ကျိန်စာသင့်ချစ်သူ

Posted on

ကျိန်စာသင့်ချစ်သူ(စ/ဆုံး)
————————-

ကျွန်မ အခု တိတ်ဆိတ်နေတဲ့ အိမ်ကြီးထဲရောက်နေသည်…ကျွန်မရဲ့ ခြေလှမ်းတေက တကျွီကျွီမြည်နေတဲ့ လှေကားထစ်တွေပေါ် တက်နေသည်..
ဒီအိမ်ထဲ ဘယ်လိုရောက်လာတယ်ဆိုတာ ..ကျွန်မ မသိ…အရင်ကလည်း မရောက်ဖူးပါ…
ကျွန်မ ခြေလှမ်းတေက..လှေကားထစ်တေပေါ်ကိုသာ အသက်မဲ့စွာ လျှောက်လှမ်းနေမိတယ်….ထိုစဉ်..
“ဒုတ်….ဒုတ်”
“ဒုတ်….ဒုတ်”
ဟုတ်တယ်…ဒီအသံ..
ကျွန်မ…အဲ့အသံကြားတဲ့ဆီကို သွားနေတာပေါ့…
ကြက်သီးမွေးညင်းတွေလဲ ထပြီး …ဒူးတေ တုန်နေသည်…
ဘာကြောင့်သွားနေမှန်း ကိုယ့်ကိုယ်ကို မသိ…သေချာတာတော့ တစုံတခုက သူ့ဆီလာအောင်..ကျွန်မရဲ့ စိတ်ကို.. ညို့နေသည်…
လှေကား အဆုံး.. အခန်းတစ်ခန်းကို တွေ့လိုက်တာနှင့်…
“ဒုတ်…ဒုတ်”
“ဒုတ်​…ဒုတ်​”..ဆိုတဲ့..
အသံတေက ပိုမို ကျယ်လောင်လာသည်…
ဒီအခန်းထဲကနေ အသံလာတာ…သေချာနေပါပြီ..
ကျွန်မလဲ..အခန်းတံခါး လက်ကိုင်ဘု ကို မျက်စိမှတ်ကာ ဆွဲလှည့့်လိုက်ပြီး.. အခန်းထဲဝင်လိုက်သည်..
ပြီးမှ ..ကြောက်စိတ်ကို အားတင်းရင်း…မျက်လုံးကို အားယူပြီး..ဖြည်းဖြည်းချင်း… ဖွင့့်ကြည့့့်လိုက်သည်…
ထိုစဉ်…
ရုတ်တရက်…မြင်လိုက်ရသည့် မြင်ကွင်းကြောင့် သွေးပျက် မတတ်ဖြစ်သွားသည်
အို…..သွေးတွေ..တခန်းလုံးသွေးတေနဲ့….
နံရံပေါ်မှာလဲ…သွေးတွေ စီးကျနေတယ်…
“ဒုတ်…ဒုတ်”
ဟင်…
ဒီအသံ…
အသံကြားရာဆီသို့ ကျွန်မလှမ်းကြည့်လိုက်တော့…
အခန်းထောင့်မှာ စားပွဲတလုံး…
ဒါဆို..ကျွန်မ ရှာနေတာ…စားပွဲပေါ်မှာ လှုပ်ပြီး..ဒုတ်..ဒုတ်..မြည်နေတဲ့ အရာပေါ့…..
စားပွဲပေါ်မှာ…သွေးတေလဲ စီးကျလို့…
ကျွန်မလဲ သိချင်ဇောနဲ့….
စားပွဲနား သေချာသွားကပ်ကြည့်လိုက်တော့….အသည်းနှလုံးတခု….
ထိုအခါ…
ကျွန်မ ရင်ဘတ်တခုလုံး.ဟာ.သွားသည်…
ကျွန်မ..အမှတ်မထင် ကျွန်မ ရင်ဘတ်ငုံ့ကြည့်မိတော့….
သွေးတေစီးကျ နေပီး အသည်းနှလုံး မရှိတဲ့ ဟောင်းလောင်းပေါက်ကြီး…
“အားးး”…..
×××××××××××××××××××××××××××××××××××××××××××××××
“အခန္​း ၁”
“အားးး”
ကျွန်မ ကြောက်အား လန့်အားနှင့် အိပ်ရာမှ ထထိုင်မိသား ဖြစ်သွား သည်…
ချွေးတေလဲ တကိုယ်လုံးစီးကျလို့…
ထိုစဉ်..လှေကားပေါ်ပြေးတက်လာပြီး …အခန်းတံခါးဖွင့်သံနှင့်အတူ
ရွှေရည်က…
“ချစ်စု…ဘာဖြစ်တာလဲ”…မေးမှ
ကျွန်မလဲ..အားတက်သွားပြီး…
“ရွှေရည်…ငါ အိမ်မက်ဆိုး မက်လို့ဟ..”
“နင်ကလဲ အတင်းအော်တာ ဘာများဖြစ်တာလဲလို့ လန့်တာ”
လို့ ပြောပြီး..ကျွန်မဘေး ဝင်ထိုင်သည်…
“ရွှေရည်..ငါတယောက်ထဲ မနေရဲဘူး.. နင် ငါ့နား နေပေး..”
လို့ ပြောလျှင်..ရွှေရည်က..သဘောကျစွာ ရယ်သည်…
“အမလေး…ဖြစ်ရမယ် မမ ရှင်ကလဲ ကြောက်တတ်လိုက်တာ… ချွေးတေကို နစ်လို့..”
ပြောရင်း..ခုတင်ဘေး စားပွဲပေါ်က ရေသန့်ဘူးကို ဖွင့်ပေး သည်..
ပြီးတော့..
ကျွန်မ လက်ကို ဆွဲပြီး..
“လာ…အောက်ထပ်ဆင်းရအောင် မေမေတို့ သရဲကား ကြည့်နေတာ..သွားကြည့်ရအောင်”
“ဟာ..ငါမှ ကြောက်ပါတယ်ဆို”
“အာ့ဆိုလဲ အပေါ်မှာ တယောက်ထဲ နေခဲ့တော့ ငါတော့ဆင်းပီ”
ဆိုပြီး ထိုင်ရာက ထလိုက်လျှင်…ကျွန်မလဲ ရွှေရည့်လက်ကို ဆတ်ခနဲ ဆောင့်ဆွဲကာ ..
“နင်နော်”..
လို့ အော်ပြီး…မျက်ရည်တွေဝိုင်းတက်လာလျှင်..ရွေရည်က ကျွန်မ ကို ကြည့်ပြီး.. အားရပါးရ…ရယ်တော့သည်..
တော်တော် ဆိုးတဲ့.. ကလေးမ…
ကျွန်မ ရွှေရည့်ကို အံကြိတ်ပြီး…မျက်စောင်းခဲလိုက်သည်…
ကျွန်မ ကြောက်တာကို ကြည့်ပြီး..သူက ပျော်တယ်ပေါ့…
ကျွန်မတို့ ၂ယောက်.. အပေါ်မှာ..ဆူညံနေတာနဲ့..အောက်ထပ်က..
“အပေါ်က နှစ်ယောက် ဘာတေသဘောကျနေတယ် မသိဘူး…အောက်ဆင်းခဲ့တော့….မေမေ Mama ခေါက်ဆွဲထုပ်တေ ပြုတ်ထားတယ်..လာ…ပူတုန်းစားရအောင်…”
ဆိုမှ…
“ဟုတ်မေမေ..လာပီ ..ဒီမယ် ချစ်စုရယ် ..သရဲကြောက်လို့တဲ့လေ..အာ့ သူ့စနေတာ..ဟီး”..တဲ့..
ဒါ သက်သက် ကျွန်မကို ဖဲ့တာ…
ကျွန်မလဲ..စိတ်တိုတိုနဲ့… ရွှေရည့် ဗိုက်ခေါက်ကို.. ခပ်နာနာလေး လိမ်ဆွဲ ပစ်လိုက်သည်…
ဒါတောင် မယ်မင်းကြီးမက…
“အား…”
လို့ အော်ပြီး… ဗိုက်ကို ပွတ်ပြီး… အရယ် မပြတ်…
×××××××××××××××××××××××××××××××××××××××××××××××
“အခန္​း ၂”
ရွှေရည်ကတော့ ခေါက်ဆွဲပြုတ်တေကို ကိုရီးယားကားထဲကလို အားရပါးရ..တဖူးဖူး မှုတ်စားလေသည်..
ကျွန်မကတော့ စားလို့လဲမဝင်….
ရွှေ့ရည့် ဖေဖေနဲ့မေမေကလဲ သရဲကားကြည့်ရင်း…စားနေကြသည်.
..
ဇာတ်ကားကြည့်ရင်း ..
“ချစ်စု…ငါတို့လေ..အခု ဇာတ်ကားထဲကလို..ကျိန်စာသင့်ပီး
..တယောက်မှ အသက်မရှင်ပဲ အသေဆိုးနဲ့သေမယ် ဆိုရင်…”…တဲ့..
ရွှေရည့်ရဲ့.. အဆက်အစပ် မရှိဘဲ…ပြောလိုက်တဲ့ ..စကား..
ကျွန်မ ရင်ထဲ နင့်သွားပြီး….အမျိုးအမည်မသိသော ဝေဒနာကြီး ခံစားလိုက်ရသည်…
တခုခုကို ဆုံးရှုံးသွားရသလိုလို..
အထီးကျန်သွားသလိုလို…ခံစားလိုက်ရသည်…
ရွှေရည့်စကားကြောင့် ဒီ အဖြစ်ဆိုးကြီး ဖြစ်မယ်ဆိုတာ ကျွန်မကြို သိ ခဲ့လျှင်………
“ကောင်မလေး… နိမိတ်မရှိ နမာမရှိ ..ဘာတွေ ပြောနေတာလဲ..ခနနေ သူငယ်ချင်းနဲ့ အပေါ်တက်အိပ်တော့..မနက်ဖြန်…မြို့ပြန်ပီး ရုံးတက်ရမှာမလား “.
လို့ ဆူမှ …
“ဟုတ် ..မေမေ..သမီးတို့… mamaစားပြီး..အိပ်တော့မှာ”..
