” အောက်လမ်းဘိုးထင် နှင့် ရွာသားပြဇတ် “(စ/ဆုံး)

Posted on

Unicode Version

” အောက်လမ်းဘိုးထင် နှင့် ရွာသားပြဇတ် “(စ/ဆုံး)
————————————————————–

(၁၈)

▪️အခန်း-၁

မိုးလေကင်းလွတ်သည့် သီတင်းကျွတ် အခါသို့ ရောက်လာပြီဖြစ်၏ ၊ ယခုမောင်ဘိုးထင်တို့ ပေပင်ရွာ စာသင်ကျောင်းဝန်းတွင် ပြဇတ် က ကြမည်ဖြစ်သည် ၊ပြဇတ်မင်းသမီးကိုဖြစ် နယ်မြို့လေးမှ မင်းသမီးကို ငှားထားကြပြီး မင်းသမီး၏ နာမည်မှာ သိမ့်သိမ့်သူဖြစ်သည် ၊ ယခုတော့ သိမ့်သိမ့်သူ သည် ရွာသို့မရောက်သေးပေ ၊မောင်ဘိုးထင်တို့သည် ရွာမှ ကျွဲနွားများကို သတ်စွန့် ဆံဖျား ကူညီပေးကြသဖြင့် ရွာသားများသည် ကျေးဇူးတင်ကာ ရွာထိပ် စာသင်ကျောင်းတွင် ကမည် ပြဇတ်တွင် ပါဝင်ခွင့်ပြုထားကြသည် ၊ ယခု မောင်ဘိုးထင်တို့အား ရွာထဲမှ ပြဇတ် ဇတ်လမ်း‌ေရးသော ဦးသန်းမောင် အိမ်တွင် ရောက်ရှိနေကြလေသည် ၊

“ကဲ ဖိုးထွေး မင်းက ဒီပြဇတ်မှာ လူကြမ်း အဖြစ် နေရမယ် ”

“ဟာ ဘကြီးသန်းမောင်ကလည်း မင်းသား အရံလေးဖြစ်ဖြစ် ထာစမ်းပါဗျာ ကျုပ်ရုပ်ခံကြီးနဲ့ လူကြမ်းနဲ့ ဘယ်လိုက်မှာလဲ ”

“မင်းတကယ် မလုပ်ဘူးလား ဒီဇတ်လမ်းမှာ လူကြမ်းက ပြဇတ်မင်းသားထက် မင်းသမီးကို ပိုဖက် ရမှာနော် ”

“အဲ့လိုလား အဲ့တာဆိုရင်တော့ လုပ်မယ် ဗျာ ”

ဖိုးထွေးသည် ပြုံးဖြီးဖြီး ဖြစ်ကျေနပ်နေလေရာ သာရမှ

“ဘကြီးသန်းမောင် ဒါတော့ မတရားဘူး ကျုပ်ကြတော့ မင်းသား သူငယ်ချင်းတဲ့ မင်းသမီးကို လက်လေးတောင် ကိုင် လို့မရဘူး ကျုပ်ကို ဖိုးထွေးနဲ့ နေရာ လဲ ပေးဗျာ ”

သာရသည် ဖိုးထွေး၏ လူကြမ်းနေရာ ကို လုနေလေသည် ၊ ဖိုးထွေးမှ မကျေ မနပ်ဖြစ်ကာ သူ၏ လူကြမ်းနေရာ အား မပေးပဲ ဖြစ်နေပြီး စကားများနေကြသည်၊ ဦးသန်းမောင် သည် စိတ် ညစ်နေကာ ခေါင်းကို ကုတ်လိုက်ပြီး

“တောက် မင်းတို့ ကောင်တွေ နဲ့တော့ ခက်ပြီကွာ ငါစိတ်ညစ်လာပြီ ငါက ပြဇတ်ရေးတဲ့ လူ မင်းတို့ နဲ့ ကိုက်မယ် ထင်တဲ့ နေရာပေးတာ မကျေနပ်ရင် မင်း တို့ကိာ ဇတ်တိုက်ရင် သင်ပေမဲ့ ကိုလူလေး ကို သွားပြောချေကြ သူက ငါ့ဇတ်လမ်း နဲ့ ကိုက်မဲ့လူ ရွေးခိုင်းထားတာ”

“ပြောမယ်ဗျာ ကျုပ် မကျေနပ်ဘူး ဖိုးထွေးကြတော့ မြို့က မင်းသမီးကို ဖက်ရ ကိုင်ရမယ် ကျုပ်ကြတော့ ထိလို့တောင်မရဘူး ”

“အေး ပြော ကိုလူလေးက ငါ့လို စိတ်ရှည်တာ မဟုတ် ဘူး မင်းတို့ကို ရွာလူကြီး မျက်နှာ ရွာသားတွေ ထောက်ခံချက်နဲ့ ထည့်ပေးထားတာ သူက သိပ်ထည့် ချင်တာ မဟုတ်ဘူး မင်းသာ သွား‌ေပြာလို့ကတော့ ကိုလူလေးက မင်းတို့အား လုံးကို ပြဇတ်က နေထုတ် ပြစ်မှာ မြင်ယောင်သေးတယ် ”

ဦးသန်းမောင်၏ စကားကြားသော အခါ မောင်ဘိုးထင်တို့သည် သာရ အနားသွားကာ

“ကိုသာရရယ် မင်းသမီးကို ပြဇတ်ထဲ မကိုင်ရလဲ အပြင်မှ လက်လေး ကိုင်လို့ရအောင် ကျုပ်တို့ လုပ်ပေးပါမယ် ဗျာ ဘကြီးလူလေးကို ‌ေတာ့ သွားမပြောပါ နဲ့ တော်ကြာကျုပ်တို့ ပါ မပါရဘူးဖြစ်နေဦးမယ်။ ‘

“မဟုတ်ဘူးကွာ ဒါက မတရားလို့ပြောတာ ငါ လုံးဝ မကျေနပ်ဘူး ”

“ခက်ပြီဗျာ ကျုပ်တို့ မက ရရင် ဘယ်လို လုပ်မလဲ ”

“မသိဘူးကွာ မင်းသမီးကို မဖက်ရမှတော့ မက ရလည်း ဘာမှ မဖြစ်ဘူးကွာ”

မောင်ဘိုးထင်တို့ ခေါင်းကုတ်လိုက်ကြကာ စိတ်ညစ်နေကြရသသည်၊ ဒီပုံတိုင်းဆို သူတို့ ပြဇတ် က ရဖို့က မဖြစ်နိုင် ထို့ကြောင့် မောင်ဘိုးထင်သည် သဘောကောင်းသော ဇတ်လမ်းရေးသည် ဦးသန်းမောင် အနားသွားကာ

“ဘကြီး သန်းမောင် ကျုပ်တို့ကို ကူညီပါဦးဗျာ ကိုသာရ လုပ်ပုံက ကျုပ်တို့ကို ပြဇတ်ထဲက ထွက်ရမဲ့ ပုံဗျ ဘကြီး ဇတ်လမ်းလေး ကျုပ်တို့ကို ပြောပြပါလား ”

“အေး ငါပြောပြမယ် ဒီဇတ် လမ်းမှာ မင်းနောင်က မင်းသားကွ သူက သူရင်းငှား ဖိုးထွေးက သူဌေးသားလူကြမ်း သူက မင်းနောင် ရဲ့ ကောင်မလေးကို တဖက်သက်ကြိုက်ပြီး အမြဲ ဆွဲလားရမ်းလား လုပ်နေတာကွ သာရက မင်းနောင်ရဲ့ သူငယ်ချင်း သူက မင်းနောင်ကို အမြဲတန်း ကူညီနေတဲ့ ကောင်ကွ လူကြမ်း ဖိုးထွေး ရဲ့ အဖေက မြကြီး မြကြီးကလည်း သူ့သားကို မင်းသမီးနဲ့ မရ ရအောင် ပေးစားတယ် ဆိုတော့ကွာ ”

“ဘကြီး နေပါဦး ကျုပ်တို့က ဘယ်နေရာ က ပါရမှာ လဲ ”

“လာမယ်လေ မင်းတို့က လမ်းဘေးက သူတောင်းစားလေး သုံးယောက်လေကွာ ”

“ဟာ ဘကြီး သန်းမောင် ဒါက‌ေတာ့ မဟုတ်တော့ ဘူး ကျုပ်တို့ ကြတော့ သူတောင်းစားလေး သုံး ယောက်တဲ့ ဗျ ဒါကတော့ မတရားတာပဲ ”

“ဟ ဘိုးထင်ရ မင်းတို့က သူတောင်းစား ဆိုပေမဲ့ တကယ် သူတောင်းစားလေးတွေ မဟုတ်ဘူးကွ”

“အဲ့လို လည်း ရှိသေးတာ လား ”

“အေးလေ မင်းတို့က မြကြီး ရဲ့ လူယုံ သူတောင်းစား ကလေးတွေ ”

“အဲ့တာဆို တကယ် သူတောင်းစားတွေလား ”

“မဟုတ်ပါဘူးကွာ မင်းတို့က ပြဇတ် မင်းသမီးကို အမြဲ စောင့်ကြည့်ပြီး သတင်းပို့ပေးနေတာ မင်း‌ေနာင်က ပြဇတ် မင်းသမီးကို ခိုးချိန် မင်းတို့က သတင်းပေးလိုက်တာ ဖိုးထွေးက မင်းသမီးကို အပိုင်ကြံပြီး ဖိုးထွေးက မင်းသမီး နဲ့ ညာတယ် ပေါ့ကွာ ”

ဦးသန်းမောင်၏ ဇတ်လမ်းကို နားထောင်ရင်း ဖိုးထွေးမှာ ပျော် တပြုံးပြုံး ဖြစ်နေပေမဲ့ သာရသည် တောက် တခေါက် ခေါက်နဲ့ မကျေမနပ်ဖြစ်နေလေသည် ၊ ထို့‌ေနာက် သာရသည် ဦးသန်မောင်ကိုကြည့်ကာ

“ဘကြီး သန်းမောင် လုံးဝ မတရားဘူးဗျာ ကျုပ် လက် မခံနိုင်ဘူး ဖိုးထွေးက မင်းသမီးနဲ့ ညားပြီ ကျုပ်က ဘယ်ချောင် ရောက်လို့ ရောက်နေမှန်းမသိဘူး ”

“မင်းက လူကောင်းလေကွာ ”

“ဒီနေရာမျိုးမှာ လူကောင်းမဖြစ်ချင်ဘူး ပြဇတ် မင်းသမီးငှားဖို့ ကျုပ် အဘ ဆီက ပဲ တတင်း ခိုးရောင်းပြိး အလှူ ထည့်ထားတာ ဘကြီးသန်းမောင်လည်း သိတယ် နော် ဘကြီး ဒီလောက်တော့ မရက်စက်သင့်ဘူးဗျာ ”

“မင်းတို့ နဲ့လည်း ခက်တယ် ကွာ ငါလည်း ခေါင်းတွေ ရှုပ်လာပြီ မသိ‌ေတာ့ဘူး ကွာ ပြဇတ်တိုက်မှ ကိုလူးလေး နဲ့ ညှိုကြ ”

ဦးသန်းမောင်သည် စိတ်မရှည်စွာ နှင့် စောင့်ကြီးအောင့်ကြီးပြောကာ ထပြီး အိမ်ပေါ်သို့တက်သွားလေသည် ဖိုးထွေးသည် လေလေး တချွန်ချွန် နှင့် အဆင်ပြေနေပေမဲ့ မောင်ဘိုးထင် တို့ သုံးယောက် နှင့် သာရ မှ ဖိုးထွေးကို ကြည့်ပြီး မကျေနပ်မှုများတိုးလို့ နေကြပါ‌ေလတာ့သည် ။

▪️အခန်း-၂

မန်းကျည်းပင် အောက်တွင် မကေျနပ်သူ လေးဦး ဝိုင်းဖွဲ့ ပြီး မကျေနပ်ချက်များကို ရင်ဖွင့်နေကြလေသည် ၊ သာရသည် ပို၍ မကျေမနပ်ဖြစ်နေလေ၏ ၊ ပြီးခဲ့သည့် နှစ်ကတည်းက မင်းသမီး သိမ့်သိမ့် သူ၏ လက်ကလေး ပုခုံးလေး ဖြစ်ဖြစ် ဖက်မည်ဟု အကြံ ပက်စက်နေသော သာရမှာ ယခု မင်းသား သူငယ်ချင်း လူကောင်းလေး ဆိုသော ကြောင့် မင်းသမီးကို ထိရဖို့ မဖြစ်နိုင်ပေ ထို့အတွက် မောင်ဘိုးထင်တို့ကို ကြည့်ကာ

“ဒီတခါတော့ ငါတကယ် မကျေနပ်ဘူးကွာ ”

“ကျုပ်တို့လည်း မကျေနပ်ဘူး ”

“ဘကြီး လူလေးက လည်း တို့ ပြောရင် တို့ကို ထုတ်မှာပဲ သူစိတ်က လက် တဆစ် ”

“ကိုသာရ မ က ရင်တော့ ပက်မကြီး ဖောက်ကြ ရအောင်ဗျာ ”

“ဟ ဘိုးထင် မင်းကလည်း ပက်မကြီး ဖောက်ရင် ရွာလူကြီးက ထိတ်တုံးခက်မှာပေါ့ ဟ ”

“သဘောပြောတာပါဗျာ ကျုပ်လည်း ကိုဖိုးထွေးကို မကျေနပ်ဘူး ဒီလူ ကျုပ်တို့အတွက် ကိုပြောပေးသင့်တယ် ကျုပ်တို့ ကြ‌တော့ ‌ သူ‌ေတာင်းစားလေးတွေ တဲ့ ဗျာ ”

“ဟုတယ် ဘိုးထင် ငါတို့ သုံးယောက် ကြတော့ သူတောင်းစားလေးတွေ တဲ့ မက ဘူးကွာ လူရှေ့ သူရှေ့ သူတောင်းစား လုပ်ရမှာ မတန်ဘူး ”

ဤသို့ဖြစ် သူတော် ချင်းချင်း သတင်းလွေ့လွေ ့ဖြစ်ကာ ၊ တိုးတိုးကြိတ်ကြိတ် တိုင်ပင်လိုက်ကြပြီး သူတို့အားလုံး ရဲ့ မျက်နှာများတွင် အပြုံးရိပ်များ သမ်းလာကြပါလေတော့သည်။

▪️အခန်း-၃

ပြဇတ်ဆရာ ဦးလူလေးအိမ်သို့ မောင်ဘိုးထင်တို့ ရောက်ရှိနေကြသည် အသား ခပ်လပ်လပ် ပုပျပ်ပျပ် ဦးလူလေးမှာ မောင်ဘိုးထင်တို့ သူ၏ အိမ်လာသည်အခါ သူရဲ့ ဝသီတိုင်း ခပ်ပြတ်ပြတ် စကားဆို‌ေလသည်

“ဟေ့ကောင်တွေ ဘာကိစ္စ ငါ့အိမ်လာတာလဲ ”

“ဘကြီး ကျုပ်က မင်းသားသူငယ်ချင်း လုပ်ရမယ် ပြောတယ် အဲ့တာ ကျုပ်ရုပ်ရည်က မင်းသားထက် သာနေတော့ ကျုပ် ပြဇတ် မက တော့ဘူးဆိုတဲ့ အကြောင်းလာပြောတာ ”

“အေးပြီး ရော ကြိုကြို တင်တင်ပြောတာကောင်းတယ် ‌ဟိုကောင်တွေ‌ေကာ ဘာပြောမလို့လဲ ”

ဦးလူလေးသည် မောင်ဘိုးထင်တို့အား ကြည့်ကာ မေးလိုက်သည် ၊ ထိုအခါ မောင်ဘိုးထင်သည်

“ကျုပ်တို့လည်း မက တော့ဘူး ဘကြီး လုပ်နိုင်မယ် လို့ မထင်လို့ပါ တော်ကြာ အိုးနင်း ခွက်နင်း ဖြစ်နေမှာ ဆိုးလို့ပါ ”

“အေး တော်တယ် ငါလည်း အဲ့လိုပဲ တွေးနေတာ မင်းတို့ကောင်တွေကိုက ယုံရတာ မဟုတ်ဘူး ငါ နှစ်စဉ် နှစ်တိုင်း ကောင်းကောင်း မွန်မွန် ကပြနေတဲ့ ရွာသား ပြဇတ် မင်းတို့ကြောင့် အိုးနင်း ခွက်နင်း ဖြစ်နေမှာ ဆိုးနေတာကွ အခုတော့ ငါ့ ရင်ထဲက အလုံး ကြီး အခု မှကျသွားတယ် ”

မောင်ဘိုးထင်တို့သည် ဦးလူလေး စကားကြားရသောအခါ ဖိုးထွေး အပြင် ဦးလူလေးကိုပါ မကျေမနပ်ဖြစ်ကာ နေမိသည် သို့ပေမဲ့ စိတ်ထဲ မည်မျှ မကျေနပ်ပါစေ သူတို့၏ နုတ်ထွက် စကားများက ချိုသာနေပြန်သည်။

