ဤပြစ်ဒဏ် တန်သလော(စ/ဆုံး)
———————————————–
” အမလေး ကယ်ကြအုံးရှင် ကျမယောကျ်ားကို
သရဲဝင်ပူးနေလို့ လုပ်ကြပါအုံး…..”
မိန်းခလေးတစ်ယောက်ရဲ့ထိတ်လန့်တကြားအော်ဟစ်
နေတဲ့ အသံနှင့်အတူ ခလေးငယ်တစ်ဦးရဲ့ ကြောက်လန့်တကြား ငိုသံလည်း ဆူညံစွာထွက် ပေါ်လာခဲ့လေသည်…..။
” သားဆီကို မလာနဲ့ သားဆီကိုမလာနဲ့ ကြောက်တယ် မလာနဲ့ အဟီး ဟီး…”
ညသန်းခေါင်ကျော်ကြီး ဆူညံအော်ဟစ်နေတဲ့အသံတွေကြောင့်နီးနားပတ်ဝန်းကျင်က အိမ်တွေလန့်နိုးလာပြီး ထိတ်လန့်တကြားဖြစ်သွားခဲ့ရလေတော့၏….
ခွေးတွေရဲ့ဆွဲဆွဲငင်ငင် အူသံကြီးကလည်း ကျက်သီးထ
စရာကောင်းလောက်အောင် ထွက်ပေါ်လာခဲ့လေသည်…
မကြာခင်မှာပဲ ရွာထဲက လူတစ်ချို့ပြေးထွက်လာကြပြီး…
” သရဲဝင်ပူနေလို့တဲ့ဟေ့ လုပ်ကြပါဟ
တတ်နိုင်သလောက်သွားကူညီပေးကြရအောင် ”
ကာလသားခေါင်းဆောင် သန်းထွန်း နှင့်အတူ လူငယ်
တစ်ချို့ရဲ့ အော်ဟစ်ပြေးလွှားနေတဲ့ အသံတွေက တိတ်ဆိတ်နေတဲ့ ရွာလေးကို လှုပ်နှိုးလိုက်သလိုရှိနေချေ၏…
” ဘယ်အိမ်က ဖြစ်တာတုန်း ”
အဘွားကြီးတစ်ချို့ကလည်း အိမ်ထဲကနေ တံခါးဖွင့်ပြီး စပ်စု့မေးမြန်းကြသည်….
” ပြောင်းလာတာမကြာသေးတဲ့ ရင်မောင် တို့အိမ်ကတဲ့ အရီးရေ သွားလိုက်အုံးမယ်ဗျို့ ….”
” ပရိတ်လေးတော့ သောက်သွား ဆောင်သွားကြနော် ဒါမျိုးက ပြောရတာမဟုတ်ဘူး…”
လူကြီးတစ်ချို့ကလည်း သွားနေတဲ့ လူတွေကို
အော်ဟစ်သတိပေးနေရင်း ကျန်ခဲ့ကြလေသည်။
တစ်အောင့်လောက်အကြာမှာတော့ ကိုရင်မောင်တို့ခြံဝင်းထဲ လူတွေပြည့်သွားခဲ့လေ၏…
ခြံဝင်းထဲလူတွေ ရောက်လာတာနဲ့လှယဥ်က ခလေးကို လက်တစ်ဖက်က ဆွဲပြီး ငိုကြီးချက်မနဲ့ အိမ်အပြင်ပြေးထွက်လာခဲ့သည်….
” ကယ်ကြပါအုံးရှင် ကယ်ကြပါအုံး… ကိုရင်မောင်
သရဲဝင်းပူးပြီး ကျမတို့သားအမိကို သတ်မလို့ လုပ်နေတယ် ကယ်ကြပါအုံး…….. ”
မလှယဥ်အတော်လေးထိတ်လန့်တုန်လှုပ်နေသည်..
ကြောက်စိတ်ကြောင့် မက်တပ်ပင်ကောင်းကောင်းမရပ်နိုင်ပဲ
ယိုင်နဲ့နဲ့ဖြစ်နေလေ၏..
မိန်းမကြီး တစ်စု့ က မလှယဥ်နဲ့ ကလေးကို အမြန်တွဲခေါ်ပြီး ဝိုင်းဝန်းနှစ်သိမ့်အားပေးနေကြသည်…
ကာလသားခေါင်း သန်းထွန်း အိမ်ထဲကို တန်းမဝင်သေးပဲ
တစ်ချက်ဝေ့ကြည့်လိုက်ပြီး အခြေအနေကို အကဲခတ်ကြည့်လိုက်၏
အထဲက ဘာလှုပ်ရှားမှု့မရှိပဲ တိတ်ဆိတ်နေတာကြောင့်
နည်းနည်းတော့ ဇဝေဇဝါဖြစ်သွားမိသည်…
” နင့်ယောကျားရင်မောင်က ဘယ်မှာလည်း သရဲဝင်ပူးတာဆို အိမ်ထဲက ဘာသံမှလည်း မကြားပါလား……”
သန်းထွန်း မေးတာကို လှယဥ်က တုန်တုန်ရင်ရင်လေသံနဲ့ အိမ်ထဲကိုလက်ညှိုးထိုးပြပြီး….
” အထဲမှာပါ အထဲမှာရှိတယ်….”
သန်းထွန်းက သူ့အနောက်က လူငယ်တွေတစ်ချက်လှည့်ကြည့်လိုက်ပြီး စိတ်မရှည်တဲ့ အမူအယာနဲ့….
” အဲ့ဒါဆိုရင်လည်း အိမ်ထဲဝင်ကြည့်ကြရအောင်ကွာ ကြာတယ် ”
စိတ်မြန်လက်မြန်ရှိသူမို့ သူနောက်က လူငယ်တစ်ချို့နဲ့ အိမ်ထဲကို ဝင်မယ်လုပ်တော့ ဦးဟန်သိန်းက လှမ်းတားလိုက်ပြီး….
” မင်းတို့ ဒီတိုင်းဝင်သွားလို့ ထူးမှာလည်း သန်းထွန်းရ ဟိုကသရဲဝင်ပူးနေတာလေကွာ တတ်သိနားလည်တဲ့ဆရာနဲ့သွားမှ အဆင်ပြေမှာပေါ့…”
ဦးဟန်သိန်း ပြောတာက သဘာဝကြတာမို့ သန်းထွန်းလည်း အိမ်ထဲဝင်မဲ့ ခြေလှမ်းတွေကို ရပ်တန့်လိုက်ရင်း
” ဒါဆိုလည်း ဆရာကြီး ဦးကောင်းကို သွားပင့်ကြတာပေါ့ဗျာ ဒီရွာမှာ ပရောဂကု့တာဆိုလို့ သူပဲရှိတာမဟုတ်လား….”
သန်းထွန်းစကားကို အောင်တိုးက ကန့်ကွက်လိုက်ပြီး…
” သူက ဆေးပဲကု့တတ်တာလေကိုကြီးသန်းထွန်းရ ပယောဂတစ်ကယ်ကု့တတ်တာမှ မဟုတ်တာ….”
” အနည်းအကျင်းတော့ တတ်ပါတယ်ကွ….”
ဖိုးဝကဝင်ပြောတယ် သန်းထွန်းက မျက်မှောင်ကြုတ်ရင်း…
” ဒါဖြင့်တခြားကု့တတ်တဲ့ ဆရာကိုမင်းသိလားအောင်တိုး”
အောင်တိုးက အူကြောင်ကြောင်အမူအယာနဲ့…
” မသိဘူးလေ ကိုကြီးသန်းထွန်းရဲ့….”
” မသိတာများ ဝင်ပြောနေရသေးလား နည်းနည်းပဲတတ်တတ် အများကြီးပဲတတ်တတ် ခေါ်စရာရှိတာပဲသွားခေါ်ကြ စကားများမနေနဲ့….”
သန်းထွန်းစကားဆုံးတာနဲ့ ဖိုးဝက
” ပြောနေရင်ကြာတယ် ကိုသန်းထွန်းရာ ကျုပ်တို့ အခု့ပဲသွား လိုက်မယ်….”
” အေးကောင်းတယ် သွားပင့်လိုက် ညိုမြနဲ့တင်ထွေးလည်း ခေါ်သွား….”
” ဟုတ် ကိုကြီးသန်းထွန်း…”
” အေး အေး မကြာစေနဲ့အုံး အရေးကြီးလို့ အမြန်ဆုံးလိုက်ခဲ့ပေးပါပြောလိုက်….”
စကားဆုံးတော့ ဖိုးဝတို့အုပ်စု့ထွက်သွားခဲ့တယ်…
သန်းထွန်းနဲ့ လူတစ်စု့ကတော့ အိမ်ထဲက အသံကိုနားစွင့်ရင်း ကျန်ခဲ့လေသည်….
သိပ်မကြာခင်မှာပဲ ဆရာကြီးဦးကောင်းနှင့်အတူ ဖိုးဝတို့ ပြန်ရောက်လာပြီး…..
” ဘယ်မှာလည်း သရဲဝင်ပူးနေတဲ့သူက…”
” အိမ်ထဲမှာတဲ့ ဆရာကြီး…. ”
” အဲ့ဒါဆိုလည်း ဝင်ကြမယ်လေ ဒီမှာဘာထိုင်လုပ်နေကြတာတုန်း မင်းတို့က ”
ဆရာကြီးဦးကောင်းကပြောပြောဆိုဆိုနဲ့ အိမ်ထဲကိုဝင်တော့ အကုန်လုံးသူ့အနောက်ကလိုက်ဝင်ခဲ့ကြတယ်….
အိမ်ထဲမှာလည်း ရှုတ်ပွပေကြံနေပြီး ပန်းကန်တွေ ရေအိုးတွေကိုအစိပ်စိပ်အမွှာမွှာ ရိုက်ခွဲထားတာ မြင်လိုက်ရတယ်…
ထို့နောက် သူတို့ကို ကျောပေးပြီး ငူငူကြီးထိုင်နေတဲ့ ကိုရင်မောင်ကို တွေ့လိုက်ရသည်….
တစ်ကိုယ်လုံးလည်း တစ်ဆက်ဆက်တုန်ရင်နေသည်…
ဆရာကြီးဦးကောင်း က သူတို့ကို ကျောပေးထိုင်နေတဲ့ ကိုရင်မောင်ကို သူ့ဆေးလွယ်အိပ်ထဲမှာပါလာတဲ့ ရေဗူးကိုဖွင့်ပြီး လှမ်းပက်လိုက်တယ်……
” မင်းလားကွ သရဲဆိုတာ….”
