီး ေမာင္ဘိုးထင္တို႔ ကီး ထိုင္ေနၾကသည္ ၊ ထိုသို႔ ပုံမက်ပန္းမက် ကီးထိုင္ေနစဥ္ မင္းေနာင္၏ အေမျဖစ္သူ အရီပ်ိဳ သည္ မင္းေနာင္ အားစကား လွမ္းဆိုေနသည္
“မင္းေနာင္ နင္ ႏြားစားက်င္းထဲ ႏြားစာျဖည့္လိုက္ဦး ဟိုမွာ ႏြားေတြက တေမာ့ေမာ့ နဲ႔ ”
“ဟုတ္ အေမ က်ဳပ္ျဖည့္လိုက္ပါ့မယ္ ”
မင္းေနာင္သည္ သူ၏ အေမအား ျပန္ေျဖလိုက္ၿပီး ကီးထိုင္ေနၾကေသာ ေမာင္ဘိုးထင္တို႔ ဘက္ကို လက္ႏွစ္ဖက္ ေနာက္ျပစ္ကာ ဟိုေလွ်ာက္ ဒီေလွ်ာက္ လုပ္ရင္း ၾက ည့္ကာ
“ကီးထိုင္တယ္ဆိုတာ အေျခခိုင္ေအာင္ ေလးက်င့္တဲ့ သေဘာပဲကြာ တပည္တို႔ ”
“ဟဲ့ မင္းေနာင္ ငါေျပာေနတာ မလုပ္ေသးဘူးလား ေယာင္းမပ်ံ နင့္ဆီ လႊတ္လိုက္ရမလား ဟဲ့ ”
“ေအးပါ ဗ်ာ လုပ္ပါမယ္ ”
မင္းေနာင္သည္ ကီး ထိုင္းေနၾကေသာ ေမာင္ဘိုးထင္တို႔အား ခ်ိဳးသိမ္းႏွင့္ လႊဲေပးကာ ႏြားစာစင္သို႔ ခပ္ျမန္ျမန္ ထြက္သြားပါေလေတာ့သည္။
▪️အခန္း-၆
“ေတာက္ ေျခေထာက္ေတြကလည္း ေတာင့္ေနတာပဲ အခုခ်ိန္ မီးေလာင္ရင္ေတာ့ က်ဳပ္ေတာ့ မေျပးႏိုင္လို႔ မီးထဲပါမွာပဲ ”
“ဟုတ္တယ္ကြာ ကီး ထိုင္ ကီး ထိုင္ နဲ႔ ထိုင္ခိုင္းလိုက္တာမ်ား ႏြားစာဆင္းၿပီးလို႔ ျပန္လာမွ ၿပီးေတာ့တယ္ ဟိုေကာင္ ခ်ိဳးသိမ္းကလည္း ဘုမသိ ဘမသိနဲ႔ နည္းနည္း လႈပ္တာ နဲ႔ တန္းေငါက္ေတာ့တာပဲ ”
“ဟုတ္ပါကြာ ဆရာမင္းေနာင္ ထက္ သူက ပိုတယ္ ”
ေမာင္ဘိုးထင္တို႔ ဦးအုန္း၏ အိမ္ေရွ႕ကြပ္ပ်စ္ တြင္ ေျခေထာက္မ်ားကို တေယာက္ တလွည့္ ႏွိပ္ႏွယ္ေပးရင္း ေျပာဆိုေနၾကစဥ္ ႐ြာထဲ မွ အသံမ်ားက်ယ္ေလာင္စြာ ထြက္ေပၚလာေလသည္
,ဓားျပဗ်ိဳ႕ ဓားျပ ႐ြာထဲကို ဓားျပေတြ ဝင္လာၿပီဗ်ိဳ႕ ”
႐ြာထဲမွ အသံမ်ားၾကားေသာ အခါ ဦးအုန္း သည္ အိမ္ေပၚမွ သုတ္သီးသုတ္ျပာဆင္းလာကာေမာင္ဘိုးထင္တို႔ကို ၾက ည့္ၿပီး
“ေဟ့ေကာင္ ေတြ ဘာလုပ္ေနတ လဲ တုတ္ေတြ ဓားေတြ ဆြဲၿပီး ဓားျပရန္ ကာကြယ္ၾကေလကြာ ဖိုးေထြးနဲ႔ သာရ မင္းတို႔က အ႐ြယ္ေရာက္ေနၿပီ ႐ြာကိုကာကြယ္ၾကေလ ”
“႐ြာကို ကာကြယ္ ဖို႔ သိုင္းသင္ လိုက္တာပဲ ဆရာမင္းေနာင္က တေန႔လယ္လုံး ကီးထိုင္းခိုင္းတာ က်ဳပ္တို႔ လမ္းေလွ်ာက္လို႔ေတာင္ မရေတာ့ဘူး ဗ်ာ မတက္ႏိုင္ေတာ့ဘူး”
“ေဟ့ေကာင္ ဘိုးထင္ မင္းေကာ ဘာျဖစ္ေနတာလဲ လာ ထ သြားမယ္ ”
“က်ဳပ္တို႔ ႏွိပ္ေပးၿပီး ရင္ ကိုဖိုးေထြးတို႔ ျပန္ႏွိပ္ေပးရမွာ လမ္း မေလွ်ာက္ႏိုင္ဘူး အဘ ”
“ေတာက္ အေရးဆို အရာက ေပၚၿပီ ငါတို႔ကလည္း မင္းတို႔ ေျပာတာကို အေလးမထားမိတာကိုက ငါတို႔အမွား ဦးေလးတို႔ အိမ္မွာ ေအးေအးေဆးေဆး ေနၾက က်ဳပ္တို႔ကပဲ သြားလိုက္ပါမယ္ ”
