တမလွန်သို့မေတ္တာ(စ/ဆုံး)
—————————
ကျွန်မကို လူတိုင်းက အားကျကြသည်..သူတို့ အားကျလောက်အောင်လည်း ကျွန်မဘဝက ပြည့်စုံသူပါ…ကျွန်မကို လိုသေးမရှိ ပြည့်စုံအောင်
ထားနိုင်တဲ့ ခင်ပွန်းရယ်..ကျွန်မ သိပ်ချစ်ရတဲ့ သားလေးနဲ့ သမီးလေးရယ်..
ုကျွန်မရဲ့ ဘဝ ဖြစ်တဲ့ မေမေရယ် ..ပျော်ပျော်ရွှင်ရွှင် နေကြရတယ်လေ..
ဒီလို ကျေနပ်စရာ ကောင်းတဲ့ ဘဝက်ို ပိုင်ဆိုင်ရတဲ့ ကျွန်မဟာ သိပ်ကို ကံကောင်း သူပေါ့…
တစ်နေ့…
သားလေးရဲ့ ၄နှစ်ပြည့် မွေးနေ့မှာ…
“သားသား အရမ်းမဆော့ရဘူးနော်..မေမေ ဧည့်သည်တေ ပြန်တာ နှုတ်ဆက်နေလို့ သားကို လိုက်မကြည့်အားဘူး..”
ကျွန်မ ပြောနေပေမယ့်လဲ အဆော့မက်တဲ့ သားသားက အရေးပင်မလုပ်..ħ
“မိုးခမ်းရေ သားကို ကြည့်ပေးထားဦး..”
“ဟုတ်မမ..သားသားလာ တီတီနဲ့ ဆော့မယ်.”
ဆိုလျှင် သားသားက ဘောလုံးလေး ပိုက်လာပြီး မိုးခမ်းနဲ့ ဆော့နေသည်…ကျွန်မလဲ စိတ်ချသွားပြီး ဧည့်သည်တွေ ပြန်တာကို နှုတ်ဆက် နေလိုက်သည်..
“ချယ်ရီရယ် နင့်ကို အားကျလိုက်တာ…နင့်လိုဘဝမျိုးလေး ရချင်လိုက်တာ”
သီတာ့ စကားကြောင့် ကျွန်မ ကျေနပ်စွာ ပြုံးလိုက်သည်…
လူလဲ ရှင်းသွားပြီမို့..မတွေ့တာ ကြာသည့် သူငယ်ချင်းနှစ်ယောက် စကားတေ ဖောင်ဖွဲ့ပြီး ပြောဖြစ်ကြသည်…
ထိုအခါ..
သီတာနှင့် ပါလာသော အမျိုးသမီး တစ်ဦးက ကျွန်မကို ကြည့်ပြီး…
“ညီမ ကလေးတွေကို ဂရု စိုက်ပါ .. ညီမကလေးရဲ့ အနာဂတ်က မလှဘူးကွဲ့..”
ကျွန်မစိတ်ထဲ ကတိကအောက် ဖြစ်သွားသည်…
ထိုအမျိုးသမီးကို ကျွန်မ စိတ်ထဲ သိပ် ဘဝင်မကျပါ..
ပြီးတော့..အခုလို ရက်မျိုး..သားသားမွေးနေ့ မှာ ..ကျွန်မ စိတ်အနှောက်အယှက် မဖြစ်ချင်ပါ …
သီတာက ကျွန်မကို အားနာစွာနဲ့..ထိုအမျိုးသမီး ခါးကို စိတ်ဆွဲပြီး…
“အစ်မ ကလဲ ဘာတေပြောနေတာĵလဲ..ချယ်ရီရေ ပြန်တော့မယ်..တို့အစ်မက စကားပြော မတတ်ဘူး အားနာလိုက်တာ..”..တဲ့..
ကျွန်မစိတ်ထဲ အမျိုးအမည် မသိတဲ့ ဝေဒနာကြီး ခံစားလိုက်ရသည်…
တစ်စုံတစ်ခုကို ဆုံးရှုံးရတော့မယ့် ခံစားချက်မျိုး..
သားသားကို စိတ်ပူပြီး လှမ်းကြည့်ပြန်တော့ ..ခြံထဲမှာ…မိုးခမ်းနှင့်ဆော့နေသည်..
ကျွန်မ ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိ..
တစ်ခုခု ဖြစ်မှာ စိုးရိမ်နေသည်…
ကျွန်မလဲ အပေါ်ထပ်မှာ အိပ်နေသည့် သမီးလေးဆီသို့ သွားလျှင် သမီးလေး နိုးနေလို့ မေမေက ထိန်းနေသည်..
ဘယ်လိုပဲ ဖြစ်ဖြစ် နည်းနည်းတော့ စိတ်အေးရပြီ မဟုတ်လား….
ကျွန်မလဲ သမီးလေးဆီ သွားပြီး..
“သမီးလေး..နိုးပြီလား”
လို့ မြှူ ပြီး ပါးလေးကို နမ်းလိုက်သည်။
“ချယ်ရီ သမီးကို ကို့ဆီထားခဲ့..သားသားကို သွားကြည့်လိုက်ဦး..မိုးခမ်းက တော်တော့်ရယ်..သူနဲ့ စိတ်မချဘူး..”
သမီးလေးက ၁၀လပဲ ရှိသေးတာပါ…စကားတွေလဲ ပြောချင်နေပြီ..
