Unicode Version
” အောက်လမ်းဘိုးထင် နှင့် အင်းဝိဇ္ဇာ “(စ/ဆုံး)
——————————————————————-
(၂၃)
◾အခန်း-၁
နွားပွဲဈေးသို့ မကြီး မလေး ညီအမ နှစ်ယောက်နှင့်အတူသွားသော မောင်ဘိုးထင်တို့ ယခု အင်းဝိဇ္ဇာ၏ အကူအညီဖြစ် ပေပင်ရွာသို့ ပြန်လာပြီဖြစ်သည် ၊ မောင်ဘိုးထင်တို့သည် ဦးအုန်း၏ အိမ်ရောက်သည့်တိုင် မကြီး နှင့် မလေးအား စိတ်ပူနေသေးသည် ၊ ထို့ကြောင့် ဦးအုန်းသည် မကြီး မလေးတို့၏ မိခင်ကြီးအား အကျိုးအကြောင်း သွားပြောမည်ဖြစ်ပြီး ကျန်သူများသည် လည်း သူတို့၏ အိမ်သို့ ပြန်တော့မည်ဖြစ်သည် ၊ ဦးအုန်း၏ အိမ်တွင်တော့ အင်းဝိဇ္ဇာပွကြီး နှင့် မောင်ဘိုးထင်သာ ကျန်တော့သည်၊ မောင်ဘိုးထင်သည် ကြံပွသည် မှ နွားပွဲစား ဖြစ်နေသော အင်းဝိဇ္ဇာ ပွကြီးကို ကြည့်ကာ
“ကြံပွသည်ကြီး ”
“ငါ့မှာ နာမည် ရှိတယ်ကွ အင်းဝိဇ္ဇာပွကြီး ”
“ရှေ့က အင်းဝိဇ္ဇာကြီးကိုတော့ လျှာခေါက်လို့ မခေါ်ချင်ဘူးဗျာ ဦးပွကြီးလို့ပဲ ခေါ်မယ်ဗျာ ”
“မင်းသဘောပဲ ကောင်လေး ”
“ဒါနဲ့ ဦးပွကြီးက ဘာလို့ ကြံပွသည် ဖြစ်လိုက် နွားပွဲစားဖြစ်လိုက်နဲ့ ဘာလို့လဲဗျ ”
“ဟ ကောင်ရ အင်းဝိဇ္ဇာဆိုပြီး နုတ်ခမ်းမွှေးကားကားကြီးထားပြီး ခေါင်းပေါင်းကြီး နဲ့ နေ့လို့ ဖြစ်မလား အင်းဝိဇ္ဇာဆိုတာ နဲ့ ပညာစမ်းချင်သူတွေက အများသားကို အဲ့ေတာ့ အသက်မွေးဖို့ ငွေလေးလည်းရ “အင်း ‘ အသုံးပြုဖို့ ငှားတဲ့သူဆို ငွေလေးရတာပေါ့ ငှားတဲ့သူမရှိဘူးဆို ဈေးရောင်းတာ နဲ့ ပွဲစားလုပ် လို့ရတာေလးနဲ့ ဝမ်းရေးကိစ္စရှင်းရတာပေါ့ ကောင်လေးရ”
“အင်း ဝိဇ္ဇာကလည်း မွဲလိုက်တာ ဗျာ ”
“မင်းပြောလည်း ခံရမှာပဲ ကောင်းရောင်းကောင်းဝယ် လုပ်စားတဲ့ ငါတို့လို ပညာရှင်တွေကို လူသိပ်မသုံးဘူးကွ ဟိတ် ဟန်အပြည့်နဲ့ ကောင်းကောင်းဆိုးဆိုး အကုန်လုပ်တဲ့ သူတွေကသာ ချမ်းသာတာ ဟေ့ ”
မောင်ဘိုးထင် အင်းဝိဇ္ဇာ၏ စကားကို လက်ခံလိုက်မိသည် အရပ်ထဲတွင် ခေါင်းပေါင်းစ တထောင်ထောင် နှင့် ဆရာဂိုက်အပြည့်နှင့် မတောက်တခေါက် လူက အပြောကောင်း အဆိုကောင်းမို့ ဝင်ငွေရွှင်ပြီး ကဝိထိပ်ခေါင် ပညာရှင်ကြီးများက လယ်ထဲ ဆင်းပြီး ထယ်ထိုးနေရသည်မှာ အမှန်ပင်ဖြစ်သည် ၊ ပညာရှင်များသည် အ သည်ဟုဆိုရမည်လား သို့တည်မဟုတ် တက်မြောက်ထားသည့် ပညာများကို အသုံးမချ တက်သည်လား ဒါမှမဟုတ်သေး သင်ရတာ ပင်ပန်းသွား၍ ပညာနှင့် လုပ်စားရမှာ ပျင်းသွားသည်လားမသိ အသိမိတ်ဆွေများမှ ပင့်မှသာ သူတို့၏ ပညာများကို ပြရသည် ၊ ကျန်သောအချိန်တွင်တော့ မိန်းမဆူ မိန်းမငေါက်ကို ခံပြီးရိုးအေးစွာ ဘဝကို ကုန်လွန်နေေစသည် ၊ အားလုံးကို မဆိုလို လူအမျိုးမျိုး စိတ်အထွေထွေမို့ ဖြစ်၏ ၊ ယခုလည်း အင်းဝိဇ္ဇာကြီးမှာ သူများကို တိုက်ခိုက်သည့် အလုပ် လုပ်ဟန်မရှိသည့်အတွက် ကြံပွ ရောင်းလိုက် နွားပွဲစားလုပ်လိုက်နှင့် ဝမ်းေကျာင်းနေလေသည် ၊ မောင်ဘိုးထင် သူ၏ ရှေ့တွင် ရှိနေသော အင်းဝိဇ္ဇာကြီး အကြောင်း တွေးပြီး ငေးမောနေသည် ၊
“ကောင်လေး ဟေ့ကောင်လေး ”
“ဗျာ ဗျာ ”
“မင်းဘာတွေ ငေးမောနေတာလဲ ဟ”
“ကျုပ် ဦးပွကြီး အကြောင်းတွေးမိလို့ပါ လောင်းကစားနိုင်အင်း တွေတောင်ဆွဲ နိုင်ပြီး ဘာေကြာင့် ကြံပွရောင်းနေရတာလဲဆိုတာ နားမလည်လို့ ”
“ဟကောင်ရ အချောင်ရ တဲ့ ငွေက အချောင်ကုန်မှာပဲ မတော် လောဘရှိလို့ အခုလို အဆောင်တွေ ဆောင်တာပေါ့ ဒီလို လူတွေက ဘယ်မှာများ လောဘ ကင်းနိုင်မှာ လည်း မင်းတို့ ကိုယ်တိုင်တောင် ခံရပြီးပြီ မဟုတ်လား”
“ဟုတ်တယ် ဗျ လွယ်လွယ် ရေတာ့ များများ လိုချင်တယ် ”
“အေး လောကမှာ ကိုယ်ရဲ့ ကံ ညဏ် ဝိရိယ နဲ့ ကြိုးစားပြီး ရတဲ့ ငွေကမှ တည်မြဲတာကွ တခြား အချောင်ရတဲ့ ငွေက ကိုယ့်ရဲ့နာမည်ကို သတ်ပြီးမှ ရလာတာ ”
“ဗျာ ကျုပ်နားမရှင်းဘူး ဦးပွကြီး ”
“မင်းရဲ့ ကြိုးစားမှုမပါပဲ ရတဲ့ ငွေတွေက မင်းရဲ့ နာမည်ကို သတ်လိုက်ပြီးမှ ရတာ လို့ပြောတာ ”
မောင်ဘိုးထင် ခေါင်းကုတ်လိုက်မိသည် ၊ အင်းဝိဇ္ဇာပြောသော စကားကို သူနားမလည်ပါ ထို့ကြောင့် ဆက်ပြီး မမေးတော့ ပေ ၊ အင်းဝိဇ္ဇာသည် ဆက်ပြီး စကားဆိုလာလေသည်
“ကောင်လေး မင်း ငါကို ကူညီရလိမ့်မယ် ငါ့တို့ လူတေယာက်ကို ရှာပြီး နှိမ်နင်းရ လိမ့်မယ် သူ့နာမည်က သစ်ခေါင်းပေါက် ဖိုးဝေ တဲ့ကွ”
“နာမည်က ဆန်းလှပါလားဗျ သစ်ခေါင်းပေါက် ဖိုးဝေ ”
“ဟုတ်တယ် ဒီကောင်လေးက ပါရမီပါတယ်ပြောရမယ် စုန်းကဝေတွေကို လိုက်ပြီး နှောက်ယှက်နေတာ ဇော်ဂနီ အဆင့် စုန်းတွေတောင် ဒီ သစ်ခေါင်းပေါက် ဖိုးဝေကို ကြောက်နေရတယ် ၊ ”
“သူက ဘာလို့ နှောက် ယှက်နေတာ လဲ ဗျ ”
“ငါလည်း မသိပါဘူးကွာ ဒီကောင်လေး ရဲ့ ပါရမီကတော့ အံ့မခန်းပဲကွ အဲ့ဒါေကြာင့် တော်တော် များများ အေမှာင် ပညာသည် တွေက သစ်ခေါင်းေပါက် ဖိုးဝေကို ဆုံးမပေးဖို့ ငါ့ကို ပြောထားတာ သစ်ခေါင်းပေါက် ဖိုးဝေဆိုတာ မင်းအရွယ် လောက်ပဲ ရှိဦးမယ် ”
“ဟုတ်လား ကျုပ်က ဘယ်လို ကူညီရမှာလဲ ဗျ”
“အဲ့တာကို နောက်မှ ပြောမယ်ကွာ အခုတော့ ဦးအုန်း ပြန်လာရင် မင်းငါ့နောက် လိုက်ခဲ့ ဖို့ ခွင့်တောင်းရဦးမယ် ‘
“ကျုပ်က ဦးပွကြီး နောက် လိုက်ရမှာလား ”
“အေးပေါ့ ”
ထို့ေနာက် အင်းဝိဇ္ဇာနှင့် မောင်ဘိုးထင်တို့ ဦးအုန်း အလာကို စကားတပြောပြော နှင့် စောင့်နေကြပါလေတော့သည် ။
◾အခန်း-၂
ဦးအုန်း၏ အိမ်ရှေ့တန်းလျားတွင် ထိုင်နေသော အင်းဝိဇ္ဇာသည် ဦးးအုန်း ပြန်အလာကို ရေနွေးကြမ်း သောက်ရင်း စောင့်နေလေသည် ၊ အတန်ကြာသောအခါ ဦးအုန်းသည် သူ၏ နေအိမ်သို့ ပြန်လည် ရောက်ရှိလာပြီ ဖြစ်သည်၊ ထို့နောက်
အင်းဝိဇ္ဇာသည် ဦးအုန်းထံမှ မောင်ဘိုးထင်ကို သူနှင့် အတူခေါ်သွားဖိုး ခွင့်တောင်းလေ၏၊
“ကိုအုန်း ကျုပ် ဒီကောင်လေးကို ခဏ ခေါ်သွားချင်တယ် ”
“အင်း ကောင်လေး လိုက်ချင်တယ် ဆိုရင်တော့ ခေါ်သွားပေါ့ အင်းဝိဇ္ဇာ ”
“ကောင်လေးက လိုက်မယ် ပြောပါတယ် ”
“လိုက်မယ် ဆိုရင်တော့ ခေါ်ပေါ့ဗျာ ”
ထို့ေနာက် ဦးအုန်းသည် မောင်ဘိုးထင်ဘက်လှည့်ကာ
“ကောင်လေး အင်းဝိဇ္ဇာနောက်လိုက်ရင် သူဆီက ပညာ ကောင်းကောင်း ယူခဲ့ ကြားလား ”
“ဟုတ်ကဲ့ပါ အဘ ”
ထို့ေနာက် အင်းဝိဇ္ဇာသည် ဦးအုန်းအားနုတ်ဆက်ကာ မောင်ဘိုထင်ဘက်သို့ လှည့်လိုက်ပြီး
“ကောင်လေးရေ နေလေး မပူခင် သွားကြတာပေါ့ ငါတို့ အခုသွားရမဲ့ နေရာက ရိုးမတောကြီးကိုလေ”
“ဟုတ်ကဲ့ ဦးပွကြီး သွားကြတာပေါ့ဗျာ ”
ထို့ေနာက် အင်းဝိဇ္ဇာ ဦးဆောင်မှု ဖြစ်မောင်ဘိုးထင်သည် အင်းဝိဇ္ဇာ ၏ နောက်မှ လိုက်ပါသွားပါလေတော့သည် ။
◾အခန်း
အင်းဝိဇ္ဇာ ပွကြီး နှင့် မောင်ဘိုးထင် ခရီးသွားရာ တရက်မျှရှိပြီ ဖြစ်သည် ၊ ရွာတရွာပြီး တရွာကို ကျော်ကာ ခရီးဆက်လာ ရာ တွေ့သည် ဇရပ် များတွင် အိပ်ကြရသည် ၊ အစားဆင်းရဲ အနေဆင်းရဲ လှသော ကြောင့် မောင်ဘိုးထင်သည် သူ၏ စိတ်ထဲတွင် အင်းဝိဇ္ဇာ လုံးဝ ဖြစ်ချင်သည် စိတ် ဆန္ဒ မရှိပေ ၊ အင်းဝိဇ္ဇာမှ အင်းရေးဆွဲနည်း သင်ပေးသည်ကိုပင် အကြောင်းပြချက် အမျိုးအမျိုး ပေးကာ ငြင်ပယ်နေသည် ၊ သို့ပေမဲ့ အင်းဝိဇ္ဇာသည် လက်မလျှော့ မောင်ဘိုးထင်အား သူ၏ အင်းအကြောင်းကို ခရီးသွားရင်း အမြဲပြောပြနေသည်၊ ထို့ကြောင့် မောင်ဘိုးထင်သည် အင်းဝိဇ္ဇာ ပွကြီးကို ကြည့်ကာ
“ဦးပွကြီး အင်းဝိဇ္ဇာဆိုတာ ဘာလဲ ဗျာ ဦးပွကြီးက တကယ် အင်းဝိဇ္ဇာလား ”
မောင်ဘိုးထင်၏ စကားကြောင့် အင်းဝိဇ္ဇာပွကြီးသည် မောင်ဘိုးထင်ကို စောင်းငဲ့ကြည့်က တချက်ပြုံးလိုက်ပြီး
“ကောင်လေး တကယ်တော့ ငါက အင်းဝိဇ္ဇာမဟုတ်ဘူး ကျွမ်းကျွမ်း ကျင်ကျင် တက်မြောက်ထားတဲ့ အဆင့်ပဲ ရှိသေးတယ် အရပ် စကားပုံ နဲ့ ပြောမယ် ဆို အနူတောမှာ လူချောပေါ့ကွာ တကယ့်ပညာရှင် ဝိဇ္ဇဓိုရ် ကြီးတွေရဲ့ ခြေမှုန့် လောက်တောင် မရှိပါဘူး ငါနဲ့ တွေ့ဘူးတဲ့ သူတွေက ငါ့ရဲ ကျွမ်းကျင်ပြီး ပေတံမလိုပဲ အင်းဆွဲနိုင်တဲ့ ပုံစံကို ကြည့်ပြီး အင်းဝိဇ္ဇာလို့ ခေါ်ကြတာ ငါလည်း အစက မခေါ်ဖို့ တားပါသေးတယ်ကွာ နောက်တော့လည်း အဲ့လို အခေါ်ခံရတာတောင် အရသာ တွေ့ သလို ဖြစ်လာတယ် ကောင်ရေ ”
“ဪ အဲ့လိုလား ”
“ကောင်းလေး ဝိဇ္ဇာဆိုတာ လွယ်လွယ် နဲ့ မဖြစ်ကွာ ငါလို ကြံပွသည် လုပ်လိုက် နွားပွဲစား လုပ်တဲ့သူက ဂန္ဓာရီဝိဇ္ဇာ ထဲမှာပါတဲ့ အင်းဝိဇ္ဇာ ဖြစ်မတဲ့လား ကောင်ရယ် မင်းတို့အောက်လမ်း
တွေ စုန်းတွေ ကဝေတွေ ကြားမှာတော့ ငါက အင်းဝိဇ္ဇာကြီးပေါ့ ကွာ တကယ် လက်တွေ့တော့ ဟားးးးဟားးးဟားး”