ချက်ချင်းဆိုသလို တီကောင်ကို ဆားနဲ့ပတ်သလိုက် တွန့်လိန်သွားပြီး တဝူးဝူးအော်ဟစ်နေလေသည်…
ကိုရင်မောင် အော်ဟစ်ရုန်းကန်နေတာတွေ့လိုက်ရတော့ လာကြည့်ကြတဲ့ လူတွေ အတော်လေး သွေးပျက်ကြောက်လန့်ပြီး ဆူဆူညံညံ ဖြစ်သွားတာမို့ ဆရာကြီး ဦးကောင်းက လက်ကာပြရင်း တိတ်တိတ်နေပေးဖို့ သတိပေးလိုက်၏…..
ကိုရင်မောင်ကတော့ ကြမ်းပြင်ပေါ်မှာ ခွေးတစ်ကောင်လို လေးဘက်ကြီးထောက်ပြီး သူတို့ဘက်ကို မျက်လုံးရိုင်းကြီးနဲ့ စိုက်ကြည့်လာတယ်…..
လက်တွေခြေတွေကလည်း အချိုးခံထားရသလို ကောက်ကွေးနေသည်မို့ မြင်ရတာပိုပြီး ကြောက်ဖို့ကောင်းလွန်းလှသည်…
မျက်လုံးအိမ်ကလည်းသေနေသည် နည်းနည်းမှ လှုပ်ရှာချင်းမရှိ မျက်တောင်ခက်ချင်းမရှိ….
သတ္တိကောင်းတဲ့ သန်းနိုင်တောင် ကိုရင်မောင် ကိုကြည့်ပြီး ကျက်သီးမွှေးညှင်းတွေတဖြန်းဖြန်းထလာတယ်….
ဦးကောင်းက လက်ထဲကရေဗူးကို ကိုရင်မောင်ကို လှမ်းပြပြီး…..
” မင်း ဘယ်သူလည်း ဘာကြောင့် အခု့လိူဝင်ပူးရတာလည်း…..”
ဦးကောင်းက လေသံမာမာနဲ့မေးတယ်….
ကိုရင်မောင်ကတော့ ဦးကောင်းပြောတာကို ဂရု့ပင်မစိုက်..
မလှယဥ်ကိုသာ စူးစူးရှရှစိုက်ကြည့်ပြီး ဒေါသတွေထွက်နေတယ်….
” ငါအေးဆေးမေးနေတာကို မင်းကမဖြေဘူးပေါ့ ကဲကွာ…”
ဦးကောင်းရေစင်တွေနဲ့ပက်လိုက်တော့ ကိုရင်မောင်တစ်ယောက် ကြမ်းပြင်ပေါ်မှာ ထပ်ပြီးလူးလွန့်သွားတယ်…
ကြောက်စရာအသံကြီးနဲ့လည်း တဝူးဝူးအော်ဟစ်နေပြန်တယ်…..
” မင်းကို ငါ ထပ်မေးမယ် မင်းဘာလို့ ဒီမိသားစု့ကို နှောက်ယှက်ရတာလည်း ဘာကိုမကျေနပ်လို့လည်း…..”
ဒီတစ်ကြိမ်မှာတော့ ကိုရင်မောင် ကြောက်သွားပုံရတယ်
လေးဘက်ထောက်ရာကနေ မလှယဥ်ကို စူးစူးရဲရဲစိုက်ကြည့်တယ်…..
ပြီးတော့ ဒေါသထွက်နေတဲ့ ပုံမျိုးနဲ့ လက်ညိုးထိုးပြရင်း….
” ငါ သူ့…ကို…မကျေနပ်လို့… သတ်မလို့….”
ကိုရင်မောင်လက်ညိုးထိုပြရာကိုလှည့်ကြည့်လိုက်ပြီး….
” အော် မင်းမကျေနပ်တာက လှယဥ်ကိုပေါ့….”
ကိုရင်မောင်က ခေါင်းကိုငြိမ့်ပြပြီး တဝူးဝူးအော်ဟစ်နေတယ်
ဒေါသထွက်နေတဲ့ အမူအယာကို ဖော်ပြတဲ့ ပုံမျိုးနဲ့ ကြမ်းခင်းကို အတင်းကုတ်ခြစ်ပြနေလေ၏
မလှယဥ်ကတော့ လူအုပ်ကြီးကြားထဲအတင်းတိုးဝင်ပြီး ခေါင်းတောင် မဖော်ရဲအောင် ကြောက်လန့်နေသည်….
” မင်းက သူ့ကို ဘာလို့မကျေနပ်တာလည်း သူမင်းကို ဘာလုပ်ထားလို့လည်း ပြောစမ်း….”
” ကျမသူ့ကို ဘာမှ မလုပ်ပါဘူးရှင် ဘာမှ မလုပ်ပါဘူး…”
လူအုပ်ကြားထဲကနေ မလှယဥ် ကမျက်လုံးစုံမှိတ်ပြီးကြောက်လန့်တကြားအော်ဟစ်ပြီးဖြေလေသည်..
သူ့အမူအယာကလည်း တစ်ခု့ခု့ကို အကြီးအကျယ် တုန်လှုပ်နေတဲ့ပုံမျိုးပင် ။
ဦးကောင်းက ချောင်းတစ်ချက်ဟန့်လိုက်ပြီး ခက်ထန်တင်းမာတဲ့လေသံနဲ့…
” ကျုပ်မေးတာ မိန်းခလေးကို မဟုတ်ပါဘူး မမေးပဲ
ဝင်မဖြေပါနဲ့ ကျုပ်မကြိုက်ဘူး ဟိုကောင် မင်းကိုငါမေးနေတယ် မင်းကသူ့ကိုဘာမကျေနပ်တာလည်းလို့ ငါ့ကိုပြောစမ်း…”
ဦးကောင်းဟန်ပန်ကလည်း တစ်ကယ့်ပယောဂကု့တဲ့ ဆရာတစ်ယောက်လို မာန်ပါလှသည်….
သရဲဝင်စီးခံထားရတဲ့ ကိုရင်မောင်ကတော့ဦးကောင်းမေးတာကို တန်းမဖြေသေးပဲ ခေါင်းငိုက်စိုက်ချကာ တရှုံရှုံထငိုနေလေသည်..
ထို့နောက် ကြေကွဲစို့နစ်နေတဲ့ အသံကြီးနဲ့
” ငါ့….ငါ့….ငါ့ကို….သူ…..သူ….သတ်….”
” ကျမ ဘာမှ မလုပ်ပါဘူးရှင် ကျမဘာမှ မလုပ်ပါဘူး….”
လှယဥ်က ကြောက်ကြောက်လန့်လန့်ထပ်ပြီး အော်နေတော့ ဦးကောင်း အတော်လေးစိတ်တိုသွားပုံရသည်….
မလှယဥ်ဘက်ကိုလှည့်ပြီး ဒေါသတကြီးနဲ့…
” ကျုပ်ပြောထားတယ်မဟုတ်လား မိန်းခလေးကိုမမေးပဲ ဘာမှ ဝင်မပြောပါနဲ့လို့….”
” ဟုတ်သားပဲ လှယဥ် နင့်ကိုမေးတာမဟုတ်ပဲ ဝင်ဝင်မဖြေနဲ့လေ ဆရာကြီးအလုပ်ရတာ အနှောက်အယှက်ဖြစ်တာပေါ့…”
သန်းထွန်းလည်း ဝင်ပြောတော့မှ လှယဥ်ငြိမ်ကျသွားပြီး…
” တောင်းပန်ပါတယ် ကျမ… ကျမ အရမ်းကြောက်နေလို့ပါ မပြောတော့ပါဘူးရှင်….”
ဆရာကြီးဦးကောင်းလည်း စိတ်ကို ပြန်လျှော့လိုက်ပြီး ကိုရင်မောင်ကိုထပ်မေးဖို့ဟန်ပြင်လိုက်တယ်….
ဒါပေမဲ့ သူထပ်မေးချိန်ပင်မရလိုက် ကိုရင်မောင်ကို ဝင်ပူးကပ်နေတဲ့သရဲက ထွက်သွားခဲ့လေပြီ…..
သိပ်မကြာခင်မှာပဲ အိပ်ယာကနိုးလာတဲ့လူတစ်ယောက်လို့ မျက်လုံးကိုပွတ်သပ်နေလေ၏..
လူအုပ်ကြီးက သူ့ကိုစိုက်ကြည့်နေတာတွေ့တော့
ကြောင်တောင်တောင်အမူအယာနဲ့…..
” ဘာဖြစ်လို့လည်း ဘာဖြစ်လို့ ကျုပ်ကို ဝိုင်းကြည့်နေတာလည်း ခင်ဗျားတို့က ဘယ်သူတွေလည်း ကျုပ်အိမ်ကိုဘလာလုပ်ကြတာလည်း လှယဥ်ရော လှယဥ်….”
ဦးကောင်းက ရေဗူးလေးကို အဖုံးလုံအောင်ပြန်ပိတ်လိုက်ပြီးတာနဲ့ …..
” မင်းဘာဖြစ်ခဲ့တာလည်း ဆိုတာသိချင်ရင်တော့ မင်းမိန်းမကိုပဲ မေးကြည့် အခု့မင်းသတိလည်လာပြီ ဘာမှလည်း မရှိတော့ဘူးဆိုတော့ ငါတို့ပြန်တော့မယ်…..”
ဆရာကြီးဦးကောင်းက ပြောပြောဆိုဆိုနဲ့ လှည့်ထွက်သွားခဲ့လေသည်…
လှယဥ်ကိုလည်း စိတ်ဆိုးတဲ့ ပုံမျိုးနဲ့ ကြည့်သွားလေသည်..
လူတွေလည်း အလျိုလျိုပြန်လှည့်ထွက်သွားကြတာမို့ ခြံဝန်းလေးက ပုံမှန်အတိုင်းပြန်ပြီး တိတ်ဆိတ်သွားခဲ့လေတော့သည်….
သန်ထွန်းကတော့ လှယဥ် တစ်ခု့ခု့ကို ဖုံးကွယ်နေတယ်လို့ ခံစားရတာမို့ စိတ်ထဲ ဘဝင်မကျဖြစ်နေခဲ့ရလေသည်….
…………………………………………………………………………………………..