“ဟုတ်တာပေါ့ ဘကြီးရာ ကျုပ်တို့နားလည်ပါတယ် တခုခု ဖြစ်ရင် ဘာကြီး ခေါင်းပေါ်ပဲ လာမှာကို ”

“အေးကွာ အခု ငါ သတင်းတခု သိုးသိုး သန့်သန့် ကြားတယ်ကွ ငါတို့ ရွာကို မနာလို မရှုဆိတ်တဲ့ မျောက်ရှုံး ရွာက ပညာသည်တွေ ငါတို့ ရွာရဲ့ ရွာ သားပြဇတ်ကို နှောက်ယှက် မယ် ဆိုတဲ့ သတင်းကွ ”

“ဟုတ်လို့လား ဘကြီးရယ် ကောလဟာလတွေနေမှာပါဗျာ နှစ်တိုင်း လုပ်နေတဲ့ ပွဲကို နှောက်ယှက်တယ် မကြားမိပါဘူး”

“အေးကွာ ငါလည်း အဲ့လိုပဲ မျှော်လင့်ပါတယ် ”

ဤသို့ဖြစ် မောင်ဘိုးထင် ၊သာရ ၊ သာအေး နှင့် ပေတူးတို့သည် ပြဇတ် မက ‌ေတာ့ကြောင်း ဦးလူလေးကို ပြော၍ ပြန်ခဲ့ကြပါ‌ေလ‌ေတာ့သည် ၊ ။

▪️အခန်း-၄

ပြဇတ်ကရ မည် အချိန်က နီးကပ်လာနေပြီးဖြစ်သည် မောင်ဘိုးထင်တို့ နေရာမှာ ကျော်လွင် ၊ အောင်သန်း နှင့် မောင်မြင့် တို့ကို အစားထိုးလိုက်ပြီး သာရနေရာ တွင် တော့ ချိုးသိမး် နှင့် အပြောင်းအလဲလုပ်လိုက်ကြသည် ၊ ယခု မောင်ဘိုးထင်သည် ဦးအုန်း ဆီမှာ အမှောင် ပညာရပ်များကို ကြိုးစားသင်ယူနေလေသည် ၊ သူယခု သင်သော ပညာရပ်မှာ လူ၏ ရုပ် နှင့် စိတ် ကို ထိန်ချုပ်‌ေသာ ပညာရပ်ဖြစ်သည် ၊ ထုံးစံအတိုင်း မောင်ဘိုးထင်သည် သူ သင်ချင်သည့် ပညာရပ်များကို ဦးအုန်း အား ဂျီကြ၍ သင်ခိုင်းနေလေသည် ၊

“အဘ လူတယောက်ကို ကျုပ်ပြောသလို ကျုပ်လုပ်သလို လိုက်လုပ်ခိုင်း လို့ရတဲ့ ပညာရပ်ရှိလား ”

“ရှိတာပေါ့ကွ”

“ရှိရင် အဲ့တာကို သင်ပေးဗျာ ”

“လွယ် တော့ မလွယ် ဘူးကောင်လေးရဲ့ ”

“ဘာမလွယ် တာလဲ အဘ ”

“အဲ့လို တွေ ပြုစားဖို့ ဆို ကို ပြုစားမဲ့ သူရဲ့ သွေးနဲ့ ဆံပင် အရင် ရမှ ဖြစ်မှာကွ ပြီးတော့ ကောက်ရိုးအရုပ်လုပ် ပြီးရင် ကိုပြုစားမဲ့လူရဲ့ ဆံပင် စ တွေကို ကောက်ရိုး အရုပ်မှာချည် သူရဲ့ သွေး စ ပါတယ် အဝတ် အစ ကို ကောက်ရိုး ရူပ်မှာ ချည်း ပြီးတော့ မင်းက ထိန်း မယ်ဆို မင်းရဲ့ သွေး နဲ့ သူသွေး ပေနေတဲ့ အဝတ်စကို ရောပြီး ဒီ မန္တန် ရွတ် လိုက်ရုံပဲ ကွ”

“သဘောပေါက်ပြီ အဘ ကျုပ်ကြိ မန္တန် သင်ပေးပါ ဦး အဘ ”

ဦးအုန်းသည် မောင်ဘိုးထင်အား သူတက်ထားသော အမှောင် ပညာများအနက် လူတယောက်ကို ထိန်းချုပ်လို့ရသည် အမှောင် ပညာများကို သင်ကြားပေးနေပါလေတော့သည်။

▪️အခန်း-၅

မောင်ဘိုးထင် တယောက်တည်း အိမ်ရှေ့ကွပ်ပျစ်တွင် ထိုင်ပြီးတွေ နေလေသည် ၊ သူတို့ ဖိုးထွေးကို အကောက် ကြံဖို့တွေးထားချင်းဖြစ်သည် ၊ ယခု ဦးအုန်းထံမှ ထိုပညာကို သင်ပြီးချိန်တွင်‌တော့ မောင်ဘိုးထင်၏ စိတ်ထဲ တမျိုးတမည်ခံစားနေရသည် ၊ သူတို့ လုပ်ရပ်က မှန်ရော မှန်ရဲ့လားဟု တွေးတော နေစဉ် ဦးအုန်း အိမ်ပေါ်မှ ဆင်းလာကာ မောင်ဘိုးထင်အား စကားဆိုလေသည်

“ကောင်းလေး ငါ မင်းနဲ့ စကား ကောင်းကောင်း မပြော ရတာလဲ ကြာပြီ ဒီနေ့ ငါမင်းနဲ့ စကားပြောချင်တယ် ”

“ဟုတ် အဘ ပြောပါ ”

“ငါတို့ က အောက်လမ်း လို့ ခေါ်တဲ့ အမှောင် ပညာသည်တွေ ‌ ဒါပေမဲ့ အ‌ေမှာင် အမိုက်ဆုံး ဆိုတဲ့ အထဲကိုတော့ မင်းကို မရောက်စေချင်ဘူး ငါကတော့ ”

ဦးအုန်းသည် စကားကို ဆုံးအောင် မပြောပဲ ရပ်နေလေသည် ၊ ထိုအခါ မောင်ဘိုးထင်သည် ဦးအုန်း၏ မျက်နှာ ကို သေချာ ကြည့်လိုက်မိသည် ၊ ရီဝေနေသော ဦးအုန်း၏ မျက်နှာမှာ နောင်တ ရဟန်ရှိနေသည် ၊‌ထို့ကြောင့် မောင်ဘိုးထင်သည် ဦးအုန်း၏ တပိုင်းတစ စကားအား ဆက်ရန် သတိပေးလိုက်လေသည်။

“အဘ က ဘာဖြစ်လို့လဲ ”

“ငါ အများကြီး မှားခဲ့တယ် ကောင်လေး ငါ့ကို အထက်လမ်းဆရာကြီး တဉီးက သက်ညှာလို့သာ ငါမင်း ရဲ့ အရှေ့ မှာ ရှိနေတာပဲ ငါ့ကို ပညာတွေတော့ မနုတ်သွားဘူး ကတိ သစ္စာ တခု‌ေတာ့ တောင်းခဲ့တယ် ဆိုးသွမ်းလွန်းနဲ့ သူတွေကိုတော့ အခ ကြေးငွေ ယူပြီး ပညာနဲ့ ပြုစားခိုင်းခဲ့တယ် ငါ့ရဲ့ မကောင်းမှုတွေက များနေပြီ ကောင်လေး အခု ငါ မင်းကိုမှာ ချင်တာ ရှိတယ် မင်းက အမှောင် မှော်ပညာကို သင်ထားတော့ အဖြူထည် ‌ေတာ့ မဖြစ်နိုင်‌ေတာ့ဘူး ဒါပေမဲ့ မင်းက လူတွေကို ထိခိုက်‌ေအာင်အ‌ေမှာင် ပညာနဲ့လည်း မပြုစားဘူးဆို‌ောတ့ မင်းက အမဲ ရောင်လည်း မဟုတ်ပြန်ပေဘူး မင်းကို ငါ ဘယ်လိုပြောရမလဲ လုံးဝ အမဲ ကြီးတော့ မဖြစ်စေနဲ့ပေါ့ကွာ ”

“အဲ့တာဆို ကျုပ်က ဘာရောင်လဲ အဘ ”

“,အဖြူလည်း မဟုတ်ဘူး အမဲ လည်း မဟုတ်ဘူးကွာ ဘာအရောင် ဖြစ်မလဲ ”

မောင်ဘိုးထင်သည် အမဲမကျ အဖြူမကျ အရောင်ကို တွေးနေစဉ် သူ၏ မျက်လုံးထဲတွင် ကောက်ရိုးပုံကို မီးရှို့၍ ထွက်လာသော အရောင်အား မြင်ရောင်လာကာ

“အဘ အဲ့တာဆို မီးခိုးရောင်လား အဘ ”

မောင်ဘိုးထင်၏ စကားကို ဦးအုန်း အသေအချာ တွေးလိုက်ပြီး

“အေးဟုတ်တယ် မင်းက မီးခိုးရောင် ပဲကွ”

“အဲ့တာဆို ကျုပ်က မီးခိုရောင် အောက်လမ်း ဘိုးထင်ပေါ့ ”

“အေးပေါ့ကွာ ”

မောင်ဘိုးထင်သည် သူ့ကိုသူ သဘောကျနေသည် ၊ သူ၏ စိတ်ထဲတွင် လည်း ဖိုးထွေးကို အကောက်ကြံမည် ကိစ္စကို ခေါင်းထဲ မှ ထုတ် ပြစ်လိုက်ပါ‌ေလ‌ေတာ့သည် ။

▪️အခန်း-၆

“ဘိုးထင် မင်းက သစ္စာဖောက်တာလား ”

“ဘာဖြစ်လို့လဲ ဗျ ”

“မင်း အရင် အကြံတိုင်း ဖိုးထေွးကို လုပ်မယ် ကွာ အဲ့ကောင် မြောက်မြောက် လုပ်နေတာ ကြည့်မရဘူး”

“ကိုသာရ ခင်ဗျား စဉ်းစားကြည့်ဗျာ အခု လူကြမ်းနေရာကို ကိုဖိုးထွေးက သူကို ပေးဆိုပြီး အတင်းအကြပ် လုယူထားတာ မဟုတ်ဘူးလေ ဇတ်လမ်း ဆရာရယ် ပြဇတ်ဆရာ ရယ်က ပေးထားတာ ကျုပ်တို့က သာ မနာလို ဖြစ်နေတာ သူနဲ့ ဘာမှ မဆိုင်ဘူး”

မောင်ဘိုးထင် ၏ စကားကြားသော အခါ သာရ အပါအဝင် ပေတူး နှင့် သာအေး ငြိမ်ပြီး တွေးတောနေသည် ထို့နောက့် သာရ မှ ခေါင်းကို ညိတ်ကာ

“အဲ့တာတော့ ဟုတ်ယတ် ဖိုးထွေးက နေရာ လုယူထားတာ မဟုတ်ဘူး”

“ပြီးတော့ မျောက်ရှုံးရွာက ကျုပ်တို့ ရွာ ရဲ့ ရွာသားပြဇတ်ကို နှောက်ယှက် ချင်နေတာလို့ ဘကြီးလူလေး ပြောတယ်နော် ”

“အေးဟုတ်တယ် ငါတို့လည်း ကြာတာကို ”

“အဲ့တာကို ကျုပ်တို့ ကာကွယ် ရမယ် ဗျ ”

မောင်ဘိုးထင်၏ စိတ်ထဲသို့ ကောင်းသည် စိတ်များ စိုးမိုးနေပေသည် ၊ သူတို့ အားလုံး မျောက်ရှုံး ရွာအကြောင်း ပြောနေစဉ် ဖိုးထွေးတယောက် သုတ်သီးသုတ်ပျာ ဖြစ် ရောက်လာကာ

“သာရ တို့ ဘိုးထင်တို့ လုပ်ပါဦးကွာ ”

“ဘာဖြစ်လို့လဲ ဗျ”

“ပြဇတ်တိုက်ခါနီးမှ ပြဇတ်မင်းသား ကိုမင်းနောင် သူ့အမေ နဲ့ စိတ်ဆိုးပြီး အိမ်ပေါ်က ဆင်းသွားလို့တဲ့ကွာ ”

“ဘာ အဲ့တော့ ဘယ်လို လုပ်မလဲ ‘

“ဘယ်လို လုပ်ရမှာလဲ လူကြီးတွေက ‌ေတာ့ အရီးပျို ဆီသွားနေကြတယ် ငါတို့က ကိုမင်းနောင်ကို လိုက်ရှာပြီး ခေါ်ကြရအောင် ”

“ကောင်းတယ် ကျုပ်တို့ ကိုမင်း‌ေနာင်ကို လိုက်ရှာကြတာပေါ့ ဗျာ ”

ဤသို့ဖြစ် မောင်ဘိုးထင်တို့သည် ပြဇတ်မင်းသား မင်းနောင်ကို လိုက်ရှာဖို့ ဖြစ်လာပါလေတော့သည်။

▪️အခန်း-၇

သာရ နှင့် ဖိုးထွေး ဦးဆောင်ပြီး မောင်ဘိုးထင်တို့သည် ပြဇတ်မင်းသား မင်းနောင်ကို ရှာဖွေဖို့ လမ်းစ ရှာနေကြရသည် ၊

“ကိုမင်းနောင် သူငယ်ချင်း ကိုကြည်အေး ရှိတယ်ကွ အဲ့လူဆီဆို သူဘယ် ရောက်နေတယ် ဆိုတာ သိလောက်တယ် ”

“အေး ရွာထဲ မှာဆိုလည်း ကိုကြည်အေး နဲ့ပဲ တတွဲတွဲ ကိုကြည်အေးဆီသွားရင်‌ေတာ့ သတိထားရမယ် ဒီလူကြီးက ဗလ တောင့်တယ် ဆိုပြီး အင်္ကျီ အမြဲ ချွတ်ထားတာ ကိုဖိုးထွေး နဲ့ ကိုသာရက လူပျို ဖြစ်နေပြီဆိုတော့ ဘာမှ မဖြစ်ဘူး ကျုပ်တို့ကိုတော့ ဒီလူကြီးက ကိုင်ကိုင် မြှောက်နေတာ သူကို မတွေ့အောင် မနည်းရှောင်နေရတာဗျ ”

ပေးတူး ၏ စကားကြားသော အခါ သာအေး နှင့် ဘိုးထင် ခေါင်းညိတ်ပြီး ထောက် ခံလိုက်ကြသည် ၊ ပေတူးပြောသည် မှာ လည်း မလွန်ပေ ပေတူးတယောက် ရေပုံး ရှေ့တပုံး နောက်တပုံး ထမ်းပြီး ရေပ်လာရာ လမ်းတွင် ကိုကြည်အေးနှင့် တွေ့ပြီး ရေထမ်းကူမယ်ဟု ပြောကာ ရေကို သီးသန့် မထမ်း ပဲ ရေထမ်း နေသည် ့ ပေတူး အား မ ခေါ်သွားရာ အတော်ကို ဒုက္ခများရသည် ၊ ကလေးများတွေ့က မိုးပေါ်မြှောက်ပြီး ဝိတ်တုံးသဖွယ် မ နေလေရာ အတော်ကို ပျော်တက်ပြီး ကလေးချစ်တက်သော လူကြီး ဖြစ်သည် ၊ ယခု တော့ လမ်း‌တွင် မတွေ ့အောင် ရှောင်နေရသော ကိုကြည်အေး အိမ်သို့ သွားရမည် ဖြစ်ကာ အတော်တော့ ရင်ထိတ်နေရသည် ။

ဖိုးထွေးသည် ရှေ့ဆုံးမှ ကိုကြည်အေး ၏ အိမ်ဝိုင်းထဲသို့ ဝင်းသွားလိုက်သည် နောက်မှ မောင်ဘိုးထင်တို့ မရဲ တရဲ နှင့် ဝင်လိုက်ကြသည်၊ ကိုကြည်အေးသည် ပုဆိုးကို ခါးတောင်းကျိုက်ထားကာ ချွေးသံ ရွှဲရွှဲ ဖြစ် ရွှံ ဖြစ်ပြုလုပ်ထား‌ေသာ ဝိတ်တုန်းကြီးကို မ နေကာမှ မောင်ဘိုးထင်တို့ သက်ပျင်းကိုယ်ဆီချ လိုက်ကြကာ အိမ်ရှေ့ ကွပ်ပျစ်တွင် ဝင်ထိုင်လိုက်ပြီး ကိုကြည်အေးကို ကြည့်နေလေသည် ၊ ကိုကြည်အေးသည် အတော်ကို ကိုယ်ကာယ တောင့်တင်း သန်မာသူဖြစ်သည် ၊ သူ၏သူငယ်ချင်း ကိုမင်းနောင် နည်းတူ သိုင်းပညာကိုလည်း အတော်ကို လိုက်စားသည် ရွာထဲ တွင်‌ေတာ့ ကိုကြည်အေးသည် ပျော်ပျော်နေတက်ပြီး သူ၏ မိခင်အား လုပ်ကိုင်ကျွေးမွေးနေသူဖြစ်သည် ၊ ကိုကြည်အေးသည် လယ်သူရင်းငှား တယောက်ဖြစ်ကာ သူရင်း ဒိုင်များ လုရသော အလုပ်သမားကောင်းတယောက်ဖြစ်သည် ၊ ယခု ကိုကြည်အေးသည် မောင်ဘိုးထင်တို့ကို မြင်သော အခါ သူ၏ ပုံစံအတိုင်း ပြုံးပြုံး နှင့် နုတ်ဆက် နေလေသည်