ဦးပွကြီးသည် သူအင်းဝိဇ္ဇာ မဟုတ်ကြောင်းကို မြိန်ရည်ချက်ရည်ဖြစ် ပြောနေလေသည် ၊ သူပြောသည်က မှန်ပေသည် ၊ အင်းဝိဇ္ဇာဆိုသည် မှာ ဂန္ဓာရီ ဝိဇ္ဇာစားရင်းဝင် ဖြစ်၍ လွယ်လွယ် နှင့် မဖြစ်နိုင်ပေ ၊ အင်းကွက်ချရာ နှင့် အင်းဆန်ထည့်ရာမှာ ကျွမ်းကျင်လွန်းသလို ငါးပါးသီလ လုံသော ဦးပွကြီး၏ အင်းသည် အစွမ်းထက်လွန်းသည့်အတွက် သာမာန်လူသားများနှင့် အမှောင်ပညာသည်များက အင်းဝိဇ္ဇာဟု သမုတ်ကြချင်းပေ ၊မည်သို့ဆိုစေကာမူ မောင်ဘိုးထင်သည် ဦးပွကြီးကိုတော့ လေးစားမိသည် ၊ သူတက်ထားသော ပညာဖြစ် ငွေရှာက ငွေများရနိုင်ပေမဲ့ သူမရှာပါ မတော်လောဘဖြစ်ရသော ငွေသည် သူအတွက် အကျိုးမဖြစ်နိုင်ဟု ပြောဘူးသလို နာမည် သေမှ ငွေရသည့် အလုပ်မျိုးသူမလုပ်ဟု ယတိပြတ်ဆိုလေသည် ၊မောင်ဘိုးထင် အင်းဝိဇ္ဇာ ပွကြီးကြောင်းတွေး နေစဉ် ဦးပွကြီးမှ သူ့အားစကားဆိုလာလေသည်
“ကောင်လေး ဟေ့ကောင်လေး ‘
“ဗျ ဗျာ”
“မင်းဆိုသည်မှာလည်း တွေးလိုက် ငေးလိုက်ရန်ကော ”
“ဦးပွကြီးအကြောင်းတွေးနေတာပါ ဗျာ ပြီးတော့ ဦးပွကြီးနဲ့ ကျုပ် အဘ ဘယ်လို သိတာလဲဆိုတာ သိချင်နေတာ ”
“အဲ့တာတွေက နောက်မှ ပြောမယ် ငါတို့ သွားရမဲ့ ရိုးမတောထဲ ရောက်ခါနီးပြီး အဲ့ မှာ ပညာသည်တွေကြည့်နေတဲ့ ရွာရှိတယ်ကွ ငါပြောတဲ့ သက်ခေါင်းပေါက် ဖိုးဝေက အဲ့ရွာက ပညာသည်တွေကို ဒုက္ခပေးမယ် သတင်းကြားထားလို့ ငါ့ကိုခေါ်ထားတာဟေ့ ”
ေမာင်ဘိုးထင်သည် ဦးပွကြီး ပြောပြော နေသော သူနှင့် ရွယ်တူ သစ်ခေါင်းပေါက် ဖိုးဝေ ကို အတော် အထင်ကြီးနေမိသည် ၊ သူအရွယ်လေး နှင့် စုန်းတွေ ကဝေတွေသည် သူ့အား ကြောက်ရသည့်အတွက် ဦးပွကြီးကို ကာကွယ်ဖို့ ခေါ်ရသည် မဟုတ်ပါလား ၊ ထို့နောက့် ဦးပွကြီးသည် စကားဆက်ဆိုလာလေသည် ၊
“ကောင်လေး ငါတို့ ဒီညတော့ ထုံးစံ အတိုင်း ဇရပ်မှာ အိပ်ရမယ်ဟေ့ အခု ဇရပ်ကတော့ ရွာနောက်ဘက်က သင်္ချိုင်းက ဇရပ်ပေါ့ကွာ မင်းက ရွာထဲသွား ရော့ ငွေ နှစ်ကျပ် ”
“ထမင်းဖြူ နဲ့ အကြော်ပဲ မဟုတ်လား ”
“ဒါပဲ ပေါ့ကွာ ထမင်းဆိုင်”
“ထမင်းရောင်းတဲ့ဆိုင် မရှိရင် အိမ်တအိမ် ဝင်ပြီးဝယ် ဒါပဲ ထက်ပြောမှာ မဟုတ်လား ”
“ဘိုးထင် မင်းကို ခေါ်လာရတာ သိပ် အသုံးဝင်တယ်ကွာ ”
“ဘာအသုံးဝင်တာလဲ ထမင်းတောင်း ခိုင်တာနဲ့ အကြော် ဝယ်ခိုင်းတာကိုလား ”
”ဟာ မင်းကလည်းကွာ ”
မောင်ဘိုးထင်သည် ဦးပွကြီး၏ နောက်ထပ်စကားကို မစောင့် ရွာထဲသို့သွားပြီး ထမင်းဖြူ နှင့် အကြော် သွား၍ ဝယ်လိုက်ပါလေတော့ သည် ။
◾အခန်း-၃
မောင်ဘိုးထင်သည် ညနေအချိန် ရွာသင်္ချိုင်း ဇရပ်မှ နေ၍ ရွာလေးထဲသို့ တယောက် တည်း သွားနေသည် ၊ ရွားလမ်းတလျှောက် လိုက်ကြည့်ရာ ဈေးသည်ဟု၍ မတွေ့ပေ သူဟိုကြည့် ဒီကြည့်နှင့် ရွာလယ်လမး်အတိုင်း လမ်းလျှောက်နေစဉ် သူ၏ရှေ့တည့်တည့်တွင် ရေအိုး ရွက်လာသော အမျိုးသမီးကြီးတဦးအား မေးလိုက်လေတော့သည်
“ဗျို့ အရီးလေး ဒီရွာလာမည်က ဘာတဲ့လဲဗျ”
“ဂွေးကောက် ရွာ ”
“ဗျာ ဘာ ဘာရွာ ”
“ဂွေးကောက်ရွာလို့ပြောတာ ကောင်လေးရဲ့ ”
“အရီးတို့ ရွာနာမည်ကြီးကလည်း ပေးစရာရှားလို့ ဗျာ ”
“အဲ့တာတော့ ငါလည်း မသိဘူး ရှေးလူကြီးတွေပြောတာတော့ ရွာအဝင်မှာ ဂွေးပင်ကောက် ကြီး ရှိလို့ ဂွေးကောက်ရွာ လို့ ပေးတယ်ဆိုပဲ ”
“ဟ ကျုပ်တို့ ရွာအဝင်က လာတာ ပါ ဘာဂွေးပင် ကောက်ကြီး မှ မတွေ့ပါဘူး ဗျာ ”
“တယ် ဒီကောင်လေးကတော့ လျှာအတော်ရှည် အဲ့အပင်ကြီးက ငါတို့ငယ်ငယ်တည်းက မရှိတော့တာဟဲ့ သေချာတာတော့ ဂွေးပင်ကော က် ရှိခဲ့တယ် ”
“အေးပါဗျာ အရီးရဲ့ ဂွေး ကောက်”
“ဟဲ့ကောင်လေး နင်ဘာစကားပြောတာ လဲ ”
“အပင်ထည့်ဖို့မေ့သွားလို့ပါဗျာ ကျုပ်သိချင်တာ က အကြော် ရောင်းတဲ့ သူမရှိဘူးလားဗျ ကျုပ်ထမင်းကော အကြော်ကော ဝယ်ရမှာ ”
“အကြော်သည်က ငါ့အိမ်နားမှာပဲဟဲ့ လိုက်ခဲ့ ထမင်းဖြူကတော့ တို့ရွာမှာ မရောင်းဘူး ငါပေးလိုက်ပါမယ် နင့်ကြည့်ရတာ ဒီနယ်က မဟုတ်ဘူးထင်တယ် ”
“မဟုတ်ဘူးဗျာ ကျုပ်က ပေပင်ရွာက ”
“ပေပင်ရွာဆို အဝေးကြီးပဲ လာလာ အကြော် ကြော်တဲ့ မကုလားမ က ငါ့အိမ်နောက်ဘက်မှာပဲ ”
မောက်ဘိုးထင်အား ပြောပြောဆိုဆို ရေအိုးရွက်ထားသော အရီးသည် ရှေ့မှ သွားရာ မောင်ဘိုးထင်သည်လည်း ထိုအရီး၏နောက်မှ နေ၍ လိုက်သွားလိုက်ပါလေတော့သည် ။
◾အခန်း-၄
မောင်ဘိုးထင်သည် လမ်းမှာတွေ့သော အရီးတေယာက်ထုပ်ပေးလိုက်သည် အင်းဖက်နှင့် ထမင်းထုပ်ကိုကိုင်ထားသည် ထိုအရီးသည် သဘောကောင်းလွနး်လှသူဖြစ်ကာ ထမင်းတင်မက သူ၏ အိမ်တွင် ချက်သော ဟင်းပါ ထည့်ပေးလိုက်သေးသည် ၊ ငွေပေးက ငွေေပးရမလားလို့ စိတ်ပင် ဆိုးနေလေရာ ငွေကို မပေးရဲတော့ပေ၊ ထို့နောက် အရီးအိမ်၏ နောက်ဘက်တွင် ရှိေသာ အကြော်ရောင်းသည် မကုလားမ အကြော်ဖိုဘေးတွင် ထိုင်နေလေ၏ ၊ မကုလားမသည် စင်စစ် ဗမာအမျိုးသမီးကြီးဖြစ်သည် ၊ ရွာထဲက အသားအမဲသူများထဲမှ အမဲတကာထိပ်ခေါင်ဖြစ်နေ၍ ထိုနာမည်ကို ရချင်းဖြစ်သည် မကုလားမသည် အသားသာမဲသည် စိတ်နှလုံးက အတော်ဖြူသည့် ဟန်က အတိုင်းသာေပါ်နေလေသည်၊ အဘယ်ကြောင့်ဆိုသော သူမ၏ မျက်နှာတွင် ပေါ်နေသည်ထက် သူမ၏ ယောက်ျားဖြစ်သော ဘူးသီးလှီး နေသည် လူကြီး၏ ပြောစကားကြောင့်ဖြစ်သည်
“တို့မိန်းမ ကုလားမတို့ကတော့ ရွာကလူတွေက အေကြာ်တွေ တန်တယ် တန်တယ်ဆိုတာနဲ့ ငါ့ဘူးစင်က ဘူးသီးလည်း ကုန်တော့မယ် အခုထိအမြတ်ကမရဘူး ငါမှာေတာ့ ဘူးသီးလှီး ဆန်မှု့န် ကြိတ်ရတာနဲ့ လူလည်း လူရုပ်မပေါ်တော့ဘူး အကြော်ကြီးတွေက အကြီးကြီး တန်လိုက်တာ လို့ပြောလိုက်တာ နဲ့ ဇကောနဲ့ အကြော်မှား ကြော်လားထင်ရတယ် နောက် နှစ်တော့ ဒီအိမ်ရှိရင်ကံကောင်း ”
“တော်ကလည်း ရှေ့မယ် ဈေးဝယ်သူရှိနေတာကို ဘာတွေ လျှောက်ပြောနေတာလဲ မလှူနိုင်ရင် ဈေးရောင်းတဲ့ ”
“အေးပါဟာ အေးပါ ငါ့က လယ်လုပ် လိုက်ရ နင့် အကြော် ကြော်တာကို ကူလိုက်ရနဲ့ ငါတော့ တဖြည်းဖြည်း နဲ့ လုံးပါးပါးပြီ’
မကုလားမသည် သူမ၏နောက် စားပွဲခုံတွင် ဘူးသီး လှီးနေသော သူမ၏ ေယာက်ျားအား မျက်စောင်းတချက်ထိုးကာ မောင်ဘိုးထင်ကို ကြည့်ပြီး
“ငါတူက ဒီနယ် က မဟုတ်ဘူးထင်တယ် “,
“ဟုတ်တယ် ဗျ ကျုပ်က ပေပင်က ”
” လေးကြီးကတော့ ကြားတောင် မကြားဖူးဘူး”
“အင်း အတော် လှမ်းတာကို ဗျ”,
“,ကဲ ဆီပူတော့မယ် ခဏပဲစောက့် ဒီနေ့ အကြော် ကြော် တာ နောက်ကျတယ် ကွဲ့ ”
“ဟုတ် ရပါတယ်ဗျ ”
“မင်းတို့ ဘယ်မှာ တည်းနေတာ လဲကွ”
ဘူးသီးလှီးနေသော လူကြီးသည် မောင်ဘိုးထင်အားမေးလိုက်ချင်းဖြစ်သည်
“ရွာနောက်ဘက်က ဇရပ်မှာ နေမလို့ပါ ”
“ဟာ ဘယ်ဖြစ်မလဲ မင်းတို့ တည်းစရာ မရှိရင် ငါ့အိမ် လာတည်း ကြားလား ”
“အဖော် တယောက်ပါသေးတယ် သူက အင်း ပညာတွေကို အတော် တော်တဲ့ သူတေယာက်ဗျ ”
“အင်းဆို တာ ဘာလဲ ကွ ‘
“ကျုပ်လည်း သိပ်မသိပါဘူးဗျာ အကွက်လေးတွေထဲ ဂဏနး်တွေ ရေးနေတာပဲ ”
“ဟို သရဲတွေဘာတွေ ထုတ်နိုင်လား”
“ထုတ်နိုင်လောက်တယ်ဗျ ”
“ထုတ်နိုင်တယ်ဆိုရင်တော့ တို့ကို ကူညီ စမ်းပါဦး”
“ဘာလို့လဲ ဦးလေး ”
“မင်းကို ထမင်းပေး တဲ့ အိမ်အရှေ့က အိမ်မှာ ညနေဆို သရဲ ဝင်ဝင် ပူးနေလို့ဟေ့ အဲ့တာ ကူညီနေတာ နဲ့ အကြော် ကြော်တာ နောက်ကျနေတာ ”
“ဘယ်လို ဝင်ပူးတာလဲဗျ ”
“မသိပါဘူးကွာ ညနေဆိုရင် ဒီကောင်က အရက်တပုလင်း နဲ့ ကြက်တကောင် ကျွေးရတယ် အဲ့လို ကျွေးရင် ကောင်းသွား ပြန်ရော အထက်လမ်း ဆရာတွေလည်း ဆုံနေပြီ အခုတိ အရှင်းမပျောက်သေးဘူးဟေ့ ”
“ကျုပ်ကို လိုက်ပြပါလား ဦးလေး ကျုပ်က ဆရာတွေ အနောက်မှာ လိုက်နေတာဆိုတော့ နည်းနည်းတော့ နားလည်နေပြီ ”
မောင်ဘိုးထင်၏ စကားကြောင့် အကြော်သည် ဒေါ်ကုလားမ နှင့် သူမ၏ ေယာကျာ်းသည် တေယာက် မျက်နှာတယောက်ကြည့်လိုက်ကာ မကုလားမ မှစကားဆိုလိုက်သည်
“ကိုသောင်းဟန် ကောင်လေး ကြည့်ရတာတေ့ သာမာန် ကလေး တေယာက် ပံုတော့ မဟုတ်ဘူး ရှင်သွားပြပေးလိုက်ပါလား ဘူးသီးလည်းလှီးလို့ ပြီးပြီ ဆိုတော့”
“အေး အေး ငါသွားပြလိုက်မယ် ”
ထို့နောက် ဦးသောင်းဟန်သည် မောင်ဘိုးထင်ကို ခေါ်ကာ သရဲဝင်ပူသည်ဆိုသော လူ၏ အိမ်သို့ ထွက်ခွာသွားကြပါလေတော့သည်။
◾အခန်း-၅
မောင်ဘိုးထင်သည် သူ၏ ခြေစာမှုန်ကို မျက်လုံးတွင် ကွင်းပြီး သရဲ တစ္ဆေများကို မြင်နိုင်စွမ်း အောင်ပြုလုပ်လိုက်သည် ၊ ဦးေသာင်းဟန်သည် သရဲဝင်ပူးသောသူ၏ အိမ်ဝိုင်းထဲသို့ ဝင်လိုက်၏၊ သူတို့ အိမ်ဝိုင်းထဲ ဝင်လိုက်သည် နှင့် အသက်အရွယ် ငါးဆယ်ကျော် အမျိုးသမီးကြီးတဦးသည် ဧည့်ဝတ်ပြုလေသည်
“သောင်းဟန် လာလာ ငါလည်း နင်တို့ နဲ့ အိမ်နောက်က မမုန်းတင် တို့ကိုပဲ အားကိုး နေရတာ ”
ထိုအမျိုးသမီးကြီးပြောသော မမုန်းတင်ဆိုသူမှာ မောင်ဘိုးထင်အား ထမင်းပေးသော အရီးဖြစ်သည် ၊ဦးသောင်းဟန်သည် ထိုအမျိုးသမီးကြီးကို စကားပြန်ပြောလေသည်
“ရပါတယ် အမကြီးရ ဒါနဲ့ တင်ထူး ကောင်းသွားပြီလား ”
