Unicode Version
” အောက်လမ်းဘိုးထင် နှင့် ကိုကြည်အေး “(စ/ဆုံး)
——————————————————————
(၂၀)
▪️အခန်း၁
မောင်ဘိုးထင်တေယာက် ဘောလုံးပြိုင်ပွဲ ပြီးဆုံးသွားကတည်းက အိမ်ပြင်သို့သိပ်မထွက် အိမ်ရှေ့ကွပ်ပျစ် တွင်သာ ထိုင်ရင်း တွေးနေငေးနေ တက်လေသည် ၊ အမြဲတမ်း တက်ကြွနေသော မောင်ဘိုးထင် ယခု ငူငူငိုင်ငိုင် ဖြစ်နေသည်ကို သတိထားမိသော ဦးအုန်းမှ စကာဆိုလိုက်လေသည်
“ကောင်လေး ဘိုးထင် မင်းရွာထဲ မသွားဘူးလား သာအေးတို့ လာခေါ်လည်း မလိုက် မင်းဘာဖြစ်နေတာလဲ ပြောစမ်းပါဦး”
“ကျုပ် စိတ်ထဲမှာ ကိုကြည်အေးကို စိတ်ပူနေတယ် အဘ ”
“ဟေး အစမ်းပါလား ဆိုစမ်းပါဦးကွ”
“ကျုပ် ကိုကြည်အေးကို မြင်ရင် ဝမ်းနည်းနေတယ် အဘ ”
“အင်း ငါသဘောပေါက်ပြီ မင်းစိတ်ထဲ ကြည်အေးကို ဆိုးရိမ်နေတာမဟုတ်လား ”
“ဟုတ်တယ်အဘ ”
“ဆိုးရိမ်ရင် မင်းဒီတိုင်း ငိုင်နေလို့ ရမလားကွ သွား မင်းကောင်တွေနဲ့ ဘာလုပ်ရမယ် ဆိုတာ တိုင်ပင်ချေ ”
“ကျုပ်တို့က ဘာလုပ်ရမှာလဲ ပြောပြစမ်းပါဦးဗျာ ”
“မင်းကောင်တွေနဲ့ ကြည်အေးကို စောင့်ကြည့်ကွာ တခုေတာ့ရှိတယ်ကောင်လေး ကံကြမ္မာကိုတော့ ပြောင်းလဲလို့ မရဘူးကွ”
” အဘပြောတာ ကျုပ် နားမလည်ဘူး ကျုပ် စိတ်ထဲမှာ ကိုကြည်အေး ကျုပ်တို့နဲ့ ခွဲသွားေတာ့မယ် လို့ ထင်နေတယ်အဘ ”
“လျှောက်တွေး မနေနဲ့ ကြည်အေးက ထွန်တုံးပိတ်ပြီဆိုတော့ အားနေပြီ အဲ့ေတာ့ မင်းတို့ ကောင်တွေ သူ့ဆီမှာ ကိုယ်ကာယ လေးကျင့် ခန်း သွားလုပ်ကြပေါ့ကွာ ‘
“ဟုတ်တယ် အဘ ကျုပ် ကိုကြည်အေးကို စောင့်ကြည့်ရင်း ကာယ ဗလ ကျင့်ရမယ် တချက်ခုတ် နှစ်ချက် ပြတ်ပေါ့ အဘရယ် ကျုပ်တို့လည်း ဗလ တောင့်လာမယ် ကိုကြည်အေး ကိုလည်း စောင့်ကြည့်ပြီးသားဖြစ်မယ် သိပ်ကောင်းတဲ့ အကြံပဲ အဘ ဒီလိုမျိုးနေရာတွေဆို အကြံကကောင်းတယ် ”
“မင်းရဲ့ ဆရာပဲလေကွာ နာမည် တလုံးနဲ့နေတဲ့ ကိုအုန်းကွ အဲ့လောက်တော့ ရှိမှာပေါ့ ”
“အဘက မြှောက်လို့ကို မရဘူး နည်းနည်း မြှောက်လိုက်တာ နဲ့ မြောက်သွားပြီ အဘ ကြောင့်လည်း ခက်တယ် ဗျာ ”
“ဟေ”
မောင်ဘိုးထင်သည် ဦးအုန်းကို ကြည့်ကာ သူစိတ်ထဲ ဖြစ်နေသည်များကို ဆိုလိုက်ပြီး
လွယ် အိတ်ကို လွယ်ကာ ရွာထဲသို့ ထွက်သွားပါလေတော့သည် ။
▪️အခန်း-၂
ရွာထိပ် ချောင်းဘေးရှိ လက်ပံပင်ကြီး အနားတွင် ပေတူး ၊ အောင်သန်း နှင့် သာအေးတို့ ကုန်းကုန်းကုန်းကွကွ နှင့် တခုခုကို ချောင်းးမြောင်းးကြည့် နေကြသည် ၊ ထိုမြင်ကွင်းကို သူတုိ့အားလိုက်ရှာေနသည့် မောင်ဘိုးထင် တွေ့သော အခါ သူတို့အာနားသို့ တိုးတိုး ကပ်လာပြီး ပေတူး၏ ပုခုံးကို ပုတ်လို့ စကားပြောမယ် ဟန်ပြင်လိုက်စဉ် ပေတူးမှ မောင်ဘိုးထင်အား စကားမပြောပဲ တိုးတိုးနေရန် အချက်ပြလိုက်ကာ သူ၏လက်ညိုးဖြစ် လက်ပံပင် ဟိုဘက်ခြမ်းကို ထိုးပြနေသည် ၊ ထို့ကြောင့် မောင်ဘိုးထင်သည် ပေတူးတို့နည်း တူ ကုန်းကုန်းကွကွ နှင့် တောင်လေးပေါ်ပေါက်နေသော လက်ပံပင်ကြီး၏ အောက်ခြေသို့ ကြည်လိုက်ပါသည် ။ မောင်ဘိုးထင်တို့ မြင်ကွင်းတွင် ရိုးရိုးလေးနှင့် လှနေသော အပျိုလေး လှရင်သည် ပုဆိုးတိုတို ဝတ်ထားသော သာရအား ကျောပေး ထိုင်ပြီး စိတ်အလိုမကျဖြစ်ကာ ဆူပုတ်နေလေသည် ၊သာရသည် သူ၏ ခေါင်းကို တချက် နှစ်ချက် မျှ ကုတ်လိုက်ပြီး
“လှရင် ငါ ရှင်းပြပါရစေ”
“ဘာရှင်းပြမှာလဲ နင်နဲ့ပြဇတ် မင်းသမီးရဲ့ ဇတ်လမ်းကို ရပ်ကြော် ရွာကြော် အကုန်သိနေတာကို ”
‘အဲ့တာ ခက်တာပဲ ငါက နင်ကလွဲပြီး တခြားတယောက် မရှိပါဘူးဟာ ”
“အဲ့တာဆို ဟိုပြဇတ်မင်းသမီးက နင့် ကို ပုဝါ နဲ့ စာ ဘာလို့ ပေးခဲ့တာလဲ ”
“ဟိုကောင် ဖိုးထွေး ရှုပ်ထားတာဟ ဒီကောင်က ပြဇတ်မင်းသမီးကို ပြဇတ်ထဲမှာ တင်မကဘူး အပြင်မှာပါ ညားချင်နေတာ။ မိကျော့ကို လည်းလက်မလွှတ်နိုင် သိမ့်သိမ့်သူကိုလည်း လက်မလွှတ်နိုင် ဖြစ်နေတာဆိုေတာ့ ဒီကောင်က သိမ့်သိမ့် သူကို သူ့ကိုယ်သူ ဖိုးထွေး လို့ မပြောပဲ သာရလို့ ပြောထားတာလေ ငါက နင့်ကလွဲပြီး ဘယ်မိန်းကလေးကို မှ အနီးကပ်မကြည့်ချင်လို့ ပြဇတ်တောင် ဝင်ကတဲ့ ကောင်မဟုတ်ဘူးဆိုတာ နင်သိသာနဲ့း ”
သာရ၏ ပလီပလာစကားများ ကြားသော အခါ ချောင်းကြည့်နေသော မောင်ဘိုးထင် ပါးစပ်ယားလာလေသည် ၊ မင်းသမီးကို မကိုင်ရ မဖက်ရလို့စိတ်ဆိုးပြီး ပြဇတ်မကသော သာရမှာ အခုေတာ့ ပြဇတ်မင်းသမီးကိုတောင် သေချာမကြည့်ချင်လို့ ပြဇတ်မကချင်းဟုဆိုနေလေသည် ၊ ယောက်ျားများ၏ မာယာသည်ကလည်း အံ့မခန်းဖြစ်သည် ဟု မောင်ဘိုးထင် တွေးရင် သာရတို့၏ အခြေအေနကို ဆက်ပြီးချောင်းကြည့်နေလိုက်ပြန်သည် ၊ သာရ၏ အပြောကို သဘောခွေ့သွားသော လှရင်သည် ပြုံးချင်ချင် မျက်နှာကို မပြုံးမိအောင် တည်ရင်း
“နင် ဘာပြောပြော မယုံဘူး နင် နဲ့ ဖိုးထေွးက အတူတူ ပဲ ”
“မတူပါဘူးဟာ ဖိုးေထွးက ဖိုးထွေး ဟော့ဒီက သာရက သာရပါ”
“မသိဘူး နင်ကို လည်း မယုံဘူး ”
“ယုံပါ လှရင်လေးရယ် ”
“ဟဲ ့ ဟဲ့ နင်ဘာလုပ်တာ လဲ “,
“ပုခုံးလေးဖက်တာ လေ “,
“နင့်ကို ဘယ်သူ ဖက်ခိုင်းလို့လဲ နင်ေနာ် လက်မပါနဲ့”
“လက်က အကျင့် ပါသွားလို့ပါ ဟ “,
“တော်ပြီး တော်ပြီ ငါ ပြန်ေတာ့ မယ် နင်ပုံစံကြီး ကြည့်ရတာ ငါကြောက်လာပြီ”
လှရင်သည် သူမ၏ ပုခုံးကို မသိမသာ ဖက်လာသော သာရ၏ လက်ကို ဖယ်ရင်း သာရ၏ မျက်နှာကြီးကို ကြည့်ကာ စကားဆိုနေစဉ် လက်ပံပင် တဖက်ခြမ်းမှ မောင်ဘိုးထင်၏ စကားသံပေါ်လာလေသည်။
“အမလှရင် မြန်မြန်ပြန် အမလူကြီးက ပြဇတ်မင်းသမီး ကိုတောင်ကြံတဲ့ သူကြီးဗျ ”
“ဘိုးထင် နင် နင် တို့ ဘာလုပ်တာလဲ ”