ကို..က သမီးလေးထက် သားသားကို ပိုချစ်သည်…
ကျွန်မလဲ သမီးလေးကို ကို့ဆီ ပေးလိုက်ပြီး သားသားကို စိတ်မချတာနှင့်..ခြံထဲ ဆင်းလာခဲ့သည်…
ခြံထဲမှာ သားသားက်ို မတွေ့လျှင် ကျွန်မ..ခြံပြင် ထွက်လာခဲ့သည်…
ထိုအခါ..
ပေလမ်းပေါ် လိမ့်နေတဲ့ ဘောလုံးကို ကားလာ
တာ မမြင်ဘဲ အသည်းအသန် လိုက်ဖမ်းနေတဲ့ သားသားကို တွေ့လိုက်သည်..
ကျွန်မ ငယ်သံပါအောင် အော်ပြီး ..သားသားဆီ အတင်းပြေးလျှင် ..
“ဒုန္း”
ဆိုတဲ့ အသံကို ကြားပြီး…သားသား လွင့်သွားတာကိုသာ မြင်လိုက်ရသည်…
ကျွန်မလဲ သွေးရူးသွေးတန်းနဲ့ သားကို ပြေးဖက်ပြီး…
“ကိုရေ သားကိုလာကြည့်ပါဦး…သားလေးရယ်.. ထပါဦး..အီးဟီးဟီး”
လို့ ပြောပြီး ရှိုက်ကြီးတငင် အော်ငိုလိုက်သည်…
ဘေးက အိမ်နီးချင်းတွေရော…
မေမေတို့ရော ရောက်လာချိန်မှာတော့ ကျွန်မမှာ သားလေးကို ဖက်ပြီး..
သတိမေ့နေခဲ့သည်….
××××××××××××××××××××××××××××××××××××
သားသားကို ချတဲ့နေ့မှာတော့ ကျွန်မမှာ အရူးတပိုင်း ဖြစ်ခဲ့ရသည်….
“သားရယ် သားမရှိဘဲ မေမေဘယ်လိုနေရမှာလဲ သားရဲ့”
လို့ ပြောတော့ ဆွေမျိုးတွေက ကျွန်မကိုနှစ်သိမ့်ဖို့ ကြိုးစားကြသည်..
ကို့ကိုကြည့်တော့လဲ မျက်လုံးေħတွဖောင်းအစ်နေကာ အံကြီးကြိတ်ပြီး ငိုနေသည်
မေမေက သားသားကို အရမ်းချစ်တဲ့သူ ဆိုတော့ ကျွန်မခံစားရတာနဲ့ မခြားနားပေ..
ပြီးတော့..မေမေက အသက်ကြီးနေပြီဆိုတော့..မခံစားနိုင်မှာ.. စိုး၍ ချော့ပီး…အိမ်မှာ မနဲ ထားခဲ့ရသည် …
ဆွေမျိုးကလဲ တောင့်တော့ သားသားရဲ့ စျာပနာ ပွဲက စည်ကားသည်..
ကျွန်မလဲ သားသားအလောင်းကို ဂူသွင်းတာ ကြည့်ပြီး တက်သွားလိုက် ထငိုလိုက်နဲ့ သေမတတ် ခံစားလိုက်ရသည်…
ကိုကလဲ မြေကြီးကို လက်သီးတေနှင့်ထိုးကာ တောက်ခ် တခေါက်ခေါက်နှင့် ငိုနေသည်…
နောက်ဆုံး သားသားကို ဂူသွင်းပြီးချိန်မှာတော့ ကျွန်မလဲ သားသားအုတ်ဂူကို ဖက်လိုက်ပြီး…
“သားသား ..မေမေ့ကို ချစ်တယ်ဆိုရင် ..ညကျ ..ဂူထဲကနေ ထွက်ခဲ့ပြီး မေမေ့ဆီ ပြန်ခဲ့နော်သား”
လို့ အရူးလိုပြောတော့ လူကြီးတွေက အဲ့လိုမပြောသင့်ကြောင်း ကျွန်မကို နားချပြီး အိမ်ပြန်ခေါ်ခဲ့သည်..
အိမ်ရောက်တော့.. ကို့ ညီမ မိုးခမ်းကို မြင်ပြီး ဒေါသတွေထွက်လာတာကြောင့် မျက်စောင်းထိုးပြီး တောက် ခေါက်မိလိုက်သည်…
ကျွန်မ သားတစ်ယောက်ကို ဆုံးရှုံးခဲ့ရပြီ မဟုတ်လား…
ကို..ကတော့ မိုးခမ်းကို မြင်တာနှင့် ပွဲကြမ်းပြီး အိမ်ကနေ အတင်းနှင်ထုတ်သည်…
မိုးခမ္းက..
သားသားကားတိုက်တုန်းက သားသားကို မေ့ပြီး ကောင်လေးနဲ့ ဖုန်းပြောနေလို့…ခြံပြင်ထွက်သွားတာတောင်..မသိလိုက်ဘူး ဆိုပဲ…
ကျွန်မ ဘာတတ်နိုင်မှာလဲ..ကျွန်မက သူ့နဲ့ စိတ်ချစွာ ထားခဲ့တာကိုး…
ကိုယ့်သားသမီးကို သူများနဲ့ ပစ်ထားခဲ့တဲ့ ကျွန်မသာ အပြစ်ရှိတာပေါ့….
ကျွန်မလဲ မျက်ရည်တွေကို သုတ်ပြီး အိမ်ပေါ်တက်ခဲ့သည်..
ကို့ဆွေမျိုးတွေက လာစောင့်ပေးတာနဲ့ ကျွန်မလဲ….