ဦးအုန္းသည္ ကြပ္ပ်စ္တြင္ အိပ္သူအိပ္ ႏွိပ္သူ ႏွိပ္ ေနၾကေသာ ေမာင္ဘိုးထင္တို႔ကို ထားရစ္ကာ အသံလာရာ ဆီသို႔ ဓားတေခ်ာင္းကို ဆြဲ၍ ေျပးထြက္ သြားပါေလေတာ့သည္။
▪️အခန္း-၇
ေပပင္႐ြာထဲတြင္ ဆူညံသံမ်ား တိတ္သြားၾကၿပီျဖစ္သည္ ညေန ေနဝင္ ခ်ိန္တြင္ တိုက္ေသာ ဓားျပမ်ားမွာ ကြၽဲ၊ႏြားမ်ားကို သာ ဓားျပတိုက္သြားၾကသည္ ၊ ယခုတြင္ေတာ့ ႐ြာသားမ်ားသည္ ႐ြာလူႀကီးအိမ္တြင္ စု႐ုံးေရာက္ရွိေနၾကသည္ ၊ မ်က္ႏွာ ဖူးေယာင္ေနေသာ ႐ြာလူႀကီး၏ ေဘးတြင္ မ်က္ကြင္းညိဳေနေသာ ဦးအုန္း ႏွင့္ တျခား ဒဏ္ရာ ဒဏ္ခ်က္မ်ားရွိေသာ လူေလးငါးေယာက္ တန္းလ်ားတြင္ထိုင္ေနသည္ ၊ သူတို႔ ၏ ေရွ႕တြင္ ေတာ့ သတိလစ္ေမ့ေမ်ာေနေသာ မင္းေနာင္ ႏွင့္ ခ်ိဳးသိမ္း အား ႐ြာသားမ်ားမွ ယက္ခပ္ေပးရင္း သတိရရန္ ႏွာႏွပ္ယူေနၾကရသည္၊ မင္းေနာင္သည္ သတိရလာကာ ခ်က္ခ်င္း ငုတ္တုတ္ ထိုင္လိုက္ၿပီး
“ဓား ဓားျပဆိုတဲ့ေကာင္ေတြ ဘယ္မွာ တုန္း ”
“ေတာက္ သိုင္းဆရာ ဆိုလို႔ အားကိုရမလား ေရွ႕က တင္ပါတယ္ ဟိုက လက္သီးနဲ႔ သုံးခ်က္ပဲ ထိုးရေသးတယ္ ေမ့သြားတဲ့ ဆရာတပည္ေတြ ”
႐ြာလူႀကီးသည္ သူ၏ ဇနီး ေပးေသာ ၾကပ္ထုပ္ကို မ်က္ႏွာ တြင္ ကပ္ၿပီး စကားဆိုေလရာ မင္းေနာင္သည္ ႐ြာလူႀကီးကို ၾကည့္ၿပီး
“က်ဳပ္က အကြက္ေလးခင္းေနတာ ဒင္းတို႔က တန္းထိုးေတာ့တာပဲဗ်ာ က်ဳပ္လည္း ျပန္ခ် ပါတယ္ ဒီလူေတြကို ထိုးရ ကန္ရတာ ဖြဲအိတ္ ႀကီးကို ကန္ေနရတဲ့ အတိုင္းပဲ ”
“အဲ့တာေတာ့ ဟုတ္တယ္ ကြ ဒီေကာင္ေတြကို ငါတို႔ လည္း တုတ္နဲ႔ ဝင္႐ိုက္တာပဲ ဘယ္လိုမွ မေနဘူးေဟ့ ”
“ဟုတ္ပါ ႐ြာလူႀကီးရာ က်ဳပ္ဆို ဓားနဲ႔ ထိုးတာ ဒီေကာင္ေတြက ေသြးေတာင္ မထြက္ဘူး ႐ိုးေတာ့ မ႐ိုးဘူးဗ်”
ဦးအုန္းသည္ ညိဳေနေသာ မ်က္ကြင္းကို လက္ႏွင့္ ပြက္ရင္း စကားဆိုေနေလသည္ ထိုအခ်ိန္ ႐ြာလူႀကီးတို႔ အနားသိူ႔ ကြတ ကြတ ႏွင့္ ေမာင္ဘိုးထင္တို႔ အဖြဲ႕ ေရာက္လာၿပီး ဖိုးေထြးမွ သူ၏ အဘ ႐ြာလူႀကီးအား ျပစ္တင္ေျပာဆိုေနေလသည္
“အဘကို က်ဳပ္တို႔ ေျပာပါတယ္ အဘတို႔က လူႀကီးေတြ ျဖစ္ၿပီး ဘာအေတြးအေခၚမွ မရွိဘူး လူငယ္ေတြကိုလည္း ေနရာ မေပးခ်င္ဘူး အခုေတာ့ ခံရၿပီ မဟုတ္လား ”
“ေတာင္ ဒီေကာင္ကေတာ့ နာရတဲ့ အထဲ လာၿပီး စကားနာ ထိုးေနတယ္ ”
“ဘာလဲ ကိုေမာင္ႀကီး ရွင္က က်မသား ဖိုးေထြးကို ရန္ရွာေနတာလား သူတို႔ ရွင့္ကို ႀကိဳေျပာတယ္ မဟုတ္ဘူးလား ”
“ေအးပါ ေသးသြယ္ ရယ္ ငါသိပါတယ္ ဒီေကာင္ ေျပာေနတဲ့ ပုံစံၾကည့္ သူက ႐ြာလူႀကီးလား ငါက ႐ြာလူႀကီးလား ”