တစ်ပတ်လောက်ကြာတော့ လှယဥ်တို့အိမ်က တစ်ခါထပ်ဖြစ်ပြန်သည်….
ဒီတစ်ခါဖြစ်တာက ကိုရင်မောင်မဟုတ် သူတို့၏သားမောင်ချစ်။
ညသန်းခေါင်ကြီး ငိုလိုက် ရယ်လိုက် တက်သွားလိုက်နဲ့ ဒုက္ခများရပြန်သည်….
ခလေးက ခနငြိမ်သွားပြီဆိုလျှင် အိမ်နောက်မှာ မွေးထားတဲ့ဝက်က ဆူးချွန်နဲ့ ထိုးခံနေရသလို အသံမျိုးနဲ့ ဆူညံပွက်လောရိုက်ပြီး ခြံအပြင်ဘက်ကို ကြောက်လန့်တကြားတိုးထွက်ပြေးနေသည်….
ဝက်ငြိမ်သွားလျှင် သူတို့သားမောင်ချစ်က ထပ်ဖောက်သည်…
ဒီလိုနဲ့ သံသရာလည်နေရင်း ရွာထဲက လူတွေနဲ့ အတူ ဆရာကြီးမောင်ကောင်း ထပ်ရောက်လာပြီး ကု့သပေးလိုက်မှ ပြန်ငြိမ်သွားခဲ့သည်….
မြေမသန့်လို့ ဖြစ်ရတာဆိုပြီးပြောကြတာနဲ့ နောက်တစ်ရက် သံဃာတော်တွေပင့်ပြီး မြေနှုတ် ပရိတ်တရားနာကြသည်..
ပရိတ်ရေတွေဖြန်း ပရိတ်ကြိုးတွေ တစ်အိမ်လုံးမှာ ကာရံထားပေမဲ့ ထူးခြားလာချင်းမရှိ….
ညရောက်တာနဲ့ ခလေးကထဖောက်ပြီးအော်ငိုလိုက် တက်လိုက် မေ့သွားလိုက် ဝက်ကထဖြစ်လိုက် အဲ့ဒီလိုမှ မဖြစ်ရင် သူတို့ခြံထဲမှာ လူတစ်ယောက် တောက် ခေါက်နေတဲ့ အသံတွေ ခြေသံတွေ အော်ဟစ်ညီးညူးသံတွေက ရပ်သွားခဲ့ချင်းမရှိပဲ ညရောက်တာနဲ့ ပုံမှန်လိုလိုဖြစ်နေပြန်သည်…
လူတွေလည်း အအိပ်ပျက် အစားပျက်နှင့် အားပင်ကုန်လာသည်…
တစ်ချို့ကလည်း ဒီတိုင်းဆက်သွားနေရင် ပိုဆိုးသွားလိမ့်မယ် တတ်သိနားလည်တဲ့ ဆရာတစ်ယောက်ယောက်ကို ပင့်ပြီး ဖြေရှင်းလိုက်ဖို့အကြံပေးကြသည်….
တစ်ချို့ကလည်း တစ်ဖက်ရွာမှာ ပယောဂ နိုင်တဲ့ ဆေးဘုန်းကြီးတစ်ပါးရှိတယ် သွားလျှောက်ကြည့်သင့်တယ်ဆိုပြီး အမျိုးမျိုးအကြံပေးကြသည်…..
လှယဥ်ကလည်း ခေါင်းမာသည် ဘယ်သူ့အကြံပေးစကားကိုမှ လက်မခံပဲ ဦးကောင်းနဲ့သာ ကု့မည်ဟု့ ဆုံးဖြတ်ထားလိုက်သည်…
တစ်ကယ်တတ်ကျွမ်းတဲ့ ဆရာတစ်ယောက်ယောက်သာ ကု့မည်ဆိုလျှင် သူ့အတွက် ခက်ခက်တဲ့ အခြေအနေကို ကြုံတွေ့ရနိုင်တယ်လို့ တွေးထားမိသောကြောင့်ပင်…
………………………………………………………………………………………….
စာရေးသူ – ရွှေဘုန်းခေတ်
[ ဤပြစ်ဒဏ် တန်သလော ]
[ ဇာတ်သိမ်း]
………………………
ဖြစ်ခဲ့ သမျှနေတွေထဲက ထိုနေ့က အဆိုးဆုံးဟု့ပင် ပြောရမည်…
ခါတိုင်းဆို ညသန်းခေါင်ချိန်မှသာ ဖြစ်တတ်ပေမဲ့ ဒီနေ့တော့
ညနေစောင်းထဲက စဖြစ်နေလေပြီ….
ခြံထဲမှာ ရှိတဲ့ အပင်တွေကိုလည်း လူတစ်ယောက်က တက်နင်းဖျက်စီးထားသလို့ အကုန်ကျိုးကြေနေသည်…..
အိမ်ဘေးပတ်ချာကို လူတစ်ယောက်က တစ်ဗုန်းဗုန်း လိုက်ထု့နေသလို ဆူညံပွက်လောရိုက်နေသည်…..
ခလေးကလည်း အိမ်ထဲကနေ ဟိုကြည့်လိုက် ဒီကြည့်လိုက် ထုတ်တန်းတွေပေါ်ကို ကြည့်လိုက်နဲ့ ကြောက်လန့်ပြီး ငိုနေသည်……
ဘယ်လိုတောင် ကြောက်လန့်နေလည်းမသိ ငိုနေရင်းနဲ့ပင် သတိလစ်သွားသည်…..
ကိုရင်မောင်နဲ့ လှယဥ်တို့လည်း ဘာလုပ်လို့ဘာကိုင်ရမှန်းမသိအောင် ပျာယာခက်နေကြရ၏
တတ်သလောက် မှတ်သလောက် နဲ့ ဝိုင်းဝန်းပြု့စု့ကြပေမဲ့ ခလေးက သတိလည်လာလိုက် တစ်နေရာ စိုက်ကြည့်လိုက်
ကြောက်လန့်တကြားငိုလိုက် သတိလစ်သွားလိုက်နဲ့သာ လုံးချာလိုက်နေသည်…
” ဒီလိုနေလို့တော့ မရတော့ဘူး လှယဥ် ကြာရင် ငါတို့သားလေး သေသွားလိမ့်မယ် ကု့ပေးမဲ့ဆရာဆီကို သွားမှဖြစ်တော့မယ်….”
လှယဥ်က ငိုမဲ့မဲ့မျက်နှာနဲ့……
” ကျမတို့……ကျမတို့….”
စကားကို ရှေ့မဆက်တော့ ပဲ တစ်စုံတစ်ခု့ကို ထိန့်လန့်နေသလို အမူအယာမျိုးဖြစ်နေသည်…
ကိုရင်မောင်က ခေါင်းကိုခါယမ်းလိုက်ပြီး….
” မင်း ဒီတိုင်းဆက်နေရင်ရော ဘာထူးမှာလည်း လှယဥ်ရဲ့
ကြာရင် ငါ့တို့သားလေးသေယုံရှိတော့မှာပေါ့ကွ… ”
” ဒါပေမဲ့ ကျမတို့ ဟို…ဟို…”
” မဖြစ်လာသေးတာကို တွေးကြောက်မနေနဲ့စမ်းပါနဲ့လှယဥ်ရယ် အခု့ဖြစ်နေတာက ငါ့တို့သားကွ ဘာလည်း မင်းက သားလေးသေတာကို ဒီတိုင်းပဲ ထိုင်ကြည့်နေတော့မလို့လား ဟမ်…..”
ကိုရင်မောင် ဒေါသထွက်ပြီး အော်လိုက်တော့ လှယဥ်ကိုယ်လေး တစ်ဆက်ဆက်တုန်သွားပြီး….
” ဒါဖြင့် ဘယ်ဆရာဆီသွားမှာလည်း…..”
” ဘယ်ဆရာရှိရမလည်း တစ်ဖက်ရွာက ဆေးဘုန်းကြီးဆီပဲသွားရမှာပေါ့…”
ဘယ်လိုမှ ရှောင်လို့မရတဲ့အခြေအနေဖြစ်နေပြီမို့
လှယဥ် လေပူတစ်ချက်ကို မှုတ်ထုတ်လိုက်ပြီး…
” ဒါဆိုလည်း သွားကြတာပေါ့….”
” ဟူး….”
နှစ်ယောက်သားဆုံးဖြတ်ပြီးသွားပြီမို့ ရွာလူကြီးကို အကူအညီလှမ်းတောင်းပြီး တစ်ဖက်ရွာကို သွားဖို့ လှည်းလေးငှားလိုက်တယ်….
သူကြီးရဲ့ စေခိုင်းမှု့နဲ့အတူ ကာလသားခေါင်း သန်းထွန်းက ကိုရင်မောင်နဲ့ လှယဥ်ကို လိုက်ပို့လေသည်..
စပ်စု့ချင်တဲ့ လူတစ်ချို့ကလည်း လိုက်လာကြလေတော့သည်…
……………………………………………………………………………….
ရောက်တာနဲ့ ………
ဘုန်းကြီးက ခလေးကို သူ့အရှေ့မှာ ချခိုင်းကာ ခလေးနဖူးပေါ်ကို ဆေးကြိမ်လုံးနဲ့ ထိထားပြီးတတွတ်တွတ်နဲ့ ရွတ်ဖက်နေသည်….
ပြီးတော့ သူတို့နှစ်ယောက်ဘက်ကိုလှမ်းကြည့်ပြီး…..
” ခလေးကို ဒီလောက်ထိ လုပ်ရလောက်အောင် မင်းတို့နဲ့ဘယ်လိုရန်ငြိုးတွေများရှိလို့တုန်း….”
ဘုန်းကြီးမေးလိုက်တော့ လူတွေရဲ့ အကြည့်ကသူတို့ဆီရောက်လာသည်…
နှစ်ယောက်လုံး မျက်စိမျက်နာပျက်သွားတာကိုလည်း ဘုန်းကြီးက ရိပ်မိသည်…
လှယဥ်က ဘုန်းကြီးမေးတာကို လက်အုပ်ချီပြီး ရိုရိုသေသေနဲ့…..
” ဘုန်းဘုန်းပြောတာကို တပည့်တော်မ နားမလည်ပါဘူးဘုရား တပည့်တော်တို့နဲ့ ဘယ်သူမှလည်းရန်ငြိုးမရှိခဲ့ပါဘူးဘုရား…..”