“အခုေတာ့ အရက် နဲ့ ကြက်ကြော်ကို စားနေတာပဲ ငါလည်းဟယ် အရက် နဲ့ ကြက်ကြော် ဖိုးနဲ့ တင် မလွယ်တော့ဘူး ဒီကောင်ကို ပူးတဲ့ သရဲကလည်း အချေအနေကြည့်တက်သား ငါငွေ ပျက်နေပြီဆို ငြိမ်နေတာ ငွေလေးများ ရွှင်လာပြီဆို ဒင်းက ပူးပြီ ”
“အင်း သရဲကော ဟုတ်ရဲ့လား အရီး”
မောင်ဘိုးထင်မှ ဝင်ရောက် မေးမြန်းသောအခါ အမျိုးသမီးကြီးသည် ဦးသောင်းဟန်ကို ကြည့်ကာ
“သောင်းဟန် ဒါ ဘယ်က ကေလးလဲဟဲ့ ”
“ရွာဇရပ်မှာ တည်းနေတဲ့ အင်း ဆရာဆိုလား ဘာလား သူရဲ့ တပည်ပါ ”
“အော် သရဲ ထင်တာပါပဲကွယ် အစက အရီးလည်း မယုံဘူး ဒီကောင်က ထိုင် ရက်သားကြီး နာက်ကျွမ်း ပြစ်ပြလိုက်တော့ အရီး ယုံသွားတာ အိမ်တိုင် တွေလည်း ဖက်တက်တယ် ပြီးတော့ အထုတ်တန်းတွေ ပေါ်ကလည်း ခုံချနေတာ ”
“ဟုတ်လား အဲ့တာ ဆို ကျုပ် အပေါ်တက် ကြည့်လို့ ရမလား ”
“ရတယ် ရတယ် ”
မောင်ဘိုးထင်သည် ဦးသောင်းဟန် နှင့် အတူ အိမ်ပေါ်သို့ တက်ကြည့်လိုက်သည် ၊ အိမ်ပေါ်တွင်ေတာ့ မည်သည့် တစ္ဆေ သရဲမှ မရှိပေ အိမ်အနေအထားကို ကြည့်လိုက်သော ၊ အိမ် အထုတ်တန်း နှင့် အိမ်ကြမ်းပြင်က သိပ်မမြင့်ပေ အိမ်သည် ပျဉ်ထောင် ပျဉ်ခင်းအိမ် ဖြစ်ကာ အထုတ်တန်းမှ အောက်သို့ ခုန်ချက သူပါ ခုန်ချနိုင်သည် ဟုတွေးလိုက်မိသည် ၊ အိမ်တိုင် တွင် လည်း မသိ မသာ အထစ်ကလေးများထစ်ထားသည်ကို မောင်ဘိုးထင် တွေ့လိုက် ရပြန်သည် ၊ အိမ်ဦးခန်းတွင်တော့ သကောင့်သား သရဲပူသူသည် အရက် နှင့် ကြက်ကြော် ဖြစ် စည်းစိမ် ယစ်နေလေသည် ၊ မောင်ဘိုးထင်သည် အိမ်ပိုင်ရှင် အရီးကို ကြည့်ကာ
“အရီးသားက အရင်က အရက်သောက်တက်လား “,
” သောက်တက်တယ် အရက်ကြွေးတွေ တင်လို့ အရက်ဆိုင်ကတောင် အရီးဆီ အေကြွးတောင်းသေးတယ် အရီးက ဆပ်စရာလား အေ ”
“အိမ်ထုတ်တန်းပေါ်တက် တာ ဒီတိုင်ကေနတက်တာလား အရီး ”
“ဟုတ်တယ် ”
“အရီး အိမ်မှာ ဝက်ဆီ ရှိလား ‘
“ရှိတော့ မရှိဘူး ရှာလိုက်မယ် ”
“အင်း အဲ့တာဆို ကျုပ်ဆရာသမားဆီ ခဏသွားပြီး အင်းတောင်း လိုက်ဦးမယ် ချက်ချင်းပြန်လာခဲ့မယ် နော် ”
“အေးအေး ကောင်လေး ”
မောင်ဘိုးထင်သည် အိမ်ပိုင်ရှင် အရီး နှင့် ဦးသောင်းဟန်ကို နုတ်ဆက်ကာ ဦးပွကြီးရှိသော ဇရပ်သို့ ထမင်းထုပ်ကို ဆွဲကာ ထွက်လာလိုက်တော့သည် ၊ သကောင့်သား အရက်သမားသည်က ကြက်ကြော်လေး ကိုက်လိုက် အရက်လေးမော့လိုက်နှင့် သူ၏ အမေနှင့် ဦးသောင်ဟန်ကိုပင် ဂရုမစိုက်နိုင် ဖြစ်နေပါလေတော့သည် ။
◾အခန်း-၆
“ကောင်လေး ကြာလိုက်တာကွာ ငါက မင်းကို ထမင်း နဲ့ အကြော် ဘဝ ရောက်နေပြီတောင်ထင်တာ ”
“အဲ့တာ နောက်မှ ပြော ရော့ဒီမှာအကြော် နဲ့ ထမင်း ကျုပ်ကို တခု လောက်ကူညီဦး ဦးပွကြီး ”
“ဘာတွေကူ ညီရမှာ လဲကွ ”
“ရွာထဲ မှာ လူပူးတေယာက် သရဲဝင် ပူးတယ် ဆိုပြီး လုပ်စားနေတယ်ဗျ ကျုပ် ပညာနဲ့ ကြည့်တော့ ဘာသရဲ မှ မရှိဘူး အဲ့တာ ကျုပ် ဘယ်လို လုပ်ရမလဲ ”
“သူပူးတဲ့ ပုံစံကို မင်းသိလား ”
“သိတယ် အိမ်တိုက်ကိုအထစ် တွေ ထစ်ပြီး အိမ်ထုတ်တန်းပေါ် တက်ပြီး ခုန် ချပြလိုက် ထိုင်ရက် ခုန်ပြလိုက် ဂျွန်းပြစ် ပြလိုက်လုပ်ပြီး လုပ်စားနေတာ ”
“အေး မင်ကအတော်ကို လျှင်တဲ့ ကောင်ပဲ လူပူးရဲ့ အထာကို ချက်ချင်း သိတယ် မင်းတော်တယ် ”
ထို့ေနာက် ဦးပွကြီးသည် သူ၏လွယ်အိတ်ထဲမှ ဆီစိမ် စက္ကုလေး တရွက်ကို ပေးကာ
“ရော့ ဘိုးထင် မင်း ဒီ အင်းကို အဲ့ကောင်နားထားလိုက် သူဝင်ပူးေယာင်ေဆာင်တာနဲ့ သူရဲ့ မျက်လုံးထဲမှာ ဒီအင်းက အင်းစောင့်ကို မြင်နေရလိမ့်မယ် မြင်နေရတာနဲ့ အင်းစောင့်က အဲ့ကောင်ကို ခြိမ်းခြောက်လိမ့်မယ် ဒီကောင် နောက်တခါ ဟန်မဆာင်ရဲ စေရဘူး စိတ်ချ ”
မောင်ဘိုးထင်သည် ဦးပွကြီးပေးသော အင်းစာရွက်လေးကို ယူကာ ရွာထဲ သို့ အသောနှင်း သွားပါလေတော့သည် ။
◾အခန်း-၇
ေမာင်ဘိုးထင်သည် သရဲပူးသည်ဟု ဟန်ေဆာင်သော သူ၏ အိမ်သို့ ပြန်ရောက်လာ၏ ၊ သူပြန်ရောက်ချိန်တွင်ေတာ့ အိမ်ရှင် အရီး နှင့် ဦးသောင်းဟန်သည် ဝက်ဆီခဲ များအား အသင့် ရှာထားပြီ ဖြစ်သာ ၊ ထို့ေနာက် မောငဘိုးထင်သည် ဝက်ဆီခဲများကို ယူကာ လူပူး တက်နေကြ အိမ်တိုင်ကို သုပ်လိမ်း ထားလိုက်သည် ၊ လူပူးသည် မောင်ဘိုးထင်တို့ ပြုလုပ်နေသည်ကို သိပ်ဂရုမစိုက်ပေ အိမ်သည် ကျယ်သည့်အတွက် သတိမထားမိတာလည်း ဖြစ်နိုင်၏ ၊ မောင်ဘိုးထင်သည် တိုင်အား ဝက်ဆီ သုပ်ပြီးသော အခါ လူပူးအနားသို့သွားပြီး
“အကို ကြီး ”
“ဟေ့ ဘယ်သူလဲ ကွ ”
“ကျုပ် အကိုကြီးက စားလှ သောက်လှချည်လား ”
“တယ် ငါ့ကို များ ပြောဝံ့နေတယ်ပေါ့ သေချင်နေပြီ ထင်တယ် ”
“ခင်ဗျားက သရဲလား ဒါမှ မဟုတ် သရဲ ပူချင်ယောင် ဆောင်ပြီး စားနေ သောက်နေတာ လား ”
မောင်ဘိုးထင်၏ စကားကြောင့် သရဲဝင်ပူးဟန် ဆောင်ပြီး ကြက်ကြော် နှင့် အရက်ကို အေးအေးစေးစေး စားသောက်နေသော အရက်သမားသည် မျက်နှာ တချက် ပျက်သွား၏ ၊သို့ပေမဲ့ ပျက်သွားသည့် မျက်နှာကို ပြန်ထိန်းကာ
“တောက် ငါ့ကို များ မယုံ မကြည် ငါ့အကြေညက်း ပြရသေးတောပေါ့ လေ”
လူပူသည် သူထစ်ထားသော အိမ်တိုင်သို့ သွားပြီး တက်လိုက်လေသည် ၊ သို့ပေ မဲ့ အိမ်တိုင်သည် ချောနေ၍ ခြေမလေးနှင့် အထစ့်လေးကို အားပြုတက်နေပေမဲ့ တက်မရ ချောချော ကြနေလေရာ ဆက်ပြီး မတက်တော့ပဲ အိမ်တိုင်ကို ကြည့်လိုက် မောင်ဘိုးထင်ကို ကြည့်လိုက် နှင့်
“ဝက်ဆီတွေ အိမ်တိုင်ကို ဘာလို့ သုပ်ထားတာလဲဟေ့ ငါ့ကို မခန့်တာ လား ”
“သရဲ ပူးတယ်ဆို အဲ့အိမ်တိုင်မှာ ဘာဖြစ်ဖြစ် တက်နိုင် ရမယ် မဟုတ်လား ”
“တယ် ဒီကောင်တော့ ငါ လုပ်လိုက်ရ သေတော့မယ် ”
လူပူးသည် ရှက်ရမ်းရမ်းကာ မောင်ဘိုးထင်အနားသို့ သရဲ ပူးဟန်ေဆာင်ကာ ရန်ပြုဖို့ တက်လာ၏၊ ထိုအခါ မောင်ဘိုးထင်သည် လူပူး၏ ရှေ့သို့ ဦးပွကြီး ပေးသော အင်း လေးအားပစ်ချလိုက်ရာ လူပူးသည် ထိုအင်းကွက် ကို သေချာကြည့်ေနရင်း တဖြည်းဖြည်း ကြောက်ရွံဟန်ပေါ်လာလေသည် ၊ ထို့ေနာက် ဒူးထောက်ထိုက်ချလိုက်ကာ
“နောက် နောက် ကျုပ် ဒီလို မလုပ်ေတာ့ပါဘူး ခွင့် ခွင့် လွှတ်ပါ ”
“တကယ် မလုပ်တော့ပါဘူး တင်းပုတ်ကြီး နဲ့ မထုပါနဲ့ ဗျာ “,
လူပူးသည် အင်းကွက်နေရာကို ကြည့်ကာ ကြောက်လန့် လွန်းလှ၍ ကျင်ငယ်များပင် ပါချနေလေသည် ထို့ေနာက် တယောက်တည်း စကားများလည်းဆို နေလေသည်၊
“မ မလုပ်ေတာ့ပါဘူး ကြောက်ပါတယ် ဗျာ ”
“မသောက်ေတာ့ပါဘူး တကယ် မသောက်တော့ပါဘူး ”
အိမ်ရှင် အရီး နှင့် ဦးသောင်းဟန် သည် ထင်မှတ် မထားေသာ အဖြစ်ကြောင့် ကြောင်ေငးနေပြီး မောင်ဘိုးထင်ကိုလည်း အထင်မသေးဝံ့တော့ပေ ထို့နောက် မောင်ဘိုးထင် သည် အင်းစက္ကွုကို ယူကာ အိမ်ရှင် အရီးကို ပေးလိုက်ပြီး
“အရီး အရီးရဲ့သား နောက်တခါ ဝင်ပူးပြီး အရက် နဲ့ ကြက်ကြော် တောင်းရင် ဒီအင်းသာ ရှေ့ချလိုက်ကြားလား အရီး ”
“အင်း အင်း ကောင်လေး ”
“အဲ့တာဆို လည်း ကျုပ်ပြန်ဦးမယ် အရီးရေ မနက်ဖြန် ရိုးမတောထဲ ဝင်ရဦးမှာ မို့ ဗျို့ ”
“အေးအေး ကောင်လေး လိုအပ်တာ ရှိရင် အရီးကို ပြောပါ အခု အရီး ငွေဘယ်လောက် ပူဇော် ”
“ဟာ ဘာတွေ ပြောနေတာလဲဗျာ ကျုပ်က စေတနာ နဲ့ ကူညီတာပါ၊ ဦးလေးသောင်းဟန် လေးကြီး အကြော်သည်ကို လည်း နုတ်ဆက်တယ် လို့ ပြောပေးပါဦးဗျာ ပြီးတော့ ကျုပ်ကို ထမင်းထုပ်ပေးတဲ့ အရီးကို လည်း ကျုပ်သွားတော့မယ်ဆိုတာ တခါတည်းပြောပေးစမ်းပါဦး ကျုပ်ပြန်တော့မယ်”
မောင်ဘိုးထင်သည် ပြောပြောဆိုဆို အားလုံးကို နုတ်ဆက် ကာ ဦးပွကြီးရှိသော ဇရပ်သို့ ပြန်လိုက်ပါလေတော့သည် ။
◾အခန်း-၈
ဦးပွကြီး နှင့် မောင်ဘိုးထင်သည် ဇရပ်မှာ တညအိပ်ကာ မနက်စောစော ဝေနီဝေလင်းအချိန် ထလို့ ရိုးမတောကြီး ဘက်သို့ ထွက်လာလိုက်ကြသည် ၊ အချိန်အတော်ကြာ တောကြီးထဲ ခရီး နှင်သောအခါ တေယာသည် နက်သည်ထက် နက်လာ၏ ၊ မောင်ဘိုးထင်၏ စိတ်ထဲတွင် ယခုလိုတောနက်ကြီးထဲတွင် ရွာ ရှိကော ရှိပါ့မလားလို့လည်း တွေးနေမိသည် ၊ မကြားသောအချိန်တွင် သူတို့၏ မလှမ်းမကမ်းတွင် လင်းတကြီး နှစ်ကောင် ပျံသန်းနေလေရာ မောင်ဘိုးထင်သည် သူ၏လွယ်အိတ် ထဲမှ လေးဂွကို ထုတ်ကာ အလျှင့်အမြန်ပစ်လိုက်ရာ ဦးပွကြီးတားချိန် မရလိုက် လောက်စလံုးသည်ကာ လင်းတကြီး ၏ နောက်ပိုင်းသို့ ထိမှန်သွားလေရာ ပျံသန်းနေသော လင်းတကြီး သည် နှစ်ချက် သုံးချက်မျှ အော်ပြီး ပျံသန်းသည်နေရာမှ အောက်သို့ ပင် နိမ့်၍ ပျံေနရလေသည် , ဦးပွကြီးသည် ကြောင်ငေး နေရင် သူတို့ ရှေ့မှ ပျံသန်းနေသော လင်းတ နှစ်ကောင်အနက် ခယို ခယိုင် လင်းတကြီးကို တလှည့် လေးဂွကိုင်ထားသော မောင်ဘိုးထင်ကို တလှည့်ကြည့်ကာ ဦးပွကြီးသည် မောင်ဘိုးထင်၏ နားရင်းကို တချက်အုပ်လိုက်ပြီး