ပြောပြီး..ကျွန်မဘက် လှည့်ကာ…ပြောင်စပ်စပ် လုပ်ပြသေးသည်…
ရွှေရည်ရယ်.. ဘာလို့ စကားကို ပေါ့ပေါ့ တန်တန် ပြောနေရတာလဲ…
ရွှေရည့်ကို ပြုံးသာ ပြုံးပြနေပေမယ့်.. စိတ်ထဲ လေးလံနေသည်…
ကိုယ်နဲ့… မသက်ဆိုင်တဲ့.. နေရာ တခုခုကို မကြာခင်..သွားရတော့မလိုလို….
×××××××××××××××××××××××××××××××××××××××××××××××
“အခန္​း ၃”
အိပ်ရာထဲ အိပ်လို့သာ နေရတယ်.. ကျွန်မ အိပ်မပျော်ပါ…စောစောက မက်တဲ့ အိမ်မက် ပြန်မက်မှာ ကြောက်နေမိသည်…
ရွှေရည်ကတော့ …နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေပီ….
ရွှေရည်နှင့်ကျွန်မသည် တက္ကသိုလ်ရောက်မှ ခင်ခဲ့သော သူငယ်ချင်းများ ဖြစ်သော်လည်း…ညီမ အရင်းတေလို ချစ်ကြသည်..
ကျောင်းပီး သင်တန်းတေ အတူတက် လုပ်ဝင်တဲ့ အထိ အတူတူပင်ဖြစ်သည်…
ကျွန်မ…ရွှေရည်တို့ မိသားစုကို အရမ်းအားကျသည်..
သိပ်ကို..ပျော်ရွှင်စရာ ကောင်းတဲ့..မိသားစုပေါ့…
ကျွန်မကတော့ တဦးတည်းသော သမီးဖြစ်ပီး မိသားစုရဲ့ မေတ္တာ ငတ်မွတ်နေတဲ့ မိတဆိုးလေးတယောက်ပါ…
ဖေဖေက ချမ်းသာတော့ မြို့မှာ သူများဆီ အလုပ်သွားလုပ်တာ မကြိုက်…
ကျွန်မက..ဖေဖေရဲ့ နောက်အိမ်ထောင်နဲ့..အဆင်မပြေ..
အရွဲ့တိုက်တတ်တဲ့ ကျွန်မကို စိတ် အနှောက်အယှက် မဖြစ်အောင်..အတင်းအကျပ် မတားခဲ့ပေ…
ရုံးပိတ်ရက် အိမ်ပြန်လာရင်တောင်..ဖေဖေ့ကို ခနလောက်သာ သွားတွေ့လေ့ရှိပြီး….ရွှေရည်တို့အိမ်မှာပဲ..နေသည်…
ကျွန်မ ဖေဖေနဲ့လဲ….ငယ်သူချင်းတွေဆိုတော့..ကျွန်မကို မျက်နှာ မငယ်အောင်.. အရမ်းဂရုစိုက် အရမ်းချစ်ကြသည်…
ဒါပေမယ့်..
ရွှေရည့် အကိုဖြစ်တဲ့.. ကျွန်မနဲ့ ကို ရဲ့ ဆက်ဆံရေးကို.. သိမယ်ဆိုရင်ရော…
ကျွန်မကို အခုလို…×××××
ဟူး….
ကျွန်မ အတွေးတေကို ရပ်ပြီး.. မျက်လုံးစုံမှိတ်ကာ..အိပ်ဖို့ ကြိုးစားလိုက်သည်…
ထိုစဉ်..
ရွှေရည်နဲ့ကျွန်မကို..နီရဲနေသော မျက်လုံးတစ်စုံက စိုက်ကြည့်နေကာ ..
မကျေမနပ်..တောက်ခေါက်လိုက်သည်…
“တောက်….”
×××××××××××××××××××××××××××××××××××××××××××××××
“အခန္​း ၄”
ကားထွက်မှ ရွှေရည့်ဖေဖေနှင့် မေမေပြန်သွားသည်…
ရွှေရည်ကတော့ ထုံးစံအတိုင်း တစ်လမ်းလုံး ရှိသမျှမုန့်တေ အကုန်ဖောက် စားရင်းသောက်ရင်း မနားတမ်း စကားတွတ်ထိုးလာသည်..
ကြာတော့ ကျွန်မလည်း သီးမခံနိုင်တဲ့ အဆုံး..
“ရွှေရည်ရယ် နင်မမောသေးပူးလား…တလမ်းလုံး ပေါက်ပေါက်ဖောက်တဲ့ အတိုင်းပဲ နားပါဦး…နားတေညီးလိုက်တာ”
လို့ စိတ်ပျက်လက်ပျက် ပြောတော့မှ မကျေနပ်သည့်ပုံစံနဲ့ မျက်စောင်းထိုးပြီး တယောက်ထဲ ပွစိ ပွစိ ပြောနေသည်…
ကျွန်မလဲ သူမ ပြောတာ မမြင်ယောင်ဆောင်ပြီး ကားဘေးဘက်လှည့်ကာ နားကြပ်တပ် ကာ သီချင်းနားထောင်ပြီး..မျက်လုံးမှိတ်ထားလိုက်သည်…
ထိုစဉ်..
“ကျွီ…”
“ဘာဖြစ်တာလဲ ဟ”
“ကားဘီးပေါက်သွားတာ”
“ဟာ..ဒီနေရာမှ ကွာ”
“စိတ်ညစ်ပါတယ်”
ခရီးသည်တေ တယောက်တပေါက်နဲ့..ကျွတ်စုတ်သံတေ ဆူညံသွားကာ…အကုန်လုံး ကားပေါ်မှ ဆင်းကြသည်….
ကျွန်မတို့လဲ ကားပေါ်မှ ဆင်းပီး ဟိုကြည့် ဒီကြည့် လုပ်နေကြသည်..
ကားဘီးဖာတဲ့သူက ဖာနဲ့…အလုပ်ရှုပ်နေကြသည်…
ထိုစဉ်..
ကျွန်မမျက်လုံးတေက ဖျက်ခနဲ အိမ်ကြီး တစ်အိမ်ဆီသို့ ရောက်သွားသည်..အိမ်ကြီးထဲက…
တယောက်ယောက်ကပဲ ညှို့ခေါ်နေသလို ကျွန်မ ခြေလှမ်းတွေက ထိုအိမ်ရှိရာ ဘက်သို့ သွားနေမိသည်…လမ်းလျောက်နေတာလဲ အသက်မပါ သလို…ငေးငေးငူငူ လျောက်နေမိသည်….
“ဟိတ်”
“အမလေး..”
နောက်က ရွှေရည်ပုတ်လိုက်သောကြောင့် ကျွန်မလန့်သွားသည်..
“နင်ကလဲ အသဲနုတာ လန့်စရာ မရှိ ကြံဖန်လန့်နေတာ”
“နင်က ရုတ်တရက်ကြီး..နောက်ကနေ လှမ်းပုတ်တာကိုး”
“အမယ် ဟုတ်မနေဘူး ရှင်သာ ဘာတေတွေးနေမှန်း မသိ..ခေါ်မကြား အော်မကြား ဖြစ်နေတာ”
“မဟုတ်ပါဘူးဟယ် …ငါ ဟိုအိမ်ကြီးကို ကြည့်နေလို့ နင်ခေါ်တာ မကြားတာ..”
ရွှေရည့် မျက်နှာ မသိမသာ ပျက်သွားသည်..ပြီးတော့..စကားတစ်ခု ကို လေးလေးနက်နက် ပြောတဲ့ ပုံစံနဲ့…
“ချစ်စု… နင်မှတ်မိလား”
“ဘာကိုလဲ”
ကျွန်မ နဲနဲကြောင်သွားသည်..
“ငါတို့ အိမ်ကို ပြန်တုန်းကလဲ ဒီနေရာမှာပဲ ကားဘီးပေါက်တာလေ”
“သတိမထားမိဘူး”
“အခုလဲ ဒီနေရာပဲ”
“အာ့ဆို အရင်တခါ ကားဘီးပေါက်တုန်းက နင်နဲ့ငါ စပ်စုပီး ဝင်ကြည့့်တဲ့အိမ်က ဒီအိမ်ပဲမလား..”
ရွှေရည်က စိတ်မရှည်သလိုနဲ့…
“နင်ကလေ ပိန်းရမယ်ဆို နှစ်ယောက်မရှိဘူး…ဟုတ်တယ်လေ ..မမှတ်မိဘူးလား..”
“မှတ်မိပြီ ..ပြော”
ရွှေရည်က ကျွန်မကို မျက်စောင်းခဲရင်း….
“အဲ့တုန်းက ခြံစောင့်ကောင်လေး ပြောတဲ့ စကား နင်မှတ်မိမှာပါ..သေခြင်းတရားက သူ့ဘဝ နိဒါန်းလို့ ပြောတာလေ..ကောင်လေးစကားပြောတာလဲ အသက်မပါတဲ့သူ ပြောတာကျလို့…မသိရင်…သေတဲ့လူ စကားပြောတဲ့ အတိုင်းပဲ”
ရွှေရည်ပြောမှ ပြန်စဉ်းစားမိပီး ကျောရိုးတလျှောက် အေးစိမ့့်သွားသည်….
“နင်ကလဲ ပေါက်ရတေ ပြောပြန်ပီ”
“ငါတကယ် ပြောတာဟ..ပီးတော့ သူ့ပုံစံက…”
ထိုစဉ် ..ကားဟွန်းတီးသံနှင့် အတူ..ကားစပါယ်ယာမှ ..
“ဟို အစ်မနှစ်ယောက် နေခဲ့တော့မှလား.. ကားကထွက်တော့ မှာဗျ”
ုကြည့်လိုက်တော့ ကားပေါ် လူတေက တက်နေကြပြီ..ကျွန်မတို့ကို ကြည့့်ပီး ပြုံးတဲ့သူတေက ပြုံးနေသည်…နှစ်ယောက်သားလေပေါနေတာ သူများတေ ကားပေါ်တက်ကြတာတောင်မသိ….
ကျွန်မတို့လဲ ရှက်ရှက်နဲ့ ကားပေါ် မြန်မြန်တက်ပီး ကိုယ့်နေရာကို ဝင်ထိုင်လိုက်ကြသည်…
×××××××××××××××××××××××××××××××××××××××××××××××
“အခန္​း ၅”
ကားထွက်တော့ ကျွန်မလဲ ခြံဝန်းကျယ်ကြီးနဲ့ ထို နှစ်ထပ်တိုက်ကို ကြည့်နေမိသည်..
ထိုစဉ်..
