မနက်စောစော အိပ်ရာနိုးစ အာရုံကြည်လင်စမှာပင် မိခင်ဖြစ်ပြီဟု သူ့ကိုယ်သူ အသေအချာ စွဲမှတ်ယူလိုက်ရ သည်။ ပထမတွင် အဝါနုရောင်ပြေပြေ ပြေးသော အိပ်ရာ ခင်းစကို တဆတ်ဆတ် တုန်ယင်သည့် ညာလက်ချောင်း လေးများနှင့် ပွတ်သပ်စူးစမ်း၏။
အညိုရောင် သစ်ခက်လေးကျဲကျဲ ပက်ထားသည်မှ အပ မည်သည့်အစွန်းအထင်းမျှ ရှိမနေ။ အိပ်ရာက နိုးထ တိုင်း ဒီလိုကြည့်မိခဲ့တာ ဘယ်လောက်ကြာပြီလဲ။ သုံး ရက်… ဒီမနက်ဆို လေးရက်ပေါ့။ သုံးရက်မြောက်နေ့ အထိ မယုံရဲရဲ။ နည်းနည်းပါးပါး နောက်ကျတာလည်း ဖြစ်နိုင်တာပဲဟု အခန့်မသင့်လျှင် တစ်ရက်၊ နှစ်ရက်လောက် နောက်ကျဖူးသူက တွေး၏။ ခုတော့ လေးရက်မြောက်လေ။ အိပ်ရာခင်းဆီက ခွာလာသည့် လက်များသည် ပွ ရောင်းရောင်းဆံနွယ်တို့ကို ပွတ်သပ်လိုက်သည်။ သား ရေကွင်းပျော့ကို ဆွဲကာ စည်းနှောင်သည်။ အဆီပြန်သော မျက်နှာကို တစ်ချက်၊ နှစ်ချက်တို့ပွတ်သည်။ ဘေးသို့ ငဲ့ကြည့်သော် ခင်ပွန်းသည်မှာ မျက်လုံးစေ့ပိတ် အိပ်မော ကျဆဲ။ အသက်ရှူသံမှန်မှန် ထွက်ပေါ်၍ အိပ်စက်ပျော် လျက်ရှိသည့် ထိုမျက်နှာမှာ အပူကင်းဟန် ထင်မှတ်ရ၏။
ခုနေများ နိုးလာလျှင်တော့ စေ့စေ့စူးစူးကြည့်သည့် သူ့ကို အံ့အားသင့်မည်။ နောက်တော့ ဘာကြည့်နေတာတုံးဆို ကာ ရယ်မောလိမ့်မည်။ သေချာသလောက်ရှိသည့် သတင်းအကြောင်းများ ဖွင့်ပြောရ ကောင်းလေမလား။ ဖွင့်ပြောလျှင်ပြောချင်း ခံစားမှုမျိုးစုံ ဖြတ်ပြေးမည့်မျက်နှာ ကို မှန်းကြည့်သည်။
ရုပ်ရှင်များထဲကလိုတော့ ဟေးခနဲ ထအော်ကာ ရယ်မောကာ သူ့ကို ပွေ့ဖက်နမ်းရှုပ်လိမ့်မည်မဟုတ်တာ သေချာသလို ရှိနေပြန်သည်။ ဘယ်လိုများ ဖြစ်သွားမှာပါ လိမ့်။ ပထမ အံ့အားသင့်မည်။ နောက်တော့ သူ ပြုံးမည် ထင်သည်။ ဟန်မလုပ်တတ်သူမို့ ‘သေချာပြီလား” ဟု ခပ်ရိုးရိုးမေးလိမ့်မည်။ ခေါင်းညိတ်ပြလိုက်ပြီဆိုပါစို့။ သူ့အပြုံး မှိန်သွားလေမလား။ သည်လောက်တော့ မဖြစ် နိုင်။ အနီးစပ်ဆုံးကတော့ ‘ကောင်းတာပေါ့ကွာ” ဟု မရေ မရာ စကားဆိုလိမ့်မည်။ ပြုံးမြဲပြုံးလိမ့်မည်ထင်သည်။ ခေါင်းကိုလည်း ဖွဖွသပ်ချင်သပ်လာမှာပေါ့။
ခင်ပွန်းသည် တစ်ချက်လူးလွန့်တော့ သူ ဆတ်ခနဲ တုန်သွားသည်။ သူ့မျက်နှာပေါ်က အမျိုးအမည် တပ်ရ ခက်သော ခံစားရိပ်များကို ခုနေများ နိုးလာပြီး တွေ့တော့မလား။
မမြင်သာ ပုန်းခိုသည့်အဖြေကို စောင့်ရစဉ်တုန်း ကတည်းက သူ့စိတ်မှာ အရိပ်စုံလှသည်။ အပျော်စိတ် သည် လေးပင်ခြင်းကို ရံလျက် ဖြစ်တည်၏။ ပြီးပြည့်စုံ သော ကျေနပ်ဝမ်းမြောက်ခြင်းလည်းမမည်၊ တင်းပြည့် ကျပ်ပြည့် စိတ်ပျက်ခြင်းလည်းမဟုတ်။ ဘယ်လိုပြောရပါ့။ ကြိုချိန်မတန်သေးသော ဧည့်သည်က အိမ်ဧည့်ခန်းဆီ ဆိုက်ဆိုက်ရောက်လာသလိုလို့ ဆိုရမလား။ ရံခါတော့လည်း ဟုတ်လိမ့်နိုး ရင်ခုန်တက်ကြွနေ ပြန်သည်။ ဒုတိယမြောက်ရက်တုန်းက ထင်ပါရဲ့။ ရေချိုး ခန်းထဲမှာ ဝမ်းဗိုက်လေး ငုံ့ကြည့်လျက် ပြုံးတုံ့တုံ့ပြုနေဖူး သည်။ ခဏနေလျှင် မျက်ဝန်းများ ငေးမှုန်မှိုင်းရီကာ ရေကို အတောမသတ် သတိလက်လွတ်ပင် လောင်းမိ သည်။ နောက်တော့လည်း ဝမ်းထဲ ခိုအောင်းစ ပြုနေ လောက်မည့် ကလေးငယ်ကို အားနာကာ စိတ်နောက်ကျိ ခဲ့ရသည့် ရေချိုးခန်းကို အမြန် ခွာလာ၏။ ဧည့်ခန်းမှာ သီချင်းကျယ်ကျယ်ဖွင့်ကာ လိုက်ညည်းသည်။ သီချင်း တစ်ပုဒ်ဆုံးလျှင် နံရံကိုမှီလျက် ငိုင်တွေခဲ့ဖူးသည်။ တတိယမြောက်ရက်ကျပြန်တော့လည်း ထိုနည်း လည်းကောင်း စိတ်ရောင်စုံ။ မဟုတ်ပါဘူးဟု ကိုယ့်ကိုယ် ကိုယ် အတန်တန်အားပေး၏။ ဟုတ်များနေရင်ကောဟု ကိုယ့်ဘာသာ ပြန်မေးသည်။ ညက ကောင်းစွာပင် အိပ် မပျော်။ နံနက်ဦးကို စောင့်ခဲ့သည်။ ဟော.. ခုတော့ အဖြေဟာ ထင်းထင်းပေါ်သလောက် ရှိခဲ့ပြီလေ။
