ကချေသည် သရဲမ (စ/ဆုံး)
~~~~~~~~~~~~~~~~~~
နန်းတွင်းတွေမှာ လိုက်ပြီး ကပြဖျော်ဖြေနေတဲ့
ကချေသည်မ တစ်ဦးရှိသည်။
သူနာမည်က မြခင်။
မြခင်က အလွန်ချောမော လှပတာကြောင့်
သူကို မြင်တဲ့ သူတိုင်း ရူးသွားနိုင်သည်။
တစ်နေ့-
မြခင်တစ်ယောက် နန်းတွင်းတစ်ခုမှာ သွား
ရောက်ကပြဖျော်ဖြေတဲ့အချိန် မြခင်သွား
ရောက် ကပြဖျော်ဖြေတဲ့နန်းတွင်းက ဘုရင့်
က မြခင်ကို မြင်မြင်ခြင်း နှစ်သက် သဘော
ကျသွား၏
“နှံမတော်လေး………..”
“ဘုရင့်မင်းမြတ်သတိလည်း ထားပါအုးံ
နှံမတော်နဲ့ ဘုရင့်မင်းမြတ်တို့ရဲ့ အဆင့်က
ကွာ ခြားလွန်ပါတယ်”
“ဘုရင့်နှင့်ကချေသည် ဆိုတာကလဲ မြေကြီး
နှင့်ကောင်းကင် လို့သိပ့်ကို ကွာခြား လွန်
ပါတယ် အရှင်ဘုရင့်”
မြခင်က တခြားမဟုတ် ကာမေသု ဆိုတဲ့
ကံကိုလည်း ကြောက်တာကြောင့် ဘုရင့်
မင်းမြတ်ကို အတင်းညင် ဆန့်လို့ နန်းတွင်း
ကနေ စကားကို နားထောင်ဖွယ် ဖြစ်အောင်
ပြောဆိုပြီး နန်းတွင်းကနေ ရှောင်ကာ ထွက်
ပြေးလို့ ဇာတိမြေဖြစ်သော မီမီရွာကလေး
ကိုပဲ အဝတ်တစ်ထည့် ကိုယ့်တစ်ခု နဲ့
ရောက်လာသည်။
ရွာရောက်တော့ ခမည်းတော်နှင့်မယ်တော်ကြီး
ကို မြခင်တစ်ယောက် ကိုယ့်တတ်တဲ့ ကချေ
သည် ပညာနဲ့ ပြုစု လုပ်ကျွေးလေသည်။
ရွာမှာက မြခင်နဲ့စိတ်ချင်း ထပ်တူကျနတဲ့
လုလင်ပျူိလေးတစ်ယောက်ရှိသည်။
သူနာမည်က ထွန်းဝေ ။
“မောင်တော်လေ……..ဟောဒီက နှံမတော်
လေး မရှိတော့ မောင်တော်အတွက် တသက်
လုးံဝေးကွာနေသလို့ပဲ”
“နှံမတော်လည်း ဘာထူးလို့လဲ! မောင်တော်
နှင့်အတူတူပါပဲတော်”
ထွန်းဝေဆိုတဲ့ လုလင်ပျူိလေးက မြခင်ဆို
တဲ့ ကချေသည်မလေးနဲ့ စိတ်ချင်းထပ်တူ
ကျတာ မထူးဆန်းပါဘူး။
တစ်နေ့-
မြခင်တစ်ယောက် ရွာထဲကို လျှောက်သွား
နေခိုက် မြခင်ကို တဖက်သက် ကြိုက်နေ
တဲ့ သူကြီးသား ဘခက်တို့အဖွဲ့နှင့် ထိတ်တိုက်
တိုးလေသည်။
“မြခင်……ရှင်မတစ်ယောက်တည်လား”
“တစ်ယောက်တည်း လာတာမမြင်ဘူးလား
တော်”
မြခင်တစ်ယောက် ဘခက်ကို မျက်နှာကျော့
ခပ်တင်းတင်းဖြင့် ပြောလိုက်၏
“ရှင်မ……အခုဘယ့်ကိုသွားလဲ”
“ဘာလုပ်မလို့လဲ”
ဘခက်က လက်ပါလာသည်။
“လွတ်ပါ…..လွတ်ပါတော်”
“အသာတကြည် လိုက်ခဲ့စမ်းမြခင်”