“ဟေ့ ဖိုးထွေးတို့ အဖွဲ့ ငါ့အိမ် မလာသဖူး ဘာလုပ်ကြတာလဲကွ ”

“ဘာလုပ်တာ လဲ ဆိုတာ နောက်မှ မေး ကိုကြည်အေးရေ အခု ကိုမင်းနောင် ပျောက်နေလို့ ပြဇတ်က က‌ရတော့မယ် အခုထိ သူကို မတွေ့သေးဘူး လုပ်ပါဦးဗျာ ”

“ဒီကောင် အရီး နဲ့ စကားများပြန်ပြီ ထင်တယ် ”

“ဟုတ်တယ် အရီးပျိုးကလည်း ကိုမင်းနောင်ကို တွေ့တာ နဲ့ တတွက်တွက် ပြောတာဗျို့ ”

“ပြောလည်း ပြောချင်စရာ လေကွာ အရီးပျို စိတ် နဲ့ အဲ့ ကောင် မင်းနောင် စိတ်နဲ့က တခြားစီ အရီးပျိုက မုဆိုးမ ဆိုပေမဲ့ မင်းနောင်ငယ်ငယ် လေးကတည်းက နောက်အိမ်ထောင်မပြုပဲ လယ်တွေ ယာတွေကို မပျောက် မပျက် အောင် ထိန်းသိမ်း ခဲ့တာ ကွ အခု မင်းနောင် လက်‌ေကြာ မတင်းပုံကို အရီးဘယ် သဘောကျလိမ့်မလဲ ‘

ကိုကြည်အေးသည် သူ၏ သူငယ်ချင်း ဖြစ်သူကို ပြစ်တင်ပြောဆို ရင်း ခါးတောင်ကျိုက်ကို ဖြည်ပြီး ပုဆိုး ပြင်ဝတ်ကာ စကားဆက်ဆိုလေသည်

“ကဲ ငါ့ကောင်တွေ မင်းတို့ မင်းနောင် ဘယ်မှာ ရှိတယ် ဆိုတာ သိချင်တာ မဟုတ်လား ”

“ဟုတ်တယ် ဗျ”

“ဘယ်မှာ သွားရှာ မနေနဲ့ အဲ့ ကောင် ဟောဟိုက ဘိုးထင် အဘတဲ မှာ ကိုညိုမောင်ကြီး နဲ့ လေကန် နေပြီ မင်းတို့ ကြက်သား စားချင်ရင်‌ေတာ့ လိုက်သွား မနက်ဖြန် ဒီကောင် ပြန်လာလိမ့်မယ် ငါပြောတာ မယုံရင် အရီးပျို အိမ်က သွားစောင့်နေ”

“ဟုတ် ပါ့မလားဗျာ ”

“ကြည်အေးပါကွာ ဒီကောင် အကြာင်း ငါအသိဆုံး မင်းတို့က အခုမှ ပြဇတ် ကမှာ မို့လို့ စိတ်ပူ နေတာ ကျန်တဲ့ သူ‌ေတွ ဘယ်သူမှ စိတ် မပူဘူး ”

အေးဆေး တည်ငြိမ်စွာပြောနေသည့် ကိုကြည်အေး စကားကြောင့် မောင်ဘိုးထင်တို့ စိတ်တော့ အနည်းငယ် အေးသွားကြသည် ၊ ကိုကြည်အေးပြောသည် မှာ ဟုတ်လား မဟုတ်လား ဆိုတာ သိချင်သော ကြောင့် မောင်ဘိုးထင်တို့သည် ကိုညိုမောင်ကြီးရှိသော တဲ သို့ ထွက်လာခဲ့ကြပါလေတာ့သည်။

▪️အခန်း-၈

မောင်ဘိုးထင်တို့ ကိုညိုမောင်တဲသို့ ရောက်လာကြသည် ၊ ကိုကြည်အေးပြောသည်မှာ မှန်ပေသည် မင်းနောင်သည် ကိုညိုမောင်ကြီး နှင့် ကြက်သားကာလာသားချက် စားရင်း တယောက် နှင့် တယောက် ရင်ဖွင့်နေလေသည်

“ကိုကြီး ညိုမောင်ပဲ စဉ်းစားကြည့်ဗျာ ကျုပ်က အရက်မသောက်ဘူး လောင်းကစား မလုပ်ဘူး မိန်းမ မရှုပ်ဘူး အဲ့လို လူကို ကျုပ်အမေက ဘာလို အပြစ်တွေ ကြည့်ပြောနေတာလဲ ဗျာ နားမလည်ဘူး ”

“အေးကွ အဲ့တာတော့ ဟုတ်တယ် မင်း မလုပ်တာ တွေ ‌ေတာ့ ဟုတ်ပါပြီ လုပ်တာ တွေကော ပြောပြဦး ”

“ဟာ ကိုကြီး ညိုမောင်ရ ကျုပ်က ပြဇတ်မင်းသားပဲ ကိုယ်ကာယ လေးကျင့် ရုံကလွဲ ပြီး ဘာလုပ်ရဦးမှာ လဲ နွားတော့ တခါ တလေကျောင်းပေးတယ် မကျောင်းနိုင်တဲ့ နေ့တွေဆို ဒီကောင် ပေတူးတို့ကို ကျောင်းခိုင်းတယ် ”

ကိုညိုမောင် သဘောပေါက်ပြီ ဖြစ်သည် အရီးပျိုလို မိန်းမသား တန်မဲ့ ကြံ တတန်ကို ကိုယ်တိုင် တင် ကိုယ်တိုင် လှည်းမောင်းသည့် အမျိုးသမီးကြီး အဖို့ မင်းနောင်လိုသားမျိုးကို ရိုက်မသတ် ပြစ်တာ ကံကောင်းသည် ဟု တွေးပြီး ခေါင်းညိတ်လိုက်လေသည် ၊သို့ပေမဲ့ မင်းနောင်သည် ကိုညိုမောင် ခေါင်းညိတ်သည်ကို သူအား ထောက်ခံသည် ဟု ထင်နေကာ

“ကျုပ်ရဲ့ ခံစားချက်တွေကို ကိုညိုမောင်ကြီး ပဲ နားလည်လို့ ကျုပ် ကိုညိုမောင်ကြီး ဆီလာခဲ့တာ ဗျာ ”

“အဲ့ဒါဆို ပြဇတ် က ဖို့က ဘယ်လို လုပ်မလဲ ဗျာ ”

‌မောင်ဘိုးထင်သည် ဘေးမှ ထိုင်နေရာမှ ကြက်သား တဖက်ကို ဆယ်ရင်း စကားပြောလိုက်ရာ

“မကဘူးကွာ မင်းနောင် တန်ဖိုး ဘယ်လောက်ရှိတယ် ဆိုတာ ငါ့အမေ သိအောင်ထားလိုက်ဦးမယ် ”

“သဘောပဲ ဗျာ ကျုပ်တို့တော့ ပြန်တော့မယ် ”

“ဟေ့ကောင်တွေ မင်းတို့ ပြန်ရင်လည်း အေးဆေး ပြန် ငါ ဒီမှာ ရှိတယ် ဆိုတာ ဘယ်သူ့ မှ မ‌‌ေပြာနဲ့ ကြားလား ”

“စိတ်ချပါဗျာ ဘယ်သူကိုမှ မ‌ေပြာဘူး”

ကိုကြည်အေးစကားကို မောင်ဘိုးထင်တို့ ယုံကြည်သွား၍ မည်သို့သော ပူပင်သောကများမှ မရှိ‌တော့ပဲ ရွာသို့ ပြန်လိုက်ကြပါလေတော့သည် ။

▪️အခန်း-၉

ပြဇတ်တိုက်မည်နေ့ မနက်တွင် မင်းနောင်သည် သူ၏ အိမ်သို့ ပြန်ရောက်လာသည်၊ သူ့တွင် အကြောင်းပြချက် ကောင်းကောင်း တခုက ရှိသည်။ ထို အကြောင်း ပြချက်သည်က သူသာ ပြန်မလာရင် နွားများအား ရောင်းကာ ပြဇတ် ကုန်ကျ စရိတ်ကို လျှော်ပေးရမည့် အရီးပျိုကို သနားလို့ ဟုသော အကြောင်းပြချက်ဖြစ် အပေါ်စီးက ပြန်လာချင်းဖြစ်သည် ၊

ယခု ‌ပေပင်ရွာ၏ ပြဇတ်တိုက်ချင်း စနေပြီ ဖြစ်သည် ၊ ဇတ်ခုံလေးထိုးထားပြီး ရွာထဲမှ ပန်းချီဆရာ သာရဆရာကြီး ဘကြီးတင့် ၏ လက်ရာများဖြစ်သော နောက်ခံ ပန်ချီများက အတော်ကို အသက် ဝင်ပေသည် ၊ ပြဇတ် ဆရာကြီး ဦးလူလေးမှ ဇတ်လမ်းရေးဆရာ ဦးသန်းမောင် ပေးသော စာအုပ်ကြီးကို ကိုင်ကာ ပြဇတ် တိုက်နေကြသည် ၊ မြို့မှ ပြဇတ်မင်းသမီး သိမ့်သိမ့် သူလည်း ရောက်နေပြီ ဖြစ်၏ ၊ သိမ့်သိမ့်သူ၏ မိခင်သည် သူ၏ သမီးကို စောင့်ရှောက်ရန် လိုက်လာပြီး ပေပင် ရွာသားများကို တောကျလွန်း၍ အထင်သေး‌ေန‌ေလသည် ၊ ထို့နောက် မင်းနောင်၏ သရုပ်‌ေဆာင် ချက်များကို ကြည့်ကာ သိမ့်သိမ့်သူ၏ မိခင်ကြီးသည် မင်း‌ေနာင်အနားသို့သွားကာ

“မင်းသား ကျမသမီးလေးကို တွဲခေါ်ပေးပါဦးနော် မင်းသားရဲ့ သရုပ်‌ေဆာင် ချက်တွေက ကောင်းချက်တော် “,

“ရပါတယ် အသစ်လေးတွေကို ကျုပ်က တွဲခေါ်နေကြပါ ”

ဟိတ်ဟန်ကောင်းလှသော မင်းနောင် ၏ စကားတွင် သိမ့်သိမ့်သူ၏ မိခင်ကြီး မျောသွားကာ သူ၏ သမီးနှင့်ပင် ပေးစား မည့် အရိပ်အယောင်တောင်တွေ့ နေရသည် ၊ သူတောင်းစားလေးများ အဖြစ် သရုပ်ဆောင်ရမည် မောင်မြင့် ၊ အောင်သန်း နှင့် ကျော်လွင်တို့ သည် အ‌ေတာ်ကို သရုပ်ပါရာ မောင်ဘိုးထင် သည် ဇတ်စင်အောက်ကနေ၍ လက်ခုတ်တီးကာ ‌ေအာ်ဟစ် အားပေးနေလေသည်

“အောင်သန်းတို့ သရုပ်‌ေဆာင်တာ ကောင်းချက်က‌ေတာ့ကွာ တကယ့် သူတောင်းစားလေးတွေကြနေတာပဲဟေ့ ပေတူးရေ အကြွေစေ့ ရှိရင် သွားထည့်လိုက်စမ်းပါကွာ “,

“ဟုတ်တယ် ဘိုးထင် ရေ ဒီကောင်တွေ ရုပ်ခံကိုက သူတောင်းစား ရုပ်ဆိုတော့ အတော် လိုက်တယ် ကွာ ”

မောင်ဘိုးထင်တို့ အော်ဟစ်အားပေးနေမှုကြောင့် ဦးလူလေးသည် သူတို့အား ငေါက်ငမ်း ပြီး ဇတ်စင် နှင့် ဝေးရာသို့ သွားခိုင်းထားရသည် ၊ ဖိုးထွေးသည်က သရုပ်‌ေဆာင် ပီပြင် လွန်းလှသည် မင်းသမီးကို ဆွဲ ရမည် အခန်း တိုက်သော အခါ ဖိုးထွေး အဆွဲ ကြမ်းသွားသော ကြောင့် မင်းသမီးလက်ပြင်ကြော ငုပ်သွား၍ ရွာထဲမှ အနှိပ်သည် ခေါ်ပြီး လက်ပြင်ကြော ပြန်ဖော် ထားရသည် ၊ သူတို့ပြဇတ် အဖွဲ့ ထဲ တွင် အချာဆုံးမှာ ချိုးသိမ်းသာ ဖြစ်သည် ပြူးကျယ်ကျယ် မျက်နှာ နှင့် လူမိုက်ရုပ်ပေါက်နေသော ချိုးသိမ်းမှာ မင်းသား၏ သူငယ် ချင်း အဖြစ်သရုပ်‌ေဆာင်ရာ အတော်ကို ထစ်ထစ် ငေါ့ငေါ့ ဖြစ်နေလေသည် ။

“မင်း မင်းနောင် ဒေါသကို ရှည်ရှည်ထား စိတ်ကို နောက်မှ ဖြစ်ပါကွာ ”

“တောက် ချိုးသိမ်း စိတ်ကို ရှည်ရှည်ထား ဒေါသကို ‌ေနာက်မှ ဖြစ်ကွ ဘာတွေ ပြောနေတာလဲကွာ ”

“ဟုတ် ဟုတ်ကဲ့ပါ အခုမှ စပြီး လုပ်တာ ဆို‌ေတာ့ ရင်ထဲ တဒုံးဒုံးနဲ့ ခုန်နေလို့ပါဗျာ ”

“ကဲ ထားထား နောက်ထပ်ပြောရမှာက မင်း‌နောင် မင်းနဲ့ သိမ့်သူ က အလိုက်ဖက်ဆုံးပါ သိမ့်သူ နဲ့ မင်းနဲ့ ပေါင်းရဖို့ ငါကြိုးစားမယ် ကဲပြော ”

“ဟုတ် ကဲ့ ဘကြီး”

ချိုးသိမ်းသည် သက်ပျင်းကို တချက်ချလိုက်ကာ မင်းနောင်ကို ကြည့်ပြီး

“မင်း မင်းနောင် သိမ့်သူနဲ့ ငါနဲ့က အလိုက်ဖက်ဆုံးပါ မင်းနဲ့ ငါ နဲ့ ပေါင်း ပေါင်းရဖို့ ”

“မင်းမေကြီးတော် မင်းနဲ့ ငါ နဲ့ ပေါင်းရဖို့လား ဒုက္ခပါပဲ ကွာ ဒီကောင်ချိုးသိမ်းနဲ့တော့ ”

ဤသြို ဖြစ် ရွာသားပြဇတ် တိုက်သည်က ဆဲသံဆိုသံ ရယ်သံမော သံများဖြစ် ဆက်လက် ကြိုးစား ပြဇတ်တိုက် နေကြပါလေတော့သည်။

▪️အခန်း-၁၀

ပေပင်ရွာ၏ ပြဇတ်ပွဲသည်က ယနေ့ ည စတင်မည်ဖြစ်သည် ၊ မြို့မှ မီးစက် ဓတ်စက် နှင့် ပြဇတ်မင်းသမီး ငှားရမ်းထားသော ကြောင့် ရွာနီးချုပ်စပ်များမှာ ရွာသူရွာသာများပါ လှည်းများ ဖြစ်လာရောက်ကြည့်‌ရှုကြသည် ၊ မောင်ဘိုးထင်တို့သည် ဇတ်စင် နောက်သွာလိုက် ပွဲခင်းထဲ သွားလိုက်နှင့် ပျော်ရွှင်နေကြသည် သာရသည်က လှရင်တို့ မိသားစု ဖျာပေါ်တွင် ထိုင်ပြီး စကားပြောနေသည်၊ မောင်ဘိုးထင်တို့သည် ဇတ်စင်‌ေနာက် သို့ ပြန်ဝင်လိုက်ပြီး ဖိုးထွေး အနားသွားကာ

“ကိုဖိုးထွေးက အခုလို အဝတ်အစား အသစ်တွေ နဲ့ ကြတော့လည်း ခန့်သားဗျ လူကြမ်းလို့‌ေတာင် မထင်ရဘူးဗျာ ”

“ဟေ့ကောင်တွေ ငါက မင်းသား မလုပ်ချင်လို့ပါကွ အခု လူကြမ်းနေရာ သာ အကောင်းဆုံးကွ”

“အေးပါ ဗျာ ပြီးတာ ပဲ ဒါနဲ့ ဟို နားက ငှက်ပျော်ပွဲ အုန်းပွဲက ဘာလုပ်ထားတာလဲဗျ ”

“အဲ့ဒါ နတ်တင်ထားတာလို့ ပြောတယ်ကွ”