အပေါ်ထပ် ပြတင်းပါက်မှ လူတစ်ယောက် ခုန်ချဖို့ ပြင်နေသည်ကို မြင်လိုက်ရသော အခါ…ကျွန်မလည်း မျက်လုံးစုံမှိတ်ပြီး..ရွှေရည့် ပုခုံးဘက် မျက်နှာ ကွယ်ကာ…
“အမလေး..”
“ဟဲ့ ဘာဖြစ်တာလဲ အလန့်တကြား ဟိုမှာ လူတွေကြည့်နေကြပြီ..”
လို့ တံတောင်နဲ့ တွတ်ပြောမှ ကျွန်မလဲ ဘေးဘီကြည့်မိတော့ လူတစ်ချို့ ကျွန်မတို့ဘက်ကို ကွက်ကြည့် ကွက်ကြည့် လုပ်နေတာ တွေ့လိုက်ရသည်…
ကျွန်မလဲ ထိုအိမ်ဘက် ပြန်လှည့်ကြည့်မိတော့.. အိမ်နဲ့ ခပ်လှမ်းလှမ်းဝေးသွားလို့လား မသိ.. ဘာမှ မရှိတော့..
ကျွန်မပဲ မျက်လုံးတွေ အမြင်မှား သွားလို့လား. မဖြစ်နိုင်..ကျွန်မ သေသေ ချာချာ မြင်ခဲ့ရတာပါ…
ကျွန်မလဲ ရွှေရည့်ကို ကြည့်ပြီး..
“နင်မြင်လိုက်တယ် မလား..”
“ဘာကိုလဲ”
“လူတယောက် အိမ်ပေါ်က ခုန်ချတာ..”
“အမ္​..”
ကျွန်မလဲ ကြောင်တောင်တောင် လုပ်နေတဲ့ ရွှေရည့်ကို စိတ်မရှည်တော့ပဲ..
“လူတယောက် ဟိုအိမ်ပေါ်ကနေ ခုန်ချတာ နင်မြင်လိုက်တယ် မလားလို့..”
ပြောတော့.. ရွှေရည်က ကျွတ်တချက်သတ်လိုက်ပြီး..
“စိတ်ညစ်ပါတယ် ချစ်စုရယ်.. နင်အိမ်မက် မက်ပြီးထဲက စိတ်တွေ ခြောက်ခြားပြီး..မြင်ချင်ရာ မြင်နေတယ် ထင်တယ်..”
“ငါတကယ် မြင်တာ..”
“အေးပါ ထားပါတော့..”
“မထားနိုင်ပါဘူး..ငါ တကယ် မြင်ခဲ့တာ..”
“ဟုတ်ပြီလေ.. ကားထွက်တော့ ငါလဲ အဲ့ဒီအိမ်ကို ကြည့်နေခဲ့တာပဲ..တကယ်လို့ လူတယောက် ခုန်ချခဲ့တယ် ဆိုရင် နင်ကျ မြင်ပြီး..ငါက ဘာလို့ မမြင်ရတာလဲ..ဘာလဲ ဇာတ်ကားတွေထဲကလို ဆိုက်ကို ၀င်ပြီး တစ်ယောက်ထဲ မြင်ရတဲ့ သဘောလား..”
“တော်ပြီဟာ မပြောတော့ဘူး ..”
ကျွန်မ ဆက်မပြောတော့ဘဲ ကားဘေးမှန်ကနေ အပြင်ကိုသာကြည့်နေလိုက်သည်…
ရွှေရည့်ရဲ့ ဘဝင် မကျတဲ့လေသံနဲ့ ဗျစ်တောက် ဗျစ်တောက်ပြောသံတွေလဲ မကြားသလို လျစ်လျူရှုလိုက်သည်..
×××××××××××××××××××××××××××××××××××××××××××××××
“အခန္​း ၆”
အဆောင်ရောက်တော့ မိုးချုပ်နေပြီ..
ကျွန်မလဲ အခန်း သန့်ရှင်းရေးလုပ်… ရေချိုးပြီး.. ပြန်လာတော့ မယ်မင်းကြီးမက..အိပ်ယာခင်းပြီး အိပ်နှင့်နေသည်..
အိပ်နေပုံက ကလေး တယောက်လို..
ရွှေရည့်ကိုကြည့်ပြီး.. လူတယောက်က အိပ်ပျော်နေတဲ့အချိန်မှာ ဘယ်လောက်ဆိုးဆိုး အပြစ်ကင်းစင်တဲ့ ကလေး တယောက်နဲ့ တူတယ်ဆိုတာ..လက်ခံလိုက်သည်..
ကျွန်မလဲ..ရွှေရည့်ဘေးဝင်လှဲရင်း.. ညက အိပ်ရေးပျက်တာရော ခရီးပန်းတာရော ပေါင်းပြီး အိပ်ပျော်သွားသည်…
အိမ်မက်ထဲမှာ…
ဟိုအိမ်ကြီးက ကောင်လေး ရောက်လာပြီး အက်ကွဲသံကြီးနဲ့…
“နင်တို့ အသေဆိုးနဲ့ သေရမယ် .. ငါ့ကျိန်စာ နင်တို့ အသက်နဲ့ ဆပ်မှ ပျယ်စေရမယ်..”
ဆိုကာ အေးစက်မာကြောနေတဲ့ လက်တွေနဲ့..ကျွန်မလည်ပင်းကို ညှစ်လေသည်…
ကျွန်မလဲ ကြောက်အားလန့်အားနဲ့ အတင်းရုန်းကန်ရင်း အသက်ရှုတွေ ကြပ်လာသည်…
အသိစိတ်တွေ လွတ်ပြီး..ခြေထောက်နှင့် မြေကြီးလဲ မထိတော့ပေ…
ထိုစဉ်..
“ချစ်..”
“ဟင်”
ကျွန်မ..ဒီအသံကို ရင်းနှီးနှီး ကြားဖူးတာပါ… ယောကျာ်း တယောက်ရဲ့ အသံ ..ဟုတ်တယ်..ဒါ.. ကို့ အသံ..
ကျွန်မလဲ အားကိုး တကြီးနဲ့…
“ကို..ကိုရေ..ချစ်စုကို ကယ်ပါဦး..”
ပြောနေပေမယ့်..အသံက တစ်ဆို့နေပြီး..ထွက်မလာ…
ကျွန်မမှာ နာကျင်လွန်းလို့.. မျက်ရည်တွေ ပိုးပိုးပေါက်ပေါက် ကျလာသည်…
ကျွန်မရဲ့..နားထဲ..
“ချစ်စုရယ်..”
လို့ ကို့ရဲ့..ရင်ထဲ စို့နင့်စွာ ပြောနေတဲ့ ကို့ အသံကို ကြားလိုက်ရပြီး ကျွန်မ ခန္ဓာကိုယ်လဲ.. မြေကြီးပေါ်.. ပစ်ချလိုက် သလို ခံစားလိုက်ရသည်…
ထိုစဉ်..
ကောင်လေးရဲ့.. ငှက်ဆိုးထိုးသံလို ရယ်သံကြီး ကြားလိုက်ရပြီး…
“ချစ်..ကျိန်စာပြယ်ချင်ရင် .. ချစ်တို့ ယူလာတဲ့ ပတ္တမြားလက်စွပ်ကို.. ရအောင်ချွတ်ပြီး..ဖျက်ဆီးလိုက်ပါ.. ကို ပြောတာ နားထောင်နော်..”..တဲ့
×××××××××××××××××××××××××××××××××××××××××××××××
“အခန္​း ၇”
ကျွန်မ အိပ်ယာက လန့်နိုးတော့.. မနက် မိုးလင်းနေပြီ..
ထူးဆန်းတာက ကျွန်မ လည်ပင်း တွေ အပြင်မာ တကယ် ညှစ်ခံထားရသလို နာကျင်နေတာပါ..
အိမ်မက်ထဲက အကြောင်းကို ပြန်စဉ်းစားရင်း ကို့ ကို လွမ်းမိသွားသည်..
ကိုနဲ့ မတွေ့ရတာ တစ်ပတ် ရှိp..
Phခေါ်ကြည့်တော့လဲ လူကြီးမင်းနဲ့ တိုးနေသည်..
စိတ်ထဲတော့ သိပ် ဘဝင်မကျ.. ကို မအားလို့ပဲ ဖစ်မှာလို့ ဖြေသိမ့်လိုက်သည်…
ကျွန်မလဲ မျက်နှာသစ်ဖို့ ရေချိုးခန်းထဲ ဝင်လာတော့..ရွှေရည်က..လက်ကို ဆပ်ပြာနဲ့တိုက်ပြီး..တစုံတခုကို မရမက ဆွဲချွတ်နေတာ တွေ့လိုက်ရသည်….
ကျွန်မလဲ စချင်တာနဲ့ သူ့ အနားကို အသာလေး အသွား.. သူက အရင်မြင်ပြီး..
“အမလေး ချစ်စုရယ်.. လန့်တာ.. အသံမပေး ဘာမပေးနဲ့..”
ပြောတော့.. ကျွန်မလဲ..
“ဖြစ်ရမယ်..ငါတောင် ဘာမှ မလုပ်ကသေးဘူး..နင်က ငါ့မြင်ပြီးလန့်နေတာ..”
ပြောတော့.. ရွှေရည်က ဟက်ခနဲ ရယ်သည်…
အသားဖြူဖြူ သွယ်သွယ်.. မျက်နှာ ဝိုင်းဝိုင်းနဲ့ ရွှေရည်သည်.. ရယ်လိုက်ရင် တော်တော်လှတာတော့.. အမှန်ပင်..
ကျွန်မလဲ..ရွှေရည့် ပါးဖောင်းဖောင်းလေးကို ဆွဲဖဲ့လိုက်ပြီး…
“ရွှေရည်.. နင်ကလေ.. ရယ်လိုက်ရင် အရမ်းချစ်ဖို့ကောင်းတာပဲ..သက်လား..”
လို့ စိတ်ထဲ ရှိတဲ့ အတိုင်း ပြောလိုက်မိလျှင်..
“မိန်းမ မြှောက်မနေနဲ့.. ငါ့ကိုယ်ငါ သိတယ်.. ငါ သဘောမတူလဲ ငါ့အစ်ကိုက နင့်ကို ယူမှာပဲ..”
ပြောတော့.. ကျွန်မ မျက်နှာ နီရဲပြီး..ပူထူသွားသည်..