ဘုန်းကြီးက ခေါင်းကို တစ်ဆက်ဆက်ငြိမ့်လိုက်ပြီး….
” ဘာပဲဖြစ်ဖြစ်ပါ ခလေးကို အရင်ဆုံးကု့ကြတာပေါ့ ”
ဘုန်းကြီး က သူ့အနောက်မှာရှိတဲ့ ပုလင်းကြီးတွေတစ်လုံးပြီးတစ်လုံးကို ကြည့်နေပြီး အနီရောင် ပုလင်းတစ်လုံးကို ဆွဲယူချလိုက်သည်….
ပုလင်းထဲက ဆေးရေအချို့ကို ခပ်ပြီး ခလေးပါးစပ်ကို လက်နဲ့ဟ၍ လောင်းထည့်လိုက်လေသည်….
ထို့နောက် မျက်စိမှိတ်ပြီး တစ်ခု့ခု့ကို ရွတ်နေရင်းမှ လက်ထဲကိုင်ထားတဲ့ ဆေးကြိမ်လုံးနဲ့ ခလေးရဲ့ခေါင်းကနေခြေဖဝါးအထိ ဆွဲချနေလေသည်……
သုံးကြိမ်မြောက်ဆွဲချပြီးတာနဲ့ ခလေးရဲ့ မျက်လုံးလေး ဖြေးဖြေးချင်းပွင့်လာတာကို မြင်လိုက်ရတော့ ကိုရင်မောင်နဲ့ လှယဥ် အတော်လေး ဝမ်းသာသွားသည်….
ဘုန်းကြီးကိုလည်း ကျေဇူးအရမ်းတင်မိသည်….
” ဒီခလေးကို ဒုက္ခပေးနေတဲ့ ပုဂ္ဂိုလ် ဒီနေ့ကစပြီး သင့်ရဲ့ဒုက္ခပေးမှု့က ဒီခလေးရဲ့အပေါ်ကို မြူတစ်မှုံမျှ ကျရောက်ချင်းမရှိစေရ သက်ရောက်ချင်းမရှိစေရ ထိခိုက်ချင်းမရှိစေရ….”
ဘုန်းဘုန်းက ပြောပြီးတာနဲ့ ခလေးရဲ့ နဖူးပြင်ကို ပွပ်သပ်ပေးလိုက်ပြီး…
” ဒီနေ့ကစပြီး ခလေးကို ဘယ်လိုအနှောက်အယှက်မျိုးမှ မကြုံရအောင် ဘုန်းကြီးလုပ်ပေးလိုက်တယ် စိတ်ချလက်ချသာခေါ်သွားတော့…..”
လှယဥ်လည်း ဘုန်းဘုန်းကို ရိုသေစွာကန်တော့ပြီး ကျေးဇူးတင်ကြောင်းလျှောက်တင်ကာ ပြန်ဖို့လုပ်သည်…
ဒီနေရာမှာ အကြာကြီး ဆက်မနေလိုတော့ပါ….
သူက ကလေးကို ပွေ့ချီပြီး ပြန်ဖို့လုပ်နေပေမဲ့ ကိုရင်မောင်ကတော့ ခေါင်းငိုက်စိုက်ချပြီး မလှုပ်မယှက်နဲ့ ထိုင်နေတာတွေ့တော့ လှယဥ်စိတ်တိုသွားမိသည်…
” ကိုရင်မောင် ဘုန်းဘုန်းကိုကျေးဇူးတင်စကား ပြောလိုက်အုံးလေ ရှင်က ဘယ်လိုကြီးထိုင်နေတာတုန်း ”
ကိုရင်မောင်က နည်းနည်းမှမလှုပ် ငြိမ်သက်နေဆဲပင်….
လှယဥ်စိတ်မရှည်တော့တာနဲ့ ကိုရင်မောင်ကျောကုန်းကို ပုတ်လိုက်ပြီး….
” ကိုရင်မောင် ရှင်ဘာဖြစ်နေတာလည်း သွားမယ်လို့ပြောနေတယ်လေ….”
ကိုရင်မောင်က လှယဥ်လက်ကို ပုတ်ချလိုက်ပြီး….
” ငါ့ကိုမထိနဲ့….ငါနင့်ကိုသတ်မှာ…. ငါနင့်ကိုသတ်မှာ….”
တစ်ကိုယ်လုံးတစ်ဆက်ဆက်တုန်ရင်လာပြီး ထအော်လိုက်တာကြောင့် လှယဥ်တင်မဟုတ်ပဲ ဘေးနားကလူတွေပါ ကြောက်လန့်တကြားနဲ့ အနောက်ကို ဆုတ်သွားခဲ့လေသည်…
ဘုန်းဘုန်းကတော့ ကိုရင်မောင်ကို ကြည့်ကာ ခေါင်းကိုတစ်ဆတ်ဆတ်ငြိမ့်ရင်း…..
” ငါထင်တယ် ငါထင်တယ် ရောက်လာလိမ့်လို့ ထင်တဲ့အတိုင်းပါလား……..”
လှယဥ် တစ်ပူပေါ်နှစ်ပူဆင့်ဆိုသလို ခလေးဖြစ်လို့ လာကာမှပဲ ယောကျားဖြစ်သူက သရဲဝင်နေတာနဲ့ ထက်ကြုံရပြန်သည်…..
ကိုရင်မောင် ရဲ့ခန္ဓာကိုယ် တစ်ဆက်ဆက်တုန်ရင်နေသည်…
ကြမ်းပြင်ကိုလည်း တဒုန်းဒုန်းနဲ့ ဒေါသတကြီးထု့နေသဖြင့် ဘုန်းဘုန်းက လက်ထဲမှာကိုင်ထားတဲ့ဆေးကြိမ်လုံးနဲ့ ခေါင်းကို ဖိထားလိုက်ပြီး….
” ဒေါသတွေကို လျှော့စမ်း ပြောစရှိတာကို အေးဆေးပြော ကြမ်းကြမ်းတမ်းတမ်းတွေမလုပ်နဲ့နော် ငါမကြိုက်ဘူး….”
ဘုန်းဘုန်းပြောတော့ ကိုရင်မောင်ငြိမ်ကျသွားပြီးတရှုံရှုံနဲ့ ငိုနေသည်….
” မင်းဘယ်သူလည်း ဘာဖြစ်လို့ ဒီမိသားစု့ကို နှောက်ယှက်နေရတာလည်း ပြောစမ်း…”
ဘုန်းဘုန်းအသံက အနည်းငယ်တင်းမာသည်….
ကိုရင်မောင်က တစ်ဆက်ဆက်တုန်ရင်နေရာမှ လက်အုပ်ချီလိုက်ပြီး
” တပည့်တော် မကျေနပ်ဘူး….လုံးဝမကျေနပ်ဘူး အဲ့ဒီကောင်မရော ဒီကလေးရော ဒီကောင့်ကိုရော သတ်ရမှ ကျေနပ်နိုင်မယ်….”
ဘုန်းဘုန်းကတော့ တည်ငြိမ်စွာနဲ့ပင်….
” မင်းက ဘာတွေမကျေနပ်လို့ သတ်ချင်ရတာတုန်း ဒကာရဲ့ ငါနားလည်အောင်ပြောစမ်း…. ”
ကိုရင်မောင်က လှယဥ်ကို လက်ညိုးထိုးပြီး ဝမ်းနည်း ပက်လက်ငိုကြွေးနေပြန်သည်
ထို့နောက်စိုနစ်ကြေကွဲသံကြီးနဲ့….
” တပည့်တော် ကို ဒီကောင်မ ရက်ရက်စက်စက် သတ်ခဲ့တာ အပိုင်းပိုင်းအစ အစ လုပ်ခဲ့တာ အဟီး…..ဟီး…..”
လှယဥ်က မျက်စိပျက် မျက်နှာပျက်နဲ့ ကြောက်ကန်ကန်ပြီးငြင်းနေသည်…..
” တပည့်တော် မသိပါဘူးဘုရား…သတ်လည်း မသတ်ပါဘူးဘုရား သူကိုလည်း မသိပါဘူးဘုရား…..”
ကြောက်ကန်ကန် ပြောနေတဲ့ လှယဥ်ကိုကြည့်လိုက် သရဲဝင်ပူးခံနေရတဲ့ ကိုရင်မောင်ကို ကြည့်လိုက်နဲ့ ဘေးမှာရှိတဲ့လူတွေလည်း ဗျာများနေကြသည်…..
ဘုန်းဘုန်းကတော့ ကိုရင်မောင်ကို သာဆက်ပြီးမေးခွန်းထုတ်သည်…
” မင်းကို သူသတ်ခဲ့တယ်လို့ ဘာလို့ပြောရတာလည်း ငါတို့နားမလည်ဘူး ရှင်းအောင်ပြောစမ်း….”
ဘုန်းကြီးက ဆေးကြိမ်လုံးကို ကြမ်းပြင်ပေါ်ထု့ချပြီး လေသံမာမာနဲ့မေးလိုက်တော့ ကိုရင်မောင်ကလက်အုပ်ချီလိုက်တယ်….
မျက်ရေတွေကလည်း တသွင်သွင်စီးကျနေတယ်…
” တပည့်တော် ပြောပြပါ့မယ်ဘုရား…..တပည့်တော်နမည်က စံမြင့် လှယဥ်ရဲ့ ယောကျားပါ…..”
” ဟေ ”
ဘုန်းကြီးပင် မျက်ခုံးတွန့်သွားသည်….
” ဒါဖြင့် မင်းဝင်ပူးထားတဲ့ ခန္ဓာပိုင်ရှင်ကရော… .”
ကိုရင်မောင်က မျက်ရေတွေကို သုတ်လိုက်ပြီး…
” ဒါက သူဖောက်ပြန်ပြီး ယူထားတဲ့ သူ့ရဲ့ အငယ်အနှောင်းပါ ဒီကောင့်အတွက်နဲ့ကျုပ်ကို ရက်ရက်စက်စက်သတ်ခဲ့တာ ပြီးတော့ ကျုပ်အလောင်းကိုလည်း အပိုင်းပိုင်းဖြတ်ပြီး အိမ်သာထဲမှာ သူကိုယ်တိုင် ပြစ်ခဲ့တာ…..”
” အလို…..”
” ဟာ ”
” ရက်စက်လိုက်တဲ့ မိန်မပါလား….”