သူသည် ခင်ပွန်း၏ စေ့စေ့ပိတ်ပိတ် မျက်လုံးအစုံ ကို ငေးကာ အမှတ်မထင် ပင့်သက်ရှိုက်ချလိုက်သည်။ အခန်းတွင်း ဟိုဟိုဒီဒီအကြည့်ရွှေ့တော့ စိတ်ထွေပြား သော သူ့မျက်နှာမူရာကို ဗီရိုမှန်တံခါးမှာ ရိပ်ခနဲ လှမ်း မြင်ရသည်။ ထိုမျက်နှာကိုပင် တွေတွေငေးကာ ခေါင်းကို ခါယမ်းလိုက်သည်။ မပြောတော့ပါဘူး၊ မပြောသေးပါ ဘူး။ လန်းဆန်းသော မျက်နှာရိပ်နှင့် အသင့်ဖြစ်ချိန်မှသာ ဖွင့်ပြောရလိမ့်မည်။ အိပ်ခန်းတွင်းက ထွက်ခွာ၍ မီးဖို ခန်းရောက်လျှင်ရောက်ချင်း ဘေစင်အနီးက မှန်တံခါး ချပ်များကို သူ ဆွဲဖွင့်သည်။ ပုစွန်တောင်ချောင်းသည် နောက်ကျိသောအဆင်းကိုဆောင်ကာ တငြိမ့်ငြိမ့် စီးမြဲ စီးလျက်။ စက်လှေတစ်စင်း ဆန်တက်သွားပုံကို မြင်ရ သည်။ လတ်ဆတ်သော လေနုသည် သူ့မျက်နှာကို တို့ထိလျက်။ စိတ်သည် ခဏငယ်မျှသောအခိုက်တွင် တိမ် စင်လပမာ ကြည်လင်၏။
ကြည်စိတ်နှင့်ပင် ကိုယ်လက်သန့်စင်သည်။ ထမင်း တည်သည်။ ငါးကြင်းဆီပြန် တစ်ခွက်ချက်သည်။ ခင်ပွန်း နိုးသော် ကော်ဖီနှင့် ပေါင်မုန့်ပြင်ဆင်ပေးသည်။ ပုဆိုး အင်္ကျီထုတ်ပေးသည်။ ထမင်းဘူး မပြင်ရသေးပုံကို သတိရစိတ်နှင့် အိပ်ခန်းက အလောသုံးဆယ်ထွက်သော် ရေချိုးခန်းက ထွက်လာသူနှင့် နှာခေါင်းပေါက်သာသာ မီးဖိုခန်းဝမှာ ရင်ဆိုင်တိုးမိကြသည်။ သူ့ရယ်သံကြားရ သည်။ ဆပ်ပြာရနံ့ သင်းမြမြ။ ကြည်ရမည့်အစား စိတ် မှာ တဒင်္ဂ ညို့ရပြန်သည်။ မလုံစိတ်လေလား။
ရယ်သံနှင့်အတူ နားရွက်ဖျားကို တစ်ချက်လှမ်း၍ တို့ထိလာတော့ ‘အဝတ်လဲတော့၊ ပြီးရင် မနက်စာ စား သွားဦး”ဟု ပြောနေကျလို သူပြောမိသည်။ ပြုံးနေကျလို ပြုံးမိသည်။ ဆောင်နေကျမဟုတ်သော သူ့အမူအရာသစ် ကို ခင်ပွန်းက အကဲမဖမ်းနိုင်ခင်မှာပင် မီးဖိုအနီးသို့ ပြန် ရောက်လာသည်။
နံနက်ခင်းသည် လည်နေကျ သံသရာနှင့်ပင် သူ့ ဝန်းကျင်မှာ ခရီးဆက်နေသည်။ အခန်းတွင်းက နှုတ် ဆက်ထွက်ခွာသံ၊ တံခါးပိတ်သံတို့၏နောက်မှာ အခန်း သည် တိတ်ဆိတ်ငြိမ်သက်လာပြန်သည်။ ကော်ဖီသောက် ဦးမည်တွေးသော်လည်း မီးဖိုဆီမရောက်။ ဧည့်ခန်းလယ် တွင် ငူငူသာရပ်နေမိသည်။ လက်တို့သည် အကြောင်းမဲ့ ပင် တရွရွရှိလာပြန်သည်။ ဝမ်းသားပြင်ရှိရာဆီ ဖွဖွတို့ ထိမိပြန်သည်။
“ကလေးရေ… ကလေးလေးရေ”
တစ်ကြိမ်ပင် ရွတ်ဆိုဖူးခြင်း မရှိခဲ့သော အမည်နာမ သည် နှုတ်က ကျ၍လာလေပြီ။ စိတ်သည် လှုပ်လှုပ်ခတ် ခတ်ရှိလာ၏။ ဒူးအစုံသည် မြဲမြဲရပ်ခြင်းငှာ မစွမ်းသာ။ ခွေညွှတ်ကျ၏။ ဧည့်ခန်းကြမ်းပြင်ကို တွေတွေစိုက်ကြည့် သော်လည်း ကောင်းစွာမမြင်။ အမြင်သည် တစစဝေ ဝါး၏။ နောက် ရှိုက်ကာ ရှိုက်ကာ။ ကလေးလေးရေ။ ကလေးအတွက် ပြီးပြည့်စုံတဲ့ ကမ္ဘာတစ်ခုတော့ဖြင့် မေမေ ဖန်ဆင်းပေးချင်ပါရဲ့။ လော လောဆယ်တော့ မေမေ့ကမ္ဘာဟာ အလှချည်းမဟုတ်ဘူး။ မေမေကျင်လည်နေတဲ့ လောကဟာလည်း အလှချည်း