ရွှေရည်က သူ့စကားသူ သဘောကျပြီး.. ကျွန်မကို.. ပြုံးစိစိ ကြည့်နေသည်..
ကျွန်မလဲ နေရခက်တာနဲ့.. တဖက်ကို လှည့်လိုက်လျှင်…ရွှေရည်က သဘောကျစွာ တခစ်ခစ် ရယ်သည်..
ကျွန်မရဲ့ မတော်ရသေးတဲ့… ယောင်းမ.. ဘယ်လောက်ချစ်စရာကောင်းလိုက်လဲ…..
ကျွန်မလဲ ရှက်ပြီး..
“ဒါနဲ့ စောနက နင် ဘာတွေ လုပ်နေတာလဲ..”
လို့ စကားလွှဲတော့.. ရွှေရည့် မျက်နှာ.. မသိမသာ ကွက်ခနဲ ပျက်သွားသည်..
ပြီးမှ.. ဘာမှ မဖစ်တဲ့ ပုံစံနဲ့..
“လက်စွပ်ပါဟာ.. ကျပ်နာ.. ချွတ်မရလို့..”..တဲ့..
ကျမ ရွှေရည့်လက်ကို ကြည့်မိတော့.. ပတ္တမြား လက်စွပ်လေး..
“အရင်က.. ဒီ လက်စွပ် နင်ဝတ်တာ.. တခါမှ မမြင်ဖူးပါဘူး..”
“Omm..ဟုတ်တယ်..ဒီတခေါက် အိမ်ပြန်မှ ယူလာတာ… နင်မျက်နှာ သစ်ချင် သစ်တော့လေ.. ရုံးနောက်ကျနေဦးမယ်..”
ပြောပြီးထွက်သွားတော့.. အိမ်မက်ထဲ ကို နောက်ဆုံး.ပြောတာ သတိရမိလိုက်သည်…
ကျိန်စာပြယ်ချင်ရင် .. ချစ်တို့ ယူလာတဲ့ ပတ္တမြားလက်စွပ်ကို.. ရအောင်ချွတ်ပြီး..ဖျက်ဆီးလိုက်ပါတဲ့..
ရွှေရည် ဝတ်ထားတဲ့.. လက်စွပ်နဲ့များ.. ပတ်သတ်နေလား…
အာ..မဖြစ်နိုင်တာ…အိပ်ရေးပျက်ထင်မှား..ဖြစ်နေပြီထင်ပါရဲ့..
အိမ်မက်ပါစို မက်ချင်ရာ မက်ပေါ့..လို့ တွေးပြီး..ရုံးသွားဖို့.. ပြင်ရအောင်အာရုံပြောင်းလိုက်သည်..
ဘယ်သူ သိနိုင်မှာလဲ.. မယုံနိုင်စရာတွေ ဖြစ်လာတော့မယ် ဆိုတာ…
×××××××××××××××××××××××××××××××××××××××××××××××
“အခန္​း ၈”
တနေကုန် ရုံးမှာ အလုပ်တေရှုပ်နေခဲ့တာ ညနေရုံးဆင်းချိန်ရောက်တော့ စိတ်မကောင်းစရာ သတင်းတခု ကို မန်နေဂျာက လာပြောလေသည်… သူဌေး ကျွန်မတို့ နယ်ဘက် စက်ရုံကိုသွားရင်း ကား အက်ဆီးဒင့် ဖြစ်လို့တဲ့…နယ်က အလုပ်တေ လက်စသတ်ဖို့ ကျွန်မနဲ့ရွှေရည်ကို နယ်မှာရှိတဲ့ စက်ရုံကို လွှတ်တယ်ပေါ့…ရုံးကဝန်ထမ်း အသစ်နှစ်ယောက်နဲ့ မန်နေဂျာ ကိုယ်တိုင်လဲ ပါတယ်..
အဲ့တာနဲ့ အဆောင်ကို ပြန်ပြီး လိုအပ်တဲ့ ပစ္စည်းတေရယ် အဝတ်အစား ၃စုံလောက်ထည့်ပြီး ရုံးက ကားနဲ့ ခရီးထွက်ခဲ့ရတယ်…
ကားပေါ်မှာ driverကောင်လေး အပါအဝင် အားလုံး လူ ၆ယောက်…
ဝန်ထမ်းအသစ်နှစ်ယောက်က ရယ်ရသည် ….မိသိမ့်နဲ့ ခွန်းကြီးတဲ့ ဲ့…တစ်ယောက်နဲ့ တစ်ယောက် လုံးဝ မတည့့်….ငယ်သူငယ်ချင်းတေ အလုပ်ထဲရောက်မှ ပြန်ဆုံတာတဲ့…သူတို့နှစ်ယောက် စကားများ တာ နားထောင်ပီး တစ်လမ်းလုံး အူတေနာအောင်ရီနေရသည်….မန်နေဂျာ ကလဲ မတည့့်ပါပူးဆို ဆေးထိုးပေးသေးသည်…
အကုန်လုံးက လုပ်ဖော်ကိုင်ဖက် ပြောမနာ ဆိုမနာတေ ဆိုတော့ မသိရင် မိသားစု ခရီးသွားသလား ထင်ရသည်…
အသက်အရွယ်တေကလဲ မန်နေဂျာ ကလွဲရင် အားလုံးလူငယ်တေဆိုတော့ ပွင့်ပွင့်လင်းလင်း…တလမ်းလုံးစရင်း နောက်ရင်းနဲ့ အချိန်တေ ကုန်လာခဲ့သည်…..ပျော်စရာ အချိန်တေဟာ ဒါနောက်ဆုံးလို့ ဘယ်သူက သိမှာလဲ…ပျော်စရာ အချိန်တေဟာ သိပ်ကိုနည်းလွန်ခဲ့မယ်ဆိုတာ ကျွန်မတို့ ကြိုသိခဲ့ရင်…..
ထိုစဉ် …အမှတ်မထင်…လမ်းတစ်နေရာအရောက် ကားက ထိုးရပ်သွားသည်…
“ကျွီ..”
“ကိုသူ ဘာဖြစ်တာလဲ ကားက”
မန်နေဂျာ လှမ်းမေးလိုက်တော့..
“မသိပူး ဆရာ….ကျွန်တော် ဆင်းကြည့်လိုက်မယ်…ညနေက ကျွန်တော် သေချာစစ်ခဲ့တာပါ…ဆီလဲ အပြည့်”
“စိတ်ညစ်ပါတယ် ညကြီး မိုးချုပ်မှ …”
လို့ ရွှေရည်က ညီးလေသည်..
ကျွန်မတို့ အကုန်လုံးလဲ ကားပေါ်မှ ဆင်းလိုက်ကြသည်…
ထိုအခါ ….ကျွန်မ မျက်လုံးတေ ဘယ်လိုမှ မယုံနိုင်…မျက်လုံးကို လက်နှင့် ပွတ်ပီး ပြန်ကြည့်လိုက်သည်….ဒီအိမ်..ဟုတ်တယ် ဒီအိမ်ကြီးရှေ့ပဲ ကျွန်မတို့ ကားပျက်နေတာ ..ဒါ သွေးရိုးသားရိုး မဖြစ်နိုင်….ကျွန်မလဲ ရွှေရည့် ကြည့်လိုက်တော့….မျက်လုံးအဝိုင်းသားနှင့် တုန်လှုပ်နေတာ တွေ့ရသည်…လက်ကလဲ တစုံတခုကို မရမက ချွတ်နေပြီး တဆတ်ဆတ် တုန်နေသည်…
ပြီးတော့ ကျွန်မကို ကြည့်ကာ…အသံတေတုန်ြပီး..
“ချစ်စု….ဒါ ဘယ်လိုဖြစ်တာလဲ..ငါတို့ ဒီနေရာကိုပဲ ဘာလို့ရောက်နေတာလဲ”…တဲ့
ကျွန်မလဲ လေးပင်စွာပင် ခေါင်းယမ်းပြလိုက်သည်…
×××××××××××××××××××××××××××××××××××××××××××××××
“အခန္​း ၉”
ကျွန်မနဲ့ရွှေရည်သာ တုန်လှုပ်နေတာ မန်နေဂျာနဲ့ ကိုသူက ကားပြင်နေကြသည်…..မိသိမ့်နဲ့ ခွန်းကြီးတို့က အိမ်ကြီးကို စပ်စုနေပြီး ခွန်းကြီး
က ..
“ချစ်စု.နဲ့ရွှေရည်…ငါတို့ အထဲဝင်ကြည့်ရအောင်..လူမနေဘူးထင်တယ်”
“နင်ကလဲ ပေါက်တီးပေါက်ရှာ ဝင်စရာလား”
လို့ ကျွန်မလဲ စိတ်တိုတိုနဲ့ မျက်စောင်းထိုးပြီး ပြောလိုက်သည်…
ရွှေရည်ကတော့ ဟန်ကို မဆောင်နိုင် တော်တော်မူ ပျက်နေသည်….
ကျွန်မလဲ ရွှေရည့်ကို တတောင်နှင့်တွက်လိုက်ကာ..
“နင်လဲ ဟန်လေးဘာလေးဆောင်ဦး.. နင်ကြောက်တာသိရင် ဟိုက စနေဦးမယ်”
လို့ အသံတိတ် သတိပေးနေရသည်…
ထိုစဉ် အိမ်ထဲမှယောက်ယောက်က မီးထွန်းလိုက်သလို တအိမ်လုံးလင်းထိန်သွားသည်….မြို့ပြင်မှာ အိမ်ကြီးတစ်လုံးထဲဆိုတော့ ထင်းနေသည်
ထိုအခါမှာတော့ မိသိမ့်က ခွန်းကြီးကို နားရင် ထအုပ်လိုက်ပြီး..
“နင်ပြောတော့ လူမနေဘူးဆို…ဝင်မိရင် သူခိုးဆိုပြီး ရိုက်လွှတ်ခံရမှာ”
ခွန်းကြီးကလဲ မခံ ပြန်ရိုက်သည်..
“ဘယ်သိမလဲဟ အခုမှ မီးထွန်းတာကို လူမနေပူး ထင်တာပ”
သူတို့ နှစ်ယောက် အိမ်ပေါက်ဝမှာ စကားများနေတုန်း အိမ်ထဲက လူတစ်ယောက် တံခါးဖွင့်ပြီး ထွက်လာသည်..