တညနေလုံး အခန်းထဲက မထွက်…သမီးလေးကိုဖက်ပီး သားသားကိုသာ လွမ်းနေမိသည်…
ညသန်းခေါင်ရောကိတော့….
သားသား အသုဘ မချခင် အရင်ရက်တေက လုံးဝ မအိပ်ခဲ့တာကြောင့့့် ..မှေးခနဲ အိပ်ပျော်သွားသည်…
အိမ်မက်ထဲမှာ..သားသားက ကျွန်မဆင်ပေးထားတဲ့ အနောက်တိုင်းဝတ်စုံလေးမှာ သွေးတွေစွန်းပြီးအုတ်ဂူထဲက ထွက်လာသည်…
ပြီးတော့ အိမ်ပြန်လာပြီး…ကျွန်မကို လိုက်ရှာသည်…
နောက်ဆုံး ဘယ်မှ ရှာမတွေ့တော့ ကျွန်မအိပ်တဲ့ အခန်းတခါးကို တွန်းဖွင့်ပြီး..ဝင်လာကာ…
“မေမေ…”လို့ ခေါ်လိုက်တော့….
ကျွန်မလန့်နိုးသွားသည်…
တံခါးလှမ်းကြည့်တော့ ပွင့်နေသည်..
ကျွန်မလဲ တံခါးကို ထပိတ်ပြီးနောက်အလှည့်..သွေးတွေနဲ ငိုပြီး ကျွန်မကို ကြည့်နေတဲ့ သားလေးကို တွေ့လိုက်ရသည်….
ကျွန်မလဲ စိတ်မကောင်းဖြစ်သွားပြီး မျက်ရည်တေ ပေါက်ပေါက်ကျကာ
သားလေးကို ပြေးဖက်လိုက်သည်….
ထိုအခါ
သားလေးက ကျွန်မကို…မျက်လုံးရွဲကြီးနဲ့ကြည့်ကာ….
“မေမေ..သားဗိုက်ဆာတယ်”
လို့…..အက်ကွဲသံကြီးနဲ့ ပြောလိုက်တော့….
ကျွန်မ ကြက်သီးတေ ဖျန်းခနဲ ထသွားသည်..
အို …
ဒါ..ငါ့သားပဲ ငါဘာလို့ ကြောက်ရမှာလဲ တွေးနေစဉ် သမီးလေးက စူးစူးဝါးဝါး ထငိုသည်…..
××××××××××××××××××××××××××××××××××××
ကျွန်မလဲ သမီးလေး ငိုတော့ အတင်းပြေးချီလိုက်သည်…
ထိုအခါ..
သားသားက သမီးလေးကို မျက်ထောင့်နီကြီးနဲ့ လှမ်းကြည့်ပြီး..
“နားညီးတယ်..”
လို့ အော်လိုက်တော့ သမီးလေးက တက်သလို ဖြစ်ပြီး..မျက်ဖြူသွားသည်..ကျွန်မလဲ ထူပူသွားပြီး ဘာလုပ်ရမှန်း မသိတာနှင့် ကို့ကိုလှမ်းခေါ်တော့..
ကိုနဲ့ အောက်ထပ်က အမျိုးတေ ရောက်လာပြီး….
“ကလေးက ဘာလို့ ဒီလောက်ငိုတာလဲ..”
လို့ ကိုက ပြောပြီး..သမီးကို ကျွန်မဆီကနေ ဆွဲယူလိုက်သည်..
နားလည်တဲ့ သူက သမီးလေးကို ကြည့်ပြီး…
“ရေမန်းယူခဲ့…ကလေးက လန့်သွားတာ..”
ပြောတော့..ရေမန်းသွားယူတဲ့ သူက ယူနှင့် အလုပ်ရှုပ်နေကြသည်..
ကျွန်မလဲ သားသားကို ကြည့်တော့..မျက်နှာငယ်လေးနဲ့..ခေါင်းလေးငုံ့ပီး အခန်းထဲကနေ ထွက်သွားသည်….
ကျွန်မလဲ စိတ်မကောင်း ဖြစ်သွာပြီး
သားသားနောက်က လိုက်ခဲ့သည်…
တနေရာ အရောက်..
သားသားက တုံ့ခနဲရပ် လိုက်ပြီး….ကျွန်မဘက်လှည့်ကာ…
“မေမေ သား ဗိုက်ဆာတယ်”..တဲ့..
ကျွန်မ ရှိုက်ခနဲ ငိုမိလိုက်သည်..
သားသားက အစားသောက်အရမ်းမက်တဲ့သူပါ…
သားလေး ဒီဘဝမှာ..ဘယ်လောက်မျာ7း..အစားဆင်းရဲရှာမလဲ….ကျွန်မ ရင်ထဲ အောင့်သွားသည်…
ကျွန်မလဲ သားကို ထမင်းစားခန်းထဲ ခေါ်သွားပြီး…သားကြိုက်တဲ့…
ပေါင်မုန့် ထောပတ်သုတ်နဲ့ နွားနို့ ကို စားပွဲပေါ် တင်ပေးလိုက်သညိ…
သားသားလဲ ပျော်ရွှင်ခုန်ပေါက်ပြီး..ထိုင်ခုံပေါ်တက်ကာ အားရပါးရစားရင်း ကျွန်မကို ပြုံးပြသည်…
မေမေအိမ်မက် မက်နေတာလား သားရယ်
ထိုစဉ်…
“ချယ်ရီ… ဘယ်တွေသွားနေတာလဲ..ကို လိုက်ရှာနေတာ..သမီးလေး အမေ့ဆီမှာ သွားခေါ်ပြီး အိပ်တော့..”