႐ြာလူႀကီးသည္ သူ၏ သားေတာ္ေမာင္ ဖိုးေထြးအား မေက်မနပ္ႏွင့္ၾကည့္ေနေလသည္၊ ထို႔ေနာက္ ဖိုးေထြးသည္ သာရ ႏွင့္ ေမာင္ဘိုးထင္ကို ၾကည့္ကာ
“ေဟ့ေကာင္ေတြ ဓားျပေတြ ေနာက္ ငါတို႔ ညတြင္းခ်င္းလိုက္မယ္ လလည္းသာေနတယ္ ဆိုေတာ့ လိုက္လို႔အဆင္ေျပမယ္ မင္းတို႔ ဘယ္သူေတြ လိုက္မလဲ ”
“က်ဳပ္လိုက္မယ္ ”
“က်ဳပ္လိုက္မယ္ ”
ထုံးစံအတိုင္း ၊ သာရ၊ ေမာင္ဘိုးထင္ ၊သာေအး ၊ေပတူး တို႔ ဖိုးေထြးေလာက္လိုက္မည္ဟု ေျပာသူမ်ားျဖစ္သည္ ၊ ထိုေနာက္ အသံ ခပ္တိုးတိုးႏွင့္ လူႏွစ္ေယာက္ အသံက ေပၚလာ သည္
“ငါတို႔ လည္းလိုက္မယ္ ေလ ”
ထိုသူႏွစ္ေယာက္မွာ အျခားသူ မဟုတ္ မင္းေနာင္ ႏွင့္ ခ်ိဳးသိမ္းျဖစ္ေလသည္ ၊ ဤသို႔ ႏွင့္ ေမာင္ဘိုးထင္တို႔ အဖြဲ႕ ႐ြာမွ ကြၽဲ၊ႏြားမ်ားကို ဓားျပတိုက္သြားေသာ ဓားျပမ်ားေနာက္သိူ႔ လိုက္ရန္ ဟန္ျပင္လိုက္ၾကပါေလေတာ့သည္ ။
▪️အခန္း-၈
အခုခ်ိန္ ေမာင္ဘိုးထင္တို႔ အဖြဲ႕ကို ဦးေဆာင္သူမွာ မင္းေနာင္ျဖစ္သည္ ၊ မင္းေနာင္သည္ ရွမ္းေဘာင္းဘီကို ဝတ္ထားၿပီး ဓား ႏွစ္လက္ကို ၾကက္ေျခခက္ လြယ္ထားရာ အမွန္တကယ္ကို ပင္ သိုင္းဆရာႏွင့္ တူေနေပသည္ ၊သူ၏ေဘးတြင္သူ သူ၏ တပည္ေက်ာ္ ခ်ိဳးသိမ္းသည္ ရွမ္းေဘာင္းဘီကို ဝတ္ဆင္ထားၿပီး ငွက္ႀကီးေတာင္ ဓားကို ပုခုံးေပၚထမ္းထားသည္ ေမာင္ဘိုးထင္တို႔သည္ သူတို႔ ၏ ေနာက္မွာ လိုက္ေနၾကသည္ ၊ ေရွ႕သို႔ လည္း အရမ္းမကပ္ရဲၾကေပ မေတာ္လို႔ ဓားထုတ္က သူတို႔အား ထိခိုက္မိႏိုင္သည္မဟုတ္ပါလား ၊ မည္သို႔ေပဆိုေစကာမႈ ႐ြာထဲ မွ ဓားျပတိုက္သြားေသာ ကြၽဲ၊ႏြားမ်ားကို ဆြဲ သြားႏိုင္သည္ လမ္းသိူ႔ သူတို႔ လိုက္လာေနၾကသည္၊ ႐ြာလူႀကီး ႏွင့္ ဦးအုန္းတို႔ အတန္တန္ တားသည့္ၾကားက အတိုက္အခံ လုပ္ၿပီး ရင္ေကာ ၿပီးထြက္လာၾကေသာ ေမာင္ဘိုးထင္တို႔သည္ ယခု လမင္းႀကီး၏ အလင္းေရာင္ရေသာ ညပိုင္းသိူ႔ ေရာက္ရွိလာၿပီ ျဖစ္သည္ ၊
“တပည္တို႔ မင္းတို႔ေတြ သတိထားရမဲ့ အခ်ိန္ေရာက္လာၿပီကြ”
“ဘယ္သူေတြက တပည္ေတြလဲ ကိုမင္းေနာင္”
“မင္းတို႔ေတြ ေလကြာ သာရ ရ”
“က်ဳပ္က ေတာ့ ခင္ဗ်ား တပည္ မလုပ္ေတာ့ဘူးေနာ္ က်န္တဲ့ သူေတြက ေတာ့ မေျပာတက္ဘူး”
သာရမွ ေမာင္ဘိုးထင္တို႔အား လွည့္ၾကည့္ၿပီး ေျပာလိုက္ရာ ေမာင္ဘိုးထင္တို႔ အားလုံး ေခါင္းကို တြင္တြင္ ခါယမ္းေနသည္ကို ထြန္းလင္းေနေသာ လေရာင္ေအာက္တြင္ ေနာက္လွည္ၾကည့္ေနေသာ မင္းေနာင္ ျမင္ရခ်ိန္
“ေအးပါကြာ ငါ တက္ထားတဲ့ ပညာဆိုတာ ေဟာ့ဒီက ငါတပည္ ခ်ိဳးသိမ္းလို ပါရမီရွင္ ေတြမွ သင္ယူခြင့္ ရတယ္ ထင္ပါရဲ႕ ကြာ ”
