နောက်ကျသွားသောခြေလှမ်းများ

Posted on

နောက်ကျသွားသောခြေလှမ်းများ(စ/ဆုံး)
——————————————-

ကျုပ် ခြေလှမ်းတွေက ရွာအနောက် သုတ်ဿန်ရှိရာကို ခပ်သွပ်သွပ်လျှောက်လာမိတယ်။အချိန်က နေဝင်တရိုး နေမင်းက အနောက်တောင်စွယ်ဆီ မေးတင်လို့နေပြီ။သုတ်ဿန်နဲ့ ရွာက အတော်ကလေးလှမ်းတယ် ဗျ။တစ်မိုင်လျော့လျော့တော့ ရှိမယ်ထင်တယ်။ကျုပ် မှာအဖော်ဆိုလို့ ကျုပ်ရဲ့လက်စွဲတော် လှံတိုလေးပဲ ပါလာတယ်….

နေ့လယ်က သုဿန်စောင့်တဲ့ သုဘရာဇာကြီး ကိုဘဆင့် နေမကောင်းလို့ဆိုပြီး သူ့ဆီကို ညနေကျလာခဲ့ဖို့ ကျုပ်ကို ခေါ်ထားတာကြောင့် ကျုပ် တစ်ယောက်ထဲထွက်လာခြင်းပါ။သုဘရာဇာကြီး ကိုဘဆင့်နဲ့ ကျုပ် ခင်မင်ရင်းနှီးနေတာ ကြာပါပြီ။သူက အလွန်ရိုးသားပြီး စိတ်ရင်းကောင်းသူပါ။ဒါမဲ့ သူကစိတ်ဆတ်တယ် ဗျ။မဟုတ်မခံ ပြတ်ပြတ်သမားကြီး။ပြီးတော့ သူက အလုပ်ကိုအရမ်းအလေးထားပြီး လုပ်တတ်တယ်။အကြွေးမထားတတ်ဘူး။သူ့ကို လူကြမ်းကြီးလို့ ထင်ရပေမဲ့လည်း အတွင်းခံနှလုံးသားက အရမ်းနုညံ့တယ်ဆိုတာ ပေါင်းကြည့်မှ သိရတယ် ဗျို့…

သုဿန်က မြင်နေရပြီ။ပြီးတော့ ကိုဘဆင့် နေတဲ့ ဇရပ်လေးကိုပါ ကျုပ် မြင်နေပြီ ဗျ။ဒါနဲ့ ကျုပ် ရှေ့ဆက်လျှောက်လာရင်း သုဿန်ကအုတ်ဂူတွေကို တစ်လုံးပြီးတစ်လုံးကျော်လာတော့ ကိုဘဆင့် နေတဲ့ဇရပ်နားကို ရောက်လာတယ်။ကျုပ် ဇရပ်နဲ့ နီးသထက်နီးလာတော့ဇရပ်ပေါ်က လူငြီးသံကြီး ဗျ။ကျုပ် လည်းမထင်ထားတဲ့ အသံကြီးဆိုတော့ နည်းနည်းတော့ လန့်သွားတာပေါ့ ဗျာ။ပြီးမှ ကိုဘဆင့်များ တစ်ခုခုဖြစ်နေမလားဆိုပြီး ဇရပ်ပေါ်ကို ကမန်းကတန်း တက်ကြည့်လိုက်တော့..ဟုတ်တာပေါ့ ဗျာ။ကို ဘဆင့် ဘာဖြစ်တယ် မသိပါဘူး။စောင်ခြုံကြီးထဲကနေ တဟီးးဟီးးနဲ့ ငြီးးနေတာ ဗျ..

ကျုပ်လည်း ဇရပ်ပေါ်ကို တက်ပြီး ကိုဘဆင့် ဘာဖြစ်တာလဲမေးတော့ ..

“” ငမိုင်းး မင်းရောက်လာပြီလား။ငါ နေမကောင်းဖြစ်နေတာ ၅ရက်ရှိပြီကွာ။မင်းတို့တွေနေနိုင်တယ်ကွာ။ငါ့ကို လာကြည့်ဖော်တောင်မရဘူး ။ဒီမှာငါတစ်ယောက်ထဲ သေတော့မယ် ကွ “”

ကိုဘဆင့်က ရောက်ရောက်ချင်း ကျုပ်ကို ဆူတော့တာပဲ ဗျို့။သူပြောမယ်ဆိုလည်း ပြောချင်စရာကိုး။ကျုပ်တို့ရွာကလူတွေက လူသေကြမှ သူ့ကို အမှတ်ရကြတာမလား။ဒါကြောင့် သူဆူလည်း ကျုပ် ခံရုံပေါ့ ဗျာ..

“” ကိုကြီးဆင့် ဆူလည်း ခံရုံပဲ ဗျာ။အခု ကျုပ် ကိုကြီးဆင့်ကို ဆရာခေါ်ပေးရမလား။ကျုပ် သွားခေါ်ပေးမယ်လေ .””