“ငါ့ညီတို့ ဘာဖစ်ကြတာလဲ”
အသံကြားတဲ့ဆီ ကျမ ကြည့်လိုက်တော့…’ကို’…
ရွှေရည်လဲ အံ့အားသင့်စွာနဲ့….
“ကိုကြီး ဘယ်လိုလုပ် ဒီရောက်နေတာလဲ”မေးတော့သည်..
ကိုက ကျွန်မဘက်ကိုကြည့်ပီး အေးစက်စွာ ပြုံးကာ…
“သူငယ်ချင်းအိမ်လေ လူမရှိလို့ စောင့်ပေးနေတာ..အထဲဝင်ကြလေ”
“ဟုတ်ကဲ့ အစ်ကို ကျွန်တော်တို့လဲ ကားပျက်နေတာ အထဲဝင်စောင့်ရင်ကောင်းမယ်ထင်တယ်”
လို့ ခွန်းကြီးက စပ်ဖြဲဖြဲ ဝင်ပြောသည်…ဒင်းက အစထဲက စပ်စု ချင်နေတာကိုး….
“ဦးလေးတို့လဲ အထဲဝင်ကြ မနက်မှ ခရီးဆက်ကြပေါ့ဗျာ….ဒီလမ်းက ဒီလိုပဲ ကားပျက်နေကြ ပြင်မရဘူး…..မနက် သူ့ဘာသာ သူ ကောင်းသွားလိမ့်မယ်”
“ဟေ အဲ့လိုကြီးလား…မောင်ရင်ပြောတာ အဆန်းပါလား…ဦးလေးတို့လဲ အခုကြည့်နေတာ ကားမှာ စက်ပိုင်းဆိုင်ရာ ချို့ယွင်းချက် ရှာမတွေ့ပူးကွဲ့…”
“ကျွန်တော်ပြောတာ လက်ခံပါဗျာ….ရွှေရည်က ကျွန်တော့် ညီမ အရင်းခေါက်ခေါက်…ဒါကျွန်တော့် သူငယ်ချင်းအိမ်..ကျွန်တော်က ဒီမှာ အိမ်စောင့်နေတာ…ဦးလေးတို့ ဒီမှာ တည်းလိုက်..မနက်ကျမှပြန်..”
မန်နေဂျာက ရွှေရည့်ကြည့်တော့…
“ဟုတ်ပါတယ် ဒါရွှေရည့် အစ်ကိုပါ….ချစ်စုနဲ့ လက်ထပ်မယ့်သူပေါ့”
လို့ စပ်ဖြဲဖြဲ ပြောလိုက်တော့ ကျွန်မ မျက်နှာ ပူထူသွားသည်..ရင်တေလဲ ခုန်သွားတာပေါ့…..အကုန်လုံး မျက်လုံးတေက ကျွန်မဆီရောက်နေကြသည်…..အဆိုးဆုံးက ခွန်းကြီးပေါ့ ကျွန်မကို သရော်ချင်တဲ့ မျက်လုံးနဲ့ ုကြည့်နေတာလေ…အရိပ်ကဲကိုကြည့်ပီး မန်နေဂျာက……
“ကဲ ဒါဆိုလဲ ကားကို အိမ်ထဲ ဝိုင်းတွန်းကြကွာ..ဒီည ဒီမှာ တည်းမယ်”
တဲ့…..
×××××××××××××××××××××××××××××××××××××××××××××××
“အခန္​း ၁၀”
အိမ်ကြီးက အပြင်က ကြည့်တော့ ဟောင်းနေပေမယ့် အထဲ ရောက်တော့ သစ်လွင်နေသည်…အိမ် အပေါ်ထပ်မှာ ကျွန်မတို့ မိန်းကလေး ၃ယောက်က တစ်ခန်း
ယောကျာ်းလေး ၃ယောက် တစ်ခန်း ပေးထားသည်…
ကျွန်မတို့လဲ အိပ်ဖို့ အိပ်ယာခင်းနေတုန်း…ကို ရောက်လာပြီး..
“ချစ်စု…ကိုတို့ စကားပြောရအောင်”..တဲ့
ကျွန်မ ရင်တေ ခုန်သွားသည်… မတော်ရသေးတဲ့ ယောင်းမက ပြုံးဖြီးကြီးလုပ်ပြီး….
“ရှက်မနေနက် သွားမှာသာသွား…ချောင်းကြည့်မှာ”တဲ့..
မိသိမ့်ကတော့ တခွီးခွီး ရယ်နေသည်…..
ကျွန်မလဲ ကို့ရှေ့မို့ ပဲလေးနဲ့ မျက်စောင်းထိုးပြီး..ကို့နောက် လိုက်ခဲ့သည်…ဝရန်တာသို့ အရောက်…ကျွန်မ ကို့ကို နောက်ကနေ သိုင်းဖက်ထားလိုက်သည်…မထင်မှတ်စွာပဲ ကို့ ကိုယ်မှာ အေးစက်နေပီး ကျွန်မတောင် ကြက်သီး ဖြန်းဖြန်းထသွားသည်…ကို့ကို ကြည့်တော့ ရီဝေတဲ့ မျက်လုံးများနဲ့ အဝေးကိုဆွေးမြည့်စွာ ကြည့်ေ”
“ဘယ်လိုကြီးလဲ..ကိုက..”
လို့ ခပ်ချွဲချွဲလေး ပြောလိုက်သည်…
ကိုက အေးစက်စွာ ပြုံးလိုက်ပြီး ကျွန်မ ဘက် လှည့်ကာ…ကြောက်စရာကောင်းအောင် တည်လိုက်ပြီး….
“ချစ်…ဒီ အိမ်ကနေ ထွက်သွားပါ”.
“ဟင် ဘာလို့လဲ…ကိုပဲ ..ချစ်တို့ကို ဒီအိမ်မှာ တည်းဖို့..ခေါ်တာပါ”
ကျွန်မ နားမလည်နိုင်စွာနဲ့ ကို့ကို ကြည့်သေချာလိုက်တော့ …ကို့မျက်ကွင်းတေ ည်ိုပြီး နှုတ်ခမ်းတေကလဲ ဖြူဖတ်နေသည်…ကိုက ကျွတ်တချက် သတ် လိုက်ရင်း….
“ကို့မှာ ရွေးချယ်ပိုင်ခွင့် မရှိဘူး…ဒါ အမိန့့် …ငြင်းခွင့် မရှိဘူး..”
“ကို ဘာတွေပြောနေတာလဲ”
“ည သန်းခေါင် မရောက်ခင် ထွက်သွား…သိပ်ကြောက်စရာကောင်း တာတွေ ဖြစ်လာတော့မယ်…ဘယ်သူမှ တားလို့ မရဘူး”
ပြောရင်း ကို့အသံ တေက ခက်ထန်ပြီး သြလာသည်…မျက်လုံးတွေလဲ ပြူးလာပြီး…ပါးစပ်က သွေးတွေ ထွက်လာသည်..
ကျွန်မလဲ လန့်ပီးနောက်ဆုတ်ကာ
“က့ို”
ကိုက အသံနက်ကြီးနဲံ့ ဒေါသ တကြီးအော်သည်…
“ထွက်သွားလို့ ပြောနေတယ်”
ကျွန်မလဲ ကြောက်လွန်းအားကြီးပြီး…မျက်ရည်တေ ပိုးပိုးပေါက်ပေါက် ကျလာကာ……
“ကို…မခြောက်ပါနဲ့ ..ချစ်စု ..ကြောက်တယ်”
ထိုစဉ် ကိုက ဇာတ်ကြီးစောင်းပြီး ခေါင်းကြီး တပတ်လည်ပြလိုက်လျှင်..
“အာ၊းးး”
ကျွန်မလဲ..လောကကြီးနဲ့ အဆက်သွယ် ပြတ်သွားသည်….
×××××××××××××××××××××××××××××××××××××××××××××××
“အခန္​း ၁၁”
“ချစ်စု ချစ်စု ”
ရွှေရည့် အသံ …..ကျွန်မမ အားယူပြီး မျက်လုံးဖွင့်ကြည့်လိုက်သည်…
ကျွန်မ သတိရတော့ ချစ်စုက ကျွန်မကို ဖက်ပီး ငိုသည်…
ကျွန်မလဲ..မျည်ရည်တေ စီးကျလာပြီး…ချစ်စု မျက်ရည်တေကို သုတ်ပေးမိလိုက်သည်…
ဘေးဘီ ကြည့်မိတော့ ရုံးကလူတေ အကုန် မျက်စိမျက်နှာ ပျက်နေပြီ..
အိမ်ကြီးမှာလဲ ကျမတို့ ဝင်ခဲ့တုန်းကလို…..မသားနား.ကြက်ခိုးမျှင်တေနှင့် ရှုပ်ပွနေသည်…
ရွှေရည်ကငိုရင်း..
“ချစ်စု ..ကိုကြီး မရှိတော့ဘူး….ဟင့်..သူ …ဆုံးပြီ..”..တဲ့..
ကျွန်မ အော်ငို ပစ်လိုက်ချင်သည်….ဘယ်မလဲ သက်သေ ကျွန်မနဲ့ စောနက တောင် စကားပြောခဲ့ သေးတာ..ကျွန်မ မယုံသလို ရွှေရည့်ကို လှမ်းကြည့်တော့…..
မိသိမ္​့က…
“ဟုတ်တယ် ချစ်စု .. နင့့်ကို ကိုထက်လာခေါ်တော့ ငါနဲ့ ရွှေရည် အောက်ဆင်းမလို့ လှေကားအသွား လှေကားထိပ်က အခန်းက တဒုန်းဒုန်း ထုသံကြားတယ်….အစကတော့ ခွန်းကြီးနောက်နေတယ် ထင်ပြီး ငါလဲ စိတ်တိုတိုနဲ့ တံခါးကို တွန်းဖွင့် ဝင်လိုက်တာ မထင်မှတ်ပဲ ကိုထက်အလောင်းကို တွေ့တာပဲ…အစကတော့ ငါလဲ အရမ်းကြောက်သွားတာရွှေရည်ဆိုသူ့အကိုဆိုတော့ ရှော့ ဖြစ်သွားတာ ငါတို့ အော်တာ နင်သာ မကြားတာ မန်နေဂျာတို့ရောက်လာပြီး ရွှေရည့်ကို မနဲ နှာနှပ်ယူရတယ်..အဲ့မှာ ငါတို့ နင့်ကို သတိရပြီးလာခေါ်တော့ ဝရန်တာမှာ နင်ကမေ့နေတာ ….အခု ငါတို့ အကုန်လုံး အောက်ထပ်မှာ ပိတ်မိနေတယ် …ထွက်လို့မရဘူး..”