ထို႔ေနာက္ မင္းေနာင္ ႏွင့္ ခ်ိဳးသိမ္း ဦးေဆာင္ၿပီး ခရီး ႏွင္လာရာ ညသန္းေခါင္ယံ သို႔ ေရာက္လာၿပီ ျဖစ္သည္ ၊ ထို႔ေနာက္ ဖိုးေထြးသည္ လေရာင္ အကူအညီ ျဖစ္ လမ္းေပၚမွ ႏြားေျခရာမ်ားကို ၾကည့္ကာ
“ကိုမင္းေနာင္ ႏြားေတြက ဒီေတာထဲ ဆြဲသြားပုံပဲဗ် ဒီဘက္မွာ ေျခရာေတြ မရွိေတာ့ဘူး ”
မင္းေနာင္သည္ ဖိုးေထြးျပေသာ ေနရာကိုေသခ်ာၾကည့္လိုက္သည္ ဟုတ္ေပသည္ ႏြားမ်ားရဲ႕ ေျခရာမ်ားသည္ ေတာထဲကို ဦးတည္ေနေလသည္၊ ထိုအခါ မင္းေနာင္သည္ ပုဆိုးစ တခုအား ယူေဆာင္လာေသာ ေရနံဆီပုလင္းထဲ မွေရနံဆီစြတ္လိုက္ၿပီး လြယ္ထားေသာ ဓားႏွစ္ေခ်ာင္း အနက္ ဓားတေခ်ာင္း၏ ဓားဦးတြင္ ပတ္လိုက္ကာ သစ္သားမီးျခစ္ျဖစ္ မီးညႇီလိုက္ရာ မီးတုတ္ တခု ျဖစ္သြားေလသည္ ၊ ထို႔ေနာက္ မင္းေနာင္သည္ႏြားမ်ားကို ဆြဲသြားေသာ ေတာထဲ သို႔ ဦးေဆာင္၍ ဝင္သြားပါေလေတာ့သည္။
▪️အခန္း-၉
မင္းေနာင္ ၏ ဓားႏွင့္ျပဳလုပ္ထားေသာမီးတူတ္ သည္ လေရာင္ မက်ေရာက္ႏိုင္ေတာ့ေသာ ေတာထဲ တြင္ လင္းထိန္ ေနေလသည္ ၊သူတို႔ အခ်ိန္ အေတာ္အၾကာ ေတာထဲ ဝင္သြားခ်ိန္ သစ္ပင္ႀကီးမ်ားအား ခုတ္လွဲထား၍ အပင္ႀကီးမ်ား မရွိေတာ့ပဲ အပင္အေသးေလးမ်ား က်ိဳ႕တို႔က်ဲတဲ ရွိရာေနသိူ႔ ေရာက္လာေလသည္ ၊ ထိုေနရာသည္ အခါ လေရာင္သည္ ဝိုးဝါး အလင္းေရာင္ ေပးစြမ္းေနသည္ ၊ မင္းေနာင္သည္ သူ၏ ဓားထိပ္မွာ မီးစာကို ခါ ထုတ္ၿပီး မီးကို ၿငိမ္းလိုက္ကာ က်န္သူမ်ားကို အသံ တိုးတိုး ႏွင့္ ေျပာလိုက္သည္
“ေဟ့ေကာင္ေတြ ဟိုေရွ႕က မီးအလင္းေရာင္ ရတယ္ ေတြ႕လား အဲ့ အနားမွာ လူရွိေလာက္တယ္ ”
“ဟုတ္တယ္ဗ် မီးကေတာ့ ေတာ္ေတာ္ လင္းထိန္ေနတာပဲ မီးတုတ္ေတြ ထြန္းထားတာျဖစ္မယ္ ”
“ေအး တို႔သြားၾကမယ္ ငါတို႔႐ြာကကြၽဲေတြ ႏြားေတြ ျပန္ရဖို႔ ငါတို႔ႀကိဳးစားရမယ္။ တို႔႐ြာက ႏြားေတြ ကြၽဲေတြ မရွိရင္ ငါတို႔ ႐ြာသားေတြ လယ္စိုက္ ႀကံစိုက္ ခက္ခဲကုန္ၾကမွာကြ”
ယခု ေမာင္ဘိုးထင္တို႔ မင္းေနာင္အား ေလးစားသြားရျပန္သည္ ၊ သိုင္းပညာကို အင္မတန္ ခ်စ္ျမတ္ႏိုးၿပီး ႐ြာသားျပဇတ္မင္းသား ျဖစ္သည့္ မင္းေနာင္သည္ ႐ြာကို ခ်စ္သည့္ စိတ္ အျပည့္ရွိကာ ဒုကၡေရာက္ေနေသာ ႐ြာသားမ်ားအတြက္ ေရွ႕ဆုံးမွ ကူညီဖို႔ ႀကိဳးစားေနေသာ ေၾကာင့္ မင္းေနာင္သည္ အညတရာ ျပဇတ္မင္းသားဆိုေပမဲ့။ ေပါက္ကရ ျပဇတ္မင္းသားေတာ့ မဟုတ္ေပ ၊ ထို႔အတြက္ ေမာင္ဘိူထင္တို႔ ေလးစားေနၾကခ်င္းျဖစ္သည္