သာ ကြီးစိုးတဲ့လောက မဟုတ်ဘူးကွဲ့။ မခေါ်သာတဲ့ အဖြစ်၊ မခေါ်ရက်တဲ့အဖြစ်အတွက် ဝမ်းနည်းငိုကြွေးရတဲ့ မေမေ့ကို ကလေး ခွင့်လွှတ်လှည့်ပါ။
မျက်ရည်သည် ကြမ်းသို့ တပေါက်ပေါက်ကျ၏။ ကြမ်းက မျက်ရည်တို့ကို လက်နှင့် သုတ်မိပြန်သည်။ စားပွဲပုအနီးသို့ ဒရွတ်တိုက်တိုးလာကာ ဗလာစာအုပ်တစ် အုပ်ကို ဆွဲချသည်။ အနာဂတ်ရင်သွေး၏ ရုပ်ပုံကို မှန်း ဆမြင်ကာ ရင်ခုန်လှိုက်မောကာ သူရေးခြစ်ခဲ့ဖူးသည့် စာအုပ်လေ။ အိမ်ထောင်ဦးချိုမြိန်ဦးကာလမို့ အပျော်စိတ်၊ ကြည်သာရွှင်ပျစိတ်နှင့် ရေးခဲ့သည်။ ခင်ပွန်း၏ လှပ သော မျက်လုံး မျက်ခုံး၊ ပိရိသော နှုတ်ခမ်းဖွဲ့စည်းပုံကို သူ ရွေးခဲ့သည်။ နှာတံမှာ သူ့နှာတံဖြစ်သည်။ ဆံပင်ထူထဲ ပုံကတော့ အဖေတူ အမေတူပေါ့။ စိတ်နေစိတ်ထားကို တော့ ပုံဆွဲမရသည်မို့ အတွေးနှင့်သာ ရေးခြစ်ရသည်။ ဖေဖေ့လို အခက်အခဲကို တွေးမကြောက် ရင်ဆိုင်ကျော် ဖြတ်နိုင်သော၊ ဘဝကို နေပျော်အောင် နေတတ်လာသော စရိုက်ကလေးရှိရမည်။ သည်စရိုက်ကို တလက်လက် တောက်ပသည်အထိ ပြုံးရယ်တတ်သော မျက်လုံးလေး များနှင့် ဖော်ခဲ့သည်။ မေမေ့လို တစ်ပါးသူအပေါ် နား လည်မှုပေးရန် ကြိုးပမ်းတတ်သော စရိုက်ကိုတော့ ကွေး ညွှတ်ပြုံးသည့် နှုတ်ခမ်းလေးများအားဖြင့် ရေးခဲ့သည်။ ကလေးရေ…။
ခုတော့ ခဲရုပ်ပုံထဲက ကလေးလေး ပြုံးနေပုံမှာ သူ့ရင်ကို ဆုပ်ခြေသည့်ပမာ။ ပုံကလေးကို လက်နှင့် တို့မိ၏။ ဝမ်းနည်းစိတ်သည် လက်ဖျားတွင် တည်လေ သလို ခဲသားနှုတ်ခမ်းလေးများမှာ တန့်နေသည်။ အို… တစ်ခုခု ပြောလိုက်သလား၊ ကလေးတစ်ခုခု ပြောလိုက် သလား။ အမှန်တော့ နှုတ်အားဖြင့် မပြော။ မျက်လုံးအား ဖြင့် ပြောတာဖြစ်မှာပဲ။ မေမေ့ဆီ လာပါရစေ… ဆိုလား။ သူသည် တစ်မနက်ခင်းလုံး ရုပ်ပုံကလေးငေးကာ၊ ပြတင်းက မြင်ရသည့် ကုက္ကိုပင်အား ငေးကာ မှိုင်တွေ တွေရှိရသည်။ ထပ်၍တော့ မငိုမိ။ အားပါးတရ ငိုပြီး ပြန်တော့ မျက်ရည်ကုန်သလို တန့်၍နေသည်။ ပျော်လေ မလားဟု ာ ဟာသဇာတ်ကား ကြည့်သည်။ တစ်ချက်ပင် မရယ်မိ။ သို့သော် တစ်ကားလုံးကို ဟိုကျော်သည်ကျော် နှင့် ဆုံးအောင်တော့ ကြည့်လိုက်သည်။ အစာအိမ်က
အချက်ပြသော် မနက်စာနှင့် နေ့လယ်စာ ပေါင်းစားရသည်။
ပန်းကန်ဆေးခိုက်မှာ ပုစွန်တောင်ချောင်းကို ငေးမိ ပြန်လျှင် မြန်မာနိုင်ငံမြောက်ပိုင်းက ထရံကာအိမ်ကလေး ကို သူ အမှတ်ရလေသည်။ သားသမီး သုံးဦးစလုံးကို လိုလားဝမ်းမြောက်စွာ မွေးမြူခဲ့ပုံပေါ်သည့် အမေ့ကို ပြေး မြင်သည်။ သူ့ကို မမွေးခင်မှာ ကျား၊ မ အမည်နှစ်ခု လောက် ကြိုတင်ရွေးနှင့်ကာ ပျော်ရွှင်နေခဲ့သည်ဆိုသော အဖေ့ကိုလည်း ပြေးမြင်သည်။ သူ့ကျတော့ ဘာကများ ပြောင်းလဲစေခဲ့သနည်း။ ကလေးမယူသေးဘူးလားဟု တလောက အမေ မေးခဲ့သည်။ သူသည် ခဏမျှ အမ်း ကာ နောက်မှ သတိဝင်သလို ရယ်မောမိသည်။ “ယူမှာပါအမေရဲ့၊ ဒီနှစ်ထဲပဲ ယူမလားလို့ စဉ်းစား
နေတာ”
“ယူမှာဖြင့်လည်း ယူသမီးရဲ့။ သမီးအသက်က ငယ်တော့တာမဟုတ်ဘူး။ တော်ကြာ အသက်ကြီးလာ ရင် မွေးရဖွားရ ခက်တယ်ကော။ မိဘနဲ့ သားသမီးနဲ့ အသက်သိပ်ကွာရင်လည်း မကောင်းဘူး” ဟု အမေက ဆိုပြန်သည်။
သူသည် စက္ကန့်ပိုင်းလောက် ဆုတ်ဆိုင်းနေပြီးမှ.. “မွေးတာတော့ ဟုတ်ပါရဲ့အမေ၊ ကလေးတစ်ယောက် မွေးရင် မွေးတဲ့အချိန်ကစပြီး တောက်လျှောက်အကုန် တွေချည်းပဲတဲ့။ လောလောဆယ် ဝင်ငွေကလည်း သိပ် ရှိတာမဟုတ်ဘူး။ အိုးပိုင်အိမ်ပိုင်မဟုတ်တာ အမေသိ သားနဲ့”