“ပေတူးတို့ကို ရှာရင်း ဒီကောင်တွေ ကုန်းကုန်း ကုန်းကုန်းနဲ့ အမလှရင် တို့ကို ရှောင်းနေတာ တွေ့လို့ ကျုပ်လည်း ဝင်ချောင်းတာပါ ”
“မသာလေးတွေ နင်တို့ နင်တို့ ”
လှရင်သည် သူတို့ အနားကို လှမ်းလာသော မောင်ဘိုးထင်ကို ဆဲဆိုပြီး ပြေးထွက်သွားလေသည်၊ သာရသည် ေမာင်ဘိုးထင်ကိုကြည့်ကာ
“မင်းကတော့ ဒုက္ခပေးပေါင်း များပြီကွာ ဒီလိုတွေ့ရဖို့ ငါ ဘယ်လောက်ရင်းထားရတယ် ထင်လဲ သူနဲ့ အတူတူ ရေခပ်တဲ့ ဟာမလေးတွေကို ကြံပွ တချပ်ဆီပေးထားရတာကွ တောက်…သွားပါပြီကွာ ”
“နောက်မှ နှာထဗျာ အခု ကျုပ်ကိုသာရတို့နဲ့ တိုင်ပင်စရာရှိတယ် ”
မောင်ဘိုးထင်၏ တည်ကြည်သော စကားကြောင့် သာရတို့ မောင်ဘိုးထင်စကားကို စိတ်ဝင် တစားနားထောင်ရန် ဟန်ပြင်လိုက်ကြသည် ၊ မောင်ဘိုးထင်သည် လက်ပံပင်ကြီး ကိုမော့ကြည့်ရင်း စကားဆိုလာသည်
“ကျုပ် တက်ထားတဲ့ ပညာတွေ ကြောင့်လား မသိဘူး ကိုကြီးကြည်အေးကို မြင်ရင် ဝမ်းနည်းနေတယ် ကိုကြီးကြည်အေး ဒုက္ခတခုခု နဲ့ တွေလိမ့်မယ် ထင်တယ်ဗျာ အဲ့တာ ကျုပ်တို့ ခင်ဗျားတို့ ကိုကြီးကြည်အေးကို စောင့်ရှောက် ပေးရအောင် ကျုပ် ကိုကြီးကြည်အေးကို ကြည့်ရင် ဝမ်းမနည်းေတာ့တဲ့ အချိန်ထိပေါ့ ”
“အင်းကွာ မင်းက အေလးအနက် စကားဆိုနေတယ် ဆိုတော့ ငါတို့ မငြင်းပါဘူး မနက်ဖြန် ဖိုးထွေးကို ခေါ်ပြီး ငါလာခဲ့မယ် မင်း အစီအစဉ် တိုင်းလုပ်ကြတာပေါ့ ကွာ ”
ထို့နောက် မောင်ဘိုးထင်တို့သည် ကိုကြည်အေး ၏အကြောင်းကို ပြောရင်း လက်ပံပင်ကြီးကို ချန်ရစ်ကာ ရွာထဲသို့ ပြန်လာလိုက်ကြပါလေတော့သည်။
▪️အခန်း-၃
မောင်ဘိုးထင်တို့သည် ဖိုးထွေး နှင့် သာရ၏ ဦးဆောင်မှုဖြစ် ကိုကြည်အေး အိမ်သို့ စကားတပြောပြော နှင့် ချီတက်လာေနသည် ၊ သူတို့ နှင့် မလှမ်း မကမ်းတွင် ရွာထဲမှာ လယ်ပိုင်ရှင် ကပ်စေနှဲ ဒေါ်တင်လှိုင် ဆဲဆိုရင်း ဦးတင်လှိုင် အိမ်မှ ထွက်လာလေသည် ၊ စပ်စုတက်သော မောင်ဘိုးထင်တို့ သည် ဒေါ်တင်လှိုင် အနားသွားကာ
“အရီး ဘာတွေ ဒေါသ ဖြစ်နေတာလဲဗျ ကျုပ်တို့ ဘာကူညီရမလဲ ”
“နင်တို့ ကူညီချင်ရင် အသက်ကြီးပြီး ပါးစပ်က ပေါက်ကရတွေပြောတဲ့ တင်လှိုင်ဆိုတဲ့ အေကာင်ကို သွားရိုက်ချေ ငါ့တိုင်းငါ လင်မလို ချင်လို့ အပျိုကြီး လုပ်နေတာ ငါ့ကို စ လို့ရမယ် ထင်နေတာ တင်လှိုင်ဆိုတဲ့ အကောင်ကို တသက်လုံး အလုပ် မခိုင်းတော့ဘူး ကြည်အေးကို ပဲ အလုပ်သွားပေးတော့မယ် ”
“အရီး ဘာဖြစ်တာ လဲပြောခဲ့ ဦးလေ ”
ဒေါ်တင်လှိုင်သည် မည်သည့်စကားမှ မောင်ဘိုးထင် တို့အား ထပ်မပြော ဒေါသထွက်နေသော ခြေလှမ်းများဖြစ် မောင်ဘိုးထင်တို့ အား ကျောခိုင်းပြီး ထွက်သွား လေတော့သည် ၊ ဒေါ်တင်လှိုင် ထွက်သွားသည့်တိုင် စပ်စုနေသော မောင်ဘိုးထင်အား ဖိုးထွေးသည် လက်ဆစ်နှင့် ခေါင်းကိုခေါက်ကာ
“မင်းဆိုတဲ့ ကောင်က လျှာကို ရှည်တယ် သူတိုင်းသူ ဘာဖြစ်ဖြစ်ပေါ့ မင်း နဲ့ ဘာဆိုင်လဲ ”
“ဆိုင်တော့မဆိုင်ဘူးပေါ့ဗျာ ဒါပေမဲ သိချင်တာပေါ့ဗျ”
မောင်ဘိုးထင် နှင့် ဖိုးထွေးစကားပြော နေစဉ် သူတို့အနားသို့ ဦးတင် လှိုင် ရောက်လာပြန်သည် ၊ သူ၏ ပါးစပ်မှ လည်း
“ညတင်လှိုင် ကျုတ်ပေါတာ နင့်ဖင်ခါမှလာမိပေါ်တာပါ ဘာခြစ်ယိုယဲဂျာ’
ဦးတင်လှိုင်သည် စကားမပီသူဖြစ်ရာ သူ၏ ပြောစကားများကို အမြဲတမ်း သူနှင့် စကားပြောဆို ဆက်ဆံနေသူမှ နားလည်မည်ဖြစ်သည် ၊ ဦးတင်လှိုင်မှ ထိုသို့ပြောနေသော အခါ ဖိုးထွေးသည် ဦးတင်လှိုင်အား
“ဦးကြီး ဘာဖြစ်တာ လဲ ဗျ ”
“ညတိပါဘူးကွာ နာ့တို ညတင်လှိုင် ညတ်ညိတ် လှာခေါ်တာ နာက နင့်ဖင်ခါ မှ လာမှည် ကြောတာ တူက ချိတ်ချိုးတွားတိကွ”
ဖိုးထွေးသည် ခေါင်းကိုကုတ်ပြီး သာရကို ကြည့်ကာ ဘာပြောတာလဲ ဟု မျက်လုံးအကြည့်ဖြစ် မေးလိုက်ေလသည် ၊ သာရမှာ သူတို့၏ အိမ်တွင် လူငှားအကြာကြီးလုပ်ဖူးသော ဦးတင်လှိုင်ပြောစကား ကို နာလည်သည် ၊ ထို့နောက် သာရသည်
“သူ့ကို မတင်လှိုင် မြတ်ရိတ်ဖို့လာခေါ်တယ်တဲ့ သူက နင့်ဖင်ခါ အယ် ဟုတ်ပါဘူး နက်ဖန်ခါ မှ လာမယ်ပြောတာ စိတ်ဆိုးသွားတယ် လို့ပြောတာ ”
ထိုအခါမှ မောင်ဘိုးထင်တို့သည် ဒေါ်တင်လှိုင် ဦးတင်လှိုင်ကို ဘာကြောင့် စိတ်ဆိုးလဲ ဆိုတာ သိရှိသွာလေသည် ၊ နက်ဖန်ခါ ဆိုသော စကားလုံးကို ဦးတင်လှိုင်ပြောရာ စကားမပီ၍ အပျိုကြီး သူထင်ချင်တာ ထင်ပြီး သဲသဲလှုပ် စိတ်ဆိုးသွားချင်းဖြစ်သည် ၊ ထို့နောက် သာရသည် ဦးတင်လှိုင်ကို အကျိုးအကြောင်း ရှင်းပြကာ အိမ်သို့ပြန်စေပြီး သူတို့သည်က ကိုကြည်အေး၏ အိမ်သို့ ဆက်သွားလိုက်ကြပါလေတော့သည်။
▪️အခန်း-၄
မောင်ဘိုးထင်တို့ ကိုကြည်အေး၏ အိမ် ဝိုင်းဝရောက်သောအခါ ဒေါ်တင်လှိုင်သည် ကိုကြည်အေးအိမ်မှာ ထွက်လာလေသည် ၊ သာရသည် ဒေါ်တင်လှိုင်ကိုမြင်သော အခါ စကားဆိုလေသည်
“အရီး ဦးကြီးတင်လှိုင်ကို စိတ်မဆိုးပါနဲ့ ”
“တော်စမ်းသာရ အဲ့လူအကြောင်း မပြောစမး်နဲ့ ”
“တကယ်ပါ သူက နက်ဖန်ခါကြမှ လာမယ် ပြောတာပါ သူကစကားမပီတော့ အရီးထင်သလိုတွေ ကြားနေရတာ ”
“မသိဘူး ဒင်းက အဲ့စကားကို ငါ့ကို သေချာကြည့်ပြီး သုံးခါလောက်ပြောတာဟဲ့ ငါမကျေနပ်ဘူး ဒါပဲ ငါသွားပြီ”
စိတ်ဆိုးမပြေသေးသော ဒေါ်တင်လှိုင်သည် မောင်ဘိုးထင်တို့ကို ကျောခိုင်းပြီး ထွက်သွားပြီဖြစ်သည် ၊ ထို့ကြောင့် မောင်ဘိုးထင်တို့လည်း ကိုကြည်အေးအိမ်ဝိုင်းထဲ ဝင်လိုက်တော့သည် ၊ ကိုကြည်အေး၏ အိမ်လေးရှေ့တွင်ရှိ ကွပ်ပျစ်တွင် ကိုကြည်အေး၏ မိခင်ကြီး ကြီးတော်အေး ပြောင်းဖူးဖက်ဆေးလိပ်ကြီးကို ဖွာရင်း ထိုင်နေလေသည် ၊ ကြီးတော်အေးသည် မောင်ဘိုးထင်တို့ကို မြင်သောအခါ ဒူးတဖက်ထောင်ရင်း ဆေးလိပ်ဖွာနေရာမှ ဆေးလိပ်ကြီးကို လက်ကကိုင်ရင်း စကားဆိုလာလေသည်