အကုန်လုံးက လှယဥ်ကို ရွံစရာကြောက်စရာကောင်းတဲ့ သတ္တဝါတစ်ကောင်လို ဝိုင်းကြည့်ကြလေသည်…
” ရုပ်လေးနဲ့တောင်မလိုက်ပါလားနော် စိတ်ဓာတ်ကြီးက…”
” ကြောက်ဖို့ကောင်းတဲ့ မိန်းမပဲ…”
” ဒုတ်….”
ဘုန်းဘုန်းဆေးကြိမ်လုံးသံကြားမှာ တစ်ယောက်တစ်ပေါက်ပြောဆို သံတွေတိတ်ဆိတ်သွားခဲ့လေသည်….
” ဒါတွေက အမှန်တွေလား မင်းပြောတာတွေကို ငါတို့က ဘယ်လိုယုံကြည်ပေးရမှာလည်း…… ”
” တပည့်တော် ပြောတာတွေက အကုန်အမှန်တွေပါ….
တပည့်တော်တို့ နေထိုင်တဲ့ရွာကို သွားမေးကြည့်ရင်သိပါလိမ့်မယ်…ရွာမှာတပည့်တော်အမေရှိတယ် အခု့ထိ တပည့်တော်သေတာကို မသိသေးပဲ ပျောက်သွားတယ်ထင်ပြီး လိုက်ရှာနေဆဲပါဘုရား……အဟီး…ဟီး…..”
ကိုရင်မောင်က ပြောနေရင်းနဲ့ တရှုံရှုံထပ်ငိုနေလေသည်….
” ကဲကဲ ငိုမနေပါနဲ့ မင်းပြောသလိုဟုတ် မဟုတ်ဆိုတာကို ငါတို့ သေချာအောင်အရင်လုပ်ရလိမ့်မယ် ပြီးမှပဲ ဆက်လုပ်ကြတာပေါ့ မင်းနေတဲ့ရွာက …”
” ကြိမ်ပင်စု့ ရွာပါဘုရား တပည့်တော် အမေနမည်က ဒေါ်မြိုင်ပါ…..”
” ဟုတ်ပြီလေ အခု့ပဲမင်းအမေကို လူလွှတ်ပြီးသွားခေါ်ခိုင်းလိုက်မယ် ကြိမ်ပင်စု့ ဆိုတော့ အရမ်းအဝေးကြီးမှ မဟုတ်ပဲ….”
ဘုန်းဘုန်းက မောင်နိုင် နဲ့ လူတစ်ချို့ကိုအမြန်ဆုံးစေလွှတ်ပြီး……
” ကြိမ်ပင်စု့ရွာမှာ စံမြင့်အမေ ဒေါ်မြိုင်ဆိုတာရှိလားလို့ စုံစမ်းခဲ့
ရှိတယ်ဆိုရင် အကျိုးအကြောင်းပြောပြီးတော့ တစ်ခါထဲခေါ်ခဲ့ ဖြစ်နိုင်ရင် အဲ့ဒီရွာက လူကြီးတွေ ကိုပါ တစ်ပါတည်းခေါ်ခဲ့လိုက်ကွာ…”
” တင်ပါ့ဘုရား….အခု့ပဲသွားခေါ်လိုက်ပါ့မယ်…”
မကြာမီ လှည်းတစ်စင်းနဲ့ မောင်နိုင်တို့ ထွက်ခွာသွားကြလေသည်…
လှယဥ်ကတော့ သူခိုးလူမိထားသလို အကြီးအကျယ်ကြောက်ရွံထိတ်လန့်တုန်လှုပ် နေလေသည်…….
………………………………………………………………………………..
” အမလေး….အဖြစ်ဆိုးလိုက်တဲ့ငါ့သားလေး….အဟီး..ဟီး…”
ဒေါ်မြိုင်ဆိုတဲ့ အဘွားကြီးက သူ့သားဝင်ပူးခံထားရတဲ့ ကိုရင်မောင် ကို ဖက်ပြီး ဝမ်းနည်းပက်လက် ငိုနေရှာလေသည်….
ကိုရင်မောင်ကလည်း အမေဖြစ်သူကို ဖက်ပြီး ကြေကွဲစို့နစ်စွာနဲ့ ငိုနေသဖြင့် မြင်ရသူအပေါင်းလည်း စိတ်မကောင်းဖြစ်ရရှာသည်….
အကုန်လုံးရဲ့ ဒေါသတွေ လှယဥ်အပေါ် စုပြုံကျလာခဲ့ရလေသည်…
ဒေါ်မြိုင်တစ်ယောက် ချောင်ထဲမှာ ခေါင်းငုံပြီး ငိုနေတဲ့ လှယဥ် ကိုလှမ်းကြည့်ပြီး….
” သမီးရယ်….ဘာလို့ အဲ့လောက်ထိရက်စက်ရတာလည်းကွယ်….သမီးအပေါ်မှာ အမေ့သားက ဘယ်လောက်ချစ်လည်း သမီးလည်း သိရဲ့သားနဲ့ ဘာကြောင့်ဒီလိုမျိုး လုပ်ရက်ရတာလည်း သမီးရယ်….အဟီး….ဟီး…..”
ဘုန်းဘုန်းကလည်း စိတ်မကောင်းဖြစ်စွာနဲ့…
” ဒကာမကြီးခံစားနေရမယ်ဆိုတာကိုလည်း ဦးဇင်းသိပါတယ် ဒါပေမဲ့ ဖြစ်တာကလည်း ဖြစ်ပြီးသွားခဲ့ပြီမဟုတ်လား ဘယ်တတ်နိုင်ပါတော့မလည်း…..”
ဘုန်းဘုန်းစကားကြောင့် ဒေါ်မြိုင် သားကိုဖက်ထားရာကနေ လက်အုပ်ချည်လိုက်ပြီး….
” တပည့်တော် သားလေးကိုက အဖြစ်ဆိုးလွန်းတာပါဘုရား ”
ကိုရင်မောင်ကလည်း လက်အုပ်ချည်ပြီး….
” တပည့်တော်ကို လုပ်ရက်လွန်းပါတယ်ဘုရား..အဟီး…ဟီး…”
ပြောရင်းနဲ့ ထပ်ငိုနေပြန်သည်…..
အချိန်အတော်ကြာကြာ စကားတွေပြောပြီးတော့မှ ဘုန်းဘုန်းက ကိုရင်မောင်ကို ကြည့်ပြီး……
” ဒကာကြီး အသတ်ခံရတဲ့ အကြောင်းအရင်းက ဘာကြောင့်လည်း ဘာလို့လည်း ဦးဇင်းတို့ကို ပြောပြပါ တတ်နိုင်သလောက်လည်း ကူညီပေးပါ့မယ်…”
ဘုန်းဘုန်းမေးတာကို အကုန်လုံးက စိတ်ဝင်တစားနားထောင်နေကြပေမဲ့ လှယဥ်ကတော့ ခေါင်းပင်မဖော်ပဲ ငိုနေလေသည်။
ကိုရင်မောင်ကတော့ မျက်ရေတွေကိုသုတ်လိုက်ပြီး
” ဒီလိုပါ အရှင်ဘုရား……” ဟု့အစချီက သူ့အကြောင်းကို မျက်ရေတွေတသွင်သွင်စီးကျရင်း ပြောပြရှာလေသည်….
.,…,…………………………….,………………..,…,……………,.,…,……………
စံမြင့် နားကျဥ်းစွာနဲ့ အရက်တစ်ခွက်ကို ဆက်ခနဲ့မော့သောက်လိုက်တယ်
စိတ်ထဲမှာလည်း ဆို့နစ်ကြေကွဲနေမိတယ်….
” ချစ်လွန်းလို့ မင်းအပေါ်ကို ငါဘယ်လောက် နားလည်ပေး
ခွင့်လွှတ်ပေးခဲ့ရတာလည်းဆိုတာ မင်းအသိဆုံးပါ လှယဥ်ရယ် ”
တစ်ယောက်ထဲ တိုတိုးလေးရရွတ်ရင်း ပါးနှစ်ဖက်ပေါ် မျက်ရေတွေ တသွင်သွင်စီးကျလာခဲ့ရလေ၏
ကိုယ့်အဖြစ်ကိုတွေးရင်းနဲ့လည်း ဝမ်းနည်းကြေကွဲနေမိသည်…
”ငါ့အပေါ်ကို ဘာကြောင့်လုပ်ရက်တာလည်း ဘာကြောင့်လည်း…..”
ဝမ်းနည်းစိတ်တွေက အရက်ရှိုန်ကြောင့် ဒေါသဘက်ကို ကူးပြောင်းသွားပြီး တစ်ယောက်ထဲကျယ်လောင်စွာ အော်ဟစ်လိုက်မိသည်…..
” ငါမင်းကို မယူခဲ့သင့်ဘူး…..မင်းလိုမိန်းမမျိုးကို ငါမယူခဲ့သင့်ဘူး ငါမှားတယ်…ငါမှားတယ်….”
သောက်လက်စအရက်ပုလင်းတွေကို ကန်ထုတ်ပြီး အရူးတစ်ယောက်လို ငိုယိုနေမိသည်….
အချိန်ကြာမြင့်စွာ ငိုယိုအော်ဟစ်နေပြီး သိပ်မကြာခင်မှာပဲ
စံမြင့်တစ်ယောက်အိပ်ပျော်သွားခဲ့လေသည်….
အမှတ်တရ များစွာရှိခဲ့အနက် ဤစေတီလေးက လှယဥ်နဲ့သူ စတင်ဆုံတွေ့ခဲ့တဲ့ ပထမဆုံးသောအမှတ်တရနေရာလေးဖြစ်၏….
ထိုစဥ်က စံမြင့်အသက် ဆယ်နှစ်ဝန်းကျင်ခန့်ရှိပြီး လှယဥ်ကတော့ သူထပ် သုံးနှစ်ငယ်သည်….
တစ်ရက်စံမြင့်တောထဲ ငှက်သွားပစ်ရင်း ဤစေတီလေးဘေးမှာ ငိုနေတဲ့ လှယဥ်နဲ့ စတင် ဆုံတွေ့ခဲ့ရလေသည်…
စံမြင့်လည်း လှယဥ်ငိုနေတဲ့နားကို သွားရင်း စကားပြောမိကြရာမှ တစ်ယောက်နဲ့တစ်ယောက် ခင်မင်ရင်းနှီးခဲ့ကြတယ်…
နောက်တော့ သူငယ်ချင်းတွေဖြစ်လာခဲ့ကြတယ်….