လို့ ပြောတော့ ကျွန်မလဲ…ကို့ကို ပြုံးပြလိုက်ပြီး…
“ခန..ကို သားဗိုက်ဆာလို့..မုန့်ကျွေးနေတာ…”
လို့ ပြောတော့ သားမုန့်စားနေတာကို ကြည့်ပြီး..မျက်နှာ တစ်ချက်ပျက်သွားကာ…
“အိပ်တော့လေ ချယ်ရီ…ကို သားကို စောင့်လိုက်မယ်..သမီးဆီသွားတော့..”
လို့ ပြောပြီး..သားရှေ့က နွားနို့ခွက်နဲ့ ပေါင်မုန့်ပန်းကန်ကို ဆွဲသိမ်းလိုက်သည်….
ထိုအခါ..သားက မျက်နှာငယ်လေးနဲ့..
“ဖေဖေ သား..စားနေတာ..သားသားမုန့်…”
လို့ ပြောပြီးငိုတော့ ကျွန်မလဲ ကို့ကို စိတ်တိုသွားပြီး…
“ကို ဘာလုပ်တာလဲ ကလေးစားနေတာကို”
ပြောပြီး ကို့ လက်ထဲက နွားနို့နဲ့ ပေါင်မုန့် ပန်းကန်ကို သားရှေ့ ပြန်ချပေး လိုက်သည်….
“ချယ်ရီ စိတ်ကို ထိန်းပါကွာ..သားလေး ဆုံးပြီဆိုတာ လက်ခံလိုက်ပါ”
ကျွန်မ မျက်ရည်တေ ပေါက်ခနဲ ကျလာသည်…
“ဟုတ်ပါတယ်..သားသားဆုံးသွားပါပြီ..ဒါပေမယ့် သားလေး ချယ်ရီ့ နားမှာ ရှိနေတယ် ကို ..သားလေးကို မြင်နေရတယ်”
လို့ ကျွန်မသားလေးကို ကြည့်ပြောတော့..သားလေးက မျက်နာလေး မဲ့ပြီး
ငိုနေသည်..သားရယ် မေမေ့အပြစ်တွေပါ..မေမေသာ သားကို ပစ်မထား
ခဲ့ဘူး ဆိုရင် မေမေ့သားလေး..ခုလို အဖြစ်ဆိုးနဲ့ ကြုံရမှာ မဟုတ်ဘူး..
“သမီးလေးကို ကို သိပ်ပေးပါ..ချယ်ရီ သားလေးနဲ့ နေချင်သေးတယ်..”
လို့ ပြောတော့..ကိုက ကျွန်မကို စာနာတဲ့ ပုံစံနဲ့ ခေါင်းတငြိမ့်ငြိမ့်လုပ်ကာ
ထွက်သွားသည်…
××××××××××××××××××××××××××××××××××××
ညက…
ကျွန်မ သားလေးကို ချော့သိပ်ရင်း အိပ်ပျော်သွားသည်…ကို့ အမျိုးတေက
ကျွန်မကို ယဉ်ယဉ်လေး ရူးသွားပြီလို့..တီးတိုးပြောသံတေ ကြားနေရသည်
ကျွန်မ မျက်လုံးတေ ဖွင့်ကြည့်တော့..မနက်လင်းနေပြီ…
အိပ်ရာဘေး ကြည့်တော့ သားသားကို မတွေ့….ကျွန်မ ရင်ထဲမောဟိုက်သွားသည်…
ကျွန်မလဲ သားကို တွေ့လို့ တွေ့ညား အခန်းထဲကနေ ထွက်ပြီး…ပတ်ရှာနေမိသည်….
ကျွန်မ မေမေ့အခန်းရှေ့ရောက်တော့…သားရဲ့ တခစ်ခစ် ရယ်သံကို…ကြားလိုက်ရသည်…
အခန်းတံခါးလဲ ပွင့်နေတာကြောင့် ကျွန်မလဲ အသာ
လေး ချောင်းကြည့်တော့…မေမေ့က သားသားကို ပုံပြင်ပြောပြနေသည်
သားသားက သဘောကျ ပြီး တခစ်ခစ်ရယ်နေသည်….
ဒါဆို မေမေလဲ သားသားကို မြင်တယ်ပေါ့….
သားရယ် ဒီဘဝရောက်တာတောင်…မိသားစုကို စွဲလန်းနေသေးတာလားကွယ်…
ကျွန်မ ရင်ဘတ်ကိုဖိပြီး ကြိတ်ငိုလိုက်သည်…
သားလေးက ၄နှစ်နဲ့ဆုံးတာ ဆိုတော့ ဒါတွေဘယ်သိမလဲ…
သူချစ်တဲ့
ကျွန်မတို့ နားမှာပဲ နေမှာပေါ့….
ထိုစဉ်….
ကျွန်မ ပုခုံးပေါ် အေးစက်တဲ့ လက်တစုံက ထိလိုက်သောကြောင့် လန့်သွားသည်….
“အမလေး”
“ချယ်ရီ…ဘာလုပ်နေ….”
ကို့ စကားမဆုံးခင် ကျွန်မလဲ နှုတ်ခမ်းကို လက်ညိုးပိတ်ကာ”ရှူး”..လုပ်ပြတော့ ကိုက ဘာလဲ ဆိုသည်. သဘောနဲ့ မေး.ဆတ်ပြသည်…
ကျွန်မလဲ အခန်းတံခါးကို အသာလေး စေ့ပြီး ..တဖက်ကို ဆွဲခေါ်ခဲ့ပြီး..