“ကိုမင္းေနာင္ ခင္ဗ်ား စိတ္ဓတ္ကို ေတာ့ ေလးစားတယ္ဗ်ာ ဒါနဲ႔ လာမဲ့ ဘုရားပြဲ ျပဇတ္က ရင္ က်ဳပ္တို႔ပါ ကမယ္ ဗ်ာ ဒါ ခင္ဗ်ားတို႔ ႏြားေတြ မပါပဲ ခင္ဗ်ားက ဘာလို႔က်ဳပ္တို႔ နဲ႔လိုက္လာတာလဲ ဗ်”
ဖိုးေထြး၏ စကားကို မင္းေနာင္ တခ်က္ၿပဳံးလိုက္ကာ
“ငါ့႐ြာသားေတြက အခု ဓားျပတိုက္ခံလိုက္ရတဲ့ ကြၽဲေလးေတြ ႏြားေလးေတြ နဲ႔ စားဝတ္ေနေရး ႀကိဳးပမ္းေနရတာေလကြာ သူတို႔မွာ အခုကြၽဲႏြားမရွိေတာ့ဘူးဆိုေတာ့ ဘယ္ေလာက္ ပူပင္ေသာက ေရေဝႀလိက္မလဲ ငါက ႐ြာက ျပဇတ္မင္းသားေလ သူတို႔ေတြ ႐ႊင္း စီးပြားေရး အဆင္ေျပေနမွ ငါတို႔ လည္းေျပာ႐ႊင္မွာေပါ့ အဲ့ေတာ့ ငါတို႔ မွာ တာဝန္အပ္ျည့ရွိတယ္ကြ ႐ြာသားေတြရဲ႕ ႏြားေတြ မရရင္ ႐ြာသားေတြ ေပ်ာ္မွာ မဟုတ္ဘူး စိတ္ညစ္ ေနၾကပါမွာ စိတ္ညစ္ စိတ္ဆင္းရဲေနတဲ့ အခ်ိန္ငါက မ်က္ႏွာေျပာင္တိုက္ၿပီး ျပဇတ္ကလို႔ ျဖစ္မလား ငါကလည္း မက ပဲ မေနႏိုင္ဆိုေတာ့ ႐ြာသားေတြ ေပ်ာ္ဖို႔ ႏြားေတြ ကြၽဲေတြ ျပန္ရမွ ျဖး္မွာကြ အဲ့ဒါမွ ေနာက္လ ဘုရားပြဲ ငါေပ်ာ္ေပ်ာ္ ႐ႊင္႐ႊင္ နဲ႔ ျပဇတ္က ႏိုင္မွာ ”
“ကိုမင္းေနာင္ က်ဳပ္လည္း ျပဇတ္မင္းသား ျဖစ္ခ်င္လိုက္တာ ဗ်ာ ”
“ဘိုးထင္ မင္းတို႔က ဆိုင္းသအားေတြေလကြာ ”
“ဆိုင္သမားသာ ျဖစ္တာပါဗ်ာ ႐ြာျပဇတ္ တခါမွ မတီးရပါဘူး”
“ေအး အဲ့တာဆို ငါတို႔ ႐ြာက ကြၽဲေတြ ႏြားေတြ က ျပန္ရရင္ ငါမင္းတို႔ကို ျပဇတ္ ကဖို႔ ဦးလူေလး ကို ေျပာေပူမယ္ ကြာ ”
ေမာင္ဘိုးထင္တို႔ သည္ မင္းေနာင္ စကားၾကားေသာအခါ ဝမ္းသာသြားၾကၿပီး စကားတိုးတိုး ေျပာရင္ လမ္းေလွ်ာက္လာရာ မီးမ်ား ထိန္ေနေအာင္ထြန္းထာားေသာ ေနရာ အနီးသို႔ ေရာက္ရွိလာၾကပါေလေတာ့သည္ ။
▪️အခန္း-၁၀
ေလးပင္သုံးပင္ အခန္းပြင့္ အေတာ္က်ယ္က်ယ္ေဆာက္ထားေသာ တဲ ႀကီးတလုံးျဖစ္သည္။ ထိုတဲ ဝန္းက်င္တြင္ေတာ့ ကညင္ဆီ မီးတိုင္မ်ား။အေတာ္အမ်ား ထြန္းညႇိထားရာ တဲဝန္းက်င္ တခုလုံးထိန္လင္းေနေလသည္ ၊ ထိုမီးေရာင္မ်ား၏ အလင္းေရာင္ေၾကာင့္ တဲ ထဲ ႏွင့္ တဲဝန္းက်င္ကို ရွင္းလင္းစြာ ျမင္ေနရသည္ တဲထဲ တြင္ေတာ့ လူေသမ်ားပမာ ေျခဆန႔္ လက္ဆန႔္ ႏွင့္ အိပ္ေနေသာ လူဆယ္ေယာက္ ရွိေလသည္ ၊ တဲ၏ ေရွ႕ တန္းလ်ားတြင္ ပုတီးႀကီး မ်ားကို လည္မွာ ဆြဲထားကာ ေတာင္ေဝွး တေယာက္ တေခ်ာင္းဆီ ကိုင္ထားၾကေသာ ေအာက္လမ္း ႏွစ္ေယာက္ တစုံ တခုကို ေမွ်ာ္ေနေလသည္ ၊ တဲ ဝင္းက်င္ တြင္ေတာ့ ေပပင္႐ြာ မွာ ဓားျပတိုက္လာေသာ ကြၽဲႏြားမ်ားကို ငုတ္စိုက္ ၍ ခ်ည္ထားေလသည္ ၊ ထိုျမင္ကြင္းကိုျဖစ္ ထို တဲႀကီး ႏွင့္ မလွမ္းမကမ္း အေမွာင္ ရိပ္ထဲတြင္ ရွိေနေသာ မင္းေနာင္ ဦးေဆာင္ေသာ ေမာင္ဘိုးထင္တို႔သည္ အပင္မ်ားေနာက္ကြယ္ တြင္ ေရွာင္းၾကည့္ေနၾကခ်င္းျဖစ္သည္။