ကျုပ်က အဲလိုပြောတော့ ကိုဘဆင့်က အိပ်ယာထဲက ထလိုက်လိုက်ပြီးး

“” နေနေ ငမိုင်း..ငါက အရေးမကြီးဘူး ကွ။အရေးကြီးတာက အလောင်းလက်ခံထားတာပဲ ကွ။ဒီည အလောင်းမြုပ်ဖို့ ကျင်းတူးရမယ်။အဲဒါ ငါမတူးနိုင်လို့ မင်းကို လှမ်းခေါ်လိုက်တာပဲ။အလောင်းက ရက်လွန်နေပြီ ငမိုင်းး။ပြီးတော့ သေတဲ့မသာက သရဲမ အစားခံရတာ ကွ.””

“” ဗျာ..ဘယ်လို သရဲမ အစားခံရတာ ဟုတ်လားး ကိုကြီးဆင့်။မဖြစ်နိုင်တာ ဗျာ။ဒီခေတ်ကြီးထဲ ဒါတွေရှိသေးလို့လား ကိုကြီးဆင့်ရယ်..””

ကျုပ် မယုံကြည်နိုင်ပဲ ကိုကြီးဆင့်ကို ပြန်ပြောမိတော့ ကိုကြီးဆင့်က ကျုပ်ကို ဘာမှပြန်မပြောသေးပဲ ဇရပ်နံရံက သူ့အိတ်ထောင်ကြီးထဲကို လက်နှိုက်လိုက်ပြီး နန်းတော်တံဆိပ် ဆေးပေါ့လိပ်ကြီးကို မီးညှို့ပြီး သောက်နေလိုက်သေး ဗျာ။ပြီးတော့ မီးခိုးလုံးတွေကို ပါးစပ်ကနေ ဖြေးဖြေးခြင်းပြန်မှုတ်ထုတ်နေတာကို ကြည့်ပြီးး ကျုပ် စိတ်မရှည်စွာနဲ့ ကိုကြီးဆင့်ကို မေးလိုက်တယ်..

“” ကိုကြီးဆင့် နေပါအုံး ဗျာ။သရဲ အစားခံရတာကို ကျုပ် မယုံပေမဲ့ စိတ်တော့ဝင်စားတယ် ဗျ။ဒီအကြောင်း ကျုပ်ကို ပြောပြဗျာ။ပြီးတော့ ဘယ်သူ သရဲအစားခံရတာလဲ ကျုပ် သိချင်တယ်။ပြောပြတော့ ဗျာ “””
ကျုပ်က အဲလို စိတ်မရှည်သလို မေးတော့ ကိုကြီးဆင့်က ကျုပ်ကို တစ်ချက်ကြည့်လိုက်ပြီးး

“” ဖြေးဖြေးပေါ့ ငမိုင်းရာ။ပြောပြမှာပေါ့ ကွ။ဒီကိစ္စ မင်းကိုပြောပြချင်လွန်းလို့လဲ ငါ ဒီထိ ခေါ်ခဲ့တာပဲ ကွာ။ပြီးတော့ ဒီအဖြစ်ပျက်မျိုးက ဒီနားတဝိုက်တစ်ခါမှ မဖြစ်ဖူးတော့ အတော်လေးဆန်းနေတယ် ငမိုင်းး “”

“” ပြောမှာသာ ပြောစမ်းပါ ကိုကြီးဆင့်ရယ်။လိုရင်းသာပြောစမ်းပါ ဗျာ “”

ကျုပ်က အဲလိုစိတ်မရှည် ပြောတော့ ကိုကြီးဆင့်က ပြန်အော်တယ် ဗျ…

“” ဟာ.. ဟေ့ကောင် ငမိုင်းး မင်းဘယ်လိုဖြစ်နေတာလဲ ကွာ။အေးး မင်းကိုပြောလည်း ပြမယ်။ပြီးရင် သရဲမ စားလို့သေတဲ့ မသာကိုမြုပ်ဖို့ ကျင်းလည်း မင်းတူးရမယ် သိလား “”

“” စိတ်ချ ဗျာ ။တူးမယ် ပြောတော့ “”

ကိုကြီးဆင့်က ဘာရယ်မသိဘူး။သူ့ကြည့်ရတာ အရင်နဲ့ မတူသလိုပဲ ပြီးတော့ သူမျက်နှာက ဝမ်းနည်းနေသလိုကြီးဗျ။မဟုတ်မှ လွဲရော သရဲမစားခံရတဲ့သူက သူ့အမျိုးများ ဖြစ်နေလို့လား မသိဘူး။သူ အဝေးဆီကို လှမ်းကြည့်လိုက်ပြီးးခဏနေတော့ ကျုပ်ဘက်ကို ပြန်လှည့်လာတယ်။ပြီးတော့ ကျုပ်ကို သရဲမ အစားခံရတဲ့အကြောင်း ပြောပြပါလေရော ဗျာ…