“ဟေ့ ကာလာသားပေါက်စတွေ နင့်အကိုကြီးဆီလာကြတာလား ”
“ဟုတ်တယ် ကြီးတော်ကြီး ”
“အေး အဲ့တာဆိုလည်း ခဏစောင့်ဦး နင်တို့ အကိုကြီးက ထမင်းအိုးတည်နေတယ် မလုပ်နဲ့လို့ပြောတာလည်း မရပါဘူးအေ ”
“ဟုတ်လားကြီးတော်ကြီး ကျုပ်တို့အထင် ကိုကြီးကြည်အေး မိန်းမများယူတော့မလို့လား မသိဘူးနော် ”
“ငါက ယူစေချင်တာပါတော် ယူဖို့လည်း သင့်နေပါပြီ အခုချိန်ထိ ငါ့ကို စိတ်မချလို့တဲ့ တော်ရေ မိန်းမယူရင် သူမိန်းမ နဲ့ ငါနဲ့ မတည့်မှာ ဆိုးပြန်တဲ့ သတဲ့ ”
ကြီးတော်အေး နှင့် မောင်ဘိုးထင်တို့ဘစကားပြောနေစဉ် အိမ်ပေါ်မှာ သူ၏ ထုံးစံအတိုင်း အင်္ကျီချွတ်နှင့် ကိုကြည်အေး ဆင်းလာလေသည် ၊ ေမာင်ဘိုးထင်သည် ယခု အချိန်ထိ ကိုကြည်ေအးကို ကြည့်သောအခါ ဝမ်းနည်း နေပြန်ရာ မျက်ရည်များတေွပင် ဝဲ တဲ့ အဆင့် ထိရောက်နေလေသည် ၊ ကိုကြည်အေးသည် မောင်ဘိုးထင်တိူ့ကို ပြုံးပြီး သူတို့အနားလာကာ စကားဆိုလေသည်
“ဟေ့ကောင်တွေ ထူးထူး ရှားရှား ဘာလာလုပ်ကြတာလဲကွ “,
“ကျုပ်တို့ ကိုကြီး ကြည်အေးဆီမှာ ကာယာဗလ သင်ချင်လို့ပါ ”
“မင်းတို့ ဘယ်လို ဖြစ်တာလဲကွာ အရင်က မသင်ချင်ပါဘူး ”
“လူစိတ်လေဗျာ အပြောင်း အလဲကေတာ့ မြန်တာပေါ့ ”
“ဟုတ်ပါပြီ ဘယ်သူ သင်မှာလဲ ”
“အကုန်သင်မှာ ဗျ”
“အေးကွာ အဲ့တာဆိုလည်း သင်ကြတာပေါ့ အခုတော့ ငါမအားသေးဘူးကွ နေ့လယ် လောက်ကြမှ လာခဲ့ကြကွာ ”
“ဟ ကျုပ်တို့က တနေကုန်သင်မှာ ဗျ ဒီမှာပဲနေမှာ အိပ်ချိန် ရောက်မှပြန်မှာ ”
ကိုကြည်အေးသည် တေယာက်တပေါက် အားကြိုးမာန်တက် စကားဆိုနေသော မောင်ဘိုးထင်တို့ကို ကြည်ကာ ပြုံရယ်ပြီး
“မင်းတို့ကလည်း ထမင်းစားချိန် ရောက်နေပြီကွ ငါချက်ထားတာလည်း အမေနဲ့ ငါ့အတွက် ပဲ ဆိုတော့ ”
“မစားပါဘူးဗျာ ကျုပ်တို့က ကာယ ဗလ ပဲ သင်မှာပါ ”
ကိုကြည်အေးမှာ အနုနည်း နှင့် ပြန်ခိုင်းသည်ကို ပြန်ရန် လမ်းမမြင်သော မောင်ဘိုးထင်တို့အား ကြီးတော်အေးမှ ခပ်မာမာ စကားဆိုလာသည်
“ဟဲ့ ကောင်လေးတွေး ထမင်းစားပြီးမှ ပြန်လာကြ ငါ့သားက နင်တို့ကို ပြန်ခိုင်းနေတာနော် ငါ့သားက အားနာတက်တယ် ငါကတော့ အားမနာတက်ဘူး ပြန်ဆိုပြန်လိုက် ဟောဟိုမှာတွေ့လာ ခွေးပစ်တဲ့ တုတ်တွေ အဲ့တာတွေက နင်တို့ အဖို့ ဖြစ်သွားမယ် ”
ကြီးတော်အေးသည် စိတ်မြန်လက်မြန်ကြီးဖြစ်ရာ မောင်ဘိုးထင်တို့ အထွန့်မတက်ရဲပဲ ကိုယ့် အိမ်သို့ ကိုယ်ပြန်လိုက်ကြရပါလေတော့သည် ။
▪️အခန်း-၅
မောင်ဘိုးထင်တို့သည် အိမ်သို့ပြန်လိုက်ကြပြီး ထမင်းအမြန်စားကာ သူတို့ စုနေကြ မန်ကျည်းပင်ကြီးတွင် စုရုံးလိုက်ကြသည် ၊ကျန်သူများ အားလုံး ရောက်နေပြီ ဖြစ်ပေမဲ့ သာရသည် မရောက်သေးပေ ၊ ထို့ကြောင့် သူတို့ သာရအား စောင့်နေကြသည် ၊ မောင်ဘိုးထင်သည် သာရအားစောင့်နေရင်း စိတ်မရှည်ဖြစ်ကာ
“ကိုသာရကလည်းဗျာ ချက်ချင်းပြန်လာပါဆို အခုထိမလာသေးဘူး ”
“ဘိုးထင်ရာ စိတ်လျှော့စမး်ပါ ကိုကြည်အေးလည်း ဘယ်မှ သွားမှ မဟုတ်ပါဘူးကွ မင်းစိတ်ပူတာ လွန်နေတာ ဖြစ်မယ် ”
“မဟုတ်ဘူး ကိုဖိုးထွေး ကျုပ်စိတ်ထဲမှာ တကယ်ကို တမျိုးကြီးဖြစ်နေတယ် ဗျာ ”
“မင်း ကို ငါတို့ နားလည်ပါတယ် သာရအမေ အ ကြောင်း လည်းသိသားနဲ့ ဟိုခိုင်း ဒီးခိုင်း တော်တော် လုပ်တာကို ”
မောင်ဘိုးထင်တို့ စကားတပြောပြော နှင့် သာရ အလာကို စောင့်နေကြသည် ၊ အတန်ကြာမှ သာရသည် သွတ်လတ်သော ခြေလှမ်းများဖြစ် ေမာင်ဘိုးထင်တို့အနားရောက်လာပြီး
“ဟေ့ကောင်တွေ ငါ့အမေက အလုပ် နည်းနည်း ခိုင်းနေလို့ ေနာက်ကျသွားတယ်ကွာ ”
“လာလာ သွားကြရအောင် ”
လူစုံပြီမို့ ခြေလှမ်းခပ်မြန်မြန်လျှောက်ကာ ကိုကြည်အေး၏ နေအိမ်သို့ သွားလိုက်တော့သည်၊ ကိုကြည်အေး နေအိမ်ရောက်သောအခါ ကွပ်ပျစ်တွင် ထိုင်နေသော ကြီးတော်အေးအား တွေ့ရသည် ကြီးတော်အေးသည် ၊ ပြောင်းဖူးဖက် ဆေးလိပ်ကြီးကို ဖွာရင်း
“ကောင်လေးတွေ နင်တို့အကိုကြီးက သူကို့စောင့်နေပါတဲ့ မတင်လှိုင် မြက်ရိတ်ခိုင်းလို့ မြတ်သွားရိတ်တယ် “,
“ဗျာ ဘယ်ကို သွားရိတ်တာ လဲ အရီး ကျုပ်တို့ လိုက်သွားလိုက်မယ် ”
“နင်တို့ အဲ့လို ပြောမယ် မှန်းသိလို့ တယောက်ကို ဒိုက် ဆယ်ခါ ထိုးဖို့ ငါ့မှာခဲ့တယ် သွား ဒီုက်ထိုးကြ ”
မောင်ဘိုးထင်တို့သည် ကြီးတော်အေး ပြောသည့်အတိုင်း ဒိုက် ထိုးပြီး ကိုကြည်အေး အလာကို စောင့်နေလေကြသည်၊ ဒိုက်ဆယ်ခါ သည်က ပြည့်ပြီဖြစ်သည် ၊ သူတို့သည် ကိုကြည်အေး၏ သရက်ပင် အရိပ်အောက်တွင် ထိုင်ပြီး ကိုကြည်အေးအလာကို စောင့်နေလေသည် ၊ မောင်ဘိုးထင်သည်က ဂနာမငြိမ်
“ကိုဖိုးထွေး ကျုပ်တို့ ကိုကြီးကြည်အေး မြက်ရိတ်တဲ့ နေရာကို လိုက်သွားကြရအောင်ဗျာ ကြာနေပြီ”
“နေစမ်း ပါဦးကွာ မြက်တထုံးသွားရိတ်တာ ချက်ချင်းတော့ ပြန်လာလို့ ရမလားကွ သွားရ လာရ နဲ့ တော်တော်တော့ကြာမှာပေါ့ မင်းက လွန်ကို လွန်ပါတယ်ကွာ ”
“ခင်ဗျားတို့ မသိဘူးနော် ကျုပ်နေရာ ခင်ဗျားတို့ ဝင်ခံစားခိုင်းကြည့်လို့ရရင် ကောင်းမယ် ကျုပ် ချစ်ခင်ရတဲ့ သူတွေအားလုံးထဲက ဘယ်သူကိုမှ ကျုပ် မခွဲ သွားစေချင်ဘူး အခု ကျုပ်စိတ်ထဲ ခံစားနေရတာက ကိုကြီးကြည်အေး ကျုပ်တို့ကို ခွဲသွားေတာ့မဲ့ ခံစားချက်ကြီးဗျ ကျုပ် နေလို့မေကာင်းဘူးဗျာ ”
“အေးပါ ဘိုးထင်ရာ ငါမင်းစကားကို နားလည်ပါတယ် ငါတို့ စောင့်ကြည်ကြတာပေါ့ ကွာ ကိုကြီးကြည်အေး ဘာမှ မဖြစ်ပါဘူးကွာ ”
ဖိုးထွေးသည် မောင်ဘိုးထင်ကို နှစ်သိမ့်ကာ တခြား အကြောင်း အရာများပြောင်းပြီး စကားပြောနေကြသည် ၊ သူတို့ နှင့် မလှမ်း မကမ်းတွင်ေတာ့ ကြီးတော်အေးသည် ပြောင်းဖူးဖက် ဆေးလိပ်ကြီးကို ခဲ ရင်း တခုခုကို တွေး၍ နေပါလေတော့သည် ။