တဲအျပင္ တန္းလ်ားတြင္ ထိုင္ေနေသာ ေအာက္လမ္းႀကီးသည္ စိတ္မရွည္ဟန္ ႏွင့္ သူႏွင့္ အတူရွိေသာ ေအာက္လမ္းႀကီး အား ျပစ္တင္ေျပာဆိုေနေလသည္ ၊
“မင္းရဲ႕ ႏြားဝယ္မဲ့ သူေတြက မလာေသးဘူးလား မိုးမလင္းခင္ ဒီႏြားေတြကို ဒီနယ္ ထဲက အၿပီးထုတ္ရမွာ ”
“သန္းေခါင္ေက်ာ္ ေလာက္ လာခဲ့လို႔ ငါလည္း ေျပာတာပဲ ဘမွန္ရာ အခု မလာေသးတာေတာ့ ငါလည္း မတက္ႏိုင္ဘူး ”
ထိုလူၾက ႏွစ္ေယာက္၏ ေျပာစကားမ်ားၾကားေသာ အခါ ေမာင္ဘိုးထင္တို႔ အေတာ္ကို စိတ္တို ေနၾကသည္ ၊ ေမာင္ဘိုးထင္သည္ တဲ ထဲမွ လူေသမ်ားပမာ အိပ္ေနၾကေသာ လူမ်ားကို ၾကည့္ၿပီး
“ကိုမင္းေနာင္ တဲထဲက လူေတြၾကည့္ရတာ တမ်ိဳးႀကီးပဲဗ်”
“ေအးဟုတ္တယ္ ဟို အစြန္း ဆုံးက လူကို ငါတို႔ ဓားနဲ႔ ဝိုင္း ခုတ္ထားတာပါ ဘယ္လို႔ မွ မေနဘူး ”
“က်ဳပ္ အထင္ ဖုတ္ေတြ သြင္းထားတာ ျဖစ္မယ္ ”
” မသိပါဘူးကြာ ကဲ ႏြားဝယ္ မဲ့သူေတြ လာရင္ သူတို႔ အင္အား ပိုေကာင္း လိမ္မယ္ ဝင္ခ်ၾကရေအာင္ကြာ ေသရင္ ေသ မေသရင္ လည္း မေသ ဘူးလို႔ပဲ မွတ္ရတာေပါ့ေဟ့”
မင္းေနာင္ ႏွင့္ ခ်ိဳးသိမ္းသည္ ေရွ႕ဆုံးမွ ေန၍ ပုတီးမ်ား လည္ပင္း ဆြဲ ထားေသာ ေအာက္လမ္းႀကီး ႏွစ္ေယာက္ဆီ ေျပးဝင္လိုက္ေလသည္ ထို႔ေနာက္ ေမာင္ဘိုးထင္တို႔သည္ လည္း ေလးဂြမ်ားထုတ္ကာ ပစ္လိုက္ၾကသည္ ၊ ဖိုးေထြး ႏွင့္ သာရ သည္လည္း ယူလာေသာ ဓားမ်ား ျဖစ္ မင္းေနာက္သို႔ ေနာက္ေျပးလိုက္သြားေနသည္ ၊ သူတို႔ အာနားေရာက္ေသာအခါ ေအာက္လမ္းႀကီး ႏွစ္ေယာက္အား ဓားျဖစ္ ခုတ္ရန္ ႐ြယ္ လိုက္စဥ္ လူကေအာက္လမ္း တေယာက္မွ ေတာင္ေဝွးကို ေျမျပင္ ႏွင့္ ေဆာင့္လိုက္ရာ အနားကပ္လာေသာ သူတို႔ ေနာက္သိူ႔ လြင့္စင္ ကုန္ေလသည္ ၊ ထို႔ေနာက္ ဘမွန္ဟု အမည္ရေသာ ေအာက္လမ္းသည္ ေမာင္ဘိူးထင္တို႔ ပစ္လိုက္ေသာ ေနာက္စလုံးမ်ားကို ပါးစပ္ ႏွင့္ မႈတ္လိုက္ရာ ေလာက္စလုံးမ်ား သည္ ေလေပၚတြင္ ရပ္တန႔္ေန၏ ၊ ထို႔ေနာက့္ ဘမွန္သည္ ေတာင္ေဝွးကို ေနာက္တခ်က္ ေျမျပင္ကိုေဆာင့္င့္လိုက္ၿပီး
“ကဲ ငါ့ေကာင္ေတြ ဒီေကာင္ေတြကို ဖမ္းၿပီး မင္းတို႔ စားလိုက္ၾကေတာ့ ေဟ့…. ”
ထို ေအာက္လမ္းဆရာႀကီး၏ စကားဆုံးသည္ ႏွင့္ တဲထဲမွာ လူေသပမာ အိပ္ေနေသာ လူဆယ္ေယာက္သည္ ခ်က္ခ်င္းထလာကာ ေမာင္ဘိုးထင္တို႔ အနားသို႔ တေ႐ြ႕ေ႐ြ တိုးလာေနၾကသည္ ၊ထို႔ေနာက္ တေ႐ြ႕ေ႐ြ႕သြားေနေသာ ဖုတ္ေကာင္မ်ားသည္ ႐ုတ္တရက္ လွ်င္ျမန္လာကာ ေမာင္ဘိုးထင္တို႔ အား အေနာက္မွာ လည္ပင္းကို ညႇစ္ၿပီး သိုင္းဖတ္ထားလိုက္ၾကေတာ့သည္ ၊