“” အေးး ဒီလို ငမိုင်း..လွန်ခဲ့တဲ့ ၅ရက်လောက်က မိုးတွေအရမ်းရွာတယ်။အဲညမှာ ယောင်္ကျားသား တစ်ယောက်ထဲနေတဲ့ တဲထဲကို ရေတွေတစ်ကိုယ်လုံးစိုနေတဲ့ ကောင်မလေးတစ်ယောက် ရောက်လာခဲ့တယ် ကွ။ဒီညက လမိုက်ညမဟုတ်ပေမဲ့ မိုးတွေကြောင့် မှောင်ကမိုက်နေတယ်။တဲထဲကို ဝင်လာတဲ့ ကောင်မလေးကို ကြည့်ပြီး တဲထဲက ယောင်္ကျားက အံ့အားသင့်နေတယ်။ကောင်မလေးက ငယ်ငယ်ချောချောလေး။ဆံပင်တွေက မိုးရေတွေစိုပြီး အောက်ကို ပြန့်ကျနေတယ်။ပြီးတော့ ရေစိုနေတဲ့ အဝတ်တွေက သူ့ကိုယ်လုံးလေးကို ပိုပြီးပေါ်လွင်အောင် လှပနေတယ်လေ။ဒီလောက်လှတဲ့ ကောင်မလေးမျိုး သူ့တစ်သက် တစ်ခါမှ မမြင်ဖူးချေ။သူဘယ်သူလဲ ဘယ်ကလဲ။ဘာလို့များ သူ့လိုယောင်္ကျားသားတစ်ယောက်ထဲ နေတဲ့တဲထဲကို မိန်းမလေးတစ်ယောက်ထဲ ညအချိန်မတော်ကြီး ရောက်လာရတာလဲ။လောက ကသူ့တွက်များ ဆုလက်ဆောင်ပေးနေသလား တဲထဲက ယောင်္ကျား တွေးနေမိပြီ…

ကောင်မလေးးက တဲအပေါက်ရာကနေ သူ့ကို စိုက်ကြည့်နေတယ်။ပြီးတော့ ကောင်မလေး ချမ်းနေပြီထင်တယ်။သူ့လက်ကလေးတွေ့ သူ့ရင်ခွင်မှာ ချမ်းလွန်းလို့ပိုက်ထားနေတယ်။ပြီးတော့ ရေစိုနေတဲ့ သူ့အလှက သူ့ရင်နဲ့ သူ့တင်ကို ပိုမိုအလှကြွယ်စေလို့ တဲတွင်းက ပုရိသကိုယောင်္ကျား စိတ်ကစားပြီပေါ့…

တဲပေါက်မှာရပ်နေတဲ့ ကောင်မလေးကို တဲတွင်းဝင်ခဲ့ဖို့ ခေါ်ဖို့ရာပင်မေ့နေသူက တဲထဲက ယောင်္ကျားပါ။ထိုနောက်မှာတော့ ကောင်မလေးရဲ့ စွဲညှို့လွန်းလှတဲ့နှုတ်ခမ်းလေး ပွင့်လာပြီးးး

“”” အကို ..ချမ်းလွန်းလို့ ညီမ ဒီမှာခဏတည်းခိုပါရစေနော်.””

ကြည့်စမ်းး သာယာလိုက်တဲ့ အသံလေး။ရုပ်ကလေးနဲ့ လိုက်ဖက်လိုက်တာ။ဒီတော့မှ တဲအတွင်းက ယောင်္ကျားက ကောင်မလေးကို အထဲခေါ်ဖို့ သတိရတော့တယ်။ခွင်ပြုချက်ရတော့ ကောင်မလေးက တဲထဲကို ဝင်လာတယ်။ပြီးတော့ စောစောက ယောင်္ကျားနားမှာပဲ ကပ်ပြီးထိုင်လိုက်တယ်။ကောင်မလေးက သူနားရောက်လာတဲ့ထိ ချမ်းနေတုန်းပဲ။အသားလေးတွေပါတုန်နေသည် ထင်တယ်။ပြီးတော့ ကောင်မလေး သူ့ကိုသေချာကြည့်ပြီး သူ မထင်ထားတဲ့ စကားကို ပြောလိုက်တော့တယ်…

“” အကို ..ညီမ အရမ်းချမ်းနေလို့ ညီမကို ဖက်ထားပေးပါလားး အကိုရယ်.””