▪️အခန်း-၆
ကိုကြည်အေးသည် ဒေါ်တင်လှိုင်မှ မြက်တထုံး အရေးတကြီး လိုသည်ကြောင့် ရေတွင်းဖြူဘက်ရှိလယ်ကန်သင်း ရိုးများပေါ်တွင် မြက်ရိတ်နေလေသည် ၊ ကိုကြည်အေးသည် သူ၏ လေးကျင့်ခန်းများကို အင်မတန် ယုံကြည်သူဖြစ်သော ကြောင့် သာမာန်လူတွေ နှင့် သူ မတူဘူးဟု ခံယူထားသူဖြစ်သည် ၊ သူသည် မင်းနောင်နှင့် အတွင်းအား ကျင့်စဉ်များပါ ကျင့်ကြံထားရ ကိုယ်ခံအား အင်မတန်ကောင်းသူဖြစ်သည်ဟုလည်း သူ့ကိုသူ ထင်နေသည် ၊ ကိုကြည်အေးသည် ပုဆိုးကို တိုတို ဝတ်ကာ မြတ်များကို ဂျိုးချိတ် (မြက်ရိတ်သော တံစဉ်အတို) နှင့် ရိတ်နေလေရာ မြက်တထုံး ရလုပြီး ဖြစ်သည် ထိုချိန် သူ၏ ဂျိုးချိတ်ကိုင်ထားသော လက်မှ ဆစ်ခနဲ နာကြင်သွား၍ လက်ကို ချက်ချင်း ရုတ်ပြီး ကြည့်လိုက်ရာ လက်မ အနားတွင် အစွယ်ရာ အပေါက် နှစ်ပေါက် နှင့် သွေးစလေးများထွက်နေသည် ကို တွေ့လိုက်ရသည်၊ ထို့ေကြာင့် သူ့အား ပိုးထိ သည်ကို သိလိုက်သည် သို့ပေမဲ့ ကိုကြည်အေး မတုန်လှုပ် လက်ကို ခါလိုက်ပြီး ပိုးထိုခံထားရသော နေရာအား ပါးစပ်နှင့် စွဲဆုတ်လိုက် ထွေးထုတ်လိုက် လေးငါးခါလောက် လုပ်လိုက်ပြီး မြက်ကိုသာ ဆက်ရိတ်နေလေသည် ၊ အတန်ကြာသော အခါ မြက်တထုံးစာ ရပြီဖြစ်၍ မြက်များကို စုပြီး ထုံးလိုက်ကာ မြက်ထုံးအား တယောက်တည်း ပင့်ပြီး ရွက်လို့ ရွာသို့ ပြန်လာပါတော့သည် ။
ကိုကြည်အေး အတွက် အိမ်အပြန်လမ်းသည် အရင်ကထက် ဝေးနေသည်ဟုခံစားနေရသည် ၊ ဒီလမ်း ဒီခရီး သူသွားနေကြဖြစ်ပေမဲ့ ယခုမှု ရင်တွေပူပြီး ရေဆာနေလေသည် ၊ သူရဲ့ ခြေထောက်တွေ သည်လည်း မသယ် ချင်လောက်အောင် ဖြစ်နေရသည် ၊ ဒေါ်တင်လှိုင်အိမ်သို့ မြက်ထုံးကို တန်းပို့မည်ဟု သူတွေးထားပေမဲ့ ယခုေတာ့ ပိုလို့ မဖြစ်နိုင်ပေ ထို့ကြောင့် သူသည် မြက်ထံုးကို သူ၏ အိမ်သို့သာ ရွက်သွားလိုက်ပါလေေတာ့သည် ။
▪️အခန်း-၇
မောင်ဘိုးထင်တို့သည် ကိုကြည်အေးအား လည်တမောမော နှင့် မျှော်နေလေသည် ၊ မကြာသော အချိန် တွင် ကိုကြည်အေးသည် မြက်ထုံးကို ရွက်ပြီး အိမ်ဝိုင်းထဲ ဝင်လာလေသည် ၊ အိမ်ဝိုင်းထဲရောက်သည် နှင့် ကိုကြည်အေးသည် မြက်ထုံးကို ပစ်ချလိုက်ကာ သူ၏ မိခင် ထိုင်နေသော ကွပ်ပျစ်တွင် လှဲ လိုက်ပြီး
“အမေ ကျုပ် ရေတအားဆာ နေတယ် ကျုပ်ကို ရေခပ်ေပးပါလား ”
“ငါသားလည်း ချွေးတွေ ရွှဲနေပါလား အမေေရခပ်ပေးမယ် ခဏ နေရေချိုးလိုက် နင်ဆီ တပည်ခံ ချင်တဲ့ ကောင်တွေက လည်တမော့မော့ နဲ့စောင့်နေတယ် ငါ့သားပင်ပန်း နေရင်လည်း ဒီကလေးတွေကို ပြန်ခိုင်းလိုက်ရမလား ”
“ရတယ် အမေ ကျုပ်ကို ရေလေး မြန်မြန် ခပ်ပေးပါ”
ကြီးတော်အေးသည်လည်း ကွပ်ပျစ်မှ မတ်တတ်ထရပ်လိုက်ကာ မီးဖိုချောင် ထဲရှိ ရေအိုးစင်မှ ရေသွားခပ်လိုက်လေသည် မောင်ဘိုးထင်တို့သည် ကွပ်ပျစ်တွင် လှဲနေသော ကိုကြည်အေး အနားသွားကာ
“ကိုကြီးကြည်အေးကလည်းဗျာ မြက်ရိတ်သွားမယ်ဆိုပြောမှပေါ့ ကျုပ်တို့လည်း လုပ်ကူမှာပေါ့ ဗျ”
“ရပါတယ်ကွာ မင်းတို့ကို ပင်ပန်းနေမှာဆိုးလို့ပါ ”
ကိုကြည်အေးသည် စကားကို အားယူပြီးပြောနေလေရာ ဖိုးထွေးသည် ကိုကြည်အေး၏ မျက်နှာကို သေချာ ကြည့်လိုက်လေသည် ချွေးများ ဒီးဒီးကျနေပြီး ဝေဒနာ တရပ်ကို ကြိတ်မှိတ်ခံစားနေရပုံပေါ်နေသည့် အတွက် ကိုကြည်အေး၏ နဖူးကို စမ်းလိုက်ပြီး
“ကိုကြီးကြည်အေး ဘာဖြစ်လို့လဲဗျာ ကိုကြီး ကိုကြည့်ရတာ တခုခု ဖြစ်နေပုံပဲ ”
“အေးကွာ ငါ့လက်ကို မြွေကိုက်သွားတယ် ထင်တယ် ကွာ ”
“ဗျာ ကိုကြီးကြည်အေး အဲ့တာကို ဘာလို့ အေစာကတည်းက မပြောတာလဲဗျာ ကိုသာရ လာ ဆေးဆရာကြီးကို သွားခေါ်ရအောင် ”
“ဟေ့ကောင်တွေ မခေါ် နဲ့ အမေကို မပြောနဲ့ ဘာမှ မဟုတ်တာ လေးနဲ့ စိတ်ပူနေလိမ့်မယ် ”
“ဘာမဟုတ်ရမှာလဲဗျ ပိုးထိတာ လေဗျာ ”
“ငါ့ ကို ရေပေးပါ အမေရေသွားခပ်တာ မလာသေးဘူး လားကွာ ”
“ကိုကြီး ကြည်အေး အားတင်းထား ကျုပ်တို့ဘကြီးစံဦး သွားခေါ်မယ် ခဏ နော် ခဏ”
မောင်ဘိုးထင် နှင့် သာရသည် ကိုကြည်အေး အိမ်ဝိုင်းထဲ မှ အားကုန် ပြေးထွက်၍ သွားပါလေတော့သည်။
▪️အခန်း-၈
မောင်ဘိုးထင် နှင့် သာရသည် ဆေးဆရာကြီး ဦးစံဦးအား ပင့်ဆောင်လာလေသည် ၊ ဦးစံဦးအား မောင်ဘိုးထင်မှ အမြန်သွားခိုင်းလေရာ အပြေးတပိုင်းနှင့် လမ်းလျှောက်နေရသည် ၊ မကြာသောအချိန်တွင် ကိုကြည်အေး၏ အိမ်ဝိုင်းထဲသို့ရောက်လာလေသည် ၊ သူတို့ ေ ရာက်သွားချိန်တွင်တော့ ရွာထဲမှ လူအတော်များပင် ရောက်နေပြီဖြစ်သည်၊ ဆရာကြီး ဦးစံဦးသည် ကွပ်ပျစ်ပေါ်တွင် လဲနေသော ကိုကြည်အေးအား အသေအချာစမ်းသပ် ပြီးသော အခါ ခေါင်းကို ခါလိုက်ပြီး
“အချိန်တွေ နှောင်းကုန်ပြီ မအေးရေ ဒီ ထပ်စောစော လေး ကျုပ်သိရင် ကျုပ်ကယ် နိုင်မယ် ထင်ပါတယ် ဗျာ “,
“အဲ့ အဲ့တာ ဆို ကျမ ကျမသားက ”
“ဆုံးပြီး မအေး ”
ဦးစံဦးမှ ဆုံးပြီ ပြောသောအခါ ကြီးတော်အေး၏ အော်ဟစ်ငိုကြွေးသံက ထွက်ပေါ်လာလေသည် ၊ မောင်ဘိုးထင်သည် အသက်ကင်းမဲ့နေပြီး ဖြစ်သော ကိုကြည်အေး ရုပ်အလောင်းကို ကြည့်ကာ မျက်ရည်များကျလာပြီး သူဘေးတွင် ရှိသော သာရအား တွန်းထုတ်လိုက်ပြီး
“ကိုသာရ ခင်ဗျားကြောင့် ကျုပ်တို့ ခင်ဗျားကိုေစာင့်နေလို့ ကိုကြီးကြည်အေး မြက်သွားရိတ်တာကို မတားနိုင်တာ ”
သာရသည် လည်း အေနာက်ကို ယိုင်သွားပေမဲ့ မောင်ဘိုးထင်အား စိတ်ဆိုးချင်းမရှိ မည်သည့်စကားမှ မပြောပဲ ကွပ်ပျစ်ပေါ်မှ ကိုကြည်အေး၏ အလောင်းကိုသာ ကြည့်နေလေသည် ၊ ထို့ေနာက် မောင်ဘိုးထင်သည် သူ၏ ပါးကို သူပြန်ရိုက်နေ၍ ဖိုးထွေးတို့ ဆွဲထားလိုက်ပြီး