“ခွီးတယ် မှ ပဲ အဲ့တာ တို့ကို လမ်းပြတဲ့ စုန်းတွေဟ မင်းလုပ်တာ ဟိုစုန်းေတွ သေတော့မှာပဲကွာ ”
“သိမှ မသိပဲဗျာ ကြိုပြီးပြောထားမှပေါ့ဗျာ ကျုပ်က ငှက်ပစ်နေကြဆိုေတာ့ ရှေ့မလှမ်းမကမ်းမှ ကားတားကားတား ကြီး ပျံနေတော့ စိတ်ဘယ်ထိန်းနိုင် မလဲဗျ ”
မောင်ဘိုးထင်သည် နားရင်း အအုပ်ခံလိုက်ရသဖြင့် မကျေမနပ်နှင့် ဦးပွကြီးကို စကားပြန်ဆိုနေလေသည် ၊ထို့နောက် မကြာသောအချိန်တွင် သူတို့ နှစ်ယောက် ရွာလေး တရွာ၏ ရွာအဝင်သို့ ရောက်လာကြ၏ ၊ ရွာအဝင်တွင်တော့ ခေါင်းမွေးများတကောင်းလုံးဖြူနေပြီး တောင်ေဝှးတချောင်းကို ကိုင်ထားသော အဖွားအိုနှင့် သူမ၏ဘေးတွင် သာမာန် မိန်းကလေးများဝတ်သည် ဖျင်ကြမ်း ထမိန် အင်္ကျီလေးနှင့် လုံမပျိုလေးညနှစ်ယောက် နှင့် အတူ သူတို့ အားစောင့်နေလေသည် ၊ ထိုထဲ မှလုံမပျိုလေးသည် လက်တဖက်ဖြစ် သူမ၏ တင်ပါးကို ပွတ်ကာ မျက်နှာ မသာမယာ နှင့် မောင်ဘိုးထင်ကို မြင်သောအခါ မျက်စောင်း ထိုးကာ ကြည့်နေလေသည် ၊ ဦးပွကြီးသည် ထိုအမျိုး သမီးး သုံးဦး နားရောက်သောအခါ အလယ်၌ရှိသောဆံပင်ဖြူနေသော မိန်းမကြီးသည် ဦးပွကြီးကို ကြည့်၍ ရိုသေစွာ စကားဆိုလာသည်
“အင်းဝိဇ္ဇာဆရာပွ ရောက်လာလို့ ကျမတို့ အတိုင်းမသိကျေးဇူးတင်ပါတယ် ”
“ရပါတယ် ကဝေပျံမယ်ဖြူ ခင်ဗျားတို့က လူတွေ နဲ့ ဝေးရာမှာ နေပြီးး လူတွေကို ဒုက္ခမပေးလို့ ခင်ဗျားတို့ကို ဒုက္ခလာပေးမဲ့သူကို ကျုပ်နှိမ်နှင်းပြီး ကူညီရချင်းပါ ”
“ဒါနဲ့ ဟောဟိုက ကောင်လေးက ဘယ်သူလဲ ”
“အဲ့တာ ငအုန်းရဲ့ တပည် ဘိုးထင်တဲ့ ဒီလမ်းခရီးမှာ ကျုပ်တေယာက်ထဲ ပျင်းလို့ သူ့ကို ခေါ်လာတာ ”
‘တောက် ဘိုးထင် လက်သရမ်းချက် နည်းနည်းလေး လွဲသွားလို့ကံကောင်းတယ် တော် ”
ကဝေပျံ မယ်ဖြူနှင့် ဦးပွကြီး စကားပြောနေစဉ် မောင်ဘိုးထင်ကို မျက်စောင်းထိုးနေသော ကဝေပျိုမလေးမှ ဘိုးထင်ကို ကြည့်ပြီး မကျေမနပ် စကား ပြောလိုက်ရာ အားလုံးပြုံးစိစိ နှင့် ဖြစ်ကုန်၍ ကဝေပျိုမလေး ရှက်သွားကာ ထိုနေရာ မှ ပြေးထွက် သွားလေသည် ၊မကြာသော အချိန် တွင် ထိုကေဝပျိုမလေး ပြေးထွက်သွားသော နေရာမှ အသံ တသံပေါ်လာလေသည်
“သခင်မကြီးကယ် ကယ် ပါဦး”
ထိုအသံကြောင့် ကဝေပျံ မယ်ဖြူ အပါအဝင် အားလုံး အသံလာရာဆီသို့ ပြေးလွှားသွားလိုက်ကြလေတော့သည် ။
◾အခန်း-၉
ယောင်ပေစူးနှင့် ပုဆိုး အပို တကွင်းကို စလွယ်သိုင်းထားသော ကောင်လေးတေယာက်သည် ကဝေပျိုမလေး၏ ဦးခေါင်းကို ခြေဖြစ် နင်းထားလေသည် ကဝေပျိုမလေးသည် ကြောက်လန့်လွန်း၍ တုပ်တုပ် ပင် မလှုပ်ရဲပေ မလှုပ်အောင်လည်း ထိုကောင်လေးသည် ငေါက်ငမ်းထားချင်းဖြစ်သည်
“စုန်းမ မလှုပ် နဲ့ လှုပ်လို့ကတော့ နင့်ခေါင်းကို ငါမနင်းပဲ ဆင်ကို နင်းခိုက်လိုက်မယ် ကြားလား ”
ဦးပွကြီးနှင့် မောင်ဘိုးထင်တို့ ရောက်သွားသော အခါ ယောင်ပေစူး နှင့် ကောင်လေးသည် သူဆို့အားလံုးကို ကြည့်ကာ
“ကဲ စုန်းမ တွေ စုန်းတွေ ဒီနေ့ နင်တို့ ပညာတွေ အကုန်လုံးကို ဖျက်စီးပစ်မယ် ငါအဘ မသေခင် နင်တို့ကို မသတ်ရဘူးလို့ မှာထားလို့ ငါ အသတ်တော့ သေအာင် မသတ်ဘူး နင်တို့ ရဲ့ ပညာတွေ အကုန် လုံးကို ငါဖျက်စီး ပြစ်မယ် ”
“ဟဲ့ ကောင်လေး နင်က သစ်ခေါင်းပေါက် ဖိုးဝေဆိုတာ လား ”
“နင်တို့က ငါ့ နာမည်တောင်သိနေမှကို ကဲဆိုင်ရာ စုန်းတွေ အကုန်လုံးကို လက်နောက်ပြန် ကြိုးနဲ့တုတ်စမ်း ”
သစ်ခေါင်းပေါက် ဖိုးဝေ ၏ စကားဆံုးသည် နှင့် ကဝေပျံမယ်ဖြူ အပါအဝင် သူမဘေးတွင် ရှိသော ကဝေပျိုလေးသည်လည်း လက်နောက်ပြန်သွားကာ ကြိုးတုပ်သည်အလား လှုပ်၍ မရတော့ပေ ၊ ထို့နောက် သစ်ခေါက်ပေါက် ဖိုးဝေသည် မည်သို့မှ မဖြစ် ဒီအတိုင်းသူအား စူးစိုက်ကြည့်နေသော ဦးပွကြီး နှင့်မောင်ဘိုးထင်အား အံဩစွာ ငေးကြည့်နေရင်း
“မင်း မင်းတို့က ဘာမှ မဖြစ်ဘူးလား ”
“ကဲ ကောင်လေး မင်းရဲ့ ဒေါသတွေကို ဘာလို့ အပြစ် မရှိတဲ့ စုန်းတွေ အပေါ် ပုံချနေတာလဲ ”
“ဘာအပြစ် မရှိရမှာလဲ စုန်းဆို ဘယ်စုန်းမှ အပြစ်မကင်းဘူး ကျုပ်က ဒီစုန်းတွေကို သတ်ချင်တာ ”
သစ်ခေါင်းပေါက် ဖိုးဝေသည် ဒေါသ တကြီးပြောကာ စုနး်မလေးကို နင်းထားသော သူ၏ ခြေထောက်ကို ပို၍ အားထည့်လိုက်ရာ စုးန်းမလေးမှာ စူးဝါးစွာအော်ဟစ် ငိုကျွေးနေလေသည်၊ ဦးပွကြီးသည် ဆက်၍ ရပ်မကြည့်နိုင်တော့ပဲ သူ၏ လွယ်အိတ်ထဲမှ အင်းတချက်ကို ထုတ်ကာ နဖူးမှာ တည်၍ သစ်ခေါင်းပေါက် ဖိုးဝေ အရှေ့ ပစ်ချလိုက်ရာ အင်းစာရွက်ထဲမှာ သံခေါင်းစွပ် စွပ်ထားပြီး ကျယ်သော ပါးစပ်မှ အစွယ် များကားထွက်နေပြီး ေရွှရောင်ချပ်ဝတ် တန်းဆာကို ဝတ်ထားသော ပုဂိ္ဂုလ်သည် နှစ်ဖက်အသွားရှိသော သံလျက်ကိုကိုင်ကာ သစ်ခေါင်းပေါက် ဖိုးဝေ အနားတိုးကပ်လို့သွားလေသည် ၊ သစ်ခေါင်းပေါက် ဖိုးဝေသည် သူ့အနားတိုးလာသော ထူးဆန်းသည့် ပုဂ္ဂိုလ်အား လက်ညှိုးထိုးကာ
“ဆိုင်ရာ အဲ့ အကောင်ကြီးကို ကြိုးတုပ်စမ်း”
“ဆင်ပိုင် ဆင်နဲ့ နင်းစမ်း ”
“လှံပိုင် လှံနဲ့ ထိုးစမ်း ”
သစ်ခေါင်းပေါက် ဖိုးဝေ မည်သို့သော အမိန်ပေးခိုင်စေကာ မှု ဦးပွကြီး ပစ်လိုက်သော အင်းထဲမှ အင်းစောင့်ကြီးသည် သူအနားသို့ တဖြည်းဖြည်း တိုးတိုး လာပြီး ကိုင်ထားသော သံလျက်ကြီးကို မြှောက်ပြီး ခုတ်ရန် ဟန်ပြင်လိုက်ချိန် ပတ်ဝန်းကျင်တခုလုံး ရွှေရောင်များ ဝင်းထိန်သွားကာ အားလုံး၏ မျက်လုံးများမှိတ်လိုက်ကြရသည် ၊ မျက်လုံးပြန်ဖွင့်သောအခါ သစ်ခေါင်းပေါက် ဖိုးဝေ အနားတွင် အလင်းရောင်များ ဝင်းလက်နေသော ဆရာတော် တပါးအား ဖူးတွေ့လိုက်ရ၏ ၊ ဆရာတော်ကို မြင်သော အခါ အင်းစောင့်ကြီးနှင့် ဦးပွကြီးသည် မြေပြင်တွင် ငုတ်တုတ်ထိုင်လိုက်ပြီး ဆရာတော်အား ဦးချကန်ေတာ့လိုက်ကြသည် ၊ စုန်းကေဝများနှင့် မောင်ဘိုးထင်တို့သည် ဦးချ ကန်တော့ချင်းမရှိ ငေး၍ သာကြည့်နေလေသည် ၊ ထို့ေနာက်ဆရာတော်သည် ကြည်လင်သော အသံဖြစ် ဦးပွကြီးကို ကြည့်ကာ မိန့်တော်မူလေသည်
“ဒကာကြီး ဒီကလေးကို ခွှင့်လွှတ်လိုက်ပါ ဆရာတော် ဒီကလေးကို ခေါ်သွားပါမယ် နောင်တချိန် ဒီကလေးက လောကကို ကောင်းကျိုးပြုမဲ့ သူမို့ ဒကာကြီး မေတ္တာထားပေးပါ နောက်တခါ အေးချမ်းစွာ နေတဲ့ ပညာသည်တွေကို မနှောက်ယှက်ရအောင် ဘုန်းကြီး ဆုံးမထားပါမယ် ”
“တင်ပဘုရား တပည်တော်လည်း ကလေးကို နတ်ဘီးလူးစောင့် တဲ့ အင်း နဲ့ မတိုက်သင့်ပါဘူး ဘုရား ဟိုက စုန်းမလေး အော်ဟစ်ငိုကျွေးသံကြောင့် သတိ လွတ်သွားတာပါ ”
“နားလည်ပါတယ် ကဲကဲ ဘုန်းကြီးတို့ ကြွလိုက်ပါဦးမယ် ”
ဆရာတော်သည် ထို့မျှသာမိန့်ဆိုပြီး သစ်ခေါင်းပေါက် ဖိုးဝေအား လက်မှဆွဲကာ ရွှေရောင်များဝင်းလက်သွားပြီး ပျောက်ကွယ်လို့သွားပါလေတော့သည်။
◾အခန်း-၁၀
ဦးပွကြီး နှင့် မောင်ဘိုးထင်သည် ကဝေပျံမယ်ဖြူတို့ နေသော စုန်းရွာမှ ခေတ္တ ခဏသာ နားပြီး ပြန်ထွက်လာသည် ၊ တောကြီးထဲမှ ပြန်ထွက်သည် လမ်းပြသော ကဝေပျို မလေးတို့သည် အလာတုန်းကလို လင်းတ အဖြစ်ပြောင်းပြီး ရှေ့မှ လမ်း မပြရဲေတာ့ပေ ၊ သာမာန် လူသားရုပ်နှင့်သာ ရှေ့မှ လမ်းပြနေလေသည် ၊ သို့ပေမဲ့လည်း ရှေ့မှသွားနေရသည်ကို စိတ် သိပ်လုံပေါ်မပေါ် နောက်သို့ ပြန်ပြန်လှည့်ကြည့်နေလေရာ မောင်ဘိုးထင် စိတ် မရှည်ဖြစ်လာပြီး
“အမတို့ကလည်း လာတုန်းက ပစ်မိတာက ငှက်ကြီးတွေပုံစံ မို့ပါ ဒီလို ငါးရံကိုယ်လုံးလေးတွေကိုေတာ့ ကျုပ်ကပစ်ပါ့မလား ဗျာ ”
မောင်ဘိုးထင် ၏ စကားကြားသောအခါ ကဝေမလေး နှစ်ယေက် မျက်လုံးပြူးသွာကာ ချက်ချင်း သွားနေရမှ ရပ်လိုက်ပြီး မောင်ဘိုးထင်ကို ကြည့်၍ စကားဆိုလာလေသည်
” နှာဘူးလေး လိုက်မပို့ေတာ့ဘူး”
ထိုသို့ပြောဆိုကာ နောက်ကြောင်း ပြန်လှည့်ပြေးလေတော့သည် ၊ ေမာင်ဘိုးထင်သည် ပြန်ပြေးသွားသော ကဝေးပျိုလေး နှစ်ေယာက်အား။ နားမလည်နိုင်စွာ ကြည့်ကာ
“ဘာဖြစ်သွားကြတာလဲ ဦးပွကြီးရာ ”
“ဘာဖြစ်ရမှာလဲ ငါးရံကိုယ်တွေ ဘာတွေ မင်းက ဘယ်လို လုပ်သိတာ လဲ”
“အဘ ပြောတာလေဗျာ အစောက အမတို့လို့ တွန့်တွန့်လေးတွေက ငါးရံကိုယ်လေးတွေတဲ့ဗျ”
“ကောင်းကွာ လိုက်လည်း လိုက်တဲ့ ဆရာတပည်တွေ ကဲ ကဲ ကောင်လေး ငါ့ သတင်း ရထားတရှိတယ်ည မင်းတို့ ရွာကို လူလိမ် ဝင်မယ် တဲ့ကွ အဲ့တာ မင်းတို့ ကောင်တွေ ဂရုစိုက်လိုက်ကြဦး”
မောင်ဘိုးထင်သည် ဦးပွကြီးပြောသော ရွာသို့ လူလိမ်ဝင်မည်ဆိုသော စကားကြောင့် မည်သို့သောလူလိမ်းနည်းဟုတွေးရင်း ပေပင်ရွာသို့ အပြန်ခရီး အမှောင်လောကသားများအခေါ် တကယ့် အင်းဝိဇ္ဇာမဟုတ် သည့် အင်းဝိဇ္ဇာပွကြီး နှင့် အတူ စကားတပြောပြော နှင့် ပြန်နေကြပါလေတော့သည် ။
◾အောက်လမ်းဘိုးထင် နှင့် အင်းဝိဇ္ဇာ သည်က ဤမျှသာ မကြာမီ အောက်လမ်းဘိုးထင် နှင့် နတ်ကလိမ် အမည်ရသော ဝတ္ထုဇတ်လမ်းလေးအား တင်ဆက်ပေးသွားပါမည် ။