ထိုယောင်္ကျားတော့ ရေငတ်တုန်းရေတွင်းထဲ ပြုတ်ကျတော့မယ် ထင်တယ်။တိတ်ဆိတ်ခြင်းက ကာမဘက်များ အားပေးနေကြရောလား။သည်ပတ်ဝန်းကျင်မှာ လူဟူ၍ ထိုယောင်္ကျားနဲ့ ကောင်းမလေး နှစ်ယောက်ထဲရယ်သာ…

သူဘာကိုမှ မစဉ်းစားတော့ပါဘူး။ကောင်မလေးကို သူ့ရင်ခွင်မှာ သိမ်းဖက်ထားလိုက်တယ်။ဖို မ ရဲ့ထိတွေ့တဲ့ အတွေ့က လျှက်စီးလက်သလို သူ့ရင်ကို မီးတောက်စေပြီ။စိုအိနေတဲ့ ကောင်မလေးရဲ့ ကိုယ်လုံးလေးက ပုရိသ ထိုယောင်္ကျားအဖို့ ဆေးမိသော သားကောင်နယ် မေ့မျောလွင့်ပါးစေပြီ…

ထိုအခိုက် သူ့ရဲ့ နှုတ်ခမ်းဆီကို ပူနွေးအိစက်တဲ့ အထိအတွေ့က သူ့ကို တဖျင်းဖျင်းနဲ့ မူးမေ့စေပြန်ပြီ။ကောင်မလေးရဲ့ နှုတ်ခမ်းအစုံက သူ့နှုတ်ခမ်းထက် ပူးတွဲယှက်ပြီး အသည်းပြင်မှာ စွဲနစ်ရအောင် အထိအတွေ့ကြောင့် အသက်ရှူပင်ရပ်စေသွားသလား အောင့်မေ့ရသူက ထိုယောင်္ကျားပေါ့…

ကောင်မလေးးက သူ့လည်ပင်းကို လက်ကလေးနဲ့သိုင်းဖက်ထားရင်း ထိုယောင်္ကျားပေါ် စွဲဆောင်မှု့က အသည်းပေါ်အောင်ထိပေါ့..

စံချိန်တင်လောက်တဲ့ အထိအတွေ့တွေကို တပြိုင်နက် ခံစားပြီးတဲ့နောက်မှာတော့ သူ့ရင်ထဲ နစ်သွားသလိုဖြစ်ပြီး သူ့ဗိုက်တွင်းမှာ တစ်ခုခုဆွဲအနုတ်ခံလိုက်ရသလို ဟာသွားရလို့ သူ ကောင်မလေးကို ကြည့်မိလိုက်တော့….

စောစောက စွဲမက်စေတဲ့ ကောင်မလေး မျက်နှာမှာ သွေးတွေက ပေကျံလို့နေပြီ။မျက်လုံးတွေက နီရဲနေပြီး ပါးစပ်က အစွယ်တွေပါ ထွက်နေတဲ့ သရဲမကြီးဆိုတာ သိလိုက်လို့ ကြောက်လိုက်ရပေမဲ့လည်းး “”” အမလေးး “”” လို့တောင် မအော်နိုင်ပဲ နေရာမှာပင် လဲကျသေဆုံးသွားသူက တဲအတွင်းက ယောင်္ကျားပါပဲ…

**************************************************

ကျုပ်တော့ ကိုကြီးဆင့်ပြောတာတွေကို မယုံတစ်ဝက် ယုံတစ်ဝက်နဲ့ ဗျာ။မဟုတ်မမှန်တာ မပြောတတ်တဲ့ ကိုကြီးဆင့် ကိုယ်တိုင်ပြောနေလို့သာ ကျုပ် ယုံလိုက်ရတာ ဗျ။တခြားတစ်ယောက်ကသာ ပြောရင် ကျုပ် လုံးဝမယုံနိုင်ဘူး။ကိုကြီးဆင့် ကြည့်ရတာလဲ တကယ်အတည်ပြောနေတဲ့ ပုံပါ။ပြီးတော့ သူကခပ်အေးအေးပဲ သူ့လက်ထဲက ဆေးလိပ်ကြီးကုန်သွားတော့ သူ့အိတ်ထောင်ကြီးထဲကို နောက်ထပ် တစ်လိပ်ထပ်ယူပြီး မီးညှို့နေပြန်သေး ဗျာ။ကျုပ်လည်း ပိုပြီး သေချာအောင်ဆိုပြီး ကိုကြီးဆင့်ကို ထပ်မေးလိုက်တယ် ဗျ….

“” ကိုကြီးဆင့် ..အဲဒါ တကယ်ပဲလား ဗျာ။ကျုပ်တော့ ယုံရခက်နေလို့ ဗျ။ကိုကြီးဆင့် ကိုယ်တိုင်ပြောလို့သာ ကျုပ် ယုံရမှာ။တခြားသူသာဆို ကျုပ် လုံးဝယုံနိုင်မှာ မဟုတ်ဘူး ဗျ “”

ကျုပ်က အဲလိုပြောတော့ ကိုကြီးဆင့်က ကျုပ်ကို မျက်မုန်းကျိုးသလိုကြည့်ပြီးး သူ့ပါးစပ်ထဲက ဆေးလိပ်မီးခိုးလုံးကြီးတွေ မှုတ်ထုတ်နေပြန်တယ်။ပြီးမှ စိတ်မရှည်သော အသံကြီးနဲ့…