ခဏကြာတော့ ထွန်းဝေဆိုတဲ့ လုလင်ပျူိ့
လေး ရောက်လာ၏
“ဟေ့……ကောင် သူကြီးသား ဘခက် မြခင်ကို
လွတ်လိုက်စမ်း”
“အမယ်……အမယ် ဘာမဟုတ်တဲ့ လုလင်
ပျူိ ကောင်ကများ ငါ့လိုမျူိး သူကြီး
သား ကိုများ ရာရာစစပြောရဲတယ်ပေါ်
ဟုတ်လား”
ဘခက်က ခက်ထန်မာကျော့သော စကား
လုးံများဖြင့် ထွန်းဝေကို ပြောလေသည်။
“ပြောတော…….ဘာဖြစ်လဲ”
“မောင်တော်……တော့ပါတော်”
ဘခက်က ထွန်းဝေကို မကြည်တကြည်
အကြည်များဖြင့် ပြောလိုက်သည်။
“မင်းနဲ့ငါ့ တစ်နေ့နေ့တော့ တွေ့အုးံမယ်”
ဘခက်က ထွန်းဝေကို စိန်ခေါ်သောစကားများ
ဖြင့် ပြောပြီး လှည့်ထွက်သွားသည်။
မြခင်ရဲ့ ကံကများဆိုးတယ် ဆိုရမလားမသိ
ဘူး။
နောက်နေ့ရောက်တော့ ဘုရင့်မင်းမြတ်ရဲ့
မှူးမတ်တွေနဲ့တကွာ စစ်သည် ရဲမတ်
တွေပါ မြခင်နောက်ကို လိုက်လာကြ၏
မြခင်နောက်ကို လိုက်လာခြင်းရဲ့ အကြောင်း
အရင်းမှာ ဘုရင့်မင်းမြတ်က မြခင်ကို ခေါ်
ခိုင်းလိုက်ခြင်း ဖြစ်သည်။
မြခင်ရဲ့ ဘုရင့်မင်းမြတ်က ခေါ်ခိုင်းလိုက်တာ
ကြောင့် မလွန်ဆန့်ဝံရဲ သာကြောင့် ကျေး
ဇူးရှင် မိဘနှစ်ပါးကို ကန်တော့ လို့ ဘုရင့်
မင်းမြတ်ဆီ လိုက်သွားသည်။
ထွန်းဝေတစ်ယောက် မြို့ကလယ်ယာစိုက်
ခင်းအတွက် လို့အပ်တဲ့အရာတွေ သွား
ဝယ်ပြီး ပြန်လာတော့ မြခင်ဆီသွား၏
“မြခင် နှံမတော်”
“မောင်ရင်နှံမတော် မြခင်မရှိတော့ဘူး”
“ဘာလို ဘာလို မြခင် မရှိတော့ဘူး ဟုတ်လား”
“ဟုတ်တယ် မောင်ရင် မနက်ကပဲ ဘုရင့်မင်း
မြတ်က လာခေါ်သွားတာပဲ”
မြခင်ရဲ့ ခမည်းတော်က ထွန်းဝေကို ပြန်
ဖြေလိုက်၏
မြခင် ဘုရင့်နန်းတော်ရောက် တော့ ဆိုင်း
တွေ ဗုံတွေနဲ့ တီးမူပြီး ဘုရင့်မင်းမြတ်က
မြခင်ကို ကြိုဆိုနေသည်။
မီဖုရားကြီးက မြခင်ကို သူနေရာဝင်လုသွား
မှမလိုလား။
ဒါကြောင့်မို့ အရွေ အရံ မောင်းမမိတ်သံများ
နှင့်တိုင်ပင်ပြီး မြခင်ကို သတ်ပစ်ဖို့ ကြံစည်
ပါတော့၏
ဒီလိုနဲ့တစ်ည နန်းတော်တွင်းမှာ ဘုရင့်မင်း
မြတ် မရှိခိုက် မြခင်ကို သတ်ဖို့ အခွင့်အရေး
ရသည်နှင့် တပြိုင်နက် မြခင်ကို ညစား
စားပွဲ ဖိတ်၏
မြခင်လည်း မိဖုရားကြီးက ညစာစားပွဲ
ဖိတ်တာမို့ အတော်ရေးကို ပျော်ရွှင်
နေပြီး မီဖုရားကြီးကို လည်း ကျေး