သူသိလာရတာက လှယဥ်မှာ မိဘတွေ မရှိတော့တဲ့ အကြောင်း အဒေါ်အိမ်မှာ ကပ်နေရပြီး အဒေါ်နဲ့ဦးလေးက အရမ်းအနိုင်ကျင့်တဲ့အကြောင်း ရိုက်နှက်နှိပ်စက်တဲ့အကြောင်း တစ်ခါတစ်လေထမင်းတောင် မကျွေးပဲ အငတ်ထားတဲ့ အကြောင်းတွေပါကြားရတော့ စံမြင့် အကြီးကျယ်စိတ်မကောင်းဖြစ်သွားမိသလို လှယဥ်ကိုလည်း အရမ်းသနားမိသွားတယ်….
သူတတ်နိုင်သလောက် ကူညီပေးဖို့လည်းတွေးလိုက်တယ်….
အဲ့ဒီလို့နဲ့ နောက်ပိုင်း လှယဥ်အတွက် ထမင်းတွေ အဝတ်တွေ စားစရာတွေ မုန့်တွေကို ယူယူလာပေးတယ်…
သူယူလာပေးတာတွေကို လှယဥ်က အားရပါးရစားပြီး ပျော်ရွှင်နေတာကို မြင်ရရင်လည်း အရမ်းကြည်နူးမိတယ်….
တစ်ဖြေးဖြေးချင်း တစ်ယောက်အပေါ်တစ်ယောက်သံယောဇဥ်ဖြစ်လာတယ်…..
လှယဥ်ရဲ့ အခက်ခဲ ဒုက္ခတွေကို ကူညီပေးရတာကိုပဲ စံမြင့်အကျေနပ်ကြီးကျေနပ်မိနေတယ်……
ဒီလိုနဲ့ ကျောင်းတွေပြန်ဖွင့်တော့ စံမြင့်က မြို့ပေါ်မှာကျောင်းပြန်သွားတက်ရတော့မယ် အချိန်ရောက်လာတယ်…
စံမြင့်မိဘတွေက တောသူဌေးတွေဆို့တော့ သူတို့သားကို အဆင့်မြင့်အောင် ဂုဏ်ရှိအောင်ဆိုပြီး မြို့ကျောင်းမှာ ထားတယ်….
စံမြင့်က မတက်ချင်ဘူး အကြိမ်ကြိမ်ငြင်းတယ် မရဘူး…
လှယဥ်နဲ့စံမြင့် စေတီအပျက်လေးမှာ နောက်ဆုံးတွေ့ပြီး နှုတ်ဆက်ခဲ့ကြတယ်….
နှစ်ယောက်စလုံး ဝမ်းနည်းစွာငိုလိုက်ကြတယ်……
ငါပြန်လာတဲ့နေ့ကျရင် လာကြိုမှာလားလို့ မေးတော့ လှယဥ်က ငိုမဲ့မဲ့မျက်နှာလေးနဲ့ ခေါင်းငြိမ့်ပြတယ်….
ပြန်မလာမချင်းလည်း ဒီစေတီလေးမှာစောင့်နေမယ်ဆိုတဲ့ လှယဥ်ငိုနေပုံလေးက စံမြင့်အသည်းထဲမှာ စွဲထင်နေခဲ့တယ်….
စံမြင့်က စာတော်တယ် တစ်နှစ်တစ်တန်း အခက်အခဲမရှိအောင်မြင်တယ်….
ဆယ်တန်းကိုပါ နှစ်ချင်းပေါက်အောင်မြင်ခဲ့တယ်….
သူကြောင့်မိဘတွေလည်း ဂုဏ်ယူမဆုံး ဝမ်းသာမဆုံးနဲ့ပျော်ရွှင်ကြရသလို သူကိုယ်တိုင်လည်း အရမ်းပျော်နေမိတယ်…
ဆယ်တန်းအောင်လို့ပျော်တာထက် ရွာကိုပြန်ပြီး လှယဥ်နဲ့တွေ့ရတော့မှာမလို့ပျော်တာဆိုရင် ပိုမှန်လိမ့်မယ်….
ရွာကို ရောက်တော့ သူ့ကိုလာကြိုတဲ့လူတွေကြားထဲ
လှယဥ်ကို ရှာနေမိတယ် မတွေ့ဘူး…မိုးသာချုပ်သွားတယ် ရောက်မလာခဲ့….
လှယဥ်များသူ့ကို မေ့သွားပြီလားဆိုပြီး စိတ်မကောင်းဖြစ်နေမိတယ် အဲ့ဒီတစ်ညလုံးလည်း အိပ်မပျော်ခဲ့ဘူး…….
နောက်ရက်မိုးလင်းတာနဲ့ စေတီအပျက်ကြီးကို အစောကြီးထသွားပြီး စောင့်နေခဲ့တယ်….
သူပြန်ရောက်တဲ့ သတင်းကြားရင် လှယဥ် ဒီကို သေချာပေါက်လာလိမ့်မယ်လို့ သူယုံကြည်နေမိတယ်…
သူပြန်မလာမချင်း နေ့တိုင်း ဒီစေတီလေးမှာ စောင့်နေမယ်လို့
လှယဥ်ကတိပေးထားခဲ့တယ်မဟုတ်ပါလား။
ဒါပေမဲ့ သူထင်သလိုမဖြစ်ခဲ့ နေကုန်သွားတဲထိ လှယဥ်ပေါ်မလာခဲ့ပါ…..
နောက်ဆုံး စိတ်ဓာတ်ကျစွာနဲ့ အိမ်ကိုပြန်ခဲ့ရတယ်……
နောက်ရက်တွေ လှယဥ်နဲ့ပတ်သတ်ပြီး အသည်းအသန်စုံစမ်းကြည့်တယ် သတင်းအစအနလေးတောင်မရခဲ့….
အချိန်တွေတစ်ရွေ့ရွေ့ကုန်ဆုံးခဲ့ပြီ……
နှစ်တွေပင်ကြာခဲ့သလို သူလည်း အချိန်ရဲ့ကု့စားမှု့နဲ့အတူ နေသားကျနေပြီ…..
ဒါပေမဲ့ လှယဥ် အကြောင်းကိုတော့ ကြုံရင်ကြုံသလို စုံးစမ်းမိနေဆဲ….
ငယ်ချစ်မို့ မေ့မရဘူးဆိုရလေမလား….
ဒီလိုနဲ့ဖခင်ဖြစ်သူဆုံးပါးသွားတော့ သူက ဖခင်ရဲ့အလုပ်တွေကို ဦးစီးတယ်….
မိခင်ဖြစ်သူကို လုပ်ကျွေးရင်း သူ့ဘဝလေးကို အေးဆေးစွာဖြတ်သန်းနေခဲ့တယ်……
ဒါပေမဲ့ မျှော်လင့်မထားတဲ့ တရက်မှာပဲ စေတီအပျက်ကြီးနားကို သွားရင်း မိန်းခလေးတစ်ယောက်ငိုနေတာကို တွေ့လိုက်ရတယ်….
လူတစ်ယောက် ငိုနေတာက ပျော်စရာ ကောင်းတဲ့ ကိစ္စမဟုတ်ပေမဲ့ သူ့အတွက်ကတော့ လိုချင်တာရတဲ့ခလေးတစ်ယောက်လို ပျော်ရွှင်သွားခဲ့မိတယ်….
ဒီနေရာမှ လာငိုတတ်တဲ့မိန်းခလေးဆိုလို့ ဘယ်သူများရှိပါအုံးမလည်း ။
သူထင်ထားသလိုပါပဲ ငိုနေတဲ့ ကောင်မလေးက တွေ့ချင်လွန်းလို့ နှစ်ပေါင်းများစွာရှာနေခဲ့တဲ့ မိန်းခလေးပါပဲ…
ဒါပေမဲ့ သူတို့တွေ့ဆုံချင်းက ပျော်ရွှင်စရာမကောင်းခဲ့ပါဘူး….
လှယဥ်မှာ လူယုတ်မာတစ်ဦးရဲ့ ချွေယူဖျက်စီးချင်းကို ခံခဲ့ရပြီး ထိုလူယုတ်မာနဲ့ရထားတဲ့ ကိုယ်ဝန်ကို လွယ်ထားရသောကြောင့်ပင်….
ယခု့လည်း လောကကြီးထဲမှာ ရှင်သန်ချင်စိတ်မရှိတော့လို့ ဘဝကိုအရှုံးပေးပြီး ကိုယ့်ကိုကိုယ် အဆုံးစိရင်တော့မယ်ဆိုတာကိုပါ ထိတ်လန့်တကြားသိလိုက်ရတယ်…..
သနားရင်း ချစ်ခဲ့ရသူလေးမို့ ပိုသနားပြီးပိုချစ်မိပြန်သည်…
အချစ်သည်လူကို အကန်းဖြစ်စေ၏တဲ့ ဒီစကားက မှန််သည် မှားသည် စံမြင့်မသိ…..
သူသိတာကတော့ လှယဥ် ပျော်ရွှင်ဖို့အတွက် သူကန်းသင့်ရင်ကန်းမည် ကွယ်သင့်ရင်ကွယ်မည်ဟု့သာ…….
တစ်ရွာလုံးရဲ့ ရင်ထု့မနာ တားမြစ်သံတွေကို ဂရု့မစိုက်ပဲ လှယဥ်ကို ရူးရူးမိုက်မိုက်နဲ့ လက်ထပ်ယူခဲ့လိုက်တယ်……
အချစ်ဆုံးသူရဲ့လက်ကိုဆုပ်ကိုင်ပြီး အခက်ခဲတွေကိုကျော်ဖြတ်ရတာလောက် ချိုမြိန်တဲ့အရာဆိုတာ ရှိပါ့အုံးမလား…..
သိပ်မကြာခင်မှာပဲ လှယဥ် သာလေးတစ်ယောက် မွေးဖွားခဲ့တယ်….
‘မ’ ကိုချစ်တော့ ‘ ဥ’ ကိုချစ်ဆိုသလို လှယဥ်ကိုချစ်လွန်းတော့လည်း ကိုယ်နဲ့ရတဲ့ခလေးမဟုတ်ပေမဲ့ သားတစ်ယောက်လို ချစ်ရှာတယ်….
ချစ်လွန်းလို့ မောင်ချစ်လို့နမည်ပေးထားလိုက်တယ်….