📝မောင်တင်ဆန်း
#mgtinsan
Zawgyi Version
” ေအာက္လမ္းဘိုးထင္ ႏွင့္ အင္းဝိဇၨာ “(စ/ဆုံး)
——————————————————————-
(၂၃)
◾အခန္း-၁
ႏြားပြဲေဈးသို႔ မႀကီး မေလး ညီအမ ႏွစ္ေယာက္ႏွင့္အတူသြားေသာ ေမာင္ဘိုးထင္တို႔ ယခု အင္းဝိဇၨာ၏ အကူအညီျဖစ္ ေပပင္႐ြာသို႔ ျပန္လာၿပီျဖစ္သည္ ၊ ေမာင္ဘိုးထင္တို႔သည္ ဦးအုန္း၏ အိမ္ေရာက္သည့္တိုင္ မႀကီး ႏွင့္ မေလးအား စိတ္ပူေနေသးသည္ ၊ ထို႔ေၾကာင့္ ဦးအုန္းသည္ မႀကီး မေလးတို႔၏ မိခင္ႀကီးအား အက်ိဳးအေၾကာင္း သြားေျပာမည္ျဖစ္ၿပီး က်န္သူမ်ားသည္ လည္း သူတို႔၏ အိမ္သို႔ ျပန္ေတာ့မည္ျဖစ္သည္ ၊ ဦးအုန္း၏ အိမ္တြင္ေတာ့ အင္းဝိဇၨာပြႀကီး ႏွင့္ ေမာင္ဘိုးထင္သာ က်န္ေတာ့သည္၊ ေမာင္ဘိုးထင္သည္ ႀကံပြသည္ မွ ႏြားပြဲစား ျဖစ္ေနေသာ အင္းဝိဇၨာ ပြႀကီးကို ၾကည့္ကာ
“ႀကံပြသည္ႀကီး ”
“ငါ့မွာ နာမည္ ရွိတယ္ကြ အင္းဝိဇၨာပြႀကီး ”
“ေရွ႕က အင္းဝိဇၨာႀကီးကိုေတာ့ လွ်ာေခါက္လို႔ မေခၚခ်င္ဘူးဗ်ာ ဦးပြႀကီးလို႔ပဲ ေခၚမယ္ဗ်ာ ”
“မင္းသေဘာပဲ ေကာင္ေလး ”
“ဒါနဲ႔ ဦးပြႀကီးက ဘာလို႔ ႀကံပြသည္ ျဖစ္လိုက္ ႏြားပြဲစားျဖစ္လိုက္နဲ႔ ဘာလို႔လဲဗ် ”
“ဟ ေကာင္ရ အင္းဝိဇၨာဆိုၿပီး ႏုတ္ခမ္းေမႊးကားကားႀကီးထားၿပီး ေခါင္းေပါင္းႀကီး နဲ႔ ေန႔လို႔ ျဖစ္မလား အင္းဝိဇၨာဆိုတာ နဲ႔ ပညာစမ္းခ်င္သူေတြက အမ်ားသားကို အဲ့ေတာ့ အသက္ေမြးဖို႔ ေငြေလးလည္းရ “အင္း ‘ အသုံးျပဳဖို႔ ငွားတဲ့သူဆို ေငြေလးရတာေပါ့ ငွားတဲ့သူမရွိဘူးဆို ေဈးေရာင္းတာ နဲ႔ ပြဲစားလုပ္ လို႔ရတာေလးနဲ႔ ဝမ္းေရးကိစၥရွင္းရတာေပါ့ ေကာင္ေလးရ”
“အင္း ဝိဇၨာကလည္း မြဲလိုက္တာ ဗ်ာ ”
“မင္းေျပာလည္း ခံရမွာပဲ ေကာင္းေရာင္းေကာင္းဝယ္ လုပ္စားတဲ့ ငါတို႔လို ပညာရွင္ေတြကို လူသိပ္မသုံးဘူးကြ ဟိတ္ ဟန္အျပည့္နဲ႔ ေကာင္းေကာင္းဆိုးဆိုး အကုန္လုပ္တဲ့ သူေတြကသာ ခ်မ္းသာတာ ေဟ့ ”
ေမာင္ဘိုးထင္ အင္းဝိဇၨာ၏ စကားကို လက္ခံလိုက္မိသည္ အရပ္ထဲတြင္ ေခါင္းေပါင္းစ တေထာင္ေထာင္ ႏွင့္ ဆရာဂိုက္အျပည့္ႏွင့္ မေတာက္တေခါက္ လူက အေျပာေကာင္း အဆိုေကာင္းမို႔ ဝင္ေငြ႐ႊင္ၿပီး ကဝိထိပ္ေခါင္ ပညာရွင္ႀကီးမ်ားက လယ္ထဲ ဆင္းၿပီး ထယ္ထိုးေနရသည္မွာ အမွန္ပင္ျဖစ္သည္ ၊ ပညာရွင္မ်ားသည္ အ သည္ဟုဆိုရမည္လား သို႔တည္မဟုတ္ တက္ေျမာက္ထားသည့္ ပညာမ်ားကို အသုံးမခ် တက္သည္လား ဒါမွမဟုတ္ေသး သင္ရတာ ပင္ပန္းသြား၍ ပညာႏွင့္ လုပ္စားရမွာ ပ်င္းသြားသည္လားမသိ အသိမိတ္ေဆြမ်ားမွ ပင့္မွသာ သူတို႔၏ ပညာမ်ားကို ျပရသည္ ၊ က်န္ေသာအခ်ိန္တြင္ေတာ့ မိန္းမဆူ မိန္းမေငါက္ကို ခံၿပီး႐ိုးေအးစြာ ဘဝကို ကုန္လြန္ေနေစသည္ ၊ အားလုံးကို မဆိုလို လူအမ်ိဳးမ်ိဳး စိတ္အေထြေထြမို႔ ျဖစ္၏ ၊ ယခုလည္း အင္းဝိဇၨာႀကီးမွာ သူမ်ားကို တိုက္ခိုက္သည့္ အလုပ္ လုပ္ဟန္မရွိသည့္အတြက္ ႀကံပြ ေရာင္းလိုက္ ႏြားပြဲစားလုပ္လိုက္ႏွင့္ ဝမ္းေက်ာင္းေနေလသည္ ၊ ေမာင္ဘိုးထင္ သူ၏ ေရွ႕တြင္ ရွိေနေသာ အင္းဝိဇၨာႀကီး အေၾကာင္း ေတြးၿပီး ေငးေမာေနသည္ ၊
“ေကာင္ေလး ေဟ့ေကာင္ေလး ”
“ဗ်ာ ဗ်ာ ”
“မင္းဘာေတြ ေငးေမာေနတာလဲ ဟ”
“က်ဳပ္ ဦးပြႀကီး အေၾကာင္းေတြးမိလို႔ပါ ေလာင္းကစားႏိုင္အင္း ေတြေတာင္ဆြဲ ႏိုင္ၿပီး ဘာေၾကာင့္ ႀကံပြေရာင္းေနရတာလဲဆိုတာ နားမလည္လို႔ ”
“ဟေကာင္ရ အေခ်ာင္ရ တဲ့ ေငြက အေခ်ာင္ကုန္မွာပဲ မေတာ္ ေလာဘရွိလို႔ အခုလို အေဆာင္ေတြ ေဆာင္တာေပါ့ ဒီလို လူေတြက ဘယ္မွာမ်ား ေလာဘ ကင္းႏိုင္မွာ လည္း မင္းတို႔ ကိုယ္တိုင္ေတာင္ ခံရၿပီးၿပီ မဟုတ္လား”
“ဟုတ္တယ္ ဗ် လြယ္လြယ္ ရေတာ့ မ်ားမ်ား လိုခ်င္တယ္ ”
“ေအး ေလာကမွာ ကိုယ္ရဲ႕ ကံ ညဏ္ ဝိရိယ နဲ႔ ႀကိဳးစားၿပီး ရတဲ့ ေငြကမွ တည္ၿမဲတာကြ တျခား အေခ်ာင္ရတဲ့ ေငြက ကိုယ့္ရဲ႕နာမည္ကို သတ္ၿပီးမွ ရလာတာ ”
“ဗ်ာ က်ဳပ္နားမရွင္းဘူး ဦးပြႀကီး ”
“မင္းရဲ႕ ႀကိဳးစားမႈမပါပဲ ရတဲ့ ေငြေတြက မင္းရဲ႕ နာမည္ကို သတ္လိုက္ၿပီးမွ ရတာ လို႔ေျပာတာ ”
ေမာင္ဘိုးထင္ ေခါင္းကုတ္လိုက္မိသည္ ၊ အင္းဝိဇၨာေျပာေသာ စကားကို သူနားမလည္ပါ ထို႔ေၾကာင့္ ဆက္ၿပီး မေမးေတာ့ ေပ ၊ အင္းဝိဇၨာသည္ ဆက္ၿပီး စကားဆိုလာေလသည္
“ေကာင္ေလး မင္း ငါကို ကူညီရလိမ့္မယ္ ငါ့တို႔ လူတေယာက္ကို ရွာၿပီး ႏွိမ္နင္းရ လိမ့္မယ္ သူ႔နာမည္က သစ္ေခါင္းေပါက္ ဖိုးေဝ တဲ့ကြ”
“နာမည္က ဆန္းလွပါလားဗ် သစ္ေခါင္းေပါက္ ဖိုးေဝ ”
“ဟုတ္တယ္ ဒီေကာင္ေလးက ပါရမီပါတယ္ေျပာရမယ္ စုန္းကေဝေတြကို လိုက္ၿပီး ေႏွာက္ယွက္ေနတာ ေဇာ္ဂနီ အဆင့္ စုန္းေတြေတာင္ ဒီ သစ္ေခါင္းေပါက္ ဖိုးေဝကို ေၾကာက္ေနရတယ္ ၊ ”
“သူက ဘာလို႔ ေႏွာက္ ယွက္ေနတာ လဲ ဗ် ”
“ငါလည္း မသိပါဘူးကြာ ဒီေကာင္ေလး ရဲ႕ ပါရမီကေတာ့ အံ့မခန္းပဲကြ အဲ့ဒါေၾကာင့္ ေတာ္ေတာ္ မ်ားမ်ား အေမွာင္ ပညာသည္ ေတြက သစ္ေခါင္းေပါက္ ဖိုးေဝကို ဆုံးမေပးဖို႔ ငါ့ကို ေျပာထားတာ သစ္ေခါင္းေပါက္ ဖိုးေဝဆိုတာ မင္းအ႐ြယ္ ေလာက္ပဲ ရွိဦးမယ္ ”
“ဟုတ္လား က်ဳပ္က ဘယ္လို ကူညီရမွာလဲ ဗ်”
“အဲ့တာကို ေနာက္မွ ေျပာမယ္ကြာ အခုေတာ့ ဦးအုန္း ျပန္လာရင္ မင္းငါ့ေနာက္ လိုက္ခဲ့ ဖို႔ ခြင့္ေတာင္းရဦးမယ္ ‘
“က်ဳပ္က ဦးပြႀကီး ေနာက္ လိုက္ရမွာလား ”
“ေအးေပါ့ ”
ထို႔ေနာက္ အင္းဝိဇၨာႏွင့္ ေမာင္ဘိုးထင္တို႔ ဦးအုန္း အလာကို စကားတေျပာေျပာ ႏွင့္ ေစာင့္ေနၾကပါေလေတာ့သည္ ။
◾အခန္း-၂
ဦးအုန္း၏ အိမ္ေရွ႕တန္းလ်ားတြင္ ထိုင္ေနေသာ အင္းဝိဇၨာသည္ ဦးးအုန္း ျပန္အလာကို ေရေႏြးၾကမ္း ေသာက္ရင္း ေစာင့္ေနေလသည္ ၊ အတန္ၾကာေသာအခါ ဦးအုန္းသည္ သူ၏ ေနအိမ္သို႔ ျပန္လည္ ေရာက္ရွိလာၿပီ ျဖစ္သည္၊ ထို႔ေနာက္
အင္းဝိဇၨာသည္ ဦးအုန္းထံမွ ေမာင္ဘိုးထင္ကို သူႏွင့္ အတူေခၚသြားဖိုး ခြင့္ေတာင္းေလ၏၊
“ကိုအုန္း က်ဳပ္ ဒီေကာင္ေလးကို ခဏ ေခၚသြားခ်င္တယ္ ”
“အင္း ေကာင္ေလး လိုက္ခ်င္တယ္ ဆိုရင္ေတာ့ ေခၚသြားေပါ့ အင္းဝိဇၨာ ”
“ေကာင္ေလးက လိုက္မယ္ ေျပာပါတယ္ ”
“လိုက္မယ္ ဆိုရင္ေတာ့ ေခၚေပါ့ဗ်ာ ”
ထို႔ေနာက္ ဦးအုန္းသည္ ေမာင္ဘိုးထင္ဘက္လွည့္ကာ
“ေကာင္ေလး အင္းဝိဇၨာေနာက္လိုက္ရင္ သူဆီက ပညာ ေကာင္းေကာင္း ယူခဲ့ ၾကားလား ”
“ဟုတ္ကဲ့ပါ အဘ ”
ထို႔ေနာက္ အင္းဝိဇၨာသည္ ဦးအုန္းအားႏုတ္ဆက္ကာ ေမာင္ဘိုထင္ဘက္သို႔ လွည့္လိုက္ၿပီး
“ေကာင္ေလးေရ ေနေလး မပူခင္ သြားၾကတာေပါ့ ငါတို႔ အခုသြားရမဲ့ ေနရာက ႐ိုးမေတာႀကီးကိုေလ”
“ဟုတ္ကဲ့ ဦးပြႀကီး သြားၾကတာေပါ့ဗ်ာ ”
ထို႔ေနာက္ အင္းဝိဇၨာ ဦးေဆာင္မႈ ျဖစ္ေမာင္ဘိုးထင္သည္ အင္းဝိဇၨာ ၏ ေနာက္မွ လိုက္ပါသြားပါေလေတာ့သည္ ။
◾အခန္း
အင္းဝိဇၨာ ပြႀကီး ႏွင့္ ေမာင္ဘိုးထင္ ခရီးသြားရာ တရက္မွ်ရွိၿပီ ျဖစ္သည္ ၊ ႐ြာတ႐ြာၿပီး တ႐ြာကို ေက်ာ္ကာ ခရီးဆက္လာ ရာ ေတြ႕သည္ ဇရပ္ မ်ားတြင္ အိပ္ၾကရသည္ ၊ အစားဆင္းရဲ အေနဆင္းရဲ လွေသာ ေၾကာင့္ ေမာင္ဘိုးထင္သည္ သူ၏ စိတ္ထဲတြင္ အင္းဝိဇၨာ လုံးဝ ျဖစ္ခ်င္သည္ စိတ္ ဆႏၵ မရွိေပ ၊ အင္းဝိဇၨာမွ အင္းေရးဆြဲနည္း သင္ေပးသည္ကိုပင္ အေၾကာင္းျပခ်က္ အမ်ိဳးအမ်ိဳး ေပးကာ ျငင္ပယ္ေနသည္ ၊ သို႔ေပမဲ့ အင္းဝိဇၨာသည္ လက္မေလွ်ာ့ ေမာင္ဘိုးထင္အား သူ၏ အင္းအေၾကာင္းကို ခရီးသြားရင္း အၿမဲေျပာျပေနသည္၊ ထို႔ေၾကာင့္ ေမာင္ဘိုးထင္သည္ အင္းဝိဇၨာ ပြႀကီးကို ၾကည့္ကာ
“ဦးပြႀကီး အင္းဝိဇၨာဆိုတာ ဘာလဲ ဗ်ာ ဦးပြႀကီးက တကယ္ အင္းဝိဇၨာလား ”
ေမာင္ဘိုးထင္၏ စကားေၾကာင့္ အင္းဝိဇၨာပြႀကီးသည္ ေမာင္ဘိုးထင္ကို ေစာင္းငဲ့ၾကည့္က တခ်က္ၿပဳံးလိုက္ၿပီး
“ေကာင္ေလး တကယ္ေတာ့ ငါက အင္းဝိဇၨာမဟုတ္ဘူး ကြၽမ္းကြၽမ္း က်င္က်င္ တက္ေျမာက္ထားတဲ့ အဆင့္ပဲ ရွိေသးတယ္ အရပ္ စကားပုံ နဲ႔ ေျပာမယ္ ဆို အႏူေတာမွာ လူေခ်ာေပါ့ကြာ တကယ့္ပညာရွင္ ဝိဇၨဓိုရ္ ႀကီးေတြရဲ႕ ေျခမႈန႔္ ေလာက္ေတာင္ မရွိပါဘူး ငါနဲ႔ ေတြ႕ဘူးတဲ့ သူေတြက ငါ့ရဲ ကြၽမ္းက်င္ၿပီး ေပတံမလိုပဲ အင္းဆြဲႏိုင္တဲ့ ပုံစံကို ၾကည့္ၿပီး အင္းဝိဇၨာလို႔ ေခၚၾကတာ ငါလည္း အစက မေခၚဖို႔ တားပါေသးတယ္ကြာ ေနာက္ေတာ့လည္း အဲ့လို အေခၚခံရတာေတာင္ အရသာ ေတြ႕ သလို ျဖစ္လာတယ္ ေကာင္ေရ ”
“ဪ အဲ့လိုလား ”
“ေကာင္းေလး ဝိဇၨာဆိုတာ လြယ္လြယ္ နဲ႔ မျဖစ္ကြာ ငါလို ႀကံပြသည္ လုပ္လိုက္ ႏြားပြဲစား လုပ္တဲ့သူက ဂႏၶာရီဝိဇၨာ ထဲမွာပါတဲ့ အင္းဝိဇၨာ ျဖစ္မတဲ့လား ေကာင္ရယ္ မင္းတို႔ေအာက္လမ္း
ေတြ စုန္းေတြ ကေဝေတြ ၾကားမွာေတာ့ ငါက အင္းဝိဇၨာႀကီးေပါ့ ကြာ တကယ္ လက္ေတြ႕ေတာ့ ဟားးးးဟားးးဟားး”