ေမာင္ဘိုးထင္တို႔သည္ မည္သို႔ေသာ တိုက္ခိုက္မႈ႕မွ မစြမ္းႏိုင္ေတာ့ကာ အခ်င္းခ်င္း ၾကည့္လိုက္ၾကၿပီး ေမာင္ဘိုးထင္မွ
“က်ဳပ္ေသရမွ မေၾကာက္ဘူး က်ဳပ္စိတ္မေကာင္းတာ တခုေတာ့ရွိတယ္ က်ဳပ္ခ်စ္တဲ့ ႐ြာသားေတြရဲ႕ ခိုင္းကြၽဲ ခိုင္းႏြားေတြကို ရေအာင္ မလုပ္ေပးခဲ့ႏိုင္ဘူး ကဲ ကိုဖိုးေထြး ကိုသာရ ၿပီးေတာ့ ေပးတူး နဲ႔ သာေအး ကိုမင္းေနာင္ နဲ႔ ကိုခ်ိဳးသိမ္းအားလုံးကို က်ဳပ္ႏုတ္ဆက္ခဲ့တယ္ဗ်ာ ”
“ဘိုးထင္ ဘာေတြ ႏုတ္ဆက္ေနတာလဲ မင္းတေယာက္တည္း ေသမွာ မဟုတ္ဘူး ငါတို႔လည္းေသမွာ ဟ ေၾကာင္ေတာင္ေတာင္ နဲ႔ ”
ေမာင္ဘိုးထင္၏ စကားကို ဖုတ္ေကာင္ႀကီး ခ်ဳပ္ထားသည့္ၾကားမွ ခက္ခက္ခဲခဲ စကားျပန္ဆိုသူမွာ သာရျဖစ္သည္ ထိုေနာက္ ေအာက္လမ္းႀကီး ႏွစ္ေယာက္သည္ ေမာင္ဘိုးထင္တို႔အား ခ်ဳပ္ထားသည္ ဖုတ္မ်ားကို ၾကည့္ကာ
“ကဲ မင္းတို႔ ေသြးေဖာက္ေသာက္ လိုက ေသာက္ႏိုင္ၿပီ အသားစားလိုကလည္း စားႏိုင္ၿပီ ”
ေအာက္လမ္းႀကီး၏ စကားဆုံးသည္ ႏွင့္ ေမာင္ဘိုးထင္တို႔အား ခ်ဳပ္ထားေသာ ဖုတ္မ်ားသည္ ပါးစမ္မ်ား ဟလာသလို မည္သူကို မွ မခ်ဳပ္ထားေသာ ဖုတ္သုံးေကာင္သည္ လည္း လူေကာင္ႀကီးေသာ မင္းေနာင္ ႏွင့္ သာရ ထို႔ေနာက္ ဖိုးေထြးဆီသို႔ သြာေနခ်ိန္ အစိမ္း ေရာင္ အလင္းတန္းတခု သူတို႔ဘက္သိို႔ ထိုးထြက္လာၿပီး ဖုတ္ေကာင္ႀကီးမ်ား ေနာက္သို႔ လြင့္စဥ္ကာ ၿငိမ္သက္သြားပါေတာ့သည္ ၊ အလင္းစတင္ ထြက္ေပၚလာရာသို႔ ေမာင္ဘိုးထင္တို႔ ၾကည့္လိုက္ေသာအခါ ဦးအုန္းသည္ မ်က္ကြင္းညိဳႀကီးႏွင့္ မိုးႀကိဳးစက္ ေတာင္ေဝွးအားကိုင္ထားသလို ဖူးေယာင္ ေနေသာ ႐ြာလူႀကီး ႏွင့္ ႐ြာထဲမွ လူ႐ြယ္ မ်ား တုတ္ဓားမီးတုတ္မ်ားကိုင္ ၿပီး ေအာက္လမ္းႀကီး ႏွစ္ေယာက္ကို ၾက ည့္ ေနေလသည္ ၊ ဦးအုန္းသည္ ဖုတ္ေကာင္မ်ား ခ်ဳပ္ထားရမွ လြတ္သြားေသာ ေမာင္ဘိုးထင္တို႔အား လက္ယွက္ေခၚလိုက္ကာ သူ၏ အေနာက္မွာ ေနေစၿပီး။ ေအာက္လမ္းႀကီးအား လွမ္း၍ စကားဆိုလိုက္ေလသည္။
“ေတာက္ ငါတို႔ ေအာက္လမ္းေတြ သိကၡာ က်ေအာင္ မင္းတို႔က အေလာင္းေကာင္ေတြကို ဖုတ္သြင္းၿပီး ကြၽဲ ႏြားေတြကို ဓားျပတိုက္ခိုင္းရတယ္ လို႔ကြာ ”
“မင္းတို႔ ႐ြာမွာ တန္ဖိုးရွိတာ ဆိုလို႔ ကြၽဲ ႏြားပဲ ရွိတာ မဟုတ္လား ၿပီးေတာ့ မင္းေနတဲ့ ႐ြာက လူေတြ ဒုကၡေရာက္ေစခ်င္လို လုပ္တာ သိၿပီလား ”
“မင္းက ငါ့နာမည္ေတာင္ သိေနမွပဲ ငါတို႔လည္း ျပန္ရမွာ အခ်ိန္ မရွိဘူးဆိုေတာ့ မိုးႀကိဳးစက္ ေတာင္ေဝွး အစြမ္းကို ခံၾကည့္ေပဦးေတာ့ ကဲ မင္းတို႔ မိုက္ျပစ္ မင္းတုိ႔ခံ ေဟ့ ”