“နတ်တင် ထားတာလည်း ငှက်ပျောသီးတွေ က ဝင်းမှည့်နေတာပဲ တော်ကြာ ရွာကကောင်တွေ ဝင်လု”

မောင်ဘိုးထင် စကားမဆုံးမီ ပုဆိုးအား သူခိုးခေါင်းစွပ် သဏ္ဍန် ပြုလုပ်ထားသော လူတယောက် ကန်တော့ ပွဲကြီး မ၍ ပြေးလေတော့သည်။

“ဟ ပြောလို မဆုံးသေးဘူး ဇတ်ကန်တောပွဲကြီး မ ပြေးပြီ ဟေ့ လုပ်ကြပါဦးဟ “,

ဖိုးထွေးသည် အသံခပ်ကျယ်ကျယ် ပြောလိုက်သော အခါ ပြဇတ်ဆရာ ဦးလူလေး ရောက်လာပြီး

“ဖိူထွေး ဘာဖြစ်တာ လဲ”

“ဘကြီး တင်ထားတဲ့ ကန်တော့ ပွဲကြီး မ ပြေးလို့”

“တောက် ဘယ် သောက်ကမြင်းမသား လည်းကွာ အရေးထဲ ထားလိုက်‌ောတာ့ကွာ ပြဇတ် စတော့မယ် ဘိုးထင်လာဦး ကန်တော့ ပွဲ မပြေးတာ ရိုးရိုးသားသား မဟုတ်လောက်ဘူး မျောက်ရှုံး ရွာသားတွေ လည်း ဖြစ်နိုင်တယ် မင်း အဘ ကိုအုန်းကို သွားပြောဦး အနှောက် အယှက် ပေါ်ပြီထင်တယ် လို့ ”

“ဟုတ် ဟုတ် ဘကြီး ”

မောင်ဘိုးထင်တုိ့သည် ပြဇတ်စင်‌ေနာက်မှ ထွက်လိုက်ကြပြီး ဦးအုန်းကို လိုက်ရှာနေလေသည် ၊ အမှောင် ရိပ်ကျသော အရက်ပုန်းဆိုင်လေး ထဲ တွင် အသံ တသံကြားရ၍ မောင်ဘိုးထင်တို့ နားစွင့်လိုက်သည်

“ကိုမြ ရာ ဒီလို ကလေးတွေ ပြဇတ် က တာ အေ့…မြင်တော့ ငယ် ”

“ငအုန်း မင်းမှောက်ပြီလားကွ မသောက်တာ‌ကြာလို့ထင်တယ် ကွာ ငါလည်း မရတော့ဘူးဟ ”

သေချာပါသည် ဘကြီးမြ အသံ နှင့် ဦးအုန်းအသံ ဖြစ်၍ ‌ေမာင်ဘိုးထင်တို့ အရက်ပုန်းဆိုင်လေးထဲဝင်လိုက်ရာ တန်းလျားတွင် ထိုင်ပြီး စားပွဲပေါ်ခေါင်းဆိုက်နေပြီဖြစ်သော ဦးအုန်း နှင့် ဘကြီးမြကြောင့် မောင်ဘိုးထင်တို့ တယောက်မျက်နှာ တယောက် ကြည့်လိုက်ကြပါလေတော့သည် ။

▪️အခန်း-၁၁

ပြဇတ်သည် စတင်နေပြီဖြစ်သည် ပြဇတ် တခန်းမှာတင် ချိုးသိမ်း၏ သရုပ်ဆောင်မှု နှင့် ပြောစကားများကြောင့် ပရိတ်သတ်များ တဝါးဝါး တဟားဟား ဖြစ်နေကြပေမဲ့ ပြဇတ်ဆရာ ဦးလူလေးသည် မျက်နှာပျက် နေပြီဖြစ်သည် ၊
မီးရောင်များ ထိန်ထိန်လင်းနေသော ဇတ်စင်ပေါ်တွင် ချိုးသိမ်းသည် မျက်နှာချေမှုန့်များ လိမ်းကျံထားပြီး ဖွေးဖြူနေလေသည် ၊ သူသည် ပရိတ်သတ်များဘက်ကြည့်ကာ

“ဘယ်အချိန် ရှိပြီလဲ မသိဘူး နာရီကို ကြည့်လိုက်ပါဦးမယ် ”

ချိုးသိမ်းသည် ဟန်ပါပါနှင့် သူ၏ လက်‌ေကာက်ဝတ်ကို ကြည့်လိုက်ပြီး

“ဟ နာရီ ပတ်ဖို့ မေ့နေပြီဗျို့ ခ‌ဏလေး ကျုပ် နာရီး နောက် ထဲ ဝင်ပြီး ပတ်လိုက်ဦးမယ် ”

“ဟားး ဟားး ”

အမှန်တကယ်ကို ချိုးသိမ်း နာရီ ပတ်ဖို့မေ့နေချင်းပါ ချိုးသိမ်း ဇတ် စင်နောက် ရောက်သည် နှင့် စိတ်ကြီးသော ဦးလူလေး သည် နားရင်းကို တန်းအုပ်ပြီး နာရီ ပတ်ပေးလိုက်လေ သည် ၊ ထို့‌ောနာက် ချိုးသိမ်းသည် သူ၏ နားရင်းကို ပွတ် ပြီး ပရိတ်သတ်ဘက်ကြည့်ကာ

“ဘယ်အချိန် ရှိပြီလဲ မသိဘူး နာရီ ကြည့် လိုက် ဦး မှပါ ”

ချိုးသိမ်းသည် လက်မှနာရီကို ဟန်ပါပါကြည့်ကာ

“အော် တော်တော် ထိုးနေပြီပဲ ဒီချိန်ဆို မင်းနောင် ဘာတွေ လုပ်‌နေပါလိမ့် ”

ဇတ်စင် နောက်မှ ဦးလူးလေးသည် တောက် တချက်ကို ပြင်းစွာခေါက်ကာ

“နင်မေကြီးတော် တော်တော် ထိုးနေပြီလား ရှစ်နာရီ လို့ပြောရမှာ ဒုက္ခပါပဲကွာ ”

ထိုသို့ ချိုးသိမ်း တယောက် မျက်နှာချေပေါ်တွင် ချွေးစီးကြောင်းများ ပေါ်အောင် ချွေးများကျသာ်အထိ ခက်ခဲ စွာ သရုပ်ဆောင်နေလေသည် ၊

မောင်ဘိုးထင် သည် ပေးတူး နှင့် သာအေးအား ဦးအုန်းကို အမူးပြေစေရန် ပြုလုပ် ထားခဲ့ ခိုင်းပြီး သူကိုယ်တိုင်ကတော့ ပွဲ ခင်း တပတ် လျှောက်ကြည့်နေ၏ ထို့စဉ် လှည်းများ ရပ်ထားသော လှည်းကွင်းနား တွင် အမဲရောင် အခိုးအငွေများ ထောင်းထောင်း ထနေ‌ေသာ သရဲတကောင် ပြဇတ်ကြည့်နေသည်ကို တွေ့ရ၍ မောင်ဘိုးထင် ထို သရဲ အနားသို့ သွားလိုက်ပါလေတော့သည်။

▪️အခန်း

“ခင်ဗျားက သရဲလား ”

“မင်းငါ့ကို မြင်ရတာလား ”

“ဟုတ်တယ် မြင်ရတယ် ”

“မင်းငါ့ကို မကြောက်ဘူးလား ”

“ဘာလို့ ကြောက်ရမှာလဲ ခင်ဗျားက ဘာလုပ်နေတာလဲ ”

“ငါက ဒီ ပြဇတ်ကို ဖျက်စီးရမှာ ပြဇတ် ကနေတဲ့ လူတယောက်ကို ပူးပြီး ကျန်တဲ့သူတွေကို တိုက်ခိုက်မှာ ”

“ဝော်တော် အရှက် မရှိတာပဲ ဗျ”

“မင်းဘာပြောတာလဲ ”

“အရှက်မရှိဘူးလို့ပြောတာ လူတွေက ကောင်းအောင်သာ မလုပ်တက်တာ မကောင်းအောင်တော့ လွယ်လွယ်လေး လုပ်တက်တယ်တဲ့ ခင်ဗျား တို့ သရဲတွေလည်း တူတူပဲ ပြဇတ်ကောင်းကောင်း ကနေတဲ့ သူတွေကို ဖျက်စီမယ်ဆိုတော့ အရှက်မရှိတာပဲ ”

“မင်း မင်း ဘာပြောတယ် ”

“ဟုတ်တယ်လေ ခင်ဗျားက ပြဇတ်မှ မကတက်တာ အဲ့တော့ ပွဲကို ဖျက်‌ေတာ့မှာပေါ့ ”

“ငါ က တက်တယ် ကွ ငါ သရဲ မဖြစ်ခင်က ပြဇတ် မင်းသား ”

“သရဲကြီးပြောတိုင်း ကျုပ်က ယုံရမှာလား ”

“ငါတကယ်ပြောတာ ”

“ကျုပ်က လက်တွေ့ သမား ”

“အေး အဲ့တာ ဆို ငါလက်တွေ့ပြမယ် မင်းသားသူငယ်ချင်း လုပ်တဲ့ အူကြောင်ကြောင် ကောင်ထဲ ငါပူးပြီး သရုပ်‌ေဆာင်ပြမယ် မင်းကြည့်ထား”

အခိုးများ ထောင်းထောင်း ထနေသော သရဲကြီးသည် ဇတ်စင်ပေါ်သို့ ပျံဝဲသွားပြီး ချိုးသိမ်း၏ ကိုယ်ထဲသို့ ဝင်ရောက်ပူးကပ်သွားပါလေတော့သည်

▪️အခန်း -၁၂

ရွာသားပြဇတ်သည်က အောင်မြင်စွာပြီး ဆုံးသွားပြီ ဖြစ်သည် ပြဇတ်ကသူများထဲ တွင် လူပြော အများဆုံး သူမှာ ချိုးသိမ်းကို ဖြစ်သည် ချိုးသိမ်း၏ အလို အပို မရှိ သရုပ်ဆောင် ချက်များကို လူများ ပါးစပ်ဖျားမှ ချီး မွန်း စကားပြောနေကြသည် ၊ ချိုးသိမ်းသည်က အရက်မူးပြေ ၍ ဇတ်စင်နောက် ရောက်လာသော ဦးအုန်း၏ အနားတွင် ခွေခွေလေး လဲ နေလေသည်၊ သာအေး နှင့် ပေတူးသည် အရက်မူးနေသော ဦးအုန်းအား သံပုရာရည်များဖျော်တိုက် သလို စိတ်မရှည်သည့် ပေတူးက သံပုရာ ရည်များ ဦးအုန်း၏နားထဲ လောင်းချ လိုက်ရာ ဦးအုန်း တယောက် အော်ဟစ် ငိုယိုကာ အမူးပြေ ရုံတင် မက ဒေါသ ပါထွက် လို့ ပေတူး နှင့် ‌သာအေးအား ရိုက် ရန် ဟန်ပြင်ခဲ့သေးသည် ၊ သာအေးမှ အလျှင် အမြန် ရှင်းပြ၍ ဇတ်စင် ဘက်သိူ့ လိုက်လာပြီး ချိုးသိမ်းအား ပူးနေသော သရဲအား ပြဇတ်ပြီး သည် နှင့် ထုတ်နိုင်ခဲ့ ချင်းဖြစ်သည် ၊ ယခုတော့ ပေပင်ရွာ၏ ရွာသား ပြဇတ်သည်က ပြီးပြီ ဖြစ်သည်၊ မောင်ဘိုးထင်တို့ မသိလိုက်သည် မှာ လှည်းများမောင်း ပြန်သွားသော တခြားရွာသားများ၏ လှည်းတစီးပေါ်မှ လူနှစ်ယောက် ၏ ပြောစကားများကို ဖြစ်သည်။

“တောက် ဝင်ပူးခိုင်းတဲ့ သရဲက ပြဇတ်ရူးဖြစ်နေရတယ် လို့ကွာ ”

“အေး ဟုတ်တယ်။ ရေခပ်မကြုံ ထင်းခွေတော့ ကြုံမှာ ပေါ့ ကွာ ”

“နောက် လ ဘောလုံပွဲ ကြမှ ငါတို့ မျောက်ရှုံး ရွာ အကြောင်း ဒီကောင်တွေကို ပြကြတာပေါ့ကွာ ”

မျောက်ရှုံး ရွာသားနှစ်ယောက် သည် တဉီး နှင့် တဦး စကားတိုးတိုး ပြောကာ လှည်းမောင်း၍ ပေပင် ရွာသားပြဇတ် မှ ထွက်ခွာ သွားပါ‌ေလ‌ေတာ့သည်။

▪️အောက်လမ်းဘိုးထင် နှင့် ရွာသားပြဇတ် သည်က ဤမျှသာ မကြာမီ အောက်လမ်းဘိုးထင် နှင့် ဘောလုံးပြိုင်ပွဲ အမည်ရသော ဇတ်လမ်းလေးကို တင်ဆက်ပေးပါမည် ”

📝မောင်တင်ဆန်း

#mgtinsan

Zawgyi Version

” ေအာက္လမ္းဘိုးထင္ ႏွင့္ ႐ြာသားျပဇတ္ “(စ/ဆုံး)
————————————————————–

(၁၈)

▪️အခန္း-၁

မိုးေလကင္းလြတ္သည့္ သီတင္းကြၽတ္ အခါသို႔ ေရာက္လာၿပီျဖစ္၏ ၊ ယခုေမာင္ဘိုးထင္တို႔ ေပပင္႐ြာ စာသင္ေက်ာင္းဝန္းတြင္ ျပဇတ္ က ၾကမည္ျဖစ္သည္ ၊ျပဇတ္မင္းသမီးကိုျဖစ္ နယ္ၿမိဳ႕ေလးမွ မင္းသမီးကို ငွားထားၾကၿပီး မင္းသမီး၏ နာမည္မွာ သိမ့္သိမ့္သူျဖစ္သည္ ၊ ယခုေတာ့ သိမ့္သိမ့္သူ သည္ ႐ြာသို႔မေရာက္ေသးေပ ၊ေမာင္ဘိုးထင္တို႔သည္ ႐ြာမွ ကြၽဲႏြားမ်ားကို သတ္စြန႔္ ဆံဖ်ား ကူညီေပးၾကသျဖင့္ ႐ြာသားမ်ားသည္ ေက်းဇူးတင္ကာ ႐ြာထိပ္ စာသင္ေက်ာင္းတြင္ ကမည္ ျပဇတ္တြင္ ပါဝင္ခြင့္ျပဳထားၾကသည္ ၊ ယခု ေမာင္ဘိုးထင္တို႔အား ႐ြာထဲမွ ျပဇတ္ ဇတ္လမ္း‌ေရးေသာ ဦးသန္းေမာင္ အိမ္တြင္ ေရာက္ရွိေနၾကေလသည္ ၊

“ကဲ ဖိုးေထြး မင္းက ဒီျပဇတ္မွာ လူၾကမ္း အျဖစ္ ေနရမယ္ ”

“ဟာ ဘႀကီးသန္းေမာင္ကလည္း မင္းသား အရံေလးျဖစ္ျဖစ္ ထာစမ္းပါဗ်ာ က်ဳပ္႐ုပ္ခံႀကီးနဲ႔ လူၾကမ္းနဲ႔ ဘယ္လိုက္မွာလဲ ”

“မင္းတကယ္ မလုပ္ဘူးလား ဒီဇတ္လမ္းမွာ လူၾကမ္းက ျပဇတ္မင္းသားထက္ မင္းသမီးကို ပိုဖက္ ရမွာေနာ္ ”

“အဲ့လိုလား အဲ့တာဆိုရင္ေတာ့ လုပ္မယ္ ဗ်ာ ”

ဖိုးေထြးသည္ ၿပဳံးၿဖီးၿဖီး ျဖစ္ေက်နပ္ေနေလရာ သာရမွ

“ဘႀကီးသန္းေမာင္ ဒါေတာ့ မတရားဘူး က်ဳပ္ၾကေတာ့ မင္းသား သူငယ္ခ်င္းတဲ့ မင္းသမီးကို လက္ေလးေတာင္ ကိုင္ လို႔မရဘူး က်ဳပ္ကို ဖိုးေထြးနဲ႔ ေနရာ လဲ ေပးဗ်ာ ”

သာရသည္ ဖိုးေထြး၏ လူၾကမ္းေနရာ ကို လုေနေလသည္ ၊ ဖိုးေထြးမွ မေက် မနပ္ျဖစ္ကာ သူ၏ လူၾကမ္းေနရာ အား မေပးပဲ ျဖစ္ေနၿပီး စကားမ်ားေနၾကသည္၊ ဦးသန္းေမာင္ သည္ စိတ္ ညစ္ေနကာ ေခါင္းကို ကုတ္လိုက္ၿပီး