ဦးပြႀကီးသည္ သူအင္းဝိဇၨာ မဟုတ္ေၾကာင္းကို ၿမိန္ရည္ခ်က္ရည္ျဖစ္ ေျပာေနေလသည္ ၊ သူေျပာသည္က မွန္ေပသည္ ၊ အင္းဝိဇၨာဆိုသည္ မွာ ဂႏၶာရီ ဝိဇၨာစားရင္းဝင္ ျဖစ္၍ လြယ္လြယ္ ႏွင့္ မျဖစ္ႏိုင္ေပ ၊ အင္းကြက္ခ်ရာ ႏွင့္ အင္းဆန္ထည့္ရာမွာ ကြၽမ္းက်င္လြန္းသလို ငါးပါးသီလ လုံေသာ ဦးပြႀကီး၏ အင္းသည္ အစြမ္းထက္လြန္းသည့္အတြက္ သာမာန္လူသားမ်ားႏွင့္ အေမွာင္ပညာသည္မ်ားက အင္းဝိဇၨာဟု သမုတ္ၾကခ်င္းေပ ၊မည္သို႔ဆိုေစကာမူ ေမာင္ဘိုးထင္သည္ ဦးပြႀကီးကိုေတာ့ ေလးစားမိသည္ ၊ သူတက္ထားေသာ ပညာျဖစ္ ေငြရွာက ေငြမ်ားရႏိုင္ေပမဲ့ သူမရွာပါ မေတာ္ေလာဘျဖစ္ရေသာ ေငြသည္ သူအတြက္ အက်ိဳးမျဖစ္ႏိုင္ဟု ေျပာဘူးသလို နာမည္ ေသမွ ေငြရသည့္ အလုပ္မ်ိဳးသူမလုပ္ဟု ယတိျပတ္ဆိုေလသည္ ၊ေမာင္ဘိုးထင္ အင္းဝိဇၨာ ပြႀကီးေၾကာင္းေတြး ေနစဥ္ ဦးပြႀကီးမွ သူ႔အားစကားဆိုလာေလသည္
“ေကာင္ေလး ေဟ့ေကာင္ေလး ‘
“ဗ် ဗ်ာ”
“မင္းဆိုသည္မွာလည္း ေတြးလိုက္ ေငးလိုက္ရန္ေကာ ”
“ဦးပြႀကီးအေၾကာင္းေတြးေနတာပါ ဗ်ာ ၿပီးေတာ့ ဦးပြႀကီးနဲ႔ က်ဳပ္ အဘ ဘယ္လို သိတာလဲဆိုတာ သိခ်င္ေနတာ ”
“အဲ့တာေတြက ေနာက္မွ ေျပာမယ္ ငါတို႔ သြားရမဲ့ ႐ိုးမေတာထဲ ေရာက္ခါနီးၿပီး အဲ့ မွာ ပညာသည္ေတြၾကည့္ေနတဲ့ ႐ြာရွိတယ္ကြ ငါေျပာတဲ့ သက္ေခါင္းေပါက္ ဖိုးေဝက အဲ့႐ြာက ပညာသည္ေတြကို ဒုကၡေပးမယ္ သတင္းၾကားထားလို႔ ငါ့ကိုေခၚထားတာေဟ့ ”
ေမာင္ဘိုးထင္သည္ ဦးပြႀကီး ေျပာေျပာ ေနေသာ သူႏွင့္ ႐ြယ္တူ သစ္ေခါင္းေပါက္ ဖိုးေဝ ကို အေတာ္ အထင္ႀကီးေနမိသည္ ၊ သူအ႐ြယ္ေလး ႏွင့္ စုန္းေတြ ကေဝေတြသည္ သူ႔အား ေၾကာက္ရသည့္အတြက္ ဦးပြႀကီးကို ကာကြယ္ဖို႔ ေခၚရသည္ မဟုတ္ပါလား ၊ ထို႔ေနာက့္ ဦးပြႀကီးသည္ စကားဆက္ဆိုလာေလသည္ ၊
“ေကာင္ေလး ငါတို႔ ဒီညေတာ့ ထုံးစံ အတိုင္း ဇရပ္မွာ အိပ္ရမယ္ေဟ့ အခု ဇရပ္ကေတာ့ ႐ြာေနာက္ဘက္က သခ်ႋဳင္းက ဇရပ္ေပါ့ကြာ မင္းက ႐ြာထဲသြား ေရာ့ ေငြ ႏွစ္က်ပ္ ”
“ထမင္းျဖဴ နဲ႔ အေၾကာ္ပဲ မဟုတ္လား ”
“ဒါပဲ ေပါ့ကြာ ထမင္းဆိုင္”
“ထမင္းေရာင္းတဲ့ဆိုင္ မရွိရင္ အိမ္တအိမ္ ဝင္ၿပီးဝယ္ ဒါပဲ ထက္ေျပာမွာ မဟုတ္လား ”
“ဘိုးထင္ မင္းကို ေခၚလာရတာ သိပ္ အသုံးဝင္တယ္ကြာ ”
“ဘာအသုံးဝင္တာလဲ ထမင္းေတာင္း ခိုင္တာနဲ႔ အေၾကာ္ ဝယ္ခိုင္းတာကိုလား ”
”ဟာ မင္းကလည္းကြာ ”
ေမာင္ဘိုးထင္သည္ ဦးပြႀကီး၏ ေနာက္ထပ္စကားကို မေစာင့္ ႐ြာထဲသို႔သြားၿပီး ထမင္းျဖဴ ႏွင့္ အေၾကာ္ သြား၍ ဝယ္လိုက္ပါေလေတာ့ သည္ ။
◾အခန္း-၃
ေမာင္ဘိုးထင္သည္ ညေနအခ်ိန္ ႐ြာသခ်ႋဳင္း ဇရပ္မွ ေန၍ ႐ြာေလးထဲသို႔ တေယာက္ တည္း သြားေနသည္ ၊ ႐ြားလမ္းတေလွ်ာက္ လိုက္ၾကည့္ရာ ေဈးသည္ဟု၍ မေတြ႕ေပ သူဟိုၾကည့္ ဒီၾကည့္ႏွင့္ ႐ြာလယ္လမး္အတိုင္း လမ္းေလွ်ာက္ေနစဥ္ သူ၏ေရွ႕တည့္တည့္တြင္ ေရအိုး ႐ြက္လာေသာ အမ်ိဳးသမီးႀကီးတဦးအား ေမးလိုက္ေလေတာ့သည္
“ဗ်ိဳ႕ အရီးေလး ဒီ႐ြာလာမည္က ဘာတဲ့လဲဗ်”
“ေဂြးေကာက္ ႐ြာ ”
“ဗ်ာ ဘာ ဘာ႐ြာ ”
“ေဂြးေကာက္႐ြာလို႔ေျပာတာ ေကာင္ေလးရဲ႕ ”
“အရီးတို႔ ႐ြာနာမည္ႀကီးကလည္း ေပးစရာရွားလို႔ ဗ်ာ ”
“အဲ့တာေတာ့ ငါလည္း မသိဘူး ေရွးလူႀကီးေတြေျပာတာေတာ့ ႐ြာအဝင္မွာ ေဂြးပင္ေကာက္ ႀကီး ရွိလို႔ ေဂြးေကာက္႐ြာ လို႔ ေပးတယ္ဆိုပဲ ”
“ဟ က်ဳပ္တို႔ ႐ြာအဝင္က လာတာ ပါ ဘာေဂြးပင္ ေကာက္ႀကီး မွ မေတြ႕ပါဘူး ဗ်ာ ”
“တယ္ ဒီေကာင္ေလးကေတာ့ လွ်ာအေတာ္ရွည္ အဲ့အပင္ႀကီးက ငါတို႔ငယ္ငယ္တည္းက မရွိေတာ့တာဟဲ့ ေသခ်ာတာေတာ့ ေဂြးပင္ေကာ က္ ရွိခဲ့တယ္ ”
“ေအးပါဗ်ာ အရီးရဲ႕ ေဂြး ေကာက္”
“ဟဲ့ေကာင္ေလး နင္ဘာစကားေျပာတာ လဲ ”
“အပင္ထည့္ဖို႔ေမ့သြားလို႔ပါဗ်ာ က်ဳပ္သိခ်င္တာ က အေၾကာ္ ေရာင္းတဲ့ သူမရွိဘူးလားဗ် က်ဳပ္ထမင္းေကာ အေၾကာ္ေကာ ဝယ္ရမွာ ”
“အေၾကာ္သည္က ငါ့အိမ္နားမွာပဲဟဲ့ လိုက္ခဲ့ ထမင္းျဖဴကေတာ့ တို႔႐ြာမွာ မေရာင္းဘူး ငါေပးလိုက္ပါမယ္ နင့္ၾကည့္ရတာ ဒီနယ္က မဟုတ္ဘူးထင္တယ္ ”
“မဟုတ္ဘူးဗ်ာ က်ဳပ္က ေပပင္႐ြာက ”
“ေပပင္႐ြာဆို အေဝးႀကီးပဲ လာလာ အေၾကာ္ ေၾကာ္တဲ့ မကုလားမ က ငါ့အိမ္ေနာက္ဘက္မွာပဲ ”
ေမာက္ဘိုးထင္အား ေျပာေျပာဆိုဆို ေရအိုး႐ြက္ထားေသာ အရီးသည္ ေရွ႕မွ သြားရာ ေမာင္ဘိုးထင္သည္လည္း ထိုအရီး၏ေနာက္မွ ေန၍ လိုက္သြားလိုက္ပါေလေတာ့သည္ ။
◾အခန္း-၄
ေမာင္ဘိုးထင္သည္ လမ္းမွာေတြ႕ေသာ အရီးတေယာက္ထုပ္ေပးလိုက္သည္ အင္းဖက္ႏွင့္ ထမင္းထုပ္ကိုကိုင္ထားသည္ ထိုအရီးသည္ သေဘာေကာင္းလြနး္လွသူျဖစ္ကာ ထမင္းတင္မက သူ၏ အိမ္တြင္ ခ်က္ေသာ ဟင္းပါ ထည့္ေပးလိုက္ေသးသည္ ၊ ေငြေပးက ေငြေပးရမလားလို႔ စိတ္ပင္ ဆိုးေနေလရာ ေငြကို မေပးရဲေတာ့ေပ၊ ထို႔ေနာက္ အရီးအိမ္၏ ေနာက္ဘက္တြင္ ရွိေသာ အေၾကာ္ေရာင္းသည္ မကုလားမ အေၾကာ္ဖိုေဘးတြင္ ထိုင္ေနေလ၏ ၊ မကုလားမသည္ စင္စစ္ ဗမာအမ်ိဳးသမီးႀကီးျဖစ္သည္ ၊ ႐ြာထဲက အသားအမဲသူမ်ားထဲမွ အမဲတကာထိပ္ေခါင္ျဖစ္ေန၍ ထိုနာမည္ကို ရခ်င္းျဖစ္သည္ မကုလားမသည္ အသားသာမဲသည္ စိတ္ႏွလုံးက အေတာ္ျဖဴသည့္ ဟန္က အတိုင္းသာေပၚေနေလသည္၊ အဘယ္ေၾကာင့္ဆိုေသာ သူမ၏ မ်က္ႏွာတြင္ ေပၚေနသည္ထက္ သူမ၏ ေယာက္်ားျဖစ္ေသာ ဘူးသီးလွီး ေနသည္ လူႀကီး၏ ေျပာစကားေၾကာင့္ျဖစ္သည္
“တို႔မိန္းမ ကုလားမတို႔ကေတာ့ ႐ြာကလူေတြက အေၾကာ္ေတြ တန္တယ္ တန္တယ္ဆိုတာနဲ႔ ငါ့ဘူးစင္က ဘူးသီးလည္း ကုန္ေတာ့မယ္ အခုထိအျမတ္ကမရဘူး ငါမွာေတာ့ ဘူးသီးလွီး ဆန္မႈ႕န္ ႀကိတ္ရတာနဲ႔ လူလည္း လူ႐ုပ္မေပၚေတာ့ဘူး အေၾကာ္ႀကီးေတြက အႀကီးႀကီး တန္လိုက္တာ လို႔ေျပာလိုက္တာ နဲ႔ ဇေကာနဲ႔ အေၾကာ္မွား ေၾကာ္လားထင္ရတယ္ ေနာက္ ႏွစ္ေတာ့ ဒီအိမ္ရွိရင္ကံေကာင္း ”
“ေတာ္ကလည္း ေရွ႕မယ္ ေဈးဝယ္သူရွိေနတာကို ဘာေတြ ေလွ်ာက္ေျပာေနတာလဲ မလႉႏိုင္ရင္ ေဈးေရာင္းတဲ့ ”
“ေအးပါဟာ ေအးပါ ငါ့က လယ္လုပ္ လိုက္ရ နင့္ အေၾကာ္ ေၾကာ္တာကို ကူလိုက္ရနဲ႔ ငါေတာ့ တျဖည္းျဖည္း နဲ႔ လုံးပါးပါးၿပီ’
မကုလားမသည္ သူမ၏ေနာက္ စားပြဲခုံတြင္ ဘူးသီး လွီးေနေသာ သူမ၏ ေယာက္်ားအား မ်က္ေစာင္းတခ်က္ထိုးကာ ေမာင္ဘိုးထင္ကို ၾကည့္ၿပီး
“ငါတူက ဒီနယ္ က မဟုတ္ဘူးထင္တယ္ “,
“ဟုတ္တယ္ ဗ် က်ဳပ္က ေပပင္က ”
” ေလးႀကီးကေတာ့ ၾကားေတာင္ မၾကားဖူးဘူး”
“အင္း အေတာ္ လွမ္းတာကို ဗ်”,
“,ကဲ ဆီပူေတာ့မယ္ ခဏပဲေစာက့္ ဒီေန႔ အေၾကာ္ ေၾကာ္ တာ ေနာက္က်တယ္ ကြဲ႕ ”
“ဟုတ္ ရပါတယ္ဗ် ”
“မင္းတို႔ ဘယ္မွာ တည္းေနတာ လဲကြ”
ဘူးသီးလွီးေနေသာ လူႀကီးသည္ ေမာင္ဘိုးထင္အားေမးလိုက္ခ်င္းျဖစ္သည္
“႐ြာေနာက္ဘက္က ဇရပ္မွာ ေနမလို႔ပါ ”
“ဟာ ဘယ္ျဖစ္မလဲ မင္းတို႔ တည္းစရာ မရွိရင္ ငါ့အိမ္ လာတည္း ၾကားလား ”
“အေဖာ္ တေယာက္ပါေသးတယ္ သူက အင္း ပညာေတြကို အေတာ္ ေတာ္တဲ့ သူတေယာက္ဗ် ”
“အင္းဆို တာ ဘာလဲ ကြ ‘
“က်ဳပ္လည္း သိပ္မသိပါဘူးဗ်ာ အကြက္ေလးေတြထဲ ဂဏနး္ေတြ ေရးေနတာပဲ ”
“ဟို သရဲေတြဘာေတြ ထုတ္ႏိုင္လား”
“ထုတ္ႏိုင္ေလာက္တယ္ဗ် ”
“ထုတ္ႏိုင္တယ္ဆိုရင္ေတာ့ တို႔ကို ကူညီ စမ္းပါဦး”
“ဘာလို႔လဲ ဦးေလး ”
“မင္းကို ထမင္းေပး တဲ့ အိမ္အေရွ႕က အိမ္မွာ ညေနဆို သရဲ ဝင္ဝင္ ပူးေနလို႔ေဟ့ အဲ့တာ ကူညီေနတာ နဲ႔ အေၾကာ္ ေၾကာ္တာ ေနာက္က်ေနတာ ”
“ဘယ္လို ဝင္ပူးတာလဲဗ် ”
“မသိပါဘူးကြာ ညေနဆိုရင္ ဒီေကာင္က အရက္တပုလင္း နဲ႔ ၾကက္တေကာင္ ေကြၽးရတယ္ အဲ့လို ေကြၽးရင္ ေကာင္းသြား ျပန္ေရာ အထက္လမ္း ဆရာေတြလည္း ဆုံေနၿပီ အခုတိ အရွင္းမေပ်ာက္ေသးဘူးေဟ့ ”
“က်ဳပ္ကို လိုက္ျပပါလား ဦးေလး က်ဳပ္က ဆရာေတြ အေနာက္မွာ လိုက္ေနတာဆိုေတာ့ နည္းနည္းေတာ့ နားလည္ေနၿပီ ”
ေမာင္ဘိုးထင္၏ စကားေၾကာင့္ အေၾကာ္သည္ ေဒၚကုလားမ ႏွင့္ သူမ၏ ေယာက်ာ္းသည္ တေယာက္ မ်က္ႏွာတေယာက္ၾကည့္လိုက္ကာ မကုလားမ မွစကားဆိုလိုက္သည္
“ကိုေသာင္းဟန္ ေကာင္ေလး ၾကည့္ရတာေတ့ သာမာန္ ကေလး တေယာက္ ပံုေတာ့ မဟုတ္ဘူး ရွင္သြားျပေပးလိုက္ပါလား ဘူးသီးလည္းလွီးလို႔ ၿပီးၿပီ ဆိုေတာ့”
“ေအး ေအး ငါသြားျပလိုက္မယ္ ”
ထို႔ေနာက္ ဦးေသာင္းဟန္သည္ ေမာင္ဘိုးထင္ကို ေခၚကာ သရဲဝင္ပူသည္ဆိုေသာ လူ၏ အိမ္သို႔ ထြက္ခြာသြားၾကပါေလေတာ့သည္။
◾အခန္း-၅
ေမာင္ဘိုးထင္သည္ သူ၏ ေျခစာမႈန္ကို မ်က္လုံးတြင္ ကြင္းၿပီး သရဲ တေစၦမ်ားကို ျမင္ႏိုင္စြမ္း ေအာင္ျပဳလုပ္လိုက္သည္ ၊ ဦးေသာင္းဟန္သည္ သရဲဝင္ပူးေသာသူ၏ အိမ္ဝိုင္းထဲသို႔ ဝင္လိုက္၏၊ သူတို႔ အိမ္ဝိုင္းထဲ ဝင္လိုက္သည္ ႏွင့္ အသက္အ႐ြယ္ ငါးဆယ္ေက်ာ္ အမ်ိဳးသမီးႀကီးတဦးသည္ ဧည့္ဝတ္ျပဳေလသည္
“ေသာင္းဟန္ လာလာ ငါလည္း နင္တို႔ နဲ႔ အိမ္ေနာက္က မမုန္းတင္ တို႔ကိုပဲ အားကိုး ေနရတာ ”
ထိုအမ်ိဳးသမီးႀကီးေျပာေသာ မမုန္းတင္ဆိုသူမွာ ေမာင္ဘိုးထင္အား ထမင္းေပးေသာ အရီးျဖစ္သည္ ၊ဦးေသာင္းဟန္သည္ ထိုအမ်ိဳးသမီးႀကီးကို စကားျပန္ေျပာေလသည္
“ရပါတယ္ အမႀကီးရ ဒါနဲ႔ တင္ထူး ေကာင္းသြားၿပီလား ”
