ကြုံရဆုံရ တခဏတာ

Posted on

ကြုံရဆုံရ တခဏတာ (စ/ဆုံး)
————————————-
ဟိုးတစ်နေ့က ဗိုလ်အောင်ကျော်လမ်းမှာ ကိစ္စတစ်ခု့နဲ့ရောက်သွားတော့ အလုပ်ကိစ္စကလည်းမပြီးသေး ဗိုက်ကလည်းဆာဆာနဲ့ ဘေးဘီဝဲယာ အနီးဆုံးမှာကြည့်မိတော့ တိုက်နံရံနှင့်ကပ်လျှက် ပလက်ဖောင်းဘေးမှ့ အထမ်းသည်ရွှေညာမောင်အသုပ်ဆိုင်ကလေး။

အဲ့ဒီ့ဆိုင်ကလေးမှာပဲ မုန့်ဖတ်သုတ်ကလေးတစ်ပွဲဝယ်စားရင်း ထိုင်ဖြစ်သည်။

ကိုယ်စားနေစဉ်အခိုက်အတန့် ကိုယ့်အရှေ့က ဖြတ်လျှောက်လာတဲ့ လင်မယားစုံတွဲက ကိုယ့်ကို ပိုက်ဆံလာတောင်းတော့ အိတ်ထဲရှိ့တဲ့အကြွေကလေး အမှတ်တမဲ့ထုတ်ပေးရင်း သူတို့လင်မယားကိုကြည့်မိသည်။

အသက်က ၇၀ ကျော်ကျော်ဝန်းကျင်တွေ၊ အမျိုးသမီးကတော့ မျက်စေ့သိပ်မကောင်းပေ၊ သူ့အမျိုးသားဖြစ်သူက ဖေးမပြီးလျှောက်လာတာကိုတွေ့ရသည်။
ဟန်လုပ်ပြီး မကောင်းချင်ယောင်ဆောင်နေတဲ့ပုံစံလုံးဝမဟုတ်၊
ဥပဓိရုပ်တွေကလည်း တကယ့်လူရည်သန့် သူတောင်းစားတွေရဲ့ ပုံစံမျိုးလည်း လုံးဝမတွေ့ရ။

ဖျတ်ကနဲချက်ချင်းတွေးမိလိုက်သည်က အလုပ်လုပ်စားနိုင်တဲ့ ငွေကြေး၊ ခန္ဓာကိုယ်အင်အား လုံးဝပြတ်လပ်သွားသော ကြောင့်
ရှေ့မျက်နှာနောက်ထားပြီး လာတောင်းကြသည်ဟု့ ယုံကြည်ထင်မြင်ရသော စုံတွဲဖြစ်သည်။

ယနေ့ခေတ်အခြေအနေအရ မွဲပြာကျသွားသည့် လင်မယားပုံစံ
သူတို့ကိုကြည့်ပြီး ရင်ထဲမကောင်းမိ။

သူတို့ကလည်း ပေးလိုက်သော ငွေကြေးအကြွေစကိုယူပြီး ခြေလှမ်း ၃/၄ လှမ်းခန့် ထွက်သွားချိန်မှာ ငါလည်းထမင်းစားချိန် သူတို့လည်းဗိုက်ဆာနေမှာလို့ ချက်ချင်းတွေးရင်း လှမ်းခေါ်မိလိုက်သည်။

“ဒီမှာ ဒီမှာ တစ်ခု့ခု့စားဦးလေ ဘာစားချင်လဲ”

ကိုယ်ပြောလိုက်တဲ့စကားသံကို သူတို့ကြားသည်လား မကြားသည်လား မသိ နောက်ထပ်ခြေလှမ်းဆက်လှမ်းနေကြသည်။
လှမ်းပေမပေါ့ သူတို့လို ပိုက်ဆံလာတောင်းသူကိုဘယ်သူက ထမင်းခေါ်ကျွေးပါမည်နည်း ( ရှိ့ခဲ့လျှင်ရှိ့ပေမပေါ့ ) ငါတို့ကိုခေါ်တာမဟုတ်ဘူးဟု့ ကြားလည်း မကြားသလိုဆက်လျှောက်ခြင်းသည်သာဖြစ်နိုင်သည်။

ထိုစဉ် ဆိုင်အကူစားပွဲထိုးကလေးက ချက်ခြင်းအနောက်ကလိုက်ပြီး
” ဦးလေး ဦးလေး ဒီမှာပြောနေတယ် ဘာစားမလဲတဲ့ စားချင်တာစားတဲ့ ”
ထိုခလေးက တဆက်တည်း ကျွန်တော့်ဖက်သို့လက်ညှိုးညွှန်ပြရင်းပြောလိုက်ခြင်းဖြစ်သည်။

လင်မယား နှစ်ယောက်စလုံးက မယုံရဲရဲဖြင့်
ကိုယ့်ကိုလှည့်ကြည့်သည်၊
သည့်တော့မှ့ ကိုယ်ကလည်း