“” ဒီမှာ ငမိုင်းး မင်းမယုံတာ ယုံတာ အသာထားအုံး။အခုအချိန်မရှိတော့ဘူး။ခဏနေ အလောင်းကရောက်တော့မယ်။မင်း အလောင်းမြုပ်ဖို့ ကျင်းတူးမလား မတူးဘူးလားသာ ပြောကွာ။မင်း မတူးလည်း ငါ့ဘာသာကို တူးတော့မယ် “”

ကိုကြီးဆင့်က ကျုပ်ကို စိတ်မရှည်တော့လို့ထင်တယ် ထိုင်ရာကနေ မတတ်ထရပ်ပါရော ။ ဒီတော့မှ ကျုပ် ကိုကြီးဆင့် လက်ကိုဆွဲပြီး ပြန်ထိုင်ခိုင်းလိုက်ရတယ်။ကျုပ် တစ်ခုသတိထားမိတယ် ဗျ။ကိုကြီးဆင့်က နေမကောင်းဘူးသာဆိုတယ် သူ့လက်တွေက အေးစက်နေပါလား။ဒါမဲ့ ကျုပ် ဘာမှမမေးတော့ဘူး..

“” ရပါတယ် ကိုကြီးဆင့်ရာ ကျုပ် တူးလိုက်ပါ့မယ်။ဘယ်နေရာတူးရမလဲသာ ပြောပါ “”

ဒီတော့မှ ကိုကြီးဆင့် မျက်နှာအချိုးပြောင်းသွားပြီး ကျုပ်ကို မြေကျင်းတူးရမဲ့နေရာပြတယ်။ဒါနဲ့ ကျုပ်လည်း အချိန်ဆွဲမနေတော့ဘူး။အချိန်က အမှောင်ဘက်ကို ရောက်နေပြီ။ဒါမဲ့ လလေးရှိတော့ တော်သေးတာပေါ့ ဗျာ…

ဒီလိုနဲ့ ကျုပ် ပေါက်ပြားနဲ့ ဂေါ်ပြားယူပြီး ကိုကြီးဆင့် ပြတဲ့နေရာကို ကျင်းတူးတော့တာပေါ့ ဗျာ။အရှည် ၆ပေခွဲ အကျယ်ကတော့ ၃ပေလောက်ပေါ့။ကျုပ်လည်း မြေကျင်းကို သေချာအချောပြန်ကိုင်နေတုန်းး ကျုပ် နောက်ကနေ ကိုကြီးဆင့် က..

“” ကဲ..ငမိုင်းး ရရောပေါ့ကွာ။မင်းလည်း မောရောပေါ့ လာကွာ နားအုံးး “”

“” ကိုကြီးဆင့် ကတော့လုပ်ပြီ ဗျာ။နေမကောင်းတာကို နောက်ကလိုက်လာသေး။ဇရပ်ပေါ်မှာပဲ နေတာမဟုတ်ဘူးး ဗျာ “””

ကျုပ်လည်း ကျင်းတူးနေရင်းနောက်ကို လှည့်မကြည့်ပဲ တူးနေတာ ဗျ။ကိုကြီးဆင့်က ဘာမှပြန်မပြောလို့ ကျုပ် နေပြန်ကြည့်လိုက်တော့ ကိုကြီးဆင့် မရှိပါလား။စောစောက ကျုပ်နားလာပြီး ကျုပ်ကို စကားလာပြောတာ ကိုကြီးဆင့် အသံမှ ကိုကြီးဆင့် အသံပါ။ခုကျမရှိတော့ပါလား။ဒါဘယ်လိုဖြစ်ပါလိမ့်။ဒါနဲ့ ကျုပ်လည်း ကိုကြီးဆင့် ဇရပ်ပေါ်ပြန်တက်သွားပြီ ဆိုပြီး ကျင်းကလည်း ပြီးတာနဲ့ ဇရပ်ပေါ် ပြန်လာခဲ့တယ် ဗျ…

ကျုပ် ဇရပ်နားရောက်ခါနီးတော့ ကျုပ် နှာခေါင်းထဲ ညှိုစို့စို့အနံ့ကြီးက ထိုးဝင်လာတာ ဗျ။ဆိုးလိုက်တဲ့ အနံ့ကြီး ဗျာ။ပုပ်အိနေတာပဲ ဗျို့။ဒီလောက်ထိ ဆိုးရွားလွန်းတဲ့ အပုပ်နံ့ကို ကျုပ်တစ်ခါမှ မကြုံဖူးပါဘူး ဗျာ။အနံ့ကအတော်ကို ဆိုးတာ။ဒါနဲ့ ကျုပ်လည်း မဖြစ်ချေဘူး..ဇရပ်ပေါ်ကို မြန်မြန်တက်မှပဲ ဆိုပြီး ဇရပ်ပေါ်ပြေးတက်လိုက်တော့…

“”” အမလေးး ဗျ “””