“အခုေတာ့ အရက္ နဲ႔ ၾကက္ေၾကာ္ကို စားေနတာပဲ ငါလည္းဟယ္ အရက္ နဲ႔ ၾကက္ေၾကာ္ ဖိုးနဲ႔ တင္ မလြယ္ေတာ့ဘူး ဒီေကာင္ကို ပူးတဲ့ သရဲကလည္း အေခ်အေနၾကည့္တက္သား ငါေငြ ပ်က္ေနၿပီဆို ၿငိမ္ေနတာ ေငြေလးမ်ား ႐ႊင္လာၿပီဆို ဒင္းက ပူးၿပီ ”
“အင္း သရဲေကာ ဟုတ္ရဲ႕လား အရီး”
ေမာင္ဘိုးထင္မွ ဝင္ေရာက္ ေမးျမန္းေသာအခါ အမ်ိဳးသမီးႀကီးသည္ ဦးေသာင္းဟန္ကို ၾကည့္ကာ
“ေသာင္းဟန္ ဒါ ဘယ္က ကေလးလဲဟဲ့ ”
“႐ြာဇရပ္မွာ တည္းေနတဲ့ အင္း ဆရာဆိုလား ဘာလား သူရဲ႕ တပည္ပါ ”
“ေအာ္ သရဲ ထင္တာပါပဲကြယ္ အစက အရီးလည္း မယုံဘူး ဒီေကာင္က ထိုင္ ရက္သားႀကီး နာက္ကြၽမ္း ျပစ္ျပလိုက္ေတာ့ အရီး ယုံသြားတာ အိမ္တိုင္ ေတြလည္း ဖက္တက္တယ္ ၿပီးေတာ့ အထုတ္တန္းေတြ ေပၚကလည္း ခုံခ်ေနတာ ”
“ဟုတ္လား အဲ့တာ ဆို က်ဳပ္ အေပၚတက္ ၾကည့္လို႔ ရမလား ”
“ရတယ္ ရတယ္ ”
ေမာင္ဘိုးထင္သည္ ဦးေသာင္းဟန္ ႏွင့္ အတူ အိမ္ေပၚသို႔ တက္ၾကည့္လိုက္သည္ ၊ အိမ္ေပၚတြင္ေတာ့ မည္သည့္ တေစၦ သရဲမွ မရွိေပ အိမ္အေနအထားကို ၾကည့္လိုက္ေသာ ၊ အိမ္ အထုတ္တန္း ႏွင့္ အိမ္ၾကမ္းျပင္က သိပ္မျမင့္ေပ အိမ္သည္ ပ်ဥ္ေထာင္ ပ်ဥ္ခင္းအိမ္ ျဖစ္ကာ အထုတ္တန္းမွ ေအာက္သို႔ ခုန္ခ်က သူပါ ခုန္ခ်ႏိုင္သည္ ဟုေတြးလိုက္မိသည္ ၊ အိမ္တိုင္ တြင္ လည္း မသိ မသာ အထစ္ကေလးမ်ားထစ္ထားသည္ကို ေမာင္ဘိုးထင္ ေတြ႕လိုက္ ရျပန္သည္ ၊ အိမ္ဦးခန္းတြင္ေတာ့ သေကာင့္သား သရဲပူသူသည္ အရက္ ႏွင့္ ၾကက္ေၾကာ္ ျဖစ္ စည္းစိမ္ ယစ္ေနေလသည္ ၊ ေမာင္ဘိုးထင္သည္ အိမ္ပိုင္ရွင္ အရီးကို ၾကည့္ကာ
“အရီးသားက အရင္က အရက္ေသာက္တက္လား “,
” ေသာက္တက္တယ္ အရက္ေႂကြးေတြ တင္လို႔ အရက္ဆိုင္ကေတာင္ အရီးဆီ အေႂကြးေတာင္းေသးတယ္ အရီးက ဆပ္စရာလား ေအ ”
“အိမ္ထုတ္တန္းေပၚတက္ တာ ဒီတိုင္ကေနတက္တာလား အရီး ”
“ဟုတ္တယ္ ”
“အရီး အိမ္မွာ ဝက္ဆီ ရွိလား ‘
“ရွိေတာ့ မရွိဘူး ရွာလိုက္မယ္ ”
“အင္း အဲ့တာဆို က်ဳပ္ဆရာသမားဆီ ခဏသြားၿပီး အင္းေတာင္း လိုက္ဦးမယ္ ခ်က္ခ်င္းျပန္လာခဲ့မယ္ ေနာ္ ”
“ေအးေအး ေကာင္ေလး ”
ေမာင္ဘိုးထင္သည္ အိမ္ပိုင္ရွင္ အရီး ႏွင့္ ဦးေသာင္းဟန္ကို ႏုတ္ဆက္ကာ ဦးပြႀကီးရွိေသာ ဇရပ္သို႔ ထမင္းထုပ္ကို ဆြဲကာ ထြက္လာလိုက္ေတာ့သည္ ၊ သေကာင့္သား အရက္သမားသည္က ၾကက္ေၾကာ္ေလး ကိုက္လိုက္ အရက္ေလးေမာ့လိုက္ႏွင့္ သူ၏ အေမႏွင့္ ဦးေသာင္ဟန္ကိုပင္ ဂ႐ုမစိုက္ႏိုင္ ျဖစ္ေနပါေလေတာ့သည္ ။
◾အခန္း-၆
“ေကာင္ေလး ၾကာလိုက္တာကြာ ငါက မင္းကို ထမင္း နဲ႔ အေၾကာ္ ဘဝ ေရာက္ေနၿပီေတာင္ထင္တာ ”
“အဲ့တာ ေနာက္မွ ေျပာ ေရာ့ဒီမွာအေၾကာ္ နဲ႔ ထမင္း က်ဳပ္ကို တခု ေလာက္ကူညီဦး ဦးပြႀကီး ”
“ဘာေတြကူ ညီရမွာ လဲကြ ”
“႐ြာထဲ မွာ လူပူးတေယာက္ သရဲဝင္ ပူးတယ္ ဆိုၿပီး လုပ္စားေနတယ္ဗ် က်ဳပ္ ပညာနဲ႔ ၾကည့္ေတာ့ ဘာသရဲ မွ မရွိဘူး အဲ့တာ က်ဳပ္ ဘယ္လို လုပ္ရမလဲ ”
“သူပူးတဲ့ ပုံစံကို မင္းသိလား ”
“သိတယ္ အိမ္တိုက္ကိုအထစ္ ေတြ ထစ္ၿပီး အိမ္ထုတ္တန္းေပၚ တက္ၿပီး ခုန္ ခ်ျပလိုက္ ထိုင္ရက္ ခုန္ျပလိုက္ ဂြၽန္းျပစ္ ျပလိုက္လုပ္ၿပီး လုပ္စားေနတာ ”
“ေအး မင္ကအေတာ္ကို လွ်င္တဲ့ ေကာင္ပဲ လူပူးရဲ႕ အထာကို ခ်က္ခ်င္း သိတယ္ မင္းေတာ္တယ္ ”
ထို႔ေနာက္ ဦးပြႀကီးသည္ သူ၏လြယ္အိတ္ထဲမွ ဆီစိမ္ စကၠဳေလး တ႐ြက္ကို ေပးကာ
“ေရာ့ ဘိုးထင္ မင္း ဒီ အင္းကို အဲ့ေကာင္နားထားလိုက္ သူဝင္ပူးေယာင္ေဆာင္တာနဲ႔ သူရဲ႕ မ်က္လုံးထဲမွာ ဒီအင္းက အင္းေစာင့္ကို ျမင္ေနရလိမ့္မယ္ ျမင္ေနရတာနဲ႔ အင္းေစာင့္က အဲ့ေကာင္ကို ၿခိမ္းေျခာက္လိမ့္မယ္ ဒီေကာင္ ေနာက္တခါ ဟန္မဆာင္ရဲ ေစရဘူး စိတ္ခ် ”
ေမာင္ဘိုးထင္သည္ ဦးပြႀကီးေပးေသာ အင္းစာ႐ြက္ေလးကို ယူကာ ႐ြာထဲ သို႔ အေသာႏွင္း သြားပါေလေတာ့သည္ ။
◾အခန္း-၇
ေမာင္ဘိုးထင္သည္ သရဲပူးသည္ဟု ဟန္ေဆာင္ေသာ သူ၏ အိမ္သို႔ ျပန္ေရာက္လာ၏ ၊ သူျပန္ေရာက္ခ်ိန္တြင္ေတာ့ အိမ္ရွင္ အရီး ႏွင့္ ဦးေသာင္းဟန္သည္ ဝက္ဆီခဲ မ်ားအား အသင့္ ရွာထားၿပီ ျဖစ္သာ ၊ ထို႔ေနာက္ ေမာငဘိုးထင္သည္ ဝက္ဆီခဲမ်ားကို ယူကာ လူပူး တက္ေနၾက အိမ္တိုင္ကို သုပ္လိမ္း ထားလိုက္သည္ ၊ လူပူးသည္ ေမာင္ဘိုးထင္တို႔ ျပဳလုပ္ေနသည္ကို သိပ္ဂ႐ုမစိုက္ေပ အိမ္သည္ က်ယ္သည့္အတြက္ သတိမထားမိတာလည္း ျဖစ္ႏိုင္၏ ၊ ေမာင္ဘိုးထင္သည္ တိုင္အား ဝက္ဆီ သုပ္ၿပီးေသာ အခါ လူပူးအနားသို႔သြားၿပီး
“အကို ႀကီး ”
“ေဟ့ ဘယ္သူလဲ ကြ ”
“က်ဳပ္ အကိုႀကီးက စားလွ ေသာက္လွခ်ည္လား ”
“တယ္ ငါ့ကို မ်ား ေျပာဝံ့ေနတယ္ေပါ့ ေသခ်င္ေနၿပီ ထင္တယ္ ”
“ခင္ဗ်ားက သရဲလား ဒါမွ မဟုတ္ သရဲ ပူခ်င္ေယာင္ ေဆာင္ၿပီး စားေန ေသာက္ေနတာ လား ”
ေမာင္ဘိုးထင္၏ စကားေၾကာင့္ သရဲဝင္ပူးဟန္ ေဆာင္ၿပီး ၾကက္ေၾကာ္ ႏွင့္ အရက္ကို ေအးေအးေစးေစး စားေသာက္ေနေသာ အရက္သမားသည္ မ်က္ႏွာ တခ်က္ ပ်က္သြား၏ ၊သို႔ေပမဲ့ ပ်က္သြားသည့္ မ်က္ႏွာကို ျပန္ထိန္းကာ
“ေတာက္ ငါ့ကို မ်ား မယုံ မၾကည္ ငါ့အေၾကညက္း ျပရေသးေတာေပါ့ ေလ”
လူပူသည္ သူထစ္ထားေသာ အိမ္တိုင္သို႔ သြားၿပီး တက္လိုက္ေလသည္ ၊ သို႔ေပ မဲ့ အိမ္တိုင္သည္ ေခ်ာေန၍ ေျခမေလးႏွင့္ အထစ့္ေလးကို အားျပဳတက္ေနေပမဲ့ တက္မရ ေခ်ာေခ်ာ ၾကေနေလရာ ဆက္ၿပီး မတက္ေတာ့ပဲ အိမ္တိုင္ကို ၾကည့္လိုက္ ေမာင္ဘိုးထင္ကို ၾကည့္လိုက္ ႏွင့္
“ဝက္ဆီေတြ အိမ္တိုင္ကို ဘာလို႔ သုပ္ထားတာလဲေဟ့ ငါ့ကို မခန႔္တာ လား ”
“သရဲ ပူးတယ္ဆို အဲ့အိမ္တိုင္မွာ ဘာျဖစ္ျဖစ္ တက္ႏိုင္ ရမယ္ မဟုတ္လား ”
“တယ္ ဒီေကာင္ေတာ့ ငါ လုပ္လိုက္ရ ေသေတာ့မယ္ ”
လူပူးသည္ ရွက္ရမ္းရမ္းကာ ေမာင္ဘိုးထင္အနားသို႔ သရဲ ပူးဟန္ေဆာင္ကာ ရန္ျပဳဖို႔ တက္လာ၏၊ ထိုအခါ ေမာင္ဘိုးထင္သည္ လူပူး၏ ေရွ႕သို႔ ဦးပြႀကီး ေပးေသာ အင္း ေလးအားပစ္ခ်လိုက္ရာ လူပူးသည္ ထိုအင္းကြက္ ကို ေသခ်ာၾကည့္ေနရင္း တျဖည္းျဖည္း ေၾကာက္႐ြံဟန္ေပၚလာေလသည္ ၊ ထို႔ေနာက္ ဒူးေထာက္ထိုက္ခ်လိုက္ကာ
“ေနာက္ ေနာက္ က်ဳပ္ ဒီလို မလုပ္ေတာ့ပါဘူး ခြင့္ ခြင့္ လႊတ္ပါ ”
“တကယ္ မလုပ္ေတာ့ပါဘူး တင္းပုတ္ႀကီး နဲ႔ မထုပါနဲ႔ ဗ်ာ “,
လူပူးသည္ အင္းကြက္ေနရာကို ၾကည့္ကာ ေၾကာက္လန႔္ လြန္းလွ၍ က်င္ငယ္မ်ားပင္ ပါခ်ေနေလသည္ ထို႔ေနာက္ တေယာက္တည္း စကားမ်ားလည္းဆို ေနေလသည္၊
“မ မလုပ္ေတာ့ပါဘူး ေၾကာက္ပါတယ္ ဗ်ာ ”
“မေသာက္ေတာ့ပါဘူး တကယ္ မေသာက္ေတာ့ပါဘူး ”
အိမ္ရွင္ အရီး ႏွင့္ ဦးေသာင္းဟန္ သည္ ထင္မွတ္ မထားေသာ အျဖစ္ေၾကာင့္ ေၾကာင္ေငးေနၿပီး ေမာင္ဘိုးထင္ကိုလည္း အထင္မေသးဝံ့ေတာ့ေပ ထို႔ေနာက္ ေမာင္ဘိုးထင္ သည္ အင္းစကၠြဳကို ယူကာ အိမ္ရွင္ အရီးကို ေပးလိုက္ၿပီး
“အရီး အရီးရဲ႕သား ေနာက္တခါ ဝင္ပူးၿပီး အရက္ နဲ႔ ၾကက္ေၾကာ္ ေတာင္းရင္ ဒီအင္းသာ ေရွ႕ခ်လိုက္ၾကားလား အရီး ”
“အင္း အင္း ေကာင္ေလး ”
“အဲ့တာဆို လည္း က်ဳပ္ျပန္ဦးမယ္ အရီးေရ မနက္ျဖန္ ႐ိုးမေတာထဲ ဝင္ရဦးမွာ မို႔ ဗ်ိဳ႕ ”
“ေအးေအး ေကာင္ေလး လိုအပ္တာ ရွိရင္ အရီးကို ေျပာပါ အခု အရီး ေငြဘယ္ေလာက္ ပူေဇာ္ ”
“ဟာ ဘာေတြ ေျပာေနတာလဲဗ်ာ က်ဳပ္က ေစတနာ နဲ႔ ကူညီတာပါ၊ ဦးေလးေသာင္းဟန္ ေလးႀကီး အေၾကာ္သည္ကို လည္း ႏုတ္ဆက္တယ္ လို႔ ေျပာေပးပါဦးဗ်ာ ၿပီးေတာ့ က်ဳပ္ကို ထမင္းထုပ္ေပးတဲ့ အရီးကို လည္း က်ဳပ္သြားေတာ့မယ္ဆိုတာ တခါတည္းေျပာေပးစမ္းပါဦး က်ဳပ္ျပန္ေတာ့မယ္”
ေမာင္ဘိုးထင္သည္ ေျပာေျပာဆိုဆို အားလုံးကို ႏုတ္ဆက္ ကာ ဦးပြႀကီးရွိေသာ ဇရပ္သို႔ ျပန္လိုက္ပါေလေတာ့သည္ ။
◾အခန္း-၈
ဦးပြႀကီး ႏွင့္ ေမာင္ဘိုးထင္သည္ ဇရပ္မွာ တညအိပ္ကာ မနက္ေစာေစာ ေဝနီေဝလင္းအခ်ိန္ ထလို႔ ႐ိုးမေတာႀကီး ဘက္သို႔ ထြက္လာလိုက္ၾကသည္ ၊ အခ်ိန္အေတာ္ၾကာ ေတာႀကီးထဲ ခရီး ႏွင္ေသာအခါ ေတယာသည္ နက္သည္ထက္ နက္လာ၏ ၊ ေမာင္ဘိုးထင္၏ စိတ္ထဲတြင္ ယခုလိုေတာနက္ႀကီးထဲတြင္ ႐ြာ ရွိေကာ ရွိပါ့မလားလို႔လည္း ေတြးေနမိသည္ ၊ မၾကားေသာအခ်ိန္တြင္ သူတို႔၏ မလွမ္းမကမ္းတြင္ လင္းတႀကီး ႏွစ္ေကာင္ ပ်ံသန္းေနေလရာ ေမာင္ဘိုးထင္သည္ သူ၏လြယ္အိတ္ ထဲမွ ေလးဂြကို ထုတ္ကာ အလွ်င့္အျမန္ပစ္လိုက္ရာ ဦးပြႀကီးတားခ်ိန္ မရလိုက္ ေလာက္စလံုးသည္ကာ လင္းတႀကီး ၏ ေနာက္ပိုင္းသို႔ ထိမွန္သြားေလရာ ပ်ံသန္းေနေသာ လင္းတႀကီး သည္ ႏွစ္ခ်က္ သုံးခ်က္မွ် ေအာ္ၿပီး ပ်ံသန္းသည္ေနရာမွ ေအာက္သို႔ ပင္ နိမ့္၍ ပ်ံေနရေလသည္ , ဦးပြႀကီးသည္ ေၾကာင္ေငး ေနရင္ သူတို႔ ေရွ႕မွ ပ်ံသန္းေနေသာ လင္းတ ႏွစ္ေကာင္အနက္ ခယို ခယိုင္ လင္းတႀကီးကို တလွည့္ ေလးဂြကိုင္ထားေသာ ေမာင္ဘိုးထင္ကို တလွည့္ၾကည့္ကာ ဦးပြႀကီးသည္ ေမာင္ဘိုးထင္၏ နားရင္းကို တခ်က္အုပ္လိုက္ၿပီး
“ခြီးတယ္ မွ ပဲ အဲ့တာ တို႔ကို လမ္းျပတဲ့ စုန္းေတြဟ မင္းလုပ္တာ ဟိုစုန္းေတြ ေသေတာ့မွာပဲကြာ ”