“ေတာက္ မင္းတို႔ ေကာင္ေတြ နဲ႔ေတာ့ ခက္ၿပီကြာ ငါစိတ္ညစ္လာၿပီ ငါက ျပဇတ္ေရးတဲ့ လူ မင္းတို႔ နဲ႔ ကိုက္မယ္ ထင္တဲ့ ေနရာေပးတာ မေက်နပ္ရင္ မင္း တို႔ကိာ ဇတ္တိုက္ရင္ သင္ေပမဲ့ ကိုလူေလး ကို သြားေျပာေခ်ၾက သူက ငါ့ဇတ္လမ္း နဲ႔ ကိုက္မဲ့လူ ေ႐ြးခိုင္းထားတာ”

“ေျပာမယ္ဗ်ာ က်ဳပ္ မေက်နပ္ဘူး ဖိုးေထြးၾကေတာ့ ၿမိဳ႕က မင္းသမီးကို ဖက္ရ ကိုင္ရမယ္ က်ဳပ္ၾကေတာ့ ထိလို႔ေတာင္မရဘူး ”

“ေအး ေျပာ ကိုလူေလးက ငါ့လို စိတ္ရွည္တာ မဟုတ္ ဘူး မင္းတို႔ကို ႐ြာလူႀကီး မ်က္ႏွာ ႐ြာသားေတြ ေထာက္ခံခ်က္နဲ႔ ထည့္ေပးထားတာ သူက သိပ္ထည့္ ခ်င္တာ မဟုတ္ဘူး မင္းသာ သြား‌ေျပာလို႔ကေတာ့ ကိုလူေလးက မင္းတို႔အား လုံးကို ျပဇတ္က ေနထုတ္ ျပစ္မွာ ျမင္ေယာင္ေသးတယ္ ”

ဦးသန္းေမာင္၏ စကားၾကားေသာ အခါ ေမာင္ဘိုးထင္တို႔သည္ သာရ အနားသြားကာ

“ကိုသာရရယ္ မင္းသမီးကို ျပဇတ္ထဲ မကိုင္ရလဲ အျပင္မွ လက္ေလး ကိုင္လို႔ရေအာင္ က်ဳပ္တို႔ လုပ္ေပးပါမယ္ ဗ်ာ ဘႀကီးလူေလးကို ‌ေတာ့ သြားမေျပာပါ နဲ႔ ေတာ္ၾကာက်ဳပ္တို႔ ပါ မပါရဘူးျဖစ္ေနဦးမယ္။ ‘

“မဟုတ္ဘူးကြာ ဒါက မတရားလို႔ေျပာတာ ငါ လုံးဝ မေက်နပ္ဘူး ”

“ခက္ၿပီဗ်ာ က်ဳပ္တို႔ မက ရရင္ ဘယ္လို လုပ္မလဲ ”

“မသိဘူးကြာ မင္းသမီးကို မဖက္ရမွေတာ့ မက ရလည္း ဘာမွ မျဖစ္ဘူးကြာ”

ေမာင္ဘိုးထင္တို႔ ေခါင္းကုတ္လိုက္ၾကကာ စိတ္ညစ္ေနၾကရသသည္၊ ဒီပုံတိုင္းဆို သူတို႔ ျပဇတ္ က ရဖို႔က မျဖစ္ႏိုင္ ထို႔ေၾကာင့္ ေမာင္ဘိုးထင္သည္ သေဘာေကာင္းေသာ ဇတ္လမ္းေရးသည္ ဦးသန္းေမာင္ အနားသြားကာ

“ဘႀကီး သန္းေမာင္ က်ဳပ္တို႔ကို ကူညီပါဦးဗ်ာ ကိုသာရ လုပ္ပုံက က်ဳပ္တို႔ကို ျပဇတ္ထဲက ထြက္ရမဲ့ ပုံဗ် ဘႀကီး ဇတ္လမ္းေလး က်ဳပ္တို႔ကို ေျပာျပပါလား ”

“ေအး ငါေျပာျပမယ္ ဒီဇတ္ လမ္းမွာ မင္းေနာင္က မင္းသားကြ သူက သူရင္းငွား ဖိုးေထြးက သူေဌးသားလူၾကမ္း သူက မင္းေနာင္ ရဲ႕ ေကာင္မေလးကို တဖက္သက္ႀကိဳက္ၿပီး အၿမဲ ဆြဲလားရမ္းလား လုပ္ေနတာကြ သာရက မင္းေနာင္ရဲ႕ သူငယ္ခ်င္း သူက မင္းေနာင္ကို အၿမဲတန္း ကူညီေနတဲ့ ေကာင္ကြ လူၾကမ္း ဖိုးေထြး ရဲ႕ အေဖက ျမႀကီး ျမႀကီးကလည္း သူ႔သားကို မင္းသမီးနဲ႔ မရ ရေအာင္ ေပးစားတယ္ ဆိုေတာ့ကြာ ”

“ဘႀကီး ေနပါဦး က်ဳပ္တို႔က ဘယ္ေနရာ က ပါရမွာ လဲ ”

“လာမယ္ေလ မင္းတို႔က လမ္းေဘးက သူေတာင္းစားေလး သုံးေယာက္ေလကြာ ”

“ဟာ ဘႀကီး သန္းေမာင္ ဒါက‌ေတာ့ မဟုတ္ေတာ့ ဘူး က်ဳပ္တို႔ ၾကေတာ့ သူေတာင္းစားေလး သုံး ေယာက္တဲ့ ဗ် ဒါကေတာ့ မတရားတာပဲ ”

“ဟ ဘိုးထင္ရ မင္းတို႔က သူေတာင္းစား ဆိုေပမဲ့ တကယ္ သူေတာင္းစားေလးေတြ မဟုတ္ဘူးကြ”

“အဲ့လို လည္း ရွိေသးတာ လား ”

“ေအးေလ မင္းတို႔က ျမႀကီး ရဲ႕ လူယုံ သူေတာင္းစား ကေလးေတြ ”

“အဲ့တာဆို တကယ္ သူေတာင္းစားေတြလား ”

“မဟုတ္ပါဘူးကြာ မင္းတို႔က ျပဇတ္ မင္းသမီးကို အၿမဲ ေစာင့္ၾကည့္ၿပီး သတင္းပို႔ေပးေနတာ မင္း‌ေနာင္က ျပဇတ္ မင္းသမီးကို ခိုးခ်ိန္ မင္းတို႔က သတင္းေပးလိုက္တာ ဖိုးေထြးက မင္းသမီးကို အပိုင္ႀကံၿပီး ဖိုးေထြးက မင္းသမီး နဲ႔ ညာတယ္ ေပါ့ကြာ ”

ဦးသန္းေမာင္၏ ဇတ္လမ္းကို နားေထာင္ရင္း ဖိုးေထြးမွာ ေပ်ာ္ တၿပဳံးၿပဳံး ျဖစ္ေနေပမဲ့ သာရသည္ ေတာက္ တေခါက္ ေခါက္နဲ႔ မေက်မနပ္ျဖစ္ေနေလသည္ ၊ ထို႔‌ေနာက္ သာရသည္ ဦးသန္ေမာင္ကိုၾကည့္ကာ

“ဘႀကီး သန္းေမာင္ လုံးဝ မတရားဘူးဗ်ာ က်ဳပ္ လက္ မခံႏိုင္ဘူး ဖိုးေထြးက မင္းသမီးနဲ႔ ညားၿပီ က်ဳပ္က ဘယ္ေခ်ာင္ ေရာက္လို႔ ေရာက္ေနမွန္းမသိဘူး ”

“မင္းက လူေကာင္းေလကြာ ”

“ဒီေနရာမ်ိဳးမွာ လူေကာင္းမျဖစ္ခ်င္ဘူး ျပဇတ္ မင္းသမီးငွားဖို႔ က်ဳပ္ အဘ ဆီက ပဲ တတင္း ခိုးေရာင္းၿပိး အလႉ ထည့္ထားတာ ဘႀကီးသန္းေမာင္လည္း သိတယ္ ေနာ္ ဘႀကီး ဒီေလာက္ေတာ့ မရက္စက္သင့္ဘူးဗ်ာ ”

“မင္းတို႔ နဲ႔လည္း ခက္တယ္ ကြာ ငါလည္း ေခါင္းေတြ ရႈပ္လာၿပီ မသိ‌ေတာ့ဘူး ကြာ ျပဇတ္တိုက္မွ ကိုလူးေလး နဲ႔ ညႇိဳၾက ”

ဦးသန္းေမာင္သည္ စိတ္မရွည္စြာ ႏွင့္ ေစာင့္ႀကီးေအာင့္ႀကီးေျပာကာ ထၿပီး အိမ္ေပၚသို႔တက္သြားေလသည္ ဖိုးေထြးသည္ ေလေလး တခြၽန္ခြၽန္ ႏွင့္ အဆင္ေျပေနေပမဲ့ ေမာင္ဘိုးထင္ တို႔ သုံးေယာက္ ႏွင့္ သာရ မွ ဖိုးေထြးကို ၾကည့္ၿပီး မေက်နပ္မႈမ်ားတိုးလို႔ ေနၾကပါ‌ေလတာ့သည္ ။

▪️အခန္း-၂

မန္းက်ည္းပင္ ေအာက္တြင္ မေက်နပ္သူ ေလးဦး ဝိုင္းဖြဲ႕ ၿပီး မေက်နပ္ခ်က္မ်ားကို ရင္ဖြင့္ေနၾကေလသည္ ၊ သာရသည္ ပို၍ မေက်မနပ္ျဖစ္ေနေလ၏ ၊ ၿပီးခဲ့သည့္ ႏွစ္ကတည္းက မင္းသမီး သိမ့္သိမ့္ သူ၏ လက္ကေလး ပုခုံးေလး ျဖစ္ျဖစ္ ဖက္မည္ဟု အႀကံ ပက္စက္ေနေသာ သာရမွာ ယခု မင္းသား သူငယ္ခ်င္း လူေကာင္းေလး ဆိုေသာ ေၾကာင့္ မင္းသမီးကို ထိရဖို႔ မျဖစ္ႏိုင္ေပ ထို႔အတြက္ ေမာင္ဘိုးထင္တို႔ကို ၾကည့္ကာ

“ဒီတခါေတာ့ ငါတကယ္ မေက်နပ္ဘူးကြာ ”

“က်ဳပ္တို႔လည္း မေက်နပ္ဘူး ”

“ဘႀကီး လူေလးက လည္း တို႔ ေျပာရင္ တို႔ကို ထုတ္မွာပဲ သူစိတ္က လက္ တဆစ္ ”

“ကိုသာရ မ က ရင္ေတာ့ ပက္မႀကီး ေဖာက္ၾက ရေအာင္ဗ်ာ ”

“ဟ ဘိုးထင္ မင္းကလည္း ပက္မႀကီး ေဖာက္ရင္ ႐ြာလူႀကီးက ထိတ္တုံးခက္မွာေပါ့ ဟ ”

“သေဘာေျပာတာပါဗ်ာ က်ဳပ္လည္း ကိုဖိုးေထြးကို မေက်နပ္ဘူး ဒီလူ က်ဳပ္တို႔အတြက္ ကိုေျပာေပးသင့္တယ္ က်ဳပ္တို႔ ၾက‌ေတာ့ ‌ သူ‌ေတာင္းစားေလးေတြ တဲ့ ဗ်ာ ”

“ဟုတယ္ ဘိုးထင္ ငါတို႔ သုံးေယာက္ ၾကေတာ့ သူေတာင္းစားေလးေတြ တဲ့ မက ဘူးကြာ လူေရွ႕ သူေရွ႕ သူေတာင္းစား လုပ္ရမွာ မတန္ဘူး ”

ဤသို႔ျဖစ္ သူေတာ္ ခ်င္းခ်င္း သတင္းေလြ႕ေလြ ့ျဖစ္ကာ ၊ တိုးတိုးႀကိတ္ႀကိတ္ တိုင္ပင္လိုက္ၾကၿပီး သူတို႔အားလုံး ရဲ႕ မ်က္ႏွာမ်ားတြင္ အၿပဳံးရိပ္မ်ား သမ္းလာၾကပါေလေတာ့သည္။

▪️အခန္း-၃

ျပဇတ္ဆရာ ဦးလူေလးအိမ္သို႔ ေမာင္ဘိုးထင္တို႔ ေရာက္ရွိေနၾကသည္ အသား ခပ္လပ္လပ္ ပုပ်ပ္ပ်ပ္ ဦးလူေလးမွာ ေမာင္ဘိုးထင္တို႔ သူ၏ အိမ္လာသည္အခါ သူရဲ႕ ဝသီတိုင္း ခပ္ျပတ္ျပတ္ စကားဆို‌ေလသည္

“ေဟ့ေကာင္ေတြ ဘာကိစၥ ငါ့အိမ္လာတာလဲ ”

“ဘႀကီး က်ဳပ္က မင္းသားသူငယ္ခ်င္း လုပ္ရမယ္ ေျပာတယ္ အဲ့တာ က်ဳပ္႐ုပ္ရည္က မင္းသားထက္ သာေနေတာ့ က်ဳပ္ ျပဇတ္ မက ေတာ့ဘူးဆိုတဲ့ အေၾကာင္းလာေျပာတာ ”

“ေအးၿပီး ေရာ ႀကိဳႀကိဳ တင္တင္ေျပာတာေကာင္းတယ္ ‌ဟိုေကာင္ေတြ‌ေကာ ဘာေျပာမလို႔လဲ ”

ဦးလူေလးသည္ ေမာင္ဘိုးထင္တို႔အား ၾကည့္ကာ ေမးလိုက္သည္ ၊ ထိုအခါ ေမာင္ဘိုးထင္သည္

“က်ဳပ္တို႔လည္း မက ေတာ့ဘူး ဘႀကီး လုပ္ႏိုင္မယ္ လို႔ မထင္လို႔ပါ ေတာ္ၾကာ အိုးနင္း ခြက္နင္း ျဖစ္ေနမွာ ဆိုးလို႔ပါ ”

“ေအး ေတာ္တယ္ ငါလည္း အဲ့လိုပဲ ေတြးေနတာ မင္းတို႔ေကာင္ေတြကိုက ယုံရတာ မဟုတ္ဘူး ငါ ႏွစ္စဥ္ ႏွစ္တိုင္း ေကာင္းေကာင္း မြန္မြန္ ကျပေနတဲ့ ႐ြာသား ျပဇတ္ မင္းတို႔ေၾကာင့္ အိုးနင္း ခြက္နင္း ျဖစ္ေနမွာ ဆိုးေနတာကြ အခုေတာ့ ငါ့ ရင္ထဲက အလုံး ႀကီး အခု မွက်သြားတယ္ ”

ေမာင္ဘိုးထင္တို႔သည္ ဦးလူေလး စကားၾကားရေသာအခါ ဖိုးေထြး အျပင္ ဦးလူေလးကိုပါ မေက်မနပ္ျဖစ္ကာ ေနမိသည္ သို႔ေပမဲ့ စိတ္ထဲ မည္မွ် မေက်နပ္ပါေစ သူတို႔၏ ႏုတ္ထြက္ စကားမ်ားက ခ်ိဳသာေနျပန္သည္။

“ဟုတ္တာေပါ့ ဘႀကီးရာ က်ဳပ္တို႔နားလည္ပါတယ္ တခုခု ျဖစ္ရင္ ဘာႀကီး ေခါင္းေပၚပဲ လာမွာကို ”

“ေအးကြာ အခု ငါ သတင္းတခု သိုးသိုး သန႔္သန႔္ ၾကားတယ္ကြ ငါတို႔ ႐ြာကို မနာလို မရႈဆိတ္တဲ့ ေမ်ာက္ရႈံး ႐ြာက ပညာသည္ေတြ ငါတို႔ ႐ြာရဲ႕ ႐ြာ သားျပဇတ္ကို ေႏွာက္ယွက္ မယ္ ဆိုတဲ့ သတင္းကြ ”

“ဟုတ္လို႔လား ဘႀကီးရယ္ ေကာလဟာလေတြေနမွာပါဗ်ာ ႏွစ္တိုင္း လုပ္ေနတဲ့ ပြဲကို ေႏွာက္ယွက္တယ္ မၾကားမိပါဘူး”

“ေအးကြာ ငါလည္း အဲ့လိုပဲ ေမွ်ာ္လင့္ပါတယ္ ”

ဤသို႔ျဖစ္ ေမာင္ဘိုးထင္ ၊သာရ ၊ သာေအး ႏွင့္ ေပတူးတို႔သည္ ျပဇတ္ မက ‌ေတာ့ေၾကာင္း ဦးလူေလးကို ေျပာ၍ ျပန္ခဲ့ၾကပါ‌ေလ‌ေတာ့သည္ ၊ ။