“သားလေးကို မေမေက ပုံပြောပြနေတာ…သားသားပျော်နေတယ်…
ချယ်ရီတို့ကို တွေ့ရင် သားသား အာရုံနောက်သွားမှာ စိုးလို့..”
ပြောလိုက်တော့ ကိုက ကျွန်မကို ဂရုဏာ သက်စွာ ကြည့်နေသည်…
ပြီးတော့ ဝိုင်းနေတဲ့ မျက်ရည်တေ ပုတ်ခတ် ပုတ်ခတ် လုပ်ကာ…
“ချယ်ရီ…သားလေးဆုံးတာ ဒီနေ့နဲ့ဆို ၄ရက်ရှိပြီ…နောက်၃ရက်ဆိုရင် ရက်လည်တော့မှာ…အရှိကို အရှိအတိုင်း လက်ခံပါ မိန်းမရာ”
ပြောပြီး ထွက်သွားသည်….
ကိုက ကျွန်မကို ရူးနေတယ် ထင်နေတာပေါ့… သားလေး ကျွန်မတို့ နားမှာ
ရှိနေတာကို မမြင်နိုင်ဘူးလား ကိုရယ်….
ကျွန်မလဲ အတွေးတွေ..ဖျက်ပီးမျက်နှာသစ် ပြင်ဆင်စရာ ရှိတာ ပြင်ပြီး..သမီးလေးကို နှိုးဖို့…
အခန်းထဲ ဝင်လာတော့…သားက သူ့ညီမလေးကို နမ်းနေသည်…
သမီးလေးကလဲ အူတေမြူးပြီး တခစ်ခစ်နေသည်….
သမီးလေးရယ်နေပုံကို
ကျွန်မ သိပ်သဘော မကျ.. စိတ်ထဲ တမျိုးကြီး ဖြစ်နေသည်…
်သားသားက သူ့ညီမလေးကို ချစ်လို့ မြှူနေတာပဲလို့သာ တွေးလိုက်သည်…
ကျွန်မ ဝင်လာတာ မြင်တော့ သားသားက ကျွန်မကို ပြုံးပြသည်…
ကျွန်မလဲ သားသားနားဝင်ထိုင်ပြီး…သမီးကို ချီမယ်ပြင်လျှင်…
“မေမေ သားပြန်ရင် ညီမလေးကို ခေါ်သွားမယ်နော်…”
ကျွန်မ ရင်ထဲ ဒုန်းခနဲ ဖြစ်သွားသည်..
ရုတ်တရက်..အံအားသင့်ပြီး.ဘာပြောရမှနိးမသ်ိ
ဖြစ်ကာ စကားတေဆွံ့အ သွားသည်…
သားရယ် သားမရှိတော့တာတောင် မေမေ့မှာ ရူးသလို ဖြစ်နေတာ သမီးလေးသာ ထပ်ပီး ခွဲခွာသွား
မယ်ဆိုရင် မေမေဒီလောကကြီးမှာ ရှိတော့မယ် မထင်ဘူးသားရယ်……
ကျွန်မနားထဲ ထပ်ကာထပ်ကာ ကြားနေရတာတော့…
“မေမေ..သားပြန်ရင်..ညီမလေးကို ခေါ်သွားမယ်နော်…”
××××××××××××××××××××××××××××××××××××
ကျွန်မ သားလေးကို ကြောင်ပြီး…ကျောက်ရုပ်တရုပ်လို ကြည့်နေမိသည်..
ထိုအခါ…
ကျွန်မကို တယောက်ယောက်က အတင်းဆွဲလှုပ်မှသတိရ သွားပြီး..သွေးရူးသွေးတန်းနဲ့…
“ဘယ်ဖြစ်မလဲ သားရယ်…မေမေ့ကို ထပ်ပြီးရင်ကွဲအောင် မလုပ်ပါနဲ့.. သားညီမလေးသာ တခုခု ဖြစ်သွားရင် မေမေသေလိမ့်ရမယ်..အီး ဟီး ဟီး..”
လို့ ရှိုက်ကြီးတငင် ငိုပြီး ပြောလိုက်သည်…
အခန်းထဲ လာကြည့်တဲ့ သူတွေကလဲ များနေသည်…
သားလေး ရက်လည်ပြီးမှ ပြန်မယ့် ဆွေမျိုးတေ လဲ အကုန်ရောက်နေသည်…
သမီးလေးကို ချီပြီး ရေမန်းတိုက်တဲ့ သူတေက တိုက်…
ကျွန်မကိုကြည့်ပြီး တီးတိုးပြောတဲ့ သူက ပြောနေကြသည်….
ကိုက…
“ချယ်ရီ စိတ်ကိုထိန်း …မင်း..ကယောင်ချောက်ခြား ဖြစ်နေတာ..စိတ်ကို ထိန်းမှ ပေါ့ကွာ..”
လို့ ပြောတော့ ..ကျွန်မလဲ..
“ကို သမီးလေးကို ကယ်ပါဦး…သားလေးကို ဆုံးရှုံးပီးပြီ…သမီးလေးကို ထပ်ပြီးမခွဲ ပါရစေနဲ့..”
လို့ ပြောလျှင် ..ကို စိတ်တိုသွားသည်…
“သမီးလေးက ဘာဖြစ်ရမှာလဲ..မင်းကွာ အဓိပ္ပါယ် မရှိတာတေပြောနေ..”