“ဘိုးထင် စိတ်ေလျှာ့ပါကွာ ”
“ကျုပ်က ကိုကြီးကြည်အေး တခုခု ဖြစ်တော့မယ် ဆိုတာ ကြိုသိပြီး မတားနိုင်ဘူးဗျာ ကျုပ် ကျုပ် တားနိုင်ရမှာ ကျုပ်က အလကားကောင် ပဲ ”
ထိုစဉ် ကိုကြည်အေး၏ အိမ်ဝိုင်းထဲသို့ ရွာလူကြီး နှင့် ဦးအုန်း ဝင်လာလေသည် ဦးအုန်းသည် ငိုယိုနေသော မောင်ဘိုးထင်အနားသို့လာကာ
“လူလေး ဘိုးထင် မင်းခံစားချက်ကို ငါနားလည်ပါတယ်ကွာ ဒါပေမဲ့ တချို့ အရာတွေက ငါတို့တားလို့ မရဘူးကွ ဖြစ်ချိန်တန်ရင် ဖြစ် ပျက်ချိန်တန်ရင် ပျက်ကြမှာ ကြည့်ပဲ ကွာ ဖိုးထွေး မင်းတို့ကောင်ကို အိမ်ပြန်ပြီး နားခိုင်းလိုက်ပါဦးကွာ ကျန်တာ ရွာလူကြီး စီစဉ်ပါလိမ့်မယ် မင်းတို့ ပြန်နားကြဦး ”
ဖိုးထွေးတို့သည် မောင်ဘိုးထင်၏ ပုခံုးကို ဖက်ကာ ကိုကြည်အေး အိမ်ဝိုင်းထဲမှ ထွက်လိုက်ကြသည် ထိုစဉ် ကိုကြည်အေး အိမ်ဝိုင်းအနားတွင် ဒေါ်တင်လှိုင် နှင့် စုံသော အခါ မောင်ဘိုးထင်သည်ဒေါတင်လှိုင်ကို စူးရဲစွာကြည့်ပြီး စိတ်ဆိုးဒေါသထွက်ကာ စကားဆိုလိုက်လေသည်
“ခင်ဗျားကြီး မြက်ရိတ်ခိုင်းလို့ ကိုကြီး ကြည်အေးသေရတာ ခင်ဗျားကြောင် ကျုပ်တို့ ကိုကြီးကြည်အေးသေရတာ ”
ဒေါတင်လှိုင်သည် မည်သည့်စကားမှ ခွန်းတုန့်မပြန် စိတ်မကောင်းသော မျက်နှာဖြစ် ကိုကြည်အေးအိမ်ဝိုင်းထဲ ဝင်သွားလေ၏ ၊ ဖိုးထွေးတိူ့သည်လည်း မောင်ဘိုးထင်ပုခုံးကို ဖက်ကာ သူတို့ အားလုံး၏ မျက်ဝန်း မှ မျက်ရည်များစီးကျကာ ဦးအုန်း၏ အိမ်သိူ့ ထွက်သွားကြပါလေတော့သည် ။
▪️အခန်း-၉
ဦးအုန်း၏ အိမ်ရှေ့တန်းလျား နှင့် ကွပ်ပျစ်တွင် မောင်ဘိုးထင်တို့ အိပ်နေကြသည် ၊ တခြားသူများသည် အိပ်ပျော် မပျော် မသိပေမဲ့ မောင်ဘိုးထင်သည်က အိပ်ပျော် နေပြီ ဖြစ်သည် ၊ သူသည် ရှိုက်ကြီးတငင် ငိုကျွေးကာ အိပ်ပျော်သွားချင်းဖြစ်သည် ၊ တချို့သူများသည် မောင်ဘိုးထင်ကို အကဲပိုသည်ဟုထင်ကောင်း ထင်နေနိုင်သည် ၊ သို့ပေမဲ့ မောင်ဘိုးထင်၏ ခံစားချက်ကို ထိုသူများ နားလည်နိုင်မည် မထင်ပေ ၊ မောင်ဘိုးထင်သည် ကိုကြည်အေး မဆုံးခင်ကတည်းက ကိုကြည်အေးကို မြင်တိုင်း ဝမ်းနည်းပူဆွေးနေရသည် မှာ ကိုကြည်အေး ဆံုးတောမည်ဟု ပြောသော ရှေ့ပြေး နမိတ်များ ဖြစ်နိုင်ပေသည ်၊ ကိုကြည်အေး တခုခု ဖြစ်မည်ကို သိသိကြီးနှင့် မကယ်တင်နိုင်သည့်အ တွက် မောင်ဘိုးထင် ယူကြုံးမရဖြစ်နေချင်းဖြစ်သည် ၊ ထို့ကြောင့်ရှိုက်ကြီး တငင် ငိုကြွေးရင် အိပ်ပျော်သွားချင်းဖြစ်သည် ၊အိပ်ပျော်နေသော မောင်ဘိုးထင် ၏ အိပ်မက်ထဲတွင်ေတာ့ ကိုကြည်အေးသည် ဝတ်ကောင်းစားလှများကို ဝတ်ဆင်းပြီး သူအားခေါ်နေလေသည်
“ဘိုးထင် ဟေ့ဘိုးထင် ”
“ကို ကိုကြီးကြည်အေး ခင်ဗျား မသေဘူးေန ာ််”
“အဲ့တာတွေ ပြောမနေပါနဲ့ကွာ ငါအခုမင်းကို လာနုတ်ဆက်တာ ”
“ဗျာ ကိုကြီးကြည်အေးက ဘယ်သွားမှာမို့လဲ ဗျ”
“ငါ့ကောင်ရ ငါ့ကို မိန်းမေချာလေးတွေက ငါ့ လာခေါ်နေပြီကွ ချောချက် လှချက်ကောတ့ကွာ ငါတို့ရွာ မပြောနဲ့ တို့နယ်က ဘယ် မိန်းကေလးေတွမှ မမှီနိုင်ဘူးဟ ငါခဏနေ သူတို့ောနက် လိုက်သွားရတော့မှာဟ ငါက မင်းတို့ကို သတိရလို့နုတ်ဆက်တာ ကျန်တဲ့ကောင်တွေကို လည်းပြောလိုက်ဦး ငါနုတ်ဆက်တယ် လို့ ”
“အေးပါဗျာ ကိုကြည်အေး ဝမ်းမနည်းဘူးလားဗျာ ကျုပ်တို့ကေတာ့ ဝမ်းနည်းလို့ ငိုလိုက်ရတာဗျာ ”
“ငါအမေကို ထားခဲ့ ရမယ်ဆိုတော့ စိတ်မကောင်းတော့ ဖြစ်တာပေါ့ကွာ ဒါပေမဲ့ ငါ့ကို လာခေါ်နေတဲ့ သူတွေက ပျော်ရွှင်နေတာကွ ငါလည်း သူတို့ကို ကြည့်ပြီး ပျော်နေရော ကောင်ရေ ငါသွားေတာ့မယ်ကွာ မင်းတို့ လည်း ငါ့ကြောင့် ပူဆွေး မနေကြတော့နဲ့ အမေ့ကို ပြောလိုက်စမ်းပါဦး အရီးတင်လှိုင် စီမှာ ငါစုထားတဲ့ ငွေလေးတွေ ရှိတယ် လို့ အဲ့တာ ယူသုံးလိုက်ဖို့ ပြောပေကွာ ပြီးေတာ့မင်းတို့လည်း ငါ့အမေကို ဂရုစိုက်လိုက်ပါဦးကွာ ”
“စိတ်ချပါဗျာ စိတ်ချ ကျုပ်တို့ ဂရုစိုက်ပါမယ် ”
“သွားပြီ ဘိုးထင်ရေ ကံ မကုန်သေးရင်တော့ ပြန်ဆုံကြတာပေါ့ကွာ ”
ကိုကြည်အေးသည် ထိုသိူ့ ပြောပြီး အလင်းစက်များ အဖြစ်သိူ့ ပြောင်းလဲက တဖြည်းဖြည်းပျောက်ကွယ် သွားလေတော့သည် ၊
“ကိုကြီး ကြည်အေး ကိုကြီးကြည်အေး”
မောင်ဘိုးထင်၏ အလန့်တကြားအော်သံကြောင့် ဖိုးထွေးတို့ အိပ်နေရာမှ ကမန်းကတန်း ထလိုက် ပြီးေ မာင်ဘိုးထင်ကို ကြည့်ကာ
“ဘိုးထင် ဘာဖြစ်လို့လဲကွ”
“ကျုပ် အိပ်မက် မက်နေတာပါ ဘာမှ မဟုတ်ပါဘူး ”
မောင်ဘိုးထင် သူကိုသူ အံ့ဩနေပြန်သည် ၊ယခု သူပူဆွေး ချင်း မရှိတော့ပြန်ပေ ၊ သို့ပေမဲ့ သတိရစိတ်တော့ ရှိသေး၏ ၊ ထို့ေနာက် အိမ်မက် ထဲတွင် ဝတ်ကောင်းစားလှများ ဝတ်ဆင်ထားသော ကိုကြည်အေးကို မြင်ယောင် ပြီးး ပြုံးလိုက်မိပါလေတော့သည်။
▪️အခန်း-၁၀
ကိုကြည်အေး၏ အသုဘသည်က ကောင်းမွန်စွာ ပြီးဆုံးသွားပြီဖြစ်သည် ၊ အသုဘ လိုက်ပို့ပေးကြသော ရွာသားများသည် ကိုကြည်အေးအား နှမျော တ သစွာ ရှိနေကြသည် ၊ များသောအားဖြစ် လောကီလူသားများသည် ရှိစဉ်က ဆိုးကွက်ကို ရှာကြပြီး သေသည်အခါ မှ ကောင်းကွက် ကို ရှာပြီး ချီးကျူးတက်ကြသည် ၊ သို့ေပမဲ့ ယခု ကိုကြည်ေအးသည်က အသက်ရှင်စဉ်က လည်း သူ၏ ဆိုးကွက် ကို ရှာမရ သလို ဆုံးပါးသွားေသာလည်း ဆိုးကွက်ကို ရှာ မရပေ ၊ သေမင်းသည် အကောင်းကြိုက်လွန်းလှပေသည် ၊ မိခင်ကြီး ပင်ပန်းမှာ ဆိုး၍ ထမင်းတောင် ကိုယ်တိုင် ချက်ပေးသော သူ ၊ မိန်းမယူရင်တောင် မိခင် နှင့် မသင့်မြတ်မှာ ဆိုးသည်က တကြောင်း မိခင်ကြီးကို လုပ်ကိုင်ကျွေးမွေး ပြုစုရာမှာ လစ်ဟာမှာဆိုးသည့် သူမှ သေမင်းသည် စောစော စီစီခေါ်သွားလေပြီ ဖြစ်သည် ၊ ယခု ကိုကြည်အေး၏ အိမ်ဝိုင်ထဲ ရှိ ကွပ်ပျစ်တွင် ကြီးတော်အေး ထိုင်ပြီး ပြောင်းဖူးဖက် ဆေးလိပ်ကြီးကို ဖွာရှိုက်ကာ တွေးငေး နေလေသည် ၊ မောင်ဘိုးထင်တို့သည် ကြီးတော်အေး အနားထိုင်လိုက်ကြချိန် ကြီးတော်အေးမှ စကားဆိုလာသည်