▪️အခန္း-၄

ျပဇတ္ကရ မည္ အခ်ိန္က နီးကပ္လာေနၿပီးျဖစ္သည္ ေမာင္ဘိုးထင္တို႔ ေနရာမွာ ေက်ာ္လြင္ ၊ ေအာင္သန္း ႏွင့္ ေမာင္ျမင့္ တို႔ကို အစားထိုးလိုက္ၿပီး သာရေနရာ တြင္ ေတာ့ ခ်ိဳးသိမး္ ႏွင့္ အေျပာင္းအလဲလုပ္လိုက္ၾကသည္ ၊ ယခု ေမာင္ဘိုးထင္သည္ ဦးအုန္း ဆီမွာ အေမွာင္ ပညာရပ္မ်ားကို ႀကိဳးစားသင္ယူေနေလသည္ ၊ သူယခု သင္ေသာ ပညာရပ္မွာ လူ၏ ႐ုပ္ ႏွင့္ စိတ္ ကို ထိန္ခ်ဳပ္‌ေသာ ပညာရပ္ျဖစ္သည္ ၊ ထုံးစံအတိုင္း ေမာင္ဘိုးထင္သည္ သူ သင္ခ်င္သည့္ ပညာရပ္မ်ားကို ဦးအုန္း အား ဂ်ီၾက၍ သင္ခိုင္းေနေလသည္ ၊

“အဘ လူတေယာက္ကို က်ဳပ္ေျပာသလို က်ဳပ္လုပ္သလို လိုက္လုပ္ခိုင္း လို႔ရတဲ့ ပညာရပ္ရွိလား ”

“ရွိတာေပါ့ကြ”

“ရွိရင္ အဲ့တာကို သင္ေပးဗ်ာ ”

“လြယ္ ေတာ့ မလြယ္ ဘူးေကာင္ေလးရဲ႕ ”

“ဘာမလြယ္ တာလဲ အဘ ”

“အဲ့လို ေတြ ျပဳစားဖို႔ ဆို ကို ျပဳစားမဲ့ သူရဲ႕ ေသြးနဲ႔ ဆံပင္ အရင္ ရမွ ျဖစ္မွာကြ ၿပီးေတာ့ ေကာက္႐ိုးအ႐ုပ္လုပ္ ၿပီးရင္ ကိုျပဳစားမဲ့လူရဲ႕ ဆံပင္ စ ေတြကို ေကာက္႐ိုး အ႐ုပ္မွာခ်ည္ သူရဲ႕ ေသြး စ ပါတယ္ အဝတ္ အစ ကို ေကာက္႐ိုး ႐ူပ္မွာ ခ်ည္း ၿပီးေတာ့ မင္းက ထိန္း မယ္ဆို မင္းရဲ႕ ေသြး နဲ႔ သူေသြး ေပေနတဲ့ အဝတ္စကို ေရာၿပီး ဒီ မႏၲန္ ႐ြတ္ လိုက္႐ုံပဲ ကြ”

“သေဘာေပါက္ၿပီ အဘ က်ဳပ္ႀကိ မႏၲန္ သင္ေပးပါ ဦး အဘ ”

ဦးအုန္းသည္ ေမာင္ဘိုးထင္အား သူတက္ထားေသာ အေမွာင္ ပညာမ်ားအနက္ လူတေယာက္ကို ထိန္းခ်ဳပ္လို႔ရသည္ အေမွာင္ ပညာမ်ားကို သင္ၾကားေပးေနပါေလေတာ့သည္။

▪️အခန္း-၅

ေမာင္ဘိုးထင္ တေယာက္တည္း အိမ္ေရွ႕ကြပ္ပ်စ္တြင္ ထိုင္ၿပီးေတြ ေနေလသည္ ၊ သူတို႔ ဖိုးေထြးကို အေကာက္ ႀကံဖို႔ေတြးထားခ်င္းျဖစ္သည္ ၊ ယခု ဦးအုန္းထံမွ ထိုပညာကို သင္ၿပီးခ်ိန္တြင္‌ေတာ့ ေမာင္ဘိုးထင္၏ စိတ္ထဲ တမ်ိဳးတမည္ခံစားေနရသည္ ၊ သူတို႔ လုပ္ရပ္က မွန္ေရာ မွန္ရဲ႕လားဟု ေတြးေတာ ေနစဥ္ ဦးအုန္း အိမ္ေပၚမွ ဆင္းလာကာ ေမာင္ဘိုးထင္အား စကားဆိုေလသည္

“ေကာင္းေလး ငါ မင္းနဲ႔ စကား ေကာင္းေကာင္း မေျပာ ရတာလဲ ၾကာၿပီ ဒီေန႔ ငါမင္းနဲ႔ စကားေျပာခ်င္တယ္ ”

“ဟုတ္ အဘ ေျပာပါ ”

“ငါတို႔ က ေအာက္လမ္း လို႔ ေခၚတဲ့ အေမွာင္ ပညာသည္ေတြ ‌ ဒါေပမဲ့ အ‌ေမွာင္ အမိုက္ဆုံး ဆိုတဲ့ အထဲကိုေတာ့ မင္းကို မေရာက္ေစခ်င္ဘူး ငါကေတာ့ ”

ဦးအုန္းသည္ စကားကို ဆုံးေအာင္ မေျပာပဲ ရပ္ေနေလသည္ ၊ ထိုအခါ ေမာင္ဘိုးထင္သည္ ဦးအုန္း၏ မ်က္ႏွာ ကို ေသခ်ာ ၾကည့္လိုက္မိသည္ ၊ ရီေဝေနေသာ ဦးအုန္း၏ မ်က္ႏွာမွာ ေနာင္တ ရဟန္ရွိေနသည္ ၊‌ထို႔ေၾကာင့္ ေမာင္ဘိုးထင္သည္ ဦးအုန္း၏ တပိုင္းတစ စကားအား ဆက္ရန္ သတိေပးလိုက္ေလသည္။

“အဘ က ဘာျဖစ္လို႔လဲ ”

“ငါ အမ်ားႀကီး မွားခဲ့တယ္ ေကာင္ေလး ငါ့ကို အထက္လမ္းဆရာႀကီး တဉီးက သက္ညႇာလို႔သာ ငါမင္း ရဲ႕ အေရွ႕ မွာ ရွိေနတာပဲ ငါ့ကို ပညာေတြေတာ့ မႏုတ္သြားဘူး ကတိ သစၥာ တခု‌ေတာ့ ေတာင္းခဲ့တယ္ ဆိုးသြမ္းလြန္းနဲ႔ သူေတြကိုေတာ့ အခ ေၾကးေငြ ယူၿပီး ပညာနဲ႔ ျပဳစားခိုင္းခဲ့တယ္ ငါ့ရဲ႕ မေကာင္းမႈေတြက မ်ားေနၿပီ ေကာင္ေလး အခု ငါ မင္းကိုမွာ ခ်င္တာ ရွိတယ္ မင္းက အေမွာင္ ေမွာ္ပညာကို သင္ထားေတာ့ အျဖဴထည္ ‌ေတာ့ မျဖစ္ႏိုင္‌ေတာ့ဘူး ဒါေပမဲ့ မင္းက လူေတြကို ထိခိုက္‌ေအာင္အ‌ေမွာင္ ပညာနဲ႔လည္း မျပဳစားဘူးဆို‌ောတ့ မင္းက အမဲ ေရာင္လည္း မဟုတ္ျပန္ေပဘူး မင္းကို ငါ ဘယ္လိုေျပာရမလဲ လုံးဝ အမဲ ႀကီးေတာ့ မျဖစ္ေစနဲ႔ေပါ့ကြာ ”

“အဲ့တာဆို က်ဳပ္က ဘာေရာင္လဲ အဘ ”

“,အျဖဴလည္း မဟုတ္ဘူး အမဲ လည္း မဟုတ္ဘူးကြာ ဘာအေရာင္ ျဖစ္မလဲ ”

ေမာင္ဘိုးထင္သည္ အမဲမက် အျဖဴမက် အေရာင္ကို ေတြးေနစဥ္ သူ၏ မ်က္လုံးထဲတြင္ ေကာက္႐ိုးပုံကို မီးရႈိ႕၍ ထြက္လာေသာ အေရာင္အား ျမင္ေရာင္လာကာ

“အဘ အဲ့တာဆို မီးခိုးေရာင္လား အဘ ”

ေမာင္ဘိုးထင္၏ စကားကို ဦးအုန္း အေသအခ်ာ ေတြးလိုက္ၿပီး

“ေအးဟုတ္တယ္ မင္းက မီးခိုးေရာင္ ပဲကြ”

“အဲ့တာဆို က်ဳပ္က မီးခိုေရာင္ ေအာက္လမ္း ဘိုးထင္ေပါ့ ”

“ေအးေပါ့ကြာ ”

ေမာင္ဘိုးထင္သည္ သူ႔ကိုသူ သေဘာက်ေနသည္ ၊ သူ၏ စိတ္ထဲတြင္ လည္း ဖိုးေထြးကို အေကာက္ႀကံမည္ ကိစၥကို ေခါင္းထဲ မွ ထုတ္ ျပစ္လိုက္ပါ‌ေလ‌ေတာ့သည္ ။

▪️အခန္း-၆

“ဘိုးထင္ မင္းက သစၥာေဖာက္တာလား ”

“ဘာျဖစ္လို႔လဲ ဗ် ”

“မင္း အရင္ အႀကံတိုင္း ဖိုးေထြးကို လုပ္မယ္ ကြာ အဲ့ေကာင္ ေျမာက္ေျမာက္ လုပ္ေနတာ ၾကည့္မရဘူး”

“ကိုသာရ ခင္ဗ်ား စဥ္းစားၾကည့္ဗ်ာ အခု လူၾကမ္းေနရာကို ကိုဖိုးေထြးက သူကို ေပးဆိုၿပီး အတင္းအၾကပ္ လုယူထားတာ မဟုတ္ဘူးေလ ဇတ္လမ္း ဆရာရယ္ ျပဇတ္ဆရာ ရယ္က ေပးထားတာ က်ဳပ္တို႔က သာ မနာလို ျဖစ္ေနတာ သူနဲ႔ ဘာမွ မဆိုင္ဘူး”

ေမာင္ဘိုးထင္ ၏ စကားၾကားေသာ အခါ သာရ အပါအဝင္ ေပတူး ႏွင့္ သာေအး ၿငိမ္ၿပီး ေတြးေတာေနသည္ ထို႔ေနာက့္ သာရ မွ ေခါင္းကို ညိတ္ကာ

“အဲ့တာေတာ့ ဟုတ္ယတ္ ဖိုးေထြးက ေနရာ လုယူထားတာ မဟုတ္ဘူး”

“ၿပီးေတာ့ ေမ်ာက္ရႈံး႐ြာက က်ဳပ္တို႔ ႐ြာ ရဲ႕ ႐ြာသားျပဇတ္ကို ေႏွာက္ယွက္ ခ်င္ေနတာလို႔ ဘႀကီးလူေလး ေျပာတယ္ေနာ္ ”

“ေအးဟုတ္တယ္ ငါတို႔လည္း ၾကာတာကို ”

“အဲ့တာကို က်ဳပ္တို႔ ကာကြယ္ ရမယ္ ဗ် ”

ေမာင္ဘိုးထင္၏ စိတ္ထဲသို႔ ေကာင္းသည္ စိတ္မ်ား စိုးမိုးေနေပသည္ ၊ သူတို႔ အားလုံး ေမ်ာက္ရႈံး ႐ြာအေၾကာင္း ေျပာေနစဥ္ ဖိုးေထြးတေယာက္ သုတ္သီးသုတ္ပ်ာ ျဖစ္ ေရာက္လာကာ

“သာရ တို႔ ဘိုးထင္တို႔ လုပ္ပါဦးကြာ ”

“ဘာျဖစ္လို႔လဲ ဗ်”

“ျပဇတ္တိုက္ခါနီးမွ ျပဇတ္မင္းသား ကိုမင္းေနာင္ သူ႔အေမ နဲ႔ စိတ္ဆိုးၿပီး အိမ္ေပၚက ဆင္းသြားလို႔တဲ့ကြာ ”

“ဘာ အဲ့ေတာ့ ဘယ္လို လုပ္မလဲ ‘

“ဘယ္လို လုပ္ရမွာလဲ လူႀကီးေတြက ‌ေတာ့ အရီးပ်ိဳ ဆီသြားေနၾကတယ္ ငါတို႔က ကိုမင္းေနာင္ကို လိုက္ရွာၿပီး ေခၚၾကရေအာင္ ”

“ေကာင္းတယ္ က်ဳပ္တို႔ ကိုမင္း‌ေနာင္ကို လိုက္ရွာၾကတာေပါ့ ဗ်ာ ”

ဤသို႔ျဖစ္ ေမာင္ဘိုးထင္တို႔သည္ ျပဇတ္မင္းသား မင္းေနာင္ကို လိုက္ရွာဖို႔ ျဖစ္လာပါေလေတာ့သည္။

▪️အခန္း-၇

သာရ ႏွင့္ ဖိုးေထြး ဦးေဆာင္ၿပီး ေမာင္ဘိုးထင္တို႔သည္ ျပဇတ္မင္းသား မင္းေနာင္ကို ရွာေဖြဖို႔ လမ္းစ ရွာေနၾကရသည္ ၊

“ကိုမင္းေနာင္ သူငယ္ခ်င္း ကိုၾကည္ေအး ရွိတယ္ကြ အဲ့လူဆီဆို သူဘယ္ ေရာက္ေနတယ္ ဆိုတာ သိေလာက္တယ္ ”

“ေအး ႐ြာထဲ မွာဆိုလည္း ကိုၾကည္ေအး နဲ႔ပဲ တတြဲတြဲ ကိုၾကည္ေအးဆီသြားရင္‌ေတာ့ သတိထားရမယ္ ဒီလူႀကီးက ဗလ ေတာင့္တယ္ ဆိုၿပီး အက်ႌ အၿမဲ ခြၽတ္ထားတာ ကိုဖိုးေထြး နဲ႔ ကိုသာရက လူပ်ိဳ ျဖစ္ေနၿပီဆိုေတာ့ ဘာမွ မျဖစ္ဘူး က်ဳပ္တို႔ကိုေတာ့ ဒီလူႀကီးက ကိုင္ကိုင္ ေျမႇာက္ေနတာ သူကို မေတြ႕ေအာင္ မနည္းေရွာင္ေနရတာဗ် ”

ေပးတူး ၏ စကားၾကားေသာ အခါ သာေအး ႏွင့္ ဘိုးထင္ ေခါင္းညိတ္ၿပီး ေထာက္ ခံလိုက္ၾကသည္ ၊ ေပတူးေျပာသည္ မွာ လည္း မလြန္ေပ ေပတူးတေယာက္ ေရပုံး ေရွ႕တပုံး ေနာက္တပုံး ထမ္းၿပီး ေရပ္လာရာ လမ္းတြင္ ကိုၾကည္ေအးႏွင့္ ေတြ႕ၿပီး ေရထမ္းကူမယ္ဟု ေျပာကာ ေရကို သီးသန႔္ မထမ္း ပဲ ေရထမ္း ေနသည္ ့ ေပတူး အား မ ေခၚသြားရာ အေတာ္ကို ဒုကၡမ်ားရသည္ ၊ ကေလးမ်ားေတြ႕က မိုးေပၚေျမႇာက္ၿပီး ဝိတ္တုံးသဖြယ္ မ ေနေလရာ အေတာ္ကို ေပ်ာ္တက္ၿပီး ကေလးခ်စ္တက္ေသာ လူႀကီး ျဖစ္သည္ ၊ ယခု ေတာ့ လမ္း‌တြင္ မေတြ ့ေအာင္ ေရွာင္ေနရေသာ ကိုၾကည္ေအး အိမ္သို႔ သြားရမည္ ျဖစ္ကာ အေတာ္ေတာ့ ရင္ထိတ္ေနရသည္ ။

ဖိုးေထြးသည္ ေရွ႕ဆုံးမွ ကိုၾကည္ေအး ၏ အိမ္ဝိုင္းထဲသို႔ ဝင္းသြားလိုက္သည္ ေနာက္မွ ေမာင္ဘိုးထင္တို႔ မရဲ တရဲ ႏွင့္ ဝင္လိုက္ၾကသည္၊ ကိုၾကည္ေအးသည္ ပုဆိုးကို ခါးေတာင္းက်ိဳက္ထားကာ ေခြၽးသံ ႐ႊဲ႐ႊဲ ျဖစ္ ႐ႊံ ျဖစ္ျပဳလုပ္ထား‌ေသာ ဝိတ္တုန္းႀကီးကို မ ေနကာမွ ေမာင္ဘိုးထင္တို႔ သက္ပ်င္းကိုယ္ဆီခ် လိုက္ၾကကာ အိမ္ေရွ႕ ကြပ္ပ်စ္တြင္ ဝင္ထိုင္လိုက္ၿပီး ကိုၾကည္ေအးကို ၾကည့္ေနေလသည္ ၊ ကိုၾကည္ေအးသည္ အေတာ္ကို ကိုယ္ကာယ ေတာင့္တင္း သန္မာသူျဖစ္သည္ ၊ သူ၏သူငယ္ခ်င္း ကိုမင္းေနာင္ နည္းတူ သိုင္းပညာကိုလည္း အေတာ္ကို လိုက္စားသည္ ႐ြာထဲ တြင္‌ေတာ့ ကိုၾကည္ေအးသည္ ေပ်ာ္ေပ်ာ္ေနတက္ၿပီး သူ၏ မိခင္အား လုပ္ကိုင္ေကြၽးေမြးေနသူျဖစ္သည္ ၊ ကိုၾကည္ေအးသည္ လယ္သူရင္းငွား တေယာက္ျဖစ္ကာ သူရင္း ဒိုင္မ်ား လုရေသာ အလုပ္သမားေကာင္းတေယာက္ျဖစ္သည္ ၊ ယခု ကိုၾကည္ေအးသည္ ေမာင္ဘိုးထင္တို႔ကို ျမင္ေသာ အခါ သူ၏ ပုံစံအတိုင္း ၿပဳံးၿပဳံး ႏွင့္ ႏုတ္ဆက္ ေနေလသည္