ကျုပ် တစ်ကိုယ်လုံးသွေးပျက်သလို လန့်သွားတယ် ဗျာ။စောစောက အနံ့ကြီးက ဇရပ်ပေါ်က နံနေတာ ဗျို့။ဟာ.ဇရပ်ပေါ်မှာ ပါးစပ်ဟောင်းလောင်းကြီးနဲ့ သေနေတဲ့ လူသေအလောင်းကြီးပါလား။ကျုပ် သတိမထားမိရင် နေရာမှာတင် လိပ်ပြာလွှင့်သွားနိုင်တယ်။ဒါမဲ့ ကျုပ် သတ်ိမလွတ်ပါဘူး။ကျုပ် အစကတည်းက ရိပ်မိနေပါတယ်။ရေခဲတုံးကြီးလို အေးစက်နေတဲ့ ကိုကြီးဆင့်ရဲ့ လက်ကြီးကို ကျုပ် ကိုင်မိလိုက်တဲ့ အချိန်ကတည်းကပေါ့ ဗျာ…

ဇရပ်ပေါ်မှာ ပါးစပ်အဟောင်းစားနဲ့ ပုံပျက်လှစွာ သေဆုံးနေသူက ကျုပ် မိတ်ဆွေ သုဘရာဇာကြီး ကိုကြီးဆင့် ပါပဲ ဗျာ။ကျုပ် သေဆုံးနေတဲ့ ကိုကြီးဆင့် အလောင်းကိုကြည့်ပြီး သူပြောသွားတဲ့..”” မင်းတို့ကွာ အတော်နေနိုင်တယ်။ဒီမှာ ငါတစ်ယောက်ထဲ သေတော့မယ် ဆိုတဲ့..ကိုကြီးဆင့် ပြောသွားတာလေး ကျုပ် ပြန်ကြားမိတော့ ကျုပ် ရင်ထဲနစ်သွားရတယ် ဗျာ…

ပထမ နောက်ကျတဲ့ခြေလှမ်းတွေက ကိလေသာအမှောင်ကနေ ပြေးဖို့ ရုန်းထွက်ဖို့ နောက်ကျသွားတဲ့ ကိုကြီးဆင့် ခြေလှမ်းတွေကြောင့် မာယာရှင် သရဲမရဲ့ ညှို့ယူစားခြင်းခံလိုက်ရတယ်။ပြီးတော့ ဒုတိယနောက်ကျတဲ့ ခြေလှမ်းက ကျုပ် ခြေလှမ်းတွေပါ။ ၅ရက်လုံးလုံးနောက်ကျမိလို့ ကိုကြီးဆင့် အလောင်းတောင် ကြည့်မကောင်းတဲ့အထိ ဖြစ်သွားရလို့ ကျုပ် ရင်ထဲယူကျုံးမရလိုက်တာ ဗျာ…

ဒါပေမဲ့လည်း ကျုပ် ကိုကြီးဆင့် အလောင်းကို ကျုပ် ကိုယ်တိုင်တူးထားတဲ့ မြေကူးမှာ ကျုပ် ကောင်းမွန်စွာ မြေမြုပ်ပေးနိုင်ခဲ့ပါတယ်။မြေမြုပ်ပြီးတော့ ကျုပ် ကိုကြီးဆင့် မြေပုံကို ကန်တော့ပြီး အချိန်လည်းလင့်နေပြီမို့ လှံတိုကို ကိုင်ပြီး အိမ်ပြန်လာလိုက်တယ်။အိမ်ပြန်လမ်း တစ်နေရာအရောက်မှာတော့ ကျုပ် နားထဲ ရှော..ရှော..ဆို ခြေသံတွေကြားလိုက်ရတယ် ဗျ။ဒါနဲ့ ကျုပ်လည်း ခြေသံတွေလာရာဆီ ကြည့်မိတော့ ကျုပ် မယုံကြည်နိုင်အောင် အံ့သြရပြန်ပြီ။ယောင်္ကျားကြီး နှစ်ယောက်က ဓားတွေကိုင်ပြီး ကောင်မလေး တစ်ယောက်ကို အတင်းလိုက်ဖမ်းနေကြတာကို လရောင်အောက်မှာ အထင်းသားကြီး ကျုပ် မြင်နေရတာ ဗျ။မကြာပါဘူးး ကောင်မလေးကို သူတို့မိသွားကြပြီ။ယောင်္ကျားကြီးတွေ လက်ထဲမိတော့ ကောင်မလေးက အော်ပြီပေါ့ ဗျာ…

“” ရှင် တို့..ရှင် တို့..မယုတ်မာကြနဲ့နော်..””