လို့ပြောပြီး ရိုက်ကြီးတငင် ငိုနေသည်….
ကျွန်မမှာရင်ထဲစို့နေလို့ စကားပြောဖို့ အသံပင် မထွက်နိုင် ကလေးတယောက်လိုသာ တအီးအီးနဲ့ ငိုနေမိတော့သည်….
ဘာတွေ ဘယ်လို ဖြစ်နေရတာလဲ..နားမလည်နိုင်တော့ပါ..
ခွန်းကြီးက စိတ်မကောင်းတဲ့ အသံနဲ့….
“.အလောင်းက အနံ့ထွက်နေပီ သေတာ ၃ရက်လောက် ရှိပီ….ငါတို့ ရဲစခန်းကို အကြောင်းကြားထားတယ်”
“ကိုရယ်….ဟင့်…ဟီး”
ကျွန်မ ကလေးတယောက်လို ထပြီး လှေကားထိပ်က အခန်းဆီ ပြေးတက်မိပြီး အခန်းတံခါးကို ဖွင့်ပြီး ကို့ဆီ အတင်းပြေးလျှင် နောက်ကနေ ခွန်းကြီးတို့က .. အတင်းဆွဲထားသည်…
ဘယ်လို မှ ရှေ့တိုးလို့မရ…
ကျွန်မရဲ့.. မျက်လုံးထဲမှာ… အရင်က မက်ခဲ့တဲ့ အိမ်မက်ကို မြင်ယောင်လာသည်…
အခန်းကြီး တစ်ခန်းထဲမှာ.. သွေးတွေ စီးကျနေတဲ့..ကျွန်မရဲ့ အသည်းနှလုံး…..
ကျွန်မ ခေတ္တခဏ ငြိမ်သက်သွားခဲ့သည်…
×××××××××××××××××××××××××××××××××××××××××××××××
“အခန္​း ၁၂”
ကျွန်မတို့ အကုန်လုံး အောက်ထပ်မှာ အကုန်စုထိုင်နေကြသည်….
အပြင်လဲ ထွက်လို့မရ တခါးတွေ အသေပိတ်ထားသည်….
မန်နေဂျာက…..
“ကိုသူ ရဲစခန်းက ဖုန်းဆက်ထားတာ ၂နာရီလောက်ရှိပီ …ခုထိမလာသေးဘူး ..ပြန်ခေါ်ကြည့်ဦး.”
ကိုသူ ဖုန်းခေါ်သည် တော်တော်နှင့်မကိုင်… အတန်ကြာမှ ဖုန်းဝင်သွားသည်….
“ဟဲလို ….ရဲစခန်းကလား ကျွန်တော်တို့ **¿*¿¿¿¿¿ရောက်နေတာပါ..လာမယ်ဆိုပြီး မရောက်သေးလို့ပါ”
“ကျွန်တော်တို့ ရောက်နေပါပီ…”
“ရောက်ပီဆို ဝင်ခဲ့လေဗျာ …ကျွန်တော်တို့ ပိတ်မိနေတယ်”
“ကျွန်တော်တို့လဲ အထဲမှာပါ”
အသံက တဖြည်းဖြည်းနဲ့ သြလာတော့ ကိုသူလဲ ကြောက်လာကာ….
“အခု ဘယ်ကိုရောက်နေတာလဲဗျ”
ထိုအခါ မိန်းမတယောက်က ဝင်ဖြေလိုက်သည်….
“သချိုင်းကုန်းကို ရောက်နေတာပါရှင်”..တဲ့
“အားးး”
ကိုသူ ဖုန်းကို လွှတ်ချ ပစ်လိုက်သည်….
“ဆရာ မဖြစ်ဘူး..ဒီအိမ်က ကြမ်းတယ် ”
ပြောပြီး…သွေးရူးသွေးတန်းပြေးကာ တံခါးမကြီးကို ဆွဲဖွင့်တော့ ပွင့်သွားသည်….ကျွန်မတို့ အကုန်လုံးလဲ အားတက်သရောနဲ့ အပြင်ကို ပြေးထွက်ကြပြီး…..ကားပေါ်တက်လိုက်ကြသည်….
×××××××××××××××××××××××××××××××××××××××××××××××
“အခန်း ၁၃”
ကျွန်မတို့ အဖွဲ့ ..လမ်းပေါ်..ကားမောင်းရင်းမောင်းရင်း လမ်း၂ခု ဆုံရာ ဘက်သို့ ရောက်ရှိလာသည်..
ကိုသူက အသံတုန်တုန်ယင်ယင်နဲ့ ..
“ကျွန်တော်မျက်စိလည်နေလို့ အခု ဘယ်ကွေ့ရမှာလား ညာကွေ့ရမှာလား….”
“ဘယ်”
ခွန်းကြီးက ပြောလိုက်သည်..
“မဟုတ်ဘူး ညာ”
မိသိမ့်က ဘုကလန့်…..ကိုသူက စိတ်မရှည် သလိုနဲ့…
“ဘယ်လား ညာလား သေချာပြောဟာ”
“ဘယ်”
“ညာ”
တယောက်တပေါက်အော်နေတော့ မန်နေဂျာ စိတ်တိုလာပြီး….
“ခွန်းကြီးပြောတဲ့ ဘက်ကွေ့…”
ကိုသူလဲ ဘယ်ဘက်ကွေ့ရာ မကြာခင် အိမ်ကြီးတစ်လုံးရှေ့ ရောက်လာလျှင်……..
“အားးးး”
ပြိုင်တူအော်ကြပြီး…
“သရဲခြောက်တဲ့ အိမ်ကြီး နောက်ပြန်ကွေ့”
ကိုသူလဲ….တော်ရှာပါတယ် အမြန်ပြန်ကွေ့ မောင်းလေသည်….
အိမ်ကြီးကို မြင်တော့ အကုန်လုံး လိပ်ပြာ လွင့်မတတ်.. ငယ်သံပါအောင် အော်ကြသည်…
မောင်းရင်း မောင်းရင်းပင် လမ်း၂ခု ဆုံရာ ပြန်ရောက်လာသည်…
ဒီတခါ မိသိမ့်က ဆရာလုပ်တော့သည်…
“ကျွန်မ အစထဲကပြောပါတယ် ညာပါလို့….ဒီလမ်းကို သေချာမှတ်မိတယ်…ဟိုငတုံးကို ဆရာတင်တာကိုး….”
ကိုသူလဲ မိသိမ့်ပြောတဲ့ ညာဘက်ကို မောင်းခဲ့လိုက်သည်…..
ကံဆိုးချင်တော့ ကားက အိမ်ကြီးတအိမ်ရှေ့ ထိုးရပ်သွားသည်…..
သရဲခြောက်တဲ့ အိမ်တော့မဟုတ်…. အိမ်ဝင်းတစ်ဝန်းထဲမှာ အိမ်၃လုံးဆက်ထားသည်….ဆိုင်းဘုတ်ချိတ်ထားသည်…အပန်းပြေ ရိပ်သာတဲ့……
ကားလဲ အလာတုန်းကလို ပြင်မရတဲ့ အဆုံး…
ထုံးစံအတိုင်း မန်နေဂျာက…
“ကားလဲ နှိုးမရတဲ့အတူ ဒီရိပ်သာပဲ တည်းရုံရှိတာပေါ့”…တဲ့…….
×××××××××××××××××××××××××××××××××××××××××××××××
“အခန္​း ၁၄”
အပန်းဖြေ ရိပ်သာထဲ ရောက်တော့ ကျွန်မတို့ အားလုံး လုံခြုံသွားသလို ခံစားရသည်…မန်နေဂျာက ရိပ်သာပိုင်ရှင်နဲ့ စကားပြောမယ်ဆိုပြီး ထွက်သွားသည်….
ကျွန်မစိတ်ထဲမှာ ကို့ကို အဲ့အိမ်ထဲမှာ ထားခဲ့ရတာ စိတ်မကောင်း…ကို့အတွက် တခုခု လုပ်ပေးချင်သည် …ရွှေရည့်ကြည့်တော့လဲ စိတ်နဲ့ လူနဲ့ မကပ်သလို ငိုင်တိုင်တိုင်..ကျွန်မတို့ ..အားလုံးအတွေးကိုယ်စီနဲ့ စိတ်သောက ရောက်နေကြသည်….ထိုစဉ်…
“အားးး”
မိသိမ့်ရဲ့ အော်သံကြားတော့ ..
ကျွန်မတို့လည်း အသံကြားရာ သန့်စင်ခန်းဆီသို့ ပြေးလိုက်သွားကြသည်..
မိသိမ့်မှာ ဒူးတေတုန်ပီး တစုံတခု ကိုသာ လက်ညိုးထိုးပြနေသည်…ကျွန်မတို့လည်း သေချာကြည့်မိတော့…မန်နေဂျာ …မှောက်ခုံကြီး လဲနေသည်….
ကိုသူလဲ …
“ဟာ ဆရာ..”..ဆိုကာ ဆွဲထူပြီး ပွေ့လိုက်တော့ …
မျက်လုံးပြူးပြီး ဇတ်ကျိုးကာ သေနေသည်….
ထိုအခါ ကိုသူလဲ မန်နေဂျာကို ချပြီး ဘာမပြော ညာမပြောနဲ့ ရိပ်သာ အပြင်ဘက်ကို ပြေးထွက်သွားပြီး….
“ဟာ…သွားပါပီကွာ…တောက်”
ကျွန်မတို့လဲ ရိပ်သာ အပြင်ဘက်ထွက်ကြည့်တော့….မယုံနိုင်စရာ…
ုမြင်ကွင်း….
ကျွန်မတို့ ဝင်လာတဲ့ အိမ်၃လုံးဆက် အပန်းဖြေ ရိပ်သာကြီးက … ကျွန်မတို့ ထွက်ပြေးလာတဲ့… သရဲခြောက်တဲ့ အိမ်ကြီး ဖြစ်နေသည်….ဒါဆို… ကျွန်မတို့ အကုန် အမြင်မှားပြီး ပြန်ရောက်လာတာပေါ့…
ဒီမြင်ကွင်းကို ကြည့်ပြီး ရွှေရည်မှာ ရူးသွပ်သွားတဲ့ လူတယောက်လို… အူလှိုက် သဲလှိုက် ရယ်နေတော့သည်….