“ေဟ့ ဖိုးေထြးတို႔ အဖြဲ႕ ငါ့အိမ္ မလာသဖူး ဘာလုပ္ၾကတာလဲကြ ”

“ဘာလုပ္တာ လဲ ဆိုတာ ေနာက္မွ ေမး ကိုၾကည္ေအးေရ အခု ကိုမင္းေနာင္ ေပ်ာက္ေနလို႔ ျပဇတ္က က‌ရေတာ့မယ္ အခုထိ သူကို မေတြ႕ေသးဘူး လုပ္ပါဦးဗ်ာ ”

“ဒီေကာင္ အရီး နဲ႔ စကားမ်ားျပန္ၿပီ ထင္တယ္ ”

“ဟုတ္တယ္ အရီးပ်ိဳးကလည္း ကိုမင္းေနာင္ကို ေတြ႕တာ နဲ႔ တတြက္တြက္ ေျပာတာဗ်ိဳ႕ ”

“ေျပာလည္း ေျပာခ်င္စရာ ေလကြာ အရီးပ်ိဳ စိတ္ နဲ႔ အဲ့ ေကာင္ မင္းေနာင္ စိတ္နဲ႔က တျခားစီ အရီးပ်ိဳက မုဆိုးမ ဆိုေပမဲ့ မင္းေနာင္ငယ္ငယ္ ေလးကတည္းက ေနာက္အိမ္ေထာင္မျပဳပဲ လယ္ေတြ ယာေတြကို မေပ်ာက္ မပ်က္ ေအာင္ ထိန္းသိမ္း ခဲ့တာ ကြ အခု မင္းေနာင္ လက္‌ေၾကာ မတင္းပုံကို အရီးဘယ္ သေဘာက်လိမ့္မလဲ ‘

ကိုၾကည္ေအးသည္ သူ၏ သူငယ္ခ်င္း ျဖစ္သူကို ျပစ္တင္ေျပာဆို ရင္း ခါးေတာင္က်ိဳက္ကို ျဖည္ၿပီး ပုဆိုး ျပင္ဝတ္ကာ စကားဆက္ဆိုေလသည္

“ကဲ ငါ့ေကာင္ေတြ မင္းတို႔ မင္းေနာင္ ဘယ္မွာ ရွိတယ္ ဆိုတာ သိခ်င္တာ မဟုတ္လား ”

“ဟုတ္တယ္ ဗ်”

“ဘယ္မွာ သြားရွာ မေနနဲ႔ အဲ့ ေကာင္ ေဟာဟိုက ဘိုးထင္ အဘတဲ မွာ ကိုညိဳေမာင္ႀကီး နဲ႔ ေလကန္ ေနၿပီ မင္းတို႔ ၾကက္သား စားခ်င္ရင္‌ေတာ့ လိုက္သြား မနက္ျဖန္ ဒီေကာင္ ျပန္လာလိမ့္မယ္ ငါေျပာတာ မယုံရင္ အရီးပ်ိဳ အိမ္က သြားေစာင့္ေန”

“ဟုတ္ ပါ့မလားဗ်ာ ”

“ၾကည္ေအးပါကြာ ဒီေကာင္ အၾကာင္း ငါအသိဆုံး မင္းတို႔က အခုမွ ျပဇတ္ ကမွာ မို႔လို႔ စိတ္ပူ ေနတာ က်န္တဲ့ သူ‌ေတြ ဘယ္သူမွ စိတ္ မပူဘူး ”

ေအးေဆး တည္ၿငိမ္စြာေျပာေနသည့္ ကိုၾကည္ေအး စကားေၾကာင့္ ေမာင္ဘိုးထင္တို႔ စိတ္ေတာ့ အနည္းငယ္ ေအးသြားၾကသည္ ၊ ကိုၾကည္ေအးေျပာသည္ မွာ ဟုတ္လား မဟုတ္လား ဆိုတာ သိခ်င္ေသာ ေၾကာင့္ ေမာင္ဘိုးထင္တို႔သည္ ကိုညိဳေမာင္ႀကီးရွိေသာ တဲ သို႔ ထြက္လာခဲ့ၾကပါေလတာ့သည္။

▪️အခန္း-၈

ေမာင္ဘိုးထင္တို႔ ကိုညိဳေမာင္တဲသို႔ ေရာက္လာၾကသည္ ၊ ကိုၾကည္ေအးေျပာသည္မွာ မွန္ေပသည္ မင္းေနာင္သည္ ကိုညိဳေမာင္ႀကီး ႏွင့္ ၾကက္သားကာလာသားခ်က္ စားရင္း တေယာက္ ႏွင့္ တေယာက္ ရင္ဖြင့္ေနေလသည္

“ကိုႀကီး ညိဳေမာင္ပဲ စဥ္းစားၾကည့္ဗ်ာ က်ဳပ္က အရက္မေသာက္ဘူး ေလာင္းကစား မလုပ္ဘူး မိန္းမ မရႈပ္ဘူး အဲ့လို လူကို က်ဳပ္အေမက ဘာလို အျပစ္ေတြ ၾကည့္ေျပာေနတာလဲ ဗ်ာ နားမလည္ဘူး ”

“ေအးကြ အဲ့တာေတာ့ ဟုတ္တယ္ မင္း မလုပ္တာ ေတြ ‌ေတာ့ ဟုတ္ပါၿပီ လုပ္တာ ေတြေကာ ေျပာျပဦး ”

“ဟာ ကိုႀကီး ညိဳေမာင္ရ က်ဳပ္က ျပဇတ္မင္းသားပဲ ကိုယ္ကာယ ေလးက်င့္ ႐ုံကလြဲ ၿပီး ဘာလုပ္ရဦးမွာ လဲ ႏြားေတာ့ တခါ တေလေက်ာင္းေပးတယ္ မေက်ာင္းႏိုင္တဲ့ ေန႔ေတြဆို ဒီေကာင္ ေပတူးတို႔ကို ေက်ာင္းခိုင္းတယ္ ”

ကိုညိဳေမာင္ သေဘာေပါက္ၿပီ ျဖစ္သည္ အရီးပ်ိဳလို မိန္းမသား တန္မဲ့ ႀကံ တတန္ကို ကိုယ္တိုင္ တင္ ကိုယ္တိုင္ လွည္းေမာင္းသည့္ အမ်ိဳးသမီးႀကီး အဖို႔ မင္းေနာင္လိုသားမ်ိဳးကို ႐ိုက္မသတ္ ျပစ္တာ ကံေကာင္းသည္ ဟု ေတြးၿပီး ေခါင္းညိတ္လိုက္ေလသည္ ၊သို႔ေပမဲ့ မင္းေနာင္သည္ ကိုညိဳေမာင္ ေခါင္းညိတ္သည္ကို သူအား ေထာက္ခံသည္ ဟု ထင္ေနကာ

“က်ဳပ္ရဲ႕ ခံစားခ်က္ေတြကို ကိုညိဳေမာင္ႀကီး ပဲ နားလည္လို႔ က်ဳပ္ ကိုညိဳေမာင္ႀကီး ဆီလာခဲ့တာ ဗ်ာ ”

“အဲ့ဒါဆို ျပဇတ္ က ဖို႔က ဘယ္လို လုပ္မလဲ ဗ်ာ ”

‌ေမာင္ဘိုးထင္သည္ ေဘးမွ ထိုင္ေနရာမွ ၾကက္သား တဖက္ကို ဆယ္ရင္း စကားေျပာလိုက္ရာ

“မကဘူးကြာ မင္းေနာင္ တန္ဖိုး ဘယ္ေလာက္ရွိတယ္ ဆိုတာ ငါ့အေမ သိေအာင္ထားလိုက္ဦးမယ္ ”

“သေဘာပဲ ဗ်ာ က်ဳပ္တို႔ေတာ့ ျပန္ေတာ့မယ္ ”

“ေဟ့ေကာင္ေတြ မင္းတို႔ ျပန္ရင္လည္း ေအးေဆး ျပန္ ငါ ဒီမွာ ရွိတယ္ ဆိုတာ ဘယ္သူ႔ မွ မ‌‌ေျပာနဲ႔ ၾကားလား ”

“စိတ္ခ်ပါဗ်ာ ဘယ္သူကိုမွ မ‌ေျပာဘူး”

ကိုၾကည္ေအးစကားကို ေမာင္ဘိုးထင္တို႔ ယုံၾကည္သြား၍ မည္သို႔ေသာ ပူပင္ေသာကမ်ားမွ မရွိ‌ေတာ့ပဲ ႐ြာသို႔ ျပန္လိုက္ၾကပါေလေတာ့သည္ ။

▪️အခန္း-၉

ျပဇတ္တိုက္မည္ေန႔ မနက္တြင္ မင္းေနာင္သည္ သူ၏ အိမ္သို႔ ျပန္ေရာက္လာသည္၊ သူ႔တြင္ အေၾကာင္းျပခ်က္ ေကာင္းေကာင္း တခုက ရွိသည္။ ထို အေၾကာင္း ျပခ်က္သည္က သူသာ ျပန္မလာရင္ ႏြားမ်ားအား ေရာင္းကာ ျပဇတ္ ကုန္က် စရိတ္ကို ေလွ်ာ္ေပးရမည့္ အရီးပ်ိဳကို သနားလို႔ ဟုေသာ အေၾကာင္းျပခ်က္ျဖစ္ အေပၚစီးက ျပန္လာခ်င္းျဖစ္သည္ ၊

ယခု ‌ေပပင္႐ြာ၏ ျပဇတ္တိုက္ခ်င္း စေနၿပီ ျဖစ္သည္ ၊ ဇတ္ခုံေလးထိုးထားၿပီး ႐ြာထဲမွ ပန္းခ်ီဆရာ သာရဆရာႀကီး ဘႀကီးတင့္ ၏ လက္ရာမ်ားျဖစ္ေသာ ေနာက္ခံ ပန္ခ်ီမ်ားက အေတာ္ကို အသက္ ဝင္ေပသည္ ၊ ျပဇတ္ ဆရာႀကီး ဦးလူေလးမွ ဇတ္လမ္းေရးဆရာ ဦးသန္းေမာင္ ေပးေသာ စာအုပ္ႀကီးကို ကိုင္ကာ ျပဇတ္ တိုက္ေနၾကသည္ ၊ ၿမိဳ႕မွ ျပဇတ္မင္းသမီး သိမ့္သိမ့္ သူလည္း ေရာက္ေနၿပီ ျဖစ္၏ ၊ သိမ့္သိမ့္သူ၏ မိခင္သည္ သူ၏ သမီးကို ေစာင့္ေရွာက္ရန္ လိုက္လာၿပီး ေပပင္ ႐ြာသားမ်ားကို ေတာက်လြန္း၍ အထင္ေသး‌ေန‌ေလသည္ ၊ ထို႔ေနာက္ မင္းေနာင္၏ သ႐ုပ္‌ေဆာင္ ခ်က္မ်ားကို ၾကည့္ကာ သိမ့္သိမ့္သူ၏ မိခင္ႀကီးသည္ မင္း‌ေနာင္အနားသို႔သြားကာ

“မင္းသား က်မသမီးေလးကို တြဲေခၚေပးပါဦးေနာ္ မင္းသားရဲ႕ သ႐ုပ္‌ေဆာင္ ခ်က္ေတြက ေကာင္းခ်က္ေတာ္ “,

“ရပါတယ္ အသစ္ေလးေတြကို က်ဳပ္က တြဲေခၚေနၾကပါ ”

ဟိတ္ဟန္ေကာင္းလွေသာ မင္းေနာင္ ၏ စကားတြင္ သိမ့္သိမ့္သူ၏ မိခင္ႀကီး ေမ်ာသြားကာ သူ၏ သမီးႏွင့္ပင္ ေပးစား မည့္ အရိပ္အေယာင္ေတာင္ေတြ႕ ေနရသည္ ၊ သူေတာင္းစားေလးမ်ား အျဖစ္ သ႐ုပ္ေဆာင္ရမည္ ေမာင္ျမင့္ ၊ ေအာင္သန္း ႏွင့္ ေက်ာ္လြင္တို႔ သည္ အ‌ေတာ္ကို သ႐ုပ္ပါရာ ေမာင္ဘိုးထင္ သည္ ဇတ္စင္ေအာက္ကေန၍ လက္ခုတ္တီးကာ ‌ေအာ္ဟစ္ အားေပးေနေလသည္

“ေအာင္သန္းတို႔ သ႐ုပ္‌ေဆာင္တာ ေကာင္းခ်က္က‌ေတာ့ကြာ တကယ့္ သူေတာင္းစားေလးေတြၾကေနတာပဲေဟ့ ေပတူးေရ အေႂကြေစ့ ရွိရင္ သြားထည့္လိုက္စမ္းပါကြာ “,

“ဟုတ္တယ္ ဘိုးထင္ ေရ ဒီေကာင္ေတြ ႐ုပ္ခံကိုက သူေတာင္းစား ႐ုပ္ဆိုေတာ့ အေတာ္ လိုက္တယ္ ကြာ ”

ေမာင္ဘိုးထင္တို႔ ေအာ္ဟစ္အားေပးေနမႈေၾကာင့္ ဦးလူေလးသည္ သူတို႔အား ေငါက္ငမ္း ၿပီး ဇတ္စင္ ႏွင့္ ေဝးရာသို႔ သြားခိုင္းထားရသည္ ၊ ဖိုးေထြးသည္က သ႐ုပ္‌ေဆာင္ ပီျပင္ လြန္းလွသည္ မင္းသမီးကို ဆြဲ ရမည္ အခန္း တိုက္ေသာ အခါ ဖိုးေထြး အဆြဲ ၾကမ္းသြားေသာ ေၾကာင့္ မင္းသမီးလက္ျပင္ေၾကာ ငုပ္သြား၍ ႐ြာထဲမွ အႏွိပ္သည္ ေခၚၿပီး လက္ျပင္ေၾကာ ျပန္ေဖာ္ ထားရသည္ ၊ သူတို႔ျပဇတ္ အဖြဲ႕ ထဲ တြင္ အခ်ာဆုံးမွာ ခ်ိဳးသိမ္းသာ ျဖစ္သည္ ျပဴးက်ယ္က်ယ္ မ်က္ႏွာ ႏွင့္ လူမိုက္႐ုပ္ေပါက္ေနေသာ ခ်ိဳးသိမ္းမွာ မင္းသား၏ သူငယ္ ခ်င္း အျဖစ္သ႐ုပ္‌ေဆာင္ရာ အေတာ္ကို ထစ္ထစ္ ေငါ့ေငါ့ ျဖစ္ေနေလသည္ ။

“မင္း မင္းေနာင္ ေဒါသကို ရွည္ရွည္ထား စိတ္ကို ေနာက္မွ ျဖစ္ပါကြာ ”

“ေတာက္ ခ်ိဳးသိမ္း စိတ္ကို ရွည္ရွည္ထား ေဒါသကို ‌ေနာက္မွ ျဖစ္ကြ ဘာေတြ ေျပာေနတာလဲကြာ ”

“ဟုတ္ ဟုတ္ကဲ့ပါ အခုမွ စၿပီး လုပ္တာ ဆို‌ေတာ့ ရင္ထဲ တဒုံးဒုံးနဲ႔ ခုန္ေနလို႔ပါဗ်ာ ”

“ကဲ ထားထား ေနာက္ထပ္ေျပာရမွာက မင္း‌ေနာင္ မင္းနဲ႔ သိမ့္သူ က အလိုက္ဖက္ဆုံးပါ သိမ့္သူ နဲ႔ မင္းနဲ႔ ေပါင္းရဖို႔ ငါႀကိဳးစားမယ္ ကဲေျပာ ”

“ဟုတ္ ကဲ့ ဘႀကီး”

ခ်ိဳးသိမ္းသည္ သက္ပ်င္းကို တခ်က္ခ်လိုက္ကာ မင္းေနာင္ကို ၾကည့္ၿပီး

“မင္း မင္းေနာင္ သိမ့္သူနဲ႔ ငါနဲ႔က အလိုက္ဖက္ဆုံးပါ မင္းနဲ႔ ငါ နဲ႔ ေပါင္း ေပါင္းရဖို႔ ”

“မင္းေမႀကီးေတာ္ မင္းနဲ႔ ငါ နဲ႔ ေပါင္းရဖို႔လား ဒုကၡပါပဲ ကြာ ဒီေကာင္ခ်ိဳးသိမ္းနဲ႔ေတာ့ ”

ဤႀသိဳ ျဖစ္ ႐ြာသားျပဇတ္ တိုက္သည္က ဆဲသံဆိုသံ ရယ္သံေမာ သံမ်ားျဖစ္ ဆက္လက္ ႀကိဳးစား ျပဇတ္တိုက္ ေနၾကပါေလေတာ့သည္။