” ဟုတ်ကဲ့ဘာစားမလဲ လာထိုင်လေ စားချင်တာစား ဗိုက်ဆာရောပေါ့ ဘာမှ့မစားရသေးဘူးမဟုတ်လား ”

” မစားရသေးဘူး ”
ထိုစုံတွဲက မယုံမရဲ ဇဝေဇဝါဖြင့် အံ့အားသင့်စွာ ပြန်ဖြေသည်၊ မျက်နှာမှာလည်း ဝမ်းသာသွားသည့်အရိပ်အယောင်တစ်ချက်လက်သွားတာကိုမြင်လိုက်မိသည်။

” မစားရသေးရင် လာစားလေ ကြိုက်တာစား အားမနာနဲ့ ”

သို့ဖြင့် စားပွဲထိုးလေးက ကိုယ့်စားပွဲသို့ခေါ်မလာပဲ တခြားစားပွဲတစ်လုံးမှာနေရာပေးပြီးထိုင်စေလိုက်ပါသည်။

” စားနော်အားမနာနဲ့ ကြိုက်တာစား အဝစား ကျွန်တော်ရှင်းမယ်
အကိုရေ သူတို့စားချင်တာအဝကျွေး‌လိုက်ပါဗျာ ကျွန်တော်ရှင်းပါ့မယ် ”

ဆိုင်ရှင်ကလည်းခေါင်းညှိတ်ပြပြီး သူတို့စားချင်တာကိုလုပ်ပေးနေသည်ကိုတွေ့ရသည်။
ခဏကြာတော့ ကိုယ်လည်းစားပြီး အလုပ်ကလည်းမပြတ်သေးသဖြင့် ကျသင့်ငွေကို သူတို့အတွက်ပါရှင်းပေးရင်း

” နောက်ထပ်ဘာစားဦးမလဲ စားနော် အားမနာနဲ့အဝစား ”

” ဟုတ်ကဲ့တော်ပါပြီ ဒီလောက်ဆို ဝပါတယ်
ကျေးဇူးတင်ပါတယ် ကျန်းမာ ချမ်းသာပါစေ………..”

စသဖြင့် တည်ငြိမ်စွာ ဆု့တွေပေးနေသေးသည်။
သူတို့စားနေတာကိုကြည့်လိုက်တော့ တို့ဟူးသုပ် တစ်ယောက်တစ်‌ပွဲ၊

ပုံမှန်အထမ်းသည်လေးတွေရောင်းသည့် တစ်ယောက်တစ်ပွဲစာထည့်ပေးထားသည့်ပုံစံမဟုတ်အတော်များများကို ထည့်ပေးထားခြင်းဖြစ်သည်။

ဈေးသည်ကပါ အသံတိတ် ဝင်လှူခြင်းဖြစ်သည်ဆိုတာကို မပြောပဲသိလိုက်မိသည်။

ဈေးသည်ကိုလည်း ကျေးဇူးတင်သောအပြုံးဖြင့် ခေါင်းညိတ်နှုတ်ဆက်တော့
ရပါတယ်ဗျာဟူသောအဓိပ္ပါယ်ရသည့် အပြုံးနှင့်အတူ အသံတိတ်လက်ကာပြကာ ပြန်နှုတ်ဆက်သည်။

ခု့ခေတ်ကာလ အခြေအနေမှာ လူချမ်းသာတွေ လုံးပါးပါးလာသလို
အတန်အသင့်ပြေလည်သူတွေ ကြပ်တည်းလာကြသည်။

မရှိ့နွမ်းပါးသူတွေ တောင်းစားရသော ဘဝကိုလက်တွေ့ကွင်းဆင်းနေကြပြီ၊
သည်လိုလူတွေ ဘယ်လောက်တောင်များရှိ့နေပြီလဲ
ရင်ထဲမကောင်းဖြစ်မိသည်ကားအမှန်ပင်၊
သို့သော်လည်းကိုယ်တိုင်က လူတိုင်းကို အလုံးစုံ လိုက်လံကူညီနေနိုင်သည်ကားမဟုတ်ချေ၊
တနိုင်တပိုင်အခိုက်အတန့် ကူညီနိုင်ခြင်းသည်သာဖြစ်၏။

သက်ပြင်းမောလည်းချမိသလို
ကြည်နူးမိခဲ့သည်ကားအမှန်ပင်။

ဒီဘဝဆိုးကြီးတွေက အမြန်လွတ်ကြပါတော့…..
ဆိုးရွားလှတဲ့ဘဝတွေ ဘယ်အချိန်အထိ ဆက်ဖြစ်နေကြဦးမှာလဲ……

နှလုံးစိတ်ဝမ်းချမ်းမြေ့ရတဲ့ဘဝတွေကို အမြန်ဆုံးပိုင်ဆိုင်နိုင်ကြပါစေတော့ ဟု့ ဆု့တောင်းရင်း လေးကန်သောခြေလှမ်းများဖြင့် လှည့်ထွက်လာမိတော့သည်။

Htein Win Zaw

Leave a Reply

Your email address will not be published. Required fields are marked *