ဇူးတင်လို့မဆုးံဖြစ်နေသည်။
ကချေသည် အဝတ်အစားတွေဝတ်ပြီး
မီဖုရားကြီး ဖိတ်တဲ့ ညစာစားပွဲသို့ တတ်၏
ညစာစားပွဲ ရောက်တော့ မီဖုရားကြီးက
မြခင် ကို စားကောင်း သောက်ဖွယ် များ
နှင့် ကျွေးမွေး၏
မီဖုရားကြီးက မြခင်အပေါ်အလွန် ကောက်
ကျစ်ယုတ်မာ၏
မြခင်သောက်မဲ့ အချူိရည်ခွက်ထဲကို အဆိပ့်
ဆေးခတ်ထား၏
မြခင်လည်း အစားလေးတစ်လုတ် နှစ်လုးံ
စားပြီး မီဖုရားကြီး အဆိပ့်ဆေးခတ် ထား
သော အချူိရည်ခွက်ကို ယူသောက်မီသည်။
ထိုအချိန်မှာပဲ မြခင်တစ်ယောက် ပါးစပ်ထဲ
ကသွေးများ ထွက်လာပြီး လဲကျသွား၏
မီဖုရားကြီးလည်း အတော်လေး ကျေနပ်သွား
ပုံရ၏
ဘုရင့်မင်းမြတ်လည်း မြခင်ကို အတတ်နိုင်
ဆုးံကုသပါသော်လည်း မြခင်က အ
သက်ပြန်မရှင်တော့ပါ။
နောက်ဆုးံမှာတော့ ဘုရင့်မင်းမြတ်လည်း
မြခင်ကို လက်လျှော့လိုက်ရ၏
ဘုရင့်မင်းမြတ်က မြခင်၏ အလောင်းနဲ့
တကွာ မြခင်ကို သူရွာ လိုက်ပို့ ပေးသည်။
မြခင်မှာ နဂိုထဲက ရောဂါရှိနေတာကြောင့်
မြခင်ရဲ့ ခမည်းတော်နှင့် မယ်တော်က
ဘုရင့်မင်းမြတ်ကို မြခင်ဘာကြောင့်သေလဲ
ဆိုတာမမေးတော့ပါ။
ညရောက်တော့ ဘခက်တစ်ယောက် အမှောင်
ကြီးထဲမှာ လမ်းလျှောက်လာရင်း မိန်းက
လေးတစ်ယောက် ကနေတာတွေ့ရ၏
ဘခက်တစ်ယောက်တွေ့လိုက်၏
ဘခက်က အသေအချော စိုက်ကြည်လိုက်မှ
မြခင်ဖြစ်နေတာကို တွေ့၏
မြခင်က သေပြီးဆိုတဲ့အသိစိတ်က ဘခက်
တစ်ကိုယ်လုးံကို ကြက်သီးမွေးညှင်း
ထသွားစေ၏
ဘခက်လည်း အိပ်ယာမှ နိုးလာ၏
တစ်ကိုယ့်လုးံလည်း ချွေးတွေချွဲနစ်နေ၏
ဘခက်တစ်ယောက်သိလိုက်၏
မြခင်တစ်ယောက် မကျွတ်မလွတ်ပဲ ဒီရွာမှာ
သူခမည်းတော်နှင့် မယ်တော်ကို စိတ်မချလို့
ကချေသည် သရဲမအဖြစ် ဖြစ်နေတာကို
ဘခက်ကို သိစေချင်တာကြောင့် အိမ်မက်ပေးခြင်းဖြစ်ကြောင့် ဘခက်တစ်ယောက်သိလိုက်၏
ဘခက်လည်း မြခင်ရဲ့ခမည်း တော်နှင့် မယ်
တော်ကို အကြောင်းစုံရှင်းပြလို့ မြခင်ကို
အလှူအတန်းလုပ်ပြီး မြခင်ကိုအမျှအတန်း
ပေးဝေလိုက်၏
မြခင်လည်း အားရဝမ်းသာ သာစုခေါ်ပြီး
ကချေသည် သရဲမဘဝကနေကျွတ်လွတ်သွား၏
ပြီးပါပြီး
ရေးသူ-ရောင်နီဦး👉{နေပြည်တော်}
ရွှင်လန်းချမ်းမြေ့ကြပါစေ။
ဆက်လက်ကြီုးစားပါအုးံမည်။