▪️အခန္း-၁၀

ေပပင္႐ြာ၏ ျပဇတ္ပြဲသည္က ယေန႔ ည စတင္မည္ျဖစ္သည္ ၊ ၿမိဳ႕မွ မီးစက္ ဓတ္စက္ ႏွင့္ ျပဇတ္မင္းသမီး ငွားရမ္းထားေသာ ေၾကာင့္ ႐ြာနီးခ်ဳပ္စပ္မ်ားမွာ ႐ြာသူ႐ြာသာမ်ားပါ လွည္းမ်ား ျဖစ္လာေရာက္ၾကည့္‌ရႈၾကသည္ ၊ ေမာင္ဘိုးထင္တို႔သည္ ဇတ္စင္ ေနာက္သြာလိုက္ ပြဲခင္းထဲ သြားလိုက္ႏွင့္ ေပ်ာ္႐ႊင္ေနၾကသည္ သာရသည္က လွရင္တို႔ မိသားစု ဖ်ာေပၚတြင္ ထိုင္ၿပီး စကားေျပာေနသည္၊ ေမာင္ဘိုးထင္တို႔သည္ ဇတ္စင္‌ေနာက္ သို႔ ျပန္ဝင္လိုက္ၿပီး ဖိုးေထြး အနားသြားကာ

“ကိုဖိုးေထြးက အခုလို အဝတ္အစား အသစ္ေတြ နဲ႔ ၾကေတာ့လည္း ခန႔္သားဗ် လူၾကမ္းလို႔‌ေတာင္ မထင္ရဘူးဗ်ာ ”

“ေဟ့ေကာင္ေတြ ငါက မင္းသား မလုပ္ခ်င္လို႔ပါကြ အခု လူၾကမ္းေနရာ သာ အေကာင္းဆုံးကြ”

“ေအးပါ ဗ်ာ ၿပီးတာ ပဲ ဒါနဲ႔ ဟို နားက ငွက္ေပ်ာ္ပြဲ အုန္းပြဲက ဘာလုပ္ထားတာလဲဗ် ”

“အဲ့ဒါ နတ္တင္ထားတာလို႔ ေျပာတယ္ကြ”

“နတ္တင္ ထားတာလည္း ငွက္ေပ်ာသီးေတြ က ဝင္းမွည့္ေနတာပဲ ေတာ္ၾကာ ႐ြာကေကာင္ေတြ ဝင္လု”

ေမာင္ဘိုးထင္ စကားမဆုံးမီ ပုဆိုးအား သူခိုးေခါင္းစြပ္ သ႑န္ ျပဳလုပ္ထားေသာ လူတေယာက္ ကန္ေတာ့ ပြဲႀကီး မ၍ ေျပးေလေတာ့သည္။

“ဟ ေျပာလို မဆုံးေသးဘူး ဇတ္ကန္ေတာပြဲႀကီး မ ေျပးၿပီ ေဟ့ လုပ္ၾကပါဦးဟ “,

ဖိုးေထြးသည္ အသံခပ္က်ယ္က်ယ္ ေျပာလိုက္ေသာ အခါ ျပဇတ္ဆရာ ဦးလူေလး ေရာက္လာၿပီး

“ဖိူေထြး ဘာျဖစ္တာ လဲ”

“ဘႀကီး တင္ထားတဲ့ ကန္ေတာ့ ပြဲႀကီး မ ေျပးလို႔”

“ေတာက္ ဘယ္ ေသာက္ကျမင္းမသား လည္းကြာ အေရးထဲ ထားလိုက္‌ောတာ့ကြာ ျပဇတ္ စေတာ့မယ္ ဘိုးထင္လာဦး ကန္ေတာ့ ပြဲ မေျပးတာ ႐ိုး႐ိုးသားသား မဟုတ္ေလာက္ဘူး ေမ်ာက္ရႈံး ႐ြာသားေတြ လည္း ျဖစ္ႏိုင္တယ္ မင္း အဘ ကိုအုန္းကို သြားေျပာဦး အေႏွာက္ အယွက္ ေပၚၿပီထင္တယ္ လို႔ ”

“ဟုတ္ ဟုတ္ ဘႀကီး ”

ေမာင္ဘိုးထင္တုိ႔သည္ ျပဇတ္စင္‌ေနာက္မွ ထြက္လိုက္ၾကၿပီး ဦးအုန္းကို လိုက္ရွာေနေလသည္ ၊ အေမွာင္ ရိပ္က်ေသာ အရက္ပုန္းဆိုင္ေလး ထဲ တြင္ အသံ တသံၾကားရ၍ ေမာင္ဘိုးထင္တို႔ နားစြင့္လိုက္သည္

“ကိုျမ ရာ ဒီလို ကေလးေတြ ျပဇတ္ က တာ ေအ့…ျမင္ေတာ့ ငယ္ ”

“ငအုန္း မင္းေမွာက္ၿပီလားကြ မေသာက္တာ‌ၾကာလို႔ထင္တယ္ ကြာ ငါလည္း မရေတာ့ဘူးဟ ”

ေသခ်ာပါသည္ ဘႀကီးျမ အသံ ႏွင့္ ဦးအုန္းအသံ ျဖစ္၍ ‌ေမာင္ဘိုးထင္တို႔ အရက္ပုန္းဆိုင္ေလးထဲဝင္လိုက္ရာ တန္းလ်ားတြင္ ထိုင္ၿပီး စားပြဲေပၚေခါင္းဆိုက္ေနၿပီျဖစ္ေသာ ဦးအုန္း ႏွင့္ ဘႀကီးျမေၾကာင့္ ေမာင္ဘိုးထင္တို႔ တေယာက္မ်က္ႏွာ တေယာက္ ၾကည့္လိုက္ၾကပါေလေတာ့သည္ ။

▪️အခန္း-၁၁

ျပဇတ္သည္ စတင္ေနၿပီျဖစ္သည္ ျပဇတ္ တခန္းမွာတင္ ခ်ိဳးသိမ္း၏ သ႐ုပ္ေဆာင္မႈ ႏွင့္ ေျပာစကားမ်ားေၾကာင့္ ပရိတ္သတ္မ်ား တဝါးဝါး တဟားဟား ျဖစ္ေနၾကေပမဲ့ ျပဇတ္ဆရာ ဦးလူေလးသည္ မ်က္ႏွာပ်က္ ေနၿပီျဖစ္သည္ ၊
မီးေရာင္မ်ား ထိန္ထိန္လင္းေနေသာ ဇတ္စင္ေပၚတြင္ ခ်ိဳးသိမ္းသည္ မ်က္ႏွာေခ်မႈန္႔မ်ား လိမ္းက်ံထားၿပီး ေဖြးျဖဴေနေလသည္ ၊ သူသည္ ပရိတ္သတ္မ်ားဘက္ၾကည့္ကာ

“ဘယ္အခ်ိန္ ရွိၿပီလဲ မသိဘူး နာရီကို ၾကည့္လိုက္ပါဦးမယ္ ”

ခ်ိဳးသိမ္းသည္ ဟန္ပါပါႏွင့္ သူ၏ လက္‌ေကာက္ဝတ္ကို ၾကည့္လိုက္ၿပီး

“ဟ နာရီ ပတ္ဖို႔ ေမ့ေနၿပီဗ်ိဳ႕ ခ‌ဏေလး က်ဳပ္ နာရီး ေနာက္ ထဲ ဝင္ၿပီး ပတ္လိုက္ဦးမယ္ ”

“ဟားး ဟားး ”

အမွန္တကယ္ကို ခ်ိဳးသိမ္း နာရီ ပတ္ဖို႔ေမ့ေနခ်င္းပါ ခ်ိဳးသိမ္း ဇတ္ စင္ေနာက္ ေရာက္သည္ ႏွင့္ စိတ္ႀကီးေသာ ဦးလူေလး သည္ နားရင္းကို တန္းအုပ္ၿပီး နာရီ ပတ္ေပးလိုက္ေလ သည္ ၊ ထို႔‌ောနာက္ ခ်ိဳးသိမ္းသည္ သူ၏ နားရင္းကို ပြတ္ ၿပီး ပရိတ္သတ္ဘက္ၾကည့္ကာ

“ဘယ္အခ်ိန္ ရွိၿပီလဲ မသိဘူး နာရီ ၾကည့္ လိုက္ ဦး မွပါ ”

ခ်ိဳးသိမ္းသည္ လက္မွနာရီကို ဟန္ပါပါၾကည့္ကာ

“ေအာ္ ေတာ္ေတာ္ ထိုးေနၿပီပဲ ဒီခ်ိန္ဆို မင္းေနာင္ ဘာေတြ လုပ္‌ေနပါလိမ့္ ”

ဇတ္စင္ ေနာက္မွ ဦးလူးေလးသည္ ေတာက္ တခ်က္ကို ျပင္းစြာေခါက္ကာ

“နင္ေမႀကီးေတာ္ ေတာ္ေတာ္ ထိုးေနၿပီလား ရွစ္နာရီ လို႔ေျပာရမွာ ဒုကၡပါပဲကြာ ”

ထိုသို႔ ခ်ိဳးသိမ္း တေယာက္ မ်က္ႏွာေခ်ေပၚတြင္ ေခြၽးစီးေၾကာင္းမ်ား ေပၚေအာင္ ေခြၽးမ်ားက်သာ္အထိ ခက္ခဲ စြာ သ႐ုပ္ေဆာင္ေနေလသည္ ၊

ေမာင္ဘိုးထင္ သည္ ေပးတူး ႏွင့္ သာေအးအား ဦးအုန္းကို အမူးေျပေစရန္ ျပဳလုပ္ ထားခဲ့ ခိုင္းၿပီး သူကိုယ္တိုင္ကေတာ့ ပြဲ ခင္း တပတ္ ေလွ်ာက္ၾကည့္ေန၏ ထို႔စဥ္ လွည္းမ်ား ရပ္ထားေသာ လွည္းကြင္းနား တြင္ အမဲေရာင္ အခိုးအေငြမ်ား ေထာင္းေထာင္း ထေန‌ေသာ သရဲတေကာင္ ျပဇတ္ၾကည့္ေနသည္ကို ေတြ႕ရ၍ ေမာင္ဘိုးထင္ ထို သရဲ အနားသို႔ သြားလိုက္ပါေလေတာ့သည္။

▪️အခန္း

“ခင္ဗ်ားက သရဲလား ”

“မင္းငါ့ကို ျမင္ရတာလား ”

“ဟုတ္တယ္ ျမင္ရတယ္ ”

“မင္းငါ့ကို မေၾကာက္ဘူးလား ”

“ဘာလို႔ ေၾကာက္ရမွာလဲ ခင္ဗ်ားက ဘာလုပ္ေနတာလဲ ”

“ငါက ဒီ ျပဇတ္ကို ဖ်က္စီးရမွာ ျပဇတ္ ကေနတဲ့ လူတေယာက္ကို ပူးၿပီး က်န္တဲ့သူေတြကို တိုက္ခိုက္မွာ ”

“ေဝာ္ေတာ္ အရွက္ မရွိတာပဲ ဗ်”

“မင္းဘာေျပာတာလဲ ”

“အရွက္မရွိဘူးလို႔ေျပာတာ လူေတြက ေကာင္းေအာင္သာ မလုပ္တက္တာ မေကာင္းေအာင္ေတာ့ လြယ္လြယ္ေလး လုပ္တက္တယ္တဲ့ ခင္ဗ်ား တို႔ သရဲေတြလည္း တူတူပဲ ျပဇတ္ေကာင္းေကာင္း ကေနတဲ့ သူေတြကို ဖ်က္စီမယ္ဆိုေတာ့ အရွက္မရွိတာပဲ ”

“မင္း မင္း ဘာေျပာတယ္ ”

“ဟုတ္တယ္ေလ ခင္ဗ်ားက ျပဇတ္မွ မကတက္တာ အဲ့ေတာ့ ပြဲကို ဖ်က္‌ေတာ့မွာေပါ့ ”

“ငါ က တက္တယ္ ကြ ငါ သရဲ မျဖစ္ခင္က ျပဇတ္ မင္းသား ”

“သရဲႀကီးေျပာတိုင္း က်ဳပ္က ယုံရမွာလား ”

“ငါတကယ္ေျပာတာ ”

“က်ဳပ္က လက္ေတြ႕ သမား ”

“ေအး အဲ့တာ ဆို ငါလက္ေတြ႕ျပမယ္ မင္းသားသူငယ္ခ်င္း လုပ္တဲ့ အူေၾကာင္ေၾကာင္ ေကာင္ထဲ ငါပူးၿပီး သ႐ုပ္‌ေဆာင္ျပမယ္ မင္းၾကည့္ထား”

အခိုးမ်ား ေထာင္းေထာင္း ထေနေသာ သရဲႀကီးသည္ ဇတ္စင္ေပၚသို႔ ပ်ံဝဲသြားၿပီး ခ်ိဳးသိမ္း၏ ကိုယ္ထဲသို႔ ဝင္ေရာက္ပူးကပ္သြားပါေလေတာ့သည္

▪️အခန္း -၁၂

႐ြာသားျပဇတ္သည္က ေအာင္ျမင္စြာၿပီး ဆုံးသြားၿပီ ျဖစ္သည္ ျပဇတ္ကသူမ်ားထဲ တြင္ လူေျပာ အမ်ားဆုံး သူမွာ ခ်ိဳးသိမ္းကို ျဖစ္သည္ ခ်ိဳးသိမ္း၏ အလို အပို မရွိ သ႐ုပ္ေဆာင္ ခ်က္မ်ားကို လူမ်ား ပါးစပ္ဖ်ားမွ ခ်ီး မြန္း စကားေျပာေနၾကသည္ ၊ ခ်ိဳးသိမ္းသည္က အရက္မူးေျပ ၍ ဇတ္စင္ေနာက္ ေရာက္လာေသာ ဦးအုန္း၏ အနားတြင္ ေခြေခြေလး လဲ ေနေလသည္၊ သာေအး ႏွင့္ ေပတူးသည္ အရက္မူးေနေသာ ဦးအုန္းအား သံပုရာရည္မ်ားေဖ်ာ္တိုက္ သလို စိတ္မရွည္သည့္ ေပတူးက သံပုရာ ရည္မ်ား ဦးအုန္း၏နားထဲ ေလာင္းခ် လိုက္ရာ ဦးအုန္း တေယာက္ ေအာ္ဟစ္ ငိုယိုကာ အမူးေျပ ႐ုံတင္ မက ေဒါသ ပါထြက္ လို႔ ေပတူး ႏွင့္ ‌သာေအးအား ႐ိုက္ ရန္ ဟန္ျပင္ခဲ့ေသးသည္ ၊ သာေအးမွ အလွ်င္ အျမန္ ရွင္းျပ၍ ဇတ္စင္ ဘက္သိူ႔ လိုက္လာၿပီး ခ်ိဳးသိမ္းအား ပူးေနေသာ သရဲအား ျပဇတ္ၿပီး သည္ ႏွင့္ ထုတ္ႏိုင္ခဲ့ ခ်င္းျဖစ္သည္ ၊ ယခုေတာ့ ေပပင္႐ြာ၏ ႐ြာသား ျပဇတ္သည္က ၿပီးၿပီ ျဖစ္သည္၊ ေမာင္ဘိုးထင္တို႔ မသိလိုက္သည္ မွာ လွည္းမ်ားေမာင္း ျပန္သြားေသာ တျခား႐ြာသားမ်ား၏ လွည္းတစီးေပၚမွ လူႏွစ္ေယာက္ ၏ ေျပာစကားမ်ားကို ျဖစ္သည္။

“ေတာက္ ဝင္ပူးခိုင္းတဲ့ သရဲက ျပဇတ္႐ူးျဖစ္ေနရတယ္ လို႔ကြာ ”

“ေအး ဟုတ္တယ္။ ေရခပ္မႀကဳံ ထင္းေခြေတာ့ ႀကဳံမွာ ေပါ့ ကြာ ”

“ေနာက္ လ ေဘာလုံပြဲ ၾကမွ ငါတို႔ ေမ်ာက္ရႈံး ႐ြာ အေၾကာင္း ဒီေကာင္ေတြကို ျပၾကတာေပါ့ကြာ ”

ေမ်ာက္ရႈံး ႐ြာသားႏွစ္ေယာက္ သည္ တဉီး ႏွင့္ တဦး စကားတိုးတိုး ေျပာကာ လွည္းေမာင္း၍ ေပပင္ ႐ြာသားျပဇတ္ မွ ထြက္ခြာ သြားပါ‌ေလ‌ေတာ့သည္။

▪️ေအာက္လမ္းဘိုးထင္ ႏွင့္ ႐ြာသားျပဇတ္ သည္က ဤမွ်သာ မၾကာမီ ေအာက္လမ္းဘိုးထင္ ႏွင့္ ေဘာလုံးၿပိဳင္ပြဲ အမည္ရေသာ ဇတ္လမ္းေလးကို တင္ဆက္ေပးပါမည္ ”

📝ေမာင္တင္ဆန္း

#mgtinsan