“ဟား….ဟား……ဟား”
×××××××××××××××××××××××××××××××××××××××××××××××
“အခန္​း ၁၅”
ကျွန်မလဲ ရွှေရည့်ကို ချော့ပြီး မနဲ အိမ်ထဲ ခေါ်ခဲ့ရသည်…ဒီအိမ်ကနေ ခွာမရတဲ့ အတူတူ…..အပြင်ထက်စာရင် အထဲက ပိုလုံခြုံလိမ့်မည်ဟု တွေးလိုက်သည်…
ကျွန်မတို့အားလုံး သေရမည်ကို စောင့်နေရတော့မည်..
ခွန်းကြီးက…
“ငါတော့ ဒီတိုင်းမသေနိုင်ဘူး…ငါတို့လွတ်မြောက်ဖို့ ကြိုးစားရမယ်..”
“ချစ်စု နင်တခုခု စဉ်းစားပါဟာ”..လို့ မိသိမ့်က ဝင်ပြောသည်…
ကျွန်မလဲ ဆုံးဖြတ်ချက် တခု ချလိုက်ပြီး….
“ငါ ကိုနဲ့ ဆက်သွယ်မယ်”
“ဟင်”
အားလုံး အံ့သြ သွားကာ.ရွှေရည်က
“ဖြစ်ပါ့မလား ချစ်စုရယ်”
ကျွန်မ မျက်ရည်တေ ဝိုင်းကာ ရွှေရည်ကို ပြုံးပြလိုက်ပြီး..
“ရွှေရည်….ကို..ငါ့ကို လာခေါ်ပီး ပြောတာ ဘာထင်လဲ သိလား..သူ.ဒီအိမ်ကနေ ထွက်သွားဖို့ ပြောတာ…သူ ငါတို့ကို သိပ် လွတ်စေချင်တာ .. ငါ ကိုနဲ့ ဆက်သွယ်ပီး… အကူညီ တောင်းကြည့်မယ်..”
အကုန်လုံး မျှော်လင့်တကြီးနဲ့ ကျွန်မ ကို စောင့်ကြည့်နေကြသည်..
ကျွန်မလဲ ပါးပေါ် ကျလာတဲ့ မျက်ရည်တေကို သုတ်ရင်း….
” ကို…ချစ်တို့ကို ကယ်ပါဦး…ချစ်…ကိုနဲ့ စကားပြောချင်တယ်…ချစ်ကို ဆက်သွယ်ပေးပါ…ဟင့်”
ကျွန်မ ရှိုက်ငိုမိလိုက်သည်…
ထိုစဉ်…
ဖြစ်ပျက်မှုက မြန်ဆန်လွန်းသည်…ကို ကျွန်မကို သိပ်ချစ်တယ်ဆိုတာ သက်သေပြလိုက်သည်… ကို့ဖုန်း ကျွန်မဆီဝင်လာသည်…အားလုံး ကလဲ အံ့အား သင့်နေကြသည်..
ကျွန်မ ချက်ချင်းပဲ ဖုန်းကိုင်လိုက်ပြီး…
“ဟယ်လို”
“ချစ်…ကို့စကားကို ဘာလို့ နားမထောင်တာလဲ..ကို…စိတ်ပူတယ်..”
“ဟုတ်..”
ကျွန်မ မျက်ရည်တေပါးပြင်ပေါ် တလိမ့်လိမ့် ကျလာသည်..
“မငိုပါနဲ့ ချစ် …ငို ရင် မလှတော့ပူး…”
“ဟင့်..”ကျွန်မ.. တချက် ရှိုက်ငို မိလိုက်သည်..
အဲ့ဒါ…..ကိုပြောနေကျ စကားလေ..သူစလို့ ငိုရင် …ကျွန်မ မငိုတော့အောင်… ငိုရင် မလှတော့ဘူးလို့ ….ကို အမြဲပြောတာ….
“ချစ်…သေချာနားထောင် ချစ်တို့ အခု ကျိန်စာ မိနေတာ….ရွှေရည့်ဆီက လက်စွပ်ကို မိုးမလင်းခင် ရအောင်ချွတ်ပါ….အသေးစိတ် ကိုပြောပြလို့ မရဘူး ကို သွားတော့မယ်…”
“ကို့ …ဟဲလို..ဟဲလို”
ကျွန်မ ရင်ထဲအောင့်သွားသည်…ကို မရှိတော့ဘူး ဆိုတာ ကျွန်မ ဘယ်လို လက်ခံရမှာလဲ…
“ဒုန္​း”
ရုတ်တရက် မိသိမ့် ပက်လန်ကြီးလန်ပြီး ကြောက်စရာကောင်းတဲ့ မျက်လုံးများနဲ့ ကုန်းထလာပြီး ခွန်းကြီး လည်ပင်းကိုညှစ်သည်…
“နင်တို့ အသေဆိုးနဲ့ သေရမယ်”..လို့ ဗလုံးဗထွေး ပြောသေးသည်…
ကျွန်မတို့လဲ ဝိုင်းဆွဲကြရာ…မိသိမ့်က တွန်းထုတ်လိုက်ရာ လွင့်သွားသည်..ကိုသူတောင် အနားမကပ်ရဲတော့ပေ…ပြီးတော့ ကျွန်မနဲ့ရွှေရည်ကို မျက်စ ပစ်ပြကာ…အခြေအနေ မကောင်းရင် ပြေးရအောင် မျက်နှာရိပ် မျက်နှာကဲ ပြသည်….
အခြေအနေက ထင်ထားတာထက် ပိုဆိုးနေသည်….
ခွန်းကြီးမှာ မျက်လုံးပြူးပီး လျာထွက်နေတော့မှ မိသိမ့်လဲ သတိဝင်ကာ…ခွန်းကြီးကို ညှစ်နေသော သူမလက်ကို ကြည့်နေတုန်း….ခွန်းကြီးက မျက်လုံးကြီးလည်ကာ မိသိမ့်လည်ပင်းကို ပြန်ညှစ်လေသည်
မိသိမ့်ကလဲ မျက်လုံးကြီးပြူးကာ အပြိုင်ပြန်ညှစ်လေသည်……
ကျမနဲ့ ရွှေရည်လဲ လက်ဆွဲကာ ပြေးမိ ပြေးရာ ပြေးကြရာ ကိုသူနှင့် လူချင်းကွဲသွားသည်…..
×××××××××××××××××××××××××××××××××××××××××××××××
“အခန္​း ၁၆”
ကျွန်မနဲ့ ရွှေရည်လည်း တွေ့တဲ့အခန်းမှန်သမျှ ဖွင့်ပြီး ပြေးလာခဲ့ ကြသည်..
ထူးဆန်းတာက တံခါးတွေက အခန်းတခန်း ဝင်မိတိုင်းပြန်ပိတ်သွားသည်…နောက်ဆုံးအခန်းထဲ ကျွန်မနဲ့ ရွှေရည်လဲ ရောက်ရော ပြေးစရာ တံခါးပေါက် မရှိတော့ပေ….
ကျွန်မနဲ့ ရွှေရည်လဲ တယောက်ကို တယောက် တင်းနေအောင်ဖတ်ထားလိုက်သည်…
ထိုစဉ် ကျွန်မ တစုံတရာကို ဖျက်ခနဲ့ သတိရလိုက်သည်….ရွှေရည့် လက်ကိုဆွဲပြီးး…လက်စွပ်ကို ချွတ်လိုက်သည်…ချွတ်လို့မရ..ကျွန်မ သက်ပြင်း တချက် ချပြီး…
“ရွှေရည် …နင်ဒီလက်စွပ် ဘယ်ကရလဲ”
ရွှေရည် ခေါင်းငုံ့လိုက်ပြီး…
“ဒီအိမ္​က ရတာ ”
“ဟင်”
ကျွန်မနားမလည်နိုင်စွာ ကြည့်လျှင် ရွှေရည်က…
“ဟုတ်တယ်…ချစ်စုအမှန်အတိုင်းပြောရင် ဒီအိမ်ကြီးရှေ့ ငါတို့ ပထမဆုံး ရောက်တဲ့ နေ့က ခြံစောင့်လို့ ထင်တဲ့ တယောက်လေ.. တကယ်တော့ သူက ဒီခြံပိုင်ရှင်…သေပြီးသားလူတစ်ယောက်ပေါ့….နင်နဲ့ငါ ခြံရှေ့ သူနဲ့ စကားပြောပြီး သူပြန်တော့ ကျကျန်ခဲ့တာ ငါလဲကောက်ပြီးသိမ်းထားတာ.ရှင်းရှင်းပြောရရင်.. သူတမင် ချထားခဲ့တာ…အကြောင်းက လူစား.လဲချင်တာလေ…လက်စွပ်ကို ငါယူမ်ိအောင် စိတ်ညို့ထားတာ.. ..ပြီးတော့ ဒီလက်စွပ်ကြောင့် ငါနဲ့ ပတ်သတ်တဲ့ သူတေ အကုန် ကျိန်စာ မိအောင် ကျိန်စာတိုက်ထားတာ”
ကျွန်မလဲ ရွှေရည့်ကို အံ့သြစွာ ကြည့်ပြီး…
“ဘယ်လို…ဒါဆို ငါမက်ခဲ့တာတေက တကယ်ပေါ့..”
ရွှေရည်က ခေါင်းငြိမ့်ပြသည် ပြီးတော့ စိတ်မပါစွာ ဟက်ခနဲ တချက်ရယ်လိုက်ပြီး…မျက်ရည်တေဝိုင်းပြီး..ကျွန်မကို ကြည့်ကာ…..
“ငါ အရမ်းကြောက်တယ် ချစ်စု…ငါလက်စွပ်ကို စွပ်ကြည့်ပီး ပြန်ချွတ်မရတော့ ငါသေရတော့မယ်ဆိုတာ သိလာတယ်…ညတိုင်း အိမ်မက်ဆိုးမက်တယ်…အိပ်လဲ မအိပ်ရဲဘူး…နင် စိတ်ဆင်းရဲမှာ စိုးလို့ ငါပြောမထွက်ခဲ့ဘူး…နင်ခံစားရတာထက်အများကြီးပိုတယ်…သူက သူအဲ့လိုလုပ်ခဲ့တယ် ဆိုတဲ့ အကြောငိး ငါ့ကို အိမ်မက်ပေးတယ် သူလာပြောတာတော့ မဟုတ်ပူး ရုပ်ရှင်ပြသလိုပေါ့ …သူလုပ်ခဲ့တဲ့ အရာတေကို ပိတ်ကားမှာ ကြည့်နေရသလို ပြတာ..”တဲ့
ကျွန်မလည်း….