ဒီလိုနဲ့နေလာရင်း ခလေး သုံးနှစ်သားလောက်မှာ စံမြင့်အတွက် ကံတရားက မုန်တိုင်းတစ်ခု့ ဖန်တီးပေးလိုက်တယ်…
အဲ့ဒါကတော့ လှယဥ်တစ်ယောက် အိမ်ထောင်ရေး ဖောက်ပြန်နေတယ်ဆိုတဲ့ ကိစ္စ ။
အစကတော့ လှယဥ် ကို အပြည့်အဝယုံကြည်ထားသူမို့ ပတ်ဝန်းကျင်စကားတွေကို လက်မခံခဲ့ဘူး မလိုလို့ပြောတယ်လို့ပဲတွေးထားလိုက်တယ်…..
ဒါပေမဲ့ သူတွေးထားသလိုမဟုတ်ပဲ လှယဥ်ခြေလှမ်းတွေစပျက်လာခဲ့တယ်….
အဆိုးတွေဖြစ်မလာစေချင်လို့ မသိသလိုဟန်ဆောင်ပေးလေ လှယဥ်က ရဲ့တင်းလာလေ ဖြစ်လာတယ်….
ဒီလိုနဲ့ အကြီးအကျယ်စကားများကြတယ်…
တဖြေးဖြေးနဲ့ အိမ်ထောင်ရေး စည်းတွေ ကျိုးပဲလာခဲ့တယ်..
နောက်ပိုင်းပိုသိလာရတာက လှယဥ်အခု့ ဖောက်ပြန်နေတဲ့သူက တခြားသူ မဟုတ်ပဲ သူကို ကိုယ်ဝန်ရအောင်လုပ်ခဲ့တယ် ရင်မောင်ဆိုတဲ့လူနဲ့ ဖောက်ပြန်နေတယ်ဆိုတာပင်…
‘မင်းက အသုံးချခံသက်သက်ပါကွာ’
‘ မင်းက သူများလှည်းခနဝင်ထမ်းပေးရတဲ့ နွားသာသာပါကွာ’
ဆိုတဲ့စကားတွေကြားမှာ အလူးအလဲခံစားလိုက်ရတယ်…
အဲ့ဒါတွေကြောင့်လည်း တစ်ခါမှ မသောက်ဖူးတဲ့အရက်ကို ယခု့လို သောက်မိသွားချင်းဖြစ်သည်…..
အရက် သည် ဖြေဆေး ဆိုတဲ့စကားဟာ အတော်လေးမှားသည် ။
အမှန်တော့ အရက်သည် လောင်စာ ဖြစ်၏…
စိတ်ခံစားမှု့ကို မြှင့်တင်ပေးတတ်သော လောင်စာ သက်သက်မျှသာ ဖြစ်သည်….
ယခု့လည်း စံမြင့်တစ်ယောက် ဝမ်းနည်းလို့အရက်သောက်ရင်း ပိုဝမ်းနည်းနေခဲ့ရတယ်မဟုတ်ပါလား…..
သူနိုးလာတော့ ပတ်ဝန်းကျင်တစ်ခု့လုံး အမှောင်တိဖုံးနေလေပြီ….
အမူလည်းပြေသွားပြီမို့ ပတ်ဝန်းကျင်ကို ကြည့်ရင်း ကြောက်စိတ်လည်း အနည်ငယ်ဝင်လာမိသည်….
ရုတ်တရက်ထလိုက်တော့ ခေါင်းက မိုက်ခနဲဖြစ်သွားပြီး လဲကျမလိုဖြစ်သွားခဲ့တာမို့ ကဗျာကယာပင် ပြန်ထိန်းလိုက်ရသည်…..
အိမ်ကိုပြန်တဲ့ခြေလှမ်းတွေကလည်း ယိုင်တိယိုင်တိုင် သိုင်းကွက်နင်းနေခဲ့တယ်…
ခွေးတွေကလည်း သူ့ကိုကြည့်ရင်း ဆိုးဆိုးဝါးဝါး
ထိုးဟောင်နေကြလေသည်….
ခြံဝန်းရှေ့ရောက်တော့ တစ်ခု့ခု့ထူးဆန်းနေသလို ခံစားလိုက်ရတာနဲ့ ခြေလှမ်းတွေကို ထိန်းရင်း အိမ်ထဲကို တိုးတိုးတိတ်တိတ်ဝင်ခဲ့လိုက်တယ်…..
‘ခါတိုင်း ခြံတံခါးကို အမြဲတမ်းသော့ခတ်ထားတာပါ ဒီနေ့ဘာလို့မခတ်ထားတာလည်း ငါပြန်မလာသေးလို့ ဖွင့်ထားတာများလား….” တစ်ယောက်ထဲ တွေးရင်းခေါင်းကို ကုတ်လိုက်သည်
အိမ်ရှေ့တံခါးမကြီး က ပိတ်ထားတာမို့ လှယဥ်ကို နှိုးပြီး ဖွင့်ခိုင်းမယ်တွေးပြီးမှ စိတ်ထဲက လေးလံနေသလိုခံစားနေရတာနဲ့ မဖွင့်ခိုင်းတော့ပဲ အိမ်တစ်ပတ်ပတ်ကြည့်လိုက်တော့ နောက်ဖေးတံခါးက ဖွင့်လျက်သားဖြစ်နေတာကို တွေ့လိုက်ရတယ်…..
အရှည်ကြီးတွေးမနေတော့ပဲ ခြေသံလုံလုံနဲ့ အိမ်ထဲကို ဝင်ခဲ့လိုက်တယ်…..
စံမြင် အိမ်ထဲရောက်တော့ မြင်လိုက်ရတဲ့ မြင်ကွင်းကို ကြည့်ပြီး အံ့အားသင်မှင်တက်သွားခဲ့ရတယ်….
ရင်မောင်ဆိုတဲ့ ကောင်က သူ့သားမောင်ချစ်ကို ပွေ့ထားတယ်
လှယဥ် က သူတို့နှစ်ယောက်ကိုကြည့်ပြီး ပြုံးရွှင်နေတယ်…
” သလေး အဖေ့ကို ချစ်လား…..”
” ချစ်တယ် ဖေဖေကို ချစ်တယ်….”
” ဒါမှ ငါ့သားကွ…..ယေး…”
ရင်မောင်အူမြူးပြီးအော်ဟစ်လိုက်တော့ လှယဥ်က ရှူးတိုးတိုးဆိုတဲ့ အမူအယာမျိုးလုပ်ပြပြီး…..
” တိုးတိုးပြောပါ ယောကျားရဲ့ ပတ်ဝန်းကျင်ကြားသွားရင် ပြသနာတက်နေအုံးမယ် ”
စံမြင့်အကြီးအကျယ်အံ့အားသင်းရင်း ဝမ်းနည်းမှု့တွေကလည်း ဆို့တက်လာခဲ့တယ်….
” တစ်ယောက်ကလည်း သားတဲ့ တစ်ယောက်ကလည်း အဖေတဲ့ တစ်ယောက်ကလည်းယောကျားတဲ့ သုံးယောက်သားဟူတ်နေကြတာပဲ….ဒါဆိုရင် ငါကရော….ငါက ဘယ်သူ့လည်း….ငါကဘယ်သူ့လည်း…….” ရင်ထဲက စကားတွေက အပြင်ကို ထွက်မလာခဲ့ပေမဲ့ မျက်ရေတွေကတော့ ပါးအထက်ကို စီးကျလာခဲ့တယ်….
” လှယဥ် ကိုတို့ ဘယ်တော့လောက် အတူတူနေကြမလည်း အချိန်တွေအရမ်းမဆွဲနေနဲ့ကွာ ကိုသားလေးနဲ့မင်းနဲ့ ကို မခွဲနိုင်တော့ဘူး အတူတူနေချင်လှပြီ……”
” မကြာပါဘူးယောကျားရယ် ခနတော့ သည်းခံရမှာပေါ့ ချက်ချင်း ကြီးကျတော့ဘယ်လွယ်ပါ့မလည်း ကျမတို့တွေးထားတဲ့ အစိအစဥ်တွေပျက်စီးကုန်မှာပေါ့….”
ရင်မောင် က လှယဥ်ရဲ့ မေးစေ့ကို ကျီစားသလိုနဲ့ဆွဲလိုက်ပြီး….
” ကိုက မိန်းမနဲ့သားလေးကို ချစ်လွန်းလို့ ပြောတာပါကွာ မိန်းမသဘောပါဗျာ သားလေးကရော ဖေကြီးနဲ့နေချင်လား ဒီမှာနေချင်လား…”
” ဖေဖေနဲပဲနေချင်တယ် ဒီမှာမနေချင်ဘူး…..”
အော် တော်တော်လေးမှ လိုက်ဖက်လွန်းတဲ့ မိသားစု့တွေပါလား အတူတူနေချင်ကြတယ်လား နေရမှာပေါ့…နေရမှာပေါ့
နေရအောင် ငါက ဖန်တီးပေးပါ့မယ် စံမြင့်စိတ်ထဲမှာ ကြုံးဝါးလိုက်ပြီး မီးဖိုချောင်ထဲက ထင်းခုတ်ဓားမကို လှမ်းယူလိုက်တယ်…
လက်ထဲက ဓားကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လိုက်ပြီး လှယဥ်တို့အနားကိုသွားလိုက်တယ်…
အသိစိတ်တွေလည်း လွတ်နေပြီ ကိုယ့်ကိုကိုယ်ထိန်းချုပ်နိုင်ချင်းလည်းမရှိတော့….
သူကို့တွေ့တော့ ရင်မောင်နဲ့လှယဥ်က ကြောက်လှန့်တကြား ထအော်ကြတယ်….
” မင်းတို့ မိသားစု့လေး ပျော်ရွှင်နေတာကို ဘာမှ မဆိုင်တဲ့ ငါက မနှောက်ယှက်ချင်ပါဘူးကွာ…..ဒါပေမဲ့ မင်းတို့က အတူတူနေချင်လှပါပြီရဲ့ဆိုတော့လည်း ငါက ဖြေးဆည်းပေးချင်လို့ပါကွ…ဟား….ဟား….ဟား…”
စံမြင့်ရယ်သံက တစ်အိမ်လုံးကို ဆူညံသွားတယ်…..