“ကောင်လေးတွေ နင်တို့ အကိုကြီးလည်း မရှိတော့ဘူး ဘာလာလုပ်တာလဲ ”
“ကျုပ်ကို အိပ်မက်ေပးပြီး ကိုကြီးကြည်အေး ပြောသွားတာ ရှိလို့ပါ ”
“အေး ပြောစမ်းပါဦး ဟဲ့ ”
မောင်ဘိုးထင်သည် သူ၏ အိပ်မက်အကြောင်း ကြီးတော်အေး ကို ပြောပြလိုက်လေသည် ၊ ထိုအခါ ကြီးတော်အေးသည် ပြုံးပြုံး ပြုံးပြုံး နှင့် နားထောင်ကာ
“ငါ့သား အခုတော့ အဝတ်ကောင်းစားလှတွေ ဝတ်ပြီပေါ့ ငါဘယ်လောက် အင်္ကျီ အသစ်ဝယ်ပေး ဝယ်ပေး သူက မဝတ်ပါဘူး အခုေတာ့ မိန်းမချောလတွေ လာခေါ်တယ်ဆိုတော့ ဝတ်ရပြီပေါ့ အင်းး မတင်လှိုင်က ငါ့ကို ငွေတွေ လာပေးပြီပါပြီ ဘဝ ကူးသွားတဲ့ အချိန်ထိ ငါ့အတွက်ကို ကြည့်သွားသေးတာပဲ ဘာဖြစ်ဖြစ် ငါ စိတ်ချမ်းသာတယ် သူအခု ဘိုးထင် ပြောပုံအရ ကောင်းရာ မွန်ရာကို ရောက်သွားပုံပဲ ငါ့ကို ပင်ပင်ပန်းပန်း လုပ်ကျွေးပြုစုရတဲ့ ဝဋ် ငါ့သားကြီး ကျွတ် ပြီပေါ့ဟယ်”
ကြီးတော်အေးသည် မောင်ဘိုးထင်တို့အား အငိုမျက်လုံး အပြုံးမျက်နှာ နှင့် သူ၏ သာဖြစ်သူ ကိုကြည်အေးအကြောင်း စကားဆိုနေပါလေတော့သည်။
▪️အခန်း-၁၁
ပျောက်သောသူ ရှာရင်တွေ့ သေသောသူ ကြာရင်မေ့ ဆိုစကားနဲ့ အညီ မောင်ဘိုးထင်တိူ့လည်း အချိန်အနည်းငယ် ကြာသည်နှင့် ကိုကြည်အေးအကြောင်း အမြဲ မပြောဖြစ်တော့ပါ ၊ နွားကျောင်း လိုက် ငှက်ပစ်လိုက် နှင့် အရင်လို ပုံမှန် ပျော်ရွှင်နေကြပြီး ဖြစ်သည် ၊ မောင်ဘိုးထင်တို့ တနေ့သော နေ့လယ်ခင်းတွင် ရွာလယ်ရှိ မန်းကျည်းပင်အရိပ်တွင် လောက်စလုံး လှိမ်နေချိန်
“ကြံပွသည်ဗျို့ ဆန်နဲ့လဲတယ် ပဲနဲ့လဲတယ် ဗျို့”
ကြံပွသည်ကြီးသည် မောင်ဘိုးထင်တို့ လောက်စလုံးလှိမ်နေရာမှာ ကျော်သွားပြီး ရွာထဲသို့ ဈေးလိုက်ရောင်း နေပါသည် ၊ ကြံပွသည်ကြီး၏ အေနာက်သို့ စပ်စပ်ထိ မခံ မယ်လှတို့ အဖွဲ့ ခပ်လှမ်းလှမ်း မှ လိုက်ပါ သွားသည်ကို မောင်ဘိုးထင်တေယာက် မြင်လိုက်ရပါလေတော့သည် ။
▪️အောက်လမ်းဘိုးထင် နှင့် ကိုကြည်အေး သည်က ဤမျှသာ မကြာမီ အောက်လမ်းဘိုးထင် နှင့် ကြံပွသည်အမှု အမည်ရသော ဝတ္ထုဇတ်လမ်းလေးအား တင်ဆက်ပေးပါမည်။
📝မောင်တင်ဆန်း
#mgtinsan
Zawgyi Version
——————————————————————
(၂၀)
▪️အခန်း၁
မောင်ဘိုးထင်တယောက် ဘောလုံးပြိုင်ပွဲ ပြီးဆုံးသွားကတည်းက အိမ်ပြင်သို့သိပ်မထွက် အိမ်ရှေ့ကွပ်ပျစ် တွင်သာ ထိုင်ရင်း တွေးနေငေးနေ တက်လေသည် ၊ အမြဲတမ်း တက်ကြွနေသော မောင်ဘိုးထင် ယခု ငူငူငိုင်ငိုင် ဖြစ်နေသည်ကို သတိထားမိသော ဦးအုန်းမှ စကာဆိုလိုက်လေသည်
“ဟုတ်တယ်အဘ ”
“မင်းကောင်တွေနဲ့ ကြည်အေးကို စောင့်ကြည့်ကွာ တခုတော့ရှိတယ်ကောင်လေး ကံကြမ္မာကိုတော့ ပြောင်းလဲလို့ မရဘူးကွ”
” အဘပြောတာ ကျုပ် နားမလည်ဘူး ကျုပ် စိတ်ထဲမှာ ကိုကြည်အေး ကျုပ်တို့နဲ့ ခွဲသွားတော့မယ် လို့ ထင်နေတယ်အဘ ”
“လျှောက်တွေး မနေနဲ့ ကြည်အေးက ထွန်တုံးပိတ်ပြီဆိုတော့ အားနေပြီ အဲ့တော့ မင်းတို့ ကောင်တွေ သူ့ဆီမှာ ကိုယ်ကာယ လေးကျင့် ခန်း သွားလုပ်ကြပေါ့ကွာ ‘
“ဟေ”
▪️အခန်း-၂
“လှရင် ငါ ရှင်းပြပါရစေ”
သာရ၏ ပလီပလာစကားများ ကြားသော အခါ ချောင်းကြည့်နေသော မောင်ဘိုးထင် ပါးစပ်ယားလာလေသည် ၊ မင်းသမီးကို မကိုင်ရ မဖက်ရလို့စိတ်ဆိုးပြီး ပြဇတ်မကသော သာရမှာ အခုတော့ ပြဇတ်မင်းသမီးကိုတောင် သေချာမကြည့်ချင်လို့ ပြဇတ်မကချင်းဟုဆိုနေလေသည် ၊ ယောက်ျားများ၏ မာယာသည်ကလည်း အံ့မခန်းဖြစ်သည် ဟု မောင်ဘိုးထင် တွေးရင် သာရတို့၏ အခြေအနေကို ဆက်ပြီးချောင်းကြည့်နေလိုက်ပြန်သည် ၊ သာရ၏ အပြောကို သဘောခွေ့သွားသော လှရင်သည် ပြုံးချင်ချင် မျက်နှာကို မပြုံးမိအောင် တည်ရင်း
“နင် ဘာပြောပြော မယုံဘူး နင် နဲ့ ဖိုးထွေးက အတူတူ ပဲ ”
“မတူပါဘူးဟာ ဖိုးထွေးက ဖိုးထွေး ဟော့ဒီက သာရက သာရပါ”
“ယုံပါ လှရင်လေးရယ် ”
“ဟဲ့  ဟဲ့ နင်ဘာလုပ်တာ လဲ “,
“ပုခုံးလေးဖက်တာ လေ “,
“နင့်ကို ဘယ်သူ ဖက်ခိုင်းလို့လဲ နင်နော် လက်မပါနဲ့”
“တော်ပြီး တော်ပြီ ငါ ပြန်တော့ မယ် နင်ပုံစံကြီး ကြည့်ရတာ ငါကြောက်လာပြီ”
လှရင်သည် သူတို့ အနားကို လှမ်းလာသော မောင်ဘိုးထင်ကို ဆဲဆိုပြီး ပြေးထွက်သွားလေသည်၊ သာရသည် မောင်ဘိုးထင်ကိုကြည့်ကာ
“ကျုပ် တက်ထားတဲ့ ပညာတွေ ကြောင့်လား မသိဘူး ကိုကြီးကြည်အေးကို မြင်ရင် ဝမ်းနည်းနေတယ် ကိုကြီးကြည်အေး ဒုက္ခတခုခု နဲ့ တွေလိမ့်မယ် ထင်တယ်ဗျာ အဲ့တာ ကျုပ်တို့ ခင်ဗျားတို့ ကိုကြီးကြည်အေးကို စောင့်ရှောက် ပေးရအောင် ကျုပ် ကိုကြီးကြည်အေးကို ကြည့်ရင် ဝမ်းမနည်းတော့တဲ့ အချိန်ထိပေါ့ ”
“အင်းကွာ မင်းက အလေးအနက် စကားဆိုနေတယ် ဆိုတော့ ငါတို့ မငြင်းပါဘူး မနက်ဖြန် ဖိုးထွေးကို ခေါ်ပြီး ငါလာခဲ့မယ် မင်း အစီအစဉ် တိုင်းလုပ်ကြတာပေါ့ ကွာ ”
▪️အခန်း-၃
မောင်ဘိုးထင်တို့သည် ဖိုးထွေး နှင့် သာရ၏ ဦးဆောင်မှုဖြစ် ကိုကြည်အေး အိမ်သို့ စကားတပြောပြော နှင့် ချီတက်လာနေသည် ၊ သူတို့ နှင့် မလှမ်း မကမ်းတွင် ရွာထဲမှာ လယ်ပိုင်ရှင် ကပ်စေနှဲ ဒေါ်တင်လှိုင် ဆဲဆိုရင်း ဦးတင်လှိုင် အိမ်မှ ထွက်လာလေသည် ၊ စပ်စုတက်သော မောင်ဘိုးထင်တို့ သည် ဒေါ်တင်လှိုင် အနားသွားကာ