ဦးအုန္းသည္ မိုးႀကိဳးစက္ေတာင္ေဝွးအား ေျမႇာက္လိုက္ၿပီး အေဝးမွ ေအာက္လမ္း ႏွစ္ဦးကို ႐ိုက္လိုက္ရာ လွ်က္စီးလက္သည့္အလား ေတာင္ေဝွးမွ လွ်က္စီးတန္းမ်ား ထြက္ေပၚလာၿပီး ေအာက္လမ္း ႏွစ္ဦးအား လွ်က္စီး တန္းမ်ားရစ္ပကတ္ေနေလရာ ေအာက္လမ္းႀကီးႏွစ္ေယာက္ ငယ္သံပါေအာင္ ေအာ္ဟစ္ေနၾကရေလသည္၊ ထို႔ေနာက္ လွ်က္စီးတန္းမ်ားသည္ တျဖည္းျဖည္းေပ်ာက္ကြယ္သြားခ်ိန္ ေအာက္လမ္းႀကီး ႏွစ္ ဦး ဆီမွာ ႐ူးေၾကာင္ေၾကာင္ စကား အသံမ်ား ထြက္ေပၚ လာေလသည္။
“ဟို ကြၽဲႀကီးက ဘယ္သူကြၽဲ ဘမွန္ကြၽဲ ေဟ့ ဘမွန္ ကြၽဲ”
“ဟိုႏြားႀကီးက ဘယ္သူ ႏြား ငထြား ႏြားေဟ့ ငထြားႏြား ”
“ငါႏြားျပန္ေပး ငါႏြားေတြ ျပန္ေပး ”
ေအာက္လမ္းႀကီး ႏွစ္ေယာက္သည္ ေျမျပင္မွာ လူလွိမ့္ၿပီး သြက္သြက္ ခါေအာင္ ႐ုးသြားပါေတာ့သည္ ထို႔ေနာက္ ႐ြာလူႀကီးသည္ လူငယ္မ်ားကို ႐ြာမွ ကြၽဲမ်ား ႏြားမ်ားကို ဆြဲခိုင္းလိုက္ၿပီး ေမာင္ဘိုးထင္တို႔ အနားသြားကာ
“မင္းတို႔ တကယ့္ေကာင္ေတြ ေသမွ မေၾကာက္ဘူးလား ဦးအုန္း နဲ႔ ငါတို႔ အခ်ိန္မွီ လိုက္လာလို႔ေပါ့ ”
“အဘရယ္ က်ဳပ္တို႔ ေသတာထက္ ႐ြာက လူေတြ ခိုင္းကြၽဲ ခိုင္းႏြားမရွိမွာ ပို ေၾကာက္တယ္ ဗ်”
“ေအးပါကြာ မင္းက တကယ္လူေတာ္ပါ ငါ့သားရာ အဲ့တာေၾကာင့္ မင္းကို အလို လိုက္ထားတာေပါ့ ကြာ”
“အဘ အဲ့တာ ဆို က်ဳပ္တို႔ အဖြဲ႕ကို ကိုမင္းေနာင္ ေနာက္လ ျပဇတ္ က ရင္ထည့္ေပး က်ဳပ္တို႔ ျပဇတ္က ခ်င္တယ္ ဗ်”
“ဆိုင္း မတီးေတာ့ျပန္ဘူးလားမင္းတို႔က ”
“ကိုမင္းေနာင္ ႀကီးကို ေလးစားလို႔ပါဗ်ာ က်ဳပ္က သူကို ငေပၚႀကီးလို႔ ထင္ထားတာ အခုမွ ကိုမင္းေနာင္က ႐ြာသားေတြ အတြက္ ဆို ေရွ႕ဆုံးက အသတ္ေပးဝံ့တဲ့ သူဆိုတာ သိေတာ့တယ္ ”
ဖိုးေထြးစကားၾကားေသာအခါ မင္းေနာင္သည္ သူ၏ ေမးေစ့မွ ပါးက်ဲက်ဲ မုတ္ဆိတ္ေမြးကို သပ္ရင္း
“ငါတေယာက္ ထဲၾကည့္ မေျပာပါနဲ႔ကြာ င့ါရဲ႕ တဦးတည္းေသာ တပည္ ခ်ိဳးသိမ္းလည္းပါ ပါတယ္ ကြ ”
“ဟုတ္ပါတယ္ အကုန္လုံးပါ ပါတယ္ ကဲကဲ အဘေရ က်ဳပ္တို႔ ျပန္ၾကဆို႔ဗ်ာ ျပဇတ္ ပညာကို ကိုမင္းေနာင္ ဆီ သင္ခ်င္ၿပီဗ်ိဳ႕
ဤသို႔ ႏွင့္ ေမာင္ဘိုးထင္တို႔သည္ ေပပင္႐ြာသားမ်ားႏွင့္အတူ ႏြားမ်ားဆြဲ ၿပီး ေပပင္႐ြာသို႔ ျပန္ၾကပါေလေတာ့သည္။
▪️ေအာက္လမ္းဘိုးထင္ ႏွင့္ ထူးဆန္းေသာဓားျပ သည္က ဤမွ်သာ မၾကာမီ ေအာက္လမ္းဘိုးထင္ ႏွင့္ ႐ြာသားျပဇတ္ ဝတၳဳဇတ္လမ္းေလးအား တင္ဆက္ေပးပါမည္ ။
📝ေမာင္တင္ဆန္း