“ကိုကပြောတယ်…လက်စွပ်ချွတ်ပီး ဖျက်ဆီးနိုင်ရင် ကျိမ်စာ ပြယ်မယ်တဲ့..ငါတို့ ကြိုးစားကြည့်မယ်လေ”
“အင်း…ငါ့အတွက် မဟုတ်တောင် နင်လွတ်မြောက်ဖို့ အတွက်…ငါ့လက်ဖြတ်ရင် ဖြတ်ရပါစေ…ငါရအောင်ချွတ်မယ်”
ထိုစဉ်….
“ဟား…ဟား..ဟား…”
“ဟင်”
ဌက်ဆိုးတွန်တဲ့ အသံနဲ့ဟိုကောင်လေး ရယ်သံ…
ဝင်လာတဲ့ တံခါးကလဲ ကျွီခနဲ ပွင့်လာတော့ ကျွန်မနဲ့ရွှေရည်လဲ စောနတုန်း ကလိုပဲ တခန်းပြီး တခန်းပြေးနေမိသည်…ထိုစဉ်ရွှေရည်က အခန်းတခန်း ထဲအဝင် ကျွန်မနဲ့တွဲထားတဲ့ လက်ကို ဖြုတ်ချလိုက်တော့…အခန်းတံခါးပိတ်သွားပြီး ရွှေရည်နဲ့ လူချင်းကွဲသွားသည်…
ကျွန်မလဲ..အာခေါင်ခြစ်ပြီး အော်လိုက်သည်…
“ရွှေရည်….”
×××××××××××××××××××××××××××××××××××××××××××××××
“အခန္​း ၁၇”
တစ်ယောက်ထဲဆိုတဲ့ အားငယ်စိတ်တေ ကြောက်လန့်စိတ်တေက ကျွန်မ ကို ခြောက်လန့်နေသည်…ဒီည…ကျွန်မ အသက်ရှင်တာ နောက်ဆုံးလား… ကျွန်မရောက်နေတဲ့ အခန်းမှာ ဆွဲကြိုးချသေနေတဲ့…ကိုသူ့အလောင်း..
ကျွန်မ ဆုံးဖြတ်ချက် တခု ချလိုက်သည်…ကျွန်မထွက်မပြေးတော့ဘူး..
ပြေးတော့ရော..လွတ်မြောက်မှာတဲ့လား…
ကျွန်မလဲ ထိပ်တိုက်ရင်ဆိုင်မယ်…တွေးပြီး…နောက်ဆုံး တံခါးတချပ်ကို ဖွင့်ပြီးဝင်တော့…အိမ်ကြီးရဲ့ ဧည့်ခန်းထဲကို ရောက်လာသည်…
အိမ်ကြီးက စောနကလို ခြောက်ခြားဖွယ်ရာ မဟုတ်တော့…
မီးတွေကလည်း ထိန်ထိန်လင်းပြီး ခမ်းနားတောက်ပြောင်နေသည်… ဧည့်ခန်းက…ဆိုဖာခုံ တခုံမှာ..လူတစ်ယောက် ကျွန်မကို နောက်ကျောပေး ထိုင်နေတာ တွေ့လျှင်..ကျွန်မလဲ အဆိုးဆုံးကို ရင်ဆိုင်မယ်တွေးလိုက်ပြီး…ဒေါသကြီးနဲ့…
“ရှင် ဘယ်သူလဲ …ကျွန်မတို့ ဘာရန်ညိုး ရှိလို့ ခုလို ကျိမ်စာတိုက်ရတာလဲ…သတ္တိရှိတယ်ဆို ရှင်ထွက်ခဲ့လေ….ကျွန်မနဲ့ ထိပ်တိုက်ဖြေရှင်းမယ် “…လို့ ပြောပြီး
ကျွန်မ သူ့ရှေ့ရပ်လိုက်တော့….မိန်းမ တယောက် ..ဆံပင်တွေနဲ့..သူ့မျက်နှာ ဖုံးထားသည်….
ကျွန်မ..သေချာကြည့်နေတုန်း…လေတချက်အဝှေ့ ..ဆံပင်တေ လွင့်သွားတေ့ာ…..မျက်နှာ တပြင်လုံး သွေးမရှိပဲ… မျက်လုံးအပြူးသားနဲ့ …..သေနေတဲ့…ရွှေရည့် မျက်နှာ…..ကျွန်မလဲ ရွှေရည့်နား ထိုင်ချလိုက်ပြီး..
“ရွှေရည်….ဟင့်”
ကျွန်မ ရှိုက်ငို လိုက်သည်….ကျွန်မ ချစ်ရပါသော ကျမ သူငယ်ချင်း…
ိထိုစဉ်…
“ဒေါက်”
ရွှေရည့် လက်မှ လက်စွပ် ကလေး ကျလာသည်….ကျွန်မ
လဲ ကြောင်ကြည့်နေသည်…
ပြီးမှ သတိရကာ ကောက်ထားပီး ….ကျွန်မ နောက်ဆုံးလုပ်မယ့် အလုပ်ကို ဆုံးဖြတ်လိုက်သည်…..ကိုနဲ့တွေ့မယ်…ကိုနဲ့ စကားပြောမယ်လို့…ကျွန်မလည်း ချက်ချင်းပင်..ဧည့်ခန်း အလယ်ထိပြေးပြီး…..
“ကိုရေ….ထွက်ခဲ့ပါ …ကိုနဲ့တွေ့ချင်တယ်….ဟင့်”
ကျွန်မ မျက်ရည်တေ သုတ်လိုက်ပြီး….
“ကို…ချစ်ကို သနားပါဦး…ထွက်ခဲ့ပါကိုရယ်….နောက်ဆုံး အနေနဲ့.
ကိုနဲ့ တွေ့ပါရစေ…ကို့….”
လို့ တယောက်ထဲ အရူးလို အော်ပြောနေမိသည်…စိတ်ထဲမှာလဲ… ယုံကြည်နေသည်……ကို ကျွန်မဆီ လာမယ်ဆိုတာ…..
×××××××××××××××××××××××××××××××××××××××××××××××
“အခန္​း ၁၈”
(ဇာတ်သိမ်းပိုင်း)
“ခ​်စ္​”
နောက်ကနေ ကို့ ခေါ်သံ ကြားတော့ ကျွန်မလဲ ဝမ်းသာ အားရ ပြေးဖက်လိုက်သော်လည်း ကို့ကို မဖက်မိဘဲ လေထုနဲ့သာ ထိတွေ့လိုက်ရသည်
“ဟင့်”
ကျွန်မ..ငိုချလိုက်သည်…
ကိုက ကျွန်မကို ထိလို့မရပေမယ့် လေထဲကနေ မျက်ရည်တေကို သုတ်ပေးရင်း….
“ငိုရင် မလှတော့ဘူး”…တဲ့
“ငိုပါတယ်ဆို လှပါ့မလား..”
လို့ ကျွန်မလဲ ပြန်ပြောလိုက်ပြီး လက်စွပ်လေးကို ပြလိုက်ကာ…
“ဒါကို ဘယ်လို ဖျက်ဆီးရမလဲ”
းပုံကြီးကို လက်ညိုး ထိုးပြသည်….ကျွန်မလည်း လက်စွပ်ကို မီးပုံထဲထည်ု့ပြီး ကျေနပ်စွာ ပြုံးပြီး နှုတ်ခမ်းကို ရွဲ့ကာ စိတ်ထဲက ပြောလိုက်သည်…
“…………”
×××××××××××××
အိမ်ရှေ့ ကားဟွန်းတီးသံ ကြားလို့ ကျွန်မ အိမ်အပြင် ထွက်လာတော့ အိမ်ရှေ့ အသားဖြူဖြူ ချောချော ကောင်လေး နှစ်ယောက်က…
“အစ်မ…ဒီအိမ်က လူနေလားဗျ”
“ဘာလို့လဲ..”
ကျွန်မလဲ မျက်မှောင်ကြုတ်ပီး မေးလိုက်သည်..
“ဒီ အိမ်က သရဲခြောက်တယ် ပြောလို့.. ကျွန်တော်တို့ သူငယ်ချင်းတွေ… စိတ်၀င်စားလို့ .. အဲ့တာ တညလောက် လာနေချင်လို့.. အိမ်ရှင်နဲ့ စကားပြောချင်လို့ပါ”
“သြော်…
ဒါနဲ့ စကားမစပ်….သေခြင်းတရားက ကျွန်မ ဘဝရဲ့ နိဒါန်းလေ”
လို့ ပြောပီး… မျက်လုံးတေကို မှေးကျဉ်းပီး အဓိပ္ပါယ် ပါပါ ပြုံးပြလိုက်သည်..
ကောင်လေး၂ယောက်က နားမလည်တဲ့ မျက်လုံးတွေနဲ့ ကျွန်မကို ကြည့်နေလျှင်… ကျွန်မလဲ..ပစ္စည်း တခုကို မသိမသာ လွှတ်ချလိုက်ပြီး …အိမ်ထဲဝင်ခဲ့သည်…
ကောင်လေးတယောက်က ဘာရယ်မဟုတ် လက်စွပ်လေးကို ကောက်ပြီး..ဝတ်ကြည့်လိုက်လျှင်….ကို အပါအဝင် ကျွန်မတို့အဖွဲ့အားလုံးက ကျွန်မရဲ့.. လုပ်ရပ်ကို ကျေနပ်တဲ့
အမူအရာနဲ့ ခေါင်းညိမ့်ပြသည်…နောက်ဆုံးတော့ …..
ကျွန်မတို့ အားလုံး ဒီဘဝက ကျွတ်ပီလေ….
အချိန်တွေ ကြာခဲ့ပြီလေ…
ကျွန်မလဲ ကျေနပ်စွာ ပြုံးရင်း နှုတ်ခမ်းကိုမဲ့ကာပြောလိုက်သည်….
“Game Over..”

*ပြီးပါပြီ*

(ပထမဆုံး ရေးခဲ့တဲ့ စာမူလေးပါရှင့်)
လေးစားစွာဖြင့်..
နွေရွက်လွှာ
×××××××××××××××××××××××××××××××××××××××××××××××