“သိမွ မသိပဲဗ်ာ ႀကိဳၿပီးေျပာထားမွေပါ့ဗ်ာ က်ဳပ္က ငွက္ပစ္ေနၾကဆိုေတာ့ ေရွ႕မလွမ္းမကမ္းမွ ကားတားကားတား ႀကီး ပ်ံေနေတာ့ စိတ္ဘယ္ထိန္းႏိုင္ မလဲဗ် ”
ေမာင္ဘိုးထင္သည္ နားရင္း အအုပ္ခံလိုက္ရသျဖင့္ မေက်မနပ္ႏွင့္ ဦးပြႀကီးကို စကားျပန္ဆိုေနေလသည္ ၊ထို႔ေနာက္ မၾကာေသာအခ်ိန္တြင္ သူတို႔ ႏွစ္ေယာက္ ႐ြာေလး တ႐ြာ၏ ႐ြာအဝင္သို႔ ေရာက္လာၾက၏ ၊ ႐ြာအဝင္တြင္ေတာ့ ေခါင္းေမြးမ်ားတေကာင္းလုံးျဖဴေနၿပီး ေတာင္ေဝွးတေခ်ာင္းကို ကိုင္ထားေသာ အဖြားအိုႏွင့္ သူမ၏ေဘးတြင္ သာမာန္ မိန္းကေလးမ်ားဝတ္သည္ ဖ်င္ၾကမ္း ထမိန္ အက်ႌေလးႏွင့္ လုံမပ်ိဳေလးညႏွစ္ေယာက္ ႏွင့္ အတူ သူတို႔ အားေစာင့္ေနေလသည္ ၊ ထိုထဲ မွလုံမပ်ိဳေလးသည္ လက္တဖက္ျဖစ္ သူမ၏ တင္ပါးကို ပြတ္ကာ မ်က္ႏွာ မသာမယာ ႏွင့္ ေမာင္ဘိုးထင္ကို ျမင္ေသာအခါ မ်က္ေစာင္း ထိုးကာ ၾကည့္ေနေလသည္ ၊ ဦးပြႀကီးသည္ ထိုအမ်ိဳး သမီးး သုံးဦး နားေရာက္ေသာအခါ အလယ္၌ရွိေသာဆံပင္ျဖဴေနေသာ မိန္းမႀကီးသည္ ဦးပြႀကီးကို ၾကည့္၍ ႐ိုေသစြာ စကားဆိုလာသည္
“အင္းဝိဇၨာဆရာပြ ေရာက္လာလို႔ က်မတို႔ အတိုင္းမသိေက်းဇူးတင္ပါတယ္ ”
“ရပါတယ္ ကေဝပ်ံမယ္ျဖဴ ခင္ဗ်ားတို႔က လူေတြ နဲ႔ ေဝးရာမွာ ေနၿပီးး လူေတြကို ဒုကၡမေပးလို႔ ခင္ဗ်ားတို႔ကို ဒုကၡလာေပးမဲ့သူကို က်ဳပ္ႏွိမ္ႏွင္းၿပီး ကူညီရခ်င္းပါ ”
“ဒါနဲ႔ ေဟာဟိုက ေကာင္ေလးက ဘယ္သူလဲ ”
“အဲ့တာ ငအုန္းရဲ႕ တပည္ ဘိုးထင္တဲ့ ဒီလမ္းခရီးမွာ က်ဳပ္တေယာက္ထဲ ပ်င္းလို႔ သူ႔ကို ေခၚလာတာ ”
‘ေတာက္ ဘိုးထင္ လက္သရမ္းခ်က္ နည္းနည္းေလး လြဲသြားလို႔ကံေကာင္းတယ္ ေတာ္ ”
ကေဝပ်ံ မယ္ျဖဴႏွင့္ ဦးပြႀကီး စကားေျပာေနစဥ္ ေမာင္ဘိုးထင္ကို မ်က္ေစာင္းထိုးေနေသာ ကေဝပ်ိဳမေလးမွ ဘိုးထင္ကို ၾကည့္ၿပီး မေက်မနပ္ စကား ေျပာလိုက္ရာ အားလုံးၿပဳံးစိစိ ႏွင့္ ျဖစ္ကုန္၍ ကေဝပ်ိဳမေလး ရွက္သြားကာ ထိုေနရာ မွ ေျပးထြက္ သြားေလသည္ ၊မၾကာေသာ အခ်ိန္ တြင္ ထိုကေဝပ်ိဳမေလး ေျပးထြက္သြားေသာ ေနရာမွ အသံ တသံေပၚလာေလသည္
“သခင္မႀကီးကယ္ ကယ္ ပါဦး”
ထိုအသံေၾကာင့္ ကေဝပ်ံ မယ္ျဖဴ အပါအဝင္ အားလုံး အသံလာရာဆီသို႔ ေျပးလႊားသြားလိုက္ၾကေလေတာ့သည္ ။
◾အခန္း-၉
ေယာင္ေပစူးႏွင့္ ပုဆိုး အပို တကြင္းကို စလြယ္သိုင္းထားေသာ ေကာင္ေလးတေယာက္သည္ ကေဝပ်ိဳမေလး၏ ဦးေခါင္းကို ေျချဖစ္ နင္းထားေလသည္ ကေဝပ်ိဳမေလးသည္ ေၾကာက္လန႔္လြန္း၍ တုပ္တုပ္ ပင္ မလႈပ္ရဲေပ မလႈပ္ေအာင္လည္း ထိုေကာင္ေလးသည္ ေငါက္ငမ္းထားခ်င္းျဖစ္သည္
“စုန္းမ မလႈပ္ နဲ႔ လႈပ္လို႔ကေတာ့ နင့္ေခါင္းကို ငါမနင္းပဲ ဆင္ကို နင္းခိုက္လိုက္မယ္ ၾကားလား ”
ဦးပြႀကီးႏွင့္ ေမာင္ဘိုးထင္တို႔ ေရာက္သြားေသာ အခါ ေယာင္ေပစူး ႏွင့္ ေကာင္ေလးသည္ သူဆို႔အားလံုးကို ၾကည့္ကာ
“ကဲ စုန္းမ ေတြ စုန္းေတြ ဒီေန႔ နင္တို႔ ပညာေတြ အကုန္လုံးကို ဖ်က္စီးပစ္မယ္ ငါအဘ မေသခင္ နင္တို႔ကို မသတ္ရဘူးလို႔ မွာထားလို႔ ငါ အသတ္ေတာ့ ေသအာင္ မသတ္ဘူး နင္တို႔ ရဲ႕ ပညာေတြ အကုန္ လုံးကို ငါဖ်က္စီး ျပစ္မယ္ ”
“ဟဲ့ ေကာင္ေလး နင္က သစ္ေခါင္းေပါက္ ဖိုးေဝဆိုတာ လား ”
“နင္တို႔က ငါ့ နာမည္ေတာင္သိေနမွကို ကဲဆိုင္ရာ စုန္းေတြ အကုန္လုံးကို လက္ေနာက္ျပန္ ႀကိဳးနဲ႔တုတ္စမ္း ”
သစ္ေခါင္းေပါက္ ဖိုးေဝ ၏ စကားဆံုးသည္ ႏွင့္ ကေဝပ်ံမယ္ျဖဴ အပါအဝင္ သူမေဘးတြင္ ရွိေသာ ကေဝပ်ိဳေလးသည္လည္း လက္ေနာက္ျပန္သြားကာ ႀကိဳးတုပ္သည္အလား လႈပ္၍ မရေတာ့ေပ ၊ ထို႔ေနာက္ သစ္ေခါက္ေပါက္ ဖိုးေဝသည္ မည္သို႔မွ မျဖစ္ ဒီအတိုင္းသူအား စူးစိုက္ၾကည့္ေနေသာ ဦးပြႀကီး ႏွင့္ေမာင္ဘိုးထင္အား အံဩစြာ ေငးၾကည့္ေနရင္း
“မင္း မင္းတို႔က ဘာမွ မျဖစ္ဘူးလား ”
“ကဲ ေကာင္ေလး မင္းရဲ႕ ေဒါသေတြကို ဘာလို႔ အျပစ္ မရွိတဲ့ စုန္းေတြ အေပၚ ပုံခ်ေနတာလဲ ”
“ဘာအျပစ္ မရွိရမွာလဲ စုန္းဆို ဘယ္စုန္းမွ အျပစ္မကင္းဘူး က်ဳပ္က ဒီစုန္းေတြကို သတ္ခ်င္တာ ”
သစ္ေခါင္းေပါက္ ဖိုးေဝသည္ ေဒါသ တႀကီးေျပာကာ စုနး္မေလးကို နင္းထားေသာ သူ၏ ေျခေထာက္ကို ပို၍ အားထည့္လိုက္ရာ စုးန္းမေလးမွာ စူးဝါးစြာေအာ္ဟစ္ ငိုေကြၽးေနေလသည္၊ ဦးပြႀကီးသည္ ဆက္၍ ရပ္မၾကည့္ႏိုင္ေတာ့ပဲ သူ၏ လြယ္အိတ္ထဲမွ အင္းတခ်က္ကို ထုတ္ကာ နဖူးမွာ တည္၍ သစ္ေခါင္းေပါက္ ဖိုးေဝ အေရွ႕ ပစ္ခ်လိုက္ရာ အင္းစာ႐ြက္ထဲမွာ သံေခါင္းစြပ္ စြပ္ထားၿပီး က်ယ္ေသာ ပါးစပ္မွ အစြယ္ မ်ားကားထြက္ေနၿပီး ေ႐ႊေရာင္ခ်ပ္ဝတ္ တန္းဆာကို ဝတ္ထားေသာ ပုဂိၢဳလ္သည္ ႏွစ္ဖက္အသြားရွိေသာ သံလ်က္ကိုကိုင္ကာ သစ္ေခါင္းေပါက္ ဖိုးေဝ အနားတိုးကပ္လို႔သြားေလသည္ ၊ သစ္ေခါင္းေပါက္ ဖိုးေဝသည္ သူ႔အနားတိုးလာေသာ ထူးဆန္းသည့္ ပုဂၢိဳလ္အား လက္ညႇိဳးထိုးကာ
“ဆိုင္ရာ အဲ့ အေကာင္ႀကီးကို ႀကိဳးတုပ္စမ္း”
“ဆင္ပိုင္ ဆင္နဲ႔ နင္းစမ္း ”
“လွံပိုင္ လွံနဲ႔ ထိုးစမ္း ”
သစ္ေခါင္းေပါက္ ဖိုးေဝ မည္သို႔ေသာ အမိန္ေပးခိုင္ေစကာ မႈ ဦးပြႀကီး ပစ္လိုက္ေသာ အင္းထဲမွ အင္းေစာင့္ႀကီးသည္ သူအနားသို႔ တျဖည္းျဖည္း တိုးတိုး လာၿပီး ကိုင္ထားေသာ သံလ်က္ႀကီးကို ေျမႇာက္ၿပီး ခုတ္ရန္ ဟန္ျပင္လိုက္ခ်ိန္ ပတ္ဝန္းက်င္တခုလုံး ေ႐ႊေရာင္မ်ား ဝင္းထိန္သြားကာ အားလုံး၏ မ်က္လုံးမ်ားမွိတ္လိုက္ၾကရသည္ ၊ မ်က္လုံးျပန္ဖြင့္ေသာအခါ သစ္ေခါင္းေပါက္ ဖိုးေဝ အနားတြင္ အလင္းေရာင္မ်ား ဝင္းလက္ေနေသာ ဆရာေတာ္ တပါးအား ဖူးေတြ႕လိုက္ရ၏ ၊ ဆရာေတာ္ကို ျမင္ေသာ အခါ အင္းေစာင့္ႀကီးႏွင့္ ဦးပြႀကီးသည္ ေျမျပင္တြင္ ငုတ္တုတ္ထိုင္လိုက္ၿပီး ဆရာေတာ္အား ဦးခ်ကန္ေတာ့လိုက္ၾကသည္ ၊ စုန္းကေဝမ်ားႏွင့္ ေမာင္ဘိုးထင္တို႔သည္ ဦးခ် ကန္ေတာ့ခ်င္းမရွိ ေငး၍ သာၾကည့္ေနေလသည္ ၊ ထို႔ေနာက္ဆရာေတာ္သည္ ၾကည္လင္ေသာ အသံျဖစ္ ဦးပြႀကီးကို ၾကည့္ကာ မိန႔္ေတာ္မူေလသည္
“ဒကာႀကီး ဒီကေလးကို ခႊင့္လႊတ္လိုက္ပါ ဆရာေတာ္ ဒီကေလးကို ေခၚသြားပါမယ္ ေနာင္တခ်ိန္ ဒီကေလးက ေလာကကို ေကာင္းက်ိဳးျပဳမဲ့ သူမို႔ ဒကာႀကီး ေမတၱာထားေပးပါ ေနာက္တခါ ေအးခ်မ္းစြာ ေနတဲ့ ပညာသည္ေတြကို မေႏွာက္ယွက္ရေအာင္ ဘုန္းႀကီး ဆုံးမထားပါမယ္ ”
“တင္ပဘုရား တပည္ေတာ္လည္း ကေလးကို နတ္ဘီးလူးေစာင့္ တဲ့ အင္း နဲ႔ မတိုက္သင့္ပါဘူး ဘုရား ဟိုက စုန္းမေလး ေအာ္ဟစ္ငိုေကြၽးသံေၾကာင့္ သတိ လြတ္သြားတာပါ ”
“နားလည္ပါတယ္ ကဲကဲ ဘုန္းႀကီးတို႔ ႂကြလိုက္ပါဦးမယ္ ”
ဆရာေတာ္သည္ ထို႔မွ်သာမိန႔္ဆိုၿပီး သစ္ေခါင္းေပါက္ ဖိုးေဝအား လက္မွဆြဲကာ ေ႐ႊေရာင္မ်ားဝင္းလက္သြားၿပီး ေပ်ာက္ကြယ္လို႔သြားပါေလေတာ့သည္။
◾အခန္း-၁၀
ဦးပြႀကီး ႏွင့္ ေမာင္ဘိုးထင္သည္ ကေဝပ်ံမယ္ျဖဴတို႔ ေနေသာ စုန္း႐ြာမွ ေခတၱ ခဏသာ နားၿပီး ျပန္ထြက္လာသည္ ၊ ေတာႀကီးထဲမွ ျပန္ထြက္သည္ လမ္းျပေသာ ကေဝပ်ိဳ မေလးတို႔သည္ အလာတုန္းကလို လင္းတ အျဖစ္ေျပာင္းၿပီး ေရွ႕မွ လမ္း မျပရဲေတာ့ေပ ၊ သာမာန္ လူသား႐ုပ္ႏွင့္သာ ေရွ႕မွ လမ္းျပေနေလသည္ ၊ သို႔ေပမဲ့လည္း ေရွ႕မွသြားေနရသည္ကို စိတ္ သိပ္လုံေပၚမေပၚ ေနာက္သို႔ ျပန္ျပန္လွည့္ၾကည့္ေနေလရာ ေမာင္ဘိုးထင္ စိတ္ မရွည္ျဖစ္လာၿပီး
“အမတို႔ကလည္း လာတုန္းက ပစ္မိတာက ငွက္ႀကီးေတြပုံစံ မို႔ပါ ဒီလို ငါးရံကိုယ္လုံးေလးေတြကိုေတာ့ က်ဳပ္ကပစ္ပါ့မလား ဗ်ာ ”
ေမာင္ဘိုးထင္ ၏ စကားၾကားေသာအခါ ကေဝမေလး ႏွစ္ေယက္ မ်က္လုံးျပဴးသြာကာ ခ်က္ခ်င္း သြားေနရမွ ရပ္လိုက္ၿပီး ေမာင္ဘိုးထင္ကို ၾကည့္၍ စကားဆိုလာေလသည္
” ႏွာဘူးေလး လိုက္မပို႔ေတာ့ဘူး”
ထိုသို႔ေျပာဆိုကာ ေနာက္ေၾကာင္း ျပန္လွည့္ေျပးေလေတာ့သည္ ၊ ေမာင္ဘိုးထင္သည္ ျပန္ေျပးသြားေသာ ကေဝးပ်ိဳေလး ႏွစ္ေယာက္အား။ နားမလည္ႏိုင္စြာ ၾကည့္ကာ
“ဘာျဖစ္သြားၾကတာလဲ ဦးပြႀကီးရာ ”
“ဘာျဖစ္ရမွာလဲ ငါးရံကိုယ္ေတြ ဘာေတြ မင္းက ဘယ္လို လုပ္သိတာ လဲ”
“အဘ ေျပာတာေလဗ်ာ အေစာက အမတို႔လို႔ တြန႔္တြန႔္ေလးေတြက ငါးရံကိုယ္ေလးေတြတဲ့ဗ်”
“ေကာင္းကြာ လိုက္လည္း လိုက္တဲ့ ဆရာတပည္ေတြ ကဲ ကဲ ေကာင္ေလး ငါ့ သတင္း ရထားတရွိတယ္ည မင္းတို႔ ႐ြာကို လူလိမ္ ဝင္မယ္ တဲ့ကြ အဲ့တာ မင္းတို႔ ေကာင္ေတြ ဂ႐ုစိုက္လိုက္ၾကဦး”
ေမာင္ဘိုးထင္သည္ ဦးပြႀကီးေျပာေသာ ႐ြာသို႔ လူလိမ္ဝင္မည္ဆိုေသာ စကားေၾကာင့္ မည္သို႔ေသာလူလိမ္းနည္းဟုေတြးရင္း ေပပင္႐ြာသို႔ အျပန္ခရီး အေမွာင္ေလာကသားမ်ားအေခၚ တကယ့္ အင္းဝိဇၨာမဟုတ္ သည့္ အင္းဝိဇၨာပြႀကီး ႏွင့္ အတူ စကားတေျပာေျပာ ႏွင့္ ျပန္ေနၾကပါေလေတာ့သည္ ။
◾ေအာက္လမ္းဘိုးထင္ ႏွင့္ အင္းဝိဇၨာ သည္က ဤမွ်သာ မၾကာမီ ေအာက္လမ္းဘိုးထင္ ႏွင့္ နတ္ကလိမ္ အမည္ရေသာ ဝတၳဳဇတ္လမ္းေလးအား တင္ဆက္ေပးသြားပါမည္ ။
📝ေမာင္တင္ဆန္း
#mgtinsan