ရင်မောင်နဲ့ လှယဥ်ကတော့ ထိတ်လန့်တုန်လှုပ်နေတဲ့ အမူအယာတွေနဲ့ သူ့ကို လက်ကာပြပြီး……
” ခင်ဗျား စိတ်ကို လျှော့နော် ….အနားကိုမလာခဲ့နဲ့……”
” ကျမ ရှင်းပြတာနားထောင်ပါအုံး အကို….ကျမရှင်း….”
နားကျည်းမုန်းတီးစွာနဲ့ လှယဥ်ကိုကြည့်လိုက်ပြီး…
” မင်းရှင်းပြချင်တယ်ဆိုရင်လည်း ဒီကောင်သေသွားမှ ရှင်းပြပေါ့ အခု့တော့ ငါဒီကောင့်ကို အရင်ရှင်းလိုက်အုံးမယ်…သေပေတော့ အောက်တန်းစားကောင်..”
စံမြင့်ဘယ်လိုမှ စိတ်ထိန်းနိုင်ချင်းမရှိတော့ပဲ ရင်မောင်ကို ဓားနဲ့ပြေးခုတ်လိုက်တယ်…
သို့ပေမဲ့ ဓားချက်က ရင်မောင်ရဲ့ ချက်ကောင်းကို မထိပဲ လက်မောင်းကို သာရှပ်ထိသွားတယ်……
လူကလဲ မူးခနဲမိုက်ခနဲဖြစ်နေတော့ နောက်တစ်ကြိမ်ထပ်ခုတ်ဖို့ကို မနည်းအားယူနေရတယ်….
ဒါကို ရင်မောင်က အခွင့်ကောင်းယူပြီး စားပွဲပေါ်မှာတင်ထားတဲ့ပန်းအိုးနဲ့ ရိုက်လိုက်တော့ စံမြင့်တစ်ယောက်နေရာမှာတင်လဲကျသွားတယ်…..
” ဘယ်လိုလုပ်မလည်း လှယဥ် ကိုတို့ဘယ်လိုလုပ်ကြမလည်း….”
ရင်မောင်က ပန်းအိုးကို လွှတ်ချပြီး ပျာပျာသလဲလဲ မေးတော့လှယဥ်က…
” ဘယ်လိုလုပ်ရမှာလည်း သူက ကျမတို့ကို အကုန်မြင်သွားခဲ့ပြီလေ ဘာဆက်လုပ်လို့ရတော့မှာလည်း….”
လှယဥ်အသံက သိသိသာသာတုန်ရင်နေလေသည်….
” မင်းတို့ နှစ်ယောက်စလုံးကို မနက်ဖြန်ကျရင် တရားစွဲမယ်…မင်းတို့ကို သူကြီးနဲ့သွားတိုင်မယ်….”
ပြောပြောဆိုဆိုနဲ့ စံမြင့် ကုန်းရုန်းထကြည့်တယ်…
ခေါင်းက မခံနိုင်လောက်အောင်နာကျင်နေပြီး ဘယ်လိုမှထလိုမရ…….
” ကိုယ်တို့တော့ ပြသနာတက်ပါပြီ လှယဥ်ရယ် ဘယ်လိုလုပ်ကြမလည်း…ဘယ်လိုလုပ်ကြမလည်း….”
လှယဥ်က ချက်ချင်းဆိုသလို အမူအယာက တည်ငြိမ်သွားပြီး လေသံကလည်း အေးစက်သွားတယ်….
” သူသွားတိုင်ရင်တော့ ကျမတို့ ဘာမှ ဆက်လုပ်လို့မရတော့ဘူးလေ မတိုင်အောင်လုပ်ရမှာပေါ့ ဒါပဲရှိတော့တာမလား…….”
လှယဥ်ပြောတာကို ရင်မောင်ကနားမလည်…..
” ဘာကိုပြောချင်တာလည်း လှယဥ် ငါနားလည်အောင်ပြောစမ်းပါ…..”
” နားလည်အောင်ပြောရမယ်ဆိုရင် ရှင်အခု့ ခလေးကို အိပ်ခန်းထဲ ခနသွားပို့ထားလိုက် ပြန်လာရင် ကျမရှင်းပြမယ်…”
ရင်မောင်က မြန်မြန်ဆန်ဆန်ပဲ ခလေးကို ပွေ့ချီသွားလေသည်
ရင်မောင်သွားတာနဲ့ ခင်ဦးက စံမြင့်လက်ထဲက ဓားကို ဆွဲလု့လိုက်သည်….
” လှယဥ်…..ကို့..အပေါ်ကို…မင်း…ဒီလိုလုပ်….လုပ်…”
စံမြင့်စကားမဆုံးလိုက်ခင်မှာပဲ အင်မတန်နာကျင်တဲ့ ဝေဒနါတစ်ခု့ကို ခံစားလိုက်ရသည်….
သူ့လည်ပင်း ဘေးတစ်ဖက်မှာ လှယဥ် ခုတ်လိုက်တဲ့ ဓားက နစ်ဝင်နေလေပြီ…..
” ဒါက ရှင် ရွေးချယ်တဲ့လမ်းနော် ကိုစံမြင့်…… ”
စံမြင့်ပြောဖို့အားယူကြည့်ပေမဲ့မရ ပါးစပ်ထဲက သွေးတွေသာ လျှံထွက်လာခဲ့သည်…..
နာကျင်မှု့ဒဏ်ကို အလူးအလဲခံစားရင်း မျက်ရေတွေလည်း တသွင်သွင်စီးကျနေခဲ့သည်….
တတ်နိုင်သမျှ ရှိသမျှအားတွေနဲ့ လက်အုပ်ချီပြီး လှယဥ်ကို မလုပ်ပါနဲ့လို့တောင်းပန်ကြည့်သည်…
အချည်းအနှီးသာ…
နောက်ထပ်ဓားချက်တစ်ချက်က လည်ပင်းပေါ်ထပ်ရောက်လာခဲ့ပြီး စံမြင့်လည်း လောကကြီးနဲ့ အဆက်အသွယ်ပျက်သွားခဲ့လေတော့သည်….
ထို့နောက် သူ့အလောင်းကို အပိုင်းပိုင်းဖျက်ပြီး အိမ်သာကျင်းထဲသွားပြစ်နေတာကို ရင်နာစွာတွေမြင်လိုက်ရလေ၏…
” တပည့်တော်ကို လုပ်ရက်တယ် ဘုရား…..တပည့်တော်အပေါ်ကို လုပ်ရက်ကြတယ်…..အဟီး…ဟီး…”
စံမြင့်ပြောပြတာတွေကို နားထောင်ပြီး အကုန်လုံး လှယဥ် ကို ရွံရှာမုန်းတီးစွာ ဝိုင်းကြည့်ကြလေသည်…….
ဒေါသတွေလည်း တစ်ထောင်းထောင်းထွက်နေကြတယ်…
ဘုန်းကြီးက လှယဥ်ကို အရှေ့ကိုလာခဲ့ဖို့ ပြောလိုက်တော့ လှယဥ်က ကြောက်ရွံတုန်လှုပ်စွာနဲ့ အရှေ့ကိုရောက်လာသည်….
” ကဲ ဒကာမ ကိုယ့်မိုက်ပြစ်ကို ဝန်ခံသလား…..”
လှယဥ်က ဘုန်းဘုန်းအမေကို ငိုပြီးခေါင်းငြိမ့်ပြပြီး…
” ဝန်ခံပါတယ်ဘုရား ဝန်ခံပါတယ်….”
”ဟုတ်ပြီ ကိုယ်အပြစ်ကိုသိလို့ ဝန်ခံတာလည်း မှန်ကန်တဲ့လုပ်ရပ်ပဲ ဒါပေမဲ့ ဒကာမတို့ကိစ္စကတော့ တရားဥပဒေက ဆုံးဖြတ်မဲ့ကိစ္စမို့ ဦးဇင်းအနေနဲ့ ဘာမှ ပြောစရာမရှိတော့ဘူး သူကြီးကဆက်လုပ်လိမ့်မယ် ဟုတ်ပြီလား…..”
လှယဥ် မျက်ရေတွေတသွင်သွင် စီးကျပြီး ခေါင်းကို ငြိမ့်ပြလေသည်….
ထို့နောက် ဘုန်းဘုန်းက စံမြင့်ဘက်ကိုလှည့်ပြီး…
” ဒကာစံမြင့်ကို ဦးဇင်း မေတ္တာရပ်ခံချင်တယ် ကိုယ်က ပေးဆပ်ရမဲ့ ကံကြွေးရှိလို့ ပေးဆပ်ပြီးသွားပြီ ဖြစ်တဲ့အတွက် အသစ်ထပ်မလိုချင်ပါနဲ့တော့ပေါ့ ဟုတ်လား…..ပြု့သူအသစ်ဖြစ်သူအဟောင်းဆိုသလို့ပေါ့ သူတို့လည်း ဒကာကြီးကို သတ်တဲ့ အပြစ်အတွက် လက်ရှိ တရားဥပဒေက ပေးတဲ့အပြစ်ကိုခံရမယ် နောင်တမလွန်မှာလည်း သူတို့ကံနဲ့သူတို့ခံရအုံးမှာပါပဲ …..”
ဘုန်းဘုန်းက သရဲစံမြင့်ကို ဝဋ်ကြွေးရှိရင်ပေးဆပ်ရပုံအကြောင်းကို တရားတစ်ပုဒ်ကို ဟောပြဆုံးမပြီး တရားအဆုံးမှာ စံမြင့်လည်း ဘုန်းဘုန်းကို ဦးချပြီး ကိုရင်မောင်ခန္ဓာကိုယ်ထဲက ထွက်ခွာသွားလေတော့သည်……
နောက်တစ်နေ့ စံမြင့်ရဲ့ အလောင်းကို ပြန်ဖော်ပေမဲ့ ဦးခေါင်းခွံနဲ့ အရိုးတစ်ချိူ့ကိုသာ ပြန်တွေ့တာမို့ ရသလောက်ကိုပဲ သေချာစွာ မြုပ်နှံပေးလိုက်ပြီး ရက်လည်ဆွမ်းသွပ် အမျှဝေပေးလိုက်ကြတယ် ဘဝဆက်တိုင်းဒီလိုအဖြစ်မျိုးမကြုံပါစေတော့နဲ့လို့ဆုတောင်းပေးရင်း……….
အချစ်ကြီးသူတစ်ယောက်ရဲ့ ဤပြစ်ဒဏ် တန်ပါလေသလော………..။
…………………………….<ပြီးပါပြီ>……………………………
စာရေးသူ – ရွှေဘုန်းခေတ်