“နင်တို့ ကူညီချင်ရင် အသက်ကြီးပြီး ပါးစပ်က ပေါက်ကရတွေပြောတဲ့ တင်လှိုင်ဆိုတဲ့ အကောင်ကို သွားရိုက်ချေ ငါ့တိုင်းငါ လင်မလို ချင်လို့ အပျိုကြီး လုပ်နေတာ ငါ့ကို စ လို့ရမယ် ထင်နေတာ တင်လှိုင်ဆိုတဲ့ အကောင်ကို တသက်လုံး အလုပ် မခိုင်းတော့ဘူး ကြည်အေးကို ပဲ အလုပ်သွားပေးတော့မယ် ”
“ဦးကြီး ဘာဖြစ်တာ လဲ ဗျ ”
ဖိုးထွေးသည် ခေါင်းကိုကုတ်ပြီး သာရကို ကြည့်ကာ ဘာပြောတာလဲ ဟု မျက်လုံးအကြည့်ဖြစ် မေးလိုက်လေသည် ၊ သာရမှာ သူတို့၏ အိမ်တွင် လူငှားအကြာကြီးလုပ်ဖူးသော ဦးတင်လှိုင်ပြောစကား ကို နာလည်သည် ၊ ထို့နောက် သာရသည်
▪️အခန်း-၎
“တော်စမ်းသာရ အဲ့လူအကြောင်း မပြောစမ်းနဲ့ ”
“ဟုတ်တယ် ကြီးတော်ကြီး ”
ကြီးတော်အေး နှင့် မောင်ဘိုးထင်တို့ဘစကားပြောနေစဉ် အိမ်ပေါ်မှာ သူ၏ ထုံးစံအတိုင်း အင်္ကျီချွတ်နှင့် ကိုကြည်အေး ဆင်းလာလေသည် ၊ မောင်ဘိုးထင်သည် ယခု အချိန်ထိ ကိုကြည်အေးကို ကြည့်သောအခါ ဝမ်းနည်း နေပြန်ရာ မျက်ရည်များတွေပင် ဝဲ တဲ့ အဆင့် ထိရောက်နေလေသည် ၊ ကိုကြည်အေးသည် မောင်ဘိုးထင်တို့ကို ပြုံးပြီး သူတို့အနားလာကာ စကားဆိုလေသည်
“လူစိတ်လေဗျာ အပြောင်း အလဲကတော့ မြန်တာပေါ့ ”
“အကုန်သင်မှာ ဗျ”
ကိုကြည်အေးသည် တယောက်တပေါက် အားကြိုးမာန်တက် စကားဆိုနေသော မောင်ဘိုးထင်တို့ကို ကြည်ကာ ပြုံရယ်ပြီး
▪️အခန်း-၅
“ဘိုးထင်ရာ စိတ်လျှော့စမ်းပါ ကိုကြည်အေးလည်း ဘယ်မှ သွားမှ မဟုတ်ပါဘူးကွ မင်းစိတ်ပူတာ လွန်နေတာ ဖြစ်မယ် ”
မောင်ဘိုးထင်တို့ စကားတပြောပြော နှင့် သာရ အလာကို စောင့်နေကြသည် ၊ အတန်ကြာမှ သာရသည် သွတ်လတ်သော ခြေလှမ်းများဖြစ် မောင်ဘိုးထင်တို့အနားရောက်လာပြီး
“ဟေ့ကောင်တွေ ငါ့အမေက အလုပ် နည်းနည်း ခိုင်းနေလို့ နောက်ကျသွားတယ်ကွာ ”
“လာလာ သွားကြရအောင် ”
“ခင်ဗျားတို့ မသိဘူးနော် ကျုပ်နေရာ ခင်ဗျားတို့ ဝင်ခံစားခိုင်းကြည့်လို့ရရင် ကောင်းမယ် ကျုပ် ချစ်ခင်ရတဲ့ သူတွေအားလုံးထဲက ဘယ်သူကိုမှ ကျုပ် မခွဲ သွားစေချင်ဘူး အခု ကျုပ်စိတ်ထဲ ခံစားနေရတာက ကိုကြီးကြည်အေး ကျုပ်တို့ကို ခွဲသွားတော့မဲ့ ခံစားချက်ကြီးဗျ ကျုပ် နေလို့မကောင်းဘူးဗျာ ”
ဖိုးထွေးသည် မောင်ဘိုးထင်ကို နှစ်သိမ့်ကာ တခြား အကြောင်း အရာများပြောင်းပြီး စကားပြောနေကြသည် ၊ သူတို့ နှင့် မလှမ်း မကမ်းတွင်တော့ ကြီးတော်အေးသည် ပြောင်းဖူးဖက် ဆေးလိပ်ကြီးကို ခဲ ရင်း တခုခုကို တွေး၍ နေပါလေတော့သည် ။
▪️အခန်း-၆
ကိုကြည်အေးသည် ဒေါ်တင်လှိုင်မှ မြက်တထုံး အရေးတကြီး လိုသည်ကြောင့် ရေတွင်းဖြူဘက်ရှိလယ်ကန်သင်း ရိုးများပေါ်တွင် မြက်ရိတ်နေလေသည် ၊ ကိုကြည်အေးသည် သူ၏ လေးကျင့်ခန်းများကို အင်မတန် ယုံကြည်သူဖြစ်သော ကြောင့် သာမာန်လူတွေ နှင့် သူ မတူဘူးဟု ခံယူထားသူဖြစ်သည် ၊ သူသည် မင်းနောင်နှင့် အတွင်းအား ကျင့်စဉ်များပါ ကျင့်ကြံထားရ ကိုယ်ခံအား အင်မတန်ကောင်းသူဖြစ်သည်ဟုလည်း သူ့ကိုသူ ထင်နေသည် ၊ ကိုကြည်အေးသည် ပုဆိုးကို တိုတို ဝတ်ကာ မြတ်များကို ဂျိုးချိတ် (မြက်ရိတ်သော တံစဉ်အတို) နှင့် ရိတ်နေလေရာ မြက်တထုံး ရလုပြီး ဖြစ်သည် ထိုချိန် သူ၏ ဂျိုးချိတ်ကိုင်ထားသော လက်မှ ဆစ်ခနဲ နာကြင်သွား၍ လက်ကို ချက်ချင်း ရုတ်ပြီး ကြည့်လိုက်ရာ လက်မ အနားတွင် အစွယ်ရာ အပေါက် နှစ်ပေါက် နှင့် သွေးစလေးများထွက်နေသည် ကို တွေ့လိုက်ရသည်၊ ထို့ကြောင့် သူ့အား ပိုးထိ သည်ကို သိလိုက်သည် သို့ပေမဲ့ ကိုကြည်အေး မတုန်လှုပ် လက်ကို ခါလိုက်ပြီး ပိုးထိုခံထားရသော နေရာအား ပါးစပ်နှင့် စွဲဆုတ်လိုက် ထွေးထုတ်လိုက် လေးငါးခါလောက် လုပ်လိုက်ပြီး မြက်ကိုသာ ဆက်ရိတ်နေလေသည် ၊ အတန်ကြာသော အခါ မြက်တထုံးစာ ရပြီဖြစ်၍ မြက်များကို စုပြီး ထုံးလိုက်ကာ မြက်ထုံးအား တယောက်တည်း ပင့်ပြီး ရွက်လို့ ရွာသို့ ပြန်လာပါတော့သည် ။
ကိုကြည်အေး အတွက် အိမ်အပြန်လမ်းသည် အရင်ကထက် ဝေးနေသည်ဟုခံစားနေရသည် ၊ ဒီလမ်း ဒီခရီး သူသွားနေကြဖြစ်ပေမဲ့ ယခုမှု ရင်တွေပူပြီး ရေဆာနေလေသည် ၊ သူရဲ့ ခြေထောက်တွေ သည်လည်း မသယ် ချင်လောက်အောင် ဖြစ်နေရသည် ၊ ဒေါ်တင်လှိုင်အိမ်သို့ မြက်ထုံးကို တန်းပို့မည်ဟု သူတွေးထားပေမဲ့ ယခုတော့ ပိုလို့ မဖြစ်နိုင်ပေ ထို့ကြောင့် သူသည် မြက်ထုံးကို သူ၏ အိမ်သို့သာ ရွက်သွားလိုက်ပါလေတော့သည် ။
▪️အခန်း-၇
“အမေ ကျုပ် ရေတအားဆာ နေတယ် ကျုပ်ကို ရေခပ်ပေးပါလား ”
“ငါသားလည်း ချွေးတွေ ရွှဲနေပါလား အမေရေခပ်ပေးမယ် ခဏ နေရေချိုးလိုက် နင်ဆီ တပည်ခံ ချင်တဲ့ ကောင်တွေက လည်တမော့မော့ နဲ့စောင့်နေတယ် ငါ့သားပင်ပန်း နေရင်လည်း ဒီကလေးတွေကို ပြန်ခိုင်းလိုက်ရမလား ”
“ဗျာ ကိုကြီးကြည်အေး အဲ့တာကို ဘာလို့ အစောကတည်းက မပြောတာလဲဗျာ ကိုသာရ လာ ဆေးဆရာကြီးကို သွားခေါ်ရအောင် ”
▪️အခန်း-၈
“ဆုံးပြီး မအေး ”
“ကိုသာရ ခင်ဗျားကြောင့် ကျုပ်တို့ ခင်ဗျားကိုစောင့်နေလို့ ကိုကြီးကြည်အေး မြက်သွားရိတ်တာကို မတားနိုင်တာ ”
သာရသည် လည်း အနောက်ကို ယိုင်သွားပေမဲ့ မောင်ဘိုးထင်အား စိတ်ဆိုးချင်းမရှိ မည်သည့်စကားမှ မပြောပဲ ကွပ်ပျစ်ပေါ်မှ ကိုကြည်အေး၏ အလောင်းကိုသာ ကြည့်နေလေသည် ၊ ထို့နောက် မောင်ဘိုးထင်သည် သူ၏ ပါးကို သူပြန်ရိုက်နေ၍ ဖိုးထွေးတို့ ဆွဲထားလိုက်ပြီး
“ဘိုးထင် စိတ်လျှော့ပါကွာ ”
ဖိုးထွေးတို့သည် မောင်ဘိုးထင်၏ ပုခုံးကို ဖက်ကာ ကိုကြည်အေး အိမ်ဝိုင်းထဲမှ ထွက်လိုက်ကြသည် ထိုစဉ် ကိုကြည်အေး အိမ်ဝိုင်းအနားတွင် ဒေါ်တင်လှိုင် နှင့် စုံသော အခါ မောင်ဘိုးထင်သည်ဒေါတင်လှိုင်ကို စူးရဲစွာကြည့်ပြီး စိတ်ဆိုးဒေါသထွက်ကာ စကားဆိုလိုက်လေသည်