လို့ပြောတော့..သားက သူ့အဖေကို မော့ကြည့်ပြီး…
“ဖေဖေ..သား.ညီမလေးကို ခေါ်သွားမယ်နော်…”
ပြောတော့..ကျွန်မလဲ..မျက်လုံးတွေလည်ပြီး..အသိစိတ် နဲနဲလွတ်သလို ဖြစ်သွားသည်…
“ကို့ ကြားလိုက်လား…သားလေးက သူ့ညီမလေးကို ခေါ်မယ်ပြောနေတာ….ဟား ဟား ဟား.. သမီးကို သူခေါ်သွားမယ်တဲ့…ဟား..”
လို့ ပြောပြီး..အတင်းရယ်တော့..ဘေးက လူတေက ဘုရား ဘုရားတပြီး..ကျွန်မကို ရူးနေတဲ့သူလို သတ်မှတ်တဲ့ အကြည့်တေနဲ့ ကြည့်နေကြသည်…
ထိုစဉ် …
မေမေ ရောက်လာပြီး…အရိပ်အခြေကြည့်ကာ..သားကို မျက်နှာရိပ်
မျက်နှာကဲ ပြပြီးလှမ်းခေါ်သည်…
သားသားလဲ ဝမ်းသာအားရ သူ့အဖွားဆီ ပြေးသွားသည်..
အခန်းအပေါက်ဝနား ရောက်လျှင်..ကံဆိုးစွာပင် သီတာ တို့ ညီအမ ရောက်လာကာ..သားသားကို မြင်ပြီး..
“သနားစရာ ကောင်းလိုက်တဲ့ ကလေးလေး…သေနေ့စေ့လို့ သေရတယ်
မိသားစု ကို ခင်တွယ်ပြီး ကောင်းရာဘုံကို မကူးနိုင်ဘူး….”
လို့ ပြောတော့..သားသားက နားမလည်သလို ကြောင်ကြည့်နေသည်..
အခန်းထဲက လူတွေလဲ ကြောက်လန့်ပြီး..ဘုရားစာ ရွတ်သူက ရွတ်.. ရေမန်းပတ်သူက ပတ်ဆိုတော့..
သားသားက…ထိုနေရာမှာတင် လူးလှိမ့်သွားကာ..ကျွန်မကို လှမ်းကြည့်ပြီး…
“မေမေရေ သားသားပူတယ်…သားသားကြောက်တယ်..သားသားကို ခေါ်ပါအုံး..အီး ဟီး ဟီး”
လို့ အတင်းငိုလျှင်..ကျွန်မလဲ သားသားကို ပြေးဖက်ထားပြီး…
“ကျွန်မ အခန်းထဲကနေ အကုန်ထွက်သွားကြပါရှင်…ကျွန်မသားလေး…ကြောက်နေပီ…အကုန်ထွက်သွားကြပါ..ပြောနေတာ မကြားကြ ဘူးလား”
လို့ အော်လိုက်သည်…ကျွန်မ ဒေါသတေ ထွက်ပြီးအသားတေ တဆတ်ဆတ် တုန်လာသည်…
ကျွန်မ သားကို အခုလို ထိခိုက်အောင် ဆက်ဆံတာမျိုး မကြိုက်ပါ..
ကျွန်မ သား တစ်စုံတစ်ခု ဖြစ်အောင် လုပ်တဲ့သူကိုလဲ ကျွန်မ ခွင့်မလွှတ်ပါ..
ကျွန်မ အခန်းထဲ လူတွေ အကုန်လုံးကို စူးစူးဝါးဝါး
စိုက်ကြည့်နေလျှင်..မေမေက မနေသာတော့ပဲ…
“အခန်းထဲက လူတေ အကုန်ထွက်သွားလိုက်ပါကွယ်…အမေ ချယ်ရီ့ကို နားချပေးချင်တယ်”
လို့ ပြောတော့..ကိုက အခန်းထဲက လူတေကို အပြင်ထွက်ခိုင်းလိုက်သည်….
ပြီးတော့ ကိုက မေမေ့ကို ကြည့်ပြီး…
“အမေ …ကျွန်တော်..သားလေး အတွက် ကုသိုလ် ကောင်းမှု လုပ်ချင်တယ်..ချယ်ရီက သားကို စိတ်စွဲ ပြီး မြင်နေရတယ်ချည်း ပြောနေတယ်
ချယ်ရီကိုလဲ ကျွန်တော် ဆေးရုံပြချင်တယ်..”
လို့ ပြောတော့ ..မေမေက ပြုံးလိုက်ပြီး…
“သားက ချယ်ရီ့ကို ရူးနေတယ် ထင်နေတာလား…သူတကယ် မြင်နေရတာ…မင်းရဲ့ သားလေးတကယ်ရှိတယ်..သူနေ နေကျ အတိုင်း နေ နေတာ..အမေလဲ မြင်တယ် မနက်တိုင်း အမေ့ဆီ..လာပြီး ပုံပြင်ပြောခိုင်းနေတုန်း..”
လို့ ပြောပြီး မေမေက ငိုသည်…ကိုလဲ တော်တော် စိတ်ထိခိုက်သွားပြီး..
မျက်ရည်တေကျကာ……
“သားရယ်..သားတကယ်ပဲ ရှိနေတာလား..ဖေဖေ့ကို ကျ ဘာလို့ မြင်အောင် မပြရတာလဲကွာ..”
လို့ ပြောတော့ သားက ကျွန်မဖက်ထားတာကို ရုန်းပြီး..သူ့ အဖေ မျက်ရည်တွေကို သွားသုတ်ပေးနေသည်..