“” အို.ကွယ်..ညီမလေးးကလည်း ကိုကြီးတို့က ယုတ်မာမလို့ မဟုတ်ပါဘူး ကွယ်။ညီမလေးးကို သုခဘုံမှာ သမုဒယတွေနဲ့ ယုယုယယလေး အကြင်နာတွေ လှူဒါန်းချင်လို့ပါ ညီမလေးးရယ်….နော်..နော်..လို့.. “”

“” ဟားးး ဟားးး ဟားးး “”

တောက်..မြင်ကွင်းကိုကြည့်ပြီး ကျုပ် ပါးစပ်က တောက်ဆို လွှတ်ခနဲထွက်သွားမိတယ်။ဒါဆို ကျုပ် သဘောပေါက်ပါပြီ။အားနွဲ့တဲ့ မိန်းမပျိုလေး တစ်ယောက်ကို ယောင်္ကျားရင့်မာကြီး နှစ်ယောက် ဗလအားကိုးနဲ့ အတင်းအဓမ္မပြုကျင့်ဖို့ ကြံစီနေကြတာကိုးး။ကျုပ်လည်း ဒေါသမထိန်းနိုင်တော့တာနဲ့ လက်ထဲက လှံတိုကိုကျစ်ကျစ်ပါအောင်ဆုပ်ပြီး သူတို့နားကို သွားလိုက်တယ်…

“” ဒီမှာ ဒီမှာ နောင်ကြီးတို့ နောင်ကြီးတို့ လ မှားနေကြပြီ ဗျ။နောင်ကြီးတို့ ပျော်တဲ့ လကကျော်လာတာ ကြာပေါ့။ဒါက တော်သလင်းလ မဟုတ်ဘူး တပို့တွဲလကြီးး ဗျ။နောင်ကြီး တို့အိမ်မှာ ပြကဒိန်လေးဘာလေး မရှိကြဘူးနဲ့ တူတယ်.””

ကျုပ် အသံကြားလိုက်တော့ လူကြမ်းကြီးနှစ်ယောက် ကျုပ်ကို လှည့်ကြည့်ကြတယ်။ပြီးတော့ ကျုပ် ကိုမှန်ဖီပြီးး

“” ဒီမှာ ကိုယ့်လူ ငါတို့ကို ခွေးနဲ့နှိုင်းနေတာလား။ဘာလဲ ဇက်ကောင်းလို့ ဓားတောင်းနေတာလား။ငါတို့ကိုင်ထားတာ ဘုရားရှေ့က ခြင်္သေ့ရုပ်တွေမဟုတ်ဘူးနော်။အသားမနာချင် ကိုယ့်လမ်းကို သွားစမ်းး “”

ထိုအခိုက် စောစောက ကောင်မလေးက လူကြမ်းတွေအလစ် ကျုပ်နားကို အတင်းပြေးလာတာ ဗျ။ပြီးတော့ ကျုပ် လက်ကိုကိုင်ပြီးး..

“”” အကို .ကျမကို ကယ်ပါ အကိုရယ်။သူတို့တွေ ကျမကို စော်ကားဖို့ကြိုးစားနေကြတာ။ကယ်ပါ အကိုရယ် ကျမကို ကယ်ပါနော် “””

လူကြမ်းတွေ စိတ်မရှည်တော့ဘူးထင်တယ်။သူတို့ဓားတွေကို လေပေါ်ကို ဝဲတင်ပြီး ကျုပ်ဆီကို သေစမ်း ဆိုပြီးး ပြေးဝင် လာကြတာ ဗျို့။ကျုပ်လည်း ကောင်မလေးကို ထိမှာစိုးလို့ ဘေးကိုတွန်းချလိုက်တယ်..

ငနဲနှစ်ကောင်က သူတို့ဓားတွေနဲ့ ကျုပ်ကို အသေထိုးတာ ဗျို့။ကျုပ်လည်း ရုတ်တရက် ဘာလုပ်ရမှန်းမသိလို့ အပေါ်ကို ခုန်ပေါက်လိုက်တာ..ဟာ ကျုပ်ကို ကျုပ်တောင် မယုံနိုင်အောင်ပဲ ဗျို့။ကျုပ် ခန္ဓာကိုယ်ကြီးက လေပေါ်ကို ဝါးတစ်ရိုက်လောက်ထိ မြှောက်တက်သွားတာ ဗျာ တကယ်မယုံနိုင်စရာပဲ။ကျုပ် အောက်ပြန်ကျတော့ ငနဲတစ်ယောက်က ပြေးဝင်လာပြန်ရော။ဒီတစ်တော့ ကျုပ် လက်မနှေးနေတော့ဘူး ပြေးဝင်လာတဲ့ ငနဲကို ကျုပ်လှံတိုနဲ့ ရင်ဝကို စိုက်ထဲ့လိုက်တာ ငနဲခမျာ အင့်ဆို မြေပေါ်ကို ပုံကျသွားပါလေရော ဗျာ။ဒါနဲ့ ကျုပ် လှံကိုပြန်နုတ်လိုက်တယ်..