“ရော် သူ့ဘာသာ ဖြစ်သွားမှာပဲ”
ရွာမှာတော့ ဟုတ်မှာပေါ့အမေရယ်…။
ရန်ကုန် လူနေမှုနှင့် အမေသည် အကျွမ်းတဝင် မရှိချေ။ တစ်နှစ်တစ်ခါ အခန့်မသင့်လျှင် အိမ်ရှာ အိမ် ပြောင်း လုပ်ကြရသော ပွဲစားတို့ လှည့်ကွက်မှာ အခါခါ စိတ်ညစ်ကြရသော အိမ်ငှားဘဝကို အမေမသိ။ မွေးဖွား စရိတ် သက်သာလိုသော်လည်း လူသက်သာခြင်းနှင့် ဝန်ဆောင်မှုကိုသာ သိန်းဆယ်ချီပေးလျက် ဦးစားပေး ရွေးချယ်ရသည့် မွေးခါနီးဖွားခါနီး မိခင်လောင်းဘဝကို အမေမသိ။ အလုပ်တစ်ဖက်နှင့်မို့ မနိုင်လျှင် ကလေးထိန်း ရှာရဦးမှာ။ ထိုကလေးထိန်းသည်လည်း ရွာမှာလို စိတ်ချလက်ချ ရှိရသူမျိုး ရဖို့ခက်တာ အမေမသိ။
ဟော… ငွေလမ်းခင်းမတတ် ပြုစုယုယလို့ ကျောင်းနေရွယ်လေး ရောက်လာပြီဆိုပါစို့။ ခေတ်နှင့်အမီပြေးသော ကျူရှင် စရိတ်၊ ကျောင်းနှင့် အထွေထွေစရိတ်က နောက်ကလိုက် လာမည်။ အများသူငါကလေးများလို အင်္ဂလိပ်စာ၊ စကား အရာမှာ နောက်ကျမကျန်စေဖို့ ကျောင်းပြင်ပ ပညာလမ်း နောက်လည်း ကောက်ကောက်ပါလိုက်ရဦးမည်။
ပြီးတော့.. ပြီးတော့ သည်လို ဒုတိယဘုရားသခင်နှင့် ဆက်နွှယ်ရာ အရေးအရာများထက် အင်မတန် နက်မှောင် ပွေလီသော လောကဝင်္ကပါနှင့် ကလေးလေးကို ထိတွေ့ ပေးရမှာ သူ ပို၍ ကြောက်နေရကြောင်း အမေနားလည် အောင် ဘယ်လိုရှင်းပြရမည်နည်း။ အမေ မပြောနှင့်၊ ခင်ပွန်းသည် နားလည်ဖို့ရာရော ဘယ်သို့ဘယ်ပုံ ရှင်း ပြရမည်နည်း။ သူ့အပူကို သူပဲ နားလည်လိမ့်မည်။
သူသည် ထိုတစ်ရက်တုန်းက အမေ့ကို စကားလုံး များစွာသုံး၍ ရှင်းမပြနိုင်ခဲ့ချေ။ “ယူမှာပါ အမေရယ်” ဟုသာ ကတိပေးခဲ့ရသည်။ ခုခေတ် အိမ်ထောင်ရေးဆို တာ ဘာညာ အစရှိသဖြင့် ကလေးမရှိသေးသော သမီး လုပ်သူအတွက် အမေ စိုးထိတ်နေပုံကို ရိပ်မိကာ ဆိတ် ဆိတ်နေခဲ့ရသည်။ အမေကတော့ ထုံးစံအတိုင်းပါပဲ။ “ဖြစ်သွားမှာပါ သမီးရယ်” ဆိုခဲ့ပေသည်။
တငြိမ့်ငြိမ့်စီးသော ချောင်းရေပြင်ကို ငေးလျက် လွင့် ပါးသည့်စိတ်အား ဆွဲခေါ်ယူငင်လိုက်သည်မှာ ဖုန်းမက် ဆေ့ချ်ဝင်သံဖြစ်သည်။ တယ်လီနောကဖြစ်မှာပဲ။ ဖုန်းရှိ ရာဆီ တစ်ချက်မျှသာ လှမ်းကြည့်ကာ ရေစစ်လက်စ ပန်းကန်တို့ကို အဝတ်ခြောက်နှင့်သုတ်ပြီး ပန်းကန်စင်မှာ စီတင်လိုက်သည်။ အနောက်ပေါက်တံခါးကိုဖွင့်သည်။ တံခါးဖွင့်လျှင်ဖွင့်ချင်း ဆီးမြင်ရသော အရေးပေါ်လှေကား ဆိုတာသည် တိုက်ခန်းနေ အိမ်ရှင်မများအတွက် အဝတ် လှန်းသာရန် ပြင်ပေးထားသည့် နေရာပမာမို့ သူလည်း အလွတ်မခံလှန်းစမြဲ။ ဘယ်လောက်ပင် ခေတ်မီမီ ခေါ်စေကာမူ သူ့ထဘီ၊ ဘောင်းဘီ စသည်ကိုတော့ အိမ့် အနောက်ဘက် လှန်းမြဲလှန်းမိတာဟာ ငယ်ဘဝ ပုံသွင်း ခံရခြင်း၏ အကျိုးဆက်ဖြစ်လိမ့်မည်။ မိန်းကလေးဆို တာဟု အစချီသော ဆုံးမစကားများစွာကို “ဟုတ်ကဲ့” လုပ်ခဲ့ဖူးသည် မဟုတ်လား။ ကလေးလေး အလှည့်ကျရင်
တွေးရော။
ကလေးလေးသာ မိန်းကလေးဖြစ်ခဲ့လျှင် ဘယ်လို ရှိမည်နည်း။ သူ့လို အူကြောင်ကြောင်နိုင်တတ်သူ ဖြစ် လာမလား။ ခင်ပွန်းလိုများ ပျော်ပျော်နေတတ်သူ ဖြစ် လာလေမလား။ ကလေးလေး၏ ရယ်မောရွှင်ပျသည့် မျက်နှာကို မြင်ယောင်တော့ အဝတ်ရုပ်ရင်းကပင် ပြုံး လိုက်မိသည်။ အသားကလေး မဖြူမညိုနှင့် ချစ်စရာ ကလေးလေး ဖြစ်လိမ့်မည်။ အိမ်ထဲမှာ တတောက်တောက် ပြေးလွှားနေလိမ့်မည်။ ရယ်မောသံ၊ မေးခွန်းမေးသံတွေ လည်း ညံနေမှာပေါ့။ မေးခွန်းမေးသမျှ ဖြေလိုက်မည် စိတ်ကူး၏။