လိမ်မာ လိုက်တဲ့သားလေး…
မေမေ့ ရင်တေ ကွဲနေပါပြီ သားရယ်..
မေမေတို့ကို အဲ့လောက်တောင်..
ချစ်တာလား ဟင်…
ကျွန်မလဲ မျက်ရည်တေ ပေါက်ပေါက်ကျပြီး…ငိုသံနဲ့ အသံထွက်အောင်..
မနဲ အားစိုက်ပြီး….
“ကို့… ကို့ကို သားလေး မျက်ရည်တေ သုတ်ပေးနေတယ်…”
လို့ ပြောတော့..ကိုက..သိနေတယ် ဆိုတဲ့ အဓိပ္ပါယ် နဲ့..ခေါင်းငြိမ့်ပြီး…
ကျွန်မကို ပြုံးပြသည်…..
××××××××××××××××××××××××××××××××××××
နောက်နေ့မှာတော့ သမီးလေးကို ဘုန်းကြီးကျောင်းကို ခေါ်သွားပြီး အဆောင် လုပ်ပေးထားလိုက်သည်…
အိမ်ရောက်တော့ …
ကျွန်မလဲ ထုံးစံအတိုင်း သားအတွက် သားကြိုက်တဲ့ မုန့်တေ ပြင်ဆင်ထားသော်လည်း သားသား ရောက်မလာသောကြောင့် စိတ်ထဲ တမျိုးကြီး ဖြစ်သွားသည်….
သားသားကို တနေကုန် မတွေ့ရ၍ တအိမ်လုံး ပတ်ရှာသော်လည်း မတွေ့…
ကို့ အမျိုးတေကတော့ ကျွန်မ ကို ကြည့်ပြီး..ရူးနေသည်ပေါ့…
ကျွန်မ ဂရု မစိုက်ပါ..
သားသား ကျွန်မနား ရှိနေတုန်း.သူ အသက်ရှိတုန်းကလို ဂရု စိုက်ပေးချင်သည်…..
ကျွန်မ ရည်မှန်းချက်တေ မပြည့်ဝခဲ့ပါ…သားသားကို လုံးဝမတွေ့…
ဘယ်တွေ သွားနေတာလဲ သားရယ်…
သားသားဆုံးတာ ၆ရက်မြောက်နေ့မှာတော့…
ကျွန်မ စိတ်တေ ကယောက် ကယက် ဖြစ်နေသည်..
မနက်ဆိုရင်
သားသားကို ရက်လည်တော့မည် မဟုတ်လား…
ရက်လည်ဆွမ်းအတွက် ကျွန်မဘာမှ မစီစဉ်နိုင်..
မေမေတို့..လူကြီးတွေကပဲ စီမံနေသည်..
သမီးလေးကိုလဲ ကိုကပဲ ထိန်းနေရသည်…
ကျွန်မ ဘာမှ မလုပ်ချင်ပါ ကျွန်မစိတ်ထဲ သားသားကိုပဲတွေ့ချင်နေသည်…
သားသားရယ် မေမေ့ကို ပုန်းမနေပါတော့နဲ့နော်…
မေမေ သားသားကို
အရမ်းတွေ့ချင်နေတယ်…
ကျွန်မလဲ သားသားကို တွေ့လို့ တွေ့ညား..
သားသားအခန်းထဲ ဝင်ခဲ့လိုက်သည်…
ထိုစဉ်…
သားသားရဲ့ တိုးတိုးလေး ကြိတ်ငိုတဲ့ အသံကို ကြားလိုက်ရသည်..
ကျွန်မ..ရင်ထဲအောင့်သွားသည်..
အခန်းထဲ သားသားကို လိုက်ရှာတော့ အခန်းထောင့်မှာ ထိုင်ပီး င်ိုနေတာ တွေ့လျှင်.. ပြေးဖက်လိုက်သည်
“သားရယ် ဘယ်နေသွားနေတာလဲ…”
မေးတော့့…သားသားက ကျွန်မကို မျက်ရည်တေနဲ့ ကြည့်ပြီး…
“မေမေ သား ဘယ်မှ မသွားချင်ဘူး.. သားသား..မေမေတို့နဲ့ပဲ နေမှာ”
လို့ ပြောတော့ ကျွန်မ မျက်ရည်တေ ပေါက်ခနဲ ကျလာသည်..
သားရယ်..
“နေရမှာပေါ့… သားရယ်…မေမေဆီမှာပဲနေ နော်..”
လို့ပြောတော့..သားသားက တခုခုကို ကြောက်ရွံ့တဲ့ ပုံစံနဲ့..
“မေမေ သားကို ..ခေါ်နေကြတယ်.သားသား မသွားချင်ဘူး..မေမေ ဖေဖေနဲ့ ညီမလေး ဖွားဖွားတို့
နဲ့ပဲ နေမှာ..”
လို့ အတင်းငိုပြောတော့..ကျွန်မလဲ သားကို မလွှတ်တမ်း ဖတ်ထားလိုက်သည်။စကားတတ်လိုက်တဲ့ မေမေ့သားလေး။အရမ်း သိတတ်တဲ့ မေမေ့သားလေး။ဒီလို လိမ်မာတဲ့ ကျွန်မသားလေးကို ဘာလို့ လောက ကြီးကနေ ဆွဲခေါ်သွားရတာလဲ..နော်။
မျက်ရည်တွေက ထိန်းမရစွာ တပေါက်ချင်းကျလာသည်။သားရယ် မေမေ့ အပြစ်တွေပါ။မေမေ့ကြောင့် ခုလိုတွေ ဖြစ်ရတာ။
ကျွန်မ စီးကျနေတဲ့ မျက်ရည်တွေကို ခပ်ကြမ်းကြမ်း သုတ်ပစ်လိုက်သည်..