ကျုပ် မယုံနိုင်အောင် အံ့သြရပြန်ပြီ ဗျို့။ငနဲက ကျုပ် လှံကြီး အဆုံးထိဝင်သွားတာတောင် ကျုပ် နုတ်တော့ ဘာသွေးမှ မထွက်ဘူးး ဗျ။ဒါဘယ်လို ဖြစ်ရတာလဲ။ကျုပ် စဉ်စားချိန်တော့ မရပါဘူးး ကျန်တဲ့ ငနဲက ဓားကြီး အပေါ်မြှောက်ပြီး ပြေးလာပြန်ရော ဗျာ။ဒါနဲ့ ကျုပ် လည်း မနေသာတော့ဘူး ခုမှနုတ်ပြီးသား လှံနဲ့ ငနဲကို လှမ်းပစ်လိုက်တာ လှံအသွားက ငနဲ ဗိုက်ကနေ နောက်ကျောပြင်ထိပါ ဒိုးကျင်းပေါက်သွားပါရော ဗျာ။ကျုပ်လည်း ငနဲနားသွားပြီး လှံကို ပြန်နုတ်တယ်..

ဟင် ..ဒီငနဲလည်း စောစောက ငနဲလိုပါလား။သွေးလုံးဝ မထွက်ဘူး ဗျို့။ဘာတွေလည်း ဗျာ။ကျုပ်တော့ လုံးဝနားမလည် တော့ပါဘူးး..

ထိုအခိုက် စောစောက ကောင်မလေးက ငနဲနှစ်ကောင် သေပြီဆိုတော့ ကျုပ်နား ပြန်ရောက်လာတာပေါ့ ဗျာ။ကောင်မလေးရော ကျုပ်နား ရောက်ရော ဘယ်နှယ့်ဘယ့်နှယ့် မိုးက ဗျာ အချိန်အခါ မဟုတ် ရွာချပါရော။ကျုပ်ရော ကောင်မလေးးပါ မိုးရေတွေ အကုန်စိုကုန်ရော ဗျို့…

မိုးရေတွေစိုကုန်တော့ ကောင်မလေးးက ချမ်းနေရှာပြီ။လက်ကလေးပိုက်ရင်း တုန်နေပြီ ဗျ။

ဟင်..ကြည့်စမ်းး ကျုပ် ခုမှကောင်မလေးကို သေချာကြည့်မိတယ်။အရမ်းချောမောတဲ့ ကောင်မလေး ပါလားး။ရေစိုနေတဲ့ သူ့အလှက ကျုပ်ရင်ကို နတ်ပူးသလို လှုပ်ခါနေပြီ။တဒိန်းဒိန်းနဲ့ ဘယ်ဘက်ရင်အုံကြီးကလည်း ခုန်နေလိုက်တာ ဗျာ။ပြီးတော့ ကျုပ်ကို ရှက်ပြီးး ခိုးးခိုးကြည့်နေတဲ့ သူ့မျက်လုံးလေးတွေက.အို..ချစ်စရာလေးတွေပါလားး..

ကြည့်စမ်းး ကြည့်စမ်းး ရေစိုပြီး သူ့ကိုယ်လုံးလေးနဲ့ ကပ်တွယ်နေတဲ့ သူ့အသည်းနှစ်မွှာက ကျုပ် ရင်ကို ဆွဲခါပစ်လိုက်သလိုကြီး ဗျာ။ပြီးတော့ အချိုးးအစား ပြေပြစ်လှတဲ့ သူရဲ့ တင်အလှ..အို ဗျာ..မြင်နေရတဲ့ ကျုပ် ပုထုစဉ်ပီပီ အံကိုသာကြိတ်ခဲပြီး တံတွေးတွေကိုသာ မျိုချနေမိတယ်..

ခဏနေတော့ ကောင်မလေးး နှုတ်ခမ်းလေးတွေ ပွင့်ဟလာပြီးး

“”” ချမ်းးလိုက်တာ..အကို ရယ် “”

ဟင်…ကျုပ် အသ်ိတွေ ခေါင်းထဲကို ထိုးဝင်လာပြီ။ကျုပ် ခြေလှမ်းတွေ ဒီတစ်ခါတော့ နောက်ကျလို့ မဖြစ်တော့ဘူး။ကျုပ် ကိုကြီးဆင့်လိုတော့ အဖြစ်မခံနိုင်ဘူးး..

ကျုပ်ကို ဒီလိုလာစမ်းလို့တော့ ဘယ်ရမလဲ ဗျာ။ကျုပ် ပထမဦးးဆုံးး သတိရလိုက်မိတာက ဖိနပ်ကို အရင်ချွတ်လိုက်တယ်။ပြီးတော့ လမ်းကြောင်းရှာတယ်။တွေ့တာနဲ့ ကျုပ် ဖနှောင့်နဲ့ဖင် တသားထဲဖြစ်အောင် ရွာကိုသာ တန်းးပြီးးး ပြေးပါလေရော ဗျာ….


။။

ပြီးးပါပြီ

စာချစ်သူများအား အစဉ်လေးစားလျှက်

ကျုပ်..နွေသမိုင်းးး