ကလေးလေး၏ ရှင်သန်နုသစ်သော ကိုယ်ပိုင်စိတ် အတွေးကို ပိတ်လှောင်သော ပေတံစံချိန်များနှင့် တိုင်း တာပုံသွင်းမည်မဟုတ်၊ ထိန်းကွပ်ရုံသာ ဘေးကရံမည်။ ကလေးလေးသည် လွတ်လပ်ရွှင်ပျ ကြီးပြင်းလာစေရ မည်။ အချိန်တန်၍ ကလေးကို ကျောင်းပို့လိုက်ရသည့် အခါရော…။ ပထမတော့ မိခင်နှင့် အခွဲခက်သည့်အခါ ငိုယိုလိမ့်မည်။ နောက်တော့ ကျောင်းပျော်သွားမှာပါပဲ။ သူငယ်ချင်းများလည်း ရှိလာလိမ့်မည်။ အတန်းများ တစ် တန်းပြီးတစ်တန်း တက်သွားလိမ့်မည်။ ကျောင်းနှင့် ကျူ ရှင်နှင့် ကူးလူးရတာ ပင်ပန်းပြီဟု ကလေးလေး ညည်း လျှင် ဒါသည် မဖြစ်မနေ ဖြတ်သန်းရသော ပညာရေးပုံစံ ခွက်မို့ နှစ်သိမ့်ရလိမ့်မည်။ သူကတော့ ကျောင်းဖွင့်ရက် တိုင်း ကလေးလေး ကျောင်းကားပေါ်က ဆင်းလာချိန်ကို စောင့်ရမှာပါပဲ။ ကလေးလေး ပြန်ရောက်လာမှသာ သက် ပြင်းချရလိမ့်မည်။ သည်တလော ကြားသိရသည့် သတင်း များသည် မွေးမလာသေးသော သမီးမိန်းကလေးအတွက် ပူစရာတည်း။
လူအချို့အချို့သည် ဘာကြောင့်များ တိရစ္ဆာန်သာ သာ တွေးတောပြုမူတတ်သနည်း သူ စဉ်းစားမရချေ။ တစ်ဘဝသာ နေထိုင်လျက် ပြည်ဖုံးကားချရုံနှင့် သံသရာ မရှိလေဘဲ အရာရာပြီးဆုံးပြီ ထင်မှတ်ကြသလား။ သူငယ်တို့၏ သနားချစ်စဖွယ်သော မျက်နှာကလေးများ ကို မမြင်တတ်ကြဘူးလား။ ထိုထိုသော ယုတ်မာရက်သူ များနှင့်သာ ကလေးလေး တွေ့ ခဲ့မှဖြင့်… ဘုရား.။ သူသည် မျက်လုံးအစုံကို ဖျတ်ခနဲ မှိတ်ချလိုက်
သည်။ ကလေးလေးရယ် မေမေ့ဆီ မလာပါနဲ့။ ညစ်ထေး ထေးလူတွေ ပေါများလာတဲ့ ခေတ်ထဲက မေမေ့ဆီ မလာ ပါနဲ့။ လေပြည်အတိုးကို သိမှတ်ရင်း ပူထူသွားသော စိတ်ကို သူ ပြန်ထိန်း၏။ တစ်ယောက်တည်းမဟုတ်၊ ခေတ်ကျပ်ထဲမှာ သူ တစ်ယောက်တည်းမဟုတ်။ သက် ပြင်းရှိုက်ချကာ မျက်လုံးပြန်ဖွင့်သည်။ အဝတ်ခြောက်တို့ ကို ထွေးပွေ့ကာ အိမ်ထဲ ရောက်လာပြန်သည်။ နေ့ခင်းနေသည် အိမ်၏ ဘေးဘက်နံရံများသို့ ထိုး ဖြာကျလျက်ရှိပြီ။ ဘေးဘက်မှာ မြေလွတ်ဟင်းလင်းမို့ နေ့ခင်းဆို အခန်းက ပူလှသည်။ ပြတင်းကိုကျော်ကာ တိုးဝင်သောနေရောင်သည် ကြမ်းပေါ် ရိပ်ဖြာလျက်။ ရှည် မျောမျော အရိပ်ကွက်များကို နင်းဖြတ်ကာ ဝရန်တာသို့ ထွက်လာသည်။ ဝရန်တာမှာ လှန်းထားသော ခင်ပွန်း၏ အဝတ်များကို ရုပ်ယူသည်။ ပြီးလျှင် အိမ်အတွင်း ချက် ချင်းမဝင်၊ ဝရန်တာကို တစ်ရံတစ်ဆစ်မျှ မမြင်ဖူးသလို ငေးနေသည်။
ဝရန်တာဆီ ရောက်လေတိုင်း နာနာကျင်ကျင် ရယ်မောချင်မြဲဖြစ်ရသလို ခုလည်း ရယ်ချင်လာပြန်သည်။ အရင့်အရင်တုန်းကတော့ဖြင့် အိမ်တစ်အိမ်မှာ ဝရန်တာ လောက် စွဲလမ်းရသော နေရာမရှိ။ တိုက်ခန်းလေးတစ် ခန်းသာပိုင်လျှင် ဝရန်တာမှာ သစ်ပင်အမျိုးမျိုးစိုက်ကာ အလှဆင်မည် စိတ်ကူးထားသည်။ ကြက်သွန်မြိတ်လိုမျိုး မီးဖိုချောင်သုံး အပင်လေးများလည်း စိုက်မည် တွေးထား သည်။ ဝရန်တာကို သံပန်းထည့်မဟုတ်။ သံပန်းမှမပါ လျှင် မလုံခြုံသော မြို့ပြပေမို့ ပထမပြတင်းကိုသာ သံပန်း ထည့်မည်။ ရင်သွေးလေးများ ရလာလျှင်တော့ ဝရန်တာ သံပန်း ထည့်ကောင်းထည့်မှာပေါ့။ အထူးသဖြင့် ဝရန် တာကို အဝတ်လှန်းစင်နှင့် တွဲမမြင်လိုတာမို့ အဝတ်လုံးဝ မလှန်းဟု တွေးခဲ့ဖူးတာ ခုတော့ ရယ်စရာတည်း။ ကိုယ့် အခန်းမှ မဟုတ်တာလေဟု ဖြေလျှော့တွေးကာ အဝတ် ပဲ လှိမ့်လှန်းနေရသည်။
သူသည် အဝတ်တို့ကို သင်ဖြူးဖျာပေါ် ပုံချလိုက် သည်။ ညနေမှ မီးပူတိုက်မည်။ ခုတော့ဖြင့် စာလေးဖတ် လျှင် ကောင်းမည်ထင်သည်။ ခေါင်းက ဟာလာ၊ ရင်က ဟင်းလင်း မဟုတ်လား။ စာအုပ်စင်မှာတော့ သူနှစ်နှစ် လိုလို စုဆောင်းခဲ့သော စာအုပ်များရှိလေသည်။
ပြီးတော့သူ ကိုယ်တိုင်ရေးသည့် စာအုပ်လေး သုံး၊လေးအုပ်ရှိသည်။
သူ့စာအုပ်များသည် ရသစာကို အရသာခံဖတ်သူ အနည်းစုမှအပ လူမကြိုက်လှချေ။ နောက်တစ်ခါ ပျော် စရာလေးတွေ ရေးပါလား။ စာတွေက သိပ်လေးတာပဲဟု မိတ်ဆွေတစ်ဦးကဆိုလျှင် မချိပြုံးသာ ပြုံးနေရသည်။ စိတ်ဓာတ်တက်ကြွပျော်ရွှင်စရာ မရေးတတ်တာ၊ မရေး ချင်ရာ စာမျိုးဆို တစ်လုံးပင် မရေးသီလိုတာ သူ့အား နည်းချက်ပေပဲ။ ငွေအတွက် ဘယ်တော့မှမရေးဟု တွေး ခဲ့သူထံ ငွေဆိုတာလည်း ပေါပေါများများ ရောက်မလာ။ တစ်ယောက်တည်းဘဝတုန်းကတော့ ခေတ်စာရေစီးမှာ လူးလူးလှိမ့်လှိမ့် မျောပါခဲ့သား။ အိမ်ထောင်ဘဝဦးမှာ လည်း အဆင်ပြေနေသား။ သို့သော် သံယောဇဉ်ပိုများ ရှိလာလျှင်တော့ ဘယ်လိုရှိဦးမည်နည်း။ တကယ်မရေး ချင်ပါဘဲ ဟိုငဲ့သည်ငဲ့နှင့်များ ဖျစ်ညှစ်၍ စာရေးရလျှင် သူ့နှလုံးအိမ် နာကျင်ကိုက်ခဲရလိမ့်မည်။ ကလေးလေး ရေ… မေမေ့မှာ ကြိုမောလှပါရဲ့။
စိတ်ပဲ ထင်လို့များလား။ ဝမ်းထဲက တစစ်စစ်နာသလို ထင်၏။ စာအုပ်စင်ကို အားပြုရပ်ကာ မျက်လုံးစုံမှိတ် ထားသည်။ ခဏချင်းမှာပင် အနာသက်သာလာပြန်သည်။ ဘာဖြစ်သနည်း။ ခန္ဓာကနာသလား၊ စိတ်ကပဲ သလား။ သူသည် စာတစ်အုပ်ပင် လက်ထဲမဆောင်ဘဲ စာအုပ်စင်အနီးက ခွာလာသည်။
ဝရန်တာသို့ လျှောက်ပြန်ကာ တွေတွေ ရပ်ငေးနေ သည်။ ကုက္ကိုရွက်လေးများ ယိမ်းလှုပ်ပုံ၊ ရွက်ကြွေလေး များ ရှပ်တိုက်ပြေးလွှားပုံ၊ သစ်ပင်ရိပ်က ခုံဟောင်းများ ပေါ်မှာ အမျိုးသမီး သုံး၊ လေးဦး ခေါင်းချင်းဆိုင်ကာ ကိန်းဂဏန်းအဖြေရှာ အဖြေတိုက်နေကြပုံ၊ လမ်းထောင့် က အဝတ်လျှော်သည် အဒေါ်ကြီးဆောင့်ကြောင့်ထိုင်ကာ အဝတ်လျှော်နေပုံ။ ညညဆိုလျှင် အသက်နှစ်ဆယ်ဝန်း ကျင် လူငယ်များ လျှာလေးအာလေးသံများနှင့် အော်ဟစ် စကားဆိုရာ ရေကန်ဝန်းကျင်တွင် ကျောင်းမနေအရွယ် ကလေးတစ်သိုက် ရယ်မောဆော့ကစားလျက်ရှိသည်။ သည်တစ်နေ့တော့ ရပ်ကွက်သည် လော်စပီကာသံ ဆိတ် လျက်။ သူ နှစ်လိုသော တိတ်ဆိတ်ခြင်းသည် ဟောဒီ နေရာမှာတော့ ကြုံရခဲသော အခြေအနေမျိုး ဖြစ်သည်။ ရံခါတော့ အော်ဟစ်ဆဲဆိုသံ၊ အကူအညီတောင်းခံငိုယို
သံ၊ လမ်းပေါ်အထိ ဝုန်းဒိုင်းကြဲပြေးလွှားကြ၊ လိုက်ကြ သည်အထိ ဖြစ်တတ်သော ရန်ပွဲများ၏ အသံမျိုးကိုပင် လှိုင်လှိုင် ကြားနိုင်သေးသည်။ ယခုတိုင် သူနှင့် အသား မကျသေးသော ဝန်းကျင်။
“ကလေးတွေကို ဒီလိုနေရာမှာ ကြီးမလာစေချင် ဘူးမောင်ရယ်၊ ဒါပေမဲ့ ငါတို့ ဒီက ထပ်ပြောင်းနိုင်လည်း ဒီလိုနေရာတွေပဲ ရောက်ဦးမှာပဲထင်တယ်။ အလကား အုတ်အရောရော ကျောက်အရောရော ဖြစ်တော့မှာပဲ” ဟု ခင်ပွန်းကို သူ ပြောခဲ့ဖူးတာ သတိရသည်။
ခင်ပွန်း၏ အံ့အားသင့်ရယ်မောသော မျက်ဝန်းများ ကို ခုပင် အမှတ်ရလေသည်။
“နင်ကလည်း မရှိသေးတဲ့ကလေးတောင် ကြိုပူတာ
“ကြိုတွေးရတာပဲမောင်ရဲ့။ မပြည့်စုံတဲ့ဘဝထဲ ငါ ဘယ်ကလေးမှ မခေါ်ချင်ဘူး။ ကွက်လပ်တွေ၊ လိုအပ် ချက်တွေ အများကြီးနဲ့ မွေးလာ။ ပြီးတော့ တစ်လျှောက် လုံးလည်း ကြောင့်ကြောင့်ကြကြ ကြီးပြင်းလာစေဦးမယ် ဆိုရင်တော့ အဲဒီကလေးတွေဟာ ငါတို့ကို မိဘရယ်လို့ကို ကျေးဇူးတင်နေဖို့ကို မကောင်းဘူး။ သက်သက်ခေါ် ဒုက္ခ ပေးတာပဲ”ဟု အဆက်အစပ်မရှိလှသော စကားများကို ဆက်တိုက်ပင် ဆိုမိသည်။
“ဒါဖြင့် ငါတို့က ဘယ်တော့မှ မိဘမဖြစ်တော့ဘူး
ကလေးချစ်တတ်သော ခင်ပွန်းကို ငေးကာ သူ
သက်ပြင်းချ၏။
“တစ်နေ့ပေါ့လေ၊ ကလေးလေးအတွက် ကြိုပြင် ပြီးတဲ့နေ့ပေါ့။ အနည်းဆုံးတော့ ငါတို့နေခဲ့ရတဲ့ ခေတ် ထက် သူ့ခေတ်က လှစေရမယ်”
ဒါပေမဲ့ ဒီနေ့ မဟုတ်သေးဘူး။ ခုမဟုတ်သေးဘူး။ သူသည် ခေါင်းတစ်ချက် ခါယမ်းကာ အတွေးစကို ဖျောက်ပစ်လိုက်သည်။
ဟော… ရေကန်ထောင့်က ဘာသံပါလိမ့်။ လှမ်း ကြည့်လျှင် ထိုရေကန်ထောင့် အိမ်ရှေ့လမ်းပေါ်မှာ ဂျာ နယ်တစ်စောင် လက်က ကိုင်လျက်ရပ်နေသော အမျိုး သားတစ်ဦးသည် အိမ်အတွင်းဘက်ဆီ စကားခပ်ကျယ် ကျယ်ဆိုနေတာ တွေ့ ရလေသည်။ လေဆိပ်က အမှုဟာ
နောက်ကွယ်က တရားခံတွေ မိတော့မယ်ဆိုလားဟေ့။ “မိလည်း မိမှပဲ၊ အတော် လုပ်ရက်တဲ့ကောင်တွေ” အိမ်အတွင်းက စကားသံကို အကြားမှာ သူသည် မျက်လုံးအစုံကို ဖျတ်ခနဲ မှိတ်လိုက်သည်။ သွေးအစအန များကို ခုပင်မြင်ရသည့်သဖွယ် မူးရိပ်ရိပ် ဖြစ်လာသည်။ အယူအဆမတူတိုင်း သတ်ရလျှင် လောကတွင် လူပင် ကျန်မည်မဟုတ်။ ယုံကြည်ရာမတူသော အလှတရား များ ကွဲပြားရုံးစုနိုင်စွမ်းပုံကို ဘာကြောင့်များ မမြင်ကြ လေသနည်း။ အမှန်တကယ် မြင်ပါလျက် တစ်စုံတစ်ရာ သော စေ့ဆော်အားကြောင့် မမြင်ယောင်ပြုခဲ့ကြသလား။ ကလေးလေးရေ၊ မေမေတို့လောကဟာ ရှုပ်ထွေးပွေလီ လှပါတယ်။ ယုံကြည်ရာမှာ အသွေးအရောင် မရှိပေမဲ့ ယုံကြည်သူတွေမှာတော့ အသွေးအရောင်ရှိပါတယ်။ အဲဒီ အသွေးအရောင်တွေကြားမှာ မေမေ့ကလေးလေးကို ဘယ်လို ကြီးပြင်းစေရပါ့မလဲ။
သူသည် ရှေ့အိမ်ဝင်း၏ အုတ်တံတိုင်း စည်းရိုးကို အမှတ်မထင် ငေးနေပြန်သည်။ စည်းရိုးသည် တဖြည်း ဖြည်းမြင့်လာ၏။ အုတ်သားအပေါ်မှာ သံဆူးချွန်များပင် ခွေဝိုက်ပြီးပြီ။ သည်လိုဆိုတော့ စိတ်လုံခြုံသွားရောလား။ အကြောက်တရား၊ စိတ်မလုံခြုံမှုနှင့်ပဲ နေသားကျနေရော့ သလား။ တကယ့်တကယ်တော့လည်း ကိုယ်ပိုင်ဝင်းခြံ ရှင်မပြောနှင့်၊ လက်တစ်ဝါးစာလောက်ပင် မြေမပိုင်သူမှာ ညညဆို တံခါးချက် ကျမကျ အခါခါစစ်ကာ အခါများစွာ ချောက်ချောက်ချားချား ရှိရသည်။ လမ်းထောင့်သစ်ပင် ရိပ်ကို အမှိုက်ပစ်သွားရလျှင်ပင် ဘာကြောင့်ရယ်မသိ စိတ်ကမလုံခြုံ။ ညဦးဘက် တစ်ယောက်တည်းပြန်လာရ လျှင် စိတ်က မလုံခြုံ။ ရန်ကုန်သည် ရန်မကုန်သေး။ အကြောက်တရားသည် ဝှက်သော လက်တံများကို ယိမ်း ကာ ယိမ်းကာ အမှောင်ရိပ်က စွဲမြဲခြောက်လှန့်သည့်ပမာ။
“ပိုက်ဆံလေး လေး၊ ငါးထောင်အတွက်လည်း လူ သတ်တာပဲတဲ့။ ဘုရား ဘုရား”ဟု သတင်းစာဖတ်ကာ ဘုရားတကာ ခင်ပွန်းသည် အိမ်ပြန်မရောက်မချင်း သူ့မှာ စိတ်လွှတ်ကိုယ်လွှတ် သက်ပြင်းမချသာဘဲ စောင့်စားခဲ့ဖူး ပြီ။ နောက်နောင်များကို ကလေးလေးတို့ အိမ်အပြန်ကို လည်း ပူပန်စောင့်စားရလိမ့်မည်။ သမီးလည်း သမီးမိန်း ကလေးမို့၊ သားလည်း သားယောက်ျားလေးမို့ မောစရာ
ပူစရာ စိတ်ရောင်စုံဟာ ဘေးက ဝန်းပတ် ရှိနေဦးမှာပဲ။ 32…!!
တွေဝေစိတ်မောခြင်းကို ခေါင်းတွင်တွင် ခါယမ်း နှင့် အဆုံးသတ်ကာ ကိုယ်မပိုင်သော်လည်း တစ်ခဏ ခိုနားရသည့် အခန်းကျဉ်းလေးထဲ သူ ပြန်ဝင်လာသည်။ တံခါးမကြီးကို ပိတ်လိုက်၏။
သို့သော် အပူငွေ့ များစွာသည် ဖွင့်ထားသော ပြတင်း များက တိုးဝင်နေသလို သူထင်လာသည်။ ထိုအပူသည် ခန္ဓာကို ရစ်ပတ်၏။ နောက်တော့ ဝမ်းဗိုက်ကို တို့ထိသလို ဝမ်း၌ တရိပ်ရိပ်ပူ၏။ လေတိုးလျက်က မွန်းကျပ်ပိတ် လှောင်ခြင်းကို ခံစားသိသည်။ ဟိုတွေးဒီတွေးနှင့် စိတ် ဝေ့လည်ကာ ချွေးစေးပြန်စပြုလာသည်။ စိတ်လွှတ်၍ အားခနဲ ကျုံးအော်မိတော့မလို ဖြစ်ပြီးခါမှ အိပ်ခန်းသို့ အပြေးဝင်လာသည်။ စိတ်တုံးတုံးချ နှုတ်ခမ်းကို တင်း တင်းခိုင်ခိုင်စေ့ကာ ဗီရိုအံဆွဲထဲက ဆေးဘူးတစ်ဘူးကို ရှာဖွေနှိုက်ယူလိုက်သည်။ …မသောက်သုံးရ။ သောက် တော့ ဘာဖြစ်တုံး။ ဆေးလုံးများကို လက်အတွင်း သွန်ချ သည်။ အလုံးရေ ရေတွက်လိုက်သည်။ နောက်တစ်ပတ်၊ နှစ်ပတ်လောက်ဆို သူ့ဝမ်းမှာ ကလေးလေး ရှိတော့မည် မဟုတ်။ ကြားဖူးနားဝများနှင့် အားတက်လာပြန်သည်။ ဒီတစ်ကြိမ်ပါပဲ။ နောက်တစ်ကြိမ် မေမေ ဒီလိုမလုပ်ပါ ဘူး။ တုန်ယင်ယင် သော မျက်ဝန်းများသည် နံရံ ထက်က မင်္ဂလာမောင်နှံပုံတူပန်းချီမှာ တန့်နေသည်။ ပျော်ရွှင်လှိုက်မောသော သူ့နှုတ်ခမ်းများ၊ မျက်လုံး များသည် လောက၏ ကြည်နူးဖွယ်ရာ အစိတ်အပိုင်း များကိုသာ ရှာတွေ့တော့မလို။ ရဲစိတ်သည် သူ့သွေးများ ထဲ နွေးထွေးစွာ လှည့်ပတ်စီးဆင်းနေခဲ့ဖူးသည်။ ခုတော့ ဖြင့် ဘဝငယ်လေးတစ်ခု တွယ်ကပ်လာချိန်မှာ သူ ဘာ ကိုများ တွေးကြောက်ရပါလိမ့်။ သူသည် ခေါင်းကို ဆတ်ခနဲ ခါယမ်းလိုက်သည်။ သူ့အတွက်တော့ဖြင့် ကြောက်ပါ။ ကလေးလေးအတွက်သာလေ။ ရေတစ်ဖန်ခွက် ယူမည်။ ဆေးသောက်ရမည်။ ဘယ် နှရက် ဆက်သောက်ရမှာပါလိမ့်။ ကလေးလေးဟာ ရက်စက်တတ်သော မိခင်အတွက် ဝမ်းနည်းနေမလား။ အို… ဒီအချိန်ဆို သေးသေးကွေးကွေး ဘာမှလည်း သိနိုင်ဦး မှာမဟုတ်။
“ကမ္ဘာမြေပေါ် ရှင်သန်ခွင့်ပေး မေမေ၊ ၊ လူဖြစ်ခွင့်ပေး မေမေ
သီချင်းသံသည် အဝေးမှ အပြေးဝင်ကာ သူ့ရင်ကို ဝုန်းခနဲ ဆောင့်သည်။ လူက ယိုင်ခနဲဖြစ်သည်။ အယောင် ယောင် အမှားမှားပင် ဆေးလုံးများကို လွှတ်ချလိုက်၏။ တကယ်တမ်း နားစွင့်တော့လည်း သီချင်းသံကို ဘယ် မှာမှ မကြားရပါဘဲ။ ပြန့်ကျဲနေသော ဆေးလုံးများကို သူ ငေးနေသည်။ တော်ပြီ… ကံပဲ… ကံပါပဲ။
သူသည် ပန်းသောစိတ်၊ နွမ်းသော ခန္ဓာနှင့်ပင် အိပ်ရာထက် ပုံကျသည်။ တစ်ခဏ လူးလွန့်သည်။ နောက်တော့ မျက်လုံးများ စေ့ပိတ်ကာ အိပ်မောကျသွား သည်။ ဖျတ်ခနဲ လန့်နိုးတော့ ဘယ်နှနာရီရှိပြီမသိ၊ ဘယ် လောက်ကြာကြာ အိပ်မောကျခဲ့မှန်းလည်း မသိချေ။ လူး လဲထထိုင်မိပြီးမှ အကျင့်ပါနေသော လက်များက အိပ်ရာ ခင်းပေါ်ရောက်သည်။ လက်သည် တရွေ့ရွေ့ လှုပ်နေရာ က တန့်သွားသည်။
မျက်လုံးအစုံသည် ထိုတစ်နေရာမှာ စိုက်လျက်။ ရင်သည် တစ်ခဏချင်းပင် ဟာဆင်းသွားသည်။ မဟုတ် ဘူး… မဟုတ်ဘူးဟု အတွင်းစိတ်က အကြိမ်ကြိမ် ငြင်း ဆန်အော်ဟစ်ကာ မီးခလုတ်ဆီ လက်လှမ်းလိုက်သည်။ ချောက်ခနဲ မြည်သံ၊ လင်းပွင့်သောမြင်ကွင်း၊ အဝါနု ရောင် အိပ်ရာခင်းပေါ်က အနီ။
သူသည် အနီကို ကြောင်ငေးနေသည်။ ငြင်းဆန် တားမြစ်လိုခဲ့သော တစ်စုံတစ်ရာသည် သူ့ထံ ရောက်လာ မည်မဟုတ်၊ ကလေးလေးသည် သူ့ထံ ရောက်လာဦးမည် မဟုတ်။
သူသည် လွတ်လပ်ပေါ့ပါးဟန် အားပါးတရ ရယ် မောမည်ပြင်လိုက်သည်။ သို့သော်လည်း ဘယ်ကဘယ် လို ပေါ်ပေါက်မှန်းမသိသော မျက်ရည်တို့သာ ပါးပြင် ပေါ် တလိမ့်လိမ့်စီး၍ လာလေသည်။