ဒေါတင်လှိုင်သည် မည်သည့်စကားမှ ခွန်းတုန့်မပြန် စိတ်မကောင်းသော မျက်နှာဖြစ် ကိုကြည်အေးအိမ်ဝိုင်းထဲ ဝင်သွားလေ၏ ၊ ဖိုးထွေးတို့သည်လည်း မောင်ဘိုးထင်ပုခုံးကို ဖက်ကာ သူတို့ အားလုံး၏ မျက်ဝန်း မှ မျက်ရည်များစီးကျကာ ဦးအုန်း၏ အိမ်သို့ ထွက်သွားကြပါလေတော့သည် ။
▪️အခန်း-၉
ဦးအုန်း၏ အိမ်ရှေ့တန်းလျား နှင့် ကွပ်ပျစ်တွင် မောင်ဘိုးထင်တို့ အိပ်နေကြသည် ၊ တခြားသူများသည် အိပ်ပျော် မပျော် မသိပေမဲ့ မောင်ဘိုးထင်သည်က အိပ်ပျော် နေပြီ ဖြစ်သည် ၊ သူသည် ရှိုက်ကြီးတငင် ငိုကျွေးကာ အိပ်ပျော်သွားချင်းဖြစ်သည် ၊ တချို့သူများသည် မောင်ဘိုးထင်ကို အကဲပိုသည်ဟုထင်ကောင်း ထင်နေနိုင်သည် ၊ သို့ပေမဲ့ မောင်ဘိုးထင်၏ ခံစားချက်ကို ထိုသူများ နားလည်နိုင်မည် မထင်ပေ ၊ မောင်ဘိုးထင်သည် ကိုကြည်အေး မဆုံးခင်ကတည်းက ကိုကြည်အေးကို မြင်တိုင်း ဝမ်းနည်းပူဆွေးနေရသည် မှာ ကိုကြည်အေး ဆုံးတောမည်ဟု ပြောသော ရှေ့ပြေး နမိတ်များ ဖြစ်နိုင်ပေသည်၊ ကိုကြည်အေး တခုခု ဖြစ်မည်ကို သိသိကြီးနှင့် မကယ်တင်နိုင်သည့်အ တွက် မောင်ဘိုးထင် ယူကြုံးမရဖြစ်နေချင်းဖြစ်သည် ၊ ထို့ကြောင့်ရှိုက်ကြီး တငင် ငိုကြွေးရင် အိပ်ပျော်သွားချင်းဖြစ်သည် ၊အိပ်ပျော်နေသော မောင်ဘိုးထင် ၏ အိပ်မက်ထဲတွင်တော့ ကိုကြည်အေးသည် ဝတ်ကောင်းစားလှများကို ဝတ်ဆင်းပြီး သူအားခေါ်နေလေသည်
“ဘိုးထင် ဟေ့ဘိုးထင် ”
“ကို ကိုကြီးကြည်အေး ခင်ဗျား မသေဘူးနော်”
“ငါ့ကောင်ရ ငါ့ကို မိန်းမချောလေးတွေက ငါ့ လာခေါ်နေပြီကွ ချောချက် လှချက်ကောတ့ကွာ ငါတို့ရွာ မပြောနဲ့ တို့နယ်က ဘယ် မိန်းကလေးတွေမှ မမှီနိုင်ဘူးဟ ငါခဏနေ သူတို့ောနက် လိုက်သွားရတော့မှာဟ ငါက မင်းတို့ကို သတိရလို့နုတ်ဆက်တာ ကျန်တဲ့ကောင်တွေကို လည်းပြောလိုက်ဦး ငါနုတ်ဆက်တယ် လို့ ”
“အေးပါဗျာ ကိုကြည်အေး ဝမ်းမနည်းဘူးလားဗျာ ကျုပ်တို့ကတော့ ဝမ်းနည်းလို့ ငိုလိုက်ရတာဗျာ ”
“ငါအမေကို ထားခဲ့ ရမယ်ဆိုတော့ စိတ်မကောင်းတော့ ဖြစ်တာပေါ့ကွာ ဒါပေမဲ့ ငါ့ကို လာခေါ်နေတဲ့ သူတွေက ပျော်ရွှင်နေတာကွ ငါလည်း သူတို့ကို ကြည့်ပြီး ပျော်နေရော ကောင်ရေ ငါသွားတော့မယ်ကွာ မင်းတို့ လည်း ငါ့ကြောင့် ပူဆွေး မနေကြတော့နဲ့ အမေ့ကို ပြောလိုက်စမ်းပါဦး အရီးတင်လှိုင် စီမှာ ငါစုထားတဲ့ ငွေလေးတွေ ရှိတယ် လို့ အဲ့တာ ယူသုံးလိုက်ဖို့ ပြောပေကွာ ပြီးတော့မင်းတို့လည်း ငါ့အမေကို ဂရုစိုက်လိုက်ပါဦးကွာ ”
ကိုကြည်အေးသည် ထိုသို့ ပြောပြီး အလင်းစက်များ အဖြစ်သို့ ပြောင်းလဲက တဖြည်းဖြည်းပျောက်ကွယ် သွားလေတော့သည် ၊
မောင်ဘိုးထင် သူကိုသူ အံ့ဩနေပြန်သည် ၊ယခု သူပူဆွေး ချင်း မရှိတော့ပြန်ပေ ၊ သို့ပေမဲ့ သတိရစိတ်တော့ ရှိသေး၏ ၊ ထို့နောက် အိမ်မက် ထဲတွင် ဝတ်ကောင်းစားလှများ ဝတ်ဆင်ထားသော ကိုကြည်အေးကို မြင်ယောင် ပြီးး ပြုံးလိုက်မိပါလေတော့သည်။
▪️အခန်း-၁၀
ကိုကြည်အေး၏ အသုဘသည်က ကောင်းမွန်စွာ ပြီးဆုံးသွားပြီဖြစ်သည် ၊ အသုဘ လိုက်ပို့ပေးကြသော ရွာသားများသည် ကိုကြည်အေးအား နှမျော တ သစွာ ရှိနေကြသည် ၊ များသောအားဖြစ် လောကီလူသားများသည် ရှိစဉ်က ဆိုးကွက်ကို ရှာကြပြီး သေသည်အခါ မှ ကောင်းကွက် ကို ရှာပြီး ချီးကျူးတက်ကြသည် ၊ သို့ပေမဲ့ ယခု ကိုကြည်အေးသည်က အသက်ရှင်စဉ်က လည်း သူ၏ ဆိုးကွက် ကို ရှာမရ သလို ဆုံးပါးသွားသောလည်း ဆိုးကွက်ကို ရှာ မရပေ ၊ သေမင်းသည် အကောင်းကြိုက်လွန်းလှပေသည် ၊ မိခင်ကြီး ပင်ပန်းမှာ ဆိုး၍ ထမင်းတောင် ကိုယ်တိုင် ချက်ပေးသော သူ ၊ မိန်းမယူရင်တောင် မိခင် နှင့် မသင့်မြတ်မှာ ဆိုးသည်က တကြောင်း မိခင်ကြီးကို လုပ်ကိုင်ကျွေးမွေး ပြုစုရာမှာ လစ်ဟာမှာဆိုးသည့် သူမှ သေမင်းသည် စောစော စီစီခေါ်သွားလေပြီ ဖြစ်သည် ၊ ယခု ကိုကြည်အေး၏ အိမ်ဝိုင်ထဲ ရှိ ကွပ်ပျစ်တွင် ကြီးတော်အေး ထိုင်ပြီး ပြောင်းဖူးဖက် ဆေးလိပ်ကြီးကို ဖွာရှိုက်ကာ တွေးငေး နေလေသည် ၊ မောင်ဘိုးထင်တို့သည် ကြီးတော်အေး အနားထိုင်လိုက်ကြချိန် ကြီးတော်အေးမှ စကားဆိုလာသည်
“ကျုပ်ကို အိပ်မက်ပေးပြီး ကိုကြီးကြည်အေး ပြောသွားတာ ရှိလို့ပါ ”
“အေး ပြောစမ်းပါဦး ဟဲ့ ”
“ငါ့သား အခုတော့ အဝတ်ကောင်းစားလှတွေ ဝတ်ပြီပေါ့ ငါဘယ်လောက် အင်္ကျီ အသစ်ဝယ်ပေး ဝယ်ပေး သူက မဝတ်ပါဘူး အခုတော့ မိန်းမချောလတွေ လာခေါ်တယ်ဆိုတော့ ဝတ်ရပြီပေါ့ အင်းး မတင်လှိုင်က ငါ့ကို ငွေတွေ လာပေးပြီပါပြီ ဘဝ ကူးသွားတဲ့ အချိန်ထိ ငါ့အတွက်ကို ကြည့်သွားသေးတာပဲ ဘာဖြစ်ဖြစ် ငါ စိတ်ချမ်းသာတယ် သူအခု ဘိုးထင် ပြောပုံအရ ကောင်းရာ မွန်ရာကို ရောက်သွားပုံပဲ ငါ့ကို ပင်ပင်ပန်းပန်း လုပ်ကျွေးပြုစုရတဲ့ ဝဋ် ငါ့သားကြီး ကျွတ် ပြီပေါ့ဟယ်”
▪️အခန်း-၁၁
ပျောက်သောသူ ရှာရင်တွေ့ သေသောသူ ကြာရင်မေ့ ဆိုစကားနဲ့ အညီ မောင်ဘိုးထင်တို့လည်း အချိန်အနည်းငယ် ကြာသည်နှင့် ကိုကြည်အေးအကြောင်း အမြဲ မပြောဖြစ်တော့ပါ ၊ နွားကျောင်း လိုက် ငှက်ပစ်လိုက် နှင့် အရင်လို ပုံမှန် ပျော်ရွှင်နေကြပြီး ဖြစ်သည် ၊ မောင်ဘိုးထင်တို့ တနေ့သော နေ့လယ်ခင်းတွင် ရွာလယ်ရှိ မန်းကျည်းပင်အရိပ်တွင် လောက်စလုံး လှိမ်နေချိန်
ကြံပွသည်ကြီးသည် မောင်ဘိုးထင်တို့ လောက်စလုံးလှိမ်နေရာမှာ ကျော်သွားပြီး ရွာထဲသို့ ဈေးလိုက်ရောင်း နေပါသည် ၊ ကြံပွသည်ကြီး၏ အနောက်သို့ စပ်စပ်ထိ မခံ မယ်လှတို့ အဖွဲ့ ခပ်လှမ်းလှမ်း မှ လိုက်ပါ သွားသည်ကို မောင်ဘိုးထင်တယောက် မြင်လိုက်ရပါလေတော့သည် ။
📝မောင်တင်ဆန်း
#mgtinsan