ပြီးတော့ သားကို အလှပဆုံး အခမ်းနားဆုံး ပြုံးပြလိုက်ပြီး..ဆုံးဖြတ်ချက် တခု ချလိုက်သည်….
ကျွန်မ သားလေး ကောင်းရာဘုံကို ရောက်ဖို့ ကျွန်မ လုပ်ပေးရမယ် မဟုတ်လား…
ကျွန်မတို့ကို စိတ်စွဲပြီး အခုလို ဘ၀မျိုးမှာ သားကို မနေစေချင်ပါ..
ကျွန်မ သားရဲ့ မေးစေ့လေးကို ဆွဲယူလိုက်ပြီး..
“သားလေး…မနက်ဖြန် သားသားအတွက် မေမေတို့ ကုသိုလ်လုပ်မှာ..
ဘုန်းဘုန်းတေက အမျှပေးရင် သားသား သာဓု ခေါ်ရမယ်နော်”
လို့ ပြောလျှင်…သားသားက မျက်လုံးလေး အရောင်လက်သွားပြီး….
“အာ့ဆို သားသား မေမေတို့နဲ့ နေရမှာပေါ့နော်..”..တဲ့..
ကျွန်မ စိတ်မကောင်းဖြစ်သွားသည်…၄နှစ်အရွယ်သာ ရှိတဲ့ ကလေးက
ဒါတွေ ဘယ်သိမှာလဲ…
ကျွန်မလဲ…မျက်ရည်တွေကို ထိန်းလိုက်ပြီး…
အားတင်းပြုံးလိုက်ကာ…
“ဒါပေါ့ သားရဲ့….ဒါဆို..သားသား မေမေတို့နဲ့ နေလို့ ရပြီ”
လို့ပြောတော့..သားသားက ချစ်စရာကောင်းအောင် ပြုံးလိုက်သည်..
ကျွန်မ သားလေးရဲ့ နဖူးလေးကို ကြင်နာစွာ နမ်းလိုက်သည်…
တညလုံး..
သားကို ပုံပြင်တွေပြော သီချင်းလေးတွေ ညည်းပြီး.. ခွဲခွာဖို့ မေ့ထားလိုက်သည်..
နောက်ထပ်သားလေးနဲ့ ဘယ်တော့မှ တွေ့ရမှာ မဟုတ်ဘူးလေ….
မနက်မိုးမလင်းခင်…ဘုန်းကြီးတေ ကြွလာနီး ..အချိုပွဲတေ ပြင်တော့
သားသားက ကျွန်မနား မျက်နှာလေး ရွှင်ပြီး..ကူပေးသည်…
ချစ်စရာကောင်းလိုက်တဲ့ မေမေ့သားလေး..
နောက်တစ်ခါဆို မေမေတို့ အခုလို မခွဲကြတော့ဘူးနော်..
မေမေက ကျွန်မတို့ သားအမိကို ကျေနပ်စွာ ပြုံးပြီး ကြည့်နေလျှင်…အမျိုးတွေက နားမလည်နိုင်သလို ဖြစ်နေကြသည်..
ဒီရက်လည်ဟာ.. သားသား ကိုယ်တိုင် သူ့အားနဲ့ တတ်နိုင်သလောက်..ကုသိုလ်ပြုထားတာ မဟုတ်လား…
သားလေး ကောင်းရာ ရောက်ဖို့သာ စိတ်နှစ်ထားလိုက်သည်..
စိတ်ကောင်းရှိတဲ့ မေမေ့သားလေး…အရွယ်နဲ့ မလိုက်သိတတ်လိုက်တာ..
ဘုန်းကြီးတေ ကြွလာပြီး သီလ ပေးချိန်မှာတော့…ကိုက ကျွန်မကို
ကြည့်ပီး…
“ချယ်ရီ… ကို သားလေးကို မြင်ရပြီ…ကိုတို့ နောက်မှာ သားလေး ထိုင်နေတယ်..”..တဲ့…
ကျွန်မလဲလှည့်ကြည့်တော့…သားလေးက လက်အုပ်လေးချီပီး ဘုန်းကြီး ချတာ လိုက်ဆိုပြီး ကျွန်မတို့ကို ပြုံးပြသည်…
ကျွန်မ မငိုတော့ပါ…
ကျွန်မရဲ့ မျက်ရည်တွေနဲ့ သားလေးကို ပူလောင်မှု တွေ မပေးချင်ပါ…
ရေစက်ချ အမျှဝေပြီးချိန်မှာ.. ကျွန်မနဲ့ကို သားလေးကို လှည့့်ကြည့်တော့..သားကို…မတွေ့ရတော့ပေ။
ကျွန်မနားထဲ ကြားနေရတာတော့…
“သားသား မေမေတို့နဲ့ လာနေမှာ..”တဲ့.။
ကျွန်မ မျက်ရည်မကျအောင် ထိန်းပြီး နှုတ်ခမ်းကနေ အသာလေး ပြုံးလိုက်သည်..
မေမေ့ သားလေး ကောင်းရာဘုံကို ရောက်ပါစေကွယ်..
*ပြီးပါပြီ*
လေးစားစွာဖြင့်..
နွေရွက်လွှာ..
×××××××××××××××××××